Channel Myanmar

Thriller

The Outlaws S01 (2021) [Complete] 8.5
The Outlaws S01 (2021) [Complete] The Outlaws Season 1 (2021)အပိုင်း (၁ မှ ၆) အစ/အဆုံးဘဝမှာ တစ်ခါမှ မသိကျွမ်းဖူးတဲ့အပြင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေပါ မတူညီကြတဲ့ သူစိမ်း ခုနစ်ယောက် မိမိတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် လူမှုကြွေးပြန်ဆပ်ဖို့အတွက် ဘရစ်စတိုးမြို့မှာ ရှိတဲ့ မြို့ပြအသင်းတိုက်မှာ ပရဟိတလုပ်ငန်းတွေလုပ်ဖို့ ပြစ်ဒဏ်ချမှတ်ခံရပြီးမှ အချင်းချင်း ရင်းနှီးလာကြပါတယ် ကံကောင်းချင်တော့ သူတို့ဟာ ငွေသားတွေအပြည့်ပါတဲ့ အိတ်တစ်အိတ်ကို ရှာတွေ့ခဲ့ကြပြီး ဝေစုခွဲယူကြဖို့ စီစဉ်ထားကြပါတယ် ဒါပေမဲ့ သူတို့မသိတာက ဒီငွေထုပ်ကြီးကို အန္တရာယ်ရှိတဲ့ ဒုစရိုက်သမားတချို့ကလည်း အပူတပြင်းလိုက်ရှာနေတယ်ဆိုတာပါပဲ အပိုင်း ၆ ပိုင်း ပါတဲ့ Season 1 ကို BBC က ထုတ်လွှင့်ပြသားထားပြီး BBC One နဲ့ Amazon Studios တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့အပြင် ဇာတ်အိမ်လည်း ခိုင်တာကြောင့် ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ် Aired: 25 October 2021 -- Aired On: ...
8.5
TMDb: 8.5/10 12 votes
tv

The Outlaws S01 (2021) [Complete]

2021
Insider (2022) [Complete]
Insider (2022) [Complete] Insider (2022) [အစ-အဆုံး] အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း) (1080p ရပါပြီ) ဒီတစ်ခါတော့ မင်းသားချော ဂန်ဟာနူး ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ Moon lovers ကနေစလို့ မတူကွဲပြားတဲ့ ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ပြခဲ့တဲ့ ဂန်ဟာနူးက ဒီတစ်ခါမှာလည်း တရားရေးအလုပ်သင် အဖြစ်နဲ့ ရိုက်ကူးထားတဲ့အပြင် Heo Sung Tae, Kim Sang Ho နဲ့ Jung Man Shik တို့လို အက်ရှင်ကားတွေ၊ စုံထောက်ကားတွေမှာ နာမည်ကျော်တဲ့ မင်းသားကြီးတွေကလည်း အားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...တရားရေးအလုပ်သင် Kim Yo Han က မှင်သေသေမျက်နှာထားနဲ့ အလုပ်ကို ချင့်ချိန်စဉ်းစားလုပ်တတ်သူပါ။သူများထက် အမြဲ နှာတစ်ဖျားသာပြီး အကွက်ကြိုရွှေ့တတ်တဲ့ ပြိုင်စံရှား Kim Yo Han တစ်ယောက် သူလျှိုအဖြစ်နဲ့ စုံစမ်းရေးလုပ်ရင်းကနေ ထင်မှတ်မထားတဲ့ အမှုတစ်ခုမှာ ...

Insider (2022) [Complete]

2022
The Man in the High Castle(2015) Season 1 7.561
The Man in the High Castle(2015) Season 1 The Man in the High Castle(2015) Season 1 ဇာတ်လမ်းတွဲ***************************************************အပိုင်း ( ၁ မှ ၁၀   ) အထိ စ/ဆုံးThe Man in the High Castle (ရဲတိုက်ကြီးပေါ်ကလူ) ဆိုတဲ့ စီးရီးဟာအတော်လေး ထူးခြားတဲ့ စီးရီးတစ်ခုပါပဲ။Doctor Strange တို့ဘာတို့မှာကြည့်ရတဲ့ အပြိုင်စကြဝဠာ၊အချိန်ခရီးသွားခြင်းတွေလိုပါပဲ။ ဇာတ်ကောင်တွေနေနေတဲ့ ကမ္ဘာဟာကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့မတူညီပါဘူး။ ဘာလို့မတူညီတာလဲဆိုတော့ဒုတိယ ကမ္ဘာစစ်မှာ နာဇီတွေ ဂျပန်တွေ စစ်နိုင်သွားပြီးကမ္ဘာကြီးကို ဖက်ဆစ်စနစ်နဲ့ အုပ်စိုးနေတဲ့ ကမ္ဘာကြီးဖြစ်နေလို့ပါပဲ။ဒီနေ့ခေတ်အထိ ဂျူးတွေကိုအဆိပ်ပေးသတ်ခွင့်ရှိတယ်၊ကင်ပေတိုင်တွေ SS တွေကြီးစိုးတယ်။ချွေးတပ်စခန်းတွေထားတယ်။ သေဒဏ်တွေ၊ဖမ်းဆီးနှိပ်စက်တာတွေ၊ မိသားစုလိုက်ကို ဒုက္ခပေးတာတွေအကြပ်ကိုင်တာတွေ အားလုံးကို အစိုးရက တရားဝင်လုပ်ဆောင်နေတဲ့ ကမ္ဘာပါပဲ။ဒီတော့ ဒီအစိုးရတွေကို တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့တွေ ရှိလာတာပေါ့။ဒါပေမဲ့ အင်အားအရမ်းနည်းနေပြီး ဖက်ဆစ်တွေကလည်းကမ္ဘာတစ်ခုလုံးကို အုပ်စိုးထားပြီဆိုတော့ တော်လှန်ရေးအောင်နိုင်ချေကမဖြစ်နိုင်သလိုပါပဲ။ ဒါ့အပြင် ဒီဖက်ဆစ်တွေလက်အောက်မှာကိုမှမသေရုံတမယ် ...
7.561
TMDb: 7.561/10 881 votes
tv

