Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
ITV1
5.7
Tom Jones (2023)
Season 1 Ep 1 to 4 [ စ / ဆုံး ] အင်္ဂလန်ပြည်ရဲ့ classic regency era ကို ဖော်ကြူးရိုက်ကူးထားတဲ့အပိုင်းလေးပိုင်းပါ မီနီစီးရီးလေး တစ်ခုနဲ့ cm ပရိတ်သတ်ကြီးကိုမိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းတွဲမှာဆိုရင် အိမ်ဖော်မလေးတစ်ယောက် အဖေမပေါ်ဘဲမွေးလာတဲ့ ကောင်လေးတစ်ယောက်ကို အမျိုးကောင်းသားတစ်ယောက်အိမ်မှာ သွားပြီးစွန့်ပစ်ခဲ့ပါတယ်။ဒီအမျိုးကောင်းသားဟာ ကလေးကို အဖေရင်းတစ်ယောက်လိုမျိုးအရွယ်ရောက်လာတဲ့အထိ ကြီးပြင်းလာအောင် ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။ဒီလိုနဲ့ ကြီးပြင်းလာခဲ့တဲ့ တွမ်ဂျုံးစ်ဆိုတဲ့ ကောင်လေးဟာ စိတ်ကောင်းနှလုံးကောင်းရှိပြီး ပျော်ပျော်နေတတ်တဲ့ လူချောလေးပါ။တစ်နေ့မှာ သူခင်မင်တဲ့ အမဲလိုက်မုဆိုးကို ကူညီဖို့ ကြိုးစားရင်းနဲ့ငယ်စဉ်က ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းမလေး လေဒီဆိုဖာယာနဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာက ဘယ်လောက်ထိအစမ်းသပ်ခံနိုင်မလဲ။ ချမ်းသာကြွယ်ဝတဲ့ ဆိုဖာယာနဲ့တရားမဝင်ကလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့တဲ့ တွမ်ဂျုံးစ်တို့ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ တွေ့ကြုံရမလဲဆိုတာ...။ File Size – 638 MB / 478 MBQuality –WEB-DL 1080p , ...
5.7
TMDb:
5.7/10
6 votes
tv
Tom Jones (2023)
2023
7.667
Professor T (2021)
လူသတ်၊ အမှုလိုက် စုံထောက်ကားတွေကိုမှ ကြိုက်နှစ်သက်လှပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် အံကိုက်ဖြစ်စေမယ့် Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Johnny English, The Armstrong and Miller, Bridgerton, Paddington အစရှိတဲ့ နာမည်ကြီး စီးရီးတွေ ရုပ်ရှင်တွေမှာ အမြဲတမ်း ပါဝင်တတ်ပြီး ထူးခြားလှတဲ့သရုပ်ဆောင်ချက်နဲ့ လူသိများကျော်ကြားတဲ့ Ben Millerက ပါမောက္ခ တန်းပစ်စ်အနေနဲ့ ဦးဆောင်ပါဝင်ထားပါတယ်။ ထို့အပြင် Emma Naomi, Frances de la Tour, Juliet Aubrey, Barney Whiteတို့ကလည်း အဓိကကျတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Episodeတစ်ပိုင်းချင်းစီမှာ မတူညီတဲ့ လူသတ်ပုံတွေ၊ ထူးခြားလှတဲ့ လူသတ်မှု ဖြေရှင်းပုံတွေကို တစ်ဝကြီး ကြည့်ရှု့ရမှာဖြစ်လို့ အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် ratingကလည်း 7.3တောင် ရထားတာဆိုတော့ အပြောတင်မဟုတ် လက်တွေ့မှာပါ အကြိုက်တွေ့ခံထားရတဲ့ ...
