Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Epix
8.1
Godfather of Harlem (2019)
လူ 2 သိန်း rating မှာ 8.1 အထိ ratingကောင်းခဲ့တဲ့ Godfather of Harlemဇာတ်လမ်းတွဲ...2007 ခုမှာ မင်းသားကြီး Denzel Washingtonရိုက်ခဲ့တဲ့ American gangsterရုပ်ရှင်ရဲ့ အရှေ့ကအဖြစ်ပျက်ဇာတ်လမ်းတွဲလို့ပြောလို့ရပါတယ် မာတင်လူသာကင်းရဲ့ I have a dream မိန့်ခွန်းတွေ သမ္မတကန်နေဒီရဲ့ လုပ်ကြံခံရမှု ဗီယက်နမ်စစ်ပွဲ နယူးယောက်က လူဖြူလူမည်းကြားကခွဲခြားဆက်ဆံမှုနဲ့ အစိုးရကို အိတ်ကပ်ထဲထည့်ပြီး လက်ဝါးကြီးအုပ်နေတဲ့ လူမိုက်ဂိုဏ်းကြီးတွေ.. စသည်ဖြင့် အမေရိကန် 1960 ကာလက သမိုင်းတစ်ခေတ်ကို ရိုက်ကူးထားတဲ့ လက်ရာမြောက်ဇာတ်လမ်းတွဲဖြစ်ပါတယ်မင်းသားကြီး Forest Whitaker , Daredevilထဲက villain ကြီး Kingpin , breaking bad ထဲက villain ကြီး Giancarlo စတဲ့ မင်းသားကြီးတွေရဲ့ godfather စတိုင် လူမိုက်ကြီးတွေရဲ့အားပြိုင်မှုက်ုကြည့်ရမှာဖြစ်ပါတယ် ...ဇာတ်လမ်းတွဲကောင်းတွေရှားနေတဲ့အချိန်မှာ ...
8.1
TMDb:
8.1/10
527 votes
tv
Godfather of Harlem (2019)
2019
7.5
Billy the Kid (2022)
Billy the Kid လို့အများသိကြတဲ့ Henry McCarty ဒါမှမဟုတ် William H. Bonney ဆိုတဲ့ကောင်လေးဟာ သမိုင်းမှာ နာမည်ကျော်ပါတယ်။တစ်ချိန်က နာမည်ကြီး တောပုန်းတစ်ယောက်ဖြစ်ခဲ့ပြီး သူကိုယ်တိုင် အသက် ၂၁ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေခင်မှာ လူ ၂၁ ယောက်ကိုသတ်ခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။သူ့ရဲ့ဘဝဖြစ်စဉ် သမိုင်းတောက်လျှောက်ဟာ အခုချိန်မှာ ပြန်ပြောပြနိုင်တဲ့သူမရှိတဲ့အတွက် လက်ဆုပ်လက်ကိုင် ရေရေရာရာပြနိုင်စရာမရှိပေမယ့် ဒီဇာတ်လမ်းတွဲကတော့ သူ့ဘဝကိုအခြေခံပြီး အနီးစပ်ဆုံးကြိုးစားချဉ်းကပ်ပေးထားတယ်လို့ဆိုနိုင်ဟန်ရှိပါတယ်။အခုလောလောဆည် အပိုင်းရှစ်ပိုင်းပါ ဆီဇင်တစ်ခုထွက်ရှိထားပြီး အောင်မြင်မှုရခဲ့တဲ့အတွက် လာမယ့်အောက်တိုဘာမှာ ဒုတိယဆီဇင် ထွက်ရှိလာပါလိမ့်မယ်။ ရွှေ့ပြောင်းအခြေချတွေဖြစ်ခဲ့တဲ့ သူတို့မိသားစုဘယ်လိုကြမ္မာတွေကြုံရခဲ့ရလဲ? သာမန်လူငယ်တစ်ယောက်ဘဝကနေ နာမည်ကျော်တောပုန်းတစ်ယောက်အဖြစ် ဘယ်လိုအဖြစ်အပျက်တွေကဆွဲခေါ်သွားခဲ့လဲ အစရှိတဲ့ Billy the Kid ရဲ့ဘဝခရီးတစ်လျှောက်ကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ Western ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီးတစ်ချိန်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ တောပုန်းကြီးတစ်ယောက်ဟာ အခုခေတ်ထိ ရုပ်ရှင်တွေ စီးရီးစ်တွေ အဖန်ဖန်အလည်လည်ရိုက်နေကြရလောက်အောင် ဘာကြောင့် ဂန္ဓဝင်တွင်နေခဲ့တာလဲဆိုတာအသစ်တဖန် ပြန်ပြီး ...
