Channel Myanmar

Mystery

Justice Bao ( 2010 )
Justice Bao ( 2010 ) အခုတစ်ခါ CM ကနေတင်ဆက်မှာကတော့ Justice Bao ( 2010 ) ပဲဖြစ်ပါတယ် ပေါင်ချိန်ဆိုတာ မသိတဲ့လူမရှိသလောက်ပါပဲ ဒါကြောင့်မို့ အများကြီး အထွေးအထူးတော့ညွန်းနေစရာမလိုတော့ပါဘူးအခု ဒီ Version မှာဆိုရင်တော့ ပေါင်ချိန် ဘယ်လိုစတင်ပြီးမွေးဖွားလာတယ် ပေါင်ချိန်ရဲ့ မူရင်းဘဝ အပြင် အောက်ခြေကနေ တဖြည်းဖြည်းတက်လာပြီး ပြည်သူချစ်တဲ့အမတ်တစ်ယောက်အဖြစ်ရော ဘုရင်မင်းမြတ်အားကိုးရတဲ့ အမတ်တစ်ယောက်ဖြစ်လာပုံတွေ ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါ့အပြင် ပေါင်ချိန်ရဲ့လက်ရုံးတွေဖြစ်ကြတဲ့ ကုန်းစွန်းချဲ့ .. တောင်ပိုင်းသူရဲကောင်းကျန်ကျောင်း ၊ ဝမ်ချောင် မာဟန့် ကျန်းလုံ ကျောက်ဟူ အစရှိတဲ့ ရဲမက်တွေနဲ့စတင်တွေ့ဆုံတဲ့ Origin လည်းပါတာဖြစ်တဲ့အတွက်ကြောင့် ကြည့်ရမယ့်သူတွေလည်း စိတ်ကျေနပ်မှုရရှိမှာပဲဖြစ်ပါတယ်အမှုတွဲတွေကလည်း တတွဲနဲ့တတွဲစိတ်ဝင်စားစရာကောင်းပြီး ပေါင်အမတ်ကြီးနဲ့အတူ သူ့ရဲ့ရဲမက် တွေဘယ်လိုဖြေရှင်းကြမလဲဆိုတာကို CM ကနေ ဆက်လက်စောင့်ကြည့်လိုက်ရအောင်နော်( 2 ရက် တပိုင်း နှုန်းနဲ့ အဆုံးထိ တင်ဆက်ပေးသွားပါမယ် )  Quality : HDTV 720p Format : mp4 Language: Mandarin Release Date: 11 August 2010 Runtime: 45 minutes per ...

Justice Bao ( 2010 )

2009
Breathe: Into the Shadows (2020) 7.5
Breathe: Into the Shadows (2020) Breathe : Into The Shadows 7.6/10 IMDbဒီတစ်ခါတော့ စိတ်ဝင်စားစရာကောင်းတဲ့ မှုခင်းဇာတ်လမ်းတွဲကြည့်ချင်တဲ့ပရိသတ်တွေအတွက် အဘီရှက်ရှ်A.ဘတ်ချန်းနဲ့ နီသရာမီနန်တို့ပါဝင်တဲ့ မှုခင်းဇာတ်လမ်းကောင်းလေးတင်ပေးလိုက်ပါပြီ...ပဟေဠိဆန်တဲ့ကွင်းဆက်လူသတ်မှုတွေ၊ ဇာတ်လမ်းမြှုပ်ကွက်တွေနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို တစ်ပိုင်းပြီးတစ်ပိုင်းစိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်မလွှတ်သင့်တဲ့မှုခင်းဇာတ်လမ်းတွဲလေးပါ...ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်... အာဗီနက်ရှ်ဆပ်ဟာဝါလ် ( Abhishek Bachchan )က လူအများလေးစားချစ်ခင်ရတဲ့ဆရာဝန်တစ်ယောက်ပါ.. သူ့မှာစားဖိုမှုးတစ်ယောက်ဖြစ်တဲ့ဇနီးသည် အာဘာ (Nithya Menen)နဲ့ ချစ်စရာကောင်းတဲ့ သမီးလေးစီရာ ရှိပါတယ်...နောက်တစ်ယောက်ကတော့ ရဲမှုးကာဘီဆာဝန့်.. သူကအမှုစုံစမ်းစစ်ဆေးတဲ့နေရာမှာ ထက်မြက်ပေမယ့် စိတ်ဆတ်တဲ့သူတစ်ယောက်မို့ သူ့ရဲ့စိတ်လိုက်မာန်ပါအပြုအမူတွေကြောင့် အမှုတစ်ခုမှာအမှားဖြစ်ခဲ့ရပြီး မွန်ဘိုင်းကနေ ဒေလီကိုရွေ့ပြောင်းခံရပါတယ်.. ဒီလိုနဲ့တစ်နေ့ ဒေါက်တာအာဗီနက်ရှ်ရဲ့သမီးလေးစီရာကို ပြန်ပေးဆွဲခံလိုက်ရပြီးတဲ့နောက်.. လူသတ်မှုတွေဖြစ်လာခဲ့ပါတော့တယ်..ဒီလူသတ်မှုတွေရဲ့နောက်ကွယ်ကလူကဘယ်သူလဲ.. သူကစိတ္တဇလူသတ်သမားလား.. အမှုမှန်ရော ဘယ်လိုပေါ်ပေါက်သွားမလဲဆိုပြီး အစကနေအဆုံး စိတ်ဝင်တစားကြည့်ရှုရမယ့်ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး..File Size –800MB / 400MBQuality – 1080p WEB DL / 720pDuration – 45minsTotal Episodes: 12EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Mystery, CrimeTranslator – BpL~Thet Ko~ Shwe Pyae Sone ~ Go-O~SoraEncoder – YK Season1 720p ==== Episode ...
7.5
TMDb: 7.5/10 21 votes
tv

Breathe: Into the Shadows (2020)

