Channel Myanmar

Drama

From Chao Phraya to Irrawaddy (2022)

From Chao Phraya to Irrawaddy (2022)

2021
Bulgasal: Immortal Souls (2021)
Bulgasal: Immortal Souls (2021) Bulgasal : Immortal souls (2021)Dan hwal (Lee Jin-Wook)ကအမြဲတမ်းထာဝရရှင်သန်နေတဲ့ လွန်ခဲ့သောနှစ်ပေါင်း 600 က လူသားတစ်ဦးဖြစ်ပါတယ် ရှေးခေတ်မှာ တပ်မှူးတစ်ယောက်အဖြစ် တာဝန်ကို ထမ်းဆောင်နေပြီး နှစ်ပေါင်း 600 လုံးလုံး မသေနိုင်ခဲ့ပါဘူးMin Sang Woon(Kwon Na-Ra) ကလည်းမသေနိုင်တဲ့လူဖြစ်ခဲ့‌ပေမယ့် အခုတော့ သူမက လူသားအဖြစ်ကို ပြန်လည်ဝင်စားပြီးတော့ လူသားအဖြစ် နေထိုင်‌နေပါတယ် သူမရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို ဖြတ်သန်းပြီးတော့ သူမရဲ့ တကယ့်နာမည်နှင့် အထောက်အထား‌တွေကို ပြောင်းလဲပြီး နေထိုင်နေခဲ့ပါတယ် သူမရဲ့ကြေကွဲစရာအဖြစ်အပျက်ကို လက်စားချေဖို့ ပြင်ဆင်ရင်း လျှို့ဝှက်စွာ နေနေခဲ့ပါတယ် အတိတ်မှာ Dan Sol က Dan Hwal ရဲ့ ဇနီးဖြစ်ခဲ့ပြီး သူမမှာ ထူးခြားမှုတစ်ခုရှိနေပါတယ်Ok Eul Tae ကလည်း Dan Hwal လိုမျိုး မသေနိုင်တဲ့လူသားပါ ဒါပေမယ့် သူကတော့ သေရမှာကိုမကြိုက်တဲ့သူ၊ ဒီလိုရှင်သန်နေရတာကို ပျော်မွေ့နေတဲ့သူပါအဲ့တော့ သူက ဗီလိန်ဖြစ်လာမှာလား...မွေးကတည်းက ကျိန်စာတိုက်ခံရပြီး သေခြင်းမှ ...

Bulgasal: Immortal Souls (2021)

2021
Dream Garden (2021)
Dream Garden (2021) ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ World of Honour ထဲကမင်းသားလေး Gong Jun နဲ့Ode to joy ထဲက မင်းသမီးလေး Qiao Xin တို့က ပါဝင်သရုပ်ဆောင်ထားတဲ့series အသစ်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်အနေအေးပြီး စိတ်ပညာနဲ့ပတ်သတ်ရင် ကျွမ်းကျင်တဲ့ စိတ်ရောဂါကုဆရာဝန်လေး Lin Shen နဲ့ချစ်မှုရေးရာနဲ့ပတ်သတ်ရင် လက်တွေ့မကြုံဖူးပေမယ့် သူ့ကိုယ်သူ ကျွမ်းကျင်အဆင့်လို့ခံယူထားတဲ့ blogger မလေး xiao xiao တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အတွက်ငြင်းခုံဖူးကြသူနှစ်ဦးပါ။ ဒီလိုနဲ့ စိတ်ပညာနဲ့ပတ်သတ်ပြီး လေ့လာချင်တဲ့xiao xiao တစ်ယောက် စိတ်ရောဂါကုဆရာဝန်တစ်ဦးဆီမှာ လက်ထောက်အဖြစ်လျှောက်ရာကနေ သွေးအေးတဲ့ Lin Shenရဲ့လက်အောက်မှာ လက်ထောက်အဖြစ်အလုပ်လုပ်ခွင့်ရပြီးတဲ့နောက် ကံကြမ္မာက သူတို့နှစ်ဦးကို နီးစပ်စေဖို့ဘယ်လို​အပြောင်းအလဲတွေ ဖန်တီးပေးဦးမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာရင်ခုန်စိတ်လှုပ်ရှားရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ်။အချောလေးနှစ်ယောက်ရဲ့ လိုက်ဖတ်မှုအပေါင်းကိုလည်း လှလှပပကြီးခံစားရမယ့်အပြင်Lin Shen တစ်ယောက် အိပ်မွေ့ချကုထုံးတွေနဲ့ လူနာတွေရဲ့ စိတ်ဒဏ်ရာတွေကိုဘယ်လိုဖြေရှင်းပေးမလဲ Xiao Xiao ကရော ...

