Channel Myanmar

Mystery

Knight Flower(2024) 9
Knight Flower(2024) Knight Flower(2024)********************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး မမ Lee Ha Neeနဲ့ Lee Jong wonတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ဂျိုဆွန်းနောက်ခံ နန်းတွင်း ဟာသစီးရီးသစ်ဖြစ်ပါတယ်...ဂျိုယောဟွာဆိုတဲ့ အမျိုးသမီးဟာ မျိုးရိုးမြင့် ဂုဏ်သရေအကြီးအမားဆုံးအိမ်တော်ရဲ့ ချွေးမဖြစ်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးခဲ့တာ ၁၅နှစ်ကျော်ပြီဖြစ်တဲ့မုဆိုးမတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထဲက အိမ်ပြင်လုံးဝမထွက်ဘဲ အေးဆေးတည်ငြိမ်ပြီးအိန္ဒြေကြီးသူအဖြစ် သတင်းကြီးသူလည်းဖြစ်ပါတယ်။ အိန္ဒြေကြီးလှပါတယ်ဆိုတဲ့ မုဆိုးမလေး ဂျိုယောဟွာရဲ့ လူတွေမသိတဲ့ နောက်ထပ်ပုံစံတစ်မျိုးကတော့ ညဘက်တွေမှာ အိမ်ခေါင်မိုးတွေပေါ်၊ အုတ်နံရံတွေပေါ်မှာခုန်ပျံကျော်လွှားရင်း ဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့အမျိုးသမီးသူရဲကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ နေ့ဘက်ဆို အိမ်တွင်းပုန်း၊ညဘက်ဆို လူမသိအောင် ဖိုက်တာထွက်လုပ်ပြီး ကူညီတတ်တဲ့ မုဆိုးမလေးဟာတစ်နေ့မှာတော့ ရုပ်ရည်ချောမောပြီး အလုပ်မှာလည်း ထူးချွန်ထက်မြက်တဲ့ အရာရှိ ဆူဟို နဲ့တွေ့ဆုံပြီး သဘောကျခဲ့ပေမယ့် မိသားစုအရှုပ်အထွေးတွေ၊လျှို့ဝှက်ချက်တွေနဲ့အခက်အခဲတွေကြားမှာ သူတို့ရဲ့ အချစ်ရေးဟာ ဖြောင့်ဖြူးပါ့မလားဆိုတာကိုဟာသလေးတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်.....Episodes: 12 Aired:Jan 12, ...
9
TMDb: 9/10 1 votes
tv

Knight Flower(2024)

2024
X Tape (2023)
X Tape (2023) XTape Liv (2023)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ သည်းထိတ်ရင်ဖိုလည်းပါ..သရဲအခန်းလည်းပါ လူငယ်ကြိုက်အခန်းတချို့လည်းပါတဲ့ ရသစုံစီးရီးလေးဖြစ်ပြီး အသက်၁၈နှစ်အောက်နှင့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့စီးရီးလေးပါလို့လဲ ပြောချင်ပါတယ်. ပညာပေးဇာတ်လမ်းတွဲဆိုရင်လည်း မမှားနိုင်ပါဘူး။ ခုခေတ်ကောင်မလေးတွေ လိုက်ခ် ဖော်လိုဝါတစ်ခုရဖို့ ဘယ်လိုအခြေအနေမျိုးကိုမဆို နိမ့်ကျနိုင်တယ်။ ဘာမဆိုလုပ်နိုင်တယ်ဆိုတာကိုပြထားပါတယ်။အရှက်သိက္ခာတွေလည်း မငဲ့ မထည့်တွက်ဘဲ ဆိုရှယ်မီဒီယာပေါ်မှာသာ နာမည်ကြီးရင်ပြီးရောဆိုပြီး အဖေါ်အချွတ်တွေပြချင်နေတဲ့ ခုခေတ်လူငယ်တွေအတွက်လို့ပဲပြောရတော့မှာပဲ။ ဒီဇာတ်လမ်းတွဲလေးမှာလည်း ဒီအကြောင်းတွေကို ကွက်ကွက်ကင်းကင်းရိုက်ပြထားပါတယ်။ဇာတ်လမ်းကတော့ စုံတွဲတစ်တွဲ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးဖို့အတွက် အဖေါ်အချွတ်ဗီဒီယိုရိုက်ဖို့ လူသူအရောက်အပေါက်နည်းတဲ့ တောထဲက စံအိမ်ကြီးဆီကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီစံအိမ်ကြီးကလည်း ဟိုးတောအလည်မှာတည်ရှိနေတာမို့ ခြောက်တယ်လို့လည်း လူတွေကပြောကြတယ်။ ဆယ်လီနံပါတ်ဝမ်းဖြစ်ဖို့ သူတို့တွေ အဲ့ဒီစံအိမ်ထဲမှာပဲ မူစကူဒူးဗီဒီယိုရိုက်ခဲ့ပါတယ်။ ပြီးတော့ သူတို့စုံတွဲပျောက်သွားရော...။နောက်ထပ်လည်း အဲ့ဒီစံအိမ်ထဲ ဝင်လာသူမှန်သမျှတစ်ယောက်ပြီးတစ်ယောက်ပျောက်ပျောက်သွားနေပါတယ်။ ဆိုတော့ သိတဲ့အတိုင်းပဲ ဇာတ်လမ်းထဲမှာ စီးမျောလိုက်ကြဦးနော်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size –400MB (Appx;)@EpisodeQuality – 1080p ...