7.5
TMDb:
7.5/10
73 votes
tv
Billy the Kid (2022)
2022
8.03
Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3
Pennyworth: The Origin of Batman's Butler=====================================Pennyworth လို့ဆိုလိုက်တာနဲ့ စူပါဟီးရိုးဖန်တိုင်း ပြေးသတိရသွားမယ့်လူတစ်ယောက်ရှိပါတယ်။ တခြားတော့မဟုတ်ပါဘူး၊ Wayne စံအိမ်တော်ရဲ့အိမ်တော်ထိန်းကြီး Alfred Pennyworth ပါပဲ။ DC ဟာ နှစ်အဆက်ဆက်Bruce Wayne နဲ့ Batman ကို လူအမျိုးမျိုး ပြောင်းရိုက်ခဲ့ပြီးပြီ။ဘတ်မန်းဇာတ်လမ်းမျိုးစုံကိုလည်း ကြုံခဲ့ရပြီးပြီ။ အသိသာကြီးလိုက်ဖက်လွန်းတဲ့ Bruce Wayne နဲ့ Batman တွေကို မြင်ခဲ့ရသလိုခွီစရာ လှောင်စရာဖြစ်သွားစေတဲ့ Batman တွေကိုလည်း ကြုံခဲ့ရပြီ။အဲဒီလို ရုပ်ရှင်သမိုင်းရဲ့ ဘရုစ်ဝိန်းအမျိုးမျိုး ဘတ်မန်းအမျိုးမျိုးတိုင်းမှာAlfred Pennyworth ဇာတ်ကောင်ဟာ ချွင်းချက်မရှိ လူကောင်းတွေချည်းဖြစ်ခဲ့သလို မေ့မရနိုင်စရာမင်းသားကြီးတွေချည်းပါပဲ။ Alfred ဟာဝိန်းစံအိမ်တော်ရဲ့ သစ္စာရှိ အိမ်တော်ထိန်းကြီးဆိုလည်း ဟုတ်တယ်။ဘရုစ်ဝိန်းရဲ့ ခေါင်းကိုင်အဖေဆိုလည်း ဟုတ်တယ်။ လင်းနို့လူသားရဲ့လူယုံတော်ဆိုလည်း ဟုတ်ပါတယ်။ ဘရုစ်ဝိန်းရယ်လို့ Gotham မြို့မှာ နာမည်တစ်လုံးနဲ့ဖြစ်လာအောင်၊ လင်းနို့လူသားဆိုပြီး လူဆိုးတိုင်းရဲ့အိပ်မက်ဆိုးတစ်ခု ဖြစ်လာအောင်က ...
8.03
TMDb:
8.03/10
264 votes
tv
Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3
2019
8.1
Chapelwaite(2021)
Chapelwaite - Season 1(2021) =================ဒီတစ်ခါမှာတော့ CM ရဲ့ Horror ချစ် ပရိသတ်တွေအတွက် Chapelwaite ဆိုတဲ့ 2021 အသစ်ထွက် American Horror TV- series ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်Season 1 မှာ အပိုင်း 10 ပိုင်း ပါဝင်မယ်လို့ သိရပြီး လက်ရှိမှာ 4 ပိုင်းထွက်လာပြီးတဲ့ Ongoing Series တစ်ခုပဲ ဖြစ်ပါတယ်IMDb rating 7.5 ထိ ရထားပါတယ်ဒီဇာတ်လမ်းကိုတော့ အမေရိကန် စာရေးဆရာ Stephen King ရဲ့ Jerusalem's lot ဆိုတဲ့ ဝတ္တုတိုအပေါ် အခြေခံပြီး ရိုက်ကူးထားတာပါဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ရမယ် ဆိုရင်ဖြင့်... ငယ်စဉ်က ဖခင်ဖြစ်သူရဲ့ အစွဲအလမ်းတစ်ခုကြောင့် စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ချားစ်ဘွန်းဆိုသူဟာ ကုန်းမြေနဲ့ ဝေးရာကို ထွက်ပြေးရင်း ဘဝတလျှောက်လုံး ပင်လယ်ထဲမှာ ...
8.1
TMDb:
8.1/10
10 votes
tv
Chapelwaite(2021)
2021