Channel Myanmar

Hulu

Candy (2022) (Complete) 8.5
Candy (2022) (Complete) Candy (2022) Completed Mini Series  ~ IMDb - 7.4/10, Rotten Tomatoes - 68% ~ တစ်ခါတလေကျရင်တော့ လူ‌ဘုံလူ့လောကကြီးမှာ အသက်တစ်ရာမနေရပေမဲ့၊ အမှုတစ်ရာပွေရစမြဲပဲလို့ ဆိုရမလိုပါပဲ။ တစ်ချို့အမှုတွေမှာ အပြစ်မရှိဘဲ အပြစ်တွေပုံချခံခဲ့ရတဲ့သူတွေရှိသလို တစ်ချို့ကျပြန်တော့လည်း အပြစ်ရှိလျက် လွတ်ကြပြန်ပါတယ်။ သွေးအေးလူသတ်သမားအချို့ဟာ အကြောင်းပြချက်မဲ့စွာ လူသတ်တတ်ကြသလို တစ်ခါတလေကျရင်တော့ တစ်ချို့လူသတ်သမားတွေဟာ ဘယ်လိုကြောင့်ဘယ်လိုလူသတ်လိုက်မိတာလဲဆိုတာကို သူတို့ကိုယ်သူတို့တောင် နားမလည်မိတတ်ကြတဲ့အထိပါပဲ။ ဒီစီးရီးဟာ ၁၉၈၀ ပြည့်နှစ်က အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံး ဟိုလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်လူသတ်မှုတစ်ခုကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးဖြစ်ပြီး ထိုလူသတ်မှုမှာတော့ အိမ်ရှင်မတစ်ယောက်ဟာ သူ့သမီးရဲ့သူငယ်ချင်းဖြစ်တဲ့ကလေးမလေးရဲ့ မိခင်ဖြစ်သူကို ပုဆိန်တစ်ခုနဲ့ ၄၁ ချက်တိတိအထိ ခုတ်သတ်ခဲ့တာလည်းဖြစ်ပါတယ်။ လူတစ်ယောက်သေဖို့ဆိုရင် ပုဆိန် ၄၊ ၅ ချက်ဟာ လုံလောက်နေပါပြီ။ ၁၀ ချက်ကျော်‌ဆိုရင်တောင် ပိုလွန်းနေပြီပဲဖြစ်ပါတယ်။ ဒါကို ဘယ်လိုစိတ်နဲ့များ အချက်ပေါင်း ၄၁ ချက်ကျော်အထိ ခုတ်သတ်ခဲ့ပါသလဲ။ ...
8.5
TMDb: 8.5/10 18 votes
tv

Candy (2022) (Complete)

2022
Love, Victor 8.7
Love, Victor Love, Victor (2020) Season 1အမည်မဖော်ဘဲနဲ့ အီးမေးလ်အပြန်အလှန်ပို့ရင်းက ‌ အဆုံးသတ်ကျ ရဟတ်ကြီးပေါ်မှာ ချစ်ရသူနဲ့ အနမ်းပေးခဲ့တဲ့ ‌ခရိဝုဒ်က ဂေး ကျောင်းသားလေးတစ်ယောက်ကို မှတ်မိကြသေးလားဗျ။ သူ့ရဲ့ နာမည်က "ဆိုင်မွန် စပီယာ" တဲ့လေ။အခုတော့ သူ့ရဲ့ရင်ခုန်စရာ ဇာတ်လမ်းလေးကြောင့် ဆိုင်မွန်မှာ admirer တွေ အများကြီး ရှိနေပါပြီ။ ဒီလူတွေထဲမှာ ဗစ်တာ ဆလာဇာဆိုတဲ့ ကောင်လေး အပါအ၀င်ပေါ့။ ဗစ်တာဟာ သူ့ကိုယ်သူ အခုထိ ဘယ်လိုလူစားလဲဆိုတာ အဖြေရှာမရသေးတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။တစ်နေ့တော့ ဗစ်တာဟာ ဖခင်ဖြစ်သူရဲ့ အလုပ်အပြောင်းအရွေ့ကြောင့် တက္ကဆက်ကနေ အတ္တလန်တာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဟုတ်ပါတယ်....သူ့ရဲ့ အိုင်ဒေါ ဆိုင်မွန်တစ်ယောက် ချစ်သူနဲ့ ပထမဆုံး အနမ်းပေးခဲ့ရာ ‌အရပ်ဒေသလေးပါ။အတ္တလန်တာမှာ ဗစ်တာဟာ သူ့ကိုယ်သူ အဖြေရှာနိုင်မယ်... ဘ၀သစ် စတင်နိုင်မယ်လို့ ယူဆထားတယ်။ တစ်ဖက်မှာလည်း message box ကနေတစ်ဆင့် ဆိုင်မွန် စပီယာထံ သူ့ရဲ့ လျှို့ဝှက်ခံစားချက်တွေ ပို့လျက်ပေါ့....အတ္တလန်တာ ခရိဝုဒ်အထက်တန်းကျောင်းမှာ ကျောင်းတက်ရင်း ဆိုင်မွန့်လိုပဲ အားကိုးရတဲ့ သူငယ်ချင်းတွေနဲ့ ...
8.7
TMDb: 8.7/10 1289 votes
tv

