Channel Myanmar

Drama

Irma Vep (2022) 6.9
Irma Vep (2022) HBO ရဲ့စီးရီးအသစ်လေးပါ။Tomb Raider ထဲက မင်းသမီးချောလေး Alicia Vikander ကခေါင်းဆောင်မင်းသမီး အဖြစ်ပါ၀င်ထားပါတယ်။Mira ဟာ၀င်ငွေကောင်းတဲ့စူပါဟီးရိုးကားတွေရိုက်လေ့ရှိတဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ပါ။ဒါပေမယ့် သူကပိုက်ဆံရမယ့်ရုပ်ရှင် (Blockbuster)တွေပဲ ရိုက်နေရတာငြီးငွေ့လာလို့ အနုပညာမြောက်မယ့်ကားရိုက်ချင်တဲ့အတွက် 1916က အသံတိတ်ပြင်သစ်ရုပ်ရှင်ဟောင်း "Les Vampires" ကိုတမူထူးခြားတဲ့ပြင်သစ်ဒါရိုက်တာ Rene နဲ့ ပဲရစ်မြို့မှာ အတူရိုက်ဖို့ သဘောတူလိုက်ပါတယ်။ဒါပေမယ့် ရိုက်ကူးရေးဟာထင်သလောက်မလွယ်ကူဘဲ Mira အတွက် ကိုယ်ရေးကိုယ်တာပြဿနာတွေသာမက ဇာတ်ကောင်ဖြစ်သူ Irma Vep နေရာကိုဈာန်၀င်နိုင်ဖို့ရုန်းကန်ရပါတယ်။ဒါရိုက်တာ Rene ကလည်းအရင်က စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် ထုတ်လုပ်ရေးမှာ ဒုက္ခရောက်နေပါတယ်။ဒီစီးရီးက ဇာတ်လမ်းတွဲရိုက်ကူးရေးအကြောင်းကို ရိုက်ထားတဲ့ဇာတ်လမ်းတွဲလေးပါ။Personal Shopper,Clouds of Sils Maria တို့ရိုက်ခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ Oliver Assayas ရိုက်ကူးထားပြီး Alicia Vikander အပြင် Adria Arjona,Vicent Macaigne တို့ပါ၀င်ထားပါတယ်။ File size…400 Mb Quality….Webrip 720p Format…mp4 Duration….50 Min Genre...Drama, ...
6.9
TMDb: 6.9/10 16 votes
tv

Irma Vep (2022)

2022
Meme Boys (2022)
Meme Boys (2022) Meme Boys၂၀၂၂ ထွက် IMDB rat 7.8/10 ရရှိထားတဲ့ ဘောလိ၀ုဒ် စီးရီးအသစ်လေးဖြစ်တဲ့ Meme boys လေးလာပါပြီ .... ဒီစီးရီးလေးရဲ့ ထူးခြားချက်က အရင် စီးရီးတွေလို ဇာတ်အိမ်မျိုးမဟုတ်ဘဲ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ကောလိပ်ကျောင်းသားတွေရဲ့ ဘ၀ကို ဇာတ်အိမ်တည်ပြီး ဟာသ ဒရာမာ ပုံစံ ရိုက်ကူးထားတာပါ ....အုပ်ချုပ်ရေး စီမံခန့်ခွဲမှု အပိုင်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေနဲ့ ဌာနမှူးကြား သဘောထားကွဲလွဲချက်တွေ ရှိနေကြတဲ့ အာပူဗာ ကောလိပ် ကောလိပ်ရဲ့ အဓိက အုပ်ချုပ်သူ ဌာနမှူးကတော့ စည်းကမ်း နဲ့ ထိန်းချုပ်မှုက လူ့ဘ၀မှာ အရေးကြီးဆုံးလို့ ယူဆတဲ့သူ .... meme boys ဆိုတာကတော့ ကောလိပ်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေ meme အနေနဲ့ လှောင်ပြောင်ဖန်တီးပြီး အင်တာနက်ပေါ် မျှဝေနေတဲ့ page လေးတစ်ခု ...ဒီ page ...

Meme Boys (2022)

2022
Dear X Who Doesn’t Love Me (2022) 7.5
Dear X Who Doesn’t Love Me (2022) Dear X Who Doesn't Love Me (2022) ===========================ကဲ NCTရဲ့ မြက်မလေးတွေ (NCTzen)စောင့်မျှော်နေကြတဲ့ ကင်ဒိုယောင်းရဲ့ mini dramaလေးထွက်လာပါပြီ။တေးရေးတစ်ယောက် ဖြစ်ချင်ပြီး ရည်းစားလည်း တခါမှ မထားဖူးဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူ လေး ဆောဟီးဆူ၊ လုပ်သမျှ တစ်ခုမှ အဆင်မပြေရင်း တစ်နေ့ ထူးဆန်းတဲ့ စာသားစာအုပ်လေးတစ်အုပ်ကို တွေ့ပြီး အဲ့စာအုပ်​ဟာ သူမ ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုက်တဲ့အခါ...တေးရေးလည်းဖြစ်သွားသလို ကောင်လေးတွေပါ ပါဝင်ပတ်သက်လာတော့ သူမရဲ့ သူငယ်ချင်း မက၊ ရည်းစားမကျ၊ ကောင်လေးသူငယ်ချင်း ဂျောင်ရှီဟိုနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ၊ ဖရန့်ဇုန်ထဲက ရုန်းထွက်နိုင်မလား။ စာအုပ်ကရော ဘာလို့ မှော်ဝင်အစွမ်းထက် ဆု​တောင်းတွေဖြည့်ပေးလဲဆိုတာကို ဒီလူငယ် ရိုမန့်ဒရမ်မာလေးထဲမှာ ကြည့်ရှုအားပေးကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Hay Man Thit Sar  မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Khaing Khin, Minnie Leon Silva, Hay Man Thit Sar, Thu ...
7.5
TMDb: 7.5/10 1200 votes
tv

Dear X Who Doesn’t Love Me (2022)

