Channel Myanmar

Drama

The End of Love (2022) 7.6
The End of Love (2022) The End of Love (2022)ဝတ္ထုတစ်ပုဒ်ရဲ့အသွားအလာဟာ ဟင်းတစ်ခွက်ဆိုရင်တော့ ဟင်းအရသာနဲ့တူတဲ့ ဝတ္ထုရဲ့သဘောတရားကိုချုပ်ကိုင်ထားတာဟာ ဆားနဲ့တူတဲ့ စာရေးဆရာရဲ့ရှုထောင့်အမြင်ပါပဲ။ဒီတော့ အစွန်းရောက်Feministတစ်ယောက်ဖြစ်တဲ့ တမ်မီရေးတဲ့စာအုပ် နဲ့ သူ့ရဲ့ဟောပြောပွဲတွေအားလုံးမှာ အမျိုးသမီးဝါဒကြီးစိုးရေးက တော်တော်များများပါဝင်နေပါတယ်။ ယခုခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့ တမ်မီဟာ ထက်မြက်တဲ့မိန်းမတစ်ယောက်ပေါ့။တမ်မီဟာ ဖေ့ဘုတ်ပေါ်မှာ မကြာခဏရေးတင်နေကြဖြစ်တဲ့ ထက်မြက်တဲ့မိန်းမဆိုတဲ့စရိုက်လက္ခဏာတွေအကုန်ပြည့်စုံနေတယ်ဆိုပါတော့။ ယောက်ျားတွေဆို အထင်မကြီးတာတို့ ဖိုဝါဒီမုန်းတီးရေးတို့ ကိုယ့်အားကိုယ်ပဲကိုးရမယ်တို့အပြင်ကို နည်းနည်းလေးအစွန်းရောက်နေတဲ့ သူကတော့ လက်ထပ်ခြင်းတို့ အိမ်ထောင်ရေးတို့ကို အယုံအကြည်ရှိသူမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့အတွေးအမြင်တွေနဲ့ အင်မတန်ကိုဆန့်ကျင်နေတဲ့အချက်ကတော့ သူဟာ အမျိုးသမီးတွေကိုဖိနှိပ်ရာမှာ အလွန်နာမည်ကြီးတဲ့ ဂျူးလူမျိုးဖြစ်နေတာပါပဲ။ သူ လက်ခံထားတဲ့အရာတွေကြောင့် သူဟာ ဆွေမျိုးတွေကြားမှာ အရှုပ်ထုပ်ဖြစ်နေကိုတော့ ပြောစရာလိုမယ်မထင်ပါဘူး။ဒါပေမဲ့ ငယ်သူငယ်ချင်းဖြစ်သူဆာရီတာရဲ့ မင်္ဂလာဆောင်ဖိတ်စာနဲ့အတူ ဂျူးလူမျိုးတွေရဲ့ impurity lawဆိုတာနဲ့ပတ်သက်ပြီး စာရေးဖို့အကြံရသွားတဲ့အခါမှာတော့ သူ တစ်သက်လုံးမျက်ကွယ်ပြုလာခဲ့တဲ့ ဖိုဝါဒီကြီးစိုးတဲ့ ဂျူးလူမျိုး ဂျူးဘာသာရဲ့ အတွေးအမြင်တွေကို လေ့လာရဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆို အားလုံးအတူကြည့်ရှုရမှာဖြစ်ပါတယ်။(Ps. Impurity lawဆိုတာကတော့ အမျိုးသမီးတွေဓမ္မတာလာနေချိန်မှာ မသန့်စင်ဘူးလို့သတ်မှတ်တဲ့အတွက် ခင်ပွန်းဖြစ်သူနဲ့ထိတွေ့ခြင်းကိုရှောင်ရမယ်တို့ဘာတို့ကိုပြောတာပါ)စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီစီးရီးလေးထဲမှာ အခုခေတ်မှာ လူတွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ Feminism နောက်ကွယ်က လက်မည်းကြီးတွေရယ်၊ လူငယ်တွေကြားမှာဖြစ်နေတဲ့ sexual orientation ပျောက်ဆုံးနေတာတွေနဲ့အတူ love ...
7.6
TMDb: 7.6/10 31 votes
tv

The End of Love (2022)

2022
The Lying Life of Adults (2023) 6.5
The Lying Life of Adults (2023) 2023ထွက် Netflixရဲ့ အီတလီစီးရီးလေးလာပါပြီ.. နာမည်ကြီးဝတ္ထု The Lying Life of Adults ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဝတ္ထုအရသာမပျက်လို့ ဝေဖန်ရေးသမားတွေ ချီးကျူးတာခံနေရတဲ့ စီးရီးကောင်းလေးပါ.. စုစုပေါင်း ၆ပိုင်းရှိပါတယ်..ဇာတ်လမ်းအကျဥ်း အီတလီနိုင်ငံ နာပလီမြို့လေးမှာ ဂျိုအန်နာဆိုတဲ့ ၁၅နှစ်အရွယ်ကောင်မလေးရှိပါတယ်.. အဖေ ပရော်ဖက်ဆာနဲ့ အမေ အယ်ဒီတာတို့ရဲ့ တစ်ဦးတည်းသောသမီးဆိုတော့ ဖိအားများမှာ တွေးကြည့်ရုံနဲ့သိမှာပါ.. ဒီကြားထဲ စာပါညံ့တော့ပိုဆိုးပြီပေါ့.. သူ့အဖေမှာ ဗစ်တိုရီးယားဆိုတဲ့ ညီမတစ်ယောက်ရှိတယ်.. သူတို့မိသားစုရဲ့ classicစတိုင်နဲ့ လုံးဝကွဲပြီး စရိုက်ဆန်တဲ့မိန်းမကြမ်းပေါ့.. ဂျိုအန်နာအတွက်ကတော့ ဗစ်တိုရီးယားနဲ့တွေ့လိုက်ရတာ အသက်ရှုပေါက်ပွင့်သွားသလိုပါပဲ.. lifestyle နှစ်ခုကြားဘယ်လိုရွေးချယ်မလဲ.. တည်ငြိမ်နေတဲ့ဘဝလေးက ဒရာမာချိုးသွားတဲ့အခါ ဘယ်လိုဖြတ်ကျော်မလဲ.. လမ်းမှန်ကိုရော ရွေးနိုင်ပါ့မလား...ဆယ်ကျော်သက်အရွယ်မှာ idolize လုပ်မိတဲ့သူက သောက်တလွဲဖြစ်နေရင် ဂွမ်းတာပါပဲ.. ကလေးတွေရဲ့ insecurityတွေ jealousyတွေကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြထားတာမလို့ ပညာလည်းယူရင်း ကြည့်ရှုခံစားလိုက်ကြပါဦး... (18+ အနည်းငယ်ပါတာမလို့ မိသားစုနှင့်ကြည့်ရန် မသင့်တော်ပါ)File ...
6.5
TMDb: 6.5/10 votes
tv

