Channel Myanmar

Drama

Treason (2022)
Treason (2022) Netflix က အသစ်ထွက်ရှိထားတဲ့ Limited စီးရီးတစ်ခုပါ။ အပိုင်း ၅ ပိုင်းပဲပါပြီး ဇာတ်အိမ်ခိုင်ခိုင် Plot-Twist ခပ်မိုက်မိုက်နဲ့ အ​ငြိမ်ကြည့်ရမယ့် သူလျှို ထောက်လှမ်းရေးစီးရီးပါ။ မင်းသားကိုတော့ မာဗယ်ဖန်တချို့ ရင်းနှီးကြမှာ သေချာပါတယ်။ အမှုတွေကို တရားရုံးကနေရှင်းလို့မရရင် လူကိုယ်တိုင် အိမ်ထိပါ လိုက်ဗျင်းတဲ့ မျက်မမြင်ရှေ့နေကြီး Daredevil (Charlie Cox) ရဲ့ အထာကျကျ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပေါ့ဗျာ။ဇာတ်လမ်းအကျဥ်း နည်းနည်းပြောပြမယ်။ အင်္ဂလန်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MI-6 ရဲ့အကြီးအကဲဟာ စားသောက်ဆိုင်မှာ အမှတ်မထင် အဆိပ်ခတ်ခံလိုက်ရပြီးတော့ သူ့ရဲ့လက်ထောက်ဖြစ်တဲ့သူ အက်ဒမ်လောရန့်စ်(Charlie Cox) က သူ့နေရာကို တာဝန်ယူလိုက်ရတယ်။ တစ်ချိန်တည်းမှာ အင်္ဂလန်နိုင်ငံမှာ ဝန်ကြီးချုပ်အသစ်နေရာအတွက် ရွေးကောက်ပွဲလုပ်နေချိန်ဖြစ်တဲ့အတွက် ထောက်လှမ်းရေးခေါင်းဆောင် အဆိပ်ခတ်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံး ရုန့်ရင်းဆန်ခတ်ဖြစ်နေပါလေရော။ တစ်ဖက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီရာထူး ဒီအနေအထားကို ရောက်လာတဲ့အက်ဒမ်ကို မယုံကြည်ကြတဲ့သူတွေရှိတယ်။ ဒီအထဲမှာ အက်ဒမ့်ကို ရုရှားသတင်းပေးအထင်နဲ့ ...

Treason (2022)

Accidentally Meow On You (2022)
Accidentally Meow On You (2022) နွေးထွေးပြီး ကြင်နာဂရုစိုက်တတ်တဲ့စိတ်ကိုအေးစက်စက်အပြုအမူတွေနဲ့ ဖုံးကွယ်ထားတဲ့သူဌေးလေးကျိချိန်နဲ့ထူးခြားပြီးသန်မာတဲ့လက်ထောက်ကျိုးထျန်းတိုဟာကြောင်လေးတစ်ကောင်ကနေအစပြုပြီး တွေ့ဆုံခဲ့ကြပါတယ်အားကစားသမားတစ်ယောက်ဖြစ်တဲ့ကျိုးထျန်းဟာဒဏ်ရာဟောင်းပြန်ပေါ်လာလို အားကစားသမားဘဝကိုနားလိုက်ရတော့ဖျော်ဖြေရေးလောကထဲကိုရောက်သွားပြီးလက်ထောက်အဖြစ်နဲ့အလုပ်ရှာခဲ့ပြီး နောက်မှာတော့ ကျိုးထျန်းတစ်ယောက်သူချစ်တဲ့ကြောင်လေးချုံချုံဟာပျောက်သွားတဲ့အတွက်ကြောင်ရှာပုံတော်ဖွင့်ရင်းအွန်လိုင်းပေါ်ကနေကြောင်ချစ်တဲ့သုံးစွဲသူတစ်ယောက်နဲ့ချိတ်ဆတ်မိသွားတဲ့အခါသူတိုရဲ့အတွေးအမြင်တွေကိုအချင်းချင်းမျှဝေဖြစ်ခဲ့ကြတယ်မထင်မှတ်ဘဲ သူနဲ့ချိတ်ဆတ်မိတဲ့အွန်လိုင်းပေါ်ကသူငယ်ချင်းကအေးစက်စက်မျက်နှာနဲ့ ကျိချိန်ဆိုတာကိုသိသွားတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကို CM ကနေစောင့်မျှော်အားပေးကြပါဦးရှင်(အညွှန်းရေးသားထားသူကတော့ Khin Myat Noe ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : Comedy, Romance, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 - MegaUp / StreamVid / Usersdrive / Yoteshin / StreamSB Episode 1 (1080p) - MegaUp / StreamVid / Usersdrive / ...

Accidentally Meow On You (2022)

