Channel Myanmar

Romance

Frankly Speaking (2024) [Complete]
Frankly Speaking (2024) [Complete] Frankly Speaking (2024)**********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး Rom-Com ဒရမ်မာလေးတွေ ကြိုက်သူများအတွက်ဒီတစ်ခေါက်မှာတော့  6/45 ထဲက မင်းသား Go Gyung-Pyo နဲ့Start Up ထဲက မင်းသမီး Kang Han Na တို့  အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -ဆုန်းဂီဘဲ့ (Go Gyung-Pyo) ဟာဆိုရင် အောင်မြင်တဲ့သတင်းကြေညာသူတစ်ယောက် ဖြစ်ပါတယ်။စကားအပြောအဆို ရည်မွန်ပြီး ယဉ်ကျေးသလိုအလုပ်မှာလည်းတော်တဲ့ ပြီးပြည့်စုံသူမို့ အားလုံးကသူ့ကို စံပြသတင်းကြေညာသူအဖြစ် သတ်မှတ်ထားကြတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ဂီဘဲ့တစ်ယောက် မတော်တဆ ဓာတ်လိုက်ပြီး မေ့လဲသွားပါတော့တယ်။ပြန်နိုးလာတဲ့အခါမှာတော့ အရင်လို ယဉ်ကျေးတဲ့ ဆုန်းဂီဘဲ့မဟုတ်တော့ဘဲကိုယ်ပြောချင်တဲ့စကားကို ချုပ်တည်းထားလို့မရဘဲတစ်ချိန်လုံး ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားတွေ‌ပြောနေတဲ့ ဂီဘဲ့ဖြစ်နေခဲ့ပါပြီ။တစ်ဖက်မှာလည်း အွန်ဝူဂျူ (Kang Han-Na) ကစိတ်အားထက်သန်မှုရှိတဲ့ ရသစုံလင်ရှိုး စာရေးဆရာမဖြစ်ပါတယ်။ဂီဘဲ့ရဲ့ အပြောအဆို ကြမ်းတမ်းပုံကို စိတ်ဝင်စားသွားပြီး သူ့ရဲ့ ...

Frankly Speaking (2024) [Complete]

2024
Remember (2024)
Remember (2024) သေရာပါ မှတ်ဉာဏ် (၂၀၂၄)ထီဟာ မွေးရာပါ မှတ်ဉာဏ် စွမ်းဆောင်ရည် မြင့်မားလွန်းတဲ့လူတစ်ယောက်ပါ။ထီတို့မိသားစုဟာ ကားမတော်တဆမှုကြောင့် အမေနဲ့အစ်ကိုကို ဆုံးရှုံးခဲ့ပြီး အဖေဖြစ်သူဟာ အယ်ဇိုင်းမားရောဂါ ဖြစ်သွားပါတယ် တစ်နေ့မှာတော့ သူ့အဖေဟာအလုပ်ကနေအပြန် အလောင်းတစ်လောင်းကိုတွေ့ရာကနေ လူသတ်မှုနဲ့စွဲချက်တင်ခံလိုက်ရပါတယ်ထီဟာ သူ့အဖေအပြစ်ကင်းကြောင်းသက်သေပြဖို့ အရမ်းတော်တဲ့ရှေ့နေထွတ်စဖွန်ကိုငှားချင်ခဲ့ပါတယ် ဒါပေမယ့် ငွေမက်တဲ့ ရှေ့နေထွတ်စဖွန်ဟာ သူ့ကိုလွယ်လွယ်နဲ့မကူညီပေးခဲ့တဲ့အတွက် မှတ်ဉာဏ်ကောင်းတဲ့ ထီဟာ လောင်းကစားရုံတခုမှာသွားပြီး ပိုက်ဆံရှာနိုင်ခဲ့လို့ ရှေ့နေငှားနိုင်ခဲ့ပေမဲ့ ထီရဲ့အဖေကတော့ ရှေ့နေငှားမှ ထောင်လုံးလုံးကျသွားခဲ့ပါတယ်။ထီကတော့ ရှေ့နေတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့မှတ်ဉာဏ်ကို အသုံးချပြီးတော့ သူ့အဖေ ထောင်ကနေလွတ်ဖို့ အမှုပြန်လိုက်နိုင်မလား ဆိုတာကတော့ “သေရာပါမှတ်ဉာဏ်”ဇာတ်လမ်းတွဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ပါနော်အညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Law, Mystery, Romance Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. ...

Remember (2024)

Love in the Tea Garden
Love in the Tea Garden ဒီဇာတ်ကားလေးကတော့ romantic အချစ်ဇာတ်လမ်းတွေမှ ကြည့်ချင်တယ်ဆိုတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ရိုရိုချိုချိုအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နော် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ :ယဲ့ရှီးယန်က ယဲ့လုပ်ငန်းစုရဲ့ သမီးလေးဖြစ်ပြီးတော့ နယ်ဘက်ကို ခရီးထွက်ရင်း ကားအက်စီးဒန့်ဖြစ်ပြီး အသက်အန္တာရာယ်နဲ့ကြုံတွေ့ခဲ့ရပါတယ် ။ ဒါပေမဲ့ ကူယန့်ရွာရဲ့ လက်ဖက်ခင်းပိုင်ရှင် လုမင်ယွိဆီမှာ အကယ်ခံလိုက်ရပြီး အသက်အန္တာရာယ်ကနေလည်း လွတ်မြောက်ခဲ့ပါတော့တယ် ။ဒါပေမဲ့ ယဲ့ရှီးယန်တစ်ယောက် သူ့နောက်ခံကြောင့် အန္တာရာယ်တွေဖြစ်လာမှာကို‌ ကြိုတင်ရှောင်ရှားတဲ့အနေနဲ့ အတိတ်မေ့ချင်ယောင်ဆောင်ပြီး ကူယန်ရွာမှာပဲဆက်နေထိုင်ခဲ့ပါတယ် ။ အတူတူနေတာကြာလာတော့ သံယောဇဉ်ဖြစ်လာကြတဲ့ သူတို့၂ဦးဟာ လက်ဖက်ခင်းကြီးကို စောင့်ရှောက်ရင်း ဘဝကိုအေးအေးချမ်းချမ်းနေရမယ်လို့ထင်ထားကြတာပေါ့ ။ဒါပေမဲ့ ချွေးလုပ်ငန်းစုရဲ့သားချွေးကျစ်ဟောက်က ရုတ်တရက်ကြီး ယဲ့ရှီးယန်ကိုတွေ့သွားချိန်မှာတော့ မမျှော်လင့်ထားတဲ့ မုန်တိုင်းတွေ သူတို့ဘဝထဲဝင်ရောက်လာပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာ သူတို့နှစ်ယောက် ပြဿနာတွေကို အတူတူရင်ဆိုင်ပြီး အဆုံးထိ အချစ်စစ်ကိုရှာဖွေသွားမလား ? ဒါမှမဟုတ် ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေရပြီး သူတို့နှစ်ယောက်ပေါင်းစည်းနိုင်ပါ့မလား ဖြစ်လာမဲ့ပြဿနာတွေကိုရောဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိစောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။============================== Quality : WEB-DL 1080p Total Episodes : 24 Format : mp4 Genres : Drama, Romance Runtime : 15 min Subtitle ...

