Channel Myanmar

Romance

Married with Senior (2022)
Married with Senior (2022) 2022 ဖေဖော်ဝါရီလလောက်တုန်းကမှ ထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်း‌တွဲလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။အခုနောက်ပိုင်းမှာ Wattpad ကဇာတ်လမ်းလေးတွေကို ကျောရိုးယူပြီးရိုက်ကူးလာကြတဲ့ ဇာတ်လမ်းလေးတွေခေတ်စားလာတာကို တွေ့ရပါတယ်။အရာရာကို ပေါ့ပေါ့ပါးပါးတွေးပြီး အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ တစ်ဦးတည်းသော သမီးလေး မီကာဟာ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒလေးကြောင့် လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။မီကာ နဲ့လက်ထပ်မယ့် အန်ကာဆာ ကတော့ မီကာရဲ့ မိဘတွေနဲ့ရင်းနီးပြီးတော့ ကျောင်းမှာ မီကာထင်တိုင်းကြဲမှုတွေကို လိုက်လံထိန်းသိမ်းပေးနေရသူဖြစ်ပါတယ်။ သူ့ရဲ့ဆန္ဒထက် သူ့ရဲ့ မိဘတွေရဲ့ ပျော်ရွှင်မှုတွေကို ဦးစားပေးတတ်သူတစ်ယောက်ပါ။သူတို့ မိဘတွေလက်ထပ်တုန်းက အကောင်အထည်မဖော်နိုင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကို သားသမီးတွေလက်ထက် မှာ အသက်သွင်းပေးချင်တဲ့ အတွက် သူတို့တွေဟာ သားသမီးချင်း လက်ထပ်ပေးဖို့ ကတိတွေထားခဲ့မိကြပါတယ်။သဘောတူညီမှုတွေကြားထဲမှာ နောက်ထပ်‌ မီကာ ရဲ့ ဘ၀ထဲမှာ အမှတ်မထင်ရောက်လာတဲ့ ရိုင်နို ဆိုတဲ့ ပေါ့ပါးလွတ်လပ်တဲ့ အတွေးအခေါ်နဲ့ ကောင်လေးတစ်ယောက်ကလဲ မီကာရဲ့ စိတ်ကို ပိုင်ဆိုင်ဖို့ကြိုးစားလာပါတယ်။မီကာ ကိုယ်တိုင်ကရော မိဘတွေစီစဉ်မှုကြောင့်ဖြစ်လာတဲ့ အန်ကာဆာနဲ့ အိမ်ထောင်ရေးကို ...

Married with Senior (2022)

Love Stage (2022)
Love Stage (2022) Love Stage (2022) စ / ဆုံး___________________________ဇာတ်လမ်းအကျဉ်းအန်ဒါဆိုတဲ့ အကောင်ပေါက်ကလေးက ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမိသားစုမှ မွေးဖွားလာတဲ့ သားယောကျာ်းလေးတစ်ယောက်ပေါ့....အန်ဒါဟာ အောင်မြင်တဲ့ manga artist ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ရှိပေမယ့်လည်း အန်ဒါ့မိဘနှစ်ပါး နဲ့ တစ်နိုင်ငံလုံးက လူတွေကတော့ နာမည်ကြီး ကြယ်ပွင့်လေးအဖြစ် ပွဲဦးထွက်လာမယ့်အချိန်ကို စောင့်မျှော်နေခဲ့ကြပါတော့တယ်....ဒီလိုနဲ့ မိဘနှစ်ပါးနဲ့ ရည်မှန်းချက်တွေ မတိုက်ဆိုင်တဲ့ အန်ဒါတစ်ယောက်အတွက် မဖြစ်မနေ လုပ်ရမယ့် အလုပ်တစ်ခု ပေါ်ပေါက်လာပါတော့တယ်အဲ့ဒါကတော့ လွန်ခဲ့တဲ့ ၁၀ နှစ် အန်ဒါ ကလေးဘဝက ကြော်ငြာရိုက်ကူးပေးခဲ့တဲ့ Happy Wedding မှ သူတို့ရဲ့ ၁၀ စုနှစ် နှစ်ပတ်လည်ပွဲအတွက် ငယ်ဘဝက သူတို့ကြော်ငြာမှာ နာမည်ကြီးတဲ့ ကလေး koojin (စုံတွဲ)ကို ပြန်သုံးဖို့ အကြောင်းဖန်လာပါတော့တယ်...အဲ့ဒီလိုနဲ့ အန်ဒါက လွန်ခဲ့တဲ့ ဆယ်နှစ်က မိန်းကလေးလို ဝတ်ပြီး ကြော်ငြာပေးခဲ့တော့ တိုင်ပတ်ခဲ့ပြန်ရော....ဒီလိုနဲ့ အန်ဒါတစ်ယောက် လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကတုန်းကလို ကောင်မလေးလို အဲ့ဒီကြော်ငြာမှာ ဒီရုံနဲ့ အတူ ပြန်လည် သရုပ်ဆောင်သွားမလား ...

Love Stage (2022)

