Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
CCTV-8
The Tale of Rose (2024)
အားလုံးစောင့်မျှော်နေကြတဲ့ နာမည်ကြီးမင်းသမီး Liu Yi Fei နဲ့ နာမည်ကြီး မင်းသား ၅ ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ The Tale of Rose ဇာတ်လမ်းတွဲကိုတော့ ဒီနေ့ကစပြီး ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်မူရင်းဝတ္ထုကိုရေးတဲ့ စာရေးဆရာမက မကြာသေးခင်ကမှ ပြီးသွားတဲ့ Xu kai နဲ့ Yang Zi သရုပ်ဆောင်ထားတဲ့ Best Choice Ever ကို ရေးခဲ့တဲ့ စာရေးဆရာမ Yi Shu မို့ ဒီတစ်ခါလည်း အမျိုးသမီး ဇာတ်ကောင်တွေကို အသားပေးပြီးရေးတတ်တဲ့ ဆရာမရဲ့ လက်ရာကောင်းတစ်ပုဒ်ကို ကြည့်ရှုရဦးမှာပါဇာတ်လမ်းအညွှန်းပညာတတ်မိသားစုမှာ မွေးဖွားလာခဲ့တဲ့ ဟွမ်ယိမေ (Liu Yi Fei) ဟာ မိသားစုရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ကောင်းမွန်စွာကြီးပြင်းလာရသလို ငယ်စဥ်ကတည်းကစပြီး သူ့ရဲ့ အနုပညာပါရမီတွေကို ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ မိန်းကလေးတစ်ဦးလည်း ဖြစ်ပါတယ်အဲဒီနောက်မှာတော့ လုပ်ငန်းခွင်ထဲကို စတင်ဝင်ရောက်လာတဲ့ ဟွမ်ယိမေဟာ ထူးချွန်တဲ့အရည်အချင်းတွေကြောင့် နေရာပေးခံခဲ့ရသလို မကြာခင်မှာ လုပ်ဖော်ကိုင်ဖက် ကျွမ့်ကော်တုန်း (Peng Guanying) နဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ပေမဲ့ သူ့တို့ရဲ့ ...
The Tale of Rose (2024)
2024
7.8
Joy of Life (Season 2)
2019 နှစ်ကုန်ကနေ 2020 နှစ်ဆန်းအထိ ထုတ်လွှင့်ခဲ့တဲ့ Joy Of Life Season 1 ရဲ့ အဆက်ဖြစ်တဲ့ Season 2 ကိုတော့ ဒီနေ့မှာ စကြည့်ရတော့မှာပါနော်ဒီ Season 2 မှာတော့ Season 1 တုန်းက ယန်ပင်းယွင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Xiao Zhan နဲ့ ယဲ့လင်အာနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Han Jiu Nuo က လွဲလို ကျန်တဲ့ဇာတ်ကောင်တွေအားလုံးက Season 1 က အတိုင်း ပြန်ပါလာတာမို အရင် Season 1 တုန်းကလို ရသအပြည့်နဲ့ ကြည့်ရဦးမှာပါအရင် Season 1 ရဲ့ ဇာတ်သိမ်းပိုင်းမှာ မင်းသား ၂, မင်းသမီးကြီးနဲ မင်းအိမ်တော်တို ပူးပေါင်းသွားတဲ့အပြင် ဖန့်ရှန်ကို သူတိုဘက်တော်သားဖြစ်အောင် သိမ်းသွင်းဖို ဖန့်ရှန်ရဲ့ ဆရာဖြစ်သူ ဖေ့ကျဲ့, ထန်ကျစ်ကျင်းရဲ့ သားလေးအပြင် ဖန့်စစ်ကျယ်တိုနဲ့ အကျပ်ကိုင်ပြီး ...
