Channel Myanmar

Melodrama

Romance in the House (2024)
Romance in the House (2024) Romance in the House (2024)******************************အပိုင်းသစ် (၉) ဒီတစ်ခေါက်မှာတော့ ဝါရင့်မင်းသား မင်းသမီးတွေဖြစ်တဲ့ Ji Jin-hee, Kim Jee-s00,Son Na-eun၊ Choi Min-ho တို့နဲ့ အတူ အခြားဇာတ်ပို့ဇာတ်ရံများစွာပါဝင်ထားတဲ့မိသားစုကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း..Byeon Mu-Jin နဲ့ တို့ Geum Ye-Yeon တို့ဟာ လက်ထပ်ပြီး သားသမီးနှစ်ယောက်ဖွားမြင်ခဲ့ပေမဲ့လက်ထပ်ပြီးနောက် ဘာစီးပွားရေးလုပ်လုပ် မအောင်မြင်တဲ့ ခင်ပွန်းဖြစ်သူ Mu-Jin ကိုYe-Yeon တို့ သားအမိတွေဟာ စိတ်ပျက်ပြီး စွန့်ပစ်ခဲ့ကြပါတယ်။ဒီလိုနဲ့ ၁၁နှစ်အကြာ သားသမီးတွေကလည်း အရွယ်ရောက်လာပြီး သမီးအကြီးဖြစ်သူကတော့Shopping Mall တစ်ခုရဲ့ MD အဖြစ်နဲ့လုပ်ကိုင်ကာ မိသားစုရဲ့ စားဝတ်နေရေးကို ရှေ့ကနေ ဦးဆောင်ပြီးမိခင်ဖြစ်သူ မှီခိုအားထားနိုင်ဖို့အတွက် ကြိုးစားနေတဲ့သူဖြစ်လာသလောက် သားဖြစ်သူကတော့အဖေတူသားပီပီ အခုထိကို မိသားစုအတွက် ပြဿနာတွေ ရှာကောင်းဆဲပါ။အဲဒီလိုနဲ့ တစ်နေ့မှာတော့ Mu-Jin ဟာ အေးချမ်းနေတဲ့ Ye-Yeon တို့သားအမိတွေရှေ့ကို ...

Romance in the House (2024)

2024
DNA Lover (2024)
DNA Lover (2024) DNA Lover (2024)******************အပိုင်းသစ် (၇) "ကိုယ်နဲ့ ပြီးပြည့်စုံစွာလိုက်ဖက်ညီတဲ့ လက်တွဲဖော်ကို DNA Lover လို့ခေါ်တယ်တဲ့"ရှင်းယွန်းဝူဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ထားတဲ့ ဆရာဝန်တစ်‌ယောက်ဖြစ်ပြီးဥစ္စာပေါ ရုပ်ချော မိန်းမပျိုလေးတွေရဲ့အသည်းကို လှုပ်ခက်စေရာမှာ ဆရာကျပြီးရည်းစားပေါင်းများစွာလည်းထားဖူးခဲ့ပေမဲ့လည်း ဘယ်တော့မှ မမြဲတဲ့သူပါ။တစ်ဖက်မှာလည်း ဟန်ဆိုဂျင်ဟာ မျိုးရိုးဗီဇစင်တာတစ်ခုမှာ သုတေသီအဖြစ်လုပ်ကိုင်နေပြီး မိမိနှင့် DNA အရလိုက်ဖက်ညီမဲ့ လက်တွဲဖော်ကိုရှာဖွေနေတဲ့သူလေးပါ။စတွေ့ထဲက အလွဲလေးတွေနဲ့ပဲစတင်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ကံကြမ္မာလှို့ဝှက်ချက်ကိုDNA စစ်ဆေးချက်တွေနှင့်တကွ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို ကြည့်ရူခံစားရမဲ့အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး Super Junior မှ Choi Si-won၊ Waikiki မှJung In-sun အပြင် Lee Tae-hwanနှင့် Jung Eugene တို့ကိုပါ တွေ့မြင်ရမှာမို့ပေါ့ပေါ့ပါးပါး ရယ်ချင်တဲ့သူတွေအတွက် ကားကောင်းဆန်းဆန်းလေးဖြစ်မှာအသေအချာပဲမလို့ စောင့်ကြည့်လိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ KhinNi မှ ရေးသား‌ထားပါတယ်။) Aired: Aug 17, 2024 - ? Aired On: Saturday, Sunday Genres: Comedy, Romance, Melodrama Episodes: 16 Original ...

