Channel Myanmar

Drama

Blind (2022) 7.8
Blind (2022) Blind (2022) ===========CM Fan တွေအတွက် နောက်ထပ် ရင်ခုန်စိတ်လှုပ်ရှားရမယ့် Thriller ပုံစံကားသစ်လေး ထပ်မံတင်ဆက် ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ 2PM က Taec Yeon မင်းသားကြီး Ha Seok Jin နဲ့ Jung Eung Ji တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ------------------------------ ရူဆောင်းဂျွန်းက အလုပ်မှာ စိတ်အားထက်သန်မှုအပြည်ရှိတဲ့ စုံထောက် တစ်ယောက်ပါ။ အမြဲတမ်း လူဆိုးဖမ်းဖို့ တာစူနေတဲ့လူတစ်ယောက်ဖြစ်ပြီး သူဆုံးဖြတ်ချက်ချထားတဲ့အတိုင်း လူဆိုးဖမ်းဖို့ပဲ အမြဲကြိုးစားနေတာကြောင့် သူ့ရဲ့ဖမ်းဆီးမှုနှုန်းက အမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။သူ့အစ်ကိုရူဆောင်းဟွန်းကတော့ ဉာဏ်အရမ်းကောင်းပြီး အရည်အချင်း ပြည့်ဝသူတစ်ယောက်ဖြစ်တယ်။ ဥပဒေစာမေးပွဲကို အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့ပြီး ထိပ်တန်း ဥပဒေကျောင်းကနေဘွဲ့ရခဲ့တယ်။ တရားမျှတမှု ရှိစေရေးအတွက် လုပ်ကိုင်နေတဲ့ ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဂျိုအွန်းဂီကတော့ လူမှုဝန်ထမ်းတစ်ယောက်ပါ။ ကြင်နာတတ်တဲ့နှလုံးသားနဲ့ မျှတမှုရှိတဲ့ စိတ်ဓာတ်ကိုပိုင်ဆိုင်ထားသူလေးတစ်ယောက်ပါ။ အမြဲတမ်း အခြားလူတွေကို ဦးစားပေးတတ်တယ်။ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို သေချာစောင့်ရှောက်ပေးဖို့လည်း အမြဲကြိုးနေသူပါ။ရူဆောင်းဂျွန်း၊ ရူဆောင်းဟွန်း နဲ့ ဂျိုအွန်းဂီတို့က ကွင်းဆက်လူသတ်မှုတစ်ခုမှာ ဂျူရီအဖွဲ့ဝင်တွေအဖြစ် ပါဝင်သွားခဲ့တယ်။ ဒီ ၃ယောက်က သေဆုံးမှုတွေရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်ကြမှာပါ။ အမှုမှန်ပေါ်လာဖို့အတွက် သူတို့တွေ ဘယ်လိုစုံစမ်းကြမလဲဆိုတာကို ...
7.8
TMDb: 7.8/10 2300 votes
tv

Blind (2022)

2022
Gaus Electronics (2022) 7.8
Gaus Electronics (2022) Gaus Electronics (2022) ==================ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy Series လေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းမှာတော့ - Kwak Dong Yeon Go Sung Hee Bae Hyun Sung Kang Min Ah တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဂါအူးစ်လျှပ်စစ်ကုမ္ပဏီရဲ့ ကုမ္ပဏီတွင်းကအလွဲလေးတွေ ဝန်ထမ်းတွေရဲ့ ဝန်ထမ်းဘဝ အခက်အခဲလေးတွေကို ဟာသနှောရိုက်ကူးထားလို့ ပရိတ် သတ်တွေ အကြိုက်တွေ့မယ်လို့ ယုံကြည်ပါတယ်။ဇာတ်လမ်းအကျဉ်း ---------------------------------- အီဆန်းရှစ်က ဂါအူးစ်ကုမ္ပဏီရဲ့ မာကတ်တင်းဌာနက အငယ်တန်း ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အမြဲတမ်း အလွဲတွေလုပ်တတ်တဲ့သူ ဖြစ်တာကြောင့် သူ့ကို ခိုင်းလိုက်တိုင်း တစ်ခုမဟုတ် တစ်ခု လွဲချော်မှုတွေ ဖြစ်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ ဥက္ကဋ္ဌကို လှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခုဟာ လိုင်းပေါ်မှာ ပြန့်သွားခဲ့တယ်။ ဒီဗီဒီယိုကို မှားပြီးတင် လိုက်တာကတော့ အီဆန်းရှစ်ပါပဲ။ စီနီယာဖြစ်သူ ချာနာရယ်ကတော့ အီဆန်းရှစ်ကို အကြီးအကျယ်ဒေါသထွက်နေတော့တယ်။ ပြဿနာက တော်တော်ကြီးသွားပြီးတော့ နောက်ဆုံး မာကတ်တင်းအဖွဲ့ တစ်ဖွဲ့လုံး  ကြီးကြပ်ရေး ရုံးခန်းရောက်ပြီး စစ်ဆေးရေးအဖွဲ့ရဲ့ စစ်မေးမှုကိုပါ ခံယူခဲ့ရပါတယ်။ ဒီလိုနဲ့ သူတို့အဖွဲ့ရဲ့ အလွဲတွေကို ဖြေရှင်းနိုင်သွားမှာလား။ ဘယ်လိုအလွဲလေးတွေ ထပ်ဖြစ်ပြီးတော့ ဘယ်လိုပြဿနာတွေတက်ဦးမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာ ...
7.8
TMDb: 7.8/10 2300 votes
tv

Gaus Electronics (2022)

2022
Bargain (a.k.a) Ransom (2022) [Complete] 8
Bargain (a.k.a) Ransom (2022) [Complete] Bargain (a.k.a) Ransom (2022) [အစ-အဆုံး] အပိုင်းသစ် - ၄ မှ ၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)လူသားဆန်မှု .. တရားဥပဒေ .. အဲ့ဒါတွေ ဒီနေရာမှာမရှိဘူး!!!ဇာတ်လမ်းအညွှန်း ...နိုဟျောင်းဆူ တစ်ယောက် ဘတ်ဂျူယောင်း နဲ့တွေ့ဖို့ မိုတယ် တစ်ခုမှာ တွေ့ဆုံဖို့ ချိန်းထားလိုက်တယ်။ တကယ်လည်းတွေ့ရော ဘတ်ဂျူယောင်းရဲ့ အလှအပတွေကို တအားကို စိတ်ကျေနပ်သွားပြီး ဝန်ဆောင်ခ အားလုံးကျေကျေနပ်နပ်ကြီး ပေးချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း ကိစ္စတွေက သူထင်ထားသလို ပျော်ရွှင်စရာ အခိုက်အတန့်မဟုတ်ခဲ့ဘဲ လူတစ်စုက သူ့ကို ဝိုင်းထားလိုက်တဲ့အခါ နိုဟျောင်းဆူတစ်ယောက် အလွန်အံ့အားသင့်သွားခဲ့ရပါတယ်။အဲ့ဒီလူတစ်စုက လူကုန်ကူးတဲ့ ဂိုဏ်းတစ်ခုကလူတွေဖြစ်နေပြီး သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရောင်းထုတ်ဖို့ လုပ်ကိုင်နေကြတာပါ။ ဒီလိုနဲ့ နိုဟျောင်းဆူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဝယ်ယူကြဖို့ ရွေးချယ်နေကြချိန်မှာ ရုတ်တရက် မြေငလျင်လှုပ်ခတ်လာတဲ့အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲ? လောဘသားတွေအုပ်စိုးတဲ့ လူသားဆန်မှု ကိုယ်ချင်းစာမှု တရားဥပဒေတွေ ...
8
TMDb: 8/10 1 votes
tv

