Channel Myanmar

MBC

Extreme Debut: Wild Idol (2021)
Extreme Debut: Wild Idol (2021) Extreme Debut : Wild Idol (2021)Survival Show ကြိုက်နှစ်သက်တဲ့ ပရိတ်သက်ကြီးအတွက် အရင် မြင်တွေ့နေကြshowတွေနဲ့ မတူဘဲ ထူးခြားနေတဲ့ Survival Show တစ်ခုကို CM မှ တင်ဆက်ပေးလိုက်ပါတယ် ။K-pop Idol လို့ ပြောလိုက်တာနဲ့ အများအားဖြင့် နုနုယွယွလေးတွေလို့ မြင်နေကြတဲ့ အမြင်တွေကိုချိုးဖျက်လိုက်ပါ။ Idol တစ်ယောက်ဖြစ်ဖို့ Talent ရှိရုံသာမက သက်လုံကောင်းမှု ကြံခိုင်မှုတွေကိုပါ စစ်ဆေးပြီး ရွေးချယ်သွားမဲ့ ပထမဆုံးသော Survival Show ဖြစ်ပါတယ်။တောတွင်းတစ်နေရာမှာ သင်တန်းသား 45 ယောက်ထဲကနေ Debut (ပွဲဦးထွက်) မဲ့အဖွဲ့ကို ထူးခြားတဲ့ နည်းလမ်းတွေနဲရွေးချယ်သွားမှာဖြစ်ပါတယ်။ကင်ဂျုံးဂုကလည်း Main Host အနေနဲ့ တင်ဆက်ထားတာဖြစ်လို့ စိတ်ဝင်စားဖို့ ကောင်းတာကို မြင်တွေ့ရမှာပါ ။Voting စနစ်ကိုအများကြီးအခြေခံမထားဘဲ တကယ့် အရည်အချင်းရှိသူ ကြံ့ခိုင်သူမှသာ ရှင်ကျန်နိုင်မဲ့ “Wild Idol” Survival Show ကို ကြည့်ရှုအားပေးကြပါဦး။“Wild Idol” လို့ နာမည်ပေးထားတာနဲ့အညီ တောထဲမှာ ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်သူတွေကရှင်ကျန်ပြီး Debut ...

Extreme Debut: Wild Idol (2021)

2021
The Veil(2021)
The Veil(2021) The Veil(2021)ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံး....နှင့် ဆိုးယွန်းအကြောင်း သီးခြား Special ep (၂)ပိုင်းဟန်ဂျီဟော့ ဆိုတာ NIS ရဲ့ ထိတ်တန်းလျှို့ဝှက်စုံထောက် တစ်ယောက်....သူဟာ တာဝန်တစ်ခုထမ်းဆောင်နေတုန်းမှာလုပ်ဖော်ကိုင်ဘက်တွေ မရှုတ်မလှ အသတ်ခံလိုက်ရသလိုကိုယ်တိုင်လည်း အသက်ဘေးကလွတ်အောင်မနည်းပြေးလိုက်ရပုံပေါ်တယ်....အဲ့ဒီနောက်သူဟာ တရားမဝင် လူမှောင်ခိုအဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတယ်...NIS ဟာ အေးဂျင့်အဖမ်းခံရတာကိုသတင်းရတာနဲ့ ချက်ချင်းဝင်ရောက်ကယ်တင်ခဲ့တယ်...တကယ်အရေးကြီးအဖွဲ့အစည်းတွေရဲ့ထုံးစံအတိုင်းပြန်လည်ကယ်ဆယ်ခံရပေမဲ့ကာကွယ်ရေးစီမံချက်ထုံးစံအတိုင်းကယ်ဆယ်ခဲ့တဲ့ အေးဂျင့်ကို နည်းအမျိုးမျိုးနဲ့စစ်ဆေးပါတယ်...အဲ့ဒီမှာထူးဆန်းစွာပဲ Mission ထမ်းဆောင်ခဲ့တဲ့ အချိန်ကစလို့ ထွက်ပြေးတဲ့အချို့အချိန်ကာလအထိမှတ်ချက်တွေဖျက်ဆီးခံထားရတယ်...သူဟာ အတိတ်မေ့နေတာမျိုးမဟုတ်ဘဲ သီးခြား မှတ်ဉာဏ်ကိုဖျက်ဆီးခံထားရတာပါ....အဲ့ဒီနောက်မှာတော့...လျှို့ဝှက်ချက်များစွာနဲ့ အပိုင်း(၁)ကိုတော့ အစပျိုးထားတယ်...ဒီစီးရီးအတွက် မင်းသား Namkoong Min ဟာ ဘော်ဒီတွေဘယ်လောက်တောင်လေ့ကျင့်ထားတယ်မသိ...လုံးဝအမိုက်စားပဲ..အက်ရှင်ခန်းတွေ တော်တော်ကြမ်းသလိုသတ်တဲ့အခန်းတွေလည်း ရက်စက်ပါတယ်...ဘက်ဂျက်လည်းတော်တော်သုံးထားပုံရတယ်....ရိုက်ထားတာတွေရော Cast အမိုက်စားတွေရော...မင်းသမီးချော Park Ha-sunလည်းပါလို့ ဒီတစ်ခါတော့ Love Line လေးနည်းနည်းလောက်ပါပါလို့မျှော်လင့်နေမိတယ်....ကိုင်းစိတ်ဝင်စားစရာ အက်ရှင်ဇာတ်လမ်းတွဲမို့ အားပေးလိုက်ကြရအောင်...Episodes: 12Duration: 1 hr. 20 min.Aired: Sep ...

The Veil(2021)

