Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
My School President (2022)
My School President / ဥက္ကဋ္ဌလေး ကျွန်တော့်ချစ်သူ (2022) (အညွှန်း) =========================== တစ်ကားလုံးဆင်တဲ့ နောက်ထပ် ကျောင်းတွင်း BL series အသစ်လေးလာပါပြီ။ဂီတကိုရူးသွပ်ပြီး ကျောင်းတွင်းဂီတကလပ်မှာ သူငယ်ချင်းတွေနဲ့အတူတူတီးဝိုင်းထောင်ထားတဲ့ .. “ဂန်း”။ပုံမှန်ကျောင်းတွင်းတီးဝိုင်းတွေဆိုရင် ကိုလူချောတွေအပြည့်နဲ့ ကျောင်းသူလေးရဲ့သည်းသည်းလှုပ်ခြင်းကိုခံရတာထုံးစံဆိုပေမယ့် “ဂန်း” တို့ရဲ့တီးဝိုင်းအဖွဲ့ကတော့ ဗရုတ်သုတ်ခတွေလုပ်လွန်းလို့ ကျောင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အဖွဲ့ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့အဖွဲ့ပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ကျောင်းအုပ်အပြောင်းအလဲဖြစ်သွားပြီး အသစ်တက်လာတဲ့ကျောင်းအုပ်က ကျောင်းကိုသိက္ခာချမယ့်ကလပ်တွေကို ဖျက်သိမ်းမယ်ဆိုတဲ့ ကြေညာချက်နဲ့အတူ ကျောင်းတွင်းကလပ်တွေနဲ့ပတ်သက်တာမှန်သမျှ လုပ်ပိုင်ခွင့်ရှိတဲ့ “ကျောင်းရဲ့သမဂ္ဂဥက္ကဌ” အသစ်တစ်ယောက် ရွေးချယ်ဖို့ဖြစ်လာရာကနေ ဘက်စုံထူးချွန်တဲ့ “တင်” က သမဂ္ဂဥက္ကဌရာထူးကိုရသွားပါတော့တယ်။ “တင်” က ဂီတကလပ်ဖျက်သိမ်းရေး/ မဖျက်သိမ်းရေးအတွက် အဓိကတာဝန်ရှိသူဖြစ်လာပြီးတော့ ဆန့်ကျင်ဘက်နှစ်ဖက်မှာရှိနေတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်စမ်းရန်ပွဲလေးတွေက ဘယ်လိုတွေအူယားစရာကောင်းဦးမလဲဆိုတာကို သီချင်းကောင်းကောင်းလေးတွေနားဆင်ရင်း စောင်ကိုက်နိုင်အောင် တင်ဆက်ပေးလိုက်ကြောင်းပါနော်အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Shin Shin ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 1GB | 500MB Format… ...
My School President (2022)
2022
7.5
Phuea Mae Phae Bo Dai (2023)
ခွန်ဒရင် အဖြစ် Toy Pathompong ကွိုင့် အဖြစ် Phingphing Nichaဇာတ်လမ်းအကျဉ်းကွိုင့်က မိသားစုပိုင်ခြံလေးမှာ ရော်ဘာပင်တွေစိုက်ဖို့ ငယ်ကတည်းက စိတ်ကူးလာခဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်ပါဒါပေမဲ့ ကွိုင့်အဖေက ခြံကိုသူဌေးချိတ် ဆီမှာ ဘတ်၃သိန်းနဲ့ပေါင်ခဲ့တာမို့ အကြွေးမဆပ်အတိူးမပေးနိုင်ရင် သိမ်းခံရပြီးစိတ်ကူးအိပ်မက်လေးကလည်းပျက်စီးသွားရမှာဖြစ်နေပါတယ်ဒရင်ကတော့ ရော်ဘာစက်ရုံပိုင်ရှင်သူဌေးလေးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတဲ့ရော်ဘာခြံက စျေးတင်ရောင်းတာမို့ ကိုယ်ပိုင်ခြံဝယ်ယူဖို့ကြိုးစားနေသူပါဒရင်ဝယ်ယူဖို့ရှာဖွေမိထားတဲ့ခြံက ကွိုင့်ရဲ့ခြံဖြစ်လာတဲ့အခါ..မိခင်ဖြစ်သူအတွက်ရော သူမရဲ့အိပ်မက်အတွက်ပါ ကွိုင့်က ရော်ဘာခြံကို လက်မလွှတ်ပေးနိုင်တဲ့အခါကွိုင့်ကပဲ ခြံကိုပြန်ရွေးနိုင်မလား ဒရင်ကပဲ ခြံကိုဝယ်နိုင်သွားမလဲ ပြိုင်ဘက်တွေဖြစ်လာခဲ့တဲ့ ဒရင်နဲ့ကွိုင့်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုကြရအောင် ။Native Title: เพื่อแม่แพ้บ่ได้ Episodes: 15 Aired: Jan 9, 2023 - ? Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: GMM OneTranslated by Kyi Nue Zin & Nang Mwe Kham Encoded by Naing ...
7.5
TMDb:
7.5/10
votes
tv
Phuea Mae Phae Bo Dai (2023)
Strangers Again(2023)
Strangers Again(2023)********************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံးRevolutionary Love (2017) ပြီးကတည်းကပျောက်သွားတဲ့ မမ Kang So Ra ရဲ့ ကမ်းဘက်ပေါ့နော်... ရယ်လိုက်ရင်ပါးချိုင့်လေးနဲ့စွဲမက်ဖြစ်အောင်လှပနေသလို အကြည်ဓာတ်လေးပါတဲ့ သူ့မျက်နှာပေးကြောင့် အတော်များများ သဘောကျကြပါတယ်...Jang Seung Jo နဲ့တွက်ဖက်ထားတာမို့ လိုက်ဖက်နေမှာတော့အမှန်ပါပဲ..ယခုစီးရီးမှာတော့ ၂ယောက်လုံးဟာ အိမ်ထောင်သည်တွေကွာရှင်းတဲ့နေရာမှာအောင်မြင်တဲ့အကျိုးဆောင်ရှေ့နေတွေဖြစ်ကြပါတယ်..သူတို့(၂)ယောက်ထိပ်တိုက်တွေ့ဖို့ဖြစ်လာသလိုတွေ့ရတဲ့အကြောင်းရင်းကလည်း အတော်ဆန်းကျယ်တာမို့ဘာတွေဖြစ်မလဲခံစားကြည့်လိုက်ရအောင်နော်...Episodes: 16File Size:800M B, 250MBQuality :Web-DL 1080p,720PGenres: Drama, Comedy, RomanceTranslated by Hnin Wut Yi, Hay Thar Oo, Hnin Wai Oo & MiriEncoded by Phyo Pyae >>>>TELE LINK ><>>>> Episode 01 [720p] »»» UsersDrive • Yoteshin • MegaUp • StreamSB ...
