Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Disney+ Hotstar
9
Kaala (2023)
Kaala (သို့) ငွေမည်းဘုရင်များ၏ အရှုပ်တော်ပုံ (2023) IMDb 6.7/10နောက်ဆုံးထွက် အသစ်စက်စက် ငွေမည်းမှောင်ခိုအကြောင်း စီးရီးလေးတစ်ခု တင်ဆက်ပေးချင်ပါတယ် ဒီစီးရီးမှာဆိုရင် အပိုင်း၈ပိုင်းထိ ပါဝင်ပြီး တစ်ပိုင်းချင်းစီကို မျက်တောင်မခတ်တမ်းကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒီစီးရီးက ဘာနဲ့တူလဲဆိုရင် ဟိုတလောတုန်းကထွက်ရှိထားတဲ့ Farzi နဲ့နည်းနည်းဆင်တူပေမဲ့ ဒီကောင်က Plot ပိုင်းဆိုင်ရာမှာ ကြည့်တဲ့လူတွေကိုပိုပြီးခေါင်းစားစေမှာပါအမှန်တရားနောက်ကွယ်က လက်မည်းကြီးတွေနဲ့ အာဏာတွေပါဝါတွေအောက်ကနေ အဖြစ်မှန်ကိုလိုက်စုံစမ်းနေတဲ့ စုံစမ်းရေး IB အရာရှိ ရစ်ဝစ်ခ်... သူလိုက်နေတဲ့ အကောင်ကြီးတွေကတော့ အနောက်ဘင်္ဂလားဒေ့ရှ်က ငွေကြေးခဝါချသူတွေနဲ့ အဲဒီငွေမည်းတွေကို မှောင်ခိုသယ်ယူပို့ဆောင်နေတဲ့ သူ့ရဲ့ဂိုဏ်းကြီးတစ်ခုရဲ့ ခေါင်းဆောင်၊ နာမည်ကြားတာနဲ့ ဥပဒေဘက်တော်သားတိုင်းရှိန်တဲ့၊ လက်ရှောင်ကြတဲ့ တစ်မိုးအောက် ငွေမည်းဘုရင် "နန်မန်အာရာ"... ဂိုဏ်းကြီးဆိုတဲ့အတိုင်း အထက်ကလူတွေကို တစ်ဆင့်ပြီးတစ်ဆင့် လာဘ်ထိုးကာ အိန္ဒိယကနေတစ်ဆင့် မှောင်ခိုမှုတွေ ပြုကြပါတော့တယ်..ဒီလိုကနေတစ်ဆင့် စစ်ဆင်ရေးလုပ်နေစဉ်မှာပဲ အရာရှိရစ်ဝစ်ခ်ရဲ့ရင်ထဲမှာ တိမ်းအောင်းနေတဲ့ အဖေဖြစ်သူအပေါ်နာကျည်းမှုတွေရဲ့အမှန်တရားတွေ ယှဉ်တွဲလာတဲ့အခါ... ပိုက်ဆံက အရာရာဆိုတဲ့လူတွေကြား လူလေး၅ယောက်လောက်သာပါဝင်တဲ့ စုံစမ်းရေးအရာရှိတို့အဖွဲ့ ဘယ်လိုတွေအားပြိုင်ကြမလဲ ငွေမှောင်ခိုမှုပဲဆိုပေမဲ့ ကြည့်လေကြည့်လေ ဆွဲဆောင်နိုင်လေပဲမို့ အခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ရှင်(အညွှန်းနဲ့ ...
9
TMDb:
9/10
1 votes
tv
Kaala (2023)
2023
Aakhri Sach (2023)
Aakhri Sach (2023) IMDb 7.9ယခုတစ်ခေါက်မှာတော့ Disney+Hotstar ကနေ လောလောလတ်လတ်ထွက်ရှိလာပြီး ဖြစ်ရပ်မှန် ပေါ်အခြေခံရိုက်ကူးထားတဲ့စီးရီးလေးကို တင်ဆက်ပေးထားပါတယ်ဒီစီးရီးဟာဆိုရင်ဖြင့် ၂၀၁၈ခုနှစ် ဇူလိုင်လ၁ရက်နေ့ အိန္ဒိယနိုင်ငံ ဒေလီမြို့ Burari မှာတွေ့ရှိခဲ့တဲ့ "Burari Deaths" ဆိုတဲ့ မိသားစုဝင် ၁၁ယောက် သေဆုံးရမှုပေါ် အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါဒီဖြစ်ရပ်မှန်နဲ့ပတ်သက်ပြီး "House of Secrets : The Burari Deaths "ဆိုတဲ့ Documentary တစ်ခုလည်းထွက်ရှိထားပြီး ဒီ Documentary ကြောင့် မိသားစုဝင် ၁၁ယောက် သေဆုံးရခြင်းက လူသိများခဲ့ရပါတယ် ဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့် မတူတဲ့ခံစားချက်ကို ရစေမှာဖြစ်ပြီး ဘောလိဝုဒ်ချစ်သူတို့အသည်းစွဲ မင်းသမီးချောလေး Tamannaah Bhatia က ရဲမေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်ဇာတ်လမ်းအညွှန်း... မိသားစုဝင် ၁၁ယောက် သေဆုံးမှု.. ဒီသတင်းကဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့ပါတယ် ဖြစ်ဆိုသေဆုံးပုံတွေကလည်း မြင်နေကျနဲ့မတူ ၁၀ယောက်က ကြိုးဆွဲချအနေအထားနဲ့ သေဆုံးနေတာဖြစ်ပြီး တစ်ယောက်ကတော့ အခန်းထဲမှာ သေဆုံးနေတာပါ ကြိုးဆွဲချထားတဲ့လူတွေက လက်ကိုနောက်ပြန်ကြိုးတုပ် မျက်လုံးကိုအဝတ်တွေနဲ့စည်းထားပြီး တန်းစီချိတ်ဆွဲထားပုံတွေက သွေးလန့်ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခုလို..အခင်းဖြစ်ပွားရာမှာလည်း ...
Aakhri Sach (2023)
2023
8.078
Special OPS (2020) Season1 Complete
Special OPS (2020)အိန္ဒိယမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ Mumbai 26/11 အကြမ်းဖက်မှု ၊ ၂၀၀၁ ပါလီမန်အိမ်တိုက်ခိုက်ခံရမှုလိုမျိုး တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ထားတဲ့စီးရီးဖြစ်ပါတယ် ပါဝင်ထားတဲ့မင်းသားတွေကလည်း Key Key Menon ၊ Karan Tacker တို့လို တောင့်တောင့်ဖြောင့်ဖြောင့် အက်ရှင်မင်းသားတွေချည်းပါပဲဇာတ်လမ်းအညွှန်း၂၀၀၁ ပါလီမန်အိမ်တော်တိုက်ခိုက်ခံရမှုကြောင့် ရဲနဲ့ပြည်သူဘက်ကလည်း နစ်နာမှုကြီးမားခဲ့ရသလို ရဲတွေဘက်က ရတဲ့သတင်းအစအနနဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေ လိုက်လံပိတ်ဆို့ခံတဲ့အတွက် အကြမ်းဖက်အဖွဲ့တွေမှာလည်း အထိနာကုန်ပါတယ်။အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်သီးပိုင်းခေါင်းဆောင်တွေက ကိုယ့်အထုပ်ကိုယ်ပိုက်ရင်းနဲ့ ပုန်းအောင်းကြကုန်တော့ လက်အောက်ခံအဖွဲ့ခွဲတွေမှာ ငွေပြတ်လပ်တဲ့ပြဿနာကြုံရပါတော့တယ်။ ဒီတော့ ဇာတ်လိုက်ကျော်ကြီးဟင်းမတ်(Menon)ကလည်း သူရထားတဲ့အချက်အလက်နဲ့ အခြေအနေကို အသုံးချလို့ သူနှစ်ရှည်လများ လိုက်လံရှာဖွေနေခဲ့တဲ့ အီကလက်ခန်းရဲ့ ညာလက်ရုံးဖြစ်တဲ့ ဝါဆင်းကို ငွေထုပ်နဲ့မျှားရင်း သဲလွန်စရချိန်မှာ အမိဖမ်းဖို့ပြင်ဆင်ပါတော့တယ်။ဒီစစ်ဆင်ရေးအတွက် သူရွေးချယ်ခဲ့သူကတော့ သူကိုယ်တိုင် ၅ နှစ်တိတိ လေ့လာခဲ့တဲ့ ဖာရုအလီ(Karan)ပါပဲ။ ဝါဆင်းကိုရှင်းပြီးတော့ UAEမှာဆက်နေခဲ့တဲ့ ဖာရုတစ်ယောက် ဆက်လက်စုံစမ်းရင်းနဲ့ တစ်ချိန်က ၂၀၀၁ ခုနှစ် ပါလီမန်တိုက်ခိုက်ခံရမှုကစတင်လို့ ပုံစံခပ်ဆင်ဆင်နဲ့ ဖြစ်လာသမျှ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ဟင်းမတ်သံသယဝင်နေတဲ့ အီကလက်ခန်းရဲ့သတင်းအစအနကို ရလာတဲ့အခါမှာတော့...နှစ်ဆယ်နဲ့ချီ ...