2022
F4 Thailand: Boys Over Flowers(2021)
F4 Thailand: Boys Over Flowers(2021) Boys Over Flowers (F.4Thailand)2021    စ / ဆုံး *******************************အားလုံးစောင့်မျှော်နေတဲ့ F4 Thailand Version လေးထွက်လာပါပြီGMM25 ကနေ အပတ်စဉ် စနေနေ့တိုင်း ည ၈ နာရီခွဲမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်စုစုပေါင်း အပိုင်း ၁၆ ပိုင်းအထိ ပြသသွားမှာပါဒီဇာတ်ကားက ဂျပန် Manga တစ်ခုဖြစ်တဲ့ "Hana Yori Dango" ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် "ဇာတ်လမ်းအကျဉ်း" ဂေါ်ယာက ဆင်းရဲတဲ့မိသားစုက မိန်းကလေးတစ်ယောက်ပါဒါပေမယ့် လူချမ်းသာတွေတက်တဲ့ကျောင်းမှာ တက်ဖို ပညာသင်ဆုရခဲ့တယ်ကျောင်းကိုတော့ နာမည်ကြီးပြီး ဩဇာလွှမ်းမိုးမှုရှိတဲ့ F4 အဖွဲကပဲ အုပ်ချုပ်ကြတယ်သူတိုက ကျောင်းမှာရှိတဲ့လူတွေကို အနိုင်ကျင့်ကြတယ်ဂေါ်ယာက သူတိုအနိုင်ကျင့်တာကို အာခံရဲတဲ့ တစ်ဦးတည်းသောကျောင်းသူဖြစ်ခဲ့တယ်ဒါကြောင့် သူတို လေးယောက်စလုံး အံ့ဩသွားကြတယ်အထူးသဖြင့် အဖွဲခေါင်းဆောင်ဖြစ်တဲ့ ထမ်က အရမ်းအံ့ဩနေခဲ့တယ်ဂေါ်ယာဆီက အကန်ခံခဲ့ရပေမယ့် ထမ်က သူမကို စိတ်ကူးယဉ်ဆန်ဆန်ချဉ်းကပ်ခဲ့တယ်ဒါပေမယ့် ဂေါ်ယာက သူ့ကို စိတ်မဝင်စားခဲ့သလို အထင်လည်းမကြီးလာခဲ့ဘူးထမ်ရဲ့ အချစ်ဆုံးသူငယ်ချင်း လန်ကိုပဲ ...

F4 Thailand: Boys Over Flowers(2021)

2021
Second Husband (2021) 8.0
Second Husband (2021)  Second Husband (2021)လောင်ရတာကိုမှ နှစ်သက်တယ်ဆိုတဲ့ပရိသတ်တွေအတွက်နောက်ထပ် လောင်မြိုက်ရမယ့်စီးရီးကြီးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့ ဘုံဆွန်းဟွာဆိုတဲ့ ကောင်မလေးဟာ စိတ်ဓာတ်မာကြောပြီး စိတ်ကောင်းရှိတဲ့သူပါ ဒီလိုနဲ့ ဆွန်းဟွာက မွန်းဆန်းယော့ဆိုတဲ့ချစ်သူဖြစ်သူနဲ့ နှစ်ရှည်လများ တွဲလာရင်းကမထင်မှတ်ဘဲ ကိုယ်ဝန်ရသွားခဲ့ပါတယ်မတော်တဆရခဲ့တဲ့ ကိုယ်ဝန်ကြောင့် မိသားစုရဲ့ စွန့်ပစ်မှုကိုခံလိုက်ရတဲ့ ဆွန်းဟွာဟာ ချစ်သူဖြစ်သူရဲ့ မျက်နှာနဲ့ပဲနေမယ်လို့ဆုံးဖြတ်ခဲ့ပေမယ့် ဆန်းယော့က သူ့ကိုထားပြီးဖောက်ပြန်ခဲ့ပါတယ်ဒီလိုနဲ့ အရာရာကံဆိုးလွန်းလှတဲ့ ဆွန်းဟွာတစ်ယောက် နောက်ထပ်ကံဆိုးမှုတစ်ခုထက်ဖြစ်သွားတဲ့အခါ သူမကို ရက်ရက်စက်စက်စွန့်ပစ်သွားရစ်ခဲ့တဲ့ ဆန်းယော့ကိုလက်စားချေဖို့ ကြိုးစားပါတော့တယ်...။အပိုင်း ၁၂၀ ထိ ပါဝင်ပြီး Mon-Fri ရက်တွေမှာ ChannelMyanmar ကနေ တစ်ပတ် ၅ ပိုင်း နှုန်းနဲ့တင်ဆက်ပေးသွားမှာမို့ အားပေးကြည့်ရှူကြပါဦးနော် ။( အညွှန်းရေးသားထားသူကတော့ Amelia ပါ ) Native Title: 두번째 남편 Episodes: 120 Aired: Aug 9, 2021 - Jan 21, ...
8.0
TMDb: 8.0/10 1,201 votes
tv

Second Husband (2021)

2021
Female CEO Love Me 2022
Female CEO Love Me 2022 Female CEO Love Meဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ ပေါ့ပေါ့အချစ်ဇာတ်လမ်း Female CEO Love Meပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ယခုလက်ရှိ CM ကနေတင်ဆင်ဆက်ပြသနေတဲ့ May be it's love (About is love S2) ဇာတ်ကားထဲမှာ "နင်ဖေး"အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသား Cai Yi Jiaနဲ့ "လင်ဖေးဖေး" အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသမီး Yang Xin Ying တို့က ဒီဇာတ်လမ်းထဲမှာလည်းထပ်ပြီးပြန်တွေ့ရမယ်ဆိုတော့ နှစ်ယောက်သားရဲ့ chemistry ကလိုက်ဖက်ညီနေမှာအသေချာပါဘဲနော်။ ကဲဒီတော့ဇာတ်လမ်းအကြောင်းလေးကိုကြည့်လိုက်ရအောင် ~ပိုက်ဆံကိုရေလိုသုံးဖြုန်းနိုင်တဲ့အပြောအဆိုမပြေပြစ်ပေမဲ့ စိတ်ထားနူးညံ့တဲ့မိန်းကလေးဥက္ကဌ Xia Meng Wei အဖြစ် Yang Xin Ying။ လူ့ဘဝကိုအရည်အချင်းနဲ့သုံးပြီးရုန်းကန်နေတဲ့အရောင်းဝန်ထမ်း Gu Yan အဖြစ် Cai Yi Jia လိုက်ဖက်ညီစွာနဲ့သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Xia Meng Wei က Gu Yan မြင်မြင်ချင်းချစ်မိသွားတဲ့အချိန်မှာ ဘယ်အရာမဆိုလိုချင်တာရနေတဲ့ Xia Meng Wei တစ်ယောက် Gu Yan ဆီကအချစ်ရဖို့အတွက်သတ္တိရှိရှိနဲ့ကြိုးကြိုးစားစားအရယူဖို့ ကြိုးစားတော့တာပေါ့။ဒါပေမဲ့ Xia ...

Female CEO Love Me 2022

Sun’s Affection (2022)
Sun’s Affection (2022) Sun's Affection စ / ဆုံး "ရှင်သန်ရာ နေမင်း " ------------------------- Main Cast; "မိန်" အဖြစ် "Toey Pongsakorn""လာလိသာ" အဖြစ် "Mint Chalida" ဇာတ်လမ်းအကျဥ်းကတော့...... "လာလိသာ(လင်း)" ဆိုတဲ့ မိန်းကလေးတယောက်ဟာ ယောကျ်ားသားဆို အိမ်ဦးခန်းထားပြီးမိန်းမကို ခြေထောက်အောက် အနှိမ်ချခံထားရတဲ့ ရှေးအစဥ်အလာကိုလိုက်နာကြတဲ့ တရုတ်မျိုးရိုးမှာ ကြီးပြင်းလာခဲ့တဲ့သူတဦးပါမိဘတွေ စီစဥ်ထားတဲ့ တရုတ်မိသားစုနဲ့လက်ထပ်လိုက်ရပြီး ရိုးရာဓလေ့ထုံးစံ အတိုင်း ကျင့်ကြံနေထိုင်လာခဲ့ပါတယ်ယောက်ျားရဲ့စကား နားထောင်ရတယ် ယောကျာ်း ‌ရဲ့နှိပ်စက်မှုကိုလဲ ခံရတယ် ယောက်ျားရဲ့ ဖောက်ပြန်မှုကိုလဲ ခံရတယ်ဒါပေမဲ့ "လင်"ဟာ တရုတ်ရိုးရာကို ခေါင်းထဲရိုက်သွင်းခံထားရတဲ့သူမို့လို့ သည်းခံပြီး အိမ်ထောင်ရေးအဆင်ပြေအောင် နေထိုင်လာခဲ့ပါတယ်ဒါပေမဲ့ မင်္ဂလာသက်တမ်း ၂နှစ်မြောက်မှာတော့ လင်တယောက် ရှေးကျတဲ့ တရုတ်အစဥ်အလာကိုဆက်လက်မသည်းခံနိုင်ပဲကွာရှင်းဖို့တောင်းဆိုခဲ့ပေမဲ့ ကွာရှင်းခွင့်မရတော့တဲ့အခါ.............."လင်"ဟာ အိမ်ကနေ ထွက်လာခဲ့ပါတော့တယ်.........တရုတ်ရိုးရာကို တသွေမသိမ်း လိုက်နာတဲ့ "လင်"အဖေဟာလဲ လင်းကိုကွာရှင်းခွင့်မပြုတဲ့အခါ...လင်တယောက် အိမ်ထောင်ရေးကို ဆက်ပြီးထိန်းသိမ်းမလား.......?အဖေနဲ့ယောကျာ်း ‌စကားကို ဆန့်ကျင်နိုင်မလား.....?"လင်"တယောက်ဘယ်လိုဆက်ပြီးတိုက်ခိုက်မလဲ?"လင်" ကိုမြင်မြင်ချင်း ချစ်မိတဲ့ ...

Sun’s Affection (2022)

The Oath of Love ( 2022 )
The Oath of Love ( 2022 ) ဒီတစ်ခါ CM ကနေတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်အတူ ပါဝင်သရုပ်ဆောင်ထားတဲ့The oath of love ပဲဖြစ်ပါတယ် အဓိက Casts တွေအနေနဲ့ကတော့ဒေါက်တာလေး Gu Wei အဖြစ် နာမည်ကြီးမင်းသား Xiao Zhan Celloတီးတဲ့တက္ကသိုလ်ကျောင်းသူလေး Lin Zhixiao အဖြစ် ချစ်စရာကောင်းတဲ့နာမည်ကြီးမင်းသမီး Yang Zi တို့က ပါဝင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် Lin Zhixiao ဆိုတဲ့မကြာခင်မှာဘွဲ့ရတော့မယ့် တက္ကသိုလ်ကျောင်းသူလေးဟာCello တီးသူတစ်ယောက်လည်း ဖြစ်ပါတယ် ဘွဲ့ရပြီးရင်မျှော်မှန်းထားတဲ့ အလုပ်လေးကလည်းရှိ ခန့်ညားတဲ့ ကောင်လေးကိုလည်းရည်စားအဖြစ်ပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး အရာရာဟာကိုယ်စီစဉ်ထားသလိုမျိုး ဖြစ်ဖို့ လက်တစ်ကမ်းအလိုမှာပဲကံကြမ္မာရဲ့ကျီစားမှုကို ခံရပါတော့တယ် Cello တီးတာကိုမထောက်ခံတဲ့ Lin Zhixiaoရဲ့အဖေဟာ ဆေးရုံတင်လိုက်ရတဲ့အပြင်ကံဆိုးမှုတွေကအဖော်ခေါ်လာတတ်တာဖြစ်လို့သူမျှော်မှန်းထားတဲ့ အလုပ်နဲ့လည်း ဝေးခဲ့ပြီး ကောင်လေးနဲ့လည်းလမ်းခွဲဖြစ်သွားခဲ့ပါတယ် ဒါပေမယ့်လည်း Right person ကRight time မှာပေါ်လာတတ်တာမို့ သူမအဖေကို ကုသပေးရတဲ့ဒေါက်တာလေး Gu Wei နဲ့ဆုံစည်းခွင့်ရခဲ့ပါတယ်သူတို့နှစ်ယောက်ကြားမှာ ...

