Channel Myanmar

Mystery

Pieces Of Her (2022) 7.8
Pieces Of Her (2022) Pieces Of Her (2022)================IMDb Rating - 7.8/10ဒီနေ့မှ အသစ်ထွက်ရှိထားပြီး IMDB 7.8 အထိရရှိထားတဲ့ Netflix series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ (၈) ပိုင်းလုံးထွက်ရှိထားတာဖြစ်ပြီး ကျန်တဲ့ အပိုင်းတွေကို ဆက်တိုက်တင်ပေးသွားမှာပါ။ဇာတ်လမ်းပုံစံက Crime, Drama, Thriller ဖြစ်ပြီး Laura‌ နဲ့ Andrea တို့သားအမိနဲ့ စတင်ထားပါတယ်။ အမေက စစ်ပြန်တွေကို ဘာသာစကားမှတ်ဉာဏ်ပျောက်ဆုံးမှု ကုသရေးစင်တာမှာ ကူညီနေတဲ့ သူဖြစ်ပြီးသမီးက တိုင်ကြားမှုတွေကို လက်ခံရတဲ့ 911 ဌာနကပါ။ Andrea ရဲ့အသက် ၃၀ ပြည့်မွေးနေ့မှာ သားအမိ ၂ ယောက် ဆိုင်တစ်ဆိုင်မှာ မိတ်ဆွေတစ်ယောက်နဲ့စကားပြောနေတုန်း သေနတ်သမားက ဝင်ပစ်ရာကနေ ဇာတ်လမ်း စပါတယ်။ ဒါကို Laura ဟာ သေနတ်သမားနဲ့တိုက်ခိုက်ကာ လူတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သူ့လက်မှာ ဓားဒဏ်ရာရပြီး ဆေးရုံရောက်သွားပါတယ်... Laura ရဲ့သတင်းဟာ သတင်းစာမျက်နှာ ရုပ်သံတွေမှာ ပျံ့နှံသွားပြီး လူတွေက သူရဲကောင်း တစ်ယောက်လိုအားပေးဆုတောင်းပေးနေကြပါတယ်။ သို့ပေမယ့် ...
7.8
TMDb: 7.8/10 2500 votes
tv

Pieces Of Her (2022)

2022
Love Unexpected ( 2022 )
Love Unexpected ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ရိုမန်တစ်ဆန်ဆန်ဇာတ်ကားလေးဖြစ်တဲ့Love Unexpectedပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့The Imperial Coronerဇာတ်ကားထဲမင်းသား Yang Ting Dong နဲ့The Legend of Xiao Chuoဇာတ်ကားထဲမှာပါဝင်ခဲ့ဖူးတဲ့မင်းသမီးGong Wan Yiတို့ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့နာမည်ကြီးရှေ့နေတစ်ယောက်Liu Rou Chen က အာဟာရပညာရှင် Lu Fan Fan ရဲ့ လူနာပေါ့အလုပ်အတူတူတွဲလုပ်လာတာကြာတော့အချင်းချင်းနားလည်လာကြတဲ့အချိန်မှာတော့...တစ်နေ့ Lu Fan Fan ကလွန်ခဲ့တဲ့ (၁၄) နှစ်တုန်းကLiu Rou Chen ရဲ့ဘဝထဲကို ဝင်ရောက်သွားခဲ့တယ်အဲ့အချိန်မှာ Lu Fan Fan တစ်ယောက် Liu Rou Chenဖြတ်သန်းခဲ့တဲ့ဘဝကို နားလည်သဘောပေါက်လာခဲ့ရင်းတဖြည်းဖြည်းနဲ့နှလုံးသားချင်းနီးစပ်ခဲ့ပါတော့တယ်ကဲဒီတော့ Lu Fan Fan ကလွန်ခဲ့တဲ့ (၁၄)နှစ်တုန်းကLiu Rou Chen ရဲ့ဘဝအခက်အခဲတွေကိုဘယ်လိုကူညီပေးမလဲဆိုတာကိုတော့CM ကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် Love Unexpected ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~ Quality ...

Love Unexpected ( 2022 )

2022
Touch (2012) 6.6
Touch (2012)  ရုပ်ရှင်စီးရီးတွေထဲမှာ လူတိုင်းကြည့်ဖူးပြီး ကြိုက်ကြတဲ့ နာမည်ကျော်စီးရီးတွေရှိသလို စီးရီးချစ်သူတစ်ယောက်ချင်းစီမှာ သီးခြားအကြိုက်ဆုံးလေးတွေ ရှိတတ်တာပါပဲ။ ဒါကတော့ အက်မင်ရဲ့ ကိုယ်ပိုင် ဖေးဘရိတ်စီးရီးပါပဲ။ တင်ပေးချင်ပေမဲ့ မအားတာနဲ့ အကြောင်းအမျိုးမျိုးနဲ့ နောက်ဆုတ်နောက်ဆုတ်ဖြစ်နေတာပါ။ အခုတော့ အစအဆုံးတင်ပေးပါတော့မယ်။ စုစုပေါင်း စီစန် ၂ ခုပဲ ရှိပြီး တစ်ခုကို ၁၃ ပိုင်းပဲရှိပါတယ်။ Manifest လို ပဟေဠိဆန်တဲ့စီးရီးမျိုးကိုကြိုက်တဲ့သူတွေအတွက်ပါပဲ။၂၀၁၂ခုနှစ်က ပြသခဲ့တာဖြစ်ပြီး IMDb 7.4 အထိရခဲ့ပါတယ်။ကမ္ဘာမြေကြီးပေါ်မှာ တည်ရှိနေမှုတွေ ဖြစ်ပျက်နေမှုတွေက ပရမ်းပတာ ကျပန်းဖြစ်ပျက်နေတယ်လို့ ထင်ပါသလား? တကယ်လို့ စကြဝဠာကြီးရဲ့ဖွဲ့စည်းပုံ၊ ပန်းကလေးတွေရဲ့ဝတ်ဆံ၊ ခရုခွံလေးတွေရဲ့ အရစ်လေးတွေကအစ ကိန်းဂဏန်းတွေနဲ့ ဆက်စပ်ပြီးတိကျစွာဖြစ်တည်နေတယ်ဆိုရင်ရော? ဒါဆိုရင် အဲဒီ ကိန်းဂဏန်းတွေအတွက် တိကျတဲ့ ကိန်းစဉ်လေးတစ်ခုရှိပါလိမ့်မယ်။ အဲဒီကိန်းစဉ်နဲ့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ လှပတဲ့ဆက်နွယ်မှုကြီးကို မြင်နိုင်စွမ်းရှိလာတဲ့အခါ ဒီနေ့ လူဘယ်နှယောက်မွေးဖွားမယ်၊ဘယ်နှယောက်သေဆုံးမယ်၊ လူတွေ စကားဘယ်နှခွန်းပြောပြီး၊ စာဘယ်နှစောင်ပို့ကြမယ်ဆိုတာကို ကြိုတင်ဆုံးဖြတ်နိုင်လာပါလိမ့်မယ်။ အလွယ်ပြောရရင် အနာဂါတ်ကို အလှပဆုံးနည်းလမ်းနဲ့ ကြိုတင်တွက်ဆနိုင်သွားပါလိမ့်မယ်။ ဥပမာ ...
6.6
TMDb: 6.6/10 195 votes
tv

