Channel Myanmar

BBC One

The Mallorca Files (2019- 2024) 7
The Mallorca Files (2019- 2024) The Mallorca Files (2019) Season 1 Genre – Crime, Drama IMDB – 6.7/10စပိန်နိုင်ငံရဲ့ လှပတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာ ခပ်မြူးမြူးတီးလုံးလေးတွေနဲ့အတူ လူမျိုးမတူ စရိုက်မတူတဲ့ စုံထောက်နှစ်ဦး ဒုစရိုက်မှုတွေကို လိုက်လံဖြေရှင်းကြတာ ကြည့်ရမယ့် BBCထုတ် စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။စုံထောက်ဘလိတ်ခ်ဆိုတာက ဗြိတိသျှသူတစ်ယောက်။ မယောရ်ကာကျွန်းပေါ်ကနေ လူဆိုးတစ်ယောက်ဖမ်းလာပြီး လန်ဒန်ကို ပြန်ပို့ရတော့မှာ။အဲဒီမှာတင် လူဆိုးက အသတ်ခံရပြီး ပြဿနာတက်တော့ အထက်အရာရှိက လန်ဒန်ကိုပဲ ပြန်လာပါတော့ သူတို့ ဖြေရှင်းပေးမယ်ဆိုတာကို လက်မလျှော့ချင်တဲ့စိတ်နဲ့ ဆက်နေပြီး ဖြေရှင်းဖို့ ဖြစ်လာတော့တယ်။ဒါပေမဲ့လည်း မယောရ်ကာရဲဌာနကတော့ တစ်ယောက်တည်း မလိုက်နဲ့ အဖော်ထည့်ပေးမယ်ဆိုပြီး ထူးထူးခြားခြား အမှုလိုက်တတ်တဲ့ လူပျော်ကြီး ဂျာမန်စုံထောက်မက်စ်နဲ့ ထည့်ပေးလိုက်ရော။အဲဒီမှာတင် အလုပ်ဆိုရင် ရုပ်တည်ကြီးနဲ့ စနစ်တကျ မပြုံးမရယ် အသေကောင်လိုပဲ လုပ်တတ်တဲ့ ဗြိတိသျှသူနဲ့ ဘာနေနေ ကပျက်ကချော်နဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ပဲ ပေါက်ကရ လုပ်တတ်တဲ့ ဂျာမန်သားတို့ နှစ်ယောက်ပူးပေါင်းပြီး စပိန်နိုင်ငံက မယောရ်ကာကျွန်းလေးပေါ်က ရာဇဝတ်မှုတွေကို ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရမှာပါ။Season တစ်ခုကို ...
7
TMDb: 7/10 31 votes
tv

The Mallorca Files (2019- 2024)

2019
Doctor Who (2024) 6.4
Doctor Who (2024) Sci-ficလာကမှာ ဂုရုစီးရီးကြီးဖြစ်တဲ့ Doctor Who... 1960 ကျော်ကာလထဲက ထွက်ရှိခဲ့တာဖြစ်ပြီး အပိုင်းအများဆုံး scifi serie အဖြစ်လည်းဂင်းနစ်စံချိန်တင်ထားပါတယ် ... BBC ရဲ့ ရှေ့ဆောင်လမ်းပြစီးရီးကြီးဖြစ်ခဲ့ပါတယ်..အရှေ့မှာ Doctor Who အတွဲ 14 တွဲအထိထွက်ရှိခဲ့ပြီး အခုက ဇာတ်လမ်းကျောရိုးမပြောင်းလဲဘဲ သရုပ်ဆောင်အသစ်တွေနဲ့ မိတ်ဆက်လာတဲ့အတွက် အရင်စီစဉ်တွေမကြည့်ထားလည်းဒီစီးရီးနဲ့ Doctor Who universe ကိုကောင်းကောင်းနားလည်သွားပါလိမ့်မယ်... ဇာတ်လမ်းအကျဉ်းက ဒေါက်တာဟူးဆိုတာအချိန်ခရီးသွား ဂ်ြုလ်သားတစ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့ စက်ယန္တရားနဲ့ စကြ၀ဠာရဲ့ကြိုက်တဲ့နေရာနဲ့အချိန်ကို ခရီးသွားနိုင်ပြီး အသက်လည်း နှစ်ထောင်ချီနေတဲ့ immortal တစ်ယောက်ပါ သူသေသွားလည်း နောက်ထပ်ပုံစံ ခန္တာအသစ်နဲ့ ပြန်၀င်စားနိုင်တဲ့အတွက် အတော်လေးကြမ်းပါတယ် အခုစီးရီးမှာမြင်တွေ့ရမယ့် ဒေါက်တာဟာလည်း 15 ယောက်မြောက် ဒေါက်တာဖြစ်ပါတယ် ...တစ်ပိုင်းနဲ့တစ်ပိုင်း ဖြေရှင်းစရာ ပြဿနာတစ်ခုစီနဲ့သွားတဲ့အတွက်ကြည့်ရတာ အထနှေးပြီးပျင်းတာမျိုးမဖြစ်ရပါဘူး .. သဘာ၀လွန်ဖြစ်ရပ်တွေ ၊.ဂြိုလိသားတွေ ၊.ကမ္ဘာပျက်ကိန်းတွေကနေ လူသားတွေကို ကယ်တင်မယ့် ...
6.4
TMDb: 6.4/10 68 votes
tv

Doctor Who (2024)