X Tape (2023)

2023
A Shop for Killers (2024) 9
A Shop for Killers (2024) A Shop for Killers(2024)(function(f,b,n,j,x,e){})();**********************အပိုင်း( ၁ မှ ၈) ထိ စ / ဆုံးTale of the Nine Tailed ထဲက မင်းသား Lee Dong-Wook ဟာ 2024 အစမှာတင်ကိုseries အသစ်တစ်ခုနဲ့ ထွက်ပေါ်လာခဲ့ပါပြီKim Ji-young ရဲ့ " The Killer's Shopping Mall " ဆိုတဲ့ မူရင်းဝတ္ထုကို အခြေခံပြီး ရိုက်ကူး‌ပုံဖော်ထားတဲ့Action ကား ကြမ်းကြမ်း ဖြစ်ပါတယ်......ဇာတ်လမ်းအကျဉ်း -------------------- Jeong Ji An ဆိုတဲ့ကောင်မလေးမှာ တစ်ဦးတည်းမိသားစုဝင်ဆိုလို့ ဦးလေးဖြစ်သူ Lee Dong Wook သာ ကျန်ရှိတယ်... ဒီဦးလေးရဲ့ပဲ့ကိုင်မှုနဲ့ပဲ အရွယ်ရောက်လာရတယ်ဆိုသော်ငြားလည်းသတင်းဆိုးက သူမဆီကိုရောက်လာတယ်...ဒါကတော့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့သတင်းပေါ့.... ဆိုတော့ ဦးလေးရှိတဲ့အရပ်ကို ပြန်လာပြီး မိသားစုဝင်ဆိုလို့ သူပဲရှိလေတော့အသုဘကို စ/ဆုံးစီစဉ်ရတယ်....ဒီလိုနဲ့ ဦးလေးသေတဲ့ရက်ကလက် ၁၀ချောင်းမပြည့် သေးဘူး ...အိမ်ကို ပရောက်ဖက်ရှင်နယ် ...
9
TMDb: 9/10 1 votes
tv

A Shop for Killers (2024)

2024
All of Her ( 2024 )
All of Her ( 2024 ) လက်ထပ်ပြီးတစ်နှစ်အကြာမှာခင်ပွန်းဖြစ်သူ မတော်တဆဖြစ်ပြီးသေသွားရင် အန်းရှီကုမ္ပဏီကိုပိုင်ဆိုင်ချင်တဲ့ရည်ရွယ်ချက်နဲ့ ယန်ကျန်းက ချူကျယ်ကျားကိုလက်ထပ်ခဲ့ပါတယ် အဲ့ချိန်ကစပြီးတော့ သူ့ခင်ပွန်းကုမ္ပဏီမှာ အထွေထွေမန်နေဂျာအနေနဲ့ စီမံခန့်ခွဲလုပ်ကိုင်ခဲ့ပါတယ်၅နှစ်အကြာ ယန်ကျန်းကအန်းရှီကုမ္ပဏီကို အပြည့်အဝတာဝန်ယူဖို့ လုပ်ဆောင်တဲ့အချိန်မှာ ရုတ်တရက်​ကြီး ​လူတစ်ယောက်ထွက်ပေါ်လာပါတယ် အဲဒီလူကတော့ ချူကျယ်ကျားရဲ့အမြွှာဖြစ်တဲ့ ချူကျယ်အန်းပါသူတို့နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်တွေဖုံးကွယ်ရင်း နှစ်ဦးကြား ဘယ်လိုမျိုး အချစ်-အမုန်းတွေ ဆက်နွယ်သွားမှာလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်=================================Quality : WEB-DL 1080p Total Episodes : 26 Format : mp4 Genres : Drama , Mystery Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK================================= Ep 1 ( 1080p ) - Yoteshin / Usersdrive / MegaUp / StreamWish / Mega.nz Ep 2 ( ...

All of Her ( 2024 )

2024
The Spirealm ( 2024 )
The Spirealm ( 2024 ) ဒီဇာတ်ကားလေးက သရဲကားကောင်းကောင်းတွေမှကြည့်ရှုချင်နေတဲ့သူတွေအတွက် လက်မလွတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ် ။ ဒီဇာတ်ကားဟာ စာရေးဆရာမ ရှီးကျစ်ရွှရဲ့လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့ Kaleidoscope of Death ဆိုတဲ့ဝတ္ထုကနေ LA adaption ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ -ဂိမ်းတွေကိုပရိုဂရမ်ရေးရတဲ့ပရိုဂရမ်မာလည်းဖြစ် ဂိမ်းဆော့ရတာကိုလည်း အရမ်းကိုကြိုက်တဲ့ လင်ကျိုရှီက တစ်နေ့မှာ ပါဆယ်တစ်ခုလက်ခံရရှိခဲ့ပါတယ်။ ပါဆယ်မှာတော့ ဂိမ်းဘုတ်တစ်ခုဖြစ်ပြီး သူအရမ်းစမ်းဆော့ချင်နေတဲ့ "ဝိဉာဉ်နယ်မြေ" ဆိုတဲ့ဂိမ်းပဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူအဲဒီဂိမ်းကိုစမ်းဆော့ကြည့်ပြီး အိမ်ပြန်‌လမ်းမှာမမျှော်လင့်ထားဘဲ သံမဏိတံခါးတစ်ချပ်ကိုသွားတွေ့ပါတော့တယ်။ သူမမျှော်လင့်ထားတာက အဲဒီတံခါးကနေ သူ့ကိုဂိမ်းထဲကို‌ဆွဲသွင်းလိုက်တယ်ဆိုတာပါပဲ။ဆိုတော့ တံခါး‌နောက်က ကမ္ဘာမှာသူဘာတွေကြုံတွေ့ရမလဲ ? ဘယ်လိုမျိုးကြောက်မက်ဖွယ်ရာတွေကစောင့်ကြိုနေမလဲ ? Mission complete ဖြစ်ဖို ဘာတွေလိုအပ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ကြည်ရှုမဲ့ပရိသတ်ကြီးကိုလည်း "တံခါးအတွင်းကမ္ဘာကနေကြိုဆိုလိုက်ပါတယ် "============================Quality : WEB-DL 1080p Total Episodes : 78 Format : mp4 Genres : Mystery , Drama Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...

