Channel Myanmar

Mystery

Love’s Rebellion (2024)
Love’s Rebellion (2024) တရုတ်နတ်ကား‌တွေမှ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် love's Rebellion ဆိုတဲ့ရှန်းရှဇာတ်လမ်းကောင်းလေးတစ်ကားထွက်ရှိလိုလာပါပြီနော် ။ ဇာတ်ကားလေးကတော့ နာမည်ကြီးစာရေးဆရာမတစ်ဦးဖြစ်တဲ့Yidai Xue ရဲ့ " I have three dragon childhood sweethearts " ဆိုတဲ့ဝတ္ထုလေးကနေ ကောက်နုတ်တင်ဆက်ထားတာပြီး မင်းသမီး ကျန်းထင် ၊ ဟိုတလောလေးကမှပြီးသွားတဲ့ Royal Princess ကားရဲ့ မင်းသားကျန်းလင်ဟယ့်တိုပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့‌အမေဖြစ်သူကိုကယ်တင်ဖိုအတွက် မသေမျိုးကမ္ဘာမှာ ခရီးထွက်ဖိုအကြောင်းဖန်လာတဲ့ သမားတော်မလေး နန်ယန်ကနေ ဒီဇာတ်လမ်း‌လေးစတင်ဖြစ်လာခဲ့ပါတယ် ။နောက်တော့အကြောင်းတိုက်ဆိုင်စွာနဲ့ အကြောင်းအရင်းတစ်ခုကြောင့် ဇစ်မြစ်အမှန်ကိုဖုံးကွယ်ထားတဲ့ ပင်လယ်လေးခုရဲ့ဧကရာဇ်ဖြစ်သူ ကျီးယန်နဲ့ စိတ်ဝိညာဉ်ထုံးဖွဲမှုတစ်ခုလုပ်ဖြစ်သွားတော့တယ် ။ ဒီလိုနဲ့ အစပိုင်းမှာ မတည့်အတူနေ စိတ်သဘောထားခြင်းမိုးနဲ့မြေလိုကွာခြားနေတဲ့သူတိုနှစ်ယောက်ဟာနန်ယန်ရဲ့အမေဖြစ်သူရဲ့ နာမကျန်းဖြစ်မှုကိုစုံစမ်းကြရင်း မသေမျိုးလောကရဲ့ အရှုပ်တော်ပုံထဲ ဝင်ပါမိသွားချိန်မှာတော့... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားဖိုကောင်းစွာနဲ့လိုက်ပါစီးမြောလိုက်ကြပါအုံးနော် ။==================================== Quality : WEB-DL 720p, 1080p Total Episodes : 36 Format : mp4 Genres : Mystery, Romance, Wuxia, Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ...

Love’s Rebellion (2024)

Zodiac Slayer (2024)
Zodiac Slayer (2024) ရာသီခွင်ကို ချေမှုန်းသူ (၂၀၂၄)ရှားပါးလှတဲ့ စနေဂြိုဟ်သက်ရောက်ပေါင်းစည်းချိန်မှာ မွေးဖွားခဲ့ကြတဲ့ လူသုံးဦးက လောကကြီးကိုကယ်တင်ဖိုအတွက် ကံကြမ္မာဖန်လာပါတော့တယ်သူတိုသုံးဦးကတော့''ဓမ္မ''ဆိုတဲ့စကားလုံးကနေလာတဲ့ ထမ် လို့ နာမည်ရပြီး ရည်ရွယ်ချက်ကြီးမားပြတ်သား သွေးဆူလွယ်တတ်တဲ့ရဲတစ်ယောက်ရယ် ''စိန်အစစ်''လို အဓိပ္ပါယ်ရတဲ့ ဖတ်ထယ်ဖြစ်ပြီး ဝိညာဉ်တွေကို မြင်နိုင်စွမ်းရှိရုံသာမက ထိတွေ့လိုက်တဲ့အရာတိုင်းရဲ့ အဆုံးသတ်ချိန်ကိုပါ မြင်နိုင်တဲ့မိန်းကလေးနဲ့ ကြီးမြတ်တဲ့ကံဇာတာဖြင့် မွေးဖွားလာပြီး ထူးခြားစွမ်းအင်ပိုင်ဆိုင်ထားတဲ့ ချန်ဆိုတဲ့ လူငယ်လေးတိုတွေပါကံကြမ္မာစေလိုရာအရ သူတိုသုံးဦးစလုံးပူးပေါင်းပြီး လောကကြီးကို မိစ္ဆာကောင်လက်ကနေ ကယ်တင်နိုင်ပါ့မလား မစ်ရှင်အောင်မြင်ဖို တစ်ယောက်က အသက်စတေးရမယ်ဆိုရင်ရော ဘာတွေဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမယ့် သဘာဝလွန်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်အညွှန်းကိုတော့ Dao က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Dao နဲ့ Lei Wuyi Tun ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery Quality…. 1080p | 720p File size… 650MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Dao, Lei Wutyi Tun Encoder ..... ...

Zodiac Slayer (2024)

2024
Adventures of Kolke (2023) 6
Adventures of Kolke (2023) Adventures of Kolke 2023 ( ကိုလ်ကီ၏ စွန့်စားခန်းများ )CM ပရိသတ်ကြီးကို 2023 ထွက် Mystery အမျိုးအစား ဇာတ်လမ်းကောင်းတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်..ဇာတ်လမ်းလေးကတော့- ကိုလ်ကီလို့ခေါ်တဲ့ သမိုင်းရူးလူတစ်ယောက်က ပြတိုက်မှာရှိတဲ့ယဉ်ကျေးမှုအမွေအနှစ် မက်စလင်ဟာ အတုပါလို့ ခိုင်ခိုင်မာမာယုံကြည်နေပါတယ်။သူ့အဆိုအရ ဒီမက်စလင်ဟာ ယခင်ကာလကတ္တားမြို့ကြီးရဲ့အောက်မှာရှိကိုရှိမှာပါ။ သူ့အဖေကလည်း ဒီလိုယုံကြည်တာဖြစ်ပြီး မက်စလင်အစစ်ကိုရှာဖို့ ထွက်ခွာသွားရာက ပြန်လည်ရောက်ရှိမလာတော့ပါဘူး။ဒီလိုယုံကြည်ရူးသွပ်နေသူဆီ မက်စလင်အစစ်ကို ဖွက်ယူသွားတဲ့ ရက်ကန်းသမားအကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်ရောက်ရှိလာပြီးနောက် မြေအောက်မှာကွယ်မြုပ်နေတဲ့ လှိုဏ်ခေါင်းကြီးနဲ့ ရတနာတွေကို ရှာဖွေဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။သမိုင်းအထောက်အထားဘာညာနဲ့ သေချာဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူတွေကို မပျင်းရဘဲ တစ်ပိုင်းပြီးတစ်ပိုင်းဆွဲခေါ်သွားမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်File Size –500MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 22 minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre :Mystery, DramaTranslator – CM Bollywood TeamEncoder – YK Episode ...
6
TMDb: 6/10 1 votes
tv

