Channel Myanmar

Drama

Tomorrow (2022)
Tomorrow (2022) ပြီးပြည့်စုံတဲ့ကောင်လေးChoi Joon Woongက အလုပ်ရှာနေပေမဲ့ အလုပ်မခန့်ခံခဲ့ရတဲ့သူပါ နာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး သူ့ရဲ့မိဘတွေကလည်းချမ်းသာလှပါတယ် တစ်ညမှာတော့Choi Jong Woongတစ်ယောက် မတော်တဆ သေမင်းတမန်တွေဖြစ်တဲ့Gu Ryeon နဲ့ Im Ryoog Guတို့နဲ့ တွေ့ဆုံခဲ့ပါတယ် အန္တရာယ်စီမံရေးအဖွဲ့က သေမင်းတမန် Gu Ryeonကဌာနမှူးဖြစ်ပြီး သေမင်းတမန်Im Ryoog Guကတော့ လက်အောက်ငယ်သားပါ သူတို့ရဲ့အလုပ်က ကိုယ့်ကိုယ့်ကိုသတ်သေတဲ့သူတွေကိုကယ်ဖို့ဖြစ်ပြီး Choi Joong Woongတစ်ယောက် မမျှော်လင့်ထားဘဲ အန္တရာယ်စီမံရေးအဖွဲ့ရဲ့အဖွဲ့ဝင်အသစ်ဖြစ်လာတဲ့အခါ သေမင်းတမန်အနေနဲ့ သူဘယ်လိုတာဝန်ထမ်းဆောင်မလဲ သေမင်းတမန်တွေနဲ့ လူသားတွေကြားမှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦးQuality : WEB-DL 720pTotal Episodes : 16Format : mp4Genres : Action, Drama, FantansyDuration : 60 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LKEpisode 1 (720p) Yoteshin / MegaUp / ...

Tomorrow (2022)

2022
Stan Lee’s Lucky Man (2016) 6.9
Stan Lee’s Lucky Man (2016)  Action, Crime, Thriller, Superhero အမျိုးအစား ဇာတ်လမ်းတွဲကောင်းကောင်းလေးတစခု တင်ပေးထားပါတယ်။ စီစန် ၃ ခု ရှိပြီး တစ်စီစန်မှာ အပိုင်း ၁၀ ပိုင်းပါဝင်ပါတယ်။ကျောက်စိမ်းလက်ကောက်ဇာတ်လမ်းတွဲကိုလူတိုင်း ကြည့်ဖူးလောက်မယ်ထင်ပါတယ်အဲဒီလိုပါပဲ လက်ကောက်ဝတ်လိုက်တာနဲ့ ကံတွေကောင်းလာတဲ့ စုံထောက်ဇာတ်လမ်းတွဲလေးတော့ ရောက်လာပါပြီ ဟာရီဆိုတဲ့ စုံထောက်ဟာ ဖဲစွဲနေပြီးတော့ ရှိသမျှအကုန်ရှုံးနေလို့ မိန်းမနဲ့ကွဲဖို့ ပြင်ဆင်နေတဲ့လူတစ်ယောက်ပါ တစ်နေ့ ကာစီနိုမှာ ကစားနေတုန်းကောင်မလေးတစ်ယောက်က သူ့ဆီရောက်လာပြီးလက်ကောက်လေးတစ်ကွင်းပေးဝတ်လိုက်တဲ့အချိန်မှာတော့ မဖြစ်နိုင်တဲ့ နိုင်ပွဲဆက်တိုက်ရရှိမှုတွေပါဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ သူနိုင်တဲ့ညမှာပဲ သူဖဲကြွေးပေးစရာရှိတဲ့ သူဌေးကအသတ်ခံလိုက်ရပါတယ် အဲဒီလိုနဲ့ လက်ကောက်ရဲ့ အစွမ်းတွေကိုတဖြည်းဖြည်းသိလာပြီးတော့ ကွင်းဆက်လူသတ်မှုတွေကို လက်ကောက်ရဲ့အစွမ်းနဲ့တစတစ လိုက်ရှာလိုက်တဲ့အချိန်မှာပဲ နောက်ကွယ်ကလူကိုသိသွားတဲ့အခါမှာတော့တကယ့်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ File size…400 Mb Quality….Webrip 720p Format…mp4 Duration….50 Min Genre...Action, Crime, Thriller, Superhero Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Epi7sode 1720p - VIP / Yoteshin / ...
6.9
TMDb: 6.9/10 81 votes
tv

Stan Lee’s Lucky Man (2016)

2016
The Killer’s Shopping List(2022)
The Killer’s Shopping List(2022) The Killer's Shopping List(2022)ဇာတ်လမ်းတွဲအညွှန်း**********************************************အပိုင်း(၁ မှ ၈) အထိ စ/ဆုံးအားလုံးအတွက် ဟာသလည်းပါပြီး သဲထိတ်ရင်ဖိုဖြစ်ရမယ့် ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်....အဲဒါကတော့ မင်းသားလီကွမ်ဆူနဲ့ AOA ကအချောလေး ‌Seolhyunတို့ပါဝင်သရုပ်ဆောင်ထားတဲ့The Killer's Shopping Last ဇာတ်ကားလေးဖြစ်ပါတယ်.....Ahn Dae Sungက မှတ်ဉာဏ် အလွန်ကောင်းသူ တစ်ယောက်ဖြစ်ပါတယ်....အစိုးရဝန်ထမ်း သုံးခါ ကျပေမဲ့လည်း သူဟာ ဇွဲမလျှော့ဘဲ စာဆက်ကြိုးစားနေဆဲပါပဲ....Ahn Dae Sungဟာ သူ့အမေပိုင်တဲ့ MS martမှာ အချိန်ပိုင်း ဝန်ထမ်းအဖြစ် အလုပ်လုပ်ပြီးသူ့ချစ်သူဖြစ်တဲ့Ah Hee က ရဲဝန်ထမ်းတစ်ယောက်ပါ.....တစ်နေ့တော့ ထူးဆန်းလျှို့ဝှက်တဲ့ လူသတ်မှုတစ်ခုဟာ သူတို့ရဲ့ MS martနားကတိုက်ခန်းမှာ ဖြစ်ပွားခဲ့ပါတယ်..... ဒီအမှုကို Dae Sung, Ah Heeနဲ့ Dae Sung အမေ Myung Sook တို့သုံးယောက်သား ဘယ်လို စုံစမ်းဖော်ထုတ်ကြမလဲဆိုတာကို ...

