Channel Myanmar

Drama

Nagendran’s Honeymoons (2024)
Nagendran’s Honeymoons (2024) Nagendran's Honeymoons (2024) fix "မချောငါးယောက် ကိုယ်တစ်ယောက်"CM ပရိသတ်ကြီး အပန်းပြေစေဖို့ အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသစီးရီးအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်၁၉၇၀ ကာလ ကျေးလက်ဒေသမှာ ဇာတ်လမ်းတည်ထားပြီး ငိုရခက် ရယ်ရခက် နာဂျန်ဒရန်ဟာ တာဝန်ယူချင်စိတ်ကင်းမဲ့သူတစ်ယောက်ပါ အမေ့လုပ်စာထိုင်စားနေရပြီး အားတိုင်းအပျင်းတစ်နေကာ ဘာအလုပ်မှမလုပ်ဘဲဆန်ကုန်မြေလေး ဘဝမှာ နေပျော်ရင်း ...တစ်နေ့ သူငယ်ချင်းတစ်ယောက်က ကူဝိတ်နိုင်ငံမှ ပြန်လာတဲ့အခါ စကားစမြည်ပြောကြရင်းက နိုင်ငံခြားအလုပ်သွားလုပ်ဖို့ အကြံရလာပါတယ်မိန်းမတွေကို ရှာကျွေးရမှာကြောက်လို့ မပတ်သက်တဲ့ နာဂျန်ဒရန်ဟာ ဗီဇာအတွက် လိုအပ်တဲ့ပိုက်ဆံရဖို့ မင်္ဂလာအသွင်းပစ္စည်းမျှော်ကိုးပြီး လူကြီးချင်းသဘောတူထားတဲ့ ကောင်မလေးနဲ့ လက်ထပ်လိုက်ရာမှ ဘယ်လိုအလွဲတွေ အရှုပ်တွေဆက်ဖြစ်ဦးမှာလဲဆိုတာကို ပရိသတ်ကြီးဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Bluri ~ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn Lunn တို့ပဲ ဖြစ်ပါတယ်File Size – 800MB(Appx;)@EpisodeQuality – 1080p WEB DLDuration – 35minute (@Episode)Total ...

Nagendran’s Honeymoons (2024)

2024
Tribhuvan Mishra CA Topper (2024) 6.3
Tribhuvan Mishra CA Topper (2024) Tribhuvan Mishra CA Topper S01 9eps(2024)ရုံးစာရေးလေး မစ်ရှရာIMDb-7/10CA စာမေးပွဲမှာ ထိပ်ဆုံးအဆင့်နဲ့အောင်မြင်ခဲ့တဲ့ မစ်ရှရာတစ်ယောက် ရိုးသားကြိုးစားလွန်းတဲ့ဂုဏ်ကြောင့် ဘဝတက်လမ်းမထွန်းပေါက်ဘဲ သာမန်လူလတ်တန်းစားဘဝလေးနဲ့ပဲ ကျပ်ကျပ်တည်းတည်းကျင်လည်နေခဲ့တယ် ။ရိုးဂုဏ်ကတော့ ရုံးမှာ အမျိုးသမီးအဖွဲ့လိုက်ရှိတဲ့နေရာတွေကို သွားဖို့ရှက်သည်ထိပါပဲ။ကလေးနှစ်ယောက်နဲ့အိမ်ထောင်သည်ဘဝ ၊ ဇာတိမြို့မှာကျန်ခဲ့တဲ့မိသားစု မိသားစုနှစ်စုစာရဲ့အသုံးစရိတ်တွေက ရုံးလစာနဲ့မလည့်တလည်ပါပဲ။တစ်နေ့ လစာရောချေးငွေတွေပါအပ်ထားတဲ့ ဘဏ်က အကောင့်တွေပိတ်သိမ်းလိုက်တဲ့အချိန်မှာ..... လုပ်ငန်းခွင်မှာလည်း သူမလိုလားတဲ့လာဘ်ပေးလာဘ်ယူမှုတွေက ရှောင်လွှဲလို့မရတော့တဲ့အချိန်မှာ..... သူရွေးချယ်လိုက်တဲ့အရာက အလိုဆန္ဒမပြည့်ဝတဲ့အမျိုးသမီးတွေအတွက် အဖြည့်ခံလူသားတစ်ယောက်ဘဝသူဝန်ဆောင်မှုပေးရတဲ့သူတွေက သာမန်အိမ်ထောင်သည်အမျိုးသမီးတွေမဟုတ်ဘဲ အကောင်ကြီး ဇိုးတွေရဲ့ဇယားတွေနဲ့ပါပတ်သတ်လာရတော့ သူ့ဆီကိုရော ဘယ်လိုပြဿနာတွေရောက်လာဦးမလဲဒီဇာတ်လမ်းက Netflix မှာစတင်ပြသဖို့ teaser ထွက်တည်းက CA ပညာတတ်အသိုင်းအဝိုင်းနဲ့ ဖြေဆိုသူတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေမှုနဲ့ Boycott ဖို့ ဝေဖန်မှုတွေပြင်းထန်နေတဲ့ကားပဲဖြစ်ပါတယ်အဓိကဇာတ်ကောင်ကို CA topper ဆိုပြီး တကူးတကဘာကြောင့် ထည့်ရိုက်ထားရတာလဲဆိုတာတော့ ကိုယ်တိုင်ပဲရှုစားအဖြေရှာကြည့်ပါတော့Disclaimer ; အသက်မပြည့်သေးသူများနှင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်သော ဇာတ်ဝင်ခန်းများ များစွာပါဝင်ပါသည်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်File Size – 1GB (Appx;)@EpisodeQuality – 1080p WEB DLDuration – ...
6.3
TMDb: 6.3/10 3 votes
tv

Tribhuvan Mishra CA Topper (2024)

