Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fuji TV
8.712
One Piece(1999)
IMDb 8.9/10 Crunchyroll 4.9/5 MyAnineList 8.7/10 ဂျပန်ကာတွန်းတွေရဲ့ကြီးသုံးကြီးမှာပါတဲ့ one pieceဟာစထွက်ရာကနေအခုထိ ပရိသတ်တွေတိုးပွားနေဆဲပါ။ဂျပန်ကာတွန်းတွေထဲမှာ berserkတို့၊ AoTတို့ဆိုရင် ဇာတ်လမ်းပိုင်းအကောင်းဆုံးတွေလို့သတ်မှတ်ကြသလိုပဲ one pieceကိုလည်းအကောင်းဆုံး adventureစီးရီး၊ mangaကို animeအဖြစ်အသက်သွင်းတဲ့နေရာမှာလည်း one pieceက အကောင်းဆုံးလို့ပြောရင်မှားမယ်မထင်ပါဘူး။ ပြီးတော့ ဒီစီးရီးဘယ်လောက်တောင်ကောင်းလဲညွှန်းရမယ်ဆိုရင် အပိုင်း၁ထောင်ကျော်နေပြီဆိုပေမဲ့ one piece fanတွေဟာ ဇာတ်လမ်းပြီးမှာတောင် စိုးရိမ်မိကြတဲ့အထိ လွှမ်းမိုးနိုင်နေတာပါ။ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ချမ်းသာမှု၊ ကျော်ကြားမှု၊ သြဇာရှိမှုတွေကို ပိုင်ဆိုင်တဲ့ ပင်လယ်ဓါးပြဘုရင်ကြီးကို ရေတပ်ကဖမ်းဆီးပြီး ကွပ်မျက်ဖို့လုပ်ခဲ့ပါတယ်။မကွပ်မျက်ခင်မှာ ကွပ်မျက်ပွဲကိုလာကြည့်တဲ့ လူတွေထဲကနေ ကျော်ကြီးဟာ ပင်လယ်ဓါးပြဘုရင်ကြီးကိုမေးခွန်းတစ်ခုလှမ်းမေးခဲ့ပါတယ်။"ဘဲကြီးခင်ဗျားပိုင်တဲ့ရတနာတွေဘယ်မှာထားခဲ့လဲ။ one pieceဆိုတာရောတကယ်ရှိလား""သိပ်ရှိတာပေါ့။ ညိုကီရာငါပိုင်ဆိုင်တဲ့ရတနာတွေကိုအဲ့ဒီနေရာမှာထားခဲ့ခဲ့....ဗျစ်"ဆိုပြီးပြောနေတုန်းမှာ ရေတပ်ကကွပ်မျက်ခဲ့တာကြောင့် စကားတောင်မဆုံးခဲ့ရှာပါဘူး။ဒါပေမဲ့ one pieceရှိတယ်ဆိုတာကိုအတည်ပြုခဲ့တာကြောင့်ပင်လယ်ထဲကိုလူတွေအသီးသီးထွက်ကုန်တာကြောင့် ပင်လယ်ဓါးပြခေတ်ကြီးတခေတ်ထလာခဲ့ပါတော့တယ်။ အဲ့ဒီလူတွေထဲမှာငဖီဆိုတော့ အရှေ့ပင်လယ်ပြာက တောသားလေးလည်းပါပြီးပင်လယ်ထဲရွက်လွှင့်ကာ ပင်လယ်ဓါးပြအဖွဲ့ဖွဲ့ဖို့ အဖွဲ့သားသစ်တွေစုဆောင်းရာကနေ one pieceဆိုတဲ့မဟာဇာတ်ထုပ်ကြီးဖြစ်ပေါ်လာပါတော့တယ်..... File Size – 336MB/173MB @EpisodeQuality – 720p / 1080pDuration ...