The Killer’s Shopping List(2022)

2022
The Sound of Magic(2022)
The Sound of Magic(2022) The Sound of Magic(2022) ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်း( ၁ မှ ၆) အထိ စ/ဆုံးYoon Ah Yi ဆိုတဲ့ကောင်မလေးဟာ အသက်အရွယ်နဲ့မလိုက်အောင် ခက်ခဲတဲ့ဘဝကိုဖြတ်သန်းနေရတယ်...ငွေကြေးမပြည့်စုံတော့ အချိန်ပိုင်းအလုပ်နဲ့  ကျောင်းပြေးတက်နေရသလိုကျောင်းမှာလည်း မပြေလည်မှုများစွာနဲ့ပေါ့...ဒါပေမဲ့ အောင်မြင်ချင်တဲ့စိတ်ကြောင့်အရမ်းကြိုးစားခဲ့သလို ထိပ်တန်းအဖွဲ့တည်းကိုလည်း စာရင်းဝင်လာတယ်...တစ်နေ့တော့ ပိတ်ထားတဲ့ပန်းခြံတစ်ခုမှာ မမျှော်လင့်ဘဲရောက်သွားရင်း ခပ်ဆန်းဆန်း မှော်ဆရာတစ်ယောက်နဲ့ကြုံတွေ့ရတဲ့အခါမှာတော့အပိုင်း (၆)ပိုင်းလုံးထွက်ရှိလာတာမို့  ဆက်တိုက်ကြည့်ရမှာဖြစ်ပါတယ်...Episodes: 6Duration: 65 MinQuality :Web-DL1080p5.1ch, 720pGenres:  Fantasy , DramaTranslated by  EiPhyu Khin , Hnin Pale , ThynnNuSwe  & Hay Thar OoEncoded by  Phyo Pyae   Episode 1 720P(500MB)>>>> UsersDrive   | Yoteshin |     MegaUp    |     Mega.NZ    | StreamSB ...

The Sound of Magic(2022)

2022
The Endgame (2022) (Complete) 6
The Endgame (2022) (Complete) The Endgame (2022) (S01 Complete) ~ အစအဆုံး ရပါပြီ ~ ရုရှားကနေ ငယ်ငယ်လေးကတည်းက လုပ်ကြံသတ်ဖြတ်ရေးသမားဖြစ်အောင် မွေးမြူပျိုးထောင်ထားခဲ့တဲ့ အမျိုးသမီးလူသတ်သမားတွေအကြောင်း တစ်ပြုံတမကြီး ကြည့်ဖူးကြပြီးပါပြီ။ ဒီတစ်ခါကတော့ နောက်တစ်ဆင့်လို့ပြောလို့ရတာပေါ့ဗျာ။ ကြေးစားစစ်တပ်တစ်တပ်ကို ပိုင်ဆိုင်ထားတဲ့ ဉာဏ်ကြီးရှင်အဆင့်ဗျူဟာရှင် ဒုစရိုက်လောကရဲ့ ဘုရင်မ အကြောင်းပဲဖြစ်ပါတယ်။ စစ်တပ်တစ်တပ်က သိမ်းပိုက်ထားတဲ့ရွာကို လူငါးယောက်အဖွဲ့နဲ့ဝင်ပြီး တစ်တပ်လုံးကို အပြတ်ဖြုတ်လာခဲ့တဲ့ ဘုရင်မပေါ့။ ဒုစရိုက်လောကက ဘုရင်တွေအကုန် ဦးညွှတ်ရလောက်အောင် ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ သူ အမေရိကကိုခြေမချရသေးခင်မှာပဲ အမေရိကန်အစိုးရက ဖမ်းထားနိုင်လိုက်တယ်။ သူ့လို ဘုရင်မကို လွယ်လွယ်နဲ့ဖမ်းလို့မိတယ်ဆိုကတည်းက သူ့ကစားကွက်ဆိုတာကို ရိပ်မိလောက်ပါပြီ။ သူ့ရဲ့ အဆုံးသတ်ကစားကွက်ကို ဘဏ် ၇ ဘဏ်ကို တစ်ချိန်တည်းမှာ ဓားပြတိုက်တာနဲ့ စဖွင့်ထားပါတယ်။ သူ့ရဲ့အဆုံးသတ်ကစားပွဲက ဘယ်လိုလဲဆိုတာတော့ မသိရသေးပေမဲ့ ဘာလို့လဲဆိုတာကတော့ ရိုးစင်းတဲ့အကြောင်းပြချက် "အချစ်" ကြောင့်ပဲလို့ ယူဆလို့ရပါတယ်။ တစ်ဖက်မှာတော့ အကျင့်ပျက်မှုနဲ့ အဖမ်းခံထားရတဲ့ ...
6
TMDb: 6/10 3 votes
tv

The Endgame (2022) (Complete)

2022
You are My Heartbeat (2022)
You are My Heartbeat (2022) You are my heartbeat (2022) စ / ဆုံး-------------------------------------------မြင်သူတိုင်းရဲ့  အသည်းကို ဖမ်းစားတတ်တဲ့P Push ရဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။P Push ကတော့ သူ့ရဲ့ဥပတိရုပ်နဲ့အလိုက်ဖက်ဆုံးကာရိုက်တာဖြစ်တဲ့စီးပွားရေးလုပ်ငန်းရှင် Sira အဖြစ် သရုပ်ဆောင်သွားမှာပါ......အသန့်အရမ်းကြိုက်ပြီး လိမ်ညာတာကို အလွန်မုန်းတီးတဲ့ Sira တစ်ယောက်လှည့်ဖြားတဲ့နေရာမှာ ဆရာကျတဲ့ Keetika နဲ့အတူတူ အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်.......Keetika ရဲ့မိခင်ဖြစ်သူက လင်ယောက်ျားကို ပစ်သွားပြီးအထည်အလိပ်ကုမ္ပဏီပိုင်ရှင် Papop နောက် ကောက်ကောက်ပါအောင်လိုက်သွားခဲ့လေတော့နှစ်ယောက်သား အဆင်မပြေတဲ့သားအမိဆက်ဆံရေး ဖြစ်‌နေခဲ့ပါတယ်အဲဒါအပြင် ပထွေးရဲ့ သမီးဖြစ်သူ Chanaratee နဲ့ Keetika ကလည်းလင်ပါသမီးနဲ့ မယားပါသမီးဆိုတော့ မတည့်ကြဘဲ မိသားစုအရေးက ရှုပ်ထွေးနေပါလေရောSira ကတော့ ငယ်ကတည်းက Primyuda ဆီမှာ မွေးစားခံရပြီးPrimyuda ရဲ့မြေးရင်း Sasa ကို ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ လိုက်ခေါ်နေတာပါ။ခေါ်မရတော့ Sasa ရဲ့ ...