Bargain (a.k.a) Ransom (2022) [Complete]

2022
Notre-Dame (2022) 6.3
Notre-Dame (2022) Notre-Dame (2022)(တချို့ကိစ္စ အမှတ်တရတွေက လူတွေကိုအမြဲအမှတ်ရနေစေတာမဟုတ်ပါဘူး သူတို့ဘဝထဲကအချိန်ကာလတစ်ခုကို ရပ်တန့်သွားစေခဲ့တာပါ)၂၀၁၉ ခုနှစ်က ပဲရစ်မြို့ကပြည်သူတွေရဲ့အချိန်ကို တစ်ခဏတာရပ်တန့်စေခဲ့တဲ့ အဖြစ်အပျက်တစ်ခု သို့မဟုတ် ပဲရစ်မြို့ရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ် ယူနက်စ်ကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကြေညာထားတဲ့နေရာလည်းဖြစ်တဲ့ နိုတာဒမ်းခရစ်ယာန်ဘုရားကျောင်းမီးလောင်ကျွမ်းမှုလူသေဆုံးမှုမရှိခဲ့ပေမယ့်လည်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ဘုရားကျောင်းထိခိုက်ပျက်စီးမှုများတဲ့အပြင် လူတွေရင်ထဲစွဲမြဲနေလောက်အောင် အထိတ်တလန့်ဖြစ်‌စေခဲ့တဲ့ ဒီဖြစ်ရပ်မှန်အကြောင်းကို မီးသတ်သမားရဲ့ရှုထောင့်ဘက်က ရိုက်ကူးထားတဲ့ Notre Dame ဆိုတဲ့ Netflix mini seriesလေးနဲ့ စီအမ်ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါရစေ။ဘဝမှာပထမဆုံးဆိုတဲ့အရာတွေဟာ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ အမြစ်တွယ်နေတတ်ပါတယ်။ ဥပမာ "အချစ်ဦး" ပေါ့။ မီးသတ်သမားတစ်ယောက်အတွက်လည်း သူပထမဆုံးငြိမ်းသတ်ရတဲ့မီးက သူ့ဘဝရဲ့မှတ်ကျောက်တစ်ခုပါ။ ဒါပေမဲ့ အဒမ်စကီကတော့ ပထမဆုံးမီးငြိမ်းသတ်ရချိန်မှာ ချစ်ရသူနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ဘန်ကို ဆုံးရှုံးလိုက်ရပြီး စိတ်ဒဏ်ရာရသွားခဲ့တာကြောင့် အလုပ်ပါနားလိုက်ရပါတယ်။ ဒီတူညီသောဖြစ်ရပ်မှာပဲ စိတ်ဒဏ်ရာရသွားခဲ့သူကတော့ မီးသတ်ဌာနရဲ့ဗိုလ်ချုပ်ဖြစ်တဲ့ ဘန်ရဲ့အဖေဖြစ်သူပါ။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့လူနှစ်ယောက်ကို ပြန်လည်ဆုံတွေ့စေမယ့် နိုတာဒမ်းမီးလောင်ကျွမ်းမှုမှာရော အတိတ်ဖြစ်ရပ်‌ရဲ့ Flashbackတွေကြားကနေ သူတို့နှစ်ယောက်ကျရာတာဝန်ကို ဘယ်လိုထမ်းဆောင်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။၂၀၁၉ ခုနှစ် နိုတာဒမ်းမီးလောင်မှုကို သေချာရိုက်ကူးပြထားတဲ့စီးရီးကောင်းတစ်ခုဖြစ်တာကြောင့် ဒီဖြစ်စဉ်ကိုသေချာသိချင်သူတွေရော မသိလိုက်သူတွေပါ ကြည့်ရှုသင့်တဲ့စီးရီးလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ စုစုပေါင်း ၆ ပိုင်း ပါရှိမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Mary Christ က ...
6.3
TMDb: 6.3/10 13 votes
tv

Notre-Dame (2022)

2022
Everything Calls for Salvation (2022) 7.5
Everything Calls for Salvation (2022) Everything Calls for Salvation (2022) ========================== IMDb Rating - 7.5/10ဒန်နီရယ်ဆိုတဲ့လူငယ်လေးဟာ ဘော်ဒါတစ်သိုက်နဲ့ နိုက်ကလပ်မှာ အပီကဲ၊ အိပ်ပျော်အောင် ဆေးလေးဘာလေးချပြီးသကာလ အိမ်လည်း ပြန်ရောက်ရော မူးမူးနဲ့အိပ်ပျော်သွားတယ်ပဲဆိုကြပါစို့။ မနက်ရောက်တော့ သူ့စောင်ပေါ်မီးတင်ရှို့ခံရလို့နိုးလာရာကနေ သူဆေးရုံကုတင်ပေါ်ရောက် နေမှန်းသိလိုက်ရတယ်။ ရိုးရိုးဆေးရုံမဟုတ်ပဲ စိတ်ကျန်းမာရေးဆေးရုံ ဖြစ်နေတာပါပဲ။အဲ့ကဆရာဝန်က သူဒီမှာတစ်ပတ်တိတိ ကုသမှုခံယူရမယ်လို့ပြောလိုက်တော့ သကောင့်သားက မျက်ကလူးဆန်ပြာနဲ့ထငြင်းပါလေရော။ လောကဓံဆိုတာကြီးက ပျော်တဲ့သူကိုငိုအောင်၊ ငိုတဲ့သူကိုပျော်အောင် ကျီစားတယ်ဗျ။ လူတွေအားလုံးမှာ သူ့အကြောင်းနဲ့သူချည်းပါပဲ။ ကံကောင်းခြင်းတွေစုနေရာကနေ ကံဆိုးခြင်းတွေ ဗြုန်းခနဲပေါ်လာတတ်တာပဲမလား။ ဒန်နီရယ်တွေ့ရမယ့်သူတွေကလည်းအဲ့လိုပဲပေါ့။ သူဘာလို့အဲ့ဆေးရုံကိုအပို့ခံရတာလဲ။ သူမမှတ်မိတဲ့အရာတွေကဘာတွေလဲ။ အဲ့ဆေးရုံမှာနေရင်း သူဘာတွေသင်ယူလာရမလဲ။ အဲ့ဆေးရုံကတခြားလူနာတွေနဲ့အတူတူ တစ်ပတ်တိတိ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူကတော့ Ngwe Zin, C'mon, May Thet Khine Soe, June, Bianca Zhang တို့ဖြစ်ပါတယ်။)File Size.............(300 MB) / (700 MB) Quality...............WEB-DL 720p / 1080p Duration............45Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Drama Translator..........Ngwe Zin, ...
7.5
TMDb: 7.5/10 1527 votes
tv