2024
Showtime (2024) Complete
Showtime (2024) Complete Showtime (TV Series - 2024) IMDb - 6.1/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့ပြီး အပိုင်းလေးပိုင်းပါဝင်ပါတယ်။သုံးကားမြောက်တိုက်ဂါးရုပ်ရှင်မှာ ဗီလိန်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ မင်းသား အင်မရန်းနဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးချော မဟီမာတို့ပါဝင်ထားတဲ့ ဘောလိ၀ုဒ်အရှုပ်တော်ပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။လောကဇာတ်ခုံလို့ ဆိုကြသလိုပဲ ပညာရပ်နယ်ပယ်အသီးအသီးမှာ အရှုပ်တွေ အပြိုင်အဆိုင်တွေ နားမလည်နိုင်စရာတွေ ပွစာတက်နေတာက ဓမ္မတာပဲဆိုပေမဲ့ အနုပညာလောကကတော့ ပိုမိုရှုပ်ထွေးနက်နဲတယ်လို့ ဆိုကြတယ်။အောင်မြင်တဲ့ အသီးအပွင့်ဆိုတာကလည်း မူးယစ်စွဲမက်စေတတ်တဲ့အရာတစ်ခုမို့ အောင်မြင်မှုအပေါ်မှာ ယစ်မူးရင်း နေရာဖယ်မပေးချင်မှုတွေ အဆင်းမှာ ဘီးအကြီးကြီးတပ်ပေးကြတဲ့ ဘောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားတယ်လို့ဆိုပါတယ်။ဒီမှာတော့ နှစ်ပေါင်းလေးဆယ်တိုင်တိုင်အောင်မြင်မှုရယူထားတဲ့ ရုပ်ရှင်စတူဒီယိုကြီးတစ်ခုကနေစတည်လိုက်တဲ့ဇာတ်လမ်းကနေ ဒါရိုက်တာ ပရိုဂျူဆာ မင်းသားမင်းသမီး အဆိုတော် စတဲ့ ရုပ်ရှင်အနုပညာလောကက နားမလည်နိုင်စရာတွေကို နားရည်လည်ဖို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ ToMo ~ Yunniတို့ဖြစ်ပါတယ်)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB DL Duration – 45minute (@Episode)Total ...

Showtime (2024) Complete

2024
My Lady Jane (2024) 7.517
My Lady Jane (2024) အင်္ဂလန်သမိုင်းမှာ ၉ ရက်ပဲ ဘုရင်မဖြစ်ခွင့်ရလိုက်တဲ့ ဘုရင်မ ဂျိန်းဂရေးအကြောင်းကို ကျောရိုးတည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်သမိုင်းမှာတော့ Nine Days Queen လို့နာမည်ကြီးပြီး 9 ရက်အကြာမှာ ခေါင်းဖြတ်သတ်ခံလိုက်ရတဲ့ ဘုရင်မပါ .. ဒီဇာတ်လမ်းတွဲမှာတာ့ သမိုင်းကိုအနည်းငယ်ပြောင်းလဲရိုက်ကူးထားပါတယ် ...Jane Grey ဟာ ဂရေးမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်ပြီး အမျိုးသမီးတွေပညာသင်ခွင့်မရတဲ့ ခေတ်မှာ စာပေပညာထူးချွန်သူတစ်‌ေယာက်ပါ ..သူ့မိခင် ဖရန်စစ်က သမီးတွေကြည့် 3 ယောက်မွေးထားတာဖြစ်လို့ အမွေဆက်ခံမယ့်ယောက်ျားသားကို လိုချင်တဲ့အတွက်ဒူဒလီ မိသားစုက သားငယ် ဂေးဖို့ဒူဒလီနဲ့ အတင်းလက်ဆက်ပေးစားပါတယ် ဒါပေမယ့် သူတို့ခေတ်မှာ အီသီယန်လို့‌ခေါ်တဲ့ လူတစ်ပိုင်း သားရဲတစ်ပိုင်း သတ္တဝါတွေလည်း အတော်သောင်းကြမ်းနေပါတယ် ... ဂျိန်းလက်ထပ်လိုက်တဲ့ ဂေးဖို့ဟာ အီသီယန်တစ်ကောင်ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ လက်ထပ်ပွဲက ပြီးဆုံးကာ အားလုံးနောက်ကျ သွားပါပြီ...တစ်ဆက်ထဲမှာပဲ အင်္ဂလန်ဘုရင် အက်၀က်ဟာ အစ်မဖြစ်သူ နန်းလုသူ မယ်ရီရဲ့ အဆိပ်ခပ်လုပ်ကြုံမှုကို ခံလိုက်ရပါတယ် ...
7.517
TMDb: 7.517/10 59 votes
tv

My Lady Jane (2024)

2024
Professor T (2021) 7.667
Professor T (2021)  လူသတ်၊ အမှုလိုက် စုံထောက်ကားတွေကိုမှ ကြိုက်နှစ်သက်လှပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် အံကိုက်ဖြစ်စေမယ့် Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Johnny English, The Armstrong and Miller, Bridgerton, Paddington အစရှိတဲ့ နာမည်ကြီး စီးရီးတွေ ရုပ်ရှင်တွေမှာ အမြဲတမ်း ပါဝင်တတ်ပြီး ထူးခြားလှတဲ့သရုပ်ဆောင်ချက်နဲ့ လူသိများကျော်ကြားတဲ့ Ben Millerက ပါမောက္ခ တန်းပစ်စ်အနေနဲ့ ဦးဆောင်ပါဝင်ထားပါတယ်။ ထို့အပြင် Emma Naomi, Frances de la Tour, Juliet Aubrey, Barney Whiteတို့ကလည်း အဓိကကျတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Episodeတစ်ပိုင်းချင်းစီမှာ မတူညီတဲ့ လူသတ်ပုံတွေ၊ ထူးခြားလှတဲ့ လူသတ်မှု ဖြေရှင်းပုံတွေကို တစ်ဝကြီး ကြည့်ရှု့ရမှာဖြစ်လို့ အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် ratingကလည်း 7.3တောင် ရထားတာဆိုတော့ အပြောတင်မဟုတ် လက်တွေ့မှာပါ အကြိုက်တွေ့ခံထားရတဲ့ ...
7.667
TMDb: 7.667/10 36 votes
tv

Professor T (2021)

