Channel Myanmar

Historical

Love Destiny Season 1+2 8
Love Destiny Season 1+2 Love Destiny Season 1  (2018) ၂၁ရာစုကသမိုင်းသုတေသနကျောင်းသူလေးကက်ဇူရန်ဟာ အယုဒ္ဓယမြို့ဟောင်းက​နေ သုတေသနလုပ်​အပြီး အိမ်အပြန်လမ်းမှာပဲ ကားမတော်တဆမှုကြောင့် ၁၆ရာစုအချိန်တွေကို time travel လုပ်မိသလိုဖြစ်သွားပြီး အဲ့ခေတ်ကမိန်းမပျိုလေးအဖြစ် ပြန်လည်နိုးထလာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ၁၆ရာစုမိန်းမပျိုလေးက အမျက်ဒေါသကြီးပြီး လူအများရဲ့မျက်မုန်းကျိုးခြင်းကို ခံနေရတဲ့သူဖြစ်နေတဲ့အခါ... လွတ်လပ်ပေါ့ပါးပြီး ပျော်ပျော်နေတတ်တဲ့သူမအဖို့ အဲ့ခေတ်ကစည်းမျည်း​၊စည်းကမ်းတွေနဲ့ပနံသင့်အောင်နေနိုင်ပါ့မလား။ ဘာလုပ်လုပ် စောင့်ကြည့်နေကြမဲ့ လူတွေအကြား အပြောအဆိုလွတ်အောင်နေထိုင်နိုင်ပါ့မလား။ အယုဒ္ဓယခေတ်ရဲ့​သမိုင်းနောက်ခံတွေကို ပေါ့ပေါ့ပါးပါးနဲ့ နားလည်လွယ်အောင် ရိုက်ထားတဲ့အပြင် ထိုင်းနိုင်ငံမှာတင်မဟုတ်ဘဲ နိုင်ငံခြားတွေမှာ အတော်ပေါက်ခဲ့တဲ့ကားဖြစ်ပြီး rating ကောင်းကောင်းနဲ့ ဆုတွေအများကြီးရခဲ့တဲ့ကားလည်း​ဖြစ်ပါတယ်။ File Size - 1.5 GB, 1 GB Quality - 1080P, 720P Subtitle - Myanmar (Hardsub) Translator - Hazel, Dolly, Amelia, MTA, Jerrica Encoder - AugustComplete zipfile Ep1-7  Yoteshin   Ep8-15   Yoteshin    ရှုပ်တွေးသော ချစ်ခြင်းကြမ္မာ (၂၀၂၃)အားလုံးမျှော်နေကြတဲ့ ချစ်ကြမ္မာ ကားလေး ရောက်ရှိလို့လာပါပြီ ဒီ S2 မှာတော့ ကာရာကိတ် အသက်အရွယ်တစ်ခုရနေပါပြီ ပြီးတော့ သူ့မှာ ဖော့ရင်းနဲ့ဖော့ရစ်လို့ခေါ်တဲ့ သားအမြွှာနှစ်ယောက် ရှိပါတယ် တစ်နေ့ ကာရာကိတ်နဲ့ တူတဲ့ ...
8
TMDb: 8/10 2 votes
tv

Love Destiny Season 1+2

2018
Moon in the Day (2023) [Complete] 5.5
Moon in the Day (2023) [Complete] Moon in the Day (2023)************************အပိုင်း (၁ မှ ၁၄) စ/ဆုံး ဟန်ဂျွန်းအို (Kim Young-Dae) က ကိုရီးယားထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်ပြီးချောမောတဲ့ရုပ်ရည်နဲ့ ပြီးပြည့်စုံတဲ့လူတစ်ဦးလို့ ထင်ရ​ပေမဲ့သိမ်ငယ်စိတ်​တွေနဲ့ ​နေ​နေရတာဖြစ်ပါတယ်။အစ်ကိုဖြစ်သူ ဟန်မင်းအို (On Joo-Wan) ပိုင်တဲ့ Beginning Entertainment ကအနုပညာရှင်တစ်​ယောက်လည်းဖြစ်ပြီး တစ်နေ့မှာတော့ ဟန်ဂျွန်းအိုကမီးသတ်သမား ဂန်​ယောင်းဟွာ (Pyo Ye-Jin) နဲ့အတူ ကြော်ငြာတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ကြော်ငြာရိုက်ကူးနေစဉ်အတွင်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပေမဲ့ဂန်​ယောင်းဟွာက ဟန်ဂျွန်းအိုကို ကယ်လိုက်နိုင်ခဲ့ပါ‌တယ်။အဲဒီနောက်မှာတော့ ဂန်​ယောင်းဟွာက ဟန်ဂျွန်းအိုရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ယူဖို့ဖြစ်လာပါတော့တယ်။တစ်ချိန်တည်းမှာပဲ ကားမ​တော်တဆဖြစ်ပြီး ပြန်နိုးထလာတဲ့ ဟန်ဂျွန်းအိုရဲ့ခန္ဓာကိုယ်ထဲကိုဒိုဟာ (Kim Young-Dae)လို့​ခေါ်တဲ့ အငြိုးကြီးဝိညာဥ်တစ်ခု ဝင်ပူးသွားခဲ့ပါတယ်။ဒိုဟာက ရှီလာ​ခေတ်က မျိုးရိုးမြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူအရမ်းချစ်ရတဲ့ ဇနီးဖြစ်သူရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ဒိုဟာက ဘာ​ကြောင့် အငြိုးကြီးဝိညာဥ်ဖြစ်လာရတာလဲ...လက်ရှိ ဝိညာဥ်ပူး​နေတဲ့ ဟန်ဂျွန်းအိုက​ရော ဘယ်လိုအခက်အခဲတွေနဲ့ ကြုံ​တွေ့လာမှာလဲ...ဆိုတာ‌တွေကို ရှေး​ခေတ်နဲ့ လက်ရှိ​ခေတ်ကို အပြိုင်ပြသရင်း ...
5.5
TMDb: 5.5/10 2 votes
tv

Moon in the Day (2023) [Complete]