The Lying Life of Adults (2023)

Payback(2023)[Complete] 10
Payback(2023)[Complete] Payback(2023)*************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံး Dr. Brain စီးရီးပြီးတဲ့နောက် Lee Sun Kyun ရဲ့ အသစ်ထွက်ရှိလာတဲ့စီးရီးတစ်ခုဖြစ်ပါတယ်..ဒီစီးရီးကတော့ Business ပိုင်းကိုအဓိက ဦးစားပေးထားတယ်လို့ဆိုတယ်..ပြောရရင် Lee Sun Kyun ရဲ့ စီးရီးတွေအတော်များများဟာ comedy ဆန်တာရှားတယ်..ဇာတ်အိမ်ကောင်းမွန်တဲ့အပြင် အတွေးတွေ ဘဝနေနည်းတွေပြတဲ့စီးရီးတွေများတယ်..ဆိုတော့ဒီစီးရီးလည်း ဒီလိုပဲဖြစ်လိမ့်မယ်ထင်တယ်..ငယ်ငယ်က လူမိုက်ဂန်းစတားကောင်လေးအဖြစ်နဲ့စတင်ပြီး ထောင်တွေလည်းကျဖူးတဲ့အပြင် ထောင်ကထွက်လာပြန်တော့လည်းစီးပွားရေးကျားကြီးတွေကြားထဲမှာ ဓားစာခံလေးဖြစ်သွားခဲ့ပုံပေါ်တယ်..သူဘယ်လိုပြန်လည်ရပ်တည်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပဲ..မင်းသမီးကလည်း ဖိုက်တာမမ Moon Chae Won ဆိုတော့...၁၂ ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ်  Friday, Saturday တွေမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်..Episodes: 12File Size:1.1GB, 500MBQuality :Web-DL AMZN 1080p,720PGenres: Thriller, Mystery, Business, DramaTranslated by  Hay Thar Oo, Yumeko, Thynn   & TiffEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]  ...
10
TMDb: 10/10 1 votes
tv

Payback(2023)[Complete]

2023
Love to Hate You(2023)[Complete]
Love to Hate You(2023)[Complete] Love to Hate You(2023)**********************အပိုင်း(  ၁ မှ ၁၀) အထိNetflix ကနေယနေ့ထွက်ရှိလာတဲ့ စီးရီးသစ်ဖြစ်ပါတယ်..Yeo MiRan ဆိုတဲ့အမျိုးသမီးဟာ ရှေ့နေတစ်ယောက်ဖြစ်တယ်..ထက်မြက်တယ် ...ပါးနပ်တယ်... ကိစ္စတစ်ခုတိုင်းကို ယုံကြည်ချက်ရှိရှိကိုယ်တွယ်တတ်သလိုစိတ်မြန်လက်မြန်ဖြစ်လွန်းလို့လည်း သူ့ကို တစ်ချို့က မထိရဲ မစမ်းရဲကြဘူး..ဒါအပြင့် သူမဟာ ယောက်ျားတွေကိုလည်း  မန်ကျည်းကိုးပင်က အရွက်တွေထက်မာယာများတဲ့သူတွေလို့ မြင်တတ်တဲ့သူလည်းဖြစ်တယ်...ဒီလိုအမျိုးသမီးနဲ့ ကိုရီးယားက ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့စတား Nam KangHo နဲ့ဆုံတွေကြလေတော့တယ်..ဒီမင်းသားကလည်း  မိန်းမတို့ရဲ့ မာယာဟာ ဖျာကိုးချပ်စာသဲပွင့်အရေအတွက်နှင့်အမျှ များပြားတယ်လို့ ယူဆထားတဲ့သူဖြစ်ပါတယ်..မန်ကျည်းကိုးပင်နဲ့ သဲကိုးဖြာရဲ့ ထိပ်တိုက်တွေ့ဆုံခန်းတွေကိုကြည့်ချင်တယ်ဆိုရင်တော့ဖြင့်...၁၀ ပိုင်းတစ်ခါတည်းထွက်ရှိမှာဖြစ်သဖြင့် အေးဆေးစွာစောင့်မျှော်ကြည့်ရှုကြပါကုန်...Episodes: 1၀File Size:800M B, 250MBQuality :Web-DL  1080p,720PGenres: Drama, ComedyTranslated by  Chothet_mlmt , Hnin Wai Oo   , Estel  & MiriEncoded by  Phyo Pyae   >>>TELE ...

Love to Hate You(2023)[Complete]

