Channel Myanmar

Drama

Black Summer (2019) 5.7
Black Summer (2019) Black Summer (2019  Season 1 ဇာတ်လမ်းအကျဉ်းဒီကားမှာတော့ စစခြင်း ဘာဖြစ်တာမှန်း မသိအောင် ရိုက်ထားပါတယ်။ရောဂါလား ရေဒီရို ဓါတ်သင့်တာလား Government project လားဝေခွဲ လို့မရအောင် အစပျိုးထားပါတယ်။မြို့သေးသေးလေးမှာ မို့ Zombie တွေကို အပြွတ်လိုက်မမြင်ရပေမဲ့တွေ့ဖူးသမျှ Zombie တွေထဲမှာ ဉာဏ်တော်တော်ရှိပြီး အားသန်တာတွေ ပါပါတယ်။ပထမဆုံး ဇာတ်ကောင် Rose ရဲ့ အကြောင်းကို Rose ဆိုပြီး ကဏ္ဍ ခွဲပြီးရှင်းပြတာကိုထူးဆန်းစွာတွေ့ရမှာပါသူ့သမီးရယ် သူ့ယောကျာ်းရယ်နဲ့ အန္တရာယ် ကင်းတဲ့နေရာ ကို ထွက်ပြေးမဲ့ အချိန်မှာမထင်မှတ်တဲ့ ကိစ္စကြောင့် သူ့သမီးလေးနဲ့သူ ကွဲရသလိုသူ့ယောကျာ်းလဲ Zombie ဖြစ်သွားခဲ့တယ်။zombie တွေဟာ တကောင်နဲ့တကောင် ကိုက်တာက မဟုတ်ပဲသေဆုံးရင်လဲ Zombie ဖြစ်တာကို ကြည့်ခြင်းအားဖြင့်ရေဒီယို ဓါတ်သင့်တာ ဖြစ်နိုင်တယ်လို့ပိုထင်ပါတယ်။ဇာတ်ကားထဲမှာ “black clouds” လို့ပဲ ညွှန်းထားတာကြောင့်ဘာဖြစ်မှန်းတော့မပါခဲ့ပါဘူး ။ဇာတ်လမ်း ဇာတ်ညွှန်း ...
5.7
TMDb: 5.7/10 43 votes
tv

Black Summer (2019)

2019
P.S I Hate You (2022) 8.1
P.S I Hate You (2022) ဖရယ် အဖြစ် Pearwah မင် အဖြစ် Jan ployshompoo ဝမ်ဝမ် အဖြစ် Pat Chayanit မေ အဖြစ် Fah Yongwaree စရတ် အဖြစ် Aye Sarunchana ဖစ် အဖြစ် Lee Thanat ဖူ အဖြစ် Papang Phromphiriyaဇာတ်လမ်းအကျဉ်းလူတွေ မေ့နေကြတဲ့ စကားတစ်ခွန်းရှိတယ် “သစ္စာဖောက်ခြင်း” တဲ့ ဒီစကားဟာ ရန်သူတွေဆီက ဖြစ်လာတာမဟုတ်ပါဘူး…ဖရယ် ၊မင် ၊ ဝမ်ဝမ်၊ မေ နဲ့ စရတ်တိုက ကျောင်းကတည်းက အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်ဖရယ့် မင်္ဂလာပွဲမှာ ကျန်လေးယောက်က သတိုသမီးအရံလုပ်ပေးရင်း ပျော်ရွှင်နေခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာခဲ့တယ်အဲဒီဖြစ်ရပ်ကတော့ မင်္ဂလာစုံတွဲရဲ့ ကြည်နူးဖွယ်ဗီဒီယိုကို ပိတ်ကားထက်မှာ ပြရမယ့်အစား ဖရယ့်ရဲ့ HD ကို ပြလိုက်မိတာပါပဲဗီဒီယိုက သူတို၅ဦးဆီမှာသာရှိခဲ့ပြီး သက်သေတွေအရ “မင်” လုပ်တယ်လို ညွှန်ပြလာတဲ့အခါ အရှက်ရရတဲ့ ဖရယ်လည်း သတ်သေသွားခဲ့ပါတယ်ဖရယ်ဆုံးပါးပြီးနောက် သူငယ်ချင်းအဖွဲလည်း လျှိဝှက်ချက်တွေ ...
8.1
TMDb: 8.1/10 votes
tv

P.S I Hate You (2022)

2022
Erkenci Kus (2018) Daydreamer 8.0
Erkenci Kus (2018) Daydreamer Erkenci Kuş (Early Bird) (Daydreamer)CM Drama Romance ပရိသတ်တွေအတွက် ကမ္ဘာ​ကျော်သွားခဲ့တဲ့ တူရကီ အချစ်ရိုမန့်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်​ပေးပါရ​စေ....မင်းသားချော Can Yaman နဲ့ မင်းသမီးချော Demet Ozdemir တို့ပါဝင်ထားတဲ့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Erkenci Kuş ဆိုတဲ့ စီးရီးလေးပါ။IMDb Rating (7.3) ထိ ရရှိခဲ့ပြီး ကမ္ဘာတစ်လွှားက မိန်းကလေး ပရိသတ်များအကြား ဝက်ဝက်ကွဲအောင်မြင်ခဲ့တာပါ။ Best Romantic Comedy TV series ဆုကိုလဲ ရရှိခဲ့ပါတယ်...Can Yaman နဲ့  Demet Ozdemir တို့ကို အလွန်လိုက်ဖက်တဲ့ တူရကီစုံတွဲသရုပ်ဆောင်အဖြစ် သတ်မှတ်ကြတဲ့အထိ ဒီစီးရီးမှာ သူတို့နှစ်ယောက်က အသက်ဝင်ခဲ့ကြပါတယ်။တကယ်လဲ သူတို့နှစ်ယောက်ရဲ့ အရိုခန်းတွေက ကြည့်ရှုသူတွေကိုပါ ကြည်နူးပြုံးပျော်လာစေတာမျိုးပါ။ဒီစီးရီးက ဇာတ်လမ်းဇာတ်ကွက်တွေကြောင့် နာမည်ကြီးတာမျိုးမဟုတ်ဘဲ ချစ်ခြင်းမေတ္တာအကြောင်းကို ရှုထောင့်မျိုးစုံက တင်ဆက်နိုင်တာကြောင့် ရင်မှာစွဲငြိကြတာမျိုးဖြစ်ပါတယ်။ ...
8.0
TMDb: 8.0/10 39 votes
tv