Touch (2012)

2012
Tell Me What You Saw (2020) 7.4
Tell Me What You Saw (2020) Tell me what you saw (2020)ကိုရီးယားဇာတ်လမ်းတွဲကိုမှ Thriller အမျိုးအစားကို ကြိုက်နှစ်သက်သူများအတွက် ဇာတ်လမ်းတွဲကောင်းကောင်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ဇာတ်လမ်းနာမည်အတိုင်းပါပဲ .... မြင်မြင်သမျှကို ဓာတ်ပုံရိုက်ထားသလို မှတ်မိတဲ့ Photographic Memory ကို ပိုင်ဆိုင်ထားသူ ချာဆူယောင်းက ငယ်ရွယ်စဉ်ကလေးဘဝမှာ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ ဆုံးရှုံးလိုက်ရတဲ့နေ့ကလည်း ထူးထူးခြားခြား မိုးတွေရွာတဲ့နေ့တစ်နေ့ ဖြစ်နေခဲ့ပါတယ်။တစ်နေ့တော့ သူ တာဝန်ထမ်းဆောင်နေတဲ့ရွာမှာ အလောင်းတစ်လောင်းကို လက်ဆွဲသေတ္တာနဲ့ စွန့်ပစ်ထားတာကို တွေ့ရပါတော့တယ်။ အဲဒီအထဲက ပူရှိန်းသကြားလုံးတစ်လုံး ပါလာပါတယ်။ အရင်ကလည်း ပူရှိန်းသကြားလုံးတစ်လုံးနဲ့ လူသတ်ပြီး ချန်ခဲ့တဲ့ ပူရှိန်းသကြားလုံး ကွင်းဆက်လူသတ်သမား ဆိုတာ ရှိခဲ့ပါတယ်။ အခု ဖြစ်ရပ်ကတော့ ၅ နှစ်အကြာမှာ ထပ်မံပေါ်ပေါက်လာတာပါ။ ဒေသဆိုင်ရာစုံစမ်းရေးအဖွဲ့လို အထူးအဖွဲ့တွေ ပါ ပါဝင်လာချိန်မှာတော့ ဇာတ်လမ်းက ရှုပ်ထွေးလာပါတော့တယ်။ "ပူရှိန်းသကြားလုံး" ကရော လူသတ်မှုနဲ့ ဘယ်လိုပတ်သတ်နေလဲ။ လွန်ခဲ့တဲ့ ၅ နှစ်က သေဆုံးသွားပြီလို့ ထင်ထားခဲ့တဲ့ "ပူရှိန်းသကြားလုံး ကွင်းဆက်လူသတ်သမား" က တကယ်ပဲ မသေသေးတာလား ဒါမှမဟုတ် အတုခိုးပြီး လိုက်သတ်တဲ့ လူသတ်သမားလား ဆိုတဲ့ ...
7.4
TMDb: 7.4/10 14 votes
tv

Tell Me What You Saw (2020)

2020
Tracer (2022)
Tracer (2022) Tracer (2022) ဇာတ်လမ်းတွဲအညွှန်း***************************** Season ( 1  & 2 ) စ/ဆုံး ဒီတစ်ခါ CM က တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ ကိုရီးယားနိုင်ငံ အကောက်ခွန်ဌာနကို လက်စားချေချင်နေတဲ့ မိုက်ရူးရဲဆန်တဲ့ လူတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Tracer ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးကတော့ အပတ်စဉ် သောကြာနဲ့ စနေနေ့တိုင်း ထွက်ရှိမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ...Hwang Dong Joo (In Si Wan) က နိုင်ငံအကောက်အခွန်ဌာနက အကြီးအကဲဖြစ်ပြီး အခွန်ဌာနက ဝှက်ထားတဲ့ ငွေတွေကို ခြေရာခံဖို့ ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။သူ့အဖွဲ့မှာတော့ အမြဲတမ်း တက်ကြွနေတဲ့ Seo Hye Young (Go Ah Sung)နဲ့ သူ့ရဲ့ အထက်လူကြီး Oh Young (Park Yong Woo)တို့ ပါဝင်ပါတယ်။In Tae ...

Tracer (2022)

2022
Young Wallander – Season 01 7.2
Young Wallander – Season 01 Young Wallander - Season 01=======================IMDb Rating - 7.2/10ဆွီဒင်နိုင်ငံ မဲလ်မိုမြို့မှာ အခြေတည်ထားတဲ့ ရဲဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မဲလ်မိုရဲတပ်ဖွဲ့တွင် တာဝန်ကျနေသော သင်တန်းဆင်းကာစ ရဲအရာရှိပေါက်စ ကာ့တ် ဝေါ်လန်ဒါ တစ်ယောက်၊ သူနေထိုင်ရာ ရပ်ကွက်တွင် ရက်စက်သော လူသတ်မှု တစ်ခုကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရလေသည်။ ထိုလူသတ်မှုမှ အစပြုလို့ လူမျိုးရေးခွဲခြားမှုများ၊ နိုင်ငံလုံခြုံရေးပြဿနာများနှင့် ပြောင်း‌‌ရွှေ့ခိုလှုံလာသူပြဿနာ အထိပါ မီးခိုးကြွက်လျှောက် ကြီးထွားလာပါတယ်။ ထိုလူသတ်မှုကရော ပြောင်း‌ရွှေ့လာသူများနှင့် ဘယ်လိုပတ်သတ်နေလဲ။ မတူညီတဲ့ လူမျိုးတွေကြား၊ မတူညီတဲ့အမြင်ပေါင်းများစွာနဲ့ အမှုပေါ် ရှု့မြင်ပုံတွေ၊ ထိုအမှုကို အကြောင်းပြုလို့ အမြတ်ထုတ်ရယူလိုသူတွေနဲ့ သောင်းပြောင်းထွေလာဖြစ်နေပါတော့တယ်။ ရဲအရာရှိ ပေါက်စ ဝေါ်လန်ဒါ တစ်ယောက် ထိုရှုပ်ထွေးပွေလီလှသော ပြဿနာပေါင်းသောင်း ခြောက်ထောင်များအပြင် ဘဝမှာကြုံတွေ့လာတဲ့ အချစ်ရေး၊ လူမှုရေးကိစ္စများကိုပါ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (800 MB) / ...
7.2
TMDb: 7.2/10 126 votes
tv

