Channel Myanmar

Drama

Live On (2020) 7.0
Live On (2020) [Unicode]High School Romance Drama ဖန်တွေအတွက် ကားသစ်လေးBaek Ho Rang ဆိုတဲ့ ကောင်မလေးဟာ လှပချောမောတဲ့အသွင်အပြင်ကြောင့် ကျောင်းမှာတင်မကဘဲ social media မှာပါ နာမည်ကြီးသူလေး ပြီး ယောက်ျားလေးတိုင်းရဲ့အသည်းစွဲပေါ့နာမည်ကြီးပေမယ့် မာနကြီးတတ်တဲ့စရိုက်ကြောင့် ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ဘဲ တသီးတခြားတည်းနေလေ့ရှိပါတယ်တစ်ရက်မှာ အွန်လိုင်းပေါ်မှာထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာပြီး Ho Rang ကိုအထိတ်တလန့်ဖြစ်စေခဲ့ပါတယ် အကြောင်းရင်းကတော့ ထိုသူဟာ Ho Rang ရဲ့ ဖုံးကွယ်ထားချင်ခဲ့တဲ့ အတိတ်ကလျှို့ဝှက်ချက်တွေအားလုံးကို သိရှိနေတဲ့သူဖြစ်နေလို့ပါပဲထိုသူကိုဖော်ထုတ်နိုင်ဖို့အတွက် ကျောင်းက broadcasting club ရဲ့ခေါင်းဆောင် Go Eun Taekဆီကအကူအညီတောင်းဖို့လုပ်ရာက သူငယ်ချင်းတွေရလာခဲ့ပါတော့တယ်ဒီသူငယ်ချင်းတွေရဲ့အကူအညီနဲ့ ထူးဆန်းတဲ့သူကို ဖော်ထုတ်နိုင်ပါ့မလား.....အဲ့ဒီလူကရော ဘယ်သူများ....ဘယ်လို loveline တွေပေါ်လာဦးမလဲ....ဒီဇာတ်လမ်းတွဲလေးဟာ အပိုင်း(၈)ပိုင်းပါဝင်ပြီး တစ်ပတ်ကိုတစ်ပိုင်းနှုန်းနဲ့ အင်္ဂါနေ့တိုင်းမှာထုတ်လွှင့်ပြသသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ....။( အညွှန်းရေးသားထားတာကတော့ Ei Phyu Khin ဖြစ်ပါတယ် ) [Zawgyi]High School Romance Drama ...
7.0
TMDb: 7.0/10 votes
tv

Live On (2020)

The Penthouse: War in Life (2020) 8.4
The Penthouse: War in Life (2020) The Penthouse: War in Life (2020)Ongoing Series အသစ်ထွက်တာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီ Series ဟာဆိုရင် ချစ်လိုက် မုန်းလိုက် ဇာတ်ကားမျိုးမဟုတ်ပဲ မိသားအစုအရေး အိမ်တွင်းရေး အရှုပ်တော်ပုံတွေကို တစ်မိုထူးခြားတဲ့ ရိုက်ကွင်းရိုက်ကွက် ဇာတ်အိမ်အဆန်းနဲ့ ခံစားကြည့်ရှု့ရမှာပါဇာတ်လမ်း အကျဉ်းဟယ်ရာနန်းတော်လို့တင်စားလောက်တဲ့ အထပ်၁၀၀ပါသော ဇိမ်ခံမိုးမျှော်အိမ်ကြီးမှာဆိုရင် များစွာသော လျို့ဝှက်ချက်တွေ ၊ မမြင်နိုင်သော ရည်မှန်းချက်တွေ ပြည့်နှက်လို့နေပါတယ်ရှင်းဆူယွန်း ဟာ ဆိုရင် ချမ်းချမ်းသာသာနဲ့ မွေးဖွားလာသူတစ်ယောက်ပေါ့ မိုးမျှော်အိမ်ကြီးရဲ့မိဖုရားတစ်ပါးဆိုးလည်း မမှားပါဘူးချောင်းဆောဂျင်က တော့ သူ့သမီးလိုအပ်တာမှန်သမျှကို ဖြည့်ဆီးပေးနေသူပါအိုယွန်းဟီ ကတော့ ဘဝပေးအခြေပနေကြောင့် ဆင်းဆင်းရဲရဲ မွေးလာပေမယ့် ရည်မှန်းချက်ပန်းတိုင်ကြီးမားတဲ့သူ...ဒီလိုနဲ့ ထိပ်တိုက်တွေ့ကြရင်း ဘာတွေဆက်ဖြစ်သွားမလဲ....ချမ်းသာမှု့ ၊ အာဏာ နဲ့ များစွာသော အရှုပ်တော်ပုံတွေ ဖြစ်တည်ရာ အထပ်၁၀၀ မိုးမျှော်တိုက်ဟယ်ရာနန်းတော်ပါ( အညွှန်းရေးသားထားတာကတော့ CM Team ပါ )[Zawgyi]Ongoing Series ...
8.4
TMDb: 8.4/10 votes
tv

The Penthouse: War in Life (2020)

2020
Chilling Adventures of Sabrina Part 2 7.3
Chilling Adventures of Sabrina Part 2 Sabrina Season 2 ဟာ Rating 7.8 အထိရရှိထားပြီးတော့အားပေးမှူ့များစွာနဲ့ ပွဲထွက်လှခဲ့ပါတယ်....အရင် Season 1မှာ သွေးနှောတစ်ယောက်ဖြစ်တဲ့စဘရီနာတစ်ယောက်အမှောင်သခင်ကြီးရဲ့စာအုပ်မှာသူ့နာမည်ရေးထိုးတာနဲ့ဆုံးထားပြီးအခု Season2မှာတော့ အရင်ထက်ပိုပြီးDarkဖြစ်လာပါတယ်။ဒီ Seasonမှာ စုန်းလောကရဲ့ပိုနက်နဲတဲ့အကြောင်းတွေနဲ့ စဘရီနာ၊ ဟာဗီ၊ နစ်ခ်သူတို့သုံးယောက်ရဲ့သုံးဘက်ဆိုင်အချစ်တို့ကိုပါပိုမိုတွေ့မြင်နိုင်မှာပါ။ဒါ့အပြင် ဇာတ်ကောင်အသစ်တွေလဲပါဝင်လာပြီးစဘရီနာနဲ့ဘယ်လိုတွေများပတ်သတ်နေမလဲ၊အရင်Seasonမှာပါဝင်ခဲ့တဲ့ဇာတ်ကောင်တွေရဲ့တိမ်မြုပ်နေတဲ့ဇာတ်ကြောင်းတွေကရောဘယ်လိုတွေလဲ....ဒါတွေအားလုံးကို အခု Season မှာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့တွေ့မြင်နိုင်မှာပါ။စဘရီနာတစ်ယောက် အမှောင်သခင်ကြီးရဲ့ဘက်တော်သားဖြစ်သွားပြီးအမှောင်လမ်းကြောင်းနောက်ကိုလိုက်မလားဒါမှမဟုတ် သူ့ရဲ့နဂိုစိတ်ရင်းအတိုင်းပဲရိုးသားစွာနဲ့ဆက်နေသွားမလားဆိုတာကိုတော့Season 2 မှာကြည့်လိုက်ရအောင်လား.... Translators : Aye Mon Kyaw , Pone Thone , Phue , HMO , NeveEncoder : May Pyae Sone Oo Season- 2 (Completed) Zip File VIP / Yoteshin / Megaup
7.3
TMDb: 7.3/10 123 votes
tv

