Channel Myanmar

Sci-Fi & Fantasy

La Brea (2021) Season 1 Complete 7.394
La Brea (2021) Season 1 Complete အချိန်ခရီးသွားဇာတ်လမ်းတွေကို ကြိုက်တဲ့သူတွေအတွက် La Brea ဆိုတဲ့ underrated စီးရီးကောင်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်ဗျ။ ဒီစီးရီးဟာဆိုရင် အချိန်ခရီးသွားဇာတ်လမ်းတွေထဲမှာ စံလို့ပြောရမယ့် Dark လောက် မ dark ပေမဲ့ သူ့ဟာနဲ့သူ အလှည့်အပြောင်းတွေ plot twist တွေနဲ့ တော်တော်လေး ကြည့်လို့ကောင်းတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ Dark ထက် ပိုပြီး family drama လေးတွေ ပိုပြီးပါပေမဲ့ ပရိတ်သတ်ကို လုံးဝ အီမသွားအောင် ဆက်တိုက်ဆွဲခေါ်သွားတာကို တွေ့ကြရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့...အိဗ် ဟားရစ်ဟာ သူမရဲ့သားနဲ့သမီးဖြစ်သူကို ကျောင်းလိုက်ပို့တဲ့ တစ်မနက်မှာ အယ်လ်အေမြို့ရဲ့ လမ်းမထထိုမြေကျွံမှုထဲပါသွားခဲ့ရနောက်မှာ ကားပိတ်နေတာနဲ့ ကြုံခဲ့ရပါတယ်။ ထိုအချိန်မှာပဲ ရုတ်တရက် မြေကျွံမှုတစ်ခု စတင်ဖြစ်ပွားလာခဲ့ပြီးတော့ အနီးအနားပတ်ဝန်းကျင်မှာ ရှိတဲ့အရာတွေအားလုံး ကျွံကျပျက်စီးကုန်တဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ထိုဘေးအန္တရာယ်ကြားမှာ ကလေးမလေးတစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဂျော့ရှ် ဟားရစ်ကြောင့် အိဗ်နဲ့ ဂျော့ရှ်တို့နှစ်ဦးစလုံး သမီးဖြစ်သူ အစ်ဇီ ဟားရစ်တစ်ယောက်သာ အယ်လ်အေမြို့ရဲ့မြေပေါ်မှာ ကျန်ရစ်နေခဲ့ပါတော့တယ်။မြေကျွံမှု ကပ်ဘေးအန္တရာယ်ကြီး ပြီးဆုံးသွားတဲ့အချိန် ...
7.394
TMDb: 7.394/10 921 votes
tv

La Brea (2021) Season 1 Complete

2021
Liar’s Love (2022)
Liar’s Love (2022) လူတိုင်းအားကျရတဲ့ အချစ်အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားရတဲ့ စူးထန်တစ်ယောက်ကတော့ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ပြခန်းလေးတစ်ခုကို ပိုင်ဆိုင်ထားတာပေါ့ဒါပေမယ့်လည်း တိုက်ဆိုင်စွာပဲ တစ်ရက်မှာသူချစ်ရတဲ့ယောင်္ကျားရဲ့တစ်ဖက်ခြမ်းက သရုပ်မှန်ကို သိလိုက်ရတယ်။သူ့ဘေးမှာ အမြဲရှိပြီး ချစ်ပေးခဲ့တဲ့လူက ကွင်းဆက်လူသတ်သမားတဲ့လေအရှေ့တစ်လှမ်းမှာ လူသတ်သမား၊ နောက်တစ်လှမ်းမှာ အချစ်‌တွေနဲ့ ချိုမြိန်မှုဖျက်စီးတတ်တဲ့လူသတ်သမားနဲ့ ချစ်ရတဲ့ခင်ပွန်းဆိုတဲ့မျဉ်းပါးပါးလေးပဲခြားထားတဲ့ သူချစ်ရတဲ့ယောင်္ကျားစူးထန်ဆိုတဲ့မိန်းကလေး‌က ဘယ်လိုတွေဖြစ်လာမလဲ။အချစ်အကြောင်းကို သူဆက်ပြောပြပြီး သာယာတဲ့အိမ်ထောင်ရေးဘဝကို ဆက်ပြီးရပါဦးမလားဒီလိုသည်းထိပ်ရင်ဖိုနဲ့ ချိုမြိန်မှုတွေကို ခံစားရမယ့်ကားလေးကိုချန်နယ်မြန်မာကနေ တင်ဆက်ပေးမှာမို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်(အညွှန်းရေးသားထားသူကတော့ Minnie ဖြစ်ပါတယ်) Quality : WEB-DL 720p,1080pTotal Episodes : 16Format : mp4Genres : Crime, Mystery, Sci-Fi, DramaDuration : 30 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 - MegaUp ...

Liar’s Love (2022)

2022
Jonathan Strange & Mr Norrell ( 2015 ) Season 1[Complete] 7.518
Jonathan Strange & Mr Norrell ( 2015 ) Season 1[Complete] Jonathan Strange & Mr Norrell=========================ဟိုးရှေးရှေး ၁၉ရာစုနှစ်က အင်္ဂလန်မှာ မှော်ပညာဟာတဖြည်းဖြည်းဆုတ်ယုတ်လာတာ ရာစုနှစ်၃ခုစာရှိသွားသတဲ့ကွယ်။ မှော်ပညာသာ ဆုတ်ယုတ်လာပေမဲ့ယော့ခ်ရှိုင်းယားမှာတော့ မှော်ဆရာအဖွဲ့အစည်းကတော့ရှိနေဆဲပါ။ မှော်ဆရာလို့ အမည်ခံထားကြပေမဲ့နက္ခတ္တဗေဒပညာရှင်ဟာ ကြယ်ကို မတီထွင်သလိုသူတို့မှော်ဆရာတွေဟာလည်း မှော်အတတ်ကိုမပြုလုပ်ဘဲ မှော်စာအုပ်တွေလေ့လာရုံ၊ ရေးသားရုံနဲ့မှော်ဆရာအဖြစ်ခံယူထားကြပါတယ်။ ဒါပေမဲ့ဟောစာတမ်းတစ်ခုက ကြိုတင်နိမိတ်ဖတ်ခဲ့တာကတော့အင်္ဂလန်ရဲ့ မှော်လောကကို ပြန်လည်သွတ်သွင်းဖို့ ထူးချွန်တဲ့အစွမ်းရှိမှော်ဆရာနှစ်ယောက် ပေါ်ထွန်းလာပါလိမ့်မယ်တဲ့။ထိုနှစ်ယောက်ကတော့ မှော်ဆရာMr.Norrellနဲ့ ချမ်းသာပြီးဘာကိုမှမလေးမထားဘဲ မိန်းမယူဖို့သာ စိတ်အားထက်သန်နေတဲ့လူချောလေး Jonathanတို့ပဲ ဖြစ်ပါတယ်။ဒီလိုနိမိတ်ဖတ်ထားတဲ့ လူနှစ်ယောက်ဟာ ဘယ်လိုထူးချွန်တဲ့မှော်ဆရာတွေဖြစ်လာမလဲ။ အင်္ဂလန်ရဲ့အတော်ဆုံးမှော်ဆရာဖြစ်ဖို့ဘယ်လိုယှဉ်ပြိုင်မှုတွေ ပြုလုပ်ကြမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။ Episodes : 7File Size   : ( 1.20 GB)  ,( 421 MB )Quality      : BluRay 1080p,720PGenres: Drama, Sci-fi & FantasyTranslated by JANE , Mayphoo-PoneEncoded ...
7.518
TMDb: 7.518/10 114 votes
tv

