Channel Myanmar

Hulu

The Hardy Boys – Season 01 (2020) 7.0
The Hardy Boys – Season 01 (2020) The Hardy Boys - Season 01 (2020)==========================IMDb Rating - 7.0/10The Hardy Boys ဆိုတာက 2020 မှာ ထွက်ခဲ့တဲ့ mini-series တစ်ခုပါ။ ဒီနှစ် 2022 မှာလည်း Season 02 ကထပ်မံထွက်လာပြီမို့ စီးရီးကောင်းကောင်း ကြည့်ရှုမယ့် ပရိတ်သတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . ပင်လယ်ပြင်မှာ ငါးဖမ်းထွက်လာတဲ့ သင်္ဘောတစ်စင်းက ကပ္ပတိန်ဟာ ငါးဖမ်းရင်း ပစ္စည်းတစ်ခု ပါလာတာကို တွေ့လိုက်ရပါတယ်။ သို့သော် ထိုပစ္စည်းကို အရောင်းအဝယ်လုပ်ရင်း ကပ္ပတိန်နဲ့ အဖွဲ့သားအားလုံး သေဆုံးသွားခဲ့သလို သင်္ဘောဟာလည်း နစ်မြှုပ်သွားခဲ့ပါတယ်။Frank နဲ့ Joe ဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ သူတို့အ‌မေ ဖြစ်သူ ဆုံးပါးပြီးနောက် သူတို့အဖေရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘရစ်ချ်ပို့တ် မြို့လေးကို ခေတ္တခဏ ပြောင်းရွေ့ လာခဲ့ပါတယ်။ ထိုမြို့မှာ သူတို့နှစ်ယောက် နေထိုင်ကြရင်း သူငယ်ချင်းအသစ်များလည်း ရလာခဲ့ကြတာပေါ့။ မကြာခင်မှာပဲ အဆိုပါ နစ်မြှုပ်သွားတဲ့ သင်္ဘောဟာ ...
7.0
TMDb: 7.0/10 2100 votes
tv

The Hardy Boys – Season 01 (2020)

2020
The Hardy Boys – Season 02 (2022) 8.3
The Hardy Boys – Season 02 (2022) The Hardy Boys - Season 02 (2022)=========================IMDb Rating - 7.0/10Hardy Boys Season 2 ပြန်လာပါပြီ။ Season 1 အပြီး ၆ လအကြာမှာ ဇာတ်လမ်း ပြန်ဆက်ထားပါတယ်။ ဒီတစ်ခေါက်မှာရော ဟာဒီကောင်လေးတို့ ဘယ်လိုမျိုး လျှို့ဝှက်ဆန်းကြယ်တာတွေ ကြုံရဦး မလဲဆိုတာကတော့......ဒန်းနစ်ဆိုတဲ့ ကောင်လေးတစ်ယောက် မှတ်တမ်းရုပ်ရှင် ရိုက်ရင်း ဒီမွန်ပေါ တောင်ကုန်းက တောအုပ်ထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဂျိုးကတော့ အမှုမလိုက်ရတာကြာပြီဖြစ်လို့ ထိုအမှုကိုလိုက်ဖို့ စိတ်အားထက်သန် နေပေမယ့် ဖရန့်ကတော့ သာမန်ဘဝမှာပဲ အေးဆေးပဲ နေချင်တော့ တာပါ။ သို့သော် ညီဖြစ်သူ ဂျိုးကို တားမရ၍ ကိုယ်တိုင် ကားနဲ့လိုက်ပို့ရင်း ဒီမွန်‌ပေါတောင်ကုန်းဆီ လိုက်လာပါတယ်။ တောင်ကုန်းဆီ ရောက်သော အခါ စထွာတိမိုင်ယာဆိုတဲ့ ကုမ္ပဏီတစ်ခုက ထိုမြေနေရာများကို ဝယ်ယူပြီး မိုင်းတွင်းဟောင်းများကို ပြန်လည်ပြင်ဆင်နေတာကို သိလိုက်ရပါတယ်။ဒါကြောင့်လည်း ဂျိုးတို့သူငယ်ချင်းတစ်စု ထိုနေရာမှ နှင်ထုတ်ခံလိုက် ရပါတယ်။ ဒါပေမယ့်စုံထောက်လုပ်ရတာကို ဝါသနာပါတဲ့ ဂျိုးကတော့ လက်မလျှော့ဘဲ ဒန်းနစ်ကို ဆက်လက်ရှာဖွေဖို့ ကြိုးစားနေဆဲပါ။ ...
8.3
TMDb: 8.3/10 2100 votes
tv

The Hardy Boys – Season 02 (2022)

