Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
MBS
9.2
Wind Breaker (2024)
Wind Breaker (2024) Genre – Anime, Action, Adventure IMDB – 7.5/10 MyAnimeList – 7.9/10လတ်တလောကမှ ထွက်ရှိထားပြီး Tokyo Revengers ထက်ကောင်းတယ်ဆိုပြီး သတင်းထွက်နေတဲ့ နောက်ထပ်ကျောင်းသားငဖိုက် Anime အသစ်လေးကို တင်ဆက်ပေးပါ့မယ်ဗျ။ အစပဲရှိသေးတာရော ဇာတ်လမ်းတည်ဆောက်ပုံ မတူတဲ့အတွက်TR ကောင်းမကောင်းဆိုတာတော့ ဖန်တွေကြားအငြင်းပွားစရာ ဖြစ်နေကြမှာပါ။ သိချင်ရင်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာတော့ အကောင်းဆုံးပေါ့လေ။ကျွန်တော့်အတွက်တော့ ဒီထဲက MC ဖြစ်တဲ့ Sakura ကအစပိုင်းကတည်းက ကြမ်းနေပြီး TR က MC ဖြစ်တဲ့Takemichi ထက်တော့ သာတယ်လို့ မြင်မိတယ်ဒါကလည်း TR မှာက Side character တွေက အဓိကကြမ်းတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီ ...
9.2
TMDb:
9.2/10
4 votes
tv
Wind Breaker (2024)
2024
8.548
Jujutsu Kaisen (2020)
(function(f,b,n,j,x,e){})();IMDb 8.5/10 MyAnimeList 8.6/10 ဒီဂျပန်ကာတွန်းကိုစကြည့်တော့ ပေါက္ကံပြည်ကိုအိန္ဒိယကနေ(မလေးနိုင်ငံ ပီနန်ကျွန်းလို့လည်းတချို့ကပြောကြတယ်) သင်္ဘောပျက်လို့ ပျဥ်ပြားဖက်ပြီးရောက်လာတဲ့ ဗျတ်ဝိ၊ ဗျတ္ထပဲပြေးမြင််တယ်ဗျ။နိုင်ငံခြားသားဆိုပေမဲ့ ဘုန်းကြီးကျောင်းက ဇော်ဂျီဖိုဝင်သားခိုးစားရာကနေ အစွမ်းရသွားလိုက်တာ အငယ်ကောင်ဖြစ်တဲ့ဗျတ္ထရဲ့သားတွေအထိ အစွမ်းတွေရခဲ့တယ်လို့ဆိုကြတယ်။ ဗျတ္ထသားတွေဖြစ်တဲ့ ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးတို့နှစ်ကောင် ဘယ်လောက်ကြမ်းလဲဆိုရင်တရုတ်ပြည်က ဗိုက်ပူမြို့စားရဲ့ဗိုက်ကို ရန်သူပေါင်းသောင်းခြောက်ထောင်မကရှိနေတဲ့ကြားက ထုံးသွားကွင်းပြီး "ဖတ်၊ ဖတ်၊ ဖတ်"ရိုက်ကာခြိမ်းခြောက်ခဲ့တဲ့အထိပါပဲ။ စွမ်းလွန်းလို့ သေသွားတာတောင် မင်းကြီး၊မင်းလေးဆိုပြီး မြန်မာတနိုင်ငံလုံးက နတ်ကိုးကွယ်တဲ့သူတွေဖင်ဘူးထောင်းထောင်ပြီး ထိုင်ကန်တော့ခဲ့ကြတာ အခုအချိန်အထိပဲဗျ။ ဒီစီးရီးရဲ့ဇာတ်လမ်းမှာလည်း ဇာတ်လိုက်မင်းသားဟာ ဆုခုနဆိုတဲ့ကျိန်စာကောင်ရဲ့လက်ချောင်းကိုစားမိလိုက်တာကနေ သောက်ကြမ်းကြီးဖြစ်သွားပါတယ်။ (မြန်မာမှာဆိုရင် နတ်ကွန်းပဲတင်ပြီး ဂျပန်ဆာကေးအရက်တိုက် ထိုင်ကန်တော့နေကြလောက်ပြီ)။ ဒါပေမဲ့လည်းသူ့ထက်သူသောက်ကြမ်းတွေရှိနေတော့ ပိုပြီးသောင်းကြမ်းဖြစ်အောင်ကြိုးစားတယ်ပေါ့ဗျ။ ဒါက ဇာတ်လမ်းအကျဥ်း။နည်းနည်းဖြည့်ပြောချင်တာလေးတွေဆက်ပြောပါမယ်။Jujutsu Kaisenကိုဖန်တီးသူ ဆရာ ဂဲဂဲ အခုတမိဟာ Bleachရဲ့ပရိသတ်အကြီးစားပါ။ ဒါကြောင့် ဒီစီးရီးကိုကြည့်နေရင်းနဲ့bleachအငွေ့အသက်မျိုးရပါလိမ့်မယ်။ (ကော်ပီကူးတာမဟုတ်ဘူးနော်။ ဇာတ်လမ်းက ဘာမှမဆိုင်တာ။ fighting styleတွေလည်းမတူဘူး)။ ပြီးတော့ ဒီဂျပန်ကာတွန်းရဲ့ထူးခြားချက်ကဘတ်ဂျက်ဗျ။ တပိုင်းကို အမေရိကန်ဒေါ်လာတသိန်းခွဲသုံးခဲ့တာဆိုတော့ သူ့ထက်ပိုများတာ dragon ball ...
8.548
TMDb:
8.548/10
2565 votes
tv
Jujutsu Kaisen (2020)
2020
7.603
Mobile Suit Gundam: The Witch from Mercury
MyAnimeList 8.1/10 IMDb 8.3/10 ဒီanimeဟာ လက်ရှိထွက်နေဆဲ animeဖြစ်ပြီးမထွက်ခင် prologueပြကတည်းက Gundamဖန်တွေရဲ့စိတ်ဝင်စားမှုကိုရခဲ့တာပါ။ အခုထွက်လာချိန်မှာလည်းဇာတ်လမ်းပိုင်းစိတ်ဝင်စားဖို့ကောင်းမှု၊ ရုပ်ထွက်လှပမှုတွေကြောင့်ratingတွေလည်း တော်တော်ကိုကောင်းနေပါတယ်။ ဒီanimeကိုကြည့်မယ်ဆိုရင် အရင်ကထွက်ခဲ့တဲ့ Gundamစီးရီးတွေကိုကြည့်ထားဖိူ့လိုကိုလိုလားဆိုရင် မလိုဘူးလို့ပဲပြောပါရစေ။တခုတော့ရှိတယ်။ Gundamနည်းပညာဆိုင်ရာအသုံးအနှုန်းတွေကိုတော့သိထားဖို့လိုပေမဲ့ ဘာသာပြန်ပေးဖို့မှာတခါထဲထည့်ဖို့မလွယ်လို့ဒီအညွှန်းအဆုံးမှာ အနီးစပ်ဆုံးရှင်းပြချက်လေးတွေရေးပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့မာကျူရီဂြိုဟ်သူ(ဗုဒ္ဓဟူးဂြိုဟ်သူ)လေးဖြစ်တဲ့ ဆုလာဘ်တာဟာAsticassiaနည်းပညာကျောင်းကိုလာတက်ရင်း မီအိုလွင်ရဲ့သတို့သားလောင်းဖြစ်သူ ဂူအဲလ်ကို ရန်စမိသလိုဖြစ်သွားပါတယ်။ဂူအဲလ်ဟာကျောင်းတွင်း စက်ရုပ်တိုက်ပွဲတွေမှာ အမြဲနိုင်လေ့ရှိပြီးHolderတံဆိပ်ပါရထားသူပါ။ အဲ့လိုနဲ့ ဂူအဲလ်နဲ့ ဆုလာဘ်တာတို့စက်ရုပ်ချင်း စီးချင်းထိုးဖို့ဖြစ်လာတဲ့အခါမှာတော့ မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတယ်။ဒီanimeကိုအပတ်စဥ်တနင်္ဂနွေညတိုင်း အပိုင်းသစ်ထွက်တာနဲ့တင်ဆက်သွားမှာဖြစ်ပါတယ်။ အောက်မှာဆက်ရေးမှာကတော့နည်းပညာပိုင်းဆိုင်ရာအသုံးအနှုန်းတွေနဲ့Gundam animeထဲကအသုံးအနှုန်းတွေကိုရှင်းပြပေးမှာပါ။ နည်းပညာသမားမဟုတ်ပဲကွကိုရှာဖတ်ထားတာ ဖြစ်တော့ အမှားပါရင်သည်းခံပေးကြပါ။Earthianဆိုတာက ကမ္ဘာသူကမ္ဘာသားတွေကိုပြောတာပါ။Spacianဆိုတာက အာကာသထဲမှာမွေးဖွားနေထိုင်ခဲ့သူတွေကိုပြောတာပါ။Coriolis forceဆိုတာဟာ ကမ္ဘာလည်တဲ့အရှိန်ကြောင့် ရွေ့လျားနေတဲ့လေလမ်းကြောင်းကွေးညွတ်သွားစေတဲ့အားကိုပြောတာပါBlade antennaဆိုတာကတော့ mobile suitကိုယ်ပေါ်က အင်တာနာတိုင်လိုအချွန်အချောင်းကိုပြောတာပါ။ Eliteဆိုတာက အရင်Gundamစီးရီးတွေမှာပါခဲ့တဲ့Arianတိုင်းပြည်က လှုတ်ရှားမှုကြီးအပြီးမှာ ပေါ်ပေါက်လာခဲ့တဲ့ Eliteတပ်ဖွဲ့ပါ။Frontဆိုတာကတော့ လူလုပ်နယ်မြေကြီးတခုရဲ့နာမည်ပါ။Thrallကတော့ အကြမ်းဖြင်းပြောရရင် mobile suitတွေကိုစမ်းသပ်တဲ့နေရာမှာ စစ်ဆေးပေးရတဲ့သူပါ။Permet linkကိုစွမ်းအင်ချိတ်ဆက်ခြင်းလို့ပဲ အကြမ်းဖြင်းဘာသာပြန်ရမည်ထင်ပါတယ်။ permetကတော့ သိသလောက် Gundamစီးရီးမှာ အာကာသထဲက သတ္တုတစ်မျိုးကိုခေါ်တာပါ။Permet ...
