Channel Myanmar

MBC

The King 2 Hearts (2012) [Complete] 7.4
The King 2 Hearts (2012) [Complete] The King 2 Hearts (2012) [အစ-အဆုံး]အပိုင်း (၁၆ မှ ၂၀) (ဇာတ်သိမ်းပိုင်း)လီဂျယ်ဟာကတော့ တောင်ကိုရီးယားတော်ဝင်မျိုးနွယ်ရဲ့ ဒုတိယ‌မြောက်သားအဖြစ် မင်းသားအရိုက်အရာကို ဆက်ခံထားရသူဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုမရှိတဲ့ လီဂျယ်ဟာကို မင်းကြီးလီဂျယ်ဂန်က ကမ္ဘာ့ထိပ်တန်းအရာရှိပြိုင်ပွဲမှာ မြောက်ကိုရီးယားနဲ့ ပူပေါင်းယှဉ်ပြိုင်ဖို့ တာဝန်ပေးစေလွှတ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ မြောက်ကိုရီးယားစစ်အာဏာပိုင်အဖွဲ့ဝင်တစ်ဦးရဲ့ သမီးဖြစ်တဲ့ ဂင်ဟန်အာက မြောက်ပိုင်းကိုယ်စားပြု အနေနဲ့ပါဝင်လာခဲ့ပါတယ်။ ယောက်ျားသားတွေထက်တောင် ပိုကြမ်းလို့ အသက်၃၀အရွယ်အထိ ချစ်သူမရှိ၊ အိမ်ထောင်မရှိအောင် ယင်ဖိုတောင်မသန်းရဲလောက်တဲ့ ဂင်ဟန်အာနဲ့ လူ့ပေါ်ကြော့မင်းသား လီဂျယ်ဟာတို့ တာဝန်အတူထမ်း‌ဆောင်တဲ့အခါမှာတော့ အလွဲလေးတွေ တသီသီ စတင်လာပါတော့တယ်။တောင်မြောက်ချစ်ကြည်ရေးကို ဖော်ဆောင်ကြမယ့်သူတို့နဲ့ လက်နက်ရောင်းဝယ်ပြီး အမြတ်ထုတ်ကြမယ့် နောက်ကွယ်က အဖွဲ့အစည်းတွေရဲ့ အဖျက်အမှောက်နှောက်ယှက်မှုတွေကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမှာဖြစ်တဲ့အပြင် Ha Ji Won ရဲ့ မြောက်ပိုင်းသူဆန်ဆန် အက်ရှင်တွေကိုလည်း ချစ်ချင်စရာမြင်တွေ့ရဦးမှာမို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုဖို့ရာ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ဟာဂျီဝန်း နဲ့ လီဆောင်ဂီတို့ရဲ့ ...
7.4
TMDb: 7.4/10 15 votes
tv

The King 2 Hearts (2012) [Complete]

2012
Terius Behind Me (2018)[Complete] 8.252
Terius Behind Me (2018)[Complete] Terius Behind Me (2018)Ep1 To 16********************************အမည်ဝှက်Teriusလို့ အမည်ရတဲ့ဂင်ဘွန်ဟာ အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့(NIS)ရဲ့ ထူးချွန်တဲ့အေးဂျင့်ဟောင်းတစ်ဦးဖြစ်ပြီး သူ့ကို မည်သူမှ ခြေရာခံ၍မရအောင်လျှို့ဝှက်၍နေထိုင်သူဖြစ်ပါတယ် ...လွန်ခဲ့သော၃နှစ်ခန့်က မအောင်မြင်ခဲ့တဲ့လျှို့ဝှက်စစ်ဆင်ရေးတစ်ခုမှာ သူ့ချစ်သူမိန်းကလေးကို ဆုံးရှုံးခဲ့ရတယ်... အဲဒီအချိန်ကစပြီး ဂင်ဘွန်ဟာ ဂိုအယ်ရင်ရဲ့တိုက်ခန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့တိုက်ခန်းမှာလျှို့ဝှက်နေထိုင်ပြီး ယခင်က မအောင်မြင်ခဲ့တဲ့စစ်ဆင်ရေးရဲ့နောက်ကွယ်မှာရှိတဲ့ကြိုးကိုင်သူကို ဖော်ထုတ်ဖို့ကြိုးစားနေပါတယ်...ဒါပေမယ့်လည်း အဲဒီမသမာမှုမှာ ထင်မှတ်မထားတဲ့(NIS)ရဲ့ ထိပ်တန်းအရာရှိကြီးတစ်ဦး ပါဝင်ပတ်သက်နေတဲ့အခါမှာ . . .ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့................အက်ရှင်စပိုင်စီးရီးဖြစ်လို့ ကြည့်ရတာပျင်းဖို့မကောင်းသလိုချစ်စရာကလေးတွေလည်းပါဝင်တဲ့အတွက်ရယ်လည်းရယ်ရပါတယ်..    -Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Action, Adventure & MysteryTranslated by  Phyu Phyu Thein , Hnin Wai Oo  ,  Windi,  Mayphoo Pone   & TiffEncoded by  Phyo Pyae Complete Zip File-(1080P) EP1-16_       Yoteshihin    ...
8.252
TMDb: 8.252/10 111 votes
tv

Terius Behind Me (2018)[Complete]

