Channel Myanmar

Hulu

Only Murders in the Building Season 4 (2024) 8.314
Only Murders in the Building Season 4 (2024) Only Murders in the Building (Season 4) Genre – Comedy, Crime, Mystery, Drama IMDB – 8.1/10ကျွန်တော့် အသည်းကျော်လေး Selena Gomez တို့ရဲ့ နာမည်ကျော် စီးရီးလေး Season 4 ထွက်လာခဲ့လို့ ထပ်မံတင်ဆက်ပေးလိုက်ရပါပြီဗျာ။ဒီ S4 ဟာဆိုရင်လည်း မထွက်ခင်ကတည်းက Rotten Tomato မှာ ရာနှုန်းပြည့်နဲ့ ပွဲခံနေတာကြောင့် စိတ်မပျက်စေရလောက်ဘူးလို့ ထင်မိပါတယ်။ အရင် Season 3 အဆုံးမှာ မေဘယ်တို့တသိုက် လူသတ်တရားခံဖော်ပြီး ပွဲခံနေကြတဲ့အချိန် ချားစ်ရဲ့စတန့်သရုပ်ဆောင် ဆက်ဇ်တစ်ယောက် ချားစ်ရဲ့ တိုက်ခန်းမှာတင် သေနတ်ပစ်သတ်ခံရပြီး ဇာတ်သိမ်းခဲ့ပါတယ်။ယခုမှာလည်း အဲဒီကနေ တိုက်ရိုက်တင်ဆင်ပေးထားပြီး သူတို့တွေ တိုက်ခန်းထဲဝင်ခဲ့တဲ့အချိန်မှာတော့ အလောင်းက မရှိတော့ပါဘူး ချားစ်တစ်ယောက်လည်း ဒီတိုင်းဆက်ဇ်ပျောက်နေတယ်ထင်နေတာပါ။ ဒါပေမဲ့ သူတို့ရဲ့ နာမည်ကျော်ကြားမှုက ပေါ့ကတ်စ်တွေ ပြဇာတ်တွေတင်မကတော့ပဲ ဒီ Season မှာတော့ ဟောလိဝုဒ်ကနေ သူတို့ရဲ့အကြောင်းတွေကို ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ရပါတော့တယ်။ဒီလိုနဲ့ အိုလီဗာကတော့ ဟောလိဝုဒ်ဆို ...
8.314
TMDb: 8.314/10 1351 votes
tv

Only Murders in the Building Season 4 (2024)

Marvel’s Hit-Monkey (2021) S1 + S2 8.4
Marvel’s Hit-Monkey (2021) S1 + S2 Marvel's Hit-Monkey (2021)====================IMDb Rating - 8.4/10Hulu ကနေ မာဗယ်ကာတွန်းတစ်ခုကို တင်ဆက်လိုက်ပါတယ်။ စုစုပေါင်း ဆယ်ပိုင်းပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ခေါင်းစဉ်အတိုင်းပါပဲ။ မျောက်လူသတ်သမားပါ။ဆရာမျောက်ဟာ အစတုန်းကတော့ တောအုပ်ကြီးထဲက မျောက်အုပ်ထဲက ဉာဏ်ကောင်းတဲ့ မျောက်တစ်ကောင်သက်သက်ပါပဲ။ဒါပေမဲ့ သူတို့ဆီကို သေနတ်ဒဏ်ရာနဲ့ရောက်လာတဲ့ အရမ်းတော်တဲ့ ကြေးစားလူသတ်သမားကို ကယ်တင်လိုက်မိပြီးနောက်မှာသူ့ဆီကနေ အတိုက်အခိုက်အသတ်အဖြတ် ပညာတွေ ရလာပါတယ်။ လူသတ်သမားနောက်ကို လိုက်သတ်လာတဲ့ လူတစ်စုကြောင့်သူ့ရဲ့ ဆွေမျိုးမျောက်တွေအကုန်သေပြီး လူသတ်သမားလည်း သေသွားတဲ့အခါ ဒီတာဝန်ကိုခိုင်းလိုက်တဲ့လူတွေကို ရေဆုံးမြေဆုံးကလဲ့စားချေဖို့ သေနတ်တွေဓားတွေကို ဆွဲပြီး ထွက်လာပါတော့တယ်။ မာဗယ်ကာတွန်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့အထာကျကျ ရိုက်ကူးထားတာမို့ အတော်လေးကြည့်လို့ကောင်းမှာ သေချာပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး . ဘာသာပြန်ရေးသားပေးသူကတော့  CM Team မှဖြစ်ပါတယ်။)  Season 2 File size…(367 MB)/(211 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:27:00 Genre...Action, Adventure, Animation  Subtitle….Myanmar Subtitle ...
8.4
TMDb: 8.4/10 1200 votes
tv