7.603
TMDb:
7.603/10
29 votes
tv
Mobile Suit Gundam: The Witch from Mercury
2022
7
Tomorrow, I’ll Be Someone’s Girlfriend (2022)
Tomorrow I Will Be Someone's Girlfriend (2022)Disney Plus က ထုတ်ထားတဲ့ ၁၂ပိုင်းပါဝင်တဲ့ ဂျပန်ဇာတ်လမ်းတွဲလေးပါ။ မန်ဂါလည်း ရှိခဲ့ပြီး မန်ဂါကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပါပဲ။ ဇာတ်လမ်းကတော့ သိပ်မကြာသေးခင်ကတင် နာမည်ကြီးလိုက်သေးတဲ့ ဂျပန်က အငှားရည်းစားခေါ် အချိန်အတူဖြုန်းပေး ရည်းစားဟန်ဆောင်ပေးတဲ့ အလုပ်ကိုလုပ်တဲ့ ကောင်မလေးတွေအကြောင်းပါပဲ။ဒီလို အငှားရည်းစားလုပ်တဲ့ အကြောင်းကို ရိုက်ပြတဲ့ ဒါရိုက်တာကလည်း အမျိးသမီးပါ။ အမျိုးသမီးတွေ ပွိုင့်ကနေ သေချာကို ဘာလို့လုပ်ဖြစ်သွားတယ် ဘာအခက်အခဲတွေကြုံရတယ်ဆိုတာကို သေချာပုံဖော်ထားပါတယ်။ ဒီလိုပုံဖော်ရာမှာ အငှားရည်းစား အလုပ်ဘာလို့လုပ်ဖြစ်သွားကြတယ်ဆိုတဲ့ ပွိုင့်ကို ကောင်မလေးလေးငါးယောက်လောက်သုံးပြီး ရှု့ထောင့်အမျိုးမျိုးကနေ တင်ပြထားပါတယ်။ တစ်ချို့ကျတော့လည်း တကယ်သနားဖို့ကောင်းနေတာတွေ တစ်ချို့ကတော့လည်း မိုက်တွင်းနက်နေတာတွေ စုံလို့ပါပဲ။ ဒီအလုပ်ကိုလုပ်ဖို့ အလှအပက အရေးကြီးလို့ မလှတဲ့မိန်းကလေးတွေ ကြုံရတဲ့အခက်အခဲတွေပါပါတယ်။ နောက် အငှားရည်းစားဆိုတာ ရည်းစားအဖြစ်ဟန်ဆောင်ပေးရုံ လွန်ရောလက်ထိပဲကိုင်ခွင့်ပေးထားပေမဲ့ တစ်ချို့က ကိုယ်ကိုပါ ...
7
TMDb:
7/10
1 votes
tv
Tomorrow, I’ll Be Someone’s Girlfriend (2022)
2022
9
Grand Blue {Complete}
Grand Blueလူရိုးကလေး အီအိုရီ ဟာ ကျောင်းတက်ဖို့အတွက်ရေငုတ်ပစ္စည်းအငှားဆိုင် နဲ့ ဘား ဖွင့်ထားတဲ့ ဦးလေးဖြစ်သူထံရောက်ရှိခဲ့ပါတယ်...လူရိုးကလေး အီအိုရီ တစ်ယောက် သူ့ရဲ့ စီနီယာ ဖြစ်လာမယ့် ကွီး ၂ ယောက်နဲ့စတင်တွေ့ရှိခဲ့တဲ့ အပြင် ငယ်ငယ်တုန်းကပဲ တွေ့ခဲ့ဖူးတဲ့အရမ်းလှတဲ့ အစ်မ ဝမ်းကွဲ နဲ့ ညီမဝမ်းကွဲ ချိစ တို့နဲ့ပါတစ်အိမ်ထဲ နေဖို့ အကြောင်းဖန်လာပါတော့တယ်...လူရိုးကလေး ဖြစ်ပေမဲ့ ဖွန်လဲ ကြောင်ချင်တဲ့ အီအိုရီ တစ်ယောက်ကျောင်းမှာ အဆင်မပြေပေမဲ့ သူ့လိုပဲ အူကြောင်ကြား ငတိ တစ်ဦးဖြစ်တဲ့ကိုဟေး နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်...ဒီလို နဲ့ လူပျိုသဘာ၀ အလွဲတွေ ဟာသတွေ နဲ့အစ်မ ဝမ်းကွဲ ညီမဝမ်းကွဲတွေ ကြားမှာ စီနီယာ အကို ၂ ယောက်ရဲ့ချောက်တွန်းမှုတွေ နဲ့ ဘယ်လိုတွေ ရယ်ရမယ် ဆိုတာကြည့်ရှုရင်း အတောမသက်နိုင်ကြဖို့Translator ဖြစ်သူ Aung Tayza က ဘာသာပြန်ပေးထားပါတယ်CM CM App LinkEp 01 - Yoteshin / ...