2021
Kübra (2024) 6.25
Kübra (2024)  စာရေးဆရာ Afşin Kum ရဲ့၀တ္ထုကိုအသက်သွင်းတဲ့ ဒုတိယမြောက် Netflix စီးရီးစ်ဖြစ်ပါတယ်။ ပထမကားကတော့ တင်ဆက်ပေးပြီးသားဖြစ်တဲ့ Hot Skull 2022 ပါ။ ဒီဇာတ်လမ်းတွဲကတော့ ဂိုခန်းဆိုတဲ့အစ္စတန်ဘူသား အရပ်သားလူငယ်တစ်ယောက်ကိုအခြေခံပါတယ်။သူဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက သူတို့စခန်းကို ဝင်ရောက်စီးနင်းခံလိုက်ရာကနေ သူတစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့အတွက် လိပ်ပြာမလုံစိတ်နဲ့စိတ်ဒဏ်ရာတစ်ချို့ကိုခံစားနေရဆဲပါ။အခုချိန်မှာတော့ ဝပ်ရှော့တစ်ခုမှာအလုပ်လုပ်နေပြီး တစ်ချိန်မှာ ချစ်သူမာဗေးကိုလက်ထပ်မယ်ဆိုတဲ့ စိတ်ကူးယဉ်အိမ်မက်တွေနဲ့ရိုးရှင်းတဲ့ဘ၀ကိုဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့ Soultouch ဆိုတဲ့ app တစ်ခုကနေ Kubra အမည်ရသုံးစွဲသူရဲ့ စာတစ်စောင်ကိုရရှိရာကနေ ဒါတွေအားလုံး ကမောက်ကမပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်။Kubra ရဲ့ပြောစကားတွေ၊သက်သေပြမှုတွေ၊တိုက်ဆိုင်လွန်းတဲ့အဖြစ်အပျက်တွေ ထူးခြားစွာပေါင်းဆုံလာတဲ့အခါမှာတော့ ဂိုခန်းဟာ သူ့ကိုယ်သူတမန်တော် Kubra ကိုဘုရားသခင်လို အထင်ရောက်လာပါတော့တယ်။အဲ့ဒီနောက်မှာတော့ သူ့အပေါ်ယုံကြည်တဲ့နောက်လိုက်တွေအများကြီးစုမိလာပြီးတစ်နိုင်ငံလုံးအနှံ့ထောက်ခံမှုကိုရလာတဲ့အချိန်မှာ မနာလိုသူတွေ၊ သူ့ကိုအသုံးချဖို့ကြိုးစားသူတွေ၊ သူ့အရှိန်အဝါကိုထိတ်လန့်ပြီးနှိမ်နင်းဖို့ကြိုးစားကြသူတွေနဲ့ ဂိုခန်းထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ သူ့ဘက်မှာရှိနေခဲ့တာ တကယ်ပဲ ဘုရားသခင်လား ဒါမှမဟုတ်? ဇာတ်လမ်းထဲမှာဆက်ပြီးအဖြေရှာကြည့်ကြပါ။ File size…(770 Mb)/(400 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….00:45:00 Genre...Drama, Thriller Subtitle….Myanmar Subtitle ...
6.25
TMDb: 6.25/10 24 votes
tv

Kübra (2024)

2024
Century of Love (2024)
Century of Love (2024) မေတ္တာအခြေပြု အချစ်ရာစု (၂၀၂၄)အချစ်ကို ယုံကြည်ပြီး ကိုးကွယ်လွန်းတဲ့ ဆန် တစ်ယောက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဆုံးပါးသွားတဲ့ ချစ်သူကောင်မလေး ဝပ်ဒ် ပြန်လည်မွေးဖွားလာစေဖို့စောင့်ဆိုင်းနေသူပါ။ရောင်စဉ်ငါးသွယ်ကျောက်ရဲ့စွမ်းအင်နဲ့ သူ့အသက်ကိုပါလောင်းကြေးထပ်ပြီး သူ့ကောင်မလေး ဝပ်ဒ်ကိုပြန်လည်ရှာဖွေဖို့ကြိုးစားခဲ့ပါတယ်။ဆန်က ရာစုနှစ်တစ်ခုအတွင်းမှာနေထိုင်ရင်း သူ့ကောင်မလေး ဝပ်ဒ်ကို ရှာနေတဲ့အချိန်မှာ Vee ဆိုတဲ့ ရွှတ်နောက်နောက်နဲ့ ချစ်စရာကောင်လေးနဲ့ဆုံခဲ့ပါတယ်။ တကယ်တော့ Vee ဆိုတဲ့ကောင်လေးက သူရာစုနှစ်နဲ့ချီမျှော်နေခဲ့ရတဲ့ ချစ်သူဖြစ်နေခဲ့တယ် ဆိုတာကို ဆန်တစ်ယောက် လက်ခံနိုင်ပါ့မလား???အညွှန်းကိုတော့ Kim က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kim, SuMyat, Mary, Char Ou တို့ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kim, SuMyat, Mary, Char Ou Encoder ..... ...

Century of Love (2024)