Chilling Adventures of Sabrina Part 2

2018
Candle in the Sun (2019) 8
Candle in the Sun (2019) Candle in the Sun (2019)ထိုင်းဇာတ်လမ်းတွဲအညွှန်း********************************************အပိုင်း(၁ မှ ၁၂)အထိ စ/ဆုံး~အတိတ်ဘဝ~ ကျောက်နွိုင်ထေဝါရစ်အဖြစ် Toey Pongsakorn တီအန်ခမ်း အဖြစ် Nychaa Nuttanicha ကျောက်ဝုန်ဒုန်းအဖြစ် Yoghurt Nattasha လူဝီအဖြစ် Pon Nawasch~လက်ရှိဘဝ~ အင် အဖြစ် Toey Pongsakorn ကလင်း အဖြစ် Nychaa Nuttanicha ပတီမာ အဖြစ် Yoghurt Nattasha ဘန် အဖြစ် Pon Nawaschကလင်းဆိုတဲ့အမျိုးသမီးဟာ ထိုင်းနိုင်ငံရဲ့အထင်ကရ သရုပ်ဆောင်မင်းသမီးတစ်ယောက်...ချောမောလှပတဲ့ရုပ်ရည်ရှိသလို သရုပ်ဆောင်ပိုင်းဆိုရင်လည်း ဇာတ်ကောင်စရိုက်အပေါ်အာရုံစိုက်လွန်းတဲ့သူဖြစ်ပါတယ်....ဒီလိုချောမောလှပတဲ့မင်းသမီးဟာ ချစ်မိတော့လည်းအများသူငါသိနေတဲ့ အိမ်ထောင်ရှိ ကျောက်မျက်ရတနာဆိုင်ပိုင်ရှင်တစ်ယောက်...ဒီလူက မိသားစု စီးပွားရေးအခြေအနေအရာ လက်မှတ်မထိုးထားဘဲ ဟန်ဆောင်သဘောမျိုးလက်ထားတယ်လို့သာဆိုပေမဲ့ ကလင်းအတွက်တော့ မလွယ်ကူပါဘူး..ဟိုလူ့ရှောင်ရ ဒီလူရှောင့်ရနဲ့....မီဒီယာတွေကလည်းအိမ်ထောင်သည်နဲ့ဖောက်ပြန်တယ်ဆိုပြီး စတင်ရေးသားလာကြပါတယ်....ဒီကြားထဲ အိပ်ပျော်တိုင်း အိပ်မက်ဆိုးတွေမက်တတ်သလို တစ်ခါတစ်ရံ တခြားသူတွေမမြင်တဲ့ခြောက်ခြားစရာမြင်ကွင်းတွေမြင်လေ့ရှိတတ်ပါတယ်....တစ်နေ့တော့ ရိုက်ကွင်းက စီစဉ်ပေးထားတဲ့ ဆံထိုးလေးကျိုးသွားတော့ကလင်းဟာ သူမပိုင်ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်တဲ့ ဆံထိုးပဲထိုးမယ်ဆိုပြီး ဒါရိုက်တာကိုပြောလိုက်ပါတယ်...အဲ့ဒီနောက်မှာတော့ ဆံထိုး ထိုးပြီး သရုပ်ဆောင်လိုက်တဲ့အချိန်မှာပဲသူမဟာ ဒီဘဝမှာမဟုတ်ဘဲ ရှေးဘဝ နန်းတွင်းခေတ်ကို ...
8
TMDb: 8/10 1 votes
tv

Candle in the Sun (2019)

2019
Kairos (2020)SE1(Complete)
Kairos (2020)SE1(Complete) Kairos (2020)အညွှန်း********************အပိုင်းသစ် (၁ မှ ၁၆)ထိ စ/ဆုံး Seo Jin ဆိုတဲ့သူဟာ  ဆောက်လုပ်ရေးကုမ္ပဏီကဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ် ...ဇနီးချောလေးလည်းရှိသလို ချစ်စရာကောင်းတဲ့သမီးလေးလည်းပိုင်ဆိုင်ထားတယ်...သိပ်ပျော်ရွှင်ကြည်နူးစရာမိသားစုလေးပေါ့...တစ်နေ့သူတို့မိသားစုထံကံကြမ္မာဆိုးရောက်လာတယ်..ဒီတစ်ဉီးထဲသောသမီးလေးကိုပြန်ပေးဆွဲသွားကြတယ်...မိဘ(၂)ဉီးဟာရဲကိုတိုင်ပြီး ရေကုန်ရေခန်းရှာဖွေကြတယ်....ပြန်ပေးဆွဲတဲ့သူတွေဟာမည်သူမည်ဝါမှန်းမသိပေမဲ့ သမီးလေးရဲ့ လက်ညှိုးလေးတစ်ချောင်းကိုဖြတ်ပြီးအိမ်ကိုပို့လိုက်တယ်...သမီးလေးသေဖို့ ဖြစ်နိုင်ချေအများဆုံးမို့ ဇနီးဖြစ်သူဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားတယ်...ဒီလက်ညှိုးဟာ သမီးလေးလက်ညှိုးစစ်မှန်ပေမဲ့ ထူးဆန်းစွာပဲ တစ်ယောက်ထဲ ဘာအထိအခိုက်မရှိဘဲ ပြုံးရွှင်လျှောက်သွားနေတာကိုအမျိုးသမီးလေးတစ်ယောက်ကတွေ့မိတယ်....ဆန်းကြယ်မှုတွေဟာ ဆက်တိုက်ဆိုသလို ဖခင်ဖြစ်သူဆီကို အမည်မသိနောက်ဖုန်းတစ်လုံးကလည်းထူးဆန်းစွာပဲခေါ်ဆိုလာတယ်...ဒီစီးရီးက ချစ်ကြိုက်မုန်းဟန်တော့မဟုတ်ဘူး....အက်ရှင် မှုခင်းဘက်ကိုဉီးစားပေးထားပုံပဲ...ပြီးတော့ ကွယ်ဝှက်ထားတာတွေများသလို စစချင်းပဲ အဓိကမင်းသားဖြစ်သူရဲ့ဆောက်တည်ရာမဲ့နေတဲ့ပုံနဲ့ ဇာတ်လမ်းကို အရှိန်တင်ထားတယ်...ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး..မင်းသားနဲ့မင်းသမီးကိုတော့ အတော်များများရင်းနှီးကြမှာပါ...စိတ်ဝင်စားဖို့အတော်ကောင်းနိုင်မဲ့စီးရီးမို့ ဆက်စောင့်ကြည့်ကြတာပေါ့.... Quality – HDTV  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Action ,Crime, DramaTranslated by ,Shoon Thu Thu Chain, Hnin Pale,Chu Chu & Myat ChelEncoder – ...