Erkenci Kus (2018) Daydreamer

2018
Feels Like Ishq (2021) Complete 4.667
Feels Like Ishq (2021) Complete Drama, Romance, Comedy IMDb - 6.4/ 10ဒီတစ်ခေါက်မှာတော့ Channel Myanmar ကနေပြီးတော့ Netflix က ထုတ်လွှင့်ထားတဲ့ စီးရီးလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ဒီစီးရီးလေးကတော့ ဇာတ်လမ်းသွားတစ်ခုတည်း မဟုတ်ဘဲ တစ်ပိုင်းကို ဇာတ်လမ်းတစ်ခုချင်းစီပဲ ဖြစ်ပါတယ်လူငယ်တွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းနဲ့ ဖြတ်သန်းရတဲ့ဘဝတွေကို ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပြီးဒီကားလေးကိုကြည့်ပြီး ဘယ်သူမဆို ကိုယ်ကိုယ်တိုင်မဟုတ်တောင် ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ကြုံရဆုံရတဲ့ လူငယ်ဘဝ ဇာတ်လမ်းအဖုံဖုံကို ပြန်လည် မြင်ယောင်လာမိမှာပါအရွယ်ရောက်လာတဲ့ဘဝမှာ ကြုံတွေ့ရတဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု ရင့်ကျက်မှု မရင့်ကျက်မှုတွေကို မီးမောင်းထိုးပြပေးထားတာဖြစ်ပြီးဟာသ ဒရမ်မာနဲ့ အချစ်မေတ္တာတို့ ရောစပ်ထားတဲ့ ဟောဒီ့စီးရီးလေကို အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ်ရှင်File Size – 500MB / 250MBQuality – 1080p NF WEB DL / 720pDuration – 29minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy , DramaTranslator – ...
4.667
TMDb: 4.667/10 3 votes
tv

Feels Like Ishq (2021) Complete

2021
Devil in Ohio (2022) 6.625
Devil in Ohio (2022) Devil in Ohio (2022)Suspense Thriller ဖြစ်ပြီး Ohio က မိစ္ဆာဒိဋ္ဌိအဖွဲ့တစ်ခုကနေ လွတ်မြောက်လာတဲ့မိန်းကလေးအကြောင်းဖြစ်ပါတယ်။ ဒီ Devil in Ohio ကိုရေးခဲ့တဲ့စာရေးဆရာမက ဒီဇာတ်လမ်းကစိတ်ကူးယဥ်ဖြစ်ပေမယ့် ဇာတ်လမ်းကျောရိုးကတော့ အိုဟိုင်းရိုးက တကယ့်မိစ္ဆာဒိဋ္ဌိအဖွဲ့ပေါ်အခြေခံထားတယ်ဆိုတာကြောင့် ပရိသတ်အတော်များများစိတ်ဝင်စားနေတဲ့ series ပါ။ ဒီလွတ်မြောက်လာတဲ့မိန်းကလေးက ဆေးရုံရောက်လာတော့ ကျောမှာငါးထောင့်ကြယ်စက်ဝိုင်းကြီးကိုထွင်းခံထားရပြီး စိတ်ဒဏ်ရာလဲအတော်ရထားပုံပါပဲ။ ဘာမှလဲမေးမြန်းလို့မရပါဘူး။ ဆေးရုံက စိတ်ရောဂါအထူးကုဒေါက်တာမက်သစ်က ဒီမိန်းကလေးကိုမြင်တော့ သူ့သမီးလေးအရွယ်မို့ တော်တော်သနားပြီးသံယောဇဥ်ဖြစ်သွားပါတယ်။ သုံးလေးရက်ကြာတော့ အခြေအနေအရ ဒေါက်တာမက်သစ်ကကောင်မလေးကို သူ့အိမ်ခေါ်သွားခဲ့ပါတယ်။ ကောင်မလေးကြောင့် ဒေါက်တာတို့မိသားစုထဲမှာအပြောင်းအလဲတွေဖြစ်လာတဲ့အခါ၊ ကောင်မလေးရဲ့အတိတ်တွေ ပစ္စုပ္ပန်ထိလိုက်လာတဲ့အခါဘာတွေဆက်ဖြစ်မလဲ။Cult series တစ်ခုဖြစ်ပေမယ့် တစ်ချိန်လုံးသည်းထိတ်ရင်ဖိုဖြစ်နေရမှာမျိုးမဟုတ်ဘဲ Teen drama လေးတွေနဲ့ပါထူးထူးခြားခြားတွဲဖက်ထားလို့ ကြည့်ရမလားကျော်ရမလားဆိုရင်တော့ ကြည့်သင့်တဲ့series တစ်ခုလို့ညွှန်းပေးလိုက်ပါတယ်။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Moh Moh, Zaw Myo Thu, K.Hein တို့ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama, Mystery Quality…. 1080p | 720p File size…600MB | 300MB Format… mp4 Duration….40min Episodes.....8 Episodes Subtitle…. Myanmar Subtitle ...
6.625
TMDb: 6.625/10 56 votes
tv

Devil in Ohio (2022)