8.712
TMDb:
8.712/10
3524 votes
tv
One Piece(1999)
1999
8.671
Demon Slayer: Kimetsu no Yaiba -Season4
Demon Slayer: Kimetsu no Yaiba – To the Hashira Training S4ဟာရှီရာလေ့ကျင့်ရေးဆိုတဲ့အတိုင်းပဲ ပြီးခဲ့တဲ့Season မှာ ဟာရှီရာ ၂ယောက်နဲ့အတူ အထက်အဆင့်မိစ္ဆာ၂ကောင်ကို ဆော်ခဲ့တဲ့ တန်ဂျီရိုတို့အဖွဲ့ကို ပိုပြီး သန်မာစေလာစေဖို့ အတွက် ဟာရှီရာတွေအကုန်လုံးက သူတို့ကျွမ်းကျင်တဲ့အပိုင်းတွေကို အပြင်းအထန်လေ့ကျင့်ပေးကြမှာဖြစ်ပြီး ဟာရှီရာတွေကလည်း ပြီးခဲ့တဲ့တိုက်ပွဲအတွင်း ခန်ရိုဂျီနဲ့တိုခီတိုမှာပေါ်ထွက်ခဲ့တဲ့ အမှတ်အသားထွက်ပေါ်လာအောင်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ်။နေရောင်ဒဏ်ခံနိုင်သွားတဲ့ နဲဇူကို ကို မူဇန်ကလည်း သူ့လူတွေကိုအသုံးချပြီးတော့ ဘယ်လိုရအောင်ခေါ်ထုတ်မှာလဲ။မိစ္ဆာနှိမ်နင်းရေးတပ်ဖွဲ့ကရော ဘယ်လိုမျိုးအင်အားတောင့်တင်းအောင် လေ့ကျင့်ရေးတွေလုပ်ဆောင်မလဲဆိုတာ ဒီ Season မှာကြည့်ရှုရမှာဖြစ်ပါတယ်။File Size – 650MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 29 minute (@Episode)Total Episodes:12EpsSubtitle – Myanmar HardsubFormat – Mp4Genre : Animation, Action & Adventure, Sci-Fi & FantasyTranslator – Zwe ~ ...
8.671
TMDb:
8.671/10
6000 votes
tv
Demon Slayer: Kimetsu no Yaiba -Season4
2024
Rurouni Kenshin (2023) Season 1
IMDb 9.2/10လေလွင့်ဆာမူရိုင်းကြီးအကြောင်းကတော့ လူတိုင်းနီးပါးသိပြီးကြလောက်ပြီဖြစ်လို့အညွှန်းကိုမရေးခင် ဇာတ်အိမ်အခြေတည်ရာခေတ်ကိုအကြမ်းဖြင်းပြောပြချင်ပါတယ်။ဘတိုစိုင်းဘဝကနေအနားယူပြီး အသွားပြောင်းပြန်ဓါးကိုကိုင်ကာ လျှောက်သွားနေတာက မဲဂျီခေတ်ပါ။မဲဂျီခေတ်ဟာ ၁၈၆၈ကနေ ၁၉၁၂အထိ ၄၄ကြာခဲ့ပြီး ဂျပန်နိုင်ငံမှာ ပါလီမန်စနစ်ကိုစတင်ကျင့်သုံးကာ စက်မှုတော်လှန်ရေးနဲ့စစ်တပ်ကိုလည်းခေတ်မီလက်နက်တပ်ဆင်ရေးကိုအကြီးအကျယ်လုပ်ခဲ့ပါတယ်။မဲဂျီခေတ်မတိုင် အဲဒိုခေတ်ကတော့ ၁၆၀၃ကနေ ၁၈၆၈အထိနှစ်ပေါင်း ၂၆၀လောက်ကြာခဲ့ပြီး အဲဒိုခေတ်တွင် ရှိုဂန်(စစ်ဘုရင်)များကကြီးစိုးခဲ့ပါတယ်။ မဲဂျီခေတ်မှာတော့ ရှိုနန်တို့ရဲ့အာဏာလျော့ကျကာ ဧကရာဇ်ဘုရင်ရဲ့အာဏာဟာ ပိုပြီးကြီးမားလာခဲ့ပါတယ်။ မဲဂျီခေတ်မှာ အနောက်တိုင်း ပညာရပ်နဲ့ယဥ်ကျေးမှုတွေလည်း အကြီးအကျယ်နေရာယူခဲ့ပြီး ရိုးရာယဥ်ကျေးမှုနဲ့ဆာမူရိုင်းတွေအပေါ်မှာပါ အကြီးအကျယ် သက်ရောက်မှုရှိခဲ့တာကြောင့်ဆိုင်ဂို တာခါမိုလိဦးဆောင်တဲ့ ဆာမူရိုင်းတွေဟာ ဘုရင့်တော်ဝင်တပ်ကိုပုန်ကန်ခဲ့ကြပါတယ်။ (အဲ့ဒီဇာတ်ကြောင်းနဲ့ပတ်သတ်ပြီးကြည့်လိုလျှင် မင်းသားTom Cruiseရဲ့ the last samuraiရုပ်ရှင်ကိုကြည့်ပါ)လေလွင့်ဆာမူရိုင်းကြီးရဲ့ဘတိုစိုင်းဇာတ်ကောင်စဖြစ်တဲ့ခေတ်ကတော့ မဲဂျီခေတ်အကူးအပြောင်းကာလ အဲဒိုခေတ်ပြီးဆုံးခါနီးဘခုမဆွတ်ခေတ်(1853-1867)ပါ။ဒီဇာတ်လမ်းကြီးကို အဓိကဇာတ်အိမ်တည်ထားတဲ့မဲဂျီခေတ်အပြောင်းအခြေအနေပါ။ဇာတ်လမ်းအကျဥ်းကတော့ ဘခုမဆွတ်ခေတ်မှာ နာမည်ကြားရုံနဲ့ကြက်သီးတွေပါထစေတဲ့ ဟိတိုခိလိ ဘတိုစိုင်းကြီးတစ်ယောက်ဇာတ်မြုတ်ပြီးနောက်ပိုင်းအခြေအနေတွေကို ရသအစုံအလင်နဲ့ကြည့်ရမှာလို့ပဲ အပျင်းထူစွာနဲ့ အညွှန်းရေးလိုက်ပါတယ်။ File Size – 286MB @EpisodeQuality – 1080pDuration – 24 minute (@Episode)Total Episodes: ...
Rurouni Kenshin (2023) Season 1
2023
7.1
Undead Murder Farce (2023)
Undead Girl Murder Farce (2023) Genre - Anime, Fantasy, Mystery၁၃ ပိုင်း ပါဝင်တဲ့ အသစ်ထွက် Anime စီးရီးကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။လက်ရှိမှာတော့ ၁၁ ပိုင်းအထိ ထွက်ရှုထားပြီး ကျန်တဲ့ ၂ ပိုင်းကိုလည်းအပတ်စဉ် ထွက်ပြီးတာနဲ့ အချိန်မှီတင်ဆက်ပေးသွားဦးမှာပါ။ဒီ စီးရီးမှာတော့ စုံထောက်ကြီး ရှားလော့ဟုမ်းတို့ နာမည်ကြီးစောရဝိဇ္ဇာ လူပင်တို့စသဖြင့် စိတ်ကူးယဉ် နာမည်ကျော် ဇာတ်ကောင်တွေအများအပြား ပါဝင်ထားတဲ့အပြင် သွေးစုပ်ဖုပ်ကောင်တို့ သမန်းဝံပုလွေတို့မကောင်းဆိုးဝါးပေါင်းစုံတွေပါ ပါဝင်ပြီး၁၉ ရာစုနောက်ခံ စုံထောက်စွန့်စားခန်းလိုမျိုး ဇာတ်အိမ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုပထမအဓိက ဇာတ်ကောင်အနေနဲ့ ဆူဂရုအကြောင်းပေါ့။သူကတော့ လူတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေပြီးဒီစွမ်းအားနဲ့ ဂျပန်မှာ ထူးဆန်းတဲ့ အကောင်ပလောင်တွေနဲ့လက်ဝှေ့ထိုးစားနေတဲ့ မကောင်းဆိုးဝါး သုတ်သင်သူလို့ ခေါ်ကြတဲ့ပေါ့ပျက်ပျက်လူတစ်ယောက်ပေါ့။ဒါပေမဲ့ ဒီလို မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေရတာလည်းလူတစ်ယောက်ရဲ့ စနက်ကြောင့်ပါ။ဒုတိယတစ်ယောက်ကတော့ ဒီစီးရီးရဲ့ပင်တိုင်ဇာတ်ကောင်ခေါင်းပြတ်မလေး ရင်ဒိုအာယာပါ။သူကတော့ မသေမျိုးဖြစ်ပြီး သူ့ ခန္ဒာကိုယ်ကို လူတစ်ယောက်ကခိုးယူသွားလို့ ...