2020
Sketch (2018) [Complete] 6.6
Sketch (2018) [Complete] Sketch (2018) [အစ-အဆုံး]အပိုင်း - ၉ မှ ၁၆ (ဇာတ်သိမ်းပိုင်း)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၈ ကထွက်ခဲ့တဲ့ Sketch ဆိုတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ကိုယ်တွေရဲ့ အချစ်ဦး RAIN နဲ့ မင်းသားကြီး Lee Dong Gun ပြီးတော့ WORK LATER DRINK NOW က မမ LEE SUN BIN တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDB rating လည်း 7.6 ရရှိထားတာမို့ ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းနဲ့ ဒီဇာတ်လမ်းတွဲလေးကို မလွတ်တမ်းကြည့်ရှုလိုက်တော့နော် ။ဇာတ်လမ်းအကျဉ်း ...ဂန်ဒုံဆူကတော့ အမြဲတမ်းတက်ကြွပြီး တရားခံတွေကို အလွတ်မပေးတတ်တဲ့ စုံထောက်တစ်ယောက်ပါ။ ယူရှီဟျွန်းကတော့ အနာဂတ်မှာ ဖြစ်လာမဲ့ လူသေမှုတွေကို ကြိုမြင်နိုင်တဲ့လူတစ်ယောက်ပေ့ါ။ရဲတပ်ကြပ်တစ်ယောက်ဖြစ်တဲ့ ရှီဟျွန်းက သူမြင်တဲ့ အနာဂတ်ကို ပုံကြမ်းလေးတွေဆွဲပြီး အမှုတွေဖြစ်မလာဖို့ ကာကွယ်တဲ့နေရာမှာ အသုံးချနေခဲ့တာပါ။တစ်ရက်မှာတော့ ...
6.6
TMDb: 6.6/10 8 votes
tv

Sketch (2018) [Complete]

2018
Guillermo del Toro’s Cabinet of Curiosities (2022) 8.2
Guillermo del Toro’s Cabinet of Curiosities (2022) Guillermo del Toro's Cabinet of Curiosities (2022) ==================================== IMDb Rating - 8.2/10ဒီစီးရီးကိုတော့ ဒါရိုက်တာ ဂီရယ်မို ဒီတယ်ရိုရဲ့ ပရိသတ်တွေ ဟော်ရာ ကောင်းကောင်းကြိုက်သူတွေ အတော်ကိုမျှော်နေကြတာပါ။ ဂီရယ်မို ဒီတယ်ရို နဲ့ မရင်းနှီးရင်တောင်သူ့ရဲ့ ထူးခြားတဲ့ ကျောချမ်းစရာလက်ရာတွေကို ရင်းနှီးနေကြလောက်ပါတေယ်။ Pan's Labyrinth, Hellboy, Shape of Water Pacific Rim, Nightmare Alley စတဲ့နာမည်ကျော်ရုပ်ရှင်တွေအများကြီးပါပဲ။ Shape of Water နဲ့လည်း အကောင်းဆုံး ဒါရိုက်တာဆု၊ ရုပ်ရှင်ဆု ရထားပါသေးတယ်။အခုစီးရီးကလည်း သဘာဝလွန် လောကအကြောင်းကို ပဟေဠိဆန်ဆန် ရိုက်ကူးထားတာပါပဲ။ စုစုပေါင်း ရှစ်ပိုင်းထွက်ရှိမှာဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီမှာ ထူးခြားတဲ့ ကြောက်စရာပုံပြင်တွေပါဝင်တာမို့ ဟော်ရာရုပ်ရှင်(၈)ကားလို အဝကြည့်ရမှာပါပဲ။(ဒီစီးရီးရဲ့ အညွှန်းကို Mr.Andersonမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Mr.Anderson, Thiha Yan Naing တို့ ဖြစ်ပါတယ်။)File Size.............(300 MB) / (600 ...
8.2
TMDb: 8.2/10 1200 votes
tv

Guillermo del Toro’s Cabinet of Curiosities (2022)

2022
Scarlet Hill (2022) 6.5
Scarlet Hill (2022) Scarlet Hill (2022)ဒီတစ်ခေါက် CM က တင်ဆက်ပေးမယ့်ဇာတ်လမ်းတွဲလေးကတော့ ဗီယက်နမ် Netflix ကားဖြစ်ပြီး Horror , Crime Genre ပဲဖြစ်ပါတယ် လူဝ် ဆိုတဲ့ခရီးသွားလုပ်ငန်းရှင် နဲ့ ဗီ ဆိုတဲ့မိန်းကလေးတို့က စေ့စပ်ထားကြတဲ့ ဇနီးမောင်နှံလောင်းစုံတွဲလေးပါ ဗီဟာ ကလေးတစ်ယောက်ရှိတဲ့ Single Mother တစ်ယောက်ပေါ့ ဗီဟာ Anxiety တစ်ခုကိုခံစားနေရတာကြောင့် အိပ်ရာပေါ်ကကိစ္စတွေကို မစွမ်းဆောင်နိုင်ဘူး ဖြစ်နေခဲ့ပါတယ် မြို့ပေါ်မှာနေတာကြောင့် စိတ်ဖိစီးမှုအမျိုးမျိုးကြောင့်လို့ ယူဆတဲ့ Family Doctor ကြောင့် သူတို့စုံတွဲနဲ့ သားဖြစ်သူတို့ဟာ “Scarlet Hill” ဆိုတဲ့ "ကတ္တီပါ တောင်ဝှမ်း" စံအိမ်ကို ပြောင်းရွှေ့လာခဲ့ကြပါတော့တယ် မြင်ရသလောက်သိပ်ကိုသာယာတဲ့ နေရာ ဆိုပေမယ့် အနည်းငယ်ကျောချမ်းစရာတော့ကောင်းနေပါတယ် ဒါပေမဲ့ ထိုနေရာမှာ အတူအိပ်ဖို့ကြိုးစားကြည့်တဲ့ အချိန်မှာတော့ ဗီ ရဲ့ထင်ယောင်ထင်မှားတွေ စလာခဲ့ပါတော့တယ် အမြဲ သူမြင်နေရတဲ့ မျက်လုံးထဲက ပုံရိပ်တွေကဘာလဲ ... နောက်ပိုင်းမှာ လူသေမှုတွေပါဖြစ်လာခဲ့ပြီး စံအိမ် နဲ့ တကွအရှုပ်တော်ပုံတွေ အစပြုလာပါတော့တယ် တရားခံအစစ်က ဘယ်သူလဲ????? ထင်ယောင်ထင်မှားတွေကရောဘာလဲ????? ဒီ ကတ္တီပါတောင်ဝှမ်းရဲ့ ...
6.5
TMDb: 6.5/10 2 votes
tv

Scarlet Hill (2022)