2022
First Kill (2022) 8.316
First Kill (2022) ကျွန်မနာမည် ဂျူလီယက် ။ ရှင်တို့သိတဲ့ ဇာတ်လမ်းထဲက ဂျူလီယက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မအဖြစ်က ဒီဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်ရယ်။ကျွန်မတို့တွေကို ရှင်တို့လူသားတွေက တစ်မျိုးခေါ်ကြပါသေးတယ်။ မကောင်းဆိုဝါး‌ကောင်တွေ မိစ္ဆာတွေတဲ့။ အတိအကျပြောရရင် ကျွန်မက သွေးစုပ်ဖုတ်ကောင်ပါ။ ဒါပေမယ့် ကျွန်မတို့က တခြားသွေးစုပ်ဖုတ်ကောင်တွေနဲ့ မတူဘူး။ နေ့အလင်းရောင်မှာ သွားလာနိုင်တယ် ။ လူသားအစားအသောက်တွေကို ပုံမပျက်စားပြီး ကျန်းမာစွာနေနိုင်တယ်။ နေ့ရက်တိုင်းမှာ ညဘက်ကျမှ ခိုးကြောင်ခိုးဝှက်ထွက်ပြီး လူသားသွေးကို အငမ်းမရလိုက်ရှာသောက်စရာမလိုဘူး။ အင်း…ဒါပေမယ့် တခါတရံတော့ ကျွန်မတို့ သွေးလိုက်စုပ်ကြတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ကိုယ်တွင်းက ပင်ကိုယ်ဗီဇလေ သိတယ်မဟုတ်လား။ ‌ကျွန်မကတော့ အဲဒီဗီဇကို ငြင်းဆန်တယ် ကျွန်မ သွေးမစုပ်ချင်ဘူး။ကျွန်မ မကောင်းဆိုးဝါးမဖြစ်ချင်ဘူး။ ကျွန်မက Legacy လို့ခေါ်တဲ့ အမွေခံသွေးစုပ်ကောင်အဆက်အနွယ်ကနေ မွေးဖွားလာတာပါ။ မွေးဖွားလာတာနော် ။ အကိုက်ခံရလို့ ဖြစ်တဲ့သွေးစုပ်ဖုတ်ကောင်မျိုးမဟုတ်ဘူး။ ပြီးတော့ ဒီအဆက်အနွယ်ထဲမှာမှ ကျွန်မအဘွားက ဩဇာအရှိဆုံးသူလေ။ ...
8.316
TMDb: 8.316/10 95 votes
tv

First Kill (2022)

2022
The Man in the High Castle(2016) Season 2 7.6
The Man in the High Castle(2016) Season 2 The Man in the High Castle(2016) Season 2*****************************************အပိုင်း (၁  မှ ၁၀  ) စ / ဆုံး အညွှန်းကိုတော့ စပွိုင်လာဖြစ်နေမယ်စိုးလို့ Season 1 က ဟာကိုပဲကူးယူဖော်ပြထားပါတယ်....The Man in the High Castle (ရဲတိုက်ကြီးပေါ်ကလူ) ဆိုတဲ့ စီးရီးဟာအတော်လေး ထူးခြားတဲ့ စီးရီးတစ်ခုပါပဲ။Doctor Strange တို့ဘာတို့မှာကြည့်ရတဲ့ အပြိုင်စကြဝဠာ၊အချိန်ခရီးသွားခြင်းတွေလိုပါပဲ။ ဇာတ်ကောင်တွေနေနေတဲ့ ကမ္ဘာဟာကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့မတူညီပါဘူး။ ဘာလို့မတူညီတာလဲဆိုတော့ဒုတိယ ကမ္ဘာစစ်မှာ နာဇီတွေ ဂျပန်တွေ စစ်နိုင်သွားပြီးကမ္ဘာကြီးကို ဖက်ဆစ်စနစ်နဲ့ အုပ်စိုးနေတဲ့ ကမ္ဘာကြီးဖြစ်နေလို့ပါပဲ။ဒီနေ့ခေတ်အထိ ဂျူးတွေကိုအဆိပ်ပေးသတ်ခွင့်ရှိတယ်၊ကင်ပေတိုင်တွေ SS တွေကြီးစိုးတယ်။ချွေးတပ်စခန်းတွေထားတယ်။ သေဒဏ်တွေ၊ဖမ်းဆီးနှိပ်စက်တာတွေ၊ မိသားစုလိုက်ကို ဒုက္ခပေးတာတွေအကြပ်ကိုင်တာတွေ အားလုံးကို အစိုးရက တရားဝင်လုပ်ဆောင်နေတဲ့ ကမ္ဘာပါပဲ။ဒီတော့ ဒီအစိုးရတွေကို တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့တွေ ရှိလာတာပေါ့။ဒါပေမဲ့ အင်အားအရမ်းနည်းနေပြီး ဖက်ဆစ်တွေကလည်းကမ္ဘာတစ်ခုလုံးကို ...
7.6
TMDb: 7.6/10 890 votes
tv

The Man in the High Castle(2016) Season 2

2016
Insider (2022) [Complete]
Insider (2022) [Complete] Insider (2022) [အစ-အဆုံး] အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း) (1080p ရပါပြီ) ဒီတစ်ခါတော့ မင်းသားချော ဂန်ဟာနူး ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ Moon lovers ကနေစလို့ မတူကွဲပြားတဲ့ ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ပြခဲ့တဲ့ ဂန်ဟာနူးက ဒီတစ်ခါမှာလည်း တရားရေးအလုပ်သင် အဖြစ်နဲ့ ရိုက်ကူးထားတဲ့အပြင် Heo Sung Tae, Kim Sang Ho နဲ့ Jung Man Shik တို့လို အက်ရှင်ကားတွေ၊ စုံထောက်ကားတွေမှာ နာမည်ကျော်တဲ့ မင်းသားကြီးတွေကလည်း အားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...တရားရေးအလုပ်သင် Kim Yo Han က မှင်သေသေမျက်နှာထားနဲ့ အလုပ်ကို ချင့်ချိန်စဉ်းစားလုပ်တတ်သူပါ။သူများထက် အမြဲ နှာတစ်ဖျားသာပြီး အကွက်ကြိုရွှေ့တတ်တဲ့ ပြိုင်စံရှား Kim Yo Han တစ်ယောက် သူလျှိုအဖြစ်နဲ့ စုံစမ်းရေးလုပ်ရင်းကနေ ထင်မှတ်မထားတဲ့ အမှုတစ်ခုမှာ ...