2022
The Bear Season 1 + 2 (2022) 8.3
The Bear Season 1 + 2 (2022) The Bear (2022) Season 1အမေရိကန်ရဲ့ထိပ်တန်းစားသောက်ဆိုင်က ထိပ်တန်းစားဖိုမှူးလေး Carmen Berzatto တစ်ယောက် မိသားစုလုပ်ငန်းဖြစ်တဲ့ ဆန်းဒွစ်ဆိုင်ကို ပြန်ဦးစီးဖို့ဖြစ်လာတဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ ရုန်းကန်မှုတွေအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးပါ။IMDb rating 8.5 ရထားပြီးတော့ စားသောက်ဆိုင်က စားဖိုဆောင်ကလူတွေရဲ့ အလေ့အကျင့်တွေ လုပ်ပုံကိုင်ပုံတွေကို အသေးစိတ်ရိုက်ပြထားတာဖြစ်လို့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။Carmen ဦးစီးရမယ့်စားသောက်ဆိုင်ကဝန်ထမ်းတွေက သူ့တို့အစီအစဉ်အတိုင်းလုပ်ချင်ပြီးတော့ သူ့လို လူသစ်ကို လက်မခံချင်တဲ့အခါ၊ သူ့ဆုံးဖြတ်ချက်တွေကို မလေးစားတဲ့အခါ၊ သူ့အစ်ကိုဝမ်းကွဲကလည်း သူပြောင်းလဲချင်တာတွေကို လက်မခံတဲ့အခါ ဝန်ထမ်းတွေနဲ့ဆက်ဆံရေး၊ မိသားစုနဲ့ ဆက်ဆံရေးတွေအတွက် သူတော်တော်လေးရုန်းကန်ရပါတယ်။ Carmen တစ်ယောက် ဆိုင်ကိုအောင်မြင်အောင် ဦးဆောင်နိုင်ပါ့လား၊ ဝန်ထမ်းတွေနဲ့ရော အဆင်ပြေပါ့မလား၊ မိသားစုကရော သူလုပ်ချင်တာတွေကို လက်ခံပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာမို့ အပိုင်းတိုင်းစောင့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။စုစုပေါင်း ၈ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh နဲ့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 500MB | ...
8.3
TMDb: 8.3/10 9 votes
tv

The Bear Season 1 + 2 (2022)

2022
Class of ’09 (2023) 8.2
Class of ’09 (2023) ခုတစ်ခေါက် CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့ "Class of ‘09” ဆိုတဲ့ Drama, Thriller ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ FBI အေးဂျင့်လေးဦးအကြောင်း အဓိကအသားပေးဖော်ပြထားပြီး ၂၀၀၉ တုန်းက အတိတ်မှာဖြစ်ခဲ့တာတွေရယ်ရယ် ပစ္စုပန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ရယ် အနာဂတ်က ၂၀၃၄ ခုနှစ်ရယ်ဆိုပြီး အချိန်အပိုင်းအခြားသုံးခုကို တစ်လှည့်စီ ရိုက်ပြထားပါတယ်။ ၂၀၀၉ ခုနှစ်ဝန်းကျင်မှာ FBI အဖွဲ့အစည်းက အေးဂျင့်အသစ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးလောကက မဟုတ်လည်း တခြားနယ်ပယ်အသီးသီးမှာကျင်လည်လာတဲ့လူတွေကို အေးဂျင့်အဖြစ် စတင်လျှောက်လွှာလက်ခံခဲ့ပါတယ်။၂၀၀၉ ခုနှစ်အပိုင်းမှာတော့ နာ့စ်မလုပ်နေရာကထွက်လာပြီး FBI ကိုလာလျှောက်တဲ့ Poet ရယ် မိဘတွေက FBI လုပ်တာကို သဘောမတူပေမဲ့ ဘဏ်အကောင့်ထဲရှိသမျှပိုက်ဆံနဲ့ လေယာဥ်လက်မှတ်ဝယ်ပြီး အေးဂျင့်လေ့ကျင့်ရေးကျောင်းကို ရောက်လာတဲ့ Hour ရယ် လစာကောင်းတဲ့ အာမခံအေးဂျင့်အလုပ်ကို ထွက်ပြီးလာလျှောက်တဲ့ Tayo နဲ့ မိဘတွေက ...
8.2
TMDb: 8.2/10 17 votes
tv

Class of ’09 (2023)

2023
Great Expectations (2023) 7.4
Great Expectations (2023) Great Expectations (2023) Completed Mini-Series ချားလ်ဒစ်ကင်းရဲ့ Great Expectations ကို ရွှေဥဒေါင်းက ဘာသာပြန်ခဲ့ပြီး ၁၉၅၀ မှာ ဘာသာပြန်စာပေဗိမာန်ဆုရခဲ့တဲ့ " မျှော်တလင့်လင့် " ဆိုတဲ့စာအုပ်ကို စာသမားတော်တော်များများသိကြမှာပါ။ ဒစ်ကင်းဟာ ဒီကလူတွေရော တစ်ကမ္ဘာလုံးကလူတွေပါ ရင်းနီးပြီးသားဖြစ်တဲ့ ခရစ္စမတ်မာစတာပိစ် A Christmas Carol အပြင် Oliver Twist နဲ့ David Copperfield တို့လို စာတွေကို ရေးသားခဲ့တဲ့ ဂန္ထဝင်ကမ္ဘာကျော် စာရေးဆရာဆိုတာ အားလုံးအသိပါပဲ။ Great Expectations ဟာလည်း သူ့ရဲ့အကောင်းဆုံး စာအုပ်ထဲပါပြီး ခဏခဏရုပ်ရှင်ပြန်ရိုက်ခံရတဲ့ ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ဒီတစ်ခါဇာတ်လမ်းကိုတော့ Olivia Colman လို အော်စကာဆုရှင်မင်းသမီးကြီးနဲ့ နိုလန်ရဲ့ Dunkirk လိုကားမျိုးမှာ ဝင်သရုပ်ဆောင်ဖူးခဲ့တဲ့ Fionn Whitehead တို့က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကတော့ မိဘတွေသေသွားပြီး ...
7.4
TMDb: 7.4/10 5 votes
tv

Great Expectations (2023)

