Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
Lie to Love ( 2021 )
ဒီတစ်ခါ CMကနေတင်ဆက်ပေးမယ့် seriesလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မင်းသား Luo Yunxi နဲ့ WJSNအဖွဲ့ထဲက Cheng Xiaoတို့ရဲ့Lie to love ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကို ညွန်းရမယ်ဆိုရင်တော့Li Ze Liang ဟာ Ocean Hotel ကြီး ရဲ့ အမွေဆက်ခံသူတစ်ယောက်ဖြစ်ပြီးဘာကိုမှဂရုမစိုက်တတ်တဲ့အကျင့်ရှိတဲ့သူဖြစ်ပါတယ် Su Xie Yi ဆိုတဲ့ကောင်မလေးကတော့ငယ်ရွယ်ပြီးချောမောလှပသွက်လက်တဲ့ကောင်မလေး တစ်ယောက်ပေါ့သူတို့၂ယောက်တွေ့ဆုံပြီးတဲ့နောက်မှာတော့ မမေ့နိုင်စရာအမှတ်တရ လေးတွေနဲ့အတူအချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်ဖြစ်ပေါ်လာပါတော့တယ် ဒီလိုချည်နှောင်မှုများစွာတွေကြားထဲမှာ သူတို့၂ယောက်ရဲ့ကံတရားက အတူတူနေနိုင်ဖို့လား ခွဲခွာကြဖို့လားဆိုတာကိုတော့ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ် တစ်နေ့မှာ ကံကြမ္မာရဲ့လှည့်စားမှုတစ်ခုကြောင့်Su Xie Yi ရဲ့မိသားစုဆီကို ပြဿနာအကြီးကြီးတခုရောက်တဲ့အခါမိသားစုလည်းအတော်လေးကိုထိခိုက်သွားခဲ့ရပါတယ် ဒါတွေအားလုံးရဲ့လက်သည်တရားခံကLi Ze Liang ဆိုပြီးတော့ သဲလွန်စတွေက ညွန်ပြနေပါ တော့တယ်အမှန်တရားကိုရှာဖွေဖေါ်ထုတ်ဖို့အတွက် Su Xie Yi တစ်ယောက်ဘယ်လိုတွေကြိုးစားမလဲ..ဘယ်လိုတွေဆောင်ရွက်မလဲ Li Ze Liang ဟာလည်း တကယ်ပဲ သူ့မိသားစုအပေါ်ကိုကြံစည်ခဲ့သူလား ချောက်ချခံရတာလားဆိုတာကိုတော့ အပိုင်း၃၂ပိုင်းပါဝင်မယ့်ဒီ ...
Lie to Love ( 2021 )
2021
9.1
Teluk Alaska (2021)
ကျောင်းတွင်းအရိုဇာတ်လမ်းလေးတွေမှကြိုက်နှစ်သက်ပါတယ်ဆိုသူတွေအတွက်အချောအလှတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ပေါ့ပေါ့ပါးပါးလေးကြည့်ရမယ့်အင်ဒို မီနီစီးရီးသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ငယ်ငယ်တည်းက အမြဲတတွဲတွဲဖြစ်ခဲ့ကြတဲ့ကစားဖော်သူငယ်ချင်းနှစ်ယောက် ..တစ်ရက်မှာတော့ သူငယ်ချင်းကောင်လေးကအဝေးကိုပြောင်းသွားခဲ့ပြီးသူငယ်ချင်းနှစ်ယောက်ဝေးကွာသွားခဲ့တယ်။ဒီလိုနဲ့နှစ်တွေကုန်လွန်ခဲ့တာ နေရပ်မှာပဲကျန်နေခဲ့တဲ့Ana တောင် အထက်တန်းကျောင်းသူအရွယ်ရောက်နေပါပြီ။တစ်နေ့တော့ Anaတို့ကျောင်းကိုကျောင်းသားသစ်တစ်ယောက်ပြောင်းလာပြီးအဲဒီကျောင်းသားရဲ့နာမည်ကလည်းတစ်ချိန်က Ana ရဲ့ Alister နဲ့တူနေတဲ့အခါ ..တကယ်ပဲ တစ်ချိန်က Alister ဖြစ်နေမလား ..နာမည်တူမရှား လူတူမရှားဆိုသလိုပဲဖြစ်နေမလား ..အထက်တန်းရောက်မှဆုံတဲ့ဖူးစာပေပဲလားဆိုတော့ဆက်လက်ပဲရှုစားလိုက်ပါတော့နော်။ File size…( 300 MB) Quality…. Web-Dl 1080P Format… MP4 Duration…. 30 Min Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by... JimX ~ Lai Laii ~ Tar Tee Poe Download List=========== VIP Link EP 01 - YoteShin / CM Drive / Usersdrive / Megaup EP 02 - YoteShin / CM Drive ...
9.1
TMDb:
9.1/10
58954 votes
tv
Teluk Alaska (2021)
2021
Love & Wish (2021)
Love & Wish (2021) ဇာတ်လမ်းတွဲအညွှန်း***********************************အပိုင်းသစ် (၄ မှ ၉) အစ - အဆုံး ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးအတွက် Penthouseထဲကအသည်းကျော်လေး ဟာအွန်ဗြောနဲ့ GOT7 အဖွဲ့ဝင် Choi Young-Jaeတို့က ပါဝင်သရုပ်ဆောင်ထားတဲ့ Web drama လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်းကတော့ ...၁၇နှစ်အရွယ်ဆွန်းဒါအွန်းက သူ့အိမ်မှာအငယ်ဆုံးလေးပါ။ အစ်မနှစ်ယောက်ရဲ့အလုပ်ကြောင့် အင်းချွန်းကနေ ဆိုးလ်ကို အတူပြောင်းခဲ့တဲ့နေ့မှာပဲ ဒါအွန်းတစ်ယောက် ဓာတ်လှေကားထဲမှာ ဆွန်းဟူဆိုတဲ့ကောင်လေးနဲ့ တိုက်မိသွားတယ်။ဆွဲဆောင်မှုရှိပြီးချောမောတဲ့ဆွန်းဟူကို မြင်မြင်ချင်းချစ်မိသွားတဲ့ ဒါအွန်းက သူမရဲ့အချစ်စစ်လို့သတ်မှတ်လိုက်ပါတယ်။ ကံကြမ္မာဖန်ချင်တော့ ဒါအွန်းရဲ့ကျောင်းအသစ်က စာသင်ခန်းထဲမှာ ဆွန်းဟူနဲ့ထပ်တွေ့ရတဲ့အခါ ... အမြဲတမ်း အချစ်စစ်ကို စိတ်ကူးယဉ်ခဲ့တဲ့ ဒါအွန်းတစ်ယောက် ဆွန်းဟူရဲ့အချစ်တွေက သူမနဲ့ ထပ်တူကျပါ့မလား ဆိုတာကိုတော့ Love and Wish ဆိုတဲ့ Web Drama လေးမှာ ရှုစားရမှာပါ။ ဒါအွန်းနေရာကနေ ဟာအွန်ဗြော(Choi YeBin) နဲ့ ဆွန်းဟူနေရာကနေ (Choi ...