Strangers Again(2023)
2023
6
Ayali(2023)
Ayali (2023)IMDb-8.9/10၁၄ ရာစုက ပန်နီယာဆိုတဲ့ရွာလေးဟာ အာရာလီအရှင်မရဲ့ကောင်းချီးပေးမှုတွေနဲ့ သာယာ၀ပြောနေခဲ့တယ် အပျိုစင်နတ်ဘုရားမဖြစ်တဲ့အတွက် အပျိုစင်မိန်းကလေးတွေသာ ထိတွေ့ဆုတောင်းခွင့်ရတဲ့အချိန်မှာ အပျိုစင်တစ်ယောက်ဟာ သူ့ကျောင်းတော်လာရင်း တစ်ခြားရွာက လူတစ်ယောက်နဲ့ ချစ်ကျွမ်း၀င်ပြီး ရွာကထွက်ပြေးခဲ့လို့အမျက်ထွက်ပြီး ရွာကပ်ဘေးဆိုက်ပျက်စီးခဲ့ရတယ်ရွာသစ်ပြန်တည်ပြီးချိန်မှာတော့ ဒီလိုမျိုးထပ်မဖြစ်ရဖို့ ရွာမှာရှိတဲ့ မိန်းကလေးတွေကို အပျိုဖော်၀င်တာနဲ့ပေးစားခဲ့ကြတယ် အဲဒီချိန်တည်းက နှစ်ပေါင်း ၅၀၀ ကြာပြီးသည်ထိ ဒါကိုအစဉ်အလာတစ်ခုလိုထိန်းသိမ်းလာခဲ့တယ်တိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာ အိမ်ထောင်တစ်ခုကို စောစောစီးစီးမထူထောင်ချင်သူ ပညာဆက်လက်သင်ကြားချင်သူ မိန်းကလေးတွေရှိလာချိန်မှ....ယခုဇာတ်ကားလေးဟာအိန္ဒိယရုပ်ရှင်ဇာတ်ကားတို့ ထုံးစံအတိုင်း စနစ်တွေ ထုံးတမ်းတွေကို ထိထိမိမိတိုက်ခိုက်ဝေဖန်ထောက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ယခုကားထဲမှာ ကျားမလူတန်းစားခွဲခြားမှု ရှေးရိုးစွဲအစဉ်အလာများကို မျက်ကန်းဖက်တွယ်မှုတွေကို အကွက်ကျကျထည့်သွင်းဖော်ပြဝေဖန်ထားပါတယ်တိုးတက်ပြောင်းလဲချင်သူတွေနဲ့ အစဉ်အလာကိုပဲ ဆက်လက်ထိန်းသိမ်းချင်သူတွေကြား ဘယ်လိုတွေအားပြိုင်အနိုင်ယူကြမလဲ ခံစားကြည့်ပါဦးQuality –1080p / 720pDuration – 35mTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – Sai Thu Rein ~ BpL ~ Yunni ~ Yoon CherryEncoder – YK 720p Episode 1 - Yoteshin / Userdrive ...
6
TMDb:
6/10
2 votes
tv
Ayali(2023)
2023
6.1
Freeridge (2023)
Freeridge(2023)Imdb 5.8, Tomatometer 88%2018ခုနှစ်တုန်းက ထွက်ခဲ့တဲ့ "On my block" ဆိုတဲ့ Teenage dramaလေးရဲ့ Spin-off seriesတစ်ခုပါ။ရှေ့က မူလစီးရီးနဲ့ အလားတူပါပဲ ဒီတစ်ခုကိုလည်း Teenage dramaလို့ သမုတ်လို့ ရပါတယ်။ ဇာတ်အိမ်ကိုတော့ Gloriaနဲ့Inesလို့ ခေါ်တဲ့ မိတဆိုးညီအစ်မနှစ်ယောက်နဲ့ သူငယ်ချင်းအုပ်စုလေးအပေါ်မှာ တည်ထားပြီး Mysteryလေးပါ ရောထားတာကို တွေ့ရမှာပါ။ ပြီးတော့ ဒရာမာတို့ရဲ့ထုံးစံအတိုင်း Comedy ကို ပါ ခပ်ပါးပါးပုတ်ထားတာမို့ ကြည့်ရမပျင်းတာတော့ အမှန်ပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်း ဒုတိယနှစ်ကိုရောက်လို့ ပျော်လို့မှမဆုံးသေးတဲ့ Gloriaခမျာ ညီမဖြစ်သူ Inesပါ ပထမနှစ်တက်ဖို့ ကျောင်းပြောင်းလာတာမို့ နဂိုတည်းက မတည့်အတူနေသမားတွေဖြစ်တာကြောင့် ကျောင်းမှာ တစ်နေ့တစ်ခါလောက် ဘိုင်ဝမ်းတီးလိုက်ကြတာ ကျောင်းဖွင့်ပြီး သုံးရက်မြောက်တဲ့နေ့မှာပဲ မိဘခေါ်ကာ ကျောင်းထုတ်ဖို့ သတိပေးခံလိုက်ရပါပြီ။ သို့သော်ငြားလည်း ဦးလေးဖြစ်သူTonioကို တစ်ဖက်လှည့်နဲ့ အဖေဟန်ဆောင်ခိုင်းပြီး ခေါ်လာတဲ့အတွက် သတိပေးခံရတာလောက်နဲ့ပဲ ပြီးသွားခဲ့တာပါ။ ကံဆိုးချင်တော့ "ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး" ဆိုတဲ့စကားပုံလိုပဲ အရင်းရှင်ဦးလေးTonioကြီးက ဝန်ဆောင်ကြေး ဒေါ်လာတစ်ထောင် ထတောင်းနေတာမို့ ...