7.667
TMDb:
7.667/10
36 votes
tv
Professor T (2021)
2021
8.237
Mind Your Language (1977)
Mind your Language ဆိုတဲ့ British Sitcom လေးဟာ ကမ္ဘာပေါ်မှာ နာမည်ကောင်းနဲ့ရော၊ နာမည်ဆိုးနဲ့ရော ကျော်ကြားပါတယ်။ ဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ခေတ်ကာလအခြေအနေက နိုင်ငံရေး လူမျိုးရေး ဘာသာရေးဟာသတွေ ခေတ်စားတဲ့အချိန်လို့ပြောရမလား။ အဲဒီလိုဟာသတွေ ပြောတတ်ရင်ကို ပညာတတ် လူချစ်လူခင်များသူလို့သက်မှတ်တဲ့ခေတ်မှာ ဒီဟာသစီးရီးထဲ ဒီလိုမျိုးတွေ အပြွတ်လိုက်ပါတာ မဆန်းဘူးပြောရမှာပါပဲ။တံခါးပိတ်စနစ် ကျင့်သုံးလုနီးပါးဖြစ်နေတဲ့ တရုတ်နိုင်ငံအပေါ်မှာ ဗြိတိန်သားတို့ အမြင်မကြည်ဘူးထင်ပါရဲ့။ သာတူညီမျှကောင်းစားရေး အရေခြုံကွန်မြူနစ်စနစ်နဲ့ ဒီမိုကရေစီအရေခြုံအရင်းရှင်ဝါဒတို့ အားပြိုင်မှုကိုလည်း တွေ့နိုင်ပါလေရဲ့။ စက်မှုတစ်ခေတ်မှာ ထွန်းတောက်လာတဲ့ ဂျပန်နိုင်ငံကိုတော့ တလေးတစားနေရာပေးထားတာကို ဘက်လိုက်မှုတစ်ခုအနေနဲ့ တွေ့ရပါတယ်။ အီတလီ နဲ့ ပြင်သစ်တို့ကို ထူးထူးကဲကဲ လှောင်ပြောင်မထားပေမဲ့ တဏှာပေမကြီးတဲ့သူတွေအဖြစ် ပုံဖော်ထားခြင်းကလည်း အီတလီ နဲ့ ပြင်သစ်တို့ အဲဒီခေတ်က လူကြီးကြိုက်ကားတွေ အားကောင်းမှုကို မီးမောင်းထိုးပြလိုက်သလိုပေါ့။ အိန္ဒိယ စပိန် ဂျာမန် တို့ကိုတော့ ဗြိတိန်သားတွေ ချမ်းသာပေးထားလေရဲ့။ဘာသာရေးအပိုင်းမှာတော့ ...
8.237
TMDb:
8.237/10
57 votes
tv
Mind Your Language (1977)
1977
6.8
After the Flood (2024)
After the flood (2024)IMDb – 6.3Rt – 64%Peaky Blinders စီးရီးမှာ အေဒါ သွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Sophie Rundle ရဲ့ အသစ်ထွက် စုံထောက်စီးရီးအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ မှုခင်းစီးရီးတွေသဘောကျတဲ့လူတွေအကြိုက်တွေ့စေမဲ့ စီးရီးတစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျို မာရှယ် (Sophie Rundle) ကတော့ စုံထောက်သင်တန်းသူဖြစ်ပြီး လက်ရှိမှာတော့ ယော့ရှိုင်းယားက ဝါးတားဆိုက်မြို့မှာ ရဲအရာရှိအနေနဲ့ တာဝန်ထမ်းဆောင်နေတာပါ။တစ်နေ့မှာ မိုးအကြီးအကျယ်ရွာတာကြောင့် ရေကြီးပြီးတော့ မြို့တွင်းက လူတွေအကုန် နေရာရွေ့ပြောင်းလိုက်ရပါတယ်။ ရေကျသွားချိန်မှာတော့ ကားပါကင်တစ်ခုရဲ့ ဓာတ်လှေကားမှာ အမျိုးသားအလောင်းတစ်လောင်းတွေလို့အကြောင်းကြားလာတာနဲ့ ဂျိုက အရင်သွားစစ်ဆေးပေမဲ့လည်း အမည်မသိအလောင်းဖြစ်နေပါတယ်။ ရေကြီးနေတဲ့အချိန် ဓာတ်လှေကားထဲကမထွက်နိုင်ပဲ ရေနစ်သေတာလို့ အစောပိုင်းမှာယူဆထားကြပေမဲ့ ရင်ခွဲစစ်ဆေးအပြီးမှာတော့ ရေမကြီးခင်နှစ်ရက်အလိုကတည်းက အသတ်ခံထားရတဲ့အလောင်းဖြစ်နေတဲ့အခါမှာ ဂျို မာရှယ်တစ်ယောက် တစ်ကိုယ်ထဲစုံစမ်းရင်း နောက်ကွယ်က အရှုပ်တော်ပုံတွေနဲ့ တွေ့ဆုံဖြေရှင်းရတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါဗျ။File size… 720 MB Quality… WEB DL 1080p Format… mp4 Duration…. 47m Genre ..... Thriller Subtitle…. ...