2022
Aye, Khoi Huk Jao (2022) [Complete]
Aye, Khoi Huk Jao (2022) [Complete] Aye, Khoi Huk Jao (2022)[အစ-အဆုံး]အပိုင်းအားလုံး HD Quality နဲ့ ကြည့်လို့ရပါပြီအပိုင်းသစ် - ၃၀ (ဇာတ်သိမ်းပိုင်း)ဖူဓနိုင်လို့ခေါ်တဲ့ ဘန်ကောက်မြိုသားလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက ငွေကြေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် စိတ်ဓာတ်ကျနေရှာတယ်။ အကြွေးမဆပ်နိုင်တာကြောင့် အိမ်နဲ့ အခြားသော ပိုင်ဆိုင်မှုတွေကိုလည်း ဘဏ်က သိမ်းသွားတာမို့ နောက်ဆုံးမှာတော့ သူတို့ဆွေမျိုးတွေ ရှိတဲ့ ထေဖ်စုရင်ရွာလေးကို ပြောင်းလာခဲ့ရပါတယ်။ မြို့သားဖြစ်တာကြောင့် ရွာရဲ့ဓလေ့တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့တော့ အတော်လေး ကြိုးစားရရှာတယ်။ရွာမှာ အခြေချမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ဆေးဆိုင်လေး ဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုဖို့ ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက ရွာသားတွေက ခေတ်မီဆေးဝါးတွေထက် တိုင်းရင်းဆေးတွေကိုသာ ယုံယုံကြည်ကြည် မှီဝဲသုံးစွဲကြတာပါ။ရွာမှာနေရင်း ချတ်တဝမ်လို့ ခေါ်တဲ့ နောက်နောက်ပြောင်ပြောင်နေတတ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ ဖူဓနိုင်တစ်ယောက် ချတ်တဝမ်အပေါ် မေတ္တာရှိလာတဲ့အခါမှာတော့ ပြဿနာ စတတ်ပါတော့တယ်။ ပက်ကျိုးဆိုတဲ့ ရွာခံကောင်လေးတစ်ယောက်ကလည်း ဖူဓနိုင်ကို ...

Aye, Khoi Huk Jao (2022) [Complete]

2022
Salon De Nabi (2022)
Salon De Nabi (2022) Salon De Nabi (2022)မှုခင်းဇာတ်လမ်းတွေ အချစ်ဇာတ်လမ်းတွေပဲ ကြည့်နေရတာ ရိုးနေပြီလား ဒါဆိုရင်တော့ Idols တွေ အများကြီး ပါဝင်ထားပြီး တမူထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ Salon De Nabi ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်K-Drama လောကမှာ သိပ်ပြီးမြင်တွေ့နေကြမဟုတ်တဲ့ အလှပြင်ဆိုင်လောကအကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတဲ့ ဒီဇာတ်ကားလေးမှာတော့ လုပ်ငန်းခွင်ဘဝအခြေအနေကိုလိုက်ပြီး မျက်နှာနှစ်ဖက်နဲ့ နေနေရတဲ့သူတွေရဲ့ ဘဝအကြောင်းကို တစေ့တစောင်း ရိုက်ကူးပြထားပါတယ်သူများနဲ့မတူဘဲ ထူးခြားနေတဲ့ Gi-Ppeum ဆိုတဲ့ ကောင်မလေးဟာ နာဘီအလှပြင်ဆိုင်မှာ သူ့ရဲ့လုပ်ငန်းခွင်ဘဝကို စတင်လိုက်ရချိန်မှာတော့ တစ်သက်လုံး ခေါက်ရိုးကျိုးလာခဲ့တဲ့ သူ့ရဲ့အကျင့်တွေကို ပြင်ဖို့ကြိုးစားရပါတော့တယ်Customers တွေနဲ့ ပြောဆိုဆက်ဆံရတဲ့ အလှပြင်ဆိုင်အလုပ်မှာ Gi-Ppeum မလုပ်နိုင်တာက Customers တွေနဲ့ပြောဆိုရတာပဲဖြစ်နေတဲ့အခါ ဒီပြဿနာကို သူဘယ်လိုဖြေရှင်းမလဲဆိုတာ အခွီလေးနှောပြီး စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပါမင်းသမီး Kim Hyang-Gi နဲ့ မင်းသား Choi Daniel တို့က အဓိကပါဝင်ထားပြီး EXO's Xiumin နဲ့ MonstaX's HyungWon အပါအဝင် တခြား Idols ...

Salon De Nabi (2022)

2022
Fate: The Winx Saga – Season (02) 8.34
Fate: The Winx Saga – Season (02) Fate: The Winx Saga - Season(02)========================IMDb Rating - 6.9/10ဒီစီးရီးဟာ ယခုလို Live Action စီရီးအနေနဲ့မထွက်ခင် Animated series အနေနဲ့ ၂၀၀၄ ခုနှစ်တည်းက စတင်ထွက်ရှိလာခဲ့ပြီး၊ အောင်မြင်ခဲ့တဲ့ မှော်စီးရီး တစ်ခုလည်းဖြစ်ပါတယ်။ Live Action ဟာ Animated ထက် ပိုကောင်းသွားတဲ့ စီးရီးကိုပြပါဆို ဒီစီးရီးဟာ ထိပ်ဆုံးကနေ ဦးဆောင်မယ့်စီးရီးတစ်ခုလို့ဆိုရပါလိမ့်မယ်။ မှော်ဇာတ်လမ်းအများစုဟာ ဇာတ်လမ်းဇာတ်ကွက်ချာ၊ CGI effect ကညံ့၊ သရုပ်ဆောင်တွေက သုံးစားမရလို့ ကြည့်မကောင်းတာတွေက ‌အတော်များတတ်ပေမဲ့ ဒီစီးရီးမှာတော့ ထိုအရာတွေအကုန်လုံးတစ်ခုမှ ပြောစရာမလိုဘဲ အလွန်ကောင်းတယ်ဆိုတာ Season 1 ကြည့်ဖူးသူတိုင်း သိကြမယ်လည်းထင်ပါတယ်။  ပရိသတ်တွေ အရမ်းသဘော ကျလွန်းလို့ Rating ခပ်များများပေးထားတာခံရတဲ့ စီးရီးလေးလည်းဖြစ်တာမို့ ဘယ် လောက်ကြည့်ထိုက်လဲဆိုတာ သိပ်ပြောပြဖို့လိုနေမယ်မထင်တော့ပါဘူး။ယခုမှစကြည့်ချင်သူတွေ‌အနေနဲ့ကတော့ Season 1 ကိုစကြည့်ရမှာဖြစ်ပြီး မှော်ကား ကြိုက်သူတစ်ယောက်အတွက် အလွန်နှစ်ခြိုက်စရာကောင်းအောင် ကြိုအသိပေးထား ပါရစေ။ ယခု Season 2 ကိုတော့ Season ...
8.34
TMDb: 8.34/10 42000 votes
tv