The Spirealm ( 2024 )

2024
The Forensic Examiner Song Ci ( 2023 ) 9
The Forensic Examiner Song Ci ( 2023 ) The forensic Examiner of Song Ci  ဆိုတဲ့ဇာတ်လမ်းတွဲလေးဟာဆိုရင်ဆန်းကြယ်တဲ့သေမှုသေခင်းတွေကို ချက်ကျလက်ကျနဲ့အမှုဖော်တဲ့မှုခင်းဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ လျို့ဝှက်ဆန်းကြယ်တဲ့မှုခင်းဇာတ်လမ်းတွဲတွေကို ကြည့်ရတာကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက်CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ရှင် ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ဗျူဟာများစွာနဲ့ အလွန်စေ့စပ်ပြီး ဆန်းကြယ်တဲ့အမှုတိုင်းကိုစိတ်ဝင်စားပြီးရအောင်လည်းဖြေရှင်းနိုင်တဲ့စုန့်ချီ , တစ်ခါဖတ်ပြီးတာနဲ့ ဘယ်တော့မှမမေ့တော့တဲ့photography memory ကိုပိုင်ဆိုင်ထားတဲ့ လီကျစ်ဖန်း ,လျို့ဝှက်ပြီး တစ်သီးတစ်သန့်နေတတ်တဲ့ ကျောက်ရှောင်လျို့ ,သိုင်းပညာထူးချွန်တဲ့ ယင်ချောက်နဲ့ ကလိမ်ကကျစ်ကျတတ်တဲ့ရှန်းရှီယွဲ့တို့မတူညီတဲ့ဒေသအသီးသီးက လူငယ်လေး ၆ ဦး က အကြောင်းအရင်းအမျိုးမျိုးကြောင့်တစ်မြို့တည်းမှာအတူတူဆုံမိသွားခဲ့ကြပါတယ် ။ ဒီလိုနဲ့သူတို့ ၆ ယောက်ပေါင်းပြီးရုံးတော်ကမဖြေရှင်းနိုင်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို ဖြေရှင်းကြတဲ့အခါမှတော့...ဘယ်လိုဆန်းကြယ်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ကြုံရမလဲ ?သူတို့ကိုရော ဘယ်လိုအန္တာရ်တွေကစောင့်မျှော််နေမလဲ ?ဒါ့အပြင် မြူတွေရဲ့နောက်မှာပုန်းကွယ်နေတတ်တဲ့ အမှန်တရားကိုရောဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့မှုခင်းဇာတ်ကားကြိုက်တတ်တဲ့ပရိသတ်ကြီးတို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့ပါနဲ့နော် ။===================================================Quality : WEB-DL 1080p , 720p Episodes : 25 Format : mp4 Genres : Historical, ...
9
TMDb: 9/10 1 votes
tv

The Forensic Examiner Song Ci ( 2023 )

2023
Like Flowers in Sand (2023) [Complete]
Like Flowers in Sand (2023) [Complete] Like Flowers in Sand (2023)***************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး Kim Baek Doo က ဂေါဆန်ကောင်တီ ကိုရီးယားရိုးရာ နပန်းအဖွဲ့မှ  နပန်းသမား တစ်ယောက်ဖြစ်သလိုသူ့မိသားစုကလည်း နပန်းလောကမှာ ဂုဏ်သတင်းကြီးမားတယ်။အဲဒီလိုမိသားစုမျိုးရဲ့ အငယ်ဆုံးသားလေးဖြစ်တဲ့ Kim Baek Doo ကလည်း ယခင်က နပန်းပါရမီရှင်အဖြစ်နဲ့နာမည်ကြီးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နာမည်မရှိတော့ပါဘူး။အဲဒါကြောင့် Kim Baek Doo က နပန်းအားကစားကနေ အနားယူပစ်လိုက်ဖို့အထိ တွေးနေခဲ့တယ်။ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ ငယ်သူငယ်ချင်း Oh Yoo Kyung နဲ့ တွေ့ဆုံခဲ့ပြီး သူ့နပန်းဘဝကြီးကတစ်ဆစ်ချိုး ပြောင်းလဲလာခဲ့တယ်။Oh Yoo Kyung က ဖျက်သိမ်းခါနီး နပန်းအဖွဲ့ကို စီမံ အုပ်ချုပ်ပေးမယ့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ရာ နောက်ပိုင်းဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ (အညွှန်းကိုတော့ Miriမှ ရေးသားပေးထားပါတယ်။) Aired: ...

Like Flowers in Sand (2023) [Complete]

Detective Forst (2024) Complete 6.1
Detective Forst (2024) Complete Detective Forst (2024) A Netflix Series စုံထောက်ရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ပိုလန်စုံထောက်ဇာတ်လမ်းတွဲ ခပ်မိုက်မိုက်တစ်ခုပေါ့။ Remigiusz Mróz လို့ခေါ်တဲ့ ပိုလန်ရှေ့နေ စာရေးဆရာရဲ့ စုံထောက် Forst အကြောင်း စာအုပ်တွေကို အခြေခံထားတာ။ သူက ပိုလန်မှာ နာမည်အကြီးဆုံး စာရေးဆရာဆိုလည်း မမှားဘူး။ သည်းထိတ်ရင်ဖိုတွေနဲ့ပြည့်နှက်နေတတ်တဲ့ သူ့ဝတ္တုတွေကြောင့် ပိုလန်မှာ သူ့စာတွေကို စတီဖင်ကင်းစာတွေ အဲဖရက်ဟစ်ကော့ရုပ်ရှင်တွေနဲ့ပါ ခိုင်းနှိုင်းကြတယ်။ နက်ဖလစ်ကထုတ်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ သူ့စာအုပ်တွဲကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပေါ့။ Forst လို့ခေါ်တဲ့ ရှေ့မကြည့်နောက်မကြည့် အမှုပေါ်ဖို့ လုပ်ချင်တာအကုန်လုပ်တတ်တဲ့စုံထောက်တစ်ယောက်ရှိတယ်။ အထက်လူကြီးကိုလည်း မလေးစားတာမို့ အထက်လူကြီးတွေကလည်း သူ့ကို အမြင်ကတ်ကြတယ်။ ဘာအကြောင်းကြောင့်လဲမသိ သူ့ကို မြို့ပေါ်က ဌာနကနေ နယ်ဘက်ကျေးဘက်ကို အပို့ခံလိုက်ရတယ်။ ဒီလိုနဲ့ သူရောက်နေတဲ့ နယ်ဘက်မှာ ထူးထူးဆန်းဆန်း ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာတယ်။ လူသတ်သမားက နောက်ခံကောင်းသလို ...
6.1
TMDb: 6.1/10 27 votes
tv