Young Wallander – Season 01

2020
Mirror: A Tale of Twin Cities ( 2022 )
Mirror: A Tale of Twin Cities ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတဲ့ ရှေးခေတ်ကားလေး Mirror: Twin cities ပဲဖြစ်ပါတယ်ရှေးဒဏ္ဍာရီစကားတွေအရ နတ်ဘုရားတွေကဘုံခြောက်ဘုံအလယ်မှာ အလွန်အေးချမ်းသာယာတဲ့ယွီဟွမ်ဆိုတဲ့နေရာတစ်ခုကိုဖန်တီးထားကြတယ်တဲ့အလယ်ပိုင်းဒေသမြောင်မျိုးနွယ်ကမိန်းကလေးနာရှန်းဟာရန်ပွဲတွေကြောင့်သူတို့အိုးအိမ်တွေပျက်စီးသွားတဲ့အချိန်မှာယွီဟွမ်ဒေသကိုထွက်လာခဲ့ပါတော့တယ် ရေသူမျိုးနွယ်စူးမော့နဲ့ခုန်းစန်းမျိုးနွယ်ကအိမ်ရှေ့စံမင်းသမီးပိုင်ရင်းတို့ဟာလွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကမျှော်စင်ဖြူမှာ တွေ့ဆုံခဲ့ကြပါတယ်ပိုင်ရင်းက ခုန်းစန်းမျိုးနွယ်အိမ်ရှေ့စံမင်းသားကျန်းလန်နဲ့စေ့စပ်ထားသူဖြစ်ပြီးစူးမော့ကတော့ခုန်းစန်းမျိုးနွယ်တွေဖမ်းထားတဲ့ ပိုင်ရင်းရဲ့အစေခံရေသူမျိုးနွယ်တစ်ယောက်ပါ သုံးနှစ်လောက်အတူတူနေလာပြီးတဲ့အခါမှာတော့ပိုင်ရင်းကစူးမော့ကိုချစ်မိသွားပါတော့တယ်ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးတော့ ပိုင်ရင်းဟာ22kmမြင့်တဲ့မျှော်စင်ဖြူကနေခုန်ချပြီးသတ်သေသွားခဲ့ပါတယ်သူသတိရလာချိန်မှာ ခုန်းစန်းမျိုးနွယ်ကပျက်စီးခါနီးအခြေအနေရောက်နေပါပြီနှစ်ပေါင်းတစ်ရာကြာပြီးနောက် ယွီဟွမ်ဒေသကိုကျန့်လျိုမျိုးနွယ်တွေချုပ်ကိုင်နေချိန်မှာ စူးမော့ဟာသူ့အချစ်ဟောင်းပိုင်ရင်းကိုရှာဖို့ယွီဟွမ်ဒေသကိုပြန်လာခဲ့ပါတယ်အခက်အခဲမျိုးစုံကြားမှာ စူးမော့ဟာသူ့လူမျိုးတွေကိုပြန်ခေါ်ထုတ်ဖို့နဲ့သူ့ချစ်သူပိုင်ရင်းကိုပိုင်ဆိုင်ဖို့လုပ်လာရင်းဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှူခံစားရမှာပါအဓိကသရုပ်ဆောင်တွေအနေနဲ့ Legend of Chusen ထဲကမင်းသားချော Li Yifeng က ပင်လယ်ဘုရင် Su Mo အဖြစ်Heavenly sword and Dragon slaying sabre ထဲကမင်းသမီးချောလေး Chen Yuqi (ကျောက်မိန်)ကသခင်မလေးBai Ying အဖြစ် Love of thousand years ထဲကမင်သား Zheng Yecheng က ခုံစန်းအိမ်ရှေ့စံ Zhen Lan အဖြစ်ပါဝင်ထားကြတဲ့ Mirror :Twin Citiesဆိုတဲ့စိတ်ကူးယဉ်အိမ်မက်ဆန်ဆန်ရိုက်ကူးထားတဲ့ ...

Mirror: A Tale of Twin Cities ( 2022 )

2022
Young Justice Bao 3 ( 2006 )
Young Justice Bao 3 ( 2006 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးမယ့်ဇာတ်လမ်းတွဲလေးကတော့ ငယ်ငယ်တုန်းကအချိန်တွေကိုပြန်ပြီးတမ်းတမိသွားစေနိုင်မယ့် လူငယ်ပေါင်ချိန် အတွဲ ၃ပဲ ဖြစ်ပါတယ်ဒီကားလေးထဲမှာဆိုရင် ပေါင်ချိန်အဖြစ် နာမည်ကြီးသရုပ်ဆောင် Deng Chaoကုန်းစွန်းချဲ့ အဖြစ် Zhao Yangကျန်ကျောင်းအဖြစ် နာမည်ကြီးသရုပ်ဆောင် Chen Xiaolong တို့ ကအဓိကပါဝင်သရုပ်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် တစုန့်ပြည်ရဲ့ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ် ပေါင်ချိန်ဆီကို ထူးဆန်းတဲ့စာတစ်စောင်ရောက်ရှိလာခဲ့ပြီးနောက်မှာ ပေါင်ချိန်ဟာ အိမ်တော်ကနေထွက်သွားခဲ့ပြီးနှစ်နှစ်နီးပါးလောက်ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်သူ့ရဲ့ ညီအစ်ကိုကောင်းတွေ ဖြစ်ကြတဲ့ ယဉ်ကျေးမှုရေးရာအမတ်ကုန်းစွန်းချဲ့နဲ့ သူရဲကောင်းလေး ကျန်ကျောင်းတို့ဟာ နေရာအနှံ့မှာပေါင်ချိန်ကို လိုက်ရှာရင်းနဲ့ နှစ်ယောက်သား အမှုတွေကိုဖြေရှင်းရင်းပေါင်ချိန်ရှိရာ စုန့်ပြည်နဲ့ လျောင်ပြည်နယ်ကြားကမြို့လေးဆီကိုရောက်ရှိလာခဲ့ပြီးအတိတ်မေ့နေတဲ့ ပေါင်ချိန်ကို ရှာတွေ့သွားခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲ ပေါင်ချိန်ဟာ အတိတ်ကိုပြန်သတိရခဲ့ပြီးကုန်းစွန်းချဲ့ ကျန်ကျောင်း အပြင် အတိတ်မေ့စဉ်တုန်းက သိကျွမ်းခဲ့တဲ့ရှောင်မန်တို့နဲ့အတူ မြို့တော်ကို ပြန်လာခဲ့ပါတယ် အဲ့နောက်မှာတော့မင်းကြီးရဲ့အမိန့်အရ ဆန်းကြယ်လှတဲ့ ထျန်းမန်ကို မိတ်ဆွေတွေနဲ့အတူလိုက်လံရှာ‌ဖွေရင်း အမှုတွေကို ဖော်ထုတ်ရင်း မိမိအတိတ်မေ့ခဲ့ရတဲ့အကြောင်းအရင်းကိုပါ ရှာဖွေခဲ့ပါတော့တယ် အမှန်တရားတို့မည်သည်ပျောက်ကွယ်ရိုး ထုံးစံမရှိသည့်အလျောက် ပေါင်ချိန် ကုန်းစွန်းချဲ့ နဲ့ကျန်ကျောင်းတို့ဟာ ...