7.8
TMDb:
7.8/10
51 votes
tv
Joy of Life (Season 2)
2019
7.8
Joy of Life (Season 1)
မကြာခင်မှာ Season 2ထွက်တော့မှာဖြစ်လို့ Season 1 ကို ပြန်နွှေးဖို့အတွက် ကြည်ကြည်လင်လင်နဲ့ကြည့်လို့ရအောင်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားလေးက 2019ခုနှစ်ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပြီး Douban score 7.9 နဲ့ တော်တော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကလည်း သာမန်နဲ့မတူတဲ့ ရသမျိုးပေးစွမ်းနိုင်ပြီးတော့ မြင်တွေ့နေကျဇာတ်လမ်းမဟုတ်တာကြောင့် ကြည့်မိရင် တကယ်နောင်တရမှာတော့မဟုတ်ပါဘူး ။ဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ဖန့်ရှန်ဟာ ဒီဘက်ခေတ် 21ရာစုရဲ့ မှတ်ဉာဏ်တွေနဲ့ ရှေးခေတ်ချင်မင်းဆက်ခေတ်မှာမွေးဖွားလာခဲ့တာပါ ။ သူကမွေးလာကတည်းက နယ်မြို့လေးမှာ အဘွားဖြစ်သူကပျိုးထောင်လာခဲ့တာပါ ။ဒါပေမဲ့ သူ့ရဲ့အဖေဖြစ်သူက ဘဏ္ဍာရေးဌာနက စစ်နန်အမတ်ကြီး ဖန့်ကျန့်နဲ့ အမေဖြစ်သူကလည်း နန်းမြို့တော်မှာအတော်ဆုံးတီထွင်သူ အချမ်းသာဆုံးသူတစ်ယောက်ဖြစ်ပါတယ် ။ သူကရိုးရိုးနယ်မြို့လေးမှာနေပေမဲ့ နောက်ခံကမရိုးရှင်းတော့ မကြာခဏဆိုသလိုသူ့ကိုလိုက်သတ်ကြတဲ့သူတွေရှိလာပါတယ် ။အရွယ်ရောက်လာတဲ့ဖန့်ရှန်တစ်ယောက် သူ့မှာဘာလို့ 21ရာစုက မှတ်ဉာဏ်တွေရှိနေလဲဆိုတာရယ် ၊ ဘာလို့သူ့ကိုလိုက်သတ်နေကြတာလဲဆိုတဲ့အကြောင်းရယ် ၊ တမူထူးခြားတဲ့သူ့အမေနဲ့ပတ်သတ်တဲ့အကြောင်းပိုသိချင်တာရယ်ကြောင့် နန်းမြို့တော်ကိုလာခဲ့ပါတော့တယ် ။ဖန့်ရှန့်တစ်ယောက်နန်းမြို့တော်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့လာမလဲ ? တော်ဝင်မျိုးနွယ်ကအုပ်ချုပ်နေတဲ့ အမေဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကိုရောပြန်ယူနိုင်မလား ? နန်းတော်ထဲမှာရော ဘယ်လိုအတားအစီးတွေက စောင့်ကြိုနေမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ဖို့မမေ့ပါနဲ့Quality : 1080p Format : mp4 Total Episodes : 46 Genres : Mystery , Romance , ...
