Channel Myanmar

iQiyi

Go East (2024)
Go East (2024) Lost You Forever(2023) မှာ ရှန့်လျိုအတွက် ကျခဲ့တဲ့မျက်ရည်တွေအတွက် ယွမ်မော့က ဟာသတွေ ပြန်ချော့ပေးဖို့Go East (2024) လာပါပြီ... ချန်ကျန်းလောင်ရှီရဲ့အနောက်အရပ်မှတ်တမ်းဝင်ဘုရင်များ ဝတ္ထုကို Moonlight (2021)ကိုဇာတ်ညွှန်းပုံဖော် ပံ့ပိုးရေးသားခဲ့တဲ့ ချိုထင်းလောင်ရှီကဇာတ်ညွှန်း ပြန်လည်ရေးသားထားပြီး New Life Begins(2022) ကိုရိုက်ကူးပုံဖော်ခဲ့တဲ့ ကျောက်ချီချန် ဒါရိုက်တာက သရုပ်ဖော် ရိုက်ကူးထားတဲ့ဇာတ်ကားလေးမို့ မျှော်တလင့်လင့် ဖြစ်ခဲ့ရတဲ့ ကားလေးပါ...ဇာတ်လမ်းအကျဉ်းလေးမပြောခင်မှာ ဒီကားထဲမှာ အဓိက ကာရိုက်တာ၄ ယောက်ပါဝင်ပါတယ်.. ယွမ်မော့၊ အားရှု ၊ဝမ်ခွန်ဝူ နဲ့ ယွီချီဟွား တို့ပဲဖြစ်တယ်...သူတို့လေးယောက်က သူတို့နည်း သူတို့ဟန်နဲ့ တိုင်းပြည်အေးချမ်းသာယာဖို့ကြိုးစားပြီး သတ္တိရှိရှိနဲ့ ငြိမ်းချမ်းရေးခရီးဆက်သူတွေပေါ့...တမင် မင်းဆက်ခေတ်မှာ အေးချမ်းသာယာပြီး လူတိုင်း ခံစားချင်တဲ့ ...

Go East (2024)

2024
Sunset Vibes (2024) 10
Sunset Vibes (2024) ဆည်းဆာရင်ငွေ့ (၂၀၂၄)Big Dragonထဲက ကိုနဂါးတို့Mos-Bankအတွဲနဲ့ Love seniorထဲက Anda-Lookkaew တို့ အပြိုင်ကြဲမယ့် Star Hunterရဲ့ Sunset×vibeဒီကားလေးထဲမှာတော့ ချစ်ရတဲ့ CP နှစ်တွဲလုံးကို အထက်လူကြီးနဲ့ အလုပ်သင်ကြားက office romanceအနေနဲ့ ကြည့်ရှုရမှာပါ။စံပယ်ရနံ့သင်းသင်းနဲ့ ခန့်ညားတဲ့ရှေးအဝတ်အစားနဲ့အမျိုးသားတစ်ယောက်ကို အိပ်မက်ထဲမှာ အမြဲမြင်တွေ့နေရတဲ့ဆာလင်းတစ်ယောက် ၁၈ နှစ်ပြည့်ခါနီးမှာ ဒီအိပ်မက်က ထူးထူးခြားခြားပဲ ပျောက်သွားလေရဲ့။လက်ရှိမှာတော့ သူငယ်ချင်းတွေဆေးထိုးမှုနဲ့ အလုပ်သင်လေး ဆာလင်းက Dating appကနေ Sunset×vibeဆိုတဲ့လူတစ်ယောက်နဲ့ စကားပြောရင်းကနေ တစ်ညတာအတူဖြတ်သန်းမိသွားတဲ့အခါ...တစ်ညတာချစ်သူက လက်တွေ့အလုပ်ခွင်မှာ သူ့ရဲ့သူဌေး ဆန်းဆူရီယန်ဖြစ်နေတာကို ဆာလင်းတစ်ယောက် သိသွားချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ အပတ်စဉ် စနေနေ့ညတိုင်း CMမှာ ရှုစားလို့ အတူရင်ခုန်လိုက်ကြပါစို့လား။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou ပဲ ဖြစ်ပါတယ်။Genre..... BL Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 60min Subtitle…. Myanmar Subtitle (Hardsub) Translator ...
10
TMDb: 10/10 1 votes
tv

Sunset Vibes (2024)

2024
Against the Gods (2023) 10
Against the Gods (2023) တရုတ် animation တွေမှာ နာမည်ကြီးတဲ့ ဇာတ်ကားတစ်ကားပါ။ကန်ဂျွန်းကုန်းမြေတိုက်မှာ ဆေးဆရာယင်ဂုဟာကောင်းကင်ဘုံရတနာ ၇ ခုထဲက တစ်ခုဖြစ်တဲ့ကောင်းကင်ဘုံအဆိပ်ပုလဲလုံးကို ပိုင်ဆိုင်ထားတာကြောင့်လူအများရဲ့ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရတယ်။ဒါတင်မကသေးဘဲ သူ့ရဲ့တပည့်ဖြစ်တဲ့ ယင်ချော့ရဲ့ မိန်းမနဲ့ကလေးပါရက်ရက်စက်စက်အသတ်ခံခဲ့ရတယ်။ဒါကိုလက်မခံနိုင်တဲ့ ယင်ချော့ဟာ အဲဒီအဆိပ်ပုလဲလုံးကိုသုံးပြီးသူ့ကိုပစ်မှတ်ထားတဲ့လူပေါင်းများစွာကို ပြန်သတ်ခဲ့တယ်။ဒါပေမဲ့လဲ သူ့ရဲ့တိုက်ပွဲတစ်ခုမှာ ယင်ချော့ရှုံးခါနီးဖြစ်တဲ့အချိန်ချောက်ထဲကနေခုန်ချရင်း အဆိပ်ပုလဲလုံးကို မျိုချလိုက်တယ်။ကံကောင်းထောက်မစွာနဲ့ အဆိပ်ပုလဲလုံးထဲမှာကမ္ဘာသက်သက်တစ်ခုရှိနေပြီး အဲဒီမှာရှောင်ချော့ဆိုတဲ့လူအဖြစ်ပြန်လည်မွေးဖွားခဲ့တယ်။အဲဒီကမ္ဘာမှာ သေသွားခဲ့တဲ့ သူချစ်ရတဲ့သူတွေကမသေဘဲ အကုန်အသက်ရှင်နေကြတယ်။ဒါပေမဲ့...သူက စွမ်းအားသုံးမရတဲ့ အပယ်ခံအဖြစ်ကိုရောက်သွားတယ်။ချစ်ရသူတွေကို ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့တဲ့ ယင်ချော့/ရှောင်ချော့ဟာကြုံလာတဲ့အခက်အခဲတိုင်းကို ဘာပဲပေးဆပ်ရပေးဆပ်ရရအောင်ဖြေရှင်းတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။  File size…    1.5 GB /  500 MB Quality… Web-DL 4K / 1080p Format… mkv Duration…. 25m Genre ..... Animation/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi 4K  (CM APP Only)www.cmapp.tv  1080pEP ...
10
TMDb: 10/10 2 votes
tv