2023
My Country: The New Age (2019) [Complete] 7.313
My Country: The New Age (2019) [Complete] My Country: The New Age (2019)**********************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ကိုရီးယား သမိုင်း‌ကြောင်းဇာတ်လမ်းတွဲ‌တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက်ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ My Country New Ageဆိုတဲ့Historical ဇာတ်လမ်းတွဲ လေးပဲဖြစ်ပါတယ်။မင်းသားကြီးအီဘန်ဝန် (Jang Hyuk) ကတော့ တိုင်းပြည်သစ်တည်ထောင်ဖို့အတွက်လက်မှာ‌သွေးစွန်းခဲ့ပေမဲ့  ဖခင်မင်းကြီးရဲ့အသိအမှတ်ပြုခြင်းကို မခံရတဲ့ မင်းသားတစ်ပါးပဲဖြစ်ပါတယ်။ဆောဟွီ (Yang Se Jong) ကတော့ တရားမျှတမှုကို မြတ်နိုးပြီး ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်မှာညီမဖြစ်သူကို စောင့်ရှောက်ရင်းနေလာခဲ့ပါတယ်။နမ်ဆွန်းဟို (Woo Do Hwang) ကတော့ မိခင်က ဇာတ်နိမ့်မျိူးရိုးဖြစ်တာကြောင့်တရားမဝင်သားအဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့  ကိုယ်ပိုင်ရည်မှန်းချက် ကြီးမားသူတစ်ဦးဖြစ်ပါတယ်။ဟီဂျယ် (Kim Seol Hyun) ကတော့ အပျော်မယ်ဂေဟာမှာ ကြီးပြင်းလာခဲ့ပြီးဉာဏ်ရည်ထက်မြက်တဲ့ မိန်းကလေးတစ်ဦးပါ။ဇာတ်အိမ်တည်‌ဆောက်ပုံအရ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်ဦး အကူးအပြောင်းကာလမှာတိမ်မြှုပ်နေတဲ့ လျှိဝှက်ချက်တွေကြား လက်စားချေခြင်းနဲ့ ပန်းတိုင်ဆိုတဲ့အရာ‌တွေအတွက်ငယ်သူငယ်ချင်းနှစ်ဦး ဓားချင်းယှဉ်ဖို့ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်ကားရဲ့ Main Cast ...
7.313
TMDb: 7.313/10 32 votes
tv

My Country: The New Age (2019) [Complete]

2019
Arthdal Chronicles S2(2023)[Complete] 8
Arthdal Chronicles S2(2023)[Complete] Arthdal Chronicles S2(2023)************************‌အပိုင်း (၁ မှ ၁၂) ထိ စ/ဆုံးS2ထွက်လာပါပြီ အရင် Main Cast အချို့မပါခဲ့ဘဲ  Lee Joon Gi  တို့ Shin Sae Kyeongတို့ အစားထိုးပါဝင်လာပါတယ်...S1မကြည့်ရသေးတဲ့သူတွေတော့ ကြည့်ဖို့မပြေလောက်ပါဘူး..ဒါ့ကြောင့် S1ကြည့်ဖို့တိုက်တွန်းချင်ပါတယ်...အညွှန်းကိုတော့ S2စပွိုင်လာဖြစ်မှာစိုးလို့S1ကဟာကိုပဲ ပြန်လည်ကူးယူထားပါတယ်... ကမ္ဘာ့ခေတ်ဦးအချိန်အခါတုန်းကတော့ လူသားတွေမှာ နိုင်ငံ တိုင်းပြည် ဘုရင်ဆိုတာတွေမရှိကြပါဘူး။ဒီလိုနဲ့တဖြည်းဖြည်း မီး ဓားသွား လက်နက်နဲ့ ထွန်ယက်စိုက်ပျိုးနည်းတွေကိုသိလာတဲ့လူသားတွေဟာလောကကြီးကိုစိုးမိုးဖို့ကြိုးစားကြပါတယ်။Eunsun ဆိုတဲ့ကလေးလေးဟာ နိမိတ်ဆိုးနဲ့မွေးဖွားလာပြီး ကျိန်စာသင့်နေတယ်လို့သတ်မှတ်ခံထားရတာကြောင့် ဒီကလေးရဲ့ရှင်သန်မှုအတွက် Arthdalမြို့သူမိခင်ဟာ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ.....တာဂွန် ကတော့ Arthdal မြို့ကစစ်သူကြီးတစ်ဦးဖြစ်ပြီး အသက်ငယ်ရွယ်စဉ်ကတည်းကထက်မြတ်သူတစ်ဦးဖြစ်ပြီး Arthdal မြို့ကို အောင်မြင်မှုတွေဆောင်ကြဉ်းပေးသူတစ်ဦးလဲဖြစ်ပါတယ်။သူ့ရဲ့အိမ်မက်ကတော့ Arthdalရဲ့ ဘုရင်ဖြစ်လာဖို့ပါပဲ။Wahan မျိုးနွယ်စုရဲ့ ဆက်ခံသူတစ်ဦးဖြစ်ပေမယ့် ခက်ခဲမှုတွေကိုကျော်လွှားရသူTan-Ya ကတော့ Eunsunရဲ့အချစ်ဦးဖြစ်ပြီး တာဂွန် ချစ်မြတ်နိုးတဲ့သူလဲဖြစ်ပါတယ်။S2မှာဘယ်လိုတွေဆက်နွယ်ပြီးကြမ်းပြမလဲဆိုတာကိုတော့ ရင်ခုန်ခံစားကြည့်ကြပါ... Episodes: 12 Aired: Sep 9, 2023 - Oct 15, ...
8
TMDb: 8/10 46 votes
tv

Arthdal Chronicles S2(2023)[Complete]

2019
Bussaba Lui Fai (2023) 7.9
Bussaba Lui Fai (2023) “မီးတောက်နဲ့ယှဉ်မယ့်သူမ” မြန်မာစာတန်းထိုးဟွန် အဖြစ် Toni Rakkaen လမ်ကျုန် အဖြစ် Cherprang Areekulအမျိုးသားတွေလို အမျိုးသမီးတွေက ပညာသင်ခွင့်မရတဲ့၁၈ရာစုနှစ်အတွင်းလမ်ကျုန်လ်ု့ခေါ်တဲ့အမျိုးသမီးငယ်ဟာ ပညာသင်ယူလိုစိတ်ပြင်းပြနေခဲ့ပါတယ်သူမဟာ တရုတ်အမျိုးသားဟွန်ဆိုသူနဲ့ တွေ့ဆုံမိခဲ့ပြီး အဖြစ်အပျက်အမျိုးမျိုးကြောင့် သူမ၆နှစ်ကျော်ကြာ ဟွန်နဲ့အဆက်သွယ်ပြတ်ခဲ့ကြတယ်ဟွန်နဲ့ပြန်ဆုံခဲ့သော်လည်း သူမနဲ့ လက်ထပ်ထိမ်းမြားဖို့ အတင်းကျပ်လုပ်နေသူ ကျောက်ခွန်အင်ထရာ လက်ထဲကလွှတ်အောင် အရဲစွန့်ပြီး အိမ်ပေါ်ကဆင်းပြေးခဲ့ရာမှာလမ်ကျုန်တစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံလာမယ်မိန်းကလေးဖြစ်ပေမယ့် သူမသတ္တိနဲ့ ဘဝမီးတောက်တွေကို ဘယ်လိုကျော်ခဲ့မလဲဆိုတာလမ်ကျုန်ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးဖော်ပြထားတဲ့ “မီးတောက်နဲ့ယှဉ်မယ့်သူမ” ဇာတ်ကားကို အဆုံးထိ စိတ်ဝင်တစားကြည့်ရှုလိုက်ရအောင်နော်Native Title: บุษบาลุยไฟ Episodes: 10 Aired: Jun 23, 2023 - ? Aired On: Friday, Saturday, Sunday Duration: 52 min. Translated by Nang Mwe Kham & Lei Wutyi TunEncoded by Naing Aung Latt Episode (1) [500MB] Yoteshin ...
7.9
TMDb: 7.9/10 votes
tv

