Channel Myanmar

iQiyi

Story of Kunning Palace ( 2023 )
Story of Kunning Palace ( 2023 ) ဒီလကတော့ ပိုင်လုကားနှစ်ကားတောင် ကြည့်ရတာမို့ ပိုင်လုဖန်တွေအတွက် အဖိုးတန်လလေးပါပဲ ဒီတစ်ခါပြသမဲ့ကားလေးကတော့ ရည်မှန်းချက်ကြီးတဲ့ဘုရင်မတစ်ယောက် ဘုရင်နဲ့အတူတူမြေမြုပ်ခံရပြီးမှ တဖန်ပြန်နိုးထလာပြီး ကံကြမ္မာကိုပြန်ပြောင်းလဲမဲ့အကြောင်းကို ရိုက်ကူးထားတာပါနန်းကျဘုရင်မ ကျန်းရွှယ်နင် ရည်မှန်းချက်ကြီးပြီး အမြင့်ဆုံးအာဏာရာထူးတွေကို မက်မောတဲ့ဘုရင်မ ကျန်းရွှယ်နင်တစ်ယောက် တိုင်းပြည်တိုက်ခိုက်ခံရပြီး ဘုရင်ပါအဆိပ်ခတ်ခံလိုက်ရချိန်မှာ သူပါဓားစာခံအနေနဲ့ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတော့တယ်သူ့တစ်ဘဝလုံး ဘေးနားကလူတွေကိုအသုံးချပြီး အာဏာရအောင်ကြိုးစားခဲ့ပေမဲ့ အဆုံးမှာတော့ တစ်မြို့လုံးလည်း သတ်ဖြတ်ခံရ သူလည်းဘုရင်နဲ့အတူမြေမြှုပ်ခံရပြီး ဘဝအဆုံးသတ်ခဲ့ရပါတယ် သူ့ဘဝကို ဒီလိုဖြစ်အောင် ကျူးကျော်သတ်ဖြတ်ခဲ့သူကတော့ ရှဲ့ဝေးပါဒါပေမဲ့ သူ့ကံကြမ္မာကိုပြန်ပြင််ဆင်ဖို့ ဒုတိယအခွင့်အရေးရခဲဲ့ပါတယ် သို့သော်လည်း သူနောက်တစ်ကြိမ်ပြန်နိုးထချိန်မှာတော့ ကိစ္စအားလုံးကို သူရှုပ်ထွေးအောင် လုပ်ပြီးနေပါပြီ နန်းတော်ထဲမဝင်ဖို့ သစ္စာဆိုထားပေမဲ့ သူအမုန်းဆုံးရှဲ့ဝေးနဲ့နန်းတော်ဆီ မ​ဖြစ်မနေ ပြန်ပက်သက်ရမဲ့ကိစ္စတွေ ဖြစ်ပါ်လာချိန်မှာတော့.... သူဘယ်လိုဖြေရှင်းမလဲ?အရင်ဘဝကလိုမဖြစ်အောင် ဘယ်လိုရှောင်မလဲ? အမုန်းဆုံးလူနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတာ ဇာတ်ကားထဲသာ စောင့်ကြည့်လိုက်ကြပါ===========================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : mp4 Genres : Romance , Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...

Story of Kunning Palace ( 2023 )

2023
Venus in the Sky (2023)
Venus in the Sky (2023) Venus in the Sky / ကောင်းကင်ယံ ရဲ့ သောကြာကြယ် (2023)အလုပ်ကထွက်ပြီး မွေးရပ်မြေကို ပြန်သွားခဲ့တဲ့ ဗီးနပ်စ်ဟာ သူ့အစ်ကိုရဲ့ ကုန်စုံဆိုင်လေးမှာ ပစ္စည်းပို့အလုပ်ကိုကူညီပေးရင်း အေးအေးဆေးဆေး အနားယူနေခဲ့ပါတယ်။တစ်နေ့မှာတော့ သူအစ်ကိုရဲ့ဆိုင်ကို ရောက်ရှိလာတဲ့ ဖောက်သည်အသစ်လေးဟာ ဗီးနပ်စ်ရဲ့ ချစ်သူဟောင်း ဆရာဝန်လေးစကိုင်းဖြစ်နေတဲ့အခါ…….လွန်ခဲ့တဲ့သုံးနှစ်ကလမ်းခွဲခဲ့ကြတဲ့ ဗီးနပ်စ်နဲ့ စကိုင်းတို့ ပြန်ဆုံတွေ့မှုအပေါ် ခံစားချက်တွေကို မထိန်းချုပ်နိုင်ကြတော့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးအညွှန်းကိုတော့ Khaing က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Kaung, Khaing, Kim, Moh တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kaung, Khaing, Kim, Moh Encoder ..... Aaron720pEpisode 01 - Userdrive ...

Venus in the Sky (2023)

2023
Bon Appetit (2023) [Complete] 9
Bon Appetit (2023) [Complete] Bon Appetit (2023)******************အပိုင်း (၁ မှ ၈) စ/ဆုံး BL Fanတွေအတွက် ဟိုးတလောကမှ ထွက်ထားတဲ့ ရင်တဒိတ်ဒိတ်ခုန်စေမယ့်ကိုးရီးယား BL ဇာတ်ကားလေး တင်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအညွှန်းတစ်နေ့ကို ထမင်းတစ်နပ် ဖြစ်သလိုပဲစားလေ့ရှိတဲ့ ဒိုဟွန်း(Yoo JeongHoon)ရဲ့ဘေးအိမ်ကို  ဟင်းချက်တော်တဲ့ ထူးဆန်းတဲ့ကောင်ငယ်လေး ယွန်းဆူ(Lee KiTaek)ကအိမ်ပြောင်းလာပါတော့တယ်။အဲဒီလိုနဲ့ မထင်မှတ်ဘဲ ညနေဘက်တိုင်း နှစ်ယောက်အတူ ညစာစားဖြစ်လာကြတဲ့အခါမှာတော့တဖြည်းဖြည်း ဘယ်လိုနီးစပ်လာပြီး ချစ်မိသွားကြမလဲဆိုတာကို စောင်ကိုက်ရင်းကြည့်ရှုရမယ့် ရိုမန့်စ်ဒရာမာလေး ဖြစ်ပါတယ်။Bon Appetit ဆိုတာက ပြင်သစ်ဘာသာစကားအနေနဲ့ "အရသာရှိရှိသုံးဆောင်ပါ"ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာမလို့အရောင်အသွေးစုံလင်တဲ့ ဟင်းလျာတွေနဲ့အတူ ရင်ခုန်စရာ ရိုမန့်စ်လှလှလေးတွေကိုမြင်တွေ့ရမှာမလို့သွားရည်ကျရင်း ကြည့်လိုက်ကြရအောင်နော်။ Aired: Sep 27, 2023 Aired On: Wednesday Genres: Food, Romance Duration: 30 mins Episodes: 8 Original Network: iQIYI Translated by Hsu Pyae, Hay Thar Oo, Stary & Miri Encoded ...
9
TMDb: 9/10 3 votes
tv