Recipe for Farewell (2022) 7
Recipe for Farewell (2022) Recipe for Farewell အညွှန်းဂင်ဆာဘူကိုလွမ်းနေကြတဲ့သူတွေအတွက် Dr.Romantic S3 မလာခင် အလွမ်းပြေကြည့်စရာ ဇာတ်လမ်းကောင်းလေးလာပါပြီ။"နှုတ်ဆက်ဟင်းပွဲ" လို့နာမည်ပေးထားတဲ့အတိုင်းပါပဲ တမြေ့မြေ့နဲ့ ‌ခပ်ဆွေးဆွေးကြည့်ရမယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းလေးကတော့ စာရေးဆရာရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းလို့သိရပါတယ်။အသက် ၄၀ ပိုင်းအရွယ် ဘာသာပြန်လုပ်ရင်း လူမှုဘာသာရပ်တွေသင်ကြားတဲ့ ဂန်ချန်းရယ်ဆိုတဲ့လူဟာ ဟင်းတစ်ခါမှတောင်ချက်ဖူးဝာာမျိုးမရှိခဲ့သူပါ။ ဒါဂျောင်းကတော့ ချိုသာပြီး အလုပ်ကြိုးစားတဲ့ အမေတစ်ယောက်ဖြစ်ခဲ့ပေမယ့် သတိမထားလိုက်မိခင်မှာပဲ အူမကြီးကင်ဆာနောက်ဆုံးအဆင့်ဆိုတဲ့ လောကဒဏ်က သူ့ဆီကိုရိုက်ခတ်လာတဲ့အခါမှာ အစားစားရတာ ခက်ခဲလာပြီး အစာအိမ်ပြဿနာတွေဖြစ်လာပါတော့တယ်။ အခြေအနေတွေအရ ကွာရှင်းထားတဲ့ ယောက်ျားဖြစ်သူ ချန်းရယ်ကို ဟင်းချက်ပေးဖို့ အကူအညီတောင်းရပါတော့တယ်။ ခေါက်ဆွဲပြုတ်တာကလွဲရင် တစ်ခါမှဟင်းမချက်ဖူးခဲ့တဲ့ ချန်းရယ်တစ်ယောက် အချိန်သိပ်မကျန်တော့တဲ့ ဇနီးဖြစ်သူအတွက် အစားအသောက်တွေကို ချစ်ခြင်းမေတ္တာတွေ ၊ ဂရုစိုက်မှုတွေနဲ့ စတင်ပြီး ချက်ပြုတ်ပေးဖို့ကြိုးစားကြည့်ပါတော့တယ်။ ကျန်းမာရေးနဲ့သင့်တော်မယ်ထင်တဲ့ဟင်းလျာတွေကို ကြိုးစားချက်ပြုတ်ပေးရင်း တစ်ခါတလေတော့ မသေမသပ်ဖြစ်ပေမယ့် တဖြည်းဖြည်း ချက်ပြုတ်ရတဲ့အချိန်နဲ့ မိသားစုနဲ့ထမင်းအတူတူစားခွင့်ရတဲ့တန်ဖိုးကို နားလည်လာတဲ့ ဂန်ချန်းရယ်ဟာ ဇနီးဖြစ်သူအတွက် နောက်ဆုံး နှုတ်ဆက်ဟင်းပွဲကို ဘယ်လိုနှလုံးသားနှစ်ပြီး ချက်ပြုတ်ပေးမလဲဆိုတာကို ခံစားကြည့်ရှုလိုက်ကြရအောင်နော်။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Cali, Shin, Milkeux, Thantsin တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p ...
7
TMDb: 7/10 24 votes
tv

Recipe for Farewell (2022)

2022
La Brea (2021) Season 1 Complete 7.394
La Brea (2021) Season 1 Complete အချိန်ခရီးသွားဇာတ်လမ်းတွေကို ကြိုက်တဲ့သူတွေအတွက် La Brea ဆိုတဲ့ underrated စီးရီးကောင်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်ဗျ။ ဒီစီးရီးဟာဆိုရင် အချိန်ခရီးသွားဇာတ်လမ်းတွေထဲမှာ စံလို့ပြောရမယ့် Dark လောက် မ dark ပေမဲ့ သူ့ဟာနဲ့သူ အလှည့်အပြောင်းတွေ plot twist တွေနဲ့ တော်တော်လေး ကြည့်လို့ကောင်းတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ Dark ထက် ပိုပြီး family drama လေးတွေ ပိုပြီးပါပေမဲ့ ပရိတ်သတ်ကို လုံးဝ အီမသွားအောင် ဆက်တိုက်ဆွဲခေါ်သွားတာကို တွေ့ကြရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့...အိဗ် ဟားရစ်ဟာ သူမရဲ့သားနဲ့သမီးဖြစ်သူကို ကျောင်းလိုက်ပို့တဲ့ တစ်မနက်မှာ အယ်လ်အေမြို့ရဲ့ လမ်းမထထိုမြေကျွံမှုထဲပါသွားခဲ့ရနောက်မှာ ကားပိတ်နေတာနဲ့ ကြုံခဲ့ရပါတယ်။ ထိုအချိန်မှာပဲ ရုတ်တရက် မြေကျွံမှုတစ်ခု စတင်ဖြစ်ပွားလာခဲ့ပြီးတော့ အနီးအနားပတ်ဝန်းကျင်မှာ ရှိတဲ့အရာတွေအားလုံး ကျွံကျပျက်စီးကုန်တဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ထိုဘေးအန္တရာယ်ကြားမှာ ကလေးမလေးတစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဂျော့ရှ် ဟားရစ်ကြောင့် အိဗ်နဲ့ ဂျော့ရှ်တို့နှစ်ဦးစလုံး သမီးဖြစ်သူ အစ်ဇီ ဟားရစ်တစ်ယောက်သာ အယ်လ်အေမြို့ရဲ့မြေပေါ်မှာ ကျန်ရစ်နေခဲ့ပါတော့တယ်။မြေကျွံမှု ကပ်ဘေးအန္တရာယ်ကြီး ပြီးဆုံးသွားတဲ့အချိန် ...
7.394
TMDb: 7.394/10 921 votes
tv