Terius Behind Me (2018)[Complete] 8.252
Terius Behind Me (2018)[Complete] Terius Behind Me (2018)Ep1 To 16********************************အမည်ဝှက်Teriusလို့ အမည်ရတဲ့ဂင်ဘွန်ဟာ အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့(NIS)ရဲ့ ထူးချွန်တဲ့အေးဂျင့်ဟောင်းတစ်ဦးဖြစ်ပြီး သူ့ကို မည်သူမှ ခြေရာခံ၍မရအောင်လျှို့ဝှက်၍နေထိုင်သူဖြစ်ပါတယ် ...လွန်ခဲ့သော၃နှစ်ခန့်က မအောင်မြင်ခဲ့တဲ့လျှို့ဝှက်စစ်ဆင်ရေးတစ်ခုမှာ သူ့ချစ်သူမိန်းကလေးကို ဆုံးရှုံးခဲ့ရတယ်... အဲဒီအချိန်ကစပြီး ဂင်ဘွန်ဟာ ဂိုအယ်ရင်ရဲ့တိုက်ခန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့တိုက်ခန်းမှာလျှို့ဝှက်နေထိုင်ပြီး ယခင်က မအောင်မြင်ခဲ့တဲ့စစ်ဆင်ရေးရဲ့နောက်ကွယ်မှာရှိတဲ့ကြိုးကိုင်သူကို ဖော်ထုတ်ဖို့ကြိုးစားနေပါတယ်...ဒါပေမယ့်လည်း အဲဒီမသမာမှုမှာ ထင်မှတ်မထားတဲ့(NIS)ရဲ့ ထိပ်တန်းအရာရှိကြီးတစ်ဦး ပါဝင်ပတ်သက်နေတဲ့အခါမှာ . . .ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့................အက်ရှင်စပိုင်စီးရီးဖြစ်လို့ ကြည့်ရတာပျင်းဖို့မကောင်းသလိုချစ်စရာကလေးတွေလည်းပါဝင်တဲ့အတွက်ရယ်လည်းရယ်ရပါတယ်..    -Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Action, Adventure & MysteryTranslated by  Phyu Phyu Thein , Hnin Wai Oo  ,  Windi,  Mayphoo Pone   & TiffEncoded by  Phyo Pyae Complete Zip File-(1080P) EP1-16_       Yoteshihin    ...
8.252
TMDb: 8.252/10 111 votes
tv

Terius Behind Me (2018)[Complete]

2018
1899 (2022) 10
1899 (2022) 1899 (2022)နာမည်​ကျော်Dark series ပရိုဂျူဆာ​တွေရဲ့ နောက်ထပ်mystery, horror, thriller seriesတစ်ခုဖြစ်တဲ့ 1899seriesထွက်လာပါပြီ။ Darkအ​ကြောင်းကို သိသူ​တွေအတွက် ဒီseriesက ​ဘယ်​လောက် Mind-blownလုပ်ဦးမလဲဆိုတာ ရိပ်စားမိကြမှာပါ။ လက်ရှိ IMDb 9.2နဲ့ RT 71%ရထားပါတယ်။ Darkလိုမျိုး Time travel genre ထပ်သုံးမှာမဟုတ်ဘူးလို့ ​ပြောထားတာလည်းရှိ​တော့ အခုseriesနဲ့ Dark ချိတ်ဆက်ပေးမ​လားဆိုတာ​​​ ​စောင့်ကြည့်ရမှာပါ။​သေချာတာ တစ်ခုက​တော့ Mysteries​ပေါင်းများစွာနဲ့ ကြည့်သူ​​တွေရဲ့စိတ်ကို ကောင်း​ကောင်းကြီးအလုပ်​ပေးဦးမှာပါ။ဇာတ်လမ်းအညွှန်းက​​တော့ လန်ဒန်က နယူး​ယောက်ကို ​ရေ​နွေး​ငွေ့ သင်္ဘော Kerberosနဲ့ ထွက်ခွာလာတဲ့ လူတစ်စုဟာ လမ်းခုလတ်မှာ ခရီးဖင့်စရာကိစ္စတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ Prometheusလို့​ခေါ်တဲ့ ကုမ္ပဏီတူသင်္ဘောတစ်စင်းဟာ ​ပျောက်ဆုံးသွားတာ ၄လ​ကျော်ထိ ရှိပြီဆို​ပေမဲ့ Kerberosသင်္ဘောဖြတ်သွားတဲ့အချိန်မှ ကိုဩဒိနိတ်နဲ့ တည်​နေရာကို အချက်ပြလာလို့ နဂိုလမ်း​ကြောင်းက​ ပြန်လှည့်ပြီး သွားကယ်ဖို့ ကြိုးစားရာမှ Kerberos​ပေါ်က ခရီးသည်​တွေအ​နေနဲ့ ထူးဆန်း​ပွေလီတဲ့ ပ​ဟေဠိများစွာနဲ့ ပတ်သက်မိသွားပါ​တော့တယ်။အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Leonard Lin, Act Molemy, Lai Laii, Mary Christ တို့ပဲ ဖြစ်ပါတယ်။Genre..... ...
10
TMDb: 10/10 3 votes
tv

1899 (2022)

2022
Shadow Detective (2022) 7.8
Shadow Detective (2022) Shadow Detective (2022) ==================ဒီတစ်ခေါက်မှာတော့ နာမည်ကြီးမင်းသားကြီးတွေ အဓိက ပါဝင်ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခပ်ကြမ်းကြမ်းအက်ရှင် ဇာတ်လမ်းလေးမို့လို့ အက်ရှင်ကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ မလွတ်တမ်းကြည့်ရှု သင့်တဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲနော်။ဇာတ်လမ်းအကျဉ်း --------------------------- ဂင်ထက်ရို့ဟာ ဂူမိုရဲစခန်းက ပင်စင်ယူဖို့နီးနေပြီဖြစ်တဲ့ စုံထောက်ဟောင်းတစ်ယောက် ဖြစ်ပါတယ်။ အသက်ကြီးလို့ အနားယူချင်ပေမယ့် ပင်စင်လစာကိုမျှော်မှန်းပြီးတော့ စုံထောက်အလုပ်ကို ဆက်လက်လုပ်ကိုင်နေတဲ့လူတစ်ယောက်၊ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့စုံထောက်တစ်ယောက်ဖြစ်ပေမယ့် အကြီးတန်းစုံထောက်ထက် ရာထူး ပိုတိုးမလာခဲ့ပါဘူး။ဂူမိုမြို့က ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးမှုတွေနဲ့ အခြားသော ရာဇဝတ်မှု တွေများပြားတဲ့ မြို့တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဂူမိုမြို့ရဲ့ ရဲမှူးဆောဂွမ်ဆူဟာ ဂူမိုမြို့နေ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ရည်ရွယ်ပြီးတော့ အထူးစုံစမ်းရေးအဖွဲ့တစ်ခုကို ဖွဲ့စည်း ပေးခဲ့တယ်။ တစ်ရက်မှာတော့ စုံထောက်ကြီးဂင်ထက်ရို့ဆီကို အမည်မသိဖုန်းတစ်ခုဝင် လာပြီးတော့ ငါက မင်းရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ပါလို့ပြောခဲ့ပြီး။ နောက်ထပ် ဖုန်းထပ်ခေါ်တဲ့အခါမှာတော့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် အူဟျွန်ဆော့ကို ငါသတ်လိုက်တယ် ဆိုပြီးပြောလာခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ဂင်ထက်ရို့ဟာ အူဟျွန်ဆော့ကို သတ်တဲ့အမှုရဲ့ သံသယရှိသူအဖြစ်ကိုရောက်သွားခဲ့တယ်။စုံထောက်အူဟျွန်ဆော့သေဆုံးမှုမှာ ဘယ်လို ထူးခြားမှုတွေရှိနေမလဲ၊ ဖုန်းဆက်တဲ့လူကရော ဘယ်သူလဲ၊ စုံထောက်ကြီးဂင်ထက်ရို့တစ်ယောက် သံသယရှိသူအဖြစ်ကနေ လွတ်မြောက်နိုင် ဖို့နဲ့ အမှန်တရားကိုဖော်ထုတ်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းမှာဆက်လက် ကြည့်ရှုနိုင်ပါပြီ။(၁ပတ်ကို ၂ ပိုင်းနှုန်းဖြင့် အပတ်စဥ် ...
7.8
TMDb: 7.8/10 2300 votes
tv

