Channel Myanmar

Max

Suicide Squad Isekai (2024) 7.222
Suicide Squad Isekai (2024) Suicide Squad Isekai (2024) Genre – Anime, Action, Adventure IMDB – 7.3/10DC Comic ရဲ့ နာမည်ကျော် လူဆိုးကြီးများအဖွဲ့ Suicide Squad ကို Live Action တွေကာတွန်းတွေ အသီးသီးထုတ်ခဲ့ကြပြီးတဲ့နောက်ယခုအခါမှာတော့ Warnar Bros Japan ကနေSpy X Family လို Anime ကောင်းတွေကို ထုတ်လုပ်ပေးခဲ့တဲ့ Wit Studio နဲ့ ပူးပေါင်းပြီးAnime အဖြစ် ပြန်လည် အသက်သွင်းလိုက်ပါပြီ။ Anime အဖြစ် အသက်သွင်းထားရုံတင်မကပဲSuicide Squad ကို ကမ္ဘာမြေပေါ်ကသာမန်စစ်ဆင်ရေးတွေ မလုပ်ခိုင်းတော့ပဲ Anime Genre တွေထဲမှာလူသိများတဲ့ Isekai (တခြားကမ္ဘာ) ဆိုတဲ့အမျိုးအစားအဖြစ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Isekai ဆိုတာ ဘာလဲရှင်းပြရမယ်ဆိုတော့ ကမ္ဘာမြေနဲ့ မတူပဲ နဂါးတွေ ဘီလူးတွေ မှော်ပညာတွေရှေးဟောင်းတိုင်းပြည်တွေရှိတဲ့ဂိမ်းဆန်ဆန် ...
7.222
TMDb: 7.222/10 9 votes
tv

Suicide Squad Isekai (2024)

2024
Pretty Little Liars: Original Sin (2023) Season 2 7.959
Pretty Little Liars: Original Sin (2023) Season 2 Pretty Little Liars (2023 ) ======================Pretty Little Liarsဟာ ၂၀၀၆မှာ စထွက်ခဲ့တဲ့ စာအုပ်ကနေ အစပြုခဲပြီး စာအုပ်ပေါင်းများစွာနဲ့ တီဗီစီးရီးလေးခု WEBစီးရီးတစ်ခုထွက်ထားတဲ့  အောင်မြင်တဲ့ franchiseတစ်ခုပါပဲ။ 2010မှာ တီဗီစီးရီးအဖြစ် စအသက်သွင်းခဲပြီး။ ခုထိကို တစ်ခု ပြီးတစ်ခု ဆက်တိုက်ထွက်နေခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၂၀၂၂ဗားရှင်းရဲ့ ပထမတွဲမှာတော့ မေးလ်ဝုဒ်မှာနေတဲ့ ကောင်မလေးငါးယောက်နဲ့ အေလို့ခေါ်တဲ့ ကွင်းဆက်လူသတ်သမားဆိုက်ကိုကောင်ကြားက ပြဿနာတွေကိုပြသွားခဲ့သလို အဆုံးမှာ အေကိုလည်း ဖမ်းမိသွားကြတယ်။ ဒီ၂၀၂၄မှာထွက်တဲ့ ဒုတိယတွဲမှာတော့ အဲဒီနေရာကနေပဲ ပြန်စထားပါတယ်။ အေကြောင့် ထရော်မာရနေတဲ့ ကောင်မလေးငါးယောက်ဟာ အေကို စိတ်မကျန်းမာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ပဲ ပြစ်ဒဏ်ချလိုက်ရင် လွတ်လာပြီး သူတို့ကိုလာသတ်တော့မှာပဲဆိုပြီး  ပူနေကြတာပါ။ တကယ်လည်း အေကလွတ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ဖမ်းမိသွားပြီးနောက် သေဒဏ်ချမှတ်ခံခဲ့ရတယ်။ စိတ်အေးလက်အေးနဲ့ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းရတော့မယ် ထင်ခဲ့ကြပေမဲ့ အေနဲ့တစ်ပုံစံတည်းတူတဲ့ နောက်ထပ်ကွင်းဆက်လူသတ်သမားတစ်ယောက်ပေါ်လာတဲ့အချိန်မှာတော့ သူတို့တွေ ဘာတွေကိုရင်ဆိုင်ရဦးမလဲ ...
7.959
TMDb: 7.959/10 184 votes
tv