2023
Saint X (2023) 6.1
Saint X (2023) Saint X (2023) =========== IMDb Rating - 6.1/10အပန်းဖြေခရီးထွက်ရတာကို သဘောမကျတဲ့သူမျိုး မရှိနိုင်ဘူး ထင်ပါတယ်။ စိတ်ပျော်ရွှင်ဖို့အတွက် ခရီးတွေထွက်ကြတယ်၊ တချို့ကတော့ မိသားစုအချိန်လေးရဖို့ ခရီးထွက်တတ်ကြတယ်။ အယ်လီဆန်တို့ မိသားစုလေးကလည်း ကျောင်းပိတ်ရက်ရာသီ လေးမှာ အပန်းဖြေခရီးထွက်ခဲ့ကြတဲ့ သာမန်မိသားစုလေးပါပဲ။ ဒါပေမဲ့ ပျော်ရွှင်စရာအပန်းဖြေခရီးမဟုတ်ဘဲ ကြမ္မာဂြိုဟ်ဆိုး ဝင်မွှေခံရတဲ့ အပန်းဖြေခရီးတစ်ခု ဖြစ်လို့လာခဲ့တဲ့အခါ....ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ဝက်စ်ချက်စတာမြို့က လူကုံထံလူဖြူမိသားစုတွေ အင်ဒီဂိုပင် လယ်အော်ကျွန်းလေးပေါ်က အပန်းဖြေစခန်းတစ်ခုဆီ အပန်း ဖြေခရီး ထွက်လာခဲ့ကြပါတယ်။ အယ်လီဆန်တို့ မိသားစုအပါ အဝင်ပေါ့။ အယ်လီဆန်က သိပ်ကိုလှပပြီး ဆွဲဆောင်မှုအပြည့် ရှိတော့ ခရီးစဉ်မှာပါသမျှ ပုရိသတွေအပြင် ကျွန်းသားတွေရဲ့ လည်ပြန်ငေးခြင်းကိုပါ ခံရတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ပေါ့လေ။ တစ်ညမှာတော့ အယ်လီဆန်တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပြီး ကျွန်းနဲ့မိုင်ချီဝေးတဲ့ ဖားရ် အဝေးကေးဆိုတဲ့ တောအုပ်ထဲမှာ သူ့ရဲ့အလောင်းပေါ်လာခဲ့ ပါတယ်။ဒါပေမဲ့ အာဏာပိုင်တွေက သူ့အမှုကို မတော်တဆမှုတစ်ခုအနေ နဲ့ပဲ ပိတ်လိုက်ခဲ့ကြတယ်။ နှစ် ၂၀ ကြာပြီးတဲ့နောက်မှာတော့ အယ် လီဆန်ရဲ့ ညီမဖြစ်သူ အမ်မလီတစ်ယောက် အရွယ်ရောက်လာတဲ့ အခါမှာ သူ့အစ်မရဲ့ ပဟေဠိဆန်စွာ သေဆုံးရမှုအတွက် တရားခံ ရှာဖို့ စတင်ပါတော့တယ်။ မမျှော်လင့်ထားတဲ့ အချိုးအကွေ့တွေနဲ့ အဆုံးထိ ...
6.1
TMDb: 6.1/10 1400 votes
tv

Saint X (2023)

2023
Tiny Beautiful Things (2023) 7.7
Tiny Beautiful Things (2023) Tiny Beautiful Things (2023)လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝရဲ့ပြဿနာတွေ အဆင်မပြေမှုတွေ လောကဓံတွေကြောင့် မွန်းကြပ်မှုဒဏ်ကိုတော့ အနည်းနဲ့အများ ခံစားရတာချည်းပါပဲ။ ဒီလိုမွန်းကြပ်နေတဲ့စိတ် အခြေအနေတစ်ခုပေါ်မှာ Guilty ဖြစ်နေတဲ့စိတ်ကို ဖြေလျှော့ဖို့ နည်းလမ်းကောင်းတစ်ခုကတော့ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ဖို့ပါပဲ။တစ်စုံတစ်ယောက်ကို ရင်ဖွင့်ရတာ စိတ်ကိုပေါ့ပါးစေတယ် စိတ်သက်သာရာရစေတာမှန်ပေမဲ့ ကျွန်တော်တို့ရွေးချယ်ဖြစ်တဲ့နည်းလမ်းတွေထဲမှာတော့ "ရင်ဖွင့်တယ်" ဆိုတာက လူကြိုက်များလှတဲ့နည်းတော့မဟုတ်နေပြန်ပါဘူး။ လူတိုင်းဟာ ‌ကိုယ့်ရဲ့အားနည်းချက်တစ်ခုကို နောက်တစ်ယောက်ကို ဖွင့်ဟပြချိန်မှာ အနာပေါ်ဆားဖြူးတာနဲ့တူတဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကိုတော့ စိုးရွံ့တတ်ကြတာပဲလေ။ ဒါဟာလည်း ဝေဖန်မှုတွေရှောင်ဖို့အတွက် မသိတဲ့လူတစ်ယောက်ဆီကနေ အကြံပေးမှု နှစ်သိမ့်မှုတွေတောင်းခံနိုင်တဲ့ Dear Sugar Column ရဲ့ အစပါပဲ။အခုဒီရုပ်ရှင်လေးကတော့ Dear Sugar Column‌ist ဖြစ်ခဲ့တဲ့ နာမည်ကျော်စာရေးဆရာမ Cheryl Strayed ရဲ့ နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်တဲ့ Tiny Beautiful Thingsကို ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတဲ့စီးရီးလေးတစ်ခုပါ။ ဒီကားလေးထဲမှာတော့ Cheryl ကို မရည်ရွယ်ဘဲနဲ့ Dear Sugar မှာ အမည်မသိစာရေးသူအဖြစ်နဲ့ စာရေးဖို့ဖြစ်လာတဲ့ကလဲရ်အနေနဲ့ မြင်တွေ့ရမှာပါ။ကလဲရ်ဟာ အသက် ...
7.7
TMDb: 7.7/10 3 votes
tv

Tiny Beautiful Things (2023)