Jonathan Strange & Mr Norrell ( 2015 ) Season 1[Complete]

2015
Circuit Breakers (2022) 6.5
Circuit Breakers (2022) Circuit Breakers (2022) ================= IMDb Rating - 6.5/10Apple TV ကနေအသစ်တင်ဆက်ထားတဲ့ Sci-Fi anthology Series တစ်ခုဖြစ်ပြီး အပိုင်းခုနှစ်ပိုင်းပါဝင်မှာဖြစ်ပါတယ်။အနာဂတ်ကာလကို အခြေခံထားတဲ့ ဒီဇာတ်လမ်းတွဲအသစ်မှာ နယူတန်အလယ်တန်းကျောင်းက ကျောင်းသားလေးတွေရဲ့ မတူညီတဲ့ဘဝတွေ ၊အတွေ့အကြုံတွေနဲ့အတူ နောင်ဆယ်နှစ်ကိုအခြေခံထားတာဖြစ်တဲ့အတွက် အဲ့ဒီအချိန်ကာလကို မှန်းဆထားတဲ့ နေ့စဉ်ဘဝထဲက နည်းပညာအသစ်အဆန်းတွေ၊ ကျောင်း သားလေးတွေကိုယ်တိုင် သိပ္ပံပညာကိုလက်တွေ့စမ်းသပ်ကြပြီး သူတို့ဘဝ တွေအထိ ပါဝင်သက်ရောက်လာပုံတွေကိုပါတွေ့မြင်ရမှာပါ။anthology ဖြစ်တဲ့အတွက် အပိုင်းခုနှစ်ပိုင်းဟာ သီးခြားဇာတ်လမ်းတိုလေး တွေအနေနဲ့ဖြစ်သလို၊ ဇာတ်လမ်းတွေက ဒီအလယ်တန်းကျောင်းသားလေးတွေ သိပ္ပံပညာကိုတလွဲအသုံးချမိရာကဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုရင်ဆိုင် ဖြေရှင်းကြပုံဖြစ်ပြီး ကျွန်တော်တို့ငယ်စဉ်ဘဝ ဘိုဘိုနဲ့ Et တို့၊ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူတို့ကို ပြန်သတိရချင်စရာပါ။ သူချပြသွားတဲ့ concepts တွေ ideasတွေက အတော်လေးလန်းပြီးတော့လက်ရှိဘဝနဲ့ချိန်ထိုးပြီးတွေးစရာလေး တွေလဲပေးနိုင်ဦးမှာပါ။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်။)File Size.............(250 MB) / (500 MB) Quality...............WEB-DL 720p / 1080p Duration............25Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Family,Sci-Fi, Fantasy Translator..........Alias Encoder..............Zin Phyo Aung 720P (250 Mb)-----------------------------------Episode(1) - Yoteshin ...
6.5
TMDb: 6.5/10 2300 votes
tv

Circuit Breakers (2022)

2022
Westworld Season (1) + (2) +(3) + (4) 8.2
Westworld Season (1) + (2) +(3) + (4)    ကမ္ဘာ့အကောင်းဆုံး သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေတွေထဲက တစ်ခုကို ချန်နယ်မြန်မာမှာ အစအဆုံးကြည့်လိုက်ရအောင်ပါ။ အပိုင်းတစ်မှာ နည်းနည်းလေး ပျင်းစရာကောင်းသလိုလိုရှုပ်သလိုလိုဖြစ်ပါလိမ့်မယ် ဒါပြီးရင်တော့ အစအဆုံး ထိုင်ရာမထပါ ကြည့်ချင်သွားပါလိမ့်မယ်။ ဇာတ်လမ်းလေးကလည်း သေချာကြည့်ရင် ရိုးရှင်းပါတယ်။ လူတွေက လူတွေကိုထိန်းချုပ်ဖို့အတွက် စက်ရုပ်တွေကိုထိန်းချုပ်ထားတာကို စက်ရုပ်တွေက လူတွေကို ပြန်ထိန်းချုပ်ပြီး စက်ရုပ်ချင်းလည်းပြန်ထိန်းချုပ်ပြီး လူနဲ့စက်ရုပ်နဲ့ပေါင်းပြီး လူနဲ့စက်ရုပ်တွေနဲ့ တိုက်ခိုက်ကြတာပါပဲ။ဇာတ်လမ်းအကျဉ်းလူတွေဟာ လက်တွေ့ဘဝကြီးထဲကနေ ယာယီလွတ်မြောက်ဖို့ နည်းမျိုးစုံနဲ့ အပမ်းဖြေတတ်ကြပါတယ်။ သီချင်းနားထောင်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ ခရီးထွက်မယ်ပေါ့။ ဒီထဲမှာတော့ အကြမ်းဆုံးအလန်းဆုံးအပမ်းဖြေနည်းတစ်ခုကို လူတွေက တီထွင်ထားလိုက်ပါပြီ။ ဝက်စ်ဝါးလို့ခေါ်တဲ့ ကောင်းဘွိုင်ခေတ်အရိုင်းဆန်ဆန် ပုံစံတူ အပမ်းဖြေဥယျာဉ်ကြီးတစ်ခုပါပဲ။ ဥယျာဉ်ကြီးထဲကို တကယ့်သူဌေးတွေမှလာအပမ်းဖြေနိုင်တာပါ။ ဥယျာဉ်ထဲမှာ ဖြစ်ချင်တဲ့လူဘယ်သူမဆို ဖြစ်နိုင်ပြီး လုပ်ချင်တာဘာမဆိုလုပ်လို့ရပါတယ်။ ဓားပြတိုက်မလား၊ လူဆိုးဖမ်းမလား၊ လူဆိုးလုပ်မလား၊ ကောင်မလေးတွေကိုလုပ်ချင်တာလုပ်မလား၊ ဘာမဆိုလုပ်နိုင်ပါတယ်။ သူတို့လုပ်နေတဲ့ ဥယျာဉ်ထဲက ဟို့စ်လို့ ခေါ်တဲ့ လူအစစ်နဲ့အခြားတူနေတဲ့အရာတွေကတော့ စက်ရုပ်တွေပါပဲ။ ဒါပေမဲ့ စက်အသိဉာဏ်တွေရှိပြီးတော့ ...
8.2
TMDb: 8.2/10 1376 votes
tv

