Channel Myanmar

Drama

Mirzapur (2024) Season 3 Complete 8.1
Mirzapur (2024) Season 3 Complete Mirzapur season 3အပိုစာသားအက်ရှင်တွေမပါဘဲအမှန်အကန်ကြမ်းတဲ့ gangကားချစ်သူတွေအကြိုက်တွေ့မယ့် Mirzapur s3ထွက်ရှိလို့လာပါပြီ။အတွဲ ၂ ရဲ့အဓိက အာဏာပြိုင်ဆိုင်မှုဖြစ်တဲ့ ကာလင်းနဲ့ ဂူဒူနဲ့ဘာလူးတို့ရဲ့ သေရင်မြေကြီး ရှင်ရင် ရွှေထီးဆိုတဲ့ပြိုင်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ ကာလင်းတစ်‌ယောက် အမြီးကုပ်သွားသလို ဂူဒူလည်း ဘာလူကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာတော့ မီဇာပူးရဲ့ပလ္လင်လုပွဲလည်း ပြန်ပြီးတော့ အသက်ဝင်လာခဲ့တော့တာပေါ့။မီဇာပူးပလ္လင်ကို အရမယူခင်မှာ ကာလင်းအုပ်ချုပ်နေတဲ့ ပူရ်ဗန်ချယ်ကို အုပ်စိုးမယ့်သူရွေးဖို့ ဂိုဏ်းစတားတွေစည်းဝေးဖို့ဖြစ်လာချိန်....မီဇာပူးပလ္လင်ဆီကို တက်လှမ်းဖို့ဆို ပူရ်ဗန်ချယ်က အခရာဖြစ်နေတဲ့အတွက် သူ့ထက်ငါအပြိုင် ဒီနေရာကို ချောင်းမြောင်းနေကြချိန်မှာ အဓိကပြိုင်ဘက်ဖြစ်လာတဲ့ ဂူဒူနဲ့ တစ်ချိန်ကဝံပုလွေပေါက်ကနေ ကျားပေါက်ဖြစ်လာတဲ့ ရှရတ်ရှူကလာတစ်ဖက်က အာဏာလုပွဲမှာ အသက်ပေးလိုက်ရတဲ့ ခင်ပွန်းဖြစ်သူမူနာအတွက် လက်စားချေဖို့ တစ်ယောက်တည်းအကွက်ချစီစဉ်နေတဲ့ဝန်ကြီးချုပ်မာဒူနီကပါ အာဏာလုပွဲထဲ ပါဝင်ပတ်သက်လာချိန်မှာတော့.....အာဏာလုပွဲဆိုတဲ့အတိုင်း သွေးချောင်းစီးမှုနဲ့ပဲ အဆုံးသတ်တာမလို့ ဒီအတွဲ ၃ မှာရော လှိုင်းတစ်လုံးထက် တစ်လုံးကပိုမြင့်နေတဲ့ မြေအောက်လောကမှာ ဘယ်သူတွေက အာဏာရှင်ဖြစ်လာဦးမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)File Size – 500MB(Appx;)@EpisodeQuality – 1080p WEB DLDuration –60minute (@Episode)Total Episodes:10EpsSubtitle – ...
8.1
TMDb: 8.1/10 122 votes
tv

Mirzapur (2024) Season 3 Complete

2018
Billy the Kid (2022) 7.5
Billy the Kid (2022)  Billy the Kid လို့အများသိကြတဲ့ Henry McCarty ဒါမှမဟုတ် William H. Bonney ဆိုတဲ့ကောင်လေးဟာ သမိုင်းမှာ နာမည်ကျော်ပါတယ်။တစ်ချိန်က နာမည်ကြီး တောပုန်းတစ်ယောက်ဖြစ်ခဲ့ပြီး သူကိုယ်တိုင် အသက် ၂၁ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေခင်မှာ လူ ၂၁ ယောက်ကိုသတ်ခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။သူ့ရဲ့ဘဝဖြစ်စဉ် သမိုင်းတောက်လျှောက်ဟာ အခုချိန်မှာ ပြန်ပြောပြနိုင်တဲ့သူမရှိတဲ့အတွက် လက်ဆုပ်လက်ကိုင် ရေရေရာရာပြနိုင်စရာမရှိပေမယ့် ဒီဇာတ်လမ်းတွဲကတော့ သူ့ဘဝကိုအခြေခံပြီး အနီးစပ်ဆုံးကြိုးစားချဉ်းကပ်ပေးထားတယ်လို့ဆိုနိုင်ဟန်ရှိပါတယ်။အခုလောလောဆည် အပိုင်းရှစ်ပိုင်းပါ ဆီဇင်တစ်ခုထွက်ရှိထားပြီး အောင်မြင်မှုရခဲ့တဲ့အတွက် လာမယ့်အောက်တိုဘာမှာ ဒုတိယဆီဇင် ထွက်ရှိလာပါလိမ့်မယ်။ ရွှေ့ပြောင်းအခြေချတွေဖြစ်ခဲ့တဲ့ သူတို့မိသားစုဘယ်လိုကြမ္မာတွေကြုံရခဲ့ရလဲ? သာမန်လူငယ်တစ်ယောက်ဘဝကနေ နာမည်ကျော်တောပုန်းတစ်ယောက်အဖြစ် ဘယ်လိုအဖြစ်အပျက်တွေကဆွဲခေါ်သွားခဲ့လဲ အစရှိတဲ့ Billy the Kid ရဲ့ဘဝခရီးတစ်လျှောက်ကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ Western ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီးတစ်ချိန်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ တောပုန်းကြီးတစ်ယောက်ဟာ အခုခေတ်ထိ ရုပ်ရှင်တွေ စီးရီးစ်တွေ အဖန်ဖန်အလည်လည်ရိုက်နေကြရလောက်အောင် ဘာကြောင့် ဂန္ဓဝင်တွင်နေခဲ့တာလဲဆိုတာအသစ်တဖန် ပြန်ပြီး ...
7.5
TMDb: 7.5/10 73 votes
tv

Billy the Kid (2022)