2024
Beyond Paradise (2023) 6.8
Beyond Paradise (2023) ဒီတစ်ခါမှာတော့ မှုခင်းဇာတ်လမ်းတွဲလေးဖြစ်တဲ့ Beyond Paradise ဆိုတဲ့စီးရီးလေးကိုတင်ဆက်ပေးချင်ပါတယ်IMDB rating- 7.3/10 ရှိပါတယ်ဟမ်ဖရေဂွတ်မန်းဆိုတဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်ဟာ စိတ့်မာရီမြို့မှာတာဝန်ထမ်းဆောင်နေရာကနေ သူ့ချစ်သူမာသာနဲ့စေ့စပ်အပြီးမှာ မာသာရဲ့ဇာတိဖြစ်တဲ့ Shipton Abbott မှာပဲ သာယာအေးချမ်းတဲ့မိသားစုဘဝအသစ်လေးစတင်ဖို့အတွက် ရှစ်ပ်တန်ရဲစခန်းကိုပြောင်းရွှေ့လာခဲ့ပါတယ်အဲ့ဒီတိတ်ဆိတ်အေးချမ်းတဲ့မြို့လေးမှာ အပူအပင်မရှိပဲဘဝကိုအေးဆေးသာယာစွာဖြတ်သန်းမယ်လို့မျှော်လင့်ခဲ့တာပါ ဒါပေမဲ့ သူတို့ထင်ထားသလိုမဟုတ်ဘဲ ပြစ်မှုတွေတစ်ခုပြီးတစ်ခုပေါ်လာတော့ အဲ့အမှုတွေကိုဖြေရှင်းဖို့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ စုံထောက်အက်စတာဝီလီယံရယ် ကယ်လ်ဘီဆိုတဲ့ရဲဝန်ထမ်းလေးရယ် ရုံးထိုင်စာရေးဖြစ်တဲ့အသက်အကြီးဆုံးမာဂိုမာတင်စ်ရယ် သူတို့တွေအားလုံးစုပေါင်းပြီး အမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ်ဟမ်ဖရေရဲ့အထင်ကြီးစရာကောင်းလောက်တဲ့စုံစမ်းရေးအရည်အချင်းတွေနဲ့ အဲ့ဒီမြို့လေးကိုအရင်လိုအေးချမ်းသာယာအောင်ပြန်ပြီးလုပ်ပေးနိုင်ပါ့မလား.... File size…(1.6 GB)/(657 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:58:00 Genre...Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby JaneSeason (1)Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / StreamwishEpisode 1 1080p  -  Yoteshin / ...
6.8
TMDb: 6.8/10 20 votes
tv

Beyond Paradise (2023)

2023
Blue Lights (2023) 7.558
Blue Lights (2023) Blue Lights  (2023) IMDb: 8.1/10 Genre: Crime/Drama/Thrillerဒီဇာတ်လမ်းတွဲကို BBCက ရိုက်ကူးထုတ်လွှင့်ထားတာဖြစ်ပြီး မြောက်အိုင်ယာလန်အခြေစိုက် မှုခင်းဇာတ်လမ်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက အမှုအခင်းတွေကိုအဓိကအသားပေးထားတာမဟုတ်ဘဲ ရဲစခန်းတစ်ခုရဲ့ လုပ်ထုံးလုပ်နည်း‌တွေ အထက်အောက်ဆက်ဆံ‌ရေးတွေ၊ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ဘဝကို ပေါ်လွင်အောင်ဖန်တီးရိုက်ကူးထားတာပါ။Rating တွေလည်း အတော်မြင့်ပါတယ်။ IMDb 8.1နဲ့ RT 91%အထိ ရထားတာပါ။ ဇာတ်လမ်းအကျဉ်းကရဲအလုပ်သင်လူသစ် သုံး‌ယောက်ဖြစ်တဲ့ အဲလစ် ကော်လွန်နဲ့ တွမ်မီတို့ရဲ့ လူသစ်ဘဝပြဿနာပေါင်းစုံတွေလူဟောင်းတွေဖြစ်တဲ့ ဂျယ်ရီ နေးလ် ဂျန်တို့နဲ့ လူသစ်တွေကြားဆက်ဆံရေးတွေ၊ကင်းလှည့်ရဲ ဖြစ်တာနဲ့အညီ နိစ္စဓူဝ ကြုံရတဲ့အမှုသေးအစ အမှုကြီးအဆုံး လိုက်ဖြေရှင်းရတာ‌တွေနဲ့အတူသူတို့စခန်းအခြေစိုက်ရာ မြို့မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းနဲ့ရင်ဆိုင်ရပုံတွေကို ကြည့်ရမှာပါ။ဒါ့အပြင် စခန်းနဲ့ မဆိုင်တဲ့အစိုးရထောက်လှမ်းရေးတွေရဲ့ ခြေချင်းလိမ်နေပုံတွေ၊ ဌာနချင်း ပွတ်တိုက်မှုတွေ၊နောက်ကွယ်က ခြစားမှု လူလည်ကျမှုနဲ့နိုင်ငံရေးအရှုပ်တွေကိုပါ မြင်ရမယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ်။ File size…    1.9 GB /  582 MB Quality… BluRay 1080p ...
7.558
TMDb: 7.558/10 52 votes
tv

Blue Lights (2023)