2021
Princess Hours(2006) 7.8
Princess Hours(2006) Princess Hours(2006) ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်း(၁ မှ ၂၄ ထိ) စ/ဆုံး ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်ကိုရီးယားဇာတ်လမ်းတွဲဟာ အောင်မြင်မှုများစွာရရှိခဲ့လို့ နိုင်ငံတော်တော်များများကRemark ပြန်လည်ရိုက်ကူးကြတယ်...ဒီနေ့ ဒီချိန်ထိလည်း ဇာတ်အိမ်ခိုင်တဲ့အပြင် ရသ မျိုးစုံခံစားရလို့ပြန်ကြည့်လည်းမရိုးနိုင်တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်...သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေကြီးဖြစ်သလို မမဂျီဟိုတို့ရဲ့ငယ်ရွယ်စဉ်အလှတရားကလည်းရင်သပ်ရှုမောဖွယ်ရာပါပဲ...ဒါ့ကြောင့်အကောင်းဆုံးလေးဖြစ်အောင် ကြည့်ရှုချင်တဲ့သူတွေအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...သက်ဉီးဆံပိုင်တစ်ချက်လွှတ်ဘုရင်စနစ်ဟာ အားနည်းချက်ရှိတယ်လို့ ယူဆပြီးနောက် ဘုရင်ခံစနစ်ကိုနောက်ပိုင်းကူးပြောင်းလာကြတယ်...ဘုရာခံစနစ်ဆိုတာ အာဏာနဲ့လုပ်ပိုင်ခွင့် ကန့်သတ်ချက်တွေရှိပါတယ်..သိုပေမဲ့ ဒီတော်ဝင် မျိုးနွယ်ဟာ ဘယ်လောက်ချမ်းသာပြီး ဘယ်လိုနေနိုင်ကြတယ်ဆိုတာ လက်ရှိဘုရင်ခံစနစ်ကျင့်သုံးနေတဲ့ နိုင်ငံက ဘုရင်ခံမျိုးရိုးတွေကိုကြည့်ရုံနဲ့သိနိုင်ပါတယ်...ဒီဇာတ်လမ်းတွဲထမှာ ရှင်းဂူဆိုတာ အိမ်ရှေ့စံမင်းသားပေါ့....အသက်လည်းရလာတော့ တော်ဝင်မျိုးနွယ်တွေဟာ အိမ်ထောင်ချပေးဖို့စီစဉ်ကြတယ်..အိမ်ရှေ့စံမှာ သူသိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ရှိပေမဲ့ တော်ဝင်မျိုးနွယ်ဟာကတိတစ်ခုကြောင့် သာမန်မျိုးရိုးက ကျောင်းသူလေးတစ်ယောက်နဲ့ အိမ်ထောင်ချပေးဖို့ဖြစ်လာတယ်...ကတိကဝတ်တွေကို အသက်ထက်တန်ဘိုးထားတဲ့ မျိုးနွယ်ဖြစ်လို့အိမ်ရှေ့စံလည်း မိမိဆန္ဒကိုလျစ်လျှူရှုပြီးလက်ထပ်ဖို့ခေါင်းငြိမ့်လိုက်ရတယ်....မိမိနဲ့လက်ထက်မဲ့သူမှာ အိမ်ရှေ့စံဖြစ်နေပေမဲ့လည်း လွပ်လပ်စွာနေချင်ပြီးလောကကြီးကိုတစ်ယောက်ထဲလျှောက်လှမ်းချင်သေးတဲ့ကျောင်းသူလေးအတွက်လည်းအချစ်မပါတဲ့ ဒီလက်ထပ်ပွဲဟာ စိတ်ပျက်စရာပါ...အဲ့ဒီနောက် သူတို့ဘယ်လိုရှေ့ဆက်ကြမလဲ ....ဒီကြားထဲ နန်းတွင်းထဲကထီးနန်းလုပွဲတွေကလည်း ကြောက်စရာကောင်းလောက်အောင်ဖြစ်လာတဲ့အခါ...Episodes: 24Duration: 60 MinGenres: Comedy, Romance, School, DramaTranslated by  Mi Moe Set , Shoon ...
7.8
TMDb: 7.8/10 60 votes
tv

Princess Hours(2006)

2006
A Man Called God(2010) Complete 10
A Man Called God(2010) Complete A Man Called God (2010)2010ခုနှစ်က ထွက်ခဲ့တဲ့ ဒီစီးရီးက ဂျူမုံမင်းသားလဲပါဝင်လို့အတော်လေး မိုက်ပါတယ်.Action စီးရီးလဲ ဖြစ်နေပြီးမင်းသမီးအနေနဲ့လည်း Han Chae Youngလဲပါဝင်ထားတော့အတော်လေးကြည့်လိုကောင်းသွားပြီ ပြောရမှာပေါ့....ဇာတ်လမ်းအကျဉ်း ------------ ငယ်စဉ်ကလေးဘဝမှာပဲ မျက်စိရှေ့တင်အဖေကို ရက်ရက်စက်စက်သတ်တာကို မြင်ခဲ့ရတဲ့မိုက်ကယ်လေးက ကံကောင်းထောက်မစွာပဲအမေရိကန်စုံတွဲရဲ့မွေးစားခြင်းကို ခံခဲ့ရပြီးတိုင်းတပါးမှာ ကြီးပြင်းခဲ့ရပါတယ်. ဒါပေမယ့်သူအသက်ရှင်နေသမျှကာလပတ်လုံး သူ့အဖေရဲ့အသတ်ခံရမှုအတွက် နာကျည်းမှုတွေနဲ့ရှင်သန်ခဲ့ရပြီး ၂၅နှစ်အကြာမှာ မွေးရပ်မြေဖြစ်တဲ့ကိုရီးယားကို သွေးကြွေးဆပ်ဖို့ ပြန်လာခဲ့ပါတယ်...မိုက်ကယ်တစ်ယောက် သူ့မိသားစုအတွက်ရန်သူ့ကို လက်တုံ့ပြန်နိုင်မလား ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုခံစားကြပါခင်ဗျာ...  File Size –700MB@EpisodeQuality –1080pDuration – minute (@Episode)Total Episodes:24Subtitle – Myanmar HardsubFormat – Mp4Genre : Action . DramaEncoder – Thit San KhantFor VIP Member - Click Here!Ep1-8  Yoteshin  /  VIP  Ep9-16  ...
10
TMDb: 10/10 1 votes
tv

A Man Called God(2010) Complete

2010
Check Out the Event(2021)
Check Out the Event(2021) Check Out the Event(2021)ဇာတ်လမ်းတွဲအညွှန်း*****************************************အပိုင်းသစ်( ၁ မှ ၄)ထိ စ/ဆုံးဟာဆွန်းရီဆိုတဲ့ တက်တက်ကြွကြွနေတတ်တဲ့ကောင်မလေးဟာပတ်ဒိုဂယွန်းလို့ခေါ်တဲ့ ကောင်လေးနဲ့ အရမ်းချစ်တဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။သို့သော်လည်း ပတ်ဒိုဂယွန်းဘက်က လမ်းခွဲ ကြဖို့ဆုံးဖြတ်လိုက်ပါတယ်....တစ်ဖက်သတ်ထားခဲ့ခံရလို့ အသဲကွဲနေတဲ့အချိန်မှာပဲ ဟာဆွန်းရီဟာ လွန်ခဲ့တဲ့ ၂လကလျှောက်ထားခဲ့တဲ့ စုံတွဲခရီးသွားခွင့်လက်မှတ်ကို မဲထပေါက်ပါတော့တယ်။ရည်းစားဟောင်းကို စိတ်မ​ပြတ်နိုင်သေးတဲ့ ဟာဆွန်းရီက ပတ်ဒိုဂယွန်းနဲ့ဆက်တွဲနေသေးသလို ဟန်ဆောင်ပြီး ခရီးသွားကြဖို့ စီစဥ်ပါတော့တယ်။ခရီးမှာ ဆောဂျီဂန်းဆိုတဲ့ ကောင်လေးကလည်း သူတို့အတွဲရဲ့ ခရီးသွားလမ်းညွှန်အဖြစ်ပါလာခဲ့ပါတယ်။ဆောဂျီဂန်းက ဟာဆွန်းရီကို တဖြည်းဖြည်း စိတ်ဝင်စားလာတဲ့အခါမှာဟာဆွန်းရီကဘယ်လိုတုန့်ပြန်မလဲ။ပတ်ဒိုဂယွန်းကရော သဝန်တိုစိတ်နဲ့ ဟာဆွန်းရီဆီပြန်လာမလားဆိုတာကိုစိတ်ဝင်စားဖို့ကောင်းစွာ ကြည့်ရှူရမဲ့ ၃ပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်ပါတယ်။  Episodes: 4Aired: Aug 14, 2021 - Sep 4, 2021Aired On: Monday, Tuesday, Wednesday, Thursday, FridayGenres: Romance, Youth, Drama, MelodramaTranslated by  Myat Thet  & Mi Moe SetEncoded by  ...