7.8
TMDb:
7.8/10
50 votes
tv
Joy of Life (Season 1)
2019
Will Love In Spring
မြိုပြလူနေမှုကြားမှာ နွေးထွေးတဲ့ဇာတ်ရုပ်တွေနဲ့ အချစ်ကိုအဓိကထားတဲ့ နွေးထွေးတဲ့ Healing Drama လေးတင်ဆက်ပေးနေပါပြီ။ ဒီဇာတ်ကားမှာ Li Xian နဲ့ Zhou Yu Tong တိုအဓိက သရုပ်ဆောင်ထားတဲ့အတွက်စောင့်ကြည့်ဖိုထိုက်တန်တဲ့ကားလေးပဲဖြစ်ပါတယ်နော်။ လူငယ်ဘဝတုန်းက ပုန်ကန်ပြီးခေါင်းမာတတ်တဲ့ ချန်မိုင့်သုန်းဟာ ဘဝရဲအချိုးအကွေ့တွေကြုံတွေ့ပြီးနောက် အလောင်းပြင်ဆရာဖြစ်လာခဲ့တယ်။ ကျွမ်းကျယ်ဟာ ကားအက်စီးဒင့်ကြောင့် ဒုက္ခိတဖြစ်ခဲ့ရတယ်ဒါပေမယ့် ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ဖိုအတွက် ကြိုးစားရင်း မြိုပြရဲ့လုပ်ငန်းခွင်မှာထိပ်တန်းဖြစ်လာခဲ့တယ်။ ပုန်ကန်တတ်တဲ့စရိုက်ရှိပေမယ့် အထီးကျန်တဲ့အလောင်းပြင်ဆရာတစ်ယောက်နဲ့ ခန္ဓာကိုယ်မှာချိုယွင်းချက်ရှိပေမယ့် သတ္တိရှိပြီးတောက်ပနေတဲ့ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်တိုကြားက ရုန်းကန်ရင်း နားလည်မှုတွေတိုးပြီး အပြန်အလှန်လေးစားမှုတွေနဲ့ချစ်ကြည်နူးကြမယ့် Healing ဖြစ်စေမယ့် ဇာတ်လမ်းလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။=================================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK===================================== Ep 1 ...
Will Love In Spring
2024
Best Choice Ever
ဒီကားလေးကတော့ တရုတ်ဇတ်လမ်းတွဲတွေကြည့်နေကျ ပရိသတ်တွေမစိမ်းမဲ့ နာမည်ကြီးတွေဖြစ်ကြတဲ့ မင်းသမီးမမ YangZi နဲ့ မင်းသားကိုကို Xu Kai တိုလိုက်ဖက်ညီညီပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစု drama ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ရှင် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့တော့ : ရှန်ဟိုင် "Mai" မိသားစုကနေ မွေးဖွားလာတဲ့ 90ခုနှစ်ဖွား Mai Cheng Huanလိုခေါ်တဲ့ကောင်မလေးက မိဘစကားအရမ်းနားထောင်ရပါတယ် ။ အဲဒီလိုနဲ့သူ့မာမီရဲ့တိုက်တွန်းမှုကြောင့်ပဲ ချစ်သူဖြစ်သူ Xin Jia Liang ကိုလက်ထပ်ခွင့်အရင်တောင်းလိုက်ရပါတော့တယ် ။ဒါပေမဲ့ Xin မိသားစုရဲ့စီးပွားရေးကကောင်းမွန်နေချိန်ဆိုတော့ Mai Cheng Huan နဲ့ Xin Jia Liang ကြားက ဆက်ဆံရေးဟာကလည်း မိခင်ဖြစ်သူရဲ့အလွန်အမင်းဝင်ရောက်စွပ်ဖက်မှုကြောင့် ကတောက်ကဆလေးတွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Mai Cheng Huan ဟာ သူ့မအပေါ်သူမသစ္စာရှိမှုနဲ့အမေဖြစ်သူရဲ့ဆန္ဒကိုလိုက်ရောပေးမှုကြားမှာ လွန်ဆွဲရင်းနည်းလမ်းရှာဖွေရပါတယ် ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူမအမေရဲ့အလွန်အမင်းကြီးကြပ်မှုအောက်ကနေရုန်းထွက်ပြီး အလုပ်မှာအာရုံစိုက်ပြီးလုပ်နိုင်လာခဲ့ပါတယ် ။Mai Cheng Huan ရဲ့ပြောင်းလဲလာပုံကို အဘွားဖြစ်သူကအသိအမှတ်ပြုခဲ့ပြီး အရမ်းဖိအားများတဲ့ hotel management ...