Love in the Tea Garden

2024
Practice Daughter ( 2024 )
Practice Daughter ( 2024 ) CM ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ မင်းသားလည်းချော မင်းသမီးလေးတွေကလည်းလှလှလေးနဲ့ မျက်စိပဒါသဖြစ်ဖွယ်ကောင်းပြီး ဇာတ်လမ်းလေးကပါ တမူထူးခြားတဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -အမတ်ချုပ်ကြီးရဲ့ သမီးလေးဖြစ်တဲ့ မေယွိရှန့်နဲ့ သူခိုးမလေးရှောင်သိုကျစ်တို နှစ်ဦးဟာ အကျင့်စရိုက်ရော ဂုဏ်ဒြပ်အဆင့်အတန်းပါ အလွန်ကွာခြားပါတယ် ။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ‌တစ်နေ့မှာ ခန္တာကိုယ်ချင်းလဲသွားကြပြီး ခန့်မှန်းမရတဲ့ကိစ္စတွေလည်းအများကြီးဖြစ်လာခဲ့ပါတော့တယ် ။သူတို၂ယောက်ခန္တာကိုယ်ပြန်လဲသွားမလား မလဲခင်မှာရော ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို ဒီဇာတ်ကားလေးကို အဆုံးထိကြည့်ရှုပေးဖို မမေ့ပါနဲ့နော် ။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK=====================================Ep 1 (720p) - ...

Practice Daughter ( 2024 )

2024
Secret Ingredient (2024) [Complete] 10
Secret Ingredient (2024) [Complete] Secret Ingredient (2024)**********************အပိုင်းသစ် (၁ မှ ၆) စ/ဆုံး ဒီတစ်ခေါက်တင်ဆက်ပေးမယ့် Drama လေးကတော့ အချိုကြိုက်တဲ့သူတွေအကြိုက်တွေ့မဲ့ Secret Ingredient ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ ကိုရီးယား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားသုံးနိုင်ငံက သရုပ်ဆောင်တွေကို စုံစုံလင်လင် တွေ့ရမှာဖြစ်တဲ့အတွက်သာမန်ကိုရီးယားတွေနဲ့ ကွဲထွက်နေမှာပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား ဇာတ်ကားတွေဖြစ်တဲ့Xo Kitty နဲ့ Gran Turismo တွေနဲ့ နာမည်ကြီးတဲ့ ကိုးရီးယားသရုပ်ဆောင်Sang Heon Lee နဲ့ ဖိလစ်ပိုင်က မင်းသမီးချောလေး Julia Barretto တို့အပြင်တခြား နိုင်ငံတကာက သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။Hajoon (Sang Heon Lee) ကတော့ ငယ်ရွယ်ပြီး စည်းစိမ်ဥစ္စာပြည့်ဝတဲ့သူတစ်ယောက်ပါ။သူက ငယ်ငယ်ကသိခဲ့တဲ့ သူငယ်ချင်းကောင်မလေး Maya (Julia Barretto) နဲ့ပြန်လည်ဆုံစည်းဖို့အတွက် ငွေကုန်ကြေးကျခံပြီးတော့ သူမကိုရှာဖွေနေခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့ ကံအကြောင်းဖန်ပြီးတော့ သူတို့နှစ်ယောက်က ...
10
TMDb: 10/10 1 votes
tv

Secret Ingredient (2024) [Complete]

2024
Level 9 Chairman (2024)
Level 9 Chairman (2024) The Chairman Of Class 9 ************************** အပိုင်း ၁ မှ ၁၂စ/ဆုံး တက်သစ်စ သရုပ်ဆောင်သစ်တွေ ပါဝင်ရိုက်ကူးထားတဲ့ mini drama လေးနဲ့ မိတ်ဆက်ပေးပါမယ်လူငယ်သရုပ်ဆောင်သစ်တွေထဲကမှ Queen of Tearsမှာ...ဘဲ့ဟျွန်းဝူရဲ့ ဆယ်ကျော်သက်အရွယ်ကို သရုပ်ဆောင်ထားတဲ့ Moon Sung Hyunက main leadအဖြစ် ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ----------------အထက်တန်းဒုတိယနှစ် ကျောင်းသားဆိုးလေး နာအီဆူက...သူ့အဘိုးချန်ထားခဲ့တဲ့ နာမည်ကြီး ဘာဟယ်အထက်တန်းပုဂ္ဂလိဂကျောင်းရဲ့ ဥက္ကဌအသစ် ဖြစ်လာပါတယ်နာအီဆူ တစ်ယောက် လူတိုင်း အားကျရတဲ့ဘဝမှာ နေထိုင်နေရပေမယ့်...အဘိုးဖြစ်သူကို အမြင်မကြည်တဲ့အတွက်...သူ့အဘိုး တန်ဖိုးထားရတဲ့ ဘာဟယ်အထက်တန်းကျောင်းကို ဖျက်ဆီးပစ်ဖို့ရောက်လာခဲ့ပါတယ်အဆိုးအဆာလေးဖြစ်တဲ့ နာအီဆူတစ်ယောက်...ဘာဟယ်ကျာင်းရဲ့ ဂုဏ်ဆောင် ကျောင်းသားဥက္ကဌလေးနဲ့ ရင်းနှီးကျွမ်းဝင်သွားပြီးတဲ့နောက်...အချိန်ကြာလာတာနဲ့အမျှ ချစ်ပန်းလေး ဖူးပွင့်လာပါတော့တယ်ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးပါနှောတဲ့ ကျောင်းသားကားလေးဖြစ်တဲ့အတွက်...အပန်းပြေကြည့်နိုင်ဖို့ တင်ဆက်ပးလိုက်ပါတယ် Drama: The Chairman of Class 9 Genres: Action, Romance, Youth, Drama Country: South Korea Episodes: 12 Aired: ...