Everything Calls for Salvation (2022)

2022
Family Law CA (2021) – Season (01) 7.1
Family Law CA (2021) – Season (01) Family Law CA (2021) - Season (01) ========================= IMDb Rating - 7.1/10သင်ဟာ စီးရီးကောင်းလေးတွေကို မနားတမ်းရှာဖွေကြည့်ရှု အားပေးတတ်သူ (သို့) CM ကနောက်ပိုင်းတင်တဲ့ စီးရီးလေး တွေထဲကမှ ဘယ်စီးရီးကို ကြည့်ရမလဲရွေးနေသူ (သို့) မှုခင်း ဇာတ်လမ်းကောင်းလေးတွေကို စိတ်ဝင်စားနေသူဆိုရင်တော့ သင်ကြည့်ရှုသင့်တဲ့ စီးရီးလေးက Family Law CA ဆိုတဲ့ စီးရီး လေးပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။Legal Drama အမျိုးအစားဖြစ်ပြီး IMDb 7.1 ကိုပျှမ်းမျှအနေနဲ့ ရရှိထားတာကြောင့် တစ်ပိုင်းချင်းတွက်ရင် IMDb 8 ထိတောင် ရထားတဲ့အပိုင်းလေးတွေပါတဲ့၊ ဥပဒေပညာပေးမိသားစုဒရာမာ စီးရီးကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းစစချင်းတည်းက သင့်ကို ဇာတ်လမ်းတစ်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ စီးရီးကောင်းလေးတစ်ခု ဖြစ်တာကြောင့် ဒါလေးကို ညွှန်းရပါလိမ့်မယ်။မှုခင်းဥပဒေပညာပေးမိသားစုဒရာမာဖြစ်တာကြောင့် အဘီဂေးဆိုတဲ့ အမျိုးသမီးလေးကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတာကို တွေ့ရပါ တယ်။ အဘီဂေးဟာ တရားခွင်မှာ အမှားတစ်ခုလုပ်မိရာကနေစတင်ပြီး သူငယ်ငယ်တည်းက သူ့ကိုပစ်ထားခဲ့တဲ့ သူ့အဖေအကြီးတန်းရှေ့နေကြီးရဲ့ ဥပဒေကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ဖြစ်လာပါတော့တယ်။တစ်ခုခုဆို တစ်စက်မှ အထိမခံတဲ့ စွာတေးလန်အဘီဂေးတစ်ယောက် သူ့အဖေရဲ့ကုမ္ပဏီကြီးမှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ၊ ယောက်ျားတိုင်းကို မုန်းနေတဲ့ သူ့ရဲ့စိတ်ဓာတ်ကြောင့် ...
7.1
TMDb: 7.1/10 1200 votes
tv

Family Law CA (2021) – Season (01)

2021
Roommates of Poongduck 304 S01 (2022) [Complete]
Roommates of Poongduck 304 S01 (2022) [Complete] Roommates of Poongduck 304 S01 (2022) [အစ-အဆုံး]အပိုင်းသစ် - ၇ နှင့် ၈ (ဇာတ်သိမ်းပိုင်း)(1080p ကြည့်လို့ရပါပြီ)ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Kissable Lips တုန်းကအတွဲညီခဲ့ကြတဲ့ main lead နှစ်ယောက်ရဲ့ BL ကားသစ်လေးပဲဖြစ်ပါတယ်။ အပိုင်း ၈ ပိုင်းပါဝင်ပြီး ကြာသပတေးနေ့တိုင်း CM ကနေ တင်ဆက်ပေးသွားပါမယ်။ဇာတ်လမ်းအကျဉ်း ...ဂျီဟိုဂျွန်း က ဂွန်းနမ်လုပ်ငန်းစုရဲ့တတိယမျိုးဆက်သူဌေးသားလေးဖြစ်ပေမယ့် အဖေဖြစ်သူရဲ့ရာဇသံကြောင့် အိမ်ကနေထွက်ပြီး မိသားစုကုမ္ပဏီမှာအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ဆောဂျယ်ယွန်း ကတော့ ဂွန်းနမ်လုပ်ငန်းစုကအလုပ်သင်တစ်ယောက်ဖြစ်ပြီး ဖွန်းဒေါ့ဗီလာရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။ ဗီလာမှာ အခန်းပိုတစ်ခန်းရှိနေလို့ ငှားခရအောင် အခန်းဖော်တစ်ယောက်ရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ရောက်လာတဲ့အခန်းဖော်က ဂျီဟိုဂျွန်း ဖြစ်နေပြီး စတွေ့ကတည်းက စကားပြောပြတ်ပြီးကြွားလုံးတွေထုတ်နေတဲ့သူ့ကို အိမ်ပိုင်ရှင်ဆောဂျယ်ယွန်းတစ်ယောက် အမြင်မကြည်ခဲ့ပါဘူး။သူတို့ရဲ့ရေစက်က ဖွန်းဒေါ့ဗီလာမှာတင်ပြီးမသွားဘဲ အလုပ်ခွင်ထိပါပါလာပါတယ်။ အဲဒါကတော့ ဟိုဂျွန်းက အလုပ်သင်ဆောဂျယ်ယွန်းရဲ့ အသစ်ရောက်လာတဲ့ အဖွဲ့မှူးဖြစ်နေတာပါပဲ။ အိမ်ရှင်နဲ့အိမ်ငှား၊ အဖွဲ့မှူးနဲ့လက်အောက်ငယ်သား...ဒီလိုကံကြမ္မာရဲ့လှည့်ကွက်ထဲမှာတွေ့ဆုံလာကြတဲ့ ဂျီဟိုဂျွန်းနဲ့ဆောဂျယ်ယွန်းတို့ ရှေ့ဆက်ပြီး ဘယ်လိုဖြစ်ကြဦးမလဲဆိုတာသိရဖို့ ...