2023
The Outlaws S03 (2024) [ Complete ] 7.523
The Outlaws S03 (2024) [ Complete ]  လူမှုရေးလုပ်ငန်းတွေနဲ့အပြစ်ကြွေးဆပ်နေရတဲ့ အမြဲငြင်းခုံနေကြတဲ့ရာဇဝတ်သားခုနှစ်ယောက်ရဲ့The Outlaws စီးရီး Season 3 ထွက်ရှိလာပါပြီ။ဒီ Comedy စီးရီးရဲ့ Season 1 နဲ့ 2 မှာ ဇစ်မြစ်မသိတဲ့ငွေအိတ်ကြီးတစ်အိတ်ကိုကောက်ရခဲ့ကြတဲ့သူတို့ခုနှစ်ယောက်ဟာ လူဆိုးတွေလက်ကရော ရဲတွေလက်ကရောလွတ်အောင်လုပ်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ Season 3 မှာတော့ ရာနီက လူသေအလောင်းတစ်ခုနဲ့အတူပြန်လည်ရောက်ရှိလာပြီး သူကိုယ်တိုင်တောင်မသိတဲ့လူတစ်ယောက်က သတ်သွားတာပါလို့ဆိုခဲ့ပါတယ်။ရာနီကိုကူညီပြီး အလောင်းဖျောက်ပေးခဲ့ကြပေမယ့်ရာနီသတ်တာဖြစ်နိုင်တယ်လို့လည်း သံသယရှိနေခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲ သူတို့အမှုဆင်လို့အချုပ်ထဲရောက်သွားတဲ့လန်ဒန်မူးယစ်ရာဇာသယ်ဒင်းကလည်း တရားခွင်ပြီးတာနဲ့သူတို့ကိုသတ်ဖို့ကြိမ်းဝါးနေပြီဖြစ်ပါတယ်။ လူသတ်မှုမှာပါဝင်ပတ်သက်မိကြတဲ့သူတို့ခုနှစ်ယောက်ဟာသယ်ဒင်းအချုပ်ထဲကပြန်ထွက်လာပြီး အရမ်းနောက်ကျမသွားခင်မှာ လူသတ်မှုကနေလွတ်အောင်ကြိုးစားနိုင်မှာလားဆိုတာဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။  File Size – 979MB / 406MB @EpisodeQuality – WEB-DL 1080p5.1CH , 720pDuration – 58 minute (@Episode)Total Episodes: 5 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy , Crime , DramaTranslator ...
7.523
TMDb: 7.523/10 86 votes
tv

The Outlaws S03 (2024) [ Complete ]

2024
Inside Man (2022) 6.6
Inside Man (2022) Inside Man (2022) =============== IMDb Rating - 6.6./10Games of Thorne , Sherlock Holmes စတဲ့ အကောင်းဆုံး ဇာတ်လမ်း တွဲတွေကို ထုတ်လွှင့်ခဲ့တဲ့ BBC ကနေ တာဝန်ယူထုတ်လွှင့်ထားတဲ့ စုံထောက် လူသတ်ဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းတွဲ ဆိုပေမယ့် ၄ ပိုင်းထဲပါပြီး ၄ နာရီကြာဇာတ်ကားတစ်ခုလို အတော်လေးကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး British မင်းသား David Tennat နဲ့ ရာဇ ဝတ်ကားတွေဆို နောက်ကွယ်ကဉာဏ်ကြီးရှင် Master mind နေရာမှာပါဝင် နေကြ Stanley Tucci တို့က ပါဝင်အားဖြည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရာဇဝတ်မှုပိုင်းဆိုင်ရာပညာနဲ့ ပါရဂူဘွဲ့ရခဲ့ပြီး မှုခင်းလောကရဲ့ နာမည်ကြီးစုံထောက်ကြီး...ဂျက်ဖာဆင်ဟာ ကိုယ့်မိန်းမကို သတ်မှုနဲ့ ထောင်ကျနေခဲ့တာ ၁၀ နှစ်ရှိပါပြီ။ ရိုးရိုးသတ်တာမဟုတ်ဘဲ ခေါင်းပါ ဖြတ်ခဲ့လို့ သေမိန့်ကျထားခံရသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပညာဟာ ထောင် ထဲရောက်သွားတောင် အကျိုးပေးနေပါသေးတယ်။ အပြင်လောကက မနိုင် တော့တဲ့ အမှုမှန်သမျှကို ရဲ, စုံထောက်တွေက ...
6.6
TMDb: 6.6/10 36000 votes
tv

Inside Man (2022)

2022
Steeltown Murders (2023) 7.1
Steeltown Murders (2023) Steeltown Murders (2023) ==================== IMDb Rating - 7.1/10(function(f,b,n,j,x,e){})();မှုခင်းဇာတ်လမ်းတွဲတွေကို ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ ကြည့်ချင် တယ်ဆိုရင်ဒီဇာတ်လမ်းကိုကြည့်ပါ။ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူသတ်သ မားအကြောင်းကို ရေးသားထားတဲ့စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb rating 7.1, Rotten Tomatoes 78% ရရှိထားပြီး BBC One ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တာပါ။ အပိုင်းကလည်း (၄)ပိုင်းတည်းမို့ အချိန်အများကြီးပေးစရာမလိုဘဲ ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၃ ကနေ ၂၀၀၀ ခုနှစ်အစောပိုင်းတွေမှာ ဝေးလ်ပြည်နယ်က ပေါ့တ်တဲဘက်မြို့နား တစ်ဝှိက်မှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး လည်ပင်းညှစ်သတ်တဲ့ ကွင်းဆက်လူသတ်သမား သောင်း ကျန်းခဲ့ပါတယ်။ အစောပိုင်းကာလတွေမှာ နည်းပညာမပြည့်စုံမှုကြောင့် လူသတ်သမားကို မဖမ်းမိခဲ့ပေမယ့် နောက်ပိုင်းမှာ အမှုနဲ့ ပတ်သက်တဲ့ သက် သေကို ပြန်လည်တွေ့ရှိခဲ့တာကြောင့် ရဲတွေက အမှုကို ပြန်လိုက်ဖို့အတွက် အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့စည်းကာ ခေတ်မီမှုခင်းဆေးသိပ္ပံပညာတွေနဲ့ လူသတ်သ မားကို ဖမ်းဆီးဖို့ ကြိုးစားကြပုံကို မြှုပ်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှု ရမယ့် ဇာတ်လမ်းကောင်းလေးပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Leonard ...
7.1
TMDb: 7.1/10 2500 votes
tv

Steeltown Murders (2023)