6.1
TMDb:
6.1/10
11 votes
tv
Freeridge (2023)
2023
8
The Last Days of Ptolemy Grey (2023)
The Last Days of Potlemy Grey (2023)ပဟေဠိဆန်ဆန် စိတ်ကူးယဥ်ဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေ အကြိုက်တွေ့ဦးမယ့် Samuel L.Jackson အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ series ကောင်းတစ်ခုပါ။ စီးရီးနာမည်က "တော်မီဂရေးရဲ့ နောက်ဆုံးနေ့ရက်များ" ပေါ့။တော်မီဆိုတာကတော့ အတိတ်မေ့ဝေဒနာကို ခံစားနေရတဲ့ ၉၁ နှစ်အရွယ် အဖိုးကြီးတစ်ယောက်ပါ။ ဒီလိုအဖိုးကြီးရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဘာတွေများထူးထူးခြားခြားဖြစ်နိုင်မှာမို့လို့လဲပေါ့။ တော်မီက မိသားစုမိတ်ဆွေတော်တော်များများကို မမှတ်မိနိုင်တော့ပါဘူး။ သူ့ကိုယ်သူတောင်သေချာမမှတ်မိဘဲ အတိတ်ရဲ့ပုံရိပ်တွေကလဲလာလာခြောက်လှန့်နေတာကိုခံနေရသူပါ။ သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်ကတော့ သူ့မြေးဖြစ်သူရက်ဂျီပါ။ တစ်နေ့မှာရက်ဂျီတစ်ယောက် အသတ်ခံလိုက်ရချိန်မှာတော့ တော်မီလဲကူကယ်ရာမဲ့ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ တော်မီ့အတွက် ရက်ဂျီ့နေရာကိုအစားဝင်သူလို့ခေါ်ရမယ့်မိန်းကလေးတစ်ယောက်နဲ့ သူ့ရဲ့အတိတ်မေ့ရောဂါအတွက် စမ်းသပ်နေဆဲဆေးအသစ်တစ်မျိုးကိုရလိုက်ချိန်မှာတော့ တော်မီက သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ဆန်းပြားလွန်းတဲ့သူရဲ့သမိုင်းကိုရေးသွားပုံကိုကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းတစ်ခုလုံးက ဒီဆေးပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး အပြင်လောကမှာတော့တကယ်မရှိပါဘူး။ ဆေးရဲ့အလုပ်လုပ်ပုံကတော့ တော်မီ့အနေနဲ့ ရက်အနည်းငယ်ကြာ မှတ်ဥာဏ်ပြန်ကောင်းမှာဖြစ်ပေမယ့် ပြီးသွားရင်တော့သူ့ရောဂါက အရင်ထက်ဆိုးရွားပြီးအသက်အန္တရာယ်ပါရှိလာမှာပါ။ ဒီဆေးကတကယ်မရှိပေမယ့် ဒီစီးရီးထဲမှာတော့ အတိတ်မေ့ဝေဒနာခံစားနေရတဲ့ လူကြီးတွေရဲ့ဘဝ၊ သူတို့ရဲ့ရုန်းကန်ရမှုတွေ၊ ချစ်ခင်ရသူတွေနဲ့ရော ကိုယ်ကိုယ်တိုင်နဲ့ပါအဆက်အသွယ်ပြတ်မှုတွေကို ကောင်းကောင်းကြီးမီးမောင်းထိုးပြထားတာကြောင့် ပညာလဲရ စိတ်ဝင်စားစရာလဲကောင်းတဲ့ limited series ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p ...
8
TMDb:
8/10
25 votes
tv
The Last Days of Ptolemy Grey (2023)
2022
Bride’s Revenge (2023)
"အချစ်ကြောင့်နာကျည်းမှုတွေများလာတဲ့အခါ အမုန်းတရားတွေပေါက်ဖွားလာတယ်၊အာဃတတွေကြောင့် သံသရာစက်ကွင်းထဲမှာနစ်မြောနေတဲ့အခါ ပြန်လည်ရှင်သန်ခြင်းဆိုတာ မရှိဘူး"တဲ့~ကဲ ကဲ~ CM Cdrama Fanလေးတိုရေ~Xianxiaတွေ wuxiaတွေလည်း မကြည့်ချင်၊teenage romance တွေလည်း ရိုးအီနေပြီ၊plotကတစ်မူထူးပြီး ကွဲထွက်နေတာလေးမှ ကြည့်ချင်တယ်ဆိုသူလေးတွေအတွက်Revengeအမျိုးစား ဇာတ်ကားသစ်လေးကို တစ်ဖန်ပြန်ယူဆောင်လိုလာပါပြီနော်။နာမည်လေးကိုက Bride's Revenge (*ရက်တစ်ရာ သတိုသမီး*)တဲ့...ဇာတ်လမ်းအကျဉ်း-ယဲ့မိသားစုရဲ့တစ်ဦးတည်းသောသမီး "ယဲ့ချင်းလန်"ဟာ မုမိသားစုရဲ့အကြီးဆုံးသခင်လေးနဲ့ချစ်သူတွေဖြစ်ပြီးချစ်ရသူရဲ့လှည့်စားမှုကို ခံရကာ မကောင်းေသာအခြင်းအရာတွေဆေးကြောဖိုဆိုတဲ့အယူတစ်ခုအရအတင်းအကျပ် လက်ထပ်လိုက်ရပါတော့တယ်~မုအိမ်နဲ့ယဲ့အိမ်ကြားမှာရော ဘယ်လိုလျှိဝှက်ချက်တွေ ရှိနေမလဲ?_ကြားထဲက မြေစာပင်ဖြစ်နေတဲ့ "ယဲ့ချင်းလန်"တစ်ယောက် မိမိတကယ် လက်ထပ်ရတဲ့သူက ဘယ်သူဖြစ်နေမလဲ၊ထိုလက်ထပ်ခြင်းနှောင်ကြိုးကရော ပထမဆုံးနဲ့နောက်ဆုံးအကြိမ် ထုံးဖွဲခြင်းပဲလား၊အဆုံးသတ်မှာရော အချစ်နဲ့ကံတရား တစ်ထပ်တည်းကျနိုင်ပါ့မလား...._မိမိနှလုံးသားတစ်ခုလုံးကို ပုံအပ်ပြီး ချစ်မြတ်နိုးခဲ့ရသော တစ်ဦးတည်းသောသူဟာလည်းဘာကြောင့် လှည့်စားခဲ့ရသလဲ၊နှလုံးသားကို နင်းချေပစ်လိုက်တာပဲ မဟုတ်လား?_ယဲ့ချင်းလန်ကရော ကွဲကြေနေတဲ့နှလုံးသားတစ်စုံတစ်ရာနဲ့ အမုန်း၊အငြိုး၊အာဃတ၊အမိုက်မှောင်လောဘမီးတောက်တွေ ထိုးနှက်နေတဲ့အသိုင်းဝိုင်းအလယ်မှာ မားမားမတ်မတ် ရင်ဆိုင်နိုင်ပါ့မလား…..._နဂိုတည်း မချောမွေ့ခဲ့လှတဲ့ချစ်ခြင်းတစ်ခု၊လှည့်စားမှုနဲ့စတင်ခဲ့တဲ့အိမ်ထောင်ရေးတစ်ခုမိုခင်ပွန်းဖြစ်သူရဲ့အသိုင်းအဝိုင်းနဲ့ ယောက္ခမဖြစ်သူရဲ့မေတ္တာတွေရရှိမဲ့အစား နှိပ်စက်မှုကိုသာ ခါးစည်းခံရလေမလား_***"လူဆိုတာ ပေးဆပ်မှုနဲ့ပြန်ရတာ မထိုက်တန်တဲ့အခါ စိတ်ထွက်ပေါက်ရှာတတ်ကြတယ်၊ဒါက "ကလဲ့စား"ဆိုတဲ့ စာလုံးလေးသုံးလုံး ဖြစ်လေမယ်ဆိုရင်ရော~-"အမုန်း၊အငြိုး၊အချစ်၊အာဃတ၊ယှဉ်ပြိုင်မှု၊လှည့်ဖြားမှု၊တုန့်ပြန်မှု..."ဆိုတဲ့ ခံစားချက်တွေ ...