Bussaba Lui Fai (2023)

Love in a Cage (2023) 8.1
Love in a Cage (2023) "အချစ်လှောင်အိမ်" မြန်မာစာတန်းထိုး Love in a cage 2023ဖတ် အဖြစ် Pon Nawasch Phupantachsee ဆွိုင့် အင်ထနင် အဖြစ် Yada Narilya Gulmongkolpechဆွိုင့်အင်ထနင်က ချောမော လှပပြီး ထက်မြတ်တဲ့ မိန်းကလေးပါရူဖရေအိမ်တော်က ဆိုင်ဖရဲ့ သမီးလည်း ဟုတ်ပါတယ်ဒါပေမဲ့ အမေဖြစ်သူက အစေခံဖြစ်သလို မယားငယ်လည်းဖြစ်တဲ့အတွက် သူဌေးသမီးဖြစ်ပါလျက်နဲ့အနှိမ်ခံဘ၀နဲ့ဘဲ နေရပါတယ် မယားကြီးနဲ့သူ့သမီးဖြစ်သူကလည်း သူတို့သားအမိကို အိမ်တော်ကထွက်သွားဖို့ အမျိုးမျိုး လုပ်ကြံ အကြောင်းရှာနေတဲ့သူတွေပါတစ်နေ့ ဖတ်ဆိုတဲ့ ဒေါက်တာလေး ရောက်လာပြီးနင်ကို ချစ်မိသွားပါတယ်ဖတ်ကို မယားကြီးရဲ့သမီး ဆွိုင့်ဖက ကြိုက်နေတာပါဆိုတော့ နင်တစ်ယောက် ဖတ်ရဲ့ အချစ်ကို လက်ခံရဲမလားသူ့အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်သွားမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးသားသူမှ Tawan ဖြစ်ပါတယ်)Translated by  Nang Mwe Kham & TawanEncoded by Naing Aung Latt Episode (1) ...
8.1
TMDb: 8.1/10 votes
tv

Love in a Cage (2023)

Tree with Deep Roots (2011) [Complete] 9.2
Tree with Deep Roots (2011) [Complete] Tree with Deep Roots (2011) [အစ-အဆုံး]အပိုင်း ၁၈  မှ ၂၄ (ဇာတ်သိမ်းပိုင်း) ထိဂျိုဆွန်းမင်းဆက်ရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တဲ့ Yi Do က အမည်ခံဘုရင်သာ ဖြစ်ပြီး တကယ်တမ်းမှာတော့ သူ့ခမည်းတော် ထယ်ဂျုံးဘုရင်ကသာ အာဏာတွေကို ချုပ်ကိုင်ထားတာပါ။ထယ်ဂျုံးမင်းကြီးက သူအာဏာတည်တံ့ဖို့အတွက် မှူးမတ်စစ်သည် မိသားစုဝင်တွေပါမကျန် အကုန်ရှင်းပစ်တာမို့ သူ့သားတော် Yi Do ကလည်း ဘုရင်ဖြစ်နေပေမဲ့ သူ့ကို မလွန်ဆန်‌ရဲပါဘူး။တစ်နေ့မှာ ထယ်ဂျုံးမင်းကြီးက Yi Do ရဲ့ ယောက္ခထီးတော် ဖြစ်တဲ့ အတွင်းဝန်အမတ်ကြီး ရှင်းအွန်ကို ရှင်းပစ်ဖို့အတွက် နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွပ်စွဲခဲ့ပြီးတော့ အမတ်ကြီး မင်နိုင်ငံမှ ပြန်ရောက်တာနဲ့ ချက်ချင်း ဖမ်းဆီးခဲ့ဖို့ အမိန့်ချခဲ့တယ်။အဲဒီအချိန်မှာ Yi Do က သူ့ယောက္ခထီးကို ကယ်တင်ဖို့အတွက် မင်နိုင်ငံမှာပဲ ရှောင်နေဖို့ လျှို့ဝှက်စာ တစ်စောင်ကို ...
9.2
TMDb: 9.2/10 10 votes
tv

Tree with Deep Roots (2011) [Complete]

2011
The Secret Romantic Guesthouse (2023)[Complete]
The Secret Romantic Guesthouse (2023)[Complete] The Secret Romantic Guesthouse (2023)**************************************အပိုင်း( ၁ မှ ၁၈ ) ထိ စ/ဆုံးယွန်းဒန်အိုဟာ မျိုးရိုးမြင့်အိမ်တော်ရဲ့ အချစ်ခံ အငယ်ဆုံးသမီးလေးဖြစ်ပေမဲ့ ဖခင်ဆုံးပါးပြီးနောက်မှာတော့အီဟွာ၀န်း တည်း‌ခိုဆောင်လေးကိုဖွင့်ပြီး တစ်မိသားစုလုံးကို ရှာကျွေးနေသူလေးဖြစ်ပါတယ်,,,အီဟွာ၀န်း တည်းခိုဆောင်လေးရဲ့ အထူးဧည့်သည်တော်တွေကတော့ ဂန်ဆန်း ၊ ဂင်ရှီယောလ် ၊ ‌ဂျောင်ယူဟာဆိုတဲ့ လူချောလေး‌သုံးယောက်ပါ,,,တစ်အိမ်တည်းမှာ လူချောလေးသုံးယောက်တောင် စုနေတာဆိုတော့ ယွန်းဒန်အိုတို့ရင်ထဲမှာလည်းနွေဦးလေပြည်လေးတွေ တိုက်ခတ်လို့နေတာပေါ့,,,,ကံဆိုးချင်တော့ ဒန်အိုတစ်ယောက် ကြည်နူးနေလို့မဆုံးသေးခင်မှာပဲ မိုးကြိုးပစ်ချပါတော့တယ်,,, ဆုံးပါးသွားတဲ့ဖခင်ဖြစ်သူရဲ့ အကြွေးတွေကြောင့် အီဟွာ၀န်းကို ထုတ်ပေးရတော့မဲ့အခြေအနေကို ရောက်လာပါတယ်,,,ဒန်အိုက ပိုက်ဆံပြန်မဆပ်နိုင်တာဖြစ်လို့ အကြွေးရှင်ကို သွားရှာပြီး ပိုက်ဆံအစားအကြွေးရှင်ရှာချင်နေတဲ့ နန်းကျအိမ်ရှေ့စံရဲ့ အကြီးဆုံးသား အီဆောလ်ဆိုသူကို ရှာပေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်,,,ဒန်အိုနဲ့အတူတူ လူချောလေးသုံးယောက် ပူးပေါင်းပြီး အီဆောလ်ကို ရှာဖွေကြတဲ့အခါမှာတော့....The Glory ထဲက ဗီလိန်မလေး Shin Yeeun နဲ့အတူ Ryeo Un , Kang ...

