Channel Myanmar

Drama

Star Trek: Picard – Season 01 (2020) 7.4
Star Trek: Picard – Season 01 (2020) Star Trek: Picard - Season 01=======================Star Trek လို့ဆိုလိုက်တာနဲ့ စတားဖလိ၊ ဖယ်ဒရေးရှင်း၊ အန်တာပရိုက်စ်၊ ရိုမြူလန်၊ ကလင်းဂွန်ဆိုတာတွေ ခေါင်းထဲတန်းဝင်လာကြမှာပါ။Star Trek franchise က အနာဂတ်ခေတ်ရဲ့ အာကာသခရီးသွားကိစ္စတွေအကြောင်း၊ ဂြိုဟ်သားအင်ပါယာတွေအကြောင်း၊ ခေတ်လွန်နည်းပညာတွေအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ပြနေတဲ့ Franchise ကြီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာ၊ စီးရီးပေါင်းများစွာ ထွက်ရှိထားခဲ့ပြီဖြစ်ပြီး ယခုထပ်မံထွက်ရှိလာတာကတော့ Star Trek: Picard ဆိုတဲ့အမည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး Jean-Luc Picard ရဲ့ နောက်တစ်ဖန်စွန့်စားခန်းတွေကို ရိုက်ကူးတင်ပြထားတဲ့ စီးရီးပါပဲ။ အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီးပစ်ကာ့၊စပျစ်ခြံထဲမှာ အေးဆေးအနားယူနေရသော်လည်း ဘဝကို အသက်မဲ့စွာ ဖြတ်သန်းနေရတဲ့သူတစ်ယောက်။ ဒီလို လူပိုသက်သက်တစ်ယောက် ဖြစ်နေရတာကို ငြီးငွေ့လာတဲ့သူဆီ အမျိုးသမီးငယ်လေးတစ်ယောက် ရောက်လာခဲ့တယ်။ လာသူက သူနဲ့မသိကျွမ်းဖူးပါပဲ သူကို အကူအညီ လာတောင်းတဲ့သူ။ သူ ကူညီနေတုန်းမှာပဲ သူ့မျက်စိရှေ့တင် အသတ်ခံလိုက်ရတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းတွေအကြောင်း၊ ဆင်သက်တစ်အသက်လို့ခေါ်တဲ့ အဆင့်လွန်စက်ရုပ်လူသားတွေအကြောင်း အကုန်သိလာရပြီး အရှုပ်ထုပ်ကြီးထဲကို ဝင်ပါရတော့တာပဲ။File size…350mb Quality…1080p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…40min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator…El' Moh Links are ...
7.4
TMDb: 7.4/10 305 votes
tv

Star Trek: Picard – Season 01 (2020)

2020
Killing Eve (Season 4) Complete 8.2
Killing Eve (Season 4) Complete Killing Eve (Season 4) Ongoing အချစ်ဟာ ပုံစံအမျိုးမျိုးလာပါသတဲ့။ ဒါပေမဲ့ မူလဘူတ အရင်းစစ် အမြစ်လှန်လိုက်တော့ နှလုံးသားက ဆင်းသက်တာပဲမလို့ တစ်ခါတလေ သိပ်လှတယ်။ တစ်ခါတလေ အကျည်းတန်တယ်။ တစ်ခါမှာ သိပ်မြင့်မြတ်ပြီး တစ်ခါမှာ အောက်တန်းကျလွန်းတာမျိုးတွေလည်း ရှိလေရဲ့။ အမျိုးသမီးတစ်ယောက်က ခင်ပွန်း၊ ချစ်လင်ကို သိပ်ချစ်ရတဲ့အခိုက်မှာပဲ မျိုးနွယ်တူ လိင်တူ အမျိုးသမီးတစ်ယောက်ကိုလည်း ချစ်မိနိုင်လေရဲ့။ ကိုယ့်ကိုလိုက်ဖမ်းနေတဲ့ ရန်သူကိုလည်းပဲ သိပ်ချစ်မိတဲ့ အချစ်မျိုး။ ကိုယ်ဖမ်းရမယ့် လူသတ်သမလေးကို သိပ်စွဲလမ်းရူးသွပ်မိတဲ့အချစ်မျိုး။ Killing Eve ဟာ လူကြီးမင်းတို့ထံကို Season (၃) ခု အရောက်ပို့ဆောင်ခဲ့ပြီးပါပြီ။ ဒီနေ့မှာတော့ အသစ်ထွက်ရှိလာခဲ့တဲ့ season 4 ကို ဦးဦး‌ဖျားဖျား တင်ဆက်ပေးလိုပါတယ်။ အရင် season တွေမှာ သိပ်ကြမ်း သိပ်ရမ်းပြခဲ့တဲ့ ဗီလင်နီယာလေးက အခု season မှာတော့ အိဗ် ပိုလာစထရီကို ...
8.2
TMDb: 8.2/10 792 votes
tv