Bride’s Revenge (2023)
8.167
The Knockout (2023)
CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မှာတော့အက်ရှင်၊ ဒရမ်မာ၊ မှုခင်းရသမျိုးစုံ ကိုခံစားကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ဒီဇာတ်ကားမှာတော့ ကျင်းဟိုင်မြိုရဲ့ ရှေ့တန်းရာဇဝတ်မှုခင်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အန်းရှင်းတစ်ယောက်သူ့မြိုက လူဆိုးလူမိုက်တွေရဲ့ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်ချစားမှုတွေနဲ့ပဲတစ်ချိန်လုံးရင်ဆိုင်နေရပေမယ့် ဘယ်တုန်းကမှအနိုင်မရခဲ့ပါဘူး။ဒါကြောင့်မို လင်ကျန်း ပြည်နယ်စုက အမျိုးသားအဆင့်နိုင်ငံရေးနဲ့ဥပဒေရေးရာပညာပေးပြုပြင်မွန်းမံမှုတွေ သင်ယူထားတဲ့သူတွေကို ကျင်းဟိုင်ကိုစေလွှတ်ပြီးကျင်းဟိုင်ကဥပဒေရေးရာအဖွဲစည်းတွေနဲ့ ပူးပေါင်း ပြီးတဲ့နောက် ဘယ်တုန်းကမှတရားမျှတမှုရအောင်မလုပ်နိုင်ခဲ့တဲ့ ရာဇဝတ်မှု၊ အကျင့်ပျက်ချစား မှုတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတာတွေ...အဲ့ဒီအခါ ကျင်းဟိုင်မှာ နှစ်အတော်ကြာအုပ်စိုးပြီး ဥပဒေကိုသူတိုလက်ခုပ်ထဲကရေလိုကျင့်သုံးနေကြတဲ့လူဆိုးဂိုဏ်းတွေရဲ့အရှိန်ဝါက ဘယ်လိုမျိုးကျဆင်းသွားမလဲဆိုတာတွေ… ကိုCM ပရိသတ်တွေအနေနဲ့ ရင်ခုန်ခံစားကြည့်ရှုနိုင်ဖိုအတွက် တင်ဆက်လိုက်ရပါတယ်နော်သရုပ်ဆောင်တွေကတော့ CM ကနေတင်ဆက်ပေးဖူးတဲ့ Rating အများကြီးရရှိခဲ့တဲ့Operation Red Sea ထဲက မင်းသား Zhang Yi က အန်းရှင်းအဖြစ်သရုပ်ဆောင်ထားပြီးတော့နာမည်ကြီး မင်းသမီးချော Li Yi Tong တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်…(အညွှန်းရေးသားထားသူကတော့ Su Myat Nyut Lin ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : ...
8.167
TMDb:
8.167/10
42 votes
tv
The Knockout (2023)
2023
7.8
Carnival Row (2019)+ Season-2
Carnival Row (2019) Burgue မှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေ..... အသတ်ခံလိုက်ရတဲ့လူတိုင်းကလည်း Fae(ဖေး) လို့ ခေါ်တဲ့ မိန်းမပျိုလေးတွေချည်း ဖြစ်နေတဲ့အခါ..... ဒါကို စုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်ဖိုင်လို..... မိမိရဲ့နေရပ်ကို စွန့်ခွာလာတဲ့ "ဖေး" မလေး ဗင်ညက်.... သူတို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ..... သူတို့ကြားမှာ ရှိနေတဲ့ဇာတ်လမ်းက.....ဘာလဲ? လူသတ်မှုတွေကရော ပေါ်ပေါက်လာပါ့မလား? လူတန်းစား၊ မျိုးနွယ်စု ကွာခြားမှုတွေနဲ့အတူ ဇာတ်ရဲ့မြှုပ်ကွက်တွေက ဘာတွေဖြစ်မလဲ? တစ်ပိုင်းထက်တစ်ပိုင်း စိတ်ဝင်စားဖို့ကောင်းပါတယ် မင်းသားက Orlando Bloom မင်းသမီးက Cara Delevigne (Suicide Squad ထဲက Enchantress) တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီးတော့ IMDb - 8/10 ရထားတဲ့ ဇာတ်လမ်းတွဲ တစ်တွဲ ဖြစ်ပါတယ်။ File size…350-450mb Quality…720p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…56min Subtitle….Myanmar Subtitle (Hardsub) Encoder… Mr Anderson Translator…Act Molemy SEASON-2 Episode 1 720p - Yoteshin / Megaup ...
7.8
TMDb:
7.8/10
80 votes
tv
Carnival Row (2019)+ Season-2
2019
7.9
A Gentleman’s Dignity(2012) [Complete]
A Gentleman's Dignity(2012)**************************အပိုင်း(၁ မှ ၂၀) အထိ စ/ဆုံးအသက် ၄၀ ကျော် သူငယ်ချင်း ၄ ယောက်ရဲ့ အချစ်ရေး၊ လမ်းခွဲမှု၊ အောင်မြင်မှု၊ ကျရှုံးမှုတွေနဲ့ဘဝအကြောင်းကို လှလှပပပုံဖော်ထားပြီး တစ်ချိန်က All about eve မှာ ယွန်းဟျောင်းချောရယ်လို့ နာမည်ကြီးခဲ့တဲ့မင်းသားကြီး Jang Dong Gun နဲ့ 18 again ထဲက မင်းသမီး Kim Ha Neul တို့ရဲ့ အချစ်ဟာသ drama လေးပါ...Kim Do Jin (Jang Dong Gun) နဲ့ Im Tae San (Kim Soo Ro) ကဗိသုကာပညာရှင်တွေဖြစ်ကြပြီး အောင်မြင်တဲ့ ဆောက်လုပ်ရေးဗိသုကာကုမ္ပဏီကို ဦးဆောင်နေကြသူတွေပါ..Choi Yoon (Kim Min Jong) ကတော့ ရှေ့နေဖြစ်ပြီးLee ...