The Man in the High Castle(2015) Season 1

2015
Anna (2022) [Complete]
Anna (2022) [Complete] Anna (2022) (အစ-အဆုံး)အပိုင်း ၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)အားလုံး စောင့်မျှော်နေကြတဲ့ Bae Suzy ရဲ့ ဇာတ်ကားအသစ် 'Anna' ကို CM fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ...ယူမီဟာ အမြဲလိုလို လိမ်ညာတတ်တဲ့ ကောင်မလေးတစ်ယောက်ပါ။ အဲဒီလို လိမ်ညာမှုတွေကပဲ သူမရဲ့ ဘဝကို ​အပြောင်းလဲကြီးပြောင်းလဲသွားစေခဲ့တယ်။ သူမရဲ့ လိမ်ညာမှုကြောင့် အခြားသူတစ်ယောက်ရဲ့ ဘဝနဲ့ သူမနေထိုင်ခဲ့ရတယ်။ယူမီရဲ့ အမျိုးသားဖြစ်တဲ့ ဂျီဟွန်းကတော့ ရည်မှန်းချက်ကြီးမားတဲ့သူဖြစ်ပြီး သူ့ရဲ့ပန်းတိုင်ရောက်ဖို့သာ အလေးထားတတ်တဲ့သူပါ။ ဟျွန်ဂျူ ဆိုတာကတော့ အမြဲတမ်း သူများထက်သာချင်တဲ့သူတစ်ယောက်ဖြစ်ပြီး ယူမီနဲ့လည်း ဆက်ဆံရေးအနည်းငယ် တင်းမာပါတယ်။တကယ်တမ်း ယူမီ ယုံကြည်လို့ရတဲ့ တစ်ဦးတည်းသောသူက သူမရဲ့ စီနီယာဖြစ်တဲ့ ဂျီဝန် တစ်ယောက်ပဲရှိပါတယ်။ယူမီတစ်ယောက် အလိမ်အညာတွေနဲ့ဘဝကို ဘယ်လိုရှေ့ဆက်သွားမှာလဲ? ဘယ်လိုအပြောင်းအလဲ အချိုးအကွေ့တွေ ထပ်ပြီး ရင်ဆိုင်ရမလဲ? ဆိုတာ ဒီဒရမ်မာလေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းကိုတော့ Hay Thar Oo က ...

Anna (2022) [Complete]

2022
The Terminal List (2022) 8.1
The Terminal List (2022) The Terminal List (2022) ==================== IMDb Rating - 8.1/10Guardian of the Galaxy တို့ Jurassic World တို့နဲ့ နာမည်ကြီးနေတဲ့ မင်းသား ခရစ် ပရက်ဟာ အခုတော့ အက်ရှင်စီးရီးအကောင်းစားတစ်ခုမှာ ပါဝင်လာပါပြီ။ ရုပ်ရှင်အဆင့်တန်းမျိုးနဲ့ ဘက်ဂျက်ကောင်းကောင်းနဲ့ရိုက် ထားတာမို့ တဝကြီးကြည့်ရမှာပါ။ ခရစ်ပရက်ကတော့ SEALအထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး ဂျိမ်းစ်ရိစ်နေရာကနေ ပါဝင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရိစ်ရဲ့ တပ်စိတ်ဟာ သတင်းပေးဆီက သတင်းအခိုင် အမာရပြီးအကြမ်းဖက်ခေါင်းဆောင် ကဟာနီရဲ့ လျို့ဝှက်စခန်းကို ဝင်စီးကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက ထောင်ချောက်ဖြစ်နေပြီ ရိစ်ရဲ့ တပ်ဖွဲ့တစ်ခုလုံး ကျဆုံးသွားခဲ့ပြီး ရိစ် တစ်ယောက်ပဲ အသက်ရှင်လျက်လွတ်မြောက်ခဲ့ပါတယ်။ သူလည်း ခေါင်းထိသွားပြီး ပြန်သတိရလာချိန်မှာ စစ်ဆင်ရေးမှတ်တမ်းတွေရော အချက်အလက်တွေရောက သူမမှတ်သလိုလို ပြင်ဆင်ထားသလိုလို မှားနေသလို လိုဖြစ်လာပါတယ်။ ဒါပေမဲ့ သူပြောတာကိုလည်း ဘယ်သူမှ မယုံဘဲ သူ့ကိုခေါင်းထိ ထားလို့ ကောင်းကောင်းနားဖို့ပဲ ဝိုင်းပြောလာကြတယ်။ ဒါပေမဲ့ အမေရိကန်မြေ ပေါ်မှာပါ ဒီကိစ္စအတွက် သူ့ကိုလုပ်ကြံသူပေါ်လာတဲ့အခါ ရိစ်တစ်ယောက် ...
8.1
TMDb: 8.1/10 4200 votes
tv

The Terminal List (2022)

2022
Now and Then (2022) 8
Now and Then (2022) Now and Then (2022)ကမ်းခြေမှာပျော်ပါးနေကြတဲ့ တက္ကသိုလ်ဘွဲ့ရပြီးခါစ လူငယ်လေးတစ်စု "နောက်အနှစ်၂၀ကြာရင် ကိုယ့်ကိုယ်ကိုဘာဖြစ်နေမယ်ထင်လဲ" ဆိုတော့ သမ္မတကြီး၊ ဆရာဝန်ကြီး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ စသည်ဖြင့် အသီးသီးဖြေကြတာပေါ့ဒါပေမဲ့ တကယ်တမ်း နောက်အနှစ်၂၀မပြောနဲ့ မိနစ်၂၀တောင် မကြာတဲ့အချိန်လေးမှာ သူတို့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်စေမယ့် အိပ်မက်ဆိုးကြီးတစ်ခု မမျှော်လင့်ဘဲဖြစ်လာပါတော့တယ်အကြောင်းရင်းကတော့ သူတို့ထဲက ကောင်လေးတစ်ယောက် သေဆုံးသွားလို့ပါပဲဘယ်လိုအကြောင်းရင်းကြောင့် သေဆုံးသွားရတာလဲ။ ဒီဖြစ်ရပ်ဆိုးကြီးက အနှစ်၂၀ကြာသည်အထိ သူတို့ကို ဘယ်လိုခြောက်လှန့်နေမယ်ဆိုတာ ကြည့်ရှုလိုက်ကြပါဦးအပိုင်း၈ပိုင်းပါဝင်တဲ့ Spanish Crime Drama ဖြစ်ပြီး အပတ်စဉ်တင်ဆက်ပေးသွားပါမယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ MTA ပဲ ဖြစ်ပါတယ်။Genre.....Drama, Thriller Quality….1080p | 720p File size…1GB and 400MB Format…mp4 Duration….40min Subtitle….Myanmar Subtitle (Hardsub) Translator ..... MTA Encoder .....AugustVIP Link - Click Here!1080pEpisode 01 - Userdrive | Yoteshin | Megaup | ...
8
TMDb: 8/10 2 votes
tv