8.078
TMDb:
8.078/10
32 votes
tv
Special OPS (2020) Season1 Complete
2020
MY3 (2023)
MY3 (2023)IMDb- 7.3ယခုတစ်ခေါက်မှာတော့ Sci-fi ဇာတ်လမ်းတွဲမျိုးကို မျှော်နေတဲ့ပရိသတ်ကြီးအတွက် မိသားစုနဲ့အတူကြည့်ချင်တာပဲဖြစ်ဖြစ် တစ်ယောက်တည်းကြည့်ချင်တာပဲဖြစ်ဖြစ် မရိုးစေရဘဲစိတ်ဝင်စားစွာကြည့်ရှုလို့ရမယ့် ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။အူတီတောင်တန်းတွေကြားမှာ တစ်ယောက်တည်း နေထိုင်နေတဲ့ အာဒီသရာ.. ဒါတင်မကသေးဘဲ နည်းပညာအကူအညီကို သုံးပြီး အိမ်ကနေ အာဒီသရာလုပ်ငန်းစုတွေကို လှမ်းအုပ်ချုပ်နေတဲ့ဥက္ကဌတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ မိုင်သရီဆိုတဲ့ ခေတ်သစ်စက်မှုပစ္စည်းတွေတီထွင်တဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံပြီး သူ့ဆီကနေ ထူးဆန်းတဲ့ပစ္စည်းတွေ စက်ရုပ်တွေကို ဝယ်ယူရင်း သူ့ ရဲ့တစ်ယောက်တည်းနေရတဲ့အကြောင်းရင်းဖြစ်တဲ့ထူးဆန်းတဲ့ရောဂါကို ကုသနိုင်မယ့် စက်ရုပ်ကို တီထွင်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုကနေတစ်ဆင့် သူတို့တွေ ဘယ်လိုမျိုးဆက်တီထွင်ကြမလဲဆိုတာကို မရိုးရအောင်ဆွဲဆောင်ထားတဲ့ ရိုက်ချက်တွေနဲ့ သရုပ်ဆောင်မှုကို ခံစားလိုက်ကြပါစို့နော်...(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)Quality : 1080p /720p Total Episodes : 9EpsFormat : mp4Genres : Comedy~ Romance ~ Sci-FiDuration : 30minsSubtitle : Myanmar Subtitle ( Hardsub )Translated by ...
MY3 (2023)
2023
8
Commando (2023) Season1 Complete
Commando (2023)(TV Series) IMDb-6.1/10အရင်လကပဲ Disney+Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ | ကွန်မန်ဒိုဆိုတဲ့ဘောလိဝုဒ်စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းလေးပိုင်းပဲပါပြီး စုစုပေါင်းကြာချိန် နှစ်နာရီကျော်အတွင်းမှာ အပစ်အခတ် အတိုက်အခိုက်ကြမ်းကြမ်းရမ်းရမ်းတွေကို မြင်တွေ့ခံစားကြရမှာပါ။ထုံးစံအတိုင်းပဲ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံကြားကပြဿနာနဲ့အစပြုထားပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံးကို တစ်ရက်အတွင်းမှာပဲ သုသာန်တစပြင်အဖြစ်ပြောင်းလဲသွားစေနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို ပါကစ္စတန်ကဖန်တီးနိုင်ခဲ့ပါတယ်။ဖန်တီးပြီး ကိစ္စအထမြောက်အောင် ဗိုင်းရပ်စ်ကိုအိန္ဒိယနိုင်ငံထဲသွင်းတဲ့အချိန်မှာပဲ RAWအဖွဲ့က သတင်းကြိုရပြီးတားဆီးနိုင်ခဲ့ပါတယ်။ဒီမှာပဲ ပါကစ္စတန်ဘက်ကသူတို့ဘက်မှ သူလျှိုရှိမှန်းသိသွားတဲ့အချိန် အဲဒီသူလျှိုကလည်း မင်းသားရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေတော့ သူငယ်ချင်းဖြစ်သူကို ပါကစ္စတန်ထဲကိုဝင်ကယ်တင်တဲ့ အက်ရှင် ဇာတ်လမ်းခပ်ကြမ်းကြမ်းနဲ့ မလွတ်တမ်းကြည့်ချင်သွားစေမယ့်စီးရီးလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ပဲဖြစ်ပါတယ်။)Quality – 1080p WEB DL / 720pDuration – 37minsTotal Episodes: 4EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & AdventureTranslator – V~BpL~Zwe~YunniEncoder – YK 720p Episode 1 - Yoteshin | Userdrive | Megaup | Streamvid Episode 2 - Yoteshin ...
8
TMDb:
8/10
1 votes
tv
Commando (2023) Season1 Complete
2023
6
What We Lose to Love (2022)
What We Lose to Love (2023)IMDb-8/10အချစ်အတွက် ဘာတွေဆုံးရှုံးကြဖူးပါသလဲကလေးဘဝသံယောဇဉ်တွေနဲ့ ဆာတရီရာနဲ့ ဒါရာတို့ဟာ တစ်စုံတစ်ခုသောအကြောင်းတွေနဲ့ဝေးသွားကြတယ် ဆာတရီရာကတော့ မမေ့နိုင်မပျောက်နိုင် တဆွေးတငေးဖြစ်နေချိန် တစ်နေ့သူအလုပ်လုပ်တဲ့ ဟိုတယ်ကို ငယ်ချစ်ဦးလေးဒါရာဟာ ကြင်စဦးမောင်နှံအနေနဲ့ရောက်လာပါတယ်တစ်ဖက်မှာလည်း ဒါရာတို့ကြင်စဦးနှစ်ယောက်ဟာ အထင်လွဲမှုတစ်ခုနဲ့အကြီးကျယ်စကားများကြပြီး ဒါရာဟာ ထူးဆန်းတဲ့အရာတွေကြုံတွေ့လာရပါတယ် မိသားစု သူငယ်ချင်း သတို့သားလောင်းကပါပစ်ထားခံရတဲ့ ဒါရာတစ်ယောက်ကြုံတွေ့နေရတဲ့ ထူးဆန်းတဲ့အရာတွေကို အချစ်ဦးကဝင်ဖြေရှင်းပေးတဲ့အချိန်မှာတော့.....အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ (BpL ~ Moon ~ Yunni ~ V ~ Zwe တို့ပဲဖြစ်ပါတယ်)Quality : 350MB / 200MBTotal Episodes : 12EpsFormat : mp4Genres : Drama ~ Fantasy~ RomanceDuration : 31minSubtitle : Myanmar Subtitle ( Hardsub )Translated by BpL ~ Moon ~ Yunni ~ V ...