La Brea (2021) Season 1 Complete

2021
Blood, Sex & Royalty (2022) 6.0
Blood, Sex & Royalty (2022) Blood, Sex & Royalty (2022) ==================== IMDb Rating - 5.8/10ဥရောပရဲ့သမိုင်းကြောင်းရာဇဝင်မှာ အကြီးမားဆုံးဖြစ်ရပ် တွေဖြစ်ခဲ့တဲ့ ၁၆ ရာစုနှစ်၊ ယူသမျှမိဖုရားတိုင်းကို စိတ်အလို မကျတာနဲ့ ကွပ်မျက်ဖို့ကြိုးစားခဲ့တဲ့ အင်္ဂလန်ပြည်ရဲ့ပြည့်ရှင် ဘုရင်ဖြစ်သူ အဋ္ဌမမြောက်ဟင်နရီ၊ ခရစ်ယာန်ဘာသာရဲ့ရိုမန် ကတ်သလစ်နဲ့ ပရိုတက်စတင့်ဆိုပြီး စတင်ပြိုကွဲမှုတွေဖြစ်ပွား ခဲ့တဲ့ ရာစုနှစ်၊ နပိုလီယန်ရဲ့ခေတ်မတိုင်ခင် ကြီးမားတဲ့ပြောင်းလဲမှု ပေါင်းများစွာ ရှုပ်ထွေးမှုပေါင်းများစွာ သောင်းပြောင်းထွေလာရှိ နေခဲ့တဲ့ ရာစုနှစ်ကတော့ ၁၆ ရာစုနှစ်ပါပဲ။ဒီရာစုနှစ်ရဲ့ ဥရောပနိုင်ငံတွေမှာ ပဒေသရာဇ်စနစ်သာ စိုးမိုးနေ တာကြောင့် ပဒေသရာဇ်စနစ်ရဲ့စိုးယုတ်ရက်စက်မှုအကြောင်းတွေ၊ ခရစ်ယာန်ဘာသာ နှစ်ပိုင်းစတင်ကွဲခဲ့ရခြင်းအကြောင်းတွေကို ဒီစီးရီးမှာ အရိပ်အမြွတ်အနေနဲ့ ဖွင့်လှစ်ပြသထားမှာ ဖြစ်ပါတယ်။ ဒီသမိုင်းကြောင်းတွေကို ဖတ်ထားဖူးသူတွေအတွက်တော့ စာအုပ် ထဲမှာမပါသေးတဲ့ အချို့အချက်တွေပါ သိရမှာဖြစ်ပြီး မဖတ်ထားဖူး သေးသူတွေအတွက်လည်း ပေါ့ပေါ့ပါးပါးနဲ့ အလွန်ကြည့်ရကောင်း စေမယ့်စီးရီးတစ်ခုပါ။ဒီစီးရီးဟာ Blood Mary လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်္ဂလန် ဘုရင်မကြီးရဲ့ ဖခင်ဖြစ်သူ Henry VIII ရဲ့ ဒုတိယမြောက် မိဖုရား အန်းဘိုလင်းအကြောင်း ရိုက်ကူးထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ ဝတ္ထုဖတ်ထားဖူးတဲ့ ကျွန်တော့်အနေနဲ့ကတော့ အန်းဘိုလင်းရဲ့ဘဝ ဇာတ်ကြောင်းကို အခုလိုစီးရီးတစ်ခုအနေနဲ့ ကြည့်ပြီးတဲ့အခါမှာတော့ အလွန်သဘောကျမိတယ်ပဲဆိုပါတော့ဗျာ။ ဒီတော့ ...
6.0
TMDb: 6.0/10 1958 votes
tv

Blood, Sex & Royalty (2022)

2022
Pose (2018)
Pose (2018)  ဒီစီးရီးကတော့အကောင်းတကာ့အကောင်းဆုံး LGBTQ ဇာတ်လမ်းတွဲတစ်ခုထဲမှာပါပါတယ်။ LGBTQ ထဲမှာပါမှမဟုတ်ဘဲ ရုပ်ရှင်ကြိုက်တတ်သူတိုင်းသဘောကျမယ့် စီးရီးကောင်းတစ်ခုပါပဲ။Primetime Emmy Award, Golden Globe Award လို ဆုကြီးတွေ ရရှိထားတဲ့ LGBTQ ဒရာမာစီးရီးတစ်ခုပါ။ ဒီဇာတ်လမ်းမှာ ဒီလောကရဲ့ Ballroom Culture တွေ ၁၉၈၀-၁၉၉၀ ခုနှစ် အာဖရိကန်-အမေရိကန်နဲ့ လက်တင်အသိုင်းအဝိုင်းတွေကို သေချာရိုက်ကူးတင်ဆက်ထားပြီး LGBT အသိုင်းအဝိုင်းမှာ ကြုံရတဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြထားပါတယ်. ဒါ့အပြင် Trump Rising Era နဲ့ ဒီအသိုင်းအဝိုင်းကိုယှဉ်တွဲ ရိုက်ပြချက်တွေကြောင့်လည်း ကြောက်ခမန်းလိလိပါပဲဇာတ်လမ်းအစမှာတော့ အဘန်းဒန့်အိမ်တော်က ဂေးတစ်ယောက်ဖြစ်တဲ့ ဘလန်ကာဟာ HIV ပိုး ရှိနေတာနဲ့ စတင်ထားပါတယ် ... ဒါက ဘဝမှာ ဘာမှ ရေရေရာရာ မရှိခဲ့တဲ့ သူ့ဘဝရဲ့ ပထမဆုံးသော ရေရာခြင်းတစ်ခုပေါ့... သူဟာ တစ်နေ့မှာ ဒီရောဂါနဲ့ သေရမယ်ဆိုတာပါပဲဒီတော့ ...

Pose (2018)