The Oath of Love ( 2022 )

2022
Rivalry (2022) 9.5
Rivalry (2022) " အမုန်းမျဥ်းပြိုင်ကြားက ချစ်ခြင်း" စ/ဆုံး" Game Prattana(Rivalry)"*****************************ဇန်နဝါရီလ ၂၆ရက်နေ့မှစ၍ Ch 3 Thailand ရုပ်သံလိုင်းတွင်ထုတ်လွှင့်ပြသမည့် P'Alex နဲ့ P'Nycha ရဲ့ဇာတ်ကားအသစ်ကိုဘာသာပြန်တင်ဆက်ပေးပါမယ် ခင်ဗျာ။***Cast; " အနဝင်း " အဖြစ် Alex Teeradetch***" မီလင် " အဖြစ် Nycha Nuttanichaဇာတ်လမ်းအကျဥ်းကတော့ " အနဝင်(Alex)" နဲ့ " မီလင်(Nycha)" တို့သည်မိဘမျိုးဆက်ကတည်းက စီးပွားရေးပြိုင်ဘက်တွေဖြစ်ကြပါတယ် ။"ပိုလိုပရဟိတ" ပွဲအတွင်း "အနဝင်" ရဲ့အဖေတို့ရဲ့ကုမ္ပဏီ ဒေဝါလီခံရတော့မယ်ဆိုတာ သိပြီး နှလုံးဖောက်သွားခဲ့တယ် ။အဲ့နေ့မှာပဲ "အနဝင်"ရဲ့ ချစ်သူ "ဒိုးနတ်" ကလည်း "မီလင်" ရဲ့အဖေနဲ့ လက်ထပ်သွားခဲ့ပါတယ် ။အရာအားလုံးတိုက်ဆိုင်ပြီး စိတ်နာကျင်မှုရသွားတဲ့ "အနဝင်" တစ်ယောက် ဘယ်လိုဖြတ်ကျော်နိုင်မလဲ ။" မီလင်" အဖေကြောင့် အကုန်ဒီလိုဖြစ်သွားတဲ့အတွက် " မီလင်" ...
9.5
TMDb: 9.5/10 2 votes
tv

Rivalry (2022)

2021
Cheating Spouse(2022)
Cheating Spouse(2022) Cheating Spouse(2022)အညွှန်း"ဖောက်ပြန်ခြင်း၏ အစွန်းတစ်ဖက်" စ/ဆုံး________________________ဇာတ်လမ်းအညွှန်းလှပချောမောပြီး ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်တဲ့ကောင်မလေး ရွန်သာသာမာန် စီးပွါရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ နိုင်ဖိုင် မိခင်ရဲ့ ထိန်းကွပ်မှုအောက်မှာကြပ်တည်းစွာရှင်သန်လာခဲ့သော ပလယ် နှင့် စည်းစိမ်ဥစ္စာတွေကို မက်မောသော ကျော် တို့ကြားသူတို့ ၄ ယောက်ကြားမှာ ဘာတွေ ဆက်ဖြစ်လာမလဲ.................တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဖြစ်ပေါ်လာသော အိမ်ထောင်ရေး နဲ့ပစ္စည်းဥစ္စာတွေကို မက်မောမှုကြောင့် ဖြစ်ပေါ်လာတဲ့ အိမ်ထောင်ရေး နှစ်ခုကြားသူတို့ကြုံရတဲ့အခက်အခဲတွေ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာဖောက်ပြန် မှု ဆိုတဲ့ သော့တံနဲ့ ဖွင့်ပြီးဖြေရှင်းခဲ့တဲ့ အချိန်မှာဒီအိမ်ထောင်ရေးနှစ်ခုကြားမှာ ကြုံတွေ့ရမယ့် အရာတွေမိသားစုပြဿနာတွေ ကို ရိုက်ကူးတင်ဆက်ထားပါတယ်။ဒီကားလေးကတော့ အိမ်ထောင်ရေးဇာတ်လမ်းခပ်လန်းလန်းကြမ်းကြမ်းလေးတွေကိုမှကြည့်ရှုရတာကြိုက်တဲ့ ပရိသတ်တွေအတွက်တော့.......လတ်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်..........Episodes: 24Aired: Jan.8, 2022 – TBAAired On: Sat & SunGenres: Romance & DramaTranslated by May Thu , Zoe & Tin ...

Cheating Spouse(2022)

2022
Dine With Love ( 2022 )
Dine With Love ( 2022 ) ဒီတစ်ခါCMကနေ ဘာသာပြန်တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့Dine with love ဆိုတဲ့ Modern series လေးပဲဖြစ်ပါတယ်အဓိကပါဝင်ထားတဲ့သရုပ်ဆောင်တွေကတော့ စည်းကမ်းတင်းကျပ်တဲ့သူဌေး Yu Hao အဖြစ် Fighter of the destiny ,Love is Sweet တို့ထဲကဇာတ်ပို့မင်းသား Gao Hanyu သူဌေးရဲ့စီမံရေးမှူးမလေးSu Kelan အဖြစ် Zheng Qiuhong တို့ပဲဖြစ်ပါတယ်ဇာတ်လမ်းလေး‌ကတော့ အရမ်းကိုစည်းကမ်းတင်းကျပ်ပြီးအတွက်အချက်ကြီးတဲ့ သူဌေး Yu Hao ဟာ အိမ်မှာ မီးဖိုခန်းတောင်မထားတဲ့သူဖြစ်ပြီး အစားအသောက် အစီစဉ်တစ်ခုကိုစတင်ခဲ့ရာကနေ အစားအသောက် reality show တစ်ခုကိုစပွန်ဆာ ပေးဖြစ်ခဲ့ပါတယ် အဲ့ Show မှာ သူကိုယ်တိုင် ဟင်းချက်ပြရဖို့အကြောင်းဖန်လာတဲ့အခါမှာတော့ ဟင်းချက်သင်ဖို့ အချိန်မပေးနိုင်တဲ့Yu Hao ဟာလူစားထိုးရိုက်ခိုင်းခဲ့တာကြောင့် Showအဖွဲ့သားတွေမကျေမနပ်ဖြစ်ခဲ့ကြပါတယ် လူထု (ပရိတ်သတ်)တွေ နဲ့နာမည်ကျော်တွေကြားကဆက်ဆံရေးကိုထိန်းသိမ်းပေးရတဲ့စီမံရေးမှူးမလေး Su Kelanဟာ ဒီပြဿနာကို စီမံဖြေရှင်းဖို့အလုပ်ကိုလက်ခံရရှိပြီးနောက်မှာ ...