You are My Heartbeat (2022)

2022
The 7 Lives of Lea (2022) 8.5
The 7 Lives of Lea (2022) The 7 Lives of Lea (2022)ဒီဇာတ်လမ်းတွဲက​တော့ Netflixက​နေ တင်ဆက်ထားတဲ့ ပြင်သစ် Crime Drama ဇာတ်လမ်းတွဲဖြစ်ပြီး IMDbအ​နေနဲ့ 7.1ရရှိထားပါတယ်၊ Total Episodesအ​နေနဲ့ ၇ပိုင်းပါဝင်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်တင်ဆက်​ပေးသွားမှာပါ။ဇာတ်လမ်းအကျဉ်းက​တော့ လီယာဆိုတဲ့ ​ကောင်မ​လေးဟာ ပါတီပွဲတစ်ခုမှာ မူးရူး​ပျော်ပါးရင်း ​​သေဆုံးတာနှစ်​ပေါင်းများစွာကြာပြီဖြစ်တဲ့ အ​ရိုးစုတစ်စုကို ​သွား​တွေ့ပါတယ်၊ အဲဒီအရိုးစုဟာ ဘယ်သူဘယ်ဝါဆိုတာ ​​ဖော်ထုတ်ဖို့ကြိုးစားရင်း လီယာတစ်​ယောက် အိပ်​​ပျော်သွားပြီး ​​နောက်တစ်ရက် ပြန်နိုးလာချိန်မှာ ၁၉၉၁ခုနှစ်ကို ​အစ္စ​မေးဆိုတဲ့ ​ကောင်​လေးအ​နေနဲ့ ​ရောက်ရှိ​နေတာပါ၊ အစ္စ​မေးရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ရက်တာရှင်သန်ရင်း ပစ္စုပ္ပန်ကာလမှာ သူ​ရှာတွေ့ခဲ့တဲ့အ​လောင်းဟာ အစ္စ​မေးဖြစ်​နေ​ကြောင်း သိရှိပြီး ပြန်နိုးလာပါ​တော့တယ်။ဒါ​ပေမဲ့လီယာတစ်​​ယောက် အစ္စ​မေးအ​ဖြစ် တစ်ရက်ပဲနေခွင့်ရလိုက်ပြီး ​ နောက်​နေ့အိပ်ရာနိုးချိန်မှာ​ အ​​မေဖြစ်သူကာရင်းရဲ့ ၁၉၉၁ဗားရှင်းထဲ ​ရောက်​​​နေပြန်ပါတယ်၊ မိဘ၂ပါးဖြစ်တဲ့ စတက်ဖန်နဲ့ကာရင်းက အစ္စ​မေးနဲ့ သူငယ်ချင်း​တွေမှန်း သိလိုက်ရ​တဲ့​နောက် တစ်ညကို တစ်ဘဝစီ အိပ်မက်ကမ္ဘာထဲမှာ စုံစမ်းရင်း အစ္စ​မေးအမှုနဲ့ပတ်သတ်​နေတဲ့ လူ ၇​​ယောက်ရဲ့ ၇ဘဝတိတိ လီယာတစ်​ယောက် အချိန်ခရီးသွားသလို ကြုံ​တွေ့ခဲ့ရပါတယ်၊ ဒီလိုဘဝ​တွေ​ပြောင်းပြီး အမှုမှန်ကိုစုံစမ်းရင်း လီယာတစ်​ယောက် အစ္စ​မေးကိုသတ်ခဲ့တဲ့ တရားခံကို​ဖော်ထုတ်နိုင်မှာလား၊ အထက်ပါ လူ၇​ယောက်ကြားမှာ ဘယ်လိုပတ်သတ်မှု​တွေရှိခဲ့လဲ၊ အဆိုပါပတ်သတ်မှု​တွေက ...
8.5
TMDb: 8.5/10 2 votes
tv

The 7 Lives of Lea (2022)

2022
Moon Knight (2022) 9.0
Moon Knight (2022) Moon Knight (2022)================IMDb Rating - 9.0/10အားလုံးပဲစောင့်မျှော်နေတဲ့ Marvel ရဲ့ စီးရီးအသစ်တစ်ခုဖြစ်တဲ့ Moon Knight ကတော့ ထွက်ရှိလာပါပြီ။ ဒီစီးရီးကို အပတ်စဥ◌် ဗုဒ္ဓဟူးနေ့တိုင်း Disney + ကနေပြသသွားမှာဖြစ်ပြီး cm ကနေ အပတ်စဥ◌်တင်ဆက်ပေးသွားပါမည်။IMDB မှာလည်း 9.0 နဲ့ အတော်လေး အခြေနေကောင်းနေတဲ့ Marvel ရဲ့ Standalone superhero series အဖြစ် Moonknight ထွက်ရှိလာပါပြီ ။ Dune, Starwars တို့ကြည့်ဖူးသူတွေနဲ့မစိမ်းမယ့် Oscar Issac က အဓိကပါဝင်ထားပြီး X-men ကားတစ်ကားမှာလည်း Apocalypse အဖြစ်သရုပ်ဆောင်ခဲ့ဖူးသူပါ။စရိုက်အမျိုးမျိုးပြောင်းလဲတဲ့ဝေဒနာဖြစ်နေတဲ့ စတီဗင်ဂရန့်ဟာ ရွှေရောင် နွားချေးပိုးရုပ်လေးတစ်ခုလက်ထဲရောက်လာပြီးနောက် နဂိုကတည်းရှုပ်ထွေး ခက်ခဲနေတဲ့ဘဝဟာ ပိုရှူပ်ထွေးလာပါတော့တယ်။ အဲ့ဒီအရုပ်လေးကြောင့် Comic တွေအရ Khonshu ဆိုတဲ့ အီဂျစ် လနတ်ဘုရားတစ်ပါး၀င်ပူးခံရပါတယ်။ သူ့ရဲ့စွမ်းအားတွေက လပြည့်ညမှာ ပိုမိုအစွမ်းထက်လာပြီး အိမ်မက်တွေကနေ အနာဂတ်ကို ကြိုမြင်နိုင်တာ ၊ အသက်ဓာတ်ကိုစုပ်ယူတာတွေပါ လုပ်နိုင်ပါတယ်။ Venom နဲ့ Eddie brook ...
9.0
TMDb: 9.0/10 2300 votes
tv