Against the Gods (2023)

2023
A Lonely Hero’s Journey (2024)
A Lonely Hero’s Journey (2024) ဂျပန်ဆန့်ကျင်ရေးကာလက ဇာတ်လမ်းတွဲတွေကို နှစ်သက်တဲ့ ပရိသတ်တွေအတွက် Lost Identity ပြီးသွားတဲ့နောက် Zeng Shunxi ရဲ့ ကားသစ်လေးထွက်လာပါပြီနော်ဇာတ်လမ်းအညွှန်း 1941 ခုနှစ် စူးကျိုးမှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်ဆန့်ကျင်ရေးစစ်မက်ကာလတွေကို ဇာတ်အိမ်တည်ထားတဲ့ ဒီကားလေးမှာတော့ ပြည်ပကပြန်လာတဲ့ ဗိသုကာပညာရှင် Gu Yizhong (Zeng Shunxi) နဲ့ ချစ်သူမိန်းကလေး Xiao Ruotong (Wang Yuwen) တို့ဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါ ကွန်မြူနစ်ပါတီရဲ့ မြေအောက်အဖွဲ့အစည်းအဖွဲ့အဝင်တွေ ဖြစ်လာခဲ့ပါတယ်အရှုပ်အထွေးတွေကြားထဲမှာ Gu Yizhong တစ်ယောက် ပါတီရဲ့ သစ္စာဖောက်အဖြစ် စွပ်စွဲခံရပြီးနောက်မှာတော့ စူးကျိုးအထူးတပ်ဖွဲ့ရဲ့ ဂျပန်ဘက်ကို စစ်ရေးသတင်းစုံစမ်းဖို့ လွှတ်ထားခဲ့တဲ့ သူလျှိုတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Gu Yizhong ဟာ အခက်အခဲနဲ့ ဖိအားပေါင်းများစွာကြားမှာ ဝမ်းရုပ်သေးအစိုးရထောက်လှမ်းရေးစခန်းရဲ့ တာဝန်ခံ Zhou Zhifei, ဂျပန်စစ်‌ရေးအကြံပေးအရာရှိ Jinteng Linan တို့နဲ့ ယှဥ်ပြိုင်လှုပ်ရှားရင်း တကယ့်သစ္စာဖောက် ဟေးပါးကို ဖော်ထုတ်ပြီးရှင်းပစ်ဖို့ တစ်ကိုယ်တော် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦး==================================Quality : WEB-DL 720p, 1080p Total Episodes : 36 Format : mp4 Genres ...

A Lonely Hero’s Journey (2024)

2024
Love’s Rebellion (2024)
Love’s Rebellion (2024) တရုတ်နတ်ကား‌တွေမှ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် love's Rebellion ဆိုတဲ့ရှန်းရှဇာတ်လမ်းကောင်းလေးတစ်ကားထွက်ရှိလိုလာပါပြီနော် ။ ဇာတ်ကားလေးကတော့ နာမည်ကြီးစာရေးဆရာမတစ်ဦးဖြစ်တဲ့Yidai Xue ရဲ့ " I have three dragon childhood sweethearts " ဆိုတဲ့ဝတ္ထုလေးကနေ ကောက်နုတ်တင်ဆက်ထားတာပြီး မင်းသမီး ကျန်းထင် ၊ ဟိုတလောလေးကမှပြီးသွားတဲ့ Royal Princess ကားရဲ့ မင်းသားကျန်းလင်ဟယ့်တိုပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့‌အမေဖြစ်သူကိုကယ်တင်ဖိုအတွက် မသေမျိုးကမ္ဘာမှာ ခရီးထွက်ဖိုအကြောင်းဖန်လာတဲ့ သမားတော်မလေး နန်ယန်ကနေ ဒီဇာတ်လမ်း‌လေးစတင်ဖြစ်လာခဲ့ပါတယ် ။နောက်တော့အကြောင်းတိုက်ဆိုင်စွာနဲ့ အကြောင်းအရင်းတစ်ခုကြောင့် ဇစ်မြစ်အမှန်ကိုဖုံးကွယ်ထားတဲ့ ပင်လယ်လေးခုရဲ့ဧကရာဇ်ဖြစ်သူ ကျီးယန်နဲ့ စိတ်ဝိညာဉ်ထုံးဖွဲမှုတစ်ခုလုပ်ဖြစ်သွားတော့တယ် ။ ဒီလိုနဲ့ အစပိုင်းမှာ မတည့်အတူနေ စိတ်သဘောထားခြင်းမိုးနဲ့မြေလိုကွာခြားနေတဲ့သူတိုနှစ်ယောက်ဟာနန်ယန်ရဲ့အမေဖြစ်သူရဲ့ နာမကျန်းဖြစ်မှုကိုစုံစမ်းကြရင်း မသေမျိုးလောကရဲ့ အရှုပ်တော်ပုံထဲ ဝင်ပါမိသွားချိန်မှာတော့... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားဖိုကောင်းစွာနဲ့လိုက်ပါစီးမြောလိုက်ကြပါအုံးနော် ။==================================== Quality : WEB-DL 720p, 1080p Total Episodes : 36 Format : mp4 Genres : Mystery, Romance, Wuxia, Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ...