Shadow Detective (2022)

2022
American Gigolo (2022) Complete 8.2
American Gigolo (2022) Complete American Gigolo (2022) Completed Limited Series ~ IMDb rating - 7.5/10 ~  (18+ warning!!!)  နာမည်အတိုင်းပဲ အမေရိကန်မှာ ယောက်ျားဖာ (ဝါ) အပျော်လင် (ဝါ) ဇိမ်ဘဲ လုပ်စားတဲ့ လူတစ်ယောက်ရဲ့ ဇာတ်ကြောင်းပါ။ စစဖွင့်ချင်းက‌တော့ သူဟာ အိပ်ရာတစ်ခုထဲနိုးလာပါတယ်။ သူ့တစ်ကိုယ်လုံးသွေးတွေပေနေပြီး လက်ထဲမှာ ဓားတစ်ချောင်းလည်းရှိနေပါတယ်။ ဘေးမှာတော့ သူ့ဖောက်သည် လည်ပင်းကို ဓားနဲ့ဟက်တက်ခွဲခံရပြီးသေနေပါတယ်။ ဒီတော့ သူ့ကို စုံထောက်တွေက စစ်ဆေးပေမဲ့ သူက ဘာမှမှတ်မိမနေပါဘူး။ ဒီလိုနဲ့ သူ ထောင်ကျသွားပါ‌လေရော။ တရားခံအစစ်မိလို့ လွတ်လာတဲ့အခါမှာ စုံထောက်တွေက တရားခံကို ခိုင်းတဲ့သူဘယ်သူလဲ မေးပေမဲ့ တရားခံကမပြောပါဘူး။ ဇိမ်ဘဲကြီးကို ဒုက္ခရောက်အောင်လုပ်တာ ဘယ်သူလဲဆိုတာကို အပိုင်းတစ်မှာတင် ဖြစ်နိုင်ချေအမျိုးမျိုးပြပြီး စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားရင်း သူ့ရဲ့ဘဝဇာတ်ကြောင်းကိုပါ ခြေရာပြန်ကောက်ပြသွားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲလေးပါပဲ။ 1980 မှာ ထွက်ခဲ့ပြီး ...
8.2
TMDb: 8.2/10 5 votes
tv

American Gigolo (2022) Complete

2022
The Patient (2022) 7.231
The Patient (2022) The Patient (2022) ============== IMDb Rating - 7.3/10Hulu ကနေ အသစ်ပြသလာတဲ့ Drama, Mystery, Thriller series အသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ Rating 7.3/10 ရရှိထားပြီးအတော်လေးစိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ဇာတ်လမ်းအကျဥ်းလေးပြောရရင် စိတ်ရောဂါကုထုံးဆရာဝန်တစ်ယောက် ဒေါက်တာ စရတ်က မကြာသေးခင်က မိန်းမဆုံးပါးသွားလို့ ဝမ်းနည်းပူဆွေးနေသူတစ်ဦးပါ။ ပုံမှန် အတိုင်း လူနာတွေနဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးလေ့ရှိပြီး သာမန်ဘဝ တစ်ခုမှာ ကျင်လည်နေပါတော့တယ်။ တစ်ရက် သူ့ဆီလာပြတဲ့ လူနာတစ်ယောက်က ဒေါက်တာ့ကို ပြန်ပေးဆွဲသွားပြီး လူမသိသူမသိတဲ့ တောထဲက အိမ်တစ်အိမ်ကို ခေါ်သွား ပါတော့တယ်။အဲ့ဒီလူနာက ဘယ်သူလဲ.....ဒေါက်တာ စရတ်ကို ဘာကြောင့်ဖမ်းခေါ်သွားတာလဲ....... ဒီဇာတ်ကားကတော့ Psychology နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေ ကြိုက်နှစ်သက် မယ်လို့ မျှော်လင့်ပါတယ်။ Season 1မှာ အပိုင်း ၁၀ ပိုင်းပါဝင်ပြီး တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်။)File Size.............(400 MB) / (800 ...
7.231
TMDb: 7.231/10 13 votes
tv

The Patient (2022)