Insider (2022) [Complete]

2022
Cleaning Up (2022) 8.0
Cleaning Up (2022) Cleaning Up (2022) ===============ကဲ ဒီတစ်ခါတော့ 2019 မှာ လွှင့်ခဲ့တဲ့ နာမည်ကြီး UK TV Series "Cleaning Up" ရဲ့ Remake K drama စီးရီး အသစ်လေး လာပါပြီ။ Eo Yong-Mi (Yum Jung-Ah), An In-Kyung (Jeon So-Min) နဲ့ Maeng Soo-Ja (Kim Jae-Hwa) တို့သုံးယောက်ဟာ အကျိုးဆောင် ကုမ္ပဏီတစ်ခုရဲ့ သန့်ရှင်းရေး အလုပ်သမားတွေဖြစ်ပါတယ်။- Eo Yong-Mi ကတော့ သမီးနှစ်ယောက်ကိုပျိုးထောင်ပေးရင်း ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရသူပါ။- An In-Kyung ကတော့ Food Truck လေးဝယ်ပြီး ကော်ဖီဆိုင်ဖွင့်ဖို ရည်ရွယ်ထားသူပါ။- Maeng Soo-Ja ကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ထင်ရ ပေမယ့် လူတွေကို သူလိုအပ်မှ ရင်းရင်းနှီးနှီးနေတတ်သူပါ။ဒီသန့်ရှင်းရေးဝန်ထမ်း ၃ ယောက်က သူတို့ကုမ္ပဏီရဲ့ ရှယ်ယာရောင်းဝယ်တဲ့ ကိစ္စတွေကို အမှတ်မထင်ကြားခဲ့ကြပြီး၊ သူတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ အတွက် ...
8.0
TMDb: 8.0/10 1200 votes
tv

Cleaning Up (2022)

2022
Link: Eat, Love, Kill (2022) [Complete]
Link: Eat, Love, Kill (2022) [Complete] Link: Eat, Love, Kill (2022) ဇာတ်လမ်းအညွှန်း [အစ-အဆုံး] အပိုင်းသစ် - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ကြည့်လို့ရပါပြီ) အားလုံးစောင့်မျှော်နေကြတဲ့ True Beauty ထဲကအချောလေး အင်ဂျူဂယောင်းရယ် Hotel Del Luna ထဲကအချစ်တော်ကြီး ဂူချန်းဆောင်းတို့ရဲ့ Romance ကားသစ်လေးလာပါပြီ။လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) လောက်မှာ အွန်းဂယ်ဟွန်းရဲ့ အမြွှာ ညီမလေး တစ်ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အွန်းဂယ်ဟွန်းက အရွယ်ရောက်ပြီးသား စာဖိုမှူးတစ်ယောက်အဖြစ် ရှင်သန်နေပြီး ညီမဖြစ်သူ ပျောက်ဆုံးသွားတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ပါတယ်။တစ်ရက်မှာတော့ နိုဒါဟွန်းရဲ့ ခံစားချက်တွေ ပျော်ရွှင်မှု ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေက သူ့ခံစားချက်နဲ့ ချိတ်ဆက်မိသွားခဲ့ပါတယ်။နိုဒါဟွန်းလေးကတော့ ကံမကောင်းတဲ့သူဖြစ်ပြီး အထူးသဖြင့် အချစ်ရေးမှာ ကံမကောင်းတဲ့ကောင်မလေးဖြစ်တာကြောင့် စာဖိုမှူးအွန်းဂယ်နဲ့ ခံစားချက်ချင်း ချိတ်ဆက်မိပြီးနောက်ပိုင်း ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ရယ်စရာလေးတွေနဲ့အတူ ကြည့်ပြီးရင်ခုန်ရမယ့် ကားလေးမို့ Channel Myanmar ကနေ အပတ်စဉ် ...

Link: Eat, Love, Kill (2022) [Complete]

2022
Shoorveer (2022) Complete 7.5
Shoorveer (2022) Complete ဘောလိ၀ုဒ် စီးရီးချစ်သူပရိသတ်တွေအတွက် မင်းသား မင်းသမီး အချောလေးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ action drama စီးရီးကောင်းလေးလာပြီနော် .... ၂၀၂၂ ဇူလိုင်လ ၁၅ ရက်နေ့မှာ ထွက်ရှိထားပြီး imdb rate 6.8 ရရှိထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်း ကျောရိုးလေးကတော့ အကြမ်းဖက်သမားတွေရဲ့ ကျူးကျော်တိုက်ခိုက်ခြိမ်းခြောက်မှုဒဏ်ကို ခံနေရတဲ့ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ အဖွဲ့တစ်ခု စတင်ဖွဲ့စည်းတာကို အခြေပြုရိုက်ကူးထားတာပါ ။ အကြမ်းဖက်သမားတွေကြောင့် သေဆုံးနေရတဲ့ အသက်ကို ကာကွယ်ဖို့အတွက် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီက ပရောဂျက် HAWK ဟော့ခ် အမည်ဖြင့် အထူးကွန်မန်ဒိုတပ်ဖွဲ့တစ်ခုကို ကြည်းတပ် ရေတပ် လေတပ် အင်အားစုသုံးခုက ထိပ်တန်းအရာရှိတွေနဲ့ ဖွဲ့စည်းဖို့ ကြိုးစားခဲ့ပါတယ် ။ ဟော့ခ်ကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကတော့ အကြမ်းဖက်မှုတွေကို အချိန်နဲ့တပြေးညီ မကြန့်ကြာစေဘဲ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ပဲဖြစ်ပါတယ် အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ရွေးချယ်ခံရသူကတော့ အတိတ်က တပ်သားတွေကို ဆုံးရှုံးခဲ့ရတာကြောင့် ကိုယ့်ကိုကို အားမလိုအားမရဖြစ်ခဲ့တဲ့ ပင်စင်ယူခါနီး တပ်မှူး ရန်ဂျန် မာလစ်ပဲဖြစ်ပါတယ် ။ သူကိုယ်တိုင် ...
7.5
TMDb: 7.5/10 2 votes
tv