Love’s Rebellion (2024)

Love Sea (2024) 9
Love Sea (2024) Love Sea (2024)Love in the air ထဲက side CPအနေနဲ့ ပါဝင်ခဲ့တဲ့ Fort- Peat ကို main role တင်ပြီးရိုက်ကူးထားတဲ့ GMM ရဲ့လက်ရာသစ်တစ်ခုဖြစ်တဲ့ Love sea the seriesတလောကလုံးမှာ မင်းပဲရှိတော့ရင်တောင် လူပျိုဘဝနဲ့အရိုးထုတ်မယ်ဆိုတဲ့ Main leadနှစ်‌ယောက်ရဲ့ ‌ကြောင်နဲ့ကြွက်လိုအချစ်ကို သဘောကျသူတွေအတွက်တော့ စိတ်ဝင်စားစရာ BLတစ်ကားဖြစ်လာမှာပါ။အချစ်မှာဂုရုလို့ တင်စားရမယ့် အချစ်ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့တွန်ရက်တစ်ယောက် နောက်ဆုံးအချစ်ဝတ္ထုအတွက် ထူးခြားတဲ့ vibeလေးရအောင် ခရီးထွက်လာပါတော့တယ်။ အဲဒီမှာပဲ သူ့ကိုစောင့်ကြိုနေသူတွေကတော့ ဘုနဲ့ဘောက်ပြောတတ်တဲ့ စိတ်တိုချင်စရာတောင်ပိုင်းသားလေး မဟာစမုပေါ့။ ဒါပေမဲ့ ကံကြမ္မာဇာတ်ဆရာရဲ့ကျီစားမှုအောက်မှာ သူတို့ရဲ့ပတ်သက်မှုက အိပ်ရာပေါ်အထိ အဆင့်တက်သွားချိန်မှာတော့...ဝတ္ထု‌ဇာတ်ကောင်တွေရဲ့အချစ်ရေးကိုတော့ ပြောင်မြောက်အောင်ဖန်တီးနိုင်တဲ့ တွန်ရက်တစ်ယောက် ကိုယ့်ရဲ့အချစ်ရေးကိုရော ဝတ္ထုလိုအဆင်ချောအောင် ဖန်တီးနိုင်မလားဆိုတာ ကြည့်ရှုခံစားရင်း Side CP gl တစ်တွဲကို အပတ်စဉ် အတူငမ်းရင်း ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, ...
9
TMDb: 9/10 1 votes
tv

Love Sea (2024)

2024
Strange Tales Of Tang Dynasty : Season 2 (2024) 8.2
Strange Tales Of Tang Dynasty : Season 2 (2024) CM တရုတ်ကားချစ်ပရိသတ်တို့ရေ... ဒီနေ့မှာတော့ ထန်မင်းဆက် လျှို့ဝှက်ဆန်းကြယ် အမှုတွဲများ အတွဲ (၂) ကို CM Teamမှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်...၂၀၂၂ ခုနှစ် အတွဲ ၁ ထဲက သရုပ်ဆောင်တွေ မပြောင်းမလဲ ရိုက်ကူးထားတာဆိုတော့ သရုပ်ဆောင်တွေကိုတော့ အထူးတလည် မိတ်မဆက်ပေးတော့ပါဘူး... မူလလက်ဟောင်းအတိုင်းလို့ပဲ ပြောပါရစေဒီအတွဲ ၂ မှာတော့ ထန်မင်းဆက် ဧကရာဇ် ရွေ့စုန် လက်ထက် အေဒီ ၇၁၂ တွင် ထန်မင်းဆက်ရဲ့ ကြီးကျယ်ခမ်းနားမှုက အစဉ်အလာမပြတ် ဆက်လက်တည်ရှိနေတယ် ဆိုနိုင်ပေမယ့်...အများမြင်တဲ့ သာယာဝပြောမှုအောက်မှာ ဖုံးကွယ်ထားသော အန္တရာယ်တွေ မမြင်နိုင်တဲ့ အန္တရာယ် မုန်တိုင်းတွေရှိနေခဲ့တာပေါ့... အာဏာပြိုင်ဖို့အတွက် အင်အားစု အသီးသီးကလည် လှုပ်ရှားနေကြပြီး ပြည်သူများကြားမှာလည်း မကြာခဏ လျှို့ဝှက်ဆန်းကြယ်တဲ့ဖြစ်ရပ်ဆန်းတွေ ကြုံတွေ့တတ်ရတယ်... ဒီအမှုတွေကို ဇာတ်လိုက်ကြီး လုလင်ဖုန်း၊ စူးဝူမင် နဲ့ ချန်လင်တို့ ဘယ်လိုဖြေရှင်းမယ်... ဘယ်လိုတွေကြုံတွေ့မယ် ဆိုတာ စိတ်ဝင်စားစရာပဲနော်...ကဲ ပရိသတ်ကြီးလည်း CM team နဲ့အတူ ထန်မင်းဆက် လျှို့ဝှက်ဆန်းကြယ် အမှုတွဲများ အတွဲ (၂) ကြည့်ပြီး အမှုတွေဖြေရှင်းလိုက်ကြရအောင်...==================================== Quality ...
8.2
TMDb: 8.2/10 13 votes
tv

Strange Tales Of Tang Dynasty : Season 2 (2024)