Detective Forst (2024) Complete

2024
The Envoys (2021) 7.1
The Envoys (2021) The Envoys (2021) =============== IMDb Rating - 7.1/10ကမ္ဘာပေါ်မှာ သာမန်မြင်တွေ့နေကျနဲ့ ကွဲထွက်ပြီး တစ်မူထူးခြားစွာ ဖြစ်ပေါ်နေတဲ့ ထူးဆန်းထွေလာတွေ အများကြီးပေါ်ပေါက်ဖူးပါတယ်။ အများစုကတော့ ဘာသာရေးနဲ့ရောယှက်နေကြတာပေါ့။ တောင်ပို့က နေ နို့တွေထွက်တာမျိုးတို့၊ ရွှံ့အေးပွက်ထတာမျိုးတို့ပေါ့လေ။ ရှေးတုန်း ကဆို နေကြတ်၊လကြတ်တာကိုတောင် တကယ့်"အံ့ဖွယ်ဖြစ်ရပ်ကြီး" သဖွယ်ဖြစ်ခဲ့ကြတာကိုး။ဆိုတော့ "အံ့ဖွယ်ဖြစ်ရပ်"ဆိုတာဘာလဲ။ ဒီစီးရီးထဲမှာတော့ သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ ဖြစ်ရပ်တွေကိုသာ "အံ့ဖွယ်ဖြစ်ရပ်"လို့ သမုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် ဖာသာအန်တီကွီရာကတော့ "သိပ္ပံပညာဟာ လွန်ခဲ့တဲ့နှစ်၂ထောင်ကျော်က အံ့ဖွယ်ဖြစ်ရပ်ဆိုတာတွေကို ဖြုတ်ချနိုင်ခဲ့ တဲ့အရာ"လို့ ဆိုပါတယ်။ ဇာတ်လမ်းလေးကတော့ ဆေးပညာကျွမ်းကျင် တဲ့ ဖာသာဆလီးနက်စ်နဲ့ ဥပဒေပညာကျွမ်းကျင်တဲ့ ဖာသာအန်တီကွီရာ တို့နှစ်ယောက် လူတွေ "အံ့ဖွယ်ဖြစ်ရပ်" လို့ဆိုကြတဲ့အရာတွေကို လိုက်လံ စစ်ဆေးဖြေရှင်းကြပုံပါ။ခေါင်းလောင်းမျှော်စင်ကနေ ခုန်ချပြီး အရိုးတွေကျိုးကြေကုန်လို့ ဆရာဝန် ကတောင် သေပြီလို့ အတည်ပြုပြီးသားလူတစ်ယောက်က အကောင်းပက တိပြန်ဖြစ်သွားတဲ့ပဟေဠိကတော့ ဇာတ်လိုက်ဖာသာနှစ်ယောက်ကို စတင် သိကျွမ်းစေခဲ့တဲ့ ပထမဆုံးအမှုပါပဲ။ ဘာသာရေးခေါင်းစဉ်အောက်ဆွဲသွင်းခံ ရတဲ့ ဖြစ်ရပ်တွေနဲ့ အဲဒီနောက်ကွယ်က အကြောင်းတရားတွေ၊ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့"အံ့ဖွယ်ဖြစ်ရပ်"ဟုတ်လား၊မဟုတ်ဘူးလားဆိုတာကတော့ စီးရီးလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team ...
7.1
TMDb: 7.1/10 1936 votes
tv

The Envoys (2021)

2021
Boy Swallows Universe (2024) 7.648
Boy Swallows Universe (2024)  IMDb - 8.2/10Rotten Tomatoes - 83% ဒီတစ်ခါ Netflix က ပြန်လည်ရိုက်ကူးထားတဲ့ Rating ကောင်းကောင်းဇာတ်လမ်းတွဲကောင်းလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းရဲ့ မူရင်းဝတ္ထု ရေးသားသူ စာရေးဆရာ ထရန့်ဒယ်လ်တန်ကဒီဇာတ်လမ်းနဲ့ ပွဲဦးထွက် အောင်မြင်မှုရရှိခဲ့ပြီး နိုင်ငံတကာမှာ ဘာသာစကား၃၄ မျိုးနဲ့ ဘာသာပြန်ဆိုဖြန့်ချိရတဲ့ အထိ အောင်မြင်ခဲ့တာပါ။စာရေးသူရဲ့ ငယ်စဉ်ဘဝအကြောင်း ဖြစ်ရပ်မှန်တွေကို မှီငြမ်းထားတာ ဖြစ်ပြီးဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးတဲ့ နေရာမှာလည်း ဇာတ်ကောင်အံဝင်ခွင်ကျဖြစ်မှုတွေကြောင့် Rating ကောင်းတွေရရှိထားပါတယ်။ ဇာတ်လမ်း အကျဉ်း ***************၁၉၈၀ ခုနှစ်ဝန်းကျင် ဩစတေးလျနိုင်ငံ ဘရစ်စဘိန်းမြို့က 'ဒါရာ'ဆိုတဲ့ဆင်ခြေဖုံး ရပ်ကွက်လေး တစ်ခုမှာ အယ်လိုင်းဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ဖခင်က ငယ်စဉ်ကတည်းက အနားမှာ မရှိဘူး။သူ့မှာ စကားမပြောတဲ့ အစ်ကိုတစ်ယောက်ရှိတယ်၊ မိခင်ဖြစ်သူကဆေးမှုနဲ့ ထောင်ကျနေပြီးတော့ ပထွေးလုပ်သူက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ တစ်ယောက်။ဒီလို ပတ်ဝန်းကျင်မှာ ရှင်သန်နေရတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က လမ်းမှန်ကိုရောက်ဖို့ ကြိုးစားရုန်းကန်ရင်း ...
7.648
TMDb: 7.648/10 27 votes
tv

Boy Swallows Universe (2024)