The Secret Romantic Guesthouse (2023)[Complete]

2023
Phetra Naruemit (2023) 8.8
Phetra Naruemit (2023) "ချစ်ခြင်းဖန်ဆင်းသောလှေ" မြန်မာစာတန်းထိုးခွန်လုန်ရာတ်ချ်မွန်တရီ/နုပ် အဖြစ် Mike Pattaradet ခေမိအွန် အဖိရတ်ဂ်ထာရာကွမ်/ခရင်မ် အဖြစ် Mookda Narinrakဇာတ်လမ်းအကျဉ်းခရင်မ်က လှပထက်မြက်သွက်လက်တဲ့ သတင်းထောက်မလေးတစ်ယောက်ဖြစ်သလို ရည်ရွယ်သူ ထွတ်စဖွန်ဆိုတဲ့ ကောင်လေးလည်းရှိနေခဲ့ပြီး အရာရာပြည့်စုံသူတစ်ယောက်ပေါ့တစ်ရက် ခရင်မ်တစ်ယောက် ထူးဆန်းလှပတဲ့လှေငယ်လေးတစ်ခုလက်ဆောင်ရခဲ့ပြီး ထူးဆန်းတဲ့အိပ်မက်တွေ မက်လာခဲ့တယ်ထိုင်းရိုးရာအိမ်တစ်ခုနဲ့ အမျိုးသားတစ်ယောက်ကို မက်လာခဲ့တာမို့ သိလိုစိတ်ပြင်းပြတဲ့ခရင်မ်တစ်ယောက် အိပ်မက်ထဲက ရိုးရာအိမ်ကိုလိုက်ရှာပါတော့တယ်ခွန်နုပ်ကတော့ လွန်ခဲ့တဲ့နှစ်နှစ်ရာလောက်မှာ နေထိုင်နေတဲ့ ဂုဏ်သရေရှိအရာရှိတစ်ယောက်ဖြစ်ပြီး စေ့စပ်ထားသူ မယ့်ဘိုဆိုတဲ့အမျိုးသမီးလေးရှိနေသူတစ်ယောက်ပါမယ့်ဘိုကို စိတ်မဝင်စားတဲ့ နုပ်တစ်ယောက် ဖူးစာရှင်ခေါ်တဲ့ ဖေတရာနိရမစ်ဂါထာကိုရွတ်ဆိုကြည့်ချိန်ဒီဘက်ခေတ်ရဲ့ ခရင်မ်တစ်ယောက်ကလည်း သူမကို မယ့်အွန်ဆိုပြီးအကောက်ကြံသတ်ဖြတ်သူလက်ကရှောင်ရှားနေရင်း လွန်ခဲ့တဲ့နှစ်၂၀၀က ခွန်နုပ်ရှေ့ရောက်လာခဲ့ပါတော့တယ်ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားခဲ့တဲ့ နုပ်တစ်ယောက် ခရင်မ့်ကို စိတ်ညွတ်လာတဲ့အခါမှာတော့ မယ့်ဘိုက သူမတို့အချစ်ကြားက တတိယလူလို့ ခရင်မ့်ကိုမြင်ကာ အမုန်းကြီးမုန်းခဲ့ပါတော့တယ်ခေတ်မတူ ဘဝမတူကြတဲ့အ​ပြင် ဆိုင်သူရှိနေပြီးသား ခွန်နုပ်နဲ့ ခရင်မ်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရအောင်(အညွှန်းရေးသားသူမှာ Nue Nue Lay ဖြစ်ပါတယ်)Native Title: เภตรานฤมิต Episodes: 10 Aired: ...
8.8
TMDb: 8.8/10 votes
tv

Phetra Naruemit (2023)

2023
Iljimae (2008) [Complete] 8.9
Iljimae (2008) [Complete] Iljimae (2008) [အစ-အဆုံး]အပိုင်း ၁၁ မှ ၂၀ (ဇာတ်သိမ်းပိုင်း) မင်းသားလီဂျွန်ဂီ အဓိကမင်းသားအဖြစ် ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲလေးက ဂျိုဆွန်းခေတ်ကို အခြေပြုပြီး ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ...ယွန်းအာရဲ့ ဖခင်ဖြစ်သူက အကျင့်ပျက်ခြစားနေတဲ့ အမတ်မင်းတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ယွန်းအာဟာ လူမှန်းသိတတ်စ အရွယ်လေး ဖြစ်နေပြီမို့ သူ့အဖေဖြစ်သူဟာ မတရားသေဆုံးခဲ့ရတယ်ဆိုတာကို သိနေခဲ့ပါတယ်။ဒီလိုနဲ့ ယွန်းအာလေး အရွယ်ရောက်လာတဲ့အခါမှာတော့ နေ့ဘက်မှာတော့ ခပ်ပေတေတေလူငယ်လေးတစ်ယောက်အနေနဲ့သာနေပြီး ညဘက်မှာတော့ အကျင့်ပျက်ခြစားနေတဲ့ အမတ်မင်းတွေဆီကနေ ခိုးယူပြီး ပြည်သူတွေကို ပြန်လည်ဝေမျှတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်။အဲ့ဒီအတွက်လည်း သူ့ကို ပြည်သူတွေက ချစ်စနိုးနဲ့ အီဂျီမဲဆိုတဲ့ နာမည်လေး သတ်မှတ်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အီဂျီမဲ ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူ့ဖခင်ကို သတ်သွားတဲ့ အကျင့်ပျက် အမတ်မင်းက ဘယ်သူဘယ်ဝါဆိုတာကို ရှာဖွေဖို့ဖြစ်ပြီး ရေးတေးတေး မှတ်ဉာဏ်တွေနဲ့ တရားခံကို ရှာဖွေနေတဲ့ ...
8.9
TMDb: 8.9/10 16 votes
tv

Iljimae (2008) [Complete]