6.8
TMDb:
6.8/10
12 votes
tv
After the Flood (2024)
2024
6.5
Maryland (2023)
Maryland (2023)IMDb rating - 6.6အခုတစ်ခေါက် CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာက... အပိုင်း ၃ ပိုင်းပဲရှိတဲ့ mini series လေး ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ အရှည်ကြီးကြည့်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့သူတွေအတွက် ကြည့်လို့အဆင်ပြေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျစ်ကျစ်လျစ်လျစ်နဲ့ အဓိကဇာတ်ကြောင်းကို ထိမိဂွိအောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အညွှန်းကတော့...ရိုဆလင်းနဲ့ ဘက်ကာဆိုတဲ့ ညီအစ်မနှစ်ယောက်ရဲ့အမေ မယ်ရီက Isle of Man ဆိုတဲ့ ကျွန်းမှာ ရုတ်တရက်သေဆုံးသွားပါတယ်။ ခရီးထွက်သွားတယ်ဆိုတဲ့ အမေဖြစ်သူက ဒီကျွန်းကို ဘာလို့ရောက်နေရတာလဲ၊ ဘယ်လိုသေသွားတာလဲ စသဖြင့် ပဟေဠိတွေပေါ်လာပါတယ်။ဒါကြောင့် စိတ်မကောင်းစရာဖြစ်ရပ်နဲ့အတူပဲ၊ ဝေးကွာနေတဲ့ ရို့စ်နဲ့ဘက်တို့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းကြပါတယ်။ ဆိုတော့ ညီအစ်မနှစ်ယောက်ကြား ဘာတွေဖြစ်ကြဦးမလဲ၊ သူတို့အမေနဲ့ပတ်သတ်တဲ့ပဟေဠိတွေကို ဘယ်လိုအဖြေရှာကြမလဲ၊ ဘာတွေသိလာရဦးမလဲ ဆိုတာ ကြည့်ရှုရမှာပါ။မိသားစုတိုင်းမှာ ညီအစ်မနှစ်ယောက်ယှဉ်လာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခလေးတွေကို သဘာဝကျကျပုံဖော်ထားပါတယ်။ သူတို့နှစ်ယောက် ပြန်ပြေလည်အောင် ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းစုံနဲ့ ကြည့်ရှုကြရမှာပါ။ ရိုဆလင်းအဖြစ် မင်းသမီး Eve Best နဲ့ ဘက်ကာအဖြစ် မင်းသမီး Suranne ...
6.5
TMDb:
6.5/10
10 votes
tv
Maryland (2023)
2023
7.8
Red Eye (2024)
ဒီစီးရီးလေးကတော့ ၂၀၂၄ မှာ ပူပူနွေးနွေးထွက်ရှိလာတဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်ကလက်သည်ကို စိတ်ဝင်စားစွာ အဖြေရှာရမယ့် ဗြိတိန် Thriller စီးရီးလေးဖြစ်ပါတယ်။ဒေါက်တာမက်သရူးနိုလန်ဟာ အရည်အချင်းရှိတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ သူဟာ အလုပ်ခရီးပြီးလို့ တရုတ်နိုင်ငံ ပေကျင်းမြို့ကနေ လန်ဒန်ကို ပြန်လာတဲ့အခါမှာ ပေကျင်းမြို့က ကောင်မလေးတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဆိုင်းမဆင့်ဗုံမဆင့် လေဆိပ်မှာတင် ဖမ်းခံလိုက်ရပြီး ဗြိတိန်အစိုးရက သူ့ကို လူသတ်တရားခံအနေနဲ့ တရားရင်ဆိုင်ခိုင်းဖို့ တရုတ်အစိုးရလက်ထဲကို အပ်လိုက်တဲ့အတွက် တရုတ်ကို သွားမယ့်လေယာဉ်ပေါ်မှာ သူ့ကိုစောင့်ကြည့်ဖို့ တာဝန်ကျတဲ့ စုံထောက်ဖြစ်သူ ဟန်နာနဲ့အတူ ပြန်ပါလာခဲ့ပါတယ်။ဒီလိုနဲ့ လန်ဒန်ကနေ ပေကျင်းကို သွားမယ့် လေယာဉ်ပေါ်မှာ ဒေါက်တာမက်သရူးကို လုပ်ကြံနှုတ်ပိတ်ဖို ကြိုးစားလာတဲ့အခါမှာ နောက်ကွယ်မှာ တကယ့်လက်သည်က တခြားလူဖြစ်နေမလား၊ ဘာလို့ သာမန်ဒေါက်တာ မက်သရူးက ဒီလိုရှုပ်ထွေးတဲ့ကိစ္စမှာ ဘယ်လိုကြားညှပ်ပါလာတာလဲ၊ ဒီလူသတ်မှုအပြင် ပိုကြီးမားတဲ့ကိစ္စများရှိနေမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အဖြေရှာရမယ့် စီရီးကောင်းလေးဖြစ်ပါတယ်။ File size…(772 MB)/(372 ...