2024
Monsieur Spade (2024) 8.7
Monsieur Spade (2024) ဒီတစ်ခါမှာတော့ 2024 မှာထွက်တဲ့အသစ်စက်စက်စီးရီးလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဒီစီးရီးလေးကတော့ နာမည်ကျော်အမေရိကန်စာရေးဆရာကြီး Dashiell Hammett ရဲ့နာမည်ကျော်ဝတ္ထုဖြစ်တဲ့ ''The Maltese Falcon''ဆိုတဲ့ဝတ္ထုထဲက ဇာတ်ကောင်ဖြစ်တဲ့ SAM SPADE ရဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့............နာမည်ကျော်စုံထောက်ကြီးဆမ်စပိတ်ဒ်ဟာ သူ့ကိုအခကြေးငွေပေးပြီးအပ်ခဲ့တဲ့အလုပ်ကိုထမ်းဆောင်ဖို့ ထရီဇာဆိုတဲ့ကလေးမလေးကို သူ့အဖေ"ဖိလစ်''ရှိရာ ပြင်သစ်နိုင်ငံကိုလိုက်ပို့ရပါတယ် ဒါပေမဲ့ ထင်ထားသလို ကလေးအဖေနဲ့မတွေ့ရပါဘူး။ နောက်မှသိလိုက်ရတာက ကလေးအဖေ ဖိလစ်ဟာတော်တော်ဆိုးတဲ့ လူရမ်းကားတစ်ယောက်ဖြစ်ပြီး သူခိုးတစ်ယောက်လည်းဖြစ်ပါတယ်။စုံထောက်ကြီးစပိတ်ဒ်လည်း အဲ့ကဒေသခံဂါဘရီယယ်လာဆိုတဲ့အမျိုးသမီးနဲ့ချစ်ကျွမ်းဝင်ပြီး လက်ထပ်ကာ အဲ့မှာပဲနေလိုက်ပါတယ် ဒီလိုနဲ့ရှစ်နှစ်လောက်အကြာမှာ သူ့ဇနီးဂါဘရီယယ်လာဆုံးသွားပြီး သူလည်းမုဆိုးဖိုတစ်ယောက်အနေနဲ့ရှင်သန်နေရပါတယ် ထရီဇာလေးကိုတော့ သီလရှင်စာသင်ကျောင်းမှာပို့ထားတာပါ စုံထောက်ဘဝကနေအနားယူပြီး မုဆိုးဘိုတစ်ယောက်အနေနဲ့ ဘဝကြီးကိုအေးအေးချမ်းချမ်းပဲဖြတ်သန်းနေတဲ့ ဆမ်စပိတ်ဒ်ဟာ ဖိလစ်ပြန်ရောက်ပြီဆိုတဲ့သတင်းအပြီးမှာ သူ့ရဲ့ငြိမ်းချမ်းနေမှုတွေဟာ ရပ်တန့်သွားပါတော့တယ်။ တစ်ဆက်တည်းမှာပဲ ထရီဇာနေတဲ့သီလရှင်ကျောင်းက သီလရှင်ကြီးတွေအသတ်ခံရတော့ ဆမ်စပိတ်ဒ်တစ်ယောက် အနားယူထားတဲ့စုံထောက်အလုပ်ကိုပြန်ဝင်ရပါတော့တယ်။ဒီဇာတ်ကားမှာ လက်ရှိကာလကိုပြလိုက် လွန်ခဲ့တဲ့ရှစ်နှစ်တုနး်ကအချိန်ကိုပြလိုက်နဲ့ Time Jump တွေသုံးပြီးပြထားတာကြောင့် အစပိုင်းမှာ နားမလည်နိုင်သလိုလို ရှုပ်ထွေးနိုင်ပါတယ် ဒါပေမဲ့ သီလရှင်ကြီးတွေအသတ်ခံရပြီး နောက်ပိုင်းစိတ်ဝင်စားစရာကောင်းလာပြီမလို့ နောက်အပိုင်းတွေမှာရော ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာစောင့်မျှော်ပေးကြပါဦး...File size…(1.2 MB)/(591 ...
8.7
TMDb: 8.7/10 3 votes
tv

Monsieur Spade (2024)

2024
Honeymoon Suite Room No 911 (2023)
Honeymoon Suite Room No 911 (2023) Honeymoon Suite Room No 911 (2023)ကိုယ့်ရှေ့က ဓနကိုမျက်ဝယ်မြင်တွေ့ရတဲ့အခါ ကိုယ့်ဥစ္စာမထိုက်လည်း လောဘနောက်လိုက်မိကြတဲ့ ပုထုစဉ်များရဲ့အတ္တကို မြင်တွေ့ရမယ့်ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်နော်။မွေခံထိုက်သူမဟုတ်လည်း ငါ့ပိုင်ပစ္စည်းရအောင်ယူပစ်မယ်ဆိုတဲ့ အတ္တများနဲ့ ဟိုတယ်တစ်ခုက လူတစ်စု...။အဲ့ဒီဟိုတယ်ထဲက အခန်းတစ်ခန်းမှာ လာတည်းကြတဲ့သူတွေဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားလေ့ရှိကြတယ်။ ဟိုတယ်ရဲ့အခန်းနံပါတ်ကတော့ 911 တဲ့...။ဒါဆို လာတည်းကြတဲ့ ဧည့်သည်တွေ ဘယ်ရောက်ကုန်ကြတာလဲ...။ မြေလျှိုးသွားတာလား မိုးပျံသွားတာလား...။ဟိုတယ်က ခြောက်တာလား...။ဒါမှမဟုတ် တစ်ယောက်ယောက်က အကြောင်းတစ်ခုခုကြောင့် ကြိုးကိုင်ခြယ်လှယ်နေတာလားဆိုတာကိုတော့....။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)File Size – 500MB(Appx;) @EpisodeQuality – 1080p WEB DLDuration – 24mins (@Episode)Total Episodes: 8Eps (@ Season)Subtitle – Myanmar HardsubFormat – Mp4Genre : Drama ~ ...