6
TMDb:
6/10
2 votes
tv
What We Lose to Love (2022)
2022
6
Dayaa (2023) Complete
Dayaa (2023) ============ ဘောလိဝုဒ်ရဲ့ မှုခင်း သည်းထိတ်ရင်ဖိုစီးရီးကြိုက်နှစ်သက်သူတွေဖို့ Disney+Hosterက စီးရီးကောင်းတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်....အညွန်းအအေးခန်းကားမောင်းသမားက မီးဖွားတော့မယ်ဇနီးအတွက် အလုပ်ကို ပုံမှန်ထက် ပိုပြီးကြိုးစားကာ ပိုက်ဆံရှာနေတဲ့ ဒရိုင်ဘာတစ်ယောက်ပါ နေ့မအိပ်ညမအိပ်ကားမောင်းပြီး အိမ်တောင် မပြန်နိုင်ရှာတဲ့ သူဟာ စိတ်သဘောထားလဲပြည့်ဝသူဖြစ်ပြီး အလုပ်ကိုလဲ သေသေချာချာစီစီစစ်စစ် လုပ်နိုင်သူဆိုလဲ မမှားပါဘူး....ဒါပေမဲ့ သူသတိလက်လွတ်နဲ့ ပြီးစလွယ်လက်ခံလိုက်မိတဲ့ ကုန်ပို့လက်ခံမှုတခုမှာ မထင်မှတ်ထားတဲ့ ပြဿနာတခုနဲ့ကြုံလိုက်ရတဲ့အခါ...ပြဿနာကတော့ သူ့ကားရဲ့အအေးခန်းထဲမှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ မိန်းကလေးတဦးရဲ့အလောင်းပါလာတာပဲဖြစ်ပါတယ်....ဒီအလောင်းကို ဘယ်သူလာထည့်သွားတာလဲ...ဒီအလောင်းက ဘယ်သူများလဲ ဘာအတွက်ကြောင့် သေဆုံးရတာလဲ ဘယ်သူသတ်တာလဲ နောက်ကွယ်မှာဒီအလောင်းကို လာတင်သွားသူကရော ဘယ်သူလဲ စတဲ့ အတွေးတွေး မေးခွန်းပေါင်းများစွာနဲ့ တပိုင်းပြီးတပိုင်း plot twistတွေ စီးမျောသွားအောင် ဆွဲဆောင်နိုင်မယ့် စီးရီးကောင်းတခုမလို့ တင်ဆက်ပေးလိုက်ရပါတယ်File Size – 500MB / 250MBQuality – 1080p / 720pDuration – 25minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime~Thriller~MysteryTranslator ...
6
TMDb:
6/10
1 votes
tv
Dayaa (2023) Complete
2023
Jurnal Risa (2023)
Jurnal Risa (TV Series)(2023) ------------------------------------- IMDb-7.8/10Jurnal Risa- ရီဆာရဲ့ဂျာနယ်ပေါ့။ရီဆာဆိုတာ ဒီဇာတ်လမ်းရဲ့စာရေးဆရာမနာမည်။ Danur 1,2,3ဆိုပြီး trilogyအနေနဲ့အောင်မြင်ခဲ့တဲ့ Horrorကားတွေကို ရေးခဲ့တဲ့ စာရေးဆရာမ။ဒါက အင်ဒိုနီးရှားစီးရီး။အင်ဒိုသရဲကားတွေ ကြောက်စရာကောင်းရင် ဘယ်သရဲကားနဲ့မှမတူအောင်ကိုခြောက်တာ။ မြင်ဖူးကြမှာပါ ဒီကားကတော့ jump scareဘာညာတွေမဟုတ်ပဲ တစိမ့်စိမ့်ကြောက်အောင်ခြောက်တာ ဘာညာ။ ဒီကားကကျမဟုတ်ဘူး နည်းမျိုးစုံနဲ့အသားကုန်ခြောက်တာ။ဝင်ပူးလားပူးရဲ့ အကောင်အထည်ဖော်ခြောက်လား ခြောက်ရဲ့။ အသံနဲ့ခြောက်လား ခြောက်ရဲ့။အဓိကဇာတ်ဆောင်က ကလေးတွေ။ကျောင်းပိတ်တဲ့အားလပ်ရက်ရှည်မှာ အဖိုးဖြစ်သူဆီမှာ ဝမ်းကွဲအကိုတွေမောင်တွေနဲ့ အတူနေခဲ့တဲ့ ရီဆာ။သက်ရှိတွေရဲ့တစ်ဖက်ခြမ်းက သရဲတစ္ဆေတွေကိုမြင်နိုင်တယ်ဆိုတဲ့ ရီဆာ။မောင်တစ်ယောက်က အိမ်ပျက်ကြီးကနေ သူတို့အခေါ် ကူဂျန်ဆိုတဲ့ ဓားမြှောင်လေးယူလာခဲ့မိရော။သူတို့ ညီမလေးဖျားတာ အဲဒီဓားမြှောင်ကြောင့်ဆိုတာသိတော့ သူ့နေရာသူ ပြန်ထားပေမယ့် ဖျားတဲ့ကလေးမက နေပြန်ကောင်းမလာ။အဲဒီဓားမြှောင်ကိုဖျက်ဆီးပစ်မယ်ဆိုပြန်တော့ ဘယ်လိုနည်းနဲ့မှဖျက်ဆီးလို့မရတဲ့အပြင် သူ့ရဲ့မူလဇစ်မြစ်နေရာထားရမယ်ဆိုတာသိရတော့ မောင်နှမလေးယောက် အယူဓလေ့တွေအများကြီးနဲ့တောထဲကို ဝင်သွားမိရာကစ၊ ဘယ်လိုအမှောင့်ပယောဂတွေ ကပ်တွယ်လာမလဲ၊ အဲဒီကပ်တွယ်လာတဲ့ အမှောင့်ပယောဂတွေကိုရော ရင်ဆိုင်နိုင်ကြမှာလားဆိုတာ...။(***တစ်စီးရီးလုံးနီးပါး ခြောက်လှန့်နေတာမို့ အသည်းငယ်တတ်သူတွေ မကြည့်သင့်ပါ***) (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherry~Yunni~BpL~Zweတို့ပဲဖြစ်ပါတယ်)File Size –1GB / 500MBQuality – 1080p HS WEB DL / 720pDuration – ...
Jurnal Risa (2023)
2023
7
Kerala Crime Files: Shiju, Parayil Veedu, Neendakara (2023)
Kerala Crime Files (2023) IMDb 7.3တောင်းဆိုမှုများတဲ့စီးရီးဖြစ်တဲ့အညီ တစ်ပိုင်းချင်းစီက ဆွဲဆောင်မှုအပြည့် စိတ်လှုပ်ရှားစရာအပြည့်ဖြစ်နေမှာပါ ဇာတ်လမ်းက စလာတည်းက လူသေမှုနဲ့စပါတယ်တည်းခိုခန်းတစ်ခုမှာ ပိုက်ပေါက်နေလား စစ်ဆေးရင်း အခန်းတစ်ခုထဲတွေ့လိုက်ရတဲ့ အလောင်းတစ်ခု.. ဒီအလောင်းကိုစုံစမ်းတော့ ပြည့်တန်ဆာတစ်ယောက်ဖြစ်နေလေရဲ့ ..ဆိုတော့ ပေါ့ပေါ့တန်တန်ပဲ ဝတ်ကျေတန်းကျေစုံစမ်းရာကနေ သာမန်အမှုမဟုတ်နေတဲ့အခါ...လူသတ်သမားကို ရှာလေဝေးလေနဲ့ ရဲနဲ့လူသတ်သမားကြား လက်နှစ်လုံးခြားဖြစ်ပုံတွေ စုံစမ်းရေးရဲ့ထုံးစံအရ ကိုယ်ပါကူဝင်စဉ်းစားရလောက်တဲ့အထိ ဆွဲခေါ်သွားနိုင်တာကြောင့် လက်မလွှတ်တမ်း ကြည့်ရှုကြဖို့ ဖိတ်ခေါ်ရင်း...(အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~BpL~Aditi~YH~Thaik San တို့ပဲဖြစ်ပါတယ်)File Size – 600MB / 300MBQuality – 1080p / 720pDuration – 28minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, Mystery, DramaTranslator – Yunni ~BpL~Aditi~YH~Thaik San Encoder – YK 720p Episode 1 - Yoteshin ...