Irreverent (2022) 4.5
Irreverent (2022) Irreverent (2022)နိုဝင်ဘာလ ၃၀ ရက်နေ့ကမှ ထွက်ရှိထားတဲ့ Comedy, Crime, Drama အမျိုးစား ဇာတ်လမ်းတွဲအသစ်ဖြစ်ပြီးတော့ IMDb 6.3 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Paulo ဟာ ချီကာဂိုက ရာဇဝတ်အဖွဲ့တွေကြား ညှိနှိုင်းရေးသမားဖြစ်ပြီးတော့ တစ်နေ့မှာ လူဆိုးဂိုဏ်းတစ်ခုရဲ့သားဖြစ်သူကို မတော်တဆ သတ်လိုက်မိတဲ့အတွက် ရှောင်ပြေးရဖို့ ဖြစ်လာပါတယ်။ Australia ရဲ့ ကျွန်းလေးတစ်ကျွန်းကိုသွားတဲ့ လေယာဉ်ပေါ်မှာ သိက္ခာတော်ရဘုန်းတော်ကြီးတစ်ပါးနဲ့ ဆုံပြီးတော့ နှစ်ယောက်အတူတူသောက်ဖြစ်ကြရင်းနဲ့ Paulo ရဲ့ ငွေတွေကို ဘုန်းတော်ကြီးက ယူပြေးသွားပါတယ်။ ဒုက္ခရောက်နေတဲ့ Paulo လည်း သူ့ငွေတွေ ယူပြေးသွားတဲ့သူကို လိုက်ရှာဖို့ ဘုန်းတော်ကြီးသွားရမယ့် မြောက်ပိုင်းက ကျွန်လေးတစ်ကျွန်းကိုသွားပြီး ဘုန်းတော်ကြီးရဲ့ နေရာမှာ အစားထိုးနေရင်းနဲ့ သူ့အကြောင်းစုံစမ်းဖို့ လုပ်ရပါတော့တယ်။ ရာဇဝတ်သားဖြစ်တဲ့ Paulo အနေနဲ့ ကျွန်းလေးမှာ ဘုန်းတော်ကြီးလုပ်ဖို့ အဆင်ပြေပါ့လား၊ သူ့ငွေတွေ ယူသွားတဲ့သူကိုရော မိပါ့မလား၊ ချီကာဂိုက လူဆိုးဂိုဏ်းကရော သူ့ကို မိသွားမှာလားဆိုတာ ဒီဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတကတော့ Moh ...
4.5
TMDb: 4.5/10 2 votes
tv

Irreverent (2022)

2022
Bosé (2022) 7.091
Bosé (2022) ဒီစီးရီးလေးကတော့ နာမည်ကြီးစပိန်အဆိုတော်၊ သရုပ်ဆောင် Miguel Bose ရဲ့ ဘဝအကြောင်းကို ရိုက်ပြထားတဲ့ biography series ပဲဖြစ်ပါတယ်။ Miguel Bose က ၁၉၇၀နဲ့ ၁၉၈၀ ဝန်းကျင်ခုနှစ်တွေမှာ အီတလီ၊ စပိန်နဲ့ လက်တင်အမေရိက နိုင်ငံတွေမှာ ဆယ်ကျော်သက် အဆိုတော်တစ်ယောက်အနေနဲ့ ရေပန်းစားခဲ့ပြီး အနုပညာသက်တမ်းကြာလာတဲ့အခါမှာလည်း ဂန္ထဝင်မြောက်အဆိုတော်တစ်ဦးအနေနဲ့ အောင်မြင်စွာ ရပ်တည်နေနိုင်တဲ့သူ ဖြစ်ပါတယ်။သူက သရုပ်ဆောင်အနေနဲ့ အနုပညာလောကထဲကို စဝင်လာပြီးတော့ ရုပ်ရှင်တွေ များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် ဂီတဘက်မှာလည်း လက်တင်ဂရမ်မီဆုပေါင်း 14 ဆုထိ ဆွတ်ခူးနိုင်ခဲ့တဲ့အထိ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။ သူ သရုပ်ဆောင်တစ်ယောက်ဖြစ်လာပုံကနေစပြီးတော့ အဆိုတော်ဖြစ်ဖို့ အကြောင်းဖန်လာပုံတွေ အပါအဝင် ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့အခြေအနေအားလုံးကို ဒီစီးရီးထဲမှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်File Size – 900MB // 400MBQuality – 1080p WEB H264 / 720pDuration – 45minute (@Episode)Total ...
7.091
TMDb: 7.091/10 11 votes
tv

Bosé (2022)

2022
Silent (2022)
Silent (2022) Silent (2022)=====================မနှစ်က My Love Mix-Up! နဲ့လူသိများလာတဲ့ အဆိုတော်မင်းသားလေး Meguro Ren နဲ့အတူ One Week Friend ထဲကမင်းသမီးလေး Haruna တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အဖီးလ်တစ်လိုင်းဂျပန်ဒရာမာစီးရီးလေးလာပါပြီ။ဇာတ်လမ်းအညွှန်းလေးကတော့...'ဆုမုဂီ'ဆိုတဲ့ကောင်မလေးဟာ သူအထက်တန်းကျောင်းသူဘဝတုန်းက အသံလေး​ကြားပြီး ကျိတ်သဘောကျခဲ့ရတဲ့၊ သီချင်းနားထောင်ရတာဝါသနာပါတာလည်းတူ အကြိုက်ချင်းလည်းတူတဲ့'ဆိုး'ဆိုတဲ့ကောင်လေးနဲ့ လိုက်ဖက်တဲ့စုံတွဲလေးဖြစ်ခဲ့ပေမယ့် အထက်တန်းကျောင်းပြီးတဲ့အချိန်မှာတော့ မည်မည်ရရမရှိတဲ့ အကြောင်းပြချက်တွေနဲ့ 'ဆုမုဂီ'နဲ့ ကျောင်းကသူငယ်ချင်းတွေကို ဗြုန်းစားကြီးအဆက်အသွယ်ဖြတ်ပြီး ခြေရာဖျောက်သွားပါတော့တယ်။ဆုမုဂီတစ်ယောက် ငယ်ချစ်ဦးပေးခဲ့တဲ့ ဒဏ်ရာတွေကိုကုစားရင်း အချိန်တစ်ခုအရောက်မှာ အချစ်သစ်နဲ့ အခြေတကျနေထိုင်ဖို့စဥ်းစားနေစဥ် 'ဆိုး'ကိုအမှတ်မထင်ပြန်ဆုံလိုက်ရတဲ့အခါမှာ သူထင်ထားခဲ့သလို သစ်စိမ်းချိုးချိုးပြီးထားခဲ့တာမဟုတ်ဘဲ အကြားအာရုံချို့ယွင်းသွားမှုကြောင့်သာ အားလုံးနဲ့ဝေးရာကိုရှောင်ပြေးခဲ့တဲ့ 'ဆိုး' အဖြစ်ကိုသိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ....အပတ်စဉ် သောကြာနေ့တိုင်း တစ်ပတ်တစ်ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ စုစုပေါင်း ၁၀ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. 54min Subtitle…. ...