2023
Hunters – Season (01),(02) 7.2
Hunters – Season (01),(02) Hunters - Season (01),(02) =================== IMDb Rating - 7.2/10၁၉၇၀ ခုနှစ်ပတ်ဝန်းကျင်ကိုဇာတ်အိမ်တည်ထားပြီး အကြမ်းဖျဥ်းအားဖြင့် ပြောရရင်တော့ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ပြည်ထောင်စုမှာ ဇာတ် မြှုပ်နေတဲ့ နာဇီလက်ကျန်တွေကို၊ နာမည်ကျော်ဂျူးလူမျိုးတုန်းသတ်ဖြတ်မှု ကြီးကနေရှင်ကျန်ခဲ့တဲ့သူတွေကပြန်ကလဲ့စားချေဖို့ စုစည်းကြတဲ့အကြောင်းပါပဲ။ ကလဲ့စားချေတယ်ဆိုပေမယ့်ဂျူးတွေဖက်ကပဲမီးပြန်မွှေးတာမဟုတ်ပဲနဲ့ နာဇီလက်ကျန်တွေနဲ့သူတို့အသိုင်းအဝိုင်းတွေကလည်း ဒီဂျူးလက်ကျန်တွေကို ဆက်လက်မုန်းတီးပြီးအမြစ်ဖြတ်ဖို့ကြံစည်နေကြဆဲပါ။ ဒီတော့ကလဲ့စားချေတယ် ဆိုတာထက်ဦးသူစားစတမ်းဆိုတဲ့ပုံစံနဲ့အပြန်အလှန် ဗျင်းကြတဲ့သဘောပါပဲ။ဒီဇာတ်လမ်းမှာ Conspiracy လို့ခေါ်တဲ့စိတ်ကူးယဥ်သီအိုရီတွေလည်းပါပေမယ့် များသောအားဖြင့် ဖြစ်ရပ်မှန်တွေကိုအခြေခံထားတယ်လို့ဆိုပါတယ်။ ဆိုလိုတာက ဒီဂျူးတွေဖွဲ့စည်းထားတဲ့ Hunters ဆိုတဲ့အဖွဲ့နဲ့ နာဇီလက်ကျန်တွေရဲ့မြေအောက် တိုက်ပွဲက လက်တွေ့မှာတကယ်ရှိခဲ့လားမရှိခဲ့လားဆိုတာမသေချာပါဘူး။ မည်သို့ပင် ဆိုစေကာမူ ဒုတိယကမ္ဘာစစ်ကြီး၊ ဟစ်တလာ၊ နာဇီတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ ဂျူးခြောက်သန်းကတော့ အမှန်တကယ်ပဲရှိခဲ့ပါတယ်။ သဘောအကျဆုံးအချက်ကို ပြောပါဆိုရင်တော့ ဖြစ်ရပ်မှန်နဲ့ Conspiracy ကိုဟာကွက်မရှိအောင်ပေါင်းစပ်ပြီး ချပြသွားနိုင်တာပါပဲ။ယူတတ်မယ်ဆိုရင်သူတို့ပြောသွားတဲ့ဒိုင်ယာလော့ဂ်တွေ ဇာတ်ဝင်ခန်းတွေကနေ ကိုယ် မသိသေးတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အမြင်တွေ ဗဟုသုတတွေအများကြီးရနိုင်ပါတယ်။ Rating/Review တွေလည်းကောင်းတဲ့အပြင် ဆုနှစ်ခုနဲ့ ဇကာတင်ရွေးချယ်ခံရမှုကိုးကြိမ် ထိ ပါဝင်ထားတဲ့စီးရီးဖြစ်တာကြောင့် အများကြီးညွှန်းနေစရာလိုတော့မယ်မထင်ပါဘူး။ နောက်ဆုံးအနေနဲ့ပြောရရင် သမိုင်းကြောင်းတွေကိုအခြေခံတဲ့စီးရီးတွေကို ကြိုက်တတ် ရင်တော့တကယ်ကိုလက်မလွှတ်သင့်တဲ့စီးရီးတစ်ခုပါပဲ။ (ဒီစီးရီးရဲ့ အညွှန်းကို Min Khant Boမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများ ကတော့ Min Khant Bo, San Thu Aung, Htet Kyaw ...
7.2
TMDb: 7.2/10 38000 votes
tv

Hunters – Season (01),(02)

2020
Poong, The Joseon Psychiatrist (2022)
Poong, The Joseon Psychiatrist (2022) Poong, The Joseon Psychiatristဒဏ္ဍာရီလာအစွမ်းတွေကို ပိုင်ဆိုင်ထားသလား ထင်မှတ်ရအောင် ဆေးပညာနဲ့ပတ်သက်ရင် ကျွမ်းကျင်လွန်းလှတဲ့ နန်းတွင်းသမားတော်လေး Yoo Se-Poong ဟာ နန်းတော်တစ်ဝှမ်းမှာ ဂုဏ်သတင်းမွှေးပျံ့တဲ့သူပါသို့သော်လည်း နန်းတွင်းအရှုပ်တော်ပုံပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့ Yoo Se-Poong ရဲ့ စန်းကျချိန်ကို ရောက်ရှိလာပြီး “တော်ဝင်မိသားစုကို ဆန့်ကျင်ပုန်ကန်သူ”အနေနဲ့ စွပ်စွဲခံရကာ နန်းတော်တွင်းကနေ နှင်ထုတ်ခံလိုက်ရပါတယ်နယ်နှင်ဒဏ်အနေနဲ့ Sorak ရွာလေးကို ရောက်ရှိလာခဲ့တဲ့ နန်းတွင်းသမားတော်လေး Se-Poong ဟာ Seo Eun Woo နဲ့ Gye Ji Han တို့ကို တွေ့ဆုံပြီးတဲ့နောက်မှာတော့ ဂျိုဆွန်းခေတ်လူနာတွေရဲ့ ရုပ်ပိုင်းဆိုင်ရာရောဂါများသာမက စိတ်ပိုင်းဆိုင်ရာရောဂါခံစားမှုများကိုပါ ကုသပေးနိုင်တဲ့သမားတော်တစ်ယောက် ဖြစ်လာပါတော့တယ်“ပျော်ရွှင်မှုဆေးညွှန်း”ဆိုတဲ့ စကားစုလေးလို လူနာတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး Yoo Se-Poong ရဲ့ ကုသပုံတွေကို ဂျိုဆွန်းခေတ်သဘာဝနဲ့အတူ ကြည့်ရှုခံစားနိုင်မယ့်အပြင် Se-Poong တစ်ယောက် နန်းတွင်းအရှုပ်တော်ပုံနဲ့ ပတ်သက်တဲ့အမှန်တရားကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲYoo Se-Poong အနေနဲ့ Dali and Cocky Prince ထဲက ...

Poong, The Joseon Psychiatrist (2022)

2022
Sexify – Season (01) 6.5
Sexify – Season (01) Sexify - Season (01) =============== IMDb Rating - 6.5/10ရှေးဦးစွာ ဘာမှမညွှန်းခင်မှာ သတိပေးချင်တာကတော့ ဒီကားကို လူကြားထဲမှာ လုံးဝမကြည့်မိပါစေနဲ့။ ကိုကြီးစား မောင်လေးစား ထက်ပိုကြမ်းတဲ့ အချိန်တိုင်းစားနေတဲ့ ဇာတ်ဝင်ခန်းတွေပါတာကြောင့် ပါ၊ နောက်ပြီး earphones မပါဘဲနဲ့လည်း လူကြီးတွေရှေ့ သွားမဖွင့် လိုက်ပါနဲ့။ ၁‌၈ နှစ်မပြည့်သေးရင်လည်း မကြည့်ပါနဲ့လို့ ပြောချင်ပေမဲ့ တားမရမှာသိတော့ မတားတော့ပါဘူး။အညွှန်းကိုသာ ဆက်လိုက်ကြ တာပေါ့။ဇာတ်လမ်းအညွှန်း - နာတာလီယာကတော့ တက္ကသိုလ်မှာ စာအတော်ဆုံးဆိုပေမဲ့ တစ်ခါမှ ရည်းစားမထားဖူးသေးတဲ့ ကောင်မလေးတစ်ယောက်ပါ။ နာတာလီယာ ရဲ့ သူငယ်ချင်းဖြစ်သူ ပေါ်လီနာ ကတော့ ရည်းစားနဲ့ပဲတစ်ချိန်လုံးစားနေပြီး အဆောင်တောင် ပြန်မအိပ်တဲ့ ကောင်မလေးပေါ့။ မိုနီကာကတော့ သက် တမ်းရင့် စားစော်ကြီးတစ်ယောက် ဖြစ်ပြီး "ဘဝမှာ အရေးအကြီးဆုံးက sex ပဲ" လို့ ခံယူထားသူလေးပါ။ဒီလိုနဲ့ တစ်နေ့မှာ ကျောင်းက ပရောဂျက်တစ်ခုအတွက် သူတို့သုံးယောက် ပေါင်းပြီး app တစ်ခုထောင်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီ app က လည်း ဖောင်းဒိုင်းကိစ္စတွေကို သုတေသနလုပ်မဲ့ app ...
6.5
TMDb: 6.5/10 5800 votes
tv