Moon Knight (2022)

2022
Russian Doll – Season 02 7.8
Russian Doll – Season 02 Russian Doll - Season 02==================IMDb Rating - 7.8/10Season 1 မှာ သေလိုက် ရှင်လိုက်နဲ့ တူညီတဲ့မွေးနေ့ပွဲညကိုပဲ ထပ်တလဲလဲဖြတ်သန်းနေခဲ့ရတဲ့ နာဒီယာဟာ အခု Season(2) မှာတော့ အမှတ်(၆)ရထားကိုစီးပြီး သက္ကရာဇ် ၁၉၈၀ ကျော်ကို ပြန်ရောက်သွားခဲ့ပါတယ်။ထူးဆန်းတာက ပြန်ရောက်သွားချိန်မှာ သူကိုယ်တိုင်အနေနဲ့မဟုတ်ပဲ သူ့ကိုကိုယ်ဝန်လွယ်ထားတဲ့ သူ့အမေကိုယ်ထဲရောက်သွားခဲ့တာဖြစ်ပြီး သူဘယ်သွားသွား လူတွေက သူ့အမေနိုရာအဖြစ်ပဲ မြင်နေကြတာပါ။ သူ့အမေဖြစ်သူ နိုရာက စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရတာဖြစ်ပြီး သူ့အဖွားရဲ့ရွှေဒင်္ဂါးတွေကို ခိုးပြီး အကုန်လျှောက်သုံးခဲ့ပါတယ်။ နောက်ပြီးမိသားစုဆီက အမွေလိုချင်တဲ့နာဒီယာလည်း အဲဒီရွှေဒင်္ဂါးတွေကို ရေဆုံးမြေဆုံးလိုက်ပြန်ရှာရာက ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက် ကြည့်ရှူခံစားလိုက်ပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို May Myat Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ May Myat Thu, Thiha Yan Naing တို့ဖြစ်ပါတယ်။)File Size - (300 MB) Quality – WEBDL 720p Duration - 1Hr (@Episode) Subtitle – Myanmar Hardsub Format ...
7.8
TMDb: 7.8/10 417 votes
tv

Russian Doll – Season 02

2022
The Miracle Of Teddy Bear (2022)
The Miracle Of Teddy Bear (2022) "The Miracle Of Teddy Bear"(2022) စ/ဆုံး------------------------------------------လူ့ဘဝမှာ လူတိုင်းနီးပါး အံ့ဩဖွယ်ကောင်းတဲ့ ထူးခြားမှုမျိုးတွေ ကြုံတွေ့ကြရပါတယ်...လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို တစ်ဦးနဲ့ တစ်ဦးရဲ့ အံ့ဩဖွယ်ရာဖြစ်ရပ်တွေက မတူတတ်ကြဘူး....ဒီဇာတ်လမ်းလေးမှာလည်း ဝက်ဝံရုပ်ကလေးကနေ လူသားအဖြစ် ထူးဆန်းစွာ ပြောင်းလဲသွားတဲ့ ကောင်လေးအကြောင်းပဲ ဖြစ်ပါတယ်....အရေးပါတဲ့ လူတစ်ယောက်ဆီက လက်ဆောင်ဖြစ်တဲ့ ဝက်ဝံရုပ်ကလေးကို အချိန်တစ်ခုကြာအောင် မြတ်မြတ်နိုးနိုး သိမ်းဆည်းထားခဲ့တဲ့ "နက်" ဆိုတဲ့ကောင်လေးနဲ့....ဝက်ဝံရုပ်ကလေးထဲမှာ အသက်ဝင်နေခဲ့ပြီး သခင်ဖြစ်သူ အစ်ကိုနက်အနားမှာ အချိန်တိုင်းရှိနေခဲ့တဲ့ "တို့ဖူး" ဆိုတဲ့ ကောင်လေးတို့အကြားမှာ အံ့ဩဖွယ်ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်လာခဲ့တဲ့အခါ....ဘာတွေက "တို့ဖူး" ဆိုတဲ့ ဝက်ဝံရုပ်ကလေး လူအဖြစ် အသွင်းပြောင်းသွားစေခဲ့တာလဲ?သူတို့ကြားက ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်က ဘယ်ကနေ ဘယ်လို စလာခဲ့တာလဲ?သူတို့အကြားက ထူးခြားတဲ့ ဖြစ်ရပ်ရဲ့ အဖြေကို ဖော်ထုတ်ရှာဖွေနိုင်ပါ့မလား?Episodes: 16Aired: March  27, 2022Aired On: Fri, Sat & ...