Roommates of Poongduck 304 S01 (2022) [Complete]

2022
Seasons of Blossom (2022)
Seasons of Blossom (2022) Seasons of Blossom (2022)ကျောင်းသားဘဝဆိုတာ အမြဲတမ်းလန်းဆန်းနေခဲ့ကြတာပဲမလား ဒါပေမဲ့ မလန်းဆန်းနိုင်တဲ့ အချိန်တွေကလည်း ကျောင်းသားတိုင်းမှာရှိတတ်ကြတာပါပဲအပြင်ပန်းမှာတောက်ပပေမဲ့ စိတ်ထဲမှာတော့ မကောင်းစိတ်လေး အောင်းနေတတ်တဲ့ အီဟာမင်နဲ့ တစ်နေ့မှာ မတော်တဆရင်းနှီးသွားမိကြတဲ့ ဟန်ဆိုမင် နာကျင်စရာအတိတ်တွေနဲ့ နာမည်ကြီးကျောင်းသားလေး အီဂျယ်မင်၊ အမြဲအေးဆေးပြီး ချိုသာတဲ့ ယွန်းဘိုမီစတဲ့အဓိကကာရိုက်တာလေးယောက်ရဲ့ ဇာတ်လမ်းလေးပါသင်တန်းဆင်းစဆရာမလေးက ငယ်ငယ်ကသူတက်ခဲ့တဲ့ ကျောင်းဆီပြန်သွားပြီး ဆရာမလုပ်တဲ့အချိန်မှာ မလှပခဲ့တဲ့အတိတ်ကို ပြန်ငေးမောရင်း မဖြစ်မြောက်ခဲ့တဲ့အရာတွေကို ပြန်ရအောင်လုပ်ရာက သူဖြစ်ချင်တဲ့အတိုင်းပဲ ရအောင်လုပ်နိုင်မလား....Webtoon ကိုပြန်ရိုက်ထားတဲ့ စီးရီးလေးဖြစ်ပြီးတော့ Seo Ji Hoon, So JuYeon, Kim Min Kyu, Kang Hye Yoon တို့က သရုပ်ဆောင်ထားပါတယ်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ တင်ဆက်ပေးသွားမှာ ဖြစ်ပြီးတော့ စုစုပေါင်း ၁၆ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… ...

Seasons of Blossom (2022)

2022
High School (2022) 9
High School (2022) High School (2022) IMDb 6.6အမြွှာပေမယ့် ကိုယ်စီမတူတဲ့ရည်မှန်းချက်နဲ့အကျင့်စရိုက်ရှိတဲ့ ဆယ်ရာနဲ့တီဂင် အမြွှာနှစ်ယောက်ကို‌စောင့်ရှောက်နေရတဲ့ သူတို့မိခင်စီမွန် အမြွှာနှစ်ယောက်ရဲ့ပထွေး ပက်ထရစ်နဲ့ ဆယ်ရာ့အချစ်ဆုံးသူငယ်ချင်း ဖီဘီ ဒီအဓိကဇာတ်ကောင်တွေနဲ့ပဲ ဇာတ်လမ်းတစ်ခုလုံးကိုဖန်တီးထားတဲ့ လူငယ်ကြိုက်စီးရီးလေးတစ်ခုပဲဖြစ်ပါတယ်ဒီစီးရီးမှာ တစ်ယောက်ချင်းစီဘက်ခြမ်းကနေ သူတို့ရဲ့ခံစားချက်အဖုံဖုံကိုရိုက်ပြထားတာပါ လူတိုင်းမှာ ကိုယ်စီဖိအားတွေနဲ့ ပုံပြင်တွေရှိတတ်ကြောင်း ဇာတ်ကောင်တစ်ခုချင်းစီကိုကြည့်ရှုရင်း နားလည်လာစေမှာပဲဖြစ်ပါတယ် ..ကျောင်းသစ်ကိုပြောင်းလာတဲ့ဆယ်ရာနဲ့တီဂင်နှစ်ယောက် ရဲ့တွေ့ကြုံရမယ့် အခက်အခဲတွေ မတည့်အတူနေဆိုပေမယ့် တစ်ယောက်အခက်အခဲဖြစ်နေချိန် တစ်ယောက်ကူညီပုံတွေ သူတို့ရည်မှန်းချက်ကိုလိုက်ရှာကြပုံတွေ စသဖြင့် }ကြည့်ရှူရမှာပဲဖြစ်ပါတယ် ကြည့်ရှုသူတွေထဲမှာလည်း ကိုယ့်ပစ္စည်းကိုယ်မသုံးရဘဲ မောင်နှမတွေနဲ့ မျှသုံးနေရတဲ့လူတွေရှိရင် အခုပဲဒီစီးရီးကိုဒေါင်းကြည့်လိုက်ကြပါရှင်Quality :1080p WEB DL / 720pTotal Episodes :8EpsFormat : mp4Genres :Drama, ComedyDuration :28minsSubtitle : Myanmar Subtitle ( Hardsub )Translated by Yunni Encoded by YK 720p ==== Episode 1 - Yoteshin / Userdrive / Megaup / Meganz / Episode 2 ...
9
TMDb: 9/10 3 votes
tv

High School (2022)

2022
The Serpent Queen (2022) 6.5
The Serpent Queen (2022) The Serpent Queeen Season 1 (2022)CM ပရိသတ်တွေအတွက် 2022 ခုနှစ်ထွက် Historical Drama လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ပြင်သစ်ဘုရင်မ Catherine de' Medici ရဲ့ ဘ၀ဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးထားခဲ့တာဖြစ်ပြီး သီလရှင်ကျောင်းက မိဘမဲ့မ‌လေးတစ်ယောက် အဖြစ်ကနေ ပြင်သစ်နန်းတော်ကို ဘယ်လိုဘယ်ပုံနဲ့ ရောက်ရှိသွားမလဲ ဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် ထိုခေတ်ထိုအခါက ပြင်သစ်နဲ့ အီတလီတို့ရဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေ လူတန်းစားအလွှာ ကွာခြားပုံတွေ နိုင်ငံရဲ့ ယဉ်ကျေးမှု စတာတွေကို မီးမောင်းထိုးပြသွားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တဲ့အပြင် နန်းတွင်းအရှုပ်တော်ပုံတွေကိုပါ တ၀ကြီး ကြည့်ရှုရဦးမှာဖြစ်ပါတယ်***** အပိုင်း (၁) မှာကတည်းက ရှင်းရှင်းဘွင်းဘွင်း ပြကွက်တချို့ ပါတာကြောင့် မိသားစုနှင့်ကြည့်ရှုဖို့တော့ မသင့်တော်ပါ *****ကဲ Catherine တစ်ယောက် အဆိပ်ပြင်းတဲ့မြွေဘုရင်မတစ်ယောက် ဖြစ်လာပုံကို ကြည့်လိုက်ကြပါစို့လားအညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p Size... 700MB | ...
6.5
TMDb: 6.5/10 2 votes
tv