Pretty Little Liars: Original Sin (2023) Season 2

2022
The Girls on the Bus (2024) 6.6
The Girls on the Bus (2024) The Girls on the Bus (2024) ===================== IMDb Rating - 6.6/10စီးရီးနာမည်လေးက ရိုးသလိုလိုနဲ့ ခန့်မှန်းမရဘူးဟုတ်။ "The Girls on the Bus" ဆိုတော့ ဘာလားပေါ့။ ဇာတ်လမ်းလေးကလည်း ရိုး သလိုလိုနဲ့ မရိုးဘဲကြည့်ကောင်းတယ်ဗျ။ ရုတ်တရက် ပရိတ်သတ် ကြီးတို့က ဘက်စ်ကားနဲ့ခရီးထွက်ရင်း သရဲအခြောက်ခံရတဲ့ကားတို့ ဘာတို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တော့ The Girls on the Bus ဆိုတာ ဒီလို။အမေရိကန်မှာ ရွေးကောက်ပွဲနီးလာလို့ မဲဆွယ်‌စည်းရုံးရေးတွေဆင်း ကြပြီဟေ့ဆိုရင် အဲဒီကိုယ်စားလှယ်လောင်းတွေအကြောင်း သတင်း ရေးရတဲ့ သတင်းဌာနအသီးသီးက သတင်းထောက်တွေက စည်းရုံး ရေးဆင်းတဲ့နေရာတွေကို နောက်ကနေ ဘက်စ်ကားနဲ့ လိုက်ပြီး သတင်း ယူရတယ်။ ဘက်စ်ကားပေါ်မှာ သတင်းစာတိုက်အစုံရဲ့ သတင်းထောက် တွေစုံပလုံစေ့ပြွတ်သိပ်ထိုးနေတာပေါ့။ အဲ့ထဲကမှ အမျိုးသမီးသတင်း ထောက်(၄)ယောက်က "The Girls on the Bus"ရဲ့ ဇာတ်ဆောင်တွေပါပဲ။ဆေဒီက ခံစားချက်အသားပေးပြီးရေးမိလို့ နိုင်ငံရေးသတင်းထောက်အဖြစ် ကနေ နာရေးသတင်းရေးတဲ့သူပဲဖြစ်သွားပြီး သူ့နေရာပြန်ရဖို့ ဒီတစ်ခေါက်မှာ အကောင်းဆုံးလုပ်ပြဖို့လိုနေတဲ့သူ။ ဂရေ့စ်က ...
6.6
TMDb: 6.6/10 1200 votes
tv

The Girls on the Bus (2024)

2024
Tokyo Vice (2024) Season 2 7.8
Tokyo Vice (2024) Season 2 Tokyo Vice [Season 2](Season 1 ကြည့်ဖို့ လိုပါသည်)Tokyo Vice ဆိုတာကတော့ စာရေးဆရာ Jake Adelstein ရဲ့ စာအုပ်ကို ဇာတ်လမ်း ပြန်ဖန်တီးထားတဲ့ IMDb 8 တောင် ရရှိထားတဲ့ Crime/Drama စီးရီးကောင်းတစ်ခုပါ။The Fault in Our Stars, Baby Driver အစရှိတဲ့ နာမည်ကြီး ဇာတ်လမ်းတွေမှာ ပါဝင်ဖူးသူ မင်းသား Ansel Elgort က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ဂျိတ်ဆိုတဲ့ အနောက်တိုင်းသားတစ်ယောက်က ဂျပန်နိုင်ငံ တိုကျိုမြို့ကို သတင်းထောက်တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ ရောက်လာရင်းက ရာကူဇာဂိုဏ်းတွေရဲ့ နောက်ကြောင်းသတင်းတွေကို လိုက်မိရင်း ပြဿနာတွေ ရှုပ်တာမျိုးပါ။ယခု စီစန် ၂မှာတော့ စီစန် ၁ တုန်းက လိုက်စုံစမ်းခဲ့တဲ့ ရာကူဇာတသ်ယောက်ရဲ့ သတင်းကို ဖော်နိုင်ခါနီး အခြေအနေနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒါပေမဲ့လည်း သိတဲ့အတိုင်း ဒုစရိုက်သားတို့ရဲ့ သက်ဆိုးရှည်တတ်တဲ့ထုံးစံအတိုင်း ...
7.8
TMDb: 7.8/10 162 votes
tv