The Miracle Of Teddy Bear (2022)

The King of Tears, Lee Bang Won(2021) [Complete]
The King of Tears, Lee Bang Won(2021) [Complete] The King of Tears, Lee Bang Won(2021) ဇာတ်လမ်းတွဲအညွှန်း *****************************************************အပိုင်း -  ၃၂ (ဇာတ်သိမ်းပိုင်း) (1080p ရပါပြီ) ဒီသမိုင်းနောက်ခံ အက်ရှင်ဇာတ်လမ်းတွဲကြီးဟာအားလုံးသိထားပြီးသားဖြစ်တဲ့ ဂျိုဆွန်းဘုရင်၊အီဘန်းဝန်အကြောင်းကို ရှုထောင့်အသစ်ကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အီဘန်းဝန်က ဂျိုဆွန်းတည်ထောင်သူ၊ စစ်သူကြီးအီဆောင်းဂယ်ရဲ့ ၅ယောက်မြောက်သားဖြစ်ပါတယ်။သူ့မှာ ခမ်းနားကြီးကျယ်တဲ့အကြံဉာဏ်တွေရှိပြီး ဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းလည်းရှိပါတယ်။အီဆောင်းဂယ်ကတော့ စိတ်နှလုံးသား နွေးထွေးတဲ့သူဖြစ်ပြီးလောကကြီးအကြောင်း ထွင်းဖောက်သိမြင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ဂိုလျောခတ်ကုန်ဆုံးခါနီးအချိန်မှာ အီဘန်းဝန်တစ်ယောက် အသက်ရှင်ဖို့ရုန်းကန်နေရတဲ့ပြည်သူတွေအတွက် လောကကြီးကိုပြောင်းလဲပစ်ဖို့ ရည်မှန်းချက်ရှိလာခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ဖခင်ကိုကူညီ၊ ဂိုလျောခေတ်ဟောင်းကိုဖျက်စီးပြီး မင်းဆက်အသစ်ထူထောင်ခဲ့ပါတော့တယ်....ရှေ့တွေမှာ အီဘန်းဝန်အကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းတွေ အများကြီးရှိခဲ့တာမို့ ရှုထောင့်အသစ်ကနေ တင်ဆက်ထားတဲ့ဒီကားလေးထဲမှာရော အီဘန်းဝန်ရဲ့ဇာတ်ကြောင်းက ဘယ်လိုပြောင်းလဲသွားဦးမလဲဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းကိုတော့ Ei Phyu Khin မှရေးသားပေးထားပါတယ်... Episodes: 32 Duration: 60 Min Quality : HDTV 1080p,720p Genres:  Drama, History & Action Translated by  Khine Khine Wai,Ei Phyu Khin, Hnin ...

The King of Tears, Lee Bang Won(2021) [Complete]

2021
Love (ft. Marriage and Divorce) S03 (2022) [Complete] 6
Love (ft. Marriage and Divorce) S03 (2022) [Complete] Love (ft. Marriage and Divorce) S03 (2022) ဇာတ်လမ်းတွဲအညွှန်း****************************************************** အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) ဒီစီးရီးက S1,S2 ထွက်ရှိခဲ့ပြီး အိမ်ထောင်ရေးပြဿနာစုံဟာ လက်ရှိအပြင်လောကရဲ့ ဒုက္ခတွေနဲ့ အတော်များများတူနေတော့ မြန်မာပရိသတ်တွေ အတော်အားပေးခဲ့ကြပါတယ်...အညွှန်းကတော့ S1 ကဟာပဲထားလိုက်ပါ့မယ်…ဒီဇာတ်လမ်းတွဲကတော့ ပုံမှန် ကောင်လေးနဲ့ကောင်မလေးတို့ ချစ်ဖို့အရေးကြိုးစားနေတဲ့ ဇာတ်လမ်းတွဲမျိုးမဟုတ်ပါဘူး….အဲ့အဆင့်တွေထက်ကျော်လွန်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း အိမ်ထောင်သည်တွေသမီးရည်းစားဘဝတုန်းကလို ချစ်နိုင်သေးရဲ့လားဆိုပြီး ပုံစံမတူတဲ့ စုံတွဲ(၃)တွဲကို ရိုက်ပြထားတာပါ….ပျင်းစရာကြီးလို့မထင်လိုက်နဲ့…တကယ့်လက်ရှိမှာ ဒီလိုတွေတကယ်ဖြစ်နေတာ….တရားသူကြီး Park Sa Hyun ဟာ drum တီးခတ်နေတဲ့ Boo Hye Ryung ကိုမြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်ခဲ့ကြပါတယ် …အိမ်ထောင်သက်သုံးနှစ်ရှိပြီး ကလေးမရှိသေးသော ပထမဆုံးစုံတွဲ…..Shin Yoo Shin ကတော့ဆေးရုံဒါရိုက်တာတစ်ယောက်ဖြစ်ပြီး radio show တစ်ခုရဲ့ PD ဖြစ်တဲ့ Sa Pi Young ရဲ့ချစ်လှစွာသောခင်ပွန်းပေါ့ သူမဟာ သူမရဲ့အိမ်ထောင်ရေးအတွက် ...
6
TMDb: 6/10 7 votes
tv

Love (ft. Marriage and Divorce) S03 (2022) [Complete]

2021
A Superior Day ( 2022 )
A Superior Day ( 2022 ) အီဟိုချောဟာ မီးသတ်သမားဝန်ထမ်းတစ်ယောက်ဖြစ်ပြီးသာမန်ပျော်ရွှင်ဖွယ်ရာမိသားစုလေးကို ပိုင်ဆိုင်ထားသူပါဒါပေမဲ့ တစ်နေ့မှာတော့ ဟိုချောဆီကို ကံကြမ္မာဆိုးတစ်ခုရောက်လာခဲ့ပါတယ်အဲဒါကတော့ အမည်မသိသူစိမ်းတစ်ယောက်က သူဆီကို သတင်းခေါင်းစီးမှာပါတဲ့လူသတ်သမားက သူ့ဘေးအိမ်ကလို့ သတင်းပေးခဲ့တာပဲဖြစ်ပါတယ်ဒါတင်မကသေးဘဲ ဒီသတင်းထက်ပိုဆိုးနေတာကတော့သတင်းပေးကလည်းသာမန်လူတစ်ယောက်မဟုတ်ဘဲ ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်နေတာပဲဖြစ်ပါတယ်ဟိုချောတစ်ယောက် အဲဒီသတင်းရပြီးချိန်မှာတော့ ကိုယ်တိုင်တောင်မသိလိုက်ဘဲလူသတ်သမားနှစ်ယောက်ကြား,ကြားညှပ်သွားပြီးသူ့ဘဝကြီး ဗြောင်းဆန်ကာ ချစ်ရတဲ့မိသားစုဝင်တွေပါ,ပါဝင်ပတ်သတ်လာတဲ့အခါမှာတော့...သာယာပျော်ရွှင်နေတဲ့ သူတို့မိသားစုလေး ကံကြမ္မာဆိုးတွေကိုဘယ်လို အလူးအလဲခံစားရမလဲ လူသတ်သမားနှစ်ယောက်ရဲ့ပတ်သတ်မှုကရော ဘာတွေဖြစ်နေမလဲဆိုတာစိတ်လှုပ်ရှားခြောက်ခြားဖွယ်ဆက်ကြည့်ရမှာပဲဖြစ်ပါတယ်  Quality : HDTV 1080p , 720p Format : mp4 Total Episodes : 8 Ep Duration : 1h ( Per Episode ) Aired On March 13 2022 Genres : Drama , Mystery Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK   Episode 1 Yoteshin / ...