2023
Welcome to Chippendales (2022) Complete 8
Welcome to Chippendales (2022) Complete ဆိုမန်စတိဗ်ဘန်းနာဂျီ ဟာ အိန္ဒိယကနေ အမေရိကန်ကို ရွှေ့ပြောင်းလာရောက်နေထိုင်သူဖြစ်ပြီး ဇွဲနပဲရှိရှိ ခြစ်ကုတ်စုဆောင်းနိုင်မှုကြောင့် ခုနစ်နှစ်ကြာပြီးနောက်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်သွားတယ်။အစဦးမှာ ရေလိုက်ငါးလိုက်လွဲခဲ့ပေမဲ့ သူဟာ ၁၉၈၀ ခုနှစ်များမှာ အမျိုးသမီးတွေအတွက် အမျိုးသားအဖော်အချွတ်ကလပ် "ချစ်ပန်ဒေးလ်စ်" ကို အောင်မြင်တဲ့လုပ်ငန်းအဖြစ် ဦးဆောင်နိုင်ခဲ့တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူတည်ထောင်ခဲ့တဲ့ ချစ်ပန်ဒေးလ်စ်ဟာ အခုခေတ်ကာလအထိ နာမည်တစ်ခုရှိနေပေမဲ့ သူ့ရဲ့ဇာတ်ကြောင်းကတော့ သာမန် စီးပွားရေးစွမ်းဆောင်ရှင်တွေလောက် မရိုးရှင်းခဲ့။သူ့ရဲ့ကလပ် အောင်မြင်ရေး၊ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် လိုက်ခဲ့မိတဲ့ လမ်းမှားတွေနဲ့ နောက်ဆုံးမှာ ခေတ်တစ်ခေတ်ရဲ့ အဆန်းကြယ်ဆုံး မှုခင်းဖြစ်ရပ်မှန်တစ်ခုအဖြစ် ယနေ့ထိတိုင် ပြောမဆုံး ဖြစ်နေကြသေးတဲ့ အမေရိကန်အိပ်မက် လမ်းကြောင်းလွဲသွားခဲ့ပုံကို ကြည့်ရှုရမှာပါ။Quality :1080p DSNP WEB DL /720pTotal Episodes : 778MB / 362MBFormat : mp4Genres :Drama, Crime, ComedyDuration :45minsSubtitle : Myanmar Subtitle ( Hardsub )Translated by Nana Yuni & Min Khant Kyi WinEncoded ...
8
TMDb: 8/10 4 votes
tv

Welcome to Chippendales (2022) Complete

2022
Little Fires Everywhere (2020) 8
Little Fires Everywhere (2020) Little Fires Everywhere (2020) ======================= IMDb Rating - 7.7/10"မစ္စစ်ရစ်ချက်ဒ်ဆန် တစ်ယောက်ယောက်က ခင်ဗျားအိမ်ထဲမှာ ရှိနေတုန်း တမင်တကာ အိမ်ကိုမီးရှို့သွားတာ" ရစ်ချက်ဒ်ဆန် မိသားစုရဲ့အိမ် မီးလောင်ရာကနေ ဇာတ်လမ်းစပါတယ်။ဘယ်သူရှို့မှန်းမသိရာကနေ မီးလောင်မှုမဖြစ်ခင် လွန်ခဲ့တဲ့(၄)လ ကို နောက်ကြောင်းပြန်ရင်း ဇာတ်လမ်းဖြစ်လာပါတော့တယ်။ အပြင်ပန်းကကြည့်လိုက်ရင် ငွေကြေး၊ လူမှုရေးအသိုင်းအဝိုင်း အကုန်ပြည့်စုံနေတဲ့ ရစ်ချက်ဒ်ဆန်မိသားစု။ ခမ်းနားတဲ့အိမ်ကြီး ရယ်၊ ငွေရှာကောင်းတဲ့အဖေနဲ့အမေရယ်၊ ဆယ်ကျော်သက် မောင်နှမ၄ယောက်ရယ်နဲ့ အဆင်ပြေပြေသိုက်သိုက်ဝန်းဝန်းရှိ လှတဲ့ မိသားစုပေါ့။ သူတို့နဲ့ဖီလာဆန့်ကျင်စွာပဲ မီယာနဲ့ပရဲလ်တို့ ကတော့အမေတစ်ခုသမီးတစ်ခု၊ အိမ်ပိုင်ယာပိုင်မရှိတဲ့အပြင် အမေဖြစ်သူရဲ့အလုပ်ကြောင့် ခဏခဏရွှေ့ရပြောင်းရတတ် ပါတယ်။တစ်နေ့ကျ ရစ်ချက်ဒ်ဆန်တို့ရဲ့အိမ်ငယ်တစ်လုံးကိုမီယာတို့ သားအမိ ငှားလိုက်တဲ့အချိန်ကစလို့ဆန့်ကျင်ဘက်မိသားစုနှစ်စု တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ မတူညီတဲ့ လူနေမှု စနစ်က မိသားစုနှစ်ခု၊ ရိုးရှင်းတယ်ထင်ရပေမဲ့ မိသားစုအရေး မီးပွားသေးသေးလေးတွေကနေ အိမ်ကြီးတစ်ခုလုံး မီးလောင် ပြာကျရလောက်တဲ့ အခြေအနေထိဆိုက်သွားပါတယ်။ဒီ Series ဟာ Celeste Ng ရဲ့2017တုန်းက အရောင်းရဆုံးစာအုပ် စာရင်းဝင်ခဲ့တဲ့ "Little Fires Everywhere"စာအုပ်ကို ပြန်လည် အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး IMDb rating 7.7ထိ ရရှိ ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin ...
8
TMDb: 8/10 240 votes
tv

Little Fires Everywhere (2020)

