Channel Myanmar

Fantasy

Lovely Runner (2024) [Complete]
Lovely Runner (2024) [Complete] Lovely Runner (2024)**********************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ အခုနွေရာသီမှာ စိတ်အပန်းပြေစေမယ့်Youth Drama လေးဖြစ်တဲ့ "Lovely Runner" ဇာတ်လမ်းတွဲကိုဘာသာပြန်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လတ်တလော ပရိသတ်အချစ်ကိုရထားတဲ့မင်းသားချော Byeon Woo-seok က ပွဲဦးထွက်ကတည်းကတဟုန်ထိုးအောင်မြင်လာခဲ့တဲ့ ထိပ်တန်းအနုပညာရှင်ရူဆွန်းဂျယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးExtraordinary You ဇာတ်ကားနဲ့ လူသိများလာခဲ့တဲ့မင်းသမီးချော Kim Hye-yoon ကတော့ ရူဆွန်းဂျယ်ရဲ့အမာခံပရိသတ် အင်ဆိုးလ်အဖြစ် ပါဝင်ထားပါတယ်။အမြဲဖန်သားပြင်ပေါ်မှာ ပြုံးရွှင်နေပြီး အပူပင်ကင်းပုံပေါ်တဲ့ရူဆွန်းဂျယ်ရဲ့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတဲ့သတင်းကြောင့်အမာခံပရိသတ်ဖြစ်တဲ့ အင်ဆိုးလ်တစ်ယောက် ဝမ်းနည်းပူဆွေးသွားရပါတော့တယ်။ဒီလိုနဲ့တစ်နေ့ အံ့ဩဖွယ်ကောင်းစွာ အင်ဆိုးလ်တစ်ယောက်လွန်ခဲ့တဲ့၁၅နှစ်ကိုပြန်ရောက်သွားခဲ့ပြီး အသက်၁၉နှစ်အရွယ်သာမန်လူရူဆွန်းဂျယ်နဲ့ ပြန်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....ချစ်ရတဲ့သူရဲ့ကံကြမ္မာဆိုးကို ကူညီဖယ်ရှားပေးရင်းနဲ့အခက်ခဲတွေကြားကနေဖြစ်ပေါ်လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့အိုင်ဒေါနဲ့ဖန်ကြားက အချစ်ဇာတ်လမ်းလေးကို တနင်္လာနဲ့အင်္ဂါနေ့တွေမှာချန်နယ်မြန်မာမှာ ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကိုတော့ DoubleM မှ ရေးသားထားပါတယ်။) Aired: Apr 8, 2024 - May 28, 2024 Aired On: Monday, Tuesday Genres: Music, Comedy, Romance, Fantasy Duration: ...

Lovely Runner (2024) [Complete]

2024
BEGINS ≠ YOUTH (2024) [Complete]
BEGINS ≠ YOUTH (2024) [Complete] BEGINS ≠ YOUTH (2024)**********************အပိုင်း (၁ မှ ၁၂) စ/ဆုံး ဒီ Seriesကတော့ ARMY တွေအားလုံးသိကြတဲ့ BTS UniverseSave Me webtoon ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Story line ကိုတော့ Save Me MV မှာတွေ့ဖူးကြမှာပါ။အခက်အခဲကိုယ်စီရှိကြတဲ့ လူငယ်လေး ၇ ဦးလွှတ်တော်အမတ်ရဲ့သားတစ်ယောက်လည်းဖြစ် ရုပ်ရည်ကလည်းကြည့်ကောင်းအားလုံးအမြင်မှာပြီးပြည့်စုံတဲ့ဘဝကြီးပိုင်ဆိုင်ထားရတဲ့ကောင်လေးဆိုပေမဲ့လက်တွေ့မှာ ဘဝကြီးကို အဖေပုံသွင်းတဲ့အတိုင်းနေထိုင်ရပြီးတော့ကိုယ့်ခံစားချက်ကိုထုတ်ဖော်ခွင့်မရတဲ့ Kim Hwan၊စကားသိပ်မပြောပေမဲ့ နွေးထွေးတဲ့စိတ်ထားရှိတဲ့ကောင်လေး Min Ceinအမေက သူ့အတွက်အရာရာဆိုပေမဲ့ လူတိုင်းက အမေ့ကိုသတ်ပြီးအိမ်ကိုမီးရှို့ကောင်ဆိုပြီး ​ဆိုးဝါးတဲ့ကောလာဟလတွေဖြန့်ကြတယ်။ဒီလိုကြုံတွေ့ရတဲ့သူ့အတွက် စိတ်သက်သာရာရစေတာ ပီယာနိုတီးခြင်းပါပဲ။အကကရတာနှစ်သက်ပြီး အကောင်းမြင်စိတ်ရှိတဲ့ Jung Hosu ကတချိန်တည်းက ကစားကွင်းထဲမှာ ပစ်ထားခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။တာဝန်ယူစိတ်အပြည့်အဝရှိတဲ့ Kim Dogeonဆင်းရဲတဲ့မိသားစုကြောင့် စောစောစီးစီးရင့်ကျက်သူဖြစ်လာတဲ့ခဲ့တဲ့သူကျောင်းစာတစ်ဖက် အလုပ်တစ်ဖက်လုပ်နေပေမဲ့လည်းကျောင်းစာမှာလည်းအမြဲတမ်းအမှတ်ကောင်းကောင်းရနေသူ၊တောက်ပတဲ့အပြုံးလေးရှိတဲ့ Park Haruငယ်ငယ်တုန်းဖြစ်ခဲ့တဲ့ အကြောက်တရားကြောင့်သူ့ကိုယ်သူဘယ်သူလဲဆိုတာအမြဲတမ်းမေးခွန်းထုတ်နေတတ်ပြီးတော့မိသားစုတွေနဲ့အလိမ်အညာစကားတွေနဲ့ ကာကွယ်ခံထားရတဲ့သူပဲဖြစ်ပါတယ်။အရက်သမားအဖေနဲ့အတူတူနေရတဲ့ကောင်လေးတစ်ချိန်တုန်းက ကြင်နာနွေးထွေးခဲ့တဲ့အဖေဖြစ်ပေမဲ့မိခင်ဖြစ်သူ ထွက်သွားပြီးနောက်ပြောင်းလဲလာတဲ့အခါ..တစ်ချိန်က ကြင်နာတဲ့အဖေ ပြန်ဖြစ်ဖို့ မျှော်လင့်နေသေးတဲ့ Kim ...