Silent (2022)

2022
The Silence of the Monster (2022)
The Silence of the Monster (2022) ဒီတစ်ခါ CMကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့လျှိဝှက်ဆန်းကြယ်တဲ့ အတိတ်ကိုပိုင်ဆိုင်ထားတဲ့သော့ဆရာ ဟယ်ချူးဖုန်အဖြစ် Double Love ထဲက မင်းသား Bi Wen Jun (Bevan)တက်ကြွတဲ့ အလုပ်သင်ရှေ့နေမချောချောလေး ဆွေယိအဖြစ် မင်းသမီး Annie Sunရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်ပြီး ရှေးဟောင်းပစ္စည်းကိုစက္ကန့်ပိုင်းအတွင်း တန်ဖိုးဖြတ်နိုင်သူ လော့ပင်းအဖြစ်Shining Just For Youထဲက မင်းသား Zhu Zheng Ting (Jung Jung)လေလံရောင်းချသူဖြစ်ပြီး ရှေးဟောင်းပစ္စည်းတန်းဖိုးဖြတ်ရာတွင်ပါရမီရှင်လေးဖြစ်တဲ့ ဖန်းချီအဖြစ် မင်းသမီး Zhang Bo Jia (Baby Zhang) တိုကအဓိက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ဟယ်ချူးဖုန်နဲ့ လော့ပင်းတို အတူလုပ်ကြတဲ့တရုတ်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ကို တစ်နေ့မှာအလုပ်သင်ရှေ့နေမလေး ဆွေယိဟာ ရောက်လာပြီးအကြောင်းကြောင်းကြောင့်အတူတူစုနေဖို ဖြစ်လာကြတယ်…နောက်ကျတော့ လေလံရောင်းချသူ ဖန်းချီဟာလည်းဒဏ်ရာတစ်ခုရလာပြီး ရောက်လာပြန်တယ်အဲ့ဒီအမျိုးသမီး၂ယောက် ရုန်းရင်းဆန်ခတ်ရောက်လာချိန်မှာသူတိုရဲ့ဘဝလည်းဇောက်ထိုးပြောင်းသွားပါလေရောမြင်မြင်ချင်းအချစ် ဘာညာတွေ ဖြစ်ကြမလား မသိဘူပေါ့နော်လူငယ်ပီပီ ဘဝကို တက်တက်ကြွကြွ အတူတူဖြတ်သန်းကြရင်းနောက်ပိုင်းမှာ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမလဲစိတ်ညစ်စရာတွေ ...

The Silence of the Monster (2022)

2022
The Light in Your Eyes(2019) 8.1
The Light in Your Eyes(2019) The Light in Your Eyes(2019)========================Lee Joon Ha (Nam Joo Hyuk) က သတင်းထောက်တစ်ယောက်ဖြစ်ချင်ခဲ့ပြီး အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေသူတစ်ယောက်ပါKim Hye Ja (Han Ji Min)ကတော့ သတင်းကြေငြာသူဖြစ်ဖို့ ကြိုးစားနေသူပါHye Ja ဟာ ငယ်ငယ်က ..အချိန်တွေကို နောက်ပြန်ဆုတ်ပြီး ဖြစ်နေတဲ့အရာတွေကို ပြန်ပြင်နိုင်စွမ်းရှိတဲ့နာရီလေးတစ်လုံးကို အမှတ်မထင် ကောက်တွေ့ခဲ့ရဖူးတယ် ..အဲ့နာရီကို သုံးတဲ့ဆိုးကျိုးကတော့ တစ်ခါသုံးတိုင်း သူမဟာ အသက်တဖြည်းဖြည်းပိုကြီးလာတာပါပဲ အသက် 25 နှစ်အရွယ် သူမကတစ်နေ့မှာတော့ အဖေဖြစ်သူရဲ့ ကားမတော်တဆမှုကို ကယ်တင်နိုင်ဖို့နာရီကို အကြိမ်ပေါင်းများစွာလှည့်ခဲ့မိပြီး သူမကိုယ်တိုင်အသက် 70 အဘွားအရွယ်ကို ရောက်သွားတဲ့အခါ ......ဒီဇာတ်လမ်းလေးက အချိန်အားလုံးကို ဆုံးရှုံးခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးနဲ့တောက်ပတဲ့အချိန်တွေ စွန့်လွှတ်ခဲ့ပြီး မျှော်လင့်ချက်မဲ့စွာနေခဲ့ရတဲ့အမျိုးသားတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်ဘဝဇာတ်ကြောင်းကို ဆွေးဆွေးအေးအေးလေးနဲ့ ကြည့်ရတဲ့melodrama လေးဖြစ်သလို တစ်ခါတစ်လေ အလွဲအချော်လေးတွေနဲ့ရယ်နေရတဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

The Light in Your Eyes(2019)

2019
Valeria – Season (01)(02) 6.5
Valeria – Season (01)(02) Valeria - Season (01)(02) ================= IMDb Rating - 6.5/10ဗလယ်ဒီယားဟာ စာရေးဆရာမ ဖြစ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီး တစ်ယောက်ပါ။ သို့သော် စာရေးဖို့လုပ်တိုင်း ဘာအကြံဉာဏ်မှ ထွက်မလာဘဲ လမ်းဆုံးနေခဲ့ပါတယ်။ ထို့အတွက် သူ့ကိုယ်သူ အားမလို အားမရဖြစ်ပြီး ဝမ်းနည်းနေတဲ့သူပါ။ ထို့အတူ ခင်ပွန်း ဖြစ်သူနဲ့လည်း ပြေလည်လှတယ် မဟုတ်ဘဲ အိမ်ထောင်ရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။အလုပ်မရှိတာလည်း ၄ လကြာမြင့်ပြီမို့ ငွေရေးကြေးရေး ပြဿနာ လည်း ရှိနေပြန်ပါတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း သုံးယောက် ဖြစ်တဲ့ လိုလာ၊ ကာမန်းနဲ့ နေရီယာတို့က သူ့ကို နှစ်သိမ့်ပေးကြပါတော့တယ်။ ဗလယ်ဒီယားတစ်ယောက် ထိုအခက်အခဲတွေကို ဘယ်လိုဖြတ်သန်း မလဲဆိုတာကို ဟာသတွေနဲ့ ကြည့်ရှု့ရမယ့် Netflix ကနေ ထုတ်လွှင့်ခဲ့တဲ့ စပိန်စကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Leonard Lin, Zaw Myo Thu, Roman Nox တို့ဖြစ်ပါတယ်။)File ...
6.5
TMDb: 6.5/10 6000 votes
tv