Now and Then (2022)

2022
[S1]Bad Guys (2014) 8.1
[S1]Bad Guys (2014)  Bay Guys(2014)ဒီတစ်ခေါက်မှာတော့ Action series ကြိုက်တဲ့သူတွေအတွက် ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ Park Hae Jin, Ma Dong Seok, Kim Sang Joong နဲ့ Jo Dong Hyuk တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Bad Guys ဆိုတဲ့ ဇာတ်လမ်းတွဲလေးတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဥ်းရဲတွေ ဘယ်လိုမှ မလိုက်နိုင်တဲ့ ကွင်းဆက်လူသတ်မှုတစ်ခုအတွက် ရဲချုပ်နမ်ဂွန်ယောင်းက ထုတ်ပယ်ခံလိုက်ရတဲ့ စုံထောက်အိုဂူထက်ကို ပြန်ခေါ်ပြီး လျှို့ဝှက်တာဝန်ထမ်းဆောင်ခိုင်းခဲ့တယ်ခွေးရူးဆိုပြီးနာမည်​ကြီးတဲ့ စုံထောက်အိုက ဒီအမှုကို စုံစမ်းဖို့ သူလို ခွေးရူး၃ကောင် ထပ်လိုအပ်တယ်ဆိုပြီး ထောင်ထဲက လူ၃ယောက်ကို သူ့အဖွဲ့ဆီပို့ပေးဖို့ပြောခဲ့တယ်သူ့ရဲ့တောင်းဆိုချက်ကြောင့်ဆိုးလ်က ထိပ်တန်းလူမိုက်ဂိုဏ်းတစ်ခုရဲ့ ဒုတိယခေါင်းဆောင် ဘတ်အွန်ချောထိပ်တန်း ကြေးစားလူသတ်သမား ဂျောင်ထယ်ဆူနဲ့အသက်အငယ်ဆုံး စိတ္တဇကွင်းဆက်လူသတ်သမား အီဂျောင်မွန်းတို့ ၃ ယောက်ကို ထောင်အပြင်ခဏထုတ်ပေးခဲ့ရတယ်စုံထောက်အိုက ဘာလို့ ဒီ၃ယောက်ကိုရွေးချယ်ခဲ့တာလဲ... သူနဲ့ ဘယ်လိုပက်သက်မှုတွေရှိနေမလဲ...အမှုတွေဖြေရှင်းပြီး အမှန်တရားကိုဘယ်လိုဖော်ထုတ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြရမှာပါ ...
8.1
TMDb: 8.1/10 28 votes
tv

[S1]Bad Guys (2014)

2014
Russian Doll – Season 02 7.8
Russian Doll – Season 02 Russian Doll - Season 02==================IMDb Rating - 7.8/10Season 1 မှာ သေလိုက် ရှင်လိုက်နဲ့ တူညီတဲ့မွေးနေ့ပွဲညကိုပဲ ထပ်တလဲလဲဖြတ်သန်းနေခဲ့ရတဲ့ နာဒီယာဟာ အခု Season(2) မှာတော့ အမှတ်(၆)ရထားကိုစီးပြီး သက္ကရာဇ် ၁၉၈၀ ကျော်ကို ပြန်ရောက်သွားခဲ့ပါတယ်။ထူးဆန်းတာက ပြန်ရောက်သွားချိန်မှာ သူကိုယ်တိုင်အနေနဲ့မဟုတ်ပဲ သူ့ကိုကိုယ်ဝန်လွယ်ထားတဲ့ သူ့အမေကိုယ်ထဲရောက်သွားခဲ့တာဖြစ်ပြီး သူဘယ်သွားသွား လူတွေက သူ့အမေနိုရာအဖြစ်ပဲ မြင်နေကြတာပါ။ သူ့အမေဖြစ်သူ နိုရာက စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရတာဖြစ်ပြီး သူ့အဖွားရဲ့ရွှေဒင်္ဂါးတွေကို ခိုးပြီး အကုန်လျှောက်သုံးခဲ့ပါတယ်။ နောက်ပြီးမိသားစုဆီက အမွေလိုချင်တဲ့နာဒီယာလည်း အဲဒီရွှေဒင်္ဂါးတွေကို ရေဆုံးမြေဆုံးလိုက်ပြန်ရှာရာက ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက် ကြည့်ရှူခံစားလိုက်ပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို May Myat Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ May Myat Thu, Thiha Yan Naing တို့ဖြစ်ပါတယ်။)File Size - (300 MB) Quality – WEBDL 720p Duration - 1Hr (@Episode) Subtitle – Myanmar Hardsub Format ...
7.8
TMDb: 7.8/10 417 votes
tv