2022
Love Lesson 010 (2024)
Love Lesson 010 (2024) အချစ်သင်ခန်းစာ ၀၁၀ (၂၀၂၄)ဂန် ဆိုတဲ့လူက ဝိညာဉ်ဘ၀ကို ရောက်နေတဲ့လူပဲ ဖြစ်ပါတယ်။သူ အသက်ပြန်ရှင်ဖို့အရေး နွန်ဆိုတဲ့ လူရှုပ်လူပွေကို သုံးလအတွင်း အချစ်စစ်နဲ့ တွေ့အောင် ဖန်တီးပေးရမှာပဲ ဖြစ်ပါတယ်။နွန်ကတော့ ကောင်မလေးတွေကို တစ်ယောက်ပြီးတစ်ယောက်တွဲပြီး အတည်တွဲဖို့ ချစ်ဖို့ စိတ်မရှိတဲ့ ပလေးဘွီုင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ဆိုတော့ နွန်ကို အချစ်စစ်နဲ့တွေ့အောင် ဂန် လုပ်‌ဆောင်နိုင်သွားမှာလား ဂန် သူအသက်ပြန်ရှင်သွားနိုင်မှာလား စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Fake Love, Lei Wutyi Tun တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, Fake Love, Lei ...

Love Lesson 010 (2024)

2024
Thank You, Next (2024) 8
Thank You, Next (2024)   လေလာ ဟာရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး သူ့ဦးလေးတည်ထောင်ထားတဲ့ Firm မှာအလုပ်လုပ်ပါတယ်။ မကြာသေးခင်ကမှ ရည်းစားနဲ့ပြတ်စဲထားပြီး အဲ့ဒီရည်းစားကိုဖြတ်ပြီးပြီးချင်း စိတ်ပြေလက်ပျောက်ထွက်ခဲ့တဲ့ အပန်းဖြေခရီးမှာ စားဖိုမှူးလူချောတစ်ယောက်နဲ့တွဲခုတ်ဖြစ်ခဲ့ပါသေးတယ်။ပြန်ရောက်ရောက်ချင်း သူကိုင်ရတဲ့အမှုက နာမည်ကျော်လူငယ်သန်းကြွယ်သူဌေးတစ်ဦးရဲ့ဇနီးနဲ့ကွာရှင်းပြတ်စဲမှုဖြစ်ပါတယ်။ အဲ့ဒီအမှုမှာသူက ဇနီးသည်ဘက်ကဆိုပေမယ့် တစ်ဖြည်းဖြည်းအမှုထဲမှာပါဝင်ပတ်သက်သူတွေနဲ့ ရင်းနှီးလာအကြောင်းသိလာချိန်မှာ သန်းကြွယ်သူဌေးလူချောနဲ့ သူဟာ ဘုဘောက်ကျရာကနေ ပြေလည်လာသလို၊ အချင်းချင်းနားလည်စပြုလာပါတယ်။တချိန်တည်းမှာပဲ ပြတ်စဲခဲ့တဲ့ ရည်းစားဟောင်းက ဇွဲမလျှော့သေးပဲအမြဲတမ်းအနားမှာရှိနေတဲ့အခါ လူချောသုံးယောက် လေလာတစ်ယောက် ဇာတ်လမ်းစတင်ပါတော့တယ်။ ဇာတ်လမ်းကို non linear ပုံစံနဲ့သွားထားပြီး ဇာတ်ရဲ့အဖွင့်ဟာ ဇာတ်သိမ်းဖြစ်နေတာကိုတွေ့ကြရပါလိမ့်မယ်။ အဲ့ဒါကိုဇာတ်ထဲမှာဖြည်းဖြည်းချင်း ဖြည်ချသွားတာပါ။ ဇာတ်ကိုလည်း လူ့မလိုင်အထက်တန်းလွှာတွေထဲမှာပဲ ဖွဲ့စည်းထားပြီး ပျော်စရာ အားကျစရာ သွားရည်ယိုစရာ လူနေမှုဘ၀တွေ ရှုခင်းလှလှတွေ အမိုက်စားဝတ်စုံတွေ မင်းသားမင်းသမီး ချောချောလှလှတွေကိုတစ်၀ကြီးငေးရမှာဖြစ်တဲ့အတွက် စိတ်ကူးယဉ်လို့လည်းကောင်းမှာပါ။ရှုစားကြည့်ကြပါ။ File size…(850 Mb)/(470 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….0o:45:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
8
TMDb: 8/10 17 votes
tv

Thank You, Next (2024)

2024
Under the Bridge (2024) 8.742
Under the Bridge (2024)  Crime , Biography ကို Rating 7.3 နဲ့အတော်လေး မြင့်တဲ့အထဲမှာပါပါတယ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး လီယိုနာဒိုနဲ့တွဲရိုက်ထားတဲ့ Killer of the Flower Moonမင်းသမီးကြီး Lily Gladstone ဦးဆောင်ပါဝင်ထားပါတယ်...ဇာတ်လမ်းအညွန်းကိုပြောရရင်... ကနေဒါက ဗစ်တိုးရီးယားဆိုတဲ့ မြို့ငယ်လေးမှာ စပါတယ် မြို့လေးက မိဘမဲ့နဲ့အိမ်ရာမဲ့တွေအရမ်းများတဲ့ မြို့ငယ်လေးပါ...ဒီမြို့ငယ်လေးကို ရွှေ့ပြောင်းနေထိုင်သူအများစုနေထိုင်ကြပါတယ် အဲဒီထဲကမှ အိန္ဒိယကနေ ပြောင်းလာတာ မျိုးဆက် ၂ ဆက်ရှိပြီဖြစ်တဲ့ ဆူမန်...မန်ဂျီးတို့မိသားစုရှိပါတယ်ရီနာဟာ သူတို့မိသားစုမှာ တစ်ဦးထဲသောသမီးဖြစ်ပြီး မိသားစုကအရမ်းချစ်သလောက် သူကတော့ မိဘမဲ့ဂေဟာက လူမိုက်တွေနဲ့ပေါင်းပြီး Cool Kid ဖြစ်ချင်နေသူပေါ့...ကျောင်းမှာလည်း အရမ်းနှိမ်ခံရတဲ့အတွက် ကလေးလူမိုက်ဂိုဏ်းထဲဝင်မိလိုက်ပါတယ်...တစ်နေ့သူ့ကိုပါတီဆိုပြီး ဖိတ်လိုက်တာက တကယ်တော့ သူ့သေတွင်းဖြစ်မှန်းမသိဖြစ်နေခဲ့ပါတယ်....အုပ်စုဖွဲ့အနိုင်ကျင့်ခံရပြီး သေဆုံးသွားတဲ့ ရီနာရဲ့အမှုဟာ ဗစ်တိုးရီးယားက ရဲတွေ အာရုံစိုက်စရာဖြစ်လာပါတယ်....ရီနာရဲ့ လူသတ်တရားခံကို ရှာဖွေဖော်ထုတ်ဖို့အတွက် အရင်က ရန်ဘက်ဟောင်းတွေဖြစ်ခဲ့ဖူးတယ် ရဲမေ ကန်ဘန့်လန်နဲ့ ဂျာနယ်လစ်ရေဘက်ကာတို့ရဲ့ တာဝန်ဖြစ်လာပါတယ်( အညွှန်းနဲ့ ...
8.742
TMDb: 8.742/10 31 votes
tv