2020
Dragons: The Nine Realms – Season (01)(02)(03)(04) 5.6
Dragons: The Nine Realms – Season (01)(02)(03)(04) Dragons: The Nine Realms - Season (01)(02)(03)(04) =====================================ကလေးဘ၀ကအရမ်းကြိုက်ခဲ့ကြတဲ့ How to train your dragon Trilogy လိုပါပဲ၊ ဒါပေမဲ့ ဒီစီးရီးက DreamWorks ရဲ့ လက်ရာမဟုတ်ပေမယ့် Hulu က အကောင်းဆုံးရိုက်ပြထားပြီး စီစန် 4 ခုထိထွက်ရှိထားတာမို့ တစ်၀ကြီးကြည့်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1300 ကျော်က ဗိုက်ကင်းနဲ့ နဂါးတွေ ယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ How To Train Your Dragon Animation တွေ ဟာ ဒီထဲမှာတော့ ဒဏ္ဍာရီသက်သက်ဖြစ်သွားပါပြီ။ အိုလီဗီယာ နဲ့ သောမတ်စ် ကလာဆန်ဆိုတဲ့ သားအမိက မီးတောင်ချောက်ကြီး တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲ့ဒီနေရာမှာ သိပ္ပံစမ်းသပ်ချက်တွေလုပ်ဖို့ ရက်ခ်‌ခရော့ကော်ပိုရေးရှင်းအဖွဲ့သားတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ဒဏ္ဍာရီတွေရ အဲ့ဒီချောက်ကြီးဟာ နဂါးတွေကျက်စားခဲ့သလို သော မတ်စ်ဟာ ဗိုက်ကင်းမျိူးနွယ်ကဆင်းသက်လာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ကလေးသဘာ၀ စူးစမ်းလိုတဲ့ သောမတ်စ်ဟာ တစ်နေ့ ချောက်ထဲဆင်းရင်း Night Fury. မျိုးစိတ် လျှပ်စီးနဂါးတစ်ကောင်‌နဲ့ တွေ့ရှိခင်မင်သွားပါတယ်။ အဲ့ဒီနဂါးနဲ့လျှောက်သွားရင်း ...
5.6
TMDb: 5.6/10 1622 votes
tv

Dragons: The Nine Realms – Season (01)(02)(03)(04)

2021
11.22.63 (2016) Complete 7.8

11.22.63 (2016) Complete

2016
Reasonable Doubt (2022) Season 1 စ-ဆုံး 7.5
Reasonable Doubt (2022) Season 1 စ-ဆုံး   စိတ်ဝင်စားဖို့ကောင်းတဲ့ Legal Drama လေးနဲ့ မိတ်ဆက်ပေးပါရစေ စီအမ်ပရိသတ်ကြီးရေဂျက်ဇ်ဆိုတဲ့ အမျိုးသမီးဟာ သိပ်ကို တော်ပြီး အကြောက်တရားနည်းတဲ့ တရားခံရှေ့နေတစ်ယောက်ပါ။ တရားခံရှေ့နေဆိုတဲ့အတိုင်း ဒီအလုပ်က လွယ်ကူလှတဲ့ အလုပ်မဟုတ်ပါဘူး။ တရားခံဖြစ်လုနီးပါး လူတစ်ယောက်ရဲ့ကံကြမ္မာက ဒီရှေ့နေအပေါ် မူတည်နေတယ်မဟုတ်လား။ဒါပေမယ့် ဂျက်ဇ်ကတော့ ဒီအရာမှာ သိပ်ကို ထူးချွန်လွန်းလို့ သူ့ရဲ့အမှုသည်အများစုကို အမှုနိုင်အောင်စွမ်းဆောင်နိုင်သူဖြစ်လို့ ... သူတို့ ဥပဒေဌာနမှာ လူမျိုးရေးခွဲခြားမှုတွေ မသိမသာရှိနေသေးပေမယ့် .... အရေးကြုံရင် ဂျက်ဇ် စတီးဝက်က မပါမဖြစ်ပါ။ ဒါကတော့ ဂျက်ကလင် စတီးဝက် ခေါ် ဂျက်ဇ်ရဲ့ ကိုယ်ရေးအကျဉ်းဆိုပါတော့ ...ဇာတ်လမ်းအစမှာတော့ ... တော်လှပါချည်ဆိုတဲ့ ဂျက်ဇ်တစ်ယောက် အသက်အန္တရာယ်ထိ စိုးရိမ်ရတဲ့ ဒုက္ခအကြီးအကျယ်ရောက်နေတဲ့ အနိဌာရုံမြင်ကွင်းနဲ့ စတင်ထားပါတယ် ... ခရစ်ယာန်ဘာသာကို ကိုးကွယ်သူပီပီ သူ့နှုတ်ဖျားကလည်း ဒီလို အန္တရာယ်ကွင်းထဲမှာ ဘုရားကိုလည်း နှလုံးသွင်းလို့ နေပြန်ပါတယ် ...ဒီတော့ ...
7.5
TMDb: 7.5/10 13 votes
tv