Young Justice Bao 3 ( 2006 )

2006
Artificial City (2021)
Artificial City (2021) Artificial City(2021)ဒီလောကကြီးဟာ ငွေမရှိရင် ရှင်သန်လို့မရတဲ့နေရာ...ငွေမရှိရင် ခိုင်မာတဲ့အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်လို့မရတဲ့ နေရာ….ဒီလိုလောကကြီးထဲမှာ ရှင်သန်နေတဲ့ ယွန်းဂျယ်ဟီးဆိုတဲ့အမျိုးသမီးဟာနှစ်ရှည်လများချစ်ကြိုက်ခဲ့တဲ့ ချစ်သူကိုစွန့်ခွာပြီးဆုန်းဂျင်းမိသားစုက ဂျန်ဂျွန်ဟျော့နဲ့လက်ထပ်ခဲ့တယ်သိပ်ကိုချမ်းသာလွန်းတဲ့ မိသားစုထဲဝင်ရတာ ယွန်းဂျယ်ဟီးအတွက် ဘယ်လောက်ခက်ခဲခဲ့မယ်ထင်လဲအဲ့ဒီထဲကမှ ဂျန်ဂျွန်ဟျော့ဆိုတာ ဆုန်းဂျင်းမိသားစုရဲ့
တရားဝင်သားမဟုတ်နေတဲ့အခါ....ငွေဆိုတာ လူကိုပိုပိုပြီးလောဘတက်စေတဲ့အရာခင်ပွန်းဖြစ်သူက တရားမဝင်တဲ့သားဖြစ်နေတာကြောင့်ဆုန်းဂျင်းကိုဆက်ခံနိုင်သူဖြစ်ဖို့ အခွင့်အလမ်းနည်းမှန်း ယွန်းဂျယ်ဟီးက မသိဘဲမနေပါဘူးအာဏာဆိုတာလည်း လောကကို ထိန်းချုပ်နိုင်တဲ့နည်းတစ်မျိုးပဲမဟုတ်လားယွန်းဂျယ်ဟီးဟာ ခင်ပွန်းဖြစ်သူကို ဆက်ခံပိုင်ခွင့်ရအောင်နိုင်ငံရေးနယ်ပယ်ဘက်ကနေ လွှမ်းမိုးဖို့ကြိုးစားရင်း....အတောမသတ်နိုင်တဲ့ လောဘတွေဟာလူတွေကို ဘယ်လောက်အနေအထားအထိ အဆိုးဆုံးရောက်အောင် ဆွဲချနိုင်ပါသလဲ???အပတ်စဉ် ဗုဒ္ဓဟူးနဲ့ကြာသပတေးနေ့တိုင်း Channel Myanmar မှာတင်ဆက်ပေးသွားမှာမလို့စောင့်မျှော်ကြည့်ရှုပေးကြပါဦး File Size –700MB @EpisodeQuality – 720pDuration – minute (@Episode)Total Episodes: 20 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama MysteryTranslator – CM TeamEncoder – YK  VIP Member - Click Here ...

Artificial City (2021)

2021
The Player (2021)
The Player (2021) THE PLAYER(2021) / စ / ဆုံးဇာတ်လမ်းတွဲအညွှန်း ******************************** အောင်မြင်ကြွယ်ဝမှုတွေ ၊ ခမ်းနားတောက်ပမှုတွေနဲ့ ကျော့မော့နေတဲ့ လူချမ်းသာတွေရဲ့ဘဝ...သူတိုအောင်မြင်မှုတွေရဲ့နောက်ကွယ်က လူအများအားကျရသအောင်မြင်ကြွယ်ဝမှုတွေ ၊ ခမ်းနားတောက်ပမှုတွေနဲ့ ကျော့မော့နေတဲ့ လူချမ်းသာတွေရဲ့ဘဝ...သူတိုအောင်မြင်မှုတွေရဲ့နောက်ကွယ်က လူအများအားကျရသလို အကောင်းတွေနဲ့ပဲ ပြည့်နေရဲ့လား...ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘဝဇာတ်ခုံကြီးမှာ လူတကာနဲ့ ပုခုံးချင်းယှဉ်၊ ရင်ဘောင်တန်းနိုင်ဖိုအတွက် ကျရာဇာတ်ရုပ်ကနေ အတတ်နိုင်ဆုံးကနေရတဲ့ သူတို....ကိုယ့်လက်ရှိနဲ့ အလှမ်းဝေးလွန်းလှတဲ့ဘဝကို ရယူချင်လာတဲ့ လောဘတွေကိုပိုက်ထားတဲ့ လူတစ်သိုက်...ဘယ်လိုကောက်ကျစ်စဉ်းလဲတဲ့ အကြံတွေကိုထုတ်သုံးကြမလဲ... ယုံကြည်ရတဲ့သူငယ်ချင်းနောက်ကျောကို ဓားနဲ့ထိုးဖိုလည်း ဝန်မလေးတဲ့သူတွေ... တစ်ယောက်ဘဝကိုဆွဲချနိုင်ဖိုအတွက် ကိုယ့်ဘဝကိုပါ စတေးမဲ့သူတွေ... အပြန်ပြန်အလှန်လှန် သစ္စာဖောက်မှုတွေနဲ့...တားဆီးမရတဲ့ လူသတ်မှုတွေဖြစ်ပေါ်လာတဲ့အခါတရားခံက ဘယ်သူလဲ...ကိုယ့်ဘေးနားကလူကရော ယုံကြည်ရသူဟုတ်ရဲ့လား လောဘနဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်ရရဲ့လားဆိုတဲ့လူ့သဘောသဘာဝရဲ့ အယုတ်ကန်းနိုင်ဆုံး အမူအကျင့်တွေကို ပေါ်ပေါ်ထင်ထင် တွေ့မြင်ရမဲ့ Genre စုံ ထိုင်းကားကောင်းလေးဖြစ်တဲ့ The Player ကို CM မှာ အပတ်စဉ် Mon, Tue တိုင်း စောင့်မျှော်ကြည့်ရှုလိုရပါပြီ...P.S - 18+ အခန်းတွေလည်းပါပြီး ...