Shoorveer (2022) Complete

2022
Anne with an E (2017)Season 1+2+3 8.8
Anne with an E (2017)Season 1+2+3 Anne with an E Series (2017) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~နက်ဖလစ်ရဲ့အကောင်းဆုံး ရိတ်တင်အမြင့်ဆုံး စီးရီးတွေထဲကတစ်ခု။ ကြီးပြင်းလာတဲ့လူငယ်လေးတွေဘဝနဲ့ ရိုးရှင်းတဲ့ မေတ္တာတွေအကြောင်း ရိုက်ကူးထားတဲ့ စီးရီးတွေထဲက လူကြိုက်အများဆုံးတစ်ခု၊ ချန်နယ်မြန်မာ ပရိသတ်တွေ အတောင်းဆိုဆုံးထဲကတစ်ခုကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။ရွက်ကြမ်းရေကျိုအသွင်အပြင် ဆံပင်နီနီကြမ်းကြမ်း မှဲ့ခြောက်ထူထူနဲ့ ဆယ်ကျော်သက်အရွယ် မိဘမဲ့ကလေးမလေးက သာမန်လူကြီးတွေတောင် နားမလည်နိုင်တဲ့ စကားကြီးစကားကျယ်တွေ ပြောနေတဲ့အခါ ဆိုဆုံးမမခံခဲ့ရလို့ လူ့ဘောင်စည်းမျဉ်းတွေနဲ့ လွတ်ကင်းတဲ့အပြုအမူတွေက သူတစ်ပါးအမြင်မှာ မျက်စိစပါးမွှေးစူးစရာဖြစ်လာတဲ့အခါ နာမည်မှာ E တစ်လုံးပိုတဲ့ Anne တစ်ယောက် ဖတ်ထားဖူးတဲ့ ပုံပြင်ဇာတ်လမ်းတွေထဲစိတ်နှစ်ရင်း လောကဓံကို အံတုရပါတော့တယ်1908 ခုနှစ်ထုတ် Anne of Green Gables ဝတ္ထုကို မှီးပြီးပြန်ရိုက်ထားတဲ့ ဒီဒရာမာဇာတ်လမ်းတွဲကို CBC နဲ့ Netflix မှာ 2017 က စတင်ပြသခဲ့ပြီး Season ၃ ခု အပိုင်း ...
8.8
TMDb: 8.8/10 3872 votes
tv

Anne with an E (2017)Season 1+2+3

2017
Chloe (2022) 6.9
Chloe (2022) Chloe (2022)BBC Oneမှာ ပြသခဲ့ပြီး Amazon Primeမှာ streamingလုပ်ခဲ့တဲ့ ဗြိတိန် psycho: thrillerစီးရီးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်၊ အပိုင်း ၆ပိုင်းပါဝင်တဲ့ Miniseriesဖြစ်ပြီး IMDb 6.5, RTမှာ 94% ရထားပါတယ်။ အစအဆုံး ထွက်ရှိထားပြီး CMက​နေ ဆက်တိုက်ပဲ တင်ဆက်​ပေးသွားပါ့မယ်။လူတိုင်းမှာ စိတ်ထဲကအားကျရသူ၊ သ​ဘောကျရသူဆိုတာ ရှိစမြဲပါ။ ဘက်ကီဂရင်းအတွက် အဲဒီလူဟာ ကလိုဝီဖဲရ်ဘွန်းဆိုတဲ့ မိန်းက​လေး တစ်​ယောက်ပါ။ Instagramလိုမျိုး လူမှုကွန်ရက်​ပေါ်က ဘဝ​​တွေနဲ့ သူ့ရဲ့ လက်​တွေ့ဘဝကို ယှဉ်​တွေး​နေတတ်တဲ့ ဘက်ကီအဖို့ ကလိုဝီရဲ့ ဘဝဟာ လုံးဝပြီးပြည့်စုံ​နေခဲ့တာပါ။ဒါ​ပေမဲ့ တစ်​​ရက်မှာ​​ ကလိုဝီသတ်​သေသွား​ကြောင်း သတင်းတစ်ခုကို ဘက်ကီတစ်​ယောက် မထင်မှတ်ဘဲ ​တွေ့လိုက်ပါတယ်။ ထူးဆန်းတာ တစ်ခုက ကလိုဝီ ​သေ​ကြောင်းမကြံခင်ညက ဘက်ကီကို ဖုန်းဆက်ဖို့ ကြိုးစားခဲ့တာပါ။ သူအားကျတဲ့ မိန်းက​လေးက ​သတ်​သေသွား​တော့ ဘက်ကီဟာ ဒီတိုင်းမ​ကျေနပ်နိုင်ဘဲ ဆာရှာမိုင်းစ်ဆိုတဲ့နာမည်အတုနဲ့ ကလိုဝီရဲ့ လူကုံထံမိတ်​​ဆွေအသိုင်းအဝိုင်းကြား ဝင်​ရောရင်း ကလိုဝီ သတ်​သေသွားရတဲ့ အ​ကြောင်းရင်းအမှန်ကိုရှာ​ဖွေရင်း ထင်တာထက် ပိုနက်နဲတဲ့အ​​ဖြေ​တွေ ထွက်​​ပေါ်လာပါ​တော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... ...
6.9
TMDb: 6.9/10 14 votes
tv

Chloe (2022)