Reasonable Doubt (2022) Season 1 စ-ဆုံး

2022
Kindred (2022) 5.8
Kindred (2022) Kindred (2022) ============ IMDb Rating - 7.2/10တစ်ခါတစ်ရံမှာ လောကကြီးက သိပ္ပံနည်းကျ အဖြေရှာမရတဲ့ ပုစ္ဆာတွေနဲ့ ထူးဆန်းမှုတွေ ပြည့်နှက်နေတတ်တာကို ကျွန်တော်တို့ လက်မခံချင်လည်း လက်ခံရပါလိမ့်မယ်။ ဖေ့စ်ဘွတ်ခ်ပေါ် တက် လာတဲ့ ထူးဆန်းထွေလာ ဗီဒီယိုတချို့ကို မြင်ဖူးကြမှာပါ။ လူတွေ ပုံမှန်အတိုင်း လမ်းလျှောက်သွားလာနေရင်းနဲ့ ရုတ်တရက်ကြီး ပျောက်ဆုံးသွားတဲ့ ဗီဒီယိုမျိုးတွေပေါ့။ အခုအချိန်ထိလည်း ဘယ်သူမှ အဖြေမရှာနိုင်ကြသေးသလို ပျောက်ဆုံးသွားတဲ့သူတွေ ဘယ်ကို ရောက်ကုန်ကြလဲဆိုတာလည်း မသိရသေးပါဘူး။ ဒီဇာတ်လမ်းရဲ့ အစ ကတော့ ဒီလို ရုတ်ချည်းပျောက်ဆုံးမှုတချို့ကနေ စတင်လာခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း .....….................. ဒေနာ ဆိုတဲ့ လူမည်းစာရေးဆရာမလေးတစ်ယောက်က ငယ်ငယ် ကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရပြီး အဘွားဖြစ်သူနဲ့ နေထိုင် လာရတဲ့သူပါ။ တစ်ရက်မှာတော့ အဘွားဆုံးပြီးနောက် အမွေရခဲ့တဲ့ ဘရောင်းစတုန်းန်အိမ်ကြီးကို ရောင်းချပြီး လော့စ်အိန်ဂျလိစ်ကို ဘယ် သူမှ အသိမပေးဘဲ ပြောင်းရွှေ့လာခဲ့ပါတယ်။ အယ်လ်အေက အိမ်ကို ပြောင်းရွှေ့ပြီးမှာပဲ ဒေနာတစ်ယောက် ညဘက်အိပ်နေရင်း လမ်းထ လျှောက်သလိုမျိုး‌တွေဖြစ်ပြီး ရုတ်တရက် ပျောက်ဆုံးမှုတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။သူမဟာ အိမ်ထဲကနေ ပျောက်ဆုံးသွားတိုင်း မေရီလန်းဒ်လို့ခေါ်တဲ့ ၁၈ ရာစုနှစ်က တိုင်းပြည်တစ်ခုမှာ သွားပြီးရောက်ရှိနေခဲ့တာပါ။ ...
5.8
TMDb: 5.8/10 6 votes
tv

Kindred (2022)

2022
(18+)Sursuri Li (2022)
(18+)Sursuri Li (2022) Sursuri-Li (2022)ဒီတစ်ခါမှာတော့ အိန္ဒိယ 18+ ဟာသ စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်ဒီစီးရီးလေးမှာ ဆူး နဲ့ ဆူရီလီးက အဓိက ဇာတ်လိုက်တွေပေါ့နော်ဆူးက သိပ်ကိုမင်္ဂလာဦးညနဲ့ကြုံချင်နေတဲ့ အသက် ၃၀ ကျော် လူပျိုကြီး.. တဏှာစိတ်အားထက်သန်တယ်ဆိုပေမယ့် သူ့ရဲ့ဒီဆန္ဒကို သူယူမယ့်မိန်းမနဲ့ပဲ ဖြတ်သန်းချင်နေတဲ့သူပေါ့ဗျာ...အဲ..ဆူရီလီးကတော့ ယောက်ျားလေးတွေနဲ့ အွန်လိုင်းကနေ အဖေါ်အချွတ်စကားပြောပြီး ကိုယ့်အသုံးစရိတ်ရှာနေတဲ့ ကောင်မလေး... သူဟာလည်းပဲ သူ့ရဲ့မင်္ဂလာဦးညကို သူယူမယ့်ယောက်ျားနဲ့ပဲ ဖြတ်သန်းချင်နေသူပါဒီလိုနဲ့ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးတို့ တွေ့ကြရာဝယ်...။ဘယ်လိုတွေ နှစ်ပါးသွားကြမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးနော်ဒီစီရီးလေးက 18+ ကြီးကို အသာမပေးထားဘဲ ဟာသလေးတွေလည်း နှောပေးထားပါတယ်...။ဆိုတော့ ကြည့်လို့ရပါပြီနော်File Size – 500MB / 250MBQuality – 1080p / 720pDuration – 24minsTotal Episodes: 12EpsSubtitle – Myanmar HardsubFormat – Mp4Genre : RomanceTranslator – DevilEncoder – XCross 720p ==== Episode ...

(18+)Sursuri Li (2022)

2022
The Patient (2022) 7.231
The Patient (2022) The Patient (2022) ============== IMDb Rating - 7.3/10Hulu ကနေ အသစ်ပြသလာတဲ့ Drama, Mystery, Thriller series အသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ Rating 7.3/10 ရရှိထားပြီးအတော်လေးစိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ဇာတ်လမ်းအကျဥ်းလေးပြောရရင် စိတ်ရောဂါကုထုံးဆရာဝန်တစ်ယောက် ဒေါက်တာ စရတ်က မကြာသေးခင်က မိန်းမဆုံးပါးသွားလို့ ဝမ်းနည်းပူဆွေးနေသူတစ်ဦးပါ။ ပုံမှန် အတိုင်း လူနာတွေနဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးလေ့ရှိပြီး သာမန်ဘဝ တစ်ခုမှာ ကျင်လည်နေပါတော့တယ်။ တစ်ရက် သူ့ဆီလာပြတဲ့ လူနာတစ်ယောက်က ဒေါက်တာ့ကို ပြန်ပေးဆွဲသွားပြီး လူမသိသူမသိတဲ့ တောထဲက အိမ်တစ်အိမ်ကို ခေါ်သွား ပါတော့တယ်။အဲ့ဒီလူနာက ဘယ်သူလဲ.....ဒေါက်တာ စရတ်ကို ဘာကြောင့်ဖမ်းခေါ်သွားတာလဲ....... ဒီဇာတ်ကားကတော့ Psychology နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေ ကြိုက်နှစ်သက် မယ်လို့ မျှော်လင့်ပါတယ်။ Season 1မှာ အပိုင်း ၁၀ ပိုင်းပါဝင်ပြီး တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်။)File Size.............(400 MB) / (800 ...
7.231
TMDb: 7.231/10 13 votes
tv