2008
The Bridal Mask (2012) [Complete] 8.4
The Bridal Mask (2012) [Complete] The Bridal Mask(2012)*********************အပိုင်း( ၁ မှ ၂၈) အထိ စ/ဆုံးကိုရီးယားနိုင်ငံဟာ ၁၉၁၀ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ ဂျပန်တွေရဲ့သိမ်းပိုက်ထားခြင်းကိုခံခဲ့ရတယ်...ဂျပန်တွေဟာ ကျောင်းသင်ခန်းစာထိ ကိုရီးယားဘာသာစကားအစား ဂျပန်ဘာသာစကားကိုအစားထိုးသင်ပေးသည့်အထိပြောင်းလဲခဲ့တယ်...စီးပွားရေး လူမှုရေး လူ့အခွင့်ရေးပေါင်းစုံဖိနှိပ်ခဲ့လို့အဲ့ဒီခေတ်ကာလများဆီမှာ ကိုရီးယားနိုင်ငံဟာ အတော်ကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်လို့ဆိုတယ်..ဒီအခြေအနေတွေကို မကျေနပ်လို့ ကိုရီးယားပြည်သူတွေဟာလည်း နည်းအမျိုးမျိုးနဲ့ဂျပန်ကိုတော်လှန်ခဲ့ကြပါတယ်...ဒီစီးရီးဟာ အဲ့ဒီကာလ ၁၉၃၀ ဝန်းကျင်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...ပြောရရင် ကိုရီးယားသမိုင်းလို့တောင်ဆိုရမယ် အနေအထားဖြစ်လို့ ဒီကားကို ဒါရိုက်တာကလည်းဘက်ဂျက်အများကြီးသုံးခဲ့သလို သရုပ်ဆောင်တွေကိုလည်းအထင်ကရများစွာနဲ့ ရိုက်ကူးခဲ့ပါတယ်...ဇာတ်လမ်းဇာတ်အိမ် ကောင်းမွန်သလို Plot Twist တွေလည်း တော်တော်ပါဝင်တာမို့ကြည့်လို့ကောင်းတဲ့စီးရီးပါပဲ..ဒါ့အပြင် အက်ရှင်ခန်းတွေကိုလည်း စနစ်တကျကိုရိုက်ကူးထားတယ်လို့ဆိုပါတယ်...ဆုတွေလည်းအများကြီးသိမ်းယူသွားတဲ့စီးရီးရှည်တစ်ခုပါပဲ...ဒါ့ကြောင့်  အကြည်လေး တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးလို့... Episodes: 28File Size:1.3GB, 500MBQuality :Web-DL 1080p,720PGenres: Action, Historical, Romance, PoliticalTranslated by Khine Khine Wai, Ei Phyu Khin, Shoon, Miri, Hay Thar Oo  ...
8.4
TMDb: 8.4/10 11 votes
tv

The Bridal Mask (2012) [Complete]

2012
Oasis(2023)
Oasis(2023) Oasis(2023)***********အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံးဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာပေမဲ့ ထက်မြက်ပြီးစိတ်ထားဖြူစင်တဲ့ကောင်လေး အီဒူဟက်နဲ့ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာပြီး ရှုံးတာကို လုံး၀မကြိုက်တဲ့လူချမ်းသာကောင်လေး ချွဲချောအွန်းတို့ဟာဆိုရင်ငယ်စဉ်ကတည်းက ညီအစ်ကိုတွေလို ကြီးပြင်းလာကြတဲ့ နှစ်ယောက်မရှိတဲ့သူငယ်ချင်းတွေဖြစ်ကြပါတယ်သူတို့နှစ်ယောက် တစ်ပြိုင်တည်းသဘောကျမိသွားတဲ့ ကောင်မလေးကတော့ဆိုးလ်ကနေကျောင်းပြောင်းလာတဲ့ အိုဂျောင်ရှင်းဆိုတဲ့ ကောင်မလေးပေါ့ဒူဟက်နဲ့ ချောအွန်းတို့နှစ်ယောက်စလုံး ဂျောင်ရှင်းကို တွဲကြဖို့ ဖွင့်ပြောကြပါတော့တယ်ဂျောင်ရှင်းက ဘယ်တစ်ယောက်ကို ရွေးချယ်သွားမှာလဲ? ညီအစ်ကိုတွေလို‌ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာရော ပြိုင်ဆိုင်မှုလေးတွေ ရှိလာမလားဆိုတာတော့....School 2017 ထဲက 2nd lead စုံတွဲလေးဖြစ်တဲ့ Jang Dong Yoon နဲ့ Seol In Ah တို့ကဒီတစ်ခေါက်မှာတော့ Main lead အနေနဲ့ ပြန်တွေ့ကြပါပြီနော် 1980-1990 အချိန်ကို ရိုက်ကူးထားတဲ့ period drama လေးဖြစ်တာကြောင့်အရင်ကားတွေလို ငိုရဦးမလားဆို‌တာကိုတော့ စောင့်ကြည့်ကြစို့နော်   Episodes: 16File Size:1.3GB, 500MBQuality :Web-DL AMZN 1080p,720PGenres: ...

Oasis(2023)

2023
Romance of a Twin Flower (2023)
Romance of a Twin Flower (2023) ဒီတစ်ခါCMကနေ တင်ဆက်ပေးမဲ့ကားလေးကတော့ရိုမန့်ချိုချိုလေးနဲ့ ပရိတ်သတ်တွေကိုအချိုကြွေးမဲ့ကားလေးပါရှောင်ဖုန်းကာရိုက်တာနဲ့ ပရိတ်သတ်တွေဆီကနေအချစ်တွေသိမ်းပိုက်ခဲ့တဲ့Peng Xiao Ran လေးကို ရှေးခေတ်ကာရိုက်တာနဲ့ ပြန်မြင်ရမှာပါဒီတစ်ခါမှာလည်း သူများနဲ့မတူတမူထူးခြားပြီးဉာဏ်ထက်မြက်တဲ့ကျိမန်ဆိုတဲ့ကောင်မလေးဟာမတော်တဆမှုတစ်ခုကြောင့် မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ရပါတယ်သူမှတ်ဉာဏ်တွေပျောက်ဆုံးချိန်မှာ ဘာမှတောင်ရှင်းပြခွင့်မရဘဲသူ့ရဲ့အမွှာညီမနေရာကိုအစားထိုးပြီး ဟုံအိမ်တော်ထဲခေါ်သွင်းခံလိုက်ရပါ တော့တယ်ရောက်တဲ့အရပ်မှာပဲ သူ့ရဲ့ဟာသဉာဏ် စီးပွားရေးအသိပညာကိုအသုံးပြုပြီးအခက်အခဲတွေအများကြီးကိုဖြေရှင်းပေးလိုက်ရာက ဟုံအိမ်တော်ကလူတွေသတိထားမိသွားပါလေရောအဲ့လိုနဲ့ ကျိမန်လေးကို ဟုံအိမ်တော်ထဲက အရမ်းအေးစက်ပြီးမာနကြီးတဲ့သခင်လေးနင်ယွိရွှမ်က သတိထားမိသွားပြီး ဘာတွေဆက်ဖြစ်မလဲ?တစ်အိမ်တော်ထဲနေပြီး ဘယ်လိုတွေကြုံတွေ့ရမလဲ?မာနကြီးတဲ့သခင်လေးကို ကြွေကျသွားလောက်အောင် ဘယ်လိုတွေတောင်ကျိမန်လေးက ဆွဲ ဆောင်မလဲ?တကယ့်အမွှာညီမပေါ်လာရင်ရောဘယ်လိုဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်လိုက်ရအောင်နော်[Reviewed By Kong Hou]Quality : WEB-DL 720p,1080pTotal Episodes : 38Format : mp4Genres : Drama, Romance, Bussiness, HistoricalDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by ...