2024
My Marvellous Dream Is You (2024)
My Marvellous Dream Is You (2024) ဆန်းကြယ်အိပ်မက် ချစ်ရမ္မက် (၂၀၂၄)LGBTQ ဘက်က နာမည်ရentertainmentဖြစ်တဲ့ Idol Factory နဲ့ Ch3တို့ရဲ့လက်ရာဖြစ်တဲ့ My Marvellous Dream is You2024ရဲ့GLအဖွင့်ကတော့ Blankမှာထဲက အောင်မြင်မှုတွေတဟုန်ထိုးဖြစ်နေတာဆိုတော့ ဒီCPအသစ်လေးကိုလည်း အများကြီးမျှော်လင့်ထားတာမလို့ ဘယ်လိုတွေလာမလဲ ရှုစားကြပါဦး။လူတိုင်းလူတိုင်းမှာ မနိုးထချင်လောက်အောင် လှပလွန်းတဲ့အိပ်မက်ကိုယ်စီရှိပါတယ်။ ဒါဝမ်ရဲ့ မနိုးထချင်တဲ့အိပ်မက်လေးကတော့ ကင်ဆိုတဲ့ကောင်မလေးပါပဲ။ဒါဝမ်ဟာအများအမြင်မှာ မိသားစုကလည်းကျိကျိတက်ချမ်းသာ၊ ကိုယ်တိုင်ကလည်း တဟုန်ထိုးအောင်မြင်နေပြီး နိုင်ငံတကာကိုထိုးဖောက်ဖို့ ဟောလိဝုဒ်ရုပ်ရှင်မှာ လူရွေးပွဲဝင်ပြိုင်နေတဲ့ prime timeမှာရှိနေတဲ့ထိပ်တန်းမင်းသမီးဆို‌တော့ လူတကာအားကျစရာပေါ့။ဒါပေမဲ့ လူမမြင်ကွယ်ရာက သနားစရာဝမ်လေးကတော့ အတိတ်ရဲ့အရိပ်ဆိုးတွေအောက်မှာရှင်သန်နေရသူပါ။ ဒါတွေအားလုံးကို နားလည်ပေးနိုင်သူကတော့ အဖြစ်ဆိုးကို မျှဝေခံစားခဲ့ရတဲ့ ထပ်တူကံဆိုးခဲ့တဲ့ကင်ပါပဲ။ကင်က မင်းသမီးတိုင်းမက်မောရတဲ့ အရည်အချင်းရှိတဲ့စတိုင်လစ်တစ်ယောက်၊ ဝမ်ရဲ့လိုအပ်ချက်မှန်သမျှ အရိပ်တကြည့်ကြည့်နဲ့ဖြည့်ဆည်းပေးနေတဲ့ ဝမ်ရဲ့အရိပ် ဝမ်ရဲ့ဒိုင်းကာလေးပေါ့။ ဘာပဲလုပ်လုပ် ဝမ်ကိုပဲကြည့်နေတတ်တဲ့ကင်ဟာ တစ်နေ့မှာထူးဆန်းစွာနဲ့ ဝမ်ဆီကအလုပ်ထွက်ပြီး ဝမ်နဲ့ပြိုင်ဘက်မင်းသမီးဆီမှာ အလုပ်သွားလုပ်တဲ့အခါ...နှစ်ကိုယ်တစ်စိတ်လိုဖြစ်နေပြီး သူငယ်ချင်းဆိုတာထက်ပိုနေတာ သေချာနေတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး၊ တစ်ကွက်နင်းစရာရတာနဲ့ တံတွေးခွက်ထဲပက်လက်မျောရမယ့် ပြိုင်ဆိုင်မှု‌တွေ ပြင်းထန်လွန်းတဲ့ သူတို့ကျင်လည်ရာ အနုပညာနယ်ပယ်၊ ကျီစားသန်လွန်းတဲ့ ကံကြမ္မာကြားမှာ ဒါဝမ်နဲ့ကင်တို့ရဲ့အချစ်က အိပ်မက်ထဲကလိုချိုမြိန်နိုင်မလားဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary ...

My Marvellous Dream Is You (2024)

2024
Pill (2024) 8
Pill (2024) Pill (2024) "ဆေး"အသစ်ထွက်ရှိလာတဲ့ ဟင်ဒီစီးရီးထဲမှာမှ အတော်လေး နာမည်ရထားပြီး rating ကောင်းတဲ့ Medical စီးရီးလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်လူသားတို့ ကျန်းမာရေးအတွက် စိတ်ချလက်ချသောက်သုံးတဲ့ဆေးတွေက အမှန်တကယ်ရော စိတ်ချနိုင်ပါ့မလား ဒီဇာတ်လမ်းတွဲလေးမှာ ဆေးဝါးကုမ္ပဏီရဲ့ နောက်ကွယ်က အကျင့်ပျက်မှုတွေကို တွေ့မြင်ရမှာပါအိန္ဒိယမှာတင်မက ကမ္ဘာ့အင်အားကြီး ဆေးဝါးလုပ်ငန်းစုဖြစ်တဲ့ Forever Cure Pharma က ဈေးကွက်ကို ဦးဆောင်ချုပ်ကိုင်လျက်ရှိပါတယ်ပြိုင်ဘက်တွေကို အသာရစေဖို့ ဆေးဝါးသစ်စမ်းသပ်ရေးမှာ စမ်းသပ်လူနာ အရေအတွက်ပိုပြတဲ့အလိမ်ဇယားတွေကို လုပ်ဆောင်ရာမှာ ဆေးဝါးကုမ္ပဏီက ဝန်ထမ်း၊ ကြားလူနဲ့ ဆရာဝန်များကပါ အဂတိမှုမှာ ဆက်စပ်ပါဝင်နေတာပါအလုပ်ကျင့်ဝတ်နဲ့အညီ စာရိတ္တကို အပျက်အစီးမခံတဲ့ ဒေါက်တာပရာကာ့ရှ်၊ ဆေးဝါးလုပ်ငန်း စစ်ဆေးရေးမှူးမလေး၊ Forever Cure က ဝန်ထမ်းတစ်ယောက်နဲ့ အကြောက်တရားကင်းမဲ့တဲ့ ဂျာနယ်လစ်တို့ကဒီလိုပုပ်ပွမှုတွေကို အဖြစ်မှန်ဖော် မီးမောင်းထိုးပြဖို့ ဘယ်လိုကြိုးပမ်းသွားကြမှာလဲဆိုတာ ရှုစားရမယ့် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်File Size – 800MB(Appx;)@EpisodeQuality – 1080p WEB DLDuration – ...
8
TMDb: 8/10 1 votes
tv

Pill (2024)

2024
Primetime With Murthys (2024)
Primetime With Murthys (2024) Primetime with the Murthys (2024) "ဒစ်ဂျစ်တယ်မိသားစု"အသစ်ထွက်ရှိလာတဲ့ ဟင်ဒီ ဟာသ web series ကို ပရိသတ်ကြီးအတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်Season1 မှာ အပိုင်းခြောက်ပိုင်းပါဝင်ပြီး ကိုဗစ်လော့ဒေါင်း ကာလကို အခြေတည်ထားတဲ့ ဇာတ်လမ်းလေးပါရှီဗ်နဲ့ သူ့အစ်မနီရှာတို့ မူရ်သီ မိသားစုဝင်လေးယောက်ဟာ ကိုဗစ်လော့ဒေါင်းကြောင့် ဖုန်းတွေ ကွန်ပျူတာတွေနဲ့ပဲ ကိုယ်စီအလုပ်ရှုပ်နေကြပါတယ်အဖေနဲ့ အမေကလည်း အွန်လိုင်းမီတင် ကိုယ်စီနဲ့ ဝန်ထမ်းလျှော့ချရေးအတွက် ခေါင်းခြောက်နေပြီး ရှီဗ်ကတော့ အွန်လိုင်း class လေးတက်လိုက် ဂိမ်းလေးဆော့လိုက်နဲ့ အခန်းထဲကနေ မထွက်တော့ပါဘူးသူ့အစ်မ နီရှာကတော့ ဆိုရှယ်မီဒီယာ ဆယ်လီတစ်ယောက်ဖြစ်ပြီး နာမည်ကြီးဖို့ပဲ စိတ်ထားထက်သန်နေသူလေးပါဒီကနေ ဘယ်လိုမျိုး မိသားစုပြဿနာတွေ ဖြစ်ကြမလဲ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ နောက်ကောက်ကျန်မှာ စိုးရိမ်ပြီး မောင်နှမနှစ်ယောက်သား ဆိုရှည်မီဒီယာပေါ်မှာ ပေါက်မြောက်ဖို့ ဘယ်လိုတွေကြိုးပမ်းကြမလဲဆိုတာ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်File Size –600 (Appx;)@EpisodeQuality – ...