Check Out the Event(2021)

2021
On the Verge of Insanity (2021)(Complete)
On the Verge of Insanity (2021)(Complete) On the Verge of Insanity(2021)ချွဲဘန်ဆော့ ဆိုတာကတော့ .....ဟန်မြောင် အီလက်ထရွန်းရဲ့ လုပ်သက်ရင့်တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။သဘောကောင်းမနောကောင်း အနေအထိုင်အေးဆေးတည်ငြိမ်သလို 'ရွှတ်နောက်နောက်နေတတ်တဲ့ လူကြီးတစ်ယောက်ပါ။” မမှားသောရှေ့နေ မသေသောဆေးသမား ” ဆိုတဲ့စကားအတိုင်း၂၂နှစ်တာလုပ်သက်ရှိနေတဲ့ ချွဲဘန်ဆော့ တစ်ယောက်ကြီးမားတဲ့အမှားတစ်ခုကိုလုပ်မိပြီး အလုပ်ဖြုတ်ခံရဆဲဆဲ အခြေအနေတစ်ခုကို ရင်ဆိုင်လိုက်ရပါတယ်။အလုပ်ဖြုတ်ခံရမယ့်အခြေအနေကိုရင်ဆိုင်ဖို့ရာကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ ဝန်ထမ်းရေးရာဌာန ကို ပြောင်းရွှေ့လိုက်ရပါတော့တယ်။ဒမ်ဂျာယောင်းဆိုတာကတော့ လက်တလောမှ ရာထူးတိုးထားတဲ့ ဝန်ထမ်းရေးရာဌာနရဲ့ ဌာနမှူးမမ ပါ။ကဲဒီတော့ ပစိပစပ်များတဲ့ ဌာနမှူးကြီးနဲ့ ဝါရင့်အင်ဂျင်နီယာဖြစ်တဲ့ အလုပ်သင်ပေါက်စလေးတို့ရဲ့ကမောက်ကမ ကတောက်ကဆတ်လေးတွေကို ဟာသလေးနှောပြီးကြည့်ရှုရမယ့် ဇာတ်ကားလေးကိုတော့အပတ်စဥ် ဗုဒ္ဓဟူး ကြာသပတေးတိုင်း Channel Myanmar ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။Translators: HAW, Amelia, Deer, HannaEncoded by: AugustEpisodes: 16Aired: Jun 23, 2021 - Aug 12, 2021Aired On: Wednesday, ThursdaySize: ...

On the Verge of Insanity (2021)(Complete)

2021
Oh My Ladylord(2021)
Oh My Ladylord(2021) Oh My Ladylord(2021) ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်းသစ်(၁၆) ဇတ်သိမ်းပိုင်းComplete Zipဘုဂလန့်ဂွစာ စာရေးဆရာတစ်ယောက်ရှိတယ်...သူက စာအုပ်တွေရေးတဲ့နေရာမှာ ပြောင်မြောက်တဲ့အရေးအသားတွေကြောင့်ပင်ကိုယ်စရိုက်ကြမ်းလင့်ကစား အောင်မြင်နေတယ်...ရုပ်ရှင်တွေရိုက်ကူးရတဲ့အထိအောင်မြင်တဲ့သူပေါ့....ဂွစာကြီးဖြစ်တဲ့အပြင် ချစ်ရတဲ့သူကလည်းမရှိ မချစ်လည်းမချစ်ဘူးတော့ အထူးသဖြင့် ပြင်ပလောကမှာမိန်းမတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှအတော်အဆင်မပြေ....ဒီလိုစာရေးဆရာမျိုးနဲ့မှ မာနခပ်ကြီးကြီး သရုပ်ဆောင်မင်းသမီးတစ်ယောက်နဲ့တွေ့ပုံကလည်းဆန်းတယ်လို့ပြောရမလားပဲ....ထိပ်တိုက်ရင်ဆိုင်ရမဲ့ ပြဿနာမျိုးစုံနဲ့အကြောင်းဖန်လာသလိုမမြင်ချင်လည်း ြမင်နေရာမဲ့အနေအထားမျိုးကြုံလာတဲ့အခါမှာတော...ကိုင်း ဘုဘောက်ကျတဲ့ ဇာတ်လမ်းမျိုးလေးတွေသဘောကျတဲ့သူတွေအတွက်ကြည့်သင့်တဲ့စီးရီးလေးြဖစ်ပါကြောင်း သတင်းကောင်းပါးပါရစေ....Quality – 720p Duration – 1hr (@Episode) Subtitle – Myanmar Hardsub Format – Mp4Native Title: 오! 주인님Also Known As: Oh Master! , Oh! Jooinnim , O! Juinnim , Oh My Master , Oh! MasterGenres: Comedy, RomanceTranslator – Hay Thar Oo,Mi Moe Set ,Lwin Lwin Aung& Ingyin San Encoder – Phyo Pyae  Complete zip YoteShin / Megaup   / VIP   Episode ...

Oh My Ladylord(2021)