2024
Lost Identity (2024)
Lost Identity (2024) စစ်ကားတွေ ရဲကားတွေ မီးသတ်ကားတွေပဲရိုက်လေ့ရှိတဲ့Action မင်းသားချော Huang Jing Yu ကတော့ ဒီတစ်ခါမှာလည်းLost Identity ဆိုတဲ့ စစ်ကားကောင်းလေးကို မင်းသမီးXin Zhi Lei နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပြီး ဒီနေ့မှာပဲ ထွက်ရှိလို့လာပါပြီ ။ဇာတ်လမ်း‌လေးကတော့ ဂျပန်တွေ တရုတ်မှာ ဗိုလ်ကျနေတဲ့အချိိန်ဂျပန်စစ်တပ်ရဲ့ ဇီဝဓာတုအဆိပ်ဓာတ်ငွေ့သုတေသနဌာနကနေလွတ်မြောက်လာတဲ့ တရုတ်ကွန်မြူနစ်ပါတီမြေအောက်အဖွဲ့ဝင်Ou Xiao An နဲ့ စစ်သည်တွေအတွက် အဆိပ်ဖြေဆေးရှာ ၊ရှေ့တန်းမှာရောဂါကုသပေးနေရတဲ့ ‌ဆရာဝန်မလေးQing Mo Qing တို့ရဲ့ ဂျပန်တွေရဲ့လျို့ဝှက်ချက်ကို အတူတူဖော်ထုတ်ကြမှာကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်ကားလေးထဲမှာ သူတို့နှစ်ယောက်ပေါင်းပြီးဂျပန်တွေရဲ့ကြံစည်မှု လျို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားမလဲ ?အနားမှာရှိနေတဲ့ သူလျိုတွေကိုရော ဘယ်လိုနည်းလမ်းနဲ့ဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုကြဖို့မမေ့ပါနဲ့နော်။=================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : mp4 Genres :  Mystery, Crime, War Runtime : ...

Lost Identity (2024)

2024
We Are (2024)
We Are (2024) သူငယ်ချင်းထက် ပိုသော (၂၀၂၄)BL CP နာမည်ကြီးတွေထဲကတစ်တွဲဖြစ်တဲ့ Pond-Phuwinရဲ့ကားသစ်ဖြစ်တဲ့ ကျောင်းသားကားblသစ်လေးထွက်ရှိလို့လာပြန်ပါပြီ။ Fish upon the sky ကနေစလို့ Never let me go အထိ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့သူတို့ ဒီကားလေးမှာရော ဘယ်လိုတွေရိုကြချိုကြဦးမလဲ ဆိုတာကို CMနဲ့အတူ ရှုစားပေးကြပါဦး။ကျွန်တော်တို့ဘဝမှာ အပူအပင်ကင်းကင်းနဲ့ အပျော်ရဆုံးအချိန်တွေလို့ပြောရင် အရင်ဆုံးတွေးမိတာ အထက်တန်းကျောင်းသားဘဝဖြစ်ပြီး ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုနဲ့ စိတ်ကစားခဲ့ဆုံးအချိန်ကာလကတော့ တက္ကသိုလ်ကျောင်းသားဘဝပါပဲ။အခုဒီကားလေးထဲမှာမြင်ရမှာကလည်း ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ဆယ်ကျော်သက်ဘဝကျွတ်ခါစ မြီးကောင်ပေါက်တစ်သိုက်အကြောင်းပေါ့။ ကျောင်းသားဘဝရဲ့ အခက်ခဲဆုံးလို့ထင်ခဲ့တဲ့ ပညာသင်ကြားချိန်တွေ၊ ပင်ပန်းလှပါပြီဆိုတဲ့ စာမေးပွဲ‌တွေ၊ အချိန်ဘယ်လောက်ပဲမပေးနိုင်ဘူးပြောပြော သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာတွေ၊ နောက်ဆုံးအနေနဲ့ ချန်လှပ်ထားခဲ့လို့မရတာကတော့ အဖြူရောင်သံယောဇဉ်ကနေ အရောင်ပြောင်းစပြုလာတဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုရမှာပါ။တခြားBLတွေနဲ့မတူတာကတော့ Side CPအတွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆင်လေးတွေချည်းသက်သက်စုထားတဲ့စီးရီးလေးဆိုတော့ အောက်မေ့လွမ်းဆွတ်ဖွယ် တက္ကသိုလ်ကျောင်းသားဘဝလေးကို အဆင်ငမ်းရင်း ပြန်တမ်းတလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

We Are (2024)

2024
My Stand-In (2024)
My Stand-In (2024) အဖြည့်ခံပန်းလေးတစ်ပွင့် (၂၀၂၄)ဝိဉာဉ်ကူးပြောင်းနေတဲ့ ဇာတ်လမ်းတွေ ရေပန်းစားနေချိန်၊ ဒီတစ်ခါမှာတော့ ထိုင်းဝိဉာဉ်ကူးပြောင်းခြင်း ဇာတ်လမ်းတွဲတွေ ယူဆောင်ပေးလို့လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့... လူစားထိုးစတန့်သမား ဂျိုးတစ်ယောက် ရိုက်ကွင်းမှာ မတော်တဆဖြစ်ပြီး ချောက်ကမ်းပါးစွန်းက ပြုတ်ကျသေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက သူပြန်သတိရလာချိန်မှာ သူနဲ့နာမည်တူဂျိုးဆိုတဲ့ ကောင်လေးခန္ဓာကိုယ်ထဲ ရောက်နေတာပါပဲ။ ဒီလိုနဲ့ သာမန်ဘဝကို နေထိုင်ရင်း အရင်ဘဝက ရေစက်ဆုံခဲ့တဲ့သူတွေနဲ့ တစ်ကွေ့ ပြန်ဆုံပြန်ပါတယ်။ အတိတ်ဘဝက မှတ်ဉာဏ်တွေ သယ်ဆောင်ထားတဲ့ ဂျိုးတစ်ယောက် ဒီမှတ်ဉာဏ်တွေနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ။ ရေစက်ဟောင်းတွေကို ဘယ်လို ပြင်ဆင်ဖို့ လုပ်မလဲဆိုတာကို သိချင်စိတ်အပြည့်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Blue, Laris M တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. ...