Killing Eve (Season 4) Complete

2018
Married with Senior (2022)
Married with Senior (2022) 2022 ဖေဖော်ဝါရီလလောက်တုန်းကမှ ထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်း‌တွဲလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။အခုနောက်ပိုင်းမှာ Wattpad ကဇာတ်လမ်းလေးတွေကို ကျောရိုးယူပြီးရိုက်ကူးလာကြတဲ့ ဇာတ်လမ်းလေးတွေခေတ်စားလာတာကို တွေ့ရပါတယ်။အရာရာကို ပေါ့ပေါ့ပါးပါးတွေးပြီး အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ တစ်ဦးတည်းသော သမီးလေး မီကာဟာ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒလေးကြောင့် လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။မီကာ နဲ့လက်ထပ်မယ့် အန်ကာဆာ ကတော့ မီကာရဲ့ မိဘတွေနဲ့ရင်းနီးပြီးတော့ ကျောင်းမှာ မီကာထင်တိုင်းကြဲမှုတွေကို လိုက်လံထိန်းသိမ်းပေးနေရသူဖြစ်ပါတယ်။ သူ့ရဲ့ဆန္ဒထက် သူ့ရဲ့ မိဘတွေရဲ့ ပျော်ရွှင်မှုတွေကို ဦးစားပေးတတ်သူတစ်ယောက်ပါ။သူတို့ မိဘတွေလက်ထပ်တုန်းက အကောင်အထည်မဖော်နိုင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကို သားသမီးတွေလက်ထက် မှာ အသက်သွင်းပေးချင်တဲ့ အတွက် သူတို့တွေဟာ သားသမီးချင်း လက်ထပ်ပေးဖို့ ကတိတွေထားခဲ့မိကြပါတယ်။သဘောတူညီမှုတွေကြားထဲမှာ နောက်ထပ်‌ မီကာ ရဲ့ ဘ၀ထဲမှာ အမှတ်မထင်ရောက်လာတဲ့ ရိုင်နို ဆိုတဲ့ ပေါ့ပါးလွတ်လပ်တဲ့ အတွေးအခေါ်နဲ့ ကောင်လေးတစ်ယောက်ကလဲ မီကာရဲ့ စိတ်ကို ပိုင်ဆိုင်ဖို့ကြိုးစားလာပါတယ်။မီကာ ကိုယ်တိုင်ကရော မိဘတွေစီစဉ်မှုကြောင့်ဖြစ်လာတဲ့ အန်ကာဆာနဲ့ အိမ်ထောင်ရေးကို ...

Married with Senior (2022)

WeCrashed 2022(CM)
WeCrashed 2022(CM) We crashed (2022)ဒိတ်ဒိတ်ကြဲ cast တွေဖြစ်တဲ့ Jared Leto နဲ့ Anne Hathaway တို့ရဲ့ Biography Drama တစ်ခုဖြစ်တဲ့We Crashed ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။အဒမ်နူးမန်းဆိုတာ သုညဘဝကစလာတဲ့ စွန့်ဦးတီထွင်သူတစ်ယောက်၊broken family က ကြီးပြင်းလာပြီး အစ္စရေးက community family လို အစုလိုက်နေထိုင်တဲ့ဂေဟာမှာအရွယ်ရောက်ခဲ့ရသူတစ်ယောက်ပါ။ သူ့မှာပိုင်ဆိုင်တာဆိုလို့ အိပ်မက်ရယ်၊ စိတ်အားထက်သန်မှုရယ်၊ တစ်ဖက်လူကို အပါဆွယ်နိုင်တဲ့နှုတ်တစ်ခွန်းရယ်ပဲ ရှိပါတယ်။အဲဒီလို အဒမ်နူးမန်းက တစ်နေ့မှာ ရေဗက္ကာဆိုတဲ့ ယောဂဆရာမလေးနဲ့ ချစ်ကြိုက်မိပြီး သူတို့နှစ်ယောက်ရယ်၊အဒမ်ရဲ့မိတ်ဆွေဖြစ်တဲ့ မစ်ဂဲလ်ရယ်နဲ့တူတူ WeWork ဆိုတဲ့ ကုမ္ပဏီတစ်ခုကို စတင်ထူထောင်ကြပါတယ်။WeWork ဆိုတာကတော့ ဝန်ထမ်းအမြောက်အမြား အတူယှဉ်တွဲလုပ်ကိုင်တဲ့ ရုံးခန်းနေရာတွေ ငှားရမ်းဖွင့်လှစ်ပေးတဲ့ လုပ်ငန်းတစ်ခုပါ။WeWork ရဲ့ မစ်ရှင်ကတော့ ကမ္ဘာကြီးရဲ့သိမြင်နိုင်စွမ်းတွေကို မြှင့်တင်ပေးဖို့၊ သာမန် မနက်၉ ည၅ အလုပ်တွေလိုငြီးငွေ့စရာကောင်းမနေဘဲ ဝန်ထမ်းတွေအတွက် ...

WeCrashed 2022(CM)

The All-Round Wife(2021) [Completed]
The All-Round Wife(2021) [Completed] The All-Round Wife(2021) ဇာတ်လမ်းတွဲအညွှန်း***************************************** အပိုင်းသစ် (၁၂၂)(ဇာတ်သိမ်းပိုင်း) Seo Cho-Heeကတော့ ကြော်ငြာကုမ္ပဏီတစ်ခုမှာ ၁၂သက်တမ်းကြာအလုပ်လုပ်လာတဲ့ စာရင်းချုပ်တစ်ယောက်ပါ...ဆိုးလ်မြို့မှာတော့ Gangnamတစ်ဝိုက်ဟာ အိမ်စျေးကြီးတဲ့အတွက်လူချမ်းသာသူဌေးတွေလောက်ပဲနေနိုင်တဲ့ရပ်ကွက်လို့တင်စားလို့ရတယ်....အဲ့ဒီGangnamပတ်ဝန်းကျင်မှာ တိုက်ခန်းဝယ်ချင်တဲ့Seo Cho-Heeတစ်ယောက်သူမအိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ အလုပ်တွေအသားကုန်ကြိုးစားလုပ်ကိုင်ရင်းကိုယ်ပိုင်အချိန်အတော်များများကိုကုန်ဆုံးနေတယ်...ရုန်းကန်မှုတွေကြားကသူမရဲ့ပျော်ရွှင်မှုအစစ်အမှန်က တကယ်တော့ သူထင်သလိုတိုက်ခန်းကြီးမဟုတ်မှန်းသိလာတဲ့အခါမှာတော့... အပိုင်း၁၂၀ပါရှိတဲ့ မိသားစုဇာတ်လမ်းတွဲရှည်ကြီးဖြစ်လို့ ဘဝအမောတွေဖြေရင်းCMမှာအပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ ငါးရက်လုံးလုံး တဝကြီးခံစားကြည့်ရှူပါဦး...Episodes: 120Duration: 30 MinGenres: Drama, Family, MelodramaSubtitled by  Ei Phyu Khin, Hnin Pale   & Khin Khine WaiEncoded by  Phyo Pyae ****  Telegram Channel ****  Episode 1(300MB) UsersDrive   |    Yoteshin    |    MegaUp      |       Mega.NZ    | DirectLink   |  VIPEpisode 2(300MB) UsersDrive  ...