Level 9 Chairman (2024)

2024
Flower Crew: Joseon Marriage Agency (2019) 5.9
Flower Crew: Joseon Marriage Agency (2019) Flower Crew: Joseon Marriage Agency (2019) ****************************************** "မာဟွန်း၊ ဒိုဂျွန်၊ ဂိုယောင်းဆူ"ဆိုတဲ့ မြားနတ်မောင် ၃ယောက်ပါဝင်တဲ့"ပန်းဖူးစာအဖွဲ့"ဟာ ဂျိုဆွန်းပြည်မှာနာမည်ကျော်ကြားတဲ့ အောင်သွယ်တော်အဖွဲ့ဖြစ်ပြီးဖူးစာရှင်တွေနဲ့ ဆုံတွေ့စေသူများပေါ့။"ဂယ်တုံး"က‌တော့ ငွေရဖို့ ဘာမဆိုလုပ်တဲ့ ဆင်းရဲသမလေး ဖြစ်ပြီးသူ ဒီလိုမျိုး ငွေကို တစ်ပြားရရ နှစ်ပြားရရရှာနေရတဲ့ အကြောင်းရင်းကလည်း ရှိသေးသကိုး။"ဆူ"ကတော့ ဂယ်တုံးကို လက်ထပ်နိုင်ဖို့ ကြိုးစားနေတဲ့ ပန်းပဲသမားလေးပါ။ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားတာဆိုတော့နန်းတွင်း အရှုပ်တော်ပုံတွေကလည်း မပါမဖြစ်ပေါ့လေ။မင်းကြီး နတ်ရွာစံသွားတဲ့ အပြင် အိမ်ရှေ့စံကပါ လုပ်ကြံခံလိုက်ရတဲ့ အခါရာဇပလ္လင်ဟာ ပိုင်ရှင်မဲ့သွားခဲ့ပါတယ်။ပိုင်ရှင်မဲ့နေတဲ့ ပလ္လင်ပေါ်ကို ရောက်ရှိလာမဲ့သူကဘယ်သူဖြစ်မလဲဆိုတာနဲ့အတူ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာပါ။အဲဒီပြောင်းလဲမှုတွေက သူတို့၅ယောက်နဲ့ ဘယ်လိုပတ်သတ်ဆက်နွယ်နေမလဲ။ဒီပြောင်းလဲမှုတွေကို သူတို့အားလုံး ဘယ်လိုကြိုးစားအားထုတ်သွားမလဲဆိုတာကိုရသစုံလင်စွာ ကြည်ရှူခံစားရမှာဖြစ်ပါတယ်။Cast တွေအားလုံးကလည်း ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားပါ။Dali & Cocky Prince ထဲက Kim Min Jae၊The First Responders ထဲက Gong ...
5.9
TMDb: 5.9/10 19 votes
tv

Flower Crew: Joseon Marriage Agency (2019)

2019
Brilliant God (2024)
Brilliant God (2024) ဇာတ်ကားလေးကတော့ အခုခေတ်လူ့အဖွဲ့အစည်းရဲ့ နွေးထွေးမှုနဲ့ဋ္ဌ အေးစက်မှုတွေကိုပြသထားပြီးတော့ စစ်မှန်တဲ့အဓိပ္ပါယ်ကို သိစေခြင်းနဲ့ ကယ်တင်လမ်းပြတဲ့ တမန်တော်တစ်ယောက်ရဲ့ရှုထောင့်ကနေရိုက်ထားတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ချစ်သူကိုလက်ထပ်ခွင့်တောင်းဖို့သွားတဲ့ ရှဖုန်းဟာကားတိုက်ခံရပြီးတော့သေဆုံးသွားခဲ့ပေမယ့် သူ့ရဲ့မပြီးပြတ်သေးတဲ့ကိစ္စတွေကြောင့် လူ့လောကကနေထွက်မသွားနိုင်ပဲဖြစ်နေချိန်မှာ တမန်တော်တစ်ယောက်ကအခွင့်အရေးပေးခဲ့တာကြောင့် သေမင်းတမန်တော်တစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်ဖက်မှာက အသက်ရှင်နေသူတွေအတွက် မျှော်လင့်ချက်ဖြစ်ပြီးတော့ နောက်တစ်ဖက်မှာကတော့ သေဆုံးသွားသူတွေရဲ့အပ်နှင်းခဲ့တဲ့ဆန္ဒဖြစ်တယ် အဲဒီနှစ်ခုကြားလမ်းပြနေသူဖြစ်တဲ့သူဟာတန်ခိုးကြီးတယ်လို့ ထင်ရပေမယ့် တကယ်တော့ပူပန်ကြောင့်ကျမှုတွေများပါတယ်။ လူသားတွေရဲ့ အနက်ရှိုင်းဆုံးအဆင့်ဟာအသက်ရှင်ခြင်းနဲ့ သေခြင်း ရောယှက်နေတဲ့အချိန်ပဲဖြစ်တယ်။ လူ့ဘ၀ရဲ့အရေးကြီးဆုံးအနှစ်အရသာဖြစ်တဲ့ခံစားတွေကိုပုံဖော်သွားတာဖြစ်ပါတယ်။====================================== Quality : WEB-DL 1080p Total Episodes : 18 Format : mp4 Genres : Comedy, Romance, Life Runtime : 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK ======================================Ep 1 (1080p) - Yoteshin/ Userdrive/ Megaup/ Streamwish/ MeganzEp 2 (1080p) - Yoteshin/ Userdrive/ Megaup/ Streamwish/ MeganzEp ...

Brilliant God (2024)

2024
Beautiful Mind (2016) 7.5
Beautiful Mind (2016) Beautiful Mind (2016) ***********************အပိုင်း ၁ မှ ၁၄စ/ဆုံး ၂၀၁၆ တုန်းက အရမ်းနာမည်ကြီးပြီးလူကြိုက်များခဲ့တဲ့ ဆရာဝန်ဇာတ်ကားလေးကို..CM ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ The slave hunters ကားထဲက မင်းသားကြီး Jang Hyuk နဲ့....Record of youth ကားထဲက မင်းသမီးချောလေး Park So Dam တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီးအခြားသော နာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါဝင်ရိုက်ကူးထားပါတယ်။ဆေးပညာနဲ့ပတ်သက်တာတွေကိုလည်း သေချာလေးရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ------------------ဉာဏ်ကြီးရှင်လို့ လူသိများတဲ့ အာရုံကြောခွဲစိတ်ဆရာဝန် အီယောင်းအိုကတော့....ခွဲစိတ်တဲ့နေရမှာ ထူးချွန်ထက်မြက်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရမှာတော့ သူတစ်ပါးရဲ့ခံစားချက်တွေကိုနားလည်နိုင်စွမ်းမရှိတဲ့ sociopath ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ဂယ်ဂျင်ဆောင်းကတော့ တရားမျှတမှုကို ရှာဖွေဖို့ကြိုးစားနေတဲ့...တက်သစ်စယာဉ်ထိန်းရဲအရာရှိတစ်ယောက်ပါ။နိုင်ငံခြားပညာတော်သင်သွားပြီး ပြန်ရောက်လာတဲ့ အီယောင်းအိုက...သူပထမဆုံးအလုပ်ဝင်တဲ့ရက်မှာပဲ ကားအက်စီးဒင့်ဖြစ်တဲ့လူနာကို ကယ်တင်လာခဲ့တဲ့...ဂျင်ဆောင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်။အီယောင်းအိုတစ်ယောက် ဟျွန်းဆောင်းဆေးရုံကိုရောက်ပြီး မကြာခင်မှာပဲ...ထူးခြားဆန်းကြယ်တဲ့လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ဆရာအီယောင်းအိုက လူသေဆုံးမှုတွေဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကိုဂျင်ဆောင်းရဲ့အကူအညီနဲ့ ရှာဖွေဖို့ကြိုးစားရင်း...လူတွေအပေါ် စာနာစိတ်ထားတတ်ပြီး ချစ်ခင်ဂရုစိုက်ပေးတတ်ဖို့ပါ...ဂျင်ဆောင်းဆီကနေသင်ယူခွင့်ရခဲ့ပါတယ်။ဆရာအီယောင်းအိုက ထူးခြားဆန်းကြယ်တဲ့ လူသေဆုံးမှုတွေရဲ့ အကြောင်းအရင်းကို...တကယ်ပဲ ရှာဖွေတွေ့ရှိသွားမလား....ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ...ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ May ...
7.5
TMDb: 7.5/10 16 votes
tv