2022
Why Her?(2022)
Why Her?(2022) Why Her?(2022) ဇာတ်လမ်းတွဲ***************************အပိုင်း ( ၁ မှ ၁၆ ) အထိ စ/ဆုံးကိုရီးယားရဲ့အကြီးမားဆုံး Tk Group ဉပဒေရုံး ကြီ:ရှိတယ်... အူဆူဂျယ်ဆိုတဲ့အမျိုးသမီးဟာ မထင်မရှားကျောင်းလေးကနေ ဥပဒေဘွဲ့ရရှိပြီးနောက် အလုပ်သင်ရှေ့နေ့ အဖြစ် TK မှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်.... အမျိုးသမီးလည်းဖြစ်တယ် ... ကျောင်းကလည်းအထင်ကြီးစရာ မရှိ ပုံစံကလည်း ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ ပုံမဟုတ်တဲ့အတွက် စီနီယာတွေက ရုံးစာပို့အဆင့်လောက် သာဆက်ဆံကြတယ်...အစည်းအဝေးခန်းထဲက ခွေးလိုမောင်းထုတ် ပစ်တာတွေ...စားသောက်ပွဲတွေမှာ တစ်ယောက်တည်း ချန်ထားခဲ့တာတွေ... အခြားနိုင်လိုမင်းထက်များစွာနဲ့ ဆက်ဆံခံရတယ်.. .ဒီလို အနိုင်ကျင့်ခံရမှုတွေ ကြောင့်ပဲ အူဆူဂျယ်ဆိုတဲ့ မိန်းကလေးအပေါ် တစ်နေ့အမြင့်ဆုံးကို ငါရောက် ရမယ်ဆိုတဲ့ အားအင်တွေဖြစ်လာပုံရတယ်... ဒီစိတ်ကြောင့်ပဲ အချိန်ပြည့်အလုပ်ကို အာရုံစိုက်တဲ့အပြင် ထက်မြက်ပါးနပ်တဲ့ သူ့ဉာဏ်ရည်ကြောင့် တဖြည်းဖြည်းနဲ့ TKမှာ သူ့ အရှိန်အဝါဟာ ကြီ:မားလာတယ်.. ကုမ္ပဏီရဲ့ ငွေကြေးအများဆုံး ရှာပေးနိုင်တဲ့သူ ဖြစ်လာသလို အခြား အဖွဲ့အစည်းပေါင်းများစွာကလည်း ကမ်းလှမ်းခံလာရတယ်...ဒီလိုထိပ်ဆုံးကိုရောက်လာတဲ့ သူမဟာလည်း ငယ်ငယ်တုန်းက ထိုးနှက်ခံရတဲ့လူတွေကြောင့် လက်ရှိပတ်ဝန်းကျင်မှာလည်း လိုက်လျောညီထွေဖြစ်မနေဘူး.. ဒါ့ကြောင့်ပဲ ရန်သူတွေ မနာလိုတဲ့ သူတွေပတ်လည်ဝိုင်းနေသလို ဖြစ်နေတယ်...အဆိုးဆုံးက သူမှန်တက်ထင်ရင် အစိုးရပိုင်းက အကြီးအကဲတွေ တက်သမဖို့ အထိ အူဆူဂျယ်ဆိုတဲ့ အမျိုးသမီးဟာ လက်တွန့်မနေခဲ့ဘူး.... ဒီကားက ကားနာမည်အတိုင်း female lead ပေါ့..မင်းသမီးကြီး Seo Hyun Jin က အူဆူဂျယ်အဖြစ် သရုပ်ဆောင်ထားတယ်.. သူ့ဇာတ်လိုဖြစ်နေတဲ့အတွက်ကြောင့် လုပ်ကွက်တွေအများကြီး ရသလို မင်းသမီ:ကြီးက ...

Why Her?(2022)

2022
Doctor Lawyer (2022) Complete
Doctor Lawyer (2022) Complete ထိပ်သီးဆေးကျောင်းတွေကနေ ဘွဲ့ရခဲ့ပြီး ထိပ်တန်းဆေးရုံကြီးရဲ့ နာမည်ကြီးရင်ခေါင်းခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဟန်ရီဟန် (ဆိုဂျီဆပ်)၊ ခွဲစိတ်ပညာမှာ အင်မတန်ပါရမီထူးပြီး ထိလိုက်တိုင်း ​​​ရွှေဖြစ်ကာ လုပ်​ဖော်ကိုင်ဖက်​တွေကပါ နတ်ဘုရားအဖြစ် တင်စားခံရသူဟာ တစ်​နေ့မှာ​ သူ့ရဲ့ဆရာဝန်သက်တမ်းတ​လျောက် ဖြစ်​တောင့်ဖြစ်ခဲ နှလုံးအစားထိုး ခွဲစိတ်ကုသရင်း လူနာဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားသူဟာ တခြားမဟုတ်ဘဲ သူ့ရဲ့ချစ်သူ အစိုးရအမှုစစ် ဂွမ်​ဆော့ဂ​ယောင်း (အင်ဆူဟျန်း)ရဲ့ ​မောင်​လေး ဖြစ်​နေတာပါ။ ဒီဖြစ်ရပ်အတွက် ဟန်ရီဟန်ဟာ ​ဆမသိမ်းခံရကာ ​ဆေး​လောက ကို ​ခြေချခွင့်မရှိ​တော့သူ ဖြစ်သွားပါတယ်။ လူက​နေ​ပေမယ့် ပညာကမ​နေတဲ့ ဟန်ရီဟန်ဟာ ရှေ့နေအဖြစ်နဲ့ ပြန်ပေါ်လာ​ပေမယ့် ​ဆေး​သေတ္တာတစ်လုံးကို အချိန်ပြည့်​ဆောင် ထားပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့မှာ​ နာမည်​ကျော် ဘန်း​ဆော့ တက္ကသိုလ်​ဆေးရုံကြီးက ဆရာဝန်တစ်​ယောက်ရဲ့သမားဝတ္တရား ပျက်ကွက်မှု တရားခွင်မှာ မ​မျှော်လင့်ထားတဲ့ အ​ခြေအ​နေတစ်ခု ထဖြစ်ပြီး ဟန်ရီဟန်အ​နေနဲ့ အစွမ်းပြချိန် ရောက်လာခဲ့ပါတယ်။ မတတ်သာလို့ ​ရှေ့​နေဖြစ်​နေ​ပေမယ့် သူ့စိတ်ထဲမှာ​တော့ လိုင်စင် သိမ်းခံလိုက်ရတဲ့ ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး အခဲမ​ကြေဆဲပါ။ ဒီလိုနဲ့ပဲ သူ့အရည်အချင်းနဲ့ ယှဉ်လိုက်ရင် ဖြစ်ခဲလှတဲ့ ခွဲစိတ်ပြီး​ လူနာဆုံးပါးမှုဟာ သွေးရိုးသားရိုး​ရော ဟုတ်ရဲ့လားဆ်ိုတာ စုံစမ်း ​ဖော်ထုတ်ဖို့အတွက် ရှေ့​နေတဖြစ်လဲ ဆရာဝန်ကြီးအ​နေနဲ့ ချစ်သူ ဖြစ်တဲ့ အမှုစစ်မလေးနဲ့ ပူး​ပေါင်းခဲ့ပါတယ်။ ထိုအမှုအပြင် တခြား ဆေးပညာဆိုင်ရာမသမာမှုတွေနဲ့ ...