Marvel’s Hit-Monkey (2021) S1 + S2

2021
Catch-22 (2019) 7.36
Catch-22 (2019)  နာမည်ကြီးဝတ္ထုတစ်ခုကို အခြေခံထားပြီး Rotten Tomatoes 84% ရထားတဲ့စီးရီးပါ ဒုတိယကမ္ဘာစစ်ကာလမှာ အမေရိကန်လေတပ်ထဲကအဖြစ်အပျက်တွေ လှောင်ပြောင်သရော်ထားတဲ့ Dark comedy ဟာသအမျိုးအစားဖြစ်ပါတယ် 18+ ခန်းတွေလည်းပါလို့ မိသားစုနဲ့ကြည့်သင့်တဲ့ ဟာသကားမျိုးမဟုတ်ပါဘူးသင်တန်းချိန်ပိုကြာလို့ သင်တန်းပြီးရင် စစ်လည်းပြီးလောက်ပြီဆိုပြီး လေတပ်ရဲ့ ဗုံးကျဲအဖွဲ့ထဲဝင်ခဲ့တဲ့ Yossarian ဟာ မှန်းချက်နဲ့နှမ်းထွက်မကိုကိုက်ဖြစ်လာလို့ တာဝန်ကရပ်ဆိုင်းခံရအောင် အကြံထုတ်ပါတော့တယ်ဗုံးကျဲ mission ၂၅ ခုပြည့်ရင် အိမ်ပြန်ရမယ်ဆိုပြီး ပြည့်ခါနီးတိုင်း လေတပ်က mission ထပ်ထပ်တိုးနေလို့ Yossarian တစ်ယောက် သည်းမခံနိုင်ဖြစ်လာပါတယ် ရူးတယ်လို့အကြောင်းပြပြီးထွက်ရဖို့ ဆရာဝန်ကိုသွားပြောတော့ ဆရာဝန်က ရူးတာကိုအ​ကြောင်းပြပြီး လုံးဝထွက်မရအောင်လုပ်ထားတဲ့ Catch 22 ဆိုတဲ့သတ်မှတ်ချက်ကို ပြောပြလိုက်ပါတယ် ဆက်တိုက်ချင်တဲ့လူတွေက ရူးနေတဲ့လူတွေဆိုတာ သိပြီးတဲ့နောက်မှာ Yossarian က လွတ်လမ်းကိုမရမကကြံဖန်ရှာပါတော့တယ် File size…(1 GB)/(528 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:45:00 Genre...Comedy, Drama, War & ...
7.36
TMDb: 7.36/10 207 votes
tv

Catch-22 (2019)

2019
Suicide Squad Isekai (2024) 7.222
Suicide Squad Isekai (2024) Suicide Squad Isekai (2024) Genre – Anime, Action, Adventure IMDB – 7.3/10DC Comic ရဲ့ နာမည်ကျော် လူဆိုးကြီးများအဖွဲ့ Suicide Squad ကို Live Action တွေကာတွန်းတွေ အသီးသီးထုတ်ခဲ့ကြပြီးတဲ့နောက်ယခုအခါမှာတော့ Warnar Bros Japan ကနေSpy X Family လို Anime ကောင်းတွေကို ထုတ်လုပ်ပေးခဲ့တဲ့ Wit Studio နဲ့ ပူးပေါင်းပြီးAnime အဖြစ် ပြန်လည် အသက်သွင်းလိုက်ပါပြီ။ Anime အဖြစ် အသက်သွင်းထားရုံတင်မကပဲSuicide Squad ကို ကမ္ဘာမြေပေါ်ကသာမန်စစ်ဆင်ရေးတွေ မလုပ်ခိုင်းတော့ပဲ Anime Genre တွေထဲမှာလူသိများတဲ့ Isekai (တခြားကမ္ဘာ) ဆိုတဲ့အမျိုးအစားအဖြစ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Isekai ဆိုတာ ဘာလဲရှင်းပြရမယ်ဆိုတော့ ကမ္ဘာမြေနဲ့ မတူပဲ နဂါးတွေ ဘီလူးတွေ မှော်ပညာတွေရှေးဟောင်းတိုင်းပြည်တွေရှိတဲ့ဂိမ်းဆန်ဆန် ...
7.222
TMDb: 7.222/10 9 votes
tv

Suicide Squad Isekai (2024)

2024
Clipped (2024) 7.3
Clipped (2024) Clipped(2024) အသစ်စက်စက်ထွက်ရှိလာတဲ့ Drama series လေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီစီးရီးလေးကတော့ 'The Starling Affairs ' ဆိုတဲ့ podcast လေးကနေ အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 'LA clippers ' ဆိုတဲ့ NBA အသင်းရဲ့ပိုင်ရှင် Mr. Starling ဟာ သူ့ရဲ့ အသင်း‌အ‌ပေါ် ပရမ်းပတာစီမံမှုတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြောင့် နာမည်ကြီးသူလည်းဖြစ်ပါတယ်။ဒီအရှုပ်တွေကြားထဲ အသင်းကိုဝင်ကယ်မယ့်ကယ်တင်ရှင်ကတော့ နာမည်ရှိပြီးသားနည်းပြ ဒေါ့ရေးဗားစ်ပဲဖြစ်ပါတယ်။ ဘယ်သူကမှ မျှော်လင့်ချက်မထားတဲ့အသင်းကို ချန်ပီယံရှစ်ရအောင်အထိရည်မှန်းထားတဲ့ ဒေါ့အဖို့တော့ မစ္စတာစတာလင်ဟာ ဆူးညှောင့်ခလုတ်တစ်ခုပါပဲ။ရှုပ်နေပြီးသားဇာတ်လမ်းမှာမှ နောက်ထပ်တိုးတဲ့သပွတ်အူကတော့ မစ္စတာစတာလင်ရဲ့ ကိုယ်ရေးလက်ထောက်လေးဗီနဲ့ သူ့မိန်းမတို့ရဲ့ အားပြိုင်ပွဲပဲဖြစ်ပါတယ်။ အရှုပ်တွေကြားက အမှီဆွဲကယ်ရမယ့် အသင်းမှာ ဒေါ့တစ်ယောက် သူ့ရည်မှန်းချက်အတိုင်း လုပ်နိုင်ခဲ့မလားဆိုတာကိုတော့ ဒရာမာတွေ တသီကြီးနဲ့ မမုန်းတမ်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှပဲဖြစ်ပါတယ်။File Size – 1.5GB / 700MB (Appx;)@EpisodeQuality – 1080p WEB DL / 720p WEB DLDuration –48minute (@Episode)Total Episodes:6EpsSubtitle – Myanmar HardsubFormat ...
7.3
TMDb: 7.3/10 7 votes
tv