2018
The Golden Spoon (2022)
The Golden Spoon (2022) MBC ကနေ Big Mouth အစားအပတ်စဉ် သောကြာ စနေတိုင်းထုတ်လွှင့်ပြသသွားမယ့် "Golden Spoon"...မှင်စာကားထဲက မင်းသားရဲ့တူဖြစ်တဲ့ဒေါ့ဟွာလေးကို မှတ်မိပြီးMystic Pop-Up Bar ကြည့်ဖူးတဲ့သူဆိုဒီကားကို လုံးဝ ကြည့်ချင်ကြမှာ ပြောရဲပါတယ်...ဟုတ်ပါတယ် အဓိကဇာတ်ဆောင်ကBTOB အဖွဲဝင်ဖြစ်ခဲ့တဲ့ အဆိုတော်မင်းသား Yook Sung-Jae ပါပဲဇာတ်လမ်းလေးကလည်းအတော်စိတ်ဝင်စားဖိုကောင်းပါတယ်ကိုရီးယားနိုင်ငံမှာ အဆင့်အတန်းကို ရွှေဇွန်း ၊ ငွေဇွန်း ဆိုပြီးခွဲခြားပြောတတ်ကြတာကို ကြားဖူးမှာပါLee SeungCheon ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာဆင်းရဲတဲ့မိဘတွေနဲ့ တစ်ဘဝလုံး ငွေဇွန်းလိုအပြောခံပြီးရုန်းကန်ကြီးပြင်းလာခဲ့ရတယ်နုံချာတဲ့ အသိုင်းအဝိုင်းကို စိတ်ကုန်နေပြီးချမ်းသာချင်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့အဘွားအိုကြီး တစ်ယောက် ဈေးရောင်းနေတာကိုကြားလိုက်ရတယ်"မချမ်းသာချင်ဘူးလား?ချမ်းသာအောင်လုပ်ပေးမယ့် ရွှေဇွန်းလေးတစ်ချောင်းတည်းကို ဝမ် သုံးသောင်းတည်းပါ"Seung-Cheon စိတ်ဝင်စားသွားပြီးရွှေဇွန်းကို ဝယ်တဲ့အခါ အဘွားအိုက ဒီလိုမှာလိုက်တယ်"ချမ်းသာတဲ့ မင်းနဲ့ရွယ်တူတစ်ယောက်အိမ်မှာဒီရွှေဇွန်းနဲ့ ထမင်းသုံးနပ်အတူစားပါ အဲလိုဆိုသူ့မိဘတွေက မင်းမိဘတွေဖြစ်လာလိမ့်မယ်"သူလည်း အဘွားအိုပြောတဲ့အတိုင်းအရမ်းချမ်းသာတဲ့ သူနဲ့ရွယ်တူ သူငယ်ချင်းHwang Tae-Yong ရဲ့ အိမ်မှာ အဲရွှေဇွန်းနဲ့ထမင်းသုံးနပ်စားလိုက်တယ် သိပ်မကြာခင်မှာပဲသူ့ရဲ့ ဘဝပြောင်းလဲသွားပါတော့တယ်... **********Yook SungJae ...

The Golden Spoon (2022)

2022
The Secret House (2022) [Complete]
The Secret House (2022) [Complete] The Secret House (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၂၄ (ဇာတ်သိမ်းပိုင်း) ရပါပြီ ဇာတ်လမ်းရှည်ကြိုက်တဲ့ပရိသတ်တွေအတွက် Second Husband အပြီး အပိုင်း ၁၂၀ ရှိတဲ့ ဇာတ်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ပျောက်ဆုံးသွားတဲ့ မိခင်ဖြစ်သူရဲ့ သဲလွန်စတွေနောက် လိုက်လံရှာဖွေရင်း သူ့ဘေးပတ်ဝန်းကျင်မှာတင်ရှိနေတဲ့ လျှို့ဝှက်ချက်ထဲ ပါဝင်ပတ်သက်မိသွားတဲ့ ရှေ့နေတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။အဓိကပါဝင်ထားတဲ့ ကာရိုက်တာတွေကတော့...မိသားစုရဲ့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားရတဲ့ ရှေ့နေဖြစ်သူ Woo Ji Hwan ...Woo Ji Hwan ရဲ့ အချစ်ဦးဖြစ်တဲ့ ထက်မြက်ပြီး နွေးထွေးတဲ့နှလုံသားပိုင်ရှင် ခွဲစိတ်ဆရာဝန်မလေး Baek Joo Hong ...ပိုက်ဆံ၊ အရည်အချင်း၊ မိသားစုနောက်ခံစတဲ့ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ အမှုစစ် Nam Tae Hyung ...အစ်ကိုဖြစ်သူ Nam Tae Hyung ကို လက်စားချေဖို့ တိတ်တဆိတ်ကြံစည်နေတဲ့ ...

The Secret House (2022) [Complete]

2022
Feast of the Gods (2012) [Complete] 7.5
Feast of the Gods (2012) [Complete] Feast of the Gods (2012)[အစ-အဆုံး]အပိုင်း - ၃၂ (ဇာတ်သိမ်းပိုင်း)Feast of The Gods ဆိုတဲ့ အချက်အပြုတ်နဲ့ ပက်သက်တာတွေကို အဓိကထားရိုက်ကူးထားတဲ့ အပြိုင်အဆိုင်ဟင်းချက်ကြမယ့်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။၂၀၁၂ က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ ကိုရီယား ရိုးရာအစားအသောက်နဲ့ပက်သက်ပြီးတော့ စားချင်စဖွယ်လေးတွေ အများကြီးတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...တော်ဝင်ရိုးရာဟင်းတွေချက်ပြုတ်ရောင်းချတဲ့ စားသောက်ဆိုင်တစ်ခု သူ့ရဲ့အမည်က အာရီရန် အာရီရန်မှာ စားတော်ဝန်နဲ့ သူ့လက်အောက်မှာ စားတော်ကဲများစွာရှိတယ်။ နှစ်တိုင်း သင်တန်းသားအသစ်လက်ခံပြီးတော့ သင်ကြားပေးတယ်။ ထူးချွန်တဲ့လူတွေကို နောက်ဆုံးပြိုင်ပွဲတွေလုပ်ပြီးတော့ အာရီရန်ရဲ့ စားတော်ဝန်နေတာကို ပေးအပ်တယ်။ဆောင်းဒိုဟီးနဲ့ ဘဲ့ဆူလ်တိုဟာ အာရီရန်သင်တန်းသူနှစ်ယောက်ဖြစ်ပြီး စားတော်ဝန်နေရာအတွက် ယှဉ်ပြိုင်ကြမယ့်သူတွေပါ။ ဒါပေမယ့် ပြိုင်ပွဲနေ့မှာ ပြဿနာအမျိုးမျိုးကြောင့် နောက်ဆုံးအဆင့်အထိမပြိုင်ဆိုင်လိုက်ရဘဲ ဆောင်းဒိုဟီးက အာရီရန်ရဲ့ စားတော်ဝန်တစ်ယောက်ဖြစ်လာခဲ့တယ်။တစ်ရက်မှာတော့ ဒိုဟီးရဲ့သမီးလေး ပျောက်ဆုံးသွားပြီး ဒိုဟီးက စိတ်တွေလွတ်သွားတယ်။ စိတ်လွတ်သွား အခြားကလေးကို သူ့သမီးလိုသတ်မှတ်နေတဲ့ ဇနီးဖြစ်သူအတွက် သူ့ယောက်ျားက ...
7.5
TMDb: 7.5/10 2 votes
tv