BEGINS ≠ YOUTH (2024) [Complete]

2024
Joy of Life (Season 1) 7.8
Joy of Life (Season 1) မကြာခင်မှာ Season 2ထွက်တော့မှာဖြစ်လို့ Season 1 ကို ပြန်နွှေးဖို့အတွက် ကြည်ကြည်လင်လင်နဲ့ကြည့်လို့ရအောင်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားလေးက 2019ခုနှစ်ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပြီး Douban score 7.9 နဲ့ တော်တော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကလည်း သာမန်နဲ့မတူတဲ့ ရသမျိုးပေးစွမ်းနိုင်ပြီးတော့ မြင်တွေ့နေကျဇာတ်လမ်းမဟုတ်တာကြောင့် ကြည့်မိရင် တကယ်နောင်တရမှာတော့မဟုတ်ပါဘူး ။ဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ဖန့်ရှန်ဟာ ဒီဘက်ခေတ် 21ရာစုရဲ့ မှတ်ဉာဏ်တွေနဲ့ ရှေးခေတ်ချင်မင်းဆက်ခေတ်မှာမွေးဖွားလာခဲ့တာပါ ။ သူကမွေးလာကတည်းက နယ်မြို့လေးမှာ အဘွားဖြစ်သူက‌ပျိုးထောင်လာခဲ့တာပါ ။ဒါပေမဲ့ သူ့ရဲ့အဖေဖြစ်သူက ဘဏ္ဍာရေးဌာနက စစ်နန်အမတ်ကြီး ဖန့်ကျန့်နဲ့ အမေဖြစ်သူကလည်း နန်းမြို့တော်မှာအတော်ဆုံးတီထွင်သူ အချမ်းသာဆုံးသူတစ်ယောက်ဖြစ်ပါတယ် ။ သူကရိုးရိုးနယ်မြို့လေးမှာနေပေမဲ့ နောက်ခံကမရိုးရှင်းတော့ မကြာခဏဆိုသလိုသူ့ကိုလိုက်သတ်ကြတဲ့သူတွေရှိလာပါတယ် ။အရွယ်ရောက်လာတဲ့ဖန့်ရှန်တစ်ယောက် သူ့မှာဘာလို့ 21ရာစုက မှတ်ဉာဏ်တွေရှိနေလဲဆိုတာရယ် ၊ ဘာလို့သူ့ကိုလိုက်သတ်နေကြတာလဲဆိုတဲ့အကြောင်းရယ် ၊ တမူထူးခြားတဲ့သူ့အမေနဲ့ပတ်သတ်တဲ့အကြောင်းပိုသိချင်တာရယ်ကြောင့် နန်းမြို့တော်ကိုလာခဲ့ပါတော့တယ် ။ဖန့်ရှန့်တစ်ယောက်နန်းမြို့တော်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့လာမလဲ ? တော်ဝင်မျိုးနွယ်ကအုပ်ချုပ်‌နေတဲ့ အမေဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကိုရောပြန်ယူနိုင်မလား ? နန်းတော်ထဲမှာရော ဘယ်လိုအတားအစီးတွေက စောင့်ကြိုနေမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ဖို့မမေ့ပါနဲ့Quality : 1080p Format : mp4 Total Episodes : 46 Genres : Mystery , Romance , ...
7.8
TMDb: 7.8/10 50 votes
tv

Joy of Life (Season 1)

2019
The Midnight Studio (2024)
The Midnight Studio (2024) The Midnight Studio (2024)***************************ဇာတ်သိမ်းပိုင်း (စ/ဆုံး)Hotel Deluna လိုမျိုး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းလေး စောင့်မျှော်နေကြတဲ့သူတွေအတွက် ဇာတ်လမ်းတွဲအသစ်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်းSeo KiJoo က သေးငယ်တဲ့ ဓာတ်ပုံစတူဒီယိုလေးတစ်ခု ဖွင့်လှစ်ထားတဲ့ ဓာတ်ပုံဆရာလေးဖြစ်ပြီးတော့ စတူဒီယိုရဲ့ ၇ယောက်မြောက် ပိုင်ရှင်ဖြစ်ပါတယ်။ထူးခြားချက်ကတော့ အဲဒီဓာတ်ပုံစတူဒီယိုလေးက လူသားတွေအတွက် မဟုတ်ဘဲ တစ္ဆေသရဲတွေအတွက် ဖွင့်လှစ်ထားတယ်ဆိုတာပါပဲ။KiJoo က သေဆုံးပြီးနောက် သူ့ဆိုင်ကို ရောက်ရှိလာတဲ့ ဝိဉာဥ်တွေကို ဘဝခရီးရဲ့နောက်ဆုံးပုံလေး ရိုက်ကူးပေးလေ့ရှိပါတယ်။Ki Joo တို့ရဲ့ Midnight Photo Studio လေးမှာ လက်ထောက်မန်နေဂျာဂိုနဲ့ Baek NamGu လို့ခေါ်တဲ့ ဝန်ထမ်းလေးနှစ်ယောက်ရှိပါတယ်။လက်ထောက်မန်နေဂျာဂိုကတော့ စတူဒီယိုအတွက် ဖောက်သည်အဖြစ် တစ္ဆေသရဲတွေကိုခေါ်ဆောင်လာဖို့ တာဝန်ယူထားပြီးNam Gu ကတော့ စတူဒီယိုနဲ့ပတ်သတ်သမျှ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးတဲ့သူဖြစ်ပါတယ်။Han Bom ဆိုတဲ့ ရှေ့နေမလေးကတော့ အလုပ်ကြိုးစားသူဖြစ်ပြီး မတရားမှုကို သည်းမခံတတ်တဲ့သူလေးဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ...

The Midnight Studio (2024)

2024
Blossoms in Adversity
Blossoms in Adversity ချင်မင်းဆက်ခေတ်မှာ ဟွားအိမ်တော်အပေါ် ဧကရာဇ်မင်းကအမျက်တော်ရှတဲ့အခါ ကလေးအရွယ်သာရှိသေးတဲ့ ယောက်ျားလေးတွေကလွဲပြီးသခင်ကြီးဖြစ်သူ ဟွားလူကြီးမင်း ဟွားယိကျန့် အပါအဝင် တစ်မိသားစုလုံးမှာရှိတဲ့အရွယ်ရောက်ပြီးသား ယောက်ျားသားများအားလုံး နယ်နှင်ဒဏ်ပေးခံရပါတော့တယ်အဲဒီအခါမှာတော့ မိသားစုရဲ့ အကြီးဆုံးသခင်မလေးဖြစ်သူ ဟွားကျစ် (Zhang Jing Yi) ဟာ၁၅ နှစ်ကြာ ဖုံးကွယ်ထားခဲ့တဲ့ သူ့အရည်အချင်းတွေကို ဖော်ထုတ်ပြီး လဲပြိုတော့မယ့် မိသားစုကိုအငတ်ဘေးနဲ့ အကျပ်အတည်းကနေ လွတ်မြောက်အောင် ဦးဆောင်ပြီး ကြိုးပမ်းရပါတော့တယ်လဲပြိုနေတဲ့မိသားစုကို ဆွဲထူဖို့ ဦးဆောင်ကြိုးစားနေတဲ့ ဟွားကျစ်တစ်ယောက် သူ့အတွက်အားကိုးဖို့ လက်ကမ်းပေးလာတဲ့ လင်မင်းသားရဲ့ သားတော် ကုယန့်ရှီး (Hu Yi Tian)နဲ့ဆုံတွေ့ခဲ့ပြီးတဲ့နောက်မှာ အခြေအနေမတူတဲ့ သူတို့ ၂‌ ယောက်ရဲ့ ချစ်ခရီးလမ်းက‌ရောဖြောင့်ဖြူးပါ့မလား မြင့်မြတ်တဲ့မိသားစုက သခင်မလေးဘဝကနေသုညဘဝပြန်ရောက်သွားတဲ့မိသားစုကို ဟွားကျစ်တစ်ယောက် ဘယ်လိုဦးဆောင်ပြီး ဆွဲထူမလဲဟွားအိမ်တော်အပေါ်ကို ဧကရာဇ်မင်း အမျက်တော်ရှရတဲ့ အကြောင်းအရင်းကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ရှူစားကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes ...

