Channel Myanmar

Netflix

Rough Diamonds (2023) Season 1 6.9
Rough Diamonds (2023) Season 1  ဒီတစ်ခါ တင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးက ပုံမှန်မြင်တွေ့နေ့ကျမဟုတ်တဲ့ ဂျူးတွေအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးပါ.....ကိန်းကြီးကန်းကြီးနိုင်ပြီး အရာရာစနစ်တကျနဲ့ ယဉ်ကျေးမှုမြင့်မားလှတဲ့ ဂျူးတွေရဲ့ သဘာဝကိုလည်း လေ့လာနိုင်ဦးမှာပါ....ဒီကားလေးထဲမှာ နိုအာဟာ ဝုဖ်ဆန်းစိန်ကုမ္ပဏီမိသားစုရဲ့ သားတစ်ယောက်ပါ သူ့မှာ ညီအစ်ကို ၃ယောက်နဲ့ အစ်မတစ်ယောက်ရှိနေပါတယ်.......သူက သူ့အဖေနဲ့ အဆင်မပြေလို့ ပုံစံခွက်ထဲကနေရုန်းထွက်ပြီး လန်ဒန်မှာ အိမ်ထောင်ကျနေတဲ့သူပါ သားလေးလည်းတစ်ယောက်ရှိပါတယ်.....တနေ့ကျ သူ့ညီက ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားပါတော့တယ် အဲဒါနဲ့ သူလည်း နှစ်ရှည်လများခွဲခွာနေတဲ့ မိသားစုဆီတခေါက်ပြန်ရောက်လို့လာတော့တာပေါ့.....အဲဒီမှာပဲ သူထွက်သွားတုန်းက အခြေအနေနဲ့ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေ ဘာဆိုဘာမှမဆိုင်တော့ဘဲ သူ့ညီ ဘာလို့ အဆုံးစီရင်ခဲ့ရတယ်.....ဂုဏ်သိက္ခာကြီးမားလှတဲ့ သူ့မိသားစုကရော ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရမလဲ.....လန်ဒန်မှာရှိတဲ့ သူ့မိသားစုကရော ဘယ်လိုပုံစံမျိုးလဲ ဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦးလို့...... File size…(500 Mb) Quality….Webrip 720p Format… mp4 Duration…. 00:50:00 Genre... Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield Season 1Episode 1 ...
6.9
TMDb: 6.9/10 49 votes
tv

Rough Diamonds (2023) Season 1

2023
KAOS (2024) Season 1 7.314
KAOS (2024) Season 1  IMDb - 7.5, RT 72% အသီးသီးရရှိထားတဲ့ Netflix Dark Comedy, Fantasy Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Greek Mythology ကို ခေတ်ပေါ်ပုံစံနဲ့ ပြန်လည်စိတ်ကူးပုံဖော် ရိုက်ကူးပြထားတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်လို့ကောင်းပါတယ်။သိကြတဲ့အတိုင်း Mount Olympus က နတ်ဘုရားတွေထဲမှာ Zeus ဟာ King of the Gods (နတ်ဘုရားတွေရဲ့ ဘုရင်တစ်ပါး) ပေါ့။ ကျန်တဲ့ နတ်ဘုရားတွေက သု့လက်အောက်က ကျရာတာဝန်တွေကို အသီးသီးထမ်းဆောင်ရင်း လူသားတွေကို အုပ်ချုပ်ကြတယ်။ ဒီနတ်ဘုရားတွေ အထူးသဖြင့် Zeus ကို ဖီဆန်သူကတော့ Prometheus ပေါ့။ဒီစီးရီးမှာ Zeus ကို ဖြုတ်ချမဲ့ Prometheus ရဲ့လုပ်ကြံမှုကြီးကို Prometheus ကိုယ်တိုင်က ဇာတ်ကြောင်းပြောကြတဲ့ ပုံစံနဲ့ အဆင့်ဆင့်ရိုက်ကူးပြထားပါတယ်။ File size…(800 ...
7.314
TMDb: 7.314/10 59 votes
tv

KAOS (2024) Season 1

2024
The Marked Heart (2022) Season 1+2
The Marked Heart (2022) Season 1+2  ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဇာတ်လမ်းကောင်းကောင်းကြည့်ရှုချင်တဲ့ CM ပရိသတ်များအတွက် ၂၀၂၂ ခုနှစ်ထွက် Netflix က ကိုလံဘီယာ ဇာတ်လမ်းတွဲတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။*****(18+ Warning…..တစ်ချို့အခန်းတွေမှာ အဖော်အချွတ်တွေ၊ လိင်ဆက်ဆံခန်းတွေ ပါဝင်လို့ မိသားစုနဲ့အတူ ကြည့်ရှု့ဖို့ မသင့်တော်ပါဘူး။)*****ဆီမွန်နဲ့ ဗယ်လရီရာတို့ဟာ ပျော်ရွှင်တဲ့မိသားစု ဘဝကိုပိုင်ဆိုင်ထားတဲ့ သာမန်မိသားစုလေးတစ်ခုပါ။ တရက်မှာတော့ သူတို့မိသားစုလေးဆီ ကံကြမ္မာဂြိုဟ်ဆိုးတစ်ခု ဆိုက်ရောက်လာပါတော့တယ်။ မွေးနေ့ပွဲကျင်းပပြီး ပြန်လာကြတဲ့ သူတို့လင်မယားနှစ်ယောက် ကားမတော်တဆမှု ဖြစ်ပွားပြီး ဆီမွန် မေ့မျှောနေတုန်းမှာ လူသုံးယောက်ဟာ ဗယ်လရီရာ့ကို ပြန်ပေးဆွဲသွားပါတော့တယ်။ကမီလာဟာ သြဇာကြီးမားတဲ့ လူချမ်းသာတစ်ယောက် ဇာခရိရာ့စ်နဲ့ ချစ်ကြိုက်နေပြီး မင်္ဂလာပွဲပြုလုပ်တဲ့နေ့မှာပဲ နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရပါတယ်။ ကမီလာဟာ နှလုံးရောဂါကို ခံစားနေရတာ အတော်ကြာခဲ့ပြီး နှလုံးအစားထိုးဖို့ စာရင်းပေးထားပေမယ့် ၃ နှစ်ကြာတဲ့အထိ သင့်တော်တဲ့ အလှူရှင် မတွေ့တာကြောင့် အစားမထိုးနိုင်ခဲ့ပါဘူး။ဒါပေမယ့် သူ့ချစ်သူ ဇာခရိရာ့စ်ဟာ သြဇာနဲ့ ကြွယ်ဝမှုကို အသုံးချပြီး ဥပဒေပြင်ပမှ လုပ်ဖို့ကြံစည်ပါတော့တယ်။ ...