Sexify – Season (01)

2021
Interests of Love (2022)[Complete]
Interests of Love (2022)[Complete] Interests of Love (2022)အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံး စိတ်ဝင်စားမှုမတူညီကြတဲ့လူလေးယောက် ဘဏ်မှာအလုပ်လုပ်ရင်းတွေ့ဆုံကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ရုံးတွင်းအချစ်ရေးကိုပုံဖော်ထားတဲ့ ရိုမန့်စ်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။Ha Sang Soo က တည်ငြိမ်ပြီး ထူးခြားမှုမရှိတဲ့ ဘဝကမှ ပျော်ရွှင်ခြင်းရဲ့ သော့ချက်လို့ စွဲစွဲမြဲမြဲ ခံယူထားသူဖြစ်ပါတယ်။ ဒါပေမယ့် အချစ်နဲ့တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့တည်ငြိမ်တဲ့ဘဝလေးက မုန်တိုင်းထန်သွားပါတော့တယ်။An Soo Young ကေတာ့ အချစ်က တည်မြဲမှုမရှိဘဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်လို့ ယုံကြည်နေသူလေးပါ။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ကိုယ်တိုင်တောင့်ခံကြိုးစားရင်း သူ့ဆီ ချဉ်းကပ်လာတဲ့ ယောကျာ်းတစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ပါတယ်။Park Mi Kyung ဟာ ချမ်းသာတဲ့မိသားစုကဆင်းသက်လာတဲ့ ယုံကြည်မှုရှိပြီး ခံစားချက်ပွင့်လင်းသူဖြစ်ပါတယ်။ သဘောကျတဲ့သူတွေ့ရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ဘေးရောက်အောင်လုပ်မယ့်သူပေါ့။ ဒါပေမယ့် သူဖြစ်စေချင်သလိုမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုနဲ့သာ တွေ့ကြုံလာရပါတယ်။Jung Jong Hyun ကေတာ့ ရဲအရာရှိဖြစ်ဖို့ ကြိုးစားနေသူပါ။ ...

Interests of Love (2022)[Complete]

2022
Panic (2021) 7.311
Panic (2021) Panic (2021)Panic ကတော့ စာရေးဆရာမ Lauren Oliver ရဲ့ နာမည်ရစာအုပ်ဖြစ်တဲ့ Panic ကို အပိုင်း ၁၀ ပိုင်းပါတဲ့ စီးရီးအဖြစ်အသက်သွင်းထားတဲ့ limited series ဖြစ်ပါတယ်။ ကျောင်းသားလူငယ်တွေရဲ့ Panic ဇာတ်လမ်းကို လူငယ်တွေကတော့သေချာပေါက် အကြိုက်တွေ့ကြဦးမှာပါပဲ။ဇာတ်အိမ်တည်ထားတာကတော့ တက္ကဆက်က ကာ့ပ်မြို့။ ကာ့ပ်ကအပြင်မှာတော့တကယ်မရှိပါဘူး။ ရှိရင်လဲဘယ်သူမှသွားနေချင်မယ်မထင်ဘူး။ ကာ့ပ်ကလူငယ်တိုင်းကတောင် ကျောင်းပြီးတာနဲ့ ကာ့ပ်မြို့က လစ်နိုင်ဖို့ကိုအသည်းအသန်ကြိုးစားကြတာ။ ဘာလို့လဲဆိုတော့ ကာ့ပ်မြို့မှာ ဘာမှမဖြစ်တာကြောင့်ပဲ။ အဲမြို့ကလူတွေက တစ်ယောက်ကိုတစ်ယောက်မွေးထဲကသိတယ် သေတဲ့ထိလဲသိသွားကြတယ်။ ဘာမှထူးထူးခြားခြားဖြစ်ပျက်တာမရှိဘူး ပြောင်းလဲတာလဲ မရှိဘူး။ လူငယ်တွေအတွက်တော့သေလောက်အောင်ပျင်းစရာမြို့ကြီးပေါ့။ အဲဒါကြောင့်ပျင်းနေတဲ့ ဘယ်သူကစလိုက်မှန်းမသိတဲ့ "ခြောက်ခြားပွဲ" ဆိုတာ လူငယ်တွေကြားမှာရေပန်းစားလာပါလေရော။ အထက်တန်းအောင်မြင်တဲ့ကျောင်းသားတိုင်းက ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှိပြီး ဆုကြေးငွေကလဲ ကာ့ပ်မြို့ကထွက်သွားနိုင်လောက်တဲ့ပမာဏပါ။ ဒါပေမဲ့ပြိုင်ပွဲရဲ့စိန်ခေါ်မှုတွေကြားမှာ အသက်တွေပါပေးဆပ်ရသူတွေရှိလာပြီး ရဲတွေကပါ ဒီလူငယ်တွေနောက်လိုက်စုံစမ်းမှုတွေရှိလာတော့ ဒီနှစ်ရဲ့ခြောက်ခြားပွဲမှာ ဘယ်သူတွေပါဝင်ကြမလဲ ကာ့ပ်မြို့ကထွက်သွားဖို့၊ သူတို့ဘဝတွေတစ်ဆစ်ချိုးနိုင်ဖို့ ဘယ်လောက်တွေတောင်စွန့်စားကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်.....အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action & Adventure, Crime, Drama Quality…. 1080p | 720p File size… 700MB ...
7.311
TMDb: 7.311/10 201 votes
tv

Panic (2021)

2021
The Wife (2022)[Complete]
The Wife (2022)[Complete] The Wife ~ ထက်မြက်သော ဇနီးသည် (2022)အပိုင်း (၁ မှ ၂၀) အထိ စ/ဆုံး မိန်းမတွေ အများကြီးနဲ့ဖောက်ပြန်ရတာက သူ့ကိုယ်သူ သာလွန်တယ်လို ခံစားရတဲ့ ခင်ပွန်းဖြစ်သူ အန်နီရုထ် ...ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေမှန်းသိလျက်နဲ့ စိတ်ခံစားချက်ကို ဦးစားမပေးပဲ အိမ်ထောင်ရေးကို မဖျက်ဆီးခဲ့တဲ့ မယားကြီးဖြစ်သူ ဝိကန်ဒါ ...မယားကြီး ဝိကန်ဒါက ဦးနှောက်ကို ဘယ်လိုသုံးပြီး ကြိုးရှည်ရှည်နဲ့ ကစားမလဲ?မိန်းကလေးတွေက ချစ်သူကို ဘယ်လောက်ပဲချစ်နေပါစေ ကိုယ့်ကိုယ်ကို ပိုပြီးချစ်တတ်စေဖိုနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ ဘယ်လိုတွေ ပညာပေးမလဲ? ဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းကိုတော့ May Thu က ရေးပေးထားပါတယ်။)Aired: December 14, 2022 -- Aired On: Wednesday & Thursday Genres: Drama Duration: 50mins Episodes: 20 (Est) Original Network: ...