Valeria – Season (01)(02)

2020
The First Responders (2022)
The First Responders (2022) ဒီကားမှာဆိုရင်တော့ ရဲတပ်ဖွဲ့နဲ့မီးသတ်ဌာနရဲ့ပူးတွဲစစ်ဆင်ရေးတွေကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပါစာရိတ္တမကောင်းတဲ့လူဆိုးတွေကိုဖမ်းပြီး သူ့ရဲ့ထက်မြက်တဲ့အရည်အချင်းတွေနဲ့ ပြစ်မှု မှုခင်းတွေကိုအရယူပြီး တရားခံတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့ နိုင်လိုစိတ်ပြင်းပြတဲ့ခက်ထန်တဲ့စုံထောက် Jin Ho Gae. အပြင်ပန်းကနေကြည့်ရင်တော့အေးတိအေးစက်နိုင်ပေမယ့် နစ်နာသူတွေအပေါ်ဂရုစိုက်ပေးတဲ့ အကြောက်တရားကင်းမဲ့တဲ့မီးသတ်သမား Bong Do Jin. သူတို့နှစ်ယောက်နဲ့အတူတူပူးပေါင်းပေးမှာကတော့ စာနာတတ်တဲ့ဆေးဘက်အကူ Song Seol ပဲဖြစ်ပါတယ် ဒီသုံးယောက်ပေါင်းပြီးအမှုတွေကိုဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လိုအက်ရှင်ဆန်ဆန်နဲ့ရင်ခုန်ရမလဲဆိုတာကြည့်လိုက်ရအောင်နော်Kim Rae Won, Son Ho Jun, Gong Seung Yeon တို့ပါဝင်သရုပ်ဆောင်ထားတဲ့ The first responders ဆိုတဲ့ကားလေးကို အပတ်စဥ် စနေ့နေ့မှာတင်ဆက်သွားပြီး အပိုင်း 12 ပိုင်းပြသသွားမှာဆိုတော့ အမြဲမပြတ်စောင့်ကြည့်ပေးကြပါဦးနော်Quality : 1080p / 720pTotal Episodes : 12EpsFormat : mp4Genres :DramaDuration :1h 5minsSubtitle : Myanmar Subtitle ( Hardsub )Translated by  Cali ~ Yong Hom~ Summer ~ Go-OEncoded ...

The First Responders (2022)

2022
Real Fake (2022)
Real Fake (2022) Real Fake (2022)ငွေနှင့်ရေးသည့် နဖူးစာ မင်ရည်ကျဲ၏ မကျဲ၏ဘယ်သူက အစစ်အမှန်ဖြစ်ပြီး ဘယ်သူက အတုအယောင်လဲ? ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးထဲမှာတော့ Tourist ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ Gob ဟာ ဆိုရှယ်မီဒီယာမှာလည်း အတော်လေး နာမည်ကြီးတဲ့သူပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ Gob ဟာ လူလိမ်ဂိုဏ်းတစ်ခုကို စုံစမ်းဖမ်းဆီးဖို့ တာဝန်ကျလာပါတယ်။ အဲဒီလူလိမ်ဂိုဏ်းကို ဦးဆောင်နေတာကတော့ Real ခေါ်တဲ့ မိဘမဲ့မိန်းမလှလေးတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ Real ဟာ ဒေါ်လာသန်းပေါင်းများစွာထည့်ထားတဲ့ အိတ်တစ်လုံးကို ကောက်ရခဲ့ပြီးတဲ့နောက် ငွေအတုရောင်းဝယ်မှုလောကထဲကို ခြေချဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ လူလိမ်ဂိုဏ်းကိုဦးဆောင်နေတဲ့ကောင်မလေးနဲ့ လူလိမ်ဂိုဏ်းကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိတို့ရဲ့ကြားမှာ ခံစားချက်တွေ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီးတဲ့နောက် ရဲတစ်ယောက်ဖြစ်တဲ့ Gob ဟာ အချစ်အတွက် Real ကို ကူညီမလား၊ ဒါမှမဟုတ် သူ့ရဲ့အလုပ်တာဝန်ကိုပဲ ကျေပွန်အောင် ဆောင်ရွက်သွားမလား။ဘယ်သူ့ရဲ့ခံစားချက်တွေက အစစ်အမှန်ဖြစ်ပြီး ဘယ်သူက အတုအယောင်ဖြစ်မလဲ။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ ချစ်ခြင်းတရားနဲ့ပဲ အဆုံးသတ်သွားမလား ဆုံးရှုံးမှုတွေနဲ့ပဲ အဆုံးသတ်သွားမလား ဒါမှမဟုတ် တခြား ဘယ်အရာတွေများ ဆက်ဖြစ်လာဦးမလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။အညွှန်းကိုတော့ Hmwe ...