The Marked Heart (2022) Season 1+2

2022
Slasher (2016) 6.7
Slasher (2016)  ဆာရာဆိုတဲ့ မိန်းကလေးဟာ တစ်နေ့တော့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဝါးတားဘယ်ရီမြို့မှာ မိဘတွေချန်ခဲ့တဲ့ အိမ်မှာ ခင်ပွန်းဖြစ်သူနဲ့အတူ အခြေချနေနိုင်ဖို့ ပြောင်းရွှေ့လာခဲ့တယ်။တကယ်တော့ ဆာရာတို့ နေမဲ့အိမ်က အမှတ်တရကောင်းတွေ ရှိနေတဲ့ အိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက ဆာရာ့မိဘတွေသာ အဲဒီအိမ်ကြီးမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။ မိဘတွေ အသတ်ခံထားရတဲ့ အိမ်မှာ ပြန်ပြီး နေထိုင်ဖို့ဆိုတာ ဆာရာ့အတွက်လည်း အတော်လေး သတ္တိမွေးခဲ့ရတယ်ဆို မမှားပါဘူး။ဒါပေမဲ့လည်း သူ့ရဲ့ မွေးဇာတိကို ဆာရာပြန်ရောက်လာပြီး နောက်နေ့ကစလို့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လူသတ်မှု စတင်ပြီး ဖြစ်ပေါ်လာပါတယ်။ လူသတ်သမားကလည်း ဆာရာ့ရဲ့ အဖေနဲ့အမေကို သတ်ခဲ့တဲ့ လူသတ်သမားရဲ့ ပုံစံကို လိုက်တုသူ ဖြစ်နေတဲ့အပြင် သတ်ဖြတ်မှုတွေက တစ်ခါမဟုတ် နှစ်ခါမဟုတ်ဘဲ ကွင်းဆက်တွေ ဖြစ်လာပြီး ဝါးတားဘယ်ရီမြို့ကြီးဟာ အန္တရာယ်တွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။ File size…(1 ...
6.7
TMDb: 6.7/10 288 votes
tv

Slasher (2016)

2016
Baby Fever (2024) Season2 5.2
Baby Fever (2024) Season2 Baby Fever (aka) Skruk (2022- ) Genre – Comedy, Drama, Romance IMDB – 6.5/10Netflix ကနေ ထွက်ရှိထားတဲ့ ဒိန်းမတ် အချစ်ဟာသဒရမ်မာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။မျိုးဆက်ပွား ကျန်းမာရေးဆေးခန်းက ဆရာဝန်တွေရဲ့ ဘဝလေးကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Nana ဆိုတဲ့ ဆရာဝန်မတစ်ယောက် ဆေးခန်းကနေ မီးဖွားခွင့်ယူရင်း ဆေးခန်းက လူလျှော့နေတာနဲ့ အလုပ်ထုတ်ခံထားရတဲ့သူပါ။၂ လသား သမီးလေးကို ထိန်းကျောင်းနေရင်း စိတ်တွေပင်ပန်း သောကရောက်ပြီး နေနေရတာပေါ့။ ဒီကလေးကို ရထားတာလည်း အဆန်းတော့အဆန်း အဖေဖြစ်တဲ့လူကတောင် ဒီကလေးရှိနေမှန်းမသိရဘူး သူ့ဘာသာသူ သုတ်ပိုးကို ခိုးပြီး သန္ဓေယူထားတာမို့။ဒီလိုနဲ့ ကမ္ဘာပျက်နေတဲ့ Nana တစ်ယောက် အလုပ်ရှင်ကို တောင်းပန်ပြီး အလုပ်ပြန်လုပ်ချင်လို့ပါဆိုတော့ ဟိုက အစမ်းခန့်အနေနဲ့ ခန့်လိုက်ပါတော့တယ်။ အဲဒီမှာ ကလေးတစ်ဖက်နဲ့ Nana တစ်ယောက် ဆေးခန်းမှာ စိန်ခေါ်မှုအသစ်တွေကြား ရင်ဆိုင်ဖို့ ဖြစ်လာပြီး ဘယ်လိုတွေ ကြုံရဆုံရ လွဲချော်ရဦးမလဲဆိုတာကို ပေါ့ပေါ့ပါးပါး တင်ဆက်ထားတာ ...
5.2
TMDb: 5.2/10 18 votes
tv