Honeymoon Suite Room No 911 (2023)

2023
The Elegant Empire (2023) စ/ဆုံး
The Elegant Empire (2023) စ/ဆုံး The Elegant Empire (2023)*************************(function(f,b,n,j,x,e){})();အပိုင်း( ၁  မှ ၁၀၅) အထိ စ/ဆုံးတရားမျှတမှုဟာ မျက်ကွယ်ပြုခံရပြီးကိုယ့်မိသားစုကိုဆုံးရှုံးရတဲ့အခါ…ကိုယ့်ဘဝကို ဖျက်ဆီးတဲ့သူတွေကိုလက်စားချေဖို့ စိတ်အားထက်သန်လာတတ်တာက လူ့သဘာဝပဲမဟုတ်လား.. Elegant Empireဆိုတဲ့ ဒီစီးရီးကတော့မိသားစုကိုဆုံးရှုံးလိုက်ရပြီး တရားမျှတမှုမရလို့လက်စားပြန်ချေဖို့ကြိုးစားကြသူနှစ်ဦးရဲ့အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်Jang Ki Yoonကတော့ Empire Entertainment ရဲ့ဥက္ကဌဖြစ်ပြီးမိသားစုကချမ်းသာကြွယ်ဝတဲ့အပြင်ကိုယ်တိုင်ကလည်း ထက်မြတ်တဲ့သူတစ်ယောက်ပါပြီးပြည့်စုံလှပါပြီဆိုတဲ့ Jang Ki Yoonမှာလည်း အများတကာမသိတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေပြန်ပါတယ်Seo Hee Jaeကတော့ ဇနီးကောင်း မိခင်ကောင်းတစ်ယောက်ဖြစ်ပြီးထင်မှတ်မထားတဲ့ မတော်တဆမှုတစ်ခုကြောင့် သက်ညှာမှုမရှိဘဲလက်စားချေချင်နေတဲ့သူတစ်ဦးပါလျှို့ဝှက်နက်နဲတဲ့ သူတို့နှစ်ဦးရဲ့အကြောင်းတွေနဲ့ လက်စားချေဖို့အတွက်ဘယ်လိုရုန်းကန်ကြမလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ရှုပါဦး File Size –  600MB/300MBQuality –1080p, 720pDuration – 35 Min  (@Episode)Total Episodes: 100EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / Mystery / RomanceTranslator – Khine ...

The Elegant Empire (2023) စ/ဆုံး

2023
The Bequeathed (2024)[Complete]
The Bequeathed (2024)[Complete] The Bequeathed (2024)***********************အပိုင်း(၁ မှ ၆) အထိ စ/ဆုံး The Bequeathed စီးရီးဟာ တစ်ချိန်က ဂွီဒေါက်နာမည်နဲ့ ပရိတ်သတ်ရင်ထဲ ရောက်ခဲ့တဲ့မင်းသမီးကြီး ယွန်းဆိုဟာက Kim Hyun-Joo အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့လျှို့ဝှက်ဆန်းကျယ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဦးလေးကွယ်လွန်ပြီးနောက်Kim Hyun-Joo တစ်ယောက် ဦးလေးဖြစ်သူရဲ့ မိသားစုသင်္ချိုင်းကို အမွေဆက်ခံခဲ့တယ်။အဲဒီအချိန်ကစပြီး Yoon Seo-Ha ဟာဆိုးရွားတဲ့ အဖြစ်အပျက်အချို့နဲ့ ပတ်သက်လာခဲ့ပါတယ်။သူမကို ပိုလို့တောင် ရှုပ်ထွေးသွားစေခဲ့တာကတော့ မောင်လေး Ryoo Kyung-Soo ပါ။ ဒီအတောအတွင်း စုံထောက် Park Hee-Soonက ရွာမှာဖြစ်ပွါးခဲ့တဲ့ မကြာသေးမီကအဖြစ်အပျက်များက Yoon Seo-Haရဲ့ မိသားစုင်္သချိုင်းနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိနေတာဖြစ်ပါတယ်။(function(f,b,n,j,x,e){})();သူက ဒီကိစ္စကိုဆက်လက်စုံစမ်းဖို့လုပ်ပါတော့တယ်။ Choi Sung-Joon ဟာသူအလုပ်လုပ်တဲ့ စုံထောက်အဖွဲ့ရဲ့အကြီးအကဲ Park Byung-Eun နဲ့ ရန်လိုတဲ့ဆက်ဆံရေးရှိနေပါတယ်။(function(f,b,n,j,x,e){})();အတိတ်က အဖြစ်အပျက်တစ်ခုကြောင့် Choi Sung-Joon ...

The Bequeathed (2024)[Complete]

2024
Fool Me Once (2024) 7.476
Fool Me Once (2024) အခု ၂၀၂၄ ခုနှစ် ၁လ ပိုင်း ၁ ရက်နေ့မှာ ထွက်ရှိပြီးIMDB 7.1/10 RT 75% တောင်ရရှိထားတဲ့(function(f,b,n,j,x,e){})(); Netflix ရဲ့ thriller series ကောင်းလေးကို CM က တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကို ဒါရိုက်တာ နင်မာရက်ရှ်က ရိုက်ကူးထားပြီး မင်းသမီး မစ်ရှဲလ် ကီးဂန်နဲ့ မင်းသား ရစ်ချက် အာမီတေ့ဂ်ျတို့က အဓိက ဇာတ်ဆောင်တွ အဖြစ် ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လေတပ်ကပ္ပတိန်ဟောင်းမာယာစတန်းရဲ့ ယောက်ျားဖြစ်သူ ဂျိုးသေဆုံးပြီးမာယာစတန်းတစ်ယောက် ပူဆွေးနေချိန် သူ့ရဲ့ သမီးလေးကိုစောင့်ကြည့်ဖို့ တပ်ထားတဲ့ ကင်မရာမှာ သူရဲ့ ယောက်ျား ဂျိုးပေါ်လာတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်သွားမလဲ။ စစ်ပွဲကြောင့် စိတ်ဒဏ်ရာရထားတဲ့ မာယာတစ်ယောက်ဒါကို ဖော်ထုတ်လို့ ကြိုးစားနေတုန်း သူ့ညီမကို သတ်တဲ့သေနတ်နဲ့ပဲ သူ့ရဲ့ ယောက်ျားကို သတ်သွားမှန်းသိရတဲ့အခါပိုပြီး စိတ်သောကတွေ ရောက်လာပါတော့တယ်။ ယောက္ခမဖြစ်သူရဲ့ ဖိအားပေးမှုတွေ၊ စစ်ပွဲ ကြောင့် ဖြစ်လာတဲ့စိတ်ဒဏ်ရာတွေ၊ ညီမဖြစ်သူနဲ့ ...
7.476
TMDb: 7.476/10 85 votes
tv