My Stand-In (2024)

2024
Follow Your Heart (2024)
Follow Your Heart (2024) အားလုံးစောင့်မျှော်နေကြတဲ့ Costume drama တွေရဲ့ဘုရင်လို့တောင်တင်စားကြတဲ့မင်းသား Luo Yun Xi ဦးဆောင်ပါဝင်ထားပြီး မင်းသမီး Song Yi နဲ့တခြား ဇာတ်ပိုဇာတ်ရံသရုပ်ဆောင်တွေအများကြီးပါဝင်ထားတဲ့Follow Your Heart ဆိုတဲ့ဇာတ်ကားလေး ထွက်ရှိလိုလာပါပြီ ။ဇာတ်လမ်းကလည်း မှုခင်းကားကိုမှ mystery , Supernatural စတဲ့genre တွေနဲ့ဆိုတော့ဇာတ်လမ်းအဆန်းလေးတွေမှ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်အုံးမယ်လိုထင်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ယွဲကျန်းရဲ့ စုံစမ်းစစ်ဆေးရေးမှုးကျန်းရှင်းပိုင်ဟာ မျက်နှာတွေကိုမမှတ်မိနိုင်တဲ့ရောဂါဆန်းတစ်ခုကိုခံစားနေရပြီး မာနကြီးပြီးအေးစက်စက်လည်းနိုင်ပါတယ် ။ သူဟာ ဟယ်မန်အန့်ကို မူးယစ်ဆေးကိစ္စစုံစမ်းဖိုအတွက်တိတ်တဆိတ်ရောက်ရှိလာခဲ့ပြီး လတိုင်းမျက်နှာတစ်ခုပြောင်းနေတဲ့လေလွင့်သမားတော်လေးယန်နန်ရှင်းနဲ့သိကျွမ်းဖို ရေစက်ပါလာပါတော့တယ် ။နှစ်ယောက်သားဟာ တစ်ယောက်လျိုဝှက်ချက်ကို တစ်ယောက်ဖုံးကွယ်ထားရင်းလျိုဝှက်ချက်ကိုယ်စီနဲ့ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကံကြမ္မာအလီလီကိုဖြတ်သန်းရင်းအဆုံးမှာတော့ အမှုရဲ့နောက်ကွယ်ကလူကိုဘယ်လိုဖော်ထုတ်နိုင်သွားမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို အဆုံးထိ လိုက်ပါစောင့်ကြည့်လိုက်ပါအုံးနော် ။ =================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : ...

Follow Your Heart (2024)

Jade’s Fateful Love (2024)
Jade’s Fateful Love (2024) ဒီဇာတ်လမ်းလေးကတော့ တွေ့မြင်နေကျ ဇာတ်လမ်းတွေနဲ့မတူတစ်မျိုးကွဲထွက်ပြီး romance , supernatural စတဲ့ genre တွေနဲ့အတူတစ်မျိုးတစ်ဖုံ စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ -ကျောင်းစိမ်းပြားလေးတစ်ပြားဟာ ယွဲ့လင်နဲ့ ကျိုးရှစ်ယွီတို့ကိုထူးခြားဆန်းကြယ်တဲ့ကံကြမ္မာတစ်ခုယူဆောင်လာပေးခဲ့ပါတယ် ။အဲဒါကတော့ တုန်းယွီပြည်နဲ့ ပေရှော့ပြည်နှစ်ပြည် လက်ဆက်မင်္ဂလာအတွက်တုန်းယွီပြည်က မင်းသမီးလေးကို ပေရှော့ပြည်ကိုပြန်ခေါ်သွားတဲ့လမ်းမှာသူပုန်တွေနဲ့တိုးပြီး သေသွားတိုင်း ပြန်ပြန်ရှင်နေခဲ့တာပါ ။ဒီလိုနဲ့နှစ်ယောက်သား ဒီအခက်အခဲကို အ‌ဖြေရှာဖို့အတွက်မတည့်တဲ့ကြားက ခင်မင်ရင်းနှီးသွားကြပြီးတော့ဆန်းကြယ်တဲ့ကံကြမ္မာဟာလည်း စတင်ခဲ့ပါတော့တယ် ။ဒီကျောက်စိမ်းပြားက သူတို့၂ယောက်အတွက် ဘယ်လိုထပ်ပြီးတော့ဆန်းကြယ်တဲ့ကံကြမ္မာတွေယူဆောင်လာပေးမလဲ။နှစ်နိုင်ငံဆက်ဆံရေးနဲ့ဆက်နွယ်နေတဲ့ မင်္ဂလာပွဲကရော ဘယ်လိုဖြစ်သွားမလဲ။သူတို့ကြားက အချစ်ရေးကရော ဘယ်လိုအဆင်ပြေလာနိုင်မလဲဆိုတာကိုစိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးထဲမှာ လိုက်ပါကြည့်ရှုလိုက်ကြပါအုံးနော် ။==================================Quality : WEB-DL 720p, 1080p Total Episodes : 24 Format : mp4 Genres : Drama, Romance, Historical Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...