Baby Fever (2024) Season2

2022
Too Hot to Handle Season 6 (2024) 6.7
Too Hot to Handle Season 6 (2024) Too hot to handle 2020 IMDb 4.7/10လူငယ်စရိုက်သဘောသဘာဝနဲ့ လူငယ်တွေကြားမှာဖြစ်တတ်တဲ့ သမီးရည်းစား ဆက်ဆံရေးကိစ္စတို့ကို အကောင်းဆုံးရိုက်ကူးဖော်ပြထားတဲ့ အမေရိကန် တီဗီဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းလူပျိုလူလွတ် လူငယ်တစ်သိုက်ကို အပန်းဖြေစံအိမ်လိုတစ်ခုမှာစုထားပြီး သူတို့အချင်းချင်းကြားမှာ ဖြစ်ပေါ်လာနိုင်တဲ့ အချင်းချင်းချစ်ချင်တဲ့စိတ် အီစီကလီလုပ်ချင်တဲ့စိတ် နမ်းချင်ဖက်ချင် အတူနေချင်စိတ်တို့ကို ချုပ်တည်းစေပြီး စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး အနိုင်ရရှိတဲ့သူကို ဆုကြေးငွေ ဒေါ်လာ ၂သိန်းခွဲပေးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ ပထမတစ်ပိုင်းမှာတင် အကဲလွန် အအီလွန်ပြီးဝင်ပြိုင်တဲ့ လူငယ်တစ်သိုက်ထဲက ၂ယောက်က ပြိုင်တဲ့ပထမနေ့မှာပဲ စည်းကမ်းဖောက်ဖျက်လို့ဆိုပြီး ထွက်ရမယ်ဆိုပြီး ဖြစ်လာပါတယ်။ နောက်မှသတ်မှတ်တဲ့ စည်းကမ်းကြောင့်ထွက်လိုက်ရမှာမို့ မကျေမချမ်းဒေါသတွေဖြစ်ကြတာပေါ့။ ဒါပေမဲ့တကယ် မထွက်ရဘဲသူတို့အတွက် တခြားအစီအစဉ်တွေများရှိနေဦးမလား သူတို့လူငယ်တွေတစ်စု စည်းကမ်းတွေကိုလိုက်နာ စိတ်ကိုချုပ်တည်းပြီး ဘယ်သူကဒေါ်လာ ၂သိန်းခွဲကို ရသွားမှာလဲဆိုတာကိုတော့ ဒီတီဗီစီးရီးလေးကို ဒေါင်းလုပ်ဒ်လုပ်ယူကြည့်ရှူရင်း သိရှိနိုင်မှာဖြစ်ပါတယ်။ဒီစီးရီးလေးရဲ့ အညွှန်းကိုတော့ Ko Wunna ရေးသားထားတာဖြစ်ပြီး ဘာသာပြန်ကတော့ CM Team ကပဲဖြစ်ပါတယ်ခင်ဗျ။File Size –  1.8GB / 900MB (Appx;)@EpisodeQuality – 1080p WEB DL ...
6.7
TMDb: 6.7/10 401 votes
tv

Too Hot to Handle Season 6 (2024)

2020
Kleo (2024) Season 2 6.973
Kleo (2024) Season 2  Kleo TV စီရီးက သမိုင်းနောက်ခံ စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်ပါတယ်။ နောက်ခံကားကတော့ အမေရိကန်နှင့် ဆိုဗိယက်ရုရှားတို့ရဲ့စစ်အေးတိုက်ပွဲကြီးရဲ့အဆုံးသတ်ကာလို့ပြောရမယ့် ကာလမှာ ဘာလင်တံတိုင်းကြီးပြိုကျသွားတယ်၊ ဂျာမနီအရှေ့နှင့်အနောက်ပြန်လည်ပေါင်းစည်းရေးတွေ၊ ခွဲရေးတွေ နဲ့ရှုပ်နေတဲ့ကာလပါ။ပြီးတော့ အမေရိကန်ဘက်ကလည်း ဂျာမနီကို သူနဲ့ဓနသဟာယပူးပေါင်ဖို့လုပ်နေတဲ့ကာလဖြစ်ပြီး တစ်ဖက်က ရုရှားကလည်း ဂျာမနီကိုဆိုဗီယက်အင်ပါယာထဲပါလာအောင် ထောက်လှမ်းရေး KGB သုံးပြီး​တော့ စစ်ဆင်ရေးတွေလုပ်နေတာလည်းဖြစ်ပါတယ်။အဆုံးသတ်မှာတော့ ဂျာမနီပြန်လည်ပေါင်းစည်းသွားတယ်၊ ဘာလင်တံတိုင်းကြီးပြိုကျသွားတယ်၊ ဆိုဗီယက်ရုရှားလည်း အတွင်းပိုင်အာဏာပြိုကျမှုနဲ့ကြုံရတယ်။ဒီလိုရှုပ်ထွေးနေတဲ့နောက်ခံကားချပ်အပေါ်မှာ စိတ်ကူးယဥ်ပြီးဖန်တီးထားတာကြောင့် စိတ်ဝင်စားစရာကောင်းပါတယ်။ IMDb rating 7.5 ရရှိထားပြီးတော့ Winner ဆု ၈ ခု ၊ တင်သွင်းခံရတဲ့အဆင့်အနေနဲ့က ၁၁ ခုတောင်ရရှိထားပါတယ်။ ဒိဇာတ်လမ်းနဲ့ပဲ သူရုပ်​ဆောင်တွေ အများအပြားနာမည်ရကြပါတယ်။ဒါရိုက်တာ Viviane Andereggen နှင့် Jano Ben Chaabane တို့က စီစဥ်ရိုက်ကူးထားပါတယ်။ Thriller ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ ...
6.973
TMDb: 6.973/10 128 votes
tv