Beautiful Mind (2016)

2016
[18+]Revenge (2024)
[18+]Revenge (2024) "လက်စားချေခြင်း"darkside ပရိသတ်ကြီးအတွက် ဟင်ဒီ adult web series တစ်တွဲ တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးမှာ ဆိုရင်တော့ ဟော့ဟော့ရမ်းရမ်း အချစ်ခန်း တွေကို လက်စားချေ ဇာတ်လမ်းလေးနဲ့ ယှဥ်တွဲထားတာကို တွေ့ရမှာပါဇာတ်လမ်းကို နည်းနည်းပြောရမယ်ဆိုရင်တော့ဂျေး နဲ့ ရီယာ တို့ချစ်သူနှစ်ယောက်က ရီယာ့အမေရှိတဲ့ အိမ်မှာတင် မရှက်တမ်း ချစ်ပွဲဝင်ကြတာ လှိုက်သံ ရှိုက်သံ အချစ်တေးသံတို့ကို တံခါးဝက မာတာမိခင်ရဲ့ ရွှေနားတော်ပေါက်ကြားတဲ့အထိပါပဲဒီလိုနဲ့ သဘောလုံးဝမတူဘူးလို့ ကြိမ်းထားရာကနေ ဦးလေးဖြစ်သူရဲ့ တောင်းရမ်းမှုကြောင့် နှစ်ဖက်ပြေလည်ပြီး လက်ထပ်လိုက်ကြတယ်ဒါပေမဲ့ လက်ထပ်ပြီးလို့ ပျော်မယ်ကြံကာမှ မမျှော်လင့်ထားတဲ့ သူတို့အိမ်ထောင်ကို ဖျက်မယ့် မိသားစုအရှုပ်အရှင်း ပြဿနာတစ်ရပ် ပေါ်လာတဲ့အခါမှာတော့ ....ဒါတွေကို ပရိသတ်ကြီးစိတ်မဝင်စားလည်း မင်းသမီးရဲ့ ချောမွတ်အိစက် ဖွံ့ထွားနေတဲ့ ညိုပြာညက်ကိုယ်လုံးအလှနဲ့ ရမ္မက်ပြင်းလွန်းတဲ့ အသံ၊ ရှူထောင့်အမျိုးမျိုးက ပြကွက်တွေကြောင့် ကြည့်ရကျိုးနပ်စေမှာ အသေအချာပါပဲဘာသာပြန်ကတော့ Thaik San ပဲ ဖြစ်ပါတယ်File Size –250MB (Appx;)@EpisodeQuality – 720 HD RIPDuration ...

[18+]Revenge (2024)

2024
Lovely Runner (2024) [Complete]
Lovely Runner (2024) [Complete] Lovely Runner (2024)**********************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ အခုနွေရာသီမှာ စိတ်အပန်းပြေစေမယ့်Youth Drama လေးဖြစ်တဲ့ "Lovely Runner" ဇာတ်လမ်းတွဲကိုဘာသာပြန်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လတ်တလော ပရိသတ်အချစ်ကိုရထားတဲ့မင်းသားချော Byeon Woo-seok က ပွဲဦးထွက်ကတည်းကတဟုန်ထိုးအောင်မြင်လာခဲ့တဲ့ ထိပ်တန်းအနုပညာရှင်ရူဆွန်းဂျယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးExtraordinary You ဇာတ်ကားနဲ့ လူသိများလာခဲ့တဲ့မင်းသမီးချော Kim Hye-yoon ကတော့ ရူဆွန်းဂျယ်ရဲ့အမာခံပရိသတ် အင်ဆိုးလ်အဖြစ် ပါဝင်ထားပါတယ်။အမြဲဖန်သားပြင်ပေါ်မှာ ပြုံးရွှင်နေပြီး အပူပင်ကင်းပုံပေါ်တဲ့ရူဆွန်းဂျယ်ရဲ့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတဲ့သတင်းကြောင့်အမာခံပရိသတ်ဖြစ်တဲ့ အင်ဆိုးလ်တစ်ယောက် ဝမ်းနည်းပူဆွေးသွားရပါတော့တယ်။ဒီလိုနဲ့တစ်နေ့ အံ့ဩဖွယ်ကောင်းစွာ အင်ဆိုးလ်တစ်ယောက်လွန်ခဲ့တဲ့၁၅နှစ်ကိုပြန်ရောက်သွားခဲ့ပြီး အသက်၁၉နှစ်အရွယ်သာမန်လူရူဆွန်းဂျယ်နဲ့ ပြန်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....ချစ်ရတဲ့သူရဲ့ကံကြမ္မာဆိုးကို ကူညီဖယ်ရှားပေးရင်းနဲ့အခက်ခဲတွေကြားကနေဖြစ်ပေါ်လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့အိုင်ဒေါနဲ့ဖန်ကြားက အချစ်ဇာတ်လမ်းလေးကို တနင်္လာနဲ့အင်္ဂါနေ့တွေမှာချန်နယ်မြန်မာမှာ ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကိုတော့ DoubleM မှ ရေးသားထားပါတယ်။) Aired: Apr 8, 2024 - May 28, 2024 Aired On: Monday, Tuesday Genres: Music, Comedy, Romance, Fantasy Duration: ...