Real Fake (2022)

2022
Wayne (2019) Complete 8.309
Wayne (2019) Complete Wayne 2019IMDb - 84 % , RT Rating 100%Now we're talking ရဲ့ Producer , Man Up ! ရဲ့ writer ဖြစ်တဲ့ Shawn Simons ရဲ့ ခပ်ကြမ်းကြမ်း Action Comedy series ကောင်းလေးလာပါပြီ။ One of Us is lying ထဲက မင်းသားချောလေး ( ရှယ်ချောပလန်နဲ့ကိုချောတဲ့ ) Mark McKenna နဲ့ Open season , Ice Age , Penguinsတွေထဲမှာ voice actorအဖြစ် သရုပ်ဆောင်ဖူးတဲ့ မင်းသမီးချောကလေး Ciara Bravoတို့အတူတူပါဝင်သရုပ်ဆောင်ထားပါတယ်။ဝိန်းဆိုတဲ့ကောင်လေးက ၅နှစ်သားအရွယ်ထဲက အမေဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး ကင်ဆာဖြစ်နေတဲ့အဖေဖြစ်သူနဲ့အတူ နေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ဘဝထဲကို ဒယ်လိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လို့လာပါတယ်။ ဝိန်းတစ်ယောက် သူ့အဖေဖြစ်သူကင်ဆာနဲ့ဆုံးပါးသွားပြီးနောက်မှာ သူ့အမေယူသွားတဲ့ ...
8.309
TMDb: 8.309/10 324 votes
tv

Wayne (2019) Complete

2019
Let the Right One In (2022)
Let the Right One In (2022) Let the right one in (2022)ဟောလိုးဝင်းရာသီ​ ရောက်ပြီဆို​တော့ Horror genreရုပ်ရှင်နဲ့ စီးရီး​တွေ စတင်ထွက်ရှိလာပြီဖြစ်လို့ ဒီတစ်ခါမှာ​ Showtime Streamingက ထုတ်လွှင့်​နေတဲ့ Horror,Drama စီးရီး​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။ Episode 10ပိုင်း ပါဝင်မှာဖြစ်ပြီး အပတ်စဉ် ​သောကြာ​နေ့တိုင်း တင်ဆက်​ပေးသွားမှာပါ။ဒီစီးရီးက ဆွီဒင်စာ​ရေးဆရာကြီး John Ajvide Lindqvistရဲ့ နာမည်ကြီးဝတ္ထု Let the Right One In ကို series version အဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ အ​ရှေ့မှာ ဒီနာမည်နဲ့ပဲ ဆွီဒင်ဗားရှင်းနဲ့ အ​မေရိကန်ဗားရှင်း ရုပ်ရှင်၂ကား ရှိခဲ့ပြီး ၂ကားလုံးလည်း ​အောင်မြင်ခဲ့ပါတယ်။ လက်ရှိစီးရီးက တစ်ပိုင်းပဲ ထွက်ရှိ​သေးပြီး RT 70% ရရှိထားပါတယ်။အဲလီ​နောနဲ့ ဖခင်ဖြစ်သူ မာ့ခ်တို့ဟာ လူတစ်​ယောက်​နောက်ကို လိုက်ရင်း အ​မေရိကန်တစ်နိုင်ငံလုံးကို ​ခြေဆန့်​နေသူ​တွေ​ပေါ့။ သူတို့​တွေလိုက်ရှာ​နေတာက တခြားသူမဟုတ်ဘဲ အဲလီ​နောကို ဗန်ပိုင်းယားဖြစ်​အောင် ပြောင်း​ပေးသွားတဲ့သူပါ။ ဒါ​ကြောင့်မို့ အဲလီ​နောတို့ဟာ သဘာဝလွန်လူသတ်မှု​​တွေဖြစ်​တဲ့​နေရာတိုင်း ထိုသူကိုလိုက်ရှာရင်း ...

Let the Right One In (2022)

2022
Curtain Call(2022)[Complete]
Curtain Call(2022)[Complete] Curtain Call(2022)****************အပိုင်း ( ၁ မှ ၁၆) ထိ စ/ဆုံးဒီတစ်ခါ series အသစ်လေးမှာတော့ kdrama fan တွေနဲ့ရင်းနှီးပြီးသားဝါရင့်သရုပ်ဆောင်အကျော်အမော်တွေပါဝင်သလိုHa Ji Won ရဲ့ 2022 Comeback drama တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ Ja Geum Soon ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့လမ်းမှာ ခင်ပွန်းနဲ့ကွဲကွာပြီးတောင်ကိုရီးယားကို တစ်ယောက်တည်းလွတ်မြောက်လာရာကနေအောင်မြင်တဲ့ဟိုတယ်ပိုင်ရှင်သူဌေးမအဖြစ် နှစ်ပေါင်းများစွာရပ်တည်လာခဲ့ပါတယ်။အသက်တွေကြီးလာတဲ့အခါ သူကိုယ်တိုင်တောင်မမြင်ဖူးတဲ့ မြောက်ကိုရီးယားကမြေးဖြစ်သူကိုမသေခင်တွေ့သွားချင်တာကြောင့် အပူတပြင်းလိုက်ရှာပါတော့တယ်။သူဌေးမရဲ့လက်ထောက်ကတော့ သခင်စိတ်ချမ်းသာပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြဇာတ်သရုပ်ဆောင်တစ်ယောက်ကို အစားထိုးဖို့ဖြစ်လာတဲ့အခါ.....ဘယ်လို အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကိုတော့ အပတ်စဥ် တနင်္လာအင်္ဂါနေ့တိုင်း CM ကနေကြည့်ရှုလို့ရပါပြီနော်..... ။ဇာတ်လမ်းအညွှန်းကိုတော့Hnin Wut Yi ကရေးသားထားပေးပါတယ်...    Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Business, Life, DramaTranslated by  Hay Thar Oo , A Htet ,  Thynn Nu Swe,   ...