7.8
TMDb:
7.8/10
8 votes
tv
Red Eye (2024)
2024
10
The Long Shadow (2023)
The Long Shadow (2023)IMDb- 8.1/10ဇာတ်လမ်းအညွှန်းလူသတ်သမား ဘယ်သူလဲ…၁၉၇၅ နဲ့ ၁၉၈၀ ခုနှစ်အတွင်းမှာ အင်္ဂလန် Yorkshire ပြည်နယ်တစ်ခွင်နဲ့Manchester မြို့မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေ ရှိခဲ့ပါတယ်။ကွင်းဆက်လူသတ်သမားရဲ့ အဓိကပစ်မှတ်ဟာ ပြည့်တန်ဆာအမျိုးသမီးတွေပါ။စုံထောက်တွေ ရဲတွေက လူသတ်သမားကို သဲကြီးမဲကြီးလိုက်ရှာခဲ့ပေမယ့်ကွင်းဆက်လူသတ်သမားဟာ ၅နှစ်နီးပါးအထိလွှတ်မြောက်နေခဲ့ပါတယ်၊ ပြစ်မှုတွေဆက်တိုက် ကျူးလွန်နေခဲ့ပါတယ်။၅နှစ်အတွင်း ပြစ်မှုပေါင်းများစွာပေါ်ပေါက်ခဲ့တဲ့ ဒီကွင်းဆက်မှာအသတ်ခံရသူ အမျိုးသမီး ၁၃ဦးအထိ ရှိခဲ့ပြီးတော့အသက်ရှင်လွတ်မြောက်သူတွေလည်း အများကြီးရှိခဲ့ပါတယ်။နောက်ဆုံးတော့ လူသတ်သမားကို ဖမ်းမိခဲ့ကြပါတယ်။လူသတ်သမားဟာ Peter Sutcliffe…။၁၈၈၈ ခုနှစ် လန်ဒန်က အမည်မဖော်နိုင်ခဲ့တဲ့ကွင်းဆက်လူသမား Jack the ripper လိုမျိုးအခုပြောပြနေတဲ့ ကွင်းဆက်လူသတ်သမားကိုခေါ်တဲ့အမည်က Yorkshire Ripper…။အင်္ဂလန်နိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီးYorkshire Ripper ဆိုတဲ့အသံကြားတာနဲ့Yorkshire ပြည်နယ်သားတွေရဲ့စိတ်ထဲမှာမုန်းတီးရွံရှာမှုတွေ၊ စက်စုပ်မှုတွေ၊ ကြောက်ရွံမှုတွေ ခံစားနေကြရဦးမလား။ အခု The Long Shadow ဇာတ်လမ်းကဒီဖြစ်ရပ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ပြစ်မှုတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်နေတဲ့အချိန်မှာလူသတ်သမားကိုဖမ်းမိဖို့အတွက် ရဲတွေစုံထောက်တွေဘယ်လိုကြိုးစားနေကြမလဲ၊ ဘယ်လိုကြောင့်ကွင်းဆက်လူသတ်သမားကို ...