2021
The Moon Embracing the Sun ( 2012 ) Completed 7.8
The Moon Embracing the Sun ( 2012 ) Completed ဒီဇာတ်ကားလေးကတော့ အားလုံးသိတဲ့ဇာတ်ကားဟောင်းလေးတစ်ကားပါပဲဒီအချိန်ဒီလိုကာလမှာ နွမ်းနယ်တဲ့စိတ်တွေကိုတစ်ဖက်တစ်လမ်းကဖြေလျော့ပေးမယ့် Old but Gold ကားလေးပေါ့ဒီသမိုင်းဝင်ချစ်ဇာတ်လမ်းလးတစ်ပုဒ်ကို “လရောင်ဖန်ဆင်းနေမင်းကြမ္မာ”“လရောင်လွှမ်းသောအလွမ်းနေ” “လတစ်စင်းရဲ့ချစ်ခြင်းဖွဲ့နေမင်း” စတဲ့နာမည်တွေအမျိုးမျိုး အဖုံဖုံတင်စားခဲ့ကြတယ်နေမင်းကြီးကိုကိုယ်စားပြုတဲ့မင်းကြီးဟာ လမင်းလေးကိုကိုယ်စားပြုတဲ့အတိတ်မေ့နေတဲ့ အချစ်ဦးနတ်ဆရာမလေးတို့ရဲ့လွမ်းမောဖွယ်ချစ်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုကြရမှာပါဇာတ်လမ်းကကောင်းဆို IMDb Rating 8 နဲ့ Stand ခဲ့တဲ့ဇာတ်ကားမို့လို့ကြည့်ပြီးသား ပြန်ကြည့်လည်းနောင်တမရှိလောက်ပါဘူးနော်မင်းသား Kim Soo Hyun, Jung II Woo နဲ့ မင်းသမီး Han Ga In တို့ကိုကြည်ကြည်လင်လင်ပြန်ကြည့်ရတာနဲ့တင် တန်မှာပါဇာတ်လမ်းလေးကြည့်ရင်းနောက်နေ့တွေအတွက်အားမွေးကြနော် Quality : WEBRip 720pTotal Episode : 20Subtitle : Myanmar Subtitle ( Hardsub )Sub Credit To SomonlianReview By Nway Oo Ka Joe  Download With Zip ( Part 1 )  ...
7.8
TMDb: 7.8/10 18 votes
tv

The Moon Embracing the Sun ( 2012 ) Completed

2012
Love Scene Number (2021)
Love Scene Number (2021) Love Scene Number 2021------------------------------------------အသက်အရွယ်ကွာဟမှုကြားက အမျိုးသမီးလေးယောက်ရဲ့ ကွဲပြားတဲ့ စိတ်ခံစားချက်တွေ အမူအကျင့်​တွေ ချစ်ခြင်းမေတ္တာအပေါ်ခံယူပုံတွေကို မတူညီတဲ့ story line နဲ့တင်ဆက်ထားပြီး romantic ဆန်ဆန်ကြည့်ရှုရမယ့် Ongoing kdrama တစ်ခုကို တင်ဆက်ပေးချင်ပါတယ်Her private live ထဲမှာ ပါဝင်ခဲ့တဲ့ မင်းသမီး Kim Bo Ra ကိုမှတ်မိကြသေးတယ်မလား ဒီဇာတ်ကားမှာတော့ သူဟာကောင်လေးသုံးယောက် တစ်ပြိုင်တည်းတွဲတဲ့ တက္ကသိုလ်ကျောင်းသူလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်ကျန်သုံးယောက်ကတော့ မင်္ဂလာဆောင်ကနေ ထွက်ပြေးလာတဲ့ ၂၈ နှစ်အရွယ်မူကြိုဆရာမလေးရယ် ၃၅ နှစ်အရွယ် တက္ကသိုလ်နည်းပြဆရာမရယ် ပြီး​တော့ အနှစ် ၂၀ ကျော်ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းရဲ့ဖောက်ပြန်မှုကို သိလိုက်ရတဲ့ ပရိဘောဂဒီဇိုင်နာတစ်ဦးရယ်ဆိုပြီး မတူညီတဲ့ဇာတ်​ကြောင်း​တွေနဲ့ ဇာတ်လမ်း​လေးကို ဖွဲ့စည်းထားပါတယ်သူတို့ရဲ့ဘဝ​တွေကို ရိုက်ပြထားတာဟာ တကယ့်အပြင်​လောကနဲ့​တော်​တော်နီးစပ်ပါတယ် ဒီလို​တွေဖြစ်လာရင် ဘယ်လို​ဖြေရှင်းကြမလဲ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဇာတ်ညွှန်း​ကောင်း​ကောင်းတဲ့ချပြထားတာမို့ မှတ်သားစရာ​လေး​တွေ များတာ​တွေ့ရပါတယ်အသက်အရွယ်ကွာဟလာတာနဲ့ အမျှ ခံယူချက်​တွေကွာခြားသွားတဲ့ အမျိုးသမီးတွေရဲ့ စိတ်ခံစားတွေကို တစ်မျိုးတစ်ဖုံကြည့်ရှူရမယ့် Romance drama ဇာတ်ကား​ကောင်းလေးပဲဲဖြစ်ပါတယ်  Translated by : ThinZar Htet ~ Thet Hnin Hsu~ Jerrica ~ AmeliaEncoded by : YKQuality : 360pFile Size ...

Love Scene Number (2021)

2021
Please Don’t Meet That Man (2020) 7.8
Please Don’t Meet That Man (2020) Please Don't Meet That Man ========================= CM အမာခံပရိတ်သတ်များအတွက် ဒီနေ့မှလတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ကိုရီးယားစီးရီးလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် Seo Ji Sung ဟာ AI ကိုအခြေခံထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို တီထွင်ဖန်တီးရတဲ့ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပါတယ် ဖြစ်ချင်တော့ သူဟာ AI ရေခဲသေတ္တာတစ်လုံးကို တီထွင်ရဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ် ဒါပေမယ့် အဲ့ဒီရေခဲသေတ္တာဟာ ခေသူတော့မဟုတ်ပါဘူး ဖြူစင်တဲ့ယောကျ်ားလား အကျင့်မကောင်းတဲ့ယောကျ်ားလားဆိုတာကို ခွဲခြားပေးနိုင်ပါတယ်   Seo Ji Sung ဟာ အဲ့ဒီရေခဲသေတ္တာကိုအသုံးချပြီးတော့ အချစ်ရေးမှာမပျော်ရွှင်ရဘဲ စိတ်ဒုက္ခခံစားနေရတဲ့ သူ့ရဲ့သူငယ်ချင်းတွေကို လိုက်လံကူညီပေးပါတော့တယ် သူကိုယ်တိုင်ဟာလည်း မီးသတ်သမားချောချောလေးဖြစ်တဲ့ Lee Jun Young နဲ့ချစ်ကြိုးသွယ်မိသွားပါတယ်   အဲ့ဒီတော့ ရေခဲသေတ္တာလေးက မီးသတ်သမားလေးကို ဘယ်လိုမှတ်ချက်ပေးမလဲ အကယ်၍မကောင်းတဲ့ယောကျ်ားတစ်ယောက်လို့ မှတ်ချက်ပေးလာခဲ့သည်ရှိသော် Seo Ji Sung တစ်ယောက် သူကိုယ်တိုင်တီထွင်ထားတဲ့စက်ပစ္စည်းတစ်ခုရဲ့အကြံပေးချက်ကို နားထောင်ပါ့မလား ယုံကြည်ပါ့မလားဆိုတာကိုတော့…………….. ဇာတ်ကြောင်းလေးကိုကြည့်လိုက်တာနဲ့ ဆန်းဆန်းလေးနဲ့မြူးမယ်ဆိုတာ လုံးဝသေချာနေပါတယ်နော် Dark ဖြစ်တဲ့ဇာတ်လမ်းတွေကို ငြီးငွေ့နေသူများအတွက် ဒီကားလေးက ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ Review By Thet Hnin Hsu Translated by : Phue Nge ...
7.8
TMDb: 7.8/10 105 votes
tv