Fate: The Winx Saga – Season (02)

2022
Fate: The Winx Saga – Season (01) 9.2
Fate: The Winx Saga – Season (01) Fate: The Winx Saga (2021) ======================= IMDb Rating - 6.8/10Netflix ကအသစ်လွှင့်တဲ့ Fate: The Winx Saga Series ဖြစ်ပါတယ်။ Alfea ဆိုတဲ့ သာမာန်လူတွေမသိတဲ့ ‌တစ်ခြားကမ္ဘာကမှော်နယ်မြေတစ်ခုမှာ နတ်သမီး (fairy)ကျောင်းတစ်ခုမှာ ရှိပြီး (fairy)မျိုးဆက်တွေကို ပညာသင် ကြားပေးပါတယ်။ ကျောင်းကြီးဟာ ပညာသင်ပေးရုံသာမက လောင်းကျွမ်း သားရဲကောင်အန္တရာယ်ကနေကာကွယ်ဖို့ အကာကွယ်ကြီးအုပ်ကာထားတဲ့ ခံတပ်ကြီးတစ်ခုလဲဖြစ်ပါတယ်။ဘလွန်းရဲ့ မိဘတွေကသာမာန်လူတွေဖြစ်လျှက် သူမမှာနတ်သမီးအစွမ်းရှိနေ တာသိခဲ့ပြီး မထိန်းချုပ်နိုင်ဘဲ ဒုက္ခရောက်ခဲ့ရာကစလို့ အစွမ်းကိုထိန်းချုပ်နိုင်ဖို့ ကျောင်းလာတက်ပါတယ်။ လူတွေနဲ့အနေဝေးပြီး သီးသန့်နေတတ်တဲ့ ဘလွန်းဟာ သူနဲ့အဆောင်တူ မိန်းကလေး ၄ ယောက်နဲ့အတူ ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲ အဖြစ်မျိုးစုံကြုံရင်း သာမာန်မိဘကနေ ဘာကြောင့် နတ်သမီးအစွမ်းတွေရနေတာလဲ၊ လောင်ကျွမ်း သားရဲကြီးက ကောဘာကြောင့်ရောက်နေတာလဲ ဘယ်လိုအန္တရာယ် ဆိုးတွေကြုံရမလဲ။ သူတို့အစွမ်းတွေနဲ့တိုက်ဖျက်ဖြေရှင်းနိုင်ကြမှာလားဆိုတာ တို့ကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ဇတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဖန်တီးသူကလဲ  the-vampire- diaries ရဲ့ စာရေးဆရာဖြစ်တဲ့ Brian Young ဖြစ်ပါတယ်။ Virtual Effect တွေလဲ အတော်လေးကောင်းတဲ့အတွက် Magic ဖန်တွေ ကြည့်သင့်တဲ့  Fantasy ...
9.2
TMDb: 9.2/10 17 votes
tv

Fate: The Winx Saga – Season (01)

2021
Husband in Disguise (2022) [Complete]
Husband in Disguise (2022) [Complete] Husband in Disguise (2022) [အစ-အဆုံး] Samee Ngoen Phon "အယောင်ဆောင် သတို့သား" --------------------------------------အပိုင်း - ၂၄ (ဇာတ်သိမ်းပိုင်း)ယခုတစ်ခါ CM Thai Team မှတင်ဆက်ပေးမယ့်ဇာတ်ကားကတော့2016တုန်းက Ch 3 Thailand ပြသခဲ့သော Jamesma နဲ့ Kimberley ဇာတ်ကားကိုRemake ပြန်ရိုက်ကူးထားပါတယ်❤️ Main Casts: ဆတဝပ် "ဝပ်" အဖြစ် Mai Warit အနွတ်စယာ "နွတ်" အဖြစ် Kwan Usamaneeဇာတ်လမ်းအကျဥ်း"နွတ်" ဟာ ချမ်းသာတဲ့မျိုးရိုးကဆင်းသက်လာတဲ့ထက်မြက်တဲ့မိန်းမသားတစ်ယောက်ဖြစ်ပြီး အရာရာကိုငွေနဲ့ ကိစ္စရှင်းပြီး အခွင့်အရေးယူတဲ့လူကို မုန်းတဲ့လူ တစ်ယောက်ပါ"ဝပ်" ဟာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သာမန်လူလတ်တန်းစားတစ်ယောက် ဆိုပေမယ့်ရိုးသားကြိုးစားပြီး ကျွန်းပေါ်မှာ အခမဲ့ဆေးခန်းဖွင့်ထားပါတယ် အမေဖြစ်သူက လောင်းကစားမက်တဲ့အတွက်ကြောင့် မထင်မှတ်ပဲ "နွတ်" အဒေါ်ဆီမှာ အကြွေးတင်သွားပါတယ်"နွတ်" အကြွေးအကြောင်းသိသွားပြီး အကြွေးကိုပြန်တောင်းခိုင်းပေမယ့် ချက်ချင်းအကြွေးမဆပ်နိုင်တဲ့ "ဝပ်" အမေက "နွတ်"အဒေါ်နဲ့ပူးပေါင်းပြီး "ဝပ်"နဲ့ "နွတ်"တို့ကို လက်ထပ်ဖို့ စီစဥ်တဲ့အခါမှာတော့ ဘယ်လိုဆက်ဖြစ်မလဲ...?ဦးလေးဖြစ်သူက ကိုယ့်အပေါ်မေတ္တာမျှနေတာသိလိုက်ရသော "နွတ်" တစ်ယောက် ဦးလေးဖြစ်သူကိုမျှော်လင့်ချက်မပေးချင်လို့ ...