Love, Victor

2020
Under the Banner of Heaven (2022)
Under the Banner of Heaven (2022) Under The Banner of Heaven (2022)(Completed Limited Series) ~ IMDb - 8.9/10, RT - 75%, Meta - 83% ~ လက်ပေါက်အကပ်ဆုံး အမြင်ကပ်စရာအကောင်းဆုံး ကြောက်စရာအကောင်းဆုံးလူတွေကို ပြပါဆိုရင် ဘာသာရေးအစွန်းရောက်တွေကိုပြရမယ်ထင်တယ်။ ကမ္ဘာအရှည်ကြာဆုံး ခရူးဆိတ် စစ်ပွဲဆိုတာ ဘာသာရေးအစွန်းရောက်တွေကြောင့် ဖြစ်တာလို့ ပြောချင်ပါတယ်။ ဘာသာရေးအစွန်းရောက်တွေကြောင့် တခြားအယူဝါဒတွေ၊ သိပ္ပံပညာ၊ လွတ်လပ်တဲ့ အတွေးအခေါ်ဟာ မိစ္ဆာဒိဌိဖြစ်လာတယ်။ အယူဝါဒကွဲပြားမှုတွေကြောင့် ကောင်းကင်ဘုံရဲ့အလံတော်အောက်ကနေ တိုက်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကမ္ဘာပေါ်မှာ သွေးမြေကျခဲ့တဲ့ လူတွေ ဘယ်လောက်တောင်များနေပြီလဲ... Under The Banner of Heaven က အဲဒီဇာတ်လမ်းတွေထဲက တစ်ပုဒ်ပါ။ ဖြစ်ရပ်မှန်ကို အခြေခံတဲ့ ဇာတ်လမ်းတွေကို ရေးတဲ့ စာရေးဆရာ Jon Krakauer ရဲ့ နာမည်တူ ဝတ္ထုကို ရုပ်ရှင် အဖြစ်ပြောင်းလဲ ...

Under the Banner of Heaven (2022)