The Patient (2022)

2022
Tell Me Lies (2022) Season 1 Complete 8
Tell Me Lies (2022) Season 1 Complete Tell Me Lies (2022) Season 1 Complete ~ IMDb rating - 6.5/10, Rotten Tomatoes - 86% ~ ပိုစတာကြည့်ပြီး ဒီကားကို Adult ကား လိုလို ဘာလိုလို ထင်ကြမှာပဲ။ တကယ်က အထက်တန်းကျောင်းပြီးတဲ့နောက် တက္ကသိုလ်စတက်ကြတဲ့ ဖရက်ရှာမလေးတွေနဲ့ စီနီယာကိုကိုတွေကြားက ဇာတ်လမ်းကို ပဟေဠိလေးတစ်ခုထည့်ပြီး ပုံဖော်ထားတာ။ တက္ကသိုလ်ကျောင်းသူဘဝအစ Fresher Welcome ကနေ ကြုံရတဲ့ပြဿနာတွေကနေ စပြီးပုံဖော်ထားတယ်။ တက္ကသိုလ်အငွေ့အသက်နဲ့ ကားလေးပေါ့။ မင်းသမီးဖြူဖြူချောချောလေးရယ် မင်းသမီးရဲ့လင်လုဘက် ညိုချောမလေးရယ် ပါတယ်။ ဒီလောက်နဲ့တန်ပါတယ်။ ဘာလို့ ဒီလောက်နဲ့တန်လဲဆိုတာက လာမယ်။ ခင်ဗျားသာ Adult ဇာတ်လမ်းတွဲတွေကို သဘာကျရင် ဒီဇာတ်လမ်းက ခင်ဗျားအတွက်ရွှေပဲ။ ဘာလို့ဆို ဖိလစ်ပိုင် အပြာဇာတ်လမ်းတွဲတွေထက်စာရင် ဒီကားကတော့ ဒီတိုင်း ဒရာမာသာတပ်ထားတာ တစ်ပိုင်း ၃ ၄ခန်းအထိပါတယ်။ ...
8
TMDb: 8/10 6 votes
tv

Tell Me Lies (2022) Season 1 Complete

2022
Mike (2022) 6.4
Mike (2022) Mike (2022) ========== IMDb Rating - 6.4/10၂၀၂၂ ခုနှစ်မှ Hulu ကနေ ထွက်ရှိလာတဲ့ နာမည်ကြီး လက်ဝှေ့သမားဖြစ်တဲ့ မိုက်ခ်တိုင်ဆန်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ Mike ဆိုတဲ့ အပိုင်း (၈) ပိုင်းပါ။ Mini Series လေး တစ်ခုကို တစ်ပတ်တစ်ပိုင်းနှုန်း တင်ဆက်ပေးသွားမှာပါ။ မိုက်ခ်တိုင်ဆန်ဟာ ၁၉၆၆ ခုနှစ် ဇွန်လ ၃၀ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။လက်ဝှေ့သမားအဖြစ် ၁၉၈၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အသက်မွေးခဲ့ပါတယ်။ မိုက်တိုင်ဆန်က ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်ချန်ပီယံအဖြစ်လည်းရရှိခဲ့သူပါ။ အသက် ၂၀ အရွယ်မှာ ပထမဆုံး ခါးပတ်ကိုရရှိခဲ့ပြီး အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ မုဒိမ်းမှုအတွက် ပြစ်ဒဏ် ချမှတ်ခံရပြီး ထောင် ၆ နှစ်ကျခဲ့ပါတယ်။ သို့သော် ၃ နှစ်အကြာမှာတော့ ခံဝန်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ ကိုယ်ရေးအကျဉ်းချုပ်ပါ။ဒီ စီးရီးထဲမှာတော့ မိုက်ခ်ရဲ့ ငယ်ဘဝကနေ ...
6.4
TMDb: 6.4/10 1200 votes
tv

Mike (2022)

2022
This Fool (2022) 7.6
This Fool (2022) This Fool (2022) ============ IMDb Rating - 7.6/10လတ်တလောထွက်ရှိထားပြီး IMDb Rating - 7.26, Rotten Tomatoe 100 အထိရထားတဲ့ Hulu ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးရယ်ရတဲ့ Comedy ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးချင်ပါတယ်။လော့အိန်ဂျလိစ်ရဲ့ မက္ကဆီကန်သားတို့နေထိုင်ရာ Hood လို့ပြောလို့ရတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းလာခဲ့တဲ့ ဂျူလီရိုဟာ ပတ်ဝန်းကျင်က ဒုစရိုက်မှုတွေ ဂိုဏ်းတွေအရမ်းများပေမယ့် သူတစ်ပါးကို အရမ်းကူညီတတ်တဲ့ လူကောင်း တစ်ယောက်ပါ။ နောက်ပြီးတော့ Hug not Thugs ဆိုတဲ့ ပြန်လည်ထူထောင်ရေး စင်တာတစ်ခုကိုဂိုဏ်းသားတွေနဲ့အတူတူ ဖွင့်လှစ်ထားပါတယ်။ထောင်တွေနှစ်ရှည်ကျပြီး ပြန်လွတ်လာတဲ့ သူ့ဝမ်းကွဲအစ်ကို လူဝိစ်ဟာ ဂျူလီရိုကို အရမ်းပျော့ညံတဲ့ Gay လို့သဘောထားပြီး၊ လူမိုက်လိုနေဖို့ တိုက်တွန်းရာကနေ နှစ်ယောက်ပေါင်း လောင်းကျော် ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ ဒီ ဇာတ်လမ်း တွဲလေးမှာ ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(400 MB) / (800 MB) Quality...............WEB-DL 720p ...
7.6
TMDb: 7.6/10 1900 votes
tv