Blossoms in Adversity

2024
Sword and Fairy 1
Sword and Fairy 1 ဒီဇာတ်ကားလေးကတော့ 2005 ခုနှစ်က Hu Ge နဲ့ Liu Yi Fei တို့ရိုက်ကူးခဲ့ပြီးတော့ အရမ်းကိုလျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရခဲ့တဲ့sword and fairy 1 ကို ၂၀၂၄ ဗားရှင်းအဖြစ်ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းက အရမ်းကောင်းတာမို့သရုပ်ဆောင်တွေလည်းတာဝန်ကြီးပါတယ် 2005 ခုနှစ်ဗားရှင်းနဲ့ 2024ဗားရှင်းကြားဘယ်လိုတွေကွာခြားမှုရှိနေမလဲဆိုတာကို ပရိသတ်ကြီးက စောင့်ကြည့်ပေးကြပါအုံးရှင် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့တော့ လီရှောင်းယောင်လို့ခေါ်တဲ့ကောင်လေးကသူ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက်နဲ့အိပ်မက်ကျွန်းဆီခရီးထွက်လာခဲ့ပါတယ်။ အဲဒီကျွန်းမှာပဲ သူချစ်ရတဲ့ မိန်းမလှလေးလင်အာနဲ့တွေ့ဆုံပြီးချစ်ခင်ဆုံမက်ကာ လက်ထပ်ဖြစ်ခဲ့ကြပါတယ် ။ဒီလိုနဲ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက် ဆေးလည်းရပြီဖြစ်လို့ အိပ်မက်ကျွန်းကနေအိမ်အပြန်ခရီးလမ်းမှာ ပိုင်ယွဲ့ဂိုဏ်းရဲ့လုပ်ကြံမှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။အဲဒီအခါကျမှ လီရှောင်းယောင်လည်း သူအိပ်မက်ကျွန်းကိုသွားဖြစ်အောင်လုပ်ခဲ့တာကလည်းပိုင်ယွဲ့ဂိုဏ်းရဲ့ထောင်ချောက်ဖြစ်ပြီးတော့ ချစ်ရတဲ့သူ လင်အာကိုပြန်ပေးဆွဲဖို့ဆိုတာကိုသိရှိသွားပါတော့တယ် ။ ဒါပေမဲ့ကံဆိုးစွာနဲ့သူလည်း ပိုင်ယွဲ့ဂိုဏ်းရဲ့တိုက်ခိုက်မှုတွေကိုခံလိုက်ရပြီးတော့ ဒဏ်ရာအပြင်းအထန်ရကာအတိတ်မေ့သွားပါတော့တယ် ။ ဆိုတော့ ဇာတ်လမ်းလေးထဲမှာ ပိုင်ယွဲ့ဂိုဏ်းက လင်အာကိုဘာလို့လိုက်ဖမ်းနေတာလဲ ရှောင်းယောင်ကရော ပြန်ပြီးတော့ အတိတ်တွေအားလုံးကို သတိရလာနိုင်မလား အိမ်ပြန်တဲ့လမ်းမှာရော ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ကြုံတွေရပြီးတော့မိတ်ဆွေလားရန်သူလား ဘယ်လိုတွေခွဲခြားသိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။====================================Quality : ...

Sword and Fairy 1

2024
Legend of the Hidden Land (2024)
Legend of the Hidden Land (2024) လျှို့ဝှက်ကျွန်း ရဲ့ ဒဏ္ဍာရီ (၂၀၂၄)ဘန်ဘွန်တိုင်းပြည်ခေါ်တဲ့ မှော်၀င်တိုင်းပြည်ကြီးမှာ နယ်နိမိတ် လေးခုနဲ့ ဖွဲ့စည်းထားပါတယ် မြွေဘုရင် ဆင်ဘုရင် သိမ်းငှက်ဘုရင်နဲ့ ကျွဲရိုင်းဘုရင်တို့က အသီးသီးအုပ်ချုပ်ကြပါတယ် ဘုရင် လေးယောက်မှာ မြွေဘုရင်က ရတနာကိုးပါးစီမံထားတဲ့ နုတ်ဖရတ်တုတ်တံကို ပိုင်ဆိုင်ခွင့်ရထားပါတယ် ဒါကြောင့် ဘန်ဘွန်တိုင်းပြည်မှာ မြွေဘုရင်က အင်အားအကြီးဆုံးဖြစ်ပါတယ် ကျန်သော ဘုရင်သုံးပါကလည်း နုတ်ဖရတ်တုတ်တံကို ပိုင်ဆိုင်လိုစိတ် ရှိကြပါတယ် ထိုထဲမှာမှ သိမ်းငှက်ဘုရင်က အဆိုးဆုံးပါ ‌နုတ်ဖရတ်တုတ်တံကို လုယူဖို့ နှစ်ပေါင်းများစွာ ကြံစည်ခဲ့ပါတယ် တစ်နေ့မှာ သိမ်းငှက်ဘုရင်က သူ့သားဖ့စ်တဲ့ ခမ်းဖာကို မြွေဘုရင်ရဲ့ သမီးနာရင်နဲ့ ချစ်ကြိုက်စေဖို့ မြွေအသွင်ဖန်ဆင်းပြီး စေလွှတ်ခဲ့ပါတယ် နာရင်နဲ့ ချစ်ကြိုက်သွားပြီးနောက် နာရင်မှာကိုယ်၀န်ရှိခဲ့ပါတယ် ခမ်းဖာတစ်ယောက် သူ့အဖေ လုယူခိုင်းတဲ့ နုတ်ဖရတ်တုတ်တံကို လုယူဖို့ ဆုံးဖြတ်ချက်တွေ မပြတ်သားခဲ့ပါဘူး ဒီအကြောင်းကို သိမ်းငှက်ဘုရင်တို့ အုပ်စု သိသွားတော့ မြွေဘုရင်နယ်မြေကို လာတိုက်ခိုက်ပါတော့တယ် မြွေဘုရင်က နုတ်ဖရတ်တုတ်တံကို သိမ်းငှက်ဘုရင်ကို မပိုင်ဆ်ုင်စေလိုသောကြောင့် နေရောင်ခြည်ရဲ့ အလင်းတန်းနှင့် တုတ်တံကို ဖျက်စီးပစ်ခဲ့ပါတယ် တုတ်တံထဲက ရတနာကိုးပါးလည်း ပေါက်ကွဲထွက်သွားပြီး နေရာအနှံ့ကိုရောက်သွားပါတယ် နုတ်ဖရတ်တုတ်တံကို အရင်လည်း ရတနာကိုးပါနဲ့စုစည်းနိုင်မယ့်သူက နာရင်မွေးလာမယ့် ...