Primetime With Murthys (2024)

2024
Doctor Who (2024) 6.4
Doctor Who (2024) Sci-ficလာကမှာ ဂုရုစီးရီးကြီးဖြစ်တဲ့ Doctor Who... 1960 ကျော်ကာလထဲက ထွက်ရှိခဲ့တာဖြစ်ပြီး အပိုင်းအများဆုံး scifi serie အဖြစ်လည်းဂင်းနစ်စံချိန်တင်ထားပါတယ် ... BBC ရဲ့ ရှေ့ဆောင်လမ်းပြစီးရီးကြီးဖြစ်ခဲ့ပါတယ်..အရှေ့မှာ Doctor Who အတွဲ 14 တွဲအထိထွက်ရှိခဲ့ပြီး အခုက ဇာတ်လမ်းကျောရိုးမပြောင်းလဲဘဲ သရုပ်ဆောင်အသစ်တွေနဲ့ မိတ်ဆက်လာတဲ့အတွက် အရင်စီစဉ်တွေမကြည့်ထားလည်းဒီစီးရီးနဲ့ Doctor Who universe ကိုကောင်းကောင်းနားလည်သွားပါလိမ့်မယ်... ဇာတ်လမ်းအကျဉ်းက ဒေါက်တာဟူးဆိုတာအချိန်ခရီးသွား ဂ်ြုလ်သားတစ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့ စက်ယန္တရားနဲ့ စကြ၀ဠာရဲ့ကြိုက်တဲ့နေရာနဲ့အချိန်ကို ခရီးသွားနိုင်ပြီး အသက်လည်း နှစ်ထောင်ချီနေတဲ့ immortal တစ်ယောက်ပါ သူသေသွားလည်း နောက်ထပ်ပုံစံ ခန္တာအသစ်နဲ့ ပြန်၀င်စားနိုင်တဲ့အတွက် အတော်လေးကြမ်းပါတယ် အခုစီးရီးမှာမြင်တွေ့ရမယ့် ဒေါက်တာဟာလည်း 15 ယောက်မြောက် ဒေါက်တာဖြစ်ပါတယ် ...တစ်ပိုင်းနဲ့တစ်ပိုင်း ဖြေရှင်းစရာ ပြဿနာတစ်ခုစီနဲ့သွားတဲ့အတွက်ကြည့်ရတာ အထနှေးပြီးပျင်းတာမျိုးမဖြစ်ရပါဘူး .. သဘာ၀လွန်ဖြစ်ရပ်တွေ ၊.ဂြိုလိသားတွေ ၊.ကမ္ဘာပျက်ကိန်းတွေကနေ လူသားတွေကို ကယ်တင်မယ့် ...
6.4
TMDb: 6.4/10 68 votes
tv

Doctor Who (2024)

2024
Criminal Minds (2024) 8.3
Criminal Minds (2024) Criminal Minds Season 2 အရှေ့ Season မှာ ဆီကာရီးယပ်စ်ဆိုပြီး အတွဲလိုက်လူသတ်သမားတွေကို ကွန်ယက်ထောင်ပြီး အများအပြား သတ်ဖြတ်ခဲ့တဲ့ အီလိုင်းယက်စ်ဗွိုက်ကို ဖမ်းနိုင်ခဲ့ပါပြီ (သူကိုယ်တိုင်ကတော့ ခုချိန်ထိ ဝန်ခံခြင်းမရှိသေးပါဘူး)။ဒါပေမဲ့လည်း FBI လက်ထောက်ဒါရိုက်တာတစ်ယောက် အသက်ပေးဆပ်ခဲ့ရပါတယ် ဒီနောက်ကွယ်မှာလည်း ဖုံးဖိထားတဲ့ ကိစ္စတချို့က ရှိနေတာပါ။ ဗွိုက်ရဲ့ ဖမ်းဆီးခြင်းကနေ လွတ်မြောက်လာတဲ့ ခေါင်းဆောင်ဒေးဗစ်တစ်ယောက်လည်း စိတ်ထဲမှာ ခြောက်လန့်ခံနေရဆဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အရှေ့ပိုင်းမှာ အနည်းငယ် ပြောပြထားတဲ့ ဂိုးလ်စတားဆိုတဲ့ လူသတ်သမားဟာ လူတွေကို ကြုံရာကျပန်း မျက်လုံးထုတ် သတ်ဖြတ်နေပြီး လွတ်မြောက်နေဆဲ ဖြစ်ကာ ဖမ်းဆီးဖို့အတွက် သဲလွန်စနည်းနည်းလေးတောင် ရှာမရဖြစ်နေပါတယ်။ဒါကြောင့် ဒါရိုက်တာဖြစ်သူဟာ ဗွိုက်ဆီကို ဂိုးလ်စတားကို ဖမ်းဆီးနိုင်ဖို့ သတင်းအချက်အလက်ပေးမယ်ဆို နှစ်အနည်းငယ်လောက်နဲ့ လွှတ်ပေးမယ်ဆိုပြီး အပေးအယူလုပ်တာကို လက်မခံနိုင်ကြတဲ့ BAU အဖွဲ့သားတွေ ဗွိုက်မတိုင်ခင် ဂိုးလ်စတားကို ဖမ်းနိုင်ဖို့ အားထုတ်ရာကနေ ပြန်စတင်ထားပြီး နောက်ပိုင်း ဘယ်လိုတွေဖြစ်ကြမလဲ ဂိုးလ်စတားကို ဖမ်းနိုင်ကြမလား ဗွိုက်ကရော ...
8.3
TMDb: 8.3/10 3617 votes
tv