The Wife (2022)[Complete]

2022
Lady Voyeur (2023) 7.273
Lady Voyeur (2023) Lady Voyeur (2023) ===============ရပ်ကွက်ထဲမှာ မှန်ပြောင်းတစ်လက်နဲ့ ဘယ်အိမ်က ဘာဖြစ်နေလဲ ဆိုတာကို လိုက်ကြည့်နေတတ်တဲ့ ရပ်ကွက်စီစီတီဗွီတချို့ကို မြင်ဖူး ကြတယ်ဟုတ်။ ဒီထဲက မင်းသမီးကတော့ ရပ်ကွက်ရေးရာကို လိုက် ကြည့်တာ မဟုတ်ဘဲနဲ့ သူများအတွဲတွေ ဟိုဒင်းဟိုဟာပြုကြတာကို မှန်ပြောင်းနဲ့ လိုက်ချောင်းတတ်တဲ့ ကောင်မလေးတစ်ယောက်ပါတဲ့။သူ့အခန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တိုက်ခန်းက ညငှက်မလေးတစ် ယောက်ဆီမှာ နေ့တိုင်းလာပျော်ပါးကြတဲ့ ယောက်ျားတွေရဲ့ စွမ်းရည် တွေကို ကြည့်ပြီး ခရမ်းသီးအားကိုးလုပ်နေတတ်တာပေါ့လေ။ ဒါပေမဲ့ ဒီဇာတ်လမ်းကို သာမန်ကာလျှံကာတော့ တွက်လိုက်လို့မရဘူးဗျ။ သူ(မ) ရဲ့  ဝန်ခံချက်အရ သူဟာ ယောက်ျားနှစ်ယောက်ကို ပျက်စီးစေခဲ့ပြီး တစ်ယောက်ကို သေဆုံးစေခဲ့တဲ့ မိန်းမတစ်ယောက်ပါ။ဇာတ်ကောင်တွေရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ၊ မထင်မှတ်ထားတဲ့ လူသေမှုတွေနဲ့ ဆန်းကြယ်တဲ့ ဇာတ်လမ်းတစ်ခုအသွင်ကို ပြောင်းလဲ သွားဦးမှာမို့ ချိုချဉ်ဖန်ခါးအရသာ အစုံအလင်ကို ခံစားချင်သူတွေအဖို့ အကြိုက်တွေ့စရာ ဇာတ်လမ်းတွဲတစ်ခုဖြစ်လို့လာပါလိမ့်မယ်။(ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာ သာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(350 MB) / ...
7.273
TMDb: 7.273/10 55 votes
tv

Lady Voyeur (2023)

2023
Firefly Lane (2021) 7.573
Firefly Lane (2021) Firefly Lane Season 1 (2021)IMDb 7.4 ရထားတဲ့ Drama, Romance အမျိုးစား ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကနေ သက်လတ်ပိုင်းအရွယ်ထိ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ Tully နဲ့ Kate ရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။Tully ကတော့ အလန်းစားကောင်မလေးဖြစ်ပြီးတော့ အားလုံးက ကြွေကြတဲ့ ကောင်မလေးပါ။ Kate ကတော့ ရိုးရိုးအေးအေးနေတတ်တဲ့ Introvert ကောင်မလေးပါ။လက်ရှိအချိန်မှာတော့ Tully က ရှိုးတစ်ခုရဲ့ တင်ဆက်သူဖြစ်နေပြီးတော့ Kate ကတော့ ကွာရှင်းခါနီး ကလေးတစ်ယောက်အမေဖြစ်ပါတယ်။ အကျင့်စရိုက်၊ နေထိုင်ပုံ အစစအရာရာကွာခြားတဲ့ သူတို့နှစ်ယောက် ဘယ်လိုသူငယ်ချင်းဖြစ်သွားတယ်၊ ဘယ်လောက်ထိခင်ကြတယ်ဆိုတာကို တစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းတွေနဲ့ ဆယ်ကျော်သက်အရွယ်ကနေ လက်ရှိအချိန်ထိ မရိုးအောင် ရိုက်ပြထားပါတယ်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Robin, Hugo, Xavier Zy, Sierra တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File ...
7.573
TMDb: 7.573/10 130 votes
tv

Firefly Lane (2021)

2021
A2Z(2023) [Complete]
A2Z(2023) [Complete] A2Z(2023)*********အပိုင်း (၁ မှ ၁၀ ) အထိ စ/ဆုံးမင်းသမီးဖြစ်တဲ့ ဆာဝါနိုနတ်ဆုမိ ဟာဆိုရင် နာမည်ကြီး စာပေထုတ်ဝေရေးလုပ်ငန်းတစ်ခုမှာအယ်ဒီတာအဖြစ်နဲ့အလုပ်လုပ်နေတဲ့ ဇနီးသည်တစ်ဦးဖြစ်ပါတယ်...သူ့ရဲ့ ခင်ပွန်းဖြစ်သူ ခါဇူဟိရိုမိုရီရှိတကလည်း သူ့လိုပဲ အယ်ဒီတာတစ်ဦးအနေနဲ့ တခြားပုံနှိပ်တိုက်မှာအလုပ်လုပ်နေတာဖြစ်တဲ့အတွက် လင်မယားနှစ်ယောက်ဟာ လုပ်ငန်းပိုင်းဆိုင်ရာမှာ ပြိုင်ဘက်တွေလိုဖြစ်နေကြပါတယ်...အလုပ်ကိုလည်း စိတ်ရောလူပါနှစ်ကြိုးစားပြီး အရာရာမှာထက်မြက်တဲ့ နတ်ဆုမိတစ်ယောက်ဟာတစ်ရက်မှာတော့ ခင်ပွန်းဖြစ်သူရဲ့ သွေးအေးအေးနဲ့ဝန်ခံလာမှုတစ်ခုကြောင့်ခင်ပွန်းဖြစ်သူမှာ အချစ်သစ် (မယားငယ်)တွေ့နေပြီဖြစ်တာကို လက်ခံပေးလိုက်ရပါတော့တယ်...သူကိုယ်တိုင်ကလည်း စာတိုက်ရုံးမှာအလုပ်လုပ်တဲ့ ငယ်ငယ်ရွယ်ရွယ်ကောင်လေးနဲ့အချစ်ဇာတ်လမ်းအသစ် စတင်ဖို့ဖြစ်လာတဲ့အခါမှာတော့အရင်တည်းက ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးဟာ သားသမီးမျက်နှာ ထောက်ထားစရာလည်းမရှိနှစ်ပေါင်းများစွာပြိုင်ဘက်ဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့ အချစ်ဇာတ်လမ်းအပြင် အသက် ၃၀ ကျော်အမျိုးသမီးတစ်ဦး ကြုံတွေ့ရမယ့် အလုပ်နဲ့ အချစ်ရေးကြားက လွန်ဆွဲမှူတွေ၊အဖြစ်အပျက်တွေကို အင်္ဂလိပ် အက္ခရာ A ကနေ Z အထိ သုံးပြီး ရိုက်ကူးထားတဲ့ ဒရမ်မာစီးရီးပဲဖြစ်ပါတယ်Episodes: 1၀File Size:500MB, 220MBQuality :Web-DL AMZN 1080p,720PGenres:  DramaTranslated ...