7.1
TMDb:
7.1/10
12 votes
tv
Undead Murder Farce (2023)
2023
8.7
Demon Slayer: Kimetsu no Yaiba(2023) Season 3 Complete
ပြီးခဲ့တဲ့ အတွဲ ( ၂ ) မှာတော့ တန်ဂျီရိုတို့ဟာ အထက်မိစ္ဆာ ဂယူတာရိုနဲ့ အသေအကြေတိုက်ခိုက်ခဲ့ကြပြီး နဲဇူကိုရဲ့ သွေးမိစ္ဆာအစွမ်းကြောင့် အနိုင်ရခဲ့ကြပေမဲ့ တိုက်ပွဲဒဏ်ရာတွေကြောင့် သေကောင်ပေါင်းလဲ ဖြစ်ကုန်ကာ ဆရာ့ဆရာကြီး အသံဟာရှီရာ တန်ဂန်က သူ့ရဲ့ မဟေသီလေးယောက်နဲ့အတူ အဝေးကိုထွက်ပါတယ်။အခု အသစ်စက်စက် အတွဲ ( ၃) မှာတော့ ကိုမာဝင်နေကြတဲ့ တန်ဂျီရိုတို့ သတိပြန်ရလာကြပြီး ဒဏ်ရာနည်းတဲ့ ဇဲနစ်စုနဲ့အီနိုဆူခဲတို့က မစ်ရှင်ကိုယ်စီနဲ့ ခရီးထပ်ထွက်ကုန်ကြပါတယ်။ ဒဏ်ရာပြင်းတဲ့ တန်ဂျီရိုကတော့ တစ်ယောက်တည်းကျန်ခဲ့ပြီး ဒဏ်ရာပြန်ကောင်းလာတဲ့အချိန် သူ့မှာ ဓားမရှိတော့တဲ့အတွက် ဓားအသစ်တစ်ချောင်းထပ်ယူဖို့ နီချီရင်ဓားတွေထွက်တဲ့ ဓားသွန်းရွာကို တစ်ယောက်တည်းထွက်သွားခဲ့ရင်း ဓားသွန်းရွာမှာ စွန့်စားခန်းတွေ ထပ်ကြုံရပါတော့တယ်။ဒီ မိစ္ဆာနှိမ်နင်းသူ အတွဲ ( ၃ ) ဟာဆိုရင် မူရင်း မန်းဂထဲက ဓားသွန်းရွာ ဇာတ်ကြောင်းပိုင်းကို ဖန်သားပြင်ပေါ် အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာရှိပြီးသား ဇာတ်လမ်းဖြစ်လို့ ထွေထွေထူးထူး ထပ်မညွှန်းတော့ဘဲ ပရိသတ်များ ကြည့်ရှုခံစားရန်အလို့ငှာ စီအမ်ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အားပေးကြပါကုန်...။File ...