Please Don’t Meet That Man (2020)

2020
The Legend ( 2007 ) ( Completed ) 9
The Legend ( 2007 ) ( Completed ) The Legend ဆိုတာဟာ ၂၀၀၇ ခုနှစ်က တောင်ကိုရီးယားသမိုင်းတစ်ခုကိုပြန်လည်အသက်သွင်းရိုက်ကူးထားပြီး မြန်မာနိုင်ငံရဲ့ MRTV ချန်နယ်မှာ"မြင့်မြတ်သူတို့နှလုံးသား" နာမည်နဲ့ ပြသသွားခဲ့တဲ့သဘာဝလွန်နန်းတွင်းကားလေးတစ်ကားဖြစ်ပါတယ်ဟိုတုန်းက အားလုံးရဲ့ အသည်းစွဲမင်းသားကြီး (ရှင်ဒေါင်ဟန့်လို့လည်းသိကြတဲ့)ဘေယောင်ဂျွန်း နဲ့ The Penthouse ဇာတ်ကားထဲမှမင်းသမီး Lee Ji Ah, Moon So Ri တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်းလေးကို ကြည့်ဖူးသူတွေ ပြန်အမှတ်ရပြီး မကြည့်ဖူးသူတွေသိရှိသွားအောင် ဇာတ်လမ်းအစလေး နည်းနည်းပေးမြည်းပါမယ်ဟိုးရှေးရှေးတုန်းက မီးစွမ်းအင်တွေကို ခေါင်းဆောင်အစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ ကျားမျိုးနွယ်စုဟာ လက်ရှိခေါင်းဆောင်ကာဂျင်းရဲ့ ဦးဆောင်မှုနဲ့ လောကကြီးကိုအုပ်စိုးနေပါတယ်သူတို့ဟာ မရှင်းထုတ်နိုင်သေးတဲ့ ဝက်ဝံမျိုးနွယ်စုကလွဲပြီးကျန်တဲ့မျိုးနွယ်စုတွေကိုရှင်းပစ်ထားပါတယ်ကောင်းကင်ဘုံဘုရင်ရဲ့သားတော် ဟွမ်ဝွန်းဟာ လူ့ပြည်မှာ ပြည်သူတွေအေးအေးချမ်းချမ်းနေရဖို့အတွက် ဂျူရှင်းနယ်မြေကို တည်ထောင်ခဲ့ပါတယ်သူနှင့်အတူ ခေါ်ဆောင်လာတဲ့ နတ်သုံးပါးကို အရှေ့ဖက်အရပ်ကိုတိမ်နတ်မင်း နဂါးပြာ, အနောက်ဖက်အရပ်ကို လေနတ်မင်း ကျားဖြူ,မြောက်ဖက်အရပ်ကို မိုးနတ်မင်း လိပ်မြွေ အသီးသီးစေလွှတ်ပြီး ဂျူရှင်းနယ်မြေကို စောင့်ရှောက်စေခဲ့ပါတယ်သူတို့ရဲ့အေးချမ်းတဲ့ဂျူရှင်းနယ်လေးအထိ ကျားမျိုးနွယ်စုတွေလာရောက်ကျူးကျော်တိုက်ခိုက်လာတဲ့အခါမှာတော့ကာဂျင်းရဲ့မီးစွမ်းအင်ကို မီးငှက်နှလုံးသားထဲသိမ်းယူထားပြီး ကြင်နာသနားတတ်တဲ့ဝက်ဝံမျိုးနွယ်စုရဲ့ အမျိုးသမီးစစ်သည်ကို ...
9
TMDb: 9/10 2 votes
tv

The Legend ( 2007 ) ( Completed )

2007
Warm and Cozy(2015)[Complete] 6.4
Warm and Cozy(2015)[Complete] Warm and Cozy(2015)ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်း(၁ မှ ၁၆ ထိ) စ/ဆုံးWarm & Cozy ဆိုတဲ့စီးရီးဟာ ကြည်လင်အေးမြတဲ့ အလှတရားတွေပေါင်းထည့်ထားတဲ့ဇာတ်လမ်းတွဲလေးလို့ဆိုချင်တယ်..လောင်ရတဲ့စီးရီးတွေကျွန်တော်တို့ သဘောကျတယ်..လက်ရှိလောကမှာလည်း ဒီလိုမျိုးတွေကြုံဆုံနေကြရတာပဲမလား... ...ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ညှို့အားပျင်းတဲ့ နှင်းဆီရနံကို ရှုရှိုက်ချင်သလို လတ်ဆတ်တဲ့လေပြေလေညှင်းလေးကိုလည်း မျက်လုံးမှိတ်ရင်း ခပ်ပြုံးပြုံးလေး ခံစားချင်တတ်ကြတာ သဘာဝပဲမဟုတ်လား... Warm & Cozy ထဲမှာ တော့ Dr. Romantic , Hospital Playlist တွေနဲ့ မြန်မာပရိတ်သတ်အကြားလူသိများတဲ့ ခပ်ဖြောင့် ဖြောင့်ကောင်လေး Yoo Yeon Seok နဲ့ Doctor Stranger ထဲမှာ မင်းသားနဲ့ ညားပါစေလို့ ဆုတောင်းခဲ့သလောက် မပြည့်ခဲ့ရတဲ့ ဂျစ်ကန်ကန်ကောင်မလေး Kang So Ra တို့ပါဝင်ထားပါတယ်... ပြီးတော့ Second Leadတွေကလည်း အကုန်ခပ်ဖြောင့်ဖြောင့်တွေချည်းပါပဲ...အလန်းဆုံးကတော့ ဂျယ်ဂျူကျွန်းရဲ့အလှအပတွေကို ခံစားရတာပါပဲ.. ပန်းခင်းမျိုးစုံနဲ့ ပင်လယ်ပြင်အလှနဲ့ ကိုယ်တိုင်ရောက်သွားသလိုကိုခံစားရတာပါ...အညွှန်းတော့ ထွေထွေထူးထူးမရေးတော့ပါဘူး....အပိုင်း(၁၆)ပိုင်းရှိပြီး တစ်ရက်ကို ...
6.4
TMDb: 6.4/10 4 votes
tv

Warm and Cozy(2015)[Complete]