DNA Lover (2024)

2024
Scandal (2024)
Scandal (2024) Scandal (2024)***************အပိုင်းသစ် (၅၀)ပူရလောင်ရတဲ့ ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် လက်စားချေရင်း မြိုင်မြိုင်ဆိုင်ဆိုင် ပူလောင်ရမဲ့ ဇာတ်ကားလေး လာပါပြီ။ ဒီဇာတ်ကားမှာတော့ ကေဒရာမာ ပရိသတ်ကြီးတို့ သိကြတဲ့ မင်းသမီး Han Chae-Young၊ Han Bo-Reum နဲ့ မင်းသား Choi Woong တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ - မွန်း​ဂျောင်အင် (Han Chae-Young) ဆိုတဲ့အမျိုးသမီးက အရမ်းရည်မှန်းချက်ကြီးသလို အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်နိုင်တဲ့သူဖြစ်တဲ့အလျောက် ငွေမျက်နှာတစ်ခုတည်းနဲ့ ဆရာဝန်ဘဲ့ဒုံဟိုကို လက်ထပ်ကာ ဘဲ့ဒုံဟိုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး သူ့ကို ရက်စက်စွာ ထားပစ်ခဲ့သူပါ။ အဲဒီနောက် မွန်း​ဂျောင်အင်က ဒရာမာတွေကို ရိုက်ကူးထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ သူဌေးတစ်ယောက်ဖြစ်လာပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘဲ့ဒုံဟို မှာကလည်း သူ့ရဲ့ အရင်အိမ်ထောင်နဲ့ရတဲ့ ဘဲ့​ဆောအာ (Han Bo-Reum) ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမဲ့ မွန်း​ဂျောင်အင်ကြောင့် သူမက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရသူပါ။ ဘဲ့​ဆောအာက မိဘမဲ့ဂေဟာမှာ သူနဲ့အတူတူ ကြီးပြင်းလာခဲ့တဲ့ ​ ဆောဂျင်ဟို (Choi Woong)ဆိုတဲ့ ကောင်လေးနဲ့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်ဖို့အထိ စီစဉ်ခဲ့‌ကြပေမဲ့ မင်းသားဖြစ်ချင်တဲ့ ...

Scandal (2024)

2024
Pachinko Season 2 (2024) 7.9
Pachinko Season 2 (2024) Pachinko Season 2 (2024)**************************အပိုင်းသစ် (၃) Season 1 မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး အော်စကာဆုကြီးအပြင် ဆုပေါင်းများစွာရရှိခဲ့တဲ့ ဒီဇာတ်လမ်းလေးက ဒီနေ့မှာတော့ Season 2 ထွက်ရှိလာပါပြီ။ဒုတိယကမ္ဘာစစ်ကာလကို နောက်ခံယူထားတဲ့ ဒီကားမှာတော့ စစ်ဘေးကြောင့် အသက်အိုးအိမ်ဆုံးရှုံးရပြီး ကိုရီးယားကနေ ဂျပန်ကို ပြောင်းရွှေ့နေထိုင်ကြတဲ့ စစ်ဘေးရှောင်မိသားစုတွေထဲကမှ မိသားစုတစ်စုရဲ့  ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ မျှော်လင့်ချက်တွေကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။Season 1 မှာတော့ 1940 ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ဂျပန်နိုင်ငံထဲမှာ Sun Ja ရဲ့ မိသားစုတွေ အသက်ရှင်ဖို့ ကြိုးစားတာကို ကြည့်ရှုခဲ့ရပြီးတော့ ယခု Season 2 မှာတော့ 1989 ခုနှစ် အချိန်ကာလကို နောက်ခံထားပြီး အလုပ်ဆုံးရှုံးသွားတဲ့ Sun Ja ရဲ့ မြေးဖြစ်သူ Solomon တစ်ယောက် တိုကျိုမြို့မှာ အစစအရာရာကို အသစ်တဖန်ပြန်စဖို့ ကြိုးစားနေပြီး မိသားစုကို အမြဲစိတ်ပူပြီး ကာကွယ်ပေးတတ်တဲ့ အဘွားဖြစ်သူတစ်ယောက် မြေးကိုလိုက်ကာကွယ်ပေးရင်းနဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေထဲ ဘယ်လိုတွေပါဝင်ပတ်သတ်မိမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ်။Season 2 မှာလည်းပဲ မူရင်း cast တွေဖြစ်ကြတဲ့ Lee Min Ho, ...
7.9
TMDb: 7.9/10 169 votes
tv

Pachinko Season 2 (2024)

2022
Beauty and Mr. Romantic (2024)
Beauty and Mr. Romantic (2024) Beauty and Mr.Romantic (2024) *******************************အပိုင်းသစ် (44)ဒီဇာတ်လမ်းကတော့ Family Drama/Romance အမျိုးအစားဖြစ်ပြီးတော့....သရုပ်ဆောင်တွေအနေနဲ့ My ID is Gangnam Beauty ထဲက အလှလေး Lim SooHyang နဲ့....Young Lady and Gentleman ထဲက ဦးလေးကြီး Ji HyunWoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအညွှန်း ------------------- Park Dora (Lim SooHyang)က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး....ကိစ္စတစ်ခုကြောင့် သူ့ရဲ့အောင်မြင်မှုတွေရပ်တန့်သွားဖို့ အကြောင်းဖန်လာပါတော့တယ်Go PilSeung (Ji HyunWoo) ကတော့....ဒရမ်မာစီးရီးလေးတွေကို ဖန်တီးပေးနေတဲ့ တက်သစ်စ ဒါရိုက်တာလေးတစ်ယောက်ပါဒီလိုနဲ့ နှစ်ယောက်သားအလုပ်အတူတွဲလုပ်ဖို့ ဖြစ်လာကြပြီးနောက်......ဒါရိုက်တာလေး Go PilSeung က မင်းသမီးလေး Park Dora ကို သဘောကျမိသွားရင်းကနေ.....ထိပ်တန်း A-list မင်းသမီးတစ်ယောက်အဖြစ် ဘယ်လိုပြန်ဆွဲတင်ပေးသွားမလဲဆိုတာကို....ဟာသနှောပြီး ရင်ခုန်စွာနဲ့ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းတွဲအညွှန်းကိုတော့ Hsu Pyae Pyae Aung ...

