Channel Myanmar

Apple TV+

Dickinson (2019) 8.7
Dickinson (2019) Dickinson (2019) IMDB 7.6 / Rotten Tomatoes 92%မင်းသမီးလှလှလေးနဲ့ဇာတ်လမ်းလှလှလေး ကဗျာလှလှလေးတွေကို ဘာသာပြန်လှလှလေးတွေက တင်ဆက်ပေးထားလိုက်ပါပြီ။ကျွန်တော်တို့အချစ်တော်လေး Hailee Steinfeld နဲ့ မင်းသမီးချော Ella Hunt တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Dickinson series လေးကို တောင်းဆိုကြလွန်းလို့ ကိုယ်ထင်ပြပေးလိုက်ပါပြီဗျာ။ Apple Tv+ က ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး အောင်မြင်မှုများစွာလည်း ရရှိထားပါတယ်။Emily Elizabeth Dickinson ဆိုတဲ့ ထူးချွန်ထက်မြက်သော ကဗျာဆရာမအကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကဗျာဆရာမဆိုပေမဲ့ ထိုခေတ်ထိုအခါက အမျိုးသမီးများကို စာပေလောကမှ ဖယ်ကျဉ်မှုများကြောင့် စာအုပ်ထုတ်ဝေခြင်းတော့ မရှိခဲ့ပါဘူး။ Emily ဟာ သူ့ဘဝအချိန်အတော်အများကို တစ်ကိုယ်တည်းသီးသန့်ကုန်ဆုံးခဲ့ပြီး သေဆုံးခါနီးအချိန်မှာတော့ အခန်းထဲကတောင် မထွက်တော့ပါဘူးတဲ့။ သူသေဆုံးပြီးနောက်မှာမှ ကဗျာအပုဒ်ရေပေါင်း ၂၀၀၀ ကျော်လောက်ကို အိမ်အကူရဲ့ အဝတ်သေတ္တာထဲမှာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သူ့ကဗျာအများစုဟာ ခေါင်းစဉ်မရှိဘဲ သာမန်ရိုးကျ ကဗျာစည်းမျဉ်းဘောင်ထဲမှ သွေဖယ်နေခဲ့ပါတယ်။ သူ့ကဗျာတွေထဲမှာ သေခြင်းတရား၊ ထာဝရရှင်သန်ခြင်းနဲ့ ...
8.7
TMDb: 8.7/10 619 votes
tv

Dickinson (2019)

2019
Suspicion (2022) 10
Suspicion (2022) Suspicion (2022)Cast အ​ကောင်းစား​ Budgetများများနဲ့ ဇာတ်လမ်းဇာတ်အိမ်​အကောင်း​စား​တွေပဲ သီးသန့်ရိုက်ကူးထုတ်လွှင့်တဲ့ Apple TV+ ရဲ့ ​နောက်ထပ် Crime , Drama seriesတစ်ခု ထွက်လာပါပြီCast ​တွေက​တော့ အားလုံးသိကြတဲ့- Kill Bill နဲ့ Pulp Fiction မင်းသမီးကြီး Uma Thurman - Big Bang Theoryထဲက Kunal Nayyar, - Agents of S.H.I.E.LD ထဲက Elizabeth Henstridge တို့လို အမိုက်စား​တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်နယူး​ယောက်မြို့က ​​​ကြေးရတတ်လုပ်ငန်းရှင်ကြီး ကတ်သရင်း နယူးမန်းရဲ့သား လီယိုနယူးမန်းကို နယူး​ယောက်မြို့လယ်​ခေါင် ဟိုတယ်ကြီးတစ်ခုထဲမှာ လူ၄​ယောက်က ပြန်​ပေးဆွဲသွားပါတယ် ပြန်​ပေးဆွဲသွားသူ​တွေက အင်္ဂလန်က ဘုရင်မကြီး အဲလိဇဘက်၊ ချားစ်မင်းသား၊ မင်းသားဝီလီယမ်နဲ့ကြင်ရာ​တော်ကိတ်မစ်ဒယ်တန်ရဲ့ မျက်နှာဖုံးစွပ်ထားသူ ၄​​ယောက်ဖြစ်​နေတာပါအင်္ဂလန်​တော်ဝင်မိသားစုပုံစံလုပ်ထားတဲ့ ပြန်​​ပေးသမား​တွေက လီယိုနယူးမန်းကို ခရီး​ဆောင်အိတ်ထဲ ဖမ်းသွားတာဖြစ်သလို အခင်းဖြစ်စဉ် အစအဆုံးကိုလည်း ဗီဒီယိုရိုက်ပြီး online​ပေါ် တင်လိုက်တာ​ကြောင့် USက FBI​ရော ...
10
TMDb: 10/10 1 votes
tv