Curtain Call(2022)[Complete]

2022
2Moons: The Ambassador (2022) 7.0
2Moons: The Ambassador (2022) ပါ အဖြစ် Hue Chasit Karapim ဝါယို အဖြစ် Park Anantadaj Sods မင့် အဖြစ် Eiffel Chris Chen ခစ် အဖြစ် Toey Nathapong Sing-On ဖွတ် အဖြစ် Prame Pumipat Paiboon ဘင်းမ် အဖြစ် Payu Khunnaphat Jaroenchim ထန်ထတ် အဖြစ်Danny Bandit Disatharit လုန်းမ်နောင် အဖြစ်Mark Vachara Promma as Lomnawဇာတ်လမ်းအကျဉ်းတက္ကသိုလ်ကင်းရွေးချယ်ပွဲကို စိုက်ပျိုးရေးဌာနရဲ့ လူချော ထန်ထတ် ဝင်ရောက်မပြိုင်တာမို့ လုန်းမ်နောင်ကိုပဲ မေဂျာအရန်ကင်းအဖြစ် ဝင်ရောက်ပြိုင်ဆိုင်စေခဲ့ရာက နှစ်ယောက်ကြားက မကျေလည်မှုလေးတွေ စတင်ခဲ့ပါတယ်ထန်ထတ်လောက် မချောဘဲ ကင်းနေရာပြိုင်လို့ ဆုမရတာလို့ အပြစ်တင်ခံနေရတဲ့ လုန်းမ်တစ်ယောက် တိတ်တခိုးချစ်ရတဲ့ မိန်းကလေး မန်ဖကပါ ထန်ထတ်ကို သဘောကျယောင်ပြလာတဲ့အခါ…..ဒီအချိန်မှာပဲ တက္ကသိုလ်မှာ ပွဲတော်ကြီး တစ်ခုကျင်းပပြီး “The Ambassador” ဆိုတဲ့ လူရွေးပွဲလုပ်ပြီး မေဂျာကင်းတွေ ...
7.0
TMDb: 7.0/10 votes
tv

2Moons: The Ambassador (2022)

Breathe(2018) Complete 7.609
Breathe(2018) Complete 3 idiots ထဲက ရန်ချို့ဘော်ဒါဓာတ်ပုံဆရာ အဓိကဇာတ်လိုက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် မကြာခင်က တင်ဆက်ခဲ့တဲ့ Breathe into the Shadow ထဲက စုံထောက် ပါဝင်တဲ့ လှို့ဝှက်ဆန်းကြယ် မှုခင်းစီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကို ညွှန်းရရင်တော့ အဆုတ်မကောင်းတဲ့ သားဖြစ်သူ မိတဆိုးလေးကို အမြဲတယုတယ မွေးလာခဲ့တဲ့ အဖေဖြစ်သူ "ဒန်နီ"တစ်နေ့မှာ သူ့ရဲ့သားဟာ အဆုတ်အစားထိုးဖို့ ဖြစ်လာခဲ့တယ် ဒါပေမယ့် အဆုတ်အစားထိုးဖို့အတွက် သူ့သားရှေ့မှာ တန်းစီနေတဲ့ သူတွေကလည်း အများကြီးပေါ့သူ့သားကလည်း အဆုတ်သာအစားမထိုးရင် နေရဖို့က ၅ လကနေ ၆ လပဲ ခံတော့မှာဖြစ်တယ်အဲဒီတော့ သူ့သား အမြန်ဆုံး အဆုတ်အစားထိုးနိုင်ဖို့အတွက် အရှေ့မှာ တန်းစီနေတဲ့ သူတွေမရှိမှ ဖြစ်တော့မှာကို သူသိသွားတယ်ဒါနဲ့ပဲ သူ အဲဒီလူတွေကို စသတ်တော့တယ် သူ့ရဲ့ လူသတ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ဖြစ်လာတာက စုံထောက်ကျော် "ကဘီး"သားဇောနဲ့ ပြစ်မှုတွေကို ကျူးလွန်နေတဲ့ ဒန်နီက သဲလွန်စမကျန်အောင် စေ့စပ်အောင် အမှုကျူးလွန်နိုင်တဲ့သူ ဖြစ်တဲ့အပြင် အဲ့ဒီ့အမှုတွေကို ဖော်ထုတ်မယ့်စုံထောက် ကဘီးကလည်း ခေသူမဟုတ်တော့သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှု လူသတ်မှုတစ်ခုချင်းစီနဲ့ အမှုဖော်ထုတ်မှုတစ်ခုချင်းစီတွေက လက်ထဲကနေ ဖုန်းမချချင်လောက်အောင်ကို ဆွဲခေါ်သွားမှာဖြစ်လို့ မကြည့်ရသေးသူများ ကြည့်ဖြစ်အောင် ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်Quality ...
7.609
TMDb: 7.609/10 46 votes
tv

Breathe(2018) Complete

2018
Summer Strike (2022)
Summer Strike (2022) Summer Strike 2022အလုပ်မှာရော ကိုယ်ပိုင်ဘဝမှာပါ အဆင်မပြေမှုတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရပြီးနောက် ဘဝကို အသစ်တစ်ဖန် ပြန်နေထိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ယောရွန်းဆိုတဲ့ကောင်မလေးဟာ စိတ်ညစ်စရာတွေမရှိ ဘာမှမလုပ်ဘဲ အေးချမ်းတဲ့ဘဝမှာပဲ နေထိုင်ဖို့ ဆုံးဖြတ်ပြီးတော့ အလုပ်ထွက်ပြီး ရွာငယ်လေးတစ်ရွာကို ပြောင်းရွှေ့အခြေချခဲ့ပါတော့တယ်။သူအရင်နေခဲ့တဲ့ ခပ်မြန်မြန်လှုပ်ရှားနေကြတဲ့ နေရာနဲ့မတူဘဲ အေးချမ်းသာယာတဲ့ရွာလေးမှာ စာကြည့်တိုက်ဝန်ထမ်းအဖြစ် ဘဝကိုအေးဆေးစွာ ဖြတ်သန်းရင်း ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိသွားမယ့်ပုံကို အကြည်ဓာတ်လေး အပြည့်ရစေမယ့် စိမ်းစိုစိုရှုခင်းလေးတွေနဲ့အတူ ရိုက်ပြထားတာမို့ စိတ်အမောပြေအောင် ကြည့်ရှုလိုက်ကြပါဦး။အညွှန်းကိုတော့ MPP က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ MPP, Joyz, JimX, Hmwe တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 350MB Format… mp4 Duration….1h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... MPP, Joyz, JimX, Hmwe Encoder ..... August720pEpisode 01 - Userdrive ...

Summer Strike (2022)

2022