Feast of the Gods (2012) [Complete]

2012
Big Mouth (2022)
Big Mouth (2022) Big Mouth 2022ပတ်ချန်ဟိုဟာဆိုရင် တရားခွင်မှာ နိုင်နိုင်ချေ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတဲ့ ရှေ့နေတစ်ယောက်ပါ အရမ်းလည်းစကားများလွန်းလို့ လူတိုင်းက ​ Big mouth(အာကျယ်ကောင်)ဆိုပြီး နာမည်ပြောင်ပေးထားရသူပါ ဂိုမီဟိုကတော့ ပတ်ချန်ဟိုရဲ့မိန်းမဖြစ်ပြီး သူနာပြုဆရာမလေးတစ်ယောက် ဖြစ်ပါတယ် ရုပ်ရည်ချောမောရုံသာမက ယောကျာ်းဖြစ်သူ ရှေ့နေဖြစ်လာတဲ့အထိ ငွေကြေးပိုင်း စိတ်ပိုင်းဆိုင်ရာအဘက်ဘက်ကနေ supportive ပေးခဲ့တဲ့ မိန်းမဖြစ်တဲ့အပြင် အရမ်းကိုထက်မြတ်တဲ့မိန်းကလေးဆိုလည်း မမှားပါဘူးတစ်နေ့မှာ ချန်ဟိုတစ်ယောက် လူသတ်မှုတစ်ခုမှာပါဝင်ဖို့ အကြောင်းဖန်လာပြီးတော့ ဥာဏ်ကြီးရှင်လူလိမ် Big mouth အဖြစ်သံသယဝင်ခံရတဲ့အခါ..... လင်မယားနှစ်ယောက်ပေါင်းပြီးတော့ ဒီလိုစွပ်စွဲခံရတဲ့ကိစ္စကို ဖြေရှင်းကြမှာလဲ တကယ့်တရားခံအစစ်ကရောဘယ်သူလဲ နာမည်​ကြီးတွေဖြစ်ကြတဲ့ Lee Jung Suk နဲ့ Yoona တို့ရဲ့ Come back Dramaလေးဖြစ်တဲ့ Big Mouth ကို အပတ်စဥ် သောကြာနဲ့စနေတိုင်းထုတ်လွှင့်မှာဖြစ်ပြီး စုစုပေါင်း ၁၆ပိုင်းပါဝင်မှာဖြစ်ပါတယ်File Size – 500MB / 1GBQuality – 720pDuration – 60 minsTotal Episodes: 16EpsSubtitle – Myanmar HardsubFormat ...

Big Mouth (2022)

2022
Boar Hunt (2022) 7.0
Boar Hunt (2022) Boar Hunt (2022) ==============="အဲနေ့ညက ငါပစ်ခဲ့တဲ့‌အကောင်က တောဝက်မဟုတ်ခဲ့ဘူးပဲ" Closet , Anna , My Holo Love စတဲ့ နာမည်ကြီးကားတွေမှာ ဇာတ်ပို့မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Kim Soojin နဲ့အတူ ဗီလိန်‌ရော ဇာတ်ပို့ရော ပိုင်နိုင်တဲ့ အာဂျောရှီး Park Hosan ဦးဆောင် ပါဝင်ထားတဲ့ ရင်တမမကြည့်ရမယ့် သည်းထိပ်ရင်ဖိုဒရာမာ ကောင်းလေး လာပါပြီ။ဒီမင်းသားကြီး Park Hosan ကို မမှတ်မိမှာစိုးလို့ ပြန်လင်းပါရစေ... Penthouse S 2,3 မှာ ဗီလိန်ဆန်ဆန် ဖခင်ကောင်းဆန်ဆန် ဇာတ်ရုပ်နဲ့ ယူဂျယ်နီရဲ့ အဖေ ၊ အခုလွှင့်နေတဲ့ Today's Webtoon ထဲက မင်းသမီး ဆယ်ဂျောင်းကိုလက်ခံပေးတဲ့ သဘောကောင်းတဲ့ ဒါရိုက်တာ, True Beauty ထဲက မင်းသမီးဂါယောင်းရဲ့ အဖေ စသဖြင့် ဇာတ်ရုပ်အမျိုးမျိုးနဲ့ ကျမတို့ကို ဖမ်းစားခဲ့တဲ့သူပေါ့နော်။ကဲ...ကဲ လိုရင်းဖြစ်တဲ့ ဇာတ်လမ်းအကျဉ်းကို ‌ပြောပါတော့မယ်... ဒီကားက နည်းနည်းတော့ ထူးဆန်းတယ်၊ ကြောက်စရာလည်း ကောင်းတယ်၊ သာမန် ...
7.0
TMDb: 7.0/10 2300 votes
tv

Boar Hunt (2022)