Adventures of Kolke (2023)

2023
The Auditors (2024) [Complete]
The Auditors (2024) [Complete] The Auditors (2024)********************အပိုင်းသစ် (၁၂) ဇာတ်သိမ်း Evilive ထဲက မင်းသားကြီး Shin Ha Kyun၊ Moving ထဲက Lee Jung Ha နဲ့Shadow Detective ထဲက Jin Goo တို့ အဓိကပါဝင်ထားတဲ့ဇာတ်ကားအသစ်နဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအညွှန်း-အဂတိလိုက်စားမှုတွေ ပေါများနေတဲ့ JU ဆောက်လုပ်ရေးရဲ့ စာရင်းစစ်ဌာနကိုစာရင်းစစ် အဖွဲ့မှူး အနေနဲ့ ဝင်ရောက်လာတဲ့ ရှင်းချာအီ (Shin Ha Kyun)ဟာခပ်ပြတ်ပြတ် ဆက်ဆံတတ်ပြီး ဆုံးဖြတ်ချက် ပြတ်သားတဲ့သူ ဖြစ်ပါတယ်။အဲဒီစာရင်းစစ်ဌာနမှာပဲ ဂူဟန်ဆူ(Lee Jung Ha)လို့ ခေါ်တဲ့ ဝန်ထမ်းသစ်တစ်ယောက်ပါရှိပြီး သူကတော့ ရှင်းချာအီနဲ့ အကျင့်စရိုက် ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ဂူဟန်ဆူဟာ Florida ရုံးခွဲကို ပြောင်းရွှေ့ဖို့အတွက် JU ဆောက်လုပ်ရေးရဲ့စာရင်းစစ်ဌာနကို ပထမခြေလှမ်းအဖြစ် စတင်ဝင်ရောက်လာခဲ့ပေမဲ့ သူ့ရဲ့အစီအစဉ်ဟာ ရှင်းချာအီကြောင့် မအောင်မြင်ခဲ့ပါဘူး။အကျင့်စရိုက်မတူညီတဲ့ ဂူဟန်ဆူတစ်ယောက် ရှင်းချာအီနဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ ...

The Auditors (2024) [Complete]

2024
Professor T (2021) 7.667
Professor T (2021)  လူသတ်၊ အမှုလိုက် စုံထောက်ကားတွေကိုမှ ကြိုက်နှစ်သက်လှပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် အံကိုက်ဖြစ်စေမယ့် Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Johnny English, The Armstrong and Miller, Bridgerton, Paddington အစရှိတဲ့ နာမည်ကြီး စီးရီးတွေ ရုပ်ရှင်တွေမှာ အမြဲတမ်း ပါဝင်တတ်ပြီး ထူးခြားလှတဲ့သရုပ်ဆောင်ချက်နဲ့ လူသိများကျော်ကြားတဲ့ Ben Millerက ပါမောက္ခ တန်းပစ်စ်အနေနဲ့ ဦးဆောင်ပါဝင်ထားပါတယ်။ ထို့အပြင် Emma Naomi, Frances de la Tour, Juliet Aubrey, Barney Whiteတို့ကလည်း အဓိကကျတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Episodeတစ်ပိုင်းချင်းစီမှာ မတူညီတဲ့ လူသတ်ပုံတွေ၊ ထူးခြားလှတဲ့ လူသတ်မှု ဖြေရှင်းပုံတွေကို တစ်ဝကြီး ကြည့်ရှု့ရမှာဖြစ်လို့ အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် ratingကလည်း 7.3တောင် ရထားတာဆိုတော့ အပြောတင်မဟုတ် လက်တွေ့မှာပါ အကြိုက်တွေ့ခံထားရတဲ့ ...
7.667
TMDb: 7.667/10 36 votes
tv

Professor T (2021)