Kleo (2024) Season 2

2022
GG Precinct (2024) 8.5
GG Precinct (2024) CM ဖန်တွေအတွက် ၆ ပိုင်းတည်းရှိတဲ့ ထိုင်ဝမ်မီနီစီးရီးလေးCM Team က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...Marry My Dead Body မှာ မောင်မောင်ဆိုတဲ့ ဝိညာဉ်လေးနဲ့ဖူးစာဆုံခဲ့တဲ့ ဝူမင်ဟန့် တစ်ယောက် ICU ကို ဝင်ပြီးနောက်စခန်းပြန်ရောက်လာချိန်မှာတော့ "GG Precinct" ဆိုတဲ့ထိုင်ဝမ် မီနီဒရာမာလေး ပေါ်ထွက်လာပါတော့တယ်...ဒီကားလေးကို အကျဉ်းပြောရရင် ဝူမင်ဟန့် တစ်ယောက် စခန်းမှာပြန်ပြီး တာဝန်စထမ်းဆောင်တာနဲ့ ပထမဆုံးအမှုကတော့လျှို့ဝှက်ဆန်းကြယ်မှုအပြည့်နဲ့ အသတ်ခံထားရတဲ့ အလောင်းကိုအစပြုတဲ့ ကွင်းဆက် လူသတ်မှုပါပဲ... တိုက်တိုက်ဆိုင်ဆိုင်ပဲဒီအမှုဟာလွန်ခဲ့တဲ့ အနှစ် ၂၀ က ဥပစာစကားလူသတ်သမားမိစ္ဆာရဲ့ အမှုနဲ့ပတ်သက်မှုရှိနေတာကို တွေ့ခဲ့ရတယ်... ဒီဥပစာစကား လူသတ်သမားဟာဆိုရင်တရုတ်ဘာသာစကားသင်တဲ့ နည်းပြဆရာဖြစ်ပြီး... သူ့ကျောင်းသားတွေကိုအမှားမဖြစ်စေ အမှားမခံနိုင်တဲ့ အတော်ကို တင်းကြပ်တဲ့ဆရာကြီးပေါ့...ဒါကြောင့်လည်း သူက စာလုံးမှားရေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေကြဆရာကြမ်းကြီးကနေ နောက်ဆုံးမှာ အားလုံးကြောက်ရတဲ့ စိတ်ဖောက်ပြန်သူကွင်းဆက်လူသတ်သမားကြီး အဖြစ်ပြောင်းလဲသွားတာပေါ့... အခုအမှုကဒီဆရာပဲလုပ်တာလား... ဒါပေမယ့် ဒီဆရာက အထူးကြပ်မတ်ထောင်မှာလေ...ဒါဆို ...
8.5
TMDb: 8.5/10 2 votes
tv

GG Precinct (2024)

2024
The Boyfriend (2024) Season 1 9
The Boyfriend (2024) Season 1 The Boyfriend ( 2024)ဂျပန် Reality Showတွေက တော်တော်ကောင်းတယ်လို့ ပြောကြတာတော့ မြင်ခဲ့ဖူးပေမဲ့ တစ်ခါမှတော့ မကြည့်ကြည့်ဖူးဘူးပေါ့။ ဒီရှိုးကြည့်ကြည့်တော့ ဟုတ်တော့လည်း ဟုတ်မှာပဲလို့တော့ တွေးတော့တွေးမိပါတယ်။ ဒီလိုရှိုးတွေ သိပ်အများကြီးတော့ မကြည့်ဖူးလို့ မပြောတတ်ပေမဲ့ ဒီလိုရှိုးကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ ကောင်းမယ်လို့ ထင်ရတာပါပဲ။ ဒီရှိုးကတော့ ဂေးတွေကို အိမ်တစ်အိမ်ထဲ အတူတူထား, အလုပ်အတူတူလုပ်ခိုင်း။ သူတို့ကြားထဲ ဆက်ဆံရေးတစ်ခုတည်ဆောက်ပေးပြီး ဘယ်သူက ဘယ်သူ့ကိုချစ်မိသွားမလဲ စောင့်ကြည့်တဲ့ ရှိုးပါပဲ။ သူတို့ကို အကဲဖြတ်နေတဲ့လူတွေရဲ့ စကားတွေကလည်း မိုက်နေတော့ ဒီလိုင်းတွေစိတ်မဝင်စားရင်တောင် ကြည့်ရတာတော့ ပမာဏတစ်ခုအထိတော့ အရသာရှိနေပါတယ်။ နောက် သူတို့ကတော့ ဂေးတွေရဲ့ ဆက်ဆံရေးကိုပဲပြနေပေမဲ့ လူဟာလူပဲမို့ သူတို့ဆက်ဆံရေးကို ကျွန်တော်တို့ဆက်ဆံရေးတွေနဲ့ ယှဉ်တွဲမြင်ကြည့်လို့ရအောင်လည်းပြထားတော့ အချိန်ပေးရကျိုးတော့ ပမာဏတစ်ခုအထိတော့ နပ်မယ့်ရှိုးပါပဲQuality_Blu-Ray 1080p Format_mp4 Aired: 2024 Original Network: Netflix Duration_00:55:00 Genre_TV Show, Comedy, Drama Subtitle_Myanmar Subtitle ...
9
TMDb: 9/10 5 votes
tv