Kairos (2020)SE1(Complete)

2020
Who Are You: School (2015) 8.1
Who Are You: School (2015)  [Unicode]Who Are You: School 2015ထုံးယောင်းမြို့ အချစ်အိမ်မိဘမဲ့ဂေဟာမှာ တခြားကလေးတွေကို အစ်မကြီးသဖွယ်စောင့်ရှောက်ပေးရင်း နေထိုင်ရသူဖြစ်ပြီး‌ ကျောင်းတွင်းအကြမ်းဖက်မှုခံနေရတဲ့ လီအွန်းဘီ နဲ့ဆိုးလ်မြို့မှာ နေထိုင်ပြီး ကျောင်းစာမှာ ထူးချွန်တဲ့အပြင် မဟုတ်မခံစိတ်ရှိသူ ၊ မွေးစားအမေရဲ့ ဂရုစိုက်မှုတွေကြား ကြီးပြင်းလာရတဲ့ ဂိုအွန်ဗြောတို့ဟာ အမြွှာညီအစ်မတွေဆိုပေမဲ့ မတူညီတဲ့ ဘဝတွေမှာ နေထိုင်နေကြရတဲ့သူတွေပါ။တစ်နေ့တော့ လီအွန်းဘီဟာ ဘဝကို စိတ်ကုန်ပြီး သေကြောင်းကြံစည်ချိန် အစ်မဖြစ်သူဂိုအွန်းဗြောက အချိန်မီကယ်တင်ပေးပြီး သေကြောင်းကြံစည်မှုကြောင့် အတိတ်မေ့သွားတဲ့ ညီမဖြစ်သူကို ဂိုအွန်းဗြောဆိုတဲ့ ကောင်းမွန်တဲ့ ဘဝမှာ အစားထိုး ရှင်သန်နေထိုင်စေခဲ့ပါတယ်။အနိုင်ကျင့်ခံ လီအွန်းဘီဟာ ဂိုအွန်းဗြောဖြစ်လာပြီး ဆိုးလ်ကိုရောက်သွားချိန်မှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ အပြင် ဆယ်ကျော်သက်အရွယ် မိဘနဲ့ သားသမီးကြား ဖြစ်တတ်တဲ့ စိတ်အခန့်မသင့်စရာအဖြစ်အပျက်တွေ၊ မိဘတွေရဲ့သားသမီးတွေအပေါ်ထားတဲ့စေတနာအမှားတွေနဲ့ သူငယ်ချင်းတွေကြားက ချစ်စရာကောင်းတဲ့ အမူအကျင့်တွေအပြင် မဖြစ်သင့်တဲ့လွှဲမှားနေတဲ့ဆက်ဆံရေးတွေကိုပါ မြင်ရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားပြီးဘာသာပြန်သူကတော့ Htet Nandar Aung ဖြစ်ပါတယ် )  [Zawgyi]Who Are You: ...
8.1
TMDb: 8.1/10 15 votes
tv

Who Are You: School (2015)

2015
Start-Up(2020)[စ/ဆုံး]
Start-Up(2020)[စ/ဆုံး] Start-Up(2020)အညွှန်း*********************အပိုင်း(၁ မှ ၁၆) စ/ဆုံးSeo Dal Miဆိုတဲ့ ရည်မှန်းချက်ကြီးမားတဲ့ကောင်မလေးတစ်ယောက်ဟာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ဖို့ အိပ်မက်မက်နေတဲ့သူပါ။လိုအပ်တဲ့ရင်းနှီးမြှုပ်နှံငွေရဖို့ ကျောင်းကနေထွက်ခဲ့ပြီး အချိန်ပိုင်းအလုပ်မျိုးစုံလုပ်ကာအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။သူမရဲ့အကြီးမားဆုံးအိပ်မက်ကတော့ ကိုရီးယားရဲ့စတိဗ်ဂျော့အဖြစ်နဲ့ အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်သူပါ။ Nam Do Sanကတော့ အတွက်အချက်တော်တဲ့ သင်္ချာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီးSamsan Techရဲ့ တည်ထောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ သူ့ရဲ့ကုမ္ပဏီဟာအကျဥ်းအကြပ်ထဲကျရောက်နေပြီး စီးပွားရေးအခက်အခဲကြုံတွေ့နေရပါတယ်။ ဒီလိုရည်မှန်းချက်ကြီးမားတဲ့လူငယ်လေးနှစ်ယောက်ဟာ  ဘယ်လိုတွေဆုံကြမလဲ...သူတို့အခက်အခဲတွေကို ဖြေရှင်းနိုင်ကြပါ့မလား.. တစ်ယောက်နဲ့တစ်ယောက်ရော အပြန်အလှန်ကူညီနိုင်ကြပါ့မလား...ခံစားကြည့်ကြပါဉီး.....ဇာတ်လမ်းအညွှန်းကို Ei Phyu Khin မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin Pale တို့ပဲဖြစ်ပါတယ်....Quality – WEB-DL  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Comedy, DramaTranslated by Lwin Lwin Aung,Shoon Thu ...