Love & Wish (2021)
2021
10
Unhappy Birhday (2021)
Unhappy Birthday (2021)-----စ / ဆုံး-----______________________ ဇာတ်လမ်းအကျဉ်း....ချစ်သူကို မွေးနေ့မှာ စပရိုက်လုပ်ဖို့ ရည်ရွယ်ထားတဲ့ မင်တစ်ယောက် အဲ့ဒီနေ့မှာပဲ ချစ်သူကောင်လေးရဲ့ ဖောက်ပြန်ခြင်းနှင့် စပရိုက်တိုက်ခြင်းကို ပြန်ခံလိုက်ရသောအခါ.... ၁၀ နှစ်သက်တမ်းကြာခဲ့ပြီဖြစ်သော သံယောဇဉ်ကြောင့် သူမအပေါ် သစ္စာမရှိသောယောကျာ်းတစ်ယောက်ကို မမေ့ပစ်နိုင်ခဲ့ပါဘူး....သူမ ချစ်သူကောင်လေး ချတ် သည်လည်း ၁၀ နှစ်သက်တမ်းကိုမျှ မငဲ့ကာ မင့်ကို ချစ်ပါတယ်ပြောနေပေမယ့် တစ်ဖက်မှာတော့ တစ်ခြားမိန်းကလေးများစွာနဲ့ ထပ်တလဲလဲ ပွေရှုပ်လို့နေခဲ့ပါတော့တယ်...အရင်ကတော့ မင့်ဘက်က အချစ်ကြီးလွန်းစွာနဲ့ နားလည်ခွင့်လွှတ်ပေးနိုင်ခဲ့ပေမယ့်လည်း ဒီတစ်ခေါက်မှာတော့ ၁၀ နှစ်သက်တမ်းရှိ သံယောဇဉ်ဟာ ပြတ်တောက်ဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်....မွေးနေ့ပွဲ တစ်ည ခဏအတွင်းမှာပဲ မင့်အိပ်မက်တွေ ရိုက်ချိုးသလို အဖျက်ဆီးခံလိုက်ရကာ သေမတတ် နာကျင်ခံစားရပြီး မင်တစ်ယောက် စိတ်ဒဏ်ရာအကြီးကျယ် ရခဲ့ပါတော့တယ်...တစ်ဖက်မှာလည်း ၁၀ စုနှစ်တစ်ခုကြာအောင် မင့်ကို အဝေးကနေပဲ ချစ်ရင်း နှစ်သိမ့်နေရတဲ့ ကီရာ့အတွက်တော့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့ပါတော့တယ်..ရည်းစားဖြစ်သူ ချတ်သည်လည်း မင့်ကို ပြန်လည်ခွင့်လွှတ်ပေးဖို့ ကြိုးစားခဲ့ပါတော့တယ်....အဲ့ဒီနောက် ဘာဆက်ဖြစ်မလဲ...မင်တစ်ယောက် ချတ်ကို တကယ်မေ့ပစ်နိုင်မှာလား??ချတ်နဲ့ကီရာအကြား သူမ တကယ်ချစ်တဲ့သူဟာ ...
10
TMDb:
10/10
1 votes
tv
Unhappy Birhday (2021)
2021
The Silent Sea ( 2021 )
မှင်စာဦးဦးနဲ့အတူ လကမ္ဘာကိုသွားဖို့စောင့်နေကြတဲ့ CM ပရိသတ်ကြီးအတွက်သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ The Silent Sea ဆိုတဲ့ဇာတ်ကားလေးကတော့ ထွက်ရှိလို့လာပါပြီ။ ကမ္ဘာမြေပေါ်မှာ တဖြည်းဖြည်းကုန်ဆုံးသွားတော့မယ့် သဘာဝရင်းမြစ်တွေရဲ့ပြဿနာကိုအဖြေရှာဖို့အတွက် ကပ္ပတိန် Han Yoon-jae ဦးဆောင်တဲ့အဖွဲ့ဟာလကမ္ဘာပေါ် မှာရှိတဲ့ သုတေသနစခန်းတစ်ခုမှာ ဇီဝပစ္စည်းတစ်ခုကို သွားယူဖို့တာဝန်ပေးအပ်ခြင်းခံလိုက်ရပါတယ်။ လကမ္ဘာပေါ် စွန့်စွန့်စားစားသွားခဲ့ပြီးနောက်သုတေသနစခန်းအဟောင်းကြီးထဲမှာ ကြောက်စရာကောင်းတဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေ နဲ့ ထိတ်လန့်စရာကိစ္စတွေကို တွေ့ကြုံလိုက်ရတဲ့အခါဒီကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အဖြေရှာဖို့ကြိုးစားကြမလား ?သူတို့မစ်ရှင်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်သွားမလား ?အန္တရာယ်တွေကြား သူတို့အဖွဲ့ဝင်တွေရော ဘေးကင်းနိုင်ကြမလား ?ဆိုတာကိုတော့ ဒီကားလေးထဲမှာ ရင်တဖိုဖိုနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။လကမ္ဘာကိုသွားမယ့် အာကာသယာဥ်မှူးတွေအဖြစ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Gong Yoo ၊ Bae Doona ၊Lee Joon ၊ Heo Sung Tae ၊ Lee Moo Saeng နဲ့ Kim Sun Young ...