Dine With Love ( 2022 )

2022
You’re My Sky (2022)
You’re My Sky (2022) You're My Sky (2022) စ / ဆုံး___________________ ဇာတ်လမ်းအညွှန်းကဲ BL ချစ်သူတို့အကြိုက် အရမ်းချစ်ဖို့ကောင်းတဲ့ ကားကောင်းလေး ထပ်ပြီးထွက်ရှိလာပါပြီနော်ဒီကားလေးကတော့ အားကစားနဲ့အရိုတစ်လိုင်းကို ရောသမမွှေပြီးအသည်းတယားယားနဲ့ ကြည့်ရမဲ့ ကားလေးပဲဖြစ်ပါတယ်။ကလေးဘဝတုန်းက ကိုယ်ဘာဝါသနာပါလို့ပါမှန်းမသိတဲ့ထွန် ဆိုတဲ့ကောင်လေးတစ်ယောက်............................သူ့ရဲ့ပန်းတိုင်ကို ရှာပေးခဲ့တဲ့ အစ်ကိုတစ်ယောက်နဲ့ ရင်းနှီးခဲ့ပြီးတစ်ချိန်ပြန်တွေ့ပြီး ဘတ်စကက်ဘောအတူတူဆော့ကြဖို့ ကတိတွေပေးခဲ့ကြတာပေါ့။ဒီလိုနဲ့ ထွန်တစ်ယောက် ဘတ်စကက်ဘောကစားသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ပြီးသူ့ရဲ့ကိုကြီးရှိရာကျောင်းဆီ ရောက်အောင်လာခဲ့ပါတော့တယ်။တကယ်တမ်း ရောက်လာတဲ့အချိန်မှာတော့ သူ့ရဲ့ကိုကြီးကအားကစားကိုလက်လျှော့ပြီး အိပ်မက်တွေကို တရေးအိပ်နေစေခဲ့တဲ့ အစ်ကိုကြီးဖြစ်လို့နေပါတယ်။သူ့မှာ သူ့ကိုကြီးကို အားကစားလည်း ပြန်လုပ်စေချင်၊ သူ့ရဲ့ခံစားချက်တွေကိုပြောလိုက်ရင်လည်း သူတို့ဆက်ဆံရေးလေး ပျက်စီးသွားမှာ စိုးရိမ်ရင်းနဲ့ သူငယ်ချင်းဘဝကနေပဲဘတ်စကက်ဘောပြန်ဆော့ချင်လာအောင် သွေးဆောင်ပါတော့တယ်။အဲလိုကနေ သူတို့ရဲ့ သူငယ်ချင်းဘဝကနေ တဆင့်တက်သွားနိုင်မလားဒါမှမဟုတ် ကိုကြီးကရော အားကစားကို ညီလေးကြောင့် ပြန်လုပ်လာမှာလားဆိုတာကိုတော့...............စောင့်မျှော်ကြည့်ရှုပေးကြပါဦး။နောက်ထပ် တစ်ဖက်ခြမ်းက ဇာတ်လမ်းကတော့ Relay အပြေးသမားနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။သူတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတာလေးတွေ ရှိနေကြပေမဲ့လည်းတစ်ယောက်က တစ်ယောက်ရဲ့ညီမနဲ့ တွဲနေပြန်တော့.....သူတို့ဇာတ်လမ်းမှာ ဘယ်လို spice ...

You’re My Sky (2022)

2022
Something In My Room (2022)
Something In My Room (2022) Something in my room _ ผมกับผีในห้อง  (2022)"ကျွန်တော်နှင့်အခန်းထဲက သရဲလေး" စ / ဆုံးဇာတ်လမ်းအကျဉ်းဖုပ် အဖြစ် Nut Supanutဖတ် အဖြစ် Plan Thanawatဖခင်ရဲ့ စွန့်ပစ်မှူကြောင့် အမေ ခေါ်ဆောင်ရာ အမေ တစ်ခု သားတစ်ခုဘဝသို့ ဆန္ဒနဲ့ ဆန်ကျင်စွာ ရောက်ရှိလာတဲ့ ဖတ် တစ်ယောက်တစ်နေ့မှာ မိခင် ဖြစ်သူနဲ့ အတူနေဖို့ အိမ်တစ်လုံးငှားဖို့ အကြောင်းဖန်လာပါတော့တယ်...ဒါပေမယ့် ဖတ်တို့ ငှားလိုက်သော အိမ်ကြီးမှာ ထူးခြားချက်များစွာနဲ့ ပြည့်နက်နေခဲ့ပါတယ်...ထိုအိမ်ကြီးကို ငှားတဲ့ သူမှန်သမျှ ဘယ်လောက်မှ မကြာပဲ ပြောင်းရွှေ့ကုန်ကြတာပါပဲ..ငှားမယ့်သူ မရှိသော အိမ်ကြီးရဲ့ငှားခက လက်ရှိတန်ဖိုးထက် ချိုသာသော ဈေးနှူန်းကြောင့် ဖတ် အမေ ဖြစ်သူက ထိုအိမ်ကို ငှားရမ်းဖို့ တစ်နေ့မှာ ဆုံးဖြတ်လိုက်ပါတော့တယ်.....အဲ့ဒီနောက်တော့ ဖခင်ဆီကိုပဲ ပြန်သွားချင်တဲ့ ဖတ်တစ်ယောက် အိမ်ကြီးရဲ့ထူးခြားမှုကို တစ်ဆတစ်ဆ သံသရာ ဝင်လာပါတော့တယ်....ပြီးတော့ သူ့အိပ်မက်ထဲကို ...