The Player (2021)

2021
The Great Indian Murder (2022) Complete 7.5
The Great Indian Murder (2022) Complete The Great Indian Murderer (2022)ဒီတစ်ခါမှာတော့ cm ပရိသတ်ကြီးအတွက် Feb 4 ရက်နေ့မှာထွက်ရှိခဲ့တဲ့ ဟင်ဒီလူသတ်စီးရီးကောင်းလေးနဲ့ မိတ်ဆက်ပါရစေ။ဒီစီးရီးလေးကတော့ Vikas Swarup ရေးသားခဲ့တဲ့ “SIX SUSPECTS” ဆိုတဲ့စာအုပ်ကို အခြေခံထားတာဖြစ်ပြီး Crime, Politics, Thriller အမျိုးအစားဖြစ်လို့ရင်တဒိတ်ဒိတ်နဲ့ ကြည့်ရမှာပါ။အိန္ဒိယနိုင်ငံ အထက်တန်းလွှာရဲ့ အခြေအနေတွေ၊ အိန္ဒိယထုံးစံ ကြမ်းတမ်းတဲ့parenting တွေနဲ့ အစပျိုးထားတဲ့ ဒီစီးရီးလေးမှာတော့ နိုင်ငံရေးသမားတွေအာဏာလု လောဘတက်ကြတာတွေ ၊ကိုယ်နဲ့အမြင်မတူတိုင်း ရန်သူလို့သတ်မှတ်ပြီးတော့ အခွင့်အာဏာပိုကြီးတဲ့သူတွေကလက်အောက်ငယ်သားတွေကို ခြိမ်းခြောက်ခိုင်းစေတာတွေ၊အာဏာနဲ့ငွေအတွက် မိဘနဲ့သားသမီး ကိုယ့်သွေးသားချင်းတောင် ပြန်သတ်ဖို့ကြိုးစားတာတွေပါ ရိုက်ကူးထားတော့ တော်တော်ကြမ်းတဲ့ စီးရီးလို့ပြောရမှာပါ။ဇာတ်လမ်းအစမှာတော့ နိုင်ငံရေးသမားတစ်ယောက်ရဲ့သားဖြစ်သူ စက်မှုလုပ်ငန်းရှင်တစ်ယောက်ကဒေလီမှာ ပါတီကျင်းပရင်းနဲ့ပဲ သူ့ပါတီမှာပဲ အသတ်ခံလိုက်ရပါတယ်။ ဖခင်က နိုင်ငံရေးသမားဖြစ်တဲ့အပြင်ကိုယ်တိုင်ကစက်မှုလုပ်ငန်းရှင်ဆိုတော့ ပါတီတက်ရောက်သူတွေက အမျိုးမျိုး အစုံစုံပါပဲ။သေနတ်ပစ်ခံရချင်းပဲ ပါတီတက်ရောက်သူတွေကို စစ်ဆေးပြီးတော့နဲ့ သံသယရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီသံသယရှိသူတွေက တကယ်ပဲ တရားခံဟုတ်ရဲ့လား၊ ...
7.5
TMDb: 7.5/10 2 votes
tv

The Great Indian Murder (2022) Complete

2022
Dream Garden (2021)
Dream Garden (2021) ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ World of Honour ထဲကမင်းသားလေး Gong Jun နဲ့Ode to joy ထဲက မင်းသမီးလေး Qiao Xin တို့က ပါဝင်သရုပ်ဆောင်ထားတဲ့series အသစ်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်အနေအေးပြီး စိတ်ပညာနဲ့ပတ်သတ်ရင် ကျွမ်းကျင်တဲ့ စိတ်ရောဂါကုဆရာဝန်လေး Lin Shen နဲ့ချစ်မှုရေးရာနဲ့ပတ်သတ်ရင် လက်တွေ့မကြုံဖူးပေမယ့် သူ့ကိုယ်သူ ကျွမ်းကျင်အဆင့်လို့ခံယူထားတဲ့ blogger မလေး xiao xiao တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အတွက်ငြင်းခုံဖူးကြသူနှစ်ဦးပါ။ ဒီလိုနဲ့ စိတ်ပညာနဲ့ပတ်သတ်ပြီး လေ့လာချင်တဲ့xiao xiao တစ်ယောက် စိတ်ရောဂါကုဆရာဝန်တစ်ဦးဆီမှာ လက်ထောက်အဖြစ်လျှောက်ရာကနေ သွေးအေးတဲ့ Lin Shenရဲ့လက်အောက်မှာ လက်ထောက်အဖြစ်အလုပ်လုပ်ခွင့်ရပြီးတဲ့နောက် ကံကြမ္မာက သူတို့နှစ်ဦးကို နီးစပ်စေဖို့ဘယ်လို​အပြောင်းအလဲတွေ ဖန်တီးပေးဦးမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာရင်ခုန်စိတ်လှုပ်ရှားရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ်။အချောလေးနှစ်ယောက်ရဲ့ လိုက်ဖတ်မှုအပေါင်းကိုလည်း လှလှပပကြီးခံစားရမယ့်အပြင်Lin Shen တစ်ယောက် အိပ်မွေ့ချကုထုံးတွေနဲ့ လူနာတွေရဲ့ စိတ်ဒဏ်ရာတွေကိုဘယ်လိုဖြေရှင်းပေးမလဲ Xiao Xiao ကရော ...

Dream Garden (2021)

2021
Asur: Welcome to Your Dark Side (2020) 8.5
Asur: Welcome to Your Dark Side (2020) Asir : Welcome to your dark side (2020)IMDb - 8.5/10Asur ဆိုတဲ့ အိန္ဒိယ ဘောလိ၀ုဒ် crime thriller စီးရီးဇာတ်ကားလေး ကိုတင်ဆက်ပေးလိုက်ပါတယ်ဒီစီးရီးလေးမှာဆိုရင် Asur ဆိုတဲ့ မကောင်းဆိုးဝါးလို့အဓိပ္ပာယ်ရတဲ့ သူတစ်ယောက် ဇာတ်လမ်းအစမှာတော့ ဇာတ်အိမ်လေးတွေပြန့်ကျဲနေတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ ဇာတ်အိမ်ကို စုစည်းခိုင်မာစွာတင်ဆက်ထားတာကိုမြင်ရမှာပါခေတ်သစ်သိပ္ပံပညာ မှုခင်းဆေးပညာနဲ့ ဘာသာရေးအယူအဆတွေ စိတ္တဇကွင်းဆက်လူသတ်သမားကဘယ်သူဖြစ်နိုင်လဲ လူသတ်သမားကိုဖော်ထုတ်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားကြမလဲ မှုခင်းသိပ္ပံပညာရှင်ဖြစ်တဲ့ ဆရာတပည့်နှစ်ယောက်ကရောသဲလွန်စကိုရှာတွေ့နိုင်ပ့ါမလား ဆိုတာ ကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ စီးရီးလေးဖြစ်တာကြောင့်လက်မလွှတ်ဘဲ စောင့်ကြည့်သင့်တဲ့ စီးရီးလေးဖြစ်ကြောင်းအကြံပေးလိုက်ချင်ပါတယ်အညွှန်းကိုတော့ Poe က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Poe, Loon Swal Eain, JimX, MTA, Roman NoX, Lwin Htoo Aung တို့ပဲ ဖြစ်ကြပါတယ်။Genre.....Crime, Mystery Quality….WEB-DL 1080p File size…500MB Format…mp4 Duration….40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Poe, Loon Swal Eain, ...
8.5
TMDb: 8.5/10 2 votes
tv