The Serpent Queen (2022)

2022
Kamen Rider BLACK SUN (2022) Complete 9.667
Kamen Rider BLACK SUN (2022) Complete Kamen Rider BLACK SUN (2022) Complete ~ IMDb - 8.8/10, MyDramaList - 8.8/10 ~ Kamen Rider နှစ်ငါးဆယ်ပြည့်နဲ့ Black ရဲ့ ၃၅နှစ်ပြည့်အတွက် အထူးတလည် ထုတ်လိုက်တဲ့ ဇာတ်လမ်းတွဲပါ။ Kamen Rider တွေ အများကြီးရှိတဲ့အထဲကမှ ငယ်ငယ်က နှံကောင်ပါဝါရိန်းဂျားလို့ လူသိများခဲ့တဲ့၊ ကလေးကြည့်ကားနဲ့မတူဘဲ ရုပ်ထွက်တွေ ချကွက်တွေ နည်းနည်းပြင်းတဲ့ Kamen Rider Black ရဲ့ အဆက်ဇာတ်လမ်းပါပဲ။ အများစုကတော့ Kamen Rider တွေထဲမှာ Black ရဲ့ ဇာတ်လမ်းက အကောင်းဆုံးလို့ ဆိုကြပါတယ်။ ချခန်းတွေကောင်းသလို အငွေ့အသက်ကလည်း ဒတ်သလို မိန်းစတိုရီလိုင်းကလည်း ခိုင်မာလို့ပါပဲ။ မူလကလည်း ကလေးကြည့်ကားနဲ့ မတူခဲ့သလို အခုပြန်ထုတ်တဲ့အခါမှာလည်း R rated ပေးထားရလောက်တဲ့အထိ သတ်တာဖြတ်တာတွေကြမ်းပါတယ်။ အူဆွဲထုတ်တာတွေ ...
9.667
TMDb: 9.667/10 15 votes
tv

Kamen Rider BLACK SUN (2022) Complete

2022
Heartbreak High (2022) Season 01 Complete 7.4
Heartbreak High (2022) Season 01 Complete Heartbreak High (2022) Season 01 Complete ~ IMDb rating - 7/10 ~ နာမည်မှာပါတဲ့အတိုင်းပဲ... အထက်တန်းကျောင်းတစ်ကျောင်းက ကျောင်းသားလူငယ်တွေဘဝကို အခြေခံရိုက်ကူးထားတဲ့စီးရီးလေးတစ်ခုပါ။ ဇာတ်အိမ်တည်ထားပုံ၊ ကာရိုက်တာတည်ဆောက်ထားပုံတွေဟာ ဗြိတိသျှတို့လက်ရာ Sex Education အမည်ရတဲ့ မထင်မရှားစီးရီးလေးနဲ့ မဆိုစလောက် ချွတ်စွပ်နီးပါးဆင်တူနေပေမယ့် ဇာတ်လမ်းကတော့ကွဲပါတယ် (လို့မျှော်လင့်ရတာပဲ)။ ဆင်တူတယ်ဆိုတိုင်းလည်း မကောင်းဘူးလို့မဆိုလိုပါဘူး။ Sex Education ကိုကြည့်ဖူးတဲ့သူတွေအတွက် စစချင်းမှာ ပေါ့သလိုလိုဖြစ်နေနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ သူ့ဇာတ်လမ်းကလည်းဆွဲဆောင်မှုတစ်မျိုးရှိမှန်း သိလာပါလိမ့်မယ်။ ဩစတြေးလျလေသံကလည်း တစ်မျိုးလေးအသစ်အဆန်းဖြစ်သလို သရုပ်ဆောင်ပိုင်းရွေးချယ်ထားမှုမှာလည်း နာမည်ကြီးပြီးသား မင်းသား၊ မင်းသမီးတွေ မဟုတ်သည့်တိုင် သူ့နေရာနဲ့သူကိုက်ညီနေပြီး အချောအလှလေးတွေ ဒီထဲမှာတောင်ပိုများပါတယ်။ ဇာတ်လမ်းကိုသွားရရင် သြစတြေးလျနိုင်ငံက ဟာ့တ်လေဆိုတဲ့ အထက်တန်းကျောင်းလေးဟာ စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီး တော်တော်နာမည်ကြီးပါတယ်။ ဆိုးတဲ့ဘက်ကပါ။ ဒီလိုဆိုပေမယ့်လည်း ကျောင်းရဲ့အောင်ချက်က ထိပ်တန်းအဆင့်မှာရှိနေပါတယ်။ နောက်ကရေရင်ပေါ့။ ဒီလိုလန်ထွက်နေတဲ့ကျောင်းလေးဟာဆိုရင် ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အမ်မရီနဲ့ဟာပါဆိုတဲ့ ကောင်မလေးတွေရဲ့လက်ချက်ကြောင့် ...
7.4
TMDb: 7.4/10 9 votes
tv

Heartbreak High (2022) Season 01 Complete

2022
Mental Coach Jegal (2022) 10
Mental Coach Jegal (2022) Mental Coach Je Gal Gil (2022) (အညွှန်း) ==============================အလုပ်ကြိုးစားပြီး ဖော်ရွေတတ်တယ်လို့နာမည်ကြီးတဲ့ နိုင်ငံ့ကိုယ်စားပြုတိုက်ကွမ်ဒိုအားကစားသမားတစ်ယောက် .. တစ်နေ့မှာတော့ အားကစားလောကရဲ့ထုံးစံအတိုင်း မတော်တဆဖြစ်ရပ်တစ်ခုရဲ့ အတင်းအဖျင်းသတင်းတစ်ပုဒ်ကြောင့် အားကစားသမားဘဝကနေအနားယူလိုက်ရတော့တယ်။ ဒီလိုနဲ့အချိန်တစ်ခုကြာအပြီး သူ့လိုမျိုး trauma ရခဲ့တဲ့သူတွေ စိတ်ဓာတ်ကျပြီး အလုပ်မလုပ်နိုင်ဖြစ်နေတဲ့အားကစားသမားတွေကို ကူညီပေးဖို့ရာ အားကစားလောကထဲကို mental coach အနေနဲ့ပြန်ရောက်လာခဲ့တဲ့ .. Je Gal Gil“ရေခဲမင်းသမီး” လို့လူသိများပြီး လတ်တလောမှာ မိမိကိုယ်ကိုယ်ယုံကြည်ချက်ပျောက်ဆုံးပြီး ဘယ်သူ့ကိုမှလည်း မယုံကြည်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ ရေခဲပြင်စကိတ်ရွှေတံဆိပ်ဆုရှင် .. Cha Ga Eulသူသာ နံပါတ် ၁ ထိပ်ဆုံးနေရာမှာရှိမယ်ဆိုရင် ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ တောင်ကိုရီးယားနိုင်ငံ အိုလံပစ်ကော်မတီက လူ့အခွင့်အရေးစင်တာဒါရိုက်တာ .. Gu Tae Man “သေချာပြုစုပျိုးထောင်ခံခဲ့ရတဲ့ ကြင်နာတတ်တဲ့သမီးပျိုလေး” အဖြစ်နာမည်ကြီးပြီး တစ်ချိန်က Je Gal Gil ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ရာကနေ အခုတစ်ခါ အားကစားလောကထဲကို Je Gal Gil နဲ့အတူ အကြံပေးပါတနာတွေအဖြစ်ပြန်ရောက်လာခဲ့တဲ့ စိတ်ကျန်းမာရေးကူညီထောက်ပံ့ရေးအသင်းက .. Park ...
10
TMDb: 10/10 1 votes
tv