Something In My Room (2022)

[18+] L: Liko, Larawan, Lipat (2022)
[18+] L: Liko, Larawan, Lipat (2022) L: Liko, Larawan, Lipat ဆိုတဲ့ ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်လမ်းက မတူညီတဲ့ဇာတ်လမ်းသုံးမျိုးကို ဒါရိုက်တာသုံးယောက် ကိုယ်စီလက်စွမ်းပြထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ၃ ခု ပါဝင်တဲ့ erotic trilogy miniseries ဖြစ်ပါတယ်။ဇာတ်လမ်း ၃ ခုလုံးကို အိမ်ကထွက်သွားတဲ့ချစ်သူကိုမေ့မရနိုင်တဲ့ အိမ်မက်တွေ မက်မက်နေတဲ့၊ စိတ်ကူးယဉ်ကမ္ဘာထဲမှာနစ်မျောနေတဲ့ လူးကပ်စ်ဆိုတဲ့ ပန်းချီဆရာလူငယ်လေးတစ်ယောက်ကိုဗဟိုပြုဖွဲ့တည်ထားတာပါ။ဒီမွန်းကျပ်မှုတွေက ခဏတာလွတ်မြောက်ချင်တဲ့ လူးကပ်စ်၊ တဒင်္ဂအပျော်ရှာချင်တဲ့ လူးကပ်စ်၊ အတိတ်ကနေအပြီးတိုင်လွတ်မြောက်ချင်တဲ့ လူးကပ်စ်ရဲ့ ဇာတ်လမ်းအစုံစုံကို Palitan, Hugas,Siklo တို့မှာရင်းနှီးပြီးသား မင်းသမီးချောလေးတွေတပြွတ်ကြီးနဲ့တွဲဖက်တွေ့မြင်ရမှာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးဟာသလေးတွေပါသလို လျှို့ဝှက်ဆန်းကြယ် Mystery လေးတွေလဲပါပေမယ့် အဓိက Theme ဖြစ်တဲ့ Erotic ခန်းတွေလဲကြမ်းကြမ်းတမ်းတမ်းရှည်ရှည်လျားလျားပါဝင်တာကြောင့် ဖိလစ်ပိုင်တောင် အလည်သွားချင်မိပါလိမ့်မယ်။၁၈ အပေါင်းမလို့ မိသားစုနဲ့မကြည့်သင့်ကြောင်းပါ။Quality….WEB-DL 1080p / 720p File Size….(700 MB Appx) / (300 MB Appx) Format…mp4 Total Episode… 3 Episode Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by ...

[18+] L: Liko, Larawan, Lipat (2022)

2022
Cupid’s Last Wish (2022)
Cupid’s Last Wish (2022) Cupid's Last Wish (2022) စ / ဆုံး____________________________ ငယ်စဉ်ကလေးဘဝကတည်းက မတည့်အတူနေနှစ်ယောက်ထဲက တစ်ယောက်မရှိရင် မနေနိုင်ခဲ့တဲ့ကွန် နဲ့ ဝင်တို့ရဲ့ BFF Goal လေးဟာ ဘာပကာသနမှ မပါပဲ၂၂နှစ်တိုင် အတိုင်းမသိသာယာနေခဲ့ပါတော့တယ်....ဒါပေမယ့် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကအစ အရာအားလုံးကိုဖျက်စီးပစ်မယ့် နေ့တစ်နေ့ မရောက်ခင်အထိပေါ့....အဲ့ဒီနေ့ကတော့ ဝင့်ရဲ့ ဆုံးပါးသွားတဲ့ ဖေဖေ ထားရှိခဲ့သောသေတမ်းစာကို ဖွင့်ဖောက်တဲ့ နေ့တစ်နေ့ပေါ့....အရာအားလုံးကို မိုးနဲ့မြေ ပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်ခဲ့ရတဲ့ တစ်နေ့....သွေးမတော် သားမစပ်ပဲ ကိုယ်တိုင်ကပင် ဘာမှ မသိလိုက်ရကာ သေတမ်းစာအရရို့ရိုဒုန် Farm ရဲ့ အစုရှယ်ယာတစ်စုကို ပိုင်ဆိုင်လိုက်ရတဲ့ ကွန့်ကိုအဲ့ဒီနေ့မှာတင် ဝင်တစ်ယောက် အထင်လွဲမှား မုန်းတီးကာ အိမ်ပေါ်ကနေ နှင်ချလိုက်ပါတော့တယ်...အဲ့ဒီ့နောက်မှာတော့ သေတမ်းစာကိစ္စကိုအကြောင်းပြကာ သူငယ်ချင်းဆက်ဆံရေးပါ ပျက်ပြားရုံသာမက...သူတို့ပတ်သက်မှုက နီးသည်ထက် ဝေးလာခဲ့ရပါတော့တယ်...ကွန် နဲ့ ဝင်တို့ရဲ့ ပတ်သက်ဆက်နွယ်မှုဟာ ဒီလောက်နဲ့တင်မပြီးခဲ့...အဲ့ဒီနောက်မှာတော့ မတော်တဆမှုတစ်ခုကြောင့် ဝင်နဲ့ညီမဖြစ်သူ လင်တို့ဟာ ...

Cupid’s Last Wish (2022)

2022
Ms. Cupid in Love ( 2022 )
Ms. Cupid in Love ( 2022 ) Ms. Cupid in Love ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့နန်းတွင်းအောင်သွယ်တော်ဇာတ်ကားလေးဖြစ်တဲ့ Ms. Cupid in Love ပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့တရုတ်ကားချစ်သူတိုင်းသိကြတဲ့ TU (The Untamed)ဇာတ်ကားထဲ Jin Zi Xuanအဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသားCao Yu Chen နဲ့ Be My Cat ဇာတ်ကားထဲကမင်းသမီး Tian Xiweiတို့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့နှစ်ထောင်ပေါင်းများစွာကြာတဲ့နတ်ဘုရား Bo Yan ကနတ်ပြည်မှာအချစ်ရေးအချစ်ရာစီမံတဲ့လူတစ်ယောက်ပေါ့။ဒါပေမဲ့လူပြည်မှာလက်ထပ်ပွဲကို ရူပ်ထေါးအောင်လုပ်မိခဲ့တဲ့အတွက်ကြောင့်သူ့အပြစ်ကိုခံယူယူဖို့ လူ့ပြည့်ကိုအပို့ခံလိုက်ရပါတယ်။ကောင်းကင်ဘုံကနေပြစ်ဒဏ်ကြောင့်လူပြည်ကိုအပို့ခံရတဲ့Bo Yan က လူ့ပြည်မှာအောင်သွယ်တော်လုပ်နေတဲ့ Shangguan Yaဆီကိုမမျှော်လင့်ဘဲရောက်သွားခဲ့ပါတယ်။ Shangguan Ya ကထက်မြက်သွက်လက်ပြီးအောင်သွယ်တော်မှာတဖက်ကမ်းခတ်တော်တဲ့သူပေါ့။Shangguan Ya ကနတ်ဘုရား Bo Yan ရဲ့အကြောင်းကိုနည်းနည်းလေးမှမသိခဲ့ပါဘူး။ လူ့ပြည်မှာရူပ်ထွေးနေတဲ့လက်ထပ်ပွဲကိုနှစ်ယောက်သားအတူတူဖြေရှင်းကြရင်းဖေးမကူညီကြရင်းတိုက်ဆိုင်မှုထက်ပိုတဲ့ခံစားချက်လေးပေါက်ဖွားလာတဲ့အခါမှာတော.ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ CM ကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် Ms. Cupid in Love ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~ Quality : WEB-DL ...