Fool Me Once (2024)

2024
Vadhuvu (2023) 5.5
Vadhuvu (2023) Vadhuvu (TV Series 2023) "သတို့သမီး" IMDb - 8.0/101920: Horrors of the Heart(2023) ဟော်ရာကားထဲက မင်းသမီးချောလေး အေဗီကာဂေါ်ရ် အဓိကပါဝင်ထားပြီး Hotstar Specialကနေ အပိုင်း၇ခုနဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ Hotstarကနေပဲထုတ်လွှင့်ခဲ့တဲ့ Indu(2021) web seriesကို ပြန်လည်ရိုက်ကူးထားတာမို့ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေနဲ့ ထိတ်လန့်ဖွယ်မြင်တွေ့ကြရဦးမှာပါ။အင်ဒူဆိုတဲ့ မိန်းမပျိုလေးဟာ အကြောင်းအမျိုးမျိုးကြောင့် မင်္ဂလာပွဲကို သုံးကြိမ်တိုင်တိုင် ဖျက်သိမ်းခံထားရတဲ့ ကံဆိုးသူ သတို့သမီးလေးတစ်ယောက်။မင်္ဂလာပွဲနေ့ရက်ကျမှ ဂြိုဟ်ဆိုးဝင်ဝင်လာပြီး မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ရတာချည်း။ သူလိုပဲ မင်္ဂလာပွဲတွေဖျက်သိမ်းခံရတဲ့ သတို့သားတစ်ဦးနဲ့ နောက်ဆုံးမှာတော့ အကြောင်းပါပြီး အဖျက်အမှောင့်တွေကြားကပဲ မင်္ဂလာပွဲဖြစ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုမင်္ဂလာပွဲတွေဖျက်သိမ်းရတဲ့အကြောင်းအရင်းကပဲ သူတို့ဘ၀တွေမှာ အနှောင့်အယှက်တွေဖြစ်လာတဲ့အခါ...။လျောင်နောက်ဆံတုံးပါဆိုသလို အင်ဒူတစ်ယောက် ခင်ပွန်းသည်နောက်လိုက်သွားခဲ့ပြီးတဲ့နောက် ခင်ပွန်းသည်ရဲ့မိသားစုရဲ့ နောက်ကြောင်းအရှုပ်အထွေးတွေကြားမှာ ပါဝင်ပတ်သက်မိတဲ့အခါ...။ အရင် အင်ဒူစီးရီးမှာလိုပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တဖိုဖိုနဲ့ ခံစားကြည့်ရှုရမှာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
5.5
TMDb: 5.5/10 2 votes
tv

Vadhuvu (2023)

2023
Curse Code (2023)
Curse Code (2023) ကျိန်စာသင့် ပုစ္ဆာ (၂၀၂၃)ထိုင်းသရဲကားတွေနဲ့ မစိမ်းတဲ့ ဇာတ်လမ်းချစ်သူတို့အတွက် ဒီတစ်ခေါက်မှာ “Curse code” ဆိုတဲ့ စီးရီးကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ နတ်ကိုးကွယ်ယုံကြည်မှုတွေ ယဇ်ပူဇော်ခြင်းဓလေ့တွေ အောက်လမ်းအတတ်ပညာ လေ့လာလိုက်စားမှုတွေအကြောင်း ရိုက်ပြတဲ့နေရာမှာ ထိုင်းကလည်း နေရာတစ်နေရာမှာ ရှိနေပါတယ်။ ဒီဇာတ်ကားဟာလည်း အောက်လမ်းအသုံးပြုမှုကြောင့် အစီအရင်နဲ့တကွ ချိပ်ပိတ်ပြီး ကွပ်မျက်ခံလိုက်ရတဲ့ အဖြစ်အပျက်ကို အခြေတည်ပြီး ဇာတ်လမ်းပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ မိသားစုမှာ ကျိန်စာသင့်ခံနေရသလို လက္ခဏာတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံးလာတဲ့အခါ ဒီမိသားစုရဲ့ သမီးဖြစ်တဲ့ Krittiya ဟာ ကျိန်စာကို ချေဖျက်ဖို့ ကြိုးစားရင်း သူတို့မိသားစုအတွက် အစီအရင်လုပ်ပေးခဲ့တဲ့ ပုဏ္ဏားမျိုးနွယ်ရဲ့ မျိုးဆက် ဖြစ်တဲ့ Akerit ကို ရှာတွေ့သွားခဲ့ပါတယ်။ Akerit တစ်ယောက် မိဘမဲ့နေတဲ့ တူနဲ့ တူမနှစ်ယောက်ကို စောင့်ရှောက်ဖို့ ရုန်းကန်နေရချိန် Krittiya ရဲ့ ကမ်းလှမ်းမှုက အခွင့်အရေးတစ်ရပ်လို့ ဖြစ်နေတာကြောင့် ဒီ မိသားစုရဲ့ ကျိန်စာကို ကူညီဖြေရှင်းဖို့ လက်ခံလိုက်ပါတော့တယ်။ Akerit ဟာ တစ်ဆင့်ထက် တစ်ဆင့် ပိုကြမ်းလာတဲ့ ...