2022
The Girl From Plainville (2022) 6.4
The Girl From Plainville (2022) The Girl From Plainville (2022)=======================IMDb Rating - 6.4/10 Biography, Crime, DramaElle Fanning ​လေးရဲ့အသစ်ထွက်ရှိထားတဲ့ Crime, Drama စီးရီး​အသစ်တစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ Huluက ထွက်ရှိလာတဲ့ စီးရီးဖြစ်ပြီး အပိုင်း(၈)ပိုင်းပါဝင်မှာဖြစ်ပါတယ်။ကနဦး ratingမှာ​ IMDb 6.4 နဲ့ Rotten Tomatoes 100 % ရထားတာပဲ ဖြစ်ပါတယ်။ (၃)ပိုင်းအရင်ဆုံးထွက်ရှိပြီး ကျန်တာ ​တွေက တစ်ပတ်တစ်ပိုင်း ထွက်မှာဖြစ်လို့ အပတ်စဉ်တင်ဆက် ​ပေးသွားမှာပါ။ဒီစီးရီးဟာ အ​မေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ်မှာရှိတဲ့ ပလိန်း​ဗေးလ်မြို့မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းပဲ ဖြစ်ပါတယ်။မစ်ရှယ်ကာတာဆိုတဲ့ ​၁၇နှစ်အရွယ် ​ကောင်မ​လေးဟာ သူမရဲ့ ချစ်သူဖြစ်တဲ့ ကွန်ရတ်ဒ်ရွိုင်းကို သမီးရည်းစားချင်း မက်​ဆေ့ဂျ် ပို့ရာမှတဆင့် ကိုယ့်ကိုယ်ကိုယ်သတ်​သေ​ချင်လာ​အောင် စိတ်ပိုင်း ​ဆိုင်ရာ ချယ်လှယ်(Manipulate) ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရင်ဆိုင် ရတဲ့အခါ ...အဲဒီ စွဲချက်ကို မစ်ရှယ်တစ်​​ယောက် ဘယ်လိုရုန်းထွက်မလဲ၊ သူ့ရဲ့စာတွေ​ကြောင့်ပဲ ကောနတ်ဒ် သတ်​သေသွားခဲ့တာလား၊ မစ်ရှယ်ကတကယ်ပဲ တစ်ပါးသူစိတ်ကို ကြိုးကိုင်နိုင်တာလား၊ တခြားဘယ်လိုလှည့်ကွက်​တွေ ရှိ​နေမလဲဆိုတာကို အပတ်စဉ် ​​​​စောင့်ကြည့်ရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို JimX ...
6.4
TMDb: 6.4/10 2300 votes
tv

The Girl From Plainville (2022)

2022
The Croods: Family Tree Season 2 (2022) 7
The Croods: Family Tree Season 2 (2022) The Croods ; Family Tree (2022)Hulu က​နေ 2021 ခုနှစ် စက်တင်ဘာမှာထွက်ရှိထားတဲ့ The Croods : Family Tree ရဲ့ တိုက်ရိုက်အဆက်ပဲဖြစ်ပါတယ်။ တစ်ပိုင်းကို မိနစ် ၂၀ ကျော်ကြာမြင့်မှာဖြစ်ပြီး ၇ ပိုင်းတိတိ ထွက်ရှိထားပါတယ်။ခရုဒ်မိသားစုနဲ့ ဘတ်တာမန်းမိသားစုဟာ အခုဆိုရင် Farmဆိုတဲ့ ဘတ်တာမန်းမိသားစုပိုင်ခြံထဲက Tree Houseမှာ တူတူ​နေထိုင်ကြပါပြီ၊ အိမ်နီးချင်း​​တွေ တကျက်ကျက် ဖြစ်ရင် ခွီရတဲ့ထုံးစံအတိုင်း လူရိုင်းအကျင့်စရိုက်၊ အမူအကျင့်​တွေနဲ့ပဲ အသားကျ​နေ​သေးတဲ့ ခရုဒ်မိသားစုဝင်တို့ ဒီ​နေ့​​ခေတ်အသိဉာဏ်နဲ့ ယဉ်​ကျေးတဲ့စရိုက်ရှိတဲ့ဘတ်တာမန်းမိသားစုနဲ့မှ တူတူတွဲ​နေရတဲ့အခါမှာ​တော့ ​ ရေနဲ့ဆီလိုကွာ​နေတဲ့ ယဉ်​ကျေးမှုတွေကို​ ပြောင်းလဲညှိယူရင်း ပဋိပက္ခ​​ပေါင်းစုံဖြစ်လာပါ​​တော့တယ်....Croods Franchise ရဲ့ထုံးစံအတိုင်း ​​တောရိုင်းသဘာဝအလှအပနဲ့သားရဲ​ကောင်​ အထူးအဆန်းတွေပါမယ်၊ အ​ရေးကြီးရင် ​သွေးထက်ပျစ်တဲ့ မိသားစု​မေတ္တာ​တွေ၊ သူငယ်ချင်းသံ​ယောဇဉ်​တွေပါမယ်၊ ပြဿနာ​ပေါင်းစုံ​ကြောင့် ခွီလည်းခွီရမယ်၊ ရယ်လည်းရယ်ရမယ်၊ တစ်ပိုင်းချင်းစီမှာပေးချင်တဲ့ Message​တွေပါမယ်၊ Dreamwork ကုမ္ပဏီကပဲ ရိုက်ကူး​ပေးထားတယ်၊ ဒီ​လောက်ဆို Animationကြိုက်တဲ့ Cmပရိတ်သတ်​တွေ အဖို့ လက်မလွတ်သင့်တဲ့ Seriesဆိုတာ ​သေချာပါတယ်၊ Croodsမိသားစုရဲ့ ...
7
TMDb: 7/10 439 votes
tv