Lovely Runner (2024) [Complete]

2024
Castle in the Time ( 2023 )
Castle in the Time ( 2023 ) ဒီတစ်ခါCMကနေတင်ဆက်ပေးမယ့်ကားလေးကတော့ တရုတ်မှာတောင်ပြသခွင့်မရှိတဲ့ တရုတ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်2016 မှာရိုက်ကူးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး နောက်ဆုံးမှာတော့ ထုတ်လွှင့်လို့လာပါပြီ..မင်းသားအနေနဲ့ကတော့ ဂျပန်နိုင်ငံ သွားလည်ရင်း ဘုရား‌ကျောင်းမှာဓါတ်ပုံရိုက်တဲ့ကိစ္စကြောင့် ပြသခွင့်ပိတ်ခံထားရပြီး ဒါ့အပြင်ကိုရီးယား tv show တွေကို..ပေါက်စီ‌မြေမှာ ဘန်းထားတာကြာပြီဖြစ်ပြီး K drama မင်းသမီး ပါ၀င်တာကြောင့်လို့လဲ သိရပါတယ်တရုတ်မှာပြသခွင့်မရှိပေမယ့်CMကတော့ ပရိတ်သတ်တွေအတွက် မရရအောင်ဘာသာပြန်တင်ဆက်ပေးထားပါတယ်နော်ခေါင်းဆောင်မင်းသားအနေနဲ့ Zhang Zhehan နဲ့အတူ ‌ ကိုရီးယား မင်းသမီးလေး Park Min-young တို့က အတူတွဲဖက်သရုပ်ဆောင်ထားပါတယ်ရှေးဟောင်းသက်ရှိဗေဒပရော်ဖက်ဆာရွှီနဲ့ ပြည်တွင်းနာမည်ကြီးဒါရိုက်တာကျန်းဝမ်ထင်တို့ရဲ့သမီး ရွှီကျန်း(Park Min-young)တစ်ယောက် အစာအိမ်ကင်ဆာ‌နောက်ဆုံးအဆင့်ဖြစ်‌နေတဲ့ အဖေ့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့ ကွာရှင်းထားတဲ့မိဘနှစ်ပါးကို ပြန်လည်ပေါင်းစည်းအောင်ကြိုးပမ်းရင်း နိုင်ငံခြားရပ်ခြားမှာနာမည်ကြီးပြီး ဆုတွေအများကြီးရထားတဲ့ သရုပ်ဆောင်ကုချီကျွင်း (Zhang Zhehan)နဲ့ အမှတ်မထင်ဆုံတွေ့ရာကနေဇာတ်လမ်းလေးစတင်ခဲ့ပါတော့တယ်နာမည်ကလည်းကြီး သရုပ်ဆောင်ကလည်းကောင်း ပြည်တွင်းက ဖျော်ဖြေရေးကုမ္ပဏီတွေရဲ့ကမ်းလှမ်းချက်တွေကို ငြင်းချထားတဲ့ မောက်မာတဲ့မင်းသား ချီကျွင့်နဲ့ သွက်လက်တက်ကြွပြီးချစ်ဖို့ကောင်းတဲ့ ကောင်မလေးရွှီကျန်းတို့ ဆုံတွေ့ပုံကဆန်းကြယ်ချက်..........ကိုက်ယာကုမ္ပဏီရဲ့ဒါရိုက်တာလည်းဖြစ်တဲ့ မိခင်ဖြစ်သူကိုလာရှာတဲ့ရွှီကျန်းနဲ့ သူမကိုတွေ့တာနဲ့သွေးနားထင်ရောက်နေတဲ့ ချီကျွင်းက သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေတဲ့ပါပါရာဇီလို့ထင်သွားပါလေရောအဲ့ဒါတင်မပြီးသေးဘဲ သူ့ရဲ့ exဖြစ်တဲ့ မင်းသမီးချင်ကျစ်ချင်းက သူ့ကိုခါးခါးသီးသီးငြင်းလိုက်တဲ့ကိစ္စကို ရွှီကျန်းကသိသွားတာကို ချီကျွင့်တစ်ယောက် သတိထားမိသွားပြီး မိုးမီးလောင်မတက်လိုက်ရှာရာကနေ ဇာတ်‌လမ်းလေးအရှိန်တက်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို မင်းသားမင်းသမီးတွေကလည်းအထူးမိတ်ဆက်စရာမလို CMကနေ ကြည့်စေချင်တဲ့စေတနာများစွာနဲ့ တင်ဆက်ပေးထားတာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်==============================Quality : WEB-DL 1080p , 720p Total Episodes : 38 Format : ...

Castle in the Time ( 2023 )

2023
To the Wonder (2024) 8.5
To the Wonder (2024) ဒီတစ်ခေါက်မှာတော့ CM ရဲ့ တရုတ်ကား အမာခံပရိသတ်တို့အတွက်... သဘာဝရှုခင်းနဲ့ နေ့စဉ်ဘဝကို ရိုးရှင်းစွာ ဖြတ်သားနေတဲ့ ရွာလေးတစ်ခုမှာ ဖြစ်တည်ခဲ့တဲ့ အချစ်ပုံပြင်လေးကို ပုံဖော်ထားတဲ့ My Altay ဆိုတဲ့ဒရာမာတိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ My Altay ထဲက လီဝမ်ရှိုးဆိုတဲ့ ကာရိုက်တာဟာ My Altay ဆိုတဲ့ ဝတ္ထုစာအုပ်ကို ရေးသားသူ လီကျွမ်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ချရေးထားတယ်ဆိုတဲ့ အချက်ပါပဲ...ဇာတ်လမ်းအကျဉ်း လီဝမ်ရှိုးလို့ခေါ်တဲ့ တရုတ်ဟန်မျိုးနွယ် မိန်းကလေးတစ်ယောက်ဟာ Altayက မြို့လေးကနေ မြို့ကြီးပေါ်တက်ပြီး ဘဝကို ရုန်းကန်ကြိုးစားနေသူတစ်ယောက်ပေါ့... အလုပ်တွေတစ်ခုပြီးတစ်ခု အဆင်မပြေလိုက် ပြောင်းလိုက်၊မပြေလည်လိုက် ပြောင်းနဲ့ ဘဝဆိုတဲ့ စကားလုံး ၂ လုံးအောက်မှာ ပြားပြားဝပ်ခံနေရသူ တစ်ယောက်ပေါ့... ဒီလိုနဲ့ သူ့မြို့လေးက သူ့အမေရဲ့ ကုန်စုံဆိုင်လေးဆီ အလည်ပြန်တဲ့အချိန်မှာပဲ သူရှာနေတဲ့ ဘဝနဲ့ မတူညီတဲ့ Kazakh လူမျိုးကောင်လေး ပါထိုက်နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်..."ပါးထိုက်က ဘယ်လိုလူမျိုးလဲဆိုရင် မြင်းတစ်ကောင်လို ကြီးမားပြီး လယ်ကွင်းပြင်မှာ ထီးထီးမားမားရပ်နေတာ လုံးဝရှင်ဘုရင်တစ်ပါးလိုပဲ" "ပါးထိုက်က ဝမ်ရိုးအတွက်တော့ ဒီရွာလေးကို ...
8.5
TMDb: 8.5/10 4 votes
tv