2021
My Marvellous Dream Is You (2024)
My Marvellous Dream Is You (2024) ဆန်းကြယ်အိပ်မက် ချစ်ရမ္မက် (၂၀၂၄)LGBTQ ဘက်က နာမည်ရentertainmentဖြစ်တဲ့ Idol Factory နဲ့ Ch3တို့ရဲ့လက်ရာဖြစ်တဲ့ My Marvellous Dream is You2024ရဲ့GLအဖွင့်ကတော့ Blankမှာထဲက အောင်မြင်မှုတွေတဟုန်ထိုးဖြစ်နေတာဆိုတော့ ဒီCPအသစ်လေးကိုလည်း အများကြီးမျှော်လင့်ထားတာမလို့ ဘယ်လိုတွေလာမလဲ ရှုစားကြပါဦး။လူတိုင်းလူတိုင်းမှာ မနိုးထချင်လောက်အောင် လှပလွန်းတဲ့အိပ်မက်ကိုယ်စီရှိပါတယ်။ ဒါဝမ်ရဲ့ မနိုးထချင်တဲ့အိပ်မက်လေးကတော့ ကင်ဆိုတဲ့ကောင်မလေးပါပဲ။ဒါဝမ်ဟာအများအမြင်မှာ မိသားစုကလည်းကျိကျိတက်ချမ်းသာ၊ ကိုယ်တိုင်ကလည်း တဟုန်ထိုးအောင်မြင်နေပြီး နိုင်ငံတကာကိုထိုးဖောက်ဖို့ ဟောလိဝုဒ်ရုပ်ရှင်မှာ လူရွေးပွဲဝင်ပြိုင်နေတဲ့ prime timeမှာရှိနေတဲ့ထိပ်တန်းမင်းသမီးဆို‌တော့ လူတကာအားကျစရာပေါ့။ဒါပေမဲ့ လူမမြင်ကွယ်ရာက သနားစရာဝမ်လေးကတော့ အတိတ်ရဲ့အရိပ်ဆိုးတွေအောက်မှာရှင်သန်နေရသူပါ။ ဒါတွေအားလုံးကို နားလည်ပေးနိုင်သူကတော့ အဖြစ်ဆိုးကို မျှဝေခံစားခဲ့ရတဲ့ ထပ်တူကံဆိုးခဲ့တဲ့ကင်ပါပဲ။ကင်က မင်းသမီးတိုင်းမက်မောရတဲ့ အရည်အချင်းရှိတဲ့စတိုင်လစ်တစ်ယောက်၊ ဝမ်ရဲ့လိုအပ်ချက်မှန်သမျှ အရိပ်တကြည့်ကြည့်နဲ့ဖြည့်ဆည်းပေးနေတဲ့ ဝမ်ရဲ့အရိပ် ဝမ်ရဲ့ဒိုင်းကာလေးပေါ့။ ဘာပဲလုပ်လုပ် ဝမ်ကိုပဲကြည့်နေတတ်တဲ့ကင်ဟာ တစ်နေ့မှာထူးဆန်းစွာနဲ့ ဝမ်ဆီကအလုပ်ထွက်ပြီး ဝမ်နဲ့ပြိုင်ဘက်မင်းသမီးဆီမှာ အလုပ်သွားလုပ်တဲ့အခါ...နှစ်ကိုယ်တစ်စိတ်လိုဖြစ်နေပြီး သူငယ်ချင်းဆိုတာထက်ပိုနေတာ သေချာနေတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး၊ တစ်ကွက်နင်းစရာရတာနဲ့ တံတွေးခွက်ထဲပက်လက်မျောရမယ့် ပြိုင်ဆိုင်မှု‌တွေ ပြင်းထန်လွန်းတဲ့ သူတို့ကျင်လည်ရာ အနုပညာနယ်ပယ်၊ ကျီစားသန်လွန်းတဲ့ ကံကြမ္မာကြားမှာ ဒါဝမ်နဲ့ကင်တို့ရဲ့အချစ်က အိပ်မက်ထဲကလိုချိုမြိန်နိုင်မလားဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary ...

My Marvellous Dream Is You (2024)

2024
Tarot (2024)
Tarot (2024) Tarot (2024) *************အပိုင်း ၁ မှ ၇စ/ဆုံးယနေ့ထွက် Tarot ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်‌ဆက်ပေးချင်ပါတယ်ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်း....အော်စကာဆုရထားတဲ့ Parasite ဇာတ်ကားထဲကမင်းသမီးကြီး ဂျိုယောဂျောင်းအပြင်...နာမည်ကြီး တီဗီရှိုးဖြစ်တဲ့ Single's Inferno က Dex တို့ဖြစ်တာကြောင့်...ကြည့်ရှုသူပရိသတ်စိတ်တိုင်းကျစေမှာသေချာတာမို့...ဒီတစ်ပတ်ကစပြီး ချန်နယ်မြန်မာမှာ အတူတူကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်Horror/Thriller ဇာတ်လမ်းအမျိုးစားဖြစ်တဲ့အပြင်....တစ်ပိုင်းချင်းတိုင်းကလည်း မတူညီတဲ့ဇာတ်လမ်း၊ ကာရိုက်တာတွေနဲ့ဖြစ်တာကြောင့်...ကြည့်ရှုသူပရိသတ်ရဲ့စိတ်အာရုံကိုဖမ်းစားနိုင်မှာတော့အသေချာပါပဲ Tarot ဆိုတဲ့ဇာတ်လမ်းနာမည်အတိုင်း တားရော့ကတ်တွေနဲ့ဇာတ်အိမ်ကိုတည်ထားပြီး...မတူညီတဲ့အပိုင်းတိုင်းက ကာရိုက်တာတွေရဲ့ တားရော့ကတ်ကိုလက်ခံရရှိပြီးနောက်ပိုင်း...ကျိန်စာရဲ့သက်ရောက်မှုကြောင့် နေ့စဉ်ဘဝမှာဘယ်လို ထိတ်လန့်စရာ၊ကြောက်မက်ဖွယ်ရာတွေဖြစ်လာမလဲဆိုတာ.... ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကိုတော့ Myat Myo Oo မှ ရေးသားပေးထားပါတယ် Drama: Tarot Genres: Thriller, Mystery, Horror Country: South Korea Episodes: 7 Aired: Jun 14, 2024 - ? Aired On: Tuesday Duration: 34 min. Translated by Miri, Thet Hnin & Chothet Encoded by Heather Oo   ...

Tarot (2024)