Husband in Disguise (2022) [Complete]

The Good Detective S02 (2022)
The Good Detective S02 (2022) အရင် Season 1 ကြည့်ဖူးတဲ့လူတွေအတွက်ကတော့အထူးတလည်ပြောစရာမလိုတော့ပါဘူးဒီ Season 2 မှာလည်းအကြမ်းဖက်နှိမ်နှင်းရေးအဖွဲနှစ်ကနေဘယ်လိုအမှုတွေဖြေရှင်းသွားမလဲဘယ်လိုတွေစခွီထရဦးမလဲဆိုတာကြည့်ဖိုအဆင်သင့်ဖြစ်ကြပြီထင်ပါတယ်အမှန်တရားကို လိုလားပြီးဘယ်အမှုကိုမဆိုရအောင်လိုက်တတ်တဲ့အိုဂျီဟျော့နဲ့ ဂန်ဒိုချန်း...အတူတူ အတွဲညီစွာနဲ့ကွင်းဆက်လူသတ်မှုတစ်ခုနောက်လိုက်ခဲ့ကြပါတယ်အရင်လိုပဲ ကတောက်ကဆလေးနဲ့သူတိုနှစ်ယောက်ပူးပေါင်းပြီး အမှုတွေကိုဘယ်လိုစိတ်ဝင်စားစရာကောင်းအောင် ဖြေရှင်းသွားမလဲအပြောထက်အလုပ်ကပိုမြန်တာမိုဇာတ်ကားလေးကိုသာ ကြည့်လိုက်ပါတော့Season 1 မကြည့်ပဲ တန်းကြည့်ရင် ဇာတ်ရည်မလည်နိုင်တာမိုSeason 1 ကိုလည်းဆက်ဆက်ပြန်ကြည့်ဖိုမမေ့ပါနဲ့နော် (အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ်) Quality : WEB-DL 720p,1080pTotal Episodes : 16Format : mp4Genres : Mystery, Thriller, Action, DramaDuration : 1 hr 10 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK VIP Link : Click Here Episode ...

The Good Detective S02 (2022)

[18+] Wag Mong Agawin Ang Akin (2022) Complete
[18+] Wag Mong Agawin Ang Akin (2022) Complete [18+] Wag Mong Agawin Ang Akin (2022) Complete Limited Series ဂျပ်စမင်းဟာ ဆွေမျိုးမရှိတစ်ကောင်ကြွက် လက်ရှိအချိန်မှာ လိင်လုပ်သားအဖြစ် အသက်မွေးနေရပေမယ့် တစ်ဖက်က ကျောင်းဆက်တက်ရင်း ပညာရေးဆုံးခန်းတိုင်အောင်ကြိုးစားသလို တစ်ချိန်မှာအောင်မြင်လာရမယ့်ဆိုတဲ့ ရည်မှန်းချက် ကြီးကြီးမားမားခိုင်ခိုင်မာမာလဲရှိတဲ့သူလေးပါ။ သူ့အတွက် အားကျစရာ၊ လေးစားအတုယူစရာ Idol တစ်ယောက်ရှိပြီး အဲ့ဒီလူကတော့ Prima ဆိုတဲ့ အလှကုန်လုပ်ငန်းစုကြီးရဲ့ပိုင်ရှင်၊ ထက်မြက်တဲ့မိန်းမလှ၊ မမကြီးတစ်ယောက်ဖြစ်တဲ့ ခရစ်စတင်းပါပဲ။ ဒါပေမယ့် ခရစ်စတင်းမှာလဲလူမသိတဲ့ အပူတွေရှိနေပြန်ပါတယ်။ ခရစ်စတင်းက ခင်ပွန်းသည်သေဆုံးချိန်မှာ Prima လုပ်ငန်းစုကို ဆက်ခံရခဲ့ပေမယ့်ခင်ပွန်းသည်ရဲ့ဇနီးဟောင်းနဲ့ လင်ပါသားတို့ရဲ့သြဇာကိုမလွန်ဆန်နိုင်သေးပဲ အချိန်ပြည့် စောင့်ကြည့်ခံနေရသူပါ။ ဒါ့အပြင် လင်ပါသားဖြစ်တဲ့ရိုင်ယန်က သူ့ကိုအသေရရအရှင်ရရလိုချင်နေပြီး၊ သူ့ချစ်သူကတော့ Prima ရဲ့သာမန်ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက်လဲ ခရစ်စတင်းအကျပ်ရိုက်နေရပါတယ်။ ဘဝချင်းအလွှာမတူ မိုးနဲ့မြေဖြစ်တဲ့မိန်းမနှစ်ယောက်ဟာ၊ ကံတရားရဲ့အလှည့်အပြောင်းတွေ၊ ပတ်ဝန်းကျင်ရဲ့စေ့ဆော်မှုတွေကြောင့် ထိပ်တိုက်ရင်ဆိုင် ဆုံဆည်းကြဖို့ဖြစ်လာပါတော့တယ်။ Iskandalo, High (School) On Sex တို့ရဲ့ နေရာကိုဝင်လာတဲ့ ...