The Croods: Family Tree Season 2 (2022)

2021
The Dropout (2022) 7.8
The Dropout (2022) တစ်ပိုင်းချင်းစီကို IMDB rating 7.5 အောက္မဆင်းဘဲ Overall rating 8 လောက်ရထားတဲ့ Hulu ရဲ့ဖြစ်ရပ်မှန် series ဖြစ်ပါတယ်။ TV Shows အများစုမှာ မြင်နေကြ နာမည်ကြီး Cast တွေကောင်းကောင်းနဲ့ ရှယ်ရိုက်ပြထားတာပါ။၂၀၀၂ အစပိုင်းလောက်က နည်းပညာလောကမှာ တစ်ခေတ်ဆန်းပြီး ပြောင်းလဲမှုတွေအများကြီဖြစ်ခဲ့တဲ့ အချိန်ပါ။ Steve Jobs ရဲ့ Apple မျိုးဆက်အစ ၊ Bill Gates ရဲ့ Windows , Zuckerberg ရဲ့ Facebook ၊ Jack Dorsey ရဲ့ Twitter စသဖြင့် လူငယ်‌ လူလတ်ပိုင်းတွေ ကျောင်းထွက်ပြီး နည်းပညာနဲ့ ဘီလီယံနာကြီး‌ေတွ စဖြစ်လာတဲ့ အချိန်‌ေပါ့။ ဒါတွေကို အားကျတဲ့ အဲလိဇဘက်ဟုမ်းဆိုတဲ့ ကောင်မလေးဟာ အရွယ်နဲ့မလိုက်အောင်ထူးချွန်တဲ့ စတန်းဖို့ဒ် တက္ကသိုလ်ကျောင်းသူပါ ။ သူဟာ ဒုတိယနှစ်မှာတင် ...
7.8
TMDb: 7.8/10 10 votes
tv

The Dropout (2022)

2022
Life & Beth (2022) 6.5
Life & Beth (2022) Life and Beth (2022)=============== IMDb Rating - 6.5/10 နာမည်ကျော် သရုပ်ဆောင်/ comedian - Amy Schumer အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy/Drama စီးရီးလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘတ်သ်ဆိုတဲ့ အမျိုးသမီးဟာ အသက် (၄၀)ဝန်းကျင်ဖြစ်ပြီးနာမည်ကျော် ဝိုင်ကုမ္ပဏီတစ်ခုက salesperson တစ်ယောက်ပါ။ အသက်အရွယ်အရ အလုပ်အကိုင်အပြင် အချစ်ရေးမှာပါ အခြေတကျရှိပြီးသားသူတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့မိခင်နဲ့ပတ်သက်ပြီး အတိတ်ကို ပြန်လှည့်ကြည့်ခဲ့မိရာက သူလိုချင်ခဲ့တာတွေ ဖြစ်ချင်ခဲ့တာ တွေကို ပြန်မြင်လာတဲ့အခါ…သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲခဲ့ပြီးမှ အောင်အောင်မြင်မြင်နောက်ပြန်လှည့်နိုင်ပါ့မလားဆိုတာကို ဟာသနှောပြီး ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။(စုစုပေါင်း ၁၀ ပိုင်းပါဝင်တဲ့ ဒီစီးရီးကို cm မှ ဆက်တိုက်တင်ဆက်ပေးသွားပါမည်။) (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေး သူကတော့ May Myat Thu ဖြစ်ပါတယ်။)File Size - (300 MB) Quality – WEBDL 1080p / 720p Duration - 30 min (@Episode) Subtitle – Myanmar Hardsub Format – ...
6.5
TMDb: 6.5/10 2700 votes
tv

Life & Beth (2022)