To the Wonder (2024)

2024
Crushed (2022) Season 1+2+3+4 7
Crushed (2022) Season 1+2+3+4 Crushed (TV Series 2022) "အုံ့ပုန်းချစ်" IMDb - 8.1/10သောရ်မင်းသားကြီးရဲ့ Extraction 1,2မှာ အိုဗီမဟာဂျန်နေရာကပါခဲ့တဲ့ အိန္ဒိယလူငယ်မင်းသား Rudhraksh Jaiswalခေါင်းဆောင်ပါဝင်ထားတဲ့ ကျောင်းသားစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Amazonကနေ ၂၀၂၂ကနေ အခု၂၀၂၄ထိထုတ်လွှင့်ခဲ့တဲ့ ဒီစီးရီးမှာ အပိုင်း၂၄ပိုင်းပါဝင်တာမို့ တ၀ကြီးကြည့်ရမှာပါ။ဖာသာတစ်ယောက် တည်ထောင်ထားတဲ့ကျောင်းမှာ အထက်တန်းကျောင်းသားကျောင်းသူတွေကြားက ပညာရေးပြိုင်ဆိုင်ကြတာနဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တည်လာပုံကို လူငယ်ဆန်ဆန် သဘာ၀ကျကျနဲ့တင်ဆက်ပေးထားပါတယ်။ဆမ်ဗစ်ဒန်ဆိုတာ ဆရာတွေသဘောကျ စာတော်တဲ့ကျောင်းသားထဲမှာမပါဘူး။ နောက်ဆုံးတန်းမှာထိုင်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတွေထဲမှာလည်းမပါဘူး။ ဒီတိုင်းလူမသိသူမသိနဲ့ ခပ်ကုတ်ကုတ်နေတတ်တဲ့ကျောင်းသားတစ်ယောက်။ ဒါပေမဲ့သူကြိတ်ကြွေမိနေတာကကျ ကျောင်းမှာအလှဆုံးလို့သတ်မှတ်ထားတဲ့ ကျောင်းသူလေးတစ်ယောက်ကို။ ကြိတ်ကြွေရတဲ့ကောင်မလေး သဘောကျဖို့အရေး ဆမ်ဗစ်ဒန်တစ်ယောက် သူငယ်ချင်းဖြစ်သူအကူအညီနဲ့ ဘယ်လိုတွေအကွက်ရွှေ့မလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 26minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~ DramaTranslator – CM Bollywood TeamEncoder –  ...
7
TMDb: 7/10 5 votes
tv

Crushed (2022) Season 1+2+3+4

2022
Men In love
Men In love Hu Yi Tian နဲ့ Liang Jie ရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးလာပါပြီ။ စည်းကမ်းကြီးပြီး ဝီရိယရှိပြီးကြိုးစားတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်တဲ့ ယဲ့ဟန်ဟာ ချစ်စရာကောင်းပြီးကပျက်ကချော်နိုင်တဲ့အားကစားဆရာမလေးလီရှောင်းရှောင်းကို တိုက်တိုက်ဆိုင်ဆိုင် အခက်အခဲတွေကနေကူညီပေးမိတယ်။ အတိတ်ကအဖြစ်အပျက်တွေကြောင့် အချစ်ဆိုတဲ့အဆင့်ထိသွားဖိုခက်ခဲနေကြတယ်။ စိတ်အားထက်သန်ပြီးတော့တည့်တိုးဆန်တဲ့ မဂ္ဂဇင်းထုတ်ဝေသူ ရွှကျားချန်ဟာ အရင်တုန်းကလက်တွဲလုပ်ဖူးတဲ့ မော်ဒယ်ထုံယီဝမ်နဲ့ပြန်ဆုံခဲ့တယ်။သူတိုနှစ်ယောက်ဟာ အချစ်ရေးနဲ့အလုပ်အကိုင်ကို မျှတနိုင်ဖိုကြိုးစားနေကြတယ်။ သူတို(၄)ယောက်ရဲ့ပတ်သက်မှုက ရှောင်းရှောင်းကကျားချန်ကိုတိတ်တခိုးချစ်နေမိတဲ့အတွက် ရှုပ်ထွေးလာပြီးစစ်သပ်မှုတွေနဲ့ပြည့်လာခဲ့တယ်။ ယဲ့ဟန်ဟာရှောင်းရှောင်းအားငယ်နေချိန်မှာ အမြဲစောင့်ရှောက်ပေးခဲ့တော့နောက်ဆုံးမှာ ရှောင်းရှောင်းကယဲ့ဟန်ရဲ့အချစ်ဒဏ်ရာတွေပျောက်သွားအောင်လုပ်ပေးနိုင်သွားပါတယ်။ အဲဒီအချိန်မှာပဲ ကျားချန်နဲ့ယီဝမ်ကစမ်းစစ်မှုတွေကိုကျော်ဖြတ်နိုင်သွားခဲ့တယ်။ လူငယ်စုံတွေလေးတွေကြုံတွေ့တတ်တဲ့အခက်အခဲတွေနဲ့ အချစ်အကြောင်းကိုဖော်ကျူးထားတဲ့ ဒရာမာလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK=====================================Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ ...