2022
WATCHER (2019) 7.2
WATCHER (2019) WATCHER (2019)ဇာတ်လမ်းတွဲအညွှန်း*********************************အပိုင်း (၁ မှ ၁၆ ) ထိ စ/ဆုံးဒီဇာတ်လမ်းတွဲဟာHan Seok Kyu  နဲ့ Kim Hyun Joo တို့လို့ဝါရင့်သဘာရင့် သရုပ်ဆောင်တွေအဓိက ပါဝင်ထားသလို အခြားနာမည်ကြီး ဗီလိန်casts တွေလည်းပါဝင်ပါတယ်.. တခြားစုံထောက်စီးရီးနဲ့ ကွဲပြားနေတာကတော့ဌာနတွင်းအကျင့်ပျက်ခြစားပြီး အချင်းချင်းဂုတ်သွေးစုတ် အကျင့်ယုတ်နေတဲ့သူတွေကိုဖော်ထုတ်တဲ့အဖွဲ့အစည်းအကြောင်းကိုအဓိကထားရိုက်ပြထားတာပါ..ရဲဌာနတွင်းက ရာထူးကြီးတွေ အတွေ့အကြုံရင့်သူတွေဆိုတော့အကြောင်းအရာတော်တော်များများက စုံစမ်းဖို့မလွယ်ဘဲကွက်ပျောက်နေတတ်ပါတယ်.. ဒါ့အပြင် plot twist ပေါင်းများစွာပါဝင်တဲ့အတွက်အစ မှ အဆုံးထိ စိတ်ဝင်စားဖို့ကောင်းတဲ့စီးရီးတစ်ခုလည်းဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ အမှုတစ်ခုကြောင့်ထောင်ကျသွားတဲ့စီနီယာစုံထောက်ကြီးမှာ သားတစ်ယောက်ရှိပါတယ်..သူ့သားက ဒီအဖြစ်အပျက်တွေနောက်မှာ အလွဲပေါင်းများစွာရှိနေတယ်လို့ ယုံကြည်ပြီး ရဲဌာနတွင်း စုံထောက်အဖြစ်ဝင်ရောက်လုပ်ကိုင်ပြီးဖော်ထုတ်တာပဲဖြစ်ပါတယ်..ဉာဏ်ကစားကြပြီး လူပေါ်လူဇော်တွေချည်းနေတဲ့ဒီလောကကြီးထဲမှာအမှုမှန်ပေါ်ပေါက်မလားဆိုတာကိုတော့...   Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Thriller, Mystery, Drama, PoliticalTranslated by  Hnin Wai Oo, Miri, Tiff,  Windi  & Phyu Phyu TheinEncoded by  Phyo ...
7.2
TMDb: 7.2/10 8 votes
tv

WATCHER (2019)

2019
Blind (2022) 7.8
Blind (2022) Blind (2022) ===========CM Fan တွေအတွက် နောက်ထပ် ရင်ခုန်စိတ်လှုပ်ရှားရမယ့် Thriller ပုံစံကားသစ်လေး ထပ်မံတင်ဆက် ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ 2PM က Taec Yeon မင်းသားကြီး Ha Seok Jin နဲ့ Jung Eung Ji တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ------------------------------ ရူဆောင်းဂျွန်းက အလုပ်မှာ စိတ်အားထက်သန်မှုအပြည်ရှိတဲ့ စုံထောက် တစ်ယောက်ပါ။ အမြဲတမ်း လူဆိုးဖမ်းဖို့ တာစူနေတဲ့လူတစ်ယောက်ဖြစ်ပြီး သူဆုံးဖြတ်ချက်ချထားတဲ့အတိုင်း လူဆိုးဖမ်းဖို့ပဲ အမြဲကြိုးစားနေတာကြောင့် သူ့ရဲ့ဖမ်းဆီးမှုနှုန်းက အမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။သူ့အစ်ကိုရူဆောင်းဟွန်းကတော့ ဉာဏ်အရမ်းကောင်းပြီး အရည်အချင်း ပြည့်ဝသူတစ်ယောက်ဖြစ်တယ်။ ဥပဒေစာမေးပွဲကို အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့ပြီး ထိပ်တန်း ဥပဒေကျောင်းကနေဘွဲ့ရခဲ့တယ်။ တရားမျှတမှု ရှိစေရေးအတွက် လုပ်ကိုင်နေတဲ့ ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဂျိုအွန်းဂီကတော့ လူမှုဝန်ထမ်းတစ်ယောက်ပါ။ ကြင်နာတတ်တဲ့နှလုံးသားနဲ့ မျှတမှုရှိတဲ့ စိတ်ဓာတ်ကိုပိုင်ဆိုင်ထားသူလေးတစ်ယောက်ပါ။ အမြဲတမ်း အခြားလူတွေကို ဦးစားပေးတတ်တယ်။ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို သေချာစောင့်ရှောက်ပေးဖို့လည်း အမြဲကြိုးနေသူပါ။ရူဆောင်းဂျွန်း၊ ရူဆောင်းဟွန်း နဲ့ ဂျိုအွန်းဂီတို့က ကွင်းဆက်လူသတ်မှုတစ်ခုမှာ ဂျူရီအဖွဲ့ဝင်တွေအဖြစ် ပါဝင်သွားခဲ့တယ်။ ဒီ ၃ယောက်က သေဆုံးမှုတွေရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်ကြမှာပါ။ အမှုမှန်ပေါ်လာဖို့အတွက် သူတို့တွေ ဘယ်လိုစုံစမ်းကြမလဲဆိုတာကို ...
7.8
TMDb: 7.8/10 2300 votes
tv

Blind (2022)

2022
The Devils Hour(Season1) 2022
The Devils Hour(Season1) 2022 ဒီ တစ်ခါတော့ ပရိသတ်ကြီးကို ဒီဂျာဗူး အကြောင်းလေးကို ပုံစံမတူဘဲနဲ့ ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲ လေးကို တင်ဆက်ပေးလိုက်ပါတယ် ကျွန်တော်တို့တွေဟာ ညဘက်အိပ်ရင် အိပ်မက်ကောင်းကောင်းလေး မက်တာတို့ အိပ်မောကျကျအိပ်ရတာတို့ကို ကြိုက်ကြတာပါ အဲဒီလိုမှမဟုတ်ဘဲ အိပ်မက် ကလည်းဆိုးသေး ပြီးတော့ နေတိုင်း ညည့်နက်သန်းခေါင်ကြီး အချိန်အတိအကျ နိုးနေရပြီဆိုရင်တော့ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ပါပဲ အဲဒါတင်မကသေးဘဲ အိမ်မှာ နှစ်ယောက်တည်းနေတဲ့အချိန်မှာမှ တခြားတစ်ယောက်က ညဘက် ကိုယ် အိပ်မက်ဆိုးမက်ပြီး လန့်နိုးမဲ့အချိန် အိမ်ထဲမှာပတ်သွားနေတယ် ဆိုရင်တော့ စိတ်ရောဂါပါ ရသွားနိုင်လောက်အောင်ပါပဲ ဒီကားထဲမှာတော့ လူစီဆိုတဲ့ အမျိုးသမီးက အိပ်မက်ဆိုးတွေ မက်ရင်း ညတိုင်း ၃နာရီ ၃၃မိနစ်မှာနိုး နိုးနေတတ်တဲ့ ဝေဒနာကိုခံစားနေရတာပါ အဲဒီလိုပဲ သူနဲ့ နှစ်ယောက်တည်းအတူတူနေတဲ့ သူ့သားလေးက လည်း တခါတခါ အဲဒီလိုအချိန်တွေမှာ အိပ်နေရာကနေ အိပ်ရင်းလမ်းလျှောက်တာ မဟုတ်ဘဲ အိမ်ထဲပတ်ပတ်သွားနေတတ်တဲ့ ...