Dream Garden (2021)

2021
The Kangks Show (2021)
The Kangks Show (2021) The Kangks Show (2021)Kangks ဆိုတာက ဖိလစ်ပိုင်စကားအရ "Kantot"ရဲ့အတို​ကောက်ပါ အဓိပ္ပါယ်က​တော့ " Have Sex "​ပေါ့၊ ဒါ​ကြောင့် "Kangks Show" ဆိုတာ လိင်မှုကိစ္စနဲ့ ပတ်သတ်တဲ့ အ​ကြောင်းအရာ​တွေကို ပညာ​ပေး သ​ဘော တင်ဆက်လာတဲ့ အစီအစဉ်​ပေါ့ဒီTVအစီအစဉ်က သက်​တော်ရှည်အစီအစဉ်ကြီးအဖြစ် ၁၅နှစ် တိုင်တိုင် ရပ်တည်လာခဲ့ပြီး​​နောက် ​​မော်ဒန်​ခေတ်ရဲ့ Online streaming​ တွေ Tik Tokလိုဆိုရှယ်မီဒီယာ​တွေရဲ့ လွှမ်းမိုးမှု​ကြောင့် Rating​ တွေ ကျပြီး ​နောက် ၁၀ ပိုင်း အပြီးမှာ အပြီးတိုင်ဖျက်သိမ်းရဖို့ နီးစပ်လာပါတယ်ဒီလိုဖျက်သိမ်းရမယ့်အဖြစ်ကို ဒီရှိုးမှာ ၉နှစ်တိတိ လိင်ပိုင်းဆိုင်ရာ အကြံ​ပေးတင်ဆက်သူအဖြစ် လုပ်လာခဲ့တဲ့ ​ဒေါက် ကာရာသီအိုက လက်သင့်မခံနိုင်ပါဘူး၊ ဒါ​ကြောင့် ဒီရှိုးဆက်လက်တည်မြဲဖို့ Rating ပြန်တက်လာ​​အောင် ကာရာသီအိုအ​နေနဲ့ နည်းမျိုးစုံနဲ့ ကြိုးစားရင်း ဖြစ်လာတဲ့ အလွဲအ​ချော်​တွေ ဟာသ​တွေ ဒရာမာ​တွေကို အ​တော် ​မှောင်​မှောင်​လေး ကြည့်ရမှာပါဒီSeriesက ၁၇+ ​လောက်ရှိတဲ့ seriesဖြစ်လို့ အ​ဖော်အချွတ်​တွေ ...

The Kangks Show (2021)

2021
A Discovery of Witches – Season 03 8.0
A Discovery of Witches – Season 03 A Discovery of Witches - Season 03===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%******** Spoiler Alert ***********S1, S2 မကြည့်ရသေးသူတွေအတွက်တော့ စပွိုင်လာလေးတွေ ပါနိုင်ပါတယ်နော် S2 တုန်းက ၁၆ရာစုကို အချိန်ခရီးသွားခဲ့ကြတဲ့ မက်သရူးနဲ့ ဒိုင်ယာနာတို့နှစ်ယောက် ဒီစီစန်မှာတော့ အခုလက်ရှိကာလကို ပြန်လည်ရောက်ရှိလာပါပြီ။ သူတို့ရောက်ရောက်ချင်းမှာပဲ ဆီးကြိုလိုက်တဲ့သတင်းကတော့ စိတ်မကောင်းစရာပါ ဒိုင်ယာနာ့ရဲ့ အမေလိုချစ်ခင်ရတဲ့ အမ်မလီတစ်‌ယောက် ပီတာနော့စ်သတ်တာ ခံလိုက်ရတာပါ ပြီးတော့ မက်သရူးရဲ့အစ်ကိုဖြစ်သူ ဘောလ်ဒွင်းကလည်း ဆပ်တောစ်မှာ စုန်း၊ နတ်ဆိုး၊ လူ၊ ဗန်ပိုင်းယားအစုံ ဘော်‌ဒါဆောင်လို စုနေနေကြတာကို သဘောမတွေ့ဘဲ ဒီကလာမွန့်မိသားစု မဟုတ်သူအားလုံးကို နှင်ထုတ်လိုက်ပါတယ်။ နောက်ပြီး သွေးဆာလောင်မှုရောဂါရှိနေတဲ့ ဗန်းပိုင်းယားတစ်ကောင် လူ‌တွေကိုလိုက်သတ်နေတယ်ဆိုတဲ့ သတင်းကလည်း လူတွေ ကြားမှာရော သတ္တဝါတွေကြားမှာပါ အတော်ကိုပျံ့နှံ့နေပြီဆိုတော့ ဒီပြဿနာတွေကို သူတို့ဘယ်လိုဖြေရှင်းပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ Season 3 မှာ ဆက်လက်ကြည့်ရှု ကြပါဦး။ (ဒီစီးရီးရဲ့ အညွှန်းကို MTA ...
8.0
TMDb: 8.0/10 356 votes
tv