Bon Appetit (2023) [Complete]

2023
Romance on the Farm ( 2023 )
Romance on the Farm ( 2023 ) ဒီဇာတ်ကားလေးကတော့ တရုတ်ရှေးခေတ်ကားတွေထဲမှာ တစ်ခါမှတွေ့ဖူးနေကျပုံစံမဟုတ်တဲ့ Costume comedy drama လေးပဲဖြစ်ပါတယ် ။ ခေါင်းဆောင်မင်းသား မင်းသမီးတွေအနေနဲ့ မင်းသားJoseph Zhang နဲ့ မင်းသမီး Tian Xi wei တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။လျန်မန့်အာလို့ခေါ်တဲ့ မျက်မောက်ခေတ်က မိန်းကလေးဟာ ထူးဆန်းတဲ့ system တစ်ခုနဲ့ကြုံတွေ့ပြီး ရှေးခေတ်ကိုအပို့ခံလိုက်ရပါတယ် ။ သူမအပို့ခံလိုက်ရတဲ့နေရာက လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့မိသားစုတစ်စုဖြစ်ပြီး ရောက်ရောက်ချင်းမကြာသေးခင်မှာပဲ လျှို့ဝှက်ဆန်းကြယ်ပြီး သရုပ်မှန်ကိုမသိနိုင်တဲ့ ရှန်နော့နဲ့ တွေ့ဆုံပါတော့တယ် ။မန့်အာတစ်ယောက် system ရဲ့ညွှန်ကြားချက်တွေကိုဖြေရှင်းရင်း ရှန်နော့နဲ့အတူ လယ်ယာထဲကဆွေမျိုးတွေရဲ့ ဒုက္ခကိုပါအတူဖြေရှင်းရပါတော့တယ် ။ နှစ်ယောက်သားက ပိုက်ဆံရှာဖို့အတွက် စီးပွားရေးအတူလုပ်ကြရင်း ခံစားချက်တွေ နက်ရှိုင်းသည်ထက်နက်ရှိုင်းလာခဲ့ပါတယ် ။မင်းသားမင်းသမီးနှစ်‌‌ေယာက်က လယ်တောထဲမှာ ဆွေမျိုးတစ်သိုက်နဲ့အတူ ခွေးတွေ ကြက်တွေနဲ့ ဟာသပုံစံလေးရိုက်ကူးထားတဲ့ စိတ်အပန်းဖြေစရာ relax drama လေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်အိမ်လည်းကောင်းပြီး စိတ်အပန်း‌လည်းဖြေချင်တယ်ဆိုရင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေရှင့် ။=============================Quality : WEB-DL 1080p , 720p Total Episodes : 26 Format : mp4 Genres : ...

Romance on the Farm ( 2023 )

2023
Naughty Babe (2023) 7
Naughty Babe (2023) Naughty Babe / ကလေးအဆိုးလေး(2023)(အညွှန်း) ======================Cutie Pie series ထဲက side couple အတွဲလေးကို main lead တွေအဖြစ်တွေ့မြင်ရမယ့် “ဘေဘီအဆိုးလေး” ရပါပြီ။Hia Yi နဲ့ Thacha တို့ဟာ နှစ်ဦးနှစ်ဖက်အကျိုးပြုစီးပွါးရေးသဘောအရ အချင်းချင်းစေ့စပ်ထားကြတဲ့ လူအများကအားကျရတဲ့စုံတွဲလေးပါ။ စီးပွါးရေးသဘောအရဆိုပေမယ့်လည်း အစပိုင်းမှာတော့နှစ်ဦးရဲ့ဆက်ဆံရေးက ရိုမန့်စ်ဝတ္ထုတစ်ပုဒ်ရဲ့အဆုံးသတ်လို လှပနေပါသေးတယ် .. စေ့စပ်ပွဲနေ့ .. Thacha တစ်ယောက် Hia Yi တို့အိမ်မှာပြောင်းနေတဲ့အချိန် တစ်ယောက်တည်းထားခဲ့ခံရတဲ့အချိန်အထိပေါ့။ အဲဒီနေ့ကနေစပြီး တဖြည်းဖြည်းမင်္ဂလာပွဲနီးကပ်လာတဲ့အချိန်အထိ အရာရာကို Thacha တစ်ယောက်တည်းလုပ်ပြီး နေ့ရက်တိုင်းကို အထီးကျန်ဆန်စွာနဲ့ဖြတ်သန်းလာခဲ့ရတော့တယ်။ ဒီလိုအပြောင်းအလဲကြားမှာတဖြည်းဖြည်းမွန်းကြပ်လာတဲ့အခါ .. စိတ်ဖိစီးမှုဒဏ်ကို သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ Thacha ဟာ သူသိပ်ချစ်ရတဲ့ Hia Yi နဲ့ မင်္ဂလာပွဲကိုကျောခိုင်းပြီး ဆွစ်ဇာလန်ကိုထွက်သွားရာကနေ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမှာလဲ .. Hia Yi ကရော ဘာလို့ပြောင်းလဲသွားရတာလဲ .. နှစ်ယောက်သားရဲ့ဆက်ဆံရေးကရော အရင်လိုပြန်ပြေလည်နိုင်ဦးမလားဆိုတာကို အပတ်စဉ်စနေနေ့တိုင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii ...
7
TMDb: 7/10 1 votes
tv

Naughty Babe (2023)