2023
The Reincarnated Lovers ( 2023 ) 3.9
The Reincarnated Lovers ( 2023 ) ဒီဇာတ်လမ်းလေးက ခုနောက်ပိုင်း လူကြိုက်အများဆုံး ဇာတ်လမ်း genre တွေထဲက တစ်ခုဖြစ်တဲ့ Reborn ပုံစံဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ထန်ဝမ်ဝမ်တစ်ယောက် သူမရဲ့ မင်္ဂလာဆောင်နေ့ကြီးမှာပဲ သတို့သားဖြစ်သူ ရှောင်ရွှမ်ယိဆီကနေ အသတ်ခံရဖို့ဖြစ်လာပါတယ် ။ အဲဒါကြောင့် သူက သူ့ရဲ့သူတို့သားလောင်းကို မုန်းတီးပြီး သတ်ပစ်လို့ရမဲ့အခွင့်အရေးကို တ‌ချိန်လုံးရှာဖွေနေခဲ့ပါတယ် ။(function(f,b,n,j,x,e){})();ဒီလိုနဲ့ တစ်နေ့မှာ ထန်ဝမ်ဝမ်တစ်ယောက် ရှောင်ရွှမ်ယိကိုသတ်ပစ်ဖို့ အခွင့်အရေးရလာပြီး သူ့ကိုယ်သူလည်းသတ်သေလိုက်ဖို့ရွေးချယ်လိုက်ပါတယ် ။ ဒါပေမဲ့ မမျှော်လင့်ထားစွာနဲ့ သူမဟာလွန်ခဲ့တဲ့ ၃နှစ် မတော်တဆတွေမဖြစ်ခင် အချိန်မှာ ပြန်လည်မွေးဖွားလာခဲ့ပါတယ် ။ သူမက သူမတစ်ယောက်တည်း ပြန်လည်မွေးဖွားလာတယ်ထင်ပေမဲ့ သူသတ်လိုက်တဲ့ သူ့သူတို့သားဖြစ်သူကပါ အရင်ဘဝကမှတ်ဉာဏ်တွေရှိနေချိန်မှာတော့....သူတို့နှစ်ယောက်ဘဝအသစ်မှာ အချစ်အသစ်တွေပေါက်ဖွားလာမလား ? တတိယလူပေါ်လာခဲ့ရင် သူတို့နှစ်ယောက်ကြားဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်============================Quality : WEB-DL 1080p , 720p Total Episodes ; 26 Format : mp4 Genres : Drama , Romance , Fantasy Runtime : 15 min Subtitle : Myanmar Subtitle ( ...
3.9
TMDb: 3.9/10 5 votes
tv

The Reincarnated Lovers ( 2023 )

1988
Vigil (2021) (Seasaon 1+2) 8.8
Vigil (2021) (Seasaon 1+2) Vigil (2021) Season 1=======================================IMDb Rating - 7.5/10ဒီစီးရီးကို Quality content​တွေပဲ ရိုက်တတ်တဲ့ BBC One ရုပ်သံလိုင်းက​နေထုတ်လွှင့်တာဖြစ်ပြီး အပိုင်း ၆ပိုင်းပဲ ပါဝင်တဲ့Limited Miniseries ဖြစ်ပါတယ်၊ IMDb -7.5 , Rotten Tomatoes - 71%ရရှိထားပြီး Critic review​ကောင်း​တွေ အများကြီးရထားတဲ့ စီးရီးပါ၊ ​British ဝါရင့်မင်းသမီး Suranne Jones နဲ့ GOTထဲမှာ Ygritte အဖြစ် သရုပ်​ဆောင်ထားတဲ့ မင်းသမီး​ချောRose Leslieတို့က ​ခေါင်း​ဆောင်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။HMS Vigilဆိုတာ ဗြိတိန်​ကျွန်းစုရေပိုင်နက်ကို ကင်းလှည့်စစ်ဆင်​ရေး လုပ်​ပေးရတဲ့ ​​​တော်ဝင်​ရေတပ်ထဲက ရေငုပ်သင်္ဘောကြီး​တစ်စင်းပါ၊ တစ်​နေ့မှာ Vigil ကမ်းလှည့်တာဝန်​ ဆောင်ရွက်​နေတဲ့အချိန်အတွင်း စ​ကော့တလန် ငါးဖမ်းစက်​လှေတစ်စီးက ပ​ဟေဠိဆန်စွာ​ရေ​အောက်ကိုဆွဲချနှစ်မြုပ်ခံလိုက်ရပါတယ်၊ မ​ရှေးမ​နှောင်းပဲ သင်္ဘောကြီး​ပေါ်က တပ်ကြပ်အရာရှိ Craig Burkeဟာလည်းHeroinအသုံးလွန်ပြီး ...
8.8
TMDb: 8.8/10 22 votes
tv

Vigil (2021) (Seasaon 1+2)

2021
Blue Planet II (2017) 9.3
Blue Planet II (2017) ကမ္ဘာကြီးအကြောင်း documetary တွေကို နောက်ခံစကားပြောပေးနေတဲ့ David Attenborough ပါဝင်တဲ့ The Blue Planet ရဲ့ season 2 ထွက်ရှိလာပါပြီ။ IMDB 9.3 ရရှိထားတဲ့ BBC ရဲ့ဒီ documentary မှာတော့ ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးတွေ၊ ပင်လယ်ကြမ်းပြင်တွေမှာရှိတဲ့ သတ္တဝါတွေ၊ သန္တာကျောက်တန်းတွေအကြောင်း ဆက်လက်ရိုက်ကူးထားပြီး ဒါတွေတင်မကပဲ ပညာရှင်တွေကိုယ်တိုင် သွားရောက်လေ့လာတာကိုရော ကြုံတွေရတဲ့အခက်အခဲတွေ၊ ရှာဖွေတွေ့ရှိမှုတွေကိုပါ ထည့်သွင်းရိုက်ကူးထားတဲ့ documentary တစ်ပုဒ်ဖြစ်ပါတယ်။ File size…  3 GB /  1 GB Quality… BluRay 1080p / 720p Format… mp4 Duration….  60 m Genre ..... Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by..  Kasashi , Elizabeth Khant , Orika , JimX ...
9.3
TMDb: 9.3/10 219 votes
tv