A Discovery of Witches – Season 03

2022
A Discovery of Witches – Season 02 8.0
A Discovery of Witches – Season 02 A Discovery of Witches - Season 02===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%အားလုံးမျှော်နေတဲ့Discovery of Witches ရဲ့ season(2)လာပါပြီ။ season(1)မှာ မျိုးစိတ်တွေ အားလုံးလိုချင်နေကြတဲ့စာအုပ်ကို ဆင့်ခေါ်နိုင်ပြီးရရှိသွားတဲ့ စုန်းမလေးဒိုင်ယာနာက ဗန်ပိုင်းယား မက်သရူးနဲ့ပါချစ်ကြိုက်မိသွားလို့ အန္တရာယ်ပတ်ချာလည်ဝိုင်းသွားပြီး အန္တရာယ်တွေကိုနှစ်ယောက် သားဖြတ်ကျော်နေရတာပါ။ season(2)မှာတော့ ဒိုင်ယာနာနဲ့မက်သရူးတို့ ရိုမီယိုနဲ့ဂျူးလီယက်လို နှစ်ယောက်သားချစ်ကြပါလျက်နဲ့ ပတ်ဝန်းကျင်ကြောင့်ကွဲကွာကြမလား၊ စာအုပ်ကိုပိုင်ဆိုင်ထားတဲ့ ဒိုင်ယာနာလေးကရော မျိုးစိတ်တွေရဲ့အန္တရာယ်ကနေလွတ်မြောက်နိုင်ပါ့မလားကတော့ အေးအေး ဆေးဆေးခံစားကြည့်ရှုကြပါဦးလို့။(ဒီစီးရီးရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (800 MB) Quality – BLURAY 1080p 5.1CH Duration - 40 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Romance Translator ...
8.0
TMDb: 8.0/10 346 votes
tv

A Discovery of Witches – Season 02

2021
A Discovery of Witches – Season 01 8.0
A Discovery of Witches – Season 01 A Discovery of Witches - Season 01===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%" တစ်ချိန်က ကမ္ဘာကြီးဟာ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတယ်။ အခုတော့ ဒီနေရာကို လူတွေ မင်းမူသွားပြီ။ နတ်ဆိုး၊ သွေးစုပ်ဖုတ်ကောင်တွေနဲ့ စုန်းစတဲ့ သတ္တဝါတွေဟာ ပုန်းလျှိုးပျောက်ကွယ်သွားကြရတယ်။လူတွေ့မခံရဲကြတော့ဘူး။ အချင်း ချင်းတောင်မှ ရှက်ရွံ့လာကြရတယ်။ဒိုင်ယာနာ ဘစ်ရှော့ဟာလည်း လူတွေနဲ့ ရောယှက်နေထိုင်ရင်း သမိုင်းသုတေသီအဖြစ် ဘ၀ကိုကျောင်းနေသူ စုန်းတစ်ယောက်ပါ။ ကျန်သူတွေနဲ့ တစ်ခုကွဲပြားမှုဆိုရင် သူဟာ စုန်းဆိုတဲ့ ဖြစ်တည်မှုကို ကိုယ်တိုင်ကိုယ်၌ကကို လက်မခံချင်သူဖြစ်သလို မှော်ပညာကို အားမကိုးသူမလို့ သူ့ရဲ့ အစွမ်းကိုလည်း ကောင်းစွာ မထိန်းချုပ်နိုင်သူပါ။ ဤကဲ့သို့သော ဒိုင်ယာနာဘစ်ရှော့လို လူမျိုးကိုမှ အမှောင်လောကထဲကို ပြန်ဆွဲသွင်းလိုက်တဲ့အရာကတော့ Bodleian စာကြည့်တိုက်က Ashmole 782 ဆိုတဲ့ စာအုပ်ပါပဲ။ စာအုပ်သူ့လက်ထဲရောက် ရောက်ချင်းမှာပဲ ငြိမ်သက်နေတဲ့ ရေပြင်ကို ခဲတစ်လုံးပစ်လိုက်သလို အမှောင်လောကဟာ ပြန်အသက်၀င်လာတယ်။ဒိုင်ယာနာ့ရဲ့ ပတ်၀န်းကျင်မှာ မူမမှန်တာတွေ ဖြစ်လာတယ်။ ...
8.0
TMDb: 8.0/10 41000 votes
tv

A Discovery of Witches – Season 01

2018
Our Beloved Summer (2021)
Our Beloved Summer (2021) Our Beloved Summer 2021Webtoonကနေ ပြန်အသက်သွင်းလိုက်တဲ့ကြွက်နဲ့ကြောင်စုံတွဲလေးရဲ့ တစ်ခါတုန်းကနွေရာသီ ဒရမ်မာလေး လာပါပြီအထက်တန်းကျောင်းတက်ခဲ့တဲ့ နွေရာသီကာလလေးတစ်ခုမှာချွဲအွန်းနဲ့ယောင်းဆူတို့နှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ နောက်ဆုံး လမ်းခွဲခဲ့ကြသတဲ့မထင်မှတ်ဘဲ နောင်၁၀နှစ်ကြာမှာ သူတို့နှစ်ယောက် ဇာတ်လမ်းလေးဖြစ်ခဲ့ဖူးတဲ့အဲ့နှစ်နွေရာသီက ရိုက်ခဲ့တဲ့ documentaryလေးဟာ နာမည်ကျော်ကြားလာတော့ကြွက်နဲ့ကြောင် ရည်စားဟောင်းနှစ်ယောက် မဖြစ်မနေပြန်ဆုံဖြစ်ကြတဲ့အခါသူတို့ဘယ်လို အဲ့ဒီနှစ်က နွေရာသီခံစားချက်လေးကိုပြန်လည်အသက်သွင်းကြမလဲဆိုတာကို ဟာသလေးနှောရင်းရိုမန့်ဆန်ဆန်ကလိကလိလေး ကြည့်ရှုရမှာပါ File Size – 542MB@Episode / 1GB@Episode Quality –720p / 1080pDuration – 70 minute (@Episode)Total Episodes: Subtitle – Myanmar HardsubFormat – Mp4Genre : Comedy , DramaTranslator – Deer , Lai Laii , Elrond , IchikaEncoder – Thit San Khant ...