Westworld Season (1) + (2) +(3) + (4)

2016
Inverso The Peripheral (Season1) (2022)
Inverso The Peripheral (Season1) (2022) ကမ္ဘာကျော်သိပ္ပံစီးရီး Westworldကို ဖန်တီးခဲ့သူတွေရဲ့ လက်ရာအသစ်အဖြစ် သိပ္ပံစိတ်ကူးယဉ် ဂိမ်းအခြေခံနဲ့ စီးရီးကောင်းတစ်ခု ထပ်မံထွက်ရှိလာပါပြီ။ဒီ တစ်ခါတော့ ပရိသတ်ကြီးကို ဂိမ်းနဲ့ပတ်သက်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ဂိမ်းကစားတယ်ဆိုတာ ရုပ်သံတွေ ကြည်လင်ပြတ်သားပြီး ဇာတ်ကောင်တွေ ပီပြင်မှပိုပြီးကစားလို့ကောင်းတာပါ အဲဒီလို အရသာမျိုး ခံစားရဖို့အတွက်လည်း လူတွေက တစ်မျိုးပြီးတစ်မျိုး အဆင်မြှင့်တင်ပြီး တီထွင်နေကြတာပေါ့လေ လူတွေကလည်း အဲဒီလိုမျိုးလေး ကစားရမှ ကြိုက်တာကိုး အခုကားလေးကတော့ အဲဒီ ဂိမ်းကနေပဲအစပြုထားတဲ့ကားလေးမို့လို့ တကယ့်ကိုကြည့်ကောင်းမဲ့ ကားကောင်းလေး တစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေး ကတော့ အနာဂတ်ခေတ်ကို ပုံဖော်ပြီးရိုက်ကူး ထားတာပါ ဖလင်း နဲ့ ဘာတန်တို့က မောင်နှမတွေပေါ့ သူတို့မှာ မျက်စိမမြင်တဲ့ မိခင်ကြီးတစ်ယောက်ရှိနေတာပါ ပြီးတော့ မိခင်ကြီးမှာရော ဘာတန်မှာရောက ရောဂါတစ်ခုဖြစ်နေတာပါ ဖလင်းကတော့ အလုပ်ရှိပေမဲ့ ဘာတန်ကတော့ ကြေးစားဂိမ်းသမားအဖြစ်ပဲရပ်တည်နေတာပါ ဒါပေမဲ့လည်း ဘာတန်ရဲ့ ဂိမ်းဇာတ်ကောင်ကို တကယ်ကစားပေးနေတဲ့သူက ဖလင်းပါပဲ ...

Inverso The Peripheral (Season1) (2022)

Yonder (2022)
Yonder (2022) Yonder (2022)" ချစ်ရတဲ့သူကိုတွေ့နိုင်မယ့်နောက်ဆုံးသောနေရာ ""ငါက ဒီနေရာကိုထွက်သွားရပြီ .. ဒီနေရာကိုလိုက်လာပေးမလား "ဒီပိုစတာပေါ်က စာသားလေး‌တွေနဲ့အတူသဘာဝလွန် လွမ်းဆွတ်တမ်းတဖွယ်ဇာတ်လမ်းလေးကိုကြည့်ရဖို့ဖြစ်လာခဲ့ပါပြီ။ "Yonder" ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာတော့ Beyond Evil ကမင်းသားကြီး Shin Ha Kyun ၊ Our Blues က ရေငုပ်သမားမလေး Han Ji Min တို့နဲ့အတူ Lee Jung Eun ၊ Jung Jin Young တို့က အဓိကပါဝင်ထားပြီး Melodrama, Sci-Fi အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Jae Hyun(Shin Ha Kyun) ကတော့ သိပ္ပံဆိုင်ရာမဂ္ဂဇင်းရဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး ကင်ဆာရောဂါနဲ့ဆုံးပါးသွားတဲ့ ဇနီးသည်ကိုလွမ်းဆွတ်တမ်းတရင်း အဓိပ္ပာယ်မဲ့စွာဘဝကိုရှင်သန်နေသူဖြစ်ပါတယ်။ Yi Hu(Han Ji Min) ကတော့ Jae Hyun ရဲ့ ဆုံးပါးသွားတဲ့ဇနီးသည်အဖြစ်ပါဝင်ထားပါတယ်။ဇာတ်လမ်းဟာ ၂၀၄၀ ခုနှစ် တောင်ကိုရီးယားနိုင်ငံရဲ့ မြို့ကြီးတစ်ခုမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ Jae Hyun ဟာ တစ်နေ့မှာ သူ့ရဲ့ဆုံးပါးသွားတဲ့ဇနီးသည်နဲ့‌တွေ့နိုင်မယ့် "Yonder" လို့ခေါ်တဲ့‌ကမ္ဘာတစ်ခုဆီကို သူ့ကိုလာဖို့ဖိတ်ခေါ်ထားတဲ့အမည်မသိမေးလ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ သိပ္ပံပညာတွေ ၊ နည်းပညာတိုးတက်မှုတွေနဲ့ဖန်တီးထားတဲ့ကမ္ဘာဖြစ်တဲ့အတွက် သေခြင်းတရားဆိုတာမရှိဘဲ တစ်သက်တာဘဝ ...