2023
The Bionic Life ( 2023 )
The Bionic Life ( 2023 ) ဒီတစ်ခါမှာတော့ Song Wei Long နဲ့ Vicky Chen တို့ပါဝင်ထားတဲ့ Sci-Fi, Thriller ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။နည်းပညာတိုးတက်လာနဲ့အမျှ လူသားနဲ့အနီးစပ်ဆုံးတူတဲ့ စက်ရုပ်တွေကိုဖန်တီးထုတ်လုပ်နိုင်လာကြပါတယ်။ "လူတစ်ပိုင်း" လို့အမည်ပေးထားတဲ့ ဒီစက်ရုပ်တွေဟာ လူသားတွေထက်ပိုပြီးအစွမ်းထက်လာကြပါတယ်။ သူတို့ကိုကနဦးထည့်သွင်းထားတဲ့ပရိုဂရမ်အပေါ်မူတည်ပြီး အလုပ်လုပ်တာကြောင့် သူတို့ဟာသစ္စာရှိတဲ့ဝန်ထမ်းကောင်း၊ လိမ္မာတဲ့သားသမီး စသဖြင့် လူသားတွေရဲ့စိတ်ဖြေရာအ​ဖြစ် ကမ္ဘာတစ်ဝှမ်းကျယ်ပြန့်စွာသုံးစွဲလာကြပါတယ်။အကျိုးအပြစ်ဒွန်တွဲနေတယ်ဆိုသလိုပဲ လူတစ်ပိုင်းတွေဟာလူသားတွေရဲ့ အန္တရာယ်အ​ဖြစ်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတဲ့အခါ နိုင်ငံတကာစုဝေးပြီး လူတစ်ပိုင်းတွေကိုထုတ်လုပ်ဖြန့်ဖြူးမှုကိုရပ်တန့်ဖို့၊ ပျံ့နှံ့နေတဲ့လူတစ်ပိုင်းတွေကိုပြန်လည်ခေါ်ဆောင်ထိန်းချုပ်ဖို့ လုပ်ဆောင်ပါတော့တယ်။ ထိန်းချုပ်ဖို့ဌာနတစ်ခုကိုလည်းဖွဲ့စည်းခဲ့ကြပါတယ်။ဒါပေမဲ့လဲလူသားနဲ့လူတစ်ပိုင်းတွေကိုခွဲခြားဖို့ကအလွန်ခက်ခဲတာကြောင့် အလုပ်မတွင်ဖြစ်ခဲ့ရပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ လူတစ်ပိုင်းတွေဟာလူသားတွေကြားမှာရောနှောတည်ရှိနေဆဲဖြစ်ပါတယ်။အဲ့ဒီလူတစ်ပိုင်းတွေဟာအငြိမ်မနေဘဲ လူသားတွေကိုအန္တရာယ်ပေးပြီးပြစ်မှုတွေ ကျူးလွန်လာခဲ့အခါ... အဲ့ဒီ လူတစ်ပိုင်းစက်ရုပ်ပြဿနာကိုဘယ်လိုဖြေရှင်းလေမလဲ။ ပြစ်မှုတွေရဲ့တရားခံကရော တကယ်ပဲလူတစ်ပိုင်းတွေလား။ထူးဆန်းထွေလာစုံထောက်ဇာတ်လမ်းများကိုကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် နောက်ထပ်အကြိုက်တွေ့စရာဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာ ဦးမှာမို့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။===========================Quality : WEB-DL 1080p , 720p Total Episodes : 12 Format : mp4 Genres : Drama , Crime , Mystery , Sci-Fi & Fantasy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...

The Bionic Life ( 2023 )

2023
Tiger and Crane ( 2023 )
Tiger and Crane ( 2023 ) ဒီဇာတ်ကားလေးက ဟိုတလောလေးကမှ My journey to you ဇာတ်ကားနဲ့နာမည်ကြီးထားတဲ့ မင်းသား‌‌ချောကျန်းလင်ဟယ့်နဲ့အတူ နောက်ထပ်နာမည်ကြီးမင်းသား ကျန်းလုံတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးတော့ မိစ္ဆာတွေကိုရှင်းလင်းသုတ်သင်တဲ့နေရာမှာ နာမည်ကြီးကျော်ဇောတဲ့ ဘိုးဘေး ချီဝူကျီရဲ့ နောက်မျိုးဆက်ဖြစ်တဲ့ သခင်လေးချီရှောင်ရွှမ်းဟာ သူ့ဘိုးဘေးတွေလို မိစ္ဆာနှင်တဲ့နေရာမှာအထူးထူးချွန်လှပါတယ် ။ ချီရှောင်ရွှမ်းဟာ စိတ်ထားကောင်းပြီး သဘောထားဖြူစင်ပေမဲ့ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့်အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်နဲ့ရှင်သန်နေတဲ့သူပါ။ ‌တစ်နေ့မှာ မိစ္ဆာနှင်ရင်းက မမျှော်လင့်ထားဘဲ ဆရာတူညီလေးဖြစ်လာမဲ့ ဟူကျစ်ကိုကယ်မိရာက အတွင်းစိတ်ထဲက အမွှာယန်ကမွေးဖွားလို့လာခဲ့ပါတယ် ။သူ့ရဲ့စိတ်ဝိဉာဉ်နှစ်ခုလွန်ဆွဲရင်း မိစ္ဆာတွေရဲ့အနှောက်အယှက်တွေကြားက ပြဿနာတွေကို သူငယ်ချင်းလဲဖြစ် ဆရာတူညီလေးလည်း ဖြစ်တဲ့ဟူကျစ်နဲ့ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စောင့်ကြည့်အားပေးကြပါအုံး ။Quality : WEB-DL 1080p , 720p Total Episode : 36 Format : mp4 Genres : Action , Adventure Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay ...