Ms. Cupid in Love ( 2022 )

2022
A Tale Of Ylang Ylang (2022)
A Tale Of Ylang Ylang (2022) A Tale Of Ylang Ylang (2022)  စ / ဆုံး-------------------------------------ဇာတ်လမ်းအညွှန်းထီရန်အဖြစ်———Nine Naphatငါမ်း အဖြစ် ——-Baifern Pimchanokလည်ငါမ်းဆိုတဲ့အမျိုးသမီးလေးဟာ မိသားစုရဲ့ ဂုဏ်သိက္ခာကို လေးလေးနက်နက်တန်ဖိုးထားတဲ့ မိန်းမပျိုလေးဖြစ် ပါတယ်......မဟာဆန်တဲ့ အလှကို ပိုင်ဆိုင်ထားပြီး တော်ဝင်မိသားစုမှမွေးဖွားလာသူလည်းဖြစ်တယ်.....ကံတရားကြောင့်ငါမ်းနဲ့ဆလာတို ဖခင်ဖြစ်သူ နိုင်ငံတော်ပုန်ကန်မှုသူလိုအစွပ်စွဲခံရပြီး အဖမ်းခံလိုက်ရပြီးတော့.......ငါမ်းတို မိသားစုဟာ ချိုတဲ့စွာနေထိုင်ခဲ့ရတယ်..........ထီရန်ဟာလည်း အမှန်တရားဘက်တော်သားဖြစ်ပြီး.......ကောင်းတာလုပ်ရင်ကောင်းတာရမယ်လို ယုံကြည်ထားတဲ့ ကောင်လေးတစ်ယောက်ကိုးဆွန်ဟာ ဆာလာမရှိတော့တဲ့နောက်မှာ သမီးလေး ငါမ်းနဲ့ အီရမ်ကိုစောင့်ရှောက်ဖိုဆာလာရဲ့သူငယ်ချင်းဖြစ်သူ ထီရန့်ကို မှာထားခဲ့တယ်.......တစ်နေ့မှာ ကိုးဆွန်ဟာ ရောဂါပြင်းထန်နေစဉ်ငါမ်းဟာ သခင်မကြီးအိမ်မှာ ဆေးသွားတောင်းခဲ့ပေမဲ့နိမ့်ကျမှူကြောင့် မကူညီပေးခဲ့တဲ့အတွက် အဖေဖြစ်သူ ကိုးဆွန် သေဆုံးသွားခဲ့တယ်.....အဲ့လိုအဖြစ်အပျက်တွေကြောင့်.....ငါမ်းဆိုတဲ့ ဆင်းရဲနိမ့်ကျတဲ့ မိန်းမပျိုလေးဟာအထက်တန်းလွာတွေနဲ့ဘယ်လိုရင်ဆိုင်မလဲ ဂုဏ်ဒြပ်တွေ အဆင့်အတန်းတွေ အာဏာတွေအကြားငါမ်းနဲ့ ထီရန်တို ချစ်သူနှစ်ဦး ဘယ်လို ဆုံစည်းကြမလဲ............... CM မှ အပတ်စဥ် Mon &Tue နေ့တိုမှာ Ongoing ဘာသာပြန် တင်ဆက်ပေးမယ့်ဇာတ်လမ်းကောင်းလေးကို စောင့်မျှော်ကြည့်ရှုနိုင်ပါပြီEpisodes: ...

A Tale Of Ylang Ylang (2022)

2022
Love Forever After (2022)
Love Forever After (2022) "သေမင်းလေးရဲ့ ချစ်သူဝိညာဥ်" စ / ဆုံး"Love Forever After (2022)**************************************** ဇာတ်လမ်းအညွှန်းဖေဖော်ဝါရီလ ၁ရက်နေ့က စတင်ပြီး Ch 3 Thailand ရုပ်သံလိုင်းမှာထုတ်လွှင့်ပြမယ့်ဇာတ်ကားကို အပတ်စဥ် တနင်္လာ‌နေ့မှ သောကြာ‌နေ့ အထိတစ်ပတ်(၅)ပိုင်းနဲ့ ပြသနေတဲ့ Ongoing ဇာတ်ကားအသစ်လေးပါMain Casts: "တူလစ်" အဖြစ် Eye Kamolned Ruengsri"ဝေဟာ" အဖြစ် August Vachiravit ဇာတ်လမ်းအကျဥ်းကတော့.... မသေချာတဲ့ လူ့လောကရဲ့ လှပမှုတွေ ဆိုတာစက္ကန့်တိုင်းကို တန်ဖိုးရှိစွာ သတိနဲ့ နေထိုင်ခြင်းပါ။တူလစ်က ဆန်းသစ်သော အတွေးအခေါ်တွေနဲ့ ရေးသားရတာကြိုက်တဲ့ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ပါ ။တစ်ခုခုလုပ်မယ်ဆို အမြဲတမ်း Plan တွေနဲ့ ချပြီး တစ်ခြားသူတွေကို ကူညီဖေးမတတ်ပြီးလာတိုင်ပင်တဲ့လူလည်း တူလစ်ပြောတဲ့အတိုင်း လုပ်ချင်ကိုင်ချင်တတ်လာအောင် ပြောနိုင်တယ် ။ပြီးတော့ ဗေဒင်ဟောတဲ့အတိုင်း ‌တိကျတယ် မလွဲဘူး။ ကြာလာတော့လည်း တူလစ်တစ်ယောက်အထီးကျန်သလိုခံစားရပြီးအချစ်ခံရချင်တယ် အလိုလိုက်ခံချင်တယ် သူပဲ အရာအားလုံးကို ...