The All-Round Wife(2021) [Completed]

2021
Sponsor (2022) 8.0
Sponsor (2022) သူတိုရဲ့လိုအင်ဆန္ဒတွေပြည့်ဝဖို စပွန်ဆာရှာကြတဲ့ လူလေးယောက်ရဲ့ဇာတ်လမ်းအကြောင်းဖြစ်ပါတယ်...Lee Sun Woo - နာမည်ကြီးမဂ္ဂဇင်းရဲ့ ဓာတ်ပုံဆရာနဲ့ အယ်ဒီတာတစ်ယောက်ဖြစ်ပြီး နွေးထွေးတဲ့အပြုံးနဲ့ နူးညံ့တဲ့ပင်ကိုယ်စရိုက်ရှိသူဖြစ်ပါတယ်...ဒါပေမယ့် နာကျင်စရာအတိတ်ရှိခဲ့လို လက်စားချေချင်နေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်Han Chae Rin - အလှကုန်ကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောတဲ့ လိုတရသူလေးတစ်ယောက်ဖြစ်ပါတယ်...လိုချင်တာကို ရအောင်ယူတတ်တဲ့ ရည်မှန်းချက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ပေါ့Park Da Som - အောင်မြင်မှုရဖို ဘာမဆိုလုပ်မယ့် တက်သစ်စကြယ်ပွင့်လေးတစ်ယောက်ဖြစ်ပါတယ်...ရှားပါးရောဂါခံစားနေရတဲ့ သားဖြစ်သူကို အမြဲကာကွယ်ဖိုကြိုးစားနေသူလေးဖြစ်ပါတယ်Hyun Seung Hoon - Park Da Somရဲ့ခင်ပွန်းဖြစ်ပြီး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို အိပ်မက်မက်နေတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်...ဒါပေမယ့် သူ့ရဲ့လက်တွေ့ဘဝကြောင့် မကျေမနပ်ဖြစ်နေသူလည်းဖြစ်ပါတယ်ဒီလိုရည်မှန်းချက်လည်းကြီးမားပြီး လောဘလည်းကြီးတဲ့သူလေးယောက်က ဘယ်လိုတွေစပွန်ဆာရှာပြီး အိပ်မက်တွေကို ဖြည့်ဆည်းသွားမလဲဆိုတာ ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြရအောင်နော်... Native Title: 스폰서 Episodes: 12 Aired: Feb 23, 2022 - Mar ...
8.0
TMDb: 8.0/10 votes
tv

Sponsor (2022)

2022
Second Husband (2021) 8.0
Second Husband (2021)  Second Husband (2021)လောင်ရတာကိုမှ နှစ်သက်တယ်ဆိုတဲ့ပရိသတ်တွေအတွက်နောက်ထပ် လောင်မြိုက်ရမယ့်စီးရီးကြီးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့ ဘုံဆွန်းဟွာဆိုတဲ့ ကောင်မလေးဟာ စိတ်ဓာတ်မာကြောပြီး စိတ်ကောင်းရှိတဲ့သူပါ ဒီလိုနဲ့ ဆွန်းဟွာက မွန်းဆန်းယော့ဆိုတဲ့ချစ်သူဖြစ်သူနဲ့ နှစ်ရှည်လများ တွဲလာရင်းကမထင်မှတ်ဘဲ ကိုယ်ဝန်ရသွားခဲ့ပါတယ်မတော်တဆရခဲ့တဲ့ ကိုယ်ဝန်ကြောင့် မိသားစုရဲ့ စွန့်ပစ်မှုကိုခံလိုက်ရတဲ့ ဆွန်းဟွာဟာ ချစ်သူဖြစ်သူရဲ့ မျက်နှာနဲ့ပဲနေမယ်လို့ဆုံးဖြတ်ခဲ့ပေမယ့် ဆန်းယော့က သူ့ကိုထားပြီးဖောက်ပြန်ခဲ့ပါတယ်ဒီလိုနဲ့ အရာရာကံဆိုးလွန်းလှတဲ့ ဆွန်းဟွာတစ်ယောက် နောက်ထပ်ကံဆိုးမှုတစ်ခုထက်ဖြစ်သွားတဲ့အခါ သူမကို ရက်ရက်စက်စက်စွန့်ပစ်သွားရစ်ခဲ့တဲ့ ဆန်းယော့ကိုလက်စားချေဖို့ ကြိုးစားပါတော့တယ်...။အပိုင်း ၁၂၀ ထိ ပါဝင်ပြီး Mon-Fri ရက်တွေမှာ ChannelMyanmar ကနေ တစ်ပတ် ၅ ပိုင်း နှုန်းနဲ့တင်ဆက်ပေးသွားမှာမို့ အားပေးကြည့်ရှူကြပါဦးနော် ။( အညွှန်းရေးသားထားသူကတော့ Amelia ပါ ) Native Title: 두번째 남편 Episodes: 120 Aired: Aug 9, 2021 - Jan 21, ...
8.0
TMDb: 8.0/10 1,201 votes
tv

Second Husband (2021)