Under the Bridge (2024)

2024
The Veil (2024) 6.2
The Veil (2024)  ဒီတစ်ခါမှာတော့ 2024ခုနှစ်မှထွက်ရှိထားတဲ့စီးရီးစပိုင်အသစ်စက်စက်လေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် Elizabeth Moss ကလည်း အဓိကနေရာကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်း အာဒီလာဟာ ဒုက္ခသည်စခန်းတစ်ခုမှာလုပ်အားပေးနေတုန်း ဒုက္ခသည်ထဲကအမျိုးသမီးတစ်ဦးက အာဒီလာဟာ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့"ISIS" အဖွဲ့ဝင်တစ်ဦးဖြစ်တယ်ဆိုပြီး စွပ်စွဲပြောဆိုတာကြောင့် သူမကိုဖမ်းထားပြီး သူမရဲ့နိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ဆီကိုသတင်းပို့အစီရင်ခံထားစဥ်မှာ အီမိုဂျင်ဆိုတဲ့အမျိုးသမီးကရောက်လာပြီး အာဒီလာကိုကယ်ထုတ်သွားပါတယ် ကယ်ထုတ်လာတဲ့လမ်းတစ်လျှောက်မှာ အာဒီလာဟာတကယ်ပဲ"ISIS"အဖွဲ့ဝင်ဟုတ်လားမဟုတ်လားဆိုတာကို အီမိုဂျင်ကအစ်အောက်မေးမြန်းနေခဲ့ပါတယ် တကယ်တော့ အီမိုဂျင်ကလည်း အာဒီလာရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့မစ်ရှင်ထမ်းဆောင်နေရတာပါအမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်ကလျှို့ဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားတယ် နောက်တစ်ယောက်ကအဲ့ဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့တာဝန်ပေးခံရတဲ့အခါ.....အာဒီလာကရောတကယ်ပဲ"ISIS"အဖွဲ့ဝင်တစ်ယောက်လား အီမိုဂျင်ကရောစုံစမ်းသိရှိသွားမလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ File size…(747 MB)/(377 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane   Season 1Episode 1 720p  -  Yoteshin / Megaup /Telegram / Usersdrive Episode 1 1080p  -  Yoteshin / Megaup / Usersdrive   Episode 2 720p  - ...
6.2
TMDb: 6.2/10 19 votes
tv

The Veil (2024)

2024
Arthdal Chronicles (2019)[Complete]
Arthdal Chronicles (2019)[Complete] Arthdal Chronicles (2019)*************************အပိုင်း (၁ မှ ၁၈) စ/ဆုံး2019ခုနှစ်မှာ tvN channelမှ ထုတ်လွှင့်ခဲ့ပြီး မင်းသားကြီး Jang Dong-Gun၊မင်းသား Song Joong-Ki၊ မင်းသမီး Kim Ji-Won နဲ့ Kim Ok-Bin တို့အဓိကပါဝင်ထားတဲ့ Arthdal Chroniclesဟာ ရှေး​ခေတ် အာစီဒါလ်ပြည်​ထောင်စုကိုအ​ခြေပြုပြီး ဖန်တီးထားတဲ့ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အွန်း​ဆောင်းဆိုတဲ့ ​​​​သွေး​နှောကောင်​လေးဟာ ကံဆိုးမှု​တွေကို ယူ​ဆောင်လာ​ပေးမယ့်ကံကြမ္မာနဲ့ ​မွေးဖွားလာတာဖြစ်ပြီး ​သွေး​နှောဆိုတဲ့အတိုင်း လူသားတစ်ဝက်နယ်အန်ထာတစ်ဝက်ဖြစ်​နေပါတယ်။အွန်း​ဆောင်းက ​မွေးကတည်းက မိခင်ဖြစ်သူနဲ့ လူသား​တွေရန်ကို ​ရှောင်ရှားရင်းအီအာရခ် နယ်​မြေမှာ ကြီးပြင်းလာခဲ့ရသလို သွေးနှောတွေကို ကြောက်ရွံ့စက်ဆုပ်ကြတဲ့အာစီဒါလ်ပြည်ထောင်စုမှာ ထာဂွန်းဟာ အာစီဒါလ်ပြည်သူတွေရဲ့ ‌ထောက်ခံအားပေးမှုကိုရထားတဲ့ စစ်သည်သူရဲကောင်းဖြစ်နေပေမဲ့လည်း သွေးနှောဖြစ်နေတဲ့အတွက် လျှို့ဝှက်ပြီးနေလာခဲ့ရပါတယ်။ဒါပေမဲ့ တစ်ရက် ထာဂွန်းဟာ အွန်းဆောင်းတို့ ဝါဟန်မျိုးနွယ်စုတွေကို သုံ့ပန်းအဖြစ်ဖမ်းဆောင်းခေါ်ဆောင်သွားရာကနေ အွန်းဆောင်းက ပြန်လိုက်ကယ်ရင်း အွန်းဆောင်းတစ်ယောက်ထာဂွန်းရဲ့ မဟာလျှို့ဝှက်ချက်ကြီးကို သိသွား‌ပါတော့တယ်။မျိုးနွယ်စုတွေရဲ့ အားပြိုင်မှုတွေ ဘာသာရေးအယူသီးမှုတွေစသည်ဖြင့် ...