Yonder (2022)

2022
See (2019) 7.6
See (2019) See Season 1 (2019) အနာဂတ်ကာလတစ်ခုမှာ လူတွေဟာ အမြင်အာရုံပျောက်ကွယ်သွားကြပါပြီ။ ဒီကာလမှာ လူတွေဟာ ရှင်သန်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေရပါတယ်။ အယ်ကန်နီ လူမျိုးစုခေါင်းဆောင် ဘာဘာဗော့စ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ကယ်တင်ပြီး လက်ထပ်ခဲ့ပါတယ်။ သူ ကယ်တင်ခဲ့တဲ့ အမျိုးသမီးကနေ မွေးဖွားလာတဲ့ အမွှာကလေးလေးနှစ်ယောက်က ထူးဆန်းစွာပဲ အမြင်အာရုံရှိနေခဲ့ပါတယ်။ ကိန်း ဘုရင်မကြီးက အမြင်အာရုံရှိတဲ့လူကို မိစ္ဆာဒိဋ္ဌိလို့ သတ်မှတ်ခဲ့ပြီး ကလေးလေးတွေရဲ့နောက်ကို သူ့ရဲ့စစ်တပ်ကြီးကို လိုက်ခိုင်းတဲ့အခါမှာတော့..... Aquaman မင်းသားကြီး Jasom Momoa က အယ်ကန်နီ လူမျိုးစုခေါင်းဆောင်အနေနဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် Apple TV မှာ ထုတ်လွှင့်ပြသနေဆဲပါ၊ ဇာတ်လမ်းက တစ်ပိုင်းထက်တစ်ပိုင်း ဇာတ်ရှိန်မြင့်လာမှာမို့ ဒီထက် ညွှန်းမနေတော့ပါဘူး။ တစ်ပတ်တစ်ခါသာ ဆက်ဆက်မျှော်ကြပါဦးခင်ဗျာ။ Translated By : August Encoded By : XCodeSeason 1 Zip File : Yoteshin /VIP  See Season 2 (2021) ၂ နှစ်အကြာမှာတော့ အားလုံး မျှော်လင့်စောင့်စားနေတဲ့See Season 2 ပြန်လည် ရောက်ရှိလာပါပြီ။ဘာဘာဗော့စ်တစ်ယောက် ...
7.6
TMDb: 7.6/10 25 votes
tv

See (2019)

2019
Tales of the Walking Dead (2022) 7.9
Tales of the Walking Dead (2022)   Walking Dead ဆိုတာ အကောင်းဆုံးနဲ့အရှိန်အဝါအကြီးဆုံး အကျယ်ပြန့်ဆုံး ဇွန်ဘီးဇာတ်လမ်းတွဲကြီးတစ်ခုပဲဆိုမမှားပါဘူး။ ဒီစီးရီးကတော့ အဲဒီဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်တွေ တစ်ကောင်ချင်းဆီကို ဇာတ်လမ်းတစ်ခုဆီ ဘောနပ်စ် သဘောမျိုး ပြသထားတာပါပဲ။ ဒီတော့ Walking Dead ကိုမကြည့်ဖူးရင်တောင် ရုပ်ရှင်တစ်ကားစီလို့ သဘောထားပြီး ဇိမ်နဲ့ကိုကြည့်လို့ရပါတယ်။ Walking Dead ဖန်တွေအတွက်တော့ ရွှေပေါ့ဗျာ။ဇာတ်လမ်းတိုင်းမှာ ကမ္ဘာပျက်ချိန် ဇွန်ဘီးတွေကြားမှာရုန်းကန်ရတဲ့ လူ့သဘာဝတွေ တွေးစရာတွေနဲ့ စွန့်စားခန်းတွေပါဝင်ပါတယ်။File size…400 Mb Quality….Webrip 720 Format…mp4 Duration….50 Min Genre...Drama, Action & Adventure, Sci-Fi & Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldDownload LinkEpisode 1 720p  - VIP / Yoteshin / Megaup / Meganz / Usersdrive / StreamsbEpisode 2 720p  ...
7.9
TMDb: 7.9/10 27 votes
tv

Tales of the Walking Dead (2022)

2022
American Horror Stories  (2021) Complete 7.925
American Horror Stories (2021) Complete အမေရိကန် ဟော်ရာစတိုရီ ဆိုတဲ့ ဇာတ်လမ်းတွေတွေဟာ အပိုင်းရာချီရှိပြီး အတော်လေးလည်း ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ အဲဒီရာချီနေတဲ့အပိုင်းတွေကို မကြည့်နိုင်သေးလည်း ဟောဒီအသစ်ထွက်ရှိထားတဲ့ American Horror Stories ဆိုတဲ့ စီးရီးအသစ်လေးတွေကို ခံစားကြည့်နိုင်ပါတယ်။တစ်ပိုင်းနဲ့တစ်ပိုင်း ဆက်စပ်မထားဘဲ သီးခြားကြောက်စရာဇာတ်လမ်းတစ်ပုဒ်စီမို့ သရဲပုံပြင်တွေကို တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်နေရသလိုကို အရသာရှိမှာပါ။ ဇာတ်လမ်းတွေကလည်း ဖန်တရာတေ ဟော်ရာဇာတ်လမ်းတွေမဟုတ်ဘဲ တစ်ပိုင်းပြီးတစ်ပိုင်းကို ဆန်းသစ်တဲ့စီးရီးမို့ ဟော်ရာပရိသတ်တွေ သေချာပေါက်အကြိုက်တွေ့မှာပဲဆိုပြီး တင်ဆက်ပေးလိုက်တာပါပဲ။ ခံစားကြည့်လိုက်ပါဦး။ တစ်ပိုင်းချင်းကို ဟော်ရာရုပ်ရှင်တစ်ကားလိုသဘောထားပြီး ဇိမ်နဲ့ကြည့်လို့ရပါတယ်။ File Size – 500MB / 300MBQuality – 1080p WEB DL AAC5.1CH / 720pDuration – minute (@Episode)Total Episodes: Subtitle – Myanmar HardsubFormat – Mp4Genre : Drama , Mystery , SciFi & FanastyTranslator – Mr.AndersonEncoder – Thit ...
7.925
TMDb: 7.925/10 479 votes
tv