Legend of the Hidden Land (2024)

2024
I Woke Up a Vampire (2024) Season2 7.7
I Woke Up a Vampire (2024) Season2 သိပ်မကြာသေးခင်ကမှ တင်ဆက်ခဲ့တဲ့ S1အပြီး ခုလက်ရှိSeason 2 မှာတော့ ကာမီနဲ့ သူ့ရဲ့သွေးနှောသူငယ်ချင်း‌‌တွေဟာ သူတို့ရဲ့ဘဝတစ်ဆစ်ချိုးဖြစ်တဲ့ အထက်တန်းကျောင်းကို ရောက်ရှိလာပါတော့တယ်။အထက်တန်းကျောင်းကိုရောက်လာပြီဖြစ်တဲ့အတွက် လူသစ်တွေနဲ့တွေ့ပြီး မိတ်ဆွေအသစ်တွေဖွဲ့ဖို့ အတွေ့အကြုံအသစ်တွေရဖို့ သူတို့ရဲ့ဘဝကို ပြန်လည်ဖန်တီးဖို့ ကြိုးစားလာကြရပါတယ်။ဒီလိုနဲ့ သူတို့သူငယ်ချင်းတစ်သိုက်ဟာ သူတို့တွေရဲ့သဘာဝလွန်ကိစ္စရပ်တွေကို အတိတ်မှာထားခဲ့ကာ သူတို့ရဲ့အစွမ်းတွေကို ဖုံးကွယ်ထားပြီး ကျောင်းမှာ သာမန်လူနဲ့ အံဝင်ဂွင်ကျဖြစ်အောင် နေဖို့ တစ်ယောက် ပုံစံတစ်မျိုးစီနဲ့ ကြိုးစားကြပါတယ်။ ‌ဒါပေမဲ့လည်းသူတို့ရဲ့ရှုပ်ထွေးလှတဲ့သွေးနှောဘဝတွေက အထက်တန်းကျောင်းအထိ လိုက်လာတဲ့အခါ ၎င်းတို့ကို ရင်ဆိုင်ဖို့ကြိုးစားရပြန်ပါတော့တယ်။ဒီ season မှာတော့ ယခင်သရုပ်ဆောင်တွေအပြင် ထပ်တိုးထားတဲ့ သရုပ်ဆောင်တွေပါလာတာကြောင့် ဇာတ်ကောင်အသစ်တွေကိုလည်း မြင်တွေ့ရမှာပါ။ကာမီရဲ့စွမ်းအားတွေကလည်း ယခင်ကထက်ပိုမိုအားကောင်းလာကာ သဘာဝလွန်သတ္တဝါအသစ်တွေ ရန်သူအသစ်တွေနဲ့ ရင်ဆိုင်လာရပြီး ဇာတ်လမ်းက ပိုအရှိန်တက်လာတာကို မြင်တွေ့ရမှာပါ။File Size – 600MB(Appx;)@EpisodeQuality –1080p WEB DL Duration – 27 minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, Family, Sci-Fi & Fantasy, DramaTranslator –CM ...
7.7
TMDb: 7.7/10 24 votes
tv

I Woke Up a Vampire (2024) Season2

2023
I Woke Up a Vampire (2023) Season 1 7.7
I Woke Up a Vampire (2023) Season 1 ဒီနေ့ကတော့ Netflix ကလူငယ်စီးရီးလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ကာမီဆိုတဲ့ကောင်မလေးတစ်ယောက်က ၁၃နှစ်ပြည့်မွေးနေ့မှာ စိတ်လှုပ်ရှားစွာနဲ့ အိပ်ရာကထလာတဲ့အခါ လူကလည်းလေပေါ်ပျံနေပြီး ထူးဆန်းတဲ့အရာပေါင်းစုံနဲ့စတင်ကြုံတွေ့ရပါတော့တယ်။သူ(မ)ခံစားတွေ့ကြုံရတာတွေနဲ့ပတ်သက်ပြီးမယုံနိုင်အောင်ဖြစ်နေပါတော့တယ်။ သူ့ရဲ့အချစ်ဆုံး သူငယ်ချင်း ကတ်ဗ်ရဲ့ အကူအညီနဲ့ သူ(မ)ရဲ့ အခြေအနေကိုအဖြေရှာကြည့်ကြတဲ့အခါ သူ(မ)က လူသားတစ်ဝက် ဗန်ပိုင်းယားတစ်ဝက်လို့ခေါ်တဲ့ ဗန်ပိုင်းယားပေါက်လေးဖြစ်နတာကို သိလိုက်ရပါတယ်။ဒီလိုနဲ့ ဒီဖြစ်စဉ်ကို အ‌ဖြေရှာကြည့်ဖို့အစဖော်ကြတဲ့အခါ တကယ်မှာတော့ကာမီက မွေးစားသမီးလေး တစ်ယောက်သာ ဖြစ်ပြီး သူ(မ)ရဲ့ အဖေနဲ့အမေကိုဘယ်သူမှန်းမသိပါဘူး။ တစ်ဖက်မှာတော့ သွေးနှောတွေကိုလိုက်ဖမ်းသူ မုဆိုးမျိုးရိုးဖြစ်တဲ့ ဒိုင်လန်က သူ့ရဲ့မျိုးရိုးစဉ်ဆက်အမွေကို ထူးချွန်စွာဆက်ခံသူတစ်ဦးဖြစ်ပြီး ကာမီတို့ရဲ့ ရပ်ကွက်ထဲကို ပြောင်းရွေ့လာပါတယ်။ ဒီလိုနဲ့ ကာမီက သွေးနှောဗန်ပိုင်းယားပေါက်ကလေး ဆိုတာကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒိုင်လန် သိရှိသွားမလား။သူ(မ)သူငယ်ချင်း ကတ်ဗ်နဲ့ သူတို့ နှစ်ဦး စွမ်းအင်တွေကိုဘယ်လိုထိန်းချုပ်သွားကြမလဲ။ သူမ အလယ်တန်း‌ကျောင်းသား ဘဝပြဿနာ တွေအပြင် ဗန်ပိုင်းယားပေါက်ကလေး ဖြစ်နေတဲ့ ဘဝတစ်ဆစ်ချိုးက သူ(မ)ကို ဘာတွေ ထပ်ဆီးကြို နေမလဲ ။ သူမ ရဲ့ အဖေနဲ့အမေကရော ဘယ်သူလဲ သူမရဲ့ မူလဇာတ်မြစ်မှန်က ...
7.7
TMDb: 7.7/10 24 votes
tv