Arthdal Chronicles (2019)[Complete]

2019
Blank The Series (2024) 7
Blank The Series (2024) နှလုံးသား ကွက်လပ် (2024)GL နှစ်လို့ ပြောရမယ့် ၂၀၂၄ ခုနှစ်မှာ အပြိုင်အဆိုင်ထွက်ကြမယ့် GL seriesတွေကိုကျော်တက်ပြီး Blankက ပွဲဦးထွက် ထွက်ရှိလို့လာပါပြီ။ အသက်ကွာတဲ့ပြဿနာ ဘာညာကွိကွလေးတွေရှိနေပေမဲ့ GAP the seriesရဲ့စာရေးဆရာရဲ့ လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် GAPနဲ့ဆက်စပ်မှုရှိတာကြောင့် အတော်စိတ်ဝင်စားခံနေရတဲ့GL seriesဆိုလည်းမမှားပါဘူး။မျိုးကြီးရိုးကြီးက ဆင်းသက်လာတဲ့ နန်းတော်မှာနေတဲ့ခွန်နွန်ဆိုတဲ့မိန်းကလေးဟာ အဘွားဖြစ်သူရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ကြီးပြင်းခဲ့ရသူပေါ့။ မြင့်မြတ်တဲ့မျိုးရိုးကနေ ဆင်းသက်လာသူပီပီ သူ့နဲ့ထိုက်တန်တဲ့သူမရှိဘူး၊ ဘယ်သူ့ကိုမှမချစ်တော့ဘူးဆိုပြီး မင်္ဂလာပွဲကနေ ထွက်ပြေးလို့ တစ်ကိုယ်တည်းတောက်ပဖို့ ရွေးချယ်ခဲ့တဲ့သူ...အေးခဲနေတဲ့ ခွန်နွန်ရဲ့နှလုံးသားကို တံခါးလာခေါက်တာကတော့ ချစ်ဖို့‌ကောင်းတဲ့အမူအရာနဲ့ နွေးထွေးတဲ့နှလုံးသားနဲ့ ဆွေးရိပ်ထင်‌နေတဲ့မျက်ဝန်းပိုင်ရှင် ကလေးမလေးတစ်ယောက်၊ အားနွန်ကိုမှချစ်တာပါဆိုပြီး တဖွဖွပြောပြီး ပက်ကျိလေးလို တွယ်ကပ်နေတဲ့သူ...ရေခဲရိုက်နှလုံးသားနဲ့ ရင်မခုန်တော့ပါဘူးဆိုတဲ့ မမကြီး၊ လူကပ်တာကိုမကြိုက်တဲ့ တစ်ကိုယ်တည်းနေရတာပျော်တဲ့မမက မနူးမနပ်ကလေးမလေးကိုမှ အကြင်နာတွေပိုပြီး ရင်ခုန်မိတဲ့အခါ...အသက်ကွာဟချက် မျိုးရိုးမြင့်အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေကြား ဒီအမျိုးသမီး‌လေးနှစ်ယောက်ကြားမှာ ပေါက်ဖွားလာမယ့်အချစ်ဇာတ်လမ်းကို Faye-yokoအတွဲက ဘယ်လိုchemistryမိမိပုံဖော်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Mary, Khaing, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... ...
7
TMDb: 7/10 votes
tv

Blank The Series (2024)

2024
The Midnight Romance in Hagwon(2024)
The Midnight Romance in Hagwon(2024) The Midnight Romance in Hagwon(2024)***************************************အပိုင်း(၁ မှ ၁၆) ထိ စ/ဆုံး Queen of tears ကားပြီးသွား​​တော့ ဒီတစ်ခါမှာလည်း Romance နဲ့.melodrama ​လေးတစ်ကားဖြစ်တဲ့ The Midnight Romance in Hangwon ဆိုတဲ့ကား​လေးကို တင်ဆက်​​ပေးသွားပါမယ်မင်းသားကတော့The Worst of Evil မှာ ဗီလိန်အ​နေနဲ့ပါဝင်တဲ့ Wi Ha Joon နဲ့Work of love ကားထဲက မင်းသမီး Jung Ryeo Wonတို့ ပါဝင်သရုပ်​ဆောင်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း ------ Seo Hye Ji က Daechi Academyရဲ့ လုပ်သက် ၁၄နှစ်ရှိပြီဖြစ်တဲ့နာမည်ကြီး ကိုရီးယားဘာသာစကားနည်းပြဆရာမတစ်​ယောက်ပါ ...သူမက ယှဥ်ပြိုင်လိုစိတ်များပြီး ဘယ်​တော့မှ အနိုင်မခံ အရှုံးမ​ပေးတတ်တဲ့သူပါ...Lee Joon Ho က​တော့ ကုမ္ပဏီကြီးတစ်ခုက​နေ နှုတ်ထွက်ပြီးသူပညာသင်ခဲ့တဲ့​ကျောင်းဖြစ်တဲ့ Daechi ...

The Midnight Romance in Hagwon(2024)