Suspicion (2022)

2022
Dr. Brain(2021)
Dr. Brain(2021) Dr. Brain(2021) ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း (၁ မှ ၆ )ထိ စ/ဆုံးApple Tv ရဲ့ ကိုရီးယား စီးရီးအသစ်လေးကို ကြည့်လိုက်ရအောင်။နာမည်ကြီး ဝဘ်ကာတွန်းတစ်ခုဖြစ်တဲ့ ဒေါက်တာဘရိန်းကို ရိုက်ကူးထားတာပါ။သိပ္ပံ စိတ်ကူးယဉ် လျို့ဝှက်ဆန်းကြယ် အမျိုးအစားဖြစ်ပါတယ်။ဒေါက်တာ ဂိုဆဲဝန်းဟာ ငယ်ငယ်ကတည်းက အလွန်ဉာဏ်ကောင်းပေမဲ့ စိတ်ခံစားချက်တွေမရှိတဲ့ အော်တစ်ဇင်ရောဂါသည်တစ်မျိုးဖြစ်ပါတယ်။ သူကြီးပြင်းလာတော့ဦးနှောက်သုတေသန ပညာရှင်ဖြစ်လာပြီး လူတွေရဲ့ ဦးနှောက်တွေကိုကွမ်တမ်နည်းပညာနဲ့ ချိတ်ဆက်ပြီး အတွေးတွေ မှတ်ဉာဏ်တွေကိုတူးဖောက်နည်းကို လေ့လာနေခဲ့ပါတယ်။ လေ့လာနေဆဲမှာပဲ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်မိပြီးသိလာရတာက၊ ဦးနှောက်ချိတ်ဆက်မှုတွေဟာ ရှုပ်ထွေးပြီး အခြားလူတွေရဲ့ အမူအကျင့်တွေစရိုက်တွေကိုပါ ရောထွေးရရှိလာတာကို တွေ့လာရပါတယ်။အဲဒီမှာပဲ သူ့ရဲ့ သေပြီထင်နေတဲ့ သားနဲ့ပတ်သတ်ပြီး မှတ်ဉာဏ်တွေအရှုပ်အရှင်းတွေ ပေါ်လာချိန်မှာ ဒီနည်းပညာကိုသုံးပြီး စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...   Episodes: 6Duration: 60 MinQuality : WEB-DL 720pGenres: Sci-Fi & Fantasy, Mystery, DramaTranslated by  Mr. ...

Dr. Brain(2021)

2021
Defending Jacob (2020) Season 1 [COMPLETE] 8
Defending Jacob (2020) Season 1 [COMPLETE] ဇာတ်လမ်းကတော့ Defending Jacob ဆိုတဲ့ စကားအတိုင်းပဲ ဂျေကော့ဘ်အတွက် ခုခံကာကွယ်ပေးရမှာပါ။ဂျေကော့ဘ် ဆိုတာကတော့ အန်ဒရူးဘာဘာဆိုတဲ့ ခရိုင်ရှေ့နေတစ်ယောက်ရဲ့သားပါ။ခရိုင်ရှေ့နေက သူ့သားအတွက် ဘာလို့ သူက ရှေ့နေလိုက်ပေးရတာလဲ?သူ့သားကရော ဘာတွေ လုပ်ခဲ့လို့လဲ?ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။အလယ်တန်းကျောင်းသားလေး ဘန်ရစ်ဖ်ကင်အသတ်ခံရတဲ့အမှုကို အန်ဒီတစ်ယောက် စုံစမ်းရပါတယ်။ဒါပေမယ့် မမျှော်လင့်ဘဲ သားဖြစ်သူဂျေကော့ဘ်ကို တရားခံအဖြစ် စွပ်စွဲခံရတဲ့အခါမှာတော့ ....တကယ့်တရားခံအစစ်က ဘယ်သူလဲ?????သူ့သားကရော ဘန် ရစ်ဖ်ကင်ကို တကယ်သတ်ခဲ့တာလားဆိုတာကတော့????ဧပြီလ ၂၄ ရက်နေ့မှာ Apple TV+ ကနေ ထုတ်လွှင့်ပြသခဲ့ပြီး လက်ရှိမှာ ၄ ပိုင်း ပြသပြီးဖြစ်ပါတယ်။နောက်အပတ်တွေမှာတော့ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပြသပေးသွားမှာပါ။စုစုပေါင်း အပိုင်း ၈ ပိုင်း ပါဝင်ပါတယ်။ William Landay ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ပါဝင်ထားတဲ့ ခေါင်းဆောင်မင်းသား ၂ လက်ကတော့ ပျိုမေတို့ အသည်းကျော်ဖြစ်တဲ့ Captain America ကြီး ...
8
TMDb: 8/10 35 votes
tv