I Woke Up a Vampire (2023) Season 1

2023
The Legend of ShenLi
The Legend of ShenLi ရှေးခေတ်က နတ်ဘုရားများစွာ သေဆုံးသွားပြီးတဲ့နောက်တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"ဟာရှင်ယွင်ဆိုတဲ့နာမည်နဲ့ လူသားမျိုးနွယ်ခန္ဓာကိုယ်ကို သုံးပြီး လူ့ပြည်မှာတစ်ကိုယ်တည်း ဇာတ်မြှုပ်ကာ အသက်ရှင်နေထိုင်လျက်ရှိပါတယ်။တစ်ဖက်မှာ ဝိညာဥ်လောကမှ ကျောက်စိမ်းသခင် "ရှန်လီ"ဟာသူမရဲ့အသက်တစ်ထောင်ပြည့်မွေးနေ့မှာ ထိမ်းမြားဖို့ စီစဥ်ခံရတာကြောင့်ထွက်ပြေးရာမှ တိုက်ခိုက်ခံရပြီး မူလဇာမဏီငှက်ပုံသဏ္ဍာန် ပြန်ဖြစ်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ လူ့ပြည်ကိုကျသွားတဲ့ "ရှန်လီ"ဟာ ‌ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"နဲ့ လူ့ပြည်မှာ မတော်တဆဆုံတွေ့ဆုံခဲ့ရာမှာ သူတို့နှစ်ဦးကြားမှာချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ လောကကြီးရဲ့ ငြိမ်းချမ်းမှုနဲ့အရာခပ်သိမ်းကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ ရှေးဟောင်းနတ်ဘုရား ရှင်ကျစ်နဲ့မျိုးနွယ်စုတစ်ခုလုံးကို ကာကွယ်ဖို့ တာဝန်ရှိသလို ကြီးမားတဲ့ တာဝန်တွေကိုပုခုံးပေါ် ထမ်းထားရတဲ့ ဇာမဏီအရှင်မ "ရှန်လီ"တို့ သမိုင်းပေးတာဝန်တွေနဲ့ချစ်ခြင်းမေတ္တာကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမှာလဲ အဆုံးမှာတစ်ဦးနဲ့တစ်ဦး ပေါင်းဖက်ရပါ့မလားဆိုတာတော့ CM ပရိသတ်ကြီး စောင့်မျှော်အားပေးကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Fantasy Runtime : ...

The Legend of ShenLi

2024
Eye Love You(2024)
Eye Love You(2024) Eye Love You(2024)*******************အပိုင်း (၁ မှ ၁၀) ထိ စ/ဆုံးCastတွေအနေနဲ့ကတော့ "Nevertheless"က အာလူးလေး Chae Jong Hyeopနဲ့ ဂျပန်မလေးFumi Nikaidoတို့အပြင် တခြားဂျပန်သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်အသက်၃၀အရွယ် ဂျပန်မလေး ယူရီဟာ မတော်တဆမှုတစ်ခုကြောင့် လူ‌တွေရဲ့ မျက်လုံးကိုကြည့်လိုက်တာနဲ့သူတို့ရဲ့ စိတ်အတွေးတွေကိုပါသိနိုင်တဲ့ အထူးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပါတယ်.... ဒါကြောင့်မို့ ယူရီဟာ လူတွေရဲ့စိတ်ရင်းအမှန်ကိုသိလာရလေလေနာကျင်‌ရလာလေဖြစ်တာကြောင့် လူတွေနဲ့ အတတ်နိုင်ဆုံးဝေးဝေးနေပြီးတစ်ယောက်ယောက်ကိုချစ်ဖို့ကိုတောင် ကြောက်ရွံ့နေပါတယ်.... တစ်နေ့မှာတော့ ယူရီဟာ ဂျပန်ကို ပညာတောင်သင်‌ေရာက်လာတဲ့ အသက်၂၆နှစ်အရွယ် ကိုရီးယားလူမျိုးထယ်အိုဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး မျက်လုံးချင်းဆုံမိတဲ့အချိန် စိတ်အတွေးတွေကိုကြားရပေမဲ့သူ နားမလည်တဲ့ ကိုရီးယားဘာသာစကား ဖြစ်နေပါတယ်.... ဂျပန်မလေးယူရီတစ်ယောက် ရင်းနှီးဖော်ရွေတတ်တဲ့ ကိုရီးယားမောင်လေးနဲ့တွေ့ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...  Aired: Jan 23, 2024 - Mar 26, 2024 Aired On: Tuesday Genres: Comedy, Romance, Fantasy Duration: 60 mins Episodes: 10 Original Nif Translated by  Phyu ...

Eye Love You(2024)

2024
Burning Flames
Burning Flames ဒီတစ်ခါမှာ CM ပရိသတ်တွေကော Ren Jia Lun ပရိသတ်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Wu Geng Ji ဆိုတဲ့ Anime ကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ မီးလျှံကြားမှသူရဲကောင်းဝူကန်း ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းရာကတော့ လူ့ပြည်မှာအလွန်အေးချမ်းသာယာလွန်းလှတဲ့ ရှင်းတိုင်းပြည်မှာ ဝူကန်းဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ ဒီလိုအေးချမ်းသာယာလွန်းတဲ့ ရှင်းတိုင်းပြည်ကိုတနေ့မှာတော့ ကံဆိုးခြင်းပေါင်းများစွာသယ်ဆောင်လာခဲ့ပါတော့တယ်။ ဒါကတော့ လူသားဆိုတာကထာဝရနတ်မျိုးနွယ်ရဲ့ ကျေးကျွန်လို့ခံယူထားကြတဲ့နတ်မျိုးနွယ်တွေကရှင်းတိုင်းပြည်ကိုလာခြယ်လှယ်ကြရင်းသွေးချောင်းစီးတဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာတင် ဝူကန်းရဲ့ခမည်းတော်ဘုရင်က နတ်ရွာစံသွားပြီးဝူကန်းရဲ့မယ်တော်ကတော့ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့လူသားမျိုးနွယ်စုဝင်ဖြစ်တာကြောင့် သူ မသေဆုံးခင်မှာဝူကန်းကိုနတ်စွမ်းအားတွေလွှဲပေးခဲ့တယ်။ ဒီလိုနဲ့တိုင်းပြည်ပျက်သုဉ်းသွားတဲ့အခါ ဝူကန်းဟာတိုင်းပြည်မင်းသားဘဝကနေအနိမ့်ကျဆုံးအစေခံဘဝထိရောက်သွားပြီး ခက်ခဲကြမ်းတမ်းစွာရုန်းကန်းနေပေမဲ့လည်း တိုင်းပြည်ပျက်သုဉ်းပြီးမိဘနှစ်ပါးသေဆုံးခဲ့တဲ့ရန်ငြိုးကတော့မပျက်ပြယ်ပဲ ခိုင်မာတည်ရှိနေခဲ့တယ်။ဒီရန်ငြိုးကိုလက်စားချေဖို့ရာ ဝူကန်းကအဖိုးဖြစ်သူ ဖူရှီးနောက်လိုက်ပြီးသိုင်းပညာတွေကော နတ်စွမ်းအားတွေကိုပါ ကျင့်ကြံလေ့ကျင့်အားထုတ်ခဲ့တယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့သနားကြင်နာတတ်တဲ့ ပိုင်ချိုက်မိန်းကလေးနဲ့ ဝူကန်းရဲ့ဦးလေးဖြစ်သူ ကျီယွီတို့သင်ပေးမှုအောက်မှာ အန္တရာယ်အခက်အခဲဘေးဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။လူ့ပြည်နဲ့နတ်ပြည်စစ်ပွဲကြီးဘယ်လိုအဆုံးသတ်လိုက်ကြမလဲ။ မိဘနှစ်ပါးနှင့်တိုင်းပြည်ပါ ဆုံးရူံးရတဲ့ရန်ငြိုးကိုဘယ်လိုလက်စားချေကြမလဲ။ ပျက်သုဉ်းသွားတဲ့အမိတိုင်းပြည်ကို ဘယ်လိုပြန်တည်ထောင်မလဲစတဲ့ အမိုက်စားဇာတ်ကွက်တွေနှင့်သာမက သိုင်းလောကပရိသတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်။====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Action, Fantasy, Mystery Runtime : 45 min Subtitle : Myanmar ...