Men In love

2024
Highway Love (2023) 7
Highway Love (2023) Highway love 2023 အမြန်လမ်းပေါ်ကရင်ခုန်သံIMDb-7.5/102022ခုနှစ် Ishq Expressမှာ chemiမိမိနဲ့ အစွမ်းကုန်ချစ်ပြသွားတဲ့ Gayatriနဲ့Ritvikတို့ရဲ့ comeback rom-com mini seriesလေးဖြစ်တဲ့ Highway loveကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီစီးရီးလေးမှာရော ဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဆိုတာ ရှုစားကြပါဦး။သစ္စာရှိတဲ့အချစ်ကို ပန်းပိတောက်နဲ့တင်စားကြမယ်ဆိုရင်တော့ အချစ်စစ်ဆိုတာကို နှင်းဆီတစ်ပွင့်နဲ့ ကျွန်တော်ကတော့ တင်စားချင်ပါရဲ့။ အဆင်းရောအချင်းနဲ့ပါ ပြည့်စုံသလို အချိန်မရွေး နေရာမရွေး ပွင့်လန်းတတ်သလို အဆူးလေးတွေနဲ့လည်း ဝေဒနာပေးတတ်တယ်မဟုတ်ပါလား။တက်တက်ကြွကြွနဲ့ ကိုယ့်အားကိုယ်ကိုးပုဆိန်ရိုးမလေး အင်နာယာတစ်ယောက် ဘဲနဲ့လတ်လတ်ဆတ်ဆတ်လမ်းခွဲပြီး ပူပူနွေးနွေးexလေးက အမြန်လမ်းမပေါ်မှာ ထားရစ်ခဲ့တာ ခံရပါတော့တယ်။ ဖုန်းအားကလည်းမရှိတော့လို့ တိုင်ပတ်နေတုန်း ဘီးပေါက်သွားလို့ ကားဘီးလဲဖို့အရေး ဟိုနားကိုင်ရမလို ဒီနားကိုင်ရမလိုနဲ့ ဗျာများနေတဲ့ကိုလူချောကိုသွားတွေ့ပါတော့တယ်။ကားဘီးမလဲတတ်တဲ့ ကိုလူချောဒွန်ဒွန်ကို အင်နာယာကပဲ ကားဘီးလဲပေးပြီး ဒွန်ဒွန်ရဲ့ကားနဲ့ပဲ မြို့ထဲကိုလိုက်လာတာပေါ့။ သိပ်ကိုရိုးအေးပြီး ရိုးရှင်းတဲ့ဘဝမှာပဲနေခဲ့တဲ့ဒွန်ဒွန်ဟာ ရဲရင့်ပြီး စွန့်စားခန်းတွေကိုနှစ်သက်တဲ့အင်နာယာရဲ့ ဘဝအကြောင်းတွေနားထောင်ရင်း ခပ်မိုက်မိုက်မိန်းကလေးကို သဘောကျမိသွားတဲ့အခါ...လုံးဝပုံစံကွဲထွက်နေတဲ့သူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့အချစ်တစ်ခုက ရေရှည်ဖြစ်တည်နိုင်မလား။ အာလူးကြော်နဲ့ဘာဂါလိုပဲ တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ဖြည့်ပေးမယ့် legendaryအတွဲအစပ်ဖြစ်သွားမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ Yunniတို့ပဲဖြစ်ပါတယ်)File Size – 500MB(Appx;)@EpisodeQuality ...
7
TMDb: 7/10 6 votes
tv

Highway Love (2023)

2023
The Tattooist of Auschwitz (2024) 8.344
The Tattooist of Auschwitz (2024)  CM ပရိသတ်ကြီးကို ဒီတစ်ခါ The Tatooist of Auschwitzဆိုတဲ့ mini series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားကို World on Fire Series (2019)၊Little mermaid (2023) လူသိများလာခဲ့တဲ့ သရုပ်ဆောင်ကောင်းမင်းသားချော Jonah Hauer-King ခေါင်းဆောင်ပြီးရိုက်ကူးထားတာပါ။၂၀၂၄ မေ ၂ ကမှ စတင် ထွက်ရှိထားပြီး IMDB နဲ့ RottenTomatoes တို့မှာ review ကောင်း များစွာ ရထားတဲ့အပိုင်း (၆) ပိုင်းပါ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံမှာ ဂျာမန်နာဇီတွေကြီးစိုးနေစဉ်အခါက အက်ရှ်ဝဇ်မှာ ဂျူးလူမျိုးတွေကိုချွေးတပ်စခန်းတွေဖွင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့အချိန်ကိုနောက်ခံထား ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဂျူးမိသားစုတွေ တစ်အိမ်ထောင်ကို တစ်ယောက် အလုပ်စခန်းတွေ သွားရမယ်ဆိုပြီး အမိန့်စာကျလာချိန်မှာ အစ်ကိုနဲ့အဖေကို မသွားစေချင်ခဲ့တဲ့ လာလီတစ်ယောက် သူကိုယ်တိုင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရထားပေါ်ကနေ ...
8.344
TMDb: 8.344/10 16 votes
tv

The Tattooist of Auschwitz (2024)

2024
Maxton Hall – The World Between Us (2024) 8.4
Maxton Hall – The World Between Us (2024) Maxton Hall – The World Between Us ( 2024 ) ========================================ဒီစီးရီးကတော့ ကျွန်တော်တို့ဒရာမာပေါင်းစုံမှာ မြင်နေရတဲ့ ထိတ်ထိတ်ကြဲလူချမ်းသာ လူဘော်ကြော့ သူဌေးသားနဲ့ ရိုးသားကြိုးစားဆင်းရဲတဲ့ ကျောင်းသူမလေးတို့ကြားက ဒရာမာတွေကို အခြေတည်ထားတဲ့ စီးရီးပဲ။ ကောင်လေးရယ် ကောင်မလေးရယ် ခြားထားတဲ့ ကမ္ဘာတွေရယ်ပေါ့။ ထူးတာက ဒီစီးရီးက ကျွန်တော်တို့မြင်နေကျ နိုင်ငံတွေက စီးရီးတော့မဟုတ်ဘူး။ ဂျာမနီက ထုတ်တဲ့စီးရီး။ ဒါကြောင့်မို့ပဲ ထူးခြားသွားလို့လားတော့မသိ Maxton Hallစီးရီးဟာ အမေဇုန်ပရိုင်းရဲ့ ကြည့်ရှုသူအများဆုံးစီးရီးစာရင်းထဲ နိုင်ငံပေါင်း၁၂၀မှာ ထိပ်ဆုံးမှာ ရောက်နေတယ်။ ဂျာမနီစာရေးဆရာမMona Kastenရဲ့ Save Me ဆိုတဲ့ စာအုပ်ကိုပဲ ပြန်ရိုက်ထားတယ်။ လက်ရှိမှာ Season 1 ထွက်ရှိထားပြီး အောင်လည်းအောင်မြင်နေတာမို့  Season 2ပါ ဆက်ထွက်ဖို့ ပရိုင်းက မီးစိမ်းပြထားတယ်။ဇာတ်လမ်းကတော့  Pride and Prejudice, ...
8.4
TMDb: 8.4/10 132 votes
tv

Maxton Hall – The World Between Us (2024)