American Horror Stories (2021) Complete

2021
Immortal Samsara ( 2022 )
Immortal Samsara ( 2022 ) ဒီတစ်ခါတော့ CM ကနေမှအားလုံးစောင့်မျှော်နေကြတဲ့ Immortal Samsara ဆိုတဲ့series လေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်Casts တွေကတော့ မိတ်ဆက်စရာမလိုလောက်အောင်သရုပ်ဆောင်ကောင်းလွန်းပြီး မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းတဲ့မင်းသား မင်းသမီးတွေပဲဖြစ်ပါတယ်နော်ဒါဆို ဇာတ်လမ်းလေးကို နည်းနည်းပြောပြမယ်နော်ပန်းကြာလေးလွှာမျိုးနွယ်စုမှဆင်းသက်လာပြီးဆေးဖက်ဝင်အမျိုးအစားကြာပန်းဖြစ်တဲ့ Yan Dan (Yang Zi)နဲ့သူ့ရဲ့အမွှာအစ်မ Zhi Xi(Meng Ziyi)တိုဟာပန်း အနွယ်ဝင်ကနေ လူပုံပြောင်းခဲ့ကြပါတယ်Yan Dan ရဲ့ဘဝမှာ အကြီးမားဆုံးဖြစ်ရပ်တစ်ခုအဖြစ်သူမဟာ Ying Yuanနတ်မင်း(Cheng Yi)နဲ့ အချစ်ဆိုတဲ့အရာကိုထိတွေ့မိခဲ့ပြီး ကောင်းကင်းစည်းမျဉ်းကိုဖောက်ဖျက်မိရာကနေမှ ....သူ ကြုံရတဲ့ချစ်ခြင်းတရားကမမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်သူမတစ်ယောက် နှစ်ပေါင်း ၈၀၀ ကြာအောင်ကြိုးစားမေ့ခဲ့ရတာပေါ့နော်အဲ့နောက်မှာတော့ Yan Dan ရဲ့ဘဝထဲကို Yu Moကထောက်ပံ့မှုတွေ ကောင်းမွန်မှုတွေဆီကိုခေါ်ဆောင်သွားပေးနိုင်ဖို စုံစည်းခဲ့ကြပါတယ်တစ်ရက်မှာ သူတိုနှစ်ယောက် မိစ္ဆာတွေကို ဖမ်းဆီးအပြစ်ပေးဖို တာဝန်ကိုထမ်းဆောင်ရင်းYing Yuan နတ်မင်းရဲ့ လက်ရှိလူဝင်စားတစ်ယောက်ဖြစ်တဲ့မိစ္ဆာဖမ်းသူ Tang Zhou နဲ့စုံမိရာမှာတော့နှစ်၈၀၀ကြာမေ့အောင်ကြိုးစားခဲ့တဲ့ သူမနဲ့ လူဝင်စားတစ်ယောက်ဖြစ်နေတဲ့Ying Yuanနတမင်းတိုကဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့CM ကနေတင်ဆက်ပေးတော့မယ့် Immortal ...

Immortal Samsara ( 2022 )

2022
You’re Nothing Special (2022) Complete 5.583
You’re Nothing Special (2022) Complete You're Nothing Special Season 1 ===========================ဘာစီလိုနာမြို့ကြီးကနေ သူ့အမေရဲ့ ဇာတိမြို့နယ်လေးကို ပြောင်းရွှေ့လာရတဲ့ ‌ဆယ်ကျော်သက် ကျောင်းသူလေး အမ်မိုင်ယာ မြို့ခံတွေဆီက အဖွားအကြောင်းတီးတိုးပြောကြတာတွေကို စူးစမ်းရင်း အဖွားရဲ့ ထူးဆန်းတဲ့စွမ်းအားတွေကို တွေ့ရှိသွားခဲ့တယ်သူငယ်ချင်းရဲ့ ငယ်ဘ၀မကျေနပ်ချက်ကို အစွမ်းတွေသုံးပြီး လက်တည့်စမ်း ကျိန်ရာကနေ သူ့ကျိန်စာအတိုင်း တစ်ကယ်ဖြစ်လာတဲ့အချိန်မှာ တခြားသူငယ်ချင်းတွေကပါ သူတို့ရဲ့ အချစ်ရေး လူမှုရေးအခက်အခဲလေးတွေဖြေရှင်းပေးဖို့ အမ်မိုင်ယာကို လာအပူကပ်ကြတယ်တစ်ပိုင်းချင်းစီမှာ သူငယ်ချင်းတွေ အကူအညီတောင်းသမျှကို အဘွားရဲ့ အစွမ်းတွေ သုံးပြီး ကူညီပေးတဲ့ ပုံစံလေး ရိုက်ကူးထားတာပါ ဆယ်ကျော်သက် လူငယ်တွေရဲ့ စူးစမ်းစိတ် အချစ်နဲ့ သူငယ်ချင်းဆက်ဆံရေး တွေကို စပိန်နိုင်ငံက မြို့သေးလေး‌ရဲ့ မျက်စိအေးစရာ ရှုခင်းလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ကောင်းတဲ့ drama ကားလေးဆိုပြီး review ရထားတဲ့ကားမို့ Heavy Drama တွေနဲ့အီနေရင် အပြောင်းအလဲအဖြစ် ကြည့်ကြည့်နော် File Size – 7200MB / 400MBQuality – 1080p NF WEBDL AAC5.1CH / 720pDuration – ...
5.583
TMDb: 5.583/10 6 votes
tv

You’re Nothing Special (2022) Complete

2022
The Girl in the Mirror (2022) 8
The Girl in the Mirror (2022) The Girl in the Mirror (2022 Netflix series)IDMDb (7.1/10) =================================ခရီးစဥ် တစ်ခုမှာ လူငယ်တွေအချင်းချင်း ဆုံပြီး အသိအကျွမ်း ဖြစ်သွားကြတယ်။လူငယ်သဘာဝ သောက်စားပျော်ပါးရင်းနဲ့ ခင်မင်လာတော့ သူ့အတွဲ ကိုယ့်အတွဲ အီစီကလီတွေ ဖြစ်လာကြတယ်။ခရီးအဆုံးမှာ ကတောက်ကဆ အနည်းငယ်ဖြစ်လို့ စိတ်ခုစိတ်ဆိုးကြတာ ရှိရုံကလွဲပြီး တခြားထူးထူးခြားခြား မရှိခဲ့ပေမယ့် အပြန်လမ်းမှာ သူတို့ ခရီးသည်တင်ကား ရှေ့ဆက်သွားလို့မရအောင် မြူခိုးတွေ ပိတ်လာခဲ့ပါတယ်။မြူခိုးကြားက မရမက သွားရင်းနဲ့ မမျှော်လင့်ထားတဲ့ ကားမတော်တဆမှု ဖြစ်ခဲ့ပါတယ်။ဒီမတော်တဆမှုကြောင့် ဒဏ်ရာရသူကရ၊ သေတဲ့သူက သေ၊ ပျောက်တဲ့သူက ပျောက်နဲ့ ဖြစ်ခဲ့ပေမယ့် သေရွာက ကပ်သီးလေး လွတ်မြောက်လာတာကတော့ အယ်လ်မာဆိုသူ မိန်းမပျိုလေးပါ။သူကိုယ်တိုင် အတိတ်မေ့ပြီး မှတ်ဉာဏ်ပျောက်ခဲ့ရတော့ ဒီမတော်တဆမှုကို ပြန်လည် စုံစမ်းရှာဖွေရင်း သူ့ကိုယ်သူ ပြန်မှတ်မိအောင် ကြိုးစားရပါတော့တယ်။ဒီမတော်တဆမှုက သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား၊ ဒီခရီးစဥ်နဲ့ ဘယ်လိုများပတ်သက်နေမလဲ၊ အယ်လ်မာရဲ့ မှတ်ဉာဏ်ထဲမှာ ကျန်ခဲ့တဲ့ အစိတ်အပိုင်းတွေက ဘယ်လို ဖြစ်လာမလဲ...၊စတဲ့ သို့လောသို့လော ...
8
TMDb: 8/10 1 votes
tv