Mental Coach Jegal (2022)

2022
Tell Me Lies (2022) Season 1 Complete 8
Tell Me Lies (2022) Season 1 Complete Tell Me Lies (2022) Season 1 Complete ~ IMDb rating - 6.5/10, Rotten Tomatoes - 86% ~ ပိုစတာကြည့်ပြီး ဒီကားကို Adult ကား လိုလို ဘာလိုလို ထင်ကြမှာပဲ။ တကယ်က အထက်တန်းကျောင်းပြီးတဲ့နောက် တက္ကသိုလ်စတက်ကြတဲ့ ဖရက်ရှာမလေးတွေနဲ့ စီနီယာကိုကိုတွေကြားက ဇာတ်လမ်းကို ပဟေဠိလေးတစ်ခုထည့်ပြီး ပုံဖော်ထားတာ။ တက္ကသိုလ်ကျောင်းသူဘဝအစ Fresher Welcome ကနေ ကြုံရတဲ့ပြဿနာတွေကနေ စပြီးပုံဖော်ထားတယ်။ တက္ကသိုလ်အငွေ့အသက်နဲ့ ကားလေးပေါ့။ မင်းသမီးဖြူဖြူချောချောလေးရယ် မင်းသမီးရဲ့လင်လုဘက် ညိုချောမလေးရယ် ပါတယ်။ ဒီလောက်နဲ့တန်ပါတယ်။ ဘာလို့ ဒီလောက်နဲ့တန်လဲဆိုတာက လာမယ်။ ခင်ဗျားသာ Adult ဇာတ်လမ်းတွဲတွေကို သဘာကျရင် ဒီဇာတ်လမ်းက ခင်ဗျားအတွက်ရွှေပဲ။ ဘာလို့ဆို ဖိလစ်ပိုင် အပြာဇာတ်လမ်းတွဲတွေထက်စာရင် ဒီကားကတော့ ဒီတိုင်း ဒရာမာသာတပ်ထားတာ တစ်ပိုင်း ၃ ၄ခန်းအထိပါတယ်။ ...
8
TMDb: 8/10 6 votes
tv

Tell Me Lies (2022) Season 1 Complete

2022
Vampire Academy (2022) 7.6
Vampire Academy (2022) အခုတင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးကတော့ Vampire Academy လို့ ခေါပြီး နာမည်တူရောင်းအားအကောင်းဆုံးစာအုပ်ကို အခြေခံထားတဲ့ဇာတ်လမ်းတွဲဖြစ်ကာ ၂၀၁၄မှာတုန်းက ရုပ်ရှင်အဖြစ် အသက်သွင်းခံခဲ့ရဖူးပါတယ်။သွေးစုပ်ဖုတ်ကောင်လို့ဆိုလိုက်ရင် Vampire ကို ပြေးမြင်တဲ့ ကိုယ်တွေအတွက် Vampsတွေရဲ့လောကက ဒီထက်ပိုပြီး နက်နဲကျယ်ပြန်ပါသတဲ့။ ဒီဇာတ်လမ်းထဲမှာဆိုရင် မိုရိုအိ၊ ဒမ်ပီယာ၊ စထရစ်ဂိုအစ် ဆိုပြီး အမျိုးအစား ခွဲခြားထားပါတယ်။ မိုရိုအိ တွေက မျိုးသန့်ရိုးသန့်သွေးသောက်သုံးသူတွေပါ။ သိပ်စူးရှတဲ့နေရောင်ကိုတော့ မခံနိုင်ကြပေမဲ့ လူတွေလိုနေထိုင်ပြီး လူသက်တမ်းလောက်နေပြီးရင် လူလို သေကြပါတယ်။ ထူးခြားချက်က ကိုယ်ပိုင်အစွမ်းတွေ ပိုင်ဆိုင်ကြတာပါ။သူတို့က တစ်ထီးတစ်နန်းနဲ့ တစ်ပြည်ထောင် နေထိုင်ကြပါတယ်။ ဒမ်ပီယာတွေကတော့ လူတစ်ပိုင်း သွေးစုပ်သူတစ်ပိုင်း သွေးနှောအမျိုးအစားဖြစ်ပြီး သူတို့က မိုရိုအိတွေကို ကာကွယ်ကြတဲ့ စောင့်ရှောက်သူ တွေပါ။ စထရစ်ဂိုအစ်တွေကတော့ သွေးစုပ်သူက သွေးစုပ်တာခံလိုက်ရပြီးနောက် အသက်ဆက်ရှင်သန်ဖို့ ‌ လူသွေးသောက်ရတဲ့ အနိမ့်ဆုံးအဆင့်အတန်း သွေးစုပ်ဖုတ်ကောင်တွေဖြစ်ကာ ကျန် ဗင်ပိုင်းယားနှစ်မျိုးနဲ့လည်း ရန်သူတွေဖြစ်ပါတယ်။လစ်ဆာ ဟာ တော်ဝင်မျိုးနွယ် မိုရိုအိ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ရို့စ်ဟာ သွေးနှောဒမ်ပီယာတစ်ယောက်ပါ။ ရို့စ်ဟာ လစ်ဆာနဲ့လည်း စိတ်ချင်းဆက်သွယ်မှုရှိနေပြီး သူက လစ်ဆာရဲ့ စောင့်ရှောက်သူတစ်ဦးဖြစ်လာဖို့ ကြိုးစားနေတဲ့သူပါ။ ကနဦးမှာ လစ်ဆာဟာ မိသားစုရဲ့ သမီးဦးမဟုတ်တဲ့အတွက် ...
7.6
TMDb: 7.6/10 10 votes
tv