Our Beloved Summer (2021)

2021
Snowdrop(2021)
Snowdrop(2021) Snowdrop(2021)ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း( ၁ မှ ၁၆)ထိ စ/ဆုံးBlackpink ဂျီဆူလေးရဲ့ ပွဲဦးထွက်၊ အပြုံးချိုချိုလေးနဲ့ Romantic drama kingတွေထဲကတစ်ယောက်ဖြစ်တဲ့ ဂျောင်ဟယ်အင်းတို့ရဲ့ အချစ်ဇာတ်လမ်းလေး Snowdrop.... ဒီကားထဲမှာ ဂင်ဂျီဆူက အင်္ဂလိပ်စာစာပေမေဂျာအထူးပြု ထူးချွန်ကျောင်းသူအွန်းယောင်းရိုအဖြစ်၊ ဂျောင်ဟယ်အင်းက ဂုဏ်သရေရှိတက္ကသိုလ်ကျောင်းမှဘွဲ့ရကျောင်းသားအင်းမ်ဆူဟိုအဖြစ် အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်.... မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြလားရှင့် အွန်းယောင်းရိုလေးကတော့အင်းမ်ဆူဟိုကို ပထမဆုံး ဒိတ်လုပ်တဲ့နေ့မှာပဲ မြင်မြင်ချင်းချစ်မိသွားတာပါတဲ့... ဒီကားလေးကို ၁၉၈၇ မှာ ကိုရီးယားကို စစ်အာဏာရှင်တွေအုပ်စိုးချိန်ကိုအခြေခံပြီး ဇာတ်အိမ်တည်ထားပါတယ်။ သွေးတွေပေပွေနေပြီး ဟိုဆူအမျိုးသမီးတက္ကသိုလ်ရဲ့ မိန်းကလေးဆောင်ကိုခိုးဝင်ရောက်နေတဲ့ ဆူဟိုကို တိတ်တဆိတ်ခေါ်ထားပေးတဲ့ ယောင်းရိုနဲ့ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေဖြစ်မလဲ..... အဲ့ကအဆောင်သူလေးတွေနဲ့ သူတို့အားလုံး ဘယ်ကိစ္စမှာ ပါဝင်ပြီးအရှုပ်တော်ပုံတွေဖြစ်မလဲဆိုတာ အပတ်စဉ် စနေ တနင်္ဂနွေ စိတ်ဝင်စားစွာနဲ့ စောင့်မျှော်အားပေးရမှာပါရှင့်.... Episodes: 16Aired:  18-12-2021 - Feb 6, 2022Aired On:  Saturday , SundayGenres:DramaTranslated by ChitThe, Win,Yumeko & Shoon Thu Thu ...

Snowdrop(2021)

2021
Uncle (2021)
Uncle (2021) Uncle (2021)Joon-Hyeok (Oh Jung-Se) ကတော့ လူသိနည်းတဲ့ ဂီတသမားတစ်ယောက်ပဲ ဖြစ်ပြီးတော့ လုပ်သမျှ မအောင်မြင်ဘဲ လုံးဝ အရှုံးသမားဖြစ်သွားတဲ့အပြင် အစ်မဖြစ်သူ Wang Joon Hee (Jeon Hye Jin)နဲ့ပါ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်တစ်နေ့မှာတော့ သူ့အစ်မဂျွန်ဟီး ရဲ့သားက သူ့ရှေ့မှာပေါ်လာခဲ့ပါတယ် သူ့အစ်မကလည်း အိမ်ထောင်သက် ၁၂ နှစ်ကြာပြီးတဲ့အခါမှာတော့ တစ်ခုလပ် တစ်လင်ကွာ တစ်ယောက် ဖြစ်သွားခဲ့ပါပြီ ကလေးအမေဖြစ်သူက အိမ်တွင်းအကြမ်းဖက်မှုကြောင့် အိမ်ထောင်ကွဲခဲ့ရတာပါ။ကလေးအမေတစ်ယောက်တည်း အဖေမရှိတဲ့သားလေးကို ဘယ်လိုစောင့်ရှောက်မလဲ? အဲ့လိုနဲ့ ဇာတ်ကားနာမည် Uncle ဆိုတဲ့အတိုင်း တူဖြစ်သူနဲ့ အတူနေထိုင်ပြီး စောင့်ရှောက်ခဲ့ပါတော့တယ် ဂျွန်ဟီးက စျေးပေါတဲ့ တိုက်ခန်းကို ပြောင်းနေပြီး သားဖြစ်သူကို အုပ်ထိန်းဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်ဟယ်ယောင်းHey-Ryeong (Park Sun-Young)ကတော့ Royal State ရဲ့ တန်ဖိုးကြီးတိုက်ခန်းမှာ နေထိုင်သူဖြစ်ပါတယ် သူ‌က‌တော့ တိုက်ခန်းက မိဘအသိုင်းအဝိုင်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်ပြီး တခြားမိဘတွေက လေးစားပြီး အားကျရတဲ့ လူမျိုးပါKyeong-Il (Lee Sang-Woo) ကတော့ နွေးထွေးတဲ့ သူပါ ဇနီးသေဆုံးပြီးတော့ သမီးဖြစ်သူကို ...