The Girl in the Mirror (2022)

2022
The Undeclared War (2022) 7.8
The Undeclared War (2022) The Undeclared War (2022)Peacock TVက​ ထုတ်လွှင့်ထားတဲ့ British thrillerစီးရီး​ကောင်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ Miniseriesဖြစ်ပြီး Epiက ၆ပိုင်းပဲ ပါဝင်ကာ IMDb 6.6နဲ့ RT 70% ရရှိထားပါတယ်။၂၀၂၄ခုနှစ် ဗြိတိန်အ​ထွေ​ထွေ​ရွေး​ကောက်ပွဲကာလကို ဇာတ်အိမ်တည်ထားပြီး အင်အားကြီးနိုင်ငံ​တွေကြားက cold war ပုံစံလို့ ​ပြောနိုင်တဲ့ Cyber warအ​ကြောင်းကို thrillerဆန်ဆန် ကြည့်ရှု ခံစားရမှာပါ။ Cyber ​​လောကနဲ့ သူတို့​ရဲ့ လုပ်ငန်း​ဆောင်ရွက်ပုံ၊ Malwareတိုက်ခိုက်မှုအမျိုးမျိုးနဲ့ ဟက်ခ်ကာ​တွေရဲ့အားပြိုင်မှု​၊ နိုင်ငံ့​ခေါင်း​ဆောင်​တွေရဲ့ အားပြိုင်မှု​နဲ့အတူ ဇာတ်အစအဆုံးကို ​လိုတိုရှင်း ခပ်သွက်သွက် ကြည့်ရမှာပါ။ ITပိုင်းနဲ့ hackingပိုင်း​တွေကို စိတ်ဝင်စားသူ​တွေ အကြိုက်​တွေ့မှာ ​​သေချာပါတယ်။ဆာရာပါဗင်က ယူ​ကေက အစိုးရဆက်သွယ်​ရေးဌာနချုပ်(GCHQ)ကို ထူးချွန်အဆင့်နဲ့ရောက်လာတဲ့ အလုပ်သင်​ကျောင်းသူတစ်ဦးပါ။ ​​ရောက်​​ရောက်ချင်း ​ဆောက်နဲ့ထွင်းဆိုသလို အလုပ်ဆင်းတဲ့​နေ့မှာပဲ ယူ​ကေရဲ့ဆက်သွယ်​ရေးစနစ်တစ်ခုလုံးနီးပါးကို ပြတ်ကျသွား​​စေတဲ့ Malwareတိုက်ခိုက်မှုကြီး ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်​တွေနဲ့GCHQအရာရှိ​တွေက ရုရှားအစိုးရရဲ့တရားမဝင်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တာလို့ တရား​သေယူဆပြီး တန်ပြန် Cyberတိုက်ခိုက်မှု​တွေလုပ်ဖို့ ပြင်ဆင်ကြပါ​တော့တယ်။ ဒါ​ပေမဲ့ အဆိုပါMalwareဟာ သာမန်လို တစ်ဆင့်ပဲ တိုက်ခိုက်တာမျိုးမဟုတ်ဘဲ လျှို့ဝှက်ကုတ်တွေနဲ့၂ဆင့် ၃ဆင့်ထိ ...
7.8
TMDb: 7.8/10 11 votes
tv

The Undeclared War (2022)

2022
The Sandman (2022) 8.417
The Sandman (2022) The Sandman (2022) ================ IMDb Rating - 8.0/10နက်ဖလစ်ရဲ့နတ်ဘုရားစီးရီးအသစ်တစ်ခုကိုတင်ဆက်ထားပါပြီ။ American Gods တို့ Norse Mythology တို့ကို ရေးခဲ့တဲ့ စာရေးဆရာကြီး နီးလ်ဂိုင်မန်ရဲ့ လက်ရာတွေထဲက Sandman ဆိုတဲ့ နတ်ဘုရား စွမ်းအားရှင် တစ်ယောက်အကြောင်းပါပဲ။ဇာတ်လမ်းအစမှာတော့ ကမ္ဘာနှစ်ခုကို အရင်ပြသထားပါတယ်။ လူသားတွေ နေတဲ့ နိုးထကမ္ဘာနဲ့ အိပ်မက်ကမ္ဘာပေါ့။ အိပ်မက်ကမ္ဘာရဲ့ နတ်ဘုရားဟာ သူ့ဆီ ကနေ ထွက်ပြေးပြီး လူတွေကို ဒုက္ခပေးနေတဲ့ အိပ်မက်ဆိုးတစ်ကောင်ကို လိုက်ဖမ်းနေခဲ့ပါတယ်။ ဖမ်းမိသွားတဲ့အချိန်လေးမှာပဲ ဘာမှမလုပ်ခင် သူ့ကို လူသားတစ်စုက မှော်အစီအရင်တွေနဲ့ ထောင်ချောက်ဆင်ဖမ်းတာခံလိုက်ရပါတယ်။ ဒါပေမဲ့ တကယ်တော့လည်း လူသားတွေ ဖမ်းချင်တာက သေမင်းတမန်တော်ကိုပါ။ ယုံထောင်ကြောင်မိဖြစ်ပြီး အိပ်မက်နတ်ဘုရားက အချောင်ဖမ်းခံလိုက်ရပါတယ်။ နောက်မှသိရတာက အိပ်မက်နတ်ဘုရားဟာ Endless ဆိုတဲ့ အဆုံးမဲ့နတ်ဘုရား (၇) ပါးထဲက တစ်ပါးဖြစ်နေတာပါပဲ။ အဲဒီ ၇ ပါးကတော့ ကံကြမ္မာ၊ ခွဲခွာမှု၊ အိပ်မက်၊ ဖျက်ဆီးခြင်း၊ ရမက်၊ သောက၊ ထင်ယောင်ထင်မှား ဆိုတဲ့ ဘုရား(၇)ပါးပါပဲ။သူတို့က သာမန်နတ်ဘုရားတော်တော်များများထက် စွမ်းအားကြီးကြပါတယ်။ ဒီစီးရီးမှာတော့ ...
8.417
TMDb: 8.417/10 6 votes
tv