Asur: Welcome to Your Dark Side (2020)

2020
The Woman in the House Across the Street from the Girl in the Window (2022) 7.5
The Woman in the House Across the Street from the Girl in the Window (2022) The Woman in the Window ပြတင်းပေါက်ဘေးကမိန်းကလေး ဆိုတဲ့ ရုပ်ရှင်နဲ့စာအုပ်ကို ကြားဖူး ကြည့်ဖူးကြမှာပါ။ ဒီစီးရီးရဲ့ နာမည်ကတော့တွေ့တဲ့အတိုင်းပါပဲ။ the woman in the house across the street from the girl in the window ပြတင်းပေါက်ဘေးကမိန်းကလေးရဲ့အိမ်ရှေ့ အိမ်ထဲက မိန်းကလေးပါတဲ့။ Dark Comedy Mystery အမျိုးအစားမို့ ရယ်ရမလို ငိုရမလို ပဟေဠိတွေနဲ့ စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်။ အဓိက ဇာတ်ကောင်ကတော့ အန်နာပါ။ သူ့သမီးလေးသေသွားတာ ၃ နှစ်ရှိပြီဖြစ်ပြီး ယောကျာ်းနဲ့လည်းကွဲနေတာမို့ တစ်ယောက်တည်း ရှက်ကီတွေထုရင်း ကြောင်နေပြီး စိတ်ရောဂါဆေးတွေကိုပါ အရက်နဲ့ရောချနေတော့ အတော်ကွဲနေတာပါ။ မူရင်းဇာတ်ကားထဲကအတိုင်းပဲ တစ်နေ့မှာတော့ သူ့အိမ်နီးချင်းအိမ်ထဲမှာ မိန်းကလေးတစ်ယောက်အသတ်ခံရတာကို တွေ့လိုက်ရတဲ့အခါ ထူးဆန်းတာတွေ တလွဲတွေ လှည့်ကွက်တွေ အများကြီးနဲ့ ...
7.5
TMDb: 7.5/10 11 votes
tv

The Woman in the House Across the Street from the Girl in the Window (2022)

2022
Chosen (2022) 5.0
Chosen (2022) Chosen (2022)===========ဒါက​တော့ ဒီ​​နေ့ထွက် Drama, Sci-fic, Mystery series အသစ်ဖြစ်ပြီးEpisode 6ပိုင်းပါဝင်တဲ့ ဒိန်းမတ်seriesတစ်ခုပဲဖြစ်ပါတယ်၊ Middleboဆိုတဲ့မြို့​လေးဟာ အရင်က အင်မတန်စည်ကားတဲ့ သင်္ဘောကျင်းမြို့ဖြစ်​ပေမဲ့ သင်္ဘောကျင်းပိတ်သွားပြီး​နောက် အင်မတန်​ခေါင်တဲ့ မြို့​လေးဖြစ်သွားပါတယ်။ဒါ​​ပေမဲ့ လွန်ခဲ့တဲ့၁၇နှစ်က မြို့​ပေါ်ကို ဥက္ကာခဲတစ်ခုပြုတ်ကျပြီး မြို့ရဲ့ကံကြမ္မာကလည်း ​နေ့ချင်းညချင်း​ကြီး ပြောင်းလဲသွားပြီး ခရီးသွားမြို့ကြီးအဖြစ် အသွင်​ပြောင်းသွားပါတယ်။ဒါ​ပေမဲ့ဒီဥက္ကာခဲဟာ ​​သွေးရိုးသားရိုးမဟုတ်ဘဲ ကမ္ဘာ​မြေပြင်ပ သက်ရှိမျိုးစိတ်နဲ့ ဂြိုလ်သား​တွေနဲ့ ပတ်သတ်​နေပြီး မျိုးစုံ​သော သဘာဝလွန်ဖြစ်တည်မှု​တွေနဲ့ သက်ရှိ​တွေ Middlebo မြို့​​မှာ ဖြစ်လာတဲ့အခါ ဇာတ်လိုက် Emmaနဲ့ သူငယ်ချင်း ၅​ယောက် တို့ မိမိဇာတိမြို့ကို ဂြိုလ်သား​တွေရန်မှ ကာကွယ်ဖို့ အ​ကြောင်း ဖန်လာပါ​တော့တယ်။(ဒီဇာတ်လမ်းဟာ စုစုပေါင်း(၆)ပိုင်းတစ်ပြိုင်တည်းထွက်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (330 MB) Quality – WEBRIP 720p Duration - 40 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Sci-Fi, Mystery Translator ...
5.0
TMDb: 5.0/10 1200 votes
tv

Chosen (2022)

2022
Let’s Fight Ghost ( 2021 ) 9
Let’s Fight Ghost ( 2021 ) Let's Fight Ghost 2021 (Thai Version) Kdrama နဲ့ရင်းနှီးပြီးသားပရိသတ်များအတွက် သဘောတွေ့စေမဲ့ဇာတ်လမ်းတွဲတစ်ပုဒ်ကို တင်ဆက်ပေးပါရစေဒါကတော့ အခြားမဟုတ်ပါဘူး Let's Fight Ghost drama ကိုမှThai Version နဲ့ ပြန်လည်ရိုက်ကူးထားပြီး တစ်မူဆန်းသစ်တဲ့အရသာတစ်မျိုးကို ခံစားရစေလို့ငှာ အဆိုပါ ဇာတ်လမ်းတွဲကိုတင်ဆက်ပေးလိုက်ပါတယ် Thai version လေးမှာတော့Love By Chance ဇာတ်လမ်းတွဲမှ Pete ဇာတ်ကောင်နဲ့နာမည်ကြီးလာတဲ့ မင်းသားချော Saint က အဓိကဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ထားတာမို့လို့ အားလုံးသဘောကျကြမယ်လို့ မျှော်လင့်ပါတယ် ဇာတ်လမ်းလေးကတော့သရဲကို မြင်တွေ့နိုင် ထိနိုင်တဲ့ အော့ပ်ဆိုတဲ့ကောင်လေးဟာအချိန်ပိုင်းအလုပ်အနေနဲ့ အပနှင်တာကိုလုပ်ကိုင်ဖို့အတွက်အွန်လိုင်းမှာ အပနှင်ကြောင်းတင်ရင်းနဲ့ ပိုက်ဆံရှာကာကောလိပ်တက်နေသူတစ်ယောက်ပါ ဒီလိုအပနှင်ဆရာလေးအော့ပ်နဲ့ လွန်ခဲ့တဲ့၅နှစ်က ဆုံးသွားတဲ့အထက်တန်းကျောင်းသူလေးဂျင်းတို့ တွေ့ဆုံမိကြတဲ့အခါ..... ဂျင်းရဲ့အစွမ်းနဲ့ အော့ပ်တို့ပူးပေါင်းပြီးပိုက်ဆံအတူ ရှာကြရင်း တချိန်တည်းမှာပဲ နှစ်ယောက်သားကြားကရင်ခုန်သံတွေနီးစပ်လာတဲ့အခါမှာတော့.... လူသားနဲ့ဝိညာဥ်ကြားသူတို့နှစ်ယောက် ပေါင်းစပ်နိုင်ပါ့မလား ဘယ်လိုသရဲတွေကိုသူတို့အပနှင်မှာလဲ အပနှင်ခြင်းနောက်ကွယ်မှာကောဘယ်လိုကိစ္စတွေရှိနေမလဲ ဆိုတာကို အားပေးကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အပိုင်း၁၆ပိုင်းထွက်ရှိထားတာဖြစ်ပြီး ...
9
TMDb: 9/10 1 votes
tv