[18+] Wag Mong Agawin Ang Akin (2022) Complete

2022
The Last Kingdom – Season(01), (02), (03), (04), (05) – Complete 8.3
The Last Kingdom – Season(01), (02), (03), (04), (05) – Complete The Last Kingdom ================ IMDb Rating - 8.5/10 Rotten Tomatoes 91%CMပရိတ်သတ်တွေ ခဏခဏတောင်းဆိုလွန်းလို့ ဒီစီးရီးကို Season(05)ထိ အကုန်တင်ဆက်ပေးသွားပါမည်။Review ---------- ကျုပ်ဟာ အင်္ဂလန်ရဲ့ အော်လ်ဒေါ်မန်တစ်ယောက်အဖြစ် မွေးဖွားလာခဲ့တယ်။ ဘီဘန်ဘာ့၊ နော်သမ်ဘရီယန်မြေရဲ့ ဆက်ခံသူ အစစ်ပေါ့။ အသက် ၁၂ နှစ်မှာ ပထမဆုံး တိုက်ပွဲ၀င်ခဲ့တယ်။ အဖေ အသတ်ခံရတာကို ကျုပ်မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတယ်။နောက်တော့ ဘရီဒါဆိုတဲ့ ဆက်ဆွန်သူလေးနဲ့အတူ ကျူးကျော်သူတွေ ခိုးယူ‌ ခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပေါ့။ ပထမ.. အစေခံ။ နောက်တော့ အာလ် ၀က်ဂ်နာရဲ့ သားဖြစ်လာတယ်။ ကံကြမ္မာကြောင့် ကျုပ်ဟာ ဒိန်းမတ်လူမျိုး ဖြစ်သွားတယ်။ ၀က်ဂ်နာအငယ်လေးက ကျုပ်ရဲ့ ညီဖြစ်လာပြီး ဘရီဒါက ကျုပ်ချစ်သူ ဖြစ်လာတယ်။ နောက်တော့ ကံကြမ္မာရဲ့ သစ္စာဖောက်ခဲ့ခြင်းကိုခံရတယ်ဆိုမလား ၀က်ဂ်နာ့ကို သတ်တာ ကျုပ်ဆိုတဲ့ အလိမ်ဆင်တွေ ပြန့်ကုန်တယ်။ဒီတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ယူပြီး တောင်ပိုင်း ၀က်ဆက်က ဘီအိုကာနဲ့ ဘုရင့်ညီ အဲလ်ဖရက်ဆီ သွားခဲ့တာပေါ့။ ကျူပ်ကို ဒိန်းမတ်တွေက ...
8.3
TMDb: 8.3/10 1144 votes
tv

The Last Kingdom – Season(01), (02), (03), (04), (05) – Complete

2015
It’s Beautiful Now (2022) 9.0
It’s Beautiful Now (2022) It's Beautiful Now (2022)==================Lee Yoon-Jae (Oh Min-Suk), Lee Hyun-Jae (Yoon Si-Yoon) နဲ့ Lee Soo-Jae (Seo Bum-June) တို့က လက်ထပ်တာတွေ ရည်းစားထား တာတွေမှာ စိတ်မဝင်စားတဲ့ လူပျိုကြီးညီအစ်ကိုတွေပါ။ သူတို့ရဲ့ အဘိုး Lee Kyung-Cheol (Park In-Hwan) နဲ့ သူတို့မိဘတွေဖြစ်တဲ့ Lee Min-Ho (Park Sang-Won) နဲ့ Han Kyung -Ae တို့က သူတို့သားတွေ ဒီလိုဖြစ် နေတာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် သူတို့သားသုံးယောက်ကို အပေးအယူတစ်ခု ကမ်းလှမ်းလိုက်တယ်။ ညီအစ်ကိုတွေထဲမှာ အရင်ဆုံး လက်ထပ်တဲ့ ပထမတစ်ယောက်ကို တိုက်ခန်း အပိုင်ရမယ်ဆိုတဲ့ အပေးအယူပဲ ဖြစ်ပါတယ်။အဲလိုနဲ့ တိုက်ခန်းလိုချင်တဲ့ ညီအစ်ကိုသုံးယောက် ကြိုးစားပြီး အပြိုင်အဆိုင် လက်ထပ်ဖို့ မိန်းမရှာကြမှာပါ။ အကြီးဆုံးအစ်ကိုဖြစ်တဲ့ Lee Yoon-Jae က သွားဆရာဝန်အဖြစ်လုပ်ကိုင်ပြီး လူနာတွေကြားထဲမှာ ဂုဏ်သတင်းကျော်ကြားတဲ့ သမားတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။အလတ်လေးကတော့ Lee Hyun ...
9.0
TMDb: 9.0/10 2300 votes
tv

It’s Beautiful Now (2022)

2022
The Imperfects (2022) 6.0
The Imperfects (2022) The Imperfects (2022)================ဒီစီးရီးကတော့ Netflix ကနေ လောလောလတ်လတ်ထွက်ထားတဲ့ စီးရီးသစ်တစ်ခုဖြစ်ပြီး Season(1) အနေနဲ့ဆယ်ပိုင်းတစ်ပြိုင်ထဲထွက် ရှိထားတာဖြစ်ပါတယ်။Action, Adventure, Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ မျိုးဗီဇချို့ယွင်းမှုတွေနဲ့မွေးဖွားလာတဲ့ လူငယ်တွေကို ဒေါက်တာဆာကော့ဗ်ဆိုတဲ့ဆရာဝန်နဲ့သူ့လက်ထောက်က ကုသဖို့ကြိုးစားရင်း၊ စမ်းသပ်ချက်တွေလုပ်ရင်း မထင်မှတ်ထားတဲ့ ရလဒ်တွေဖြစ်လာတဲ့နောက် ဒီလူငယ်တွေမှာအစွမ်းလို့ခေါ်လို့လည်းရသလို ထိန်းချုပ်မရနိုင်တဲ့အကျိုးဆက်တွေဖြစ်လာခဲ့ပါတယ်။ အကြမ်းဖျဥ်းအားဖြင့် ပြောရရင် Xmen တွေနဲ့သဘောတရားချင်းဆင်တူပြီး Character တည် ဆောက်ထားပုံတွေလည်းခိုင်မာကျစ်လစ်တယ်လို့ပြောလို့ရပါတယ်။ချူပါကာဘရာလို့ခေါ်တဲ့ဒဏ္ဍာရီလာသမန်းဝံပုလွေတစ်ပိုင်း၊ရုပ်ပြဝတ္ထုစာရေး ဆရာလူငယ်လေးဟွမ်ရူဝိစ်၊ အသံနဲ့ခြောက်လှန့်တတ်တဲ့အိုင်းရစ်ရှ်ဒဏ္ဍာရီလာ မကောင်းဆိုးဝါးမဘန်ရှီးလို အကြားအာရုံနဲ့အသံပါဝါတွေရလိုက်တဲ့ အညတရ တီးဝိုင်းတစ်ခုကအဆိုတော်မလေး တေလ်ဒါ၊ အိပ်ပျော်နေတဲ့ယောကျ်ားတွေဆီက ကာမဂုဏ်ကိုစားသုံးတတ်တယ်ဆိုတဲ့ဒဏ္ဍာရီလာနတ်ဆိုးမ ဆက္ကူဘတ်စ်လို သူ့ရဲ့ကိုယ်သင်းနံ့နဲ့ ကျား၊မ မရွေးကိုလိင်စိတ်အလွန်အမင်းကြွလာအောင် လှုံ့ဆော် နိုင်စွမ်းရှိသူ ဇီဝသိပ္ပံကျောင်းသူလေးအက်ဘီဆင်းဂ်၊ သူတို့ရဲ့ထိန်းချုပ်မရတဲ့ အစွမ်း တွေက ကောင်းခြင်းတွေကိုဦးတည်လာမလား၊ လက်ရှိကျိန်စာတစ်ခုလိုခံစားနေရ တာကနေ ဘယ်လိုရုန်းထွက်မှာလဲဆိုတာတွေအပြင် သူတို့ရဲ့စွန့်စားခန်းတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို Min Khant Bo မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Min Khant Bo, Alias, San Thu Aung, Htet Kyaw Myo တို့ ဖြစ်ပါတယ်။)File Size.............(350 MB) / (800 MB) Quality...............WEB-DL ...
6.0
TMDb: 6.0/10 1500 votes
tv