10
TMDb:
10/10
3 votes
tv
The Long Shadow (2023)
2023
6.583
Karen Pirie (2022)
Karen Pirie (2022) ==============Crime, Drama ဇာတ်လမ်းကောင်း ကြိုက်တဲ့သူတွေအတွက် Rotten Tomatoes 91%, IMDb 7.6/10 ရရှိထားတဲ့ စုံထောက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခု Season 1 မှာတော့ အပိုင်း ၃ပိုင်း တည်း ပါဝင်တာမို့ အပိုင်းအများကြီး ကြည့်ရမှာ ပျင်းတဲ့သူတွေအတွက်လည်း အဆင်ပြေမှာပါ။ ဇာတ်အိမ်ခိုင်မာပြီး ကြည့်နေကြ Hollywood production တွေက မဟုတ်ဘဲ UK ကမို့လို့ မတူညီတဲ့ရသကို ခံစားနိုင်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကယ်ရန်ပီရီဟာ ရာဇဝတ်မှုဌာနသို့ ရာထူး တိုးရင်းနဲ့ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က တရားခံ မပေါ်ခဲ့တဲ့ လူသတ်မှုဟောင်း တစ်ခုကို ပြန်လည်စုံစမ်းဖို့ရာ ဖြစ်လာပါတယ်။ အဆိုပါအမှုကတော့ ရိုစီ ဒက်ဖ်ဆိုတဲ့ မိန်းကလေး အသတ်ခံရမှုပါ။ ရိုစီအသတ်ခံရတဲ့ညမှာ အဲလက်စ်၊ တွမ်နဲ့ ဇစ်ကီဆိုတဲ့ ကျောင်းသားလေး သုံးယောက်ဟာ ဒဏ်ရာတွေနဲ့ လဲ နေတဲ့ ရိုစီ့ကို တွေ့ခဲ့ပြီး ရဲတွေကိုအကူအညီတောင်းခဲ့ပါတယ်။ မျက်မြင် သက်သေ သုံးယောက်ကို ရဲတွေက ခေါ်ယူမေးမြန်းခဲ့ပြီး ...
6.583
TMDb:
6.583/10
29 votes
tv
Karen Pirie (2022)
2022
7.3
The Ipcress File (2022) Complete
The Ipcress File (2022) ~ IMDb - 7.3/10, Rotten Tomatoes - 96% ~ ဒါကတော့ ၁၉၆၂ တုန်းကထွက်ရှိခဲ့တဲ့ နာမည်တူ စပိုင်ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ စီးရီးတစ်ခုပါ။ ၁၉၆၅ မှာလည်း မင်းသားကြီး Michael Caine ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားထွက်ထားပါသေးတယ်။ ခုဟာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 96% ရထားတာဖြစ်တဲ့အတွက် တန်းတစ်ခုဝင်တဲ့ ဇာတ်လမ်းတွဲလို့ပြောရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုတော့ အင်္ဂလန်ကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဗြိတိသျှ သိပ္ပံပညာရှင်တစ်ယောက်ကို တစ်ချိန်ကမှောင်ခိုသမားဘဝကနေ စပိုင်တစ်ယောက်ဖြစ်လာတဲ့ ဟယ်ရီပါလ်မာကနေ လိုက်ပြီးရှာဖွေရာကနေ အစပြုထားပါတယ်။ ဟယ်ရီဟာ ဘာလင်မှာရှိတဲ့ သူ့ရဲ့အဆက်အသွယ်ကိုသုံးပြီး သိပ္ပံပညာရှင်ကြီးကို ကယ်ပေးမှ လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီးတော့ အကြပ်ကိုင်ခံထားရတာပေါ့။ ဘာမှမသိတဲ့ ဟယ်ရီတစ်ယောက်ဟာ ရတဲ့အခွင့်အရေးကိုယူပြီး ရန်သူ့နယ်မြေထဲသွားခဲ့ရပါတယ်။ စစ်ဆင်ရေးကိုထမ်းဆောင်နေရင်း မတော်တဆမှုတစ်ခုနဲ့ ...
7.3
TMDb:
7.3/10
40 votes
tv
The Ipcress File (2022) Complete
2022