Burning Flames

2024
Go Back Couple (2017) 8.239
Go Back Couple (2017) Go Back Couple (2017)********************** အပိုင်း ၁ မှ ၁၂ (စ/ဆုံး)ဒိတ်ဒိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ My Happy Ending ထဲက မင်းသား Son Ho Jun နဲ့ မင်းသမီး Jang Nara, Marry My Husband ထဲက အချစ်တော် Lee Yi Kyung, Gumiho ထဲက Jang Ki Yong, Heavenly idol ထဲက မင်းသမီး Go Bo Gyeol တို့ အဓိက ပါဝင်ထားတဲ့ အချိန်ခရီးသွားကားလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ချွဲဘန်းဒို(Son Ho Jun)နဲ့ မာဂျင်းဂျူ(Jang Na Ra)တို့ဟာ ၃၈နှစ်အရွယ် လက်ထပ်ထားတဲ့ဇနီးမောင်နှံ‌တွေပါ သူတို့နှစ်‌ယောက်ဟာ အသက်ငယ်ရွယ်တုန်းမှာ အိမ်ထောင်ကျခဲ့ကြတဲ့အတွက် လူငယ်ဘဝကို အပြည့်အဝမခံစားခဲ့ရဘဲ အိမ်ထောင်ရှင်ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုပဲ ခံစားနေရပါတယ်ဒါကြောင့် ချစ်လို့လက်ထပ်ယူခဲ့ကြပေမဲ့ တစ်ယောက်ကိုတစ်ယောက် တဖြည်းဖြည်း ...
8.239
TMDb: 8.239/10 23 votes
tv

Go Back Couple (2017)

2017
The Signal (2024) 6.685
The Signal (2024)  ဒီတစ်ခေါက်မှာတော့ Netflix ရဲ့ အသစ်စက်စက် Thriller/Mystery/ Sci-fi ဂျာမန် စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Season 1 မှာ အပိုင်း ၄ ပိုင်း ထွက်ရှိထားတာဖြစ်ပါတယ်။စဗန်က သမီးလေး ချာလီနဲ့အတူ မိန်းမဖြစ်သူ အာကာသယာဉ်မှူး ပေါလာရဲ့ အာကာသခရီး အိမ်အပြန်ကို စောင့်မျှော်နေသူပါ။ ရိုးသားတဲ့စဗန်နဲ့ အမေနဲ့တူပြီး ဉာဏ်ရည်ထက်မြက်တဲ့သမီးငယ်လေး ချာလီက ပေါလာရဲ့ အာကာသခရီးစဉ် လွှတ်တင်ခြင်းတွေနဲ့ ဆင်းသက်ခြင်းတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အစဉ်မပြတ်စောင့်ကြည့်ပြီး ပေါလာအိမ်ပြန်လာမဲ့ရက်ကို လက်ချိုးရေတွက်ပြီး စိတ်လှုပ်ရှား တက်ကြွစွာနဲ့ စောင့်မျှော်နေကြတာပါ။ပေါလာရဲ့ အာကာသယာဉ်က ကမ္ဘာမြေပေါ် ဆင်းသက်နိုင်ခဲ့ပြီး ဆင်းသက်တဲ့နေရာကနေ သူ့တို့သားအဖရှိရာဆီ ပြန်လာမဲ့နေ့မှာ သားအဖနှစ်ယောက် လေဆိပ်မှာ သွားစောင့်နေကြရင်း သူတို့ရဲ့ကမ္ဘာလေးကို ချာချာလည်သွားစေမဲ့ မယုံနိုင်စရာ သတင်းဆိုးကြီးကို ကြားလိုက်ရပါတော့တယ်။ အဲဒါကတော့ ပေါလာ စီးလာတဲ့ လေယာဉ်က အဆက်အသွယ်မရဘဲ ပျက်ကျသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတစ်ယောက်မှ မတွေ့ဘူးဆိုတာပါပဲ။စဗန်လည်း ပေါလာရဲ့သတင်းကို စောင့်စားရင်းနဲ့ ပေါလာ ...
6.685
TMDb: 6.685/10 46 votes
tv

The Signal (2024)

2024
3 Body Problem (2024) 7.6
3 Body Problem (2024)  2024 မှာထွက်ရှိလာတဲ့ 3 body Problem ကတော့ စိတ်ဝင်စားစရာတွေနဲ့ ကြည့်ကောင်းမဲ့ကားလေးတစ်ကားပါပဲ.......ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့ စကြာဝဠာကြီးမှာ တခြားသက်ရှိတွေရော ရှိနိုင်မလားဆိုတဲ့ အတွေးက တကယ့်ကိုစိတ်ဝင်စားစရာပါ.....အဲဒီ စိတ်ဝင်စားစရာအတွေးကိုလည်း ပညာရှင်တွေက နည်းလမ်းမျိုးစုံနဲ့ အဖြေထုတ်နိုင်ဖို့ကြိုးစားနေကြတာပါ.....နည်းပညာမြင့်တဲ့ နိုင်ငံတွေအပြိုင်အဆိုင် ကြိုးပမ်းရာကနေ တရုတ်နိုင်ငံလေ့လာရေးစခန်းတစ်ခုမှာရှိတဲ့ ပညာရှင်တစ်ယောက်က နေဟာ ကိုယ်တိုင်လည်း လျှပ်စစ်သံလိုက်စွမ်းအင်ထုတ်ပေးနိုင်သလို တခြားဂြိုလ်ရဲ့ စွမ်းအင်ကိုလည်း ချဲ့ထုတ်ပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိသွားပါတယ်......စကြာဝဠာကြီးထဲမှာ တခြားသက်ရှိတွေများရှိမလားလို့ တွေးမိနေကြတဲ့ လေ့လာသူတွေဟာ တခြားသက်ရှိတွေကို ဆက်သွယ်လို့ ရလိုရငြား အသံထုတ်လွှင့်စက်ကြီးတွေနဲ့ အရင်ကထုတ်လွှင့်နေရာကနေ နေရဲ့ ချဲ့ထုတ်နိုင်စွမ်းကိုတွေ့သွားတော့ အားနည်းလှတဲ့ ကမ္ဘာဂြိုလ်က ထုတ်လွှင့်စက်ကို နေဘက်ကိုသာဦးတည်ပြီး လွှင့်လိုက်ရင် ချဲ့ပေးနိုင်မှာပဲဆိုတဲ့ အတွေးနဲ့ သူက ထုတ်လွှင့်ချင်နေတာပါ.....ဒါပေမဲ့လည်း သူမွေးဖွားရာနိုင်ငံက တရုတ်ဖြစ်နေပြီး သူတို့ရဲ့ သမ္မတကြီးကလည်း မော်စီတုံးဖြစ်နေတာကြောင့် Red Sun လို့တင်စားထားတဲ့ သမ္မတကြီးဂုဏ်သိက္ခာအတွက် သူ့အထက်လူကြီးတွေက ခွင့်မပြုခဲ့ပါဘူး......လူတွေရဲ့ ဗီဇအရ ခွင့်မပြုတာမှပိုလုပ်ချင်တဲ့သူကလည်း ...
7.6
TMDb: 7.6/10 67 votes
tv