The Imperfects (2022)

2022
Stockstruck (2022) [Complete]
Stockstruck (2022) [Complete] Stockstruck (2022) [အစ-အဆုံး]အပိုင်းသစ် -  ၁၂ (ဇာတ်သိမ်းပိုင်း) အပတ်စဉ် သောကြာနေ့တိုင်း နှစ်ပိုင်းစီ ထုတ်လွှင့်ပြသသွားမဲ့ ကိုရီးယား ဒရမ်မာ အသစ်လေးလာပါပြီဇာတ်လမ်းအညွှန်း ... မတူညီတဲ့နယ်ပယ်တွေကနေ စတော့ စျေးကွက်မှာ မြှုပ်နှံဖို့ လူ၅ယောက်ဆုံစည်းခဲ့ကြတယ်။မကြာခင်လက်ထပ်တော့မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ အကျွမ်းမဝင်ဘဲ ပိုက်ဆံပဲ ဆုံးရှုံးသွားတဲ့ Yoo Mi Seo … ၂၄နာရီစတိုးဆိုင်မှာ အလုပ်လုပ်ပြီးတာနဲ့ စျေးကြီးနိုင်ငံခြားထုတ်ကားပေါ်တက်စီးသွားတဲ့ လျှို့ဝှက်ဆန်းကြယ်သူ Choi Sun Woo … ပျော်ရွှင်ဖို့သာ ဂရုစိုက်ပြီး အောင်မြင်ဖို့ စိတ်မဝင်စားဘဲ အချိန်ပိုင်းအလုပ်နဲ့ အသက်မွေးနေတဲ့ Kang San … ဝက်ခြေထောက်ဆိုင်ကို ဦးစီးစီမံနေရတဲ့ ဆိုင်ပိုင်ရှင် Jung Haeng Ja … အလုပ်ကနေ အငြိမ်းစားယူပြီးတဲ့နောက် စတော့ စျေးကွက်မှာ စတင်မြှုပ်နှံလာတဲ့ Kim Jin Bae ...ဒီလိုနဲ့ သူတို့၅ယောက်က မတူညီတဲ့ နယ်ပယ်တွေကနေ စတော့ စျေးကွက်တစ်ခုမှာ မြှုပ်နှံဖို့ ...

Stockstruck (2022) [Complete]

2022
Big Mouth (2022)
Big Mouth (2022) Big Mouth 2022ပတ်ချန်ဟိုဟာဆိုရင် တရားခွင်မှာ နိုင်နိုင်ချေ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတဲ့ ရှေ့နေတစ်ယောက်ပါ အရမ်းလည်းစကားများလွန်းလို့ လူတိုင်းက ​ Big mouth(အာကျယ်ကောင်)ဆိုပြီး နာမည်ပြောင်ပေးထားရသူပါ ဂိုမီဟိုကတော့ ပတ်ချန်ဟိုရဲ့မိန်းမဖြစ်ပြီး သူနာပြုဆရာမလေးတစ်ယောက် ဖြစ်ပါတယ် ရုပ်ရည်ချောမောရုံသာမက ယောကျာ်းဖြစ်သူ ရှေ့နေဖြစ်လာတဲ့အထိ ငွေကြေးပိုင်း စိတ်ပိုင်းဆိုင်ရာအဘက်ဘက်ကနေ supportive ပေးခဲ့တဲ့ မိန်းမဖြစ်တဲ့အပြင် အရမ်းကိုထက်မြတ်တဲ့မိန်းကလေးဆိုလည်း မမှားပါဘူးတစ်နေ့မှာ ချန်ဟိုတစ်ယောက် လူသတ်မှုတစ်ခုမှာပါဝင်ဖို့ အကြောင်းဖန်လာပြီးတော့ ဥာဏ်ကြီးရှင်လူလိမ် Big mouth အဖြစ်သံသယဝင်ခံရတဲ့အခါ..... လင်မယားနှစ်ယောက်ပေါင်းပြီးတော့ ဒီလိုစွပ်စွဲခံရတဲ့ကိစ္စကို ဖြေရှင်းကြမှာလဲ တကယ့်တရားခံအစစ်ကရောဘယ်သူလဲ နာမည်​ကြီးတွေဖြစ်ကြတဲ့ Lee Jung Suk နဲ့ Yoona တို့ရဲ့ Come back Dramaလေးဖြစ်တဲ့ Big Mouth ကို အပတ်စဥ် သောကြာနဲ့စနေတိုင်းထုတ်လွှင့်မှာဖြစ်ပြီး စုစုပေါင်း ၁၆ပိုင်းပါဝင်မှာဖြစ်ပါတယ်File Size – 500MB / 1GBQuality – 720pDuration – 60 minsTotal Episodes: 16EpsSubtitle – Myanmar HardsubFormat ...