Start-Up(2020)[စ/ဆုံး]

2020
Tale of the Nine Tailed(2020)[စ/ဆုံး]
Tale of the Nine Tailed(2020)[စ/ဆုံး] Tale of the Nine Tailed(2020)အညွှန်း*********************************အပိုင်း(၁ မှ ၁၆)ထိ စ/ဆုံး<<<<Zip Fileလည်းရပါပြီ>>>>>လီယွန်ဆိုတာ အရပ်ရှည်ရှည် နဲ့ ထီးတစ်ချောင်းကို ကိုင်ရင်း လျှောက်သွားနေတဲ့သူတစ်ယောက်....ဒီထီးက နယ်နယ်ရရတော့မဟုတ်ဘူး..အရေးကြီးအစွမ်းထက်တဲ့ဓားတစ်ချောင်းအဖြစ်ပြောငး်လဲနိုင်သလိုသူ့ကိုလည်း စွမ်းအားပြည့်အသုံးချနိုင်ဖို့အထောက်အကူပြု လက်နက်ဖြစ်တယ်...တကယ်တော့သူဟာလူသားတွေနဲ့မခြားနေနိုင်စွမ်းရှိတဲ့ မြေခွေးတစ်ကောင်ဖြစ်ပါတယ်....သူဟာ တစ်စုံတစ်ယောက်ကိုရှာဖွေနေသလို အဲ့ဒီကာလအတွင်းမှာလည်းအချိို့သောမြေခွေးတွေကို လိုက်သုတ်သင်နေတဲ့သူဖြစ်တယ်....နမ်ဂျီအာဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပရလောကတွေဟာ တကယ်ရှိတယ်လို့ယုံကြည်နေတဲ့သူဖြစ်ပြီး အဲ့အကြောင်းအရာတွေကို လိုက်လံရှာဖွေပြီး တင်ဆက်နေတဲ့ရုပ်သံလိုင်းကပီဒီတစ်ဉီးပေါ့.......လီယွန်ဆိုတဲ့မြေခွေးဟာ ဘာကိုလိုက်ရှာနေတာလဲ....ဒီလောကကြီးထဲမှာ လီယွန်လို လူသားပုံဖြစ်နေတဲ့မြေခွေးတွေဘယ်လောက်များနေပြီလဲ.... လူသားတွေကိုရောဒုက္ခပေးနိုင်လား.....သူတို့လို မြေခွေးတွေကို နှိမ်နှင်းနေတဲ့ တခြား မိစ္ဆာကောင်တွေရောရှိနိုင်လား....နမ်ဂျီအာဆိုတဲ့ကောင်မလေးနဲ့ရော ဘယ်လိုတွေ တွေ့ဆုံကြမလဲ....ဒီဇာတ်လမ်းတွဲကက အပတ်စဉ် Wednesday, Thursday မှာ ထုတ်လွှင့်ပြီးတော့(၁၆) ပိုင်းထိရှိပါတယ်....အက်ရှင်ခန်းတွေက တော်တော်မိုက်သလို သဘာဝလွန်စွမ်းအားတွေကိုအသုံပြုပြီး ဗျင်းတဲ့အခန်းတွေဆိုလည်း တော်တော်ကြည့်ကောင်းပါတယ်....စောင့်မျှော်ကြည့်ရှုကြပါကုန်....Quality – HD-TV 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres: Action, Thriller, ...

Tale of the Nine Tailed(2020)[စ/ဆုံး]

2020
More Than Friends(2020)[စ/ဆုံး]
More Than Friends(2020)[စ/ဆုံး] More Than Friends(2020)အညွှန်း**********************************အပိုင်းသစ်(၁ မှ ၁၆)ထိ စ/ဆုံး"ချစ်သူကိုတောင်ချစ်တယ်လို့ မပြောရဲတဲ့ကောင်......ရာစုတစ်ထောင်နေရစ်ခဲ့....ထိုသို့ဖြင့် စကားမဲ့စေသတည်း" ဒီကဗျာလေးက ဆရာတာရာမင်းဝေရဲ့ မီးတောက်ရစ်သမ် ကဗျာထဲကတစ်ပိုဒ် ဖြစ်ပါတယ်....စကားတွေမဲ့စေခဲ့တာ ဘာ့ကြောင့်များလဲ... ဘာလို့ဖွင့်မပြောရဲတာလဲ...နောက်ဆုံး ရာစုတစ်ထောင်နေရစ်ခဲ့တဲ့..ဆွေးမြေ့စရာကောင်းလွန်းလှပါတယ်....ဒီလိုအဖြစ်အပျက်တွေဟာတကယ်တော့ ငယ်သူငယ်ချင်းတွေကြား အချစ် ပေါက်ဖွားလာတဲ့အချိန်မှာ မသင့်တော့ဘူးလို့ထင်လို့ ထိန်းချုပ်ခဲ့တာတွေ....ကိုယ့်အပေါ်ရိုးသားမှုကို အခွင့်အရေးယူသလိုဖြစ်မှာစိုးတာတွေရယ်လက်ရှိဖြစ်တည်နေတဲ့ ခင်မင်မှုတွေကို ပျောက်ကွယ်သွားမှာစိုးတာရယ်နဲ့Friend Zone ထဲမှာ တိတ်တိတ်လေးစကားမဲ့နေတဲ့သူတွေပေါ့...ဒီကိုးရီးယားစီးရီးလေးက အပေါ်ကအကြောင်းအရာတွေနဲ့ဇာတ်အိမ်တည်ထားပြီးကျောင်းသားဘဝလေးတွေနဲ့ လှလှပပ ပုံဖော်ထားတယ်....ကြည်နူးဆွတ်ပျံဖွယ်ရာကောင်းတဲ့စီးရီးလေးမို့ လက်မလွှတ်သင့်ပါကြောင်းထပ်လောင်းသတင်းကောင်းပါးပါရစေ...Quality – HDTV  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Romance, DramaTranslated by Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin PaleEncoder – Phyo Pyae  Complete ...