Beauty and Mr. Romantic (2024)

2024
Queen Woo (2024)
Queen Woo (2024) Queen Woo (2024) ******************အပိုင်းသစ် 1 to 4CMပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့...Queen Woo ဇာတ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီဒီဇာတ်လမ်းမှာတော့ မင်းသမီး Jeon Jong-seo က....ဂိုဂူလျောနိုင်ငံရဲ့ ဧကရီတစ်ပါး(အူဟီး)အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး....ယောရောဘွန်းတို့ရဲ့ အချစ်ဦး Lee Soo-hyuk အိုပါးနဲ့ Ji Chang-wookအိုပါးတို့က...အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်နန်းတွင်းဇာတ်လမ်းကောင်းကြိုက်နှစ်သက်သူတွေ...လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါနော် ဇာတ်လမ်းအကျဉ်း -----------------ဂိုဂူလျောရဲ့ ဧကရီအူဟီးဟာ ခင်ပွန်းဖြစ်သူ ဘုရင်ကြီး ရုတ်တရက်ဆုံးပါးသွားတဲ့နောက်မှာ....သူမရဲ့ အသက်နဲ့အာဏာတည်မြဲဖို့အတွက် ဘုရင်ကြီးရဲ့ ညီတော် ၅ယောက်ထဲက မင်းသားတစ်ပါးနဲ့.....၂၄ နာရီအတွင်း ထိမ်းမြားပြီး ထီးနန်းကို ဆက်လက်ထိန်းသိမ်းဖို့ အကြောင်းဖန်လာပါတော့တယ် အူဟီးတစ်ယောက် မျိုးနွယ်စု ၅စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက်မှာတော့.....အင်အားကြီးတဲ့ မျိုးနွယ်စု ၅စုဟာ ထီးနန်းအတွက်....ဘယ်လိုနည်းလမ်းတွေသုံးပြီး အပြိုင်အဆိုင် အားပြိုင်ကြမလဲ...ဘယ်လိုနန်းတွင်းအရှုပ်တော်ပုံတွေပေါ်ပေါက်လာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှူလိုက်ကြပါဦး..... ဇာတ်လမ်းအညွှန်းကို Zuri မှ ရေးသားပေးထားပါတယ် Drama: Queen Woo Genres: Action, Historical, Melodrama, Political Country: South Korea Episodes: 8 Airs: Aug 29, ...

Queen Woo (2024)

2024
Sad Love Story (2005) [Complete] 6.7
Sad Love Story (2005) [Complete] Sad Love Story (2005)***********************အပိုင်း (၁ မှ ၂၀) စ/ဆုံး တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်ကြတဲ့Kim Hee-Sun၊ Kwon Sang Woo၊ Yeon Jeong Hoon၊ကလေးသရုပ်ဆောင် မင်းသား Yoo Seung Ho စတဲ့အဘွားတို့ခေတ်က ဒိတ်ဒိတ်ကြဲ မင်းသားကြီး၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကိုCM ပရိသတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။မိဘမဲ့ဖြစ်ပြီး ကလပ်အဆိုတော် အဒေါ်က စောင့်ရှောက်ထားရတဲ့မျက်မမြင်ကောင်မလေး ဟယ်အင်း၊ အမေရိကန် စစ်သားတွေကိုအရက်ရောင်းတဲ့ ကလပ်ပိုင်ရှင် အမေဖြစ်သူကြောင့် နေ့စဉ်ရက်ဆက်ကျောင်းမှာ တခြားကလေးတွေရဲ့ သရော်ခြင်းကိုခံရပြီးရန်မဖြစ်လာတဲ့နေ့မရှိတဲ့ ဂျွန်ယောင်း။ဖြူစင်တဲ့ကလေးဘဝအရွယ်မှာ တွေ့ဆုံခဲ့ကြတဲ့ သူတို့နှစ်ဦးဟာတစ်ယောက်ပေါ်တစ်ယောက်မှီခိုရင်း ငယ်ချစ်ဦးတွေ ဖြစ်သွားခဲ့ကြတယ်။ဒီလိုနဲ့ကံကြမ္မာအကြောင်း ဖန်လာပြီး ဟယ်အင်းလေးက အမေရိကားကိုရွှေ့ပြောင်းရမဲ့အချိန် ရောက်လာတဲ့အခါ ငယ်ချစ်ဦးရေစက်ဟာလည်းပြတ်တောက်ရတော့မလို ဖြစ်သွားတော့တယ်။အမေရိကားရောက်သွားတဲ့ ဟယ်အင်းဟာ မျက်စိခွဲစိတ်မှုကို ခံယူပြီးလူသစ်စိတ်သစ် ပြောင်းလဲသွားရင်း ဂျွန်ယောင်းရဲ့သူငယ်ချင်းတစ်ဖြစ်လဲသူဌေးသား ဂွန်းဝူနဲ့ တွေ့ဆုံဖို့ ဖြစ်လာတယ်။ငယ်ချစ်ဦးကို မမြင်ဖူးခဲ့တဲ့ ...
6.7
TMDb: 6.7/10 59 votes
tv