Big Mouth (2022)

2022
Minato’s Laundromat: Wash My Heart! (2022)
Minato’s Laundromat: Wash My Heart! (2022) Minato's Laundromat: Wash My Heart! (2022) ဇာတ်လမ်းတွဲ*********************************************************အပိုင်း ( ၁  မှ ၁၂  )   စ  / ဆုံးအရမ်းSweet ဖြစ်တဲ့ Japan BL စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်..Inter မှာလည်း တော်တော်လေး ပေါက်ခဲ့သလို ကောင်းမွန်တဲ့ Review တွေပဲရရှိခဲ့လို့CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်.. Minato Akira ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ခေါင်းပုံဖြတ်တဲ့ကုမ္ပဏီတစ်ခုမှာအချိန်ပိုတွေဆင်းရင်း ကျန်းမာရေးဖောက်လာလို့ အလုပ်ထွက်လိုက်တယ်...အနားယူပြီး ကျန်းမာရေးကောင်းလာတဲ့အချိန်မှာ အဘိုးဖြစ်သူရဲ့အကြွေစေ့ပင်းမင်းဆိုင်လေးကိုအမွေဆက်ခံဦးစီးခဲ့တယ် ...Minatoရဲ့ဆိုင်လေးမှာ လာတဲ့ဖောက်သည်တွေကတော့အိမ်ရှင်မတွေ၊ အိမ်နီးချင်းတွေနဲ့ လူကြီးတွေပေါ့ တစ်နေ့တော့ Minatoရဲ့ဆိုင်လေးကိုShinဆိုတဲ့ခပ်ချောချောကောင်ငယ်လေးတစ်ယောက်ရောက်လာတယ်Shinကတော့ သူ့အိမ်ကမိသားစုဝင်များတော့ အဝတ်လျှော်စက်မနိုင်လို့Minatoဆိုင်မှာအမြဲလာလျှော်တဲ့ဖော်သည်လေးဖြစ်လာခဲ့တယ်အသက်အရွယ်မတူပေမဲ့ Minataနဲ့ Shinတို့ဟာဘော်ဒါတွေလိုရင်းနှီးလာကြတယ်တစ်နေ့မှာ နှစ်ယောက်သားစကားပြောရင်း Minatoက သူ Gayဆိုတဲ့အကြောင်းမထင်မှတ်ဘဲပြောမိသွားတဲ့အခါ…. Shinက Minatoကို အရင်လိုဆက်ခင်မလားMinatoနားကပဲထွက်သွားမလား Minatoကကော မြင်မြင်ချင်းကြွေခဲ့ရတဲ့Shinကိုသူ့အနားမှာဆက်နေဖို့ဆွဲထားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူကြပါဦး..... Episodes: 12Aired: Jun 29, 2022 - Sep ...

Minato’s Laundromat: Wash My Heart! (2022)

2022
Critical X (2022) 7.0
Critical X (2022) Desperate Mr X (2022)လူနေမှုအဆင့်အတန်း မြင့်တာလာနဲ့မျှ စားဝတ်နေရေးအတွက် အလုပ်ဆိုတာ မရှိမဖြစ်လို ဖြစ်နေပါပြီ... ဒါပေမဲ့ စီးပွားရေးတွေ ကျပ်တည်းနေချိန်မှာ ကုမ္ပဏီတွေကလည်း ပြန်လည်ဖွဲ့စည်းမှုအတွက် ဝန်ထမ်းတွေ လျော့ကြတာလည်း တွေ့မြင်နေကျဖြစ်ပါတယ်မန်နေဂျာယွန်းကတော့ အလုပ်မှာတော်ပြီး ဂုဏ်ပုဒ်တွေအများကြီးနဲ့ နေခဲ့ရတာကြောင့် သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး ရာထူးတက်ဖို့ပဲ ချောင်းနေသူပါ ဒါပေမဲ့ သူ့ဘဝက ထင်သလိုဖြစ်မလာဘဲ စိတ်ဓာတ်ကျစရာတွေနဲ့ပဲ ကြုံရပါတော့တယ် သူ့အတွက် ကံကောင်းတာတစ်ခုက ဘေးမှာ အားပေးနေတဲ့ ဇနီးဖြစ်သူရှိနေတာပါပဲဒီဇာတ်လမ်းတွဲက Comedy ဖြစ်တဲ့အလျောက် မန်နေဂျာယွန်းက စိတ်ဓာတ်ကျနေတဲ့ကြားကိုက အလွဲတွေချည်းလုပ်ပြီး သူစိတ်ဓာတ်ကျနေတာကိုက ခွီစရာကြီးဖြစ်နေတာပဲမန်နေဂျာယွန်းဟာ တခြားသူတော့မဟုတ်ပါဘူး ကျွန်တော်တို့တွေ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ "ချစ်လှေကားထစ်များ" လို့လူသိများတဲ့ ဇာတ်လမ်းတွဲထဲက Kwon Sang Woo ပါမင်းသားကြီး တစ်ယောက်အနေနဲ့ ဒီလို ဟာသဇာတ်လမ်းတွဲထွက်လာဖို့ တကယ်မထင်ထားခဲ့တာအမှန်ပါ တကယ်ရယ်ရတဲ့ဇာတ်လမ်းမို့လို့ စိတ်အပန်းဖြေဖို့ ကြည့်ရှုလိုက်ကြပါဦးနော် ။( အညွှန်းရေးသားထားသူကတော့ ...
7.0
TMDb: 7.0/10 votes
tv

Critical X (2022)

2022
Adamas (2022) [Complete] 6

Adamas (2022) [Complete]

2022