More Than Friends(2020)[စ/ဆုံး]

2020
Do Do Sol Sol La La Sol (2020)[ စ/ဆုံး] 7.5
Do Do Sol Sol La La Sol (2020)[ စ/ဆုံး] Do Do Sol Sol La La Sol (2020)အညွှန်း**************************************အပိုင်း(၁ မှ ၁၆ ) ထိ စ/ဆုံးချမ်းသာတဲ့မိသားစုမှာ မွေးဖွားလာပြီး ဖခင်ဖြစ်သူရဲ့စောင့်ရှောက်မှုအောက်မှာ အပူအပင်ကင်းကင်းနဲ့ စန္ဒရားပညာတစ်ခုတည်းကိုပဲ အာရုံစိုက်သင်ယူခဲ့တဲ့ ဂိုရာရာ ကံဆိုးစွာနဲ့ပဲ သူမရဲ့မင်္ဂလာပွဲနေ့မှာ ဖခင်သေဆုံးသွားပြီး အိမ်ရဲ့စီးပွားရေးလည်း ဒေဝါလီခံခဲ့ တာကြောင့် မင်္ဂလာပွဲလည်း ပျက်ခဲ့ရပါတယ်။ ရာရာ့ရဲ့ မင်္ဂလာဆောင်နေ့မှာ အဖြူရောင်သတို့သမီးဝတ်စုံ ကို့ရို့ကားယားနဲ့ပုံကို သတိထားမိသွားတာကတော့ အချိန်ပိုင်းအလုပ်တွေလုပ်ရင်း သူ့ရဲ့နောက်ကွယ်က အတိတ်တွေကိုဖုံးကွယ်ထားတဲ့ ဆွန်းဝူဂျွန်ဆိုတဲ့ကောင်လေးပဲဖြစ်ပါတယ်။ ဒီလိုနဲ့ အခက်အခဲတွေကို အပြုံးမပျက်ရင်ဆိုင်နေတဲ့ ရာရာနဲ့ ဆောင်ဝူဂျွန်တို့ ကျေးလက်ဒေသတစ်ခုမှာ ဆုံတွေ့ကြတဲ့အခါမှာတော့ သူတို့၂ဦးဘယ်လိုရှေ့ဆက်ကြမလဲ.....  ဆောင်ဂျောင်ဝူရဲ့နောက်ကွယ်က အတိတ်ကရော ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဟာသ melodramaလေးတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲက အတော်လည်းရယ်ရသလို စိတ်လည်းအပန်းပြေတဲ့စီးရီးလေးဖြစ်ပါတယ်...အပတ်စဉ် Wednesday, Thursday ညတွေမှာ စောင့်မျှော်ကြည့်ရှူကြပါကုန်...Quality – WEB-DL 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres: Romance, DramaTranslated by Lwin ...
7.5
TMDb: 7.5/10 2 votes
tv

Do Do Sol Sol La La Sol (2020)[ စ/ဆုံး]

2020
Birthcare Center (2020)[စ/ဆုံး]
Birthcare Center (2020)[စ/ဆုံး] Birthcare Center (2020) ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်း(၁ မှ ၈)ထိ စ/ဆုံးတစ်ဘဝလုံးကို စာကြိုးစားရင်းအလုပ်ကြိုးစားရင်းနဲ့ အချိန်ကုန်ခဲ့ပြီး ရည်မှန်းချက်ကြီးသလောက် အောင်မြင်လာတဲ့မိန်းမတစ်ယောက်ဟာမျှော်လင့်ထားတဲ့ရာထူးနဲ့အတူ မမျှော်လင့်တဲ့ကိုယ်ဝန်ပါရတဲ့အခါ ကလေးမွေးဖို့ ၂ရက်အလိုထိ ကိုယ်တိုင်ကားမောင်းပြီးအလုပ်ကြိုးစားနေတုန်းအမေတစ်ယောက်က ကလေးမွေးတဲ့အခါ မိခင်စိတ်ဟာ သေမင်းကိုတောင်အန်တုနိုင်ပါတယ်ဒီထဲကကလေးအမေဟာ သေမင်းကိုပါပြန်တိုက်ခိုင်ပြီး သူ့ကလေးလေးကိုမွေးခဲ့ပါတယ်ကလေးမွေးဖွားတဲ့အချိန်မှာနာကျင်မှုတွေကို မျက်ဝါးထင်ထင် ကိုယ်တိုင်မွေးရသလိုမြင်ရမှာပါကလေးမွေးပြီးချိန်မှာ ထူးခြားကောင်းမွန်ပြီး ဆန်းကြယ်လှတဲ့ ကလေးစောင့်ရှောက်ရေးဂေဟာတစ်ခုကိုရောက်သွားတဲ့ working mom တစ်ယောက်နဲ့သူ့ကလေးလေးနဲ့အတူ ဘယ်လိုဆန်းကြယ်မှုတွေကိုရင်ဆိုင်ကြမလဲဆိုတာကို စောင့်ကြည့်ပေးပါဦးအမြဲလိုမြင်တွေ့နေကျမင်းသမီးတွေနဲ့ ရိုက်ထားပြီး လတ်တလောမှာ လူကြိုက်များနေတဲ့ Search drama ထဲက ဗိုလ်ကြီးလုပ်တဲ့မင်းသားလည်း ပါဝင်ပါတယ်ဟာသလေးလည်းပါပြီး စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေတဲ့ကားတစ်ကားပါပဲTVN ကကားမို့လို့ သိပ်အများကြီးတော့တွေးစရာမလိုတော့ပါဘူးအပတ်စဉ် တနင်္လာ အင်္ဂါနေ့တွေတိုင်း ကိုရီးယားမှာထုတ်လွှင့်ပြသသွားမှာပါ (ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ပဲဖြစ်ပါတယ်) Quality – 720p HDTVDuration – 1 hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : ...