Doctor Lawyer (2022) Complete

2022
The Time Traveler’s Wife (2022) 8.4
The Time Traveler’s Wife (2022)   အရင်က တစ်ကားတည်းထွက်ဖူးတဲ့ အချိန်ခရီးသွားတဲ့သူတစ်ယောက်အကြောင်းလေးကိုဇာတ်လမ်းတွဲလေးနဲ့ထွက်ရှိလို့လာပါပြီအချစ်ဆိုတာက မရှိတော့တဲ့အချိန်မှာမှ ပိုပြီးတော့ အသည်းအသန်ချစ်မိကြတာကသဘာဝပါပဲကိုယ့်ရဲ့ချစ်သူက ခနနေတိုင်း ဖြတ်ခနဲ ဖြတ်ခနဲ့ ပျောက်ပျောက်သွားတတ်တဲ့အချိန်ခရီးသွားတဲ့သူတစ်ယောက်ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲအချိန်ခရီးသွားရပေမဲ့လည်း ဘာကိုမှပြင်ဆင်ခွင့်မရှိတဲ့ လူတစ်ယောက်အနေနဲ့ရောဒါက ဆုလာဘ်လား ပြစ်ဒဏ်လာဆိုတာကိုတောင် သေချာမသိနိုင်လောက်အောာင်ပါပဲလူတွေရဲ့ ဖြစ်တတ်တဲ့သဘောတွေ ဖြစ်မယ်ဆိုတာကိုသိသိကြီးနဲ့ တားလို့မရတဲ့နာကျင်မှုတွေလူမှန်းမသိခင်လောက်ကတည်းက တစ်ယောက်တည်းကိုပဲ စွဲစွဲလန်းလန်းစောင့်ခဲ့တဲ့ အချစ်စစ်တွေအကြောင်းကိုပေါ့ပေါ့ပါးပါးလေးနရယ်စရာလေးတွေရောပြီးတော့ တင်ဆက်ထားတာဖြစ်တဲ့အတွက်ရသပေါင်းစုံခံစားပြီး ကြည့်ဖို့ထိုက်တန်တဲ့ကားကောင်းလေးတစ်ကားပါပဲ File size…(554Mb) Quality….Webrip 720p/1080p Format…mp4 Duration….50 Min Episode...6 Epi Genre... Sci-fic/Drama/ Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldEpisode 1720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 2720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 3720p - VIP ...
8.4
TMDb: 8.4/10 40 votes
tv

The Time Traveler’s Wife (2022)

2022
EVE (2022)
EVE (2022) EVE (2022)ကိုရီးယားရဲ့နာမည်ကျော် ဝမ် ၂ ထရီလီယံ ကွာရှင်းမှုအကြောင်းကို အခြေတည်ထားတဲ့ ဒရာမာကားကောင်းကောင်းလေး လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ..... Lee Ra El ဆိုတဲ့အမျိုးသမီး လက်စားချေလိုစိတ် ပြင်းထန်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဘာလို့ လက်စားချေလိုစိတ် ကြီးရတာလဲဆိုတော့ ငယ်ငယ်တုန်းက အာဏာကြီးသူတွေရဲ့လက်ထဲ မတရားမှုနဲ့ သေဆုံးသွားခဲ့ရတဲ့ သူမရဲ့အဖေကြောင့်ပဲဖြစ်ပါတယ်။Lee Ra El ရဲ့အဖေ သေဆုံးသွားပြီးနောက်မှာတော့ သူတို့မိသားစုလေးဟာ ပျက်စီးသွားခဲ့ရပါတယ်။ တစ်ချိန်မှာတော့ သူမ လက်စားချေဖို့ အကြောင်းဖန်လာပါတော့တယ်။ လက်စားချေဖို့အတွက် သူမရဲ့ပစ်မှတ်ကတော့ LY Group ကို ဦးဆောင်နေတဲ့ Kang Yoon Gyeomပဲဖြစ်ပါတယ်။ Ra El က Seo Eun Pyung ရဲ့အကူအညီနဲ့ အစီအစဉ်ကိုအကောင်ထည်ဖော်ခဲ့ပါတယ်။ Seo Eun Pyung ကတော့ မိဘမဲ့ဂေဟာ‌‌မှာ ကြီးပြင်းခဲ့တဲ့သူဖြစ်ပြီး အမျိုးသားလွှတ်တော်ရဲ့ အသက်အငယ်ဆုံး အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အသက်ကတော့ Lee Ra El ဟာ Kang Yoon Gyeom နဲ့ကွာရှင်းဖို့အတွက် ဝမ်၂ထရီလီယံ တောင်းဆိုရာကနေ စပါတော့တယ်။ ဘာတွေ ...