Russian Doll – Season 02

2022
Revenge (2022)
Revenge (2022) "အတိတ်ဟောင်းရဲ့ အချစ်ဒဏ်ရာ" စ / ဆုံးRevenge (2022)-----------------------------------------------------------------ငွေကြေးပြည့်စုံပြီး  အဝလွန်တဲ့ မိန်ကလေးဖိင်သူရဲ့ငွေကြေးပြည့်စုံမှုကို မက်မောပြီးသူအရမ်းချစ်ရတဲ့ ချစ်သူကောင်လေး နဲ့ အစ်မတစ်ယောက်လိုချစ်ခင်မြတ်နိုးရသူတို့ပေါင်းပြီးသစ္စာဖောက်ခံရတဲ့အခါ အရာအားလုံးပျက်စီးသွားပြီးအသက်အန္တာရယ် ထိခိုက်သည်အထိ ကံဆိုးမိုးမှောင်ကျခဲ့ရတယ်..........ကံကောင်းထောက်မပြီး အသက်ရှင်ခဲ့ရပေမယ့်ဖိင် ကသူခံစားခဲ့ရတဲ့နာကျင်မှုတွေကြောင့် သေလူတစ်ယောက်လိုဖြစ်ခဲ့ရတယ်အတိတ်ကရတဲ့ ဒဏ်ရာတွေကြောင့် ဖိင် တစ်ယောက် လူသစ်တစ်ယောက်လိုပြောင်းလဲသွားပြီးသူကို နာကျင်ထိခိုက်စေတဲ့သူတွေကိုလက်စားချေဖို့ဆုံးဖြတ်လိုက်တဲ့ အခါ...........လက်စားချေမှု ခရီးလမ်းမှာ ဖိင် အကောင်းဆုံးလုပ်နိုင်မလား..............?သူလုပ်ရပ်တွေက ကိုယ်တိုင် ကျေနပ်မှုရော ရပါ့မလားဆိုတာChannelmyanmar ကဘာသာပြန်ပေးတဲ့ " အတိတ်ဟောင်းရဲ့ အချစ်ဒဏ်ရာ "ဆိုတဲ့ ဇာတ်လမ်းလေးကိုအပတ်စဥ် Mon & Tue နေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ Episodes: 12Aired: March.21., 2022Aired On: Mon to TueGenres:  DramaTranslated by Tin Me Me Soe , Zoe & May ThuEncoded by ...

Revenge (2022)

Mai: A Mother’s Rage (2022) 9.7
Mai: A Mother’s Rage (2022) Mai: A mother's rage (2022)ဒီဇာတ်ကားလေးကတော့ Netflix ကနေပူပူနွေးနွေးထွက်ရှိထားတဲ့မှုခင်းဒရမ်မာကားလေးဖြစ်ပြီးတော့ IMDB ကလည်း 8.1ထိရထားတာမို့ ကြည့်မကောင်းမှာလည်း စိတ်မပူပါနဲ့နော်ဇာတ်လမ်းအကျဉ်းလေးကတော့တစ်နေ့မှာ Sheel နဲ့ သမီးဖြစ်သူ Supriya က လမ်းလယ်ခေါင်မှာကတောက်ကဆစကားများကြရင်းနဲ့ သမီးဖြစ်သူကကိုယ့်မျက်စိရှေ့တင်ကားတိုက်ခံရပြီးဆုံးပါးသွားခဲ့ပါတယ်တရားရုံးကလည်း မူးယစ်ရင်းကားမောင်းမှုကြောင့်ကျူးလွန်မိတာဆိုပြီး ‌ဒရိုင်ဘာကိုထောင်ချခဲ့ပေမဲ့Sheel ဟာ အမှုက တစ်ခုခုလွဲမှားနေတာကို သတိထားမိလာခဲ့ပါတယ်Sheel ဟာ မိသားစု၀င်တွေအတန်တန်တားကြတဲ့ကြားက အမှန်တရားကိုကိုယ်တိုင်ဖော်ထုတ်ဖို့ကြိုးစားရင်းနဲ့ သမီးဖြစ်သူရဲ့လူသတ်မှုမှာနိုင်ငံရေးသမားဖြစ်တဲ့ Jawahar ပါ၀င်နေတာကို သိလိုက်ရတဲ့အချိန်မှာSheel တစ်ယောက် သမီးအတွက် ဘယ်လိုလက်စားချေမလဲအဲလူသတ်မှုမှရောနိုင်ငံရေးသမားအပြင် ဘယ်သူတွေပါ၀င်နေပြီး ဘယ်လိုအရှုပ်ထွေးတွေရှိနေမလဲစိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့်ကားလေးမို့ လက်မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် File Size –550MB / 300MB @EpisodeQuality – 1080p NF WEB DL AAC5.1CH  / 720pDuration – 45minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat ...
9.7
TMDb: 9.7/10 6 votes
tv

Mai: A Mother’s Rage (2022)

2022
Top Boy – Season 02 8.2
Top Boy – Season 02 Top Boy - Season 02================IMDb Rating - 8.4/10Season(1)မှာဆိုရင် မူးယစ်လောကရဲ့အကောင်ကြီးဖြစ်တဲ့ Dushane နဲ့ အားပြိုင်မှုတိုက်ပွဲမှာ Jamie တစ်ယောက်ကျရှုံးခဲ့ရပါတယ်။ Stefan (Jamie ရဲ့ညီ)ရဲ့ သူငယ်ချင်း Ats ဆိုတဲ့ကောင်လေးကို အသုံးချပြီးတော့ Jamie တို့ထောင်ချောက်ဆင်ခံလိုက်ရတာပါ။ Jamie တစ်ယောက် ညီဖြစ်သူကို ထောင်ကျမခံချင်တာကြောင့် ညီဖြစ်သူကိုယ်စားထောင်ထဲဝင်သွားခဲ့ပါတယ်။ ​အခု Seasonမှာဆိုရင်တော့ Jamie တစ်ယောက်ကထောင်ကလွတ်လာခဲ့ပြီး မူးယစ်လောကကိုလည်း Dushane ကအုပ်စိုးနေပါပြီ။ စပိန်ကအဆက်တွေနဲ့ မူးယစ်လောကမှာဆရာတစ်ဆူဖြစ်လာတဲ့ Dushane, ထောင်ကလွတ်ပြီးနောက် ညီဖြစ်သူနဲ့မိသားစုကိုဦးစားပေးလာတဲ့ Jamie, သူတို့တွေရဲ့တိုက်ပွဲကြားမှာ အသုံးချခံဖြစ်ခဲ့ရတဲ့ Atas ရဲ့ရုတ်တရက်သေဆူံးမှုတွေနဲ့ ပြဿနာတွေက မပြီးဆုံးနိုင် သေးသောအခါ......(ဒီစီးရီးရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size -  (800 MB) / (400 MB) Quality – WEBDL 1080p / 720p Duration - ...
8.2
TMDb: 8.2/10 22 votes
tv