A2Z(2023) [Complete]

2023
10 Years Ticket (2022) 8.6
10 Years Ticket (2022) ဖလူး အဖြစ် Off Jumpol ဖူခေါင် အဖြစ် Ohm Pawat ခေါင်ခွမ် အဖြစ် Tu Tontawanဇာတ်လမ်းအကျဉ်းဖူခေါင်နဲ့ ခေါင်ခွမ်တို့က အရမ်းခင်ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပြီး မိသားစုချင်းလည်း အရမ်းရင်းနှီးကြတယ်ဒါပေမဲ့ သူတို့ကြားက အဖြစ်ဆိုးကတော့ ခေါင်ခွမ့်အစ်မဖြစ်သူက ဖူခေါင့်အစ်ကိုကို သတ်လိုက်ချိန်မှာ စတင်လာပါတော့တယ်ဖူခေါင့်အနေနဲ့ အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရရုံမကဘဲ ဖခင်ဖြစ်သူကပါ သူနဲ့မိခင်ဖြစ်သူကို ထားသွားခံခဲ့ရသလို ခေါင်ခွမ့်အစ်မကလည်း လူစတ်မှုနဲ့ ထောင်ဒဏ်ကျခဲ့ရပြီး နာမည်ဆိုးတွင်ခဲ့ရတယ်အဲဒီချိန်ကစပြီး ဖူခေါင်က ခေါင်ခွမ်အပေါ် ခင်မင်မှုသံယောဇဉ်အစား လူသတ်သမားရဲ့ ညီမဆိုတဲ့ အမုန်းတရားနဲ့ လက်စားချေဖို့ပဲ ကြိုးစားပါတော့တယ်ခေါင်ခွမ့်အပေါ် အနိုင်ကျင့်နေတာကို မခံနိုင်တဲ့ ဖူခေါင့်အခင်ဆုံးသူငယ်ချင်း ဖလူးက သူငယ်ချင်းသံယောဇဉ်ပျက်ပါစေ ကာကွယ်ပေးလာချိန်မှာတော့…ဖူခေါင် ၊ခေါင်ခွမ်နဲ့ ဖလူးတို့ကြား ဘာတွေဆက်ဖြစ်လာမလဲဖူခေါင့်အနေနဲ့ အတိတ်ရန်ငြိုးတွေကို စွန့်လွှတ်သွားနိုင်မလားဖလူးကရော ခေါင်ခွမ့်ကို ကာကွယ်ပေးနိုင်မလားလွန်ခဲ့တဲ့ဆယ်နှစ်က ဖူခေါင့်အစ်ကိုနဲ့ ခေါင်ခွမ့်အစ်မကြား ဘာတွေဖြစ်ခဲ့သလဲဆိုတာ “10 years ticket” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာပဲ ...
8.6
TMDb: 8.6/10 votes
tv

10 Years Ticket (2022)

2022
I Will Knock You (2022) 7.7
I Will Knock You (2022) နိုယူ အဖြစ် Tar Atiwat ထီအဖြစ် Bom Thanwatဇာတ်လမ်းအကျဉ်းထီက ကောလိပ်ကျောင်းသားတစ်ဦးဖြစ်တဲ့အပြင် tutor တစ်ယောက်လည်းဖြစ်ပါတယ်တစ်ရက် ထီ့တပည့်တွေထဲက တစ်ယောက်က အထက်တန်းကျောင်းသားလူဆိုးခေါင်းဆောင် နိုယူနဲ့ ပြဿနာဖြစ်ခဲ့ပြီး ထီက တပည့်ဖြစ်သူအတွက် နိုယူနဲ့ညှိနှိုင်းမှုတွေလုပ်ခဲ့ပါတယ်အဲဒီနောက်ကစပြီး ထီနဲ့နိုယူတို့ မကြာခဏတွေ့မိကြပြီး ထီက သူ့ကိုစိတ်ဝင်စားနေတယ်လို့ နိုယူက ယူဆခဲ့တယ်ထီအနေနဲ့ အထင်လွဲမှုကိုရှင်းရင်း ပိုပိုအထင်မှားလာခံရတဲ့အခါ...ထီအနေနဲ့စာသင်ပြပေးဖို့ အပ်ခံရတဲ့တပည့်အသစ်က နိုယူဖြစ်နေတဲ့အခါ...ကျူရှင်ဆရာလေး ထီနဲ့ ကျောင်းသားဆိုးလေး နိုယူတို့ကြားက အချစ်ဇာတ်လမ်းလေးကိုကြည့်ရမှာပဲဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Nue Nue ပါ )Native Title: พี่จะตีนะเนย Episodes: 12 Aired: Nov 18, 2022 - Feb 3, 2023 Aired On: Friday Original Network: Channel 3 Duration: 45 min. Content Rating: Not Yet RatedTranslated by Kyi ...
7.7
TMDb: 7.7/10 votes
tv

I Will Knock You (2022)