Sad Love Story (2005) [Complete]

2005
Red Swan (2024)
Red Swan (2024) Red Swan (2024) *************** အပိုင်းသစ် (၉+၁၀) ဇာတ်သိမ်းပိုင်းမင်းသားချော Rain နဲ့ "Nothing Uncovered", "18 again"စတဲ့ ဇာတ်ကားကောင်းတွေထဲက မင်းသမီး Kim Ha Neul တို့ ပါဝင်ထားတဲ့ "Red Swan"ဇာတ်လမ်းတွဲကတော့ ထွက်ရှိလာပါပြီဇာတ်လမ်းကတော့ဝန်းဆူ(Kim Ha Neul)ဟာ ထိပ်တန်း ဂေါ့ဖ်ကစားသမားတစ်ယောက်ဖြစ်ပြီးပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ဖို့ အိပ်မက်ရှိသူလည်းဖြစ်ပါတယ်ဒါကြောင့် သူမဟာ ဟွာအင်လုပ်ငန်းစုရဲ့ အမွေဆက်ခံသူနဲ့ လက်ထပ်လိုက်ပြီးဖောင်ဒေးရှင်းတစ်ခုရဲ့ ဥက္ကဌအဖြစ် လုပ်ကိုင်ခဲ့ပါတယ်အဲဒီဖောင်ဒေးရှင်းကနေတစ်ဆင့် ပရဟိတအလုပ်တွေလုပ်ပြီးကမ္ဘာတစ်ဝှမ်း ကျော်ကြားမှုတွေ ရရှိခဲ့ပါတယ်ဒိုယွန်း(Rain)ကတော့ ဝန်းဆူရဲ့ ဘော်ဒီဂတ်အသစ်ဖြစ်ပြီးရဲတက္ကသိုလ်မှ ဘွဲ့ရခဲ့တဲ့ ကိုယ်ခံပညာထူးချွန်သူတစ်ဦးဖြစ်ပါတယ်သူဟာ ဟွာအင်လုပ်ငန်းစုရဲ့ လုံခြုံရေးအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ခဲ့တာပါဒါကြောင့် သူ့ရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲဝန်းဆူက ဟွာအင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် action, romance ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်အညွှန်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်Episodes: 10 Aired: Jul ...

Red Swan (2024)

2024
Find Me in Your Memory (2020) [Complete] 7.8
Find Me in Your Memory (2020) [Complete] Find Me in Your Memory (2020)********************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါ Channel Myanmar က​နေ တင်ဆက်​ပေးမဲ့ ဇာတ်လမ်းတွဲ​လေးက​တော့The Guest ထဲက မင်းသား Kim Dong Wook နဲ့ True Beauty ထဲကမင်းသမီး Moon Ga Young တို့ အဓိကပါ၀င် သရုပ်​ဆောင်ထားတဲ့Find Me in Your Memory ဆိုတဲ့ ဇာတ်လမ်းတွဲ​လေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-အီ​ဂျောင်ဟွန်း (Kim Dong Wook)က သူ့အစီအစဥ်ကို လာ​ရောက်ပါဝင်တဲ့သူ​တွေရဲ့အမှား​တွေ ​ထောက်ပြရတာ ကြိုက်တဲ့ HBN သတင်းဌာနရဲ့ လူ့ဂွစာသတင်း​ကြေညာ​ရေးမှူးတစ်​ယောက်ပဲ ဖြစ်ပါတယ်။​ယောဟာဂျင်း (Moon Ga Young) က​တော့ နာမည်ကြီးသရုပ်​ဆောင်​တစ်​​ဦးဖြစ်ပြီးသူတို့နှစ်​ယောက်ဟာ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ ဆန့်ကျင်ဘက်ဖြစ်​​နေကြတဲ့သူ​တွေပါ။အီ​ဂျောင်ဟွန်းဟာ မှတ်ဉာဏ်လွန်ကဲ​ရောဂါရှိပြီး ဘဝတစ်​လျှောက်ဖြစ်ပျက်သမျှ ကိစ္စ​တွေကို ​မေ့လို့မရ​တဲ့သူဖြစ်သလို ...
7.8
TMDb: 7.8/10 24 votes
tv

Find Me in Your Memory (2020) [Complete]

2020
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်း (၁ မှ ၁၀၄) စ/ဆုံး အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ ...