A Superior Day ( 2022 )

2022
Finding Love (2015)
Finding Love (2015) Finding Love (2015)  စ / ဆုံးသမုဒယရိပ်မြုံ -------------------------------- နူနာ(နာရာ) ဆိုတဲ့ ဘဏ်သူဠေးကြီးရဲ့မြေးမလေးကမိခင်မေတ္တာငတ်ကာ ငယ်ငယ်ကတည်းက ဖခင်ဖြစ်သူနဲ့ ကွဲကွာခဲ့ရပါတယ်မိခင်ဖြစ်သူမှာ မိမိအတွက်ကိုသာ ကြည့်တတ်သူဖြစ်သောကြောင့်အဘိုး၏စောင့်ရှောင့်မှုနှင့်သာ ကြီးပျင်းလာခဲ့ရသူဖြစ်ပါတယ်။ဖခင်ဖြစ်သူကို လွမ်းဆွတ်တမ်းတနေသော နူနာ သည် ဖခင်ဖြစ်သူသက်ရှိထင်ရှားရှိနေမှန်း သိလိုက်ရသောအခါဖခင်ရှိရာ ဘိုခေါင်ခြံသို့ ဖခင်နှင့်တွေ့ဆုံဖို့ လိုက်လာခဲ့ပါတော့တယ်။ခြံသို့ ရောက်တဲ့အခါမှတော့ မိမိတွေးထားသလိုဖြစ်မလာပဲ အကြောင်းအမျိုးမျိုးကြောင့်မိမိဘဝအမှန်ကိုဖုံးကွယ်ကာ ခြံအလုပ်သမားလေး နူနာအဖြစ် နေထိုင်ခဲ့ရပါတယ်။ဖခင်နှင့် ရင်းနှီးခွင့်ရအောင် ကြိုးစားရင်း ခြံပိုင်ရှင် ခွန်စင် နှင့် အချစ်ဇာတ်လမ်း အစပျိုးလာပါတော့တယ်။နူနာ သည် ယာခင်းအလုပ်ကို မလုပ်ကိုင်ဖူးတဲ့အတွက် အလွဲလွဲ အချော်ချော်သာဖြစ်ခဲ့ရပါတယ်။ခွန်စင် မှာ စည်းကမ်း တင်ကျပ်သူဖြစ်သော်လည်း နူနာ့(နာရာ)အပေါ် ချစ်ခင်နှစ်သက်သောစိတ်ကြောင့်အရာရာကိုခွင့်လွှတ်နားလည်ပေးခဲ့ပါတော့တယ်။ခွန်စင် သည် နူနာ တစ်ခုခုဖုံးကွယ်ထားသည်ကိုသိသော်လည်းချစ်စိတ်နှင့်သာ အလုပ်တစ်ခုပြီးတစ်ခုပြောင်းပေးခဲ့ပါတော့တယ်။ခွန်စင် မှာ နိုင်ငံတော်ပိုင်သစ်တောတွေကိုကာကွယ်ရင်း ရန်သူတွေရှိလာပါတော့တယ်။နောက်ဆုံးတော့ နူနာ အလုပ်နေရာ အမှန်ကို ရောက်လာချိန်မှာတော့ ထင်မှတ်မထားတဲ့အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကြားခွန်စင် နဲ့ နူနာ ...

Finding Love (2015)

2015
Monstrous(2022) 6
Monstrous(2022) Monstrous(2022) ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း( ၁ မှ ၆) ထိ စ/ဆုံးရှေးနှစ်ပေါင်းများစွာက လူတွေဟာ ဘာသာအလိုက် ဆင်းတုတော်တွေထုလုပ် ပြီးကိုးကွယ်ကြတယ်...အဲ့တုန်းက ခပ်ဆန်းဆန်းစာတွေ ထွင်းပြီး ထုလုပ်တဲ့ ဗုဒ္ဓဆင်းတုတော်တစ်ခုရှိခဲ့တယ်....ထုလုပ်ပြီးမကြာဘူး ...အဲ့ပတ်ဝန်းကျင်မှာ မကောင်းမှုတွေဖြစ်ရပ်ဆန်းတွေနဲ့ ကြောက်မက်ဖွယ်ရာအဖြစ်ဆိုးနဲ့ကြုံတဲ့လူသေမှုတွေရှိခဲ့တယ်လို့ဆိုတယ်...ကျွန်တော်တို့အရပ်အခေါ်ဆို ခိုက်တယ်လို့ပြောရမှာပေါ့....အဲ့ဒီနောက်ဘာသာရေးခေါင်းဆောင်တွေဟာ ဒီကြံမ္မာဆိုးကိုကာကွယ်ဖို့  ခိုက်တဲ့ဆင်းတုတော်ကို ကုစားဖို့ရာ နောက်ထပ်ဆင်းတုတော်တစ်ခု ထုလုပ်ပြီး ဖြစ်ရပ်ဆိုးတွေကိုကာကွယ်ဖို့ကြိုးစားခဲ့ကြတယ်လို့ဆိုတယ်...အဲ့ဒီနောက် ဆင်းတုတော် ၂ခုလုံးကိုမြှုတ်နှံခဲ့ကြတယ်...ဒါပေမဲ့ ဒီနေ့ခေတ်မှာ မတော်လောဘသမားတွေဟာ ဒီဆင်းတုတော်အကြောင်းကို မသိဘဲ တူးဖော်ခဲ့ကြတယ်...အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...ဒီစီ:ရီးက တော်တော်လန့်ဖို့ကောင်းတယ်....အပိုင်း (၁)ကနေကိုစကြမ်းတာ...နည်းနည်းကြောက်တတ်တဲ့သူတွေတော့မကြည့်သင့်ပါဘူး... Episodes: 6Duration: 40MinQuality :Web-DL 1080p,720pGenres:  Mystery ,Horror ,DramaTranslated by  Win , Yumeko , ThynnNuSwe  & ChitTheEncoded by  Phyo Pyae  Episode 1 720P(250MB)>>>>  | Yoteshin |     MegaUp    |     Mega.NZ ...
6
TMDb: 6/10 1 votes
tv