The Devils Hour(Season1) 2022

Midnight Horror: Six Nights (2022) 1
Midnight Horror: Six Nights (2022) Midnight Horror : 6 NightsHorror မှ Horror ဆိုတဲ့သူတွေအတွက် ပူပူနွေးနွေး ကိုရီးယား Horror Series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်Horror ဆိုပေမဲ့ သရဲကားသက်သက်ချည်း မဟုတ်တဲ့အပြင် အပိုင်းလေးတွေကလည်း တိုတိုလေးတွေမို့ ကြည့်ရတာတန်ပြီး လုံးဝပျင်းရိနေစေမှာ မဟုတ်ပါဘူးMidnight Horror 6 Nights ဆိုတဲ့ နာမည်အတိုင်းပဲ ကျောချမ်းစရာကောင်းလှတဲ့ ၆ ညတာအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပြီးတစ်ပိုင်းချင်းစီမှာ သရဲခြောက်တာ၊ ကျိန်စာတိုက်တာ စတဲ့ မတူညီတဲ့ Horror Plots တွေကို စိတ်ဝင်စားစရာကောင်းအောင် ထည့်သွင်းပုံဖော်ပြထားတာမို့ Series တစ်ခုတည်းမှာ Horror အမျိုးအစားအစုံကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်Casts တွေအနေနဲ့လည်း Cafe Minamdang ထဲက Kwang Mina နဲ့ Jung Da-Eun, Sh**ting Stars ထဲက Kwon Han Sol တို့လို အလှလေးတွေ အများကြီးပါဝင်ထားတာဖြစ်လို့ အခုပဲ ရှုစားလိုက်ကြပါဦးအညွှန်းကိုတော့ Hmwe ...
1
TMDb: 1/10 1 votes
tv

Midnight Horror: Six Nights (2022)

2022
Vampire Academy (2022) 7.6
Vampire Academy (2022) အခုတင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးကတော့ Vampire Academy လို့ ခေါပြီး နာမည်တူရောင်းအားအကောင်းဆုံးစာအုပ်ကို အခြေခံထားတဲ့ဇာတ်လမ်းတွဲဖြစ်ကာ ၂၀၁၄မှာတုန်းက ရုပ်ရှင်အဖြစ် အသက်သွင်းခံခဲ့ရဖူးပါတယ်။သွေးစုပ်ဖုတ်ကောင်လို့ဆိုလိုက်ရင် Vampire ကို ပြေးမြင်တဲ့ ကိုယ်တွေအတွက် Vampsတွေရဲ့လောကက ဒီထက်ပိုပြီး နက်နဲကျယ်ပြန်ပါသတဲ့။ ဒီဇာတ်လမ်းထဲမှာဆိုရင် မိုရိုအိ၊ ဒမ်ပီယာ၊ စထရစ်ဂိုအစ် ဆိုပြီး အမျိုးအစား ခွဲခြားထားပါတယ်။ မိုရိုအိ တွေက မျိုးသန့်ရိုးသန့်သွေးသောက်သုံးသူတွေပါ။ သိပ်စူးရှတဲ့နေရောင်ကိုတော့ မခံနိုင်ကြပေမဲ့ လူတွေလိုနေထိုင်ပြီး လူသက်တမ်းလောက်နေပြီးရင် လူလို သေကြပါတယ်။ ထူးခြားချက်က ကိုယ်ပိုင်အစွမ်းတွေ ပိုင်ဆိုင်ကြတာပါ။သူတို့က တစ်ထီးတစ်နန်းနဲ့ တစ်ပြည်ထောင် နေထိုင်ကြပါတယ်။ ဒမ်ပီယာတွေကတော့ လူတစ်ပိုင်း သွေးစုပ်သူတစ်ပိုင်း သွေးနှောအမျိုးအစားဖြစ်ပြီး သူတို့က မိုရိုအိတွေကို ကာကွယ်ကြတဲ့ စောင့်ရှောက်သူ တွေပါ။ စထရစ်ဂိုအစ်တွေကတော့ သွေးစုပ်သူက သွေးစုပ်တာခံလိုက်ရပြီးနောက် အသက်ဆက်ရှင်သန်ဖို့ ‌ လူသွေးသောက်ရတဲ့ အနိမ့်ဆုံးအဆင့်အတန်း သွေးစုပ်ဖုတ်ကောင်တွေဖြစ်ကာ ကျန် ဗင်ပိုင်းယားနှစ်မျိုးနဲ့လည်း ရန်သူတွေဖြစ်ပါတယ်။လစ်ဆာ ဟာ တော်ဝင်မျိုးနွယ် မိုရိုအိ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ရို့စ်ဟာ သွေးနှောဒမ်ပီယာတစ်ယောက်ပါ။ ရို့စ်ဟာ လစ်ဆာနဲ့လည်း စိတ်ချင်းဆက်သွယ်မှုရှိနေပြီး သူက လစ်ဆာရဲ့ စောင့်ရှောက်သူတစ်ဦးဖြစ်လာဖို့ ကြိုးစားနေတဲ့သူပါ။ ကနဦးမှာ လစ်ဆာဟာ မိသားစုရဲ့ သမီးဦးမဟုတ်တဲ့အတွက် ...
7.6
TMDb: 7.6/10 10 votes
tv

Vampire Academy (2022)