The Boyfriend (2024) Season 1

2024
The Frog (2024) [Complete]
The Frog (2024) [Complete] The Frog (2024)**********************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး ဒီနေ့ထွက်ရှိတဲ့ အမိုက်စားကားလေးမှာတော့ မင်းသားကြီး Kim Yoon Seok,Yoon Kye Sang, မင်းသမီးကြီး Lee Jung Eun နဲ့အတူ ကိုယ်တွေရဲ့ မချောGo Min Si အပြင် တခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရံများစွားလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့တောအုပ်လေးထဲမှာ အေးအေးချမ်းချမ်းနဲ့ ဂျွန်ယောင်းဟာဖွင့်ထားတဲ့အပန်းဖြေစခန်းလေးဆီကို တစ်နေ့မှာတော့ ပဟေဠိဆန်တဲ့ ယူဆောင်းအာဆိုတဲ့ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ဒါပေမဲ့ အဲဒီပဟေဠိဆန်တဲ့ ကောင်မလေး ရောက်လာပြီးနောက်မှာပဲသူရဲ့ ငြိမ်သက်နေတဲ့ဘဝဟာ ချောက်ခြားဖွယ်ဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း ဂူဆောင်းဂျွန်ဟာ မိုတယ်တစ်ခုကို လက်လွှဲယူပြီးမိသားစုဝင်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနေတဲ့သူပါ။ဒါပေမဲ့ သူရဲ့ ဟိုတယ်မှာလည်း မတော်တဆမှုတစ်ခုဖြစ်ပွားပြီးနောက်ပိုင်းအေးချမ်းနေတဲ့ သူ့မိသားစုဘဝလေးလည်း ကမောက်ကမတွေအတိနဲ့ပေါ့။တိုက်တိုက်ဆိုင်ဆိုင် ယွန်းဘိုမင်းဆိုတဲ့ ရဲဟာ အဲဒီအပန်းဖြေစခန်းနားမှာရှိတဲ့ရဲစခန်းကို စခန်းမှူးအဖြစ် တာဝန်ကျပြောင်းရွှေ့လာပြီး ရုတ်ချည်းဖြစ်သွားတဲ့အမှုတွေကို စုံစမ်းဖို့ဖြစ်လာတဲ့အခါမှာတော့...ယူဆောင်းအာနဲ့ ဂျွန်ယောင်းဟာနဲက ဘယ်လိုပတ်သက်နေတာလဲ။အပန်းဖြေစခန်းက အမှုတွေကရော ဆောင်းအာနဲ့ ဘယ်လိုပတ်သက်နေတာလဲ။စခန်းမှူးဘိုမင်းကရော ဘာတွေသိထားပြီး ...

The Frog (2024) [Complete]

2024
Eva Lasting (2023) Season 1 8.364
Eva Lasting (2023) Season 1  IMDb - 7.8/10ကျား/မ တန်းတူညီမျှရေးဆိုတာ ဒီခေတ်မှာ ကျယ်ကျယ်လောင်လောင်ကြားရတဲ့ စကားမျိုးပါပဲ.....အခုလို ကိစ္စတိုင်းနီးပါး တန်းတူညီမျှထားပါတယ်လို့ ဆိုနေကြတဲ့အချိန်မှာတောင် တချို့ အရပ်ဒေသတွေမှာ အမျိုးသမီးတွေကို တဆင်နိမ့်ဆက်ဆံတဲ့နေရာတွေရှိနေတော့ အရင်ခေတ်ကလို ကျား/မ ခွဲခြားဆက်ဆံတဲ့ခေတ်ဆို တွေးသာကြည့်ပေတော့ပဲ.....အဲဒီလို ကျား/မ ခွဲခြားဆက်ဆံတဲ့အထဲမှာ ဥရောပနိုင်ငံတွေက အင်မတန်ဆိုးရွားလှပါတယ်......အဲဒီထဲမှာ စပိန်လည်းအပါအဝင်ပေါ့ သူတို့ရဲ့ ကျား/မ တန်းတူအခွင့်အရေးရဖို့ မဲပေးခွင့်ရဖို့တွေအတွက် တိုက်ခိုက်တွန်းလှန်ခဲ့တဲ့ ရုပ်ရှင်ပေါင်း မှတ်တမ်းပေါင်းများစွာလည်းရှိကြပါတယ်.....သူတို့ရဲ့ တွန်းလှန်မှုတွေဟာ အခြေအနေတခုထိအောင်မြင်ခဲ့တာလည်း အခုမျက်မြင်ကိုယ်တွေ့ပါပဲ.....အခုဇာတ်လမ်းတွဲလေးကတော့ ၁၉၇၀ပြည့်နှစ်တွေတုန်းက စပိန်နိုင်ငံရဲ့ အငွေ့အသက်တွေရယ် အဲဒီခေတ်တုန်းက ကျား/မ ဘယ်လိုခွဲခြားဆက်ဆံကြတယ်ဆိုတာရယ် အထက်တန်းကျောင်းသူလေးတစ်ယောက်အနေနဲ့ အမျိုးသမီးဝါဒီကို ဘယ်လိုဆွဲကိုင် တွန်းလှန်မယ်ဆိုတာရယ်ကို ကြည့်ရှုရမှာပါ.....ကျောင်းသားဘဝကနေ စပြီးရိုက်ပြထားတာမို့ ကျောင်းသားအငွေ့အသက်လေးတွေကိုလည်း ခံစားရမယ် ဆယ်ကျော်သက်တွေရဲ့ စူးစမ်းလေ့လာချင်စိတ် လေတိုက်တိုင်းစိတ်ကစားတတ်တဲ့စိတ် ကလေးဘဝရဲ့ပျော်ရွှင်မှု အစရှိတာတွေကိုပါ ခံစားရမှာမို့ ကြည်နူးစေမဲ့ကားလေးတစ်ကားလို့ပဲ မိတ်ဆက်ပေးပါရစေ......မင်းသမီးလေးက Francisca Estevez ဆိုတော့ ဆွဲဆောင်မှုလည်းရှိ ချစ်ဖို့ပါကောင်းနေတော့ ...
8.364
TMDb: 8.364/10 92 votes
tv