2022
Y: The Last Man (2021) Complete 10
Y: The Last Man (2021) Complete Y: The Last Man (2021)IMDb 6.42002 ခုနှစ်က ထုတ်ဝေခဲ့တဲ့ Brian K ရဲ့ DC comic ကို အခြေခံပြီး ပြန်လည် ဖန်တီးထားတဲ့Drama, Post-Apocalyptic series နဲ့ မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းလူသားတွေ အားလုံးဟာ တာ၀န်ကိုယ်စီနဲ့ လှုပ်ရှားသွားလာနေသလိုကမ္ဘာကြီးဟာလည်း ပုံမှန်လည်ပတ်နေပါတယ်တစ်နေ့မှာတော့ နားလည်ရခက်တဲ့ ကပ်ဆိုးကြီးတစ်ခုအေးချမ်းနေတဲ့ လူ့လောကကို ၀င်မွှေပါတော့တယ်ကပ်ဆိုးကြီးကြောင့် ကမ္ဘာပေါ်က Y Chromosome( တစ်နည်းအားဖြင့် ယောက်ျားတွေ) ဘာကြောင့်မှန်းရယ်မသိ သေဆုံးကုန်ကြပြီးYorick ဆိုတဲ့ ကောင်လေးတစ်ယောက််သာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရှိတဲ့အမျိုးသားအဖြစ် အမျိုးသမီးတွေကြား အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်ဒီလိုနဲ့ ယောက်ျားတွေ မရှိတော့တဲ့ ကမ္ဘာသစ်မှာ ကျန်ရစ်သူတွေဟာဆုံးရှုံးမှုတွေအတွက် ပြန်လည် မွမ်းမံအဖြေရှာရင်း ကောင်းမွန်တဲ့ ကမ္ဘာတစ်ခု တည်ဆောက်ဖို့ ကြိုးစားကြပုံတွေကိုစိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်အပိုင်း 10ပိုင်း ပါ၀င်ပြီး running time ကလည်း 1 နာရီတောင်ရှိတာမလို့တစ်၀ကြီး ...
10
TMDb: 10/10 1 votes
tv

Y: The Last Man (2021) Complete

2021
The Great 18+ (2020 – 2021 ) Season 1 + 2 + 3 8.2
The Great 18+ (2020 – 2021 ) Season 1 + 2 + 3  ဒီတခါတော့ Hulu ကနေ လွှင့်ထားတဲ့ The Great ဆိုတဲ့ Mini series လေးကို တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့ Comdey အမျိုးအစားဖြစ်ပြီး IMDB မှာ 7.9 နဲ့ RT မှာ 80%ထိရထားတဲ့ ဇာတ်ကားလေးပါ။ပထမဆုံးပြောရမှာကတော့ မင်းသမီးက Elle Fanningပါပဲ။ Super 8 ထဲက ကလေးမလေးကMaleficent 1&2 နဲ့ အောင်မြင်လာခဲ့ပြီး အခုလွမ်းနေတဲ့သူတွေအတွက် The Great နဲ့ ထွက်ပေါ်လာပြန်ပါပြီ။မင်းသမီးကတော့ ဟုတ်ပါပြီ မင်းသားကရော။ ဟုတ်ကဲ့ မင်းသားကတော့Worm Bodies တို့ Jack:Giant Slayerရယ် X-menကားတွေထဲလည်း ပါတဲ့ Nicholas Hoult ပါပဲ​။အပြင်မှာတကယ်ရှိတဲ့ ရုရှားဧကရီ Catherine The Great ရဲ့အကြောင်းကို ကျောရိုးလေးယူပြီးComdey အနေနဲ့ရိုက်ထားတာပါ။ Comedy ဆိုပေမယ့် 18th ရာစုဝန်းကျင်မှာဖြစ်တဲ့အတွက်အမျိုးသမီးတွေကို ...
8.2
TMDb: 8.2/10 489 votes
tv