The Sandman (2022)

2022
Moonhaven (2022) 6.7
Moonhaven (2022)  ဒီတစ်ခါမှတော့ လူတွေနေထိုင်တဲ့ ကမ္ဘာမြေကြီးက လူတွေကြောင့်ပဲ အစာရေဆာ ရှားပါးပြတ်လတ်ပြီး လေထုညစ်ညမ်းမှုကြောင့် ပျက်ခါနီလေးမှာပဲ အိုင်အိုဆိုတဲ့ ကုမ္ပဏီကနေပြီး လကမ္ဘာပေါ်မှာ လူသားတွေကိုကယ်တင်နိုင်မဲ့ နည်းပညာတစ်ခုကို နှစ်ပေါင်းရာနဲ့ချီပြီး စမ်းသပ်နေရာမှ အောင်မြင်ခါနီးလေးမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်လေး အကြောင်းကို ရိုက်ပြထားတဲ့ကားကောင်းလေး တစ်ကားပါပဲဘယ်လာ ဆိုတဲ့ လေယာဉ်မှူးလေးတစ်ယောက်ဟာ ပုံမှန်ဆို လကမ္ဘာပေါ်ကို ပစ္စည်းပိုပေးတဲ့ လေယာဉ်ကိုပဲ မောင်းနေတဲ့သူပါ တစ်နေ့တော့ အိုင်အို အထူးကိုယ်စားလှယ်ရဲ့ လေယာဉ်မှူး နေမကောင်းတာကြောင့် သူ့လေယာဉ်မှာ ခရီးသည်အဖြစ် လိုက်ပါစီးနင်းရင်းကနေ ဇာတ်လမ်းကစခဲ့တာပါပဲသူမလာခင်တစ်ရက်အလိုမှာပဲ လကမ္ဘာပေါ်မှာလူသတ်မှုဖြစ်ခဲ့တာပါ အဲဒီအသတ်ခံရတဲ့ ကောင်မလေးက သူ့ရဲ့ညီမဖြစ်နေတယ်ဆိုတာကို လကမ္ဘာပေါ်ရောက်မှ သိလိုက်ရတဲ့ အချိန်မှာတော့…….လူတွေရဲ့ စိတ်ဓာတ်အမှန်တွေ လိုချင်တပ်မက်မှုလောဘတွေ ဘယ်သူကဘယ်သူ့ကို ယုံရမလဲဆိုတဲ့ အကြောင်းတွေကို တစ်စတစ်စ ပေါ်လွင်လာအောင် လက်ရာမြောက်မြောက်ရိုက်ပြထားလိုမဖြစ်မနေကို ကြည့်ရှူသင့်တဲ့ ကားကောင်းလေး တစ်ကားပါပဲ ခင်ဗျာFile size…500 Mb Quality….Webrip 720 Format…mp4 Duration….1HR Genre...Sci-Fic & ...
6.7
TMDb: 6.7/10 22 votes
tv

Moonhaven (2022)

2022
Boo, Bitch (2022) 7.2
Boo, Bitch (2022) Boo,Bitch (2022)ဒီတစ်ခါတော့ To all the boys ဇာတ်လမ်းတွေထဲက အချောလေး Lana Condor ရဲ့ ၈ ပိုင်းပါ မီနီစီးရီးအသစ်ကလေးကို တင်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းကတော့ .... အယ်ရစ်ကာက ပေါ်ပြူလာမဖြစ်တဲ့ သာမန်ကျောင်းသူတစ်ယောက်ပါ။ Nerdy Teen လေးတွေပုံစံအတိုင်း သူ့ရဲ့တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်း ဂျီရာ ရှိတယ် တခြားသူတွေကတော့ သူ့ကိုရှိနေမှန်းတောင်မသိကြပါဘူး။အယ်ရစ်ကာ နဲ့ဂျီရာ က အထက်တန်းပြီးခါနီးမှာ ပါတီတစ်ခုကို သွားဖို့ဆုံးဖြတ်လိုက်တယ်။ ပါတီမှာ အဆင်မပြေလောက်ဘူးတွေးထားပေမယ့် တကယ်တော့ပြေခဲ့တယ်။ အယ်ရစ်ကာကလဲသူ့crush လေးနဲ့ first kiss တောင်ရလုနီးနီး ဖြစ်ခဲ့တာပေါ့။ အဲလိုတွေ အဆင်ချောနေတော့ ပါတီကအပြန်လမ်းမှာ သူတို့သူငယ်ချင်းနှစ်ယောက် ကြောက်မနေဘဲ ဘဝကိုပျော်ပျော်နေမယ်ပြောနေကြရင်း.....နောက်နေ့မနက် အယ်ရစ်ကာ နိုးတော့ အိမ်ကိုဘယ်လိုရောက်ခဲ့မှန်းမသိဘူး။ သူ ပျောက်သွားတဲ့ဆွဲကြိုးကိုသွားရှာရင်း သူနဲ့သူ့သူငယ်ချင်းတွေ့တာက သမင်ကြီးအောက်မှာရောက်နေတဲ့အလောင်း နဲ့ အလောင်းမှာစီးထားတာက အယ်ရစ်ကာ့ဖိနပ်။ အယ်ရစ်ကာတစ်ယောက်သေသွားပြီလား? ဘယ်လိုသေသွားတာလဲ? အဲဒါဆိုအခုဆွဲကြိုးလိုက်ရှာနေတာကဝိဥာဥ်လား? သူ့သူငယ်ချင်းကရောဘာလို့သူ့ကိုမြင်နေရတာလဲ? သူ အပြင်သွားကြည့်တော့လဲ လူတွေကသူ့ကိုမြင်ရပေမယ့် သူ ဝိဥာဥ်ဖြစ်ကြောင်းပြနေတဲ့လက္ခဏာတွေကရှိနေပြန်သေးတယ်။ အဲတော့ဝိဥာဥ်လားလူလားတောင် သူ့ကိုယ်သူမသိတဲ့အယ်ရစ်ကာတစ်ယောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... ...
7.2
TMDb: 7.2/10 20 votes
tv

Boo, Bitch (2022)