Best Choice Ever
2024
War of Faith (2024)
အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် ဒီ 2024 ခုနှစ်မှာပဲ ထွက်ရှိလာတဲ့သမ္မတခေတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ - ၁၉၃၀ နှစ်ကာလတွေထဲက ကူမင်တန်ဗဟိုဘဏ်ဝန်ထမ်းလေး ဝေရော့ဟိုင်(Wang Yibo)က အကြီးတန်းအကြံပေးပုဂ္ဂိုလ် ရှန်ထူနန်(Wang Yang)ရဲ့ အာရုံစိုက်မှုခံခဲ့ရပြီးကူမင်တန်ပါတီအတွင်းက ဘဏ္ဍာရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ရပါတယ်။ ဒီလိုနဲ့ ပါတီအတွင်းက အချင်းချင်းထိပ်တိုက်တွေ့ရတဲ့ကိစ္စတွေမှာ ဝေရော့ဟိုင်နဲ့ရှန်ထူနန် ယုံကြည်ရာလမ်းတွေ ကွဲလွဲလာပါတော့တယ်။ ဝေရော့ဟိုင်က ရှန်ကျင်းကျန်း(Li Qin)နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ရွေးချယ်စရာလမ်းစ ရှိလာခဲ့တယ်။ ဝေရော့ဟိုင်က ကျန်းရှီးနယ်မြေကို ပါတီရဲ့တာဝန်ပေးမှုကြောင့် ပြောင်းရွှေ့သွားရာကနေကူမင်တန်စီးပွားရေးအတွက် အဓိကအရေးပါတဲ့လူဖြစ်လာခဲ့တယ်။ သမ္မတခေတ်ကာလမှာ ကူမင်တန်ပါတီနဲ့ကွန်မြူနစ်ပါတီရဲ့အားပြိုင်မှုတွေကြား ဝေရော့ဟိုင်ရွေးချယ်လိုက်တဲ့ ယုံကြည်ရာလမ်းက ဘာလဲ...ဉာဏ်ကစားခြင်းတွေနဲ့ သွေးသံရဲရဲလမ်းကို အဆုံးထိလျှောက်လှမ်းသွားနိုင်မှာလား... ယုံကြည်ချက်နဲ့ချစ်ခြင်းသံယောဇဉ်က ရစ်နှောင်ဖွဲသွားနိုင်မှာလား... ဆိုတာကို မင်းသားချော Wang Yibo နဲ့ မင်းသမီးချော Li Qin တို ပါဝင်သရုပ်ဆောင်ထားတဲ့ War of Faith ဇာတ်လမ်းတွဲမှာ စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီနော်။====================================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : mp4 Genres ...
War of Faith (2024)
2024
Angels Fall Sometimes
Lin Yi ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် March လကတော့ တကယ်ကိုပျော်စရာအကောင်းဆုံးလဖြစ်နေတော့မှာပါပဲ ။ Every one loves me ကိုပြနေတုန်းမှာပဲလင်ယိကောကောရဲ့ Angels fall sometime ဆိုတဲ့နောက်ထပ်ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပြန်ပါပြီ ။ ဒီကားလေးထဲမှာ လင်ယိက Lin Tuo ဆိုတဲ့ကောင်လေးအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ -Lin Tuo ဆိုတဲ့ကောင်လေးက သူ့ရဲ့လူငယ်ဘဝအစပြုနေတဲ့အချိန်မှာ ဂျူနီယာနှစ်နွေရာသီအလုပ်သင်ခေါ်ယူခြင်း အစီအစဉ်မှာ ပါဝင်ရင်း An Zhi Yue ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ် ။နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့ကြပါတယ် ။ဒီလိုနဲ့ ဘွဲ့ယူရမဲ့အချိန်ကလည်းနီးလာပြီး နှစ်ယောက်လုံးကလည်း ခံစားချက်တွေတည်ဆောက်ရင်းတကယ့်လက်တွေ့ဘဝထဲမှာ အလုပ်တွေလုပ်ရင်းနဲ့ အနာဂတ်ကိုပုံဖော်အစပျိုးနေကြတဲ့အချိန်ပေါ့ ။ဒါပေမဲ့ ဘဝကအမြဲတမ်း သာယာမနေတတ်ခဲ့ပါဘူး ။ အရာအားလုံးအဆင်ပြေနေပြီလို့ထင်နေတဲ့အချိန်မှာပဲ Lin Tuo မှာ ALS လို့ခေါ်တဲ့ အာရုံကြောရောဂါတစ်မျိုးရှိနေကြောင်းဆေးစစ်ချက်အဖြေထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ စိတ်ဓာတ်မာကျောတဲ့ Lin ...