The Silent Sea ( 2021 )
2021
Best Mistake (2019)
Best Mistake (2019) ဇာတ်လမ်းတွဲအညွှန်း************************************အပိုင်း (၁-၁၅) အစ/အဆုံးကျောပိုးအိတ်အစိမ်းလေး အမြဲလွယ်တတ်လို့ ကိုဘူဂီ (လိပ်ကလေး) လို့ခေါ်ကြတဲ့ ဂင်ယွန်းဒူတစ်ယောက် သူ့ကိုကြိုက်တယ်လို့ပြောပြီး လိုက်နှောင့်ယှက်နေတဲ့ အလယ်တန်းတုန်းက ကျောင်းနေဘက် ဟောဂျင်းဆူရဲ့ ရန်ကကာကွယ်ဖို့ရာ ချစ်သူရှိယောင်ဆောင်ပြီး ကောင်လေးတစ်ယောက်ပုံကို သူ့အကောင့်မှာတင်ခဲ့ပါတယ်ဖြစ်ချင်တော့ အဲကောင်လေးက သူ့ရဲ့ကျောင်းက နာမည်ကြီး ဂျီဟွန်းဟို ရဲ့ပုံ ဖြစ်နေတဲ့အခါမှာတော့ ... ယွန်းဒူတစ်ယောက် ဟွန်းဟိုကို ပြန်တောင်းပန်တဲ့အနေနဲ့ ပေါင်မုန့်အဝယ်တော်လုပ်ပေးရာကနေ ဟွန်းဟိုက ယွန်းဒူအပေါ် စိတ်ဝင်စားမှု ဖြစ်လာခဲ့ပါတယ်ဖြစ်ချင်တော့ ဟွန်းဟိုရဲ့သူငယ်ချင်း ဂျူဟိုကပါ ယွန်းဒူကို ကြိုက်နေတဲ့အခါမှာတော့ ... သူတို့သုံးယောက်ကြား ဘယ်လိုဖြစ်မလဲ? ယွန်းဒူကရော ဘယ်သူ့ကိုရွေးမလဲ? Web drama တွေထဲမှာ မကြည့်မဖြစ် ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားမို့ ဆက်ဆက်ပြည့်ဖို့ အကြံပေးလိုက်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Shoon Thu Thu Chain ပဲ ဖြစ်ပါတယ်) Aired: Jul 25, 2019 ...
Best Mistake (2019)
2019
7.1
You Don’t Know Me (2021) (1-4) END
အပိုင်း ၄ပိုင်းပါဝင်တဲ့ British crime mini series လေးနဲ့ မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းကတော့လန်ဒန်တောင်ပိုင်းက လူတစ်ယောက်ဟာ ဂျမေးလ်အစ်ဆာဆိုတဲ့ လူတစ်ယောက်ကိုသတ်မှုနဲ့ စွပ်စွဲခံထားရတာပါသူ့ကို လူသတ်တရားခံပါဆိုပြီး ထောက်ပြနေတဲ့ သက်သေအထောက်အထားတွေ အများကြီးရှိနေပေမယ့် ဒီလူကတော့ သူသတ်ခဲ့တာမဟုတ်ပါဘူးဆိုပြီး ငြင်းဆိုတုန်းပါနောက်ဆုံးထွက်ဆိုချက်ဖြစ်တဲ့အတွက် တရားခံရှေ့နေကိုတောင် ဖြုတ်ပစ်ပြီး အမှုဖြစ်ကြောင်းကုန်စင်ကို သူကိုယ်တိုင် ထွက်ဆိုချက်ပေးခဲ့ပါတယ်ဒီအမှုနဲ့ပတ်သက်တဲ့ ဇာတ်ကြောင်းကိုပြောပြရရင် သူ့ကောင်မလေးဖြစ်တဲ့ ကိုင်ရာ့အကြောင်းကတော့ မပါမဖြစ်ပါ ဘာလို့ဆို အရာအားလုံးရဲ့မြစ်ဖျားခံရာက ကိုင်ရာဖြစ်နေလို့ပါပဲတဲ့နောက်ဆုံးထွက်ဆိုချက် ဖြစ်တဲ့အတွက် သက်သေအသစ်လည်း တင်သွင်းခွင့်မရှိတော့သလို သူ့ဆီမှာ တင်သွင်းစရာသက်သေရယ်လို့လည်း မရှိတော့ပါဘူး။ သူ့တစ်ဘဝလုံးကို အကျဉ်းထောင်ထဲမှာ ဖြတ်သန်းရမလား မဖြတ်သန်းရဘူးလားဆိုတာက သူ့စကားကို ဂျူရီလူကြီးတွေ ယုံမယုံအပေါ်ပဲ မူတည်နေတာပါဇာတ်လမ်းတစ်ပုဒ်လုံးကို ဂျူရီတရားသူကြီးတွေကို ပြောပြနေဟန် story-telling ပုံစံမျိုးနဲ့ ရိုက်ကူးတင်ဆက်ထားပြီး စိတ်ဝင်စားဖို့လည်းကောင်းပါတယ်တကယ်ပဲ သူသတ်ခဲ့တာလား မဟုတ်ရင် လူသတ်တရားခံက ဘယ်သူလဲ သူ့ကောင်မလေးကိုင်ရာနဲ့ရော ဘယ်လိုတွေပတ်သက်နေမလဲဆိုတာတွေကို ကြည့်ရှုလိုက်ကြပါဦး File size…500 Mb Quality….Webrip 720p Format…mp4 Duration….50 Min Genre...Crime, Drama Subtitle….Myanmar ...
7.1
TMDb:
7.1/10
votes
tv
You Don’t Know Me (2021) (1-4) END
Little Mom (2021)
Little Mom၁၆ နှစ်အရွယ်မိခင်မိန်းမသားတစ်ယောက်အတွက် မိခင်ဖြစ်လာဖို့ဆိုတာ တကယ်မလွယ်တဲ့အရာပါ။အိမ်ထောင်ကျပြီးသား အရွယ်ရောက်ပြီးသား အမျိုးသမီးတောင်မှ ကိုယ်ဝန်ဆောင်ချိန်၊မီးဖွားချိန်မှာ ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေ၊ အပြောင်းအလဲတွေက ပြောပြမရနိုင်လောက်အောင် အလီလီပါပဲ။ရည်မှန်းချက်တွေ အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့၊ သားဖွားမီးယပ်ဆရာဝန် ဖြစ်လာချင်တဲ့၁၆ နှစ်အရွယ် ကောင်မလေးတစ်ယောက်၊ သစ်ရွက်လှုပ်တောင် ရယ်တတ်တဲ့အရွယ်မှာ ချစ်သူထားရင်းမထင်မှတ်ဘဲ ကိုယ်ဝန်ရခဲ့တာကြောင့် အိပ်မက်တွေ အနာဂတ်တွေ အားလုံးကို စွန့်လွှတ်ပြီး တစ်ခါမှ မတွေးဖူးတဲ့ ဘဝသစ်ကို ရင်ဆိုင်ဖို့ ဖြစ်လာခဲ့ရပါတယ်။ဆယ်ကျော်သက်ဖြစ်တာကြောင့် အချစ်တွေဟာ မသေချာသေးသလို ဘဝအတွက်လည်း အသင့်မဖြစ်ကြသေးပါဘူး။တစ်ချိန်တည်းမှာပဲ ကောင်မလေးလိုအပ်တိုင်း အမြဲရောက်လာပေးတတ်တဲ့ ကျောင်းရဲ့ဂျစ်တူးလေးတစ်ယောက်ကအချစ်ဆုံးသူငယ်ချင်းအဖြစ် ရှိနေပြန်ပါတယ်။ အဲဒီသူငယ်ချင်းကို တစ်ဖက်သတ် သဘောကျနေတဲ့ ကောင်မလေးကကျောင်းမှာ မင်းသမီးနဲ့ ပြိုင်ဖက် ဖြစ်နေပြန်ပါရော။ ဒီလိုနဲ့ သူတို့လေးယောက်ရဲ့ အချစ်ဇာတ်လမ်းရယ်မထင်မှတ်ဘဲရလာတဲ့ ကိုယ်ဝန်ရယ်ကို မင်းသမီးတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာ၊နောက်ဆုံးမှာရော ဘယ်လိုရလဒ်မျိုးနဲ့ အဆုံးသတ်သွားမလဲဆိုတာကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။Little Mom series လေးဟာ ကေဒရမ်မာ ...