Birthcare Center (2020)[စ/ဆုံး]

2020
My Dangerous Wife(2020)[စ/ဆုံး]
My Dangerous Wife(2020)[စ/ဆုံး] My Dangerous Wife(2020)အညွှန်း******************************အပိုင်း(၁ မှ ၁၆ )ထိ စ/ဆုံးတစ်သက်လုံးချစ်မယ်လို့ တစ်သက်လုံးရိုးမြေကျပေါင်းသင်းမယ်လို့ ကတိတွေပေးရင်းသိပ်လှတဲ့ မင်္ဂလာပွဲကိုကျင်းပခဲ့ပေမဲ့ ဒီကတိတွေကို  မတည်တဲ့အိမ်ထောင်သည် တစ်ချို့ရှိတယ်....ဟန်ဆောင်အပြုံးတွေနဲ့ နှုတ်ဆက်ရင်း အိမ်မှာရှိတဲ့အချိန်ငရဲကျသလိုဖြစ်နေရင်းအလုပ်သွားတဲ့အချိန်မှာ လွတ်ပြီကျွတ်ပြီဆိုတဲ့ပုံဖြစ်နေတဲ့ အိမ်ထောင်ဉီးစီးတစ်ချို့ရှိတယ်.....လင်မယား(၂) ယောက်ရှိတယ်.....ဟန်ဆောင်အပြုံးတွေနဲ့......အထူးသဖြင့် ယောင်္ကျားဖြစ်သူ....မိန်းမငယ်ငယ်ချောချောလေးနဲ့ဖောက်ပြန်ရင်းအိမ်ကမယားကြီးကို အသေသတ်ဖို့အထိ စဉ်းစားနေတဲ့သူ....တစ်နေ့တော့ သူဖောက်ပြန်တဲ့မိန်းမက ရဲတွေ သံသယကင်းနိုင်တဲ့ လူသတ်နည်းတစ်ခုပေးလိုက်တယ်..အဲ့ဒီနည်းကို အသုံးချမယ်ဆိုပြီး ဖောက်ပြန်တဲ့မိန်းမနဲ့အိပ်ပြီးတဲ့နောက်မှာအိမ်ကိုပြန်လာခဲ့တယ်....အဲ့ဒီမှာတော့ ပြဿနာကြီးကြီးစတက်တော့တာပဲ...အိမ်တစ်ခုလုံးရှုတ်ပွနေတဲ့အပြင် သွေးတွေလည်းနေရာအနှံ.....စာလေးတစ်စောင်ချန်ထားခဲ့တယ်...မင်းမိန်းမကိုလိုချင်ရင် ဝမ် ၅ မီလီယံနဲ့လာရွေးပေးပါတဲ့...ကိုင်းအဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ပါ...ဒီစီးရီးက တခြားဇာတ်လမ်းတွဲနဲ့မတူဘဲ ခပ်ဆန်းဆန်းစထားတယ်....(18+ အခန်းတွေပါလို့ သတိထားကြည့်စေချင်တယ်....)မှုခင်းကားအမျိုးအစားဖြစ်ပြီးစိတ်ဝင်စားဖို့ကောင်းသလို သရုပ်ဆောင်တွေကလည်း တကယ့်လူတွေကြီးပဲမို့ခံစားကြည့်ကြပါဉီး.... Quality – HD-TV 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres- , Drama,CrimeTranslated by Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu ...

My Dangerous Wife(2020)[စ/ဆုံး]

2020
Kor Kerd Mai Klai Klai Ter (2020) 7.0
Kor Kerd Mai Klai Klai Ter (2020) [Unicode]" ဘဝဆက်တိုင်းမင်းအနားမှာ နေပါရစေ"Casts ချုမ် အဖြစ် Tor Thanapob အွန်ရဖီ အဖြစ် Aff Taksaorn ဖတ်ခ် အဖြစ် Two Popetorn နီရာနတ် အဖြစ် Natharika ဖမ် အဖြစ် Neng Saran အိုင် အဖြစ် Richie Omrawadee အစ် အဖြစ် Amarin Nitibhonဇာတ်လမ်းအကျဉ်းဖတ်(ခ်)က လေကြောင်းကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပြီး လေယာဉ်မှူးတစ်ယောက်လည်း ဖြစ်ပါတယ်ချစ်ရတဲ့ မိန်းကလေး အွန်ရဖီနဲ့ နွေးထွေးတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့သူလည်း ဖြစ်ပါတယ်စိတ်ကောင်းစေတနာကောင်းရှိတဲ့ ဖတ်(ခ်)က ကောင်းကင်နှလုံးသားဆိုတဲ့ အတွင်းအင်္ဂါလှူဒါန်းသူတွေမသေဆုံးခင် သွားသယ်ဆောင်ပြီး လိုအပ်တဲ့သူတွေဆီ ပို့ပေးတဲ့ ပရဟိတအလုပ်လည်းလုပ်နေသူပါဖတ်(ခ်) ရဲ့ ဘယ်သူမှ မသိတဲ့ အလုပ်တစ်ခုကတော့ ကင်ဆာကုသဆေး သုတေသနအလုပ်ကို ပြည်ပကလောဘသား ဆေးကုမ္ပဏီကလူတွေလက်ထဲက ကာကွယ်ပေးနေတာပါတစ်ရက် အွန်ရဖီ ကိုယ်ဝန်ရပြီး မိသားစုတည်ဆောက်တော့မယ့်ချိန် ကင်ဆာရောဂါ ကုသဆေးကိစ္စနဲ့ ဖတ်(ခ်) သွားကူညီရင်း သေဆုံးခဲ့ရတယ်သေချိန်တန်ဖို့ ၂၄နှစ်အလိုကို ...
7.0
TMDb: 7.0/10 Ongoing votes
tv

Kor Kerd Mai Klai Klai Ter (2020)