2024
Bitter Sweet Hell (2024) [Complete]
Bitter Sweet Hell (2024) [Complete] Bitter Sweet Hell (2024)***************************အပိုင်း (၁ မှ ၁၂) စ/ဆုံး ဒီကားလေးထဲမှာတော့ နာမည်ကြီးမင်းသမီးကြီးတွေဖြစ်ကြတဲ့Tomorrow ထဲမှ Kim Hee-Sun၊ Lawless Lawyer ထဲမှLee Hye-Young တို့က အဓိကပါဝင်ထားပြီး Sweet Home ထဲမှKim Nam-Hee၊ 2PM Chan-Sung, DKZ Jae-Chan တို့အပြင်ကေဒရာမာဖန်တိုင်းသိကြတဲ့ နာမည်ကြီးဇာတ်ပို့ပေါင်းများစွာမှပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းအညွှန်း-No Yong-Won က ကိုရီးယားရဲ့အတော်ဆုံးစိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်သလိုသူမရဲ့ခင်ပွန်းဖြစ်သူ Choi Jae-Jin ကလည်းနာမည်ကြီး ခွဲစိတ်ဆရာဝန်တစ်ဖြစ်လဲကြင်နာတတ်တဲ့ ဖခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။Mystery ဝတ္ထုစာရေးဆရာမဖြစ်တဲ့ ယောက္ခမဖြစ်သူရဲ့ဆတ်ဆတ်ထိမခံတတ်တဲ့စိတ်ကြောင့် ယောက္ခမနဲ့ ချွေးမကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောထားမတိုက်ဆိုင်မှုတွေကလွဲရင်Yong-Won ရဲ့ဘဝက ပျော်ရွှင်စရာအတိပါပဲ။ဒီလိုမျိုး အလုပ်မှာသာမက ကိုယ်ပိုင်ဘဝကလည်းအထင်ကြီးစရာကောင်းလှတာကြောင့် လူတိုင်းရဲ့အားကျခြင်းကိုခံရတဲ့သူမဟာ တစ်နေ့မှာတော့ သူမရဲ့ပြီးပြည့်စုံလှတဲ့ခင်ပွန်းကLee Se Na ဆိုတဲ့ ပဟေဠိဆန်တဲ့မိန်းကလေးနဲ့ ဖောက်ပြန်နေတာကို သိသွားပါတော့တယ်။ထိုမိန်းကလေး ဝင်ရောက်ပတ်သတ်လာပြီးနောက်မှာပဲ သူမရဲ့မိသားစုဟာအမည်မသိသူတစ်ဦးထံမှ ခြိမ်းခြောက်ခြင်းခံလာရတဲ့အတွက်မတည့်အတူနေ ယောက္ခမဖြစ်သူနဲ့ ပူးပေါင်းပြီး သူမရဲ့မိသားစုကိုအန္တရာယ်တွေကနေ ကာကွယ်ဖို့ဖြစ်လာပါတော့တယ်။ဒီစီးရီးမှာ ...

Bitter Sweet Hell (2024) [Complete]

2024
The Whirlwind (2024) [Complete]
The Whirlwind (2024) [Complete] The Whirlwind (2024)**********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသားကြီး Sol Kyung-gu နဲ့မင်းသမီးကြီး Kim Hee-ae တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီးဝန်ကြီးချုပ်နဲ့ ဒုတိယစီးပွာရေးဝန်ကြီးချုပ်ကြားက နိုင်ငံရေးပဋိပက္ခတွေအကြောင်းကိုရိုက်ကူးထားတဲ့ နိုင်ငံရေးဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းPark Dong-ho ဆိုတဲ့လူကတော့ ကိုရီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်တစ်ယောက်ပဲဖြစ်ပြီးစီးပွားရေးလုပ်ငန်းများစွာကို လက်ဝါးကြီးအုပ်ခြယ်လှယ်နေကြတဲ့ အင်အားကြီးမားတဲ့လူချမ်းသာမိသားစုတွေနဲ့ ပေါင်းပြီး  မကောင်းမှုတွေလုပ်နေတဲ့ အကျင့်ပျက်ခြစားတဲ့သမ္မတကိုအပြစ်ပေးပြီး နိုင်ငံရေးလောကကို ပြောင်းလဲချင်တဲ့သူတစ်ယောက်ပါ။Jeong Su-jin ကတော့  ဝန်ကြီးချုပ် Park Dong-ho ရဲ့ အကျင့်ပျက်ခြစားတဲ့လူတွေကိုအမြစ်ဖြတ်မယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့ ဒုစီးပွားရေးဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပြီးနှစ်ဖက် သဘောထားမတူရာကနေ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်လာကြတဲ့အခါမှာတော့...သူတို့နှစ်ဦးကြားကဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းသွားကြမလဲ..။Park Dong-ho ကရော အကျင့်ပျက်ခြစားတဲ့သမ္မတကို အပြစ်ပေးနိုင်မလား...။Jeong Su-jin ကရော Park Dong-ho ကို တားဆီးပြီးတော့ အာဏာကိုပြန်ယူနိုင်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီနေ့မှာ ၁၂ ပိုင်းလုံးထွက်ရှိသွားမှာဖြစ်လို့ CM ပရိတ်သတ်ကြီးတို့လက်မလွှတ်တမ်း ...

The Whirlwind (2024) [Complete]

2024
Jade’s Fateful Love (2024)
Jade’s Fateful Love (2024) ဒီဇာတ်လမ်းလေးကတော့ တွေ့မြင်နေကျ ဇာတ်လမ်းတွေနဲ့မတူတစ်မျိုးကွဲထွက်ပြီး romance , supernatural စတဲ့ genre တွေနဲ့အတူတစ်မျိုးတစ်ဖုံ စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ -ကျောင်းစိမ်းပြားလေးတစ်ပြားဟာ ယွဲ့လင်နဲ့ ကျိုးရှစ်ယွီတို့ကိုထူးခြားဆန်းကြယ်တဲ့ကံကြမ္မာတစ်ခုယူဆောင်လာပေးခဲ့ပါတယ် ။အဲဒါကတော့ တုန်းယွီပြည်နဲ့ ပေရှော့ပြည်နှစ်ပြည် လက်ဆက်မင်္ဂလာအတွက်တုန်းယွီပြည်က မင်းသမီးလေးကို ပေရှော့ပြည်ကိုပြန်ခေါ်သွားတဲ့လမ်းမှာသူပုန်တွေနဲ့တိုးပြီး သေသွားတိုင်း ပြန်ပြန်ရှင်နေခဲ့တာပါ ။ဒီလိုနဲ့နှစ်ယောက်သား ဒီအခက်အခဲကို အ‌ဖြေရှာဖို့အတွက်မတည့်တဲ့ကြားက ခင်မင်ရင်းနှီးသွားကြပြီးတော့ဆန်းကြယ်တဲ့ကံကြမ္မာဟာလည်း စတင်ခဲ့ပါတော့တယ် ။ဒီကျောက်စိမ်းပြားက သူတို့၂ယောက်အတွက် ဘယ်လိုထပ်ပြီးတော့ဆန်းကြယ်တဲ့ကံကြမ္မာတွေယူဆောင်လာပေးမလဲ။နှစ်နိုင်ငံဆက်ဆံရေးနဲ့ဆက်နွယ်နေတဲ့ မင်္ဂလာပွဲကရော ဘယ်လိုဖြစ်သွားမလဲ။သူတို့ကြားက အချစ်ရေးကရော ဘယ်လိုအဆင်ပြေလာနိုင်မလဲဆိုတာကိုစိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးထဲမှာ လိုက်ပါကြည့်ရှုလိုက်ကြပါအုံးနော် ။==================================Quality : WEB-DL 720p, 1080p Total Episodes : 24 Format : mp4 Genres : Drama, Romance, Historical Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...