2015
When I Was the Most Beautiful (2020) 7.0
When I Was the Most Beautiful (2020) [Unicode]Oh Ye Ji (Im Soo Hyang) က ကြွေထည်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဖြူစင်တဲ့နှလုံးသားရှိတဲ့သူပါ အကောင်းမြင်စိတ်ရှိပြီး ဘယ်အရာမဆိုလက်မလျှော့တတ်တဲ့ Oh Ye Ji ဟာ Seo Hwan ရဲ့အချစ်ဦးလဲဖြစ်ပါတယ် ရိုးရိုးသာမန်ဘဝလေးကိုဖြတ်သန်းချင်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် ညီအစ်ကိုနှစ်ယောက်တပြိုင်တည်း သူ့ကိုသဘောကျလာတဲ့အခါ...Seo Hwan (Kim Ji Soo) ကတော့ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီး Oh Ye Ji ကိုမြင်မြင်ချင်းသဘောကျသွားတဲ့ ရိုးသားတဲ့ကောင်လေးတစ်ယောက်ပါ သူ့ခံသားချက်နဲ့ပတ်သက်ပြီး အစ်ကိုဖြစ်သူနဲ့ အဆင်မပြေဖြစ်ပေမယ့် အစ်ကိုအရင်း Seo Jin နဲ့ပြိုင်ပြီး Oh Ye Ji ရဲ့အချစ်ကိုရအောင် ဘယ်လိုယူမှာလဲ??Seo Jin (Ha Seok Jin) ကပြိုင်ကားမောင်းတဲ့သူပါ သူဟာတည်ငြိမ်ပြီး ခပ်မိုက်မိုက်ပုံစံမျိုးဆိုပေမယ့် လိုချင်တာရှိရင်တော့ရအောင်ယူတတ်ပြီး အကြင်နာကင်းမဲ့ရက်စက်တတ်ပါတယ် အဖေဖြစ်သူရဲ့ အလုပ်ဆွေးနွေးပွဲတစ်ခုမှာ Oh ye Ji ကိုတွေ့တွေ့ချင်း သဘောကျသွားတဲ့ Seo ...
7.0
TMDb: 7.0/10 votes
tv

When I Was the Most Beautiful (2020)

2020
Money Flower(2017) [Complete] 7.7
Money Flower(2017) [Complete] Money Flower(2017)အညွှန်း***************************အပိုင်း( ၁ မှ ၂၄) ထိ စ/ဆုံးညီအစ်ကို(၂)ယောက်ဟာကျောင်းသားဝတ်စုံ လူငယ်တစ်ယောက်နဲ့ရုန်းရင်းဆန်ခတ်ြဖစ်နေတယ်...အဲ့ဒီမှာ ကျောင်းသားဝတ်စုံနဲ့လူငယ်က အကိုဖြစ်သူကို ဓားနဲ့ထိုးမိသွားတယ်...ရဲစခန်းကိုရောက်သွားတယ်...ရဲတွေကအကိုြဖစ်သူကို ဓားနဲ့ထိုးတာဘယ်သူလဲမေးတော့ အကိုဖြစ်သူရဲ့အဖြေကအံအားသင့်စရာကောင်းလှတယ်...သူ့ညီကိုလက်ညှိုးထိုးပြီးတော့ သူထိုးတာပါတဲ့...ညီဖြစ်သူထောင်ကျသွားတယ်...ပျော့စိစိနဲ့ ညီဖြစ်သူအားဒီအဖြစ်အပျက်ကိုမယုံနိုင်ဘူး....ညီအကိုအရင်းကိုလက်ညှိုးပြန်ထိုးပြီး ထောင်ထဲပို့ရလောက်အောင် ဘယ်အရာတွေကများအကိုဖြစ်သူရဲ့စိတ်ကိုလှည့်ဖျားစေတတ်တာလဲ...နောက်မှသိလိုက်ရတာက ကျောင်းဝတ်စုံနဲ့လူငယ်ဟာ ကိုးရီးယားအင်အားကြီးစီးပွားရေးအင်ပါယာတစ်ခုဖြစ်တဲ့ချောင်းအာအုပ်စုရဲ့သားတစ်ယောက်ဖြစ်နေတာပဲ... ဘယ်လိုဘဝကိုမဆိုချနင်းနိုင်တဲ့အစွမ်းဟာ ငွေနဲ့ အာဏာဆိုတာကိုညီဖြစ်တဲ့ ကောင်လေးဟာသဘောပေါက်သွားတယ်....အဲ့ဒီနောက်တော့ သူဟာ ဘယ်လိုရည်ရွယ်ချက်တွေရှိမှန်းမသိပေမယ့်ချောင်းအာဂရုရဲ့ သားဖြစ်သူဆီမှာ ထောင်ကထွက်ပြီးနောက်ပိုင်း ဒူးထောက်ရင်း သူ့ကို သူငယ်ချင်းဖြစ်ခွင့်ပေးဖို့တောင်းဆိုရင်းဒီအသိုင်းအဝန်းထဲကို ဝင်ဖို့ကြိုးစားပါတော့တယ်....ဒီစီးရီးဟာ ဇာတ်အိမ်ကျယ်လွန်းလှသလို အပိုင်း(၁)မှာထဲက ဇာတ်ကောင်အလိုက် စရိုက်တစ်ခုချင်းဆီကိုခပ်သွက်သွက်ခင်းတယ်....ပြီးတော့ အဓိကမင်းသားဖြစ်သူရဲ့ရည်ရွယ်ချက်ဟာ အတော်ကြီးတယ်ဆိုတာကိုတဖြည်းဖြည်းပြထားတယ်...သူဟာ သိပ်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားနေသလိုငွေနဲ့အာဏာကို လိုသလို အကွေ့‌ေ၇ွှ့နိုင်ဖို့ ကစားနည်းမျိုးစုံ ကစားဖို့ စနစ်တကျစီစဉ်နေတာကိုလည်းတွေ့ရတယ်...နိုင်ငံရေးနဲ့ဆိုင်တဲ့ကိစ္စတွေပါသလို လူပေါ်လူဇော်နည်းမျိုးစုံ....ကိုယ်အဆင်ပြေစေဖို့ တစ်ခြားသူတစ်ယောက်ရဲ့ဘဝကို နင်းချေဖို့ဝန်မလေးတဲ့သူတွေမျိုးစုံနဲ့မို့ ဒီဇာတ်လမ်းတွဲဟာ မိသားစုလိုက် Stay Home နေရင်းကြည့်ပြီးဆွေးနွေးလို့ကောင်းတဲ့ဇာတ်လမ်းတွဲမျိုး..ဉာဏ်ကစားတဲ့ မြေခွေးပေါင်းစုံရဲ့ အခင်းအကျင်းတွေကိုကြည့်ရတာ မပျင်းမရိနဲ့ ဆွဲဆောင်အားတစ်မျိုးကောင်းလှတယ်.....မင်းသားကနာမည်ကြီးJang Hyuk ဖြစ်သလို မင်းသမီးဖြစ်တဲ့ Park Se-youngကလည်း ...
7.7
TMDb: 7.7/10 10 votes
tv

Money Flower(2017) [Complete]