In Cold Blood (2024)

2024
The Third Marriage (2023) [Complete]
The Third Marriage (2023) [Complete] The Third Marriage (2023)**************************အပိုင်း (၁ မှ ၁၃၂) စ/ဆုံး လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း ...

The Third Marriage (2023) [Complete]

2023
Grudge: The Revolt of Gumiho (2010) 4.5
Grudge: The Revolt of Gumiho (2010) Grudge: The Revolt of Gumiho (2010) ***********************************စ/ဆုံး ဒီတစ်ခါ Channel Myanmar ကနေ တင်ဆက်ပေမဲ့ drama လေးကတော့ supernatural နဲ့ historical movie genre ကြိုက်သူတွေအကြိုက်ဖြစ်နိုင်လောက်မဲ့ ဂျိုဆွန်းခေတ်အခြေတည်ထားတဲ့ Grudge: The Revolt of Gumiho (2010) ကားလေးပဲ ဖြစ်ပါတယ် ဒီကားက မင်မင်တို့ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ကားလေးတစ်ကားပါ ဒီဇာတ်လမ်းထဲမှာ MY DEMON ထဲ အသည်းကျော်လေး YOO JUNG ပေါက်စကိုလည်း မြင်ကြရဦးမှာပါ အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ကတော့ မင်းသမီးကြီး Han Da Gam မင်းသမီးအငယ်လေးနှစ်ယောက်ဖြစ်တဲ့ Kim Yoo Jung, Seo Shin Ae, မင်းသားကြီး Jang Hyun Sung တို့နဲ့အတူ အခြား နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်း _______________ခင်ပွန်းဖြစ်သူ လူသားတစ်ယောက်ရဲ့ ကတိမတည်မှုကြောင့် လူသားတစ်ယောက်ဖြစ်နိုင်မဲ့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရတဲ့ ဂူမီဟိုမလေး ဂူဆန်း(Han Da Gam)နဲ့ ...
4.5
TMDb: 4.5/10 2 votes
tv

Grudge: The Revolt of Gumiho (2010)

2010
Captivating the King(2024)
Captivating the King(2024) Captivating the King(2024)*************************အပိုင်းသစ်(၁၆) ဇာတ်သိမ်းပိုင်းHospital playlist ထဲက မင်းသား Cho Jung-Seokနဲ့ ယဉ်ယဉ်လေးနဲ့ အရမ်းလှတဲ့ မင်းသမီး Shin Se-Kyung ကိုအတူတူ တွေ့မြင်ရမယ့် နန်းတွင်းအရှုတ်တော်ပုံဇာတ်လမ်းတွဲဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်း --------------------Lee In ( Cho Jung-Seok ) ဟာ အစ်ကိုဖြစ်သူ ဘုရင် Lee Sun ရဲ့ ဂရုစိုက်မှုနဲ့ယုံကြည်မှုတွေကိုရရှိထားတဲ့ မင်းသားတစ်ပါးပဲဖြစ်ပါတယ်။ သူ့ရဲ့အစ်ကိုကြီးအပေါ်မှာလည်း သစ္စာစောင့်သိတဲ့ Lee In ဟာQing မင်းဆက်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွားခံရပါတယ်။ညီဖြစ်သူရဲ့ သစ္စာစောင့်သိမှုကိုအထင်အမြင်လွဲသွားတဲ့ ဘုရင်ဟာ Lee In ကို သစ္စာဖောက်တယ်ဆိုပြီးတော့ မုန်းတီးစပြုလာပါခဲ့တယ်။အစ်ကိုဖြစ်သူရဲ့ အထင်အမြင်လွဲမှု‌နဲ့ မုန်းတီးမှုတွေကြောင့် စိတ်ဒဏ်ရာရခဲ့ရတဲ့ မင်းသား Lee In ဟာ အမည်မသိမာကျောက်ကစားသမားတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူ့ဘဝအလှည့်အပြောင်းမျိုးစုံဖြစ်လာဖို့အကြောင်းဖန်လာပါတော့တယ်..ဒီစီးရီးဟာ နိုင်ငံရေး အချစ်ရေး မျိုးစုံဖွဲ့နွဲ့ထားတဲ့အတွက်ကြောင့်ဇာတ်အိမ်ကောင်းကောင်းနန်းတွင်းစီးရီးတွေကိုကြိုက်တဲ့သူတွေအတွက် ကြည့်သင့်ပါကြောင်း...Aired: Jan ...