Blue Planet II (2017)

2017
The Blue Planet (2001) 8.2
The Blue Planet (2001) The Blue Planet (2001)ကမ္ဘာ့မျက်နှာပြင် ၇၁ ရာခိုင်နှုန်းဟာ ရေထုတွေဖြစ်ပြီးကမ္ဘာပေါ်မှာ ရှိသမျှ ရေအားလုံးရဲ့ ၉၆ ဒဿမ ၅ ရာခိုင်နှုန်းကတော့ပင်လယ်ရေပဲဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ၆၀ ရာခိုင်နှုန်းလောက်က ရေတွေဖြစ်ပြီး ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိပါသေးတယ်၊ ဒီလို လူ့ခန္ဓာကိုယ်အတွက် ရေဟာ အရေးကြီးသလို ကမ္ဘာကြီးအတွက်လည်း ရေဟာ အရေးကြီးတဲ့ ဒြပ်စင်တစ်ခုပါပဲ။ ဒီလိုအရေးကြီးတဲ့အရာကို ထိန်းသိမ်းစောင့်ရှောက်ပြီး စည်းကမ်းတကျ အသုံးပြုတတ်ဖို့က ကျွန်တော်တို့တွေရဲ့ တာဝန်တစ်ခုပါပဲ။  ဒီ documentary series မှာတော့ ပင်လယ်သမုဒ္ဒရာအတွင်းမှာ နေထိုင်ကျက်စားကြတဲ့ အဏ္ဏဝါသတ္တဝါတွေအကြောင်းကို ကျယ်ပြန့်စွာ ရိုက်ကူးထားပါတယ်။ ကဲ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ သတ္တဝါပေါင်းများစွာက ဘယ်လိုပုံစံမျိုးနဲ့ ကျင်လည်ကျက်စားနေကြမလဲ၊ သူတို့ရဲ့ အစာစက်ကွင်းတွေ ထူးခြားချက်တွေကို ကျွန်တော််တို့ အတူတူကြည့်ရှုခံစားရင်း အဏ္ဏဝါလောကထဲ အလည်သွားကြရအောင်ပါ... (Website လေးတစ်ခု လမ်းညွှန်ချင်ပါတယ်) အဏ္ဏဝါလောကနဲ့ပတ်သက်ပြီး စိတ်ဝင်စားသူများ လေ့လာချင်သူများအတွက် သမုဒ္ဒရာရေအနက်အလိုက် နေထိုင်‌တတ်တဲ့ သတ္တဝါတွေကို ကြည့်လို့ရမယ့် website လေးတစ်ခုလည်း ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ် Website Link - Click Here File size…  800 mb Quality… Blu-Ray 1080p Format… ...
8.2
TMDb: 8.2/10 297 votes
tv

The Blue Planet (2001)

2001
World on Fire (2019)(2023) 7.885
World on Fire (2019)(2023)  "စစ်ပွဲတိုင်းဟာ အစပိုင်းမှာ မတူညီတဲ့ အကြောင်းတွေနဲ့ စတင်ခဲ့ကြပေမယ့်အဆုံးမှာတော့ အပြစ်မဲ့ ပြည်သူတွေအတွက် ရလဒ်ဆိုးတွေက အတူတူပါပဲ"တဲ့။ဒီဇာတ်လမ်းစီးရီးက ဒုတိယကမ္ဘာစစ် ကာလဝန်းကျင်ကို အခြေပြုပြီး ရိုက်ကူးထားတာပါ၊ပထမ ကမ္ဘာစစ်ကြီးအပြီးမှာ များစွာသော လူတွေဟာ နိုင်ငံစည်းလုံးရေးနဲ့အားကောင်းခိုင်မာတဲ့ ခေါင်းဆောင်ကောင်းကို လိုချင်လာခဲ့ကြတယ်။အီတလီက ဘန်နီတို မူဆိုလီနီမှ အစပြုပြီး ဂျာမနီမှာ အဒေါ့ ဟစ်တလာ၊ အင်္ဂလန်မှာအော့စ်ဝါ့ မိုးစလီ ဆိုပြီး ၁၉၂၅ နောက်ပိုင်းမှာ ဖက်ဆစ်ဝါဒီတွေ အားကောင်းလာခဲ့ပါတယ်။၁၉၃၉မှာ ဂျာမန်တွေ ပိုလန်ကို စတင် ကျုးကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မဟာမိတ်အင်္ဂလန်နဲ့ ပြင်သစ်က ဂျာမနီကို တုံ့ပြန် စစ်ကြေငြာလိုက်ခြင်းနဲ့ ဒုတိယကမ္ဘာစစ်ကြီးအစပြုခဲ့ပြီး ၁၉၄၅အထိ ခြောက်နှစ်တိုင် ကြာမြင့်ခဲ့တာပါ။ နာဇီတွေဝင်ရောက်လာခဲ့ပြီးကမ္ဘာ့စစ်မီးက ဥရောပနိုင်ငံ မြို့ကြီးတွေမှာ ပျံ့နှံ့လောင်ကျွမ်းလာတဲ့အခါမှီတင်းနေထိုင်ကြတဲ့ သာမန်ပြည်သူတွေ ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာခဲ့လဲဆိုတာကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်လာတဲ့အခါပြင်ပဒဏ်ရာတွေ တင်မကဘဲ ရုပ်ပျက်ဆင်းပျက် အနိဌာရုံတွေ မြင်ရပြီး ...
7.885
TMDb: 7.885/10 52 votes
tv

World on Fire (2019)(2023)