Criminal Minds (2024)

2005
House of the Dragon (2024) Season 2 8.4
House of the Dragon (2024) Season 2 House of the Dragon (2024) Season 2Game of Thrones စီးရီးရဲ့ ခေတ်ကာလ မတိုင်ခင် ဖြစ်ပျက်ခဲ့တဲ့တာဂေးရီးယန်းအိမ်တော်ဇာတ်လမ်းအကြောင်း စီးရီးအသစ်ထွက်ရှိလာပါပြီ။ Game of Thrones ကို မကြည့်ဖူးရင်တောင်ဒီကနေ စကြည့်လို့ရပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကဘာခေတ်လဲဆိုတာသိဖို့ ဒီစိတ်ကူးယဉ်လောကကြီးရဲ့သမိုင်းကိုအကြမ်းဖျဉ်းသိဖို့လိုအပ်ပါတယ်။ အရင်ဆုံး ခုနှစ်တွေကိုBAC နဲ့ AC ဆိုပြီး နှစ်မျိုးရှိတာ သိဖို့လိုပါတယ်။ BAC ဆိုတာကတော့အေဂွန်ရဲ့ သိမ်းပိုက်မှုမတိုင်ခင် (Before Aegon's Conquest) ဖြစ်ပြီးAC ဆိုတာကတော့ (After Conquest) ၇ ပြည်ထောင်ကိုသိမ်းပြီးနောက်ပိုင်းခုနှစ်တွေပဲဖြစ်ပါတယ်။BAC 12000 (အေဂွန်မလာခင် နှစ်ပိုင်း ၁၂၀၀၀) မှာ အနောက်တိုင်းကိုရှေးဦးလူတွေ လာရောက်အခြေချခဲ့ပါတယ်။ အဲဒီမှာ ယခင်ရှိနေပြီးသားဖြစ်တဲ့ သစ်တောရဲ့ကလေးငယ်များဆိုတဲ့ မျိုးနွယ်တွေနဲ့လူ့ဘီလူးကြီးတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ သစ်တောကလေးငယ်တွေကရှေးဦးလူတွေကို အနိုင်ယူဖို့ အဖြူရောင်ခရီးသည်တွေကိုဖန်တီးခဲ့ပါတယ်။စစ်ပွဲအဆုံးမှာ ရှေးဦးလူတွေက အနောက်တိုင်းကို စိုးမိုးပြီးသစ်တောကလေးငယ်တွေက ...
8.4
TMDb: 8.4/10 3990 votes
tv

House of the Dragon (2024) Season 2

2024
Miss Night and Day (2024)
Miss Night and Day (2024) Miss Night and Day (2024) ***************************** အပိုင်း (၁ မှ ၁၆) စ/ဆုံးဒီတစ်ခါ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့အချစ်ဟာသဇာတ်မြူးကားလေးတစ်ကားဖြစ်တဲ့Miss Night and Day ဆိုတဲ့ ဇာတ်လမ်းတွဲ အသစ်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း ************* 20 ကျော်အရွယ် အီမီဂျင်း (Jung Eun Ji) ဟာ အချိန်ပိုင်းအလုပ်လုပ်ရတာကို ငြီးငွေ့လာကာအတည်တကျအလုပ်လေးတစ်ခုရှာဖွေနေသူပဲဖြစ်ပါတယ်တစ်နေ့မှာတော့ သူ့ကိုယ်သူ အသက် 50 အရွယ်အမျိုးသမီးကြီးတစ်ယောက်အနေနဲ့ နိုးထလာရတာကို သိလိုက်ရပါတယ်အဲဒီအချိန်ကတည်းကစပြီး မနက်ပိုင်းမှာ အသက် ၅၀ အရွယ် အမျိုးသမီး အင်မ်ဆွန်း(Lee Jung Eun) အဖြစ်နေထိုင်ကာညဘက်မှာတော့ သူမရဲ့ မူလပုံစံ အီမီဂျင်းအဖြစ်နေထိုိုင်က်ရှိပါတယ်အီမီဂျင်း တစ်ယောက် ဒီဖြစ်စဉ်ကို အခွင့်ကောင်းယူကာအချိန်ပိုင်းအလုပ်တွေကနေရခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချပြီးတော့အင်မ်ဆွန်းအဖြစ် ဆောဟန်ခရိုင်အမှုစစ်ရုံးမှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ကာအစစအရာရာ ပြီးပြည့်စုံနေမှ ကြိုက်တဲ့ မူးယစ်ဆေးဝါးအမှုတွေကို စုံစမ်းစစ်ဆေးရတဲ့ အမှုစစ် ဂယ်ဂျီအွန်း (Choi ...

Miss Night and Day (2024)

2024
Bad Cop (2024)
Bad Cop (2024) Bad Cop (2024) "ရဲဆိုး"IMDb 6.5ပရိသတ်ကြီးအတွက် Disney+ Hotstar က အသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖို ဟင်ဒီ မှုခင်းစီးရီးလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ကာရန်က မဟုတ်မခံတဲ့ ရဲတစ်ယောက် အလုပ်ကိုအလုပ်နဲ့ တူအောင်လုပ်ပေမယ့် သူများကျောတာကို မခံချင်သူ ဇနီးဖြစ်သူ ဒေဗီကာက အလုပ်မှာ ကာရန်ထက် ရာထူးတစ်ဆင့်မြင့်သွားချိန်ကစလို့ မာနတွေပြိုင်ပြီး သူတို့အိမ်ထောင်ရေး ယိုယွင်းလာတယ်အသေးစား သူခိုးတစ်ယောက်ဖြစ်တဲ့ ကာရန့်အစ်ကို အာဂျွန်က လူတစ်ယောက်ဆီက ဓားပြတိုက်ရင်း လမ်းမှာ သေခါနီးလူတစ်ယောက်နဲ့ ပက်ပင်းတိုးမိတဲ့အခါ ဖြစ်ချင်တော့ အဲဒီလူက နာမည်ကြီးဂျာနယ်လစ်တစ်ယောက်ဖြစ်နေပြီး ဘာမဆိုင်ညာမဆိုင် သံသယတရားခံဖြစ်သွားတဲ့အခါ ညီဖြစ်သူကာရန်နဲ့ ဒီအမှုကနေ ဘယ်လိုရုန်းထွက်ဖို့ ကြိုးစားမှာလဲတစ်ဖက်မှာလည်း ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရတဲ့ မြေအောက်လောကမှ ဒုစရိုက်ရာဇာတစ်ပါးနဲ့ ဘယ်လိုအားပြိုင်ကြမှာလဲဆိုတာကတော့ ။ ။ ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ BpL ~ ToMo ~ Yunni ~ KKKZ တို့ပဲ ဖြစ်ပါတယ်File Size – 800MB(Appx;)@EpisodeQuality – 1080p WEB DLDuration ...