2021
Eternally Confused and Eager for Love (2022) Complete 6.4
Eternally Confused and Eager for Love (2022) Complete Eternally confused and eager for love------------------------------အလုပ်ခွင်ဝင်နေတဲ့ သာမန်လူငယ်လေးဖြစ်တဲ့ ဂေါ်မစွံ အထီးကျန် အသက်24နှစ်အရွယ်Virgin လေးတစ်ယောက်ရဲ့ love life လေးကို ရိုက်ကူးတင်ဆက်ထားတဲ့ Netflix ရဲ့ Comedy seriesကောင်းလေးတစ်ခုဖြစ်ပြီး rating လည်းကောင်းတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်Netflix series ဖြစ်တာကြောင့်လားမသိ..အခြားအိန္ဒိယဇာတ်ကားစတိုင်တွေနဲ့ အတော်လေးကွဲထွက်ပြီးလက်တွေ့ကျတဲ့ life struggles ပုစိလေးတွေနဲ့ သဘာဝကျကျရယ်နေရမယ့် ဇာတ်လမ်းလေးပါဒီဇာတ်လမ်းထဲမှာတော့ အသက် 24 တိုင်အောင် virginဖြစ်နေတဲ့ Ray တစ်ယောက်သူ့ရဲ့ စိတ်ကူးထဲက မှော်ဆရာအရုပ်လေးရဲ့ လမ်းညွှန်တိုင်ပင်မှုနဲ့ အချစ်ရေးလေးလည်းအဆင်ပြေပြီး Virginဘဝကလည်း ကျွတ်အောင် လုံးပန်းရပုံကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်လူငယ်ကားလေးဖြစ်တာကြောင့် လူငယ်ဆန်ဆန် ဘုနဲ့ဘောက်နဲ့ပြောကြပြီး ဆဲလုံးလေးတွေနဲ့ဒဲ့တိုးပြောကြတာလေးတွေ..friendship လေးတွေ ....ပတ်ဝန်းကျင်မှာတွေ့ရတတ်တဲ့တွဲလိုက်ပြတ်လိုက်လေးတွေလည်း ရှုစားရမှာဖြစ်လို့ လူငယ်အကြိုက်ဖြစ်တဲ့ဒီ series လေးကိုလည်း ကြည့်ရှုအားပေးလိုက်ကြပါဦးအညွှန်းကို Go-O မှ ရေးသားပေးထားပါတယ် File Size – ...
6.4
TMDb: 6.4/10 5 votes
tv

Eternally Confused and Eager for Love (2022) Complete

2022
A Business Proposal (2022) 8.0
A Business Proposal (2022) Business Proposal အညွှန်းကဲ..အားလုံး လည်တဆန့်ဆန့်နဲ့မျှော်နေတဲ့ကားလေးကို CM ကနေ ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ပါပြီနော်အိမ်မှာသမီးကြီးဖြစ်ပြီး အိမ်ရဲ့ဝန်ကိုကူထမ်းပေးနေရတဲ့ သာမန်ဝန်ထမ်းဖြစ်သူ ရှင်းဟာရီ...သူ့မှာ နှစ်အတော်ကြာပေါင်းလာခဲ့ပြီး ကြိတ် Crush နေရတဲ့ ယောကျ်ားလေးသူငယ်ချင်းတစ်ယောက်ရှိပြီး Crush ကတော့ crush တို့ရဲ့ထုံးစံအတိုင်း ဟာရီကလွဲပြီး ကောင်မလေးတိုင်းနဲ့တွဲခဲ့တဲ့သူပါ။အဲလိုနှလုံးသားရေးမှာပါ ကံမကောင်းတဲ့ ဟာရီတစ်ယောက် နောက်ထပ်သူငယ်ချင်းတစ်ယောက်ဖြစ်သူ သူဌေးသမီးလေး ဂျင်ယောင်ဆောကို အခကြေးငွေယူပြီး ကူညီပေးရင်းနဲ့ အမွေဆက်ခံသူ သူဌေးဂန်ထယ်မူနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ်အကြောင်းကတော့ True love ကိုသာအယုံအကြည်ရှိပြီး ကိုယ်ချစ်တဲ့သူနဲ့သာ ယူချင်တာကြောင့် အိမ်ကစီစဉ်ပေးတဲ့ကြင်ဖက်တွေ့ဆုံပွဲကိုမသွားချင်တဲ့ ဂျင်ယောင်ဆောက ဟာရီကို အယောင်ဆောင်ခိုင်းပြီး ငြင်းခဲ့ဖို့လွှတ်လိုက်တာကနေစတာပါ အဲလိုကနေ တွေ့တွေ့ချင်းပဲ ဂန်ထယ်မူက ဟာရီ့ကို လက်ထပ်ပါ့မယ်လို့ ပြောလာတဲ့အခါမှာတော့....တိုက်ဆိုင်စွာနဲ့ပဲ ဟာရီရဲ့အလုပ်မှာ အသစ်ရောက်လာတဲ့ သူဌေးက ဂန်ထယ်မူဖြစ်နေတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို CM မှာအပတ်တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီလို့...မင်းသားမင်းသမီးတွေကလည်း နာမည်ကြီးတွေကိုမှ Office romance ကားလေးဖြစ်တာမလို့၊ ဘယ်လိုတွေရိုကြဦးမလဲဆိုတာကို စောင်ကိုက်ပြီးကြည့်ရမဲ့တစ်ကားထပ်တိုးလာကြောင်း ထာဝရ FA များကို အသိပေးရင်းတင်ဆက်လိုက်ပါတယ်ဗျ ...
8.0
TMDb: 8.0/10 votes
tv

A Business Proposal (2022)