Uncle (2021)

2021
Chosen (2022) 5.0
Chosen (2022) Chosen (2022)===========ဒါက​တော့ ဒီ​​နေ့ထွက် Drama, Sci-fic, Mystery series အသစ်ဖြစ်ပြီးEpisode 6ပိုင်းပါဝင်တဲ့ ဒိန်းမတ်seriesတစ်ခုပဲဖြစ်ပါတယ်၊ Middleboဆိုတဲ့မြို့​လေးဟာ အရင်က အင်မတန်စည်ကားတဲ့ သင်္ဘောကျင်းမြို့ဖြစ်​ပေမဲ့ သင်္ဘောကျင်းပိတ်သွားပြီး​နောက် အင်မတန်​ခေါင်တဲ့ မြို့​လေးဖြစ်သွားပါတယ်။ဒါ​​ပေမဲ့ လွန်ခဲ့တဲ့၁၇နှစ်က မြို့​ပေါ်ကို ဥက္ကာခဲတစ်ခုပြုတ်ကျပြီး မြို့ရဲ့ကံကြမ္မာကလည်း ​နေ့ချင်းညချင်း​ကြီး ပြောင်းလဲသွားပြီး ခရီးသွားမြို့ကြီးအဖြစ် အသွင်​ပြောင်းသွားပါတယ်။ဒါ​ပေမဲ့ဒီဥက္ကာခဲဟာ ​​သွေးရိုးသားရိုးမဟုတ်ဘဲ ကမ္ဘာ​မြေပြင်ပ သက်ရှိမျိုးစိတ်နဲ့ ဂြိုလ်သား​တွေနဲ့ ပတ်သတ်​နေပြီး မျိုးစုံ​သော သဘာဝလွန်ဖြစ်တည်မှု​တွေနဲ့ သက်ရှိ​တွေ Middlebo မြို့​​မှာ ဖြစ်လာတဲ့အခါ ဇာတ်လိုက် Emmaနဲ့ သူငယ်ချင်း ၅​ယောက် တို့ မိမိဇာတိမြို့ကို ဂြိုလ်သား​တွေရန်မှ ကာကွယ်ဖို့ အ​ကြောင်း ဖန်လာပါ​တော့တယ်။(ဒီဇာတ်လမ်းဟာ စုစုပေါင်း(၆)ပိုင်းတစ်ပြိုင်တည်းထွက်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (330 MB) Quality – WEBRIP 720p Duration - 40 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Sci-Fi, Mystery Translator ...
5.0
TMDb: 5.0/10 1200 votes
tv

Chosen (2022)

2022
All of Us Are Dead (2022) 10
All of Us Are Dead (2022) All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) "ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ...ဘာလို့ ငါတို့ကျောင်းမှာလဲ?" သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ...ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်...ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့...ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် ...(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January ...
10
TMDb: 10/10 3 votes
tv

All of Us Are Dead (2022)

2022
Bad and Crazy(2021)
Bad and Crazy(2021) Bad and Crazy(2021)ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း) ဒီတစ်ခါ CM ကထပ်ပြီးတင်ဆက်ပေးမှာကတော့ Kdrama fan တို့ရဲ့အသည်းစွဲဖြစ်တဲ့Lee Dong Wook နဲ့ Squid Game က​နေလူသိများလာတဲ့ Wi Ha Joon တို့ရဲ့စုံထောက်ကားကောင်းလေးပဲဖြစ်ပါတယ်....အဓိက လီဒုံဝု မင်းသားကြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကောင်ဖြစ်တဲ့ "လျူဆူယောလ်" က မှုခင်းဆေးတပ်ဖွဲ့ရဲ့ အရည်အချင်းရှိတဲ့ ရဲအရာရှိတစ်ယောက်ပါ။တပ်ဖွဲ့တစ်ခုလုံးကသူတွေထဲမှာ အထက်တန်းပညာအရည်အချင်းသာ ရှိပေမဲ့လည်းအထက်လူကြီးတွေ အကြိုက်နေတတ်ပြီး အရည်အချင်းရှိတာကြောင့်ရာထူးတွေတိုးပြီး နေရာတစ်နေရာ ရလာနေတဲ့ ရဲအရာရှိ လူလည်ကြီးပေါ့ဗျာ...အထက်လူကြီးတွေ သဘောကျ လူကြိုက်များတဲ့ အမှုတွေကိုပဲစွမ်းစွမ်းတမံဆောင်ရွက်ရင်း တချို့ အမှန်တရားကို သိနေပေမဲ့ နာမည်ကောင်းမရနိုင်တဲ့အမှုမျိုးဆို မသိကျေးကျွံလည်း ပြုထားတတ်သေးတာဗျ။အဲလိုနဲ့ ရာထူးတိုးကာလ နီးကပ်လာတဲ့အခါမှာတော့သူ့ရဲ့နေရာပျောက်ဆုံးနိုင်တဲ့ ကိစ္စရပ်ကြီးတစ်ခုပေါ်လာပါတော့တယ်။အဲဒါကတော့ "ကေ" ဆိုတဲ့ အမှန်တရားရဲ့ ဘက်တော်သားဖြစ်ပြီး အလွန်တရာကိုမှသမာသမတ်ကျတဲ့သူကြီး ပေါ်လာတာကြောင့်ပါပဲ။သူက သမာသမတ်ကျတဲ့ လူကောင်းတစ်ယောက်ဆိုပေမဲ့လည်းပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ  ရှေ့နောက်မတွေးဘဲ မိုက်ရူးရဲဆန်တဲ့လူစားမျိုး...ဒီလိုလူ(၂)ဦးဟာ ဌာန တစ်ခုထဲ ...