2022
Save Me (2019) Season 2 8.2
Save Me (2019) Season 2 Save Me (2019) Season 2 **************************** အပိုင်း   (  ၁  မှ  ၁၆   ) အထိ စ/ဆုံး Save Me S1 တင်ဆက်ပေးအပြီးမှာတော့ CM ဖန်တွေအတွက်ဆက်လက်ပြီး Save Me S2ကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ S2 ဆိုပေမယ့် ဘာသာရေးအယူသီးမှုအကြောင်းအခြေခံထားတာကလွဲရင် ဇာတ်လမ်းရော၊ ဇာတ်ကောင်တွေရောမတူညီကြတာမို့ S2 ကနေပဲ စကြည့်လို့လည်းရပါတယ်။ဇာတ်လမ်းအကျဥ်းဂင်မင်ချောဟာ အထက်တန်းကျောင်းတုန်းက အလားအလာရှိတဲ့ဂျူဒိုအားကစားသမားဖြစ်ခဲ့ပေမယ့် တရားမျှတတဲ့စိတ်ပြင်းထန်တာကြောင့် ထောင်ထဲကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့သူပါ။ တစ်နေ့ သူ့ဇာတိမြို့လေးဖြစ်တဲ့ ဝေါ်လ်ချူးရီဟာဆည်သစ်တည်ဆောက်ဖို့အတွက် ရေနစ်မြှုပ်မယ့်ဒေသအဖြစ်ရွေးချယ်ခံရပြီး လျော်ကြေးရမယ့်အကြောင်းကြားခဲ့ပါတယ်။သူ့ဇာတိမြို့ငယ်ဆီပြန်ရောက်တော့ သူစိမ်းတွေရောက်နေတာတွေ့ပြီးတစ်ခုခုထူးဆန်းနေတာကို ခံစားလိုက်ရပါတယ်။ဂင်ယုံဆွန်းကတော့ ဂင်မင်ချောရဲ့ညီမဖြစ်ပြီး သူနာပြုအတတ်ပညာကိုလေ့လာနေသူပါ။ ပြဿနာအိုးအစ်ကိုဖြစ်သူကြောင့် မြို့လေးကနေအမြန်ဆုံးထွက်သွားဖို့စီစဥ်နေသူလေးပေါ့။ အဲလိုယုံဆွန်းဆီကိုသင်းအုပ်ဆရာတစ်ယောက်က ချဥ်းကပ်လာခဲ့ပါတယ်။ချွဲဂယောင်ဆော့ကတော့ ဝေါ်လ်ချူးရီကို အကြံအစည်ဖုံးကွယ်ပြီးအပြုံးမျက်နှာနဲ့ရောက်လာတဲ့ တရားခံပြေးလူလိမ်ဖြစ်ပါတယ်။ဘာသာရေးကိုအသုံးချပြီး မြို့သားတွေရဲ့ယုံကြည်မှုကိုရအောင်ယူကာနောက်ကွယ်မှာ ငွေတွေလိမ်ပြေးဖို့ကြံနေသူပါ။သူ့အကြံအစည်တွေကို ဂင်မင်ချောတစ်ယောက် မတော်တဆသိရှိသွားပြီး ညီမဖြစ်သူနဲ့ဇာတိမြို့ဆီကျရောက်လာမယ့်အန္တရာယ်ကိုကာကွယ်နိုင်ပါ့မလား....မြို့သူမြို့သားတွေကရော ဂင်မင်ချောလိုထောင်ထွက်လူမိုက်ရဲ့စကားကို ယုံကြည်ကြပါ့မလားဆိုတာကတော့...ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်~~ Episodes : 16File Size  ...
8.2
TMDb: 8.2/10 29 votes
tv

Save Me (2019) Season 2

2019
Goodbye, My Love (2020) 10
Goodbye, My Love (2020) “ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးတစ်ခုလားဒါမှမဟုတ် ပြီးပြည့်စုံတဲ့ လှည့်စားမှုတစ်ခုလား?”❐ အကြီးတန်း အဆင့်မြင့် ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီးလှပတဲ့ကမ်းခြေ မြိုလေး တစ်မြိုမှာဘဝကို အေးချမ်းစွာဖြတ်သန်းနေထိုင်သူ - ကျန်းရိ /ခင်ပွန်းဖြစ်သူ ကျန်းရှင်းဟာလဲ မိသားစုကိုလုံလုံလောက်လောက်ထောက်ပံ့နိုင်ဖိုအတွက်သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းအသစ်တစ်ခုကိုစတင်ခဲ့ပါတယ် ကျန်းရိဟာ ခင်ပွန်းဖြစ်သူကို ထောက်ပံ့ဖိုအိမ်အသစ်ကိုလဲ ပေါင်နှံခဲ့ရပါတယ် အဲ့ဒီနောက်မှာတော့ကျန်းရိ ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာအခက်အခဲ ပိတ်ဆိုမှူတွေနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်အလားတူ ကျန်းရှင်းဟာလဲ ရှယ်ယာရှင်တွေရဲ့ လှည့်စားမှုကိုခံစားရပြီးတဲ့နောက်မှာတော့ ဇနီးဖြစ်သူ ကျန်းရိ ရဲ့ကြိုးစားအားထုတ်မှုတွေကို အံ့သြမှင်သတ်သွားခဲ့ရပါတယ်ကျန်းရိဟာ သူ့ရဲ့ ပြဿနာတွေ အားလုံးရှင်းလင်းသွားခဲ့ပြီလိုထင်လိုက်တဲ့အချိန်မှာတော့ ကံကြမ္မာဟာ သူ့အပေါ်ကိုမျက်နှာသာမပေးခဲ့ပြန်ပါဘူး ကျန်းရိရဲ့ သူငယ်ချင်းအသစ်ဖြစ်သူယန်ရန့် ဟာ သူမရဲ့အိမ်ထောင်ရေးကို ဖျက်ဆီးဖိုတမင်ချဥ်းကပ်လာခဲ့ပြန်ပါတော့တယ်ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူတိုဖောက်ပြန်နေတဲ့အကြောင်းတွေ့ရှိလိုက်ရချိန်မှာတော့စိတ်ရော လူပါ ပင်ပန်းနွမ်းနယ်ပြီးပြိုလဲသွားရှာပါ တော့တယ်ဒါပေမဲ့ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ အားပေးမှုတွေကြောင့်တစ်ဖန်ပြန်လည် သန်မာလာခဲ့ပါတယ်ဒီတော့ အိမ်ထောင်ရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ကျန်းရိဟာ -❐ သူ့ရဲ့ ပြဿနာတွေကို ဘယ်လိုပြန်လည်ဆန်းစစ်မလဲ ?❐ သူကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုရော ...
10
TMDb: 10/10 1 votes
tv

Goodbye, My Love (2020)

2020
11th Hour (2021) 8
11th Hour (2021) 11th hour 2022KGF 1 Baahubali2 တို့မှာ အားလုံးနဲရင်းနှီးနေတဲ့မင်းသမီးချောလေး Tamannaah ပါဝင်ထားပြီး အပိုင်း ၈ပိုင်းပါဝင်တဲ့စီးရီးလေးပဲ ဖြစ်ပါတယ် မူရင်းအနေနဲ့ 8 hours ဆိုတဲ့စာအုပ်ကို အခြေခံပြီး ခံစားသက်ဝင်ရိုက်ကူးခဲ့တာပါ ။၂၀၂၁ ဇန်နဝါရီမှာ ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် နောက်ကျထုတ်လွှင့်ခဲ့ရတဲ့ စီးရီးလေးတစ်ခုဆိုလည်း မမှားပါဘူး ။စီးရီးမှာတော့ အဓိက ဇာတ်ဆောင်အနေနဲ့ ငယ်စဥ်ကတည်းက အမေဖြစ်သူကိုနှိပ်စက်ပြီး မိန်းကလေးဆို အထင်သေးတဲ့ ဖခင်ဖြစ်သူနဲ့နေခဲ့ရတဲ့ အာရီထရစ်ကာ ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ ဘ၀ဇာတ်ကြောင်းကို ရသစုံလင်စွာနဲ့ crime thriller ပုံစံမျိုး ရိုက်ကူးပုံဖော်ထားတာပါ' ဦးတည်ချက် မှန်မှန် ခြေလှမ်းတွေ လှမ်းလိုက်ပေမယ့်လည်း ပြဿနာတွေဆီ ရောက်သွားတတ်တယ် ။ အဲဒီပြဿနာတွေကို နောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ ရှေ့ဆက်လှမ်းပြီး ဖြေရှင်းမှ အောင်မြင်မှု ရလိမ့်မယ် ' ဆိုတဲ့ အာရီထရစ်ကာရဲ့ ရဲရင့်တဲ့ ခံယူချက် ....ဒီလိုခံယူချက်တွေနဲ့ အမျိုးသမီးတစ်ဦးက ငယ်စဉ်ကတည်းကယောက်ျားလေးဖြစ်တဲ့ မောင်ဖြစ်သူကိုသာ ဦးစားပေးတဲ့ ဖခင်နဲ့ ကြီးပြင်းလာရပြီး ကံကြမ္မာအလှည့်အပြောင်းကြောင့် ...
8
TMDb: 8/10 1 votes
tv