Tiger and Crane ( 2023 )

2023
Love in Translation (2023) 10
Love in Translation (2023) Love in Translation / အချစ်ဘာသာပြန် (2023)ပတ်ဝန်းကျင်က အထင်အမြင်သေးနေတာတွေကို အသီးသီး သက်သေပြချင်ကြတဲ့ လူငယ်လေးနှစ်ယောက်ဖြစ်တဲ့ ယန်လိင်ဖန်နဲ့ ဖူကျိုင်ယန်လိင်ဖန်ကတော့ ကိုယ်ပိုင်လုပ်ငန်းထူထောင်ရင်းနဲ့ အောင်မြင်ချင်တဲ့ ရည်မှန်းချက်ကြီးတဲ့ကိုတရုတ်ကြီးဖြစ်ပြီးတော့ ဖူကျိုင်ကတော့ ကိုယ်ပိုင်အလုပ်လေးစလုပ်ပြီး တရုတ်မလေးထမ်မီကိုကြူးဖို့ တရုတ်စာသင်ချင်နေတဲ့ အချစ်ကိုမက်တဲ့လူငယ်လေးတစ်ယောက်ပေါ့အေးတိအေးစက်နိုင်တဲ့ခွန်ယန် နဲ့ လူငယ်ပီပီ တက်ကြွမှုအပြည့်နဲ့ မရင့်ကျက်‌သေးတဲ့ ဖူကျိုင် ဆန့်ကျင်ဘက်characterတွေနဲ့ ကြောင်နဲ့ကြွက်ဖြစ်နေတဲ့သူတို့နှစ်ယောက်၊ လျှောက်မယ့်လမ်းတွေမတူပေမဲ့ လုပ်ငန်းစထောင်ချင်တဲ့ပန်းတိုင်တူနေတဲ့ သူတို့နှစ်ယောက် ဇာတ်ဆရာအလိုကျ အလုပ်တွဲလုပ်ရဖို့ ဖြစ်လာပါတော့တယ်။တရုတ်မလေးကိုကြူးဖို့ရည်ရွယ်ထားပေမဲ့ လုပ်ငန်းတွဲဖက်လည်းဖြစ် တရုတ်စာသင်ပေးမယ့်ဆရာလေးလည်းဖြစ်တဲ့ အစ်ကိုယန်နဲ့ ရင်းနှီးမှုတွေ တိုးပွားလာတဲ့အခါမှာတော့ ...တရုတ်မလေးကိုကြူးရင်း တရုတ်စာသင်မယ့်ဆရာနဲ့ပဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ CMနဲ့အတူ ကြည့်ရှုခံစားလိုက်ကြပါဦးစို့။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတေ့ ဘာသာပြန်ထားတာကတော့ Mary, Hmwe, Myo Myo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size…800MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator .....Mary, ...
10
TMDb: 10/10 1 votes
tv

Love in Translation (2023)

2023
Bright Eyes in the Dark ( 2023 )
Bright Eyes in the Dark ( 2023 ) CM ပရိသတ်တိုအတွက်ဒီတစ်ခါမှာ CM ကနေ Bright eyes in the dark ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။လင်းလုရှောင်းကတော့ မီးသတ်တဲ့နေရာမှာအရည်အချင်းပြည့်စုံပြီး အတွေ့ကြုံများစွာပိုင်ဆိုင်ထားတဲ့ ပေရွှင်မြိုရဲ့ အထူးတပ်စခန်း စခန်းမှူးတစ်ယောက်။ တစ်နေ့မှာ ပြည်သူတွေကိုအသိပညာဗဟုသုတ ဝေမျှတဲ့ reality show တစ်ခုမှာမီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ဝေမျှဖိုလင်းလုရှောင်းကိုနည်းပြအဖြစ်အနေနဲ့ ရွေးချယ်ခဲ့တယ်။အဲ့အစီစဥ်မှာပဲ နှစ်အတော်ကြာတုန်းက သူမီးလောင်မှုထဲမှာကယ်တင်ပေးခဲ့ အကအနုပညာရှင် နန်ချူးနဲ့တွေ့ဆုံခဲ့တယ်။ နန်ချူးကတော့ခံစားချက်တွေပြည့်နေပမဲ့ လင်းလုရှောင်းကတော့ သူ့ရဲ့အန္တရာယ်များလှတဲ့အလုပ်တာဝန်ကြောင့် အချစ်ရေးကိစ္စတွမှာစိတ်မပါခဲ့ဘူး။ ဒီလိုနဲ့တခြားသောထူးချွန်ထက်မြက်ပြီး ရဲရင့်တဲ့လူငယ်မီးသတ်သမားတွေလည်း ပူးပေါင်းလာကြရာမှာ ပေရွှင်စခန်းရဲ့မီးဘေးကာကွယ်မှုအရည်အချင်းကလည်းပိုပိုတိုးတက်လာတယ်။နန်ချူးကလည်း သူတဖက်သက်ချစ်ရတဲ့သူနဲ့ ဓါးတောင်ကျော်ကာ မီးပင်လယ်ဖြတ်လျက် လင်းလုရှောင်းရဲ့နှလုံးသားနေရာမှာနေရာယူဖိုကြိုးစားရင်းနဲ့ ...................။ ဇာတ်လမ်းလေးထဲမှာတော့ လင်းလုရှောင်းအဖြစ် Huang Jing Yu, နန်ချူးအဖြစ် Zhang Jing Yi နှင့်တခြားသောအနုပညာရှင်ပေါင်းများစွာပါဝင်သရုပ်ဆောင်ထားပါတယ်။==========================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...

Bright Eyes in the Dark ( 2023 )

2023
Be Mine SuperStar (2023)
Be Mine SuperStar (2023) Be Mine, Superstar / ချစ်ခွင့်ဖန်ဆင်း ကြယ်မင်းချစ်သူ (2023)Punn က ရုပ်ရှင်မေဂျာကို အဓိကယူထားတဲ့ တက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး Ashi ကတော့ Punn ၉ နှစ်လုံးကြိတ်သဘောကျလာခဲ့ရတဲ့ Punn ရဲ့စူပါစတားတစ်ဖြစ်လဲ နာမည်ကျော်မင်းသားတစ်ယောက်ပါ။ ပရိသတ်မှန်ရင် ကိုယ်ချစ်တဲ့အနုပညာရှင်နဲ့ဆုံဖူးချင်ကြသလို Punn ကလည်း Ashi နဲ့ ဆုံဖူးချင်တာမှ အရူးအမူးပါပဲ။ ဒီလိုနဲ့ကျောင်းပြီးလို့ ဘွဲ့ယူဖို့နီးလာတာနဲ့အမျှ အလုပ်သင်လုပ်ဖို့လိုရာကနေ Ashi ရဲ့ရုပ်ရှင်ရိုက်ကွင်းမှာ အလုပ်သင်ခွင့်ကြုံလာရတဲ့အခါ .. Punn တစ်ယောက် စိတ်ကူးထဲကမင်းသားလေးနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာကို အရိုတွေ အချိုတွေတသီကြီးနဲ့ ရှုစားရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီး‌တော့ ဘာသာပြန်ထားတာကတော့ Laii, Mary, May, Myo တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar ...