Top Boy – Season 02

2022
Top Boy – Season 01 8.4
Top Boy – Season 01 Top Boy - Season 01====================== IMDb Rating - 8.4/10ဒီနေ့အတွက် Netflix ကနေပြတဲ့ Series တစ်ခုဖြစ်တဲ့ Top Boy ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် Jamie တစ်ယောက် အရင်မူးယစ်ဆေးရောင်းဝယ်သူ တူရကီကောင်တွေရဲ့ အဆမတန်စျေးတင်မှုကြောင့် Supplier အသစ် ဖြစ်သူ Dushan နဲ့ ဆက်သွယ်ဖို့ ဖြစ်လာပါတော့တယ်။ Dushan ကလည်းနယ်နယ်ရရတော့ မဟုတ်ပါဘူး သူကမူးယစ်ဆေးရောင်းဝယ်တဲ့နေရာမှာ အကောင်ကြီးကြီး တစ်ကောင်ပါ။ ဒီလိုနဲ့ Jamieနဲ့ Dushan တို့ကြား ဘယ်လိုတွေဆက်ဖြစ်မှာလဲ မူးယစ်ဆေးဝါးရောင်းဝယ်ရေး ဂိုဏ်းတွေကြားပြဿနာများကို အသားပေး ရိုက်ကူးထားတာကိုလည်းတွေ့ရပါတယ်။ Crime, Drama, Thriller ကားကောင်း ကြိုက်သူများအတွက်တော့ တစ်ဝကြီးကြည့်ရမယ့် စီးရီးတစ်ခုပါပဲ။ နောက်ပြီးတော့ Rating အားဖြင့်လည်း 8.4/10 ရရှိထားတာမို့ တင်ဆက်ပေးလိုက်ပါပြီ။ စုစုပေါင်း(၁၀)ပိုင်း ပါဝင်ပြီး တစ်ထိုင်တည်းအားရပါးရကြည့်နိုင်အောင် တစ်ပြိုင်တည်း တင်ဆက်ပေးလိုက်ပါပြီ။(ဒီစီးရီးရဲ့ အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size -  (800 ...
8.4
TMDb: 8.4/10 20000 votes
tv

Top Boy – Season 01

2019
Remember 15 (2022)
Remember 15 (2022) Remember 15 (2022) စ/ဆုံး"ကျွန်းပေါ်က ကလဲ့စား" _______________________________________________ "အားလုံးကို သတိရလိုက်တာ...ငါတို့ အဲဒီကျွန်းပေါ်မှာပဲ ပြန်ဆုံကြမလား ?"လိုင်လာဆိုတဲ့ ကောင်မလေးက သူ့ရဲ့သူငယ်ချင်းဖြစ်သူတွေ...စီနီယာဖြစ်သူတွေနဲ့ ညီမလေးဖြစ်သူဆီကို Message လေးတစ်စောင်ပို့လာခဲ့ပါတယ်။အဲဒီစာကို လက်ခံရရှိတဲ့သူ ၁၂ ယောက်ကတော့အံ့ဩထိတ်လန့်ခြင်းတွေ၊ ဝေခွဲမရခြင်းတွေနဲ့ မှင်သက်မိသွားကြပါတယ်။ဘာလို့လဲဆိုတော့ လိုင်လာဟာ လွန်ခဲ့တဲ့ငါးနှစ်ကလူသူဝေးတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့သူမို့လို့ပါပဲ။ဒီစာကို တစ်ယောက်ယောက်က နောက်ပြီးပို့ခဲ့တာလား.................?ဘာသဘောနဲ့ပို့ခဲ့တာလဲ ဆိုတာကို ရှာဖွေကြဖို့အတွက်နဲ့သေဆုံးသူအတွက်လည်း အမှတ်တရအနေနဲ့ဖြစ်အောင် အဲဒီလူ ၁၂ ယောက်စုဝေးပြီးကျွန်းလေးပေါ်ကို နောက်တစ်ကြိမ် ပြန်လာခဲ့ကြပါတယ်။အဲလိုပြန်လာရင်း အဖြေရှာရာက သူတို့မျှော်လင့်ထားသလိုနောက်ပြောင်ပြီးပို့တဲ့သူကို ဖမ်းမိသွားမလား.....................?ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရပြီးအတိတ်က ဖြစ်ရပ်မှန်တွေကို သိလာရမလား..........လိုင်လာသေဆုံးမှုရဲ့ အဓိကအကြောင်းရင်းကရော ဘာဖြစ်မလဲ.......?"သူငယ်ချင်း" အမည်ခံလူတစ်စုရဲ့ သဘောထားတွေ၊ အမူအကျင့်တွေဟာဒီကျွန်းပေါ်မှာ ဘူးပေါ်သလို ပေါ်လာမလား ဆိုတာကိုတော့........အပတ်စဉ် အင်္ဂါနဲ့ ဗုဒ္ဓဟူးညတွေတိုင်း CM channel မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျ။Episodes: 12Aired: FEB 22, 2022 ...

Remember 15 (2022)