Tokyo Vice (2024) Season 2

2024
Bookie (2023) 7.143
Bookie (2023) Bookie (Season 1) Genre – Comedy IMDB – 7.3/10LA က လောင်းကစားဒိုင်အကြောင်း အခြေခံထားတဲ့HBO Max ထုတ် အပိုင်း ၈ ပိုင်းပါတဲ့ ဟာသစီးရီး ဖြစ်ပါတယ်။မကောင်းမှာတော့ မပူပါနဲ့ ဖန်တီးသူ ၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့Chuck Lorre ဆိုတာ Big Bang Theory တို့ Young Sheldon တို့ကိုဖန်တီးထားတဲ့သူ ဖြစ်နေလို့ပါပဲ။ ဒီ စီးရီးကို ကြည့်ရင်း ဘာကို ပြေးသတိရလည်းဆိုတော့တွတ်ပီနဲ့ ဗိုက်ကလေးလို “ဒီနေ့ ကံမကောင်းပါလား” ဆိုတာမျိုးနှစ်ယောက်သား လွဲကြတာကို ပျော်ပျော်ပါးပါး ကြည့်ရမှာ ဖြစ်ပါတယ်။ဒန်နီဆိုတာက ကလေးတစ်ယောက်ပါဆယ်နဲ့စင်ဂယ်မားသားကို ယူထားတဲ့ လောင်းကစားဒိုင်တစ်ယောက်ပါ။သူနဲ့ တွဲဖက်လုပ်နေတာတော့ အမေရိကန်ဘောလုံးကစားသမားဟောင်း ရေးလ် ဖြစ်ပြီးသူကလည်း ကလေးထောက်ပံ့ရေးကြေးတွေ ပေးရ အဖွားကိုပေးရနဲ့ လုံးချာလိုက်နေတဲ့တစ်ယောက်။ ဒန်နီက ညီမဖြစ်သူ လိုရိန်းကိုလည်း အွန်လိုင်းတာဝန်ပေးထားပေးမဲ့ တစ်ဖက်တစ်လမ်းက မှိုစိုက်ရောင်းနေတဲ့လူ။ဒီလိုနဲ့ ...
7.143
TMDb: 7.143/10 7 votes
tv

Bookie (2023)

2023
Our Flag Means Death (2023) Season 02 Complete 7.8
Our Flag Means Death (2023) Season 02 Complete Our Flag Means Death (2023) Season 02 Complete ~ IMDb - 7.8/10, Rotten Tomatoes - 93% ~ လူကြီးလူကောင်း ပင်လယ်ဓားပြကြီး ပြန်လာပါပြီ။ ဘဲနဲ့ ကွဲပြီး ဘိုင်ကျနေတဲ့ စတိဒ်ဘွန်းနက်တစ်ယောက် ပင်လယ်ဓားပြနိုင်ငံက စပိန်သူ ဂျက်ကီရဲ့ ဆိုင်မှာ စားပွဲထိုးဝင်လုပ်ရင်း ချစ်သူကို ရှာဖို့ သင်္ဘောဝယ်မယ့် အိပ်မက်ကို တည်ဆောက်နေပါတယ်။ သူချစ်ရသူ နာမည်ကျော် ပင်လယ်ဓားပြကြီး မုတ်ဆိတ်နက်ခေါ် အက်ဒ်ဝက် တိခ်ျကလည်း ဘဲနဲ့ ကွဲတော့ စိတ်ထိခိုက်ပြီး တွေ့သမျှသင်္ဘော ဓားပြလိုက်တိုက်နေပါတယ်။ ဓားပြတိုက်တာများလွန်းလို့ တိုက်လို့ရတဲ့ ပစ္စည်းတွေကိုတောင် ပစ်ချပြီး ထပ်တိုက်ဖို့ ကြံပါသေးတယ်။ အမြဲတမ်းအလုပ်ပဲလုပ်နေရတော့ အဖွဲ့သားတွေလည်း ပင်ပန်းပြီး ကပ္ပတိန်ကို ငြိုငြင်လာကြပါတယ်။ ဒါပေမဲ့လည်း ဘာမှမပြောရဲပါဘူး။ ဆရာ့ဆရာကြီးမုတ်ဆိတ်နက်ကိုးဗျ။ သူတို့အချစ်ဇာတ်လမ်းလေး ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို တွေ့ကြရမှာပါ။ နောက်ထပ် ဇာတ်ကောင်အသစ်ပါလာတာကတော့ တရုတ်ပင်လယ်ဓားပြ ဧကရီ ...
7.8
TMDb: 7.8/10 151 votes
tv