8.7
TMDb:
8.7/10
4976 votes
tv
Demon Slayer: Kimetsu no Yaiba(2023) Season 3 Complete
2023
8.5
Ranking of Kings: Treasure Chest of Courage (2023)
ဒီရက်ထဲမှာ အသစ်ထွက်ရှိလာတဲ့Ranking of King အသစ်ကိုCM Fan တွေ အတွက်တင်ပေးလိုက်ပါတယ်ဒီအပိုင်းတွေမှာတော့ာ ဘော့ဂျီ ဟာSeason 1မှာ ဆရာ ဒက်စ်ပါ ဆီပညာသင်ဆဲကာလက အဖြစ်အပျက်များကိုအထူးအပိုင်းတွေ အနေနဲ့ထွက်ရှိလာတာ ဖြစ်ပါတယ်Season 1 မကြည့်ရသေးရင်Season 1 ကိုလဲ CM မှာ တင်ပေးထားတာဖြစ်လို့ အရင်ကြည့်လို့ရပါတယ် Genres: Animation, Action, Adventure Duration: 23 mins Episodes: 10 Original Network: Tokyo MX File Size: 1080p (300 MB) Translated by Dr Nyan Encoded by Thit San Khant Season 2======EP 01 - [1080p] »»» UsersDrive • Yoteshin • MegaUp • StreamSB • ...
8.5
TMDb:
8.5/10
2 votes
tv
Ranking of Kings: Treasure Chest of Courage (2023)
2023
Silent (2022)
Silent (2022)=====================မနှစ်က My Love Mix-Up! နဲ့လူသိများလာတဲ့ အဆိုတော်မင်းသားလေး Meguro Ren နဲ့အတူ One Week Friend ထဲကမင်းသမီးလေး Haruna တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အဖီးလ်တစ်လိုင်းဂျပန်ဒရာမာစီးရီးလေးလာပါပြီ။ဇာတ်လမ်းအညွှန်းလေးကတော့...'ဆုမုဂီ'ဆိုတဲ့ကောင်မလေးဟာ သူအထက်တန်းကျောင်းသူဘဝတုန်းက အသံလေးကြားပြီး ကျိတ်သဘောကျခဲ့ရတဲ့၊ သီချင်းနားထောင်ရတာဝါသနာပါတာလည်းတူ အကြိုက်ချင်းလည်းတူတဲ့'ဆိုး'ဆိုတဲ့ကောင်လေးနဲ့ လိုက်ဖက်တဲ့စုံတွဲလေးဖြစ်ခဲ့ပေမယ့် အထက်တန်းကျောင်းပြီးတဲ့အချိန်မှာတော့ မည်မည်ရရမရှိတဲ့ အကြောင်းပြချက်တွေနဲ့ 'ဆုမုဂီ'နဲ့ ကျောင်းကသူငယ်ချင်းတွေကို ဗြုန်းစားကြီးအဆက်အသွယ်ဖြတ်ပြီး ခြေရာဖျောက်သွားပါတော့တယ်။ဆုမုဂီတစ်ယောက် ငယ်ချစ်ဦးပေးခဲ့တဲ့ ဒဏ်ရာတွေကိုကုစားရင်း အချိန်တစ်ခုအရောက်မှာ အချစ်သစ်နဲ့ အခြေတကျနေထိုင်ဖို့စဥ်းစားနေစဥ် 'ဆိုး'ကိုအမှတ်မထင်ပြန်ဆုံလိုက်ရတဲ့အခါမှာ သူထင်ထားခဲ့သလို သစ်စိမ်းချိုးချိုးပြီးထားခဲ့တာမဟုတ်ဘဲ အကြားအာရုံချို့ယွင်းသွားမှုကြောင့်သာ အားလုံးနဲ့ဝေးရာကိုရှောင်ပြေးခဲ့တဲ့ 'ဆိုး' အဖြစ်ကိုသိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ....အပတ်စဉ် သောကြာနေ့တိုင်း တစ်ပတ်တစ်ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ စုစုပေါင်း ၁၀ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. 54min Subtitle…. ...