2022
Lookism (2022) 8.646
Lookism (2022) Lookism (2022)အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Lookism လို့ခေါ်တဲ့ Korean Animated Series လေးတစ်ပုဒ်ပဲဖြစ်ပါတယ် Webtoon ကနေ ပြန်လည်ပုံဖော်ထားတဲ့ Animation လေးမို့ ဆန်းလည်း ဆန်းသစ်သလို ပိုလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ရုပ်ချော ၊ ကြည့်ကောင်းမှ ဂုဏ်တွေငွေတွေရှိမှ လူ့အသိုင်းအဝိုင်းမှာ အရာဝင်တယ်လို့ သတ်မှတ်ထားတဲ့သူတွေကြား ဟျောင်းဆော့ဆိုတဲ့ ငွေကြေးလည်း မပြည့်စုံ ခန္ဓာကိုယ်ကလည်း ဝတဲ့ ကျောင်းသားလေးဟာ ဓားစားခံထဲက တစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ကျောင်းသားဆိုးတွေ အကြမ်းဖက်အနိုင်ကျင့်တာကို ခံနေရတဲ့ဟျောင်းဆော့ဟာ တစ်နေ့မှာတော့ အိပ်ပျော်သွားရာက နိုးလာတဲ့အခါ အရပ်ရှည်ရှည် ရုပ်ချောချောကောင်လေးခန္ဓာကိုယ်နဲ့ ဖြစ်နေပါတော့တယ် နောက်ကိုလှည့်ကြည့်တဲ့အခါ သူ့ရဲ့အရင်ပုံစံအတိုင်း ဟျောင်းဆော့က အိပ်နေတာကို တွေ့လိုက်ရတယ် ။ အစကတော့ အိပ်မက်ထင်နေခဲ့ပေမယ့်တကယ်ဖြစ်နေတဲ့အခါ ဟျောင်းဆော့ တစ်ယောက် ရုပ်ချောချောကျောင်းသားလေးအဖြစ် ကျောင်းအသစ်မှာ ဘဝသစ်စတင်ဖို့ လုပ်ခဲ့ပါတော့တယ် ။ဘယ်လိုအဖြစ်တွေဆက်ကြုံဦးမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပေးပါနော်စဆုံး ၈ ပိုင်းကို တစ်ခါတည်း တင်ဆက်ပေးထာတာမို့ တစ်ထိုင်တည်း ကြည့်လိုက်ကြပါဦး။အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီတော့ ဘာသာပြန်ထားတာကတော့ Shin Shin, ...
8.646
TMDb: 8.646/10 130 votes
tv

Lookism (2022)

2022
Seisyun Cinderella (2022)
Seisyun Cinderella (2022) Seishun Cinderella(2022)ယေဘုယျအားဖြင့် အလှအပကို စံတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ လောကကြီးမှာ ရုပ်ရည် မတင့်တယ်တဲ့သူတွေအတွက် နေရာရသင့်သလောက် မရကြတာမျိုး မျက်နှာငယ်ရတာမျိုး ရှိတတ်ပါတယ်။ရုပ်လည်းမချောတဲ့အပြင် ပေါင်းသင်းဆက်ဆံရေးပါ ညံ့တဲ့သူတွေအတွက်တော့ အနှိမ်ခံရ အကျဥ်ခံရတာမျိုးက ဆန်းတောင်မဆန်းတော့တဲ့ ကိစ္စတစ်ခုလိုပါပဲ။အခုဒီဇာတ်ကားထဲမှာလည်း အထက်တန်းကျောင်းသူဘဝမှာ လူကြောက်တတ်ပြီး မပြင်မဆင်နဲ့ ပုံတုံးမလေး ရှိအွန်းဟာ ကျောင်းမှာအနိုင်ကျင့်ခံ အနှိမ်ခံဖြစ်တာကြောင့် သူ့အပေါ်ကြင်နာပြီး ကာကွယ်ပေးတဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့ အဆဲဂဝ ဆိုတဲ့ ကောင်လေးကို အားကိုးချစ်နဲ့ ချစ်မိသွားပါတယ်။အချစ်ဦးကို သတ္တိမွေးပြီး ဖွင့်ပြောလိုက်ကာမှ "ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ပါဦး"ဆိုပြီး ငြင်းခံလိုက်ရတဲ့အခါမှာ ကိုယ့်ကို မနှိမ်လောက်ဘူးလို့ ယုံကြည်ခဲ့တဲ့ တစ်ဦးတည်းသောသူဆီက ဒီလိုပြောခံခဲ့ရတဲ့အချိန်ကစပြီး ရှိအွန်းတစ်ယောက် သူ့ဘဝတစ်လျှောက်လုံးမှာ ရုပ်ရည်နဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာရသွားပါတော့တယ်။ဒီလိုနဲ့ အသည်းကွဲဝေဒနာကိုခံစားရင်း အချိန်တစ်ခုအကြာမှာ မိတ်ကပ်ပြင်ရတာကို ဝါသနာပါလာတဲ့ ရှိအွန်းဟာ သူ့ရုပ်ရည်ကို မိတ်ကပ်အစွမ်းနဲ့ ပြောင်းလဲပစ်ပြီး စိတ်သစ်လူသစ်နဲ့ အလှအပရေးရာ အကြံပေးတစ်ယောက် ဖြစ်လာပါတော့တယ်။ဒါပေမယ့်လည်း ရုပ်ရည်နဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာ ပြန်ပေါ်လာစေတဲ့ အခြေအနေတစ်ခုနဲ့ ကြုံခဲ့တဲ့ရနောက် ကံကြမ္မာရဲ့ကျီစယ်မှုနဲ့အတူ လွန်ခဲ့တဲ့ ၁၂ နှစ်က ပုံတုံးတုံး အထက်တန်းကျောင်းသူအရွယ် ...

Seisyun Cinderella (2022)