Jade’s Fateful Love (2024)

2024
Fox Spirit Matchmaker: Red-Moon Pact (2024)
Fox Spirit Matchmaker: Red-Moon Pact (2024) ဒီဇာတ်ကား‌လေးကတော့ နာမည်ကြီး Donghua တစ်ခုကို အခြေခံပြီး adapt လုပ်ထားတဲ့ ရှန်းရှဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။သရုပ်ဆောင်တွေအနေနဲ့ အဓိကမင်းသမီးအဖြစ် 85s flower တွေထဲကတစ်ယောက်ဖြစ်တဲ့ မမယန်းမီ ၊ မင်းသားအဖြစ် ခုခေတ် Traffic star တွေထဲ ထိပ်တန်းမင်းသားတစ်လက်ဖြစ်နေတဲ့ Gong Jun အပြင် တခြားနာမည်ကြီးအနုပညာရှင်တွေအများကြီးပါဝင်သရုပ်ဆောင်ထားကြတဲ့ IQIYI ရဲ့ ပထမဆုံး Super S+ Drama ပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -ထူရှန်းဟုန်ဟုန်က ထူရှန်းတောအုပ်မှာ ထူရှန်းမျိုးနွယ်ဝင်တွေရဲ့ အကြီးအကဲဖြစ်ပြီး ညီမလေး၂ယောက်နဲ့အတူ မျိုးနွယ်စုကိုစောင့်ရှောက်နေထိုင်လျက်ရှိပါတယ် ။ ထူရှန်းမျိုးနွယ်တွေဟာ တောအုပ်ထဲကို ဘယ်လူသားကိုမှဝင်ခွင့်မပြုခဲ့ပေမဲ့ တုန်းဖန်းယွဲချူးဆိုတဲ့လူသားလေးကိုတော့ လူဆိုးကြီးလက်ထဲကနေ ကယ်ခဲ့ပြီးတော့ထူရှန်းဟုန်ဟုန်က သူနဲ့အတူ ထူရှန်းတောအုပ်မှာလိုက်နေစေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ မမြင်နိုင်တဲ့အန္တာရာယ်တစ်ခုကလည်း ထူရှန်းမျိုးနွယ်ဆီချဉ်းကပ်လာခဲ့ပြီး ပြဿနာတွေအစပျိုးလာခဲ့တဲ့အချိန်အရွယ်ရောက်နေပြီဖြစ်တဲ့ တုန်းဖုန်းယွဲချူးတစ်ယောက် သူ့ရဲ့နတ်သမီးမမကိုဘယ်လိုပြန်ပြီး‌ေတာ့ကာကွယ်သွားမလဲ ? ဘယ်လိုမေတ္တာသက်ဝင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် လှလှပပCGI တွေနဲ့အတူ ရှုစားရမှာဖြစ်လို အဆုံးထိလိုက်ပါစောင့်ကြည့်ဖိုတိုက်တွန်းလိုက်ပါရစေ‌ရှင် ။====================================Quality : WEB-DL 1080p , 720p Total Episodes : 36 Format ...

Fox Spirit Matchmaker: Red-Moon Pact (2024)

2024
Joy of Life (Season 2) 7.8
Joy of Life (Season 2) 2019 နှစ်ကုန်ကနေ 2020 နှစ်ဆန်းအထိ ထုတ်လွှင့်ခဲ့တဲ့ Joy Of Life Season 1 ရဲ့ အဆက်ဖြစ်တဲ့ Season 2 ကိုတော့ ဒီနေ့မှာ စကြည့်ရတော့မှာပါနော်ဒီ Season 2 မှာတော့ Season 1 တုန်းက ယန်ပင်းယွင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Xiao Zhan နဲ့ ယဲ့လင်အာနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Han Jiu Nuo က လွဲလို ကျန်တဲ့ဇာတ်ကောင်တွေအားလုံးက Season 1 က အတိုင်း ပြန်ပါလာတာမို အရင် Season 1 တုန်းကလို ရသအပြည့်နဲ့ ကြည့်ရဦးမှာပါအရင် Season 1 ရဲ့ ဇာတ်သိမ်းပိုင်းမှာ မင်းသား ၂, မင်းသမီးကြီးနဲ မင်းအိမ်တော်တို ပူးပေါင်းသွားတဲ့အပြင် ဖန့်ရှန်ကို သူတိုဘက်တော်သားဖြစ်အောင် သိမ်းသွင်းဖို ဖန့်ရှန်ရဲ့ ဆရာဖြစ်သူ ဖေ့ကျဲ့, ထန်ကျစ်ကျင်းရဲ့ သားလေးအပြင် ဖန့်စစ်ကျယ်တိုနဲ့ အကျပ်ကိုင်ပြီး ...
7.8
TMDb: 7.8/10 51 votes
tv

Joy of Life (Season 2)

2019
To the Wonder (2024) 8.5
To the Wonder (2024) ဒီတစ်ခေါက်မှာတော့ CM ရဲ့ တရုတ်ကား အမာခံပရိသတ်တို့အတွက်... သဘာဝရှုခင်းနဲ့ နေ့စဉ်ဘဝကို ရိုးရှင်းစွာ ဖြတ်သားနေတဲ့ ရွာလေးတစ်ခုမှာ ဖြစ်တည်ခဲ့တဲ့ အချစ်ပုံပြင်လေးကို ပုံဖော်ထားတဲ့ My Altay ဆိုတဲ့ဒရာမာတိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ My Altay ထဲက လီဝမ်ရှိုးဆိုတဲ့ ကာရိုက်တာဟာ My Altay ဆိုတဲ့ ဝတ္ထုစာအုပ်ကို ရေးသားသူ လီကျွမ်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ချရေးထားတယ်ဆိုတဲ့ အချက်ပါပဲ...ဇာတ်လမ်းအကျဉ်း လီဝမ်ရှိုးလို့ခေါ်တဲ့ တရုတ်ဟန်မျိုးနွယ် မိန်းကလေးတစ်ယောက်ဟာ Altayက မြို့လေးကနေ မြို့ကြီးပေါ်တက်ပြီး ဘဝကို ရုန်းကန်ကြိုးစားနေသူတစ်ယောက်ပေါ့... အလုပ်တွေတစ်ခုပြီးတစ်ခု အဆင်မပြေလိုက် ပြောင်းလိုက်၊မပြေလည်လိုက် ပြောင်းနဲ့ ဘဝဆိုတဲ့ စကားလုံး ၂ လုံးအောက်မှာ ပြားပြားဝပ်ခံနေရသူ တစ်ယောက်ပေါ့... ဒီလိုနဲ့ သူ့မြို့လေးက သူ့အမေရဲ့ ကုန်စုံဆိုင်လေးဆီ အလည်ပြန်တဲ့အချိန်မှာပဲ သူရှာနေတဲ့ ဘဝနဲ့ မတူညီတဲ့ Kazakh လူမျိုးကောင်လေး ပါထိုက်နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်..."ပါးထိုက်က ဘယ်လိုလူမျိုးလဲဆိုရင် မြင်းတစ်ကောင်လို ကြီးမားပြီး လယ်ကွင်းပြင်မှာ ထီးထီးမားမားရပ်နေတာ လုံးဝရှင်ဘုရင်တစ်ပါးလိုပဲ" "ပါးထိုက်က ဝမ်ရိုးအတွက်တော့ ဒီရွာလေးကို ...
8.5
TMDb: 8.5/10 4 votes
tv