Jade’s Fateful Love (2024)

2024
Domino Day (2024) Season 1 [ Complete ] 6.4
Domino Day (2024) Season 1 [ Complete ]  ဗြိတိန်တီဗီစီးရီး Domino Day ဟာ Fantasy ၊ Dramaအမျိုးအစားစုန်းကားဖြစ်ပါတယ်။ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်မှာထွက်ရှိထားပြီး မတူညီတဲ့စိတ်ဝင်စားစရာ ဇာတ်ကောင်တွေရဲ့ပေါင်းစပ်မှုနဲ့အတူ ကြည့်မိတာနဲ့စုန်းပြုစားခံလိုက်ရသလိုကြိုက်သွားမှာအသေအချာပါပဲ။ဒိုမီနိုဒေးဆိုတဲ့စုန်းမလေးဟာ သူကိုယ်တိုင်တောင်ဘာကြောင့်မှန်းမသိဘဲ တခြားစုန်းတွေထက်စွမ်းအားပိုကြီးနေတဲ့ သင်းကွဲစုန်းတစ်ယောက်ဖြစ်ပါတယ်။ နက်နဲတဲ့လျှို့ဝှက်ချက်တွေနဲ့ဒိုမီနိုဟာမန်ချက်စတာမြို့အတွင်းမှာ ဖုန်းအပလီကေးရှင်းတစ်ခုကတစ်ဆင့်ယောက်ျားတွေနဲ့ချိန်းတွေ့ပြီး အဲဒီယောက်ျားတွေရဲ့အားအင်တွေကိုစုပ်ယူတဲ့နည်းနဲ့ ရှင်သန်နေထိုင်လျက်ရှိတာကို တစ်ရက်မှာတော့စုန်းသိုက်တစ်ခုက ခြေရာခံမိသွားခဲ့ပါတယ်။ ကတ်ဦးဆောင်တဲ့စုန်းသိုက်ဟာ ဒိုမီနိုက လူတွေကိုအန္တရာယ်ပေးမှာစိုးတာကြောင့်ဒိုမီနိုမသိအောင် လိုက်လံခြေရာခံစုံစမ်းနေခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲ ဒိုမီနိုဟာ လီယွန်ဆိုတဲ့လူသားကောင်လေးတစ်ယောက်ကို တကယ်ချစ်ကြိုက်မိသွားခဲ့ပါတယ်။ ဒိုမီနိုအနေနဲ့သူ့ကိုယ်ထဲကလျှံထွက်နေတဲ့စွမ်းအားတွေကို ထိန်းချုပ်နိုင်သွားမှာလား...သူ့နောက်လိုက်နေတဲ့စုန်းတစ်သိုက်နဲ့ရော ဘယ်လိုရင်ဆိုင်တွေ့မလဲဆိုတာတော့ ဆက်လက်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ File Size – 673 MB / 342 MBQuality –WEB-DL 1080p /  720pEpisodes -  6 EpsDuration -  42 minSubtitle – Myanmar HardsubFormat – Mp4Genre : Drama , ...
6.4
TMDb: 6.4/10 10 votes
tv

Domino Day (2024) Season 1 [ Complete ]

2024
Dreaming of Freaking Fairytale (2024)
Dreaming of Freaking Fairytale (2024) Dreaming of Freaking Fairytale (2024) ************************************* အပိုင်းသစ် (၉+၁၀) (၁ မှ ၁၀ စ/ဆုံး)The Impossible Heir ထဲက ဗီလိန်ကိုကို Lee Jun-Young နဲ့Moon in the Day ထဲက မင်းသမီး Phyo Ye-jin တို့ရဲ့Rom-com ဇာတ်လမ်းတွဲအသစ်လေးထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်းMoon Cha-Min (Lee Jun-Young)က ချမ်းသာကြွယ်ဝတဲ့ Chaebol မိသားစုရဲ့သားဖြစ်ပြီးတော့ဆိုရှယ်ကလပ်တစ်ခုရဲ့စီအီးအိုလည်းဖြစ်ပါတယ်။သူက မာနကြီးပြီးလက်တွေ့ဆန်ဆန်နေတတ်တဲ့သူမို့လို့စင်ဒရဲလားလို ဒဏ္ဍာရီဆန်ဆန်အချစ်ဇာတ်လမ်းမျိုး မက်မောတဲ့မိန်းကလေးတွေကို နှစ်သက်လေ့မရှိပါဘူး။တစ်နေ့မှာတော့ သူ့ရဲ့ဆိုရှယ်ကလပ်မှာ မန်နေဂျာအဖြစ်အလုပ်လာလုပ်တဲ့Shim Jae-Rim (Phyo Ye-Jin)ဆိုတဲ့ ကောင်မလေးနဲ့စပြီးပတ်သတ်မိလာပါတော့တယ်။သူမကတော့ သူ့ကိုဆင်းရဲတွင်းထဲကနေ ကယ်တင်ပေးနိုင်မယ့် ရွှေမင်းသားလေးကိုတစ်နေ့တွေ့ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရှင်သန်နေသူလေးပါ။ဒီလိုနဲ့ အဲဒီဆိုရှယ်ကလပ်မှာအလုပ်လုပ်ရင်း သူမရဲ့ဘဝအမှန်ကိုတဖြည်းဖြည်းလက်ခံနိုင်လာခဲ့ပြီးတခြားသူအပေါ်မမှီခိုဘဲ ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူအဖြစ်ပြောင်းလဲလာပါတော့တယ်။ဒီလိုနဲ့ပဲ ဘဝအခြေအနေတွေကအစ အတွေးအခေါ်အဆုံး အစစအရာရာကွာခြားတဲ့သူတို့နှစ်ယောက်ကြားမှာဘယ်လိုမျိုးအချစ်တွေပေါက်ဖွားလာမလဲဆိုတာကိုအပတ်စဥ်သောကြာနေ့တိုင်း CM ကနေ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အညွှန်းကို Hsu Pyae Pyae Aung မှ ...