9
TMDb:
9/10
3 votes
tv
Grand Blue {Complete}
2018
7.4
Hey sensei , Don’t you know? (2019)
[Unicode]IMDb rating 6/102019က ထွက်ရှိခဲ့တဲ့ Dramaဖြစ်ပါတယ် ။ အပိုင်း၆ပိုင်းပါဝင်ပြီး တစ်ပိုင်းစီမှာပျှမ်းမျှ ၂၅မိနစ်စာရှိပါတယ်။ "Hey sensei,don't you know" ဆိုတဲ့ Manga ကို drama အဖြစ်ပြန်ရိုက်ခဲ့တာဖြစ်ပြီး Ending song အနေနဲ့ Bolbbagan 4ရဲ့ပထမဆုံး Japanese single song "Love"သီချင်း ကိုအသုံးပြုထားပါတယ်။"ဟာနာ နှင့် ရီချီ""ဟာနာ"ဆိုတဲ့မိန်းကလေးက Girl Manga တွေရေးတဲ့စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ အထက်တန်းကျောင်းseniorဘဝကတည်းက Mangaတွေကိုစတင်ရေးသားခဲ့ပြီး အလုပ်ထဲမှာပဲဘဝကိုမြှုပ်နှံထားသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့စာမူတွေအပ်ပြီးပြန်အလာ လမ်းမှာရှိတဲ့မှန်တစ်ချပ်ထဲမှာ သူမရဲ့ပုံရိပ်ကိုမြင်တွေ့လိုက်ရပါတယ်။ အလုပ်ကလွဲပြီးကျန်တာကိုဂရုမစိုက်ခဲ့တဲ့ဟာနာတစ်ယောက် fashionအမြင်မရှိ ဖရိုဖရဲဖြစ်နေမှန်းသိလိုက်ရတဲ့အခါ သူမရဲ့ပုံစံကိုပြောင်းပစ်ဖို့ဆလွန်းတစ်ခုကို သွားလိုက်ပါတယ်။ အဲဒီဆလွန်းမှာတော့ ဆံပင်ညှပ်တော်ပြီးခံ့ညားတဲ့ ရီချီဆိုတဲ့Hairstylistတစ်ယောက်ရှိနေခဲ့ပါတယ်။"ရီချီ"ကတော့ Modelမင်းသမီးတွေကိုပါ hairstyleပြင်ပေးရလေ့ရှိတဲ့ခပ်မိုက်မိုက်Hairstylistတစ်ယောက်ပါ။ သူ့အနားမှာမိန်းကလေးတွေဝိုင်းဝိုင်းလည်နေပေမဲ့ hairstyleတွေကိုပဲအမြဲတမ်းသင်ယူလေ့လာမှုတွေပဲပြုလုပ်နေခဲ့လို့ ရည်းစားကိုဂရုမစိုက်နိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက်နဲ့ပြတ်စဲခဲ့ရတာကြောင့် ရည်းစားထပ်မထားဘဲ အလုပ်ကိုသာ အချိန်ပြည့်ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့မှာတော့သူ့ဆလွန်းကို ကပိုကရိုနဲ့အနွေးထည်အထူကြီးဝတ်ထားတဲ့မိန်းကလေးတစ်ယောက် ဆံပင်ညှပ်ဖို့ရောက်လာခဲ့ပါတယ်။ဆံပင်ညှပ်ပေးရင်း စကားစမြည်ပြောမိတဲ့အခါ ဟာနာရဲ့အလုပ်အပေါ်ထားတဲ့လေးနက်မှုတွေ စိတ်အားထက်သန်မှုတွေကိုမြင်ပြီးသဘောကျသွားခဲ့ပါတယ်။ ဟာနာကလည်း သူ့ရဲ့Mangaတွေထဲကလို စကားပြောကောင်းပြီးခံ့ညားတဲ့cool guy ရီချီကိုသဘောကျနေခဲ့ပါတယ်။ ...
7.4
TMDb:
7.4/10
2574 votes
tv
Hey sensei , Don’t you know? (2019)
2019