2022
Before and After: Plastic Surgery Clinic (2008)
Before and After: Plastic Surgery Clinic (2008) Before and After : Plastic Surgery Clinic (2008)ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းတွဲလေးကတော့ ၂၀၀၈ ခုနှစ်တုန်းကနာမည်ကြီးခဲ့တဲ့ Before and After: Plastic Surgery Clinic ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးမှာ ပလတ်စတစ်ဆာဂျရီဆရာဝန်နှစ်ယောက်နဲ့ သူနာပြုဆရာမလေးကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကိုကြည့်ရှူရမှာဖြစ်ပါတယ်။ဟန်ဂွန်းဆူကတော့ သူ့အဖေဆေးရုံအုပ်ကြီးဖြစ်သူဟာ ရုတ်တရက်ဆုံးပါသွားတာမို့ ဆေးရုံကတင်ရှိနေတဲ့အကြွေးတွေအများကြီးကိုဆပ်ဖို့တာဝန်ကျလာပြီး၊ ဆေးရုံကိုအကောင်းဆုံးကြိုးစားကာကွယ်နေတဲ့ ငယ်ရွယ်တဲ့ဆေးရုံအုပ်လေးဖြစ်ပါတယ်။ဒေါက်တာချွဲယောင်းဝူကတော့ ဟန်ဂွန်းဆူအဖေဖြစ်သူရဲ့ကျေးဇူးကြွေးကိုပြန်ဆပ်ဖို့ ဆေးရုံမှာလာလုပ်ပေးတဲ့ အရည်အချင်းရှိတဲ့ဆရာဝန်ဖြစ်ပြီး 2Xf2E6aEU7n685eHEbXGYHrmWn2y7a62UWBrtZzodVdD မကြာခဏစကားများတတ်တဲ့သူဖြစ်ပါတယ်။ဟုန်းဂီနမ်ဆိုတဲ့သူနာပြုလေးကတော့ ဆေးရုံမှာ အသစ်ရောက်လာတဲ့တက်ကြွတဲ့သူနာပြုလေးပါ။ဒီသုံးယောက်ကြားမှာ ဘယ်လိုသုံးပွင့်ဆိုင်အချစ်ဖြစ်ပေါ်လာမလဲဆိုတာရော ၊ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးပလတ်စတစ်ဆာဂျရီအကြောင်းတွေကိုလည်း ရှုထောင့်တစ်ခုကနေစုံစုံလင်လင်သိခွင့်ရမယ့် ဇာတ်လမ်းတွဲကောင်းလေးဖြစ်တာမို့ကြည့်ရှုအားပေးကြပါဦးနော်။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ဘာသာပြန်တွေကတော့ Cali, Honeyey, Lao Qui, Ye Ri တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 720p | 480p File size… 600MB | 300MB Format… mp4 Duration…. 1h 10min Episodes...12 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Cali, Honeyey, ...

Before and After: Plastic Surgery Clinic (2008)

2008
Midnight Horror Story (2021)
Midnight Horror Story (2021) Midnight Horror Story (2021)ကြောက်ချင်ကြသူများအတွက် အရမ်းလန်းတဲ့ ထိတ်လန့်ပြာယာကြည့်စရာ ကိုရီးယားရှိုးလေး လာပါပြီပင်တိုင်တင်ဆက်သူ ၄ဦးနဲ့အတူ ကြက်သီးထစရာ နာနာဘာဝလောကပုံစံ အပြင်အဆင်စတူဒီယိုထဲ ထိုင်ရင်းကမ္ဘာ့နိုင်ငံတစ်ဝှမ်းက ပေးပို့လာသမျှ လူတွေကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်စရာ ပရလောကနဲ့ဆိုင်တဲ့ ဖြစ်ရပ်မှန်တွေအကြောင်းကိုအသံနက်နက်ကြီးနဲ့ ဖတ်ပြပြီး ဆွေးနွေးပြောဆိုကြမယ့် စကားဝိုင်းကြီးမှာတစ်နေရာကနေ စောင့်ကြည့်နေတဲ့ အမှောင်ဝိဥာဉ် ၄၄ခုရှိနေပြီး ဖြစ်ရပ်တွေကို သူတို့စိတ်ကျေနပ်ရင် ဖယောင်းတိုင်မီးထွန်း မဲပေးဆုံးဖြတ်ဦးမှာပါအဲ့ဒီလို ဖတ်ပြတဲ့ဖြစ်ရပ်မှန်တွေကို သည်းထိတ်ရင်ဖိုစရာအတိ ပြန်သရုပ်ဖော်ထားတဲ့ ဗီဒီယိုတင်ဆက်မှုကိုပါ ပံ့ပိုးထားပါသေးတယ်နာမည်ကြီး ဧည့်သည်တွေလည်း လူပြောင်းလာပြီး ကိုယ်တွေ့ ပတ်ဝန်းကျင်တွေ့ ဖြစ်ရပ်တွေကိုပါ ပြောပြကြသေးတာမို့သရဲကားကြည့်ရသလို ကြက်သီးထစရာ ဖီးလ်လင်တပွေ့တပိုက်နဲ့ လက်ကြားထဲကချောင်းကြည့်လိုက်ကြရအောင်ပါ File Size – 800MB@EpisodeQuality – 720pDuration – 1h 15minute (@Episode)Total Episodes: 40Subtitle – Myanmar HardsubFormat – Mp4Genre : talk ...

Midnight Horror Story (2021)

Doctor Lawyer (2022) Complete
Doctor Lawyer (2022) Complete ထိပ်သီးဆေးကျောင်းတွေကနေ ဘွဲ့ရခဲ့ပြီး ထိပ်တန်းဆေးရုံကြီးရဲ့ နာမည်ကြီးရင်ခေါင်းခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဟန်ရီဟန် (ဆိုဂျီဆပ်)၊ ခွဲစိတ်ပညာမှာ အင်မတန်ပါရမီထူးပြီး ထိလိုက်တိုင်း ​​​ရွှေဖြစ်ကာ လုပ်​ဖော်ကိုင်ဖက်​တွေကပါ နတ်ဘုရားအဖြစ် တင်စားခံရသူဟာ တစ်​နေ့မှာ​ သူ့ရဲ့ဆရာဝန်သက်တမ်းတ​လျောက် ဖြစ်​တောင့်ဖြစ်ခဲ နှလုံးအစားထိုး ခွဲစိတ်ကုသရင်း လူနာဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားသူဟာ တခြားမဟုတ်ဘဲ သူ့ရဲ့ချစ်သူ အစိုးရအမှုစစ် ဂွမ်​ဆော့ဂ​ယောင်း (အင်ဆူဟျန်း)ရဲ့ ​မောင်​လေး ဖြစ်​နေတာပါ။ ဒီဖြစ်ရပ်အတွက် ဟန်ရီဟန်ဟာ ​ဆမသိမ်းခံရကာ ​ဆေး​လောက ကို ​ခြေချခွင့်မရှိ​တော့သူ ဖြစ်သွားပါတယ်။ လူက​နေ​ပေမယ့် ပညာကမ​နေတဲ့ ဟန်ရီဟန်ဟာ ရှေ့နေအဖြစ်နဲ့ ပြန်ပေါ်လာ​ပေမယ့် ​ဆေး​သေတ္တာတစ်လုံးကို အချိန်ပြည့်​ဆောင် ထားပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့မှာ​ နာမည်​ကျော် ဘန်း​ဆော့ တက္ကသိုလ်​ဆေးရုံကြီးက ဆရာဝန်တစ်​ယောက်ရဲ့သမားဝတ္တရား ပျက်ကွက်မှု တရားခွင်မှာ မ​မျှော်လင့်ထားတဲ့ အ​ခြေအ​နေတစ်ခု ထဖြစ်ပြီး ဟန်ရီဟန်အ​နေနဲ့ အစွမ်းပြချိန် ရောက်လာခဲ့ပါတယ်။ မတတ်သာလို့ ​ရှေ့​နေဖြစ်​နေ​ပေမယ့် သူ့စိတ်ထဲမှာ​တော့ လိုင်စင် သိမ်းခံလိုက်ရတဲ့ ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး အခဲမ​ကြေဆဲပါ။ ဒီလိုနဲ့ပဲ သူ့အရည်အချင်းနဲ့ ယှဉ်လိုက်ရင် ဖြစ်ခဲလှတဲ့ ခွဲစိတ်ပြီး​ လူနာဆုံးပါးမှုဟာ သွေးရိုးသားရိုး​ရော ဟုတ်ရဲ့လားဆ်ိုတာ စုံစမ်း ​ဖော်ထုတ်ဖို့အတွက် ရှေ့​နေတဖြစ်လဲ ဆရာဝန်ကြီးအ​နေနဲ့ ချစ်သူ ဖြစ်တဲ့ အမှုစစ်မလေးနဲ့ ပူး​ပေါင်းခဲ့ပါတယ်။ ထိုအမှုအပြင် တခြား ဆေးပညာဆိုင်ရာမသမာမှုတွေနဲ့ ...