Let’s Fight Ghost ( 2021 )

Girl From Nowhere (Season 1 and Season 2) 10
Girl From Nowhere (Season 1 and Season 2) Girl from Nowhere Season 1Netflixရဲ့ပူပူနွေးနွေးထိုင်းစီးရီးလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေIMDB rating 7.9/10ရထားပါတယ်Thrillerအမျိုးအစားဖြစ်ပြီးကြည့်နေရင်းခုံပေါ်ကပြုတ်ကျတဲ့အထိထိတ်လန့်စရာအနည်းငယ်ပါလို့ ကြိုသတိပေးထားချင်ပါတယ်ကျွန်တော်တို့သိတဲ့အထက်တန်းကျောင်းဆိုတာလူကြီးတွေအမြင်မှာအပြစ်ကင်းစင်ပြီးပညာရှာဖို့လောက်ပဲသုံးတဲ့နေရာလို့ထင်ကြပါလိမ့်မယ်တကယ်တော့အဲ့ထက်ပိုပြီးရှုပ်ထွေးတယ်ဆိုတာအားလုံးသိပြီးသားပါရည်းစားကိစ္စတွေရှိမယ်မနာလိုတာတွေရှိမယ်နှာဘူးကျတဲ့ကျောင်းဆရာတွေရှိမယ်ဇီဇာကြောင်ပြီးတအားစိတ်ဖိစီးနေတဲ့တစ်ကိုယ်တည်းဆရာမတွေ၊single momတွေရှိမယ်လိင်ကိစ္စစူးစမ်းချင်နေတဲ့ဆယ်ကျော်သက်တွေရှိမယ်အသိုင်းအဝိုင်းဆင်းရဲတာကိုဖုံးကွယ်ပြီးချမ်းသာချင်ယောင်ဆောင်နေမယ်လူတစ်ချို့ရှိမယ်လာဘ်စားတဲ့လူတန်းစားတွေရှိမယ်geniusတွေစုနေတဲ့နေရာမှာကိုယ်ကပုံမှန်ဖြစ်နေလို့အားငယ်နေတဲ့လူတွေရှိမယ်အလှအပအရမ်းပြိုင်တဲ့ဟာတွေဘလာဘလာပေါ့ဗျာဒါပေမဲ့ကိုယ်ကအဲ့လိုဟာတွေကိုနားလည်နေခဲ့ရင်ရော...?ကျွန်တော်တော့အကုန်လုံးကိုအမြင်ကပ်ပါတယ်:)ဒါပေမယ့်Nannoဆိုတဲ့ကျောင်းသူသစ်လေးကအမြင်ကပ်တာထက်ပိုတာတွေကိုလုပ်ခဲ့ပါတယ်ဆက်ပြောရင်ဇာတ်လမ်းအရသာပျက်သွားမှာစိုးလို့အကျဉ်းချုပ်ပါရစေNannoဟာအထက်တန်းကျောင်းသူဖြစ်ပြီးကျောင်းအထာနပ်နေတဲ့ကောင်မလေးဖြစ်ပြီးစီးရီးကအရမ်းrealisticဖြစ်လွန်းတဲ့အပြင်အရမ်းအရမ်းကြည့်လို့တန်မယ့်စီးရီးမို့အပိုင်း၁ကိုပဲဖြစ်ဖြစ်အစမ်းကြည့် ကြည့်စေချင်ပါတယ်Translated by Shwe Yee Oo,Linn Kyaw Swar AungEncoded by sithu   For VIP Member  - Click here !Episode 1 - Yoteshin / Userdrive / Megaup / DropgalaxyEpisode 2 - Yoteshin / Userdrive / Megaup / DropgalaxyEpisode 3 - Yoteshin / Userdrive / Megaup / DropgalaxyEpisode 4 - Yoteshin / Userdrive / Megaup / DropgalaxyEpisode ...
10
TMDb: 10/10 1 votes
tv

Girl From Nowhere (Season 1 and Season 2)

2018
Yeh Kaali Kaali Ankhein (2022) 7.3
Yeh Kaali Kaali Ankhein (2022) These Black Black Eyes (2022)"ပိုက်ဆံ ၊ အာဏာ နဲ့ မိန်းမ ဒီသုံးခုက ယောက်ျားတစ်ယောက်ကို ဖျက်ဆီးပစ်နိုင်တယ်တဲ့။ငါ့ဘဝမှာ ပိုက်ဆံကို လောဘမတက်ခဲ့ဘူးအာဏာကို ရယူဖို့လည်း မကြိုးစားခဲ့ဒီတော့ နောက်ဆုံးကျန်တာက '' ပူဝါသေမင်းခံတွင်းဝက ဗီဂရန့်ရဲ့နောက်ဆုံးအတွေးတွေပေါ့။ဒီနေ့ IMDb မှာ rating 7.7 ထိရထားတဲ့ Netflix ရဲ့အိန္ဒိယဇာတ်လမ်းတွဲကောင်းတစ်ခုကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။မြင်မြင်ချင်းချစ်ရတဲ့ ယောက်ျားတစ်ယောက်ကို ၁၅ နှစ်၈ လ ၇ ရက်စောင့်ပြီး ပြန်တွေ့တော့ လက်ထပ်ချင်ခဲ့တဲ့ ပူဝါတစ်ယောက်။ရှီဂါဆိုတဲ့ မိန်းကလေးကိုပဲ မြတ်နိုးပြီး ရင်ထဲ သိမ်းထားတဲ့ ဗီဂရန့်။ဒီ ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်က ပုံမှန်အချစ်ဇာတ်လမ်းတွေလိုတော့ မရိုးရှင်းလှပါဘူး။ပူဝါဆိုတဲ့ မိန်းကလေးက သူ့ဘဝမှာမွေးကတည်းက လိုချင်တာမှန်သမျှရခဲ့တဲ့သူပါ။ဒါတွေအားလုံးက သူ့အဖေ အကီရာဂျ်ဆိုတဲ့ နိုင်ငံရေးသမားကြောင့်ပေါ့ဗျာ။အာဏာတည်မြဲဖို့ အင်အားကြီးဖို့ လူသတ်ဖို့ဝန်မလေးတဲ့အထက်တန်းအသိုင်းအဝန်းက လူတစ်ယောက်။ သူ့သမီးသာလိုချင်ရင်ကောင်းကင်က ကြယ်ကိုတောင်ခူးပေးမယ့် ...
7.3
TMDb: 7.3/10 4 votes
tv