Silent (2022)
2022
8.195
Ranking of Kings (2021)
Ousama Ranking ............................ Myanimelist 8.6/10 IMDb 8.6/10ကျနော်တို့ငယ်ငယ်တုန်းကဆိုရင် လူတိုင်း အိပ်ခါနီးတိုင်း ပုံပြင်ပြောပြလုပ်ဖူးခဲ့ကြမှာသေချာပါတယ်။ ပုံပြင်ကောင်းကောင်းတပုဒ်ကိုနားထောင်ရတဲ့ညတွေဆိုရင် အိပ်ကိုမအိပ်တော့ပဲ ပုံပြင်ဆုံးတဲ့အထိစိတ်ဝင်တစားနားထောင်ဖူးကြတာမျိုးလည်း ကြုံဖူးမယ်ထင်ပါတယ်။ အခုဒီကားတွန်းလေးဟာလည်း ငယ်ငယ်ကအိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကိုနားထောင်ရတဲ့အလား ဖြစ်စေတယ်ဗျ။ ကာတွန်းဆန်တဲ့ရုပ်ထွက်ပေမဲ့ သမာရိုးကျဇာတ်လမ်းတွေနဲ့မတူတဲ့ ပုံပြင်ကောင်းလေးတစ်ပုဒ်လို့ပဲ ကျနော်ကတော့ဆိုချင်ပါတယ်။ ဒီစီးရီးကိုကြည့်တုန်းကဆိုရင် ဘာဖြစ်တော့မယ်လို့ထင်ထားတာတွေလည်း တစ်ခုမှကိုမမှန်တဲ့အထိ ဇာတ်လမ်းအသွားအလာက လုံးဝခန့်မှန်းလို့မရပါဘူး။ သေချာတာတခုကတော့ ဒီစီးရီးကိုကြည့်ရင် စိတ်ဝင်စားဖို့လုံးဝကောင်းစေရမယ်။ ဆန်းကြယ်တဲ့စိတ်ကူးယဥ်စွန့်စားရေးခရီးတခုကိုထွက်နေရတဲ့အလား ဖြစ်စေရမယ်လို့ အာမခံပါတယ်။ ဇာတ်လမ်းအမြည်းလေးကိုပြောပြရရင်တော့....ဟိုးရှေးရှေးတုန်းက ဘော့စ်တိုင်းပြည်မှာ ဘုရင်ကြီးတပါးအုပ်ချုပ်ပါတယ်။ အဲ့ဒီဘုရင်ကြီးမှာ သားတော်နှစ်ပါးရှိပြီး ပထမသားတော်ကြီးကတော့ မွေးကတည်းက ဆွံ့အနားမကြားပဲ အားအင်လည်းမရှိသူဖြစ်ပါတယ်။ သားတော်အငယ်လေးကတော့ တိုက်ရည်ခိုက်ရည်ပါရမီရှိတာမလို့ သက်ဦးဆံပိုင်ဘုရင်ခေတ်မှာ သားတော်အငယ်က ထီးနန်းဆက်ခံဖို့ရေပန်းစားပါတယ်။ အဲ့လိုနဲ့ တနေ့မှာတော့ ဘုရင်ကြီးဟာ နာမကျန်းဖြစ်လာခဲ့ပြီး ထူးဆန်းတဲ့ကိစ္စကြီးတခုလည်းဖြစ်လာခဲ့ကာ တခါမှမမြင်ဖူးတဲ့စွန့်စားရေးခရီးရှည်ကြီးဟာလည်း ပရိသတ်ရှေ့မှောက်ကိုရောက်လာခဲ့ပါတော့တယ်။File Size – 300MBQuality – 1080p WEB DL AAC2.0CHDuration –23m Total Episodes: 23EpisodeSubtitle – Myanmar HardsubFormat – Mp4Genre : Animation , Action , AdventureTranslator ...