Bad and Crazy(2021)

2021
Let’s Fight Ghost ( 2021 ) 9
Let’s Fight Ghost ( 2021 ) Let's Fight Ghost 2021 (Thai Version) Kdrama နဲ့ရင်းနှီးပြီးသားပရိသတ်များအတွက် သဘောတွေ့စေမဲ့ဇာတ်လမ်းတွဲတစ်ပုဒ်ကို တင်ဆက်ပေးပါရစေဒါကတော့ အခြားမဟုတ်ပါဘူး Let's Fight Ghost drama ကိုမှThai Version နဲ့ ပြန်လည်ရိုက်ကူးထားပြီး တစ်မူဆန်းသစ်တဲ့အရသာတစ်မျိုးကို ခံစားရစေလို့ငှာ အဆိုပါ ဇာတ်လမ်းတွဲကိုတင်ဆက်ပေးလိုက်ပါတယ် Thai version လေးမှာတော့Love By Chance ဇာတ်လမ်းတွဲမှ Pete ဇာတ်ကောင်နဲ့နာမည်ကြီးလာတဲ့ မင်းသားချော Saint က အဓိကဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ထားတာမို့လို့ အားလုံးသဘောကျကြမယ်လို့ မျှော်လင့်ပါတယ် ဇာတ်လမ်းလေးကတော့သရဲကို မြင်တွေ့နိုင် ထိနိုင်တဲ့ အော့ပ်ဆိုတဲ့ကောင်လေးဟာအချိန်ပိုင်းအလုပ်အနေနဲ့ အပနှင်တာကိုလုပ်ကိုင်ဖို့အတွက်အွန်လိုင်းမှာ အပနှင်ကြောင်းတင်ရင်းနဲ့ ပိုက်ဆံရှာကာကောလိပ်တက်နေသူတစ်ယောက်ပါ ဒီလိုအပနှင်ဆရာလေးအော့ပ်နဲ့ လွန်ခဲ့တဲ့၅နှစ်က ဆုံးသွားတဲ့အထက်တန်းကျောင်းသူလေးဂျင်းတို့ တွေ့ဆုံမိကြတဲ့အခါ..... ဂျင်းရဲ့အစွမ်းနဲ့ အော့ပ်တို့ပူးပေါင်းပြီးပိုက်ဆံအတူ ရှာကြရင်း တချိန်တည်းမှာပဲ နှစ်ယောက်သားကြားကရင်ခုန်သံတွေနီးစပ်လာတဲ့အခါမှာတော့.... လူသားနဲ့ဝိညာဥ်ကြားသူတို့နှစ်ယောက် ပေါင်းစပ်နိုင်ပါ့မလား ဘယ်လိုသရဲတွေကိုသူတို့အပနှင်မှာလဲ အပနှင်ခြင်းနောက်ကွယ်မှာကောဘယ်လိုကိစ္စတွေရှိနေမလဲ ဆိုတာကို အားပေးကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အပိုင်း၁၆ပိုင်းထွက်ရှိထားတာဖြစ်ပြီး ...
9
TMDb: 9/10 1 votes
tv

Let’s Fight Ghost ( 2021 )

Let Me Be Your Knight(2021)
Let Me Be Your Knight(2021) Let Me Be Your Knight(2021) ဇာတ်လမ်းအညွှန်း*******************************************အပိုင်း - ၁၂ (ဇာတ်သိမ်းပိုင်း)(အစ-အဆုံး ရပါပြီ) အိပ်မပျော်တဲ့ရောဂါကိုခံစားနေရပြီး ဆရာဝန်နဲ့ လျှိဝှက်စွာ ကုသမှုခံယူနေတဲ့ LUNA လိုခေါ်တဲ့ နာမည်ကြီး Boy band ရဲ့အဆိုတော်ကောင်လေး Yoon Tae Inတစ်လောကလုံးက သူ့ကိုအမြဲစောင့်ကြည့်နေပြီး ဖန်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို အပြည့်အဝရရှိထားပေမယ့် နောက်ကွယ်မှာတော့ ဘယ်သူမှမသိတဲ့ဝေဒနါကို ရင်ဆိုင်ရင်း ပျာကလပ်စိန်မလေး In Yoon Joo နဲ့တွေ့ရကနေ ရင်ခုန်မိသွားတဲ့အခါအလွဲလေးတွေနဲ့ ရယ်ရွှင်ဖွယ်ကြည့်မြင်ရမှာဖြစ်ပြီး idol တွေရဲ့ နောက်ကွယ်က real life တွေကိုလည်း ခံစားရင်း သီချင်းကောင်းတွေပါ ခံစားနိုင်မယ့် ဇာတ်ကားကောင်းလေး Healing ဖြစ်ချင်သူများ ကြည့်ချင်တဲ့ ကားကောင်းလေးဆိုလည်း မမှားပါဘူးနော်အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်မှာဖြစ်ပြီး ၁၂ ပိုင်းပါဝင်ပါတယ် Episodes: 12Aired: November 7, 2021 --Aired ...