Little Mom (2021)
2021
8
Chimera
Chimera 2021Chimeraဆိုတာ ခြင်္သေ့ခေါင်း ဆိတ်ကိုယ်လုံး မြွေအမြီးနဲ့ ပါးစပ်ကမီးမှုတ်ထုတ်နိုင်တဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ကို ခေါ်သတဲ့ အဲ့အကောင်နဲ့ ဒီဇာတ်လမ်းဘယ်လိုဆက်စပ်နေသလဲဆိုတော့ကား 1984ခုနှစ်မှာ ဖြစ်ခဲ့တဲ့ပေါက်ကွဲမတော်တဆမှုတစ်ခု... ထူးဆန်းစွာပဲ နောက် ၃၅နှစ်အကြာမှာ အဲ့လိုတပုံစံတည်းပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပြီး လူသတ်သမားချန်ထားတဲ့ Chimera သင်္ကေတကြောင့် Chimera ကွင်းဆက်လူသတ်မှုရယ်လို့ အမည်တွင်ခဲ့ပါလေရော အဲ့ဒီလို နှစ်ချီကြာ ကွင်းဆက်အမှုကြီးမှာ လူသတ်အကြမ်းဖက် ရာဇဝတ်မှုစုံထောက် ချားဂျယ်ဟွမ်... ရာဇဝတ်မှုပရိုဖိုင်လာလုပ်နေတဲ့ ယူဂျင်းနဲ့... ခွဲစိတ်ဆရာဝန် ဂျွန်ယော့တို့ ပါဝင်ပတ်သက်လာပြီး အမှုနှစ်ခုကြားက လျှို့ဝှက်ချက်အမှန်တရားတွေကို ဖော်ထုတ်ကြတဲ့အခါမှာတော့... ကဲ...ကွင်းဆက်လူသတ်မှုနဲ့ မှုခင်း အရှုပ်တော်ပုံတွေကြား ရင်တမမ ခေါင်းတခဲခဲကြည့်ရတာကိုမှ အားရကျေနပ်တဲ့သူများအနေနဲ့ OCNရဲ့ အသစ်စက်စက် ဒီစုံထောက်ရဲဇာတ်လမ်းတွဲသစ်မှာ ကြည့်ရှုခံစားလို့ရပါပြီ Main roleက သရုပ်ဆောင်ထားကြတဲ့ အာဂျူရှီးကလည်း ခုတလော ထိန်းမရအောင် ခေတ်စားနေတဲ့ Squid Game ထဲက No 218 ဂျိုဆန်းဝူးနဲ့ Blue seaမှာ ဟောဂျွန်းဂျယ်တို့စကွက်ထဲက အာဂျူးရှီးတို့ပဲ ဖြစ်ပါတယ် Translated by : Deer~Myo Myo Htet ~ Lai Laii ~ Elrond Encoded by : ...
8
TMDb:
8/10
1 votes
tv
Chimera
2021
7.2
Aranyak (2021)
Aranyak 2021 ဒီSeriesလေးကတော့ Netflix က အသစ်ထွက်လာတဲ့အိန္ဒိယ Police Drama Seriesလေးပဲ ဖြစ်ပါတယ်Police Drama ဆိုပေမယ့် နိုင်ငံရေးအရှုပ်အထွေးများကိုပါပဟေဠိဆန်ဆန်ထည့်ထားတဲ့အတွက် လူဆိုးက ထွက်ပြေးရဲကလိုက်ဖမ်းအခန်းတွေပဲ မဟုတ်ဘဲ ဘာဖြစ်မလဲကြိုခန့်မှန်းရမယ့် ဇာတ်ကွက်တွေ တရားခံဘယ်သူလဲ စဥ်းစားရမယ့်မြှပ်ကွက်တွေနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲIMDb rating ကလည်း 8.2 ဇာတ်လမ်းပုံစံကလည်း စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်စိီရိုရာ ဆိုတဲ့ ကျေးလက်တောင်တန်းဒေသလေးရဲ့ တောထဲမှာ ၂၀၀၀ ခုနှစ်တုန်းကမိန်းမ ကိုးယောက်ဟာ မုဒိန်းကျင့်ခံရပြီး သစ်ပင်တွေမှာ ဆွဲကြိုးချချိတ်ဆွဲခံခဲ့ရပါတယ်သူတို့ ခန္ဓာကိုယ်တွေမှာလည်း ကျားသစ်လက်သည်းရာတွေနဲ့အပြည့်ပါပဲထိုအချိန်ကတည်းက စီရိုရာမြို့မှာ ကျားသစ်လူသားက သူတို့ကို သတ်သွားတာဆိုတဲ့ ကောလဟာလဟာ ပျံ့နှံ့နေခဲ့တာပါမျက်မှောက်ခေတ် - ကတ်ဆူရီ ဒိုဂရာဆိုတဲ့ ရဲမေဟာ သူ့မိသားစုကို အချိန်ပေးနိုင်ဖို့စခန်းမှူးဘဝကနေ တစ်နှစ်လောက် ခွင့်ယူဖို့လုပ်နေသူပါသူ့အလုပ်ကနေ ခွင့်ယူမယ့် နောက်ဆုံးရက်မှာ သူ့နေရာကိုအစားဝင်နေမယ့် အန်ဂတ် မာလစ်ကိုတွေ့လိုက်ရချိန်မှာတော့ သူ့လိုမျိုး ဒီဒေသရဲ့ မှုခင်းတွေကို ကိုယ်တွယ်ဖြေရှင်းနိုင်ပါ့မလားလို့သံသယဖြစ်လာပါတော့တယ်အဲ့လိုနဲ့ ...