Eva Lasting (2023) Season 1

2023
Terror Tuesday: Extreme (2024)
Terror Tuesday: Extreme (2024) ကြောက်မက်ဖွယ်ရာ အင်္ဂါညများ (၂၀၂၄)ထိုင်းဟော်ရာဖန်တွေအတွက် Nextflix ရဲ့ Horror Series အသစ်ဖြစ်တဲ့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Terror Tuesday ကို တင်ဆက်ပေးလိုက်ပါတယ်။ Terror Tuesday ဆိုတဲ့ ရေဒီယိုအစီအစဉ်မှာ တင်ဆက်ပြီးဖြစ်တဲ့ ဟော်ရာဇာတ်လမ်းများကို ပုံဖော်ပြီးတော့ ပြန်လည်ရိုက်ကူးတင်ဆက်ပြသပေးထားတဲ့ စီးရီးလေးဖြစ်ပါတယ်။ အပိုင်း(၈)ပိုင်းပါဝင်ပြီးတော့ တစ်ပိုင်းကို တစ်ပုဒ်အနေနဲ့ ဟော်ရာဇာတ်လမ်း ၈ခုအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ တစ်ပုဒ်ကို ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်စီနဲ့ ဘယ်လိုမျိုး ကြောက်မက်ဖွယ်ရာ ရသတွေပေးစွမ်းနိုင်မလဲဆိုတာကို အတူတူခံစားကြည့်ရှုလိုက်ကြပါစို့။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Horror Quality…. 1080p | 720p File size… 400MB | 150MB Format… mp4 Duration…. 40min Episodes.... 8 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char ...

Terror Tuesday: Extreme (2024)

2024
The Secret of Us (2024) 4
The Secret of Us (2024) တို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက် (၂၀၂၄)GLလောကဘက်ကို ခြေလှမ်းသစ်စမယ့် Ling-Orm coupleရဲ့ လည်ပင်းရှည်‌နေခဲ့ရတဲ့ စီးရီးသစ်လေးဖြစ်တဲ့ The secret of usလေး ထွက်ရှိလို့လာပါပြီ။ Ch3လို ချန်နယ်ကြီးရဲ့ first GLဖြစ်တာမလို့ မျှော်လင့်ရတာတွေနဲ့ အမောပြေမလား ရှုစားကြပါဦးစို့။သိပ်ချစ်ခဲ့ကြပေမဲ့ ရုတ်တရက်ပြောင်းလဲသွားတဲ့အန်ကြောင့် နှလုံးသားကိုအမှောင်ချလို့ အချစ်ဆိုတာကို သူ့ရဲ့အဘိဓာန်ထဲကထုတ်လိုက်တဲ့ Angel doctor ဖာလာဒါနှလုံးသားချင်းထပ်တူကျခဲ့ပါရဲ့နဲ့ မလွှဲမရှောင်သာ သစ်စိမ်းချိုးချိုးပြီး ကိုယ့်နှလုံးသားကိုယ် ရက်ရက်စက်စက်ခွဲပစ်ခဲ့ရတဲ့အန်လှပခဲ့တဲ့အချစ်ဇာတ်လမ်းက နာကျင်စရာတွေနဲ့တစ်ခန်းရပ်ခဲ့ပေမဲ့ ဖာလာဒါရဲ့အနားကို ပြန်လာဖို့အတွက် လာဒါတို့ဆေးရုံရဲ့ presenterအသစ်အနေနဲ့ အန်တစ်ယောက် ပြန်လာတဲ့အခါ... လူနာတွေနဲ့ဆို နတ်သမီးလိုနူးညံ့သလောက် ညီမလေးကို လေစိမ်းတိုက်မယ့်မမနဲ့ တစ်ချိန်ကအပြစ်တွေကို အချစ်နဲ့ကုစားမယ့်ညီမလေးကြား ဘာတွေဆက်ဖြစ်မလဲဆိုတာ ငိုတစ်လှည့်ရိုတစ်လှည့်နဲ့ ခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, CharOu, SuMyat, Kim တို့ပဲ ဖြစ်ပါတယ်။Genre..... GL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. ...
4
TMDb: 4/10 1 votes
tv

The Secret of Us (2024)

2024
Emily in Paris Season 4 (2024) 7.7
Emily in Paris Season 4 (2024) ကဲ ... Netflix ရဲ့ နာမည်ကြီး စီးရီးတွေထဲက တစ်ခုဖြစ်တဲ့ပါရီကအမ်မလီ အတွဲ ၄ ပြန်လာပါပြီ။ အတော်လည်း ကြာသွားပြီဆိုတော့ စီစန် ၃ လေးကို နည်းနည်း ပြန်နွှေးပေးချင်ပါတယ်။ စီစန် ၃ နောက်ဆုံးပိုင်းမှာ ပွဲလာပရိသတ်ရဲ့ ရှေ့မှာပဲ သူနဲ့ စေ့စပ်မဲ့ဂါဘရီယယ်က အမ်မလီ့ဆီ စိတ်ရောက်နေပါတယ်လို့ ပြောပြီးကာမီလ်တစ်ယောက် ဂယက်တွေ ဖန်တီးကာ ထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အဆင်ပြေပြီးသား ဖြစ်တဲ့ အမ်မလီနဲ့ အယ်ဖီတို့ အတွဲလည်းကတောက်ကဆတွေ ဖြစ်ကုန်ပါတော့တယ်။ ဒီလိုတွေ ဖြစ်ကုန်တော့ ဂါဘရီယယ်နဲ့အမ်မလီတို့ပဲ ပြန်ပေါင်းဆုံသွားမှာလားဆိုတဲ့ထင်ကြေးတွေနဲ့ ပရိသတ်က ကျန်ခဲ့ပါတယ်။ဒီထင်ကြေးကို အဆုံးအဖြတ်ပေးမဲ့တရားသူကြီးကတော့ စီစန် ၄ ပါပဲ။ စီစန် ၄ ကိုတော့ Netflix က Part 1, Part 2 ခွဲပြီး ပရိသတ်ကို ချပြခဲ့ပါတယ်။အခု ထွက်ရှိလာတာကတော့ Part 1 ဖြစ်ပြီး အပိုင်း ၅ ပိုင်း ...
7.7
TMDb: 7.7/10 1271 votes
tv