Clipped (2024)

2024
The Bear Season 3 Complete 8.302
The Bear Season 3 Complete The Bear Season 3 Genre – Comedy, DramaSeason 3 ကို ကြည့်ဖို့အတွက် အရှေ့ Season များကို ကြည့်ထားရန် လိုအပ်ပါသည်။ပြီးခဲ့တဲ့ S2 မှာတော့ ကာမီတို့ အုပ်စုတသိုက် မိသားစုအမွေဆိုင်ကို ဖျက်သိမ်းပြီး The Bear ဆိုတဲ့ Fine Dining အဆင့်မြင့်စားသောက်ဆိုင်အဖြစ် ကူးပြောင်းခဲ့ရမှာ အခက်အခဲတွေကြားကနေ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဒါပေမဲ့လည်း ကာမီတစ်ယောက် နောက်ဆုံးခန်းမှာ အအေးခန်းထဲ ပိတ်မိနေတုန်း ချစ်သူ ကလဲရ်ကို ဆိုက်ကိုဖောက်ပြီး ဖြတ်လိုက်မိတဲ့အတွက် ဟိုကစိတ်နာပြီး ထွက်သွားခဲ့ပါပြီ။ ကျန်တဲ့အဖွဲ့သားတွေလည်း ဆိုင်အောင်မြင်ခဲ့ပေမဲ့ ကိုယ်စီ အခက်အခဲလေးတွေ အနည်းငယ်စီပေါ့။ဒါကြောင့် ဒီ Season မှာတော့ ကာမီတို့ ဆူညံပူညံ လူစုတသိုက် ဒီ The Bear ဆိုင်လေးကို ဘယ်လိုတွေ ဆဲဆိုပြီး ဆက် Run ကြဦးမလဲ ဘာတွေ ပြဿနာတက်ကြပြီး ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ...
8.302
TMDb: 8.302/10 927 votes
tv

The Bear Season 3 Complete

2022
Under the Bridge (2024) 8.742
Under the Bridge (2024)  Crime , Biography ကို Rating 7.3 နဲ့အတော်လေး မြင့်တဲ့အထဲမှာပါပါတယ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး လီယိုနာဒိုနဲ့တွဲရိုက်ထားတဲ့ Killer of the Flower Moonမင်းသမီးကြီး Lily Gladstone ဦးဆောင်ပါဝင်ထားပါတယ်...ဇာတ်လမ်းအညွန်းကိုပြောရရင်... ကနေဒါက ဗစ်တိုးရီးယားဆိုတဲ့ မြို့ငယ်လေးမှာ စပါတယ် မြို့လေးက မိဘမဲ့နဲ့အိမ်ရာမဲ့တွေအရမ်းများတဲ့ မြို့ငယ်လေးပါ...ဒီမြို့ငယ်လေးကို ရွှေ့ပြောင်းနေထိုင်သူအများစုနေထိုင်ကြပါတယ် အဲဒီထဲကမှ အိန္ဒိယကနေ ပြောင်းလာတာ မျိုးဆက် ၂ ဆက်ရှိပြီဖြစ်တဲ့ ဆူမန်...မန်ဂျီးတို့မိသားစုရှိပါတယ်ရီနာဟာ သူတို့မိသားစုမှာ တစ်ဦးထဲသောသမီးဖြစ်ပြီး မိသားစုကအရမ်းချစ်သလောက် သူကတော့ မိဘမဲ့ဂေဟာက လူမိုက်တွေနဲ့ပေါင်းပြီး Cool Kid ဖြစ်ချင်နေသူပေါ့...ကျောင်းမှာလည်း အရမ်းနှိမ်ခံရတဲ့အတွက် ကလေးလူမိုက်ဂိုဏ်းထဲဝင်မိလိုက်ပါတယ်...တစ်နေ့သူ့ကိုပါတီဆိုပြီး ဖိတ်လိုက်တာက တကယ်တော့ သူ့သေတွင်းဖြစ်မှန်းမသိဖြစ်နေခဲ့ပါတယ်....အုပ်စုဖွဲ့အနိုင်ကျင့်ခံရပြီး သေဆုံးသွားတဲ့ ရီနာရဲ့အမှုဟာ ဗစ်တိုးရီးယားက ရဲတွေ အာရုံစိုက်စရာဖြစ်လာပါတယ်....ရီနာရဲ့ လူသတ်တရားခံကို ရှာဖွေဖော်ထုတ်ဖို့အတွက် အရင်က ရန်ဘက်ဟောင်းတွေဖြစ်ခဲ့ဖူးတယ် ရဲမေ ကန်ဘန့်လန်နဲ့ ဂျာနယ်လစ်ရေဘက်ကာတို့ရဲ့ တာဝန်ဖြစ်လာပါတယ်( အညွှန်းနဲ့ ...
8.742
TMDb: 8.742/10 31 votes
tv

Under the Bridge (2024)