Doctor Lawyer (2022) Complete

2022
I Live Alone 7.6
I Live Alone   I Live Alone တောင်ကိုရီးယားနိုင်ငံနာမည်ကြီးအနုပညာ​ရှင်​တွေရဲ့နေ့စဥ်​နေထိုင်လှုပ်ရှားမှုပုံစံကို သိချင်ကြပါသလား။သူတို့ဘယ်လို​နေထိုင်ပြုမူကြတာလဲ ၊သာမန်လူ​တွေထက် ထူးကဲ​နေတာမျိုးရှိလား။ဒါမှမဟုတ် ပုံမှန်ပဲလား။ စတဲ့​မေးခွန်း​တွေကိုဒီ show လေး က အ​​​​ဖြေ​ပေးထားပါတယ်။တစ်​ယောက်တည်း​နေထိုင်တဲ့ အနုပညာရှင်​တွေရဲ့ နေထိုင်ချက်ပြုတ်စား​​သောက်တဲ့ ပုံစံ​တွေကို တွေ့မြင်ရမှာပါ။အေး​​အေးချမ်းချမ်း ပျော်​ပျော်ရွှင်ရွှင်ကြည့်ရှုရမှာမို့သေချာ​ပေါက်ကြည့်ရှုသင့်တဲ့ အစီအစဥ်​​လေးပါ​နော်။ရသစုံရှိုးဖြစ်တာနဲ့ညီ ဒီရှိုးဟာ ဇာတ်ညွှန်း​ရေးသားထားခြင်းမရှိဘဲအနုပညာရှင်​တွေရဲ့ စစ်မှန်တဲ့​ပုံရိပ်ကို တွေ့မြင်ရမှာပါ။ ဒီရှိုး​လေးကိုအပတ်စဥ် သောကြာ​နေ့ညတိုင်း ထုတ်လွှင့်ပြလျက်ရှိပါတယ်။Translator -CM Variety Team Encoder - YK Native Title: 나 혼자 산다 Also Known As: Home Alone Genres: Friendship, Comedy, Life, Family Tags: Actress, Comedian, Actor, Idol, K-Pop, Life Lesson  For VIP Member - CLICK HERE! Episode 372 (Exo Kai) - Yoteshin ...
7.6
TMDb: 7.6/10 8 votes
tv

I Live Alone

2013
From Now On, Showtime! (2022) 5
From Now On, Showtime! (2022) From Now On Showtime 2022ဒီတခါမှာတော့ ကိုရီးယားဝိဉာဥ်သရဲကားကြိုက်သူတွေရော မှုခင်းကားကြိုက်သူတွေပါ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးချင်ပါတယ်ချာချာဝန်းက သူရဲ့ကျွမ်းကျင်လှတဲ့ မျက်လှည့်လှည့်ကွက်တွေကြောင့် နာမည်ကြီးတဲ့ မျက်လှည့်ပညာရှင်တစ်ဦးပါ TV တွေမှာ တိုက်ရိုက်မျက်လှည့်ပွဲတွေ ပြသတင်ဆက်သလို သူရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် နာမည်ကြီးတဲ့ ချာချာဝန်းမှာ အများနဲ့အတူ ထူးခြားလှတဲ့ အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့ သရဲတွေကို မြင်နိုင်တာ ပြီးတော့ သူတို့နဲ့ဆက်သွယ်နိုင်တာပါပဲအဲ့လိုထူးခြားတဲ့စွမ်းရည်နဲ့ ချာချာဝန်းတစ်ယောက် ရဲမေဂိုနဲ့ပူးပေါင်းပြီး အမှုတွေကို စုံစမ်းရာကနေ သူတို့နှစ်ယောက်ကြား ဘယ်လို ရိုမန်တစ်ဆန်ဆန်အချစ်တွေဖြစ်လာမလဲလူသားတွေနဲ့ဆက်ဆံရမှာကိုမုန်းတီးတဲ့ မျက်လှည့်ဆရာရဲ့နောက်ကွယ်က အကြောင်းအရာတွေကရော ဘယ်လိုတွေဖြစ်မလဲမင်းသား Park Hye Jin နဲ့ မင်းသမီး Jin Ki Joo တို့ပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဥ် Sat & Sun မှာတင်ဆက်ပေးထားမဲ့ Kdrama အသစ်လေးပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Shwe Pyae က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Shoon, Shwe Pyae, Khaing Khin ...
5
TMDb: 5/10 1 votes
tv

From Now On, Showtime! (2022)