7.9
TMDb:
7.9/10
110 votes
tv
A Gentleman’s Dignity(2012) [Complete]
2012
The Head (2020)Season(1)+(2)
IMDb - 6.8 , RT - 89%The Headဆိုတဲ့seriesကMoney Heistထဲက ပရောဖက်ဆာ Álvaro Morteနဲ့ Code Blue ထဲက Tomohisa Yamashitaတို့လို နာမည်ကျော်သရုပ်ဆောင်မင်းသားတွေအပြင် Laura Bachနဲ့ Katharine O' Donnellyတို့လို မင်းသမီးကောင်းတွေပါဝင်သရုပ်ဆောင်ထားတဲ့ HBO Asia ရဲ့seriesကောင်းတစ်ခုဖြစ်ပါတယ်။လွန်ခဲ့တဲ့၈နှစ် အန္တာတိကမှာ ပိုလာရိုက်၅လို့ခေါ်တဲ့ ဆောင်းရာသီ၆လကြာသုတေသနကြီးကို မီးမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူတစ်ယောက်သေဆုံးသွားပြီးနောက်မှာ ခေတ္တရပ်နားခဲ့ပါတယ်။ နောင်၈နှစ်အကြာ တောင်ဝင်ရိုးစွန်းအန္တာတိကမှာ သိပ္ပံပညာရှင်အဖွဲ့ဟာ အေးခဲလှတဲ့ တောင်ဝင်ရိုးစွန်းရဲ့ဆောင်းရာသီကိုအံတုရင်း ပိုလာရိုက်၅ရဲ့အဆက် ပိုလာရိုက်၆ကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ စူးစမ်းလေ့လာမှုတွေလုပ်နေတဲ့သိပ္ပံပညာရှင်တွေရဲ့သတင်းအစနမကြားရလို့ သွားကြည့်ကြည့်တဲ့အခါ လူအများအပြားသေဆုံးနေပြီဖြစ်ပါတယ်။ သေဆုံးသွားတဲ့သိပ္ပံပညာရှင်တွေက ဘယ်လိုသေဆုံးသွားတာလဲ သူတို့ကို ဘယ်အရာ ဘယ်သူများကသတ်သွားလဲ၊ ဘာလို့သတ်သွားတာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဇာတ်လမ်းဟာ ထင်ထားတာထက်ကို Plot Twist များပြီး ဘယ်သူကဘာလဲ ဘယ်လိုလဲဆိုတာ ဇာတ်သိမ်းပိုင်းထိ ဇာတ်ရှိန်တွေနဲ့ ဆွဲခေါ်သွားပါတယ်။ မထင်မှတ်ထားတဲ့ Surpriseတွေလည်းပါပြီး ...
The Head (2020)Season(1)+(2)
7.8
Beforeigners (2019)
ဒီတခါတော့ ပရိသတ်ကြီးကို IMDB 7.8 ရှိတဲ့ နော်ဝေဇာတ်လမ်းတွဲလေးတင်ဆက်ပေးလိုက်ပါ့မယ်HBO က ထုတ်လွှင့်ခဲ့တဲ့ နာမည်ကြီး သိပ္ပံစိတ်ကူးယဉ်ကားပါပဲ။ နော်ဝေးဆိုတော့ ဗိုက်ကင်းတွေ အနာဂတ်ကိုရောက်လာတာမျိုးပါ။အချိန်ခရီးသွားတဲ့ ကားတွေကို တော်တော်များများလည်းရိုက်ပြလို့ ကြည့်ပြီးကြပြီထင်ပါတယ် ဒီကားလေးကတော့ အဲဒီကားတွေနဲ့ မတူဘဲကွဲပြားနေတာပါ အချိန်ခရီးသွားတဲ့သူဘက်နေမရိုက်ထားဘဲနဲ့ အချိန်ခရီးသွားလိုက်လို့ ကျန်တဲ့သူတွေဘာကြုံရမလဲဆိုတာလေးပါ ရိုက်ပြထားတာပါ ဒီကားလေးထဲမှာတော့ သူ့ဘာသာသူ ပုံမှန်လည်ပတ်နေတဲ့ ကမ္ဘာကြီးဆီကို အတိတ်မှာကျန်ခဲ့တဲ့ ခေတ်အဆက်ဆက်က လူတွေက ရေထဲကနေရောက်ရောက်လာကြတာပါ အဲဒါက တစ်နိုင်ငံတည်းလည်းမဟုတ်ဘဲ ကမ္ဘာအနှံ့ကိုကြုံနေရတဲ့ပြဿနာပါ ဘာသာစကားလည်းနားမလည် နဂိုကတည်းကမှ လူဦးရေထူထပ်နေတဲ့ ကမ္ဘာကြီးဆီ ရှေးခေတ်က လူတွေပါထပ်ရောက်လာတော့ အခြေခံလိုအပ်ချက်တွေအတွက်လည်း ဒုက္ခရောက်တာကို ဖြေရှင်းမရ အဲဒီထက်ဆိုးတာက ရှေးခေတ်က ရောက်လာတဲ့ထဲမှာမှ အမျိုးသမီးတစ်ယောက်က အသတ်ခံလိုက်ရတဲ့ပုံစံဖြစ်နေတော့ အဲဒီအမှုကို လိုက်ကြရင်း ဘယ်လိုမျိုး နှစ်ပါးသွားကြမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်လို့ကောင်းမဲ့ကားကောင်းလေးပါပဲ......File size…686Mb / 1.32Gb Quality….Webrip 720 / 1080p Format…mp4 Duration….50 Min Genre...Drama, Sci-Fi & ...