7.2
TMDb:
7.2/10
9 votes
tv
Aranyak (2021)
2021
One Ordinary Day(2021)
One Ordinary Day (2021) ဇာတ်လမ်းတွဲအညွှန်း*********************************************** အပိုင်းသစ် - ၈ (ဇာတ်သိမ်းပိုင်း) ဂင်ဆူဟွန်းက ဒီကားထဲမှာသာမန်ကျောင်းသားလေး အနေနဲ့ သရုပ်ဆောင်ထားတာပေ့ါနော် သူ့ရဲ့တစ်ညတာအမှားကြောင့် လူသတ်မှုနဲ့ အစွပ်စွဲခံလိုက်ရတယ် သူ့အမှုကို ဘယ်သူမှလည်း လက်မခံတော့ သူ့ဘဝက ဟိုးအောက်ကို ထိုးကျသွားတယ်ပေါ့ ချားဆောင်းဝမ်ကတော့ ဥပဒေစာမေးပွဲကို မနဲအောင်အောင် လုပ်ထားရတဲ့ တတိယအဆင့်ရှေ့နေ အဖြစ် သရုပ်ဆောင်ထားပြီး ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်တာမရှိတဲ့ ရှေ့နေက ဂင်ဆူဟွန်းကို ကယ်တင်ဖို့ဖြစ်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ ၂၀၀၈-၂၀၀၉ မှာ ပြသခဲ့တဲ့ BBC ရုပ်သံရဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ "Criminal Justice" ကို ပြန်လည် အသက်သွင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်တဲ့အပြင် အဓိက ဇာတ်ဆောင်ကလည်း ပျိုမေတို့အကြိုက် နာမည်ကျော် ဂင်ဆူဟွန်း ဆိုတော့ အမြန်ဆုံးသာ ကြည့်လိုက်ဖို့ အကြံပေးလိုက်ပါတယ်နော် အပိုင်း ၈ ပိုင်း ပါဝင်မှာဖြစ်ပြီး အပတ်စဉ် သောကြာနဲ့ စနေနေ့တိုင်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ် Aired: November 26, ...
One Ordinary Day(2021)
2021
The King’s Affection (2021)
The King’s Affection (2021)ဒီတစ်ခါမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ နန်းတွင်းကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျိုဆွန်းခေတ်မှာ အိမ်ရှေ့စံမင်းသားရဲ့ မိဖုရားဟာ ကိုယ်ဝန်ရခဲ့ပြီး မင်းသားရယ် မင်းသမီးရယ် အမွှာလေး ဖွားမြင်ခဲ့ပါတယ် ဒါပေမယ့် မင်းသားဖြစ်ရမယ့်သူက မိန်းမတစ်ယောက်နဲ့ တစ်ဝမ်းတည်းထွက်ခဲ့တာကြောင့် မကောင်းတဲ့နိမိတ်လို့ ယူဆကြပြီး မင်းသမီးငယ်လေးကို သတ်ဖို့ လုပ်ခဲ့ကြပါတယ် ဒီလိုကနေ တော်ဝင်သမားတော်ကြီးနဲ့ အိမ်ရှေ့စံမိဖုရားတို့က မင်းသမီးငယ်လေးကို သေတဲ့ပုံစံလုပ်ပြီး တောတွင်းက ဘုန်းကြီးကျောင်းထဲ စွန့်ပစ်ခဲ့ကြတာပေါ့ အချိန်ကာလတစ်ခု ကြာမြင့်လာတဲ့အခါ မင်းသမီးငယ်လေးက မိဖုရားကြီးရှေ့ ပြန်ပေါ်လာချိန်မှာတော့..... နန်းတွင်းရေးအရှုပ်တွေကြားကနေ ဖြစ်ပေါ်လာမယ့် လူငယ်တွေရဲ့ ခံစားချက်ကို ဖော်ကျူးရိုက်ပြထားပါတယ်She would never know နဲ့ လူသိများခဲ့တဲ့ မင်းသားလေး Rowoon ပါဝင်တဲ့ Cast ချောချောလေးတွေ များစွာပါဝင်တဲ့ နန်းတွင်းကား ချောချောကောင်းကောင်းလေးပါ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ Channel Myanmar ကနေ တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်အညွှန်းကိုတော့ Amelia က ရေးသားပေးထားပြီးတော့ဘာသာပြန်တွေကတော့ Jerrica, Shwe Pyae, Amelia, Thet Hnin Hsu တို့ပဲ ဖြစ်ကြပါတယ်။Encoder - AugustSize: 500MB Quality: 720p Subtitle: ...
The King’s Affection (2021)
2021
9
IDOL: The Coup ( 2021 )
ဇာတ်လမ်းအညွှန်းdisband အဖြစ်မခံရဖို ရေကုန်ရေခန်းကြိုးစားနေကြတဲ့ "doomed Idols" လို့တင်စားခေါ်တဲ့ idol တွေရဲ့ဘဝကို ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှုးနိမ့်မှုတွေကို ကျော်လွှားပြီး ပန်းတိုင်အသစ်ဆီကို တစ်လှမ်းချင်း သတ္တိရှိရှိယုံကြည်ချက်ရှိရှိ လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေရဲ့ စိတ်ခွန်အားပေးနိုင်တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်Kim Je Na ကတော့ ၆ နှစ်သက်တမ်းရှိ Cotton Candy အဖွဲရဲ့မန်ဘာတစ်ဦးဖြစ်ပါတယ်Cha Jin Hyuk ကတော့ Cotton Candy အဖွဲကို စီမံနေတဲ့ အင်တာတိန်းမန့်ရဲ့ စီအီးအိုပေါ့Seo Ji Han ကတော့ Mas လိုခေါ်တဲ့ နာမည်ကြီး အိုင်ဒေါအဖွဲရဲ့ မန်ဘာတစ်ဦးဖြစ်သလိုCotton Candy နဲ့ အေဂျင်စီတစ်ခုတည်းလည်း ဖြစ်ပါသေးတယ်နှစ်အကြာကြီးဖွဲစည်းထားတဲ့ Cotton Candy ဆိုတဲ့အဖွဲလေးဟာ disband မဖြစ်ဖို့ရာအတွက်တစ်ကြိမ်လေးပဲ အောင်မြင်ဖို လက်တစ်ကမ်းသာလိုတော့တဲ့အခါidol ဖြစ်ရတာ မလွယ်ကူလှပါဘူး အခက်အခဲတွေ သွေးချွေးမျက်ရည်တွေ အများကြီးရင်းပြီးမှရလာရတာပါ ဒီလိုနေရာကိုရပြီးရင် ...