Vampire Academy (2022)

2022
(18+) Matki (2022)
(18+) Matki (2022) Matki (2022)အခုတစ်ခါ Ullu က ထွက်ရှိထားတဲ့ 18+ ဟင်ဒီစီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...မြို့ကနေ ရွာမှာရှိတဲ့ အဖေ့ရဲ့ညီ ဦးလေးဖြစ်သူဆီ အလည်လာတဲ့ သားအဖပေါ့..ဦးလေးလင်မယားကလည်း တူနဲ့ အစ်ကိုဖြစ်သူကို ကောင်းကောင်းဧည့်ဝတ်ကျေပွန်ကြပါတယ်...ညညကျရင်လည်း ဦးလေးနဲ့ ဒေါ်လေးက ဗလိုင်းတီးဆိုင်ကြတယ်ပေါ့ဗျာ..ဒါကို လူပျိုနုနုထွတ်ထွတ်လေးဖြစ်တဲ့ တူက မြင်ပြီး စိတ်တွေမရိုးမရွဖြစ်နေတဲ့အပြင် သူ့ဦးလေးရဲ့မိန်းမကို တိတ်တခိုးလေး သဘောကျနေသလို အစ်ကိုဖြစ်သူကလည်း ညီရဲ့မိန်းမကို အလစ်သုတ်ဖို့ ချောင်းနေပြန်တယ်...လျှို့ဝှက်ချက်က သူတို့လင်မယားနှစ်ယောက်မှာ မိန်းမဖြစ်သူက ယောက်ျားရဲ့စွမ်းဆောင်ရည်ကို အပြည့်အဝမရနေဘူး စိတ်ကျေနပ်မှုမရှိနေဘူးပေါ့...ကဲ..ဒီလျှို့ဝှက်ကို သားအဖနှစ်ယောက်မှာ ဘယ်သူက သိသူဖေါ်စား မသိသူကျော်သွားမလဲ...သူတို့အိမ်အတွင်းမှာလည်း ဒီရာဂစိတ်တွေနဲ့ လူတွေဟာ ဘယ်လိုတွေ သိုင်းဂယက်ထန်လာမလဲဆိုတာကိုတော့ အပိုင်းတိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်...ကဲ..ဂေါင်းကြီးတို့ ထိုင်ရာမထသာ ကြည့်ပေတော့နော်Quality : 1080p WEB DL/ 720pTotal Episodes : 4EpsFormat : mp4Genres :Drama, Adult, RomanceSubtitle : Myanmar Subtitle ( Hardsub )Translated ...

(18+) Matki (2022)

2022
Inverso The Peripheral (Season1) (2022)
Inverso The Peripheral (Season1) (2022) ကမ္ဘာကျော်သိပ္ပံစီးရီး Westworldကို ဖန်တီးခဲ့သူတွေရဲ့ လက်ရာအသစ်အဖြစ် သိပ္ပံစိတ်ကူးယဉ် ဂိမ်းအခြေခံနဲ့ စီးရီးကောင်းတစ်ခု ထပ်မံထွက်ရှိလာပါပြီ။ဒီ တစ်ခါတော့ ပရိသတ်ကြီးကို ဂိမ်းနဲ့ပတ်သက်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ဂိမ်းကစားတယ်ဆိုတာ ရုပ်သံတွေ ကြည်လင်ပြတ်သားပြီး ဇာတ်ကောင်တွေ ပီပြင်မှပိုပြီးကစားလို့ကောင်းတာပါ အဲဒီလို အရသာမျိုး ခံစားရဖို့အတွက်လည်း လူတွေက တစ်မျိုးပြီးတစ်မျိုး အဆင်မြှင့်တင်ပြီး တီထွင်နေကြတာပေါ့လေ လူတွေကလည်း အဲဒီလိုမျိုးလေး ကစားရမှ ကြိုက်တာကိုး အခုကားလေးကတော့ အဲဒီ ဂိမ်းကနေပဲအစပြုထားတဲ့ကားလေးမို့လို့ တကယ့်ကိုကြည့်ကောင်းမဲ့ ကားကောင်းလေး တစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေး ကတော့ အနာဂတ်ခေတ်ကို ပုံဖော်ပြီးရိုက်ကူး ထားတာပါ ဖလင်း နဲ့ ဘာတန်တို့က မောင်နှမတွေပေါ့ သူတို့မှာ မျက်စိမမြင်တဲ့ မိခင်ကြီးတစ်ယောက်ရှိနေတာပါ ပြီးတော့ မိခင်ကြီးမှာရော ဘာတန်မှာရောက ရောဂါတစ်ခုဖြစ်နေတာပါ ဖလင်းကတော့ အလုပ်ရှိပေမဲ့ ဘာတန်ကတော့ ကြေးစားဂိမ်းသမားအဖြစ်ပဲရပ်တည်နေတာပါ ဒါပေမဲ့လည်း ဘာတန်ရဲ့ ဂိမ်းဇာတ်ကောင်ကို တကယ်ကစားပေးနေတဲ့သူက ဖလင်းပါပဲ ...

Inverso The Peripheral (Season1) (2022)

Shantaram (2022)
Shantaram (2022)  ဒီတစ်ခါတော့ ပရိသတ်ကြီးကို လူတစ်ယောက်ဘဝမှာကြုံတွေ့နိုင်တဲ့အကြောင်းရင်းလေးကို ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ကားတင်ဆက်လိုက်ပါတယ် ဒိုင်ရယ်ဆိုတဲ့ တစ်ယောက်က ထူချွန်တဲ့ကျောင်းသား အဖြစ်ကနေ ရာဇဝတ်မှုကျူးလွန်မိလို့ ထောင်ကျနေတာပါ ထောင်ထဲမှာ သူ့ကို သတင်းပေးပါလို့ ရဲတွေက သတင်းလွှင့်ထားလို့ ထောင်သားတွေကလည်း သူ့ကို သတ်ချင်နေတာကြောင့် ထောင်ကနေ လွတ်လမ်းရှာပြီး ထွက်ပြေးခဲ့တာပါ သူနဲ့အတူ သူငယ်ချင်းတစ်ယောက်လွှတ်သွားပေမဲ့ လွှတ်သွားရင်ဘာလုပ်မလဲဆိုတာ အစီစဉ်မဆွဲထားတဲ့ သူကတော့ သူ့ရဲ့ ကျောင်းဆရာဆီပြန်သွားရင်းကနေ သူ့ဆရာက သူ့ကို နိုင်ငံထဲကထွက်သွားဖို့ ပြောလိုက်တာကနေ အိန္ဒိယဘုံဘေကို ရောက်ခဲ့တာပါ အဲဒီအချိန်မှာပဲ ဘုံဘေမြို့ရဲ့ စရိုက်လက္ခဏာတွေ အဲဒီမှာနေတဲ့သူတွေနဲ့ ကြုံတွေရမဲ့အကြောင်းတွေရိုက်ပြရင်း သူ့လို့ပဲ လူတိုင်းမှာလျှို့ဝှက်ချက် ကိုယ်စီရှိနေတဲ့ ဘုံဘေ မြို့ကြီးမှာ ဘာတွေဆက်ဖြစ်မလဲ သူကရော အဲဒီမှာဆက်နေမှာလား ဘယ်လိုရုန်းထွက်နိုင်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး ခင်ဗျာFile size…400MB Quality….Webrip 720 Format…mp4 Duration….50 Min Genre...Crime, Adventure & Adventure , Drama Subtitle….Myanmar Subtitle ...