Let Me Be Your Knight(2021)

2021
The World of My 17 Season 2 (2021) 8
The World of My 17 Season 2 (2021) The World of My 17 Season 2 (2021)Season 1 တုန်းက နာမည်ကြီးခဲ့တဲ့ The World of my 17 လေးကို CM က season 2 တင်ဆက်ပါဦးမယ်Season 1 တုန်းကို ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကာရိုက်တာကို မိတ်ဆက်စရာမလိုဘူးလို့ထင်ပါတယ်အခုမှစကြည့်မဲ့သူတွေလည်းစိတ်မပူနဲ့နော် cast အသစ် စာသင်နှစ်အသစ်နဲ့ နာရီတို့ ပြန်လာတဲ့ အတွက်ကြောင့်ပါနာရီ၊ ယူနာ၊ ဆွန်းဂျီ၊ မီရယ်တို့သူငယ်ချင်းလေးယောက် ဒုတိယနှစ် ၁၈ နှစ်အရွယ်ရောက်လာပါပြီသိပ္ပံ ဝိဇ္ဇာခွဲတဲ့နှစ်မို့ ယူနာက အခန်းမတူတော့ပေမဲ့ သုံးယောက်ကတော့ အခန်းတူဆဲပါပဲဒါပေမဲ့ လေးယောက်ကတော့ အခင်အမင်မပျက်ဘဲရှိနေတုန်းမို့သူတို့ရဲ့ friendship လေးကို အသစ်အဆန်းတစ်ခုအနေနဲ့ စောင့်မျှော်ပေးကြပါဦးseason အသစ်စတာနဲ့ cast အသစ်တွေကလည်း မတူညီတဲ့ဆွဲဆောင်မှုကိုယ်စီနဲ့ အရင်နဲ့မတူတဲ့ ခံစားချက်မျိုးရစေမှာပါနော်စုစုပေါင်း ၁၂ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့အပတ်စဉ် ...
8
TMDb: 8/10 2 votes
tv

The World of My 17 Season 2 (2021)

2020
Human (2022) 8
Human (2022) Human (2022) ================= ဘောလိဝုဒ်ပရိသတ်ကြီးအတွက် IMDb rating 8 အထိရထားတဲ့ အိန္ဒိယ TV Series လေးကို တင်ဆက်ပေးပါရစေဆရာဝန်မျိုးရိုးက ဆင်းသက်လာပြီးတော့ နာမည်ကြီးဦးနှောက်အထူးကုဆရာဝန်လည်းဖြစ်သလို ဘိုပယ်လ်မြို့က မန်သန်ဆေးရုံအုပ်လည်းဖြစ်တဲ့ ဒေါက်တာဂေါ်ရီနတ်ဒ်....ဂေါ်ရီရဲ့ ထောက်ခံချက်နဲ့ ဆေးရုံကို ရောက်ရှိလာတဲ့ နှလုံးခွဲစိတ်ဆရာဝန် ဒေါက်တာဆိုင်ရာ....မန်ဒန်မြို့မှာ ဆေးအသစ်ထုတ်လုပ်ပြီးတော့ အဲ့ဒီဆေးကိုတရားမဝင်ရောင်းချဖို့အတွက်လူတွေကိုစမ်းသပ်တဲ့အခါ သေစေနိုင်လောက်တဲ့ထိ side effect တွေရှိပေမယ့် ထုတ်လုပ်သူတွေဟာအဲ့ဒါတွေကို သတိမထားမိခဲ့ကြပါဘူးဒီဆေးကြောင့်နောက်ပိုင်းဘယ်လိုထိခိုက်မှုတွေဖြစ်လာမှာလဲဒီကိစ္စနောက်ကွယ်မှာကော ဘယ်လိုလူတွေပါဝင်ပတ်သတ်နေဦးမှာလဲ ဆိုတာHuman ဆိုတဲ့ စီးရီးလေးမှာ အားပေးကြည့်ရှုကြပါဦးနော်ထိုင်ရာကမထစတမ်းကြည့်ချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့Series လေးမို့လို့ အားလုံးအကြိုက်တွေ့စေရန်အလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်File Size – 300MB@EpisodeQuality – 720pDuration – 45 minute (@Episode)Total Episodes:10 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / ThrillerTranslator – JimX ...
8
TMDb: 8/10 1 votes
tv

Human (2022)