Angels Fall Sometimes
2024
9.2
Blossoms Shanghai ( 2023 )
19 ရာစုနောက်ပိုင်းက ရှန်ဟိုင်းမြို့ရဲ့စီးပွားရေးအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Jin Yucheng ရဲ့အမည်တူ၀တ္ထုကိုအခြေခံပြီးရိုက်ကူးထားပြီးတော့ 2019တုန်းက ဟောင်ကောင်ဇာတ်ညွန်းရေးဆရာကြီးရဲ့ပွဲစဉ်ကနေတစ်ဆင့် ရိုက်ကူးမယ်လို့အရိပ်အမြွက်ပြပြီးလေးနှစ်အကြာမှာတော့ Blossoms Shanghaiခေါင်းစဉ်နဲ့ဇာတ်လမ်းတွဲဟာ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ 19ရာစုနှောင်းပိုင်းမှာ စီးပွားရေးကိုစိတ်၀င်စားသူအားပေါင်ဟာ စီးပွားရေးလုပ်ငန်းတစ်ဦးကို စတင်တည်ထောင်ချင်တာကြောင့် သူ့ရဲ့ဦးလေးတဖြစ် ဆရာတဖြစ်သူကိုလာရှာပြီး အတူပူးပေါင်းလုပ်ဆောင်ဖို့ တောင်းဆိုပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းအစမှာတော့ အားပေါင်က ဘာငွေမှမရှိတဲ့လူမွဲအနေနဲ့စရမှာပေါ့။ နောက်ပိုင်း အားပေါင်က ယုံကြည်ရတဲ့သူတစ်ယောက်ဆိုတာ သက်သေပြအပြီးမှာ သူနဲ့သူ့ဦးလေးဟာ အချင်းချင်းသဘောတူကြကာ စီးပွားရေးတစ်ခုကိုစလုပ်ပါတော့တယ်။သူ့ဦးလေးရဲ့ရှေ့ဆောင်လမ်းပြမှုတွေနဲ့အတူ အားပေါင်ဟာ ရှန်ဟိုင်းကစီးပွားရေးလောကမှာ အတုမရှိအာဏာပါဝါအကြီးဆုံး နံပါတ်တစ်သူဌေးပေါင် ဖြစ်လာပါတော့တယ်။ တိုးတက်ကြီးပွားလာတာနဲ့အမျှ ရန်သူတွေပေါများလာတာကြောင့် သူဌေးပေါင် စီးပွားရေးလောကထဲကရန်သူတွေကို ရင်ဆိုင်ဖြေရှင်းပုံတွေနဲ့ စတော့ဈေးကွက်တွေကို ဘယ်လိုလှလှပပကစားသွားလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်==============================Quality : WEB-DL 1080p , 720p Total Episodes : 30 Format : mp4 Genres : Drama , Family Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Thet ...