Criminal Minds (2024) 8.3
Criminal Minds (2024) Criminal Minds Season 2 အရှေ့ Season မှာ ဆီကာရီးယပ်စ်ဆိုပြီး အတွဲလိုက်လူသတ်သမားတွေကို ကွန်ယက်ထောင်ပြီး အများအပြား သတ်ဖြတ်ခဲ့တဲ့ အီလိုင်းယက်စ်ဗွိုက်ကို ဖမ်းနိုင်ခဲ့ပါပြီ (သူကိုယ်တိုင်ကတော့ ခုချိန်ထိ ဝန်ခံခြင်းမရှိသေးပါဘူး)။ဒါပေမဲ့လည်း FBI လက်ထောက်ဒါရိုက်တာတစ်ယောက် အသက်ပေးဆပ်ခဲ့ရပါတယ် ဒီနောက်ကွယ်မှာလည်း ဖုံးဖိထားတဲ့ ကိစ္စတချို့က ရှိနေတာပါ။ ဗွိုက်ရဲ့ ဖမ်းဆီးခြင်းကနေ လွတ်မြောက်လာတဲ့ ခေါင်းဆောင်ဒေးဗစ်တစ်ယောက်လည်း စိတ်ထဲမှာ ခြောက်လန့်ခံနေရဆဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အရှေ့ပိုင်းမှာ အနည်းငယ် ပြောပြထားတဲ့ ဂိုးလ်စတားဆိုတဲ့ လူသတ်သမားဟာ လူတွေကို ကြုံရာကျပန်း မျက်လုံးထုတ် သတ်ဖြတ်နေပြီး လွတ်မြောက်နေဆဲ ဖြစ်ကာ ဖမ်းဆီးဖို့အတွက် သဲလွန်စနည်းနည်းလေးတောင် ရှာမရဖြစ်နေပါတယ်။ဒါကြောင့် ဒါရိုက်တာဖြစ်သူဟာ ဗွိုက်ဆီကို ဂိုးလ်စတားကို ဖမ်းဆီးနိုင်ဖို့ သတင်းအချက်အလက်ပေးမယ်ဆို နှစ်အနည်းငယ်လောက်နဲ့ လွှတ်ပေးမယ်ဆိုပြီး အပေးအယူလုပ်တာကို လက်မခံနိုင်ကြတဲ့ BAU အဖွဲ့သားတွေ ဗွိုက်မတိုင်ခင် ဂိုးလ်စတားကို ဖမ်းနိုင်ဖို့ အားထုတ်ရာကနေ ပြန်စတင်ထားပြီး နောက်ပိုင်း ဘယ်လိုတွေဖြစ်ကြမလဲ ဂိုးလ်စတားကို ဖမ်းနိုင်ကြမလား ဗွိုက်ကရော ...
8.3
TMDb: 8.3/10 3617 votes
tv

Criminal Minds (2024)

2005
Miss Night and Day (2024)
Miss Night and Day (2024) Miss Night and Day (2024) ***************************** အပိုင်း (၁ မှ ၁၆) စ/ဆုံးဒီတစ်ခါ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့အချစ်ဟာသဇာတ်မြူးကားလေးတစ်ကားဖြစ်တဲ့Miss Night and Day ဆိုတဲ့ ဇာတ်လမ်းတွဲ အသစ်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း ************* 20 ကျော်အရွယ် အီမီဂျင်း (Jung Eun Ji) ဟာ အချိန်ပိုင်းအလုပ်လုပ်ရတာကို ငြီးငွေ့လာကာအတည်တကျအလုပ်လေးတစ်ခုရှာဖွေနေသူပဲဖြစ်ပါတယ်တစ်နေ့မှာတော့ သူ့ကိုယ်သူ အသက် 50 အရွယ်အမျိုးသမီးကြီးတစ်ယောက်အနေနဲ့ နိုးထလာရတာကို သိလိုက်ရပါတယ်အဲဒီအချိန်ကတည်းကစပြီး မနက်ပိုင်းမှာ အသက် ၅၀ အရွယ် အမျိုးသမီး အင်မ်ဆွန်း(Lee Jung Eun) အဖြစ်နေထိုင်ကာညဘက်မှာတော့ သူမရဲ့ မူလပုံစံ အီမီဂျင်းအဖြစ်နေထိုိုင်က်ရှိပါတယ်အီမီဂျင်း တစ်ယောက် ဒီဖြစ်စဉ်ကို အခွင့်ကောင်းယူကာအချိန်ပိုင်းအလုပ်တွေကနေရခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချပြီးတော့အင်မ်ဆွန်းအဖြစ် ဆောဟန်ခရိုင်အမှုစစ်ရုံးမှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ကာအစစအရာရာ ပြီးပြည့်စုံနေမှ ကြိုက်တဲ့ မူးယစ်ဆေးဝါးအမှုတွေကို စုံစမ်းစစ်ဆေးရတဲ့ အမှုစစ် ဂယ်ဂျီအွန်း (Choi ...

Miss Night and Day (2024)

2024
Strange Tales Of Tang Dynasty : Season 2 (2024) 8.2
Strange Tales Of Tang Dynasty : Season 2 (2024) CM တရုတ်ကားချစ်ပရိသတ်တို့ရေ... ဒီနေ့မှာတော့ ထန်မင်းဆက် လျှို့ဝှက်ဆန်းကြယ် အမှုတွဲများ အတွဲ (၂) ကို CM Teamမှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်...၂၀၂၂ ခုနှစ် အတွဲ ၁ ထဲက သရုပ်ဆောင်တွေ မပြောင်းမလဲ ရိုက်ကူးထားတာဆိုတော့ သရုပ်ဆောင်တွေကိုတော့ အထူးတလည် မိတ်မဆက်ပေးတော့ပါဘူး... မူလလက်ဟောင်းအတိုင်းလို့ပဲ ပြောပါရစေဒီအတွဲ ၂ မှာတော့ ထန်မင်းဆက် ဧကရာဇ် ရွေ့စုန် လက်ထက် အေဒီ ၇၁၂ တွင် ထန်မင်းဆက်ရဲ့ ကြီးကျယ်ခမ်းနားမှုက အစဉ်အလာမပြတ် ဆက်လက်တည်ရှိနေတယ် ဆိုနိုင်ပေမယ့်...အများမြင်တဲ့ သာယာဝပြောမှုအောက်မှာ ဖုံးကွယ်ထားသော အန္တရာယ်တွေ မမြင်နိုင်တဲ့ အန္တရာယ် မုန်တိုင်းတွေရှိနေခဲ့တာပေါ့... အာဏာပြိုင်ဖို့အတွက် အင်အားစု အသီးသီးကလည် လှုပ်ရှားနေကြပြီး ပြည်သူများကြားမှာလည်း မကြာခဏ လျှို့ဝှက်ဆန်းကြယ်တဲ့ဖြစ်ရပ်ဆန်းတွေ ကြုံတွေ့တတ်ရတယ်... ဒီအမှုတွေကို ဇာတ်လိုက်ကြီး လုလင်ဖုန်း၊ စူးဝူမင် နဲ့ ချန်လင်တို့ ဘယ်လိုဖြေရှင်းမယ်... ဘယ်လိုတွေကြုံတွေ့မယ် ဆိုတာ စိတ်ဝင်စားစရာပဲနော်...ကဲ ပရိသတ်ကြီးလည်း CM team နဲ့အတူ ထန်မင်းဆက် လျှို့ဝှက်ဆန်းကြယ် အမှုတွဲများ အတွဲ (၂) ကြည့်ပြီး အမှုတွေဖြေရှင်းလိုက်ကြရအောင်...==================================== Quality ...
8.2
TMDb: 8.2/10 13 votes
tv