Romance of a Twin Flower (2023)

2023
Queen: Love and War (2019) 7.1
Queen: Love and War (2019) Queen: Love and War (2019) နတ်သားလေးဘလူးဘယ်ရီ…အဲ ရမ်ဘရာရီပြီးသွားပြီဆိုတော့ နတ်သားပရိသတ်ကြီးအတွက် Kim Min-Kyu ရဲ့ နန်းတွင်းကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ “အစ်မဖြစ်သူကိုသတ်ခဲ့တဲ့ တရားခံကိုရှာဖွေဖို့အတွက် မိဖုရားဖြစ်ဖို့ကြိုးစားမယ့်အွန်းဘို နဲ့ ရုပ်ရည်ချောမောပြေပြစ်ပြီး ဉာဏ်ပညာထက်မြက်တဲ့ ရှင်ဘုရင်အီဂယောင်းတို့ရဲ့ နန်းတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်” ဖြစ်ပါတယ်။ အစ်မဖြစ်သူအတွက် လက်စားချေဖို့တစ်ခုတည်းနဲ့ မိဖုရားဖြစ်ဖို့ကြိုးစားနေတဲ့ အွန်းဘိုဟာ ငယ်စဉ်ကတည်းက မိန်းကလေးတစ်ယောက်တည်းကိုပဲချစ်မြတ်နိုးခဲ့တဲ့ မင်းကြီးအီဂယောင်းနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူ့ရဲ့လက်စားချေမှုခရီးလမ်းက ဘာတွေဆက်ဖြစ်သွားမလဲ။ သူလိုလားတဲ့လက်စားချေမှုကို တကယ်ပဲလုပ်ဆောင်နိုင်သွားပါ့မလား။မင်းကြီးနဲ့အွန်းဘိုတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုတွေဖြစ်တည်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် နန်းတွင်းအချစ်ဇာတ်ကားလေးဖြစ်လို့ ဘလူးဘယ်ရီပရိသတ်တွေလည်း အကြိုက်တွေ့ကြမှာပါ။အဓိကဇာတ်လိုက်တွေအဖြစ် Kim Min-Kyu နဲ့ Jin Se-Yeon တို့က ပါဝင်ထားကြတဲ့အတွက် ကြည့်လို့ကောင်းမှာအမှန်ပဲမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Laii, Joyz, Milkeux, Shin, Cali, MyoMyo တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Historical Quality…. 1080p | 720p File size… ...
7.1
TMDb: 7.1/10 5 votes
tv

Queen: Love and War (2019)

2019
Choice Husband (2023) 8
Choice Husband (2023) ❏ ချမ်းသာတဲ့ မိသားစုမှ မွေးဖွားလာခဲ့သူ ၊အကောင်းမြင်စိတ်ရှိပြီး လွတ်လွတ်လပ်လပ်နေထိုင်တတ်သူ ၊ဉာဏ်ပညာရှိတယ်လို ထင်ရပေမဲ့ တစ်ခါတစ်လေမှာလဲ တုံးအနေတတ်သောသူ ၊အသေးအဖွဲအရာတွေကို ပုံကြီးချဲ့ကာ သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကိုလျစ်လျူရှုတတ်သူ ၊ စန္ဒယား၊ စစ်တုရင်၊ လက်ရေးလှ ၊ ပန်းချီ နဲ့ ပြဇာတ်ကြည့်ရှုရတာတွေကိုသဘောကျတတ်ပြီး အပျော်အပါးမက်မောသူလေး - ရှန်မြောင့်❏ ကဗျာတွေ စာပေတွေကို ကျွမ်းကျင်တဲ့ လူငယ်ပညာရှင်တစ်ဦးဖြစ်သူ ၊ကျောက်စိမ်းလို နူးညံ့နွေးထွေးတဲ့ အသွင်အပြင်ရှိသူ ၊ တကယ်တမ်းမှာတော့လျှိဝှက်ချက်များစွာနဲ့ ဖုံးကွယ်ထားပြီး ကိုယ်ခံပညာ ကျွမ်းကျင်လှသူ - ဖေယန်ကျန်း❏ ချမ်းသာတဲ့ မိသားစုက မွေးဖွားလာပြီး အထိန်းအကွပ်မရှိနေတတ်သူ ၊အပေါ်ယံကြည့်ရင်တော့ ဆိုးသွမ်းတယ်လိုထင်ရပေမဲ့ တကယ်တမ်းမှာတော့ရည်မှန်းချက် ကြီးမားလှသူ - စုန့်ရှီးယွမ်အချမ်းသာဆုံး သူဌေးရဲ့ သမီးဖြစ်သူ ရုပ်ရည်လဲချောမောလှတဲ့ ရှန်မြောက်ဟာအရာရာပြီးပြည့်စုံပေမဲ့ အိမ်ထောင်ရေး လမ်းကြောင်းမှာတော့အတတ်အကျတွေ များစွာနဲ့ တွေ့ကြုံခဲ့ရပါတယ် ။ပထမဦးဆုံး အကြိမ် လက်ထပ်တဲ့ ...
8
TMDb: 8/10 1 votes
tv

Choice Husband (2023)

2023
Ruler: Master of The Mask (2017) [Complete] 7
Ruler: Master of The Mask (2017) [Complete] Ruler: Master of The Mask (2017) [အစ-အဆုံး]အပိုင်း ၁ မှ ၂၀ (ဇာတ်သိမ်းပိုင်း)မင်းဆက် အဆက်ဆက်ကို အဆိပ်ခတ်ပြီး ထိန်းချုပ်ထားတဲ့ ဖြောင်းဆူအဖွဲ့ ... သားဖြစ်သူကို သူ့လို အသုံးမကျတဲ့ ဘုရင် မဖြစ်စေချင်တဲ့ မင်းကြီး ... ငယ်ငယ်ကတည်းက အသက်ဘေးကနေ လက်မတင်လေး လွတ်မြောက်လာခဲ့ပြီး ကြီးလာတဲ့အခါမှာ ဖြောင်းဆူ အုပ်စုကို အမြစ်ဖြတ်ပြစ်ဖို့ စိတ်အားထက်သန်တဲ့ အိမ်ရှေ့စံမင်းသားလေး အီဆွန်း ...တစ်ခု ထူးခြားတာက အိမ်ရှေ့စံမင်းသားလေး အီဆွန်းက ငယ်စဉ်ကတည်းက မျက်နှာဖုံးတပ်ပြီး ကြီးပြင်းခဲ့ရပြီး သူ့ရဲ့ မျက်နှာကို မြင်ဖူးသူမှန်သမျှ သုတ်သင်ရှင်းလင်းခြင်း ခံရပါတယ်။ ဒီအတွက်ကြောင့်လည်း သူ့မျက်နှာကို မြင်ဖူးတဲ့သူဆိုလို့ သူ့အနီးဝန်းကျင်က လူယုံအကိုတော်နဲ့ ချောင်းဝန်း နဲ့ သူ့ရဲ့ ခမည်းတော်နဲ့ မယ်တော် နှစ်ပါးသာရှိပါတယ်။မင်းဆက် အဆက်ဆက်ကို ထိန်းချုပ်နိုင်တဲ့အထိ အင်အားကြီးမားလွန်းတဲ့ ဖြောင်းဆူအဖွဲ့ ရဲ့ ...
7
TMDb: 7/10 13 votes
tv