2022
Tomorrow (2022)
Tomorrow (2022) ပြီးပြည့်စုံတဲ့ကောင်လေးChoi Joon Woongက အလုပ်ရှာနေပေမဲ့ အလုပ်မခန့်ခံခဲ့ရတဲ့သူပါ နာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး သူ့ရဲ့မိဘတွေကလည်းချမ်းသာလှပါတယ် တစ်ညမှာတော့Choi Jong Woongတစ်ယောက် မတော်တဆ သေမင်းတမန်တွေဖြစ်တဲ့Gu Ryeon နဲ့ Im Ryoog Guတို့နဲ့ တွေ့ဆုံခဲ့ပါတယ် အန္တရာယ်စီမံရေးအဖွဲ့က သေမင်းတမန် Gu Ryeonကဌာနမှူးဖြစ်ပြီး သေမင်းတမန်Im Ryoog Guကတော့ လက်အောက်ငယ်သားပါ သူတို့ရဲ့အလုပ်က ကိုယ့်ကိုယ့်ကိုသတ်သေတဲ့သူတွေကိုကယ်ဖို့ဖြစ်ပြီး Choi Joong Woongတစ်ယောက် မမျှော်လင့်ထားဘဲ အန္တရာယ်စီမံရေးအဖွဲ့ရဲ့အဖွဲ့ဝင်အသစ်ဖြစ်လာတဲ့အခါ သေမင်းတမန်အနေနဲ့ သူဘယ်လိုတာဝန်ထမ်းဆောင်မလဲ သေမင်းတမန်တွေနဲ့ လူသားတွေကြားမှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦးQuality : WEB-DL 720pTotal Episodes : 16Format : mp4Genres : Action, Drama, FantansyDuration : 60 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LKEpisode 1 (720p) Yoteshin / MegaUp / ...

Tomorrow (2022)

2022
Local Dining Table (2022)
Local Dining Table (2022) Local Restaurant (2022)ဒီ အစီအစဉ်လေးမှာတော့ ကိုရီးယားနိုင်ငံရဲ့ လှပတဲ့ရှုခင်းတွေကို ခံစားနိုင်ဖို့နဲ့ ဒေသန္တရ အစားအစာတွေရဲ့ အရသာအကြောင်းကိုLee Sang Min ၊ Ha Seok Jin ၊ Bae Seong Jae နဲ့ Joo Woo Jae တို့ လေးယောက်က အတူတကွ မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ် ။သူတို့ ပထမဆုံး သွားမဲ့နေရာက Yeosu၊ Jeollanam-do ပဲဖြစ်ပါတယ် ။ ထူးခြားတဲ့ပင်လယ်စာတွေနဲ့ ပြည့်နေတဲ့ စားပွဲတစ်ခုရှေ့မှာ တင်ဆက်သူတွေက ရင်းရင်းနှီးနှီး စကားစမြည်ပြောဆိုကြမှာပါ။ဒေသတွင်းအစားအစာတွေကတစ်ဆင့်၊ ကိုရီးယားအစားအစာ၊ ပါဝင်ပစ္စည်း၊ ယဉ်ကျေးမှုနဲ့ တခြားစိတ်ဝင်စားဖွယ်ဇာတ်လမ်းတွေကို မျှဝေပေးမှာဖြစ်ပြီး၊ တင်ဆက်သူလေးဦးရဲ့ လိမ္မာပါးနပ်တဲ့ စကားလုံးတွေ ၊ အချိတ်အဆက်မိမှုတွေကိုလည်း ခံစားရဦးမှာဖြစ်ပါတယ်။ စွမ်းအင်ပြန်လည်ဖြည့်တင်းပေးမည့် ဒေသထွက်အစားအစာတွေ၊ အရသာရှိတဲ့ အစားအစာတွေကို သိရှိနိုင်ဖို့ အခုပဲ တင်ဆက်ပေးလိုက်ပါပြီနော် ။အညွှန်းကိုတော့ NanThin က‌ ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ CM Variety Pro Max ပဲ ...

Local Dining Table (2022)

2022
Two Weeks(2013) 8.4
Two Weeks(2013) Two Weeks(2013) ဇာတ်လမ်းတွဲအညွှန်း*********************************အပိုင်း (၁ မှ ၁၆) ထိ စ/ဆုံး ဂျန်ထယ်ဆန်းဆိုတဲ့ လူဟာ အပေါင်ဆိုင်က မန်နေဂျာ..ငွေရဖို့ဆို ဘာမဆိုလုပ်မဲ့လူ...ယုတ်စွအဆုံး ဖာဂေါင်းပါလုပ်တယ်...ရုပ်ရည်က ဖြူစုတ်စုတ်... စုတ်ချွန်းချွန်းနဲ့...မျက်လုံးက ပေမှေးမှေးနဲ့ ..အဝတ်ကောင်းအစားကောင်းလေးဝတ်ပြီး ကလပ်က မမကြီးတွေလည်းပိုက်ဆံရဖို့အတွက် ဖျော်ဖြေရေးတွေလည်းပေးသေးတယ်..ထောင်ထဲကလည်း (၂)ခါတောင်ရောက်ခဲ့ပါသေးတယ်...ဒီလိုနဲ့ သူဟာ သူ့အပေါင်ဆိုင်ကို ခဏ ခဏလာတဲ့ကောင်မလေးအိမ်ကိုသွားမိတယ်...အဲ့ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က ခေါင်းကိုနောက်က ရိုက်ချလိုက်လို့ သတိမေ့သွားတယ်...သတိရလာတော့ ကောင်မလေးဟာ ဓားအချက်ပေါင်းများစွာနဲ့သေနေသလို သူ့ကိုယ်မှာလည်းသွေးပေနေတယ်..ဒါ့အပြင် ဓားကိုလည်းကိုင်ထားမိချိန် ဂျန်ထယ်ဆန်းတစ်ယောက်ဆီကို ရဲတွေ အများကြီးရောက်လာပါတော့တယ်...လက်ဗွေတွေအကုန်လုံးက သက်သေအဖြစ်သူ့ကိုဉီးတည်နေလို့ ထောင်ထဲကိုမဖြစ်မနေသွားရဖို့အကြောင်းဖန်လာတယ်..အဲ့ဒီအချိန် ဂျန်ထယ်ဆန်းဆီကို ထောင်ထဲလုံးဝ ဝင်သွားလို့မရတဲ့အကြောင်းတစ်ခုဖြစ်လာတယ်..ဒါ့ကြောင့်သူဟာ ထွက်ပြေးပြီ: ဒီအဖြစ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်..အဲ့ဒီနောက် ကိုးရီးယားရဲ့ ထိပ်သီးလူကြီးတစ်ယောက်ပါဝင်နေသလို အာဏာရှိလွန်းတဲ့ သူဌေးကြီးတစ်ယောက်ပါသူ့ကို သတ်ဖို့ကြိုးစားတဲ့အခါမှာတော့...သူ့မှာလည်း သေရေးရှင်ရေးတစ်မျှ ၂ပတ်ပြည့်ရင် လုပ်ရမဲ့ကိစ္စကြီးတစ်ခုရှိလာတဲ့အခါ..ဒီစီးရီးလည်းတော်တော်မိုက်ပါတယ်.. ၁၆ပိုင်းလုံးမပျင်းရသလို ချောင်ပိတ်ရိုက်ခံရတဲ့လူတစ်ယောက်ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့  ကြိုးစားတဲ့အခန်းတွေက တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ...မင်းသမီးလေးလည်းလှတာမို့  ခံစားကြည့်ကြပါဦးလို့....   Episodes: 16Duration: 65 ...
8.4
TMDb: 8.4/10 11 votes
tv