7
TMDb:
7/10
1 votes
tv
Kerala Crime Files: Shiju, Parayil Veedu, Neendakara (2023)
2023
7
The Trial (2023)
The Trial (TV Series)(2023)တခေတ်တခါက ရိုမန့်တွေနဲ့အသည်းစွဲခဲ့ရတဲ့ မမကာဂျိုး၊အခုတော့ အန်တီကာဂျိုးပေါ့။ မင်းသမီးချောကာဂျိုးကို ဝဘ်စီးရီးအနေနဲ့ ရှားရှားပါးပါးမြင်တွေ့ရမှာပါ။"အချစ်ဆိုတဲ့ တရားရုံးမှာကျွန်မပျော်ရွှင်မှုသေဒဏ်ကျခံရမယ်လို့ တခါမှမတွေးခဲ့မိဘူး" ရှေ့နေနီယိုနိုကာတဖြစ်လဲ ကာဂျိုး။ကာဂျိုးက ဒီဇာတ်လမ်းထဲမှာ သမီးနှစ်ယောက်ရဲ့အမေ ခုံရုံးတရားသူကြီးရဲ့ဇနီးတယောက်အနေနဲ့အဓိကပါဝင်ထားပါတယ်။ သူ့ခင်ပွန်းဖြစ်တဲ့ ခုံရုံးတရားသူကြီးက လာဘ်ပေးလာဘ်ယူအနေနဲ့ လိင်အမြတ်ထုတ်မှုကျူးလွန်မှုကြောင့် ထောင်ကျသွားပါတယ်။ဒီကိစ္စကြောင့်ပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ပစ်ပယ်လာတဲ့အခါ ကာဂျိုးတယောက် သူတတ်ကျွမ်းခဲ့တဲ့ ရှေ့နေအလုပ်ကိုပြန်လုပ်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။သူ့ရဲ့အလုပ်အပေါ်ကြိုးစားအားထုတ်မှုတွေကြောင့် တစထက်တစအောင်မြင်လာပြီးနောက်ပိုင်းမှာ သူ့ခင်ပွန်းဖြစ်သူ တရားသူကြီးကို ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတော့တယ်။"စိတ်ရဲ့အသိနဲ့ သက်သေ" အဲဒီနှစ်ခုအကြား ရွေးချယ်ဖို့ကြုံလာခဲ့ရင် သက်သေကိုပဲအဓိကထားမယ်ဆိုတဲ့ ဥပဒေကျောင်းကသင်ပေးလိုက်တဲ့အတိုင်း ခံယူထားတဲ့ ကာဂျိုးတယောက် ခင်ပွန်းဖြစ်သူအပေါ်ရော ဘယ်လိုသက်သေတွေရှာပြီး အမှန်တရားနောက်လိုက်မလဲ။အမှုဆိုတာ ကိုယ့်ကိုလာမပတ်သရွေ့ ခေါင်းအေးအေးထားရှင်းလို့ရပေမယ့် ရွံစရာအကောင်းဆုံးအမှုကိုမှ ပတ်သက်တဲ့လင်ယောကျ်ားနဲ့ မိသားစုပျော်ရွှင်မှု၊ ဂုဏ်သိက္ခာ ဒါတွေအားလုံးကို တပြိုင်တည်းပုခုံးထမ်းပြီး ရင်ဆိုင်ရမယ့် အမျိုးသမီးတယောက် ဘယ်လိုတွေစွမ်းဆောင်ပြမလဲဆိုတာကိုတော့.... (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Zwe~YH တို့ပဲဖြစ်ပါတယ်)Quality : 1080p DSNP WEB DL / 720p DSNP WEB DL Total Episodes : 8EpsFormat : mp4Genres :Drama, Crime, MysteryDuration ...
7
TMDb:
7/10
1 votes
tv
The Trial (2023)
2023
7
Shaitan (2023)
Shaitan (2023) IMDb-7.6/10 အမှန်အမှားဆိုတာ ကျပ်ပြားစေ့တစ်ခုရဲ့ ခေါင်းနဲ့ပန်းလို နံရံပါးပါးလေးပဲခြားတာ။"အများညီရင် ဤကို ကျွဲဖတ်"ဆိုတဲ့ စကားအတိုင်းပဲ ခေတ်အဆက်ဆက် အမှန်အမှားဆိုတာလည်း လုပ်ရပ်ပေါ်မကြည့်ဘဲ အများအမြင်မှာပဲလမ်းဆုံးတတ်တာမလား။"အမျိူးသမီးတယောက် သူ့ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်သာဘဲ ယောက်ျားတွေနဲ့ အိပ်ရတဲ့အခါ အဲဒီအမျိုးသမီးကို ပြည့်တန်ဆာလို့သမုတ်ကြပြီး သူနဲ့အတူအိပ်တဲ့ယောက်ျားတွေကိုတော့ ဘာနာမည်မှမတပ်ကြဘူး" ဆိုတဲ့ ဘာလီ၊ မိခင်ရဲ့အလုပ်အပေါ် ရှက်ရွံ့စိတ်နဲ့ ဖအေလုပ်သူစွန့်ပစ်ခဲ့တဲ့ မိသားစုလေးယောက်ကို ပုခုံးထမ်းချင်ပေမယ့် သူ့ကိုဘယ်သူမှ အလုပ်မပေးချင်ကြ။ဒီလိုနဲ့ တရက်မှာ ကံဆိုးမသွားရွာ မိုးလိုက်လို့ရွာဆိုတဲ့အတိုင်း သူတို့မိသားစုထဲကို ကံကြမ္မာဆိုးကြီး၀င်ခဲ့ပြီး လူ့အသိုင်းအဝိုင်းက သူ့ကိုလူသတ်သမားလို့သတ်မှတ်လိုက်ကြတဲ့အခါ။"သစ္စာစောင့်သိမှုနဲ့ ကိုယ်ကျင့်တရားဆိုတာ နိုင်ငံရေးသမားနဲ့ရဲတွေမှာရှိတဲ့အရာမဟုတ်ဘူး"ဆိုတဲ့ ရဲအရာရှိနာဂီရတ်ဒီ၊ အထက်ကပေးအပ်လာတဲ့ တာ၀န်ကို မပျက်ကွက်အောင်ထမ်းဆောင်ပေမယ့် ကိုယ်ကျိုးမတွက်တဲ့ ရဲအရာရှိတစ်ယောက်။အဲဒီလို၂ယောက်တို့ ပေါင်းမိသွားတဲ့အချိန်မှာတော့ အမှန်တရားအတွက်သူတို့တွေ တိုက်ပွဲ၀င်ကြမလား။ ကလဲ့စားတစ်ခုအတွက်နဲ့ပဲ လမ်းဆုံးနေမလားဆိုတာ နိုင်ငံရေးလှည့်ကွက်တွေကို ဇာတ်အိမ်တည်ထားပြီး ကိုးပိုင်းပဲပါ၀င်တဲ့ ဇာတ်လမ်းတွဲလေးကို ကြည့်လိုက်ရအောင်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, Aditi, Moon, BpL, Yunni, Zweတို့ပဲဖြစ်ပါတယ်)File Size – 1.1GB / 500MBQuality – 1080p / ...