Monstrous(2022)

2022
Tokyo Vice (2022)
Tokyo Vice (2022) Tokyo Vice (2022)IMDb - 9.5/10သတင်း​ထောက်​တစ်​ယောက်အတွက် သတင်း​ကောင်း​ကောင်း လိုက်​နိုင်လေ ရန်သူများ​လေလို့ ဆိုကြစမြဲပါ၊ အထူးသဖြင့် ဒုစရိုက်အဖွဲ့​တွေနဲ့နွယ်တဲ့ သတင်း​တွေကို ​​ရေးရတဲ့ သတင်း​ထောက်​တွေအ​နေနဲ့ သတင်းမှန်​လေ၊ အသက်အန္တရာယ်ကြီး​လေပါ၊ဒီစီးရီးက​တော့Tokyo Viceလို့​ ခေါ်တဲ့ မူရင်းစာအုပ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးပဲ ဖြစ်ပါတယ်၊ HBO maxက​နေ လွှင့်သွားမှာဖြစ်ပြီး IMDb 9.5 အထိ ရရှိထားပါတယ်၊Cast​တွေအ​နေနဲ့က​တော့ - Baby Driver, West Side Storyထဲက မင်းသား Ansel Elgort - Inception, Memoirs of a Geishaလို ဇာတ်ကားကြီး​တွေမှာ ပါဝင်ထားတဲ့ ဝါရင့်သရုပ်​ဆောင်မင်းသားကြီ Ken Watanabeတို့ပဲဖြစ်ပါတယ်၊အ​မေရိကန်သတင်း​ထောက် ဂျိတ် အဒယ်စတင်းဟာ ၁၉၉၀​ကျော် ကာလ​တွေမှာ နိုင်ငံခြားသတင်း​ထောက်အဖြစ် ဂျပန်နိုင်ငံ၊တိုကျိုမြို့ကို ​ရောက်သွားခဲ့ပါတယ်၊ သူသတင်းလိုက်တဲ့ အပိုင်းက​တော့ တခြားမဟုတ်ဘဲ မှုခင်း​ရေးရာအပိုင်းဖြစ်​နေတာပါ၊ ဖခင်ဖြစ်သူ ​သေမှု​သေခင်းအရာရှိဆီက​နေ အမှုအခင်းပိုင်းကို စိတ်ဝင်စားလာတဲ့ ဂျိတ်က ထူးဆန်းစွာပဲ ဂျပန်ရဲ့ ဒုစရိုက်​လောက ကို အထူးစိတ်ဝင်စားကာ မဲအိချိုရှင်းဘန်းသတင်းစာတိုက်ရဲ့ မှုခင်းသတင်း​ထောက်ဖြစ်​အောင် ...

Tokyo Vice (2022)

2022
Hold Tight (2022) 6.3
Hold Tight (2022) Hold Tight (2022)=============IMDb Rating - 6.3/10ဒီနေ့အတွက် တင်ဆက်ပေးချင်တာကတော့ Netflix ကနေ April 22 မှာ ပြသသွားတဲ့ Crime, Drama, Mystery အမျိုးအစား Series တစ်ခုပဲ ဖြစ်ပါတယ်။ IMDb Rating အနေနဲ့ 6.3/10 ရရှိထားပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်း ဇာတ်အိမ်ခိုင်တဲ့ စီးရီးတစ်ခုလို့လည်း ပြောလို့ရပါတယ်။ဇာတ်လမ်းအစမှာတင် အီဂေါ်ဟော ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေး သေဆုံးသွားခဲ့ပါတယ်။ ဆေးစစ်ချက်အရ မူးယစ်ဆေးဝါးတွေကို ဝိုင်နဲ့ သောက်ခဲ့တာကြောင့် နှလုံးဖောက်ပြီး သေဆုံးသွားတယ်လို့ ဆိုပေမယ့်၊ သူတို့သူငယ်ချင်းကြား လျို့ဝှက်ချက်တစ်ခုရှိနေခဲ့ပါတယ်။အီဂေါ်ဆုံးသွားပြီးနောက် သူ့သူငယ်ချင်း အာဒန်မူမမှန်တာကို အမေဖြစ်သူ အန်နာက ရိပ်မိတာကြောင့် သူ့သားဖုန်းထဲမှာ စပိုင်ဆော့ဝဲလ်တစ်ခုကို ထည့်ထားခဲ့ပါတယ်။ နောက်တော့ ဘာအကြောင်းကြောင့်မှန်းမသိ အာဒန် ပျောက်သွားခဲ့ပြီး အားလုံးနဲ့ အဆက်အသွယ်ဖြတ်သွားခဲ့ပါတယ်။ အဲ့တော့ အာဒန်ဘာကြောင့် ပျောက်သွားတာလဲ၊ ပျောက်သွားရတဲ့ အကြောင်း အရင်းကရော ဘာဖြစ်နိုင်သလဲ။ သူ့သူငယ်ချင်း အီဂေါ်က ဘာကြောင့် သေသွား ခဲ့တာလဲ။ အမေဖြစ်သူ အန်နာက သားဖြစ်သူ ...
6.3
TMDb: 6.3/10 2500 votes
tv