9
TMDb:
9/10
1 votes
tv
IDOL: The Coup ( 2021 )
2021
Irresistible(2021)
Irresistible(2021) ထိုင်းဇာတ်လမ်းတွဲအညွှန်း************************************"လွန်ဆန်မရသောအချစ်" စ / ဆုံး ခင် အဖြစ် Lee Thanat မွတ် အဖြစ် Aom Susharဇာတ်လမ်းအကျဉ်းမွတ် နဲ့ ခင် တိုနှစ်ဦးဟာ တစ်ဦးကို တစ်ဦး အရမ်းချစ်ကြပြီး လက်ထပ်ဖို ရည်ရွယ်ထားတဲ့ ချစ်သူနှစ်ဦး..... တစ်နေ့ သူတိုနှစ်ဦး လက်ထပ်ဖို အချိန်နီးခါကြမှ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါတော့တယ်...အဲ့ဒါကတော့ ခင့်ရဲ့ အစ်မဖြစ်သူ အစ်မဝီဟာ တိုက်ခန်းထဲမှာ ရုတ်တရက် အသတ်ခံလိုက်ရခြင်းကြောင့်ပဲဖြစ်ပါတယ်ရဲတွေဘက်က အစ်မဝီဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြောင်း ကောက်ချက်ချခဲ့ပေမယ့်လည်း အစ်မဖြစ်သူရဲ့အကြောင်းကို နှံနှံစပ်စပ် သိတဲ့ ခင်တစ်ယောက်အဖိုကြတော့ အစ်မဖြစ်သူဟာ ကိုယ့်ကိုယ်ကို သတ်သေတာ လုံးဝ မဖြစ်နိုင်ကြောင်းဆိုကာ အပြင်းအထန် ငြင်းဆိုခဲ့ပါတော့တယ်....နောက်ပြီး အစ်မဖြစ်သူ သေဆုံးရတဲ့ တစ်ဦးတည်းသော တရားခံမှာ မွတ် အစ်ကို ဖြစ်သူ ထာဒါ့ကြောင့်ဟု ခင်တစ်ယောက် ပုံသေ ကောက်ချက်ချခဲ့ပါတော့တယ်....မွတ်ဘက်ကလည်း ခင့်ကောက်ချက်ချချက်ကို လက်မခံဘဲ သူ့အစ်ကိုနဲ့ အစ်မဝီသတ်သေမှုဟာ လုံးဝ မဆိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်...ဒီလိုနဲ့ မွတ် ...
Irresistible(2021)
2021
7.7
The Expanse(2015-2020)
The Expanse Season 1 to 5 Complete (စ/ဆုံး) ဇာတ်လမ်းတွဲအညွှန်း**********************************************အနာဂတ်ကာလမှာ လူတွေဟာ နေအဖွဲ့အစည်းထဲက ဂြိုလ်တွေ ဥက္ကာခဲတွေမှာသွားရောက် နေထိုင်နေကြပြီ။ အဲမှာမှ နေအဖွဲ့အစည်းကို ၂ ခြမ်းခွဲထားတဲ့ ဥက္ကခဲ ခါးပတ် (the belt) ၊အတွင်းပိုင်း လူနေတဲ့ ဂြိုလ် ၂ လုံးဖြစ်တဲ့ Earth နဲ့ Mars တို့မှာ အဓိက ဇာတ်အိမ်တည်ထားတယ်။Earth တို့ Mars တို့ကို ခါးပတ်ကြီးရဲ့ အတွင်းပိုင်းမှာနေသူတွေမို့လို့ Inners လို့ခေါ်ပြီးခါးပတ်ပေါ်က များစွာသော ဂြိုလ်သိမ် ဥက္ကာခဲတွေပေါ်မှာ နေသူတွေကို Belter လို့ခေါ်တယ်။နှစ်ပေါင်းများစွာ Earth နဲ့ Mars တို့ မတည့်ဘဲ စစ်ဖြစ်မယ်တကဲကဲဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။သူတို့ ရန်ဆောင်တိုင်း အမြဲခံနေရတာက belter တွေပေါ့။ဆိုတော့ Inners တို့ရဲ့ ...