7.8
TMDb:
7.8/10
votes
tv
Beforeigners (2019)
9
Rafta Rafta (2023)
Rafta Rafta 2023 IMDb 7.6 ဇာတ်လမ်းအစကနေအဆုံးအထိ ပြုံးပြုံးကြီးထိုင်ကြည့်နေချင်တဲ့ ဇာတ်လမ်းမျိုးရှာနေပါသလား ဗီလိန်တွေဘာတွေမပါ လူ့သဘာဝ ချစ်စရာကောင်းတဲ့လူလေးတွေကိုပဲ ကြည်ကြည်နူးနူး ရီရီမောမောကြည့်ရှုချင်ပါသလားဒါဆိုရင်တော့ အခုတင်ဆက်ပေးမဲ့ကားဟာဆိုရင် ယောရောဘွန်းတို့ ရှာနေတာနဲ့ကွက်တိကျမှာပါ Cast တွေကလည်း Bhuvan Bam နဲ့ Srishti Rindani တို့လိုနာမည်ကြီး ချစ်စရာလေးတွေမို့ ကြည့်ရတာလည်းတန်နေမှာပါနော်ဇာတ်လမ်းလေးက ပြောရရင် အိန္ဒိယကားဆိုပေမဲ့ Friends တို့လို Sitcoms တွေကြည့်နေရသလို ပေါ့ပေါ့ပါးပါးနဲ့ လေးလေးပင်ပင်လဲရှိပါတယ် အဓိကဇာတ်ဆောင်နှစ်ယောက်ကို ဦးတည်ပြီး ဇာတ်ပို့တွေကလဲ ကျရာနေရာ အကောင်းဆုံးသရုပ်ဆောင်ပေးထားတာတွေ့ရတော့ အိန္ဒိယစီးရီးလားဆို ဘုရားစူးအိန္ဒိယစီးရီးပါ သူ့ vibe လေးက ခုခေတ် sex education တို့လို လူငယ်အထာလေးရသလို nevertheless ကားထဲကိုလိုမျိုး ရိုမန့်တစ်လေးတွေလဲ မကင်းပါဘူးငယ်ရွယ်တဲ့လူနှစ်ယောက် တစ်ယောက်အကြောင်းတစ်ယောက် ပိုသိရအောင် တိုက်ခန်းတစ်ခန်းထဲမှာနေပြီးလေ့လာရာကနေ ဖြစ်လာမဲ့အလွဲတွေ ပတ်ဝန်းကျင်ရဲ့ နှောက်ယှက်မှုကြားလူငယ်ပီပီ တုံ့ပြန်ပုံတွေနဲ့ အလွဲတွေကြားအခွီတစ်သိုက်နဲ့ကြည့်ရှုရမှာပါ Main Song လေးကလှပသလို ဒိုင်ယာလော့ခ်တွေကလည်း ဟာသမြောက်ပြီး ဇာတ်လမ်းအဆုံးသတ်ကိုတော့ ကိုယ်တိုင်ခံစားစေချင်လို့ အားလုံးပဲ ကြည့်ရှုခံစားကြမယ်လို့ မျှော်လင့်တင်ဆက်ပေးလိုက်ပါတယ်Quality : 1080p / 720pTotal Episodes : 7EpsFormat ...
9
TMDb:
9/10
1 votes
tv
Rafta Rafta (2023)
2023
8.66
Shanty Town (2023)
Shanty Town (2023)ယဥ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့အတွက် အဓိကလိုအပ်ချက်ကတော့ လူသားဆန်ဖို့ပါပဲ။ လူတစ်ယောက်ရဲ့တန်ဖိုးကိုလည်း ငွေနဲ့ဆုံးဖြတ်ပြီး ပိုင်ဆိုင်ခွင့်မရှိပါဘူး။ လူတစ်ယောက်ကို ငွေအားကိုးနဲ့ အတင်းအကြပ် အဓမ္မစေခိုင်းခြင်းမျိုးတွေက ယနေ့ခေတ်လို ယဥ်းကျေးတဲ့ လူ့အဖွဲ့အစည်းနဲ့ လုံးဝမသင့်တော်ပါဘူး။ဒီ Series ကတော့ Netflix Series ဖြစ်တာကြောင့် သူ့အဆင့်အတန်းနဲ့သူရှိပါတယ်။ သရုပ်ဆောင်တွေကိုလည်း သဘာဝဆန်ဆန်ရွေးချယ်ထားပြီး သရုပ်ဆောင်ချက်တွေဟာလည်း ပီပြင်မှုရှိပါတယ်။ ဒီ Series ကတော့ ပြည့်တန်ဆာတွေနေထိုင်တဲ့ မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စရိုက်မျိုးစုံနဲ့ ကြီးနိုင်ငယ်ညှင်းဝါဒကြီးစိုးပြီး လူမဆန်တဲ့ဒေသမှာ ပြည့်တန်ဆာတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရပါတယ်။ ကိုယ်ရဲ့သဘောဆန္ဒအရ ပြည့်တန်ဆာလုပ်ချင်တဲ့သူတွေလည်းရှိပေမယ့် အကြွေးလည်းပင်းနစ်နေတဲ့အတွက်ကြောင့် ပြည့်တန်တာဘဝကို ရောက်ရှိလာတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် လွတ်လပ်မှုကိုရှာဖွေနိုင်ဖို့အတွက် ပြည့်တန်ဆာတချို့ဟာ ကြိုးစားကြပါတော့တယ်။ အဲဒီမြို့ကို စကားဆိုတဲ့ လက်နက်ကိုင်ဂိုဏ်းစတားတစ်ဦးက ကြီးစိုးပြီး လူတိုင်းက ကြောက်ရွံ့ရပါတယ်။ သူ့ဒေသမှာ ရဲတွေ အစိုးရတွေက အုပ်ချုပ်ခွင့်မရှိဘဲ သူ့တပ်ဖွဲ့တွေကပဲ လုံခြုံရေးကို စောင့်ကြပ်ရတဲ့အထိ အာဏာကြီးတဲ့ ဘဲကြီးတစ်ပွေပါ။ အဲဒီလို ကြမ်းတဲ့ ဘဲကြီးရဲ့လက်ထဲကနေ ပြည့်တန်ဆာအဖွဲ့က ကိုယ့်ဘဝကို ကိုယ်ပိုင်ဖို့အတွက် လွတ်လပ်မှုကိုရဖို့အတွက် ဘယ်လိုမျိုးကြိုးစားမလဲဆိုတာ ရိုက်ကူးထားတဲ့ ...