7
TMDb:
7/10
1 votes
tv
Shaitan (2023)
2023
The Night Manager (2023)
The Night Manager (2023) Crime IMDb 8.1/10ပထမဆုံး p1အနေနဲ့ လေးပိုင်းထွက်ရှိထားတဲ့ ဒီစီးရီးဟာဆိုရင်တော့ ဘောလိဝုဒ်ပရိတ်သတ်တွေရဲ့ အားပေးမှုကို အတော်ရရှိခဲ့ပြီး ခုချိန်မှာ p2အနေနဲ့ လေးပိုင်းဆက်လက်ထွက်ရှိလာပါတယ်ဒီစီးရီးလေးမှာ ပျိုမေတို့အသည်းစွဲ မင်းသားချောလေး အာဒစ်သယားရွိုင်းကပူး..မအိုဆေးသောက်ထားတယ်လို့ ပြောစမှတ်တွင်လောက်အောင် နုပျိုနေတဲ့ မင်းသားကြီး အနီလ်ကပူး.. မင်းသမီးချောလေး ဆိုဘီသားဒူလီပါလားတို့က အဓိကနေရာကနေ သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းကတော့စိတ်ဝင်စားစရာပါ။မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်က လူမျိုးရေး ပဋိပက္ခနဲ့ လက်နက်မှောင်ခို လောဘသားတို့ရဲ့ဆက်နွယ်မှုတွေအကြောင်းပါ။ လူမျိုးရေးပဋိပက္ခကြောင့်ရှုပ်ထွေးနေချိန် ကြားထဲကနေ အမြတ်ထုတ်ချင်တဲ့ ဝိသမလောဘသားတစုဟာ လက်နက်မှောင်ခိုလုပ်ဖို့ကြံလာပါတယ်... အဲ့ဒီ လောဘသားတစုရဲ့လုပ်ရပ်ကြောင့်ပဲ အကျိုးဆက်ဆိုးကျိုးတွေဖြစ်လာပုံကို အသည်းတလှပ်လှပ်နဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုသွားရမယ့် ဘောလိဝုဒ်ဇာတ်လမ်းတွဲကောင်းတခုပဲဖြစ်ပါတယ်File Size – 1GB / 500MBQuality – 1080p WEB DL / 720pDuration – 47minsTotal Episodes:Subtitle – Myanmar HardsubFormat – Mp4Genre : Crime, DramaTranslator –BpL~ Taylor~Yunni~Khin KhinEncoder – YK 720p Episode 1 - Yoteshin / Userdrive / Megaup ...
The Night Manager (2023)
2023
7
School of Lies(2023)
School of Lies(2023)IMDb-5.9/10နာမည်ကတော့ မုသားကျောင်းတော်တဲ့ အိန္ဒိယနိုင်ငံရဲ့ စိတ်ကူးယဉ်ဆန်တဲ့ Dalton မြို့တော်က ဘော်ဒါကျောင်းတစ်ခုမှာ setting ထိုင်ရိုက်ကူးထားပြီး BBC ကနေထုတ်လုပ်လိုက်တဲ့ ကျောင်းသားစီးရီးလေးဖြစ်ပါတယ် ဒီဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်ပါပဲ ဒါပေမဲ့ ဘယ်နိုင်ငံဘယ်မြို့မှာဖြစ်ခဲ့တာပါဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြောမထားကြပါဘူးဇာတ်လမ်းအညွှန်းRISE ဆိုတဲ့ကျောင်းတော်ကနေ ၁၂ နှစ်အရွယ် ရှက်တီဆယ်လ်ဂွန်ကာဆိုတဲ့ ကျောင်းသားလေးတစ်ယောက် ရုတ်တရက်ပျောက်သွားပါတယ် အစကတော့ သာမန်ပဲကျောင်းသားတစ်ယောက် ကျောင်းလစ်ပြီးလျှောက်သွားတယ်ထင်ကြတာပေါ့ အချိန်ကြာလေ ဘယ်သူ့ဆီကမှဘာသတင်းအစအနမှမရလေတော့ ကိစ္စတွေကရိုးရှင်းမနေတော့ပါဘူးဒီလိုနဲ့ မိဘတွေသူငယ်ချင်းတွေအဆင့်ဆင့်လိုက်မေး ခုတွေ့တယ်ပြောလိုက် တော်ကြာနေမတွေ့မိပါဘူးပြောလိုက်နဲ့ တစ်ယောက်တစ်မျိုးထင်ရာတွေပြောကြပေါ့ ဒါကိုပဲလိုက်အဖြေရှာဖော်ထုတ်ကြမှာဖြစ်ပါတယ်ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဒီကျောင်းတော်ကအလွှာအသီးသီးက ဖုံးဖိလိမ်ညာထားတာတွေရှိနေပါတယ် ပျောက်သွားတာရိုးမှရိုးရဲ့လား ဘယ်သူတွေက ဘာအကြောင်းရင်းတွေနဲ့ နောက်ကွယ်မှာရှိနေသလဲ.. "လိမ်ညာလိုက်တာမှန်ပေမဲ့ ကောင်းစေချင်တဲ့ရည်ရွယ်ချက်ရှိရင် အဖြူရောင်မုသားတဲ့.. ထိခိုက်သွားစေတဲ့စိတ်နဲ့ လိမ်လိုက်ရင် အနက်ရောင်မုသားလား.... ကောင်းစေချင်တဲ့စိတ်နဲ့လိမ်လိုက်ပေမဲ့ တစ်ဖက်မှာထိခိုက်သွားတာလည်းရှိတဲ့ အဆိုးအကောင်းရောနေတာက မီးခိုးရောင်မုသားလား...."မုသားကျောင်းတော်ကြည့်ပြီး မုသားတွေကို အဓိပ္ပာယ်ဖော်ကြည့်ပါဦးFile Size : 700MB / 400MBQuality : 1080p WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres : Drama , Mystery ...