Hold Tight (2022)

2022
Two Weeks(2013) 8.4
Two Weeks(2013) Two Weeks(2013) ဇာတ်လမ်းတွဲအညွှန်း*********************************အပိုင်း (၁ မှ ၁၆) ထိ စ/ဆုံး ဂျန်ထယ်ဆန်းဆိုတဲ့ လူဟာ အပေါင်ဆိုင်က မန်နေဂျာ..ငွေရဖို့ဆို ဘာမဆိုလုပ်မဲ့လူ...ယုတ်စွအဆုံး ဖာဂေါင်းပါလုပ်တယ်...ရုပ်ရည်က ဖြူစုတ်စုတ်... စုတ်ချွန်းချွန်းနဲ့...မျက်လုံးက ပေမှေးမှေးနဲ့ ..အဝတ်ကောင်းအစားကောင်းလေးဝတ်ပြီး ကလပ်က မမကြီးတွေလည်းပိုက်ဆံရဖို့အတွက် ဖျော်ဖြေရေးတွေလည်းပေးသေးတယ်..ထောင်ထဲကလည်း (၂)ခါတောင်ရောက်ခဲ့ပါသေးတယ်...ဒီလိုနဲ့ သူဟာ သူ့အပေါင်ဆိုင်ကို ခဏ ခဏလာတဲ့ကောင်မလေးအိမ်ကိုသွားမိတယ်...အဲ့ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က ခေါင်းကိုနောက်က ရိုက်ချလိုက်လို့ သတိမေ့သွားတယ်...သတိရလာတော့ ကောင်မလေးဟာ ဓားအချက်ပေါင်းများစွာနဲ့သေနေသလို သူ့ကိုယ်မှာလည်းသွေးပေနေတယ်..ဒါ့အပြင် ဓားကိုလည်းကိုင်ထားမိချိန် ဂျန်ထယ်ဆန်းတစ်ယောက်ဆီကို ရဲတွေ အများကြီးရောက်လာပါတော့တယ်...လက်ဗွေတွေအကုန်လုံးက သက်သေအဖြစ်သူ့ကိုဉီးတည်နေလို့ ထောင်ထဲကိုမဖြစ်မနေသွားရဖို့အကြောင်းဖန်လာတယ်..အဲ့ဒီအချိန် ဂျန်ထယ်ဆန်းဆီကို ထောင်ထဲလုံးဝ ဝင်သွားလို့မရတဲ့အကြောင်းတစ်ခုဖြစ်လာတယ်..ဒါ့ကြောင့်သူဟာ ထွက်ပြေးပြီ: ဒီအဖြစ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်..အဲ့ဒီနောက် ကိုးရီးယားရဲ့ ထိပ်သီးလူကြီးတစ်ယောက်ပါဝင်နေသလို အာဏာရှိလွန်းတဲ့ သူဌေးကြီးတစ်ယောက်ပါသူ့ကို သတ်ဖို့ကြိုးစားတဲ့အခါမှာတော့...သူ့မှာလည်း သေရေးရှင်ရေးတစ်မျှ ၂ပတ်ပြည့်ရင် လုပ်ရမဲ့ကိစ္စကြီးတစ်ခုရှိလာတဲ့အခါ..ဒီစီးရီးလည်းတော်တော်မိုက်ပါတယ်.. ၁၆ပိုင်းလုံးမပျင်းရသလို ချောင်ပိတ်ရိုက်ခံရတဲ့လူတစ်ယောက်ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့  ကြိုးစားတဲ့အခန်းတွေက တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ...မင်းသမီးလေးလည်းလှတာမို့  ခံစားကြည့်ကြပါဦးလို့....   Episodes: 16Duration: 65 ...
8.4
TMDb: 8.4/10 11 votes
tv

Two Weeks(2013)

2013
Revenge (2022)
Revenge (2022) "အတိတ်ဟောင်းရဲ့ အချစ်ဒဏ်ရာ" စ / ဆုံးRevenge (2022)-----------------------------------------------------------------ငွေကြေးပြည့်စုံပြီး  အဝလွန်တဲ့ မိန်ကလေးဖိင်သူရဲ့ငွေကြေးပြည့်စုံမှုကို မက်မောပြီးသူအရမ်းချစ်ရတဲ့ ချစ်သူကောင်လေး နဲ့ အစ်မတစ်ယောက်လိုချစ်ခင်မြတ်နိုးရသူတို့ပေါင်းပြီးသစ္စာဖောက်ခံရတဲ့အခါ အရာအားလုံးပျက်စီးသွားပြီးအသက်အန္တာရယ် ထိခိုက်သည်အထိ ကံဆိုးမိုးမှောင်ကျခဲ့ရတယ်..........ကံကောင်းထောက်မပြီး အသက်ရှင်ခဲ့ရပေမယ့်ဖိင် ကသူခံစားခဲ့ရတဲ့နာကျင်မှုတွေကြောင့် သေလူတစ်ယောက်လိုဖြစ်ခဲ့ရတယ်အတိတ်ကရတဲ့ ဒဏ်ရာတွေကြောင့် ဖိင် တစ်ယောက် လူသစ်တစ်ယောက်လိုပြောင်းလဲသွားပြီးသူကို နာကျင်ထိခိုက်စေတဲ့သူတွေကိုလက်စားချေဖို့ဆုံးဖြတ်လိုက်တဲ့ အခါ...........လက်စားချေမှု ခရီးလမ်းမှာ ဖိင် အကောင်းဆုံးလုပ်နိုင်မလား..............?သူလုပ်ရပ်တွေက ကိုယ်တိုင် ကျေနပ်မှုရော ရပါ့မလားဆိုတာChannelmyanmar ကဘာသာပြန်ပေးတဲ့ " အတိတ်ဟောင်းရဲ့ အချစ်ဒဏ်ရာ "ဆိုတဲ့ ဇာတ်လမ်းလေးကိုအပတ်စဥ် Mon & Tue နေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ Episodes: 12Aired: March.21., 2022Aired On: Mon to TueGenres:  DramaTranslated by Tin Me Me Soe , Zoe & May ThuEncoded by ...

Revenge (2022)