2024
Joy of Life (Season 1) 7.8
Joy of Life (Season 1) မကြာခင်မှာ Season 2ထွက်တော့မှာဖြစ်လို့ Season 1 ကို ပြန်နွှေးဖို့အတွက် ကြည်ကြည်လင်လင်နဲ့ကြည့်လို့ရအောင်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားလေးက 2019ခုနှစ်ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပြီး Douban score 7.9 နဲ့ တော်တော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကလည်း သာမန်နဲ့မတူတဲ့ ရသမျိုးပေးစွမ်းနိုင်ပြီးတော့ မြင်တွေ့နေကျဇာတ်လမ်းမဟုတ်တာကြောင့် ကြည့်မိရင် တကယ်နောင်တရမှာတော့မဟုတ်ပါဘူး ။ဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ဖန့်ရှန်ဟာ ဒီဘက်ခေတ် 21ရာစုရဲ့ မှတ်ဉာဏ်တွေနဲ့ ရှေးခေတ်ချင်မင်းဆက်ခေတ်မှာမွေးဖွားလာခဲ့တာပါ ။ သူကမွေးလာကတည်းက နယ်မြို့လေးမှာ အဘွားဖြစ်သူက‌ပျိုးထောင်လာခဲ့တာပါ ။ဒါပေမဲ့ သူ့ရဲ့အဖေဖြစ်သူက ဘဏ္ဍာရေးဌာနက စစ်နန်အမတ်ကြီး ဖန့်ကျန့်နဲ့ အမေဖြစ်သူကလည်း နန်းမြို့တော်မှာအတော်ဆုံးတီထွင်သူ အချမ်းသာဆုံးသူတစ်ယောက်ဖြစ်ပါတယ် ။ သူကရိုးရိုးနယ်မြို့လေးမှာနေပေမဲ့ နောက်ခံကမရိုးရှင်းတော့ မကြာခဏဆိုသလိုသူ့ကိုလိုက်သတ်ကြတဲ့သူတွေရှိလာပါတယ် ။အရွယ်ရောက်လာတဲ့ဖန့်ရှန်တစ်ယောက် သူ့မှာဘာလို့ 21ရာစုက မှတ်ဉာဏ်တွေရှိနေလဲဆိုတာရယ် ၊ ဘာလို့သူ့ကိုလိုက်သတ်နေကြတာလဲဆိုတဲ့အကြောင်းရယ် ၊ တမူထူးခြားတဲ့သူ့အမေနဲ့ပတ်သတ်တဲ့အကြောင်းပိုသိချင်တာရယ်ကြောင့် နန်းမြို့တော်ကိုလာခဲ့ပါတော့တယ် ။ဖန့်ရှန့်တစ်ယောက်နန်းမြို့တော်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့လာမလဲ ? တော်ဝင်မျိုးနွယ်ကအုပ်ချုပ်‌နေတဲ့ အမေဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကိုရောပြန်ယူနိုင်မလား ? နန်းတော်ထဲမှာရော ဘယ်လိုအတားအစီးတွေက စောင့်ကြိုနေမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ဖို့မမေ့ပါနဲ့Quality : 1080p Format : mp4 Total Episodes : 46 Genres : Mystery , Romance , ...
7.8
TMDb: 7.8/10 50 votes
tv

Joy of Life (Season 1)

2019
Sakla Beni (2023) 10
Sakla Beni (2023) စုန်းကိုက်ခံရတဲ့ နဂါးငွေ့တန်းSakla Beni (2023)***************************************အပိုင်း( ၁ မှ ၅၂ ) အထိ စ/ဆုံး(A/Bတွေဖြစ်နေတော့ရှုတ်နေလို့ အပိုင်း15Bပြီးတဲ့အပိုင်းကစပြီး EP31ဖြစ်ပါ့မယ်...တစ်ဆက်တည်းဖြစ်ပါတယ် မျက်စိနောက်မသွားကြပါနဲ့)တစ်ချို့ဇာတ်လမ်းတွဲတွေဟာ  လူ့ကျင့်ဝတ်ဖောက်ပြားတာတွေကိုနည်းမျိုးစုံနဲ့ရိုက်ပြကြပါတယ်...တစ်ချို့ဆို ဖြစ်တောင်ဖြစ်နိုင်ပါ့မလားဆိုပြီးတွေးရလောက်အောင်ဆိုးဝါးတဲ့ လူမှုရေးဖောက်ပြန်မှုတွေကို ရိုက်ကူးပြသထားပါတယ်...သို့ပေမဲ့ လူတွေဟာ ဒီလိုလောင်မြိုက်ရတဲ့စီးရီးတွေကိုဘာလို့သဘောကျလဲဆိုတော့ ကျွန်မတို့လက်တွေ့ဘဝမှာလည်း ဒီလိုပျက်ပြားတဲ့ဖြစ်စဉ်မျိုးတွေတွေ့ကြုံနေရလို့ပါပဲ...ဒီလို ဇာတ်အိမ်မျိုးနဲ့ တူရကီစီးရီးသစ်တစ်ခုထွက်ရှိလာလို့ရွေပန်းကောင်လေးထက်ပိုပြီး လောင်ရမယ့်စီးရီးတစ်ခုထပ်တင်ပေးလိုက်ပါပြီ။ ဒီစီးရီးက တူရကီမှာ အခုမှထုတ်လွှင့်နေဆဲဖြစ်ပြီးတော့ လူကြိုက်များနေတဲ့စီးရီးဖြစ်တဲ့အတွက်CM က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။မက်တဲနဲ့ နက်ဟာ လူကုံထံမိသားစုကနေ ရွေဇွန်းကိုက်မွေးဖွားလာတဲ့သူတွေဖြစ်ပါတယ်။​ကလေးဘဝတည်းက သူတို့နှစ်ယောက်ကို မိသားစုနှစ်ခုက ကြီးလာရင် လက်ထပ်ပေးဖို့စီစဥ်ပေးထားတာပါ။သူတို့အရွယ်ရောက်လာကြတဲ့အခါ နိုင်ငံခြားမှာပညာသင်နေတဲ့ မတ်တဲဟာ နက်နဲ့လက်ထပ်ဖို့ သူ့ရဲ့မြို့ကိုပြန်လာခဲ့ပါတယ်။နက်က အိမ်ရဲ့သခင်မလေးဆိုတော့ ထုံးစံအတိုင်း မောက်မာပြီးတော့ နိုင်ထက်စီးနင်းဆက်ဆံတတ်ပါတယ်။​သူအနိုင်ကျင့်တာကို အခံရဆုံးက အစေခံမလေး အိန်ဂျလာပါပဲ။အိန်ဂျလာဟာ နက်နဲ့ရွယ်တူဖြစ်ပြီးတော့ ငယ်ငယ်ကတည်းက သူ့အဒေါ်နဲ့အတူ နက်တို့အိမ်ကိုရောက်လာပြီးနက်ရဲ့ကိုယ်ပိုင်အခိုင်းအစေလိုမျိုးဖြစ်လာတာပါ။ဇာတ်က သုံးပင်လိမ်ချင်တော့ အိန်ဂျလာဟာ ငယ်ငယ်ကတည်းက မတ်တဲနဲ့တွေ့ခဲ့ဖူးပြီးမတ်တဲကိုကြိတ်သဘောကျနေခဲ့ပါတယ်။​ နိုင်ငံခြားကနေ နက်နဲ့လက်ထပ်ဖို့လာတဲ့ မတ်တဲကလည်းနက်နဲ့မတွေ့ခင် အိန်ဂျလာနဲ့အရင်တွေ့ပြီး အိန်ဂျလာကို ...
10
TMDb: 10/10 1 votes
tv

Sakla Beni (2023)

2023