9.2
TMDb:
9.2/10
4 votes
tv
Blossoms Shanghai ( 2023 )
2023
9
Unshakable Faith ( 2023 )
1950 ခုနှစ်မှာ မျိုးချစ်သိပ္ပံပညာရှင် အန်းဝိန်ရှန်းဟာ တိုင်းတပါးက သမာသူတွေရဲ့ စောင့်ကြည့်မှုကို ခံနေရတာကြောင့် အမိမြေကိုပြန်လာဖို့ အခက်အခဲရှိတဲ့အတွက် သုတေသနလုပ်ထားတဲ့အချက်အလက်အားလုံးကို ဂျူနီယာဖြစ်တဲ့သင်္ချာပါရဂူဘွဲ့ရ ပညာတော်သင်ကျောင်းသား ကျိသန်းယန် (Liu Xue Yi) လက်ထဲကို အပ်ပြီး ပြည်မကြီးကို အဲဒီအချက်အလက်တွေ ပြန်သယ်သွားပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ဒါပေမဲ့ အန်းဝိန်ရှန်းရဲ့ သုတေသန အချက်အလက်တွေကို လုယူချင်တဲ့ ရန်သူတွေဟာ ပြည်တော်ပြန်တဲ့ လမ်းတစ်ခရီးတစ်လျှောက်မှာ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာခဲ့တာမို့ ပြည်သူ့လုံခြုံရေးဌာနက ကျိသန်းယန်ကို ကာကွယ်ပြီး ပြည်မကြီးဆီ ပြန်ခေါ်လာဖို့ ဖန်ဟုန်မိန် (Peng Xiao Ran) ကို တာဝန်ပေးခဲ့ပါတယ်အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ကျိသန်းယန်နဲ့ ဖန်ဟုန်မိန်တို့ ပြည်မကြီးကို ပြန်ရောက်လာခဲ့ကြပြီး ပြည်တွင်းက နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်တဲ့ ရေစစ်ယူရေးစီမံကိန်းကို ကျိသန်းယန်က ဦးစီးပြီး လုပ်ကိုင်ဖို့ ဖြစ်လာခဲ့ပါတယ် အဲဒီနောက်မှာ ရန်သူ့ဘက်က သူလျိုတွေဟာ ကျိသန်းယန်ဦးဆောင်တဲ့ ကျွမ်းကျင်သူပညာရှင်အဖွဲ့ကို အမျိုးမျိုးလုပ်ကြံဖို့ ကြိုးစားလာကြပါတော့တယ်ရန်သူတွေကို ဦးဆောင်တဲ့ နောက်ကွယ်က ရွှယ်လန် ဆိုသူဟာ ဘယ်သူလဲဆိုတာကို ဖန်မိန်ဟုန်တို့ ပြည်သူ့လုံခြုံရေးအဖွဲ့က ဖော်ထုတ်နိုင်ပါ့မလား ကျိသန်းယန်ကရော သူ့ကို သတ်ချင်တဲ့သူတွေအများကြီးကြားကနေ စီမံကိန်းကို အောင်မြင်အောင် လုပ်နိုင်ပါ့မလားကျိသန်းယန်၊ ...