Emily in Paris Season 4 (2024)

2020
Tribhuvan Mishra CA Topper (2024) 6.3
Tribhuvan Mishra CA Topper (2024) Tribhuvan Mishra CA Topper S01 9eps(2024)ရုံးစာရေးလေး မစ်ရှရာIMDb-7/10CA စာမေးပွဲမှာ ထိပ်ဆုံးအဆင့်နဲ့အောင်မြင်ခဲ့တဲ့ မစ်ရှရာတစ်ယောက် ရိုးသားကြိုးစားလွန်းတဲ့ဂုဏ်ကြောင့် ဘဝတက်လမ်းမထွန်းပေါက်ဘဲ သာမန်လူလတ်တန်းစားဘဝလေးနဲ့ပဲ ကျပ်ကျပ်တည်းတည်းကျင်လည်နေခဲ့တယ် ။ရိုးဂုဏ်ကတော့ ရုံးမှာ အမျိုးသမီးအဖွဲ့လိုက်ရှိတဲ့နေရာတွေကို သွားဖို့ရှက်သည်ထိပါပဲ။ကလေးနှစ်ယောက်နဲ့အိမ်ထောင်သည်ဘဝ ၊ ဇာတိမြို့မှာကျန်ခဲ့တဲ့မိသားစု မိသားစုနှစ်စုစာရဲ့အသုံးစရိတ်တွေက ရုံးလစာနဲ့မလည့်တလည်ပါပဲ။တစ်နေ့ လစာရောချေးငွေတွေပါအပ်ထားတဲ့ ဘဏ်က အကောင့်တွေပိတ်သိမ်းလိုက်တဲ့အချိန်မှာ..... လုပ်ငန်းခွင်မှာလည်း သူမလိုလားတဲ့လာဘ်ပေးလာဘ်ယူမှုတွေက ရှောင်လွှဲလို့မရတော့တဲ့အချိန်မှာ..... သူရွေးချယ်လိုက်တဲ့အရာက အလိုဆန္ဒမပြည့်ဝတဲ့အမျိုးသမီးတွေအတွက် အဖြည့်ခံလူသားတစ်ယောက်ဘဝသူဝန်ဆောင်မှုပေးရတဲ့သူတွေက သာမန်အိမ်ထောင်သည်အမျိုးသမီးတွေမဟုတ်ဘဲ အကောင်ကြီး ဇိုးတွေရဲ့ဇယားတွေနဲ့ပါပတ်သတ်လာရတော့ သူ့ဆီကိုရော ဘယ်လိုပြဿနာတွေရောက်လာဦးမလဲဒီဇာတ်လမ်းက Netflix မှာစတင်ပြသဖို့ teaser ထွက်တည်းက CA ပညာတတ်အသိုင်းအဝိုင်းနဲ့ ဖြေဆိုသူတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေမှုနဲ့ Boycott ဖို့ ဝေဖန်မှုတွေပြင်းထန်နေတဲ့ကားပဲဖြစ်ပါတယ်အဓိကဇာတ်ကောင်ကို CA topper ဆိုပြီး တကူးတကဘာကြောင့် ထည့်ရိုက်ထားရတာလဲဆိုတာတော့ ကိုယ်တိုင်ပဲရှုစားအဖြေရှာကြည့်ပါတော့Disclaimer ; အသက်မပြည့်သေးသူများနှင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်သော ဇာတ်ဝင်ခန်းများ များစွာပါဝင်ပါသည်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်File Size – 1GB (Appx;)@EpisodeQuality – 1080p WEB DLDuration – ...
6.3
TMDb: 6.3/10 3 votes
tv

Tribhuvan Mishra CA Topper (2024)

2024
Kübra (2024) 6.25
Kübra (2024)  စာရေးဆရာ Afşin Kum ရဲ့၀တ္ထုကိုအသက်သွင်းတဲ့ ဒုတိယမြောက် Netflix စီးရီးစ်ဖြစ်ပါတယ်။ ပထမကားကတော့ တင်ဆက်ပေးပြီးသားဖြစ်တဲ့ Hot Skull 2022 ပါ။ ဒီဇာတ်လမ်းတွဲကတော့ ဂိုခန်းဆိုတဲ့အစ္စတန်ဘူသား အရပ်သားလူငယ်တစ်ယောက်ကိုအခြေခံပါတယ်။သူဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက သူတို့စခန်းကို ဝင်ရောက်စီးနင်းခံလိုက်ရာကနေ သူတစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့အတွက် လိပ်ပြာမလုံစိတ်နဲ့စိတ်ဒဏ်ရာတစ်ချို့ကိုခံစားနေရဆဲပါ။အခုချိန်မှာတော့ ဝပ်ရှော့တစ်ခုမှာအလုပ်လုပ်နေပြီး တစ်ချိန်မှာ ချစ်သူမာဗေးကိုလက်ထပ်မယ်ဆိုတဲ့ စိတ်ကူးယဉ်အိမ်မက်တွေနဲ့ရိုးရှင်းတဲ့ဘ၀ကိုဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့ Soultouch ဆိုတဲ့ app တစ်ခုကနေ Kubra အမည်ရသုံးစွဲသူရဲ့ စာတစ်စောင်ကိုရရှိရာကနေ ဒါတွေအားလုံး ကမောက်ကမပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်။Kubra ရဲ့ပြောစကားတွေ၊သက်သေပြမှုတွေ၊တိုက်ဆိုင်လွန်းတဲ့အဖြစ်အပျက်တွေ ထူးခြားစွာပေါင်းဆုံလာတဲ့အခါမှာတော့ ဂိုခန်းဟာ သူ့ကိုယ်သူတမန်တော် Kubra ကိုဘုရားသခင်လို အထင်ရောက်လာပါတော့တယ်။အဲ့ဒီနောက်မှာတော့ သူ့အပေါ်ယုံကြည်တဲ့နောက်လိုက်တွေအများကြီးစုမိလာပြီးတစ်နိုင်ငံလုံးအနှံ့ထောက်ခံမှုကိုရလာတဲ့အချိန်မှာ မနာလိုသူတွေ၊ သူ့ကိုအသုံးချဖို့ကြိုးစားသူတွေ၊ သူ့အရှိန်အဝါကိုထိတ်လန့်ပြီးနှိမ်နင်းဖို့ကြိုးစားကြသူတွေနဲ့ ဂိုခန်းထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ သူ့ဘက်မှာရှိနေခဲ့တာ တကယ်ပဲ ဘုရားသခင်လား ဒါမှမဟုတ်? ဇာတ်လမ်းထဲမှာဆက်ပြီးအဖြေရှာကြည့်ကြပါ။ File size…(770 Mb)/(400 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….00:45:00 Genre...Drama, Thriller Subtitle….Myanmar Subtitle ...
6.25
TMDb: 6.25/10 24 votes
tv