7.7
TMDb:
7.7/10
975 votes
tv
The Expanse(2015-2020)
2015
Sweetheart Delighted (2016)
Sweetheart Delighted (2016) ဇာတ်လမ်းတွဲအညွှန်း____________________________________အပိုင်း(၁ မှ ၁၅) ထိ စ/ဆုံးခွန်တွန့် အဖြစ် Porshe Sara ချင့်ချီဝါအဖြစ် Camila Kittivat ခွန်တော်အဖြစ် Big Nathas ခွန်ကေအဖြစ် Gookgik Kochakornရုပ်ရည်ချောမောပြီးဉာဏ်ရည်ထက်မြက်လှတဲ့ကောင်မလေးတစ်ယောက်ဖြစ်တဲ့ချင့်ချီဝါလေးရဲ့ အဖေ(မောမ်လူနိဝတ်ချဝမ်)နဲ့အမေ(ချော ချီဝမ်)ဟာ ရည်းစားဘဝကတည်းကတစ် ယောက်ကိုတစ်ယောက်ချစ်ခင်မြတ်နိုးခဲ့ကြတာပေါ့အဲ့ချိန်က မောမ်လူနိဝတ်ချဝမ်ရဲ့မိဘတွေက ချောချီဝမ်ကိုသဘောမကျခဲ့ပါဘူးခွန်ကေရဲ့အမေ(ခွန်ကန်ဒါ)ကလည်း ခွန်မောမ်လူကို အလွန်အမင်းချစ်နေပေမဲ့ခွန်မောမ်လူကတော့ ချောချီဝမ်ကိုဘဲတစ်စိတ်တည်းချစ်မြတ်နိုးပါလေရဲ့...... ဒါနဲ့ဘဲ ချောချီဝမ်ဆီက ခွန်မောမ်လူကိုလုယူနိုင်ဖိုခွန်ကန်ဒါနည်းလမ်းအမျိုးမျိုးကြံဖန်ပါတော့တယ်.... ဒီလိုနဲ့ဘဲခွန်ကန်ဒါရဲ့ကြံစည်မှုကြောင့် ချောချီဝမ်ဟာ သမီးလေးချင့်ချီဝါကိုကိုယ်ဝန်လွယ်ရင်း ဖခင်နဲ့တစ်ခြားမြိုနယ်ကို ထွက်ပြေးလာခဲ့ရတယ်....အဲ့ဒါကြောင့်နဲ့ဘဲ ချင့်ချီဝါအဖိုးဟာ အမုန်းပွားပြီးပြန်ကလဲ့စားချေဖို့ စီစဉ်ရာကနေမြေးလေးကို ချဝမ်မျိုးရိုးရှိတဲ့ ဖိချိုင်စရာရွတ်အိမ်ကိုသွားနေခိုင်းပါတော့တယ်အဲ့လိုနဲ့ဘဲချင့်ချီဝါလေးဟာ ခွန်တွန့်နဲ့ခွန်တော်ဆိုတဲ့ ညီအစ်ကိုတိုနဲ့တွေ့ဆုံရင်း၏ဘယ်တစ်ယောက်နဲ့ဘယ်လိုချစ်ကျွမ်းဝင်မလဲ ခွန်တွန့်နဲ့ပေါင်းစည်းရမလားခွန်တော်နဲ့ဘဲပေါင်းစည်းရမလား ရန်သူဖြစ်တဲ့ခွန်ကန်ဒါနဲ့သမီးခွန်ကေကိုရောအဖိုးရဲ့အလိုဆန္ဒအတိုင်း ကလဲ့စားပြန်ချေပေးနိုင်မလားချင့်ချီဝါလေးကရော ဒီဖိချိုင်စရာရွတ်အိမ်ထဲ အချစ်မေတ္တာတွေကြားမှာ ဘယ်လိုအမုန်းတွေနဲ့ကလဲ့စားချေရမလဲဆိုတာသိချင်ရင်တော့ ဒီဇာတ်လမ်းလေးကိုဘဲ သွားကြည့်ရှုလိုက်ကြရအောင်နော်Episodes: 15Duration:100 MinGenres: Romance & Drama Subtitled by Moo & Noon MoEncoded by PinkployNetwork by Ch ...
Sweetheart Delighted (2016)
2016
Jirisan(2021)
Jirisan(2021) ဇာတ်လမ်းတွဲအညွှန်း******************************အပိုင်း ( ၁ မှ ၁၆ ) ထိ စ/ဆုံးဂျီရီတောင်အမျိုးသားဥယျာဉ်မှာ တောခေါင်းတွေဟာ လူတွေကိုကယ်တင်တဲ့အလုပ်လုပ်ရတာပါ...Seo Yi-Gangက ဂျီရီတောင်အမျိုးသားဥယျာဉ်မှာ အတော်ဆုံးတောခေါင်းပါ...သူမက တောင်ကိုဘယ်နေရာကနေတက်ရမလဲဆိုတာကောင်းကောင်းသိပြီးအဲ့ဒီပတ်ဝန်းကျင်အကြောင်းအလုံးစုံနီးပါးသိတဲ့သူပါ...Kang Hyun-Jo ကတော့ ဂျီရီတောင်အမျိုးသားဥယျာဉ်ကတောခေါင်းအသစ်ပါစစ်သင်တန်းကျောင်းဆင်းဖြစ်ပြီး အရင်ကစစ်တပ်ခေါင်းဆောင်ဖြစ်ဖူးတဲ့ Kang Hyun-Jo မှာဘယ်သူ့ကိုမှပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုလည်းရှိနေပါတယ်....Seo Yi-Gang နဲ့ Kang Hyun-Jo တို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်လာပြီးတိုက်ဆိုင်တာပဲလား ကံဆိုးတာပဲလား....အစုလိုက်အပြုံလိုက်ဒုက္ခရောက်နေတဲ့သူတွေကိုအတူတကွကယ်တင်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့.....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ CMပရိသတ်ကြီးဆက်လက်ရှုစားပေးပါဦး....Episodes: 16Aired: Oct 23, 2021 - Dec 12, 2021Aired On: Friday, SaturdayGenres: Action, Thriller, Mystery, DramaTranslated by Khine Khine Wai,ChitThe,Shoon Thu Thu Chain & Song SongEncoded by Phyo PyaeEpisode Complete Zip File- Yoteshin Episode 1 720P >>> ...
Jirisan(2021)
2021
8.5
Happiness (2021)
Happiness (2021)==============ဒီတစ်ခါ အသစ်ထွက်ရှိလာတဲ့ ကားလေးကတော့ အမည်မသိကူးစက်ရောဂါပျံ့နှံ့လာမှုကိုအခြေခံပြီး အစပျိုးထားတဲ့သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ မြို့တော်မှာ ဆောက်လုပ်ပြီးစီးတော့မယ့် အထပ်မြင့်အဆောက်အဦးအသစ်တစ်ခုမှာလူတန်းစားအမျိုးမျိုး နောက်ခံအမျိုးမျိုးနဲ့ လူပေါင်းစုံနေထိုင်နေကြပေမဲ့ ကူးစက်ရောဂါပျံ့ပွားမှုနှုန်းမြင့်တက်လာတာနဲ့အမျှအထိတ်တလန့်နဲ့ သွေးရူးသွေးတန်းတွေဖြစ်လာကြရင်း လူတန်းစားပေါင်းစုံကြားထဲက ပဋိပက္ခတွေနဲ့အတူ ကူးစက်ရောဂါရဲ့ခြောက်လှန့်မှုတွေကလည်း ပိုလို့တောင်ကြီးထွားလာခဲ့ပါတယ်။ရှုပ်ထွေးပွေလီလွန်းတဲ့ လောကကြီးထဲ အေးအေးချမ်းချမ်းနေချင်တဲ့ အထူးရဲတပ်ဖွဲ့ဝင်Yoon Sae-Bom (Han Hyo-Joo) နဲ့ဘေ့စ်ဘောကစားသမားဘဝကိုလက်လျော့လိုက်ရပြီး အကြမ်းဖက်မှုစုံစမ်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တဲ့ Jung Yi-Hyun(Park Hyung-Sik)တို့ သူငယ်ချင်းနှစ်ယောက်က လှည့်ကွက်ပေါင်းစုံကြားထဲ အဖြေရှာကြရင်း၊ရောဂါကူးစက်မှုနဲ့ပက်သက်တဲ့ဝှက်ဖဲကို စုံစမ်းဖော်ထုတ်ကြမှာပါ။နောက်ဇာတ်ကောင်ဖြစ်တဲ့ Han Tae-Seok (Jo Woo-Jin)ကတော့ စစ်တပ်က ထွက်လာပြီးနောက်ပိုင်း ဆေးဝါးကုမ္ပဏီတစ်ခုရဲ့အမှုဆောင်အကြီးအကဲအဖြစ်လုပ်ကိုင်နေသူပါ။ကူးစက်မှုရဲ့ သော့ချက်ကို လက်ကိုင်ထားသူအဖြစ်လည်း ယူဆရပြီး ဘယ်လိုနေရာကပါဝင်သွားမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပါဝင်အားဖြည့်ပေးထားတဲ့ သရုပ်ဆောင်တွေကတော့ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင်တွေပါပဲ။အတော်ကြာမှ Han Hyo Jooနဲ့ Park Hyung Sikတို့ကို ပြန်လည်မြင်တွေ့ရမယ့် အခွင့်အရေးလည်းဖြစ်တာကြောင့်ဘယ်လိုအပေးအယူမျှမျှ အားဖြည့်ထားမလဲဆိုတာကို စောင့်ကြည့်သင့်တဲ့ ကားလေးပါ။သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲတွေ ...