7
TMDb:
7/10
1 votes
tv
School of Lies(2023)
2023
8
Saas, Bahu Aur Flamingo (2023)
Saas, Bahu Aur Flamingo (2023) IMDb-8.1/10ပူပူနွေးနွေးထွက်ရှိထားပြီး မှတ်ချက်ကောင်း rating ကောင်းတွေ အများအပြားရရှိထားတဲ့ ဇာတ်လမ်းတွဲလေး တင်ဆက်ပေးလိုက်ပါတယ်။"ယောက္ခမ၊ ချွေးမများနှင့် ကြိုးကြာနီ" တဲ့။ ခပ်ကြမ်းကြမ်းမင်းသမီးကြီးနဲ့ ခပ်လန်းလန်းမင်းသမီးလေးတွေအများကြီး ပါဝင်ထားတဲ့ ခပ်မိုက်မိုက်ဇာတ်လမ်းတွဲတခုပါ။ဇာတ်လမ်းအကျဉ်း ရာနီဘာဆိုတဲ့ အမျိုးသမီးကြီးက အမျိုးသမီးတွေနဲ့ချည်း မူးယစ်ဆေးထုတ်လုပ်တဲ့ ဂိုဏ်းတခုဖွဲ့စည်းထားတယ်။ သားနှစ်ယောက်ရှိပေမဲ့ သားတွေကိုကျ အဝေးမှာပို့ထားပြီး ချွေးမတွေနဲ့သမီးကိုပဲ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာမှာ ခိုင်းစေခဲ့တယ်။သူတို့ဆီက ထုတ်တဲ့ မူးယစ်ဆေးကြောင့်ပဲ ဒုဝန်ကြီးရဲ့ သားဖြစ်သူအရေးပေါ်ရောက်သွားတဲ့နောက်မှာတော့ မူးယစ်နှိမ်နှင်းရေးကနေ မူးယစ်ဆေးထုတ်လုပ်နေတဲ့ ပင်မအရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ဖို့ ရဲတယောက်ကို အထူးစေလွှတ်လိုက်တယ်။အရှင်ခရစ်သျှဏ မွေးနေ့ပွဲမတိုင်ခင်မှာပဲ... စပိန်ဂိုဏ်းတခုဆီကို သတ်မှတ်ထားတဲ့ဆေးပမာဏပို့ပေးရမှာရယ်၊ နိုင်ငံခြားကနေ ပြန်လာမဲ့သားနှစ်ယောက်ရယ်၊ သူ့ရဲ့ အမွေခံတယောက် ရွေးချယ်ဖို့ကနေ မိသားစုသွေးကွဲကြတာတွေ၊ မူးယစ်နှိမ်နှင်းရေးက အရာရှိက စုံစမ်းစစ်ဆေးမှုလုပ်တာတွေ၊ အဲလိုအရာတွေကြားထဲမှာမှ ဘုရင်မလို့ ခေါ်ဝေါ်ကြတဲ့ ရာနီဘာတယောက် ဘယ်လိုတွေကုလားဖန်ထိုး ဉာဏ်ကစားပြီး ရင်ဆိုင်သွားမလဲဆိုတာ တပိုင်းပြီးတပိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ 18+ နှင့် ခုတ်ထစ်ဖြတ်အခန်းတချို့ပါဝင်တာကြောင့် ကလေးငယ်များနှင့်အသည်းငယ်တတ်သူများ မကြည့်ရှူသင့်ပါ။ (အညွှန်းရေးသားသူကတော့ chiclon3 ဖြစ်ပြီးဘာသာပြန်သူတွေကတော့ chiclon3~Zwe Yan Naing~Thaik San~BpL~Yunni~Aditi~Saii တို့ပဲဖြစ်ပါတယ်)Quality : 1080p / 720pTotal Episodes :8EpsFormat : mp4Genres : Drama, Action ...
8
TMDb:
8/10
3 votes
tv
Saas, Bahu Aur Flamingo (2023)
2023
7
Save the Tigers (2023) Complete
Save the Tigers(IMDb 8.1/10)ယောကျာ်းတွေမကောင်းတဲ့ကား ယောကျာ်းတွေက မိန်းမတွေကိုအနိုင်ကျင့်တဲ့ကား အမျိုးသမီးအခွင့်အရေးတန်းတူရရေး ဘာညာကားတွေကြည့်ရလို့ ရိုးနေပါပြီလား ကမ္ဘာဦးအစကနေ ယနေ့အထိ သင်တို့ဒူးတုန်အောင်ကြောက်ရတဲ့ နံရိုးတစ်ဖက် ချစ်သူလေးများအကြောင်းကို အမှန်အတိုင်းဖော်ထုတ်တင်ဆက်ပေးမဲ့ imdb rating 8.1 ထိ အလန်းစားရရှိထားတဲ့ အိန္ဒိယစီးရီးလေးလာပါပြီဇာတ်လမ်းနာမည်က စကြည့်လိုက်ပါ save the tiger ကျားများကိုကယ်တင်ပါတဲ့ ဟုတ်ပါတယ် ဒီထဲကယောကျာ်းတွေအကုန်မိန်းမကြောက်ရပါတယ် ဇာတ်လမ်းအစမှာတည်းက မူးပြီးမောင်းလို့ ရဲဖမ်းခံထိ ကားသိမ်းခံရတာကို မိန်းမနာမည်နဲ့ကားဖြစ်နေလို့ တရားရုံးကို မိန်းမမခေါ်ရဲလို့ ရဲမှူးကို သွားတောင်းပန်တာက စပါတယ်သူတို့ကိုလှိမ့်ပိတ်ဟောက်နေတဲ့ ဆရာရဲမှူးကလည်း ဖုန်းထဲမှာ မိန်းမဟောက်တာခံနေရတာပါ အဲ့တော့မှ ဘဝတူချင်း အတွေ့အကြုံတွေဖလှယ်ကျရင်း အခွီ မယကဇာတ်လမ်းလေးပေါ်လာပါတော့တယ်ဟာသဇာတ်လမ်းဆိုပေမဲ့ ပေါဟာသတွေ အောက်လုံးတွေမပါ ကျားမအခွင့်အရေး အိမ်ထောင်ရေး Parenting စတာတွေကို ရှုထောင့်တစ်ခုကနေရိုက်ပြထားတာမို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနိုင်မယ့် ဘဝအမောပြေဇာတ်လမ်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 30minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre ...
7
TMDb:
7/10
1 votes
tv
Save the Tigers (2023) Complete
2023
9
Anger Tales(2023)
Anger TalesIMDb-5.2/10လူတစ်ယောက်ချင်းစီရဲ့ဘ၀မှာ အထိမခံနိုင်တဲ့အရာတွေရှိနေပါတယ် ဒါတွေကိုရင်ဆိုင်ကြုံတွေလာတဲ့အချိန်မှာ ဘယ်လိုရှင်းဆိုင်ဖြေရှင်းကြပါသလဲEp 1ကိုယ်ချစ်ရတဲ့မင်းသားရဲ့ကားကို ဖန်တွေအတွက်စုပြီးပြဖို့ကြိုးစားနေတဲ့လူတစ်ယောက် အားလုံးအဆင်ပြေပြီးစီးပြီး ပြမယ့်ချိန်နီးမှရုံပိုင်ရှင်ကပြမပေးနိုင်ဘူးဆိုပြီးထဖောက်ပါတော့တယ် ပရိသတ်အားကောင်းလွန်းတဲ့မင်းသားရဲ့ကား သူကိုယ်တိုင်လည်းသဘောကျရတဲ့မင်းသားမို့ သူ့လေးစားရတဲ့မင်းသားနာမည်မပျက်ရစေဖို့ ဘယ်လိုစွမ်းကုန်ကြိုးခုန်ကြိုးစားမလဲEp 2တွေ့ရာအကုန်စားတဲ့ပူဂျာတစ်ယောက် ယောကျာ်းရကာမှ သက်သတ်လွတ်သမားဘဝရောက်သွားရတဲ့အခါ ...ဒါ့အပြင် သူ့ယောကျာ်းမိသားစုတင်သက်သတ်လွတ်သမားတွေမဟုတ်ဘဲ သူတို့နေထိုင်ရာတစ်တိုက်လုံးကလူတွေကသက်သတ်လွတ်သမားတွေဖြစ်နေလေတော့ အစားသောင်းကြမ်းတဲ့ပူဂျာတစ်ယောက် ဘယ်လိုနှစ်ပါးသွားမလဲEp-3ပုထုဇဉ်လူတွေအားလုံးမှာ ဒေါသထွက်ရင် သည်းခံနိုင်တဲ့အတိုင်းအတာတစ်ခုထိပဲရှိကြပါတယ်။ အဲ့ဒီသည်းခံနိုင်တဲ့အတိုင်းအတာကျော်လွန်သွားပြီဆိုရင်တော့ အသိစိတ်လွှတ်ချင်လွှတ်သွားနိုင်သလို လူသတ်ချင်တဲ့စိတ်ရိုင်းတွေပေါ်လာတတ်ကြပါတယ်။ အာနန်နဲ့ ပက်ဒမ်မာတို့ဟာ အိမ်ငှားဘ၀နဲ့လင်မယားတွေပါ။ အိမ်ရှင်ဘယ်ချိန်ဖယ်ခိုင်းမလဲဆိုတာကို အမြဲရင်တထိတ်ထိတ်ဖြစ်နေရတဲ့သူတွေပါ။ တစ်နေ့မှာအိမ်ရှင်ဖြစ်သူကို သူ့အမျိုးတွေပါခေါ်တင်ထားပြီး ငါအိမ်ရှင်ပဲဆိုပြီး အိမ်ငှားအပေါ်ကို မထီမဲမြင်ဆက်ဆံလာတဲ့ချိန်မှာ ပဒမ်မာတစ်ယောက်အိမ်ငှားတစ်ယောက်အနေနဲ့ သည်းမခံနိုင်တဲ့အဆုံး ၀င်ပြောလိုက်မိရာမှ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်ကားနာမည်အတိုင်းပဲ ဒေါသတစ်ဖွားဖွားနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။Ep-4အသက်၃၀ကျော်အရွယ် လက်မထပ်နိုင်သေးတဲ့ ပုံတုံးတုံး လူပျိုသိုးကြီးဖြစ်နေတဲ့အပြင် အလုပ်အကိုင်အတည်တကျရယ်လို့မရှိသေးတဲ့ ဂီရီကို အဒေါ်ဖြစ်သူ ပဒ်ဒမ်မားကတော့ စိတ်ပူနေရှာပါတယ်။ သူ့တူလေး ဒီဘဝကနေ ကျွတ်နိုင်ဖို့ တတ်နိုင်သမျှနည်းနဲ့ကြိုးစားနေပေမယ့် ဘာမှအရာမထင်ပါဘူး။ ဘာကြောင့်ဒီလိုဖြစ်နေရသလဲဆိုတာနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေပေးနေရှာပါတယ်။ ဒီတူဝရီးနှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုပေးကြပါဦး။File Size – ...