11th Hour (2021)

2021
Recipes for Love and Murder (2022) 7.9
Recipes for Love and Murder (2022) Recipes for Love and Murder (2022) ========================== IMDb Rating - 7.9/10ဒီဇာတ်လမ်းတွဲလေးက စာရေးဆရာမ Sally Andrew ရဲ့ ရောင်းအား အကောင်းဆုံးဖြစ်တဲ့ "Tannie Maria" ဆိုတဲ့စာအုပ်တွေကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ တောင်အာဖရိကရဲ့ ကာရူးဆိုတဲ့ ဒေသတစ်ခုက သတင်းစာတိုက်ရဲ့ အကြံပေးကဏ္ဍက ပုဂ္ဂိုလ် တန်နီမာရီယာ နဲ့ ဂျာနယ်လစ်ဖြစ်သူ ဂျက်ဆီ တို့ လူသတ်မှုအကြောင်း စုံစမ်းကြတဲ့ ဇာတ်လမ်းလေးပါ။တန်နီမာရီယာက အိမ်ရှင်မတွေအတွက် ဟင်းချက်နည်းတွေ ပို့ချပေးပြီး အလုပ်ကြိုးစားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာ သူ့ဆီကိုပရိတ်သတ်တစ်ယောက်ဆီက စာတစ်စောင်ရောက်လာပါတယ်။ အဲ့စာက ယောင်္ကျားဖြစ်သူက နှိပ်စက်‌လို့ဆိုပြီး အကူအညီတောင်းထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စာတစ်စောင်ပါ။ သူကလည်း အကြံဉာဏ်တွေ ပေးပေမယ့်လည်း သူမက ဘယ်လိုကြောင့်မှန်းမသိ အသတ်ခံလိုက်ရပါတယ်။ အဲ့အချိန်ကစပြီး မာရီယာနဲ့ ဂျက်ဆီ တို့နှစ်ယောက် လူ‌သတ်မှုတွေလိုက်စုံစမ်းတဲ့ အကြောင်းကို ဟာသဆန်ဆန်နဲ့ ဒီ မှုခင်း ဇာတ်လမ်းတွဲမှာ ကြည့်ရမှာဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naingမှရေးသားပေးပြီ၊ ဘာသာပြန် ...
7.9
TMDb: 7.9/10 1700 votes
tv

Recipes for Love and Murder (2022)

2022
Retribution ( Sarb Sorn Ruk) (2022) 7.2
Retribution ( Sarb Sorn Ruk) (2022) Retribution ( Sarb Sorn Ruk) (2022)ဆန်း အဖြစ် Krating Khunnarong နူနင် အဖြစ် Nychaa Nuttanicha ဟုန် အဖြစ် Mai Charoenpuraဇာတ်လမ်းအကျဉ်းယင်ဒီဖုန်ပရီချာမျိုးရိုးမိသားစုမှာ ကျိန်စာတစ်ခုရှိခဲ့တယ်လို့ ပြောကြတယ်အဲဒီကျိန်စာကတော့ မိသားစုက မိန်းမသားတွေသာ ကျန်ရစ်ပြီး ယောကျ်ားသားတွေ ဆုံးရှုံးဖို့ပါပဲလက်ရှိသူဌေးကြီးခွန်ဖထူရဲ့ ဇနီးဖြစ်သူ ဟုန်က ကလေးမရနိုင်လို့ နူနင်ဆိုတဲ့ ကလေးမလေးကို မွေးစားထားခဲ့ပါတယ်ငယ်ငယ်လေးကတည်းက နူနင်ဟာ ကားဒရိုင်ဘာရဲ့သားဖြစ်သူ ဆန်းနဲ့ခင်မင်နေခဲ့ပြီး အရွယ်ရောက်လာတော့လည်း စိတ်ယိုင်နေခဲ့ပါတယ်ဒါကိုသတိထားမိနေတဲ့ ဟုန်က သမီးနူနင်ကို ဆန်းနဲ့ဝေးဝေးထားခဲ့တယ်ဒီလိုနဲ့ တစ်ရက် ခွန်ဖထူ ထူးဆန်းစွာဆုံးပါးသွားပြီး အမွေခွဲဖို့ အချိန်ရောက်လာခဲ့ပါတယ်ဟုန် ၊နူနင်နဲ့ ခွန်ဖထူရဲ့မောင်နှမတွေ အတိအကျခွဲယူရမှာဖြစ်ပေမဲ့ ခွန်ဖထူရဲ့သေတမ်းစာရှိနေခဲ့ပြီး သေတမ်းစာအရ ဆန်းဟာ ခွန်ဖထူမယားငယ်က မွေးတဲ့သွေးသားရင်း ဖြစ်နေတဲ့အခါ…ခွန်ဖထူဆုံးပါးရတဲ့အကြောင်းရင်းနောက်ကွယ်က ဇနီးဖြစ်သူ ဟုန်ဖြစ်နေတဲ့အခါ …ဆန်း တစ်ယောက် ဖခင်အတွက် အပြစ်ရှိသူကို ပြန်ပေးဆပ်ခိုင်းနိုင်မှာလားငယ်ကျွမ်းဆွေလေး နူနင်နဲ့ရော ချစ်ခရီးအဆင်ပြေပါ့မလားဆိုတာ ကြည့်ရှုရမှာ ...
7.2
TMDb: 7.2/10 107 votes
tv

Retribution ( Sarb Sorn Ruk) (2022)

2022