This Fool (2022)

2022
American Horror Stories  (2021) Complete 7.925
American Horror Stories (2021) Complete အမေရိကန် ဟော်ရာစတိုရီ ဆိုတဲ့ ဇာတ်လမ်းတွေတွေဟာ အပိုင်းရာချီရှိပြီး အတော်လေးလည်း ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ အဲဒီရာချီနေတဲ့အပိုင်းတွေကို မကြည့်နိုင်သေးလည်း ဟောဒီအသစ်ထွက်ရှိထားတဲ့ American Horror Stories ဆိုတဲ့ စီးရီးအသစ်လေးတွေကို ခံစားကြည့်နိုင်ပါတယ်။တစ်ပိုင်းနဲ့တစ်ပိုင်း ဆက်စပ်မထားဘဲ သီးခြားကြောက်စရာဇာတ်လမ်းတစ်ပုဒ်စီမို့ သရဲပုံပြင်တွေကို တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်နေရသလိုကို အရသာရှိမှာပါ။ ဇာတ်လမ်းတွေကလည်း ဖန်တရာတေ ဟော်ရာဇာတ်လမ်းတွေမဟုတ်ဘဲ တစ်ပိုင်းပြီးတစ်ပိုင်းကို ဆန်းသစ်တဲ့စီးရီးမို့ ဟော်ရာပရိသတ်တွေ သေချာပေါက်အကြိုက်တွေ့မှာပဲဆိုပြီး တင်ဆက်ပေးလိုက်တာပါပဲ။ ခံစားကြည့်လိုက်ပါဦး။ တစ်ပိုင်းချင်းကို ဟော်ရာရုပ်ရှင်တစ်ကားလိုသဘောထားပြီး ဇိမ်နဲ့ကြည့်လို့ရပါတယ်။ File Size – 500MB / 300MBQuality – 1080p WEB DL AAC5.1CH / 720pDuration – minute (@Episode)Total Episodes: Subtitle – Myanmar HardsubFormat – Mp4Genre : Drama , Mystery , SciFi & FanastyTranslator – Mr.AndersonEncoder – Thit ...
7.925
TMDb: 7.925/10 479 votes
tv

American Horror Stories (2021) Complete

2021
Maggie (2022) 7.3
Maggie (2022) Maggie (2022) =========== IMDb Rating - 7.0/10Huluကနေ အသစ်ပြသသွားတဲ့ Comedy Series အသစ်လေးကို ဒီနေ့အတွက်တင်ဆက်ပေးချင်ပါတယ်။အကြားအမြင်ဆရာမတစ်ယောက် လူတစ်ယောက်ကို ရှေ့ဖြစ်ဟောရင်း မထင်မှတ်ပဲ မိမိဟာ ထိုလူနဲ့အိမ်ထောင်ကျပြီး ကလေးတွေပါရတော့မည် ဟု သိလိုက်ရသောအခါ . . .မက်ဂီတစ်ယောက် ထူးခြားလှတဲ့စွမ်းအင်ကို ပိုင်ဆိုင်ထားသော်လည်း ထိုစွမ်းအင်ကြောင့်ပဲ ရည်းစားထားချင်စိတ်မရှိ၊ အိမ်ထောင်ပြုချင်စိတ်မရှိပဲ အပျိုကြီးဘဝနဲ့အရိုးထုတ်ဖို့ပဲ စဉ်းစားထားပါတယ်။ သို့သော် မထင်မှတ်တဲ့ အကြားအမြင်ဖတ်မှုကနေ သူ့ရဲ့ အနာဂါတ်ခင်ပွန်းလောင်းကိစ္စကြီးကြောင့် သောကရောက်ရတော့တာပေါ့။တကယ်တော့လူတိုင်းဟာဖြစ်လာမယ့် အနာဂါတ်ကို ရှောင်လွှဲလို့မရပါဘူး။ သူဘယ်လိုပဲ ရှောင်ဖယ်ဖို့ ကြိုးစားကြိုးစား နဖူးစာရေးနတ်က နဖူးမှာ စာကပ် ပေးထားပြီးသားပါ။ "You can't fight fate"...." ကံကြမ္မာကို ငြင်းဆန်လို့မရ ပါဘူး".....ဟုတ်တယ်မှတ်လား။အဲ့တော့ ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ ကံကြမ္မာကို သိထားတဲ့ အကြားအမြင် ဆရာမတစ်ယောက် အဲဒီလူကို တကယ်ပဲ ချစ်ကျွမ်းဝင်မိမလား။ ဒါပေမယ့် သူမမြင်မိလိုက်တဲ့ ဇာတ်လမ်းလေးတွေလည်း ရှိသေးတာမို့ သူ့ရဲ့အနာဂတ်ခရီးဟာ ချောမွေ့လှတဲ့ခရီးတော့ မဟုတ်နိုင်ပါဘူး။ ဒီစီးရီးလေးဟာ စိတ်ကိုဆွပေးပြီး ခိုးလုခိုးလုနဲ့ ကြည့်ရမယ့် ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းလေးရိုက်ကူးထားတဲ့ ရိုးမန့်ဟာသ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။(စုစုပေါင်း ၁၃ပိုင်း ပါဝင်တဲ့စီးရီးလေးကို cm ...
7.3
TMDb: 7.3/10 14 votes
tv

Maggie (2022)

2022