2019
The Woman in the Wall (2023) Complete 7.1
The Woman in the Wall (2023) Complete The Woman in the Wall (2023) Completed Mini Series ~ IMDb rating - 7.1/10 ~ ၁၈ ရာစုကနေ ၂၀ ရာစု (၁၇၅၈-၁၉၉၆) အထိ ရာစုနှစ်နှစ်ခုစာ ကမ္ဘာ့နိုင်ငံကြီးတချို့မှာ ရှိခဲ့ဖူးတဲ့ အမျိုးသမီးသီးသန့် ဘာသာရေး အကျဥ်းထောင်အကြောင်းကို ကြားဖူးကြလား။ ဘာသာရေး အကျဉ်းထောင်ဆိုတဲ့ စကားလုံးက ထူးဆန်းနေမှာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာ့အရှည်ကြာဆုံးစစ်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Crusade စစ်ပွဲကလည်း ရာစုနှစ်နှစ်စုစာ ကြာခဲ့တာပဲမဟုတ်လား။ ဒီအမျိုးသမီး အကျဥ်းထောင်တွေကတော့ Magdalene Asylums (မန်ဒလင်း စိတ်ရောဂါကုဆေးရုံ) သို့မဟုတ် Magdalene Laundries (မန်ဒလင်း အဝတ်လျှော်ရုံ) တွေပဲ ဖြစ်ကြပါတယ်။ မန်ဒလင်းဆိုတဲ့နာမည်က ယေရှုခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲခံရခြင်းနဲ့ ပြန်လည်ထမြောက်ခြင်းကို မျက်မြင်တွေ့ခဲ့တဲ့ အမျိုးသမီး သာဝကဖြစ်သူ မေရီမန်ဒလင်းရဲ့ နာမည်ကို အစွဲပြုပြီး ...
7.1
TMDb: 7.1/10 2 votes
tv

The Woman in the Wall (2023) Complete

2023
The Pact (2021) Season 01 + 02 Complete 7
The Pact (2021) Season 01 + 02 Complete The Pact (2021) Season 01 Complete ~ IMDb - 6.9/10, Rotten Tomatoes - 92% ~ ဉာဏ်ကြီးရှင် စုံထောက်တွေနဲ့ ဉာဏ်ကြီးရှင် ရာဇဝတ်ကောင်တွေ ပညာပြိုင်ပြီး ပစ်နေခတ်နေ ချနေနှက်နေ ရှုပ်ယှက်ခတ်နေတဲ့ စုံထောက်ကားတွေကို အနားပေးပြီး အေးဆေးဆေးဆေး စုံထောက်ဇာတ်လမ်းကို ကြည့်ချင်ရင်တော့ ဒီ Series လေးကို အကြိုက်တွေ့မှာသေချာပါတယ်။ Cruel Summer လို၊ American Horror Story လို Anthology Series မျိုးဖြစ်လို့ ပထမ Season နဲ့ နောက် Season ကတော့ ဇာတ်လမ်းတူမှာမဟုတ်ပါဘူး။ ဒီ Series တွေရဲ့ ပုံစံကတော့ အသိုင်းအဝိုင်းလေးတစ်ခုထဲမှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုဖြစ်သွားပြီး ခက်ခဲတဲ့အခြေအနေမှာ သူတို့ကြားက သစ္စာရှိမှုကို မှတ်ကျောက်တင်မယ့် အဖြစ်အပျက်လေးတွေကို ပြထားပါတယ်။ ...
7
TMDb: 7/10 32 votes
tv

The Pact (2021) Season 01 + 02 Complete

2021
The Sixth Commandment (2023) 7.9
The Sixth Commandment (2023) The Sixth Commandment (2023) Season 01 Complete ~ IMDb - 7.9/10, Rotten Tomatoes - 85% ~ အပိုင်းလေးပိုင်းပဲပါတဲ့ မှုခင်းဒရာမာကားပါ။ UK မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ် အခြေတည်ထားပါတယ်။ ကားနာမည်ကလည်း ဆဠမမြောက်ပညတ်တော်ဖြစ်သလို ဇာတ်ကားကလည်း လူသတ်ကားဖြစ်နေတော့ သူတစ်ပါးအသက်မသတ်ရဆိုတဲ့ ဆဠမပညတ်တော်နဲ့ ပြောင်းပြန်ပေးထားသလိုဖြစ်နေမှာပေမဲ့ တကယ်တော့ ဒီနာမည်ဟာ ဒီကားအတွက် အလိုက်ဖက်ဆုံးနာမည်လို့ပြောလို့ရပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်က ဘာသာရေးနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ပါပဲ။ သတ်တဲ့လူကလည်း ဖာသာလောင်းတစ်ယောက်လို့ပြောလို့ရတဲ့ ဉာဏ်ကောင်းတဲ့ ကဗျာရေးကောင်းတဲ့လူတစ်ယောက်ပေါ့။ အဲဒီလိုလူက လူသတ်ရတဲ့ ရည်ရွယ်ချက်ကတော့ မကောင်းနေပေမဲ့ အကြောင်းပြချက်ကောင်းတော့ရှိနေပြန်တာပါပဲ။ ပညာတတ်တွေမိုက်တဲ့အခါ ကမ်းကုန်အောင်ဆယ်ရခက်သတဲ့။ ဒီစီးရီးကတော့ သိပ်တော်သလို သိပ်လည်းရက်စက်တဲ့ လူတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို စိတ်ဝင်စားစရာကောင်းအောင်ရော ငြီးငွေ့စရာမကောင်းအောင်ရော လေးပိုင်းတည်းနဲ့အသက်သွင်းထားတာမို့ ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဇာတ်လမ်းတွဲပါပဲ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ...
7.9
TMDb: 7.9/10 5 votes
tv

The Sixth Commandment (2023)