2022
Female CEO Love Me 2022
Female CEO Love Me 2022 Female CEO Love Meဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ ပေါ့ပေါ့အချစ်ဇာတ်လမ်း Female CEO Love Meပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ယခုလက်ရှိ CM ကနေတင်ဆင်ဆက်ပြသနေတဲ့ May be it's love (About is love S2) ဇာတ်ကားထဲမှာ "နင်ဖေး"အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသား Cai Yi Jiaနဲ့ "လင်ဖေးဖေး" အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသမီး Yang Xin Ying တို့က ဒီဇာတ်လမ်းထဲမှာလည်းထပ်ပြီးပြန်တွေ့ရမယ်ဆိုတော့ နှစ်ယောက်သားရဲ့ chemistry ကလိုက်ဖက်ညီနေမှာအသေချာပါဘဲနော်။ ကဲဒီတော့ဇာတ်လမ်းအကြောင်းလေးကိုကြည့်လိုက်ရအောင် ~ပိုက်ဆံကိုရေလိုသုံးဖြုန်းနိုင်တဲ့အပြောအဆိုမပြေပြစ်ပေမဲ့ စိတ်ထားနူးညံ့တဲ့မိန်းကလေးဥက္ကဌ Xia Meng Wei အဖြစ် Yang Xin Ying။ လူ့ဘဝကိုအရည်အချင်းနဲ့သုံးပြီးရုန်းကန်နေတဲ့အရောင်းဝန်ထမ်း Gu Yan အဖြစ် Cai Yi Jia လိုက်ဖက်ညီစွာနဲ့သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Xia Meng Wei က Gu Yan မြင်မြင်ချင်းချစ်မိသွားတဲ့အချိန်မှာ ဘယ်အရာမဆိုလိုချင်တာရနေတဲ့ Xia Meng Wei တစ်ယောက် Gu Yan ဆီကအချစ်ရဖို့အတွက်သတ္တိရှိရှိနဲ့ကြိုးကြိုးစားစားအရယူဖို့ ကြိုးစားတော့တာပေါ့။ဒါပေမဲ့ Xia ...

Female CEO Love Me 2022

The Dropout (2022) 7.8
The Dropout (2022) တစ်ပိုင်းချင်းစီကို IMDB rating 7.5 အောက္မဆင်းဘဲ Overall rating 8 လောက်ရထားတဲ့ Hulu ရဲ့ဖြစ်ရပ်မှန် series ဖြစ်ပါတယ်။ TV Shows အများစုမှာ မြင်နေကြ နာမည်ကြီး Cast တွေကောင်းကောင်းနဲ့ ရှယ်ရိုက်ပြထားတာပါ။၂၀၀၂ အစပိုင်းလောက်က နည်းပညာလောကမှာ တစ်ခေတ်ဆန်းပြီး ပြောင်းလဲမှုတွေအများကြီဖြစ်ခဲ့တဲ့ အချိန်ပါ။ Steve Jobs ရဲ့ Apple မျိုးဆက်အစ ၊ Bill Gates ရဲ့ Windows , Zuckerberg ရဲ့ Facebook ၊ Jack Dorsey ရဲ့ Twitter စသဖြင့် လူငယ်‌ လူလတ်ပိုင်းတွေ ကျောင်းထွက်ပြီး နည်းပညာနဲ့ ဘီလီယံနာကြီး‌ေတွ စဖြစ်လာတဲ့ အချိန်‌ေပါ့။ ဒါတွေကို အားကျတဲ့ အဲလိဇဘက်ဟုမ်းဆိုတဲ့ ကောင်မလေးဟာ အရွယ်နဲ့မလိုက်အောင်ထူးချွန်တဲ့ စတန်းဖို့ဒ် တက္ကသိုလ်ကျောင်းသူပါ ။ သူဟာ ဒုတိယနှစ်မှာတင် ...
7.8
TMDb: 7.8/10 10 votes
tv

The Dropout (2022)

2022
Dickinson (2019) 8.7
Dickinson (2019) Dickinson (2019) IMDB 7.6 / Rotten Tomatoes 92%မင်းသမီးလှလှလေးနဲ့ဇာတ်လမ်းလှလှလေး ကဗျာလှလှလေးတွေကို ဘာသာပြန်လှလှလေးတွေက တင်ဆက်ပေးထားလိုက်ပါပြီ။ကျွန်တော်တို့အချစ်တော်လေး Hailee Steinfeld နဲ့ မင်းသမီးချော Ella Hunt တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Dickinson series လေးကို တောင်းဆိုကြလွန်းလို့ ကိုယ်ထင်ပြပေးလိုက်ပါပြီဗျာ။ Apple Tv+ က ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး အောင်မြင်မှုများစွာလည်း ရရှိထားပါတယ်။Emily Elizabeth Dickinson ဆိုတဲ့ ထူးချွန်ထက်မြက်သော ကဗျာဆရာမအကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကဗျာဆရာမဆိုပေမဲ့ ထိုခေတ်ထိုအခါက အမျိုးသမီးများကို စာပေလောကမှ ဖယ်ကျဉ်မှုများကြောင့် စာအုပ်ထုတ်ဝေခြင်းတော့ မရှိခဲ့ပါဘူး။ Emily ဟာ သူ့ဘဝအချိန်အတော်အများကို တစ်ကိုယ်တည်းသီးသန့်ကုန်ဆုံးခဲ့ပြီး သေဆုံးခါနီးအချိန်မှာတော့ အခန်းထဲကတောင် မထွက်တော့ပါဘူးတဲ့။ သူသေဆုံးပြီးနောက်မှာမှ ကဗျာအပုဒ်ရေပေါင်း ၂၀၀၀ ကျော်လောက်ကို အိမ်အကူရဲ့ အဝတ်သေတ္တာထဲမှာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သူ့ကဗျာအများစုဟာ ခေါင်းစဉ်မရှိဘဲ သာမန်ရိုးကျ ကဗျာစည်းမျဉ်းဘောင်ထဲမှ သွေဖယ်နေခဲ့ပါတယ်။ သူ့ကဗျာတွေထဲမှာ သေခြင်းတရား၊ ထာဝရရှင်သန်ခြင်းနဲ့ ...
8.7
TMDb: 8.7/10 619 votes
tv