Our Flag Means Death (2023) Season 02 Complete

2023
Full Circle (2023) 6.4
Full Circle (2023) Full Circle (2023) ============= IMDb Rating - 6.4/10ဒီစီးရီးကတော့ ဇာတ်ကောင်တွေ အများကြီးနဲ့ ရှုပ်ထွေးပွေလီတဲ့ Crime and mystery စီးရီးမျိုးလို့ပဲ ဆိုရမယ်။ 'ရတယ် ရှုပ်တာမျိုးမှ ကြိုက်တာ' ဆိုတဲ့သူတွေအတွက်တော့ ကွက်စတိပါပဲ။ အချိန်လေး သာရရင် သေချာထိုင်စဉ်းစားပြီး ကြည့်ရမဲ့စီးရီးထဲ ပါတယ်ဆိုပါတော့။ကဲ ဇာတ်လမ်းကို နည်းနည်းလောက် ညွှန်းပေးရမယ်ဆိုရင်တော့ ဒီလိုက စလိုက်ကြတာပေါ့။ ဂိုင်ယန်နာက လူမိုက်ဂိုဏ်းတစ်ခုကို မစ္စမဟာဘီရာ ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က ဦးဆောင်နေတယ်။ တစ်ရက်မှာ တော့ သူ့မိသားစုဝင်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ဒီအတွက် မစ္စ မဟာဘီရာ အလိုချင်ဆုံးဖြစ်နေတာက လက်တုံ့ပြန်မှု။ လူးဝစ်နဲ့ ဇာဗီယာ ကတော့ နယူးယောက်မှာ အလုပ်လုပ်ရမယ်ဆိုလို့ ဂိုင်ယန်နာကနေ ထွက် လာကြတဲ့ ရိုးရိုးအေးအေး ကောင်လေးနှစ်ယောက်ပေါ့။ဒါပေမဲ့ သူတို့ရသွားတဲ့အလုပ်က မစ္စမဟာဘီရာရဲ့ ဂိုဏ်းအဖွဲ့ဝင်တွေအဖြစ်။ မစ္စမဟာဘီရာ လက်စားချေမဲ့ မိသားစုကတော့ စားဖိုမှူးဂျက်ဖ်လို့ နာမည် ကြီးတဲ့ ကာစီနိုနဲ့ ချမ်းသာလာတဲ့ ခရိုနီအဘိုးကြီးရဲ့ မိသားစုပါ။ ဒီအတွက် သားကောင်ဖြစ်လာတာကတော့ အဘိုးကြီးရဲ့ တစ်ဦးတည်းသောမြေးဖြစ်တဲ့ ဂျဲရတ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဖက်မှာတော့ ...
6.4
TMDb: 6.4/10 2700 votes
tv

Full Circle (2023)

2023
Love & Death (2023) Complete 8.3
Love & Death (2023) Complete Love & Death (2023) Completed Limited Series ~ IMDb - 7.8/10, Rotten Tomatoes - 60% ~  (အချို့သော အခန်းတွေက အနည်းငယ်ကြမ်းလို့ မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါဘူး)  ကြက်‌သွေးရောင်စုန်းမ တဖြစ်လဲ ဝန်ဒါ ဆိုတဲ့ အဗန်ဂျာဇာတ်ကောင်အနေနဲ့ လူသိများကြတဲ့ မင်းသမီး အဲလိဇဘက်အိုဆန်ရဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီစီးရီးဟာ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ဒရာမာပြန်ခင်း ရိုက်ထားတာပဲဖြစ်ပါတယ်။ ၁၉၈၀ တုန်းက လူတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက်သတ်လိုက်တဲ့ နာမည်ကျော်မှုခင်းအကြောင်းကို အခြေခံထားတာပါ။ ပုဆိန်နဲ့ အချက်ပေါင်း ၄၁ ချက်တိတိ ခုတ်သတ်ခဲ့‌လို့ ပုဆိန်လူသတ်သမ ဆိုပြီးတော့တောင် အမေရိကန်ရဲ့မှုခင်းသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ Candy Montgomery ရဲ့အကြောင်းပေါ့။ ကန်ဒီ့မှာ ပတ်ဆိုတဲ့ ရိုးရိုးအေးအေးယောကျ်ားတစ်ယောက်ရှိပြီ ကလေးတွေနဲ့အတူ အိမ်ထောင်ရေးကို ပျင်းရိစရာ ဖြတ်သန်းနေပါတယ်။ အဲဒီမြို့လေးမှာ သူ့လိုပဲ ပျင်းရိစရာ ...
8.3
TMDb: 8.3/10 7 votes
tv

Love & Death (2023) Complete

2023