Two Weeks(2013)

2013
Second Husband (2021) 8.0
Second Husband (2021)  Second Husband (2021)လောင်ရတာကိုမှ နှစ်သက်တယ်ဆိုတဲ့ပရိသတ်တွေအတွက်နောက်ထပ် လောင်မြိုက်ရမယ့်စီးရီးကြီးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့ ဘုံဆွန်းဟွာဆိုတဲ့ ကောင်မလေးဟာ စိတ်ဓာတ်မာကြောပြီး စိတ်ကောင်းရှိတဲ့သူပါ ဒီလိုနဲ့ ဆွန်းဟွာက မွန်းဆန်းယော့ဆိုတဲ့ချစ်သူဖြစ်သူနဲ့ နှစ်ရှည်လများ တွဲလာရင်းကမထင်မှတ်ဘဲ ကိုယ်ဝန်ရသွားခဲ့ပါတယ်မတော်တဆရခဲ့တဲ့ ကိုယ်ဝန်ကြောင့် မိသားစုရဲ့ စွန့်ပစ်မှုကိုခံလိုက်ရတဲ့ ဆွန်းဟွာဟာ ချစ်သူဖြစ်သူရဲ့ မျက်နှာနဲ့ပဲနေမယ်လို့ဆုံးဖြတ်ခဲ့ပေမယ့် ဆန်းယော့က သူ့ကိုထားပြီးဖောက်ပြန်ခဲ့ပါတယ်ဒီလိုနဲ့ အရာရာကံဆိုးလွန်းလှတဲ့ ဆွန်းဟွာတစ်ယောက် နောက်ထပ်ကံဆိုးမှုတစ်ခုထက်ဖြစ်သွားတဲ့အခါ သူမကို ရက်ရက်စက်စက်စွန့်ပစ်သွားရစ်ခဲ့တဲ့ ဆန်းယော့ကိုလက်စားချေဖို့ ကြိုးစားပါတော့တယ်...။အပိုင်း ၁၂၀ ထိ ပါဝင်ပြီး Mon-Fri ရက်တွေမှာ ChannelMyanmar ကနေ တစ်ပတ် ၅ ပိုင်း နှုန်းနဲ့တင်ဆက်ပေးသွားမှာမို့ အားပေးကြည့်ရှူကြပါဦးနော် ။( အညွှန်းရေးသားထားသူကတော့ Amelia ပါ ) Native Title: 두번째 남편 Episodes: 120 Aired: Aug 9, 2021 - Jan 21, ...
8.0
TMDb: 8.0/10 1,201 votes
tv

Second Husband (2021)

2021
Damo ( 2003 ) 8
Damo ( 2003 ) ချယ်အို့ ဆိုတဲ့အမျိုးသမီးလေးဟာ ဂျိုဆွန်းခေတ် စစ်ဆေးရေးဌာနရဲ့ထက်မြတ်တဲ့ ဒါမိုတစ်ယောက်ပါ။ ဒါမိုတွေဟာ စစ်ဆေးရေးဌာနမှာလုပ်ကိုင်ရတဲ့အမျိုးသမီးစစ်ဆေးရေးမှူးတွေဖြစ်ပေမယ့် အဆင့်အတန်းကတော့လက်ဖက်ရည်ဆက်သရတဲ့အစေခံတွေနဲ့မခြားမနားပါပဲ။ချယ်အို့ရဲ့အထက်အရာရှိဖြစ်သူ ဟွမ်ဘိုယွန်းကတော့ ချယ်အို့ကိုငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့သူဖြစ်ပြီး မေတ္တာသက်ဝင်နေသူပါ။တိုင်းပြည်ကိုကမောက်ကမဖြစ်စေတဲ့ ဒုစရိုက်မှုတွေနဲ့ အထက်တန်းလွှာတွေရဲ့အုပ်စိုးမှုကို တော်လှန်ဖို့ကြိုးစားနေသူကတော့ ဂျောင်ဆောင်းဘဲ့ဆိုတဲ့သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ ဟွမ်ဘိုယွန်းရဲ့လက်အောက်ကနေ ဒုစရိုက်မှုတွေကို အမြစ်ပြတ်တွန်းလှန်ဖို့ကြိုးစားနေတဲ့ချယ်အို့တစ်ယောက် အမှုတွေကိုစုံစမ်းရင်းနဲ့ သူနဲ့ သူပုန်ခေါင်းဆောင်ဂျောင်ဆောင်းဘဲ့တို့အကြားဆက်နွယ်မှုတစ်ခုရှိနေတာသိလိုက်ရပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ Chae ok အဖြစ်သရုပ်ဆောင်ထားတဲ့Ha Ji Won တစ်ယောက် အနှိမ်ခံလူတန်းစားအနေနဲ့ဘယ်လိုရပ်တည်ချက်တွေနဲ့ အထက်တန်းလွှာတွေကို ဆန့်ကျင်မလဲ ?အထက်အရာရှိကိုမှ မြတ်နိုးမိနေတဲ့ သူ့အချစ်ရေးကရောကြည်နူးစရာဖြစ်လာမှာလား ကြေကွဲစရာဖြစ်လာမှာလား ?သူပုန်ခေါင်းဆောင်ဖြစ်နေတဲ့ အစ်ကိုဂျောင်ဆောင်းဘဲ့နဲ့ရောဘယ်လိုတွေ ရင်ဆိုင်သွားမလဲ ? ဆိုတာတွေကို Ha Ji wonရဲ့အမိုက်စားဓါးသိုင်းတွေနဲ့အတူ ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။တွဲဖက်သရုပ်ဆောင်တွေအနေနဲ့လည်း Yi San အဖြစ် ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ တစ်ခေတ်တစ်ခါက ပါးချိုင့်မင်းသားကြီးLee Seo Jinနဲ့ ဗီလိန်အနေနဲ့ ပရိသတ်တွေလူသိများကြတဲ့၏Jang Sung Baek တို့က ပါဝင်ထားတာမို့ ...
8
TMDb: 8/10 5 votes
tv