2022
Good Omens Season 1 8
Good Omens Season 1 ခရစ်ယာန်အယူဝါဒ အရကမ္ဘာဦးအစမှာဖန်ဆင်းရှင်ဟာ ဖန်ဆင်းမှု ၆ခုကို ဖန်ဆင်းတော်မူခဲ့တယ်၆ရက်မြောက်နေ့ ဘုရားသခင်ရဲ့ဖန်ဆင်းမှု ကြောင့် ကျွန်တော်တို့ လူသားတွေဖြစ်တည်လာရတာပေါ့အားလုံးသိကြတဲ့ အာဒမ် နဲ့အေဝဆိုတဲ့အမျိုးသားနဲ့အမျိုးသမီးတဦး ပေါ်ထွန်းလာခဲ့တယ် ဘုရားသခင်ဟာအဆိုပါလူသား၂ဦးကို ဧဒင်ဥယျာဥ်ထဲမှာပဲ ထားတယ် အဲ့ဧဒင်ဥယျာဥ်ထဲက ပန်းသီးပင်က ပန်းသီးကို မစားဖို့ လူသား၂ဦးကို အတန်တန်မှာ ကြားခဲ့တယ်ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲမှာ တမန်တော်တွေရဲ့ အခန်းကဏ္ဍကလဲကမ္ဘာဦး အစမှာတည်းကအရေးပါခဲ့တယ်ဘယ်နေရာဖြစ်ဖြစ် အကောင်းကိုပြုမယ့် အဇီရာဖေးဆိုတဲ့တမန်တော်ရှိရင် သူနဲ့တွဲဖက်စေတန်ရဲ့အစေပါးဖြစ်တဲ့ ခရိုလီ ဟာ ပန်းသီးပင်က ပန်းသီးကို အေဝတယောက်စားမိအောင် စေ့ဆော်မိတဲ့နေ့ကစပီးလူသားတွေရဲ့ရာဇဝင်အဆက်ဆက်နဲ့ The Good Omens ဆိုတဲ့ဇာတ်လမ်းတပုဒ်ပေါ် ထွက်လာတော့တာပဲဒီ seriesဟာ နာမည်ကြီး ဝတ္ထုကိုပြန် ရိုက်ထားတဲ့ adaptation ဖြစ်ပေမယ့်လို့အခြားadaptation တွေလို မ fail ခဲ့ပါဘူး wonderful series ဆိုပီး recommend တွေအများကြီးရခဲ့တယ်rating ပိုင်းလဲပြောစရာမလိုဘူး acting ပိုင်း cast တွေ ...
8
TMDb: 8/10 1236 votes
tv

Good Omens Season 1

2019
The Time Traveler’s Wife (2022) 8.4
The Time Traveler’s Wife (2022)   အရင်က တစ်ကားတည်းထွက်ဖူးတဲ့ အချိန်ခရီးသွားတဲ့သူတစ်ယောက်အကြောင်းလေးကိုဇာတ်လမ်းတွဲလေးနဲ့ထွက်ရှိလို့လာပါပြီအချစ်ဆိုတာက မရှိတော့တဲ့အချိန်မှာမှ ပိုပြီးတော့ အသည်းအသန်ချစ်မိကြတာကသဘာဝပါပဲကိုယ့်ရဲ့ချစ်သူက ခနနေတိုင်း ဖြတ်ခနဲ ဖြတ်ခနဲ့ ပျောက်ပျောက်သွားတတ်တဲ့အချိန်ခရီးသွားတဲ့သူတစ်ယောက်ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲအချိန်ခရီးသွားရပေမဲ့လည်း ဘာကိုမှပြင်ဆင်ခွင့်မရှိတဲ့ လူတစ်ယောက်အနေနဲ့ရောဒါက ဆုလာဘ်လား ပြစ်ဒဏ်လာဆိုတာကိုတောင် သေချာမသိနိုင်လောက်အောာင်ပါပဲလူတွေရဲ့ ဖြစ်တတ်တဲ့သဘောတွေ ဖြစ်မယ်ဆိုတာကိုသိသိကြီးနဲ့ တားလို့မရတဲ့နာကျင်မှုတွေလူမှန်းမသိခင်လောက်ကတည်းက တစ်ယောက်တည်းကိုပဲ စွဲစွဲလန်းလန်းစောင့်ခဲ့တဲ့ အချစ်စစ်တွေအကြောင်းကိုပေါ့ပေါ့ပါးပါးလေးနရယ်စရာလေးတွေရောပြီးတော့ တင်ဆက်ထားတာဖြစ်တဲ့အတွက်ရသပေါင်းစုံခံစားပြီး ကြည့်ဖို့ထိုက်တန်တဲ့ကားကောင်းလေးတစ်ကားပါပဲ File size…(554Mb) Quality….Webrip 720p/1080p Format…mp4 Duration….50 Min Episode...6 Epi Genre... Sci-fic/Drama/ Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldEpisode 1720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 2720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 3720p - VIP ...
8.4
TMDb: 8.4/10 40 votes
tv

The Time Traveler’s Wife (2022)

2022
The Defenders(2017)Season 1 7.2
The Defenders(2017)Season 1 The Defenders(2017)Season 1[ WEB-DL 1080p5.1Ch]********************************************************အပိုင်း ( ၁ မှ ၈ ) အထိ စ/ဆုံး ဒီစီးရီးကတော့ အရင် Netflix ကနေ ပြသခဲ့တဲ့ Marvel ရဲ့ စူပါဟီးရိုး လေးယောက်ကို စုစည်းပြီး တင်ဆက်ထားတာပါ။ Daredevil, Jessica Jones. Luke Cage နဲ့ Iron Fist တို့ ပါဝင်ပါတယ်။ အရင်စီးရီးလေးခုထဲမှာ ဂျက်စီကာ ဂျုန်းစ်ကလွဲပြီး ကျန်တဲ့ ၃ ခုလုံးတင်ပေးပြီးပါပြီ။ JJ ကိုတော့ သိပ်မကြိုက်တာရယ် ဘာသာပြန်မယ့်သူမရှိတာရယ်ကြောင့် မတင်ဖြစ်ပါဘူး။ ၄ ယောက်လုံးအကြောင်းကိုတော့ မိတ်ဆက်အနေနဲ့ ရေးပေးထားပါတယ်။ Marvel ရဲ့ Time Line အရဆိုရင် Daredevil Season 1/2 ပြီးတဲ့နောက်မှာဆက်လက်ဖြစ်ပွားခဲ့တဲ့  တိုက်ပွဲတွေဆိုရင်လည်းမမှားပါဘူး..Daredevil ဆိုတာကတော့ မတ် မားဒေါ့ခ်ဆိုတဲ့ ရှေ့နေပါ။...
7.2
TMDb: 7.2/10 959 votes
tv

The Defenders(2017)Season 1

2017