Strange Tales Of Tang Dynasty : Season 2 (2024)

2024
Miss Scarlet and the Duke (2020)
Miss Scarlet and the Duke (2020) ဒီ တစ်ခါတော့ ပရိသတ်ကြီးကို ဟိုးအရင်ခေတ်က အင်္ဂလန်လိုနိုင်ငံမှာ‌တောင် အမျိုးသားနဲ့ အမျိုးသမီးကို တန်းတူအခွင့်အရေးမပေးတဲ့ အကြောင်းလေးရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ် စုံထောက်ဇာတ်လမ်းရယ် သူများနဲ့မတူဘဲ ဖောက်ထွက်တတ်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းရယ်ကို ရိုက်ပြထားလို့ ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း စကားလက်ဆိုတာကတော့ ပင်စင်စားရဲအရာရှိကြီးတစ်ယောက်ရဲ့ သမီးလေးပါပဲ သူ့အဖေကတော့ ပင်စင်ယူပြီးတဲ့ အချိန်မှာ အလွတ်စုံထောက်တစ်ယောက်လုပ်နေခဲ့တာပေါ့လေ ဒါပေမဲ့လည်း သူ့မိန်းမကသေသွားတာရယ် သမီးလေးကိုတစ်ယောက်တည်းထိန်းကျောင်းနေရတာရယ်ကြောင့် အရက်တွေအလွန်အကျွံသောက်ပြီး အကြွေးပါတင်နေတာပေါ့ အဲဒီခေတ်က အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးမပေးခဲ့တော့ သူ့သမီး စကားလက် ရဲ့ စုံထောက်အရမ်းဖြစ်ချင်နေတဲ့ ဆန္ဒကိုခွင့်မပြုခဲ့ဘူးပေါ့လေ ဒါပေမဲ့လည်း စကားလက် က သူ့နည်းသူ့ဟန်နဲ့ သူ စုံထောက်ဖြစ်နိုင်တယ်ဆိုတာ သူ့အဖေကို သက်သေပြဖို့ကြိုးစားနေတာပါ အဲဒီလိုနဲ့ မထင်မှတ်ဘဲ သူ့အဖေက ဆုံးသွားတဲ့အချိန်မှာတော့ အကြွေးတွေနဲ့ ကျန်ခဲ့တဲ့ စကားလက် က ဘယ်လိုဖြေရှင်းမလဲ အမျိုးသမီးတွေကို အထင်အမြင်သေးနေတဲ့ ခေတ်ကြီးမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်မလဲ သူ့အဖေဆီကနေရော ...

Miss Scarlet and the Duke (2020)

The Last Empress (2018) 5.7
The Last Empress (2018) The Last Empress (2018) စ/ဆုံး ***************************** ဇာတ်လမ်းအညွှန်းအိုဆွန်းနီက တေးသရုပ်ဖော်ပြဇာတ်ရဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီးတက်တက်ကြွကြွနေတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်ဒီလိုနဲ့ တစ်နေ့မှာတော့ တောင်ကိုးရီးယားအင်ပါယာနိုင်ငံတော်ရဲ့ ဘုရင်ဖြစ်တဲ့ အီဟျော့နဲ့ထိမ်းမြားလက်ဆက်ဖို့အကြောင်းဖန်လာပါတော့တယ်။အိုဆွန်းနီတစ်ယောက် မိဖုရားတစ်ပါးအဖြစ်နဲ့ ဘုရင့်ဆီက အချစ်တွေရပြီလို့ ထင်နေတဲ့အချိန်မှာပဲလင်တော်မောင်ဖြစ်တဲ့ ဘုရင်နဲ့အတွင်းရေးမှူးမလေးတို့ ဖောက်ပြန်နေတာကို သိရှိခဲ့ရပါတယ်အဲဒီလိုသိသွားတဲ့ အိုဆွန်းနီကို ဘုရင်အီဟျော့က လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ပါတော့တယ်။နာဝမ်ရှစ်ကတော့ ဘုရင့်ရဲ့အယုံကြည်ရဆုံး သက်တော်စောင့်တစ်ဖြစ်လဲသူ့အမေရဲ့သေဆုံးမှုအတွက် တာဝန်ရှိသူကို ကလဲ့စားချေဖို့ နန်းတွင်းထဲကို ဝင်လာခဲ့သူပဲဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ဘုရင်နဲ့ဖောက်ပြန်နေတဲ့ အတွင်းရေးမှူးကသူ့ကိုအရင်က သစ္စာဖောက်ခဲ့တဲ့ရည်းစားဟောင်းဖြစ်နေခဲ့ပြီးသူ့အမေကို သေအောင်လုပ်ခဲ့တဲ့သူက အာဏာကို လက်တစ်လုံးခြားလုပ်နေတဲ့ ဘုရင်အီဟျော့ဆိုတာကို သိသွားတဲ့အခါမှာတော့....သေရွာက ပြန်ရှင်လာတဲ့ မိဖုရားအိုဆွန်းနီနဲ့ သက်တော်စောင့် နာဝမ်ရှစ်တို့ ပူးပေါင်းပြီးတစ်ယူသန် ဘုရင်စနစ်ကို ဘယ်လိုဖျက်ဆီးသွားကြမလဲ၊ဘုရင့်နန်းတော်ထဲမှာရှိနေတဲ့ တခြားတခြားသောလျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာကိုစိတ်ဝင်တစားနဲ့ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် ခေတ်ရှေ့ပြေး ဘုရင်စနစ်ပုံစံပုံဖော်ပြီး ရိုက်ကူးထားတာဖြစ်တာမို့တခြားနန်းတွင်းကားတွေနဲ့မတူတဲ့ခံစားချက်နဲ့ ကြည့်ရှုသွားရမှာပါ။မိဖုရားအိုဆွန်းနီအဖြစ်ကတော့ သရုပ်ဆောင်တဲ့နေရာမှာ အရမ်းတော်တဲ့ မမ Jan Nara,သက်တော်စောင့် နာဝမ်ရှစ်အဖြစ် ယခုလက်ရှိထွက်လွှင့်ပြသနေဆဲဖြစ်တဲ့ Miss Day and ...
5.7
TMDb: 5.7/10 22 votes
tv