Kübra (2024)

2024
Tokyo Swindlers (2024) 7
Tokyo Swindlers (2024)  iMDb – 7.3/10ဒီတစ်ခါမှာတော့ The Japan Times ကနေ ဒီနှစ်နွေရာသီအတွက်Guilty pleasure လေး တစ်ခုလို့ တင်စားထားတဲ့ လူလိမ်စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။မြေတွေ လိမ်ရောင်းပြီး ယန်းသန်းနဲ့ချီ ရိတ်နေတဲ့ ဒီလူလိမ်အဖွဲ့ကခေါင်းဆောင် တဖြစ်လဲ mastermind လို့လည်း ပြောလို့ရတဲ့Harrison ၊ စာရွက်စာတမ်းတွေ လုပ်ကြံဖန်တီးပေးပြီးအကွက်ဆင်ရတဲ့ Takumi ၊ ပွဲစားတွေနဲ့ ဆက်သွယ်ရတဲ့Goto နဲ့ မြေရှင်ယောင်ဆောင်ပေးမယ့် သရုပ်ဆောင်စုဆောင်းရေးအတွက် Reiko တို့ အဓိက ပါဝင်ပါတယ် ။ယန်း ၁၀ ဘီလီယံတန်တဲ့ မြေကွက်ကို လိမ်ရောင်းဖို့ ကြိုးစားနေတဲ့သူတို့ အဖွဲ့ နဲ့ ပရောဂျက်တစ်ခု ပျက်သွားလို့ အစားထိုးစရာမြေကွက်ကောင်းကောင်း လိုချင်နေတဲ့ Sekiyo House ကုမ္ပဏီကတော့ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး တွေ့တယ်ဆိုသလိုပါပဲ ။မြေကွက်ကလည်း ကြီးသလို ပိုင်ရှင်ကလည်း လက်ခက်တဲ့သီလရှင်တစ်ပါး ဖြစ်နေတဲ့အခါ ...
7
TMDb: 7/10 11 votes
tv

Tokyo Swindlers (2024)

2024
The Decameron (2024) 4.719
The Decameron (2024) The Decameron (2024) Genre – Comedy, Drama, History1348 ခုနှစ် အီတလီနိုင်ငံ ပလိပ်ရောဂါ ကပ်ဘေးဆိုက်ကပ်ချိန် လူတိုင်း လူတိုင်း ရှင်သန်ရဖို့ ဖြစ်လာတယ်။အဲဒီမှာပဲ ကပ်ရောဂါ မကူးစက်သေးတဲ့ ကျေးလက်ဒေသက ဆန်တာအိမ်တော် မြို့စားက လူကုံထံတွေကို လက်ထပ်ပွဲအတွက် လာရောက်ဖို့ ဖိတ်ကြားလိုက်တဲ့အခါမှာ…- ပါးစပ်ကဘုရားဘုရား လက်ကကားရားကားရား ဇနီးသည်နဲ့ လူမသိ သူမသိ ကြိတ်သူငယ်ထောင်ချင်တဲ့ ခင်ပွန်းသည် - လေတိုက်ရင်တောင် သေမလိုဖြစ်ပြီး ၉၆ ပါးရောဂါပေါင်းစုံနဲ့ ချူချာကောင် ဂီလာနနဲ့ မြင်သမျှ မိန်းကလေးတိုင်းကို နှာဗူးလိုက်ရမှ ကျေနပ်တဲ့ ဆရာဝန် - မြို့စားနဲ့ အမြန်ဆုံး ညားချင်လှပါပြီဆို ရွပိုးထိုးနေတဲ့ ၂၈ နှစ် အပျိုကြီးနဲ့ အပျိုကြီးလုပ်သမျှ အကုန်မြှောက်ပေးနေတဲ့ အထိန်းတော် - ဖအေကိုပါ ဇီဝိန်ချုပ်ပြီး ဘဝမပျက်အောင် သူဌေးနဲ့ လင်တော်ချင်နေတဲ့ သမီးမိုက်နဲ့ ရူးကြောင်မူးကြောင်နဲ့ ပါသွားတဲ့ အစေခံမလေးတို့ တသိုက် ပျော်ပျော်ကြီး ဆန်တာအိမ်တော်ကို ...
4.719
TMDb: 4.719/10 16 votes
tv

The Decameron (2024)

2024