Bad Cop (2024)

2024
Miss Scarlet and the Duke (2020)
Miss Scarlet and the Duke (2020) ဒီ တစ်ခါတော့ ပရိသတ်ကြီးကို ဟိုးအရင်ခေတ်က အင်္ဂလန်လိုနိုင်ငံမှာ‌တောင် အမျိုးသားနဲ့ အမျိုးသမီးကို တန်းတူအခွင့်အရေးမပေးတဲ့ အကြောင်းလေးရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ် စုံထောက်ဇာတ်လမ်းရယ် သူများနဲ့မတူဘဲ ဖောက်ထွက်တတ်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းရယ်ကို ရိုက်ပြထားလို့ ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း စကားလက်ဆိုတာကတော့ ပင်စင်စားရဲအရာရှိကြီးတစ်ယောက်ရဲ့ သမီးလေးပါပဲ သူ့အဖေကတော့ ပင်စင်ယူပြီးတဲ့ အချိန်မှာ အလွတ်စုံထောက်တစ်ယောက်လုပ်နေခဲ့တာပေါ့လေ ဒါပေမဲ့လည်း သူ့မိန်းမကသေသွားတာရယ် သမီးလေးကိုတစ်ယောက်တည်းထိန်းကျောင်းနေရတာရယ်ကြောင့် အရက်တွေအလွန်အကျွံသောက်ပြီး အကြွေးပါတင်နေတာပေါ့ အဲဒီခေတ်က အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးမပေးခဲ့တော့ သူ့သမီး စကားလက် ရဲ့ စုံထောက်အရမ်းဖြစ်ချင်နေတဲ့ ဆန္ဒကိုခွင့်မပြုခဲ့ဘူးပေါ့လေ ဒါပေမဲ့လည်း စကားလက် က သူ့နည်းသူ့ဟန်နဲ့ သူ စုံထောက်ဖြစ်နိုင်တယ်ဆိုတာ သူ့အဖေကို သက်သေပြဖို့ကြိုးစားနေတာပါ အဲဒီလိုနဲ့ မထင်မှတ်ဘဲ သူ့အဖေက ဆုံးသွားတဲ့အချိန်မှာတော့ အကြွေးတွေနဲ့ ကျန်ခဲ့တဲ့ စကားလက် က ဘယ်လိုဖြေရှင်းမလဲ အမျိုးသမီးတွေကို အထင်အမြင်သေးနေတဲ့ ခေတ်ကြီးမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်မလဲ သူ့အဖေဆီကနေရော ...

Miss Scarlet and the Duke (2020)

The Last Empress (2018) 5.7
The Last Empress (2018) The Last Empress (2018) စ/ဆုံး ***************************** ဇာတ်လမ်းအညွှန်းအိုဆွန်းနီက တေးသရုပ်ဖော်ပြဇာတ်ရဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီးတက်တက်ကြွကြွနေတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်ဒီလိုနဲ့ တစ်နေ့မှာတော့ တောင်ကိုးရီးယားအင်ပါယာနိုင်ငံတော်ရဲ့ ဘုရင်ဖြစ်တဲ့ အီဟျော့နဲ့ထိမ်းမြားလက်ဆက်ဖို့အကြောင်းဖန်လာပါတော့တယ်။အိုဆွန်းနီတစ်ယောက် မိဖုရားတစ်ပါးအဖြစ်နဲ့ ဘုရင့်ဆီက အချစ်တွေရပြီလို့ ထင်နေတဲ့အချိန်မှာပဲလင်တော်မောင်ဖြစ်တဲ့ ဘုရင်နဲ့အတွင်းရေးမှူးမလေးတို့ ဖောက်ပြန်နေတာကို သိရှိခဲ့ရပါတယ်အဲဒီလိုသိသွားတဲ့ အိုဆွန်းနီကို ဘုရင်အီဟျော့က လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ပါတော့တယ်။နာဝမ်ရှစ်ကတော့ ဘုရင့်ရဲ့အယုံကြည်ရဆုံး သက်တော်စောင့်တစ်ဖြစ်လဲသူ့အမေရဲ့သေဆုံးမှုအတွက် တာဝန်ရှိသူကို ကလဲ့စားချေဖို့ နန်းတွင်းထဲကို ဝင်လာခဲ့သူပဲဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ဘုရင်နဲ့ဖောက်ပြန်နေတဲ့ အတွင်းရေးမှူးကသူ့ကိုအရင်က သစ္စာဖောက်ခဲ့တဲ့ရည်းစားဟောင်းဖြစ်နေခဲ့ပြီးသူ့အမေကို သေအောင်လုပ်ခဲ့တဲ့သူက အာဏာကို လက်တစ်လုံးခြားလုပ်နေတဲ့ ဘုရင်အီဟျော့ဆိုတာကို သိသွားတဲ့အခါမှာတော့....သေရွာက ပြန်ရှင်လာတဲ့ မိဖုရားအိုဆွန်းနီနဲ့ သက်တော်စောင့် နာဝမ်ရှစ်တို့ ပူးပေါင်းပြီးတစ်ယူသန် ဘုရင်စနစ်ကို ဘယ်လိုဖျက်ဆီးသွားကြမလဲ၊ဘုရင့်နန်းတော်ထဲမှာရှိနေတဲ့ တခြားတခြားသောလျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာကိုစိတ်ဝင်တစားနဲ့ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် ခေတ်ရှေ့ပြေး ဘုရင်စနစ်ပုံစံပုံဖော်ပြီး ရိုက်ကူးထားတာဖြစ်တာမို့တခြားနန်းတွင်းကားတွေနဲ့မတူတဲ့ခံစားချက်နဲ့ ကြည့်ရှုသွားရမှာပါ။မိဖုရားအိုဆွန်းနီအဖြစ်ကတော့ သရုပ်ဆောင်တဲ့နေရာမှာ အရမ်းတော်တဲ့ မမ Jan Nara,သက်တော်စောင့် နာဝမ်ရှစ်အဖြစ် ယခုလက်ရှိထွက်လွှင့်ပြသနေဆဲဖြစ်တဲ့ Miss Day and ...
5.7
TMDb: 5.7/10 22 votes
tv