Ruler: Master of The Mask (2017) [Complete]

2017
The Forbidden Marriage (2022) [Complete] 9
The Forbidden Marriage (2022) [Complete] The Forbidden Marriage (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)အရမ်းချစ်ရတဲ့ မိဖုရားက တစ်ရက်မှာ ကိုယ့်ကိုကိုယ် သတ်သေသွားတာကြောင့် ယူကျုံးမရဖြစ်နေတဲ့ ဂျိုဆွန်းဘုရင် Lee Heonဟာ ကြင်ယာတော် ထပ်မံတင်မြှောက်ဖို့ကို ငြင်းဆန်တဲ့အပြင် တစ်တိုင်းပြည်လုံးကိုလည်း လက်ထပ်ခွင့်မပြုဆိုတဲ့ အမိန့်ကို ချမှတ်လိုက်ပါတယ်။၇နှစ်ကြာတဲ့အထိ ဒီအမိန့်ကို ပြန်မရုတ်သိမ်းတာကြောင့် အိမ်ထောင်ပြုခွင့်မရတဲ့တိုင်းသူပြည်သားတွေက ဘုရင်က gayနေတယ်။ မစွမ်းဆောင်နိုင်ဘူးဆိုပြီး ပြောကြပါတော့တယ်။ဒီအမိန့်ကို ဖီဆန်ပြီး လူငယ်တွေကို တိတ်တခိုး လက်ထပ်ဖို့ ကူညီပေးတဲ့ လူလိမ်မလေး Ye So Rang က နန်းတော်ထဲက နတ်ရွာစံသွားတဲ့ မိဖုရားရဲ့ ဝိညာဉ်ပူးကပ်နေတယ်ဆိုပြီး လိမ်လည်ရာကနေ နန်းတော်ထဲအထိ သတင်းရောက်သွားပါတော့တယ်။ကြင်ဖက်ကိုဆုံးရှုံးထားတာကြောင့် ရင်ကွဲမတတ်ဖြစ်နေတဲ့ဘုရင်နဲ့လူလိမ်မလေးရဲ့လှည့်ကွက်တွေကြားမှာ ဘယ်လိုဂယက်တွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုပေးပါဦး။(ဇာတ်လမ်းအညွှန်းကိုတော့ Estel က ရေးပေးထားပါတယ်။)Aired: Dec 9, 2022 -- Aired On: Friday, Saturday Genres: ...
9
TMDb: 9/10 2 votes
tv

The Forbidden Marriage (2022) [Complete]

2022
100 Days My Prince(2018)[Complete] 8.206
100 Days My Prince(2018)[Complete] 100 Days My Prince(2018)************************ CM က ဒရာမာချစ်သူတွေစိတ်တိုင်းကျမဲ့ old but gold ဇာတ်လမ်းဟောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီငယ်ငယ်ကတည်းက ဆော့ကစားရင်း ဆုံတွေ့ခဲ့ကြတဲ့ ဘုရင့်တူတော် အီယူးလ်နဲ့ ဘုရင့်ညာလက်ရုံးဖြစ်သူစစ်သူကြီးရဲ့သမီး ယွန်းအီဆောတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အလှည့်အပြောင်းများစွာနဲ့ ရိုက်ပြထားတာဖြစ်ပါတယ်။တစ်ညမှာ ယွန်းအီဆောကို မြင်မြင်ချင်းကြွေမိသွားတဲ့ အီယူးလ်က အီဆောအထင်ကြီးအောင်စာတွေကြိုးစားကျက်မှတ်ထားတာကိုပြဖို့ အဖေဖြစ်သူရဲ့ အပြင်မထွက်ပါနဲ့ဆိုတဲ့အမှာစကားကို ဆန့်ကျင်ပြီး ထွက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ အဲညဟာ အီယူးလ်ရဲ့ အဖေဖြစ်သူက အစ်ကိုတော်ဘုရင်ကိုသစ္စာဖောက်ပြီး နန်းလုတဲ့အချိန်ဖြစ်တာကြောင့် ဘုရင့်ညာလက်ရုံး စစ်သူကြီးတို့တစ်မိသားစုလုံးပါကွပ်မျက်ခံရတဲ့ညဖြစ်နေပါတော့တယ်။ဒါကို အီယူးလ်လေးကလည်း မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီး ယွန်းအီဆောကတော့အစ်ကိုဖြစ်သူနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ အဲကတည်းက သူတို့ ၂ ဦးကွဲကွာသွားရပြီး ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေနဲ့ ပြန်တွေ့မလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါခင်ဗျ။ဒီဇာတ်လမ်းတွဲကို အားလုံးရဲ့အချစ်တော် Exo က DO နဲ့ မင်းသမီးလေး နမ်ဂျီဟျွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြပြီးဂင်ဆွန်းဟို နဲ့ ဟန်ဆိုဟီးတို့လို နာမည်ကြီးသရုပ်ဆောင်တွေကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။  Episodes: 16File Size:1.1GB, 500MBQuality :Web-DL ...
8.206
TMDb: 8.206/10 126 votes
tv