2023
Great Expectations (2023) 7.4
Great Expectations (2023) Great Expectations (2023) Completed Mini-Series ချားလ်ဒစ်ကင်းရဲ့ Great Expectations ကို ရွှေဥဒေါင်းက ဘာသာပြန်ခဲ့ပြီး ၁၉၅၀ မှာ ဘာသာပြန်စာပေဗိမာန်ဆုရခဲ့တဲ့ " မျှော်တလင့်လင့် " ဆိုတဲ့စာအုပ်ကို စာသမားတော်တော်များများသိကြမှာပါ။ ဒစ်ကင်းဟာ ဒီကလူတွေရော တစ်ကမ္ဘာလုံးကလူတွေပါ ရင်းနီးပြီးသားဖြစ်တဲ့ ခရစ္စမတ်မာစတာပိစ် A Christmas Carol အပြင် Oliver Twist နဲ့ David Copperfield တို့လို စာတွေကို ရေးသားခဲ့တဲ့ ဂန္ထဝင်ကမ္ဘာကျော် စာရေးဆရာဆိုတာ အားလုံးအသိပါပဲ။ Great Expectations ဟာလည်း သူ့ရဲ့အကောင်းဆုံး စာအုပ်ထဲပါပြီး ခဏခဏရုပ်ရှင်ပြန်ရိုက်ခံရတဲ့ ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ဒီတစ်ခါဇာတ်လမ်းကိုတော့ Olivia Colman လို အော်စကာဆုရှင်မင်းသမီးကြီးနဲ့ နိုလန်ရဲ့ Dunkirk လိုကားမျိုးမှာ ဝင်သရုပ်ဆောင်ဖူးခဲ့တဲ့ Fionn Whitehead တို့က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကတော့ မိဘတွေသေသွားပြီး ...
7.4
TMDb: 7.4/10 5 votes
tv

Great Expectations (2023)

2023
Better (2023) 7
Better (2023) Better (2023) Completed Mini-Series ~ IMDb - 6.4/10, Rotten Tomatoes - 89% ~ အဂတိလိုက်စားမှုတွေ၊ ကိုယ်ကျင့်တရား၊ အသိစိတ်ဓာတ်နဲ့ အမှားအမှန်ခွဲခြားသိမြင်မှု၊ Friendship တွေကို စုံစုံလင်လင် မြင်တွေ့ရမယ့် မှုခင်း ဒရာမာစီးရီးအမျိုးအစားဖြစ်ပါတယ်။ လက်တွေ့ကမ္ဘာကို ရောင်ပြန်ဟပ်နေတဲ့ ငွေနောက်လိုက်တဲ့သူတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ရဲတွေ၊ မကောင်းမှုတွေ ကြီးစိုးနေတဲ့လောကကြီး အကြောင်းကို ပေါ်လွင်အောင် ပုံဖော်ထားတာဖြစ်တဲ့အတွက် ကြည့်ရမှာတန်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ စုံထောက်စစ်ဆေးရေးမှူး ဆလက်ဟာ သူ့အဖေခြေရာနင်းပြီး ထူးချွန် တာ၀န်‌ကျေတဲ့ ရဲတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ခင်ပွန်းနဲ့ ဆယ်ကျော်သက်အရွယ် အို၀မ်ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ အို၀မ်က ဦးနှောက်အမြှေးရောင်ရောဂါနဲ့ သေလုမျောပါးဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ ဆလက်က သူ အနှစ်၂၀လောက် ကျူးလွန်ခဲ့တဲ့ အမှားတွေကို ပြန်မြင်ယောင်ပြီး အသိ၀င်လာပါတော့တယ်။ တကယ်တော့ သူဟာ အများထင်သလို ပြည်သူ့ဘက်တော်သားတစ်ယောက်မဟုတ်ပါဘူး။ သူ့ငယ်သူငယ်ချင်း ...
7
TMDb: 7/10 5 votes
tv

Better (2023)

2023
The Gold(2023) 6.5
The Gold(2023)  အပိုင်း ၆ ပိုင်းပါဝင်သော အဆိုပါ ဗြိတိန်စီးရီးဟာ ၁၉၈၃ ခုနှစ်၊ လန်ဒန်မြို့ ဟိသရိုးလေဆိပ်အနီး၊ ဘရင့်စ်မတ်ကုန်လှောင်ရုံတွင်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန် ဓားပြတိုက်မှုအကြောင်းကိုအခြေခံကာရိုက်ကူးထားတာဖြစ်ပါတယ်။ ၎င်းဓားပြတိုက်မှုဟာ ထိုခေတ်အခါ၌ သမိုင်းတွင်အကြီးကျယ်ဆုံးသောဓားပြတိုက်မှုတစ်ခုဟု ပြောစမတ်ရှိခဲ့ကြပြီး စတာလင်ပေါင် ၂၆သန်းတန်ကြေးရှိတဲ့ ရွှေချောင်းများလုယက်ခံခဲ့ရတယ်။ အဆိုပါရွှေချောင်းများကိုဖျောကာ ဝေစားမျှစား လုပ်ကြဖို့အတွက်လန်ဒန်မြို့မှ လူတန်းစာအလွှာအသီးသီးမှဒုစရိုက်သမားများစုပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ အကြောင်းဆိုလည်းမမှားပါဘူး။ကြီးမြတ်လှသောဗြိတိန်မြေ၌ ခေတ်အဆက်ဆက်ကပျိုးထောင်လာခဲ့သောစနစ်တွေရှိကြပါတယ်။ အဆိုပါစနစ်များကြောင့်အကျိုးစီးပွားဖြစ်ထွန်းနေသူများဟာစနစ်ကိုတုံးတိုက်တိုက် ကျားကိုက်ကိုက်ကာကွယ်ဖို့အသင့်ပါပဲ။ ဗင်ကားလေးတစ်စီးပေါ်က လူခြောက်ယောက်နဲ့အစပြုခဲ့တဲ့ အဆိုပါအမှုဟာ မီးခိုးကြွက်လျှောက်ပဲ အမည်မဖော်လိုသူများအထိပါဝင်ပတ်သက်ခဲ့ပြီး ဒုစရိုက်သမားများကတစ်ဖက်၊ အာဏာရှိသူများကတစ်ဖက်၊ စကော့တလန်ရဲဌာနာချုမှတစ်ဖက် အားပြိုင်ကြတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ် File Size –  846 MB  /   391 MB  @EpisodeQuality – 720p / 1080pDuration –  58 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
6.5
TMDb: 6.5/10 4 votes
tv