9
TMDb:
9/10
1 votes
tv
Anger Tales(2023)
2023
7
Pop Kaun (2023)
Pop Kaun (2023)IMDb-6.6/10သင်္ကြန်နားနီးပြီဆိုတော့ CMပရိသတ်ကြီးလည်း ရှာပုံတော်ဖွင့်လိုက်ပါဦး ချစ်သူမဟုတ်ဘဲ အဖေရှာပုံတော်ပါဆာဟေးလ်ဆိုတဲ့ကောင်လေးဟာ ဟိုးငယ်ငယ်လေးတည်းက သူ့အဖေကိုဂုဏ်ယူပြောတတ်သူပါ ချစ်သူကောင်မလေးပီဟူးနဲ့ လက်ထပ်ဖို့စီစဉ်ကြချိန်မှာ ယောက္ခမလောင်းကြီးက မျိုးဂုဏ်ရိုးဂုဏ်ကိုမက်မောတန်ဖိုးထားသူဖြစ်နေပါတယ်ဆာဟေးလ်ကရွေးကောက်ခံအမတ်လောင်းဘရစ်ဂျ်ကစ်ရှိုးထရီဗီဒီရဲ့သားဖြစ်တော့ ကြည်ကြည်ဖြူဖြူသဘောတူလိုက်ပါတယ် ဒါပေမဲ့ မင်္ဂလာမဆောင်ခင်တစ်ရက်မှာပဲ ဆာဟေးလ်တောင်မသိတဲ့ အမှန်တရားကြီးကအခြေအနေအားလုံးကိုပြောင်းပြန်လှန်လိုက်ပါပြီ ဆာဟေးလ်ဟာ ဘရစ်ဂ်ျကစ်ရှိုးရဲ့ သားအရင်းမဟုတ်ပါဘူး...ဆိုတဲ့အမှန်တရားပါ အမြဲဂုဏ်ယူပြောနေတဲ့ အဖေကအဖေအရင်းမဟုတ်မှန်းသိသွားတဲ့ ဆာဟေးလ်....မိဘမျိုးရိုးတန်ဖိုးထားလွန်းတဲ့ ယောက္ခထီးလောင်းကြီးကလည်းမင်္ဂလာပွဲကိုပါ ဖျက်သိမ်းဖို့လုပ်လာချိန်မှာ ဆာဟေးလ်တစ်ယောက်အဖေရှာပုံတော်ဖွင့်ရပါတော့တယ် ဟာသသရုပ်ဆောင်ပေါင်းများစွာပါ၀င်တဲ့ ဒီကားဟာ စိတ်အမောပြေ ာအခွီကြည့်ချင်တဲ့ပရိသတ်ကြီးအကြိုက်တွေ့စေမှာပါFile Size – 700MB/ 300MBQuality – 1080p / 720pDuration – 30mTotal Episodes:6EpsSubtitle – Myanmar HardsubFormat – Mp4Genre : ComedyTranslator – Khin Khin~BpL~YunniEncoder – YK 720p Episode 1 - Yoteshin / Userdrive / Megaup / Streamvid Episode 2 - Yoteshin / Userdrive / Megaup / ...
7
TMDb:
7/10
1 votes
tv
Pop Kaun (2023)
2023
6
Taaza Khabar (2023)
Taaza Khabar 2023IMDb-8.4/10ဒီတစ်ခါတော့ အိန္ဒိယရဲ့ပထမဆုံး subscriber 10 သန်းရရှိခဲ့တဲ့နာမည်ကြီး youtuber Bhuvan Bam အဓိကပါဝင်သရုပ်ဆောင်ထားတဲ့စီးရီးလေးတင်ဆက်ပေးချင်ပါတယ် ဒီထဲမှာတော့သူက ဗက်စ်ရာဆိုတဲ့ ကောင်လေးအနေနဲ့သရုပ်ဆောင်ထားပါတယ် အိန္ဒိယမှာတော့သူပါတယ်ဆိုတာနဲ့တင် ကြည့်ရှူသူများစွာရခဲ့တဲ့စီးရီးဖြစ်ပါတယ်ဗက်စ်ရာဆိုတဲ့ကောင်လေးဟာ ဆင်းရဲနုံချာလွန်းတဲ့အတွက် အများပိုင်အိမ်သာမှာ အစောင့်လုပ်ရသူပါ အရင်တည်းကချမ်းသာချင်လွန်းတဲ့သူဟာ တစ်နေ့အမေကိုသူ့အလုပ်ရှင်က နှိပ်စက်နေတာမြင်တော့ ပိုလို့ချမ်းသာကြွယ်ဝချင်လာပါတော့တယ် ပင်ကိုယ်စိတ်ရင်းကောင်းတဲ့သူဟာ ဘယ်သူကမှအရေးမလုပ်အိမ်သာထဲလဲနေတဲ့အဘွားကြီးကို ကယ်ဆယ်ရာကနေ သူ့ဘဝကိုပြောင်းလဲပေးတဲ့အစွမ်းတွေရလာပါတော့တယ် အရာအားလုံးကို လူတိုင်းထက်နှာတစ်ဖျားသာရစေဆိုတဲ့ဆုပါပဲ ဒီလိုနဲ့သူဟာရှေ့ဖြစ်လာမယ့်အရာတွေကိုကြိုသိလာခဲ့ပြီး သူ့အပါအဝင်သူ့ဘေးကလူတွေပါ ချမ်းသာကြွယ်ဝလာပါတော့တယ် အားလုံးအဆင်ပြေပြီး တတိုင်းရနေတော့ရော ဘဝကြီးကပြီးပြည့်စုံသွားပါပြီလား တစ်သက်လုံးမတွေးဖူးတဲ့အရာတွေကြုံတွေ့ပိုင်ဆိုင်လာရသူဟာ အကောင်းလောကဓံတွေကို ကြံ့ကြံ့ခံနိုင်ပါရဲ့လား ဗက်စ်ရာကရော သူပိုင်ဆိုင်လာရတာတွေနဲ့ ပျော်ရွှင်စွာနေသွားကြလေသတည်းဖြစ်ပါ့မလားဆိုတာ ပရိသတ်ကြီးရှုစားကြည့်ပါအဓိကဇာတ်ဆောင် Bhuvan Bam ဟာ စကားပြောစွမ်းရည်ကောင်းသူလို့နာမည်ကြီးသူဖြစ်ပါတယ် Comedy Thriller ဖြစ်တဲ့ ဒီကားမှာလည်း သူ့ရဲ့စကားပြောစွမ်းရည်နဲ့ ဟာသလေးတွေထည့်သွင်းထားတာဟာ ကလိထိုးရယ်ရမယ့်ပေါကားစာရင်းထဲတော့ပါမှာမဟုတ်ပါဘူး လက်တွေ့ဘဝထင်ဟပ်တဲ့ plot တွေနဲ့ တွေးတွေးပြီးရယ်နေရတဲ့ဟာသကားလေးဟာ တစ်ပိုင်းပြီးတစ်ပိုင်း မနားတမ်းကြည့်စေချင်လောက်သည်ထိစွဲရတယ်ဆိုတဲ့ အညွှန်းတွေရထားတာဖြစ်ပါတယ်File Size – 600MB / 300MBQuality – 1080p HS WEB DL / 7200Duration – 30minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat ...