Be Mine SuperStar (2023)

2023
Sunshine by My Side ( 2023 )
Sunshine by My Side ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မင်းသားချောလေး Xiao Zhan ရဲ့ဇာတ်လမ်းအသစ် "Sunshine By My Side" လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဘဝကို ကြိုးစားစွာဖြတ်သန်းနေတဲ့ ဒီဇိုင်နာလေး ရှန့်ယန်နဲ့ ကြော်ငြာလောကမှာ နာမည်ကြီးဒါရိုက်တာဖြစ်သူ ကျန်ပင်းတို့နှစ်ယောက် မတော်တဆတွေ့ဆုံမိပြီးနောက်မှာ အချင်းချင်းထွန်းလင်းပေးပြီး အချင်းချင်းကူညီပေးခဲ့ကြတဲ့အကြောင်းဖြစ်ပါတယ်။ရှန့်ယန်ဟာ ကျန်ပင်းရဲ့ထောက်ခံမှုနဲ့ အားပေးမှုကြောင့် အဆက်မပြတ်တိုးတက်လာပြီး လုပ်ငန်းမှာ အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ ကျန်ပင်းကလည်း ရှန့်ယန်ရဲ့ ဂရုစိုက်မှုနဲ့ အဖော်ပြုမှုတွေမှတစ်ဆင့် ဘဝနဲ့ အချစ်အပေါ် ယုံကြည်မှုတွေ ပြန်ရခဲ့တဲ့အကြောင်းလေး ဖြစ်ပါတယ်။မမနဲ့မောင်လေးတို့နှစ်ယောက် အလုပ်နဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဇာတ်လမ်းလေးနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ ခေတ်ကားဒီဇိုင်းနဲ့ မမြင်ရတာကြာပြီဖြစ်တဲ့ အစ်ကိုရှောင်းကျန့်ရဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲနော်။Episode 1 (720p) - Yoteshin / Usersdrive / MegaUp / StreamVidEpisode 1 (1080p) - Yoteshin / Usersdrive / MegaUp / StreamVid Episode 2 (720p) ...

Sunshine by My Side ( 2023 )

2023
Escape to Homestay (2023)
Escape to Homestay (2023) Escape to Homestay / လွတ်ငြိမ်းရာအိမ်ကလေး (2023)ထိုင်းဇာတ်လမ်းတွဲတွေထဲကမှ ရှားရှားပါးပါး ထွက်ရှိလာတဲ့ Healing Drama လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ‌ဘီယာဆိုင်အရှံးပေါ်မှုကြောင့် တော့ပ်က သူငယ်ချင်းတွေဖြစ်တဲ့ ဂန်းနဲ့ ဖလင်ကိုပါခေါ်ပြီး မြို့ပြနဲ့ဝေးရာ အဘွားရှိရာနယ်မြို့လေးဆီ ပြေးထွက်လာပါတော့တယ်။ ကိုယ်စီပြဿနာ အခက်အခဲတွေနဲ့ သူတို့ ၃ ယောက်သား အဘွားရဲ့တည်းခိုအိမ်မှာ စိတ်အနားပေးဖို့လာကြရင်း နယ်မြို့အရာရှိ "တာ"၊ ကော်ဖီဆိုင်ပိုင်ရှင် "ဂျန်" တို့အပြင်၊ သက်တူရွယ်တူ အိမ်ပြေးမလေး "သောင်"၊ တစ်တော့ကာ "ဘဲလ်"တို့နဲ့ သိကျွမ်းလာကြပါတော့တယ်။ မြို့ငယ်လေးမှာ ကိုယ်စီစိတ်အစိုင်အခဲတွေကို ခြေဖျက်ဖို့ ကြိုးစားကြရင်း အဘွားရဲ့ တည်းခိုအိမ်ရိပ်မှာ အေးချမ်းမှု၊ ဆိတ်ငြိမ်မှုကို ရှာကြမယ့် ဇာတ်လမ်းလေးမို့ နယ်မြို့လေးရဲ့ အငွေ့အသက်တွေကို ကိုယ်ပါ ဝင်ခံစားနိုင်မယ့် ဇာတ်လမ်းလေးပါပဲ။သရုပ်ဆောင်တွေကလည်း အားလုံးနဲ့ မစိမ်းလောက်မယ့် သူတွေမို့ လူငယ်ဒရမ်မာဇာတ်လမ်းကို အပူအလောင်ကင်းကင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးဖထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Su ...

Escape to Homestay (2023)