2024
The Veil (2024) 6.2
The Veil (2024)  ဒီတစ်ခါမှာတော့ 2024ခုနှစ်မှထွက်ရှိထားတဲ့စီးရီးစပိုင်အသစ်စက်စက်လေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် Elizabeth Moss ကလည်း အဓိကနေရာကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်း အာဒီလာဟာ ဒုက္ခသည်စခန်းတစ်ခုမှာလုပ်အားပေးနေတုန်း ဒုက္ခသည်ထဲကအမျိုးသမီးတစ်ဦးက အာဒီလာဟာ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့"ISIS" အဖွဲ့ဝင်တစ်ဦးဖြစ်တယ်ဆိုပြီး စွပ်စွဲပြောဆိုတာကြောင့် သူမကိုဖမ်းထားပြီး သူမရဲ့နိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ဆီကိုသတင်းပို့အစီရင်ခံထားစဥ်မှာ အီမိုဂျင်ဆိုတဲ့အမျိုးသမီးကရောက်လာပြီး အာဒီလာကိုကယ်ထုတ်သွားပါတယ် ကယ်ထုတ်လာတဲ့လမ်းတစ်လျှောက်မှာ အာဒီလာဟာတကယ်ပဲ"ISIS"အဖွဲ့ဝင်ဟုတ်လားမဟုတ်လားဆိုတာကို အီမိုဂျင်ကအစ်အောက်မေးမြန်းနေခဲ့ပါတယ် တကယ်တော့ အီမိုဂျင်ကလည်း အာဒီလာရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့မစ်ရှင်ထမ်းဆောင်နေရတာပါအမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်ကလျှို့ဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားတယ် နောက်တစ်ယောက်ကအဲ့ဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့တာဝန်ပေးခံရတဲ့အခါ.....အာဒီလာကရောတကယ်ပဲ"ISIS"အဖွဲ့ဝင်တစ်ယောက်လား အီမိုဂျင်ကရောစုံစမ်းသိရှိသွားမလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ File size…(747 MB)/(377 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane   Season 1Episode 1 720p  -  Yoteshin / Megaup /Telegram / Usersdrive Episode 1 1080p  -  Yoteshin / Megaup / Usersdrive   Episode 2 720p  - ...
6.2
TMDb: 6.2/10 19 votes
tv

The Veil (2024)

2024
We Were the Lucky Ones (2024) 10
We Were the Lucky Ones (2024) ဒုတိယကမ္ဘာစစ်အစောပိုင်းမှာ ကာ့တို့မိသားစုဟာ ချမ်းသာတဲ့အရှိန်နဲ့ရာဒွန်းမြို့မှာ ဘေးကင်းကင်းနဲ့ နေထိုင်နေကြပါတယ်။ ဒါပေမဲ့ ကာ့တို့က ဂျူးသွေးပါတဲ့အတွက် ဟစ်တလာအာဏာရတဲ့အချိန်မှာရှောင်တိမ်းရပါတော့တယ်။ ဒီလိုရှောင်တိမ်းရင်းနဲ့ ကာ့တို့မိသားစုတွေ တကွဲတပြားစီဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ မိသားစုပြန်လည်ပေါင်းစည်းနိုင်ဖို့ ကာ့တို့မောင်နှမတွေ ကိုယ်စီ ဘယ်လိုကြိုးစားကြမလဲ သူတို့တွေ တကယ်ပဲပြန်လည်ဆုံစည်းနိုင်ကြပါ့မလား... Georgia Hunter ‌ရဲ့ We were the lucky ones ဆိုတဲ့စာအုပ်ကိုအခြေပြုရိုက်ကူးထားတာဖြစ်ပြီး Kissing Booth မင်းသမီးJoey King ပါဝင် သရုပ်ဆောင်ထားပါတယ်။2024 Marchလ 28ရက်‌နေ့မှာထွက်ရှိလာတဲ့စီးရီးအသစ်လေးပဲဖြစ်ပါတယ်။ File size…    500 MB Quality… Web-DL 1080p Format… mp4 Duration…. 50m Genre ..... Drama/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Aung Lwin , Elizabeth Khant , Benni  1080pEP 01 - ...
10
TMDb: 10/10 1 votes
tv

We Were the Lucky Ones (2024)

2024
Shōgun (2024) 10
Shōgun (2024) Game of Thrones လိုမျိုး နယ်မြေလုတာ အာဏာလုတာတွေနဲ့ရက်ရက်စက်စက်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်ရင်အမေရိကန်-ဂျပန် ဗားရှင်း GoT လို့ပြောရမဲ့Shogun ဇာတ်လမ်းတွဲကိုကြည့်လိုက်ပါ။နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Hiroyuki Sanada၊ Anna Sawai တို့ပါဝင်ထားပြီး ၁၉၇၅ တုန်းက ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန်တွေကို စိတ်ကူးယဉ်နဲ့ ရောစပ်ဖန်တီးထားတာပါ။ဒီရုပ်ရှင်ထဲက လမ်းပြ ဘလက်သွန်းဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ဂျပန်ကိုပထမဆုံးရောက်တဲ့ အင်္ဂလိပ်လမ်းပြWilliam Adams ကို အခြေခံထားသလို ယိုရှီ တာရာနာဂါ ဇာတ်ကောင်ဟာတိုကူဂါဝါ စစ်ဘုရင်အုပ်ချုပ်ရေးကို တည်ထောင်ခဲ့တဲ့တိုကူဂါဝါ အီအဲယဆု ကို အခြေခံထားတာပါ။ ဇာတ်လမ်းအကျဉ်း၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။အဲဒီကာလမှာ ပေါ်တူဂီကသလစ်တွေဟာ ဂျပန်နဲ့ ကုန်သွယ်ပြီးအရမ်းမြတ်စွန်းနေကြတဲ့ကာလဖြစ်ပါတယ်။အခြား ဥရောပနိုင်ငံတွေကိုလည်း ဂျပန်ရဲ့ တည်နေရာကိုမသိအောင် ဖုံးထားပါတယ်။ပေါ်တူဂီတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပရိုတက်စတင့်ဘာသာဝင်ဟော်လန်လှေတွေ ဂျပန်ကိုရောက်လာချိန်မှာပဲ၊ ဂျပန်မှာလည်းဘုရင်ခံချုပ်(တိုင်ကိုး) ကွယ်လွန်သွားပြီး အမွေခံ သားငယ်လေးပဲကျန်ခဲ့တာကြောင့် ...
10
TMDb: 10/10 2 votes
tv