Defending Jacob (2020) Season 1 [COMPLETE]

2020
Truth Be Told (2019) 7.4
Truth Be Told (2019) Truth Be Told 2019 IMDB rating -7.5  UnicodeCM ပရိသတ်ကြီးအတွက် rating အလန်းစီးရီကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ Crime, Dram, Thriller ဇာတ်လမ်းကြိုက်သူတွေအတွက်လုံးဝလက်မလွှတ်သင့်ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်း စီးရီးကို Apple TV+ က ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက ဝေါ်ရိန်ကေ့ဗ်တစ်ယောက်တက္ကသိုလ်ကျောင်းဆရာတစ်ယောက် ချာ့ခ်ဘာမန် ကိုသတ်တယ်ဆိုတဲ့အမှုကနေစထားပါတယ်။ ဝေါ်ရိန်ကေ့ဗ်ကိုစွပ်စွဲထားတဲ့အမှုဟာ သက်သေခိုင်လုံတဲ့အတွက်ကြောင့်မဟုတ်ဘဲ ချာ့ခ်ဘာမန်ရဲ့သမီး လန်နီဘာမန်ရဲ့မျက်မြင်ထွက်ဆိုချက်ရယ်အိမ်ထဲမှာလက်ဗွေရာကျန်ခဲ့ဆိုတာရယ်ကြောင့် ထောင်ကျခဲ့ရတာပါ။ ဒါ့အပြင် The New York Time မဂ္ဂဇင်းရဲ့သတင်းထောက် ပေါ့ပီပေါ်နယ်ရဲ့ သတင်းအရေးအသားတွေကြောင့် ဝေါ်ရိန်ကိုထောင်ကျဖို့ပိုမိုခိုင်လုံသွားခဲ့တာပါ။ ဒါပေမယ့် ဝေါ်ရိန်ရဲ့အမေဟာသူ့သားအပြစ်ကင်းကြောင်း ပြဖို့နှစ်နှစ်ဆယ်လုံးလုံးရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ လန်နီရဲ့သက်သေထွက်ဆိုချက်ဟာမှားကြောင်းဗီဒီယို ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်တရားရုံကိုပြန်လည်လျှောက်ထားခဲ့ပါတယ်။အဲဒီအချိန်မှာ ပေ့ါပီဟာလဲတရားရုံးမှာရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပေ့ါပီဟာ သူ့ကြောင့်အပြစ်မဲ့ကလေးတစ်ယောက်ကိုထောင်ကျအောင်လုပ်မိပြီဆိုပြီး နောင်တတွေရပြီး ဝေါ်ရိန်ရဲ့အမှုကိုအစအဆုံးကိုပြန်လိုက်ခဲ့ပါတယ်။ ပေ့ါပီဟာ ဝေါ်ရိန်အပြစ်မရှိဘူးဆိုတာယုံကြည်ပြီး ချာ့ခ်ဘာမန်ကိုဘယ်သူတွေသတ်တာလဲ ဘာကြောင့်သတ်တာလဲ သူ့သမီးကရောဘာလို့လိမ်ညာထွက်ဆိုတာလဲ ။ နောက်ကွယ်ဘယ်လိုအရာတွေရှိမှာလဲ၊ နောက်ထပ်ဘယ်လိုအကြောင်းအရာတွေရှိဦးမလဲ၊ စတဲ့အရာတွေကို ပေ့ါပီတစ်ယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည်ရှုရမယ့်ဇာတ်လမ်းကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin နဲ့ d3mon တို့ပဲဖြစ်ပါတယ်။)   Quality – 720p ...
7.4
TMDb: 7.4/10 9 votes
tv

Truth Be Told (2019)

2019