2023
My Journey To You (2023)
My Journey To You (2023) Synopsis of My Journey to You (2023)ကုန်းမိသားစုဆီကို သတို့သမီးအဖြစ် ဟန်ဆောင်ပြီး ဝင်လာတဲ့ ဝူဖုန်းက လုပ်ကြံသူ ယင်ဝေရှန်း (Yu Shu Xin) အဖေဖြစ်သူနဲ့ အစ်ကိုက တစ်ချိန်တည်းမှာပဲ လုပ်ကြံခံလိုက်ရလို့ မမျှော်လင့်ဘဲ ကုန်းအိမ်တော်ရဲ့ ဓားသခင်ဖြစ်လာခဲ့တဲ့ ကုန်းကျစ်ယွီ (Zhang Ling He)အပြောင်းအလဲတွေကြားမှာပဲ ယွင်ဝေရှန်းတစ်ယောက် ဓားသခင်အသစ် ကုန်းကျစ်ယွီရဲ့ သတို့သမီး ဖြစ်လာခဲ့ပြီး သူ့ မူလတာဝန်တွေ ပြီးဆုံးတဲ့အခါ ဝူဖုန်းရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ပြီး လွတ်လပ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်လာနိုင်ပြီလို့ ထင်ထားခဲ့ပေမဲ့ တကယ်တမ်းမှာ ပိုအန္တရာယ်များတဲ့ တာဝန်တွေက သူ့ကိုစောင့်ကြိုနေမှာလဲဆက်ခံသူမဖြစ်ချင်တဲ့ ကုန်းကျစ်ယွီကရော ဓားသခင်ဖြစ်လာပြီးတဲ့နောက် ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကြားမှာ ဘယ်လိုတာဝန်တွေကို ဆက်ပြီးထမ်းဆောင်ရမလဲယွင်ဝေရှန်းနဲ့ ကုန်းကျစ်ယွီကြားထဲမှာ အချစ်မေတ္တာတွေ ဘယ်လို‌ပေါက်ဖွားလာပြီး သူတို့ရဲ့ တာဝန်ကိုယ်စီကြားကနေ ဘဝခရီးလမ်းကို ဘယ်လိုရှေ့ဆက်လှမ်းကြမလဲဆိုတာတော့ ဒီဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်အားပေးကြပါဦးLove Between Fairy and Devil ထဲက ရှောင်လန်ဟွားနဲ့ ချန်ဟန်နတ်မင်းကိုတော့ ဒီဇာတ်လမ်းတွဲထဲမှာ အတွဲညီညီနဲ့ ကြည့်ရတော့မှာပါ ပရိသတ်ကြီးရေ======================Quality : WEB-DL 1080p, 720p Total ...

My Journey To You (2023)

2023
Wedding Plan (2023) 10
Wedding Plan (2023) Wedding Plan / အခါတော်ပေးရဲ့ ရွှေရေးဖူးစာ (2023)နူရာ ကတော့ မင်္ဂလာပွဲစီစဥ်သူကောင်လေးတစ်ယောက်ပါ။ ဆိုင်းလွန်း ကတော့ မကြာခင် ရိဝါရဲ့ သတို့သားဖြစ်တော့မယ့် သတို့သားလောင်း ဆိုင်းလွန်းနဲ့ ရိဝါတို့နှစ်ဦးဟာ နှစ်ဖက် မိဘတွေရဲ့ အလိုကျ လက်ထပ်ပွဲကျင်းပဖို့ နူရာ့ဆီကိုရောက်တဲ့အခါ ......ရိဝါ မှာလည်း ဆိုင်းလွန်းမဟုတ်တဲ့ တစ်ခြားချစ်သူက ရှိနေပြန်ပါတယ် ...... နူရာဟာ ဆိုင်းလွန်းကို မြင်မြင်ချင်း ကြွေသွားပေမယ့် လက်ထပ်ပွဲစီစဥ်ပေးရမယ့်သူ ဖြစ်နေတော့ စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး လက်ထပ်ပွဲကို ဖြစ်မြောက်အောင် စီစဥ်ပေးနိုင်ပါ့မလား မင်္ဂလာပွဲ စီစဉ်သူတစ်ယောက်နဲ့ သတို့သားလောင်း ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။အညွန်းကိုတော့ May က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ May, Su Myat, Kim, Laii တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size…  600MB ...
10
TMDb: 10/10 1 votes
tv

Wedding Plan (2023)

2023
Dinosaur Love (2023) 10
Dinosaur Love (2023) Dinosaur Love /  ဒိုင်နိုဆောလေး ရဲ့ အချစ် (2023)၅ နှစ်တာကြာခဲ့တဲ့ ပတ်သက်မှုတစ်ခု အချစ်တစ်ခု အချိန်တွေကြာတာနဲ့အမျှ အေးစက်သွားသူကြီးရဲ့အချစ်တွေဟာ အချစ်စစ်အချစ်မှန်ဖြစ်ပါ့မလား။ နာကျင်နေရတဲ့ပတ်သက်မှုတစ်ခုကို ရှေ့ဆက်မယ့်အစား move onဖို့အချိန်တစ်ခု သူရောက်နေပြီလား။School Setting နဲ့ Teen BLကားလေးတွေ ကြိုက်တဲ့ပရိသတ်ကြီးအတွက် ထွက်ရှိလာတဲ့Dinosaur loveဆိုတဲ့ စီးရီးသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ BL seriesတော်တော်များများမှာ support အဖြစ်ပါဝင်ဖူးတဲ့ Tonnam Piamchonကိုယ်တိုင် Director လုပ်ထားပြီး sweet and cringeဆိုပြီး နာမည်ကြီးနေတာမလို့ မသိဘူးမဖြစ်လိုက်ရအောင်လေ ကြည့်ကြပါစို့။Rak နဲ့ Mek တို့ရဲ့ ချစ်သူသက်တမ်းဟာ ၅ နှစ်တိုင်ခဲ့ပေမဲ့ အမြဲလျစ်လျူရှုတတ် ‌သူ့ကိုမေ့ထားတဲ့ချစ်သူ Mek ကို Rakတစ်ယောက် တစ်စစစိတ်ကုန်နေပါပြီ။ Rak က အမြဲဆွဲထားခဲ့ရတဲ့ ဒီပတ်သက်မှုကို လုံးလုံးလွှတ်ချလိုက်တဲ့အထိ စိတ်နာသွားအောင် Mekတစ်ယောက် လုပ်လိုက်အပြီးမှာတော့...ချစ်ရဆုံးလူတစ်ယောက်နဲ့ အယုံကြည်ရဆုံးလူတစ်ယောက်ရဲ့ သွေးအေးရက်စက်မှုတွေကြားမှာ နာကျင်မှုတွေပြည့်နေတဲ့ Rak ရဲ့ဘဝကို ကာကွယ်ပေးမယ့် ကယ်တင်ရှင်မင်းသား ...
10
TMDb: 10/10 1 votes
tv

Dinosaur Love (2023)