Shōgun (2024)

2024
Death and Other Details (2024) 7.5
Death and Other Details (2024)  Hulu ကထုတ်တဲ့ အလန်းစား စုံထောက်ဇာတ်လမ်းကြီးဖြစ်ပါတယ် Rating 7 နဲ့ Crime ဇာတ်လမ်းတွဲကြိုက်သူ‌တွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ...အညွှန်းကို ဆက်ရရင်....အမွေခံမိသားစုကြီးရဲ့ ၂ ခုရဲ့ ၁၀ ရက်တာ ပင်လယ်သင်္ဘောခရီးစဉ်ကြီးမှာ ကမ္ဘာ့အတော်ဆုံး စုံထောက်ကြီး ရူးဖက်ကော့ဝေါ့နဲ့ သူ့ရဲ့ လက်ထောက် ထရူးဘစ်စကီပါ ပါဝင်လာပါတယ် အကြောင်းကတော့ နှစ်ဖက်မိသားစုက ဘီလီယံဒေါ်လာချီတဲ့ ရင်းနှီးမြှုပ်နှံမှုကိုလုပ်မှာဖြစ်တဲ့အတွက် စုံထောက်ကြီး ရူးဖက်စ်ကို background check နောက်ကြောင်းစစ်ဖို့အတွက် တစ်ဖက်မိသားစုက ငှားရမ်းလိုက်တာဖြစ်ပါတယ်ဒါပေမယ့် ဖြစ်ချင်တော့ သင်္ဘောရေချပြီး တစ်ညမှာပဲ သူ့ရဲ့လက်ထောက် ထရူဘစ်စကီအသတ်ခံလိုက်ရပါတယ် မိသားစုနှစ်ခုကြားက ဇာတ်ကောင်တစ်ကောင်ချင်းစီကို စုံစမ်းအဖြေရှာရင်းနဲ့ ရှုပ်ထွေးပွေလီတဲ့ လှည့်ကွက်တွေကိုလည်း အသေးစိတ်စောင့်ကြည့်ရမှာဖြစ်ပါတယ်...စုံထောက်ဇာတ်လမ်းတွေဆိုတာ နောက်ဆုံးမှာ တရားခံဘယ်သူလဲ သိမှာဖြစ်တဲ့အတိုင်း ဒီဇာတ်လမ်းကလည်း သူလား ငါလားပဟေဠိပေါင်းများစွာနဲ့ စုံထောက်ကြီးရူးဖက်ရဲ့ တရားစီရင်ခန်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်...( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File ...
7.5
TMDb: 7.5/10 22 votes
tv

Death and Other Details (2024)

2024
Echo (2024) 6.8
Echo (2024)  မာဗယ် စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Echo ကို ဒစ္စနေးကနေ စီးရီးအဖြစ် တင်ဆက်ထားပါတယ်။ အက်ခိုးကို Hawkeye စီးရီးမှာ စတင်မိတ်ဆက်ခဲ့ပြီး နောက်ဆုံးပိုင်းမှာ Daredevil ရဲ့ နာမည်ကြီးဗီလိန် ကင်းပင်ကို သေနတ်နဲ့ပစ်သတ်လိုက်တာနဲ့ အဆုံးသတ်ထားပါတယ်။ ဒီစီးရီးမှာတော့ ကင်းပင်မသေဘဲ ပြန်ပေါ်လာပြီး အက်ခိုးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရမှာပါ။စူပါဟီးရိုး အက်ခိုးဟာ နားမကြားတဲ့သူဖြစ်ပေမဲ့ အတိုက်အခိုက်ပိုင်းမှာ အရမ်းကျွမ်းကျင်တာမို့ Daredevil နဲ့တောင် သူတင်ကိုယ်တင် ယှဉ်ဖိုက်နိုင်တာကို တွေ့ရမှာပါ။ ကာတွန်းထဲက အစွမ်းတွေကို အကုန်ယူရင်တော့ ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်တာတွေ၊ သဘာဝရဲ့ အားကို သုံးနိုင်တာတွေ တွေ့ရမှာပါ။ ဒီစီးရီးတွေသာ အရှိန်နဲ့ဆက်ထွက်လာရင်တော့ Daredevil စီးရီးနဲ့ နောက်ပိုင်းရုပ်ရှင်တွေမှာ ထပ်ပါလာနိုင်ပါတယ်။ Daredevil ရဲ့အကြီးဆုံးရန်သူတွေဖြစ်တဲ့ Hand အဖွဲ့နဲ့ရင်ဆိုင်တာတွေ၊ အဗန်ဂျာလူငယ်အဖွဲ့နဲ့ ပေါင်းမိတာတွေပါ ပါလာဖို့ မျှော်လင့်ရတာပါပဲ။ File size…(600 Mb)/(400 Mb) Quality….Webrip 1080p ...
6.8
TMDb: 6.8/10 10 votes
tv

Echo (2024)