100 Days My Prince(2018)[Complete]

2018
The Kinnaree Conspiracy (2022) 8.5
The Kinnaree Conspiracy (2022) လုန်အင်း အဖြစ် Nadech Kugimiya ဖွတ်စွမ်းန် အဖြစ် Yaya urassaya ရိုဘတ် အဖြစ် New Chaiyapolဇာတ်လမ်းအကျဉ်းနရိုင်မင်းတရားကြီးလက်ထက် အယုဒ္ဓယပြည်ကြီးဟာ သာယာဝပြောခဲ့သလို အနောက်တိုင်းသားတွေနဲ့ ကုန်ကူးသန်းရောင်းဝယ်မှုတွေရှိနေပြီး နေရာတိုင်းဟာ နိုင်ငံခြားသား ကုန်သည်၊သံတမန်၊စစ်ရေးအရာရှိတွေနဲ့ ပြည့်နေပါတယ်မယ့်ယင်းဖွတ်စွမ်းန်က ဆုံးပါးသွားပြီဖြစ်တဲ့ နာမည်ကြီးသမားတော်တစ်ဦးရဲ့သမီးဖြစ်ပြီး ဖခင်ဖြစ်သူဆီက ဆေးပညာဗဟုသုတတွေကိုရယူကာ အစ်ကိုဖြစ်သူနောက်ကွယ်ကနေ ကုသပေးနေသူဖြစ်ပါတယ်လုန်အင်းထရာဖတ်ခ်ဒီကတော့ မြို့သူမြို့သားတွေရဲ့ ဘေးကင်းလုံခြုံမှုကိုတာဝန်ယူရတဲ့ တပ်ရင်းမှူးတစ်ယောက်ပါရိုဘတ်ကတော့ နရိုင်မင်းတရားကြီး ပြင်သစ်ဘုရင်ဆီကခေါ်ယူထားတဲ့ ပြင်သစ်သံတမန်အရာရှိနဲ့ရင်းနှီးသူ အရာရှိတစ်ယောက်ပဲဖြစ်ပါတယ်တစ်ရက် ရေနစ်သေသူအလောင်းပေါ်လာခဲ့ပြီး သေသူက ပြင်သစ်အရာရှိတစ်ဦးဖြစ်နေတဲ့အခါအရာရှိက ရေနစ်သေဆုံးသွားရုံမဟုတ်တဲ့အပြင် နန်းတွင်းထဲကမိန်းမပျိုတွေသာဝတ်တဲ့ ကိန္နရီဝတ်စုံကိုပါဝတ်ထားခဲ့တဲ့အခါ...ပြင်သစ်နဲ့အယုဒ္ဓယ နှစ်နိုင်ငံကြား ပဋိပက္ခတွေဖြစ်လာရပြီး ပြင်သစ်ဘက်က အကြောင်းပြကာ နိုင်ငံသိမ်းဖို့ ကြံလာပါတော့တယ်လုန်အင်း ၊ဖွတ်စွမ်းန်နဲ့ရိုဘယ်တို့က ဒီဖြစ်ရပ်ကြီးဖြစ်မလာအောင် အမှုမှန်ကို စုံစမ်းစစ်ဆေးပါတော့တယ်လုန်အင်းနဲ့ရိုဘယ်တို့ ဖွတ်စွမ်းန်အပေါ် ခံစားချက်တွေရှိလာတဲ့အခါ ဖွတ်စွမ်းန်တစ်ယောက် ဘယ်သူ့ကိုရွေးမလဲကိန္နရီအဆင်နောက်ကွယ်က လူသတ်သမားရောဖမ်းဆီးနိုင်ပါ့မလားဆိုတာ "ကိန္နရီဆင်နောက်ကွယ်က အမှန်တရား"ဇာတ်လမ်းတွဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ...
8.5
TMDb: 8.5/10 votes
tv

The Kinnaree Conspiracy (2022)

Hu Tong (2022)
Hu Tong (2022) အမျိုးသမီးများဟူသည် အရင်နှစ်ရာစုများစွာကတည်းကယောကျာ်းများနဲ့ ရင်ဘောင်တန်းကာအလုပ် လုပ်ကိုင်လာကြသူများပင်ဖြစ်ပါတယ်။ ။ “၅၀ ရာစုနှစ် လွတ်မြောက်ရေးအစောပိုင်းကာလအချိန်ထျန်ဇောင်ဟာ အောက်ခြေလူတန်းစားအလုပ်ပေါင်းစုံကိုဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက်ဆုံးမှာကော်မတီခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ကာနှစ် ၇၀ တိုင်တိုင် ပြည်သူတွေအကျိုးအတွက်တက်တက်ကြွကြွလုပ်ကိုင်တာဝန်ထမ်းခဲ့ပါတယ်သူမဟာ သူလျှိဖမ်းဆီးရေး ၊ စာမတတ်မှုပပျောက်ရေး ၊တပ်မတော်ကို လှူဒါန်းရေးတိုအတွက် ပြည်သူတွေကိုဦးဆောင်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ် ၈၀ ရာစုနှစ်ပြုပြင်ပြောင်းလဲရေးကာလမှာ သမီးဖြစ်သူကိုသူ့ကိုယ်ပိုင်အလုပ်မှာ အောင်မြင်စေဖိုအတွက်ထျန်ဇောင်ဟာ တွန်းအားပေးခဲ့ပါတယ်ထျန်ဇောင်ဟာ အနားယူပြီးသည့်တိုင်အောင်ရာထူးကနေ ထွက်မသွားခဲ့ပါဘူးသူမ အသက် ၉၀ ရောက်တဲ့အချိန်မှာတော့၂၁ ရာစုနှစ်အချိန် မြိုဟောင်းကို ပြန်လည်မွန်းမံထူထောင်လိုတဲ့သူမရဲ့ မြေးဖြစ်သူဟာ ရပ်ကွက်ကော်မတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတော့တယ်ဒီဇာတ်လမ်းလေးဟာဆိုရင်လွတ်မြောက်ရေးအစောပိုင်းကာလမှအစပြုလိုယနေ့ ၂၁ ရာစုခေတ် အထိ ခေတ်အလိုက် ရာစုနှစ်အလိုက်ကိုယ့်ပတ်ဝန်းကျင်အပေါ် သစ္စာစောင့်သိကာဖွံဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့ကြတဲ့အမျိုးသမီးများအကြောင်းကို စုံစုံလင်လင်ဖော်ပြရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်” ပါဝင်သရုပ်ဆောင်ထားကြသူများအနေနဲ့ကတော့-❏ ၅၀ ရာစု / ၁၉၄၈ ခုနှစ် လွတ်မြောက်ရေးအစောပိုင်းကာလမှစတင်ပြီးတော့ပြုပြင်ပြောင်းလဲရေးနဲ့ ပြန်လည်ဖွဲစည်းရေး ကာလအထိအောက်ခြေလုပ်ငန်းမျိုးစုံကို တတ်ကြွစွာလုပ်ကိုင်ခဲ့သူစိတ်အားထက်သန်ပြီးတော့ လူတိုင်းအပေါ်ကိုကူညီစိတ်အပြည့်ရှိသူ - ထျန်ဇောင် အဖြစ် ကျောက်လုစီ❏ ကိုယ်ခံပညာကို ကောင်းကောင်းတတ်မြောက်ထားသူဖြစ်ပြီးထျန်ဇောင်လုပ်သမျှ ကိုင်သမျှကိုထောက်ပံ့အားပေးသူထျန်ဇောင်ရဲ့ငယ်သူငယ်ချင်းဖြစ်သူလဲ ဖြစ်တဲ့- ...

Hu Tong (2022)