To the Wonder (2024)

2024
Men In love
Men In love Hu Yi Tian နဲ့ Liang Jie ရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးလာပါပြီ။ စည်းကမ်းကြီးပြီး ဝီရိယရှိပြီးကြိုးစားတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်တဲ့ ယဲ့ဟန်ဟာ ချစ်စရာကောင်းပြီးကပျက်ကချော်နိုင်တဲ့အားကစားဆရာမလေးလီရှောင်းရှောင်းကို တိုက်တိုက်ဆိုင်ဆိုင် အခက်အခဲတွေကနေကူညီပေးမိတယ်။ အတိတ်ကအဖြစ်အပျက်တွေကြောင့် အချစ်ဆိုတဲ့အဆင့်ထိသွားဖိုခက်ခဲနေကြတယ်။ စိတ်အားထက်သန်ပြီးတော့တည့်တိုးဆန်တဲ့ မဂ္ဂဇင်းထုတ်ဝေသူ ရွှကျားချန်ဟာ အရင်တုန်းကလက်တွဲလုပ်ဖူးတဲ့ မော်ဒယ်ထုံယီဝမ်နဲ့ပြန်ဆုံခဲ့တယ်။သူတိုနှစ်ယောက်ဟာ အချစ်ရေးနဲ့အလုပ်အကိုင်ကို မျှတနိုင်ဖိုကြိုးစားနေကြတယ်။ သူတို(၄)ယောက်ရဲ့ပတ်သက်မှုက ရှောင်းရှောင်းကကျားချန်ကိုတိတ်တခိုးချစ်နေမိတဲ့အတွက် ရှုပ်ထွေးလာပြီးစစ်သပ်မှုတွေနဲ့ပြည့်လာခဲ့တယ်။ ယဲ့ဟန်ဟာရှောင်းရှောင်းအားငယ်နေချိန်မှာ အမြဲစောင့်ရှောက်ပေးခဲ့တော့နောက်ဆုံးမှာ ရှောင်းရှောင်းကယဲ့ဟန်ရဲ့အချစ်ဒဏ်ရာတွေပျောက်သွားအောင်လုပ်ပေးနိုင်သွားပါတယ်။ အဲဒီအချိန်မှာပဲ ကျားချန်နဲ့ယီဝမ်ကစမ်းစစ်မှုတွေကိုကျော်ဖြတ်နိုင်သွားခဲ့တယ်။ လူငယ်စုံတွေလေးတွေကြုံတွေ့တတ်တဲ့အခက်အခဲတွေနဲ့ အချစ်အကြောင်းကိုဖော်ကျူးထားတဲ့ ဒရာမာလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK=====================================Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ ...

Men In love

2024
Two Worlds (2024)
Two Worlds (2024) ကမ္ဘာနှစ်ခု (၂၀၂၄)ကမ္ဘာခြားတဲ့ချစ်ခြင်းလေးလာပါပြီနော် ခရမ် ရဲ့ချစ်ရသူ ဖူဖာ အသတ်ခံရပြီးတဲ့နောက်မှာ ခရမ်ဟာအမှတ်မထင် ကမ္ဘာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်အဲဒီတစ်ဖက်ကမ္ဘာမှာတော့ ထိုင် ဆိုတဲ့ကောင်လေးနဲ့ ခရမ် ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ချစ်သူတွေဖြစ်နေပါတယ်ဒါပေမဲ့ ခရမ် က ထိုင် အဖေသတ်လို့ သေခဲ့ပြီးပါပြီ ဒါပေမဲ့ တစ်ဖက်ကမ္ဘာကနေရောက်လာတဲ့ သူ့ရဲ့သေသွားတဲ့ချစ်သူနဲ့တူနေတဲ့ ခရမ် ကို ထိုင် တစ်ယောက် အမှတ်မထင် ပြန်မြင်လိုက်ရတဲ့အခါ ...ကမ္ဘာနှစ်ခုခြားနေတဲ့ချစ်သူနှစ်ယောက် ဒီကမ္ဘာမှာရော ရေစက်ပြန်ဆုံကြမလားဆိုတာကို အတူစောင့်ကြည့်လိုက်ရအောင်လားရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Noe တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator .....  Shin, Cali, Noe Encoder ..... Aaron720pEpisode 01 - Userdrive ...

Two Worlds (2024)