Dickinson (2019)

2019
Sun’s Affection (2022)
Sun’s Affection (2022) Sun's Affection စ / ဆုံး "ရှင်သန်ရာ နေမင်း " ------------------------- Main Cast; "မိန်" အဖြစ် "Toey Pongsakorn""လာလိသာ" အဖြစ် "Mint Chalida" ဇာတ်လမ်းအကျဥ်းကတော့...... "လာလိသာ(လင်း)" ဆိုတဲ့ မိန်းကလေးတယောက်ဟာ ယောကျ်ားသားဆို အိမ်ဦးခန်းထားပြီးမိန်းမကို ခြေထောက်အောက် အနှိမ်ချခံထားရတဲ့ ရှေးအစဥ်အလာကိုလိုက်နာကြတဲ့ တရုတ်မျိုးရိုးမှာ ကြီးပြင်းလာခဲ့တဲ့သူတဦးပါမိဘတွေ စီစဥ်ထားတဲ့ တရုတ်မိသားစုနဲ့လက်ထပ်လိုက်ရပြီး ရိုးရာဓလေ့ထုံးစံ အတိုင်း ကျင့်ကြံနေထိုင်လာခဲ့ပါတယ်ယောက်ျားရဲ့စကား နားထောင်ရတယ် ယောကျာ်း ‌ရဲ့နှိပ်စက်မှုကိုလဲ ခံရတယ် ယောက်ျားရဲ့ ဖောက်ပြန်မှုကိုလဲ ခံရတယ်ဒါပေမဲ့ "လင်"ဟာ တရုတ်ရိုးရာကို ခေါင်းထဲရိုက်သွင်းခံထားရတဲ့သူမို့လို့ သည်းခံပြီး အိမ်ထောင်ရေးအဆင်ပြေအောင် နေထိုင်လာခဲ့ပါတယ်ဒါပေမဲ့ မင်္ဂလာသက်တမ်း ၂နှစ်မြောက်မှာတော့ လင်တယောက် ရှေးကျတဲ့ တရုတ်အစဥ်အလာကိုဆက်လက်မသည်းခံနိုင်ပဲကွာရှင်းဖို့တောင်းဆိုခဲ့ပေမဲ့ ကွာရှင်းခွင့်မရတော့တဲ့အခါ.............."လင်"ဟာ အိမ်ကနေ ထွက်လာခဲ့ပါတော့တယ်.........တရုတ်ရိုးရာကို တသွေမသိမ်း လိုက်နာတဲ့ "လင်"အဖေဟာလဲ လင်းကိုကွာရှင်းခွင့်မပြုတဲ့အခါ...လင်တယောက် အိမ်ထောင်ရေးကို ဆက်ပြီးထိန်းသိမ်းမလား.......?အဖေနဲ့ယောကျာ်း ‌စကားကို ဆန့်ကျင်နိုင်မလား.....?"လင်"တယောက်ဘယ်လိုဆက်ပြီးတိုက်ခိုက်မလဲ?"လင်" ကိုမြင်မြင်ချင်း ချစ်မိတဲ့ ...

Sun’s Affection (2022)

I Haven’t Done My Best Yet (2022) [Completed]
I Haven’t Done My Best Yet (2022) [Completed] I Haven't Done My Best Yet (2022) ဇာတ်လမ်းတွဲအညွှန်း အပိုင်းသစ် (၁၂) (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) အဖေဖြစ်သူ၊ သမီးဖြစ်သူတို့နဲ့ အတူနေထိုင်တဲ့ အသက် ၄၀ အရွယ် နမ်ဂွန်းဖီ တစ်ယောက် ရုတ်တရက်ကြီး အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မိသားစုဝင်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပေမဲ့ သူကတော့ ဂရုမပြုခဲ့ပါဘူး။နောက်ဆုံး အရက်သောက်ဖို့တောင် သူငယ်ချင်းဆီကနေ ဂုန်းဆင်းတဲ့ ဘဝရောက်လာခဲ့ပါပြီ။ ဒီလိုနဲ့ အပြင်ပန်းကကြည့်ရင် အလုပ်လက်မဲ့လို့ ထင်ရတဲ့ အိမ်နီးချင်း အမျိုးသားတစ်ယောက်က တကယ့်လက်တွေ့မှာတော့ ဝင်ငွေများစွာ ရရှိတဲ့ webcomic ရေးဆွဲသူဖြစ်တယ်ဆိုတာကို နမ်ဂွန်းဖီ တစ်ယောက် အမှတ်မထင် သိလိုက်ရချိန်မှာ ... ကိုယ်တိုင် webcomic ရေးဆွဲသူတစ်ယောက်ဖြစ်လာဖို့ ကြိုးစားရင်း နမ်ဂွန်းဖီတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲ?အသက် ၄၀ အရွယ်ရောက်မှ အသက်မွေးဝမ်းကြောင်း ပညာရပ်ပြောင်းပြီး လုပ်ကိုင်ဖို့ ဆုံးဖြတ်တဲ့ နမ်ဂွန်းဖီတစ်ယောက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ...