3 Body Problem (2024)

2024
Yongan Dream ( 2024 )
Yongan Dream ( 2024 ) ဒီတစ်ခါတော့ CM ရဲ့ ပရိသတ်တွေအတွက် Royal Rumors နဲ့ The Journey of Chong Zi ထဲက အရှင်ချုံဟွာနဲ့ မင်းသမီးချောလေး Ouyang Nana တို့ရဲ့ ဇာတ်လမ်းတွဲအသစ်လေးကို တင်ဆက်ပေးပါမယ်နော်ဇာတ်လမ်းအညွှန်း ယုံအန်းမြို့တော်ရဲ့ အနောက်ဘက်က ခံတပ်တူးမြောင်းပြိုကျမှုကြောင့် လုပ်ငန်းခွင်တာဝန်ခံအမတ် ရှန်ဝိန်ချီဟာ ဧကရာဇ်မင်းရဲ့ အမျက်တော်ရှမှုကိုခံရပြီး ပြစ်မှုထင်ရှားတာကြောင့် ညတွင်းချင်းပဲ အကျဥ်းချခံခဲ့ရသလို ဒီအဖြစ်အပျက်ကြောင့် ရှန်အိမ်တော်တစ်ခုလုံးပါ ညတွင်းချင်း ဒုက္ခရောက်ကုန်ပါတော့တယ်အထူးသဖြင့် လောကကြီးအကြောင်းကို ဘာမှမသိနားမလည်တဲ့ သမီးငယ်ဖြစ်သူ ရှန်ကျန်း (Ouyang Nana)ဟာ အခက်အခဲတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့တယ်။ ဒီအမှုကိစ္စကိုစုံစမ်းဖို့ တရားစီရင်ရေးအမတ်တစ်ဦးဖြစ်သူ လုရှီယန့် (Xu Zheng Xi)ကို ဧကရာဇ်မင်းက တာဝန်ပေးခဲ့သလို တစ်ဖက်မှာလည်း လုရှီယန့်ဟာ အိပ်မက်ထဲမှာ ပေါ်ပေါ်လာတဲ့ ထူးဆန်းတဲ့မိန်းကလေး တစ်ဦးကြောင့် စိတ်ရှုပ်နေရချိန် ဖြစ်နေခဲ့ပါတယ်လုရှီယန့် တစ်ယောက် အမှုကိစ္စစုံစမ်းရင်း သူ့အိပ်မက်ထဲက ထူးဆန်းတဲ့မိန်းကလေးက ရှန်အိမ်တော်က သမီးငယ်ဖြစ်သူ ရှန်ကျန်း ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ ရှန်ကျန်းအနားကို နည်းမျိုးစုံသုံးပြီး ချဉ်းကပ်ဖို့စတင်ကြိုးစားပါတော့တယ် ယုံအန်းမြို့နောက်ဘက်က တူးမြောင်းပြိုကျတဲ့အမှုကြောင့် သိကျွမ်းခဲ့ရာကနေတစ်ဆင့် ရှန်ကျန်းနဲ့ ...

Yongan Dream ( 2024 )

2024
Forbidden Love (2004) 5.6
Forbidden Love (2004) Forbidden love (2004) *********************အပိုင်း ၁ မှ ၁၆ စ/ဆုံးကိုယ်တွေငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ မြေခွေးဇာတ်ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ခေါင်းဆောင်မင်းသမီးအနေနဲ့ Rain ရဲ့ဇနီးချောလေး ဂင်ထယ်ဟီးကိုယ်တိုင် သရုပ်ဆောင်ထားပြီး တစ်ခေတ်တစ်ခါက မင်းသားကြီးတွေနဲ့ မင်းသမီးကြီးများပါ ပါဝင်ထားတဲ့ သဘာဝလွန် အချစ်ဇာတ်လမ်းတွဲတစ်ပုဒ်ပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း ---------------လူသားအသည်းကို စားသုံးမှ အသက်ဆက်ရှင်သန်နိုင်မဲ့ ရှားပါး အမြီးကိုးချောင်းမြေခွေးမျိုးနွယ်ဝင် ယွန်းရှီယွန်း ငယ်စဉ်ကတည်းက မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ ယွန်းရှီယွန်းကို မြေခွေးဂိုဏ်းခေါင်းဆောင်က ခေါ်ယူမွေးစားခဲ့ပါတယ် ယွန်းရှီယွန်းတစ်ယောက် ဝမ်းနည်းစရာအတိတ်ဆိုးကို ရင်ဝယ်ပိုက်ရင်း လူသားကမ္ဘာမှာ ပြတိုက်ဝန်ထမ်းတစ်ယောက်အဖြစ် နေထိုင်နေခဲ့တယ် ဒါပေမဲ့ သူမဟာ မြေခွေးဂိုဏ်းရဲ့ ထိပ်သီးသူရဲကောင်းတစ်ဦးဖြစ်တဲ့အလျောက် မိမိတာဝန်ကို ထမ်းဆောင်ရင်း မြေခွေးအနွယ်ဝင်တွေရဲ့ ပြစ်မှုတွေကို လိုက်လံစုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်လေးဂန်မင်ဝူနဲ့ တွေ့သွားတဲ့အခါမှာ…ဘာတွေ ဆက်ဖြစ်လာမလဲ?ဘယ်သောအခါမှ ဒွန်တွဲနေထိုင်ခွင့်မရှိတဲ့ သူတို့ရဲ့အချစ်အပေါ် မျိုးနွယ်နှစ်ခုကြားက တားမြစ်ချက်တွေ၊ မလိုမုန်းထားသူတွေရဲ့ အကောက်ကြံမှုတွေကို ဘယ်လိုနည်းနဲ့ ကျော်လွှားကြမလဲ နာကျည်းစရာဖြစ်ရပ်တွေကိုလည်း နှစ်ဦးသား ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ စောင့်မျှော်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းတွဲအညွှန်းကိုတော့ Esther Oo မှ ရေးသားပေးထားပါတယ် Drama: Nine Tailed Fox Genres: Action, Horror, ...
5.6
TMDb: 5.6/10 5 votes
tv