2023
Laws of Attraction (2023) 10
Laws of Attraction (2023) Laws of Attraction / မေတ္တာဆွဲအား နိယာမများ (2023)ဒီတစ်ခါ CMကနေ BLပရိသတ်ကြီးအတွက် ရိုမန့်ဆန်တာလေးရော လှည့်ကွက်တွေ အက်ရှင်တွေပါဝင်တဲ့ BLကားကောင်းလေးတစ်ကားတင်ဆက်ပေးပါမယ်အရမ်းတော်ပြီးထက်မြက်ပေမဲ့ ပိုက်ဆံအကျိုးအမြတ်မျက်နှာသာကြည့်ပြီးလုပ်တဲ့ ရှေ့နေချန် ရှေ့နေချန်က လူငယ်တစ်ယောက်ပေမဲ့ အမှုကိစ္စတွေကိုင်တွယ်ရာမှာ အရမ်းတော်ပြီးသူလိုက်ရင်မနိုင်တဲ့အမှုမရှိသလောက်ပါ ငွေသာရမယ်ဆို အဲ့အမှုနိုင်အောင် အစွမ်းကုန်ကြိုးစားပေး ကလိမ်ဉာဏ်ဆင်တာတွေပါ လုပ်မဲ့လူတင်ကတော့ မိသားစုကိုအရမ်းချစ်တဲ့ တိုက်ကွမ်တိုဆရာလေးပါ သူ့မှာတွန်ခေါလို့ခေါ်တဲ့ မိဘမဲ့တူမလေးတစ်ယောက်ရှိပါတယ် သူအရမ်းချစ်ရတဲ့တူမလေးဟာ တစ်နေ့မှာ ကားတိုက်ခံရပြီး ဆုံးသွားပါတော့မယ် အမှုကိုလိုက်ပေမဲ့ တရားမျှတမှုမရှိခဲ့ပါဘူးတင်ရဲ့တူမအမှုကိုလိုက်ဖို့အတွက် ရှေ့နေချန်ကလည်းအပယ်ချခံခဲ့ရပါတယ် အဲဒီအမှုမှာ ဖုူံကွာ်ထားတာတွေရဇိတယ်လို့ထင်နေတဲ့ ရှေ့နေချန်ဟာ မကျေနပ်ဘဲ တင်နဲ့ပူးပေါင်းပြီး အဲ့အမှုကိုလိုက်တဲ့အခါမှာတော့ သူထင်ထားသလို မသမာမှုတွေရှိခဲ့ပါတယ်အမှန်တရားကိုဖော်ထုတ်ပြီးကြိုးစားရင်း အသက်အန္တရာယ်တွေနဲ့လည်းအမျိုးမျိုးတွေ့ကြုံခဲ့ရပါတယ် တစ်ဖက်မှာလည်း နှစ်ယောက်သားက အန္တရာယ်အတူကျော်ဖြတ်ရင်း ခံစားချက်တွေတိုးပွားလာတဲ့အခါမှာတော့.........အမှုမှန်ပေါ်ပေါက်မလား? ရှေ့နေချန် ရဲ့ အကြောင်းကရော? တင်ကရော အသက်ရှင်ပါ့မလား?ကဲ ဇာတ်လမ်းလေးထဲကြည့်လိုက်ရအောင်နော်အညွှန်းကိုတော့ Kong Hou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kong Hou, Mary Christ, Thada, Summer တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, ...
10
TMDb: 10/10 1 votes
tv

Laws of Attraction (2023)

2023
Divine Destiny ( 2023 ) 10
Divine Destiny ( 2023 ) ဒီတစ်ခါမှာတော့ ရှန်းရှဇာတ်လမ်းတွဲပရိတ်သတ်တွေကို အကြိုက်တွေ့စေမယ့် ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ မိစ္ဆာအရှင်ကိုလွှတ်ပေးလိုက်လို့ ကောင်းကင်ဘုံကနေ လူ့ပြည်ကိုပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့ နတ်မင်းလို အကြောင်းတစ်ခုခုကြောင့် အထင်ခံနေရတဲ့ ရော့ချန် တစ်‌ယောက်ကို ကျင့်ကြံသူကျန်းယင်းယင်က ရှီးရွှမ်ဂိုဏ်းကိုခေါ်လာခဲ့ပြီးတော့ လေ့ကျင့်စေခဲ့ပါဝာယ်အဲ့နောက်မှာတော့ ရော့ချန်တစ်ယောက် ဂိုဏ်းတူမိန်းကလေး ကုချင်းနဲ့ချစ်ကြိုးသွယ်မိသွားခဲ့ပါတယ် ရော့ချန်ကိုမေတ္တာသက်ဝင်နေမိတဲ့ ကျန်းယင်းယင်တစ်ယောက်ကတော့ လက်မလျှော့ဘဲ သူချစ်ရသူကို ကာကွယ်ဖို အမြှီးကိုးချောင်းမြေ‌ခွေးအဖြစ်ကျင့်ကြံခဲ့ပါတယ်အမှန်တရားဘက်ကနေ သွေဖယ်သွားခဲ့တဲ့ကျန်းယင်းယင်နဲ့ ရော့ချန်တို ဘာတွေဆက်ဖြစ်လာမှာလဲ... အယောင်ဆောင်ထားတဲ့သူက အစစ်မှန်ပေါ်လာတဲ့အချိန် ဘယ်လိုတွေဖြစ်သွားမှာလဲ ... ရေစက်ပါလာခဲ့တဲ့သူတိုနှစ်ယောက်ဘာတွေဆက်ဖြစ်မှာလဲ....-ဆရာတူအစ်မ ကျန်းယင်းယင်အဖြစ် Angelababy-အယောင်အဆောင်နတ်မင်း ကျိချန်ရော့အဖြစ် Ma Tianyu-ဂိုဏ်းတူမိန်းကလေး ကုချင်းအဖြစ် Xuan Lu-ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့နတ်မင်းအဖြစ် အပျိုကြီးWang Zhuochengတို့က ပါဝင်ထားတာဖြစ်ပြီး CM ကနေမကြာခင်မှာဘာသာပြန်တင် ဆက်ပေးတော့မှာဖြစ်လို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်==============================Quality : WEB-DL 1080p , 480p Total Episodes : 36 Format : mp4 Genres : Action , Fantasy , Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
10
TMDb: 10/10 1 votes
tv

Divine Destiny ( 2023 )