9
TMDb:
9/10
1 votes
tv
Unshakable Faith ( 2023 )
2023
Love is Panacea ( 2023 )
love is panacea ဆိုတဲ့ဇာတ်ကားကောင်းလေးကိုတော့ ပရိတ်သတ်တွေ အားလုံးလည်းရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီးမင်းသား Luo Yun Xi နဲ့ မင်းသမီး Zhang Ruo Nan တို့က အဓိကမင်းသား မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးတော့ : ဆေးပညာအသိုင်းအဝိုင်းကနေမွေးဖွားလာတဲ့ Gu Yun Zheng လို့ခေါ်တဲ့ လူငယ်လေးဟာ ဆေးဘက်ဆိုင်ရာဉာဏ်ကြီးရှင်တစ်ဦးလည်းဖြစ်တဲ့အပြင် နိုင်ငံတွင်း အငယ်ဆုံး အာရုံကြောခွဲစိတ်အထူးကု ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ် ။ သူက ဉာဏ်ကောင်းကာ ချောမောပြီး ဆေးရုံမှာဆို ဆွဲဆောင်မှု့အရှိဆုံးဆရာဝန်တစ်ယောက်ဖြစ်ပါတယ် ။ အဲဒီလိုချောမောပြီး ဉာဏ်ကောင်းလွန်းတာကြောင့် သူကောလိပ်တက်နေစဉ်ကတည်းက မိန်းကလေးတော်တော်များများရဲ့ စိတ်ကူးယဉ်အိပ်မက်ကလေးလည်း ဖြစ်ခဲ့ရပြန်ပါတယ် ။ဒေါက်တာကုရဲ့ တစ်ဘဝစာ ရည်မှန်းချက်ပန်းတိုင်ကတော့ " လူငယ်အာရုံကြောခွဲစိတ် ဆရာဝန်တွေကိုပေးအပ်တဲ့ Wang Zhong Cheng ဆုတံဆိပ်" ကိုရရှိဖို့ပါတဲ့ ။ ဒါပေမဲ့ သူအာဖရိကမှာအလုပ်လုပ်နေစဉ်အတောအတွင်းမှာပဲ ဒေါက်တာကုဟာ MBBS ပဉ္စမနှစ်ကျောင်းသူလေး Su Wei An လို့ခေါ်တဲ့ သူ့ဘဝရဲ့ ချစ်ခြင်းမေတ္တာလေးနဲ့တွေ့ဆုံခဲ့ပါတော့တယ် ။ Su Wei An ...
Love is Panacea ( 2023 )
2023
8.167
The Knockout (2023)
CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မှာတော့အက်ရှင်၊ ဒရမ်မာ၊ မှုခင်းရသမျိုးစုံ ကိုခံစားကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ဒီဇာတ်ကားမှာတော့ ကျင်းဟိုင်မြိုရဲ့ ရှေ့တန်းရာဇဝတ်မှုခင်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အန်းရှင်းတစ်ယောက်သူ့မြိုက လူဆိုးလူမိုက်တွေရဲ့ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်ချစားမှုတွေနဲ့ပဲတစ်ချိန်လုံးရင်ဆိုင်နေရပေမယ့် ဘယ်တုန်းကမှအနိုင်မရခဲ့ပါဘူး။ဒါကြောင့်မို လင်ကျန်း ပြည်နယ်စုက အမျိုးသားအဆင့်နိုင်ငံရေးနဲ့ဥပဒေရေးရာပညာပေးပြုပြင်မွန်းမံမှုတွေ သင်ယူထားတဲ့သူတွေကို ကျင်းဟိုင်ကိုစေလွှတ်ပြီးကျင်းဟိုင်ကဥပဒေရေးရာအဖွဲစည်းတွေနဲ့ ပူးပေါင်း ပြီးတဲ့နောက် ဘယ်တုန်းကမှတရားမျှတမှုရအောင်မလုပ်နိုင်ခဲ့တဲ့ ရာဇဝတ်မှု၊ အကျင့်ပျက်ချစား မှုတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတာတွေ...အဲ့ဒီအခါ ကျင်းဟိုင်မှာ နှစ်အတော်ကြာအုပ်စိုးပြီး ဥပဒေကိုသူတိုလက်ခုပ်ထဲကရေလိုကျင့်သုံးနေကြတဲ့လူဆိုးဂိုဏ်းတွေရဲ့အရှိန်ဝါက ဘယ်လိုမျိုးကျဆင်းသွားမလဲဆိုတာတွေ… ကိုCM ပရိသတ်တွေအနေနဲ့ ရင်ခုန်ခံစားကြည့်ရှုနိုင်ဖိုအတွက် တင်ဆက်လိုက်ရပါတယ်နော်သရုပ်ဆောင်တွေကတော့ CM ကနေတင်ဆက်ပေးဖူးတဲ့ Rating အများကြီးရရှိခဲ့တဲ့Operation Red Sea ထဲက မင်းသား Zhang Yi က အန်းရှင်းအဖြစ်သရုပ်ဆောင်ထားပြီးတော့နာမည်ကြီး မင်းသမီးချော Li Yi Tong တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်…(အညွှန်းရေးသားထားသူကတော့ Su Myat Nyut Lin ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : ...