8.66
TMDb:
8.66/10
103 votes
tv
Shanty Town (2023)
2023
8.4
GAP The Series (2022)
ကွမ်ကမွန် အဖြစ် Becky Armstrong ဆမ် အဖြစ် Freen Sarocha Chankimhဇာတ်လမ်းအကျဥ်း“မွမ့်” ဆိုတဲ့ မိန်းမငယ်လေးက ကလေးဘဝကတည်းက “ဆမ်”ကို သဘောကျခဲ့ပြီး ကျောင်းပြီးချိန်မှာ ချစ်ရတဲ့သူနဲ့တွေ့ဖို့ “ဆမ်” ရှိရာ ကုမ္ပဏီကို အလုပ်ဝင်ခဲ့ပါတယ်“ဆမ်” ကတော့ မတွေ့ရတဲ့နှစ်တွေအတွင်းမှာ သွေးအေးရက်စက်တတ်တဲ့သူဌေးမတစ်ယောက်ဖြစ်နေခဲ့ပြီး မွမ့်သိခဲ့တဲ့ အစ်မဆမ်နဲ့မတူနေတော့ပါဘူးရင့်ကျက်တည်ငြိမ်တဲ့ မမဆမ်နဲ့ ကလေးဆန်ဖြူစင်တဲ့ မွမ့်တို့ကြား ခံစားချက်တွေ ဖြစ်ပေါ်လာချိန်မှာတော့…မွမ် ( အထက်တန်းမင်းမျိုးမင်းနွယ်) ဖြစ်တဲ့ ဆမ်တို့အနေနဲ့ လက်ထပ်ပြီး အိမ်ထောင်ရှင်မသာဖြစ်ရမယ်လို့ ထိန်းချုပ်လာတဲ့အခါ...သူတို့ဖြစ်တည်ပတ်သက်မှုကိုလက်မခံနိုင်တဲ့ အသိုင်းအဝိုင်း.. ဆမ့်ကိုစေ့စပ်ထားသူနဲ့လက်ထပ်ဖို့ဖိအားပေးနေတဲ့အဖွားနဲ့ ချစ်ရသူ မွမ့်တို့ကြား ဆမ်တစ်ယောက်ရွေးချယ်စရာတွေဖြစ်လာတဲ့အခါ....သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးအဆုံးသတ်ဘာတွေဖြစ်လာမလဲဆိုတာ "GAP The Serie" ဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Nue Nue ပါ )Native Title: ทฤษฎีสีชมพู Episodes: 12 Aired: Nov 19, 2022 - ...
8.4
TMDb:
8.4/10
5,442 votes
tv
GAP The Series (2022)
2022
5
Trolley (2022)
Trolley (2022) (အညွှန်း) =================The Policeman’s Lineage, My Name စတဲ့ အကြမ်းစားကားတွေနဲ့လန်းခဲ့တဲ့မင်းသားကြီး Park Hee Soon နဲ့ Watcher, Undercover, Hellbound တို့မှာ မိမိုက်ခဲ့တဲ့ မမလှလှ Kim Hyun Joo တို့ နှစ်ယောက်ကိုအတွဲညီညီတွေ့ရဦးမယ့် ပဟေဠိဆန်ဆန် နိုင်ငံရေးနဲ့မှုခင်းကားသစ်လေးပါ။ဒယ်ဟန်ပါတီအဖွဲ့ဝင် ရှင်းယန်းဂူကိုယ်စားပြု လွှတ်တော်အမတ် “နမ်ဂျွန်းဒို” က အသက်အရွယ်အားဖြင့် တခြားပါတီတွေကအမတ်ကြီးတွေထက် ပိုငယ်ရွယ်ပြီး ပြည်သူတွေရဲ့စကားသံကိုလည်း အလေးထားနားထောင်ပေးတတ်တဲ့သူမို့ အမတ်တစ်ယောက်အနေနဲ့ ဂုဏ်သတင်းကျော်စောသူတစ်ယောက်ပေါ့။ နိုင်ငံတော်အတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်သလို အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်တဲ့ “နမ်ဂျွန်းဒို” က ဇနီးနဲ့သားသမီးတွေအပေါ်လည်း နွေးထွေးပေးသူတစ်ယောက်ပါ။ တစ်ချိန်က ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ရာကနေ လက်ရှိမှာ စာအုပ်ပြုပြင်ထိမ်းသိန်းရေးဆိုင်လေးဖွင့်ထားတဲ့ ဇနီးဖြစ်သူ “ဂင်ဟယ်ဂျူး” ကလည်း တစ်ဖက်တစ်လမ်းကနေ အကူအညီလိုနေတဲ့ပြည်သူတွေကို အားပေးကူညီပေးတတ်တဲ့ စိတ်ထားကောင်းသူတစ်ယောက်ဆိုလည်းမမှားပါဘူး။ ဒီလိုလူမှုရေးလုပ်ငန်းတွေကိုလုပ်နေတဲ့သူတစ်ယောက်က ခင်ပွန်းဖြစ်သူရဲ့မဲဆွယ်ပွဲတွေ လူမှုရေးလုပ်ငန်းတွေကို လိုက်ကူညီပေးလေ့မရှိသလို သူ့ကိုယ်သူအမတ်ကတော်ဆိုတာကို သမီးဖြစ်သူရဲ့သူငယ်ချင်းမိဘတွေကိုတောင် အသိမပေးဘဲဖုံးကွယ်ထားသူပါ။ဒီလိုနဲ့တစ်နေ့မှာ အိမ်ကထွက်ပြေးသွားတဲ့သမီးဖြစ်သူကိုလိုက်ရှာရာကနေ သက်သက်အိမ်ခွဲနေတဲ့ အရွယ်ရောက်သားဖြစ်သူရဲ့အလောင်းကို မူးယစ်ဆေးတွေနဲ့အတူ မသင်္ကာဖွယ်အနေအထားနဲ့ရှာတွေ့လိုက်ရတဲ့အခါမှာ ..။ နိုင်ငံ့အရေးကိုဆောင်ရွက်နေတဲ့ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့သားဖြစ်သူက ဥပဒေနဲ့မကင်းတဲ့အလုပ်တွေနဲ့နွယ်နေတဲ့အခါ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲ .. ...