Forbidden Love (2004)

2004
Love Song for Illusion (2024)
Love Song for Illusion (2024) Love Song For Illusion (2024)***********************အပိုင်း (၁၆) ဇာတ်သိမ်းပိုင်း2024 အစမှာ ထွက်ရှိလာတဲ့ Wanna one ရဲ့ အဖွဲ့ဝင်ဟောင်း Park Ji-hoon နဲ့ မင်းသမီး Hong Ye ji တို့ရဲ့ နန်းတွင်းကားအသစ်လေးဖြစ်ပါတယ် Weak hero class ထဲမှာ အမိုက်စား acting တွေ ကြမ်းပြခဲ့တဲ့ Park Ji-hoonကို ဒီတစ်ခေါက်မှာလည်း အကျင့်စရိုက်နှစ်မျိုးရှိနေတဲ့ character နဲ့ အမိုက်စား မြင်တွေ့ရဦးမှာဖြစ်ပါတယ် ဒီဇာတ်လမ်းကတော့ Love Song For Illusion ဆိုတဲ့ WEBTOON လေးကို ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း --------------အိမ်ရှေ့စံမင်းသား Sajo Hyun ကတော့ ခန္ဓာကိုယ်တစ်ခုတည်းမှာ စရိုက်နှစ်ခုကွဲပြားနေတဲ့စိတ်ရောဂါတစ်ခုကို ခံစားနေရတဲ့သူပါ။အိမ်ရှေ့မင်းသားဆိုတဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီး မြို့ထဲကဆိုင်လေးတစ်ခုမှာ မိမိရဲ့ အရည်အချင်းနဲ့ ဒီဇိုင်နာအဖြစ်လုပ်ကိုင်နေတဲ့....ပထမအကျင့်စရိုက် Sajo Hyun နဲ့...အခြားသူတွေနဲ့ အသားချင်းထိလိုက်တဲ့အခါမှာ နာကျင်မှုကိုပြင်းပြင်းထန်ထန်ခံစားရတဲ့..ဒုတိယအကျင့်စရိုက် ...

Love Song for Illusion (2024)

2024
Avatar: The Last Airbender (2024) 9.7
Avatar: The Last Airbender (2024) Avatar ရဲ့ Live action စီးရီးထွက်လာပါပြီ မူရင်း animation ကြည့်ထားတဲ့သူတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ဘယ်လောက်ခိုင်မာလဲကောင်းလဲ သိကြမှာပါရေ မြေ မီး လေ ဓာတ်ကြီးပါးအလိုက် နိုင်ငံ ၄နိုင်ငံရှိရာမှာ ပါရမီပါသူတွေက ကိုယ့်နိုင်ငံရဲ့သက်ဆိုင်ရာဓာတ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ် အဲ့နိုင်ငံတွေထဲက Avatar ဆိုတဲ့သူက ဓာတ်၄ပါးလုံးကို ထိန်းချုပ်နိုင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံ၄နိုင်ငံလုံးကို မျှတအောင်ထိန်းသိမ်းပေးရမယ့်သူပါ Avatar တစ်ယောက် သေဆုံးသွားရင် နောက်တစ်နိုင်ငံမှာ အလှည့်ကျပြန်ဝင်စားပါတယ်မီးနိုင်ငံက မျှတမှုကိုဖျက်စီးပြီးနိုင်ငံတွေအကုန်သိမ်းပိုက်ဖို့လုပ်လာတဲ့အခါမှာ လေမျိုးနွယ်ရဲ့ Avatar လည်းပျောက်သွားတဲ့အတွက်ကြောင့် မီးနိုင်ငံကိုတားဆီးမယ့်သူမရှိခဲ့ပါဘူးနှစ်၁၀၀ကြာပြီးတဲ့နောက်မှာ ရေမျိုးနွယ်စုလေးက Katara နဲ့ Sokka ဆိုတဲ့မောင်နှမ၂ယောက်ဟာ သက်ရှိထင်ရှားရှိနေသေးတဲ့လေမျိုးနွယ် Avatar Aang ကိုရှာတွေ့ခဲ့ပြီး မီးနိုင်ငံကိုတားဆီနိုင်ဖို့ Aang နဲ့အတူ စွန့်စားခန်းထွက်ဖို့ဖြစ်လာပါတော့တယ်...File Size – 1.2GB / 600MB (Appx;) @EpisodeQuality – 1080p WEB DL / 720pDuration – 26mins (@Episode)Total Episodes: 8Eps (@ Season)Subtitle – Myanmar HardsubFormat ...
9.7
TMDb: 9.7/10 3 votes
tv

Avatar: The Last Airbender (2024)

2024
Marry My Husband(2024)
Marry My Husband(2024) Marry My Husband(2024)************************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Park Min Youngနဲ့ ဂင်ချားနားလို့ သိကြတဲ့Lee Yi Kyung တို့ရဲ့ Marry My Husbandနာမည်ကြီး Webtoonကို ပြန်ရိုက်ထားတာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ကင်ဆာနဲ့ အသက်လုနေရတဲ့ သေခါနီးအမျိုးသမီးတစ်ယောက်ဟာတစ်ရက်မှာတော့ သူငယ်ချင်းအရင်းကြီးနဲ့ သူ့အမျိုးသားတို့ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိသွားခဲ့ပါတယ်။ပိုဆိုးတာကတော့ အမျိုးသားဖြစ်သူက သူသေသွားရင် ကျန်ခဲ့မယ့် သူ့ရဲ့ အာမခံငွေတွေကိုအပိုင်သိမ်းဖို့ ကြိုတင်ကြံစည်ထားတာကိုပါ သိလိုက်ရပြီး အမျိုးသားဆီကပါ အသတ်ခံလိုက်ရပါတယ်။ဒါပေမဲ့ ပြန်နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ time slip ဖြစ်ပြီးလွန်ခဲ့တဲ့ 10နှစ်ကို ပြန်ရောက်နေခဲ့ပါတယ်။ သူနဲ့သူ့အမျိုးသားတို့ ရည်းစားဖြစ်နေတဲ့ ကာလကိုပြန်ရောက်သွားပြီး ဖောက်ပြန်တဲ့သူ့အမျိုးသားနဲ့ သူငယ်ချင်းဖြစ်သူကိုဘယ်လိုပုံစံနဲ့ လက်စားချေသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်နော်......အညွှန်းကိုတော့ Hsu Lei မှရေးသားပေးထားပါတယ်.. Aired: Jan 1, 2024 ...

Marry My Husband(2024)

2024