8.5
TMDb:
8.5/10
2 votes
tv
Happiness (2021)
2021
Red Shoes(2021)
Red Shoes(2021) ဇာတ်လမ်းတွဲအညွှန်း*********************************အပိုင်း - ၁၀၀ (စ/ဆုံး)ကဲ ဂန္ဓဝင်ဆန်ဆန်လေး လောင်မြိုက်ချင်သူတွေအတွက် အမိုက်စားစီးရီးကြီးတစ်ခုလာပါပြီ...Hee Kyung ဟာ အိမ်ထောင်ရှင်အမျိုးသမီးကြီးတစ်ယောက်ဖြစ်ပြီး Zem-Ma လို့ခေါ်တဲ့သမီးနဲ့ နာမကျန်းဖြစ်နေတဲ့ သားတစ်ယောက်ရှိပါတယ်။တစ်နေ့ Hee Kyungတစ်ယောက် အချစ်ဦးနဲ့ပြန်တွေ့တဲ့အခါ ကလေးနှစ်ယောက်ရဲ့မျက်နှာမှမထောက် မိသားစုကိုထားပစ်ပြီး အချစ်ဦးနောက် ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။မိခင်ဖြစ်သူရဲ့စွန့်ပစ်ထားခံရပြီးနောက် Zem-Maလေးဟာ အခက်အခဲတွေကြုံတွေ့ခဲ့ရပြီး ဖခင်ဖြစ်သူဟာလည်း ရုတ်တရက်ဆုံးသွားပါတော့တယ်။ဒီလိုနဲ့ Zem-Maတစ်ယောက် သံသယဝင်စရာကောင်းနေတဲ့ ဖခင်ဖြစ်သူရဲ့သေဆုံးမှုနောက်ကွယ်ကအမှန်တရားကို လိုက်လံရှာဖွေရင်း ရက်ရက်စက်စက် စွန့်ပစ်သွားခဲ့တဲ့မိခင်ကို လက်စားချေဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်....အပိုင်း ၁၀၀ပါရှိတဲ့ ဇာတ်လမ်းတွဲရှည်ကြီးဖြစ်ပြီး တဝကြီးလောင်မြိုက်နိုင်အောင် CMကနေ အပတ်စဥ် Mon-Fri ငါးရက်လုံးဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်.....Episodes: 100Aired: Jul 5, 2021 - Nov 19, 2021Aired On: Monday, Tuesday, Wednesday, Thursday, FridayGenres: Romance, Drama, Family, MelodramaTranslated by Ei Phyu ...
Red Shoes(2021)
2021
Dr. Brain(2021)
Dr. Brain(2021) ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း (၁ မှ ၆ )ထိ စ/ဆုံးApple Tv ရဲ့ ကိုရီးယား စီးရီးအသစ်လေးကို ကြည့်လိုက်ရအောင်။နာမည်ကြီး ဝဘ်ကာတွန်းတစ်ခုဖြစ်တဲ့ ဒေါက်တာဘရိန်းကို ရိုက်ကူးထားတာပါ။သိပ္ပံ စိတ်ကူးယဉ် လျို့ဝှက်ဆန်းကြယ် အမျိုးအစားဖြစ်ပါတယ်။ဒေါက်တာ ဂိုဆဲဝန်းဟာ ငယ်ငယ်ကတည်းက အလွန်ဉာဏ်ကောင်းပေမဲ့ စိတ်ခံစားချက်တွေမရှိတဲ့ အော်တစ်ဇင်ရောဂါသည်တစ်မျိုးဖြစ်ပါတယ်။ သူကြီးပြင်းလာတော့ဦးနှောက်သုတေသန ပညာရှင်ဖြစ်လာပြီး လူတွေရဲ့ ဦးနှောက်တွေကိုကွမ်တမ်နည်းပညာနဲ့ ချိတ်ဆက်ပြီး အတွေးတွေ မှတ်ဉာဏ်တွေကိုတူးဖောက်နည်းကို လေ့လာနေခဲ့ပါတယ်။ လေ့လာနေဆဲမှာပဲ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်မိပြီးသိလာရတာက၊ ဦးနှောက်ချိတ်ဆက်မှုတွေဟာ ရှုပ်ထွေးပြီး အခြားလူတွေရဲ့ အမူအကျင့်တွေစရိုက်တွေကိုပါ ရောထွေးရရှိလာတာကို တွေ့လာရပါတယ်။အဲဒီမှာပဲ သူ့ရဲ့ သေပြီထင်နေတဲ့ သားနဲ့ပတ်သတ်ပြီး မှတ်ဉာဏ်တွေအရှုပ်အရှင်းတွေ ပေါ်လာချိန်မှာ ဒီနည်းပညာကိုသုံးပြီး စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်... Episodes: 6Duration: 60 MinQuality : WEB-DL 720pGenres: Sci-Fi & Fantasy, Mystery, DramaTranslated by Mr. ...
Dr. Brain(2021)
2021
First
81
82
83
84
85
Last
Previous
Next