2023
Low Frequency (2023) 10
Low Frequency (2023) Low Frequency (2023)လောလောလတ်လတ်ထွက်ရှိထားပြီး မင်းသားငယ်ငယ်ချောချောလေးတွေပါတဲ့ Romance, Fantasy, Drama, BL ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။Mon က ငယ်သူငယ်ချင်းဆုံးသွားပြီးတဲ့နောက်ပိုင်း အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါမက်လာတာ ၁၈ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူ ဘာကြောင့် အဲဒီအိပ်မက်ကို မက်နေရလဲဆိုတာ အဖြေရှာမရဖြစ်နေတဲ့အချိန် Thames ဆိုတဲ့ နာမည်ကြီးမင်းသားလေးတစ်ယောက် သူ့ဘဝထဲဝင်လာပါတယ်။ Thames ရဲ့ မန်နေဂျာက Mon ရဲ့အစ်မဆိုတော့ သူတို့ချင်းရင်းနှီးသွားပြီး အပြန်အလှန်စကားတွေပြောကြရင်း ကြည်နူးစရာဇာတ်လမ်းလေး ဖြစ်လာခါနီးအချိန်မှာမှ Thames က ကားမှောက်ပြီး ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။ အဲဒီအတောအတွင်း Mon ကို သူတို့မိသားစုကိုးကွယ်တဲ့ အဘဘုန်းကြီးက အဆောင်တစ်ခု အမြန်ပေးခိုင်းသွားပြီး သိပ်မကြာခင်မှာ သူတစ်ခုခုနဲ့ကြုံရတော့မယ်ဆိုတဲ့ သဘောမျိုး ပြောသွားပါတယ်။ ဒီတော့ Mon တစ်ယောက် သူ့အိပ်မက်တွေကို အဖြေရှာနိုင်ပါ့မလား၊ အဘဘုန်းကြီးပြောသလိုမျိုး တစ်ခုခုထူးဆန်းတာ ကြုံရတော့မလား၊ Thames နဲ့ရော အချစ်ဇာတ်လမ်းလေး ရှေ့ဆက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Blue, ...
10
TMDb: 10/10 2 votes
tv

Low Frequency (2023)

2023
Love You Seven Times ( 2023 )
Love You Seven Times ( 2023 ) The Journey of Chong Zi ထဲကမင်းသမီးလေးYang Chao Yueနဲ့ Romance of a Twin Flowerထဲကမင်းသားလေး Ding Yu Xiရဲ့ အချစ်နတ်ကားလေးလာပါပြီ။တိမ်စလေး ရှန်ယွင်ဟာ ဖူးစာရေးနတ်ကြောင့် နတ်ဖြစ်လာပြီး ဖူးစာရေးနတ်ဆောင်မှာ အလုပ်လုပ်ရပါတယ်။ ချုးခုန်းဟာ မောင်ရစ်ကြယ်နတ်မင်းရဲ့တပည့်ဖြစ်ပြီး ချီလင်နတ်မျိုးနွယ်ရဲ့ ဒုတိယမင်းသားဖြစ်ပါတယ်။ဖူးစာရေးနတ်ဆောင်ကိုဝင်ရောက်ပြီးအမှားလုပ်မိခဲ့တဲ့အတွက် ရှန်ယွင်နဲ့အတူ (၇)ဘဝတာ အချစ်ဒုက္ခတွေကိုခံယူဖို့ဖြစ်လာပါတယ်။ အတိတ်မေ့ဆေးရေသောက်ခဲ့လို့ အတိတ်ကိုမမှတ်မိပေမယ့် ဘဝဆက်တိုင်းမှာ ရှန်ယွင်နဲ့တွေ့ပြီး သူ့ကိုချစ်မိပါတယ်။ရှန်ယွင်နဲ့ ချူးခုန်ဟာ (၇)ဘဝဆက်တိုက် ဘယ်လိုအချစ်ဒုက္ခတွေနဲ့ကြုံတွေ့ကြရမလဲ နတ်ကားတို့ထုံးစံအတိုင်း ဘယ်လိုအချိုတွေကျွေးပြီး ဘယ်လိုငိုအောင်လုပ်မလဲဆိုတာဆိုတာကို အတူခံစားလိုက်ရအောင်နော်Quality : WEB-DL 1080p , 720p Total Episodes : 38 Format : mp4 Genres : Drama , Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by ...

Love You Seven Times ( 2023 )

2023
His Man Season 1 + 2 10
His Man Season 1 + 2 His Man 2022ကိုရီယားရဲ့ Dating Showတွေထဲမှာမှ ထူးထူးခြားခြားလေးဖြစ်တဲ့ ပထမဆုံး BL Dating Showလေး ထွက်ရှိလိုလာပါပြီအချစ်စစ်ကိုရှာဖွေပြီး နောက်ဆုံးမိဘနဲ့ပါ တွေ့ပေးလိုရတဲ့ထိ လက်တွဲဖော် ချစ်သူကောင်လေးမျိုးနဲ့ သတ္တိရှိရှိ အချစ်တွေကို ပုံဖော်ကြမယ့် ကောင်လေးတွေ...သူတို တစ်အိမ်တည်းမှာ အခန်းဖော်တွေအဖြစ် အတူနေထိုင်ကြရင်း ဘယ်လို ကြည်နူးစရာ စုံတွဲဒိတ်တင်းမစ်ရှင်တွေကို လုပ်ရင်း ဘယ်သူ့ဆီ နှလုံးသားတွေ ဦးတည်ကြမလဲဘယ်လိုအသဲယားစရာ လှုပ်ရှားမှုတွေကို ပုံဖော်ကြမလဲ နောက်ဆုံးမှာ သူတို စိတ်ကူးယဥ်ချစ်သူပုံစံနဲ့ တထပ်တည်းကျတဲ့ အချစ်လေးကို ပိုင်ဆိုင်နိုင်မလားဆိုတာDating Showတို ထုံးစံအတိုင်း ခံစားချက်မျိုးစုံကြိုးခုန်နေရတာမျိုးကိုမှ BLလေးပါဖြစ်နေတော့ LGBT Supporter ဖူဂျိုရှီ ဖူဂျီရှီ တို စောင်ကိုက်ကြည့်ရဦးမှာလည်း အသေအချာပါ(အညွှန်းကို Hay Man မှရေးသားထားပြီးတော့ CM Variety Teamမှ ဘာသာပြန်ဆိုထားပါတယ်)File Size –  650MB / 200MBQuality ...
10
TMDb: 10/10 1 votes
tv

His Man Season 1 + 2

2022