Not Me (2021)
Not Me (2021) Not Me(2021)ဇာတ်လမ်းအကျဥ်း စ / ဆုံး************************************* ဇာတ်လမ်းအကျဥ်းအခုတစ်ခါ CM ကတင်ဆက်ပေးမဲ့ ထိုင်းကားကောင်းလေးကတော့ အမွှာညီအစ်ကို အကြောင်းရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ပရိသတ်တွေထဲမှာလည်း အမွှာတွေရှိကြမှာပါ အမွှာတွေမှာ လက်ဆုပ်လက်ကိုင် ပြစရာမရှိပေမဲ့ ခံစားလိုရတဲ့ ဆက်နွယ်မှုတစ်ခုရှိတယ်ဆိုတာ လူတိုင်းသတိထားမိကြပါတယ်ဒီကားက ဘက် နဲ့ ဝှိက် ညီအစ်ကို နှစ်ယောက်ကတော့ အဲလိုဆက်နွယ်မှုမှာ အားအရမ်းကောင်းကြတဲ့ ညီအစ်ကိုတွေပေါ့ တစ်ယောက်ဘာပဲဖြစ်ဖြစ် နောက်တစ်ယောက်က ချက်ချင်းလိုက်ဖြစ်ပါတယ် တစ်ယောက်ရေနစ်နေရင် နောက်တစ်ယောက်က ကုန်းပေါ်မှာရှိနေပေမဲ့ ရေမွန်းသလို ခံစားရတာမျိုးပေါ့ ဒါပေမဲ့ အဲလိုအရမ်းအနေနီးစပ်ပြီး ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဆက်နွယ်မှုကို အကြောင်းပြပြီး မိဘတွေက ကွာရှင်းလိုက်ကြပါတယ်ဝှိက်က အဖေဖြစ်သူနဲ့ ရရှားကိုလိုက်သွားရပြီး ဘက်ကတော့ အမေဖြစ်သူနဲ့ထိုင်းမှာကျန်ခဲ့ပါတယ် အနေဝေးသွားတဲ့အတွက် သူတိုကြားကဆက်နွယ်မှုကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားပါတယ် အဲလိုနဲ့နှစ်တွေကြာတဲ့အခါမှာ တစ်နေရာစီကြီးပြင်းလာကြပြီး ဝှိက်ကလည်း ထိုင်းကိုပြန်လာဖို အကြောင်းဖန်လာပါတော့တယ်ထိုင်းပြန်ရောက်ပြီး တစ်နေ့မှာတော့ ဝှိက်က သေကောင်းပေါင်းလဲဝေဒနာကို ရုတ်တရက်ကြီးစပြီး ခံစားရပါတော့တယ် ဒါပေမဲ့ ခံစားမှုအရဘဲဖြစ်နေတဲ့အတွက် ဘာရောဂါမှလည်း ရှာမတွေ့ခဲ့ပါဘူးအဲလိုနဲ့ တစ်နေ့မှာတော့ သူတိုရဲ့ ငယ်ဘဝ သူငယ်ချင်းတော့ ...

Not Me (2021)

2021
MalaYerba (2021) 7.2
MalaYerba (2021) Mala Yerba series (Season 1)IMDb 7.5/10 =================================ကမ္ဘာကြီးတစ်ခုလုံးကို လယ်တစ်ကွက်နဲ့ တက်သိမ်းဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား....သိပ်ကိုဖြစ်နိုင်တာပေါ့ ......ဒီလယ်တစ်ကွက်က အကောင်းစား ဆေးခြောက်ပင်တွေ စိုက်ထားဖို့ပဲ လိုပါတယ်တဲ့.....ဒီစီးရီးလေးက စပိန်စီးရီးလေး ဖြစ်ပြီးတော့ နာမည်ကို ကြည့်လိုက်ရုံနဲ့ ဒီဇိုင်းကာလာ အနေအထားကို သိနိုင်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရရင်ကိုလမ်ဘီယာနိုင်ငံမှာ ဆေးခြောက်ပင်ကို တရားဝင်စိုက်ခွင့် ပြုလိုက်ရာက အစပြုခဲ့တာပါ။သမ္မတဟောင်းရဲ့ မြေးဖြစ်သူ ဇာတ်လိုက်ဟာ မိသားစု အသိုင်းအဝိုင်းကြားမှာ အရှုံးသမား ဖြစ်နေခဲ့တာကြာပါပြီ.....။ တစ်ရက်ကျတော့ အခမ်းအနားတစ်ခုကနေ သတင်းထူးတစ်ခု သိုးသိုးသန့်သန့် ကြားလိုက်ရပါတယ်။ နိုင်ငံထဲမှာ ဆေးခြောက် တရားဝင်စိုက်ခွင့်ကို မကြာခင် အတည်ပြုပေးတော့မယ်ဆိုတဲ့ သတင်းပါပဲ။ဒါကို ကြားလိုက်ရတဲ့အခါ ဇာတ်လိုက်အနေနဲ့ လက်ဦးမှု ရယူနိုင်ရင် ဆေးခြောက်လောကမှာ မင်းမူလို့ရပြီဆိုတာ ကောင်းကောင်းကြီးသိနေပါတယ်။ ဒီအကြံကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ ဘော်ဒါတွေကို သွားရှာပြီး လူစုပါတော့တယ်။ဒါပေမဲ့လည်း ထင်သလိုဖြစ်မလာတတ်တဲ့ လောကကြီးမှာ ဘယ်လို အရှုပ်ထုပ်တွေ ဖြစ်လာဦးမလဲဆိုတာ စီးရီးထဲမှာပဲ ဆက်လက်စောင့်ကြည့်ဖို့ ပြောချင်ပါတယ်။ပရိသတ်ကြီးတွေအနေနဲ့ Money Heist တို့လို Platform တို့လို စပိန်ကားတွေကို ...
7.2
TMDb: 7.2/10 46 votes
tv

MalaYerba (2021)

2021
Under the Skin (2022)
Under the Skin (2022) Under the Skinဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့စုံထောက်ဇာတ်ကားလေးဖြစ်တဲ့ Under the Skin ပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့ Twisted Fate of love ဇာတ်ကားထဲကမင်းသား Tan Jian Ci နဲ့ iPartment ဇာတ်ကားထဲကမင်းသား Jin Shi Jiaတို့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ Shen Yi (Tan Jian Ci) ကနေပေကျန်းရဲစခန်းရဲ့မူခင်းစုံစမ်းရေးဌာမှာပုံတူပန်းချီဆရာအဖြစ်ဝင်လာခဲ့တယ်။ဒါပေမဲ့ဝင်ဝင်ချင်းမှာဘဲအမှုဟောင်းတစ်ခုကြောင့်မှုခင်းစုံစမ်းရေးခေါင်းဆောင် Du Cheng(Jin Shi Jia)ကShen Yi ကိုအမြင်မကြည်ခဲ့ပါဘူး။မတည့်အတူနေဆိုတဲ့စကားအတိုင်းနှစ်ယောက်သားအမြင်မကြည်တဲ့ကြားကနေအမှုကိုအတူတူလိုက်စုံစမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာတော့...တစ်ယောက်အားနည်းချက်တစ်ယောက်ဖေးမကူညီပေးရင်းဘယ်လိုတွေအမှုစုံစမ်းကြမလဲ ?စုံစမ်းရေးခေါင်းဆောင် Shen Yi ကိုအမြင်မကြည်အောင်ဖြစ်သွားစေတဲ့အမှုဟောင်းကဘာများဖြစ်နေမလဲ?အဲ့အမှုဟောင်းကကော Shen Yi နဲ့ပတ်သက်နေတာများလား ?အဲ့အမှု‌‌ဟောင်းရဲ့အမှန်တရားကကောဘာဖြစ်မလဲဆိုတာကိုတော့...CM ကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် Under the Skin ဆိုတဲ့စုံထောက်ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~ Quality : WEB-DL 720pTotal Episodes : 20Format : mp4Genres ...