2020
18 Again(2020)
18 Again(2020) 18 Again (2020) ဇာတ်လမ်းတွဲအညွှန်း ********************************* အပိုင်း(၁ မှ ၁၆ )ထိ စ/ဆုံးကျွန်တော်တို့တွေဟာ အတော်များများ လက်ရှိအဖြစ်အပျက်အပျက်ကို စိတ်ကုန်နေတတ်သလို ဘဝတစ်ဆစ်ချိုးနေရာကို အဆင်မပြေမှုတွေကြုံလာတိုင်း စိတ်ကူးနဲ့ပြန်သွားလေ့ရှိတယ်... တကယ့်လို အဲဒီအချိန်မှာများတစ်ခြားဆုံးဖြတ်ချက်တစ်ခုကို ရွေးချယ်ခွင့်ရရင် ဒီထက်ကောင်းတဲ့ ဘဝတစ်ခုပိုင်ဆိုင်ဖြစ်ပဲလို့ တွေးတတ်ကြတယ်... အိမ်ထောင်ရေးမှာအဆင်မပြေလှတဲ့ လင်မယား(၂)ယောက်မှာ ယောကျ်ားဖြစ်သူဟာ အပေါ်ကပြောထားသလို ပြန်တွေးနေလေ့ရှိတယ်... လက်ရှိဇနီးနဲ့ကွာရှင်းရမယ့်အနေအထားဖြစ်တဲ့အပြင် သားသမီး(၂)ယောက်နဲ့လည်းဆက်ဆံရေးက အတော်မကောင်းလှ.... လုပ်ငန်းခွင်မှာလည်း အလဲလဲအပြိုပြို....ဒီလိုနဲ့တစ်နေ့တော့ မမျှော်လင့်ဘဲ အသက်(၁၈)နှစ်အရွယ်ကိုပြန်ရောက်သွားတဲ့အချိန်မှာတော့... ဒီစီးရီးက နာမည်ကြီးမင်းသားမင်းသမီးကြီးတွေနဲ့ရိုက်ကူးထားပြီး မိသားစုပြဿနာတွေ သားသမီးတွေရဲ့ အခြေအနေတွေကို ရိုက်ကူးပုံဖော်ထားသလို ချစ်စရာကောင်းတဲ့ငယ်ဘဝကျောင်းသား ပုံရိပ်တွေလည်းအများကြီးပါဝင်ပါတယ်... မပျင်းမရိနဲ့ ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းတွဲကောင်းဖြစ်မှာမို့စောင့်မျှော်ကြည့်ရှုအားပေးကြပါကုန်....Quality – HD-TV 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres- , Drama,RomanceTranslated by Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin PaleEncoder – Phyo Pyae  Episode 1(500MB) UsersDrive /Yoteshindrive/ Upstream ...

18 Again(2020)

2020
The Queen’s Gambit(2020) 8.9
The Queen’s Gambit(2020) The Queen's Gambit(2020) အညွှန်း********************************IMDb..8.9(((စ/ဆုံး Zip File ရပါပြီနော်)))ဒီနှစ်ထဲမှာ ကျွန်တော့်အကြိုက်ဆုံး စီးရီးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ဇတ်လမ်း၊ သရုပ်ဆောင်၊ ဂီတ အကုန်ကြိုက်တယ်ဗျာ။ Rating က 8.9 တဲ့၊ တကယ်ရသင့်ပါတယ်။အမ်မီဆုတွေတော့ ကြိုမှန်းလို့ရနေပြီ။ စစ်တုရင်အကြောင်း ဇာတ်လမ်းကို စစ်တုရင် နားမလည်တဲ့သူတွေပါကြိုက်အောင်၊စစ်တုရင် ပွဲကို လက်ဝှေ့ပွဲလို ရင်ခုန်အောင် ရိုက်ပြထားတာတော့ တကယ်ချီးကျူးမိတယ်။ဒီရုပ်ရှင်ကိုကြည့်ဖို့ စစ်တုရင် အကြောင်း မသိသေးရင်တောင် ရသေးတယ်။ဒီတော့ ဇာတ်လမ်းအကြေငာ်း မပြောခင် နောက်ခံသမိုင်းလေး အရင်ပြောပြမယ်။ဒီရုပ်ရှင်ကို ဝေါ်တာ တဲဗစ်ရဲ့ ၁၉၈၃ တုန်းက ဝတ္ထုအပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ။ကာလကတော့ စစ်အေးတိုက်ပွဲကာလ အမေရိကန် ရုရှား အကြီးအကျယ် အားပြိုင်တဲ့ အချိန်ပေါ့။အဲဒီအချိန်မှာ အားကစား၊ ပညာရေး၊ နည်းပညာတိုးတက်မှု၊ ...
8.9
TMDb: 8.9/10 167 votes
tv

The Queen’s Gambit(2020)

2020
Meteor Garden(2018) 8
Meteor Garden(2018) Meteor Garden(2018)ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း( ၁ မှ ၄၉) စ/ဆုံး(WEB-DL 1080P ဖြင့် တင်ဆက်ပေးထားပါသည်...)တုံရှင်းချိုင်ဆိုတဲ့ကောင်မလေးဟာ အခြေခံလူတန်းစားကမွေးဖွားခဲ့တဲ့ကောင်မလေးတစ်ယောက်...သူမရဲ့ရည်မှန်းချက်က မင်ဒဲ တက္ကသိုလ်ကို ဝင်ပြီး သူမ ဝါသနာပါတဲ့ မေဂျာယူရင်းအအောင်မြင်ဆုံးဖြစ်အောင်ကြိုးစားဖို့ပါ...မင်ဒဲတက္ကသိုလ်က တော်ရုံလူတော့ ဝင်နိုင်ဖို့မလွယ်..ဒါကြောင့် တုံရှင်းချိုင်တစ်ယောက်အရမ်းပျော်နေခဲ့တာပေါ့...သူငယ်ချင်းအသစ်တွေ အတွေ့အကြုံသစ်တွေနဲ့ ကျောင်းပျော်ကြီးဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ကျောင်းရဲ့ အထင်ကရ F4 လေးယောက်နဲ့တွေ့တဲ့အခါမှာတော့သူမ ထင်ထားခဲ့သလိုဖြစ်မလာတော့ပါဘူး...ဒီတရုတ်စီးရီးက ကွီးယားF4 ကိုအဓိက ကျောရိုးယူရိုက်ကူးထားတာပါ...တရုတ်ရဲ့ ဓလေ့ထုံးတမ်းတွေပြင်ဆင်ရိုက်ကူးခဲ့တဲ့အပြင်ရှုခင်းတွေလည်းအတော်ကြီးကိုလှပါတယ်....မျက်စိတော့ အတော်အေးပါတယ်....အပိုင်း (၄၉)ပိုင်းရှိပြီး သူလည်း တစ်မျိုးလေးခံစားလို့ကောင်းပါတယ်....ဒါ့ကြောင့် တရုတ်ပုံစံလေးသဘောကျတဲ့သူတွေအတွက်ရော ခံစားချင်လို့ရအောင် တင်ဆက်ပေးထားပါတယ်..... Quality –1080 WEB-DL Duration – 45Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Comedy, Drama, Romance Translator – CM TeamEncoder –  Phyo Pyae  Ep 1-7  Yoteshin  /  VIP Ep8-15 Yoteshin  ...
8
TMDb: 8/10 21 votes
tv

Meteor Garden(2018)