The Great 18+ (2020 – 2021 ) Season 1 + 2 + 3

2020
Helstrom 2020 6.8
Helstrom 2020 Marvel's Helstrom 2020 - Season 1===========================IMDb Rating - 6.8/10#UnicodeMarvel ရဲ့ Helstrom ကာရိုက်တာကို စီးရီးအဖြစ် ထွက်လာပါပြီ။ကျွန်တော့်အမြင်ကတော့ သူက ကွန်စတန်တင်းနဲ့ ဆင်တယ်ပြောရမှာပါပဲ။အပိုင်း၁ မှာတော့ ဒေမင် ဟဲစ်ထရွန် ဟာ ဘုန်းတော်ကြီးမဟုတ်တဲ့ နတ်ဆိုးနှင်ပေးတဲ့သူပါ။သူ့မှာ အန်နာ ဟဲစ်ထရွန် ဆိုတဲ့ ညီမတစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံးမှာ ထူးဆန်းတဲ့အစွမ်းတွေ ကိုယ်စီရှိပါတယ်။ သူတို့ရဲ့ အဖေက စိတ္တဇလူသတ်သမား တစ်ယောက်လို့သိရပြီးသူတို့အမေကတော့ ဒေမင်ရောအန်နာရော နှင်လို့မရတဲ့ နတ်ဆိုးတစ်ကောင် ပူးကပ်တာကိုခံထားရပါတယ်။ ထူးဆန်းတဲ့ မိစ္ဆာလိုလိုအစွမ်းတွေနဲ့ လူတွေကို ကူညီနေတဲ့ ဒေမင်ကို ဗာတီကန်ဘုရားကျောင်းက စိတ်မချတဲ့အတွက် သူတို့ရဲ့ အတော်ဆုံး သင်တန်းသူ သီလရှင် ဂေဘရီရယ်ကိုတွဲဖက်အဖြစ် လွှတ်လိုက်ပြီး ဒေမင် နဲ့ ဂေဘရီရယ်တို့ နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရတာကနေ အစပြုထားပါတယ်။ စူပါနေထရယ် စတိုင် စူပါဟီးရိုးစီးရီးမို့ ...
6.8
TMDb: 6.8/10 3,345 votes
tv

Helstrom 2020

2020
Castle Rock Season 2 [COMPLETE] 7.1
Castle Rock Season 2 [COMPLETE] (Unicode)Castle Rock ဆိုတာစာရေးဆရာ Stephen King ရဲ့ စိတ်ကူးယဥ်မြို့တစ်မြို့ဖြစ်တယ်ဒီ Castle Rock Series ဇာတ်အိမ်တည်ထားတဲ့မြို့လေးဟာ လူသူအရောက်အပေါက်လဲကျဲပါးပြီးမြို့မှာ နေတဲ့သူတွေအတွက်သူတို့မှာ အထူးတလည်အလုပ်လုပ်စရာဆိုလို့ Shawshank ဆိုတဲ့ထောင်ကြီးပဲရှိပါတယ်မြို့သူမြို့သားတွေဟာသူတို့တက်လမ်းအတွက်အခြားမြို့မှာသွားလုပ်ရင်လုပ်မဟုတ်ရင်ထောင်ကြီးထဲမှာပဲ ထမင်းချက်ဆရာ၀န်ထောင်မှူး စတဲ့အလုပ်တွေလုပ်ကြပါတယ်ကြမ္မာငင်တဲ့နေ့တစ်နေ့မှာ ဘုရားသခင်ရဲ့တမန်တော်ကိုအံတုမယ့် ပျက်စီးခြင်းအဖုံဖုံသယ်ဆောင်လာပေးမယ့် သူတစ်ယောက် နဂိုကမှကျိန်စာမိပြီးသား Castle Rock မြို့လေးကိုရောက်လာခဲ့တယ်အဲ့သူကဘယ်သူလဲ သူဘာကြောင့်ရောက်လာတာလဲ သူဒီကမ္ဘာကရာ ဟုတ်ရဲ့လားစတဲ့အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ကြည့်ရမှာပါSeason 2 မှာတော့ Jerusalem's Lot မြို့လေးမှာအခြေတည်ထားပါတယ်ဒီ series ဟာ Season 1 Season2 ပေါင်းကြည့်မှဇာတ်ရည်လည်မှာပါနောက်ပြီး Stephen King ရဲ့အာဘော်တိုင်း Castle Rock, Jerusalem's Lot, Derry အဲ့သုံးမြို့မှာပတ်လည်ရိုက်သွားလာနေတဲ့ဆရာကြီးတစ်ဆူရှိပါတယ်မင်းသားကလဲ အဲ့ Shapeshifterနေရာကြီးမှာသရုပ်ဆောင်ခဲ့တဲ့ Bill ...
7.1
TMDb: 7.1/10 169 votes
tv

Castle Rock Season 2 [COMPLETE]