2022
Show Window: Queen’s House
Show Window: Queen’s House Show Window : The Queen's House (2021)ဟန်ဆောဂျူ နဲ့ ဟန်ဂျောင်းဝန် တို့ မောင်နှမနှစ်ယောက်ဟာချမ်းသာတဲ့မိသားစုတစ်ခုမှာ မွေးဖွားလာခဲ့ပြီး ငယ်စဉ်ကတည်းက လိုလေသေးမရှိပြီးပြည့်စုံစွာ နေထိုင်ခဲ့ရပါတယ်။အရွယ်ရောက်လာတဲ့အခါကျတော့လည်း ဟန်ဆောဂျူဟာ အိမ်ထောင်ရှင်မတိုင်းအားကျရတဲ့မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ကိုယ့်အပေါ်သစ္စာရှိတဲ့ခင်ပွန်းအပြင် ချစ်စဖွယ်သားသမီးလေးတွေကိုပါ ပိုင်ဆိုင်ထားရတဲ့ ဟန်ဆောဂျူရဲ့ ဘဝနန်းတော်ကြီးဟာ တစ်နေ့မှာတော့ပြိုလဲဖို့အတွက် အကြောင်းဖန်လာခဲ့တယ်။ ဟန်ဆောဂျူနဲ့ အိမ်ထောင်မကျမီကအလွန်ဆင်းရဲနွမ်းပါးခဲ့တဲ့ ရှင်းမြောင်ဆော့ဟာ အခုအချိန်မှာတော့ အောင်မြင်တဲ့မိသားစုဘဝနဲ့‌Lahen လုပ်ငန်းစုကြီးမှာ ရာထူးကြီးနေရာကို ရရှိထားခဲ့ပါပြီ။ သစ္စာရှိခင်ပွန်းတစ်ယောက်အဖြစ်နာမည်ကြီးနေတဲ့ ရှင်းမြောင်ဆော့ဟာ ယွန်းမီရာနဲ့တွေ့ဆုံပြီးနောက်မှာ ခံစားချက်တွေကို သိက္ခာနဲ့မဖုံးဖိနိုင်တော့ဘဲ လူ့အသိုင်းအဝိုင်းမှာ တားမြစ်ထားတဲ့ မချိုးဖောက်သင့်တဲ့စည်းကို ချိုးဖောက်မိသွားပါတယ်။အိမ်ထောင်ရေးဇာတ်ဖြစ်တဲ့အတွက် Heavy Drama ကြိုက်သူများအတွက်တော့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရှေ့မှာလည်းThe World Of The Married, Love (ft. Marriage and Divorce) စတဲ့အိမ်ထောင်ရေးဇာတ်လမ်းကောင်းတွေကို ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးပြခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံရဲ့အဆင့်အတန်းမြင့်လာတဲ့ ဒရမ်မာစံနှုန်းကို ...

Show Window: Queen’s House

2021
The Revenge (2021)
The Revenge (2021) The Revenge (2021)  စ / ဆုံး*****************************Casts "ဝီ" အဖြစ် Nanon Chanon"ကိတ်၊ကိတ်သရင်း" အဖြစ် Mook Worranitဇာတ်လမ်းအကျဥ်းကတော့ "PEARL STAR GROUP " ဟာအာခရတ်ဖိုင်ဆန်စကွန်မျိုးရိုးပိုင်တဲ့ ကုမ္ပဏီ ပါ......တစ်နေ့မှာ သူတို့ရဲ့မွေးစားသမီး "ဖရယ်"က မူးယစ်ဆေးအလွန်အကျွံသုံးပြီးသေဆုံးသွားပါတယ်..."ဖရယ်"ရဲ့မျက်နှာချင်းဆင်တူတဲ့ "ကိတ်" တစ်ယောက် "PEARL STAR GROUP"ရဲ့ရှယ်ယာကို ဝယ်ယူခဲ့ပါတယ် ။အကြောင်းကတော့ "ဖရယ်" ရဲ့သေဆုံးမှုကို စုံစမ်းဖို့ပါ ။"ဖရယ်"ဆေးအလွန်အကျွံသုံးပြီး သေဆုံးတာကိုမယုံနိုင်တဲ့အာခရတ်ဖိုင်ဆန်စကွန်ရဲ့မွေးစားသား "ဝီ" တစ်ယောက်"ဖရယ်"ရဲ့သေဆုံးမှုနဲ့ပတ်သက်နဲ့ "ကိတ်"နဲ့ အတူဘယ်လိုစုံစမ်းသွားမလဲ ။"ဖရယ်"ကိုသတ်တာ အာခရတ်ဖိုင်ဆန်စကွန်မျိုးဆက်ထဲက တစ်ယောက်လား....?ရင်ခုန်စိတ်စိတ်လှုပ်ရှားဖွယ် နဲ့ "ကိတ်"တစ်ယောက် "ဖရယ်"ရဲ့သေဆုံးမှုအတွက်ဘယ်လိုကလဲ့စားချေပေးမလဲဆိုတာ "The REVENGE"ဇာတ်ကားမှာ ကြည့်ရှုအားပေးရအောင်...........[အညွှန်းကို Sai Lynn မှ ရေးသားထားပါတယ်]Episodes: TBAAired: DEC 21 , 2021 – TBAAired On: ...

The Revenge (2021)

2021