The Last Empress (2018)

2018
Pied Piper (2016) 6.8
Pied Piper (2016) Pied Piper(2016) ****************အပိုင်း ၁ မှ ၁၆စ/ဆုံး ဒီတစ်ခါမှာတော့ မှုခင်းစီးရီးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ CMပရိသတ်ကြီးတို့အတွက်....တစ်ပိုင်းပြီးတစ်ပိုင်းမထတမ်းကြည့်ချင်အောင် ဆွဲဆောင်နိုင်မဲ့....စိတ်ဝင်စားစရာမှုခင်းစီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း Evilive, Beyond Evil နဲ့...အခုထုတ်လွှင့်နေတဲ့ The Auditors စီးရီးတွေထဲက ဝါရင့်မင်းသားကြီး Shin Ha-kyun....The Uncanny Counterစီးရီးထဲက မင်းသားကြီး Yoo Jun-sang နဲ့....The Escape of Seven ထဲကမင်းသမီး Jo Yoon-hee တို့လို ဝါရင့်သရုပ်ဆောင်တွေကပါဝင်ထားပါတယ် ဇာတ်လမ်းအညွှန်း -------------- ဒီစီးရီးလေးမှာဆိုရင် အခက်ခဲဆုံးအမှုတွေဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု....ဓားစာခံဖမ်းဆီးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလိုအမှုမျိုးတွေကို...အင်အားသုံးပြီး လက်နက်နဲ့မဟုတ်ဘဲ စကားလုံးတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းရတဲ့...ရဲဘက်ဆိုင်ရာအရေးပေါ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ရဲ့အမှုလိုက်ပုံတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။နာမည်‌ကြီး ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တဲ့ "ဟာမယ်လင်းက ပုလွေဆရာ"ပုံပြင်ထဲက ပုလွေမှုတ်သူကိုအတုယူပြီး...ကိုယ့်ကိုယ်ကိုယ် ပုလွေဆရာလို့ အမည်ပေးထားတဲ့ လူထူးဆန်းတစ်ယောက်ဟာ....ပြန်ပေးဆွဲခံခဲ့ရတဲ့ အလုပ်သမားတွေ၊ အလုပ်ထုတ်ခံထားရတဲ့ သတင်းထောက်တွေလိုမျိုး...မတရားမှုကြောင့် ခံစားခဲ့ရတဲ့သူတွေကို အသုံးချပြီးတော့...အားနည်းတဲ့ပြည်သူတွေအပေါ် အနိုင်ကျင့် လုပ်ချင်ရာလုပ်ကြတဲ့....အာဏာရှိ လူချမ်းသာတွေကို လက်စားလိုက်ချေဖို့...အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်တတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ပုံပြင်ထဲကပုလွေဆရာလိုပဲ ဒီခေတ်သစ်ပုလွေဆရာကလည်း.....သူ့ရဲ့သားကောင်တွေဆီကို ဖုန်းထဲကနေလေချွန်သံပေးရင်းနဲ့...သူပေးတဲ့အမိန့်တွေအတိုင်း ...
6.8
TMDb: 6.8/10 5 votes
tv

Pied Piper (2016)

2016
A Love So Beautiful (2024)
A Love So Beautiful (2024) မင်းသာ ငါ့အချစ်ဦး (၂၀၂၄)Home School နဲ့ ထိုင်းF4ကားထဲမှာပါတဲ့ မင်းသားချောလေး Dew Jirawat Sutivanichsakရဲ့ ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပါပြီ။ ငယ်သူငယ်ချင်းသံယောဇဉ်နဲ့ အစပြုထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ချက်ဂျန်ဆိုတဲ့ကောင်လေးနဲ့ ဆုမ်အိုဆိုတဲ့ကောင်မလေးတို့ဟာ ငယ်ငယ်လေးကတည်းက မူကြိုအတူတူတက်, ကျောင်းကားအတူတူစီးကြရုံသာမဟုတ်ဘဲ အိမ်နီးနားချင်းတွေလည်း ဖြစ်ပါသေးတယ်။ ဒီလိုနဲ့နေထိုင်လာရင်း မမျှော်လင့်ပဲ ဆုမ်အိုရဲ့ ဖခင်ဖြစ်သူဟာ ဆုံးပါးသွားပြီးနောက်မှာ ဆုမ်အိုရဲ့မိခင်ဖြစ်သူဟာ နောက်အိမ်ထောင်ပြုလိုက်ပြီးပြင်သစ်ကိုပြောင်းရွှေ့ဖို့ ဖြစ်လာပါတော့တယ်။ ပြင်သစ်ကို မလိုက်ချင်တဲ့ ဆုမ်အိုတစ်ယောက် ချက်ဂျန်တို့ရဲ့အိမ်မှာပဲ အတူတူနေထိုင်ရင်း ကျောင်းဆက်တက်ဖို့ ဖြစ်လာတဲ့နောက်မှာ ..... အထက်တန်းတက်တဲ့အချိန်မှာတော့ ချက်ဂျန်နဲ့ ဆုမ်အိုတို့ တခြားသူငယ်ချင်းတွေပါ ရလာရင်း ကျောင်းသားဘဝလေးမှာ ဘယ်လိုတွေဖြတ်သန်းမလဲ... ငယ်ကတည်းကပေါင်းလာရင်း အနေနီးလာရာကနေ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုတွေဖြစ်ပေါ်လာမလဲ ..... စိတ်ကစားတတ်တဲ့အရွယ်ဖြစ်တဲ့အလျောက် သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော အရိုအချိုလေးတွေပဲလား ပြဿနာတွေရော ရှိလာဦးမလားဆိုတာတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB ...

A Love So Beautiful (2024)

2024