2018
Marvel’s Runaways Season (2) 7.3
Marvel’s Runaways Season (2) ဒါကတော့ Marvel ကနေထုတ်လုပ်တဲ့ Runaways Season 2 ပါ...Rating 7.3 ရရှိထားပြီး အပိုင်း ၁၃ ပိုင်းပါဝင်ပါတယ်...အရင် Season 1 တုန်းကလည်းတင်ဆက်ပေးပြီးပါပြီ...အခုလည်း ထပ်မံပြီး တင်ဆက်ပေးထားပါတယ်...ပထမဆုံးအနေနဲ့ Season 1 မကြည့်ဖူးသေးတဲ့လူတွေအတွက်ဒီ Season 2 ကိုကြည့်ရတာအဆင်ပြေအောင်ပြောပြပေးပါ့မယ်...The Pride လို့ခေါ်တဲ့ အဖွဲ့စည်းတစ်ခုကြောင့် ကလေးမိဘတွေဟာမလုပ်သင့်တာတွေ လုပ်နေကြတာကြောင့် သူတို့ရဲ့သားသမီးတွေဟာ နောက်ဆုံးမှာသူတို့ရဲ့မိဘတွေဟာ မကောင်းတဲ့လူတွေဖြစ်ကြောင်းသိရှိသွားကြပြီးတော့အသီးသီးထွက်ပြေးကြရင်း အိမ်ပြေးလေးတွေဖြစ်ကုန်ကြပါတယ်...ထူးခြားတာကတော့ ဒီအိမ်ပြေးလေးတွေဟာ အစွမ်းကိုယ်စီနဲ့ပါ...ဒီ Season 2 အစမှာလည်း Season 1 ရဲ့အကြောင်းရာတွေကိုပြန်လည်ရှင်းပြထားတာကြောင့် အားလုံးလည်းကြည့်ရတာအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်...ဒီ Runaways Season 2 ကို Channel Myanmar မှပုံမှန်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်.....Translator .... Arrow Team (MKN)Encoder ..... Moe Myint Lwin   Complete Zip File  VIP  / ...
7.3
TMDb: 7.3/10 91 votes
tv

Marvel’s Runaways Season (2)

2017
Castle Rock season 1 7.4
Castle Rock season 1  Castle Rock 2018 (အဆုံးစီရင်ခြင်းနယ်မြေ) =============================== ၇ လပိုင်း ၂၅ ရက်နေ့ က Hulu TV ရုပ်သံလိုင်းမှာစတင်ပြသခဲ့ပြီး အောင်မြင်ခဲ့တဲ့ TV Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်... တစ်ပတ်မှာ တစ်ပိုင်း ထုတ်လွင့်ပြနေဆဲ ဖြစ်ပြီး ယခု ဆိုရင် ၄ ပိုင်းထိ ပြသပြီးသွားခဲ့ပါပြီ... Stephen King ရဲ့ ၀တ္တုကို အခြေခံထားတဲ့ ဇတ်လမ်းတွဲ ဆိုတော့ ဘယ်လောက်တောင် ကြည့်လို့ကောင်းမလဲ ဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ ဇတ်လမ်းပုံစံကတော့ ကတ်စတယ်ရော့ခ် ဆိုတဲ့ မြို့လေးဟာ ဘာစီးပွားရေးလုပ်ငန်းမှ ကောင်းကောင်းမွန်မွန် မရှိပါဘူး မြို့ ရဲ့ အချက်အချာ ဆိုလို့ အကျဉ်းထောင်ကြီးပဲ ရှိပါတယ် မြို့ ရဲ့ လူ အားလုံးနီးပါးဟာ ရွေးချယ်စရာ သိပ်မရခဲ့ပါဘူး အရွယ်ရောက်တာနဲ့ အဲ့ဒီ အကျဉ်း ထောင်ရဲ့ ၀န်ထမ်းတွေ ဖြစ်ကြရတာပါပဲ.... အဲ့ဒီမြို့ဟာ ထူးထူးဆန်းဆန်းတွေပဲ ဖြစ်ခဲ့ပါတယ်... လူဖြူ မိသားစု က မွေးစားထားတဲ့ ဟင်နရီ ဆိုတဲ့ လူမဲကလေးလေး ဟာ တစ်ရက်သော နေ့မှာ ပျောက်ဆုံးသွားခဲ့ပြီး သူ့ရဲ့ ...
7.4
TMDb: 7.4/10 12 votes
tv

Castle Rock season 1

2018