2022
Copenhagen Cowboy (2022) 6.8
Copenhagen Cowboy (2022) Copenhagen Cowboy (2022) ===================== IMDb Rating - 6.8/10ဒီအပိုင်းခြောက်ပိုင်းပါဇာတ်လမ်းတွဲလေးကတော့ ရုပ်ရှင်ဒါရိုက်တာ Nicolas Winding Refn လက်စွမ်း ပြထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ အရည်အသွေး ကောင်းတဲ့ ကင်မရာရိုက်ချက်တွေ၊ ထူးခြားတဲ့ စကားပြော ခန်းတွေ၊ အသံတိတ်ပြကွက်တွေနဲ့ အနှေးရိုက်ချက်တွေ ဟာ တစ်ခြားကားတွေနဲ့မတူဘဲ တစ်မျိုးဆန်းစေတယ်ဆိုပြီး တော့ ချီးကျူးခံထားရပါတယ်။neo-noir genreဆန်ဆန်ရိုက်ချက်တွေကြောင့် အမြင်ဆန်း စေမှာပါ။ ဇာတ်လမ်းလေးကတော့ မြူဆိုတဲ့မိန်းကလေးဟာ ထူးခြားတဲ့အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့သူပါ။ ထိုအစွမ်း ကြောင့်ပဲ သူ့ဘဝဟာ မျိုးစုံကြိုးခုံဖြစ်နေရသူပါ။ တစ်ဘဝစာလုံး ကျွန်ခံခဲ့ပြီးတဲ့နောက် သူရဲ့ဘဝအသစ်တစ်ခုကို စတဲ့အနေနဲ့ ကိုပါဟန်ဂန်မြို့ရဲ့ ငရဲစခန်းတစ်ခုဆီ ရောက်ရှိသွားပါတယ်။ တရား မျှတမှုကိုရှာဖွေပြီး ကလဲ့စားချေဖို့ကြံစည်ရင်း အခက်အခဲတွေနဲ့ သဘာဝလွန်တဲ့ အခြေအနေတွေကိုပါ ရင်ဆိုင်ရတဲ့ အကြောင်း လေးဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Leonard Lin, Zaw Myo Thu, Roman Nox တို့ဖြစ်ပါတယ်။)File Size.............(350 MB) / (1.0 GB) Quality...............WEB-DL 720p / ...
6.8
TMDb: 6.8/10 3500 votes
tv

Copenhagen Cowboy (2022)

2023
SKY Castle (2018) 8.2
SKY Castle (2018) Sky Castle (2018) Penthouse လို အလောင်ဇာတ်ကားမျိုးကိုမှ သဘောကျလှပါတယ်ဆိုတဲ့သူတွေအတွက် လောင်ပြီးရင်းလောင်ရမယ့် Sky Castle (2018) ကို CM မှ တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားထဲမှာဆိုရင်တော့ သားသမီးတွေအတွက် အဆိပ်တစ်ခွက်လိုဖြစ်စေတဲ့ မိဘတွေရဲ့လောဘအကြောင်းနဲ့ ပိုက်ဆံတွေကျိကျိတက်ချမ်းသာနေရင်တောင် စိတ်ချမ်းသာမှုကိုတော့ ငွေပေးဝယ်လို့မရဘူးဆိုတဲ့အကြောင်းတွေကို မီးမောင်းထိုးရိုက်ကူးပြထားတာပါ။"ရလေလိုလေ အိုတစ္ဆေ" ဖြစ်တတ်ကြတဲ့ လူသားတွေရဲ့လောဘတွေ၊ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်ယှဉ်ပြိုင်မှုတွေ၊ မိမိရဲ့အတ္တနဲ့လောဘကိုပဲ ရှေ့တန်းတင်ကြတဲ့သူတွေ...စတဲ့ လောကကြီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းတွေကို အသေအချာရိုက်ကူးပြထားတဲ့အပြင် Rating ကြီးကလည်း ရှယ်ပဲမို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။Casts တွေအနေနဲ့လည်း yum Jung-Ah, Kim Hye-Yoon, Yoon Se-Ah, Kim Seo-Hyung နဲ့ Oh Na-Ra တို့လို ရှယ်တွေချည်းပါဝင်ထားတာမို့ ကြည့်ရှုရတာ လုံးဝတန်စေမှာပါနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe Thet Winn, Lai Laii, Joyz, Milkeux, Thantsin ...
8.2
TMDb: 8.2/10 35 votes
tv

SKY Castle (2018)

2018
Jaanbaaz Hindustan Ke (2023)
Jaanbaaz Hindustan Ke (2023) Jaanbaaz Hindustan Ke (2023)IMDb-7.3/10အိန္ဒိယမှုခင်းကားတွေကြိုက်တဲ့ပရိသတ်ကြီးအတွက် မှုခင်းစီးရီးကောင်းလေးတစ်လှည့်တင်ဆက်ပေးချင်ပါတယ် အိန္ဒိယကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ချိတ်ဆက်ပုံ တရားခံနဲ့ရဲနဲ့ဉာဏ်ချင်းပြိုင်ကြပုံတွေက အကွက်စေ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် အလုပ်နဲ့မိသားစုရေးရာစတဲ့ ဒရမ်မာတွေပါဖြည့်စွက်တင်ပြထားတာမို့ ရသစုံစွာနဲ့ မပျင်းမရိကြည့်ရှုကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ကာဗီရာအိုင်ယာဆိုတဲ့ ရဲစွမ်းသတ္တိနဲ့ပြည့်၀တဲ့ရဲမေဟာ မစ်ရှင်တွေ စစ်ဆင်ရေးတွေတိုင်းလိုလိုအောင်မြင်ခဲ့သူပါ သူကအလုပ်မှာစိတ်ရောကိုယ်ပါနစ်မြှုပ်ထားလို့ အိမ်ထောင်ရေးပါပြိုကွဲရသည်ထိဖြစ်ခဲ့ပါတယ် ဘယ်လောက်ထိတောင်နှစ်မြှုပ်ထားသလဲဆိုရင် လင်မယားစကားများနေရင်းတောင် အလုပ်အကြောင်းသတိရပြီးထလုပ်တတ်သူပါတစ်နေ့သူဟာအရေးကြီးအမှုတစ်ခုကို ကိုင်တွယ်ရင်း မထင်မှတ်ပဲလွဲချော်သွားပြီး ပြည်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ် အမျိုး‌သမီးတွေရဲ့ စံပြ ရဲဂုဏ်ဆောင် စီလွန်ကျားမလို့ နာမည်ရခဲ့ဖူးတဲ့ ကာဗီရာကို ဒီဖြစ်ရပ်ကြောင့် အားလုံးကိုရွံ့မုန်းကုန်ကြပါတော့တယ် ဒီလောက်ထိတော်တဲ့ရဲက ဘယ်လိုအမှုမို့ ကျရှုံးသွားရတာလဲ အသွေးထဲအသားထဲက ရဲအလုပ်ကိုချစ်မြတ်နိုးနေတဲ့သူဟာ အ‌လျှော့တော့ပေးမှာမဟုတ်ပါဘူး သူဘယ်လိုရင်ဆိုင်ကျော်လွှားဖော်ထုတ်မလဲ တစ်ပိုင်းပြီးတစ်ပိုင်းဆက်တိုက်ကြည့်ချင်လောက်အောင် ဆွဲဆောင်မယ့်ကားဖြစ်ပါတယ်Quality : 1080p AAC5.1CH / 720pTotal Episodes : 8EpsFormat : mp4Genres :Action & Adventure, DramaDuration : 35minSubtitle : Myanmar Subtitle ( Hardsub )Translated by BpL ~ Yunni ~ Sai Thu Rein~ Nyein AyeEncoded by ...

Jaanbaaz Hindustan Ke (2023)

2023