The Last Empress (2018)

2018
Pied Piper (2016) 6.8
Pied Piper (2016) Pied Piper(2016) ****************အပိုင်း ၁ မှ ၁၆စ/ဆုံး ဒီတစ်ခါမှာတော့ မှုခင်းစီးရီးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ CMပရိသတ်ကြီးတို့အတွက်....တစ်ပိုင်းပြီးတစ်ပိုင်းမထတမ်းကြည့်ချင်အောင် ဆွဲဆောင်နိုင်မဲ့....စိတ်ဝင်စားစရာမှုခင်းစီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း Evilive, Beyond Evil နဲ့...အခုထုတ်လွှင့်နေတဲ့ The Auditors စီးရီးတွေထဲက ဝါရင့်မင်းသားကြီး Shin Ha-kyun....The Uncanny Counterစီးရီးထဲက မင်းသားကြီး Yoo Jun-sang နဲ့....The Escape of Seven ထဲကမင်းသမီး Jo Yoon-hee တို့လို ဝါရင့်သရုပ်ဆောင်တွေကပါဝင်ထားပါတယ် ဇာတ်လမ်းအညွှန်း -------------- ဒီစီးရီးလေးမှာဆိုရင် အခက်ခဲဆုံးအမှုတွေဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု....ဓားစာခံဖမ်းဆီးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလိုအမှုမျိုးတွေကို...အင်အားသုံးပြီး လက်နက်နဲ့မဟုတ်ဘဲ စကားလုံးတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းရတဲ့...ရဲဘက်ဆိုင်ရာအရေးပေါ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ရဲ့အမှုလိုက်ပုံတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။နာမည်‌ကြီး ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တဲ့ "ဟာမယ်လင်းက ပုလွေဆရာ"ပုံပြင်ထဲက ပုလွေမှုတ်သူကိုအတုယူပြီး...ကိုယ့်ကိုယ်ကိုယ် ပုလွေဆရာလို့ အမည်ပေးထားတဲ့ လူထူးဆန်းတစ်ယောက်ဟာ....ပြန်ပေးဆွဲခံခဲ့ရတဲ့ အလုပ်သမားတွေ၊ အလုပ်ထုတ်ခံထားရတဲ့ သတင်းထောက်တွေလိုမျိုး...မတရားမှုကြောင့် ခံစားခဲ့ရတဲ့သူတွေကို အသုံးချပြီးတော့...အားနည်းတဲ့ပြည်သူတွေအပေါ် အနိုင်ကျင့် လုပ်ချင်ရာလုပ်ကြတဲ့....အာဏာရှိ လူချမ်းသာတွေကို လက်စားလိုက်ချေဖို့...အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်တတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ပုံပြင်ထဲကပုလွေဆရာလိုပဲ ဒီခေတ်သစ်ပုလွေဆရာကလည်း.....သူ့ရဲ့သားကောင်တွေဆီကို ဖုန်းထဲကနေလေချွန်သံပေးရင်းနဲ့...သူပေးတဲ့အမိန့်တွေအတိုင်း ...
6.8
TMDb: 6.8/10 5 votes
tv

Pied Piper (2016)

2016
A Good Girl’s Guide to Murder (2024) 8.842
A Good Girl’s Guide to Murder (2024)  Wednesday ထဲက သမန်းဝံပုလွေမလေး"Emma Myers"ပါဝင်ထားတဲ့ "A Good Girl's Guide To Murder "ဆိုတဲ့ Mystery Thriller စီးရီးလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးက Holly Jacksonရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတာပါဇာတ်လမ်းအကျဥ်းလေးကတော့........ ချောမောလှပပြီး ကျောင်းမှာပေါ်ပြူလာဖြစ်တဲ့"အန်ဒီဘဲလ်"ဟာအသတ်ခံခဲ့ရပါတယ် နောက်တော့သူမရဲ့ရည်းစားဖြစ်သူ"ဆာလ်ဆင်း"က သူသတ်ခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့ပြီး သူ့ကိုယ်သူလည်းသတ်သေသွားပါတယ် အန်ဒီဘဲလ်ရဲ့အလောင်းကိုလည်းရှာမတွေ့ခဲ့တာကြောင့် ဒီလူသတ်မှုကို သေသေချာချာရုံးတင်စစ်ဆေးခြင်းမပြုဘဲ ကိုယ်တိုင်ဝန်ခံခဲ့တဲ့"ဆာလ်ဆင်း"ကိုပဲ တရားခံလို့သတ်မှတ်လိုက်ပြီး အမှုပိတ်လိုက်ပါတယ်ထို့နောက် ၅နှစ်ကြာပြီးနောက်မှာ ထက်မြတ်ပြီးဥာဏ်ကောင်းတဲ့ "ပစ်ပ်"ဆိုတဲ့ကျောင်းသူလေးဟာ ကျောင်းကပရောဂျက်တစ်ခုအတွက် ဒီအမှုကိုပြန်ပြီးအစဖော်ပါတော့တယ် သူမဒီအမှုကိုစုံစမ်းရတဲ့အကြောင်းက ကျောင်းပရောဂျက်ဆိုတာထက် "ဆာလ်ဆင်း"မှာ အပြစ်မရှိဘူးလို့ယုံကြည်နေလို့ပါအဲဒါကြောင့် အဲအမှုနဲ့ပက်သက်ခဲ့တဲ့လူမှန်သမျှဆီကိုသွားပြီး အင်တာဗျူးတာတွေလုပ်ပါတော့တယ် အဲ့လိုစုံစမ်းရင်းနဲ့ တကယ့်တရားခံအစစ်ကအခုထိအပြင်မှာလွတ်နေသေးတယ်ဆိုတာကို သူသိလာရပါတယ် သူအမှန်တရားကိုရှာတွေ့ဖို့နီးလာတာနဲ့အမျှ အန္တရာယ်တွေလည်းကြုံတွေ့လာရပါတယ်အဆုံးသတ်မှာ "ပစ်ပ်"တစ်ယောက်တကယ့်တရားခံအစစ်ကို ရှာတွေ့ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.5 GB)/(542 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:40:00 Genre...Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby ...
8.842
TMDb: 8.842/10 19 votes
tv