The Gold(2023)

2023
The Tourist (2021) (1-6 END) 8
The Tourist (2021) (1-6 END) Fifty Shades of Grey မင်းသား Jamie Dornan ဦးဆောင်ပါဝင်ထားတဲ့ The Tourist ဆိုတဲ့ mini series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် HBO ကထုတ်လွှင့်တာကြောင့် အညံ့စားဇာတ်လမ်းတွဲဖြစ်မှာ စိတ်ပူစရာမလိုပါဘူး IMDB လည်း 7.4 လောက်ရရှိထားပြီး အပိုင်း ၆ ပိုင်းထဲအပြီးဖြစ်လို့ ၆ နာရီစာဇာတ်ကား တစ်ခုလိုမျိုး တစ်ဝကြီးကြည့်ရမှာပါဇာတ်လမ်းအညွှန်းကိုပြောရရင် လူတစ်ယောက်ဟာ အဝေးပြေးလမ်းမတစ်ခုမှာ ကားမောင်းလာရင်း သူ့ကိုထရပ်ကားတစ်စီးက အသေဆိုပြီးဝင်တိုက်ရာကနေ ကံကောင်းပြီး မသေဘဲ ဆေးရုံရောက်သွားပါတယ် ဒါပေမယ့် သူနိုးထလာတဲ့အခါမှာ သူဘယ်သူလဲ ဘယ်ကလာလဲ ဘယ်ကိုသွားနေလဲဆိုတာ ဘာမှ မမှတ်မိတော့ပါဘူး . ပိုဆိုးတာက သူကားမှောက်သွားတဲ့နေရာမှာ ရဲတွေကလည်း ပိုက်ဆံအိတ် ဖုန်း သက်သေခံအထောက်အထား ဘာတစ်ခုမှ မတွေ့ခဲ့တဲ့အတွက် သူလူဆိုးလား လူကောင်းလားဆိုတာ မသိနိုင်အောင်ဖြစ်နေပါတယ် ဒါပေမယ့် သူကားမှောက်တဲ့နေ့မှာ ဝတ်လာတဲ့ အင်္ကျီအိတ်ကပ်ထဲကနေ နေရာတစ်ခုကို ချိန်းထားတဲ့ အချိန်ရက်စွဲပါ စာရွက်ပိုင်းလေးတစ်ပိုင်းက တစ်ခုထဲသောလမ်းစဖြစ်နေပါတယ် စာရွက်မှာပါတဲ့ နေရာကို သူ့ဘဝကိုအဖြေရှာဖို့အတွက် သွားတဲ့အခါမှာ အခြေအနေတွေက သူထင်သလောက်မရိုးရှင်းနေခဲ့ပါဘူး သူ့ကိုကားနဲ့လိုက်တိုက်ပြီး လုပ်ကြံခဲ့တဲ့ လူတွေကရောဘယ်သူတွေလဲ သူ့ဘဝအမှန်ကို ပြန်မှတ်မိသွားမှာလားဆိုတာတော့ ကိုယ်တိုင်ပဲ ...
8
TMDb: 8/10 4 votes
tv

The Tourist (2021) (1-6 END)

2022
His Dark Materials (2022)( Season 1+2+3 ) 8
His Dark Materials (2022)( Season 1+2+3 )   His Dark Materials ဆိုတဲ့ series ကတော့ ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ၀က်ဝံနှစ်ကောင်ဖိုက်ကြတဲ့ the golden compass ဆိုတဲ့ကားရဲ့ extended series ပေါ့ ဒီဇာတ်လမ်းအခြေတည်ထားတဲ့ Universe ကိုကအဆန်း လူတွေက ရုပ်နဲ့ နာမ် ပေါင်းစည်းနေရမဲ့အစား သူတို့ နာမ် တနည်းအားဖြင့် soul က တိရစ္ဆာန်တွေအဖြစ်တည်ရှိနေတယ် လူတိုင်းမှာ soul creature တစ်​ကောင်စီရှိကြတယ် အဲ့ soul creature ကို daemon လို့ခေါ်တယ် daemon တွေဟာ သူ့ခန္တာပိုင်ရှင် စိတ်နေသဘောထားအတိုင်း form အမျိုးမျိုးလိုက်ပြောင်းကြတယ် ခန္တာပိုင်ရှင် အရွယ်ရောက်သွားမှ သူတို့နောက်ဆုံး form မှာပဲအနည်ထိုင်သွားကြတယ် ဇာတ်လမ်းအစမှာကတည်းက လိုင်ရာဆိုတဲ့ကောင်မလေးနဲ့ သူ့ daemon ကိုတွေ့ရမှာပါ series ဖြစ်တဲ့အတွက် plot ပိုင်းတော့သိပ်မပြောတော့ဘူး extraordinary ဖြစ်တဲ့ story ကိုမှကြည့်ချင်သူတွေအတွက်တော့ရှယ်ပဲ တစ်ကားလုံးအဆန်းတွေကြီး harry potter တို့လိုမဟုတ်ပဲ other universe တစ်ခုကိုရောက်သွားတဲ့ feel မျိုးရစေမှာပါ rating ကလဲ IMDb မှာ 8.7 rotten tomatoes မှာ 83% လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ ကြည့်သင့်တဲ့ series ...
8
TMDb: 8/10 1219 votes
tv

His Dark Materials (2022)( Season 1+2+3 )

2019