I Haven’t Done My Best Yet (2022) [Completed]

2022
Twenty Five Twenty One (2022)
Twenty Five Twenty One (2022) Twenty Five Twenty One (2022)ဒီဇာတ်လမ်းကတော့ ၁၉၉၈ ခုနှစ်မှာ ကိုရီးယားလူငယ်တွေရဲ့အိပ်မက်တွေ ပျက်စီးခဲ့ရပြီး လမ်းသစ်ဖောက်ရှာဖွေခဲ့ရတဲ့အချိန်ကို တည်ပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် နဲ့ ၁၈ နှစ် မှာ စတွေ့ခဲ့ကြတဲ့ လူနှစ်ယောက်က နောက်ထပ် ၃ နှစ်အကြာ ၂၅ နှစ် နဲ့ ၂၁ နှစ်မှာ ပြန်တွေ့ပြီး အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်ခဲ့ကြတာပါ။နာဟီးဒို ကတော့ အထက်တန်းကျောင်း ဓားသိုင်းအားကစားအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဆုတ်ကပ် ဆိုက်ချိန်မှာတော့ အထက်တန်းကျောင်း ဓားသိုင်းအားကစားအဖွဲ့ကို ဖျက်သိမ်းခဲ့ရပါတော့တယ်။ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြီးချိန်မှာတော့ သူက နိုင်ငံတော်အဆင့် ဓားသိုင်းအားကစားအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဆုတ်ကပ်ကြောင့် ဘဲ့အီဂျင်အဖေက စီးပွားပျက်ပြီး ဒေဝါလီခံခဲ့ရပါတယ်။ အဲဒါကြောင့် ဘဲ့အီဂျင်အတွက် ဘဝစိန်ခေါ်မှုတွေ ကြုံခဲ့ရပြီး သူဌေးသားဘဝကနေ တမုဟုတ်ချင်း ကုန်းကောက်စရာ မရှိတဲ့ ဆင်းရဲသား ဖြစ်ခဲ့ရပါတယ်။ သတင်းစာပို့တဲ့ အချိန်ပိုင်းအလုပ်လိုမျိုး လုပ်ရင်းနဲ့ ရုပ်သံလွှင့်ဌာနတစ်ခုရဲ့အားကစားသတင်းထောက် ဖြစ်လာပါတော့တယ်။ခက်ခဲတဲ့ဘဝတွေကြားက ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မို့ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မှာကတော့ ...

Twenty Five Twenty One (2022)

2022
Light the Night ( 2021 ) Season 1+2+3 Completed
Light the Night ( 2021 ) Season 1+2+3 Completed ‌ဒီတစ်ခါCM ကနေဘာသာပြန်တင်ဆက်ပေးမှာကတော့ Light the night ဆိုတဲ့ Taiwan series လေးပဲ ဖြစ်ပါတယ်အဓိက ပါဝင်ထားတဲ့သရုပ်‌ဆောင်တွေကတော့ လော်ယွီနုန် (Rose) အဖြစ် နာမည်ကြီးဟွမ်ကျူးကောကော ကားထဲက ကြည်ဝေ လို့ လူသိများတဲ့ Ruby Lin (ဒီကားရဲ့ producer တစ်ယောက်ဆိုလည်းမမှားပါဘူး)စူးချင့်ရီ(Sue) အဖြစ်နာမည်ကြီးထိုင်ဝမ်မင်းသမီး Cheryl Yang ဝမ်အိုက်လျန်(Aiko)အဖြစ်နာမည်ကြီးအဆိုတော်သရုပ်ဆောင် Puff Kuo ကျန်းဟန့်အဖြစ် ထိုင်ဝမ်-ဗြိတိန်သွေးနှော မင်းသား Rhydian Vaughanတို့နဲ့အတူအခြားနာမည်ကြီး ထိုင်ဝမ်သရုပ်ဆောင်တွေကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့အားဖြည့်ပေးထားကြတာဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ 1988ခုနှစ် ထိုင်ဝမ်ကျွန်းရဲ့ လင်စန်း မြောက်ပိုင်းလမ်းမှာ ရှိတဲ့ ဂျပန်စတိုင်ကလပ် ကို ‌အဓိက နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ် မင်းသမီးအသားပေးဇာတ်လမ်းလေးဖြစ်ပြီးတော့Rose နဲ့ Sue တို့ဟာဆိုရင် သူငယ်ချင်းတွေဖြစ်ပြီး နှစ်ယောက်လုံးဟာ ဂျပန်ကလပ်ရဲ့ ပိုင်ရှင်တွေလည်းဖြစ်ပါတယ်ဒါပေမယ့် သူတို့နှစ်ယောက်ကြားထဲကို ဝင်လာတဲ့ ယောက်ျားတစ်ယောက်ကြောင့် ...

Light the Night ( 2021 ) Season 1+2+3 Completed

2021
Top Boy – Season 02 8.2
Top Boy – Season 02 Top Boy - Season 02================IMDb Rating - 8.4/10Season(1)မှာဆိုရင် မူးယစ်လောကရဲ့အကောင်ကြီးဖြစ်တဲ့ Dushane နဲ့ အားပြိုင်မှုတိုက်ပွဲမှာ Jamie တစ်ယောက်ကျရှုံးခဲ့ရပါတယ်။ Stefan (Jamie ရဲ့ညီ)ရဲ့ သူငယ်ချင်း Ats ဆိုတဲ့ကောင်လေးကို အသုံးချပြီးတော့ Jamie တို့ထောင်ချောက်ဆင်ခံလိုက်ရတာပါ။ Jamie တစ်ယောက် ညီဖြစ်သူကို ထောင်ကျမခံချင်တာကြောင့် ညီဖြစ်သူကိုယ်စားထောင်ထဲဝင်သွားခဲ့ပါတယ်။ ​အခု Seasonမှာဆိုရင်တော့ Jamie တစ်ယောက်ကထောင်ကလွတ်လာခဲ့ပြီး မူးယစ်လောကကိုလည်း Dushane ကအုပ်စိုးနေပါပြီ။ စပိန်ကအဆက်တွေနဲ့ မူးယစ်လောကမှာဆရာတစ်ဆူဖြစ်လာတဲ့ Dushane, ထောင်ကလွတ်ပြီးနောက် ညီဖြစ်သူနဲ့မိသားစုကိုဦးစားပေးလာတဲ့ Jamie, သူတို့တွေရဲ့တိုက်ပွဲကြားမှာ အသုံးချခံဖြစ်ခဲ့ရတဲ့ Atas ရဲ့ရုတ်တရက်သေဆူံးမှုတွေနဲ့ ပြဿနာတွေက မပြီးဆုံးနိုင် သေးသောအခါ......(ဒီစီးရီးရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size -  (800 MB) / (400 MB) Quality – WEBDL 1080p / 720p Duration - ...
8.2
TMDb: 8.2/10 22 votes
tv