Captivating the King(2024)

2024
Secret Love(2013) [Complete] 8
Secret Love(2013) [Complete] Secret Love(2013)****************အပိုင်း(၁ မှ ၁၆) ထိ စ/ဆုံးဒီဇာတ်လမ်းတွဲဟာ ဆုတွေအများကြီးရရှိခဲ့သလို Ratingတွေကလည်းအကောင်းဆုံးစာရင်းဝင်ခဲ့ပါတယ်....ရရှိခဲ့သောဆုများTop Excellence Award, Actor - Ji Saung Top Excellence Award,Actress - Hwang Jung-eumBest Supporting Actor - Bae Soo-binBest Supporting Actress - Lee Da-heeNetizen Choice Award - Hwang Jung-eumBest Couple Award - Ji Saung and Hwang Jung-eum Outstanding Modern Drama Awardအမှုစစ်အန်ဒိုဟွန်း ဆိုတဲ့သူဟာ ရည်မှန်းချက်ကြီးသလို တစ်နေ့အားလုံးအထက်မှာရပ်တည်နိုင်ရမယ်လို့ယုံကြည်တဲ့သူဖြစ်တယ်.... ဘယ်လိုပဲရည်မှန်းချက်တွေကြီးမားနေပါစေ လက်ရှိတွဲနေတဲ့ကောင်မလေးကအချိန်ပိုင်းအလုပ်သမားဖြစ်နေတဲ့အပြင် အနာဂတ်ဆိုတာလည်းရေရေရာရာမရှိတော့မိဘတွေကလည်းသဘောမတူကြပါဘူး...တစ်နေတော့အမှုစစ်ဟာ အဆိုးဝါးဆုံးသောအမှုတစ်ခုကိုကျူးလွန်ခဲ့ပါတယ်...သူ့ရဲ့ကားမတော်တဆမှုကြောင့် ကောင်မလေးတစ်ယောက်သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်..ဒီပြဿနာကို ချစ်သူကောင်မလေးဟာ ကာကွယ်ပေးရင်းထောင်ထဲဝင်ခဲ့ပါတယ်..ချစ်သူကို အားလုံးအနစ်နာခံပြီးထောင်ထဲဝင်ခဲ့ပေမဲ့နောက်ဆက်တွဲ ကိစ္စတွေဟာ ထင်ထားသလိုဖြစ်မလာဘဲပြဿနာပေါင်းစုံထပ်ကြုံလာရတဲ့အပြင် ...
8
TMDb: 8/10 24 votes
tv

Secret Love(2013) [Complete]

2013
High Society (2015) [Complete] 7.2
High Society (2015) [Complete] High Society (2015)********************အပိုင်း (၁ မှ ၁၆) စ/ဆုံး Kdrama ပရိသတ်ကြီးအတွက် 2015ခုနှစ်မှာ ထွက်ရှိခဲ့ပြီးU-ee, Sung Joon, Park Hyung Sik နဲ့ Im Ji Yeon တို့ပါဝင်ထားတဲ့ High Society ဆိုတဲ့ ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း...ပိုက်ဆံချမ်းသာတဲ့မိသားစုတစ်ခုရဲ့ အငယ်ဆုံးသမီးဖြစ်တဲ့Jang Yoon Ha ဟာ ဘဝမှန်ကို ဖုံးကွယ်ပြီး ကုန်တိုက်တစ်ခုမှာအချိန်ပိုင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေပါတယ်။သူမကို မိဘအသိုင်းအဝိုင်းကြောင့်မဟုတ်ဘဲအချစ်စစ်နဲ့ ချစ်ပေးနိုင်တဲ့သူမျိုးကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်ချင်ပြီးတော့သူ့မှာ Lee Ji Yiဆိုတဲ့ သာမန်မိသားစုက မွေးဖွားလာတဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်လည်း ရှိပါတယ်။Choi Joon Ki ကတော့ ချမ်းသာတဲ့မိသားစုက မဟုတ်ပေမဲ့ရုပ်ရည်ချောမောကာ ထူးချွန်ထက်မြက်ပြီး လက်ရှိမှာတော့သူငယ်ချင်းဖြစ်သူ Yoon Chang Soo တို့ မိသားစုရဲ့ကုမ္ပဏီမှာလက်ထောက်မန်နေဂျာအဖြစ် လုပ်နေပါတယ်။Joon Ki ကတော့ အချစ်ဆိုတာကို ငွေကြေးချမ်းသာမှုနဲ့ ...
7.2
TMDb: 7.2/10 19 votes
tv

High Society (2015) [Complete]