8.167
TMDb:
8.167/10
42 votes
tv
The Knockout (2023)
2023
6.5
The Legend of Dancing Prince ( 2013 )
“ခန်းနားကြီးကျယ်လွန်းလှတဲ့ ယဥ်ကျေးမှု အမွေအနှစ်တွေရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မသိနိုင်တဲ့ ကြီးမားလှတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကတော့ ရှိစမြဲပါပဲ”ပျူနိုင်ငံတော်(ရှေးခေတ်မြန်မာနိုင်ငံတော်) ရဲ့ ဘုရင်ဟာ ပျူမင်းသား သုနန္ဒ ဦးဆောင်တဲ့ ပျူနိုင်ငံတေးဂီတအဖွဲ့ကို စေလွှတ်ပြီး ပြည်သရေခေတ္တရာမြို့တော်မှတစ်ဆင့် ချန်အန်းမှာရှိတဲ့ ထန်မင်းဆက်နန်းတော်ကို ဖျော်ဖြေစေဖို့ စေလွှတ်ခဲ့ပါတယ် စေလွှတ်ရခြင်းရဲ့ အကြောင်းပြချက်ကတော့ ထန်မင်းဆက်နဲ့ ဆက်ဆံရေး အဒွန့်ရှည်စေဖို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် ကူညီနိုင်စေဖို့ အတွက်ပါသုနန္ဒဒီတာဝန်ကို ထမ်းရွက်နေစဥ်အတွင်းမှာ ခရီးစဥ်က ဖျောင့်ဖြူးခြင်းမရှိခဲ့ပါဘူး သုနန္ဒ မင်းနေပြည်တော်ကနေပြီး ထွက်သွားတာကို အခွင့်အကောင်းယူကာ ပျူနိုင်ငံတော်ရဲ့ စစ်သူကြီးဖြစ်သူ ကျားလော်နက အရှင်မင်းကြီးကို လုပ်ကြံသတ်ဖြတ်ပြီး ထီးနန်းကို အပိုင်သိမ်းယူဖို့ ကြံစည်နေခဲ့တာပါဒါပေမဲ့လို့ စစ်သူကြီးရဲ့ မွေးစားသားဖြစ်သူ စူးကျွယ်ဟာ သုနန္ဒနဲ့ ညီအစ်ကိုလို ခင်မင်နေခဲ့တာကိုတော့ သူမသိရှာခဲ့ပါဘူး စူးကျွယ်ဟာ သုနန္ဒကို မွေးစားအဖေရဲ့ အစီအစဥ်တွေကို ပြောပြလိုက်ပြီးနောက်မှာတော့ သုနန္ဒဟာ စူးကျွယ်ကို မိမိအနေနဲ့ ဟန်ဆောင်ခိုင်းခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့ထဲကို လိုက်သွားစေခဲ့ပါတယ်တစ်ဆက်ထဲမှာပဲ ကြာပန်းလိုလှပ နူးညံ့လှတဲ့ မိန်းမပျိုလေး ယင်းမာစန္ဒီရဲ့ နူးညံ့လှတဲ့လှတဲ့ ပုံပန်းသွင်ပြင်နောက်ကွယ်မှာ ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု သိုဝှက်ထားတယ်ဆိုတာ ဘယ်သူကမှ မသိခဲ့ပါဘူး အခက်အခဲများစွာ အတားအဆီးပေါင်းများစွာကို ဖြတ်သန်းပြီး ချန်အန်းကို ရောက်တဲ့အခါမှာတော့ -❏ ...
6.5
TMDb:
6.5/10
2 votes
tv
The Legend of Dancing Prince ( 2013 )
2013