6
TMDb:
6/10
7 votes
tv
Taaza Khabar (2023)
2023
7
Jhansi (2022) S1+S2
တလဲဂူး မင်းသမီးချောလေးတွေ ဖြစ်တဲ့ Anjali, Chandini Chowdhary တို့ ပါဝင်ရိုက်ကူးထားတဲ့ Jhansi စီးရီးလေးအသစ်စက်စက်လေးကတော့ ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ထွက်ရှိလို့လာပါပြီJhansi(ဂျန်စီ) - ကယ်ရာလာမှာနေထိုင်ပြီး အတိတ်မေ့နေတဲ့ ကောင်မလေးတစ်ယောက် တစ်နေ့မှာတော့ ဂျန်စီဟာ ဆန်ကိသ် ရဲ့ သမီးဖြစ်သူ မေဟာကို မတော်တဆမှုတစ်ခုမှာ မမျှော်လင့်ဘဲ ကယ်တင်ပေးလိုက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ဆန်ကိသ်တစ်ယောက်လည်း အတိတ်မေ့နေတဲ့ ဂျန်စီကို ဟိုက်ဒရာဘတ်ထိခေါ်သွားပြီး ဘ၀အသစ် စတင်ခိုင်းခဲ့ပါတယ် ကြာလာတော့ ဆန်ကိသ်နဲ့ ဂျန်စီတို့ မေတ္တာမျှလာပြီး ချစ်သူတွေ ဖြစ်လာကြတယ် ဆန်ကိသ်တစ်ယောက် ချစ်သူဖြစ်သူ ဂျန်စီ အတိတ်ကို ပြန်လည် သတိရလာဖို့ ဦးလေး ဖြစ်သူစီမှာ အိပ်မွေ့ချကုထုံးနဲ့ ကုသခိုင်းခဲ့တယ်။ တစ်နေ့မှာတော့ ကုသမှုခံယူရင်းကနေ ဂျန်စီရဲ့ အမြင်ထဲမှာ သူ့ရဲ့ အတိတ်အကြောင်း တစ်ပိုင်းတစ်စ ပုံပေါ်လာခဲ့တယ် ဂျန်စီ့ရဲ့ အမြင်အာရုံထဲမှာ သူမကို တိုက်ခိုက်ပြီး နှိပ်စက်ခဲ့တာ ဘယ်သူတွေလဲ ... ဘယ်နေရာမှာ တိုက်ခိုက်ခံခဲ့ရတာလဲ ...သူတို့နဲ့ ဂျန်စီ့ကြားမှာ ဘာရန်ငြှိုးတွေ ဆက်စပ်မှုတွေ ...
7
TMDb:
7/10
2 votes
tv
Jhansi (2022) S1+S2
2022
2
Fall (2022)
Fall (2022) Drama, Mystery, Thriller IMDb 5.8/10အခုတစ်ခါထွက်ရှိလာတဲ့ တမီလ်စီးရီးလေးကလည်း တကယ်ကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် စီးရီးလေးတစ်ခုဖြစ်ပြီး စွယ်စုံရမင်းသမီးချောလေး အန်ဂျလီက အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။Disney+ Hotstar မှ Streaming လုပ်လာတဲ့ဒီစီးရီးလေးမှာ အပိုင်း၇ပိုင်းပါဝင်ပြီး တစ်ပိုင်းချင်းစီအလိုက် လှည့်ကွက်လေးတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ဘဝမှာ ပြုတ်ကျခဲ့ခြင်းတစ်ခုဟာ ဘဝကိုပျက်ရလောက်တဲ့အထိဖြစ်သွားနိုင်သလို လောကရဲ့နိယာမတရားတွေကိုလည်း သိမြင်လာနိုင်တယ်ဆိုတာကို သင်ယုံပါသလား။ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ ဒီစီးရီးလေးမှာ လူတစ်ယောက်ရဲ့ပြုတ်ကျခဲ့ခြင်းတစ်ခုအပေါ်မူတည်ပြီး လူတွေရဲ့သရုပ်မှန်ကိုသိမြင်လာခဲ့ရလို့ပဲဖြစ်ပါတယ်။ဒီဗီရာဆိုတဲ့ မိသားစုထဲက အကြီးဆုံးသမီးဖြစ်သူဟာ နေအိမ်ရဲ့အထပ်မြင့်တိုက်ဝရံတာပေါ်ကနေ ပြုတ်ကျခဲ့ပြီး ၆လကြာမြင့်သည်အထိ ကိုမာဝင်နေခဲ့ပါတယ်။၆ လတာအတွင်းမှာ လူတွေရဲ့စိတ်ရင်းအမှန်တွေလည်း ပေါ်လာခဲ့ပါတော့တယ် မိသားစုထဲမှာပဲ မနာလိုတွန့်တိုလောဘကြီးသူတွေရဲ့ လွှမ်းမိုးမှုကြောင့် ဒီဗီရာကိုညင်သာစွာအသက်ထွက်ခွင့်ပေးဖို့ဆုံးဖြတ်လိုက်ကြပါပြီမထင်မှတ်ပဲအဲဒီချိန်မှာ ဒီဗီရာဟာသတိရလာပါတော့တယ် ဒါပေမယ့် ဖြစ်ပျက်ခဲ့တာအားလုံးကို ဘာတစ်ခုမှ မမှတ်မိတော့ပါဘူး မိသားစု၀င်တွေပြောလို့ သူခုန်ချခဲ့တယ်ဆိုတာသိပေမယ့် သူခုန်ချခဲ့ရတဲ့အကြောင်းရင်းကို သူကိုယ်တိုင်တွေးမရဖြစ်နေပါတယ် အားလုံးကသူခုန်ချတယ်ပြောပေမယ့် သူငယ်ချင်းဖြစ်သူ မာလာကတော့အခင်းမဖြစ်ခင်ညမှာ သူ့ဆီပို့ခဲ့တဲ့ မက်ဆေ့ခ်ျကြောင့် ပုံမှန်မဟုတ်ဘူးလို့ ထင်နေတဲ့ တစ်ဦးတည်းသောသူပါမာလာ့ရဲ့အကူအညီနဲ့ပဲ မှတ်ဉာဏ်တွေ တရေးရေးပေါ်လာခဲ့ပြီးနောက် သူဘာကြောင့်ခုန်ချခဲ့တာလဲ ဆိုတဲ့အကြောင်းရင်းကို တစ်ပိုင်းချင်း စိတ်၀င်စားဖွယ်ကြည့်ရှူခံစားရမှာဖြစ်ပါတယ်File Size – 800MB / 400MBQuality – 1080p / ...
2
TMDb:
2/10
1 votes
tv
Fall (2022)
2022
1
2
3
Previous
Next