2017
Dinner Mate(2020)[စ/ဆုံး]
Dinner Mate(2020)[စ/ဆုံး] Dinner Mate(2020)ဇာတ်လမ်းတွဲ(စ/ဆုံး)ဒီတစ်ခါတင်ဆက်မှာကတော့ မင်းသားကြီး Song Sung Heon နဲ့ Crush landing on you ထဲကပရိတ်သတ်ကဲ့အချစ်တော် မင်းသမီးပတ်ဆိုးဒန် (Seo Ji Hye) တို့ပါဝင်ထားတဲ့ Shall we eat dinner together or Dinner Mate ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...း ဒီကားလေးဟာ webtoon ကိုအခြေခံပြီးရိုက်ကူးထားတဲ့  ဇာတ်ကားဖြစ်ပါတယ်...Kim Hae Kyung(Song Seung Heon) ကတော့ စိတ်ရောဂါပညာရှင်တစ်ယောက်ဖြစ်ပြီးတော့လူတွေရဲ့စားသောက်တဲ့ပုံစံကိုကြည့်ပြီး ထူးထူးခြားခြားပုံစံနဲ့ လူနာတွေကိုကုသပေးတတ်တဲ့လူတစ်ယောက်ပါ....အလုပ်သဘောအရ လူနာတွေကိုကြင်နာစွာပြမူဆက်ဆံမှ ထိရောက်တဲ့အတွက် သူကလည်းအဲ့ဒီအတိုင်းအတတ်နိုင်ဆုံးပြုမူနေထိုင်ပါတယ်...Woo Do Hee(Seo Ji Hye) ကတော့ Web channel ဖြစ်တဲ့ 2N BOX ရဲ့ PD တစ်ဦးဖြစ်ပါတယ်.. အသည်းနှစ်ခါကွဲပြီးနောက်မှာတော့ ရည်းစားထပ်ထားဖို့စိတ်ကူးမရှိတဲ့ မာနခပ်ကြီးကြီးမိန်းမတစ်ယောက်ပေါ့...သူမဟာ  တစ်ယောက်တည်းထမင်းစားရတာကို သဘောကျတဲ့သူမဟုတ်ပါဘူး...အဲ့ဒီလိုအမျိုးသမီးနဲ့လူတွေရဲ့အစားအသောက်အကျင့်ကိုကြည့်ရတာ နှစ်ခြိုက်တဲ့သူတို့နှစ်ဦးသားစားသောက်ဆိုင်လေးတစ်ခုမှာ ...

Dinner Mate(2020)[စ/ဆုံး]

2020
365: Repeat the Year (2020)
365: Repeat the Year (2020) ဒီတစ်ခေါက်တော့ CM ရဲ့ပရိတ်သတ်ကြီးအတွက်ongoing series ကောင်းလေးတစ်ခု ထပ်တင်ဆက်လိုက်ပါတယ်ဇာတ်လမ်း အကျဥ္းကတော့ ဂျီဟယောင်းဂျူဟာသူ့ရဲ့လုပ်ဖော်ကိုင်ဖက် အစ်ကို ကို အရမ်းချစ်တဲ့ စုံထောက်တစ်ဦးဖြစ်ပါတယ်တစ်နေ့မှာ သူတို့ဖမ်းခဲ့တဲ့ အပြစ်သားတစ်ယောက် ထောင်ကလွတ်လာပြီးဂျီဟယောင်းဂျူရဲ့ ပါတနာအစ်ကို ကို သတ်ပစ်ခဲ့ပါတယ်ဂျီဟယောင်းဂျူကတော့ သူ့ရဲ့ ပါတနာအစ်ကို ကို အသက်ပြန်လည်လိုချင်ခဲ့တာကြောင့်အချိန်ခရီးပြန်သွားခဲ့ပါတယ် ရှင်းဂါယွန်းကတော့အောင်မြင်တဲ့ webtoon artist တစ်ယောက်ဖြစ်ပါတယ်သူမကလည်း ကံဆိုးစွာနဲ့ ဒုက္ခိတဘ၀ကိုရောက်ရှိခဲ့ပြီးဘ၀ကို အသစ်က ပြန်စတင်ချင်ခဲ့့ပါတယ်အချိန်နဲ့နေရာရဲ့ ကြားက ကွာဟချက်ကို ကောင်းကောင်း နားလည်တဲ့ဂျီအန်း ဆေးရုံရဲ့ ဆေးရုံအုပ်က ဖုန်းနံပါတ် ၁၀ ခုကို random ခေါ်ဆိုခဲ့ပြီးသူက အချိန်နောက်ပြန်ခရီးသွားနိုင်ကြောင်း အဲ့လူတွေကိုသက်သေပြခဲ့ပါတယ်သူတို့ရဲ့ဘ၀တွေကို ပြန်လည်ပြင်ဆင်ချင်တဲ့ ပိုကောင်းတဲ့ ဘ၀ကို ...

365: Repeat the Year (2020)

2020
Love with Flaws (2019) 9.0
Love with Flaws (2019) CM fan တွေအတွက် အခု တင်ဆက်ပေးမယ့် series လေးကတော့ love with flaws ဆိုတဲ့ series လေးဖြစ်ပါတယ်...ဒီဇာတ်လမ်းလေးမှာ ဂျူဆောယွန်း(Oh Yeon Seo) ကတော့ ရုပ်ချောတဲ အစ်ကို ၂ ယောက်နဲ့ မောင်တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အစ်ကိုတွေနဲ့ မောင်ရဲ့ ပွေရှုပ်မှုကြားမှာ အမြဲကြားညှပ်ပါရသူပါသူ့အစ်ကိုတွေနဲ့ မောင်ဖြစ်သူကြောင့် အသည်းကွဲသွားကြတဲ့လူတွကို အမြဲမြင်နေရတဲ့အခါ ရုပ်ချောတဲ့ ကောင်လေးတွေက မကောင်းဘူးလို့ သတ်မှတ်ပြီး ရုပ်ချောတဲ့ ယောက်ျားတွေကို ရှောင်နေခဲ့ပါတယ်လီဂန်ဝူ(Ahn Jae-Hyeon) ကတော့ နိုင်ငံခြားမှာ အကြာကြီး သွားနေပြီးမှ ကိုရီးယားကို ပြန်လာခဲ့တဲ့သူပါသူအလယ်တန်းတက်တုန်းက အီးထွက်တာကို ကျောင်းသားတွေကအီးပေလို့ နာမည်ပြောင်ခေါ်ခဲ့ကြပါတယ်အဲ့လို ဝိုင်းအခေါ်ခံရတဲ့ လီဂန်ဝူကတော့ သူ့ကို အီးပေဆိုတဲ့ နာမည်ပြောင်ကိုခေါ်တိုင်း တကယ်ဗိုက်နာပြီး အီးပါချင်တဲ့အထိ ဖြစ်တတ်ပါတယ်အဲ့ trauma ကို ကုသဖို့အတွက် trauma စ ...
9.0
TMDb: 9.0/10 9.0 votes
tv

Love with Flaws (2019)