2015
Temptation (2014) [Complete] 7.8
Temptation (2014) [Complete] Temptation (2014)*******************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါမှာတော့ တစ်ခေတ်တစ်ခါတုန်းက ထိပ်ထိပ်ကြဲတွေဖြစ်တဲ့မင်းသမီးကြီး Choi Ji Wooနဲ့ မင်းသားကြီး Kwon Sang Woo တို့အဓိကပါဝင်ထားတဲ့ အိမ်ထောင်ရေးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း...လုပ်ငန်းကျရှုံးပြီး အကြွေးပိနေတဲ့ ချာဆော့ဟွန်းနဲ့နာဟုန်းဂျူတို့ ဇနီးမောင်နှံနှစ်ယောက် ဟောင်ကောင်မှာထက်မြက်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဖြစ်လည်း အချစ်ရေးရာကိုစိတ်ဝင်စားမှုမရှိတဲ့ ယွန်းဆယ်ယောင်းနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပြီး"ဆော့ဟွန်းရဲ့ အကြွေးတွေအတွက် ဖြေရှင်းပေးမယ်""ဆော့ဟွန်းကို ၃ရက်တာ ဝယ်မယ်" ဆိုတဲ့ ကမ်းလှမ်းမှုလုပ်လာပါတော့တယ်။အဲဒီကမ်းလှမ်းမှုက ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်လိုတွေပြောင်းလဲစေမှာလဲ...ဆယ်ယောင်းနဲ့ ဆော့ဟွန်းတို့ကြားမှာရော အတိတ်က ဘယ်လိုဇာတ်လမ်းတွေ ရှိခဲ့သေးသလဲ...ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Lia Fay မှ ရေးသားထားပါတယ်။) Genres: Romance, Drama, Melodrama Episodes: 20 Aired: Jul 14, 2014 - Sep 16, 2014 Aired On: Monday, Tuesday Original Network: SBS Duration: 60 mins Translated by Lia Fay, ...
7.8
TMDb: 7.8/10 4 votes
tv

Temptation (2014) [Complete]

2014
Bad Guy (2010) [Complete] 6.3
Bad Guy (2010) [Complete] Bad Guy (2010)***************အပိုင်း (၁ မှ ၁၇) စ/ဆုံးBad Guy ဆိုတဲ့ ဒီစီးရီးလေးကတော့ 2010 ခုနှစ်က ထွက်ရှိခဲ့ပြီး Kim Nam Gil, Kim Jae Wook,Han Ga In နဲ့ Jung So Min တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ရှင်းဂန်ဝု(Kim Nam Gil)ကတော့ စတန့်သမားတစ်ယောက်ဖြစ်ပြီး ဟယ်ရှင်းလုပ်ငန်းစုကိုလက်စား​ချေဖို့အတွက် ဟယ်ရှင်းလုပ်ငန်းစုရဲ့ ဒုတိယသမီးဖြစ်တဲ့ ဟုန်းမိုနယ်တင်မကဘဲသူ့အစ်မ ဟုန်းထယ်ရာကိုပါ ဖျားယောင်းပြီး ကစားချင်တိုင်း ကစားနေတဲ့သူပေါ့။လက်စားချေချင်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ သူရဲ့ ဘဝထဲကို မွန်းဂျယ်အင်က ဝင်ရောက်လာတဲ့အခါ...မွန်းဂျယ်အင်က ဟယ်ရှင်းလုပ်ငန်းစုရဲ့ အမွေဆက်ခံသူ ဟုန်းထယ်​ဆောင်းကို သဘောကျနေတဲ့အခါ...သူတို့ ဘယ်လိုတွေ ၅ပွင့်ဆိုင်ကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရအောင်နော်။ Aired: May 26, 2010 - Aug 5, 2010 Aired On: Wednesday, ...
6.3
TMDb: 6.3/10 9 votes
tv

Bad Guy (2010) [Complete]

2010
That Winter, the Wind Blows (2013) [Complete] 7.1
That Winter, the Wind Blows (2013) [Complete] That Winter, the Wind Blows (2013)*********************************အပိုင်း (၁ မှ ၁၆) စ / ဆုံး အိုဆူး(Jo In Sung)ကတော့ ဒုစရိုက်ကို ခုန်မင်ကာဘဝကို ပေါ့ပျက်ပျက်တွေးရင်း ရှင်သန်နေသူတစ်ဦးဖြစ်ပါတယ်။အိုယောင်း(Song Hye Gyo)ကတော့ မျက်မမြင်သူဌေးသမီးလေးဖြစ်ပြီးငယ်စဉ်အခါက ကွဲကွာသွားတဲ့ အစ်ကိုဖြစ်သူကို လိုက်လံရှာဖွေနေတဲ့ ကောင်မလေးပေါ့။တစ်နေ့မှာ‌တော့ အိုဆူးတစ်ယောက် ဒုစရိုက်လောကရဲ့ ထုံးစံအတိုင်းအရှုပ်အထွေးကြားထဲကို ကျရောက်ပြီး ပိုက်ဆံလိုလာပါတော့တယ်။အဲဒီအချိန်မှာပဲ အစ်ကိုဖြစ်သူကို ရှာ‌နေတဲ့ အိုယောင်းနဲ့တွေ့ပြီးအစ်ကိုဖြစ်သူနဲ့ နာမည်တူနေတာကို သိသွားတဲ့ အိုဆူးတစ်ယောက်သူ့အခက်အခဲကို ဖြေရှင်းဖို့အတွက် အိုယောင်းကို အသုံးချဖို့ကြံပါတော့တယ်...။ ကိုယ်စီ ကိုယ်စီ အချစ်ကို မယုံကြည်ကြတဲ့ လူနှစ်ယောက် ဆုံတွေ့ဖို့ ဖြစ်လာပြီးအခက်အခဲတွေကြားကနေ အချစ်စစ်ကို ဘယ်လိုရှာဖွေ့တွေ့ရှိသွားကြမလဲဆိုတာကိုလှလှပပ ဖော်ကျူးထားတဲ့ Melodrama လေးပဲ ဖြစ်ပါတယ်။ Cast ‌တွေကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသား မင်းသမီးတွေဖြစ်ကြတဲ့Jo In Sung၊ Song Hye Gyoနဲ့ ...
7.1
TMDb: 7.1/10 25 votes
tv