Under the Skin (2022)

2022
The Fame Game (2022)
The Fame Game (2022) The Fame Game (2022)ဒီလထဲမှာ Netflix ကတင်ဆက်လိုက်တဲ့ ဘောလိဝုဒ် series တစ်ခုဖြစ်ပါတယ်။အပိုင်းရှစ်ပိုင်းပါဝင်ပြီးတော့ Thriller series ဖြစ်ပြီးIMDB 7.3/10 ရရှိထားတဲ့ series ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ကမ္ဘာကျော်စူပါစတားတစ်ယောက်၊ဇနီးကောင်းမိခင်ကောင်းတစ်ယောက်အဖြစ် နေထိုင်နေတဲ့ Anand ဟာရုတ်တရက်သတင်းအစအန ရှာမရပဲပျောက်ဆုံးသွားခဲ့ပါတယ်။သူ့ပတ်ဝန်းကျင်ကမိသားစုဝင်တွေနဲ့ ရဲတွေကလည်း ရေကုန်ရေခမ်းကြိုးစားရှာဖွေကြရင်းအကျည်းတန်လှတဲ့အမှန်တရားတွေနဲ့ သူလိမ်ညာဖုံးကွယ်ထားတဲ့ကိစ္စတွေကလည်း တစ်ခုချင်းပေါ်လာခဲ့ပါတော့တယ်။အောင်မြင်မှုရဲ့နောက်ကွယ်မှာလည်းလူတွေထင်မှတ်မထားတဲ့အမှန်တရားတွေရှိနေပြီးထင်မှတ်မထားတာတွေတစ်ခုပြီးတစ်ခု ဘူးပေါ်သလိုပေါ်လာတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ။သူ့ရဲ့ပျောက်ဆုံးမှုနောက်ကွယ်မှာရော ဘယ်လိုအကြောင်းခံတွေရှိနေမှာလဲဆိုတာကတော့စိတ်လှုပ်ရှားစရာဇာတ်ရှိန်အတက်အကျတွေ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့တူတူ ပရိသတ်ကိုယ်တိုင်ပဲရှုစားကြည့်လိုက်ကြပါဦး။ အရည်အသွေးမြင့်တဲ့ Thriller seriesတစ်ခုဖြစ်တာကြောင့် ရှစ်ပိုင်းပြီးသွားရင်တောင် ကြည့်မဝဖြစ်ကျန်ခဲ့မှာတော့ကျိန်းသေပါပဲ။ File Size – 300MB@EpisodeQuality – 720p WEB DLDuration – 44minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama Translator – Yate & Haruko & HM ...

The Fame Game (2022)

2022
Bestseller (2022) 8
Bestseller (2022) Best Sellers (2022)ယနေ့မှာတော့ IMDb 6/10 အထိရရှိထားပြီးအပိုင်း (၈)ပိုင်းပါတဲ့ Thriller seriesလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်ဆယ်စုနှစ်တစ်ခုထိကြာအောင် စာရေးဖို့ အိုင်ဒီယာမရခဲ့တဲ့ဝတ္ထုစာရေးဆရာ တာဟဲလ်ဝါဇီ တစ်ယောက်က တက်သစ်စစာရေးသူတစ်ယောက်ဖြစ်တဲ့မီတု ရဲ့ဇာတ်ညွှန်းတစ်ပုဒ်ကိုသဘောကျသွားခဲ့ပါတယ်ဒီဇာတ်လမ်းကိုသူ့ရဲ့နောက်ထွက်မယ့်ဝတ္ထုအဖြစ်ထုတ်ဝေဖို့ဆုံးဖြတ်လိုက်ပြီးမီတုမက်သာနဲ့ လူချင်းတွေ့ဆုံခဲ့ပါတယ် မီတုရဲ့ဇာတ်အိမ်ကစိတ်ဝင်စားဖို့ကောင်းနေရုံသာမကမီတုနေထိုင်လာခဲ့တဲ့ဘဝဟာလည်း စိတ်ဝင်စားဖို့ကောင်းနေတာကိုရှာတွေ့ခဲ့ပါတယ်ရိုးရှင်းမှုတွေကဒီမှာတင်ပြီးမသွားပါဘူး နာမည်ကြီးစာရေးဆရာဆိုတဲ့အတိုင်းမုန်းတဲ့လူကတော့ရှိစမြဲပါ ဒီလိုနဲ့ တာဟဲလ်ဝါဇီကိုမုန်းတဲ့လူက မီတုကိုပါ အန္တရာယ်ပေးလာတဲ့အခါ...မင်းသမီးချောလေး Shruti Hassanပါဝင်ပြီး ဇာတ်အိမ်ခိုင်ခိုင်သည်းထိပ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့်ဇာတ်လမ်းတစ်ခုမို့လက်မလွှတ်ကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်ရှင်File Size –300MB @EpisodeQuality – 720p HE AAC Duration – 35minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / Thriller Translator – Yunni & HM & Go -O & HoneyeyEncoder – YK For VIP Member ...
8
TMDb: 8/10 1 votes
tv

Bestseller (2022)