Dreaming of Freaking Fairytale (2024)

2024
Find Me in Your Memory (2020) [Complete] 7.8
Find Me in Your Memory (2020) [Complete] Find Me in Your Memory (2020)********************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါ Channel Myanmar က​နေ တင်ဆက်​ပေးမဲ့ ဇာတ်လမ်းတွဲ​လေးက​တော့The Guest ထဲက မင်းသား Kim Dong Wook နဲ့ True Beauty ထဲကမင်းသမီး Moon Ga Young တို့ အဓိကပါ၀င် သရုပ်​ဆောင်ထားတဲ့Find Me in Your Memory ဆိုတဲ့ ဇာတ်လမ်းတွဲ​လေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-အီ​ဂျောင်ဟွန်း (Kim Dong Wook)က သူ့အစီအစဥ်ကို လာ​ရောက်ပါဝင်တဲ့သူ​တွေရဲ့အမှား​တွေ ​ထောက်ပြရတာ ကြိုက်တဲ့ HBN သတင်းဌာနရဲ့ လူ့ဂွစာသတင်း​ကြေညာ​ရေးမှူးတစ်​ယောက်ပဲ ဖြစ်ပါတယ်။​ယောဟာဂျင်း (Moon Ga Young) က​တော့ နာမည်ကြီးသရုပ်​ဆောင်​တစ်​​ဦးဖြစ်ပြီးသူတို့နှစ်​ယောက်ဟာ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ ဆန့်ကျင်ဘက်ဖြစ်​​နေကြတဲ့သူ​တွေပါ။အီ​ဂျောင်ဟွန်းဟာ မှတ်ဉာဏ်လွန်ကဲ​ရောဂါရှိပြီး ဘဝတစ်​လျှောက်ဖြစ်ပျက်သမျှ ကိစ္စ​တွေကို ​မေ့လို့မရ​တဲ့သူဖြစ်သလို ...
7.8
TMDb: 7.8/10 24 votes
tv

Find Me in Your Memory (2020) [Complete]

2020
Itaewon Class (2020) 8.468
Itaewon Class (2020) Itaewon Class (2020) ********************** "မဖြစ်နိုင်လောက်ဘူးလို့ ယူဆမိရင် ရှေ့ကိုဘယ်လိုဆက်လျှောက်လို့ရတော့မလဲ .. လုပ်ကြည့်ပြီးမှ ဆုံးဖြတ်ရမှာပေါ့" (ဘတ်ဆယ်ရိုအီ)လူငယ်တွေအတွက်သဘောအကျဆုံး ဇာတ်လမ်း ရုပ်ရှင်အမျိုးအစားကတော့စိတ်ခွန်အားဖြစ်စေတဲ့ ရုပ်ရှင် ဇာတ်လမ်းတွဲတွေပဲဖြစ်ပါတယ် ..ဒါပေမဲ့ တော်ရုံရင်ထဲမရောက်တတ်သလို အဆုံးထိ ကြည့်ဖြစ်လောက်အောင် ဆွဲဆောင်နိုင်ပြီးထပ်တလဲလဲကြည့်ဖြစ်တဲ့ ဇာတ်လမ်းကတော့ ‌တော်တော်ရှားပါတယ် ..ဒီထဲမှာတော့ Itaewon Class (2020) ကတော့ ခြွင်းချက်ပါ ..တစ်ကောင်ကြွက် ပညာအရည်အချင်းလည်း တခြားသူတွေလို မရှိတဲ့ခပ်တုံးတုံးယောက်ျားတစ်ယောက်ဟာ ငါရအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်တစ်ခုတည်းနဲ့ ဟိုးအမြင့်ဆုံရောက်အောင် သူကြိုးစားခဲ့တယ် ..နိုင်ငံကျော် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ရမယ်ဆိုတဲ့ သူ့ရဲ့ ရည်မှန်းချက်လမ်းတလျှောက်ဟာ နတ္ထိကနေစခဲ့တာဆိုတော့ အားလုံးဟာ အခက်အခဲချည်းပဲ ..မနာလိုသူတွေ၊ အညွှန့်ကိုရိုက်ချိုးမဲ့သူတွေ အားနည်းချက်ကို အသုံးချမဲ့သူတွေ ဒုနဲ့ဒေး ..ဘတ်ဆယ်ရိုအီအတွက် ခံယူချက်က ရိုးရှင်းတယ် ..လုပ်ကြည့်မှသိမှာပေါ့ .. အားကုန်ကြိုးစားမယ် .. ငါ့ရည်မှန်းချက် ဒါလေးတင်မဟုတ်ဘူး ..အကြီးကြီး .. အားလုံးထက်ကြီးရမယ် ..ဆိုတော့ အားလုံးလည်း ဒီစီးရီးကို သိပြီးသားဆိုတော့ ဇာတ်လမ်းအကြောင်း ...
8.468
TMDb: 8.468/10 310 votes
tv

Itaewon Class (2020)