Top Boy – Season 02

2022
The Oath of Love ( 2022 )
The Oath of Love ( 2022 ) ဒီတစ်ခါ CM ကနေတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်အတူ ပါဝင်သရုပ်ဆောင်ထားတဲ့The oath of love ပဲဖြစ်ပါတယ် အဓိက Casts တွေအနေနဲ့ကတော့ဒေါက်တာလေး Gu Wei အဖြစ် နာမည်ကြီးမင်းသား Xiao Zhan Celloတီးတဲ့တက္ကသိုလ်ကျောင်းသူလေး Lin Zhixiao အဖြစ် ချစ်စရာကောင်းတဲ့နာမည်ကြီးမင်းသမီး Yang Zi တို့က ပါဝင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် Lin Zhixiao ဆိုတဲ့မကြာခင်မှာဘွဲ့ရတော့မယ့် တက္ကသိုလ်ကျောင်းသူလေးဟာCello တီးသူတစ်ယောက်လည်း ဖြစ်ပါတယ် ဘွဲ့ရပြီးရင်မျှော်မှန်းထားတဲ့ အလုပ်လေးကလည်းရှိ ခန့်ညားတဲ့ ကောင်လေးကိုလည်းရည်စားအဖြစ်ပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး အရာရာဟာကိုယ်စီစဉ်ထားသလိုမျိုး ဖြစ်ဖို့ လက်တစ်ကမ်းအလိုမှာပဲကံကြမ္မာရဲ့ကျီစားမှုကို ခံရပါတော့တယ် Cello တီးတာကိုမထောက်ခံတဲ့ Lin Zhixiaoရဲ့အဖေဟာ ဆေးရုံတင်လိုက်ရတဲ့အပြင်ကံဆိုးမှုတွေကအဖော်ခေါ်လာတတ်တာဖြစ်လို့သူမျှော်မှန်းထားတဲ့ အလုပ်နဲ့လည်း ဝေးခဲ့ပြီး ကောင်လေးနဲ့လည်းလမ်းခွဲဖြစ်သွားခဲ့ပါတယ် ဒါပေမယ့်လည်း Right person ကRight time မှာပေါ်လာတတ်တာမို့ သူမအဖေကို ကုသပေးရတဲ့ဒေါက်တာလေး Gu Wei နဲ့ဆုံစည်းခွင့်ရခဲ့ပါတယ်သူတို့နှစ်ယောက်ကြားမှာ ...

The Oath of Love ( 2022 )

2022
Single Drunk Female (2022) 6.6
Single Drunk Female (2022) Single Drunk Female (2022)=====================IMDb Rating - 6.6/10Single Drunk Female ဆိုတဲ့ နာမည်အတိုင်းပါပဲ ဆမန်သာ ဟာ အရက်စွဲနေတဲ့ တစ်ကိုယ်တည်း မိန်းကလေးတစ်ယောက်ပါ။ အလုပ် လုပ်ရာ နယူးယောက် မီဒီယာကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်ကိုင်နေရင်း အရက်သောက်ပြီး အထက်လူကြီးနဲ့ ပြဿနာတက်သည့်အတွက် အလုပ်ထုတ်ခံလိုက်ရပါတယ်။ ထို့နောက် ပြန်လည်ထူထောင်ရေး စခန်းမှာ နေခဲ့ပြီး အမေရှိရာ မွေးရပ်မြို့လေးဆီ ပြန်လာခဲ့ပါတယ်။ ကြီးကြပ်ရေးအရာရှိ အမိန့်အရ တရားအစွဲမခံချင်ရင် အရက်ဖြတ်သည့် ဆွေးနွေးဝိုင်းသို့ မဖြစ်မနေ တက်ရောက်ရပါတော့တယ်။မြို့ကို ပြန်ရောက်လာတွင် ရည်းစားဟောင်း ဖြစ်သူဟာလည်း အရင်က အရင်းနှီးဆုံးသူငယ်ချင်း နှင့် လက်ထပ် တော့မယ်ဆိုတာ သိလိုက်ရပါတယ်။ အရက်ဖြတ်မယ်လို့ စိတ်ဆုံးဖြတ်ထားပေမယ့် ထိုနေ့မှာ တခြား သူငယ်ချင်း တစ်ယောက် နဲ့ ဘားမှာ တွေ့ရာမှ စိတ်မထိန်းနိုင်ပဲ အရက်ပြန်သောက်မိရာမှ မူးလျက် ကားမောင်းမိပြီး ဝင်တိုက်မိ၍ အချုပ်ကျသွားပါတော့တယ်။ အချုပ်ရက်ရှည်မကျဘဲ အမှုပိတ်သိမ်းပေးစေချင်ရင် ရပ်ရွာဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ ဆွေးနွေးပွဲတွေတက် မပျက်မကွက် တက်ရောက်ပါက ၁၂ လအတွင်း ...
6.6
TMDb: 6.6/10 1900 votes
tv

Single Drunk Female (2022)

2022