8.195
TMDb:
8.195/10
141 votes
tv
Ranking of Kings (2021)
2021
8.8
Demon Slayer: Kimetsu no Yaiba (Season 2)
အညွှန်း -------------------Season 2 မှာတော့ လူသားစားတယ်လို့ နာမည်ကြီးနေတဲ့ Mugen ရထားကြီးဆီကို မစ်ရှင်လုပ်ဖို့ထွက်လာကြတဲ့ Tanjiro တို့အဖွဲ့ဟာ Flame Hashira ဖြစ်တဲ့ Rengokuနဲ့တွေ့ဆုံပြီး သူတို့အရင်ကတိုက်ခဲ့ဖူးတဲ့ မိစ္ဆာတွေထက်အဆင့်ပိုမြင့်တဲ့မိစ္ဆာနဲ့တိုက်ရမှာပဲဖြစ်ပါတယ် သားကောင်ကို အိပ်မောကျစေပြီးမှ တိုက်ခိုက်တဲ့မိစ္ဆာရဲ့လက်ကနေ Tanjiro တို့တစ်တွေဘယ်လို လွတ်မြောက်အောင်လုပ်ပြီး တိုက်ခိုက်ကြမလဲဆိုတာ.... Note:အဆုံးမဲ့ရထား အခန်း ရဲ့ ပြန်နွှေးတဲ့ အပိုင်းတွေကို ထပ်ပေါင်းထည့်ထားတဲ့ဇတ်ကွက်အသစ်တွေ သီချင်းသစ်တွေနဲ့အတူ တနင်္ဂနွေနေ့တိုင်းထုတ်လွင့်သွားမှာဖြစ်ပါတယ်။ အပိုင်း ၁-၂-၃ ကိုတော့ ဆက်တိုက်ထွက်ရှိထားပြီး အပိုင်း ၄ ကတော့ November 7 ကျမှထွက်ပါမယ် အဲဒီနောက်ကိုတော့ တစ်ပါတ်တစ်ပိုင်းနှုန်းနဲ့ဆက်လွှင့်ပါမယ်။ Recap အနေနဲ့ စုစုပေါင်း 7 ပိုင်းထိ ထွက်ရှိမှာဖြစ်ပြီး 8 ပိုင်းမြောက်ကိုတော့ ဒီဇင်ဘာ 5 ရက်မှာလွှင့်မယ်လို့သိရပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထွက်မဲ့အပိုင်းသစ်ကတော့ တစ်နာရီကျော်ကြာ အခန်းသစ် အပိုင်းသစ်နဲ့အနေနဲ့ စထွက်လာမှာဆိုတော့ စောင့်ကြည့်ရတာတန်မှာပါ။ အဲဒီနောက် အပိုင်းသစ်တွေကိုတော့ ဒီဇင်ဘာကနေစပြီး ဆက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပြီး 2022 ထိရောက်သွားပါမယ်။ စီစင် ၂ အတွက်ကိုတော့ မန်းဂ ထဲက ‘ဆောင်ကြာမြိုင်ဝန်း’ အခန်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ File Size ...
8.8
TMDb:
8.8/10
2904 votes
tv
Demon Slayer: Kimetsu no Yaiba (Season 2)
2019
8.8
Demon Slayer: Kimetsu no Yaiba Season 1
Kimetsu No Yaiba(Demon Slayer) ဆိုတဲ့ နာမည်ကိုကြားလိုက်တာနဲ့ Opening song "Gurenge"က စလို့Mangaရသမပျက်အောင် အကောင်းဆုံးပုံဖော်ထားနိုင်တဲ့Detailကျပြီး လှပတဲ့ animationရေးဆွဲချက်တွေအလယ်၊Character တစ်ဦးချင်းစီရဲ့ပုံရိပ်ကို အပီပြင်ဆုံးဖန်တီးနိုင်မှုအဆုံး....2019ရဲ့ ဝင်ငွေအကောင်းဆုံး Animeတွေထဲကတစ်ခုအဖြစ် အငြင်းပွားဖွယ်မရှိ ရပ်တည်နိုင်ခဲ့တဲ့ Animeတစ်ခုပဲဖြစ်ပါတယ်၊ Nezukoနဲ့Tanjirouလို့ ပြောလိုက်တာနဲ့ တန်းမြင်စေတဲ့ Animeဆိုလည်းမမှားပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူသားတွေကိုသတ်ဖြတ်စားသောက်ခဲ့တဲ့ Demonတွေဟာ တောတောင်တွေထဲမှာကျက်စားတယ်ဆိုတဲ့ ယုံတမ်းစကားတွေနဲ့အတူ ပြည်သူတွေကိုဒုက္ခပေးလာခဲ့တာပါ၊ ဒီ Demonတွေကို သတ်ဖြတ်ချေမှုန်းမယ့်Demon Slayerတွေကလည်း ရှိနေခဲ့ပါတယ်MC Tanjiro Kamadoဟာ မိသားစုနဲ့အတူ တောင်ပေါ်ကအိမ်လေးတစ်လုံးမှာနေထိုင်ရင်း မိသားစုဝမ်းရေးအတွက်တောင်အောက်ဆင်းပြီး မီးသွေးရောင်းရင်း အသက်မွေးရသူပါ၊တစ်နေ့ Tanjiroတစ်ယောက် မီးသွေးရောင်းရင်း အိမ်ပြန်အလာသူ့မိသားစုဟာ Demonတွေရဲ့လက်ချက်ကြောင့် သေဆုံးနှင့်ပြီဖြစ်သလို ညီမငယ် Nezukoကလည်း အသက်မသေသော်ငှားDemonတစ်ယောက် အသွင်ပြောင်းသွားတဲ့အခါ....သာယာအေးချမ်းတဲ့ဘဝထဲ လေမုန်တိုင်းထန်ပြီးတဲ့နောက်သူ့မိသားစုကို သတ်သွားတဲ့မိစ္ဆာကောင်ကို ကလဲ့စားချေဖို့နဲ့Demonပြောင်းသွားပေမဲ့ လူတစ်ယောက်ရဲ့ ခံစားချက်တွေရှိနေသေးတယ်လို့ သူယုံကြည်ထားတဲ့ ညီမငယ်Nezukoအတွက် လူစင်စစ်အသွင်ပြန်ပြောင်းနိုင်မယ့် နည်းလမ်းကိုရှာဖွေဖို့ Tanjiroတစ်ယောက် ...
8.8
TMDb:
8.8/10
3017 votes
tv
Demon Slayer: Kimetsu no Yaiba Season 1
2019
8.5
Good Doctor (2018) (japan) season 1 complete
Good Doctor ဆိုတာနဲ့ကျွန်တော်တို့နဲ့မစိမ်းလောက်တော့ပါဘူး၂၀၁၃ကထွက်ခဲ့တဲ့ကိုရီးယားဒရမ်မာကိုremakeလုပ်ထားတဲ့ ဂျပန်စီးရီးဖြစ်ပြီးremakeထဲမှာမှအားရမိတဲ့စီးရီးတွေထဲကတစ်ခုပါGood Doctor (2013)ကိုမကြည့်ရသေးတဲ့လူတွေအတွက်တော့ဒီစီးရီးဟာဆရာဝန်ဒရမ်မာဖြစ်ပြီးရင်ထဲရောက်သွားနိုင်လောက်တဲ့အမျိုးအစားထဲပါပါတယ်ထွေထွေထူးထူးပြောစရာမလိုလောက်တော့မို့အခုပဲဒေါင်းလုပ်ဆွဲကြည့်နိုင်ပါပြီ Mini Spoiler alertMinato Shindoဟာ Autistic savantဖြစ်နေတဲ့ကောင်လေးဖြစ်ပြီးဥာဏ်ရည်ကတော့ပြောစရာမလိုလောက်အောင်ကောင်းမွန်ပါတယ်အခြားလူတွေနဲ့ဆက်ဆံရတာမှာအခက်အခဲရှိပေမယ့်Akira Shigaလို့ခေါ်တဲ့ဆရာဝန်ကြီးကသူ့ကိုငယ်စဉ်ထဲကကူညီပေးခဲ့ပြီးလက်ထောက်ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်လာအောင်ကူညီပေးပြီးတဲ့အခါမှာတော့.... Episode 1 : Gdrive / Openload / Megaup Episode 2 : Gdrive / Openload / Megaup Episode 3 : Gdrive / Openload / Megaup Episode 4 : Gdrive / Openload / Megaup Episode 5 : Gdrive / Openload / Megaup Episode 6 : Gdrive / Openload / Megaup Episode 7 : Gdrive / Openload / Megaup Episode ...
8.5
TMDb:
8.5/10
2 votes
tv
2018