2019
Weightlifting Fairy Kim Bok-Joo (2016-2017) 9.1
Weightlifting Fairy Kim Bok-Joo (2016-2017) Korea Series အဟောင်းလေးတွေကိုပြန်လိုက်ရှာရင်းနဲ့ကြိုက်မိတဲ့ ကားလေးတစ်ကားတွေမိလိုက်တာနဲ့ကိုယ်ကိုယ်တိုင်လည်းကြည့်ချင်တယ်...ကျွန်တော်တို့ပရိတ်သတ်ဖန်တွေအကုန်လုံးကိုပါကြည့်စေချင်တာနဲ့အကောင်းဆုံးဘာသာပြန်ပြီး သိမ်းထားချင်တဲ့လူများအတွက်အကြည်လင်ဆုံးရုပ်ထွက်နဲ့ ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..အားလုံးကတော့ ဒီစီးရီးလေးကိုကြည့်ပြီးသားဆိုပေမယ့်တော်တော်လည်းကြိုက်နှစ်သက်ခဲ့ကြမှာပါ..ဒီတခါမှာတော့ CM ရဲ့ Quality တွေနဲ့ပြန်ကြည့်ရမှာပါ....ဒီစီးရီးလေးကတော့ ဘာမှထူးထူးခြားခြားတွေမပါပဲနဲ့အလေးမသမားလေး ကင်ဘိုဂျူ ရဲ့အကြောင်းလေးပါ...တောင်ကိုရီးယားနိုင်ငံရဲ့ ကြယ်ပွင့်တွေဖြစ်ကြတဲ့Lee Sung Kyung နဲ့ Nam Joo Hyuk တို့ဦးဆောင်ပါဝင်ထားပါတယ်...IMDB rating အနေနဲ့ 8.4 ရရှိထားပြီးတော့ Comedy Romance အမျိုးစားဖြစ်ပါတယ်...ဒီစီးရီးလေးကိုကြည့်ပြီးတော့ ကျောင်းသားတွေရဲ့အဆောင်နေဘဝနဲ့လူငယ်တွေရဲ့လွတ်လွတ်လပ်လပ်စရိုက်တွေကို ခံစားမိကြမှာပါ.... Translator .... Hnin Kyi Thar OoEncoder .... Moe Myint Lwin  Complete ZIP File   VIP / Megaup /  Yoteshin  
9.1
TMDb: 9.1/10 19 votes
tv

Weightlifting Fairy Kim Bok-Joo (2016-2017)

2016
She Was Pretty (2015) 7.1
She Was Pretty (2015) ဒီစီးရီးလေးကတော့ ဒုက္ကဌကြီးလို့ လူသိများနေတဲ့ ကိုရီးယားမင်းသားချောလေး Park Seo Jun ရဲ့ အောင်မြင်တဲ့စီးရီးလေးတစ်ခုဖြစ်ပါတယ်... ငယ်ငယ်တည်းကဖက်တီးလို့လူတွေရဲ့အနှိမ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အပေါ်ကို နွေးနွေးထွေးထွေးနဲ့ဆက်ဆံခဲ့တဲ့  ကောင်မလေးတစ်ယောက်ကို သံယောဇဉ်မိသွားခဲ့ပါတယ်... အဲဒီကောင်မလေးကလည်း အရမ်းအရမ်းကိုချောလို့ တစ်ကျောင်းလုံးမှာ သူမကိုလိုချင် အတွဲလုပ်ချင်တဲ့လူတွေကများလွန်းနေခဲ့ပါတယ်.. ဒါပေမယ့် သူမဟာအဲဒီဖက်တီးလေးကိုပဲ သံယောဇဉ်ဖြစ်နေခဲ့တာ အခက်သားရယ်... သူတို့နှစ်ယောက်အသက်ငယ်ရွယ်စဉ်မှာ ခွဲခွာခဲ့ရပြီးတော့ အသက်ကြီးလာလို့ သူတို့နှစ်ယောက်အတူပြန်ဆုံကြတော့မယ့်အချိန်မှာ အရာရာအားလုံးကပြောင်းလဲသွားပါတော့တယ်... ကင်ဟီဂျင်းဆိုတဲ့ မိန်းမချောလေးရဲ့မိဘတွေက စီးပွားပျက်ပြီးတော့ သူမရဲ့ချောမောလှပနေတဲ့ ရုပ်ကလေးဟာ ပင်ပန်းမှု့တွေကြောင့် ရုပ်ဆိုးသွားခဲ့ရပြီးတော့ သူမသံယောဇဉ်ဖြစ်ခဲ့တဲ့ သူမရဲ့ငယ်ချစ်ဦး ဂျီဆောင်းဂျွန်းကတော့ ဖက်တီးလေးမဟုတ်တော့ပဲ မင်းသားလေးတစ်ပါးလို ချောမောခန့်ညားလာခဲ့ပါတယ်.. ဒီလိုနဲ့သူတို့နှစ်ယောက်ပြန်ဆုံကြမယ့် အချိန်မှာတော့  သူမရဲ့ရုပ်ဆိုးတဲ့ မျက်နှာလေးကို သူမသိပ်ချစ်ရတဲ့ ကောင်လေးစိတ်ပျက်သွားမှာစိုးလို့ဆိုပြီး သိပ်ကိုချောတဲ့ သူမရဲ့သူငယ်ချင်း မင်ဟာရီနဲ့ လူစားလဲပြီး ဇာတ်လမ်းရဲ့အရှိန်ကို ပထမပိုင်းမှာမြှင့်လိုက်ပါတယ်... တကယ်တော့ မိန်းကလေးတွေဆိုတာ ကိုယ်ချစ်တဲ့လူက ကိုယ့်ကို သူ့အမြင်မှာလှနေတာပဲမြင်ချင်နေကြတာပါပဲ.... သူ့ချစ်ရတဲ့ အချစ်ဦးကောင်လေး သူ့ကိုစိတ်ပျက်မှာစိုးလို့ လူစားလဲလိုက်တဲ့ ကောင်မလေးနဲ့ သူငယ်ငယ်က သံယောဇဉ်ရှိခဲ့တဲ့ ကောင်မလေးကိုတွေ့ချင်လို့ပြန်လာတဲ့ ကောင်လေးဂျီဆောင်းဂျွန်းနဲ့  ချောမောလှပတဲ့  ကင်ဟီဂျင်းရဲ့အချစ်ဆုံးသူငယ်ချင်း မင်ဟာရီတို့ ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာ  ဒီဇာတ်လမ်းတွဲလေးထဲမှာကြည့်လိုက်ကြရအောင်လား... (တကယ်တော့ အချစ်ဆိုတာ လှတာရုပ်ဆိုးတာနဲ့မဆိုင်ပါဘူး... ကိုယ်တကယ်ချစ်လာရင် အလိုလိုနေရင်းလှလာကြတာပဲ ဟုတ်တယ်ဟုတ် ???)   Quality ..... HDTV 720p   Running Time .... 01:00:00   Translator ...... Hnin Kyi Thar Oo   Encoder ... Moe Myint Lwin   Episode Complete (5.5GB) - ...
7.1
TMDb: 7.1/10 10 votes
tv

She Was Pretty (2015)

2015