Channel Myanmar

Horror

Guillermo del Toro’s Cabinet of Curiosities (2022) 8.2
Guillermo del Toro’s Cabinet of Curiosities (2022) Guillermo del Toro's Cabinet of Curiosities (2022) ==================================== IMDb Rating - 8.2/10ဒီစီးရီးကိုတော့ ဒါရိုက်တာ ဂီရယ်မို ဒီတယ်ရိုရဲ့ ပရိသတ်တွေ ဟော်ရာ ကောင်းကောင်းကြိုက်သူတွေ အတော်ကိုမျှော်နေကြတာပါ။ ဂီရယ်မို ဒီတယ်ရို နဲ့ မရင်းနှီးရင်တောင်သူ့ရဲ့ ထူးခြားတဲ့ ကျောချမ်းစရာလက်ရာတွေကို ရင်းနှီးနေကြလောက်ပါတေယ်။ Pan's Labyrinth, Hellboy, Shape of Water Pacific Rim, Nightmare Alley စတဲ့နာမည်ကျော်ရုပ်ရှင်တွေအများကြီးပါပဲ။ Shape of Water နဲ့လည်း အကောင်းဆုံး ဒါရိုက်တာဆု၊ ရုပ်ရှင်ဆု ရထားပါသေးတယ်။အခုစီးရီးကလည်း သဘာဝလွန် လောကအကြောင်းကို ပဟေဠိဆန်ဆန် ရိုက်ကူးထားတာပါပဲ။ စုစုပေါင်း ရှစ်ပိုင်းထွက်ရှိမှာဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီမှာ ထူးခြားတဲ့ ကြောက်စရာပုံပြင်တွေပါဝင်တာမို့ ဟော်ရာရုပ်ရှင်(၈)ကားလို အဝကြည့်ရမှာပါပဲ။(ဒီစီးရီးရဲ့ အညွှန်းကို Mr.Andersonမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Mr.Anderson, Thiha Yan Naing တို့ ဖြစ်ပါတယ်။)File Size.............(300 MB) / (600 ...
8.2
TMDb: 8.2/10 1200 votes
tv

Guillermo del Toro’s Cabinet of Curiosities (2022)

2022
Mr. Midnight: Beware the Monsters (2022) S01 Complete 6
Mr. Midnight: Beware the Monsters (2022) S01 Complete Mr. Midnight: Beware the Monsters (2022) Season 01 Complete ငယ်ငယ်က ဆရာသက်ဦးလွင် ဘာသာပြန်တဲ့ James Lee ရဲ့ Mr. Midnight စာစဥ်အတွဲလိုက်တွေကို ဖတ်ဖူးတဲ့ ကြောက်ခဲ့ဖူးတဲ့ မစ္စတာမစ်နိုက်ဖန်တွေ ရှိမယ်ထင်ပါတယ်။ ခုစီးရီးကတော့ အဲဒီစာအုပ်တွေကို မှီငြမ်းထားပြီး မစ္စတာမစ်နိုက်ဖန်တွေအတွက်တင်မကဘဲ သရဲခြောက်တဲ့အိမ်တွေ နေရာတွေကို လိုက်သွားရင်း ဇစ်မြစ်ရှာ သရဲတွေချွတ်တာကို သဘောကျတဲ့ Supernatural ဖန်တွေအတွက် သရဲချွတ်တဲ့ သရဲရှာတဲ့ကလေးတွေရဲ့ စီးရီးအသစ်ကလေးပေါ့။ James Lee ရဲ့ စာအုပ်‌တွေဟာ စင်ကာပူကထုတ်တာဖြစ်သလို ဒီစီးရီးကိုလည်း စင်ကာပူကပဲထုတ်တာပါ။ ကျွန်တော့်အတွက်တော့ ပထမဆုံးကြည့်ဖူးတဲ့ စင်ကာပူရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်လမ်းကတော့ ကလေးသုံးကောင် ယူကျူ့ချန်နယ်ထောင်ပြီး သရဲခြောက်တဲ့နေရာတွေအကြောင်း တင်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ထဲက ကောင်လေးက ဝိညာဥ်တွေကို မြင်လာနိုင်ပြီး ပရလောကနဲ့ လူ့လောကကြား နှစ်ဖက်လုံးနဲ့ ချိတ်ဆက်နိုင်တဲ့ နတ်ဝင်သည်ဖြစ်လာပါတယ်။ ...
6
TMDb: 6/10 1 votes
tv

Mr. Midnight: Beware the Monsters (2022) S01 Complete

2022
Midnight Horror: Six Nights (2022) 1
Midnight Horror: Six Nights (2022) Midnight Horror : 6 NightsHorror မှ Horror ဆိုတဲ့သူတွေအတွက် ပူပူနွေးနွေး ကိုရီးယား Horror Series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်Horror ဆိုပေမဲ့ သရဲကားသက်သက်ချည်း မဟုတ်တဲ့အပြင် အပိုင်းလေးတွေကလည်း တိုတိုလေးတွေမို့ ကြည့်ရတာတန်ပြီး လုံးဝပျင်းရိနေစေမှာ မဟုတ်ပါဘူးMidnight Horror 6 Nights ဆိုတဲ့ နာမည်အတိုင်းပဲ ကျောချမ်းစရာကောင်းလှတဲ့ ၆ ညတာအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပြီးတစ်ပိုင်းချင်းစီမှာ သရဲခြောက်တာ၊ ကျိန်စာတိုက်တာ စတဲ့ မတူညီတဲ့ Horror Plots တွေကို စိတ်ဝင်စားစရာကောင်းအောင် ထည့်သွင်းပုံဖော်ပြထားတာမို့ Series တစ်ခုတည်းမှာ Horror အမျိုးအစားအစုံကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်Casts တွေအနေနဲ့လည်း Cafe Minamdang ထဲက Kwang Mina နဲ့ Jung Da-Eun, Sh**ting Stars ထဲက Kwon Han Sol တို့လို အလှလေးတွေ အများကြီးပါဝင်ထားတာဖြစ်လို့ အခုပဲ ရှုစားလိုက်ကြပါဦးအညွှန်းကိုတော့ Hmwe ...
1
TMDb: 1/10 1 votes
tv