5
TMDb:
5/10
1 votes
tv
Trolley (2022)
2022
7
Justice(2019)
Justice(2019)************အပိုင်း (၁ မှ ၁၆) အထိ စ/ဆုံးဒီတစ်ခါတော့ ဥပဒေတွေ အမှုကိစ္စရေးရာတွေနဲ့ ပတ်သက်နေပေမဲ့ အဓိကဇာတ်ကောင်ကကောင်းတဲ့ဘက်ကရပ်တည်တာမျိုးမဟုတ်ဘဲ အကျင့်ပျက်ခြစားပြီး ကိုယ်ကျိုးပဲကြည့်တဲ့သူဖြစ်ပါတယ်..ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်လမ်းတွဲလေးတစ်ခုကို CM ကထပ်မံတင်ဆက်ပေးလိုက်ပါပြီလူငယ်ဘဝမှာ ညီဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ လက်စားပြန်ချေမယ်ဆိုတဲ့စိတ်နဲ့ရှေ့နေဖြစ်ဖို့ကြိုးစားလာခဲ့သူ အီထယ်ဂယောင်း (ချွဲဂျင်ဟျော့) ဒီနယ်ပယ်မှာကျင်လည်လာတာနဲ့အမျှ ငွေနောက်လိုက်ပြီး ထိပ်တန်းရှေ့နေတစ်ယောက်အဖြစ် လမ်းမှားကိုရောက်မှန်းမသိရောက်လာခဲ့တဲ့သူ သူ့ကို လူချမ်းသာဘော်ကြော့ ရာဇဝတ်ကောင်တွေနဲ့ ချိတ်ဆက်အမှုအပ်ပေးသူက ဘုမ်ဂျွန်ဆောက်လုပ်ရေးပိုင်ရှင် ဆုန်းဝူယွန်း(ဆွန်းဟျွန်းဂျူ)သူတို့နှစ်ယောက် Elite လူတန်းစားတွေနဲ့ လက်တွဲပြီး ကြီးပွားချမ်းသာလာရင်းနဲ့တစ်နေ့မှာတော့ ဖျော်ဖြေရေးအေဂျင်စီတစ်ခုက တက်သစ်စမင်းသမီးလေးတွေပျောက်ဆုံးသေဆုံးမှုနဲ့ဆက်စပ်နေတဲ့ အမှုတစ်ခုကို ကိုင်ဖို့ဖြစ်လာရာကသူတို့နှစ်ယောက်ကြား သဘောထားမတူမှုတွေ စပြီးဖြစ်ပေါ်လာပါတယ်အဲအမှုရဲ့ကြိုးစက ဘယ်အထိဆက်သွားမလဲ ဘယ်သူတွေနဲ့ပတ်သက်နေမလဲဆိုတာကိုတော့ဇာတ်လမ်းတွဲမှာပဲ စီးမြောကြည့်ရှုပြီးတော့ အဖြေရှာနိုင်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျ Episodes: 16File Size:900MB, 350MBQuality :Web-DL 1080p,720PGenres: Thriller, Mystery, Law, DramaTranslated by Ei Phyu Khin, Khine Khine Wai, Phyu ...
7
TMDb:
7/10
1 votes
tv
Justice(2019)
2019
7
Jehanabad – Of Love & War (2023)
Jehanabad - Of Love & War (2023) Crime, Drama IMDb 7.2/10ဒီစီးရီးလေးက နူးညံ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ မင်းမဲ့စရိုက်တွေ တပြိုင်နက် ပေါက်ဖွားလာကာ ထိပ်တိုက်တွေ့ကြမည့် ဘီဟားမှာရှိတဲ့ ဂျာဟနာဘတ်ဆိုတဲ့ မြို့ငယ်လေးတစ်မြို့ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ ဂျာဟနာဘတ်မြို့လေးရဲ့အချစ်နဲ့စစ်ရဲ့အကြောင်းပါ။ဒီစီးရီးလေးက SonyLIV က ထွက်ရှိခဲ့တာဖြစ်ပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ကျောရိုးကတော့...။လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့တပ်မှူးကို ထောင်ကနေလွတ်အောင် စတင်ကြိုးစားနေကြတဲ့အချိန် တစ်ဖက်မှာလည်း ကောလိပ်ကျောင်းသူလေးနဲ့ ကျောင်းဆရာတို့ရဲ့အချစ်ဇာတ်လမ်းလေးဟာလည်း စတင်ပေါက်ဖွားလာနေခဲ့ပြီဖြစ်ပါတယ်။တစ်ဖက်က စစ်နဲ့ ကျန်တစ်ဖက်က အချစ်မှာ ဘယ်အရာဟာ အောင်နိုင်မှုရရှိသွားမလဲ...။ဒီဇာတ်လမ်းနှစ်ခုဟာ ဆက်စပ်မှုရှိလာခဲ့လေမလား...။ဂျာဟနာဘတ်မြို့သူ၊ မြို့သားတွေရဲ့ကံကြမ္မာဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဒီစီးရီးလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ပေးပါဦးနော်...။Quality : 1080p WEB DL / 720p Total Episodes : 10EpsFormat : mp4Genres : Drama , Crime Duration :40mSubtitle : Myanmar Subtitle ( Hardsub )Translated ...
7
TMDb:
7/10
2 votes
tv
Jehanabad – Of Love & War (2023)
2023
7.286
Farzi (2023)
အိန္ဒိယရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားရှာဟစ်ကပူ၊ ဗီဂျေးစည်သူပတီ၊ မင်းသမီး ရာရှီးခန်နား ရဂျီနားကက်ဆန်ဒရာ တို့ပါ၀င်ထားပြီး IMDb မှာ 8.7/10 အထိရှယ်ရထားတဲ့ black-comedy, crime drama စီးရီးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းငယ်စဉ်ကတည်းက ကံအကြောင်းမလှခဲ့၍ အဘိုးဖြစ်သူနဲ့ ကြီးပြင်းလာခဲ့ရတဲ့ အညတရပန်းချီဆရာလေး ဆန်နီ၊ တစ်နေ့မှာ အဘိုးဖြစ်သူဦးဆောင်တဲ့ ကရန်တီသတင်းစာတိုက်ကြီးက ချေးငွေတွေပြန်မဆပ်နိုင်ဘဲ အကြွေးတင်ပြီး အရှုံးပေါ်တော့မယ့် အနေအထားထိဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ ဆန်နီတစ်ယောက် သတင်းစာတိုက်မှာအလုပ်လုပ်ရင်း အကြံတစ်ခုရသွားပါတယ်၊ ဒီလိုနဲ့ ဆန်နီဟာ သူငယ်ချင်းဖြစ်သူ ဖေရိုဇ်နဲ့ ပူပေါင်းပြီးစီးပွားရေးအသစ်တစ်ခု စလိုက်ပါတော့တယ်၊ အဲ့ဒီစီးပွားရေးဟာ သတင်းစာတိုက်ကြီးကို ပြန်ကယ်တင်နိုင်ရုံမကဘဲ အိန္ဒိယရဲ့ စီးပွားရေးကဏ္ဍကိုပါ ဇောက်ထိုးလုပ်နိုင်တဲ့ အနေအထားထိဖြစ်ခဲ့ပါတယ်။"လောဘကအတောမသတ်နိုင်"ဆိုသလိုပဲ ဆန်နီဟာရသင့်တာထက် ပိုပိုလိုချင်လာမိတဲ့အချိန်မှာ နောက်ဆက်တွဲဆိုးကျိုးတွေဟာ တစ်ခုခုပြီးတစ်ခု လိုက်လာပါတော့တယ်။ ဒီလိုနဲ့ ဆန်နီဟာ စီးပွားရေးအကွက်တွေရွှေ့ရင်း ပြစ်မှုအသေးလေးကနေ ရင်မဆိုင်နိုင်လောက်တဲ့ထိ ပြစ်မှုကြီးသွားတဲ့အခါ...တစ်ပိုင်းပြီးတစ်ပိုင်းဇာတ