Damo ( 2003 )

2003
My Teenage Girl (2021)
My Teenage Girl (2021) My Teenage Girl (2021)Idol အိပ်မက်ကို အမြန်ဆုံးဖန်တီးပေးနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးဆိုတာ survival show တွေမှာပဲ ရှိတာမဟုတ်လားအားလုံးစောင့်မျှော်နေကြတဲ့ “My Teenage Girl ”ကို Channel Myanmar ကနောက်မကျစေရဘဲ တင်ဆက်ပေးချင်ပါတယ်ကိုရီးယားတင်မကဘဲ ကမ္ဘာတစ်ဝန်းက အသက် 11 မှ 23 ကြား မိန်းကလေး ပြိုင်ပွဲဝင်တွေဟာ debut နိုင်မယ့်အခွင့်အရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်သွားကြမယ့် survival show တစ်ခုပဲဖြစ်ပါတယ်Auditions အတွက် လျှောက်ထားသူပေါင်း 30000 ကျော်ထဲက မိန်းကလေး 83ယောက်ကသာ ဆန်ခါတင်ရွေးချယ်ခံခဲ့ရပြီး အသက်အရွယ်အလိုက် အုပ်စုလေးစုကာ ပထမအဆင့် အရင်ယှဉ်ပြိုင်စေမှာပါအဓိက show မှာပါဝင်ယှဉ်ပြိုင်ခွင့်ကိုတော့ အုပ်စုတစ်စုစီက မိန်းကလေး 10 ယောက်စီကသာ ရရှိမယ့် survival showပါတင်ဆက်ပေးသွားမယ့် MC ကတော့ Yoon Kyun Sang ဖြစ်ပြီး Mentors တွေအနေနဲ့- Nation's girlgroup SNSD ရဲ့ KwonYuri - ...

My Teenage Girl (2021)

2021
Love Me Actually (2019)
Love Me Actually (2019) Love me actually (2019)ချစ်ဖို့ကောင်းပြီး စွဲဆောင်မှုကိုယ်စီနဲ့ လူငယ်လေး ငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ Love me actually club. သူတို့ငါးယောက်ရဲ့ အဓိကနဲ့ တစ်ခုတည်းသောတာ၀န်က ဖြူစင်သန့်ရှင်းသော အချစ်ကို ရှာဖွေဖို့ပါ။ ဒါ့ကြောင့် ကိုရီးယားနိုင်ငံအနှံ့ လှည့်လည်သွားလာပြီး မျိုးစုံသော single lady လေးများနဲ့ တွေ့ဆုံကာ ဒိတ်ရင်းနဲ့ လင်းလက်လာမယ့် အချစ်ရဲ့ မီးပွားလေးတွေကို လိုက်ရှာကြမယ့် dating show လေးတစ်ခုပဲ ဖြစ်ပါတယ်။ ပျော်ရွှင်ရယ်မောစရာတွေ၊ ချစ်စရာအူကြောင်ကြောင်နိုင်မှုတွေ၊ ရိုမန့်တစ်နဲ့ စွဲဆောင်မှုတွေအပြည့် မြင်တွေ့ရမှာဖြစ်ပြီး ဘယ်တစ်ယောက်ကတော့ နှလုံးသားထဲက နှိုးစက်လေးကို အသံမြည်စေမလဲဆိုတာကို စောင့်စားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အဲဒီ့ငါးယောက်ကတော့ - အခု Snow Drop မှာ hot နေတဲ့ မြောက်ပိုင်းသားခွေးပေါက်လေး Kim Min Kyu - Comedian တွေထဲမှာမှ ရုပ်ဖြောင့်ဖြောင့် စွဲဆောင်မှုရှိတဲ့ Heo Kyung Hwan, - Sweet ဖြစ်တဲ့ မျက်နှာလေးနဲ့ ...

Love Me Actually (2019)

2019
The Red Sleeve (2021)
The Red Sleeve (2021) Red sleeve ကတော့ ၁၈ရာစုက အပြင်အဆင်တွေနဲ့ MBC ရဲ့ နန်းတွင်းအချစ်ဇာတ်လမ်းလေးအကြောင်းဖြစ်ပြီးတော့Red sleeve cuff ဆိုတဲ့ ဝတ္ထုလေးကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်ဒီကားလေးက main actor ဖြစ်တဲ့ 2PM အီဂျွန်ဟို ရဲ့ စစ်မှုထမ်းပြီးနောက်မှာရိုက်တဲ့ပထမဆုံးဇာတ်ကားလေးဖြစ်ပြီး အိမ်ရှေ့စံအီဆန်အနေနဲ့ သရုပ်ဆောင်ထားပါတယ်main actressဖြစ်တဲ့ အီဆယ်ယောင်းကတော့Memorist , Doctor John စတဲ့ ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့ဖူးပြီး ဒီကားထဲမှာတော့Court Lady ဆောင်းဒေါ့ဂင်မ်အဖြစ် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းကတော့ အိမ်ရှေ့စံအီဆန်က ဆောင်းဒေါ့ဂင်မ်အပေါ်မှာ မေတ္တာရှိသွားပြီး သူဘုရင်ဖြစ်လာတဲ့အချိန်မှာ မိဖုရားတင်မြှောက်ဖို့လုပ်တဲ့အခါဆောင်းဒေါ့ဂင်မ်က သူ့ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းချင်တဲ့မိန်းကလေးဖြစ်တာကြောင့်ငြင်းဆိုခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ.ထုံးစံအတိုင်း နန်းတွင်းပဋိပက္ခတွေကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုရဦးမှာဖြစ်လို့အပတ်စဉ် စနေ နှင့် တနင်္ဂနွေ နေ့တွေမှာစောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင် Drama: The Red Sleeve (English title) / The Red Sleeve ...

The Red Sleeve (2021)

2021