2024
A Murder at the End of the World (2023) 7.7
A Murder at the End of the World (2023) A Murder at the End of the World (2023) ============================= IMDb Rating 7.7/10(function(f,b,n,j,x,e){})();ဒါဘီဟာ့တ်ဟာ အပျော်တမ်းလူငယ်စုံထောက် ဟက်ကာတစ်ယောက်ပါ။ အဖေဖြစ်သူက မှုခင်းအရာရှိ‌တစ်ယောက်ဖြစ်လို့ သူဟာ ငယ်ငယ်ကတည်း က အလောင်းတွေ လူသေမှုတွေနဲ့ မစိမ်းတဲ့လူတစ်ယောက်ပေါ့။ တစ်နေ့ ဒေတာမှတ်တမ်းတွေကို ဟက်ခ်ပြီး ရှာဖွေကြည့်တော့ ဒီလူသေမှုတွေရဲ့ တစ် ဝက်က မတော်တဆမှုနဲ့ သေဆုံးတာဖြစ်ပြီး ကျန်တစ်ဝက်က မဖြေရှင်းနိုင်တဲ့ လူသတ်မှုတွေဆိုတာ သူသိလိုက်ရတယ်။ဒီလိုနဲ့ ဒါဘီဟာ ဘီလ်ဆိုတဲ့ အဖော်ကောင်လေးနဲ့အတူ သူပထမဆုံး လိုက်ခဲ့တဲ့ လူသတ်မှုအကြောင်း " ဆေးလ်ဗားဒိုး" ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တယ်။ ဒီစာ အုပ်ကြောင့် တစ်ရက်မှာ နည်းပညာအရာမှာ ဆရာတစ်ဆူကျတဲ့ အန်ဒီရွန်ဆန် ဆိုသူဟာ စွန့်ဦးတည်ထွင်သူတွေပါဝင်တဲ့ ခရီးစဉ်တစ်ခုမှာ ဒါဘီ့ကို ပါဝင်ဖို့ ဆက် သွယ်လာတယ်။ လေးစားအားကျရသူရဲ့ ဖိတ်ခေါ်မှုကြောင့် လိုက်ပါလာတဲ့ ဒီခရီး စဉ်က သူ့ရဲ့ စုံထောက်ပညာကို တစ်ဖန်ထပ်အသုံးချဖို့ ဖြစ်လာမယ်ဆိုတာတော့ ဒါဘီဟာ့ဒ်တစ်ယောက် မသိခဲ့ပါဘူး ....တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ (၇)ပိုင်းထွက်ရှိမှာဖြစ်ပြီး၊ ...
7.7
TMDb: 7.7/10 1961 votes
tv

A Murder at the End of the World (2023)

2023
Faraway Downs (2023) 6.714
Faraway Downs (2023)  Disney plus ကရိုက်ကူးထားပြီး နာမည်ကျော် မင်းသားကြီး Hugh Jackman နဲ့မင်းသမီး Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီစီးရီးဟာ castsတွေနဲ့တင်ကြည့်သင့်တဲ့စီးရီးဖြစ်ပါတယ်..ဒါ့အပြင် သူတို့ (၂)ယောက်ပေါင်းပြီး ရန်သူတွေပတ်လည်ဝိုင်းနေတဲ့အထင်ကရခြံကြီးကိုကာကွယ်တဲ့ဇာတ်လမ်းဆိုတော့ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်...Lady Sahara Ashley ဆိုတဲ့ အထက်တန်းလွှာအမျိုးသမီးတစ်ယောက်ရှိပြီး သူ့ယောက်ျားဖြစ်သူ Lord Maitland Ashley ကတော့ဩစတြေးလျနိုင်ငံ မြောက်ဘက်စွန်းက Faraway Downs ဆိုတဲ့ နွားခြံကြီးမှာနေထိုင်ပါတယ်။ တစ်နေ့ မှာ Lady Sahara Ashley က သူ့ယောက်ျားရှိရာFaraway Downs ကိုလိုက်သွားတဲ့အခါ သူ့ယောက်ျားဖြစ်သူက သေဆုံးနေတာကိုတွေ့လိုက်ရပါတော့တယ်။ အဲ့လိုနဲ့ပဲ ဆာရာဟာ Faraway Downs ဆိုတဲ့ခြံကြီးကိုThe Droverဆိုတဲ့ နွားပွဲစားအကူအညီနဲ့ ဦးစီးဖို့အကြောင်းဖန်လာပါတော့တယ်။တစ်ဖက်မှာလည်း Faraway Downs ကို ဝယ်ချင်နေတဲ့ ပြိုင်ဖက်ကုမ္ပဏီကြီးတစ်ခုလည်းရှိနေတဲ့အပြင် နားမလည်ပါးမလည် ခြံဦးစီးရှိနေတဲ့နေရာဆိုတော့ လစ်ရင်လစ်သလိုအပိုင်စီးချင်နေတဲ့ လောဘသမားတွေကလည်း ဒုနဲ့ဒေးပေါ့... ...
6.714
TMDb: 6.714/10 7 votes
tv

Faraway Downs (2023)