A Good Girl’s Guide to Murder (2024)

2024
Lost Identity (2024)
Lost Identity (2024) စစ်ကားတွေ ရဲကားတွေ မီးသတ်ကားတွေပဲရိုက်လေ့ရှိတဲ့Action မင်းသားချော Huang Jing Yu ကတော့ ဒီတစ်ခါမှာလည်းLost Identity ဆိုတဲ့ စစ်ကားကောင်းလေးကို မင်းသမီးXin Zhi Lei နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပြီး ဒီနေ့မှာပဲ ထွက်ရှိလို့လာပါပြီ ။ဇာတ်လမ်း‌လေးကတော့ ဂျပန်တွေ တရုတ်မှာ ဗိုလ်ကျနေတဲ့အချိိန်ဂျပန်စစ်တပ်ရဲ့ ဇီဝဓာတုအဆိပ်ဓာတ်ငွေ့သုတေသနဌာနကနေလွတ်မြောက်လာတဲ့ တရုတ်ကွန်မြူနစ်ပါတီမြေအောက်အဖွဲ့ဝင်Ou Xiao An နဲ့ စစ်သည်တွေအတွက် အဆိပ်ဖြေဆေးရှာ ၊ရှေ့တန်းမှာရောဂါကုသပေးနေရတဲ့ ‌ဆရာဝန်မလေးQing Mo Qing တို့ရဲ့ ဂျပန်တွေရဲ့လျို့ဝှက်ချက်ကို အတူတူဖော်ထုတ်ကြမှာကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်ကားလေးထဲမှာ သူတို့နှစ်ယောက်ပေါင်းပြီးဂျပန်တွေရဲ့ကြံစည်မှု လျို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားမလဲ ?အနားမှာရှိနေတဲ့ သူလျိုတွေကိုရော ဘယ်လိုနည်းလမ်းနဲ့ဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုကြဖို့မမေ့ပါနဲ့နော်။=================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : mp4 Genres :  Mystery, Crime, War Runtime : ...

Lost Identity (2024)

2024
Nightmare Teacher (2016) 7.674
Nightmare Teacher (2016) Nightmare Teacher (2016) ************************* ဒီတစ်ခေါက် CM ကနေ ဘာသာပြန်တင်ဆက်ပေးချင်တဲ့ Nightmare Teacher ဆိုတဲ့စီးရီးလေးမှာ Penthouse ဇာတ်လမ်းတွဲတွေမှာ ဂျူဒန်းထယ်ဆိုတဲ့ဇာတ်ကောင်နဲ့နာမည်ကြီးပြီးသားဖြစ်တဲ့ မင်းသားကြီးအွန်းဂီဂျွန်းအပြင်ပရိသတ်အချစ်ကိုရထားပြီးသားဖြစ်တဲ့ မင်းသမီးချောဂင်ဆိုဟျွန်းနဲ့BtoB အဖွဲ့ဝင် rapper‌ချောလေးအီမင်ဟျော့တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်းကတော့ ..ဟန်ဘုံဂူဆိုတဲ့ကျောင်းဆရာတစ်ယောက် ကျောင်းကိုရောက်လာချိန်မှစပြီးကျောင်းမှာ ကျောင်းသူ/သားတွေ စတင်ပျောက်လာခဲ့ပါတယ်။ဒါကို ဂန်ယယ်ရင်ဆိုတဲ့ အတန်းခေါင်းဆောင်က စတင်သတိထားမိခဲ့ပြီးကျောင်းသားတွေပျောက်ဆုံးသွားရခြင်း နောက်ကွယ်ကအကြောင်းရင်းကို ဆောဆန်းဝူဆိုတဲ့ ကျောင်းသားနဲ့အတူ စတင်စုံစမ်းပါတော့တယ်။အဲဒီလိုစုံစမ်းရာကနေ ဘယ်လိုထိတ်လန့်စရာအမှန်တရားမျိုးကို သူတို့သိရှိသွားမလဲကျောင်းဆရာဟန်ဘုံဂူရဲ့လျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာကိုတော့အတူတူဇာတ်ကား‌လေးကိုကြည့်ရင်း ရှာဖွေလိုက်ကြတာပေါ့ ..အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်Episodes: 12 Aired: Mar 14, 2016 - Mar 31, 2016 Aired On: Monday, Tuesday, Wednesday, Thursday Original Network:  Naver TV Cast Duration: 15 mins Genres: Mystery, Horror, Youth, Supernatural Translated by Esther Oo ...
7.674
TMDb: 7.674/10 23 votes
tv

Nightmare Teacher (2016)