Shantaram (2022)

Miracle of Love (2022)
Miracle of Love (2022) ဖင်မ်အတိရွတ် အဖြစ် Donut Phattharapon ဖဖျန် အဖြစ် MeiMei Thanyawee ချုတ် အဖြစ် Aun Akrabhakj ရိတာ အဖြစ် Jean Chertinnaraဇာတ်လမ်းအကျဉ်းဖင်မ်နဲ့ ဖဖျန့်တို့က သိပ်ချစ်ကြတဲ့ စုံတွဲလေးဖြစ်ခဲ့ပေမဲ့ အကြောင်းရင်းမျိုးစုံ စိတ်ဝမ်းကွဲစရာမျိုးစုံကြောင့် ဖျန့်ဟာ နိုင်ငံခြားကို ထွက်သွားခဲ့ပါတယ်ဖင်မ်အနေနဲ့ ဖဖျန့်က သူနဲ့ရခဲ့တဲ့ ကိုယ်ဝန်ကိုဖျက်ချ အိမ်ကပေးတဲ့ပိုက်ဆံယူပြီး ထွက်သွားခဲ့တယ်ဆိုပြီး ဖျန့်ကို စိတ်နာနေခဲ့တယ်၆ နှစ်ကြာပြီးနောက်မှာတော့ ဖျန့်ဟာ ဖင်မ်မသိအောင် ၅ နှစ်အရွယ်သမီးလေး တျန်ဝမ်နဲ့ ထိုင်းကို ပြန်ရောက်လာခဲ့ပါတယ်စိတ်နာတယ်လို့ပြောနေပေမဲ့ ဖျန့်ကိုပဲ သတိရနေခဲ့တဲ့ ဖင်မ်တစ်ယောက် ကလေးနဲ့တူတူ ထိုင်းပြန်ရောက်နေတာကို သိလိုက်ရတဲ့ အခါ ဘာတွေဆက်ဖြစ်လာမလဲဖျန်ကရော ကလေးမွေးထားတာကို မပြောနိုင်လောက်အောင်ထိ ဘာတွေကို စိတ်နာနေခဲ့တာလဲအချင်းချင်း အထင်လွဲမှု နာကျည်းမှုတွေနဲ့ ပြည့်နေတဲ့ ဖင်မ်နဲ့ ဖျန်တို့ အရင်လိုပြန်အဆင်ပြေနိုင်ပါ့မလားဆိုတာ “ ဆန်းကြယ်တဲ့ချစ်ခြင်း” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရအောင် ။( အညွှန်းရေးသားထားသူကတော့ ...

Miracle of Love (2022)

Karm Yuddh (2022) 7
Karm Yuddh (2022) Karm Yuddh (2022)အခု တစ်ခါမှာတော့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်ဒီ TV Series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ခရိုနီကြီးတွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေ အကြောင်းဆိုရင်လည်း မမှားနိုင်လောက်ပါဘူး ဘာလို့လဲဆိုတော့ ဒီစီးရီးလေးက တကယ့်လုပ်ငန်းရှင်သူဋ္ဌေးကြီးတွေအချင်းချင်း ကိုယ်အကျိုးအမြတ်ရဖို့အတွက် အာဏာလု ရပိုင်ခွင့်လုကြပြီး အောက်ခြေလူတန်းစားကို နည်းနည်းလေးမှ မငဲ့ကွက်တဲ့အကြောင်းတွေကို အမိအရရိုက်ကူးထားလို့ပဲဖြစ်ပါတယ်...ဒီလိုစီးပွားရေးလုပ်ငန်းရှင် မိသားစုတစ်စုရှိတယ်...ရွိုင်းမိသားစုလို့ခေါ်တယ်...ထုံးစံအတိုင်း ခရိုနီမိသားစုဆိုတော့ မိသားစုအတွင်းထဲမှာတင်ပဲ မြေခွေးလို အကောက်ကြံနေကြတာပေါ့..စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို တစ်ဦးတည်း မောင်ပိုင်စီးချင်နေကြတယ်...သူတို့ ရပိုင်ခွင့်လုရင်း ပဲကြီးလှော်ကြား ဆားညှက်ခဲ့ရတာကတော့ စက်ရုံအလုပ်သမားတွေပါပဲ..တစ်ညမှာ စက်ရုံအကြီးအကျယ်မီးလောင်ခဲ့ပြီး အလုပ်သမားတွေ အများကြီးသေဆုံးခဲ့ရတယ်...စီဘီအိုင်တွေက ဒီအမှုကို လိုက်လံစုံစမ်းတော့ ဒီကိစ္စဟာ သွေးရိုးသားရိုးမဖြစ်နိုင်တဲ့အခါ....။နောက်ကွယ်က ကန့်လန့်ကာ ဘယ်လိုကွာကျလာမလဲဆိုတာကို တစ်ပိုင်းချင်းအလိုက် စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်...လုပ်ငန်းရှင်အချင်းချင်းကြား အပြိုင်အဆိုင်တွေကိုကြည့်ရမယ့်အပြင် တစ်ယောက်နဲ့တစ်ယောက် အားပြိုင်ကျရင်း ကျရောက်လာမယ့် အန္တရယ်တွေနဲ့ အဆင့်ဆင့်ကျော်လွှားပုံတွေကို မြင်တွေ့ရမှာဖြစ်လို့ ဗဟုသုတလည်းရ ကြည့်ရလည်းတန်တဲ့ စီးရီးကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါနော်...IMDb ကလည်း လူအယောက် 13K က 8.5/10 ပေးထားတာဆိုတော့...။File Size – 800MB / 400MBQuality – 1080p ...
7
TMDb: 7/10 1 votes
tv

Karm Yuddh (2022)

2022