EVE (2022)

2022
The Broken News (2022) 8
The Broken News (2022) The Broken News (2022)==================== အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်နေတဲ့ ဂျာနယ်လစ်လောက၊မီဒီယာလောကအကြောင်းရိုက်ကူးထားတဲ့ IMDb 7.6/10 ရ အိန္ဒိယစီးရီးကောင်းလေးပဲဖြစ်ပါတယ်။မွန်ဘိုင်းမြို့က “Awaaz Bharati” နဲ့ “Josh 24/7” အမည်ရ အပြိုင်သတင်းချန်နယ်နှစ်ခု ..ဂျာနယ်လစ်တွေရဲ့ကျင့်ဝတ်တွေ လိုက်နာရမယ့်ထုံးတမ်းတွေကိုလေးစားတဲ့သတင်းချန်နယ် နဲ့ ကိုယ့်သတင်းကြည့်ရှုနှုန်းများများရရင်ပြီးရော နစ်နာသူကိုလည်းမငဲ့ညာကြည့်ရှုသူကိုလည်းမလေးစားဘဲ လိုချင်တဲ့သတင်းကိုအကြပ်ကိုင်ဖန်တီးယူပြီး“အိန္ဒိယရဲ့ နံပါတ်တစ် သတင်းချန်နယ်” ဆိုတဲ့ဂုဏ်ပုဒ်ကိုပဲ မက်မောတဲ့ သတင်းချန်နယ် ..။ သတင်းချန်နယ်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမှုအခင်းအားလုံးနဲ့ဆက်နွယ်နေတဲ့ အရာတစ်ခုပါ။ ဒါတွေအားလုံးထဲမှာမှအမှန်တရားတွေလည်းရှိမယ် အလိမ်အညာတွေလည်းရှိမယ်ဖုံးကွယ်ထားတာတွေလည်းရှိလည်းရှိမယ်။ “The Broken News” မှာလည်း၂၀၁၇ခုနှစ်ရဲ့ လူ ၁၄ယောက်သေဆုံးခဲ့တဲ့ City Glitz Mall မီးလောင်မှုကမတော်တဆမှုလား ရှို့မီးလားဆိုတာ ဘယ်သူမှအဖြေမထုတ်နိုင်သေးတဲ့သတင်းတစ်ခုဖြစ်နေပါတယ်။ အဖြေမထုတ်နိုင်သေးသလိုလက်လည်းမလျှော့နိုင်တဲ့သူကတော့ “Awaaz Bharati”သတင်းချန်နယ်က ဂျာနယ်လစ် Radhika ပါ။ အဲဒီမီးလောင်မှုထဲမှာအခန်းဖော်ဖြစ်တဲ့ ဂျာနယ်လစ် Julia လည်းပါသွားခဲ့ပြီး Radhika ကတော့အခန်းဖော်ဖြစ်တဲ့ Julia ရဲ့ပစ္စည်းတွေကတဆင့် ...
8
TMDb: 8/10 1 votes
tv

The Broken News (2022)

2022
The Story of Xing Fu (2022)
The Story of Xing Fu (2022) The Story of Xing Fuတရုတ်ဇာတ်လမ်းတွဲတွေကိုမှ ချစ်မြတ်နိုးတဲ့CM ပရိသတ်တွေအတွက် CM ကနေပြီးတော့The Story of Xing Fu ဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်ကားထဲမှာအဓိကဇာတ်ကောင်မင်းသမီးအဖြစ်Zhao Li Ying, မင်းသားအဖြစ် Tang Zeng တိုကပါဝင်သရုပ်ဆောင်ထားကြောင့်ဒီဇာတ်လမ်းတွဲလေးကတော့ကောင်းမှာအသေအချာပါဘဲနော်။ဇာတ်လမ်းအကျဉ်းကတော့လူ့ဘဝမှာအတက်အကျတွေကြောင့် ခါးသီးမှု၊ချိုမြိန်မှုတွေဖြစ်ပေါ်လာတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့နဲ့ရင်ဆိုင်ကျော်ဖြတ်သွားရင် နောက်ဆုံးမှာပျော်ရွှင်မှုဆိုတဲ့အရာကိုရရှိလာမှာမဟုတ်လား။ He Xing Fu (Zhao Li Ying) ကWang Qing Lai ဆိုတဲ့ရိုးသားဖြောင့်မတ်တဲ့လူနဲ့လက်ထပ်ပွဲနေ့မှာ ညီမဖြစ်သူ He Xing Yun တစ်ယောက်Wan Chuan Jia ဆီကနေစော်ကားခံခဲ့ရတယ်။Wan Chuan Jia ကတော့ရွာလူကြီးဖြစ်တဲ့Wan Shan Tang ရဲ့သားဖြစ်တယ်။အဲ့အချိန်မှာရဲရင့်တဲ့ He Xing Fu တစ်ယောက်Wan Chuan Jia ကိုဒဏ်ရာရအောင်ရိုက်မိခဲ့တယ်။ဒီလိုနဲ့ပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်ရင်းတစ်နေ့မှာကျန်းမာရေးထုတ်ကုန်စက်ရုံဆောက်လုပ်ဖိုအတွက်He Xing Fu ရဲ့ယောက္ခမမြေနေရာကိုသိမ်းယူမယ့်ပြဿနာပေါ်လာပါတော့တယ်။He Xing Fu ...

The Story of Xing Fu (2022)

2022
A Love Never Lost (2022)
A Love Never Lost (2022) A Love Never LostCM ချစ်ပရိသတ်ကြီးတိုအတွက်တရုတ်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့A Love Never Lost ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားတွေကတော့Go Go Squid ဇာတ်ကားထဲမှ Han Shang Yan အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Li Xian အပြင် Wei Da Xun, Zhou You နဲ့မင်းသမီး Chun Xia တိုကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ကျူးကျော်စစ်ပွဲတွေဖြစ်နေတဲ့ကာလမှာတရုတ်ပြည်ကြီးတစ်ခုလုံးသွေးချောင်းစီးနေပြီးရရာလက်နက်ကိုင်စွဲတော်လှန်နေကြတာပေါ့။မျိုးရိုးမြင့်ကနေပေါက်ဖွားလာတဲ့ Liang Xiang (Li Xian),ကူမင်တန်ပါတီ Yang Kai Zhi ( Wei Da Xun),BeiYang Wu Wei တပ် Li Ren Jun တိုကဂျပန်စစ်သင်တန်းကျောင်းမှာပညာသွားရောက်သင်ယူတဲ့အစောဆုံးတရုတ်ပြည်လူငယ်တွေဖြစ်လာခဲ့တယ်။သူတိုနဲ့တော်လှန်ရေးသမား Yu Tian Bai,မင်္ဂလာပွဲကနေထွက်ပြေးလာတဲ့ Qiu Hong (Chun Xia) တိုနဲ့တွေ့ဆုံခဲ့တယ်။အဲ့အချိန်ကနေစပြီးလူငယ်ငါးယောက်တိုကခက်ခဲကြမ်းတမ်းမှုတွေကိုကျော်ဖြတ်ခဲ့ကြရင်းသူတိုအိပ်မက်ဖြစ်တဲ့အမိနိုင်ငံကိုကယ်တင်ဖိုပြန်လာခဲ့ကြတာပေါ့။ဒီလိုတော်လှန်ရေးစစ်ပွဲကာလမှာသစ္စာရှိပြီးရဲဝံ့တဲ့လူငယ်ငါးယောက်တိုဒီသွေးကြောင်းစီးနေတဲ့လမ်းပေါ်မှာလျှောက်လှမ်းနေရတဲ့အချိန်ဘယ်လိုတွေဆက်ဖြစ်လာမလဲ။ဘယ်လိုအခက်အခဲတွေရင်ဆိုင်လာရမလဲစတဲ့စိတ်လှုပ်ရှားစရာတွေကိုဒီဇာတ်ကားလေးကနေဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့်ဇာတ်ကားမထွက်ခင်တည်းကဆုရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပြီးဇာတ်ကားထဲမှာပါဝင်တဲ့သမိုင်းကြောင်း,ဝတ်စားပုံတွေကအစအသေးစိတ်ကျအောင်ရိုက်ကူးထားတာကြောင့်ဒီဇာတ်လမ်းတွဲလေးကို လက်မလွတ်တမ်းစောင့်မျှော်ကြည့်ရူလိုက်ရအောင် ~(အညွှန်းရေးသားသူကတော့ Ann Chi ဖြစ်ပါတယ်) Quality : ...