Curse Code (2023)

2023
Dhootha (2023) 7.2
Dhootha (2023) Dhootha 2023 IMDb 7.8/10 Horror "Dhootha " ဆိုတာ အစိုးရနဲ့ပြည်သူကြားကို အမှန်တရားတွေပို့ဆောင်ဆက်သွယ်ပေးသူ "Messenger" ဆိုပြီး ဂျာနယ်လစ်တွေကိုရည်ညွှန်းထားတဲ့ ဝေါဟာရတစ်ခုပါ ဂျာနယ်လစ်တစ်ယောက်အတွက်တော့ ဖောင်တိန်တစ်ချောင်းက အင်အားအကြီးဆုံးလက်နက်ပါပဲ ...(function(f,b,n,j,x,e){})();ဇာတ်လမ်းအစကတော့ ဆာဂါဗာရ်မာအဗူဒူရီကို အယ်ဒီတာချုပ်ရာထူးပေးအပ်ပွဲကစတယ်လို့ဆိုရမှာပေါ့ သူဒီရာထူးကိုရခဲ့တာတော့နည်းနည်းလေးကလိမ်ကျတယ်ဗျ ဒီရာထူးအတွက်လူကြီးတွေမှန်းထားတဲ့ ချားစ်ဆိုတဲ့လူက ရူးနေတာပါလို့လူကြီးတွေကိုပြောလိုက်လို့ ချားစ်အစား သူရလာခဲ့တဲ့ရာထူးတစ်ခု ဒီရာထူးနဲ့အတူ သူ့ဆီကိုရောက်လာမဲ့ ကံကြမ္မာဆိုးကိုတော့ သူကြိုတင်မြင်နိုင်စွမ်းမရှိခဲ့ဘူးပေါ့ရာထူးအပ်နှင်းပွဲပြီးလို့ အိမ်အပြန်လမ်းမှာဆီပြတ်လို့ စားသောက်ဆိုင်လေးထဲဝင်ထိုင်ရင်း ဆီစွန်းနေတဲ့သတင်းစာစာရွက်ပိုင်းလေးကို ယူဖတ်ကြည့်လိုက်တော့" 9-11-2022 ည 10:45:33 အချိန် နာမည်ကျော်အယ်ဒီတာချုပ် ဆာဂါရ်ဗာရ်မာအဗူဒူရီတို့ ကားအက်ဆီးဒင့်ဖြစ်ရာမှ ခွေးသေဆုံး "ဆိုတဲ့သတင်းခေါင်းစဉ်တစ်ခုကိုတွေ့လိုက်ရတယ်လက်ရှိအချိန်ကလည်း သတင်းစာပိုင်းထဲကအချိန်နဲ့ကွက်တိကျနေလို့ တွေဝေနေတုန်း ရပ်ထားခဲ့တဲ့ကားက တကယ်ကားတိုက်မှုထဖြစ်ပြီး ဒီကံကြမ္မာဆိုးကို လက်ဆင့်ကမ်းယူလိုက်မိသွားရာက...နောက်ထပ် ဘယ်လိုသတင်းစာပိုင်းတွေထပ်ရဦးမလဲ ဒီ‌ကျော့ကွင်းထဲက သူဘယ်လိုလွတ်အောင်ရုန်းနိုင်မလဲ အနာဂတ်ကိုကြိုသိရပေမဲ့ ရေးဆွဲပြီးသားကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိပါ့မလားဆိုတာကိုတော့....(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team မှဘာသာပြန်ဆိုပေးထားပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
7.2
TMDb: 7.2/10 6 votes
tv

Dhootha (2023)

2023
Upload (2020-2023) Season 1+Season 2+Season 3 8.7
Upload (2020-2023) Season 1+Season 2+Season 3 Upload(2020 - 2023)ဇာတ်လမ်းတွဲ(function(f,b,n,j,x,e){})();**************************ကျွန်တော်တို့ဟာ ယခုအသုံးပြုနေတဲ့ အင်တာနက် Data Stream ထဲကိုပဲဖြစ်ဖြစ် ဖိုင်တွေသိမ်းဆည်းလေ့ရှိတဲ့ Cloud တစ်ခုခုထဲကိုပဲဖြစ်ဖြစ် ဖိုင်တွေ Upload Download လုပ်ကြသလိုမျိုး ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ကိုလည်း လုပ်နိုင်မှာပဲ၊ လူတွေပြောပြောနေတဲ့ နတ်ပြည် ငရဲပြည်ဆိုတာဟာ Cloud Service ကြီးတစ်ခုများလားလို့ စိတ်ကူးယဉ်ခဲ့ဖူးကြမယ်ဆိုရင်.......ယခုဇာတ်ကားက အဲဒီစိတ်ကူးကိုအခြေခံပြီး လက်ရှိ သတ္တလောကနဲ့ ခေတ်လွန်နည်းပညာကြားကို ယုတ္တိဆန်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလို့ ညွန်းပါရစေ ၂၀၃၃ ခုနှစ်မှာ နေရာတကာမှာ AI စနစ်တွေ အသုံးများလာတဲ့အပြင် လူတွေဟာအရမ်းကို သက်တောင့်သက်သာနေနိုင်လာကြပါတယ်။ လူတွေဟာ ယနေ့ခေတ်လို သေရင်နောင်ဘဝရောက်တာမျိုးအပြင် မိမိတို့စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဖန်တီးထားတဲ့ ဒစ်ဂျစ်တယ်တမလွန်ဆီကိုလည်း Upload တင်နိုင်လာကြပါတယ်။ဆိုတော့ကာ... ရောဂါတစ်ခုကြောင့်ပဲဖြစ်ဖြစ် အသက်အရွယ်ကြီးရင့်လာလို့ပဲဖြစ်ဖြစ် သေဆုံးချိန်နီးလာရင် ရှေးရှေးတုန်းကအတိုင်း ပုံမှန်အတိုင်းသေဆုံးမလား ဒစ်ဂျစ်တယ်တမလွန်ကို ရွေးချယ်မလားက အရေးကြီးလာပါတယ်တကယ်တော့ ဒါတွေက VR game ထဲရောက်နေသလိုမျိုးပါပဲ သက်ရှိလူသားတွေဟာ ...
8.7
TMDb: 8.7/10 51 votes
tv

Upload (2020-2023) Season 1+Season 2+Season 3

2020