That Winter, the Wind Blows (2013) [Complete]

2013
The Beauty Inside (2018) [Complete] 7.991
The Beauty Inside (2018) [Complete] The Beauty Inside (2018)**************************အပိုင်း ( ၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါမှာလည်း CM ပရိသတ်ကြီးတွေအတွက်Lee Min Ki, Seo Hyun Jin, Ahn Jae Hyeon, Lee Da Heeတို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးစီးရီးဟောင်းလေးတစ်ခုကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း...မည်မည်ရရ အကြောင်းအရင်းမသိရဘဲ တစ်လကိုတစ်ခါမျက်နှာနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုရောဂါကို ခံစားနေရတဲ့ထိပ်ထိပ်ကြဲ နာမည်ကြီး သရုပ်ဆောင်မင်းသမီးဟန်ဆယ်ဂယ်ကတော့ ပါပါရာဇီတွေအကြိုက် သားကောင်ဖြစ်သလိုလူတွေပါးစပ်ဖျားမှာလည်း အမြဲ ကောလာဟာလတွေနဲ့ ပြည့်နေတဲ့သူပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ သူ ဘယ်လို ပုံစံပြောင်းသွားပါစေသူ့ကို အမြဲမှတ်မိနေတဲ့ ဆောဒိုဂျယ်ဆိုတဲ့ လေကြောင်းလိုင်းကုမ္ပဏီမှသူဌေးသားလေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။သူတို့နှစ်ယောက် ဘယ်လို အလွဲတွေနဲ့ တွေ့ဆုံပြီးဒိုဂျယ်ကြောင့် ဆယ်ဂယ်ရဲ့ ဘဝမှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာမလဲဆယ်ဂယ်ကရော သူ့ရဲ့ရောဂါကြောင့် ဘယ်လိုတွေ ကြုံတွေ့လာရမလဲဆိုတာကိုရသမျိုးစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။ Aired: Oct 1, 2018 - ...
7.991
TMDb: 7.991/10 57 votes
tv

The Beauty Inside (2018) [Complete]

2018
Missing You (2012) 7.1
Missing You (2012) Missing You (2012)********************အပိုင်း (၁ မှ ၂၁) စ / ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့အတွက် မမချော Yoon Eun Hye , Park Yoo Chunနဲ့Yoo Seung Hoတို့အပြင် Kim So Hyunနဲ့ Yeo Jin Gooတို့ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ နာမည်ကြီး Seriesဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအကျဥ်းလေးကတော့...အီဆူယွန်းဟာ လူသတ်သမားရဲ့သမီးဆိုတဲ့ အကြောင်းပြချက်နဲ့ အပယ်ခံဘဝမှာနေထိုင်လာခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အီဆူယွန်းရဲ့ ဘဝထဲကိုထီးအဝါလေးနဲ့ ဟန်ဂျောင်အူဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်ရှိလာခဲ့ပြီးသံယောဇဉ်တွေခိုင်မာလာတဲ့ သူတို့အကြား မထင်မှတ်ထားတဲ့ ကံကြမ္မာမုန်တိုင်းတစ်ခုဝင်ရောက်လာပြီး ကွဲကွာသွားပါတော့တယ်။ ဟျောင်းဂျွန်းကလည်း တစ်လောကလုံးမှာအီဆူယွန်းကို အတွယ်တာဆုံးဖြစ်ပြီး ကံကြမ္မာဆိုးထဲကျရောက်ခဲ့တဲ့ ဆူယွန်းအတွက်လည်းတစ်ဦးတည်းသော မှီခိုရာ မိသားစုဝင်ဖြစ်လာခဲ့ပါတယ်။ထီးအဝါလေးတွေနဲ့ ကိုယ်စီရဲ့ ငယ်ချစ်ဦးဖြစ်ခဲ့ကြတဲ့ ဂျောင်အူနဲ့ ဆူယွန်းတို့ဘယ်လိုပြန်လည်ဆုံဆည်းကြမလဲ...။သူတို့ နှစ်ယောက်ကို ဝေးကွာစေခဲ့တဲ့ တရားခံကရော ဘယ်သူများလဲ..။‌ဟျောင်းဂျွန်းကရော ဆူယွန်းထင်သလို ...
7.1
TMDb: 7.1/10 16 votes
tv

Missing You (2012)

2012