Yeh Kaali Kaali Ankhein (2022)

2022
Show Window: Queen’s House
Show Window: Queen’s House Show Window : The Queen's House (2021)ဟန်ဆောဂျူ နဲ့ ဟန်ဂျောင်းဝန် တို့ မောင်နှမနှစ်ယောက်ဟာချမ်းသာတဲ့မိသားစုတစ်ခုမှာ မွေးဖွားလာခဲ့ပြီး ငယ်စဉ်ကတည်းက လိုလေသေးမရှိပြီးပြည့်စုံစွာ နေထိုင်ခဲ့ရပါတယ်။အရွယ်ရောက်လာတဲ့အခါကျတော့လည်း ဟန်ဆောဂျူဟာ အိမ်ထောင်ရှင်မတိုင်းအားကျရတဲ့မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ကိုယ့်အပေါ်သစ္စာရှိတဲ့ခင်ပွန်းအပြင် ချစ်စဖွယ်သားသမီးလေးတွေကိုပါ ပိုင်ဆိုင်ထားရတဲ့ ဟန်ဆောဂျူရဲ့ ဘဝနန်းတော်ကြီးဟာ တစ်နေ့မှာတော့ပြိုလဲဖို့အတွက် အကြောင်းဖန်လာခဲ့တယ်။ ဟန်ဆောဂျူနဲ့ အိမ်ထောင်မကျမီကအလွန်ဆင်းရဲနွမ်းပါးခဲ့တဲ့ ရှင်းမြောင်ဆော့ဟာ အခုအချိန်မှာတော့ အောင်မြင်တဲ့မိသားစုဘဝနဲ့‌Lahen လုပ်ငန်းစုကြီးမှာ ရာထူးကြီးနေရာကို ရရှိထားခဲ့ပါပြီ။ သစ္စာရှိခင်ပွန်းတစ်ယောက်အဖြစ်နာမည်ကြီးနေတဲ့ ရှင်းမြောင်ဆော့ဟာ ယွန်းမီရာနဲ့တွေ့ဆုံပြီးနောက်မှာ ခံစားချက်တွေကို သိက္ခာနဲ့မဖုံးဖိနိုင်တော့ဘဲ လူ့အသိုင်းအဝိုင်းမှာ တားမြစ်ထားတဲ့ မချိုးဖောက်သင့်တဲ့စည်းကို ချိုးဖောက်မိသွားပါတယ်။အိမ်ထောင်ရေးဇာတ်ဖြစ်တဲ့အတွက် Heavy Drama ကြိုက်သူများအတွက်တော့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရှေ့မှာလည်းThe World Of The Married, Love (ft. Marriage and Divorce) စတဲ့အိမ်ထောင်ရေးဇာတ်လမ်းကောင်းတွေကို ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးပြခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံရဲ့အဆင့်အတန်းမြင့်လာတဲ့ ဒရမ်မာစံနှုန်းကို ...

Show Window: Queen’s House

2021
Archive 81 (2022) (1-8 END) 7.2
Archive 81 (2022) (1-8 END)  Sci- ficဆိုတာမျိုးကို သ​ဘောကျ၊ Mysteryဆိုရင် မ​​နော​ခွေ့ Horror​ ပါမှ ကြည့်ရတာမြိန်တဲ့ CM ပရိတ်သတ်​တွေအတွက် ဒီ​နေ့ထွက်Netflix seriesအသစ်ကို တင်ဆက်​​ပေးလိုက်ပါတယ် Series နာမည်က​တော့ Archive 81 ဖြစ်ပြီး IMDb rating 7.4 ရရှိထားပါတယ်ဒန်တာနာက တိပ်​ခွေပြုပြင်ကျွမ်းကျင်ပညာရှင် တစ်​ယောက်ဖြစ်ပြီး နယူး​ယောက်ပြတိုက်မှာ အလုပ်လုပ်တဲ့သူပါ၊ တစ်​နေ့မှာ သူ့ဆီကို LMGလုပ်ငန်းစုဆိုတဲ့ ကုမ္ပဏီက တိပ်​ခွေတစ်​ခွေ လာအပ်ပါတယ်၊ တိပ်​ခွေကို ပြင်ဆင်ပြီး ဖွင့်ကြည့်လိုက်တဲ့​နောက်မှာ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဗစ်ဆာApartment မီး​မ​​​လောင်ခင်အချိန်က ရိုက်ကူး ထားတဲ့ မှတ်တမ်းဗီဒီယိုဖြစ်​နေခဲ့ပါတယ်မီးဒဏ်​ကြောင့် လုံးဝမရနိုင်​တော့ဘူးထင်တဲ့ တိပ်​ခွေကိုပြန်ပြင်နိုင်တဲ့ တာနာရဲ့အစွမ်း​ကြောင့် ဗစ်ဆာကိုLMGကုမ္ပဏီက​နေ မက်လုံး​ပေးပြီး ဗစ်ဆာတိုက်ခန်းမီး​လောင်မှုရဲ့ ​နောက်ဆက်တွဲတိပ်​ခွေ​တွေကို LMG ရဲ့ သီးသန့်​မြေကွက်တစ်ခုတည်းမှာ တစ်​ယောက်တည်း သွားပြင်ခိုင်း ခဲ့ပါတယ်တိပ်​ခွေ​တွေကို ပြင်ဆင်ရင်းနဲ့ ဗစ်ဆာတိုက်ခန်းကြီးရဲ့ မီး​​​​လောင်မှုက ​သွေးရိုးသားရိုး​မဟုတ်ဘဲ ​များစွာ​လေးနက်ပြီး ကြောက်မက်ဖွယ်၊ ပ​ဟေဠိဆန်ဆန် လျှို့ဝှက်ချက်​ပေါင်းများစွာ ရှိ​နေသလို တာနာရဲ့ မိသားစု​နောက်​ကြောင်းနဲ့ပါ ပတ်သတ်​နေတဲ့အခါဗစ်ဆာတိုက်ခန်းကြီးရဲ့ မီး​​​လောင်မှု​နောက်ကွယ်မှာ ရှိ​နေတာ လူလား နာနာဘာဝလား၊ ဘယ်​လောက်ထိ ဆိုးရွားတဲ့အဖြစ်အပျက်​တွေ အဲဒီ တိုက်ခန်းမှာ ဖြစ်ခဲ့တာလဲ၊ နှစ်​ပေါင်းများစွာကြာပြီဖြစ်တဲ့ ...
7.2
TMDb: 7.2/10 11 votes
tv

Archive 81 (2022) (1-8 END)

2022