2018
I’m Tee, Me too
I’m Tee, Me too I'm Tee, Me too (2020) Unicode အိမ်ကလေးတစ်လုံးထဲမှာ နာမည်တူ လူ ၆ ယောက် အတူနေတာမျိုး တွေ့ဖူးကြပါသလား? ဒီဇာတ်လမ်းထဲမှာတော့ "တီး" ဆိုတဲ့ ကောင်လေး ၆ ယောက် က တစ်မိုးအောက်မှာ အတူတူ နေမိကြတဲ့အဖြစ်ပါ။ ဖြစ်ပုံကတော့ ဒီလိုပါ။ အိမ်ပိုင်ရှင် တီး ဟာ သူ့အမေ ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ဒီအိမ်မှာ တစ်ယောက်ထဲ ကျန်နေခဲ့ပါတယ်။ ဒါပေမယ့် သူ့အမေက ဒီအိမ်ကို အကြွေးနဲ့ ထားခဲ့တာဖြစ်တဲ့အတွက် တီး တစ်ယောက် အကြွေးဆပ်နိုင်မှ ဒီအိမ်ကို ဆက်လက်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ အိမ်ငှားတင်ဖို့ သူ စီစဉ်ရပါတော့တယ်။ ဒါပေမယ့် ဇီဇာကြောင်တဲ့ ဝါတီး ဟာ ဒီအိမ်မှာ နေမယ့်သူတိုင်းမှာ တီး နာမည်ပါရမယ် ဆိုတဲ့ စည်းကမ်းချက်ကို အိမ်ငှားကြော်ငြာမှာ ထည့်ထားပါတယ်။ ဒီတော့ တီး ၆ ယောက် တစ်အိမ်ထဲ နေမိကြတဲ့ အဖြစ်နဲ့ကြုံရပါရော။ ဒီအဖြစ်အပျက်ကို ထူးဆန်းတယ် မထင်ပါနဲ့။ သူတို့ရဲ့ထူးဆန်းတဲ့ ...

I’m Tee, Me too

2020
Lovecraft Country 2020 Season 1
Lovecraft Country 2020 Season 1 Lovecraft ဆိုတဲ့နာမည်ဟာ သဘာဝလွန်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် မစိမ်းတဲ့ နာမည်တစ်ခုပါ။ နာမည်ကျော် Supernatural စီးရီးမှာ ဒီနာမည်ကို ရင်းနှီးခဲ့ကြမှာပါ။ သူဟာ Horror ဝတ္ထုတွေ ရေးတဲ့နေရာမှာ နာမည်ကျော်ခဲ့သူဖြစ်ပြီး သူ့ဝတ္ထုတွေထဲက Cthulhu လို နတ်ဘုရားသတ္တဝါဆိုးကြီးတွေကို Chaos Magick မှာ ယူသုံးကြတဲ့အထိ လွှမ်းမိုးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ သူ့ရဲ့ Horror stories တွေကို အခြေပြုထားတယ်လို့ဆိုပါတယ်။ အက်ဒစ်တပ်က ကိုရီးယားစစ်ပြန် လူမည်းတစ်ဦးဖြစ်ပါတယ်။ သူ့ဆီကို တစ်ခါမှ စာမရေးဖူးတဲ့ သူ့အဖေက တစ်ရက်မှာ စာတစ်စောင်ရေးပို့ခဲ့ပြီးတဲ့နောက် ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။ ဒီအကြောင်းကို စုံစမ်းဖို့အတွက် အက်ဒစ်တပ်ဟာ အိမ်ကို ပြန်လာခဲ့တယ်။ ဦးလေးဖြစ်သူနဲ့ သူ့အ‌ဖေရေးခဲ့တဲ့စာကို ဖတ်ရင်း တိုင်ပင်ကြည့်တဲ့အခါ သူ့အဖေ ပျောက်သွားနိုင်ခြေရှိတဲ့ နေရာကို ခန့်မှန်းပြီး အရှာထွက်ဖို့ ကြိုးစားကြတယ်။ ခက်တာက အဲဒီအချိန်မှာ ...

Lovecraft Country 2020 Season 1

Record of Youth(2020)[စ/ဆုံး]
Record of Youth(2020)[စ/ဆုံး] Record of Youth(2020)အညွှန်း*****************************အပိုင်း(၁ မှ ၁၆ )ထိ[စ/ဆုံး]Sa Hye Joon (Park Bo Gum) က သာမန်မိသားစုတစ်ခုရဲ့ ၂၆နှစ်အရွယ်သားအငယ်။ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်မင်းသားဖြစ်ဖို့ တစိုက်မတ်မတ်ကြိုးစားနေသူ။ မွေးချင်းအစ်ကိုတစ်ယောက်ရှိပြီးငယ်စဉ်တည်းက အစ်ကိုနဲ့နှိုင်းယှဉ်ပြောဆိုခံခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာရှိသူ။စိတ်နှလုံးနွေးထွေးပြီး ကိုယ်ချင်းစာတတ်သူ။ သူ့အိပ်မက်ဖြစ်တဲ့ မင်းသားတစ်ယောက်ဖြစ်လာဖို့မျှော်လင့်ချက်တွေဟာ မှေးမှိန်နေပေမယ့် ဇွဲမလျှော့ဘဲ ကြိုးစားသူ။ ဒီလို တစိုက်မတ်မတ်ကြိုးစားနေချိန်မှာပဲသူ့ဆီကို နိုင်ငံတော်ထံမှ စစ်မှုထမ်းဆင့်ခေါ်စာ ရောက်လာသောအခါ...။ Ahn Jung Ha (Park So Dam) ကတော့Makeup artist ကောင်မလေးဖြစ်ပြီး သူ ဝါသနာပါရာအလုပ်အပေါ် ဒီထက်အောင်မြင်အောင်လုပ်ဖို့ရည်မှန်းချက်ကြီးမားသူ။ အထီးကျန်ဆန်အားငယ်မှုတွေကို ပျော်ရွှင်တက်ကြွတတ်တဲ့ မိန်းမငယ်လေးအသွင်နဲ့ဖုံးကွယ်ထားသူ။ တစ်ယောက်တည်း ခက်ခဲနေတဲ့အချိန်တွေတိုင်းမှာ Jung Ha ရဲ့တစ်ခုတည်းသော အလင်းရောင်လေးကတော့ သူမရဲ့ Idol Sa Hye Joon ပါပဲ။ Ahn Jung ...

Record of Youth(2020)[စ/ဆုံး]

2020