2023
Black Cake (2023) 7.5
Black Cake (2023) ဒီတစ်ခါ ပရိသတ်ကြီးကို မိတ်ဆက်ပေးမဲ့ကားလေးကတော့ ၁၉၅၀-၁၉၆၀ပြည့်နှစ်တွေတုန်းက ကာရေးဗီးယန်း ဒေသတွေမှာရှိတဲ့ ကျွန်းလေးတွေပေါ်က ကျွန်းသူကျွန်းသားလေးတွေရဲ့ ဘဝရယ်၊ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ ဘဝရဲ့ အခက်အခဲတွေကို ဘယ်လိုမျိုးရင်ဆိုင်ခဲ့ရလဲဆိုတာရယ်၊ လောင်းကစားဆိုတဲ့ အရာက ကိုယ့်ဘဝတင်မဟုတ် မိသားစုဘဝတွေ ကိုယ်သိပ်ချစ်ရပါတယ်ဆိုတဲ့သူတွေရဲ့ ဘဝတွေကိုပါ ဘယ်လိုရက်ရက်စက်စက် ဖျက်ဆီးတတ်လဲဆိုတာရယ်ကို ငြိမ့်ငြိမ့်လေးနဲ့ စိတ်ဝင်တစားကြည့်ရမဲ့ ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်......ကာရေးဗီးယန်း ဒေသမှာရှိတဲ့ ကျွန်းလေးပေါ်မှာ နေတဲ့ ကာဗေးဆိုတဲ့ ကောင်မလေးက အဖေ တရုတ် နဲ့ အမေ ဂျမေကာလူမျိုးတို့ကနေ ပေါက်ဖွားလာတဲ့ တရုတ်စပ်လူမဲမလေးပါ။ သူ့အဖေက လောင်းကစားအရမ်းဝါသနာထုံတာကြောင့် သူ ကလေးဘဝမှာပဲ သူ့အမေက ထွက်သွားခဲ့တာပါ.....အဲဒီလိုနဲ့ အဖေတစ်ခု သမီးတစ်ခု ဖြတ်သန်းနေရင်းကနေ သူ့အဖေရဲ့ လောင်းကစားအကြွေးအတွက် အကြွေးရှင်ဆီ သူ့သမီးကို ထိုးအပ်ရမဲ့ အခြေအနေရောက်ရှိလာပါတော့တယ်.....ကာဗေးကလည်း ဘယ်လိုမှ လက်မထပ်ချင်ပေမဲ့ အားမသန် မာန်လျှော့ပြီး လက်ထပ်လိုက်ရပါတယ် ဒါပေမဲ့ ...
7.5
TMDb: 7.5/10 14 votes
tv

Black Cake (2023)

2023
Goosebumps (2023) 6.3
Goosebumps (2023) Goosebumps (2023) =============== IMDb Rating - 6.3/10 Adventure, Comedy, Fantasyဟောလိုးဝင်းကာလ နီးလာပြီဆိုတော့ Disney နဲ့ Hulu တို့ရဲ့ ဇာတ်လမ်း တွဲ ဇာတ်လမ်းကောင်းတစ်ခုကလည်း ထွက်ရှိလို့လာပါပြီ။ Stranger Things, Lock & Keys တို့ကို ကြိုက်တဲ့ Horror fan တွေအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းဖြစ်ပြီး Rating ကောင်းတွေ လည်းရရှိထားပါတယ်။ပေါ့လောရန့်စ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီး နေတဲ့ ဘစ်ဒယ်ဆိုတဲ့ အိမ်တစ်လုံးရှိပါတယ်။ အမေအဖေနဲ့ သားတစ်ယောက် နေတဲ့အိမ်မှာ အိမ်မီးလောင်နေတုန်း သားဖြစ်သူက မြေအောက်ခန်းမှာ ပိတ်မိ သွားရင်း သေဆုံးခဲ့ရပါတယ်။ အဲ့ဒီထဲက မိဘနှစ်ပါးလည်း ပျောက်ဆုံးသွားခဲ့တာ ယနေ့အချိန်ထိပါပဲ။ လူသူမနေတာလည်း တော်တော်ကြာခဲ့ပါပြီ။ နှစ်တွေကြာ လာတော့ အိုင်ဇယ်ယာရဲ့ အဖေဖြစ်သူ ဘန်က ဒီအိမ်ကြီးကို ထိန်းသိမ်းပြုပြင် ပေးခဲ့ရင်း ပိုင်ရှင်အသစ်ဖြစ်တဲ့ အမွေဆက်ခံသူ ဘရက်ထံကိုလက်လွှဲလိုက်ပါ တယ်။ ဘရက်လည်း ရောက်ရောက်ချင်းဆိုသလို မြေအောက်တံခါးကိုဖွင့်ရာ ကနေ မတော်တဆမှုအချို့ကြောင့် သွေးထွက်ပြီး ငြိမ်သက်နေတဲ့ နတ်ဆိုးကို လှုပ်နှိုးသလိုဖြစ်သွားပါတယ်။အိုင်ဇယ်ယာတို့ ...
6.3
TMDb: 6.3/10 1515 votes
tv

Goosebumps (2023)

2023
The Other Black Girl (2023) 6.5
The Other Black Girl (2023) The Other Black Girl (2023) ==================== IMDb Rating - 6.5/10ဒီဇာတ်လမ်း‌တွဲလေးကတော့ နာမည်တူဝတ္ထုဖြစ်တဲ့ "The Other Black Girl" ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတဲ့ Hulu series လေးပဲဖြစ်ပါတယ်။ နဲလာဆိုတဲ့ လူမည်းအမျိုးသမီးက လူဖြူတွေကြီးပဲရှိတဲ့ Wagnar Books ဆိုတဲ့ စာပေတိုက်မှာအလုပ်လုပ်နေတဲ့ လက်ထောက်အယ်ဒီတာဖြစ်တယ်။ သူ့လိုမျိုး လူမည်းလုပ်ဖော်ကိုင်ဖက်တွေမရှိတဲ့အတွက် အားငယ်နေတာပေါ့။အဲဒါနဲ့တစ်နေ့ ဟေဇယ်ဆိုတဲ့ လူမည်းအမျိုးသမီး‌လေးက သူတို့အလုပ်မှာ အင်တာ‌ဗျူးလာဖြေပြီး အောင်သွားတဲ့အတွက် နဲလာတစ်ယောက်အရမ်းပျော် သွားတယ်။ သိပ်မကြာခင်မှာပဲ သူတို့တွေအရမ်းခင်သွားကြပြီး အတင်းတွေ တုပ်နေရင်းကမှ ဟေဇယ်က နဲလာ့ရဲ့အတင်းတွေကို ဖွလိုက်ပြီး ကုမ္ပဏီမှာ ပြဿနာအကြီးကြီးတက်သွားပါလေရောပေါ့။ အဲတော့ ဟေဇယ်က ဟန်ဆောင် နေခဲ့တာလား၊ သူ(မ) ဘာတွေကြံစည်နေတာလဲ၊ နောက်ပြီး နဲလာကလည်း သရဲလိုလို စိတ်ထင်ယောင်ထင်မှားဖြစ်နေတာတွေလိုလိုအရာမျိုးတွေကို မြင် နေရတာဆိုတော့ အဲဒါက ဘာတွေများ ဖြစ်နေမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲအသစ်လေးပဲဖြစ်ပါတယ်။စုစုပေါင်း(၁၀)ပိုင်းထွက်ရှိထားပြီး CMမှ ဆက်တိုက်တင်ဆက်ပေးသွားပါမည်။ (ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ...
6.5
TMDb: 6.5/10 1000 votes
tv