2024
Joy of Life (Season 1) 7.8
Joy of Life (Season 1) မကြာခင်မှာ Season 2ထွက်တော့မှာဖြစ်လို့ Season 1 ကို ပြန်နွှေးဖို့အတွက် ကြည်ကြည်လင်လင်နဲ့ကြည့်လို့ရအောင်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားလေးက 2019ခုနှစ်ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပြီး Douban score 7.9 နဲ့ တော်တော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကလည်း သာမန်နဲ့မတူတဲ့ ရသမျိုးပေးစွမ်းနိုင်ပြီးတော့ မြင်တွေ့နေကျဇာတ်လမ်းမဟုတ်တာကြောင့် ကြည့်မိရင် တကယ်နောင်တရမှာတော့မဟုတ်ပါဘူး ။ဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ဖန့်ရှန်ဟာ ဒီဘက်ခေတ် 21ရာစုရဲ့ မှတ်ဉာဏ်တွေနဲ့ ရှေးခေတ်ချင်မင်းဆက်ခေတ်မှာမွေးဖွားလာခဲ့တာပါ ။ သူကမွေးလာကတည်းက နယ်မြို့လေးမှာ အဘွားဖြစ်သူက‌ပျိုးထောင်လာခဲ့တာပါ ။ဒါပေမဲ့ သူ့ရဲ့အဖေဖြစ်သူက ဘဏ္ဍာရေးဌာနက စစ်နန်အမတ်ကြီး ဖန့်ကျန့်နဲ့ အမေဖြစ်သူကလည်း နန်းမြို့တော်မှာအတော်ဆုံးတီထွင်သူ အချမ်းသာဆုံးသူတစ်ယောက်ဖြစ်ပါတယ် ။ သူကရိုးရိုးနယ်မြို့လေးမှာနေပေမဲ့ နောက်ခံကမရိုးရှင်းတော့ မကြာခဏဆိုသလိုသူ့ကိုလိုက်သတ်ကြတဲ့သူတွေရှိလာပါတယ် ။အရွယ်ရောက်လာတဲ့ဖန့်ရှန်တစ်ယောက် သူ့မှာဘာလို့ 21ရာစုက မှတ်ဉာဏ်တွေရှိနေလဲဆိုတာရယ် ၊ ဘာလို့သူ့ကိုလိုက်သတ်နေကြတာလဲဆိုတဲ့အကြောင်းရယ် ၊ တမူထူးခြားတဲ့သူ့အမေနဲ့ပတ်သတ်တဲ့အကြောင်းပိုသိချင်တာရယ်ကြောင့် နန်းမြို့တော်ကိုလာခဲ့ပါတော့တယ် ။ဖန့်ရှန့်တစ်ယောက်နန်းမြို့တော်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့လာမလဲ ? တော်ဝင်မျိုးနွယ်ကအုပ်ချုပ်‌နေတဲ့ အမေဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကိုရောပြန်ယူနိုင်မလား ? နန်းတော်ထဲမှာရော ဘယ်လိုအတားအစီးတွေက စောင့်ကြိုနေမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ဖို့မမေ့ပါနဲ့Quality : 1080p Format : mp4 Total Episodes : 46 Genres : Mystery , Romance , ...
7.8
TMDb: 7.8/10 50 votes
tv

Joy of Life (Season 1)

2019
In the Name of the Brother
In the Name of the Brother ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့တရုတ်ဇာတ်လမ်း‌တွဲတွေရဲ့ ဘုရင်မတစ်ပါးလည်းဖြစ် 80's flower တွေထဲကနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ မမ Yang Mi ဗီလိန်လုပ်မဲ့ ‌၁၉၄၀ လောက်ကဇာတ်ကားကောင်းလေးကိုကြည့်ရမှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်း‌လေးအနေနဲ့ -၁၉၄၀ ခုနှစ်ဝန်းကျင်က ဟာ့ပင်းမြို့ မန်ချူးတွေရဲ့‌လက်အောက်ရောက်နေတဲ့အချိန်ဖြစ်ပါတယ် ။အဲဒီအချိန် မြေအောက်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စုန့်ကျော်ဝမ်ကမန်ချူးအဖွဲ့ထဲကိုဝင်ဖို့နည်းလမ်းရှာနေတဲ့အချိန်လည်းဖြစ်ပါတယ် ။ဒါပေမဲ့ မန်ချူးတွေရဲ့လက်အောက်ခံဟာ့ပင်းရဲဌာနရဲ့ ဌာနမှူးဖြစ်တဲ့ကွမ်းရွှယ်ရဲ့အကူအညီနဲ့အတူ ဟာ့ပင်းရဲဌာနကိုဝင်ခွင့်ရသွားခဲ့ပါတယ် ။ဌာနမှူးကွမ်းရွှယ်က စုန့်ကျော်ဝမ်ကိုဌာနကိုဝင်ခွင့်ပေးလိုက်တာကလည်း အကြောင်းအရင်းရှိပါတယ် ။ဒီလိုနဲ့ မန်ချူးတွေကိုဆန့်ကျင်ဖို့အတွက် ရဲတပ်ဖွဲ့ထဲဝင်လာတဲ့ စုန့်ကျော်ဝမ်နဲ့မန်ချူးလက်အောက်ခံရဲဌာနက ရဲမေမမတို့နှစ်ယောက် ရှေ့ဆက်ပြီးအပြန်အလှန်ဘယ်လိုထိုးစစ်ဆင်ကြမလဲ ? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။=================================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...

In the Name of the Brother

2024
Our Memories
Our Memories ဝေ့ရှင်းနဲ့ ဝမ်တိချိုတို ဦးဆောင်တဲ့ အထက်တန်းတတိယနှစ်ကျောင်းသားအဖွဲလေးတွေဟာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကိုယ်စီရှိကြပြီး ယွီကျိုလမ်းလေးမှာ နေကြတဲ့ အိမ်နီးချင်းသူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်အထက်တန်းတတိယနှစ်တုန်းက ကောင်းအတူဆိုးအတူ တွဲလာကြတဲ့ သူတိုအဖွဲလေးဟာ ကိုယ့်အိပ်မက်ပန်းတိုင်စီကိုပဲ မူလရည်ရွယ်ချက်အတိုင်း လျှောက်လှမ်းသွားနိုင်ကြမလား မိဘတွေစီမံရာကိုပဲ လိုက်နာကြမလားကျောင်းသားဘဝတုန်းက ပျော်ရွှင်ခဲ့ရတဲ့ဘဝဟာ သူတိုဘဝလေးတွေ ကိုယ်စီရည်မှန်းရာ တက္ကသိုလ်စီ လှမ်းရတဲ့အခါမှာ ပျော်ရွှင်စရာကောင်းဦးပါ့မလားဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာအားပေးကြပါဦး...====================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mee Mee Jue Jue Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz Ep 1 ...

Our Memories

2024