2020
Dark Matter (2024) 7.866
Dark Matter (2024) Dark Matter (2024) Genre- Drama, Sci-fi, Thriller IMDB – 7.4/10Foundation, Invasion, See, Monarch နဲ့ Severance တို့လို Sci-fi စီးရီးကောင်းတွေချည်း ထုတ်လုပ်ပေးခဲ့တဲ့ Apple Tv ကနေ နောက်ထပ် Sci-fi, Thriller စီးရီးကောင်းတစ်ခု အသစ်ထွက်လာခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်တုန်းက စာရေးဆရာ Blake Crouch ရေးသားပြီး အောင်မြင်ခဲ့တဲ့ Dark Matter စာအုပ်ကို ဒီနာမည်အတိုင်း ပြန်လည်ပုံဖော်ထားတာ ဖြစ်တဲ့အပြင် စာရေးဆရာကိုယ်တိုင် ဒီ စီးရီးအတွက် ပြန်လည်ရေးသားပေးခဲ့တာလည်း ဖြစ်ပါသေးတယ်။သရုပ်ဆောင်တွေမှာဆိုလည်း နာမည်ကြီးမင်းသား Joel Edgerton နဲ့ ၉၀ ကာလမှာ အရမ်းကိုလှပခဲ့ပြီး အခုထိတောင် Trend ဖြစ်နေသေးတဲ့ ချောမောလှပနေသေးတဲ့ အန်တီ Jennifer Connelly တို့ ဖြစ်နေလို့ မကောင်းမှာတော့ စိတ်မပူရပါဘူး ဒါ့အပြင် နှစ်ယောက်လုံး သရုပ်ဆောင်ချက်တွေကလည်း Chemistry မိလွန်းပါတယ်။ နောက်ပြီး ...
7.866
TMDb: 7.866/10 41 votes
tv

Dark Matter (2024)

2024
9-1-1 or 911 8.21
9-1-1 or 911 Covid19 ကြောင့် Stay Home နေကြရတဲ့CM Fan တွေ အတွက် အချိန်ကုန်မှန်းမသိအောင်ကြည့်ကောင်းတဲ့ တီဗီဇတ်လမ်းတွဲ တစ်ခု နဲ့မိတ်ဆက်ပေးပါရစေ...9-1-1 ပါတဲ့ ဟုတ်ပါတယ်...9-1-1 ဟာ မြန်မာပြည်က ကူညီပါရစေ လိုပါပဲ ဆိုပေမယ့်ဒီက ကူညီပါရစေလိုမျိုးတော့ မဟုတ်ပါဘူး9-1-1 အုပ်စု မှာ အရေးပေါ် တယ်လီဖုန်းလိုင်းကအော်ပရေတာတွေ ကနေ တဆင့် အမှုအခင်း - သဘာဝဘေး စတဲ့ပြသနာ ပေါင်းစုံကို ဆယ်သွယ်အကူအညီတောင်းတဲ့ အခါမီးသတ် - ရဲ - ဆေးဘက်အကူအညီ နှင့် အပြေးအလွှားကယ်ဆယ်ကြပါရတယ်ဒီ 9-1-1 ဇတ်လမ်းတွဲမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်လေးတွေကိုEpisode တစ်ခုစီ အပြီးအစီး ပြထားတာမို့ ဆန့်ငင် ဆန့်ငင် မဖြစ်ပါဘူးဇတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်စီတိုင်းရဲ့ သဘာ၀ ကျတဲ့သရုပ်ဆောင်ချက်တွေ ကြောင့် ဇတ်လမ်းတွဲဟာ ပိုမိုပြီး အသက်ဝင်နေပါတယ်ဒီဇတ်လမ်းတွဲကိုAugust , Sai Wai ...
8.21
TMDb: 8.21/10 2291 votes
tv

9-1-1 or 911

2018
Doctor Climax (2024)
Doctor Climax (2024) ဒေါက်တာကျော်ကြီး (၂၀၂၄)မြန်မာပရိသတ်တွေ အသည်းစွဲဖြစ်တဲ့ P'Terရဲ့ရုပ်ရှင်တွေအကြောင်းပြောရမယ်ဆိုရင်တော့ ထိပ်ဆုံးကနေသတိရမိမှာ Lieutenant Opasနဲ့ATMပါပဲ။ ဟာသဇာတ်ရုပ်မှာ သူမတူအောင် ပရိသတ်ကိုညှို့ယူနိုင်လွန်းတဲ့ Ter Chantavitရဲ့ comedy dramaကားသစ်လေးဖြစ်တဲ့ Dr Climaxလေးကို ခုပဲတင်ဆက်ပေးလိုက်ပါရစေခင်ဗျာ။1970နှောင်းပိုင်းကာလ တစ်နည်းပြောရရင် လူတွေလည်း Sex eduနဲ့ပတ်သက်ရင် ပွင့်လင်းမြင်သာမှုတွေမရှိတဲ့ကာလလေးတစ်ခုမှာ လူတွေက သူတို့ရဲ့sex lifeပြဿနာတွေကို ပေါ်တင်ဖွင့်ဟမတိုင်ပင်ရဲတဲ့အချိန်လေးမှာ ဇာတ်လမ်းတည်ထားတာဖြစ်ပြီးဒီအချိန်မှာ စွန့်စားခန်းဝတ္ထုစာရေးဆရာဖြစ်ချင်တဲ့ အရေပြားနဲ့ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါ အထူးကုဆရာဝန် ဒေါက်တာနက်တစ်ယောက် ဒေါက်တာကျော်ကြီးဆိုတဲ့ကလောင်နာမည်နဲ့ sex eduကို ပါးပါးလေးပုတ်တဲ့ဆောင်းပါးတွေရေးတဲ့ ကလောင်ရှင်လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ....Sex eduဆိုတာကို လက်မခံသေးတဲ့ကာလက ရှေးရိုးစွဲလူတွေနဲ့ တစ်ဖက်က တိုင်ပင်ဖော် ရင်ဖွင့်ဖော်ရသွားလို့ အားကိုးချင်တဲ့လူတွေအကြား ဒေါက်တာနက်နဲ့သူ့ရဲ့အလွဲလေးတွေကို စိတ်ဝင်တစားရှုစားရမှာဖြစ်လို့ ခုပဲကြည့်ရှုစားလိုက်ရအောင်ပါ။(Sex educationဆိုတော့ အတန်ငယ်ကြမ်းတဲ့စကားလုံးလေးတွေ ဖောဖောသီသီပါဝင်မှာဖြစ်လို့ လူများများနဲ့ ၁၈ ယောက်စုကြည့်ဖို့တော့ အကြံပြုလိုက်ပါတယ်။)အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Thai Team ပဲ ဖြစ်ပါတယ်။Genre..... Drama, Comedy Quality…. 1080p | 720p File size… 600MB ...

Doctor Climax (2024)

2024