A Love Never Lost (2022)

Resident Evil (2022) Complete 9.3
Resident Evil (2022) Complete နက်ဖလစ်ရဲ့ ရက်စီးဒန့်အီဗယ်စီးရီးအသစ်ထွက်လာပါပြီ။ ဇာတ်လမ်းရော ရိုက်ချက်တွေရော သရုပ်ဆောင်တွေရော အတော်ကိုကောင်းပါတယ်ဇာတ်လမ်းကလည်း အသစ်အဆန်းနည်းနည်းဖြစ်တော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ အားလုံးသိတဲ့အတိုင်းပါပဲ... အမ်ဘရဲလား ကုမ္ပဏီရဲ့ ဆေးဝါးစမ်းသပ်မှုတွေကြောင့် ဇွန်ဘီးတွေဖြစ်လာပြီး ကမ္ဘာတစ်ခုလုံး အဆုံးသတ်သွားခဲ့ပါတယ်။ အသက်ရှင်ကျန်တဲ့လူ သန်း ၃၀၀ လောက်ပဲရှိပြီး ဇွန်ဘီး သန်း ၆၀၀၀ လောက်ဖြစ်နေပါပြီ။ အမ်ဘရဲလားကတော့ ကမ္ဘာကြီးကို လက်ဝါးကြီးအုပ်ပြီးစိုးမိုးနေဆဲပါပဲ။ လူတွေကလည်း ကမ္ဘာအနှံ့မှာ ကိုယ့်အဖွဲ့လိုက် ရှင်သန်ဖို့ကြိုးစားနေကြပါတယ်။ အဲဒီကြားထဲမှာမှ ထူးခြားတဲ့ နောက်ခံဇာတ်လမ်းတွေနဲ့ အမ်ဘရဲလား အလိုရှိနေတဲ့လူတွေ၊ တိုက်ခိုက်ရေးသမားတွေ ပါလာတဲ့အခါ....  File Size – 421MBQuality – 720p NF WEB RIPDuration –55 minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Sci-Fi & FantasTranslator – Mr,Anderson & JimX , Yoon Sandi , ThiHa & Sett ...
9.3
TMDb: 9.3/10 7 votes
tv

Resident Evil (2022) Complete

2022
To My Star 2: Our Untold Stories (2022)
To My Star 2: Our Untold Stories (2022) To my star 2 : Our Untold Stories (2022)ကိုယ့်ဘဝထဲကို ဝင်ရောက်လာပြီးသားဆိုရင်တော့ ကိုယ့်ပိုင်ဆိုင်မှုကို အဆုံးရှုံးမခံချင်ကြတာ သဘာဝပါပဲ ။ အဲ့ဒီပိုင်ဆိုင်မှုဟာ လူပဲဖြစ်ဖြစ် အရာဝတ္ထုပဲ ဖြစ်ဖြစ်ပေါ့ ။တကယ်လို့များ ကိုယ်အမြတ်တနိုးနဲ့ ခူးဆွတ်ချူထားရတဲ့ အဖိုးတန်ကြယ်ပွင့်လေးဟာ ကိုယ့်ဘဝထဲကနေ ဘာအကြောင်းပြချက်ရယ်လို့မှ မရှိဘဲ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင် ဘယ်လိုလူသားကများ ပျော်ရွှင်နိုင်ပါ့မလဲ ။ကောင်းကင်ကကြယ်လေးတမျှ အလှမ်းဝေးကွာလွန်းတဲ့ ဟန်ဂျီဝူးဆိုတဲ့လူသားလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင် ဂန်ဆောဂျွန်း ။ဒါပေမဲ့ အကြောင်းပြချက်ရယ်လို့တောင် မရှိဘဲ ရုတ်တရက် လမ်းခွဲခံလိုက်ရတဲ့အခါ ဂန်ဆောဂျွန်းရဲ့ဘဝမှာ ဘာတွေပြောင်းလဲသွားမလဲ? ဟန်ဂျီဝူးက‌ရော ဘယ်လိုအကြောင်းတွေ ရှိနေလို့များ လမ်းခွဲလိုက်ရတာလဲ?“တစ်လအကြာမှာတော့ မင်း ပြန်လာလောက်မယ်လို့ထင်ခဲ့တယ် ။ နှစ်လအကြာမှာတော့ မင်းတစ်ခုခုဖြစ်နေတာလားလို့ စိတ်ပူခဲ့တယ် ။ တစ်နှစ်အကြာမှာတော့.... ”ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော် ။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ဘာသာပြန်တွေကတော့ Hmwe Thet Winn နဲ့ Moe Pwint Phyu ...

To My Star 2: Our Untold Stories (2022)

2022