The Other Black Girl (2023)

2023
Only Murders in the Building (2022) – Season 02 8.6
Only Murders in the Building (2022) – Season 02 Only Murders in the Building (2022) - Season 02 =========================== IMDb Rating - 8.1/10Season 01 မကြည့်ရသေးသူများအတွက် ခုအညွှန်းက Spoilerတွေ ပါပါတယ်။ Season 01 >>> Click Here *********************************** ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်း၊ Selenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းက ခေတ်ထနေတဲ့ စီးရီးပါ ။ (၁၀) ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၂ ပိုင်းထွက်ချလာပါတယ်။စုံထောက်ကြီး 3 ယောက်ပြန်လာပါပြီ။ ပြီးခဲ့တဲ့ စီစန် အဆုံးသတ်မှာ ပြဿနာရှင်းပြီလို့ ယူဆရင်း အောင်ပွဲခံနေတဲ့ မေဘယ်၊ ချားလ်နဲ့ အိုလီဗာတို့ ပြီးအောင်တောင် မပျော်လိုက်ရဘဲ ဒုက္ခနဲ့လှလှတွေ့သွားတာကို မှတ်မိကြသေးရဲ့လား မသိဘူး....အခုတော့ အဲဒီ ဒုက္ခရဲ့ နောက်ဆက်တွဲအနေနဲ့ စီစန် 2 ...
8.6
TMDb: 8.6/10 620 votes
tv

Only Murders in the Building (2022) – Season 02

2022
Only Murders in the Building (2021) – Season 01 8.3
Only Murders in the Building (2021) – Season 01 Only Murders in the Building (2021)==========================IMDb Rating - 9.5/10ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်းSelenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းကခေတ်ထနေတဲ့ စီးရီးပါ ။ အပိုင်း ၁၀ ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၃ ပိုင်းတောင် ထွက်ချလာပါတယ်။ဇာတ်လမ်းအညွှန်း −Charles, Oliver နဲ့ Mabel Mora တို့ဟာ Upper West Side က ကွန်ဒိုတစ်ခုမှာ ဘ၀ ကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေသူတွေပါ။ တစ်နေ့ သူတို့နေတဲ့ ကွန်ဒိုမှာ လူသေမှုတစ်ခု ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီလူကမသေခင် တစ်နာရီကမှ သူတို့ ၃ ယောက်နဲ့အတူ ဓာတ်လှေကားတူတူစီးသွားသူရယ်ပါ။ ရဲတွေကတော့ တွေ့ရှိလာတဲ့သက်သေတွေအရ ...
8.3
TMDb: 8.3/10 200 votes
tv

Only Murders in the Building (2021) – Season 01

2021
The Hardy Boys – Season (03) 7.0
The Hardy Boys – Season (03) The Hardy Boys - Season (03) ===================== IMDb Rating - 7.0/10IMDB Rating မှာလည်း 7 လောက်ရထားတဲ့ Hardy Boys season 3 ပြန်‌လာပါပြီ။ Season 2 မှာ ဖရန့်ရဲ့ ခန္ဓာကိုယ်ထဲကို သူ့ရဲ့အဘိုးဖြစ်သူ ဂျော့ဂ်အက်စတာ ဘွတ်ခ်က သည်အိုင်းရဲ့ အစွမ်းကိုသုံးပြီး ၀င်နေပါတယ် ။ ဒါကိုမရိပ်မိတဲ့ ဂျိုးနဲ့ သူငယ်ချင်းတစ်သိုက်ကလည်း ဖရန့်ပဲ ထင်ပြီး ဆက်နေလာလိုက်တာ သူတို့ ရှေးဟောင်းလက်ရေး မူနဲ့ စာလိပ်တွေကို ပြန်ရယူဖို့ကြိုးစားမှသိသွားပါတယ်။ဖရန့်ဟန်ဆောင်နေတဲ့ ဂျော့ဂ်ကို တိုက်ထုတ်ရင်း ‌သဘာ၀ လွန်စွမ်းအားတွေရှိနေတဲ့ သည်အိုင်းကြောင့်မထင်မှတ်ထား တာတွေဖြစ်လာပါတော့တယ် ။ Hardy Boys series ရဲ့ ထုံးစံအတိုင်း လှည့်ကွက်တွေ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေဆဲပါ ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(300 MB) / (700 MB) Quality...............WEB-DL 720p / 1080p Duration............45Mins(@Episode) Subtitle..............Myanmar ...
7.0
TMDb: 7.0/10 3100 votes
tv

The Hardy Boys – Season (03)

2020