Love Forever After (2022)

Modern Marriage (2022)
Modern Marriage (2022) Modern Marriage ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့အိမ်ထောင်ရေးဇာတ်ကားလေးဖြစ်တဲ့ Mordern Marriage ပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့ Love Actually ဇာတ်ကားထဲကမင်းသား Tong Da Wei နဲ့ Monster Hunt 1, 2 ဇာတ်ကားထဲမင်းသမီး Bai Bai Heတို့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့လင်မယားတွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာလေးကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်နာမည်ကြီး တက္ကသိုလ်ကနေဘွဲ့ရထားတဲ့ Shen Huixing (Bai Baihe) ကလက်ထပ်ပြီးနောက်မှာအိမ်မက်တွေနုပျိုမှုတွေကိုစွန့်လွှတ်ပြီးမိသားစုအတွက်အချိန်ပြည့်ပေးဆပ်တဲ့မိန်းမသားတစ်ယောက်။ယောက်ျားဖြစ်သူ Shen Jiang Chuan (Tong Da Wei) ကတော့အလုပ်နဲ့ပဲ အချိန်ကုန်ဆုံးပြီးဇနီးနဲ့သမီးအပေါ်အချိန်မပေးနိုင်တော့ရှိသမျှအိမ်မှုကိစ္စတွေအကုန် Shen Huixing ကဘဲတာဝန်ယူနေရတာပေါ့။သမီးလေးကြီးပြင်းလာတဲ့အချိန်မှာ Shen HuiXing ကအလုပ်လုပ်ဖို့အတွက်အချိန်တန်ပြီလို့ထင်ခဲ့တယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူ Shen Jiang Chuan တာဝန်ယူရတဲ့ကုမ္ပဏီနဲ့ဆက်ဆံရေးမှာ ပဋိပက္ခဖြစ်ပွားခဲ့တယ်။Shen Huixing ကတော့ခင်ပွန်းဖြစ်သူ Shen Jiang Chuan ကိုအိမ်မှုကိစ္စတာဝန်ကိုခွဲဝေပေးချင်တယ်။ဒါပေမဲ့ နှစ်ယောက်ကြားပဋိပက္ခဖြစ်ပြီးကွာရှင်းတဲ့အထိဦးတည်လာခဲ့တယ်နောက်တော့ Shen Huixing ကသူမဖြစ်ချင်တဲ့အိပ်မက်ကိုတစ်စတစ်စအကောင်အထည်ဖော်ရင်းတစ်ဖက်မှာလည်းShen Jiang ...

Modern Marriage (2022)

2022
In your heart ( 2022 )
In your heart ( 2022 ) ဒီတစ်ခါ CMကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားလေးကတော့Bl ကားလေးဖြစ်တဲ့ In Your Heart ပဲဖြစ်ပါတယ် ဒီကားလေးမှာတော့မျက်နှာသစ်မင်းသားတွေဖြစ်တဲ့ Hu Bo Wen နဲ့ Hu Shi Wen တို့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့Ling Zimingနဲ့ Cheng Yi ဆိုတဲ့ ကောင်လေး‌နှစ်ယောက်ဟာငယ်ငယ်လေးကတည်းက မပြည့်စုံတဲ့မိသားစုမှာ ကြီးပြင်းလာကြတဲ့သူငယ်ချင်းတွေပဲ ဖြစ်ပါတယ် Ling Zimingဟာငယ်ငယ်လေးကတည်းကအဒေါ်(၂)ရဲ့ထိန်းကျောင်းမှုအောက်မှာကြီးပြင်းလာခဲ့ရသူဖြစ်ပြီး Cheng Yi ကတော့အဖွားဖြစ်သူရဲ့ထိန်းကျောင်းမှုအောက်မှာကြီးပြင်းလာသူဖြစ်ပါတယ် ဒီလိုမျိုးမပြည့်စုံတဲ့မိသားစုတွေကြောင့် နှစ်ယောက်သား အချင်းချင်းအမှီသဟဲပြုရင်း ပိုမိုရင်းနှီးခင်မင်လာခဲ့ပါ‌တယ် အရွယ်ရောက်လာတဲ့အချိန်မှာတော့ သူတို့ကိုယ်တိုင်တောင် မသိတဲ့ ခံစားချက်တစ်မျိုးကသူတို့နှစ်ဦးကြားမှာ ပေါက်ဖွားလာလို့ခဲ့ပါတယ် အရွယ်ရောက်စကောင်လေးတွေဆိုတော့ အချစ်ဆိုတဲ့အရာကို နားမလည်ကြဘဲအချင်းချင်း စမ်းသပ်ကြည့်ကြတယ် ဒါပေမယ့်..... ဒီလိုလုပ်တာကသူတို့နှစ်ဦးကို သတိမထားမိစေဘဲ ပိုလို့ဝေးသွားစေခဲ့ပါတော့တယ်အချစ်ဆိုတာ တစ်စုံတစ်ယောက်နဲ့ တစ်စုံတစ်ယောက်ကြားမှာ ဖြစ်ပေါ်လာတဲ့ စိတ္တဇနာမ်လေးဖြစ်ပြီး အချစ်ဆိုတာကိုနားလည်လာတဲ့ သူတို့နှစ်ဦးက ပြန်လည်နီးစပ်လာအောင်ဘယ်လိုတွေကြိုးစားမှာလဲ ဆိုတာကိုတော့ CMကနေမကြာခင်မှာတင်ဆက်ပေးတော့မယ့် In ...

In your heart ( 2022 )

2022