2022
The Tudors(2009) Season 3 7.8
The Tudors(2009) Season 3 The Tudors(2008) Season 3 ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း( ၁ မှ ၈ ) ထိ စ/ဆုံး*****အထူးသတိပေးချက်....မိသားစုနဲ့ အတူမကြည့်သင့်ပါ....*****S1,S2 ပြီးလို့ S3 လာပါပြီဗျား.... စစ်ပွဲကိုအောင်နိုင်သူသာ သူရဲကောင်းဖြစ်တယ်... သို့မှာသာ လူတွေအားလုံးရဲ့ နှုတ်ဖျားမှာသမိုင်းကို ပြောင်းလဲစေသူ နိုင်ငံဂုဏ်ဆောင်တဲ့သူလို့  မှတ်ကျောက်တင်ခံရမယ်လို့ရှေးယခင်က မှတ်ယူခဲ့ကြတယ်...စစ်ပြေငြိမ်းရေးနဲ့ အမိနိုင်ငံ သာယာဝပြောဖို့အရေးထက်ပြဿနာတစ်စုံတစ်ရာတက်တာနဲ့  စစ်ပွဲကြီးဆီကို အရောက်လှမ်းဖို့ပဲစိုင်းပြင်နေကြတယ်..ဒီစီ:ရီးဟာ အင်္ဂလန်ဘုရင် King Henry VII ရဲ့အကြောင်းကို အဓိက ထားရိုက်ပြထားတာပါ...အဓိက မင်းသားအဖြစ် စူပါမန်း Henry Cavill နဲ့  Jonathan Rhys Meyers တို့ပါဝင်ထားပါတယ်....ဘုရင်တွေရဲ့ နိုင်ငံရေးခံယူချက်.... ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားပုံတွေ...အမျိုးသမီးတွေအပေါ် ဆက်ဆံပုံတွေအမျိုးမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်...  ပြီးတော့  Adults scenes တွေများလွန်းတာပါပဲ.... ဘုရင်က ရာဂလွန်ကဲသူဆိုတော့ဒီလိုအခန်းတွေများတာ မဆန်းပါဘူး...  NATALIE DORMER ဆိုတာ GAME OF THRONES မှာထဲက အဖော်အချွတ်ကြမ်းခဲ့တာ အားလုံးအသိပဲမလား... ညှို့အားတွေတော့ ...
7.8
TMDb: 7.8/10 435 votes
tv

The Tudors(2009) Season 3

2007
The Responder (2022) 8.7
The Responder (2022) The Responder (2022)" ခင်ဗျားအ​မေကြီး​ရော ဘယ်လို​နေလဲ" "​သေမယ့်​ရက်ကို ထိုင်​စောင့်​နေတယ်"ဒါက​ ရဲသားကြီးခရစ်ကာဆင် တဖြစ်လဲ Martin Freeman ​ပြောတဲ့ ဒိုင်ယာ​လော့တစ်​ကြောင်းပါ၊ ပတ္တ​ရောင်ရဲသားဖြစ်တဲ့ ခရစ်ဟာ ညကင်းလှည့်ရင်း Command centre က လွှတ်တဲ့ ​ကေ့စ်မှန်သမျှကို သွား​​ရောက်​ဖြေရှင်း​ပေးရတဲ့ Responder တစ်​ယောက်ပါ၊ ညဘက်ဆိုတဲ့အတိုင်း ​ကေ့စ်​တွေကလည်း အိမ်နီးချင်း​တွေ ရန်ဖြစ်တာအစ ယာဉ်မ​တော်တဆမှုအလယ် လုယက်ဓါးပြမှုနဲ့ လူသတ်မှုအဆုံး အကုန်ပါတာ​ပေါ့ဒီလို​ကေ့စ်မျိုးစုံကို ညတိုင်းအိပ်​ရေးပျက်ခံ စိတ်ပင်ပန်းခံပြီး ဖြေရှင်း​ပေးရတဲ့ခရစ်တစ်​ယောက် ကြာလာ​တော့ သူ့ရဲ့စိတ်မှာ ထိ​ခိုက်လာတယ် ဒဏ်ဖြစ်လာတယ် စိတ်ပညာရှင်နဲ့ ​ဆွေး​နွေးရတဲ့အ​ခြေအ​​နေဖြစ်လာတယ်၊ အရင်ကသိပ်သ​ဘော​ကောင်း၊ လုပ်​ဖော်ကိုင်ဖက်​တွေနဲ့ သိပ်အဆင်​ပြေခဲ့တဲ့ ခရစ်ဟာ အခုဆို လူ​သေမှုအခင်း​နေရာမှာ ​သေသူစားခဲ့တဲ့ ဝက်​ပေါင်​ခြောက်ကို ထိုင်စား​နေတဲ့အထိ ​သွေး​​အေး​ပြောင်းလဲသွားပါတယ်အဲလိုနဲ့ပဲ ​ကေစီဆိုတဲ့ ဂျစ်ပစီမ​လေးနဲ့ ဆုံခဲ့တာ​ပေါ့၊ သူကလည်း နှယ်နှယ်ရရမဟုတ်ဘဲ Drug dealer​ခေါင်း​ဆောင်ဆီက ကိုကိန်း တစ်အိတ်လုံး ဖြောင်လာတဲ့သူ​ပေါ့၊ အဲဒီ​ခေါင်း​ဆောင် ကြိုးကိုင်တာ ခံထားရတဲ့ ခရစ်တစ်​ယောက် ​ကေစီကိုလိုက်ဖမ်း​ပေးရင်း ​​သူသာ ဖမ်းပို့​ပေးလိုက်ရင် ​ကေစီအသတ်ခံရမယ်ဆို​တာသိ​တော့ နဂိုစိတ်ရင်း​ကောင်းသူပီပီ မိမိပြီးချင်းပဲ ပြန်လွှတ်​ပေးခဲ့ပါတယ်၊ လွှတ်​ပေးပြီး နောက်ပိုင်းကစပြီး ​မူးယစ်ဂိုဏ်းရဲ့ရန်ကို​ရှောင်ရင်း ခရစ်အ​နေနဲ့ ...
8.7
TMDb: 8.7/10 6 votes
tv

The Responder (2022)

2022