2016
Presumed Innocent (2024) 8.064
Presumed Innocent (2024)  Presumed Innocent စီးရီးကတော့ လူသတ်မှုတခုကတဆင့်ကြည့်ရှုသူတွေကို ဖမ်းစားနိုင်တဲ့ မီနီစီးရီးတစ်ခုဖြစ်ပါတယ်။အဓိကဇာတ်‌ဆောင်မင်းသား Jake Gyllenhaal က အစိုးရရှေ့နေRusty Sabich နေရာက ပါဝင်သရုပ်ဆောင်ထားပြီးတော့အီသီယိုးပီးယား-အိုင်းရှစ်ရှ်မင်းသမီး Ruth Negga ကသူ့ရဲ့ဇနီးနေရာကနေ တွဲဖက်သရုပ်ဆောင်ထားပါတယ်။တရားခွင်တစ်ခုရဲ့တရားခံနေရာမှာထိုင်နေရသူတိုင်းဟာတရားသူကြီးက အပြစ်ရှိတယ်လို့စီရင်ချက်မချမချင်းအပြစ်မရှိသူတွေအဖြစ်သာယူဆရမှာဖြစ်ကြောင်းမီးမောင်းထိုးပြချင်တာက ဇာတ်ကားရဲ့ဆိုလိုရင်းတစ်ခုဖြစ်နိုင်ပါတယ်။ချီကာဂိုအစိုးရရှေ့နေ Rusty Sabich ကို ဗဟိုပြုထားတဲ့ဒီစီးရီးမှာတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့မိန်းမလှလေး Carolyn Polhemus ဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့အခါ Rusty ဟာ အဓိက လူသတ်သမားတရားခံအနေနဲ့ စွပ်စွဲခံရပါတော့တယ်။သက်သေအထောက်အထားတွေအားလုံးက Rusty ဟာလူသတ်တရားခံဖြစ်ကြောင်း သူ့အပေါ်မှာ တဆင့်ပြီးတဆင့်အထပ်ထပ်ချည်နှောင်လာတဲ့အခါ သူတည်ဆောက်ထားတဲ့မိသားစု၊ အိမ်ထောင်ရေးနဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ရရှိဖို့Rusty တယောက် ဘယ်လိုတိုက်ပွဲဝင်သွားမှာလဲ၊ တရားရုံးမှာသူ့ရဲ့ပြစ်မှုတွေက ပိုပြီးထင်ရှားလာမှာလား၊ ကိုယ်ကျင့်တရားပျက်ပြားမှုအပေါ် သူ့ရဲ့မိသားစုကရော ဘယ်လိုအတူတကွရင်ဆိုင်ပေးသွားမှာလဲဆိုတာ အာဏာ၊ နိုင်ငံရေး၊ အချစ်ရေး၊အိမ်ထောင်ရေးသံယောဇဉ်၊ လိင်မှုကိစ္စတွေနဲ့ အဆင့်ဆင့်ချိတ်ဆက်ထားတာကြောင့် ဇာတ်အိမ်ခိုင်မာပြီး ကွင်းဆက်မိမိနဲ့ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် လျှို့ဝှက်သဲဖို စုံထောက်မှုခင်းစီးရီးကောင်းတခုဖြစ်ပါတယ်။   File Size – ...
8.064
TMDb: 8.064/10 47 votes
tv

Presumed Innocent (2024)

2024
Beyond Paradise (2023) 6.8
Beyond Paradise (2023) ဒီတစ်ခါမှာတော့ မှုခင်းဇာတ်လမ်းတွဲလေးဖြစ်တဲ့ Beyond Paradise ဆိုတဲ့စီးရီးလေးကိုတင်ဆက်ပေးချင်ပါတယ်IMDB rating- 7.3/10 ရှိပါတယ်ဟမ်ဖရေဂွတ်မန်းဆိုတဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်ဟာ စိတ့်မာရီမြို့မှာတာဝန်ထမ်းဆောင်နေရာကနေ သူ့ချစ်သူမာသာနဲ့စေ့စပ်အပြီးမှာ မာသာရဲ့ဇာတိဖြစ်တဲ့ Shipton Abbott မှာပဲ သာယာအေးချမ်းတဲ့မိသားစုဘဝအသစ်လေးစတင်ဖို့အတွက် ရှစ်ပ်တန်ရဲစခန်းကိုပြောင်းရွှေ့လာခဲ့ပါတယ်အဲ့ဒီတိတ်ဆိတ်အေးချမ်းတဲ့မြို့လေးမှာ အပူအပင်မရှိပဲဘဝကိုအေးဆေးသာယာစွာဖြတ်သန်းမယ်လို့မျှော်လင့်ခဲ့တာပါ ဒါပေမဲ့ သူတို့ထင်ထားသလိုမဟုတ်ဘဲ ပြစ်မှုတွေတစ်ခုပြီးတစ်ခုပေါ်လာတော့ အဲ့အမှုတွေကိုဖြေရှင်းဖို့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ စုံထောက်အက်စတာဝီလီယံရယ် ကယ်လ်ဘီဆိုတဲ့ရဲဝန်ထမ်းလေးရယ် ရုံးထိုင်စာရေးဖြစ်တဲ့အသက်အကြီးဆုံးမာဂိုမာတင်စ်ရယ် သူတို့တွေအားလုံးစုပေါင်းပြီး အမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ်ဟမ်ဖရေရဲ့အထင်ကြီးစရာကောင်းလောက်တဲ့စုံစမ်းရေးအရည်အချင်းတွေနဲ့ အဲ့ဒီမြို့လေးကိုအရင်လိုအေးချမ်းသာယာအောင်ပြန်ပြီးလုပ်ပေးနိုင်ပါ့မလား.... File size…(1.6 GB)/(657 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:58:00 Genre...Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby JaneSeason (1)Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / StreamwishEpisode 1 1080p  -  Yoteshin / ...
6.8
TMDb: 6.8/10 20 votes
tv

Beyond Paradise (2023)

2023
Dark Faith (2024)
Dark Faith (2024) အမှောင်လောကရဲ့ ယုံကြည်ချက် (၂၀၂၄)ဖိတ်က နတ်ကိုးကွယ်တဲ့ မှော်ဆရာယောင်ယောင် ဘိုးတော်ယောင်ယောင်တွေကို အယုံအကြည့်မရှိတဲ့လူပါ သို့ပေမဲ့ သူနေတဲ့နယ်မှာတော့ ဘိုးတော်ထိပ်ကို ကိုးကိုယ်ကြတဲ့ လူတွေအများကြီးပါပဲ ဘိုးတော်ထိပ်ဆိုသူကလည်း ဘုန်းကြီးကိုတောင် ပမာမခန့် သူကသာ အကြီးမြတ်ဆုံးလို့ သတ်မှတ်ထားတဲ့လူပါ နယ်မှာ ရွာသားတွေအပေါ် ဩဇာကြီးမားတယ်လို့လည်း ပြောလို့ရပါတယ် ဆိုတော့ ဖိတ် ရွာသားတွေကို အမြင်မှန်ရလာအောင် ဘယ်လိုနည်းလမ်းနဲ့ ရင်ဆိုင်သွားမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Fake Love, Nang Mwe Kham, Lei Wutyi Tun တို့ပဲ ဖြစ်ပါတယ်။Genre..... Fantasy, Mystery Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Fake Love, Nang Mwe Kham, Lei ...

Dark Faith (2024)

Joko Anwar’s Nightmares and Daydreams (2024) 6.643

Joko Anwar’s Nightmares and Daydreams (2024)

2024