Midnight Horror: Six Nights (2022)

2022
Tierra Incognita (2022) 5.6
Tierra Incognita (2022) Tierra Incognita (2022) =================Disney+ ကနေ အသစ်ပြသလာတဲ့ Horror, Mystery Series အသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်း(၈)ပိုင်း တစ်ပြိုင်တည်းထွက်ရှိထားပြီး လူငယ်ကြိုက်စီးရီးမျိုးဖြစ်တာမို့ လက်မလွှတ်စေရအောင်တင်ဆက်ပေးလိုက်ပါပြီ။လွန်ခဲ့တဲ့ ရှစ်နှစ်က Cabo Qwert မှာ ပျောက်ဆုံးသွားတဲ့ မိဘတွေကို ရှာဖွေဖို့ သားဖြစ်သူ အဲရစ် ဒါလာရစ်က သူ့ရဲ့ဇာတိမြို့ကို ပြန်သွားရာကနေ အစချီထားပါတယ်။ တစ်မြို့လုံးကလူတွေက သူ့မိဘတွေရဲ့ ပျောက်ဆုံးမှုကို ရေရေရာရာမသိဘဲ သူ့မိဘ တွေက သူတို့တည်ထောင်ခဲ့တဲ့ ကစားကွင်းကို ကျိန်စာသင့်အောင် လုပ်ခဲ့တာဆိုပြီး လည်း ပြောဆိုနေကြပါတယ်။အဲရစ်အနေနဲ့ သူ့မိဘတွေကို ဆုံးသွားပြီလို့ မထင်ဘဲ တစ်နေရာရာမှာရှိမယ်လို့ ယုံကြည်ပြီး အမှန်တရားတစ်ခုကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ အဲတော့ သူ့မိဘ တွေက ဘယ်လို ပျောက်သွားတာလဲ။ နောက်ပြီးတော့ မြို့ထဲမှာ အလင်းတန်းတွေ ပေါ်လာတိုင်း လူတွေဘာလို့ပျောက်သွားတာလဲ၊ အဲရစ်တစ်ယောက်ကရော သူ့မိဘ တွေကို ပြန်လည်ရှာတွေ့နိုင်ပါ့မလားဆိုတာ ပဟေဠိဆန်ဆန် အဖြေရှာရင်း ကြည့်ရှူ ရမှာပါ။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်။)File Size.............(400 ...
5.6
TMDb: 5.6/10 1200 votes
tv

Tierra Incognita (2022)

2022
Black Summer (2019) 5.7
Black Summer (2019) Black Summer (2019  Season 1 ဇာတ်လမ်းအကျဉ်းဒီကားမှာတော့ စစခြင်း ဘာဖြစ်တာမှန်း မသိအောင် ရိုက်ထားပါတယ်။ရောဂါလား ရေဒီရို ဓါတ်သင့်တာလား Government project လားဝေခွဲ လို့မရအောင် အစပျိုးထားပါတယ်။မြို့သေးသေးလေးမှာ မို့ Zombie တွေကို အပြွတ်လိုက်မမြင်ရပေမဲ့တွေ့ဖူးသမျှ Zombie တွေထဲမှာ ဉာဏ်တော်တော်ရှိပြီး အားသန်တာတွေ ပါပါတယ်။ပထမဆုံး ဇာတ်ကောင် Rose ရဲ့ အကြောင်းကို Rose ဆိုပြီး ကဏ္ဍ ခွဲပြီးရှင်းပြတာကိုထူးဆန်းစွာတွေ့ရမှာပါသူ့သမီးရယ် သူ့ယောကျာ်းရယ်နဲ့ အန္တရာယ် ကင်းတဲ့နေရာ ကို ထွက်ပြေးမဲ့ အချိန်မှာမထင်မှတ်တဲ့ ကိစ္စကြောင့် သူ့သမီးလေးနဲ့သူ ကွဲရသလိုသူ့ယောကျာ်းလဲ Zombie ဖြစ်သွားခဲ့တယ်။zombie တွေဟာ တကောင်နဲ့တကောင် ကိုက်တာက မဟုတ်ပဲသေဆုံးရင်လဲ Zombie ဖြစ်တာကို ကြည့်ခြင်းအားဖြင့်ရေဒီယို ဓါတ်သင့်တာ ဖြစ်နိုင်တယ်လို့ပိုထင်ပါတယ်။ဇာတ်ကားထဲမှာ “black clouds” လို့ပဲ ညွှန်းထားတာကြောင့်ဘာဖြစ်မှန်းတော့မပါခဲ့ပါဘူး ။ဇာတ်လမ်း ဇာတ်ညွှန်း ...
5.7
TMDb: 5.7/10 43 votes
tv

Black Summer (2019)

2019
The Sandman (2022) 8.417
The Sandman (2022) The Sandman (2022) ================ IMDb Rating - 8.0/10နက်ဖလစ်ရဲ့နတ်ဘုရားစီးရီးအသစ်တစ်ခုကိုတင်ဆက်ထားပါပြီ။ American Gods တို့ Norse Mythology တို့ကို ရေးခဲ့တဲ့ စာရေးဆရာကြီး နီးလ်ဂိုင်မန်ရဲ့ လက်ရာတွေထဲက Sandman ဆိုတဲ့ နတ်ဘုရား စွမ်းအားရှင် တစ်ယောက်အကြောင်းပါပဲ။ဇာတ်လမ်းအစမှာတော့ ကမ္ဘာနှစ်ခုကို အရင်ပြသထားပါတယ်။ လူသားတွေ နေတဲ့ နိုးထကမ္ဘာနဲ့ အိပ်မက်ကမ္ဘာပေါ့။ အိပ်မက်ကမ္ဘာရဲ့ နတ်ဘုရားဟာ သူ့ဆီ ကနေ ထွက်ပြေးပြီး လူတွေကို ဒုက္ခပေးနေတဲ့ အိပ်မက်ဆိုးတစ်ကောင်ကို လိုက်ဖမ်းနေခဲ့ပါတယ်။ ဖမ်းမိသွားတဲ့အချိန်လေးမှာပဲ ဘာမှမလုပ်ခင် သူ့ကို လူသားတစ်စုက မှော်အစီအရင်တွေနဲ့ ထောင်ချောက်ဆင်ဖမ်းတာခံလိုက်ရပါတယ်။ ဒါပေမဲ့ တကယ်တော့လည်း လူသားတွေ ဖမ်းချင်တာက သေမင်းတမန်တော်ကိုပါ။ ယုံထောင်ကြောင်မိဖြစ်ပြီး အိပ်မက်နတ်ဘုရားက အချောင်ဖမ်းခံလိုက်ရပါတယ်။ နောက်မှသိရတာက အိပ်မက်နတ်ဘုရားဟာ Endless ဆိုတဲ့ အဆုံးမဲ့နတ်ဘုရား (၇) ပါးထဲက တစ်ပါးဖြစ်နေတာပါပဲ။ အဲဒီ ၇ ပါးကတော့ ကံကြမ္မာ၊ ခွဲခွာမှု၊ အိပ်မက်၊ ဖျက်ဆီးခြင်း၊ ရမက်၊ သောက၊ ထင်ယောင်ထင်မှား ဆိုတဲ့ ဘုရား(၇)ပါးပါပဲ။သူတို့က သာမန်နတ်ဘုရားတော်တော်များများထက် စွမ်းအားကြီးကြပါတယ်။ ဒီစီးရီးမှာတော့ ...
8.417
TMDb: 8.417/10 6 votes
tv

The Sandman (2022)

2022
Bad Beauty (2022)
Bad Beauty (2022) Bad Beauty (2022) စ/ဆုံး*****************ဝမ်ဖိချစ် နဲ့ အာကျရီ နဲ့ သမီးလေး နွန်ခဝမ် တို့ရဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးဆီသို့ လှပပြီး ဆွဲဆောင်မှုရှိသော ကလေးထိန်း ဖာ ဟုခေါ်သော မိန်းမပျိုလေးဝင်ရောက်လာသေးအခါ သို့ပေမယ့် ဒီမိသားစုမှာ ပျော်ရွှင်နေသလို ထင်ရပေမယ့် ထင်သလိူ မဟုတ်ခဲ့ပါဘူးကလေးထိန်း ဖာ ရောက်လာတဲ့နောက်ပိုင်းမှာတော့ ထူးဆန်းနဲ့ ကိစ္စတွေ ဖြစ်ပေါ်လာပြီး အာကျရီ ဟာအကြောင်းပြချက်မရှိဘဲ စိတ်တိုလာတယ် နောက်ဆုံးမှာတော့ သူယောင်္ကျားဖြစ်သူ ဝမ်နှင့် ကလေးထိန်းဖာ ဖောက်ပြန်မှုကို သိသွားပါတော့တယ် ဝမ်ဟာလည်း ဖာကို ချစ်ကြောင်းပေါ်တင်ပြသလာတယ် သမီးဖြစ်သူ နွန်ခဝမ်ဟာလည်း အမေ့ပြောစကားကို နားမထောင်တော့ပဲ ကလေးထိန်းဖြစ်သူ ဖာရဲ့စကားကိုသာ နားထောင်တော့တယ် ကလေးထိန်းဖာဟာလည်း တစ်အိမ်လုံးကို ထိန်းချုပ်ဖို့ ကြိုးစားပါတော့တယ်အတိတ်က အမှားတွေက ပြန်ပြီး လက်စားချေနှိပ်စက်တဲ့အခါ ကံကြမ္မာကို ငြိမ်ငြိမ်လေးလက်ခံလိုက်မလား ဒါမှမဟုတ် ကိုယ်ချစ်တဲ့လူတွေအတွက် ရပ်တည်ပြီး တိုက်ပွဲဝင်မှာလားသစ္စာမရှိတဲ့ယောင်္ကျားကို ဘယ်လိုဆက်ကိုင်တွယ်မလဲ ဆိုတာတွေက စိတ်လှုပ်ရှားစရာလည်းကောင်းသလို ရင်တုန်စရာလေးတွေလည်းပါတာမို့ သည်းထိတ်ရင်ဖို ဖီလင်မျိုးလေးလည်းခံစားရစေမှာပါရှင့် အပတ်စဥ် စနေနေ့တိုင်းစောင့်မျှော်ကြည့်ရှုနိုင်ပါပြီ Aired: May , 2022  Aired On: ...

Bad Beauty (2022)

Midnight Horror Story (2021)
Midnight Horror Story (2021) Midnight Horror Story (2021)ကြောက်ချင်ကြသူများအတွက် အရမ်းလန်းတဲ့ ထိတ်လန့်ပြာယာကြည့်စရာ ကိုရီးယားရှိုးလေး လာပါပြီပင်တိုင်တင်ဆက်သူ ၄ဦးနဲ့အတူ ကြက်သီးထစရာ နာနာဘာဝလောကပုံစံ အပြင်အဆင်စတူဒီယိုထဲ ထိုင်ရင်းကမ္ဘာ့နိုင်ငံတစ်ဝှမ်းက ပေးပို့လာသမျှ လူတွေကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်စရာ ပရလောကနဲ့ဆိုင်တဲ့ ဖြစ်ရပ်မှန်တွေအကြောင်းကိုအသံနက်နက်ကြီးနဲ့ ဖတ်ပြပြီး ဆွေးနွေးပြောဆိုကြမယ့် စကားဝိုင်းကြီးမှာတစ်နေရာကနေ စောင့်ကြည့်နေတဲ့ အမှောင်ဝိဥာဉ် ၄၄ခုရှိနေပြီး ဖြစ်ရပ်တွေကို သူတို့စိတ်ကျေနပ်ရင် ဖယောင်းတိုင်မီးထွန်း မဲပေးဆုံးဖြတ်ဦးမှာပါအဲ့ဒီလို ဖတ်ပြတဲ့ဖြစ်ရပ်မှန်တွေကို သည်းထိတ်ရင်ဖိုစရာအတိ ပြန်သရုပ်ဖော်ထားတဲ့ ဗီဒီယိုတင်ဆက်မှုကိုပါ ပံ့ပိုးထားပါသေးတယ်နာမည်ကြီး ဧည့်သည်တွေလည်း လူပြောင်းလာပြီး ကိုယ်တွေ့ ပတ်ဝန်းကျင်တွေ့ ဖြစ်ရပ်တွေကိုပါ ပြောပြကြသေးတာမို့သရဲကားကြည့်ရသလို ကြက်သီးထစရာ ဖီးလ်လင်တပွေ့တပိုက်နဲ့ လက်ကြားထဲကချောင်းကြည့်လိုက်ကြရအောင်ပါ File Size – 800MB@EpisodeQuality – 720pDuration – 1h 15minute (@Episode)Total Episodes: 40Subtitle – Myanmar HardsubFormat – Mp4Genre : talk ...

Midnight Horror Story (2021)

School Tales the Series (2022) Complete 10
School Tales the Series (2022) Complete School Tales the Series (2022) Completed Mini-Series ထိုင်းတွေဟာ သရဲတစ်လိုင်းနဲ့ အသေပေါက်လေတော့ Netflix ကနေ ထိုင်းသရဲမီနီစီးရီးအသစ်တစ်ခုကို တင်ဆက်လိုက်ပြန်ပါပြီ။ သူ့ရှေ့က ကျောင်းကိုအခြေတည်ရိုက်ထားတဲ့ သရဲစီးရီးလည်းအောင်မြင်ခဲ့လို့လားမသိ ကျောင်းအခြေတည် သရဲဇာတ်လမ်းတွေနဲ့ကိုပဲ ရွေးချယ်ရိုက်ကူးလိုက်ပါတယ်။ ဒီထိုင်းကျောင်းသရဲကားမှာ‌တော့ အပိုင်း၈ပိုင်းပါရှိပြီး Anthology စီးရီးဆိုတော့ တစ်ပိုင်းဇာတ်လမ်းတစ်ပုဒ် ပြောရရင် တစ်ပိုင်းတစ်ကားပါပဲ။ တစ်ပိုင်းကို သရဲတစ်ကောင်နဲ့ သရဲရှစ်ကောင်တိတိအခြောက်ခံရစေမယ့် စီးရီးလေးပါပဲ။ စော်ချောချော ဘဲချောချောလေးတွေရောပါတာမိုါ လူငယ်လည်းကြိုက်သလို လန့်လည်းလန့်ရမယ့် ထိုင်းစီးရီးလေးပါပဲ။ ကျောင်းမှာခြောက်တဲ့သရဲဆိုတော့ သေသွားတဲ့ဆရာမဝိညာဥ်တို့ ကျောင်းသားချင်းအနိုင်ကျင့်တာတို့ကို ရောစပ်ပြီး အချိုးအကွေ့တစ်ချို့ သုံးပြီး ပြသွားပါတယ်။ အပိုင်းတစ်ဆို ကျောင်းတွင်းအနိုင်ကျင့်မှုတစ်ချို့ကို သေချာပြထားပြီး သူငယ်ချင်းကို သူငယ်ချင်းလို မသတ်မှတ်ဘဲ အသုံးချစရာတစ်ခုလို မှတ်တဲ့ လူတွေရဲ့အဖြစ်သနစ်ကို ပြထားပါတယ်။ နောက် ကျောင်းမှာ မလှလို့ အနှိမ်ခံရရာကနေ လှချင်လို့ နတ်ဆိုးဆန်ဆန် ထိုင်းရိုးရာတစ္ဆေလိုဟာတွေနဲ့ အပေးအယူလုပ်မိတာတွေကိုပြထားပါတယ်။ သရဲဇာတ်လမ်းရှစ်ခုပေမဲ့ ...
10
TMDb: 10/10 1 votes
tv

School Tales the Series (2022) Complete

2022
Stranger Things Season 4 (2022) 8.7
Stranger Things Season 4 (2022) Stranger Things Season 4 (2022)========================IMDb Rating - 8.7/10​ထူးဆန်းဖို့ကောင်းတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေဖြစ်ပွားခဲ့တဲ့ Hawkins မြို့လေးကို Eleven တို့ စွန့်လွှတ်ကာ ရွှေ့ပြောင်းခဲ့ပေမဲ့ ဖြစ်ရပ်ဆန်းတွေက သူတို့နောက် လိုက်လာသလား။ ဒါမှ မဟုတ် Hawkins မြို့လေးကပဲ သူတို့ အဖွဲ့ကို ပြန်ခေါ်နေသလား ဆိုတာကတော့ Season 04 မှာသိရတော့မှာပါ။ ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ Jim Hopper ကလည်း မသေဘူးဆိုတော့ သူ့ရဲ့ စွန့်စားခန်းတွေပါ ကြည့်ရမှာ ဖြစ်ပါတယ်။( ရိုမန့်တွေ ဒရမ်မာတွေ ဇွတ်ထည့်ထားပြီးတမင် အချိန်ဆွဲထားတယ်လို့လည်း ဖန်အချို့က ပြောဆိုထားတာတွေ ရှိနေတော့ ဘယ်လိုတွေ ပြင်​ပြီးရိုက်ထားကြ မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။) ရှေ့ Season တွေထက် ပိုကြမ်းပြီး ပိုကြောက်စရာကောင်းရုံသာမက တစ်ချို့ အပိုင်းတွေဆို သာမန်စီးရီးရုပ်ရှင်တွေထက် runtime ပိုရှည်မယ်လို့ စီးရီးကို ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက ဆိုထားကြပါတယ်။ CM မှာလည်း အရင် Season တွေကို တင်ထား​ပြီးသားဆိုတော့ season 1,2,3 ...
8.7
TMDb: 8.7/10 995000 votes
tv

Stranger Things Season 4 (2022)

2022
The Lost Soul (2022) 6.5
The Lost Soul (2022) The Lost Soul (2022) စ/ဆုံး"ချစ်ရတဲ့ ဝိညာဉ်မလေး" Pang SanaehaCasts:တေချစ် အဖြစ် ‌Ko Vasin ပရိုင်‌ဒေါင်/ဆိန်ဝမ်အဖြစ် Pinkploy Paparwadee ဆီ‌ထောင်းအဖြစ် Maggi Apa ‌‌‌ပေါလ် အဖြစ် Off Chanapolဇာတ်လမ်းအကျဥ်းကတော့....မိမိကိုယ်ကို ဘယ်သူဘယ်ဝါ မှန်းမသိ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိ လေလွင့်နေတဲ့ ဝိညာဉ် မလေး ဆိန်ဝမ်....မဟုတ်မခံ နိုင်ငံကြီးသားပီပီ အမှန်တရားကိုချစ်တဲ့ လူတစ်ယောက် မိန်းမနဲ့ ကလေး အသတ်ခံရတဲ့အမှုကို မဖော်နိုင်တဲ့အပြင် တရားခံကိုပါမဖမ်းနိုင်တဲ့အချိန်မှာ ရဲအရာရှိ တေချစ်တစ်ယောက် အကုန်လုံးကိုစိတ်ကုန်ပြီး သူငယ်ချင်း ဖြစ်သူဆီရဲ့ ဟိုတယ်ကို ခဏတစ်ဖြုတ် အနားယူဖိုလာရင်း လေလွင့်နေတဲ့ဝိညာဥ်မလေးဆိန်ဝမ်ကို မထင်မှတ်ပဲ တွေ့လိုက်ရတယ်ဝိညာဥ်မလေး ဆိန်ဝမ်က မိမိအကြောင်းကိုပိုသိချင်လို တစ်ဦးတည်းသောလူသား ရဲအရာရှိတေချစ်ပဲ သူ့ကိုမြင်နိုင်တဲ့အချိန်မှာ ဘယ်လိုဆက်ဖြစ်မလဲ ......?အချင်းချင်းရင်းနှီးသိကျွမ်းပြီး တေချစ်က ဝိညာဥ်မလေး ဆိန်ဝမ်ကိုကူညီရင်း လူသားနဲ့ဝိညာဥ်ကြားကအချစ်တွေဘယ်လိုပေါက်ဖွားလာမလဲ...?ဝိညာဥ်အဖြစ်နဲ့နေရတဲ့ ဆိန်ဝမ်ကရော ဘယ်သူလဲ?ချစ်စရာကောင်းသောဝိညာဥ်မလေး ဆိန်ဝမ်ကလည်း ဝိညာဥ်အဖြစ်နဲ့ တစ်သက်လုံးနေသွားမှာလား...?ရဲအရာရှိ တေချစ်ရဲ့ မိန်းမနဲ့ကလေးရော ဘယ်သူ့လက်ချက်ကြောင့်သေသွားတာလဲ....?လျှိဝှက်ဆန်းကြယ်တဲ့သရဲကားမျိုးမဟုတ်ပဲ Romance ဆန်ဆန် လူသားနဲ့ ...
6.5
TMDb: 6.5/10 1 votes
tv

The Lost Soul (2022)

From (2022-2023)
From (2022-2023)      ထူးခြားမှုတွေ ကြောက်လန့်မှုတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဇာတ်လမ်းတွဲလေးလာပါပြီနိုင်ငံအတွင်းမှာပဲ ခရီးသွားနေရင်းနဲ့ ဒေသမတူ နေရာမတူ လမ်းကြောင်းမတူတဲ့လူတွေဟာ သစ်တုံးတစ်တုံးလမ်းပိတ်ထားတာနဲ့ ကျီးကန်းအုပ်ကြီးကိုမြင်ပြီးပြန်လှည့်မောင်းရာကနေတ ဝင်္ကပါထဲကိုရောက်သွားသလိုဖြစ်ပြီး တစ်နေရာတည်းကိုပဲပြန်ပြန်ရောက်နေတဲ့ ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ မြို့ကြီးတစ်မြို့ထဲကိုတဖွဲဖွဲနဲ့ရောက်ရှိလာကြတာပါ အဲဒီမြို့ကြီးကဘယ်လိုထူးဆန်းတာလဲဆိုတော့နေ့ခင်းဘက်ဆိုရင် ပုံမှန်အတိုင်းနေလို့ရပေမယ့်ညပိုင်းမှာဆိုရင်တော့ တောထဲကနေအိမ်တွေကို တံခါးလာလာခေါက်တဲ့ မကောင်းဆိုးဝါးတွေရှိနေတာပါအဲဒီကောင်တွေကလူယောင်ဖန်ဆင်း လူတွေသဘောကျမယ့်ပုံစံတွေနဲ့ပြောစည်းရုံးပြီး အထဲပေးဝင်ဖို့တောင်းဆိုတတ်ကြပါတယ် အဲဒါကိုယုံစားဖို့ဖွင့်ပေးလိုက်ရင်တော့ သူတို့ပြုသမျှနုရတော့တာပါပဲ ရောက်လာတဲ့သူတွေထဲမှာ ရဲမှူးရော သင်းအုပ်ဆရာတော်ရောပါတော့စုပေါင်းပြီး လက်ဖွဲ့အဆောင်လေးတစ်ခုကိုရှာတွေ့တာနဲ့ တံခါးတွေမှာချိတ်ထားပြီးသူတို့မလာအောင်လို့ ကာကွယ်ပြီးနေကြရတာပါ အဲဒီလိုနဲ့တစ်နေ့မှတော့နေရာမတူတဲ့နေရကနေ ကာနှစ်စီးရောက်လာပြီး မတော်တဆဖြစ်မှုဖြစ်ပွားခဲ့ပါတယ် ရောက်လာတဲ့ ကားနှစ်စီးထဲမှာ အင်ဂျင်နီယာနှစ်ယောက်ပါလာပြီးတော့အဲဒီမြို့ကြီးထဲကနေ ထွက်လို့ရအောင် ပြင်းပြင်းထန်ထန်ကြိုးစားကြပါတော့တယ်ဒါပေမဲ့ တကယ့်ပြဿနာက မြို့ကြီးလား မကောင်းဆိုးဝါးတွေလား သူတို့သေပြီးလို့ကောင်းကင်ဘုံမရောက်ခင်ငရဲခံရတဲ့နေရာလား ဒါမှမဟုတ် အဲဒီနေရာကြီးကိုဖန်တီးထားတဲ့လူတွေရှိနေတာလား ဆိုတာကတော့ တကယ့်ကိုစိတ်ဝင်တစားနဲ့ခံစားလို့ကောင်းမယ့် ဇာတ်လမ်းတွဲလေးပါပဲ  Quality : WEB-DL 720pFormat : mp4Genres :  Drama / Horror / MysteryDuration : 52 min per Episode Total: ...

From (2022-2023)

Monstrous(2022) 6
Monstrous(2022) Monstrous(2022) ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း( ၁ မှ ၆) ထိ စ/ဆုံးရှေးနှစ်ပေါင်းများစွာက လူတွေဟာ ဘာသာအလိုက် ဆင်းတုတော်တွေထုလုပ် ပြီးကိုးကွယ်ကြတယ်...အဲ့တုန်းက ခပ်ဆန်းဆန်းစာတွေ ထွင်းပြီး ထုလုပ်တဲ့ ဗုဒ္ဓဆင်းတုတော်တစ်ခုရှိခဲ့တယ်....ထုလုပ်ပြီးမကြာဘူး ...အဲ့ပတ်ဝန်းကျင်မှာ မကောင်းမှုတွေဖြစ်ရပ်ဆန်းတွေနဲ့ ကြောက်မက်ဖွယ်ရာအဖြစ်ဆိုးနဲ့ကြုံတဲ့လူသေမှုတွေရှိခဲ့တယ်လို့ဆိုတယ်...ကျွန်တော်တို့အရပ်အခေါ်ဆို ခိုက်တယ်လို့ပြောရမှာပေါ့....အဲ့ဒီနောက်ဘာသာရေးခေါင်းဆောင်တွေဟာ ဒီကြံမ္မာဆိုးကိုကာကွယ်ဖို့  ခိုက်တဲ့ဆင်းတုတော်ကို ကုစားဖို့ရာ နောက်ထပ်ဆင်းတုတော်တစ်ခု ထုလုပ်ပြီး ဖြစ်ရပ်ဆိုးတွေကိုကာကွယ်ဖို့ကြိုးစားခဲ့ကြတယ်လို့ဆိုတယ်...အဲ့ဒီနောက် ဆင်းတုတော် ၂ခုလုံးကိုမြှုတ်နှံခဲ့ကြတယ်...ဒါပေမဲ့ ဒီနေ့ခေတ်မှာ မတော်လောဘသမားတွေဟာ ဒီဆင်းတုတော်အကြောင်းကို မသိဘဲ တူးဖော်ခဲ့ကြတယ်...အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...ဒီစီ:ရီးက တော်တော်လန့်ဖို့ကောင်းတယ်....အပိုင်း (၁)ကနေကိုစကြမ်းတာ...နည်းနည်းကြောက်တတ်တဲ့သူတွေတော့မကြည့်သင့်ပါဘူး... Episodes: 6Duration: 40MinQuality :Web-DL 1080p,720pGenres:  Mystery ,Horror ,DramaTranslated by  Win , Yumeko , ThynnNuSwe  & ChitTheEncoded by  Phyo Pyae  Episode 1 720P(250MB)>>>>  | Yoteshin |     MegaUp    |     Mega.NZ ...
6
TMDb: 6/10 1 votes
tv

Monstrous(2022)

2022
Shining Vale (2022) (Complete) 8.3
Shining Vale (2022) (Complete) Shining Vale (2022) (Completed Limited Series) ~ IMDb - 6.4/10, RT - 70%, Meta - 65% ~ (စု‌စုပေါင်း ၈ ပိုင်းရှိမှာဖြစ်ပြီး ဒီအပတ် နှစ်ပိုင်းတန်းထွက်တာမို့လို့ နှစ်ပိုင်းလုံးတင်ပေးလိုက်ပါတယ်။ ပြီးရင်တော့ တစ်ပတ် တစ်ပိုင်းပါခင်ဗျာ။) ဟို ဟာသရှိုးပွဲထဲကလိုပေါ့။ အနောက်တိုင်းသရဲကားတွေက အမြဲတမ်း အိမ်အဟောင်းကြီးတစ်လုံးကနေ စတယ်ဆိုတာမျိုးစတဲ့စီးရီးပဲဆိုပါတော့ဗျာ။ ဒါပေမဲ့ ဒီ Horror စီးရီးရဲ့အမျိုးအစားက Horror Comedy ဗျ။ပြောရမယ်ဆို အနောက်တိုင်းသရဲကားတွေထဲမှာ တော်ရုံ ရိုက်လေ့ရိုက်ထမရှိတဲ့ကားမျိုးပေါ့။ ထိုင်းဟာသသရဲကားတွေဘာတွေကတော့ အာရှပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီတော့ ဒီ Shining Vale ဆိုတဲ့ Horror Comedy ကရော ဘယ်လိုလာမှာလဲပေါ့။ ပြောရမယ်ဆိုရင်တော့ ဒီစီးရီးက နည်းနည်းထူးဆန်းတယ်ဗျ။ Horror Comedy သာဆိုတယ်၊ တစ်ချို့သရဲကား အနုတ်စုတ်ဂုတ်စုတ်တွေထက် တော်တော်သာတဲ့၊ တော်တော်ကြောက်ဖို့ကောင်းတဲ့ထဲမှာ ...
8.3
TMDb: 8.3/10 6 votes
tv

Shining Vale (2022) (Complete)

2022
Remember 15 (2022)
Remember 15 (2022) Remember 15 (2022) စ/ဆုံး"ကျွန်းပေါ်က ကလဲ့စား" _______________________________________________ "အားလုံးကို သတိရလိုက်တာ...ငါတို့ အဲဒီကျွန်းပေါ်မှာပဲ ပြန်ဆုံကြမလား ?"လိုင်လာဆိုတဲ့ ကောင်မလေးက သူ့ရဲ့သူငယ်ချင်းဖြစ်သူတွေ...စီနီယာဖြစ်သူတွေနဲ့ ညီမလေးဖြစ်သူဆီကို Message လေးတစ်စောင်ပို့လာခဲ့ပါတယ်။အဲဒီစာကို လက်ခံရရှိတဲ့သူ ၁၂ ယောက်ကတော့အံ့ဩထိတ်လန့်ခြင်းတွေ၊ ဝေခွဲမရခြင်းတွေနဲ့ မှင်သက်မိသွားကြပါတယ်။ဘာလို့လဲဆိုတော့ လိုင်လာဟာ လွန်ခဲ့တဲ့ငါးနှစ်ကလူသူဝေးတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့သူမို့လို့ပါပဲ။ဒီစာကို တစ်ယောက်ယောက်က နောက်ပြီးပို့ခဲ့တာလား.................?ဘာသဘောနဲ့ပို့ခဲ့တာလဲ ဆိုတာကို ရှာဖွေကြဖို့အတွက်နဲ့သေဆုံးသူအတွက်လည်း အမှတ်တရအနေနဲ့ဖြစ်အောင် အဲဒီလူ ၁၂ ယောက်စုဝေးပြီးကျွန်းလေးပေါ်ကို နောက်တစ်ကြိမ် ပြန်လာခဲ့ကြပါတယ်။အဲလိုပြန်လာရင်း အဖြေရှာရာက သူတို့မျှော်လင့်ထားသလိုနောက်ပြောင်ပြီးပို့တဲ့သူကို ဖမ်းမိသွားမလား.....................?ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရပြီးအတိတ်က ဖြစ်ရပ်မှန်တွေကို သိလာရမလား..........လိုင်လာသေဆုံးမှုရဲ့ အဓိကအကြောင်းရင်းကရော ဘာဖြစ်မလဲ.......?"သူငယ်ချင်း" အမည်ခံလူတစ်စုရဲ့ သဘောထားတွေ၊ အမူအကျင့်တွေဟာဒီကျွန်းပေါ်မှာ ဘူးပေါ်သလို ပေါ်လာမလား ဆိုတာကိုတော့........အပတ်စဉ် အင်္ဂါနဲ့ ဗုဒ္ဓဟူးညတွေတိုင်း CM channel မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျ။Episodes: 12Aired: FEB 22, 2022 ...

Remember 15 (2022)

My Sassy Psychic (2022)
My Sassy Psychic (2022) My Sassy Psychic (2022) စ/ဆုံး--------------------------------------------- မကောင်းဆိုးဝါးဝိညာဥ်တွေကို မြင်နိုင်ပြီးချဲနံပါတ်တွေလည်းပေးနိုင်တဲ့ ဆွန့်ကလင် လို့ခေါ်တဲ့နတ်ကတော်မလေးတစ်ယောက်ကမှော်အတတ် မစ်ရှစ်တစ်ခုကို ပြုလုပ်နေတဲ့ဆာရန်နဲ့သူငယ်ချင်းဖြစ်သူ ဒေါက်တာ ပရန်းတွေ့ဆုံပြီးတဲ့အခါမှာတော့ဆွန့်ကလင်က သူတို့ မစ်ရှင် အတွက် ပါဝင်ကူညီပေးရပါတော့တယ်အဲ့အချိန်မှာဘဲ ဆာရန်နဲ့ ဆွန့်ကလင်တို့ နှစ်ဦးကြားက အချစ်ဟာ စတင်ဖြစ်ပေါ်လာပါတော့တယ်.......ဒါပေမဲ့ သူတို့နှစ်ယောက်ကြား ဒေါက်တာ ပရန်းဝင်ရောက်လာတဲ့အခါမှာတော့ဘာတွေ ဆက်ဖြစ်လာမလဲ.........................?သူတို့ရဲ့ ဆောင်ရွက်နေတဲ့ မစ်ရှင်ကရော ဘာမစ်ရှင် ဖြစ်မလဲ............?အောင်မြင်သွားမလား မအောင်မြင်ဘူးလား ဆိုတာ ကို စောင့်မျှော်ကြည့်ရှုနိုင်မယ့်အပြင်ဆာရန် နဲ့ ဒေါက်တာပရန်း တို့နှစ်ယောက်ကြား ဆွန့်ကလင် လေးကဘယ်သူနဲ့ ချစ်ခင်သက်ဝင် မေတ္တာရေဖြန်း သွားကြမလဲဆိုတာ ကို စောင့်ကြည့်ပေးကြပါဦးရှင်Episodes: 13Aired: FEB 26 , 2022Aired On: Fri , Sat & SunGenres:  Comedy , HorrorTranslated by May Thu ...

My Sassy Psychic (2022)

The Mysterious Class (2021)
The Mysterious Class (2021) “အတန်းထဲမှာ ပိုနေတဲ့တစ်ယောက်က ဘယ်သူလဲ?”အဆင်လေးတွေအပြည့်ပါတဲ့ ကားလေးလာပါပြီနုဖတ်နေတဲ့ကျောင်းသားလေးကိုတွေက ရိုးရိုးတန်းတန်းငမ်းရမှာမဟုတ်ဘဲသည်းထိတ်ရင်ဖိုနဲ့ ငမ်းရမှာပါနော်ကျောင်းသား အယောက် ၂၀ သာရှိတဲ့ အတန်းထဲကကျောင်းခေါ်ကြိမ်စာအုပ်မှာ ကျောင်းသားအရေအတွက်က ၂၁ ယောက်တဲ့ကန်တင်းမှာ ထမင်းစားရင် ဘာမှပုံစံမပျက်တဲ့ ပန်းကန်တစ်ချပ်ရှိတယ်ကျောင်းက နွားနို့ဝေရင် အမြဲတမ်း ၁ ဘူးလိုနေတတ်ပြီးဘောလုံးကန်ရင်ရင် ၁၀ ယောက်သာပါတယ်လို့ပြောကြတဲ့သူတို့အတန်းမှာပိုနေတဲ့တစ်ယောက်က ဘယ်သူပါလဲ???ကောင်ချောလေးတွေနဲ့တူတူ အဖြေရှာရင်းသည်းထိတ်ရင်ဖို ကြည့်ရှုလိုက်ကြရအောင်ပါ  File Size – 133MB@EpisodeQuality – 1080p Duration – 20minute (@Episode)Total Episodes:Subtitle – Myanmar HardsubFormat – Mp4Genre : Horror / MysteryTranslator – Shwe Pyae & AmeliaEncoder – YK  ZIP Yoteshin / Megaup / VIP Episode 1 - Yoteshin / Userdrive ...

The Mysterious Class (2021)

2021
Gong Bpuuan Guan Hai Liew Chua (2021) 9.5
Gong Bpuuan Guan Hai Liew Chua (2021) သရဲပေးသော အထူးတာဝန်.... စ / ဆုံး ..... ဇာတ်လမ်းတွဲအညွှန်း________________မမျှော်လင့်သော အကြောင်းအရာ တစ်ခုကြောင့်မင်းသားဖြစ်ရန် အိမ်မက်မက်နေသော ကောင်လေးတစ်ယောက်ကတစ်နေ့မှာတော့  ဒါရိုက်တာ အဖြစ် တာဝန်ယူဖို့ အခြေအနေဖန်လာခဲ့ပါတော့တယ်.....အဲ့ဒီအချိန်မှာပဲ ဒါရိုက်တာအလုပ်ကို စိတ်စွဲပြီး မကျွတ်မလွတ်နိုင်သေးသော သရဲတစ်ကောင်ရဲ့ တာဝန်တွေကိုအဲ့ဒီကောင်လေးက ကိုယ်စားလုပ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ် .....ဒါ့အပြင် မိသားစုပိုင် စတူဒီယိုကို အကြွေးကျေချင်နေသော ထုတ်လုပ်သူ အမျိုးသမီး တစ်ဦးနှင့်စစတွေ့ချင်းမှာပဲ စည်းချက်မကိုက်ကာ ရိုက်ကူးရေးအဖွဲ့အတွင်း မစည်းလုံးမှုများစွာပေါ်ပေါက်လာခဲ့ပါတော့တယ်...အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်မလဲ???သူတို့ တစ်ဦးချင်းစီမှာ ရှိကြတဲ့ ရည်ရွယ်ချက်ကိုယ်စီနဲ့ သူတို့တာဝန်ဖြစ်တဲ့အဲ့ဒီအလုပ်ကို ဆက်လုပ်နိုင်ပါ့မလား??ရှုပ်ထွေးသော အကြောင်းအရာတွေကြားမှာ ရယ်မောခြင်း ပျော်ရွှင်ခြင်း ကြောင်ရွံခြင်းတွေနဲ့အတူဘာတွေဆက်ဖြစ်လာမလဲ ကြည့်ကြရအောင်လားရှင်အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် အပိုင်းသစ် ထွက်ရှိသွားမည်ဖြစ်ပါတယ်ရှင့် Episodes: TBADuration: 30 MinGenres:  Comedy, HorrorSubtitled by  Maythu , Niikaato & Nang Phwe HomEncoded by  ...
9.5
TMDb: 9.5/10 2 votes
tv

Gong Bpuuan Guan Hai Liew Chua (2021)

2021
Help Me Khun Pee Chuay Duay(2021)
Help Me Khun Pee Chuay Duay(2021) Help Me Khun Pee (2021) ဇာတ်လမ်းတွဲအညွှန်း************************************************အပိုင်း (၁ မှ ၁၆ ) ထိ စ/ဆုံး  လှပပြီးဆွဲဆောင်မှုရှိတဲ့ မုဒိတာဆိုတဲ့ မိန်းကလေးက influencerတယောက် ဖြစ်ပြီးတော့ဥစ္စာပေါရုပ်ချော အရာရာပြည့်စုံတဲ့ ခေတ်ခွန် ဆိုတဲ့ကောင်လေးနဲ့ စေ့စပ်ထားတယ်.... အဲ့နောက်မှာတော့ သေဆုံးပြီးခါစ ဝိညာဉ်ဖြစ်တဲ့ အာနွန်ရဲ့ဝိညာဉ်နဲ့ တွေ့ဆုံခဲ့ပြီးမမျော်လင့်ဘဲ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတော့တယ်.... အာနွန်က သူ့မိန်းမနဲ့ကလေးဆီကို ပြန်သွားချင်နေတဲ့ ဝိညာဉ်ပါ.... ဒါကြောင့် မုဒိတာက တခြားမကျွတ်မလွတ်နိုင်တဲ့ ဝိညာဉ်တွေကိုအစွဲအလမ်းကျွတ်အောင်မဖြစ်မနေကူညီပေးဖို့အကြောင်းဖန်လာရင်း တဖက်ကလဲ မုဒိတာကို သူမရဲ့အချစ်ရေးအတွက် အကြံညဏ်ပေးတဲ့ သူမရဲ့အုပ်ထိန်းသူဖြစ်လာပါတော့တယ်....' အဲ့ဒီနောက် ဘာဆက်ဖြစ်မလဲဆိုတာ အပတ်စဉ် တနင်္လာနှင့်အင်္ဂါတိုင်း စောင့်မျှော်နိုင်ပါပြီရှင့် [ဇာတ်လမ်းအကျဉ်းကို Rachel မှ ရေးသားပေးထားပါသည်] Episodes: TBADuration: 90 MinGenres: Romance, Comedy & HorrorSubtitled by May Thu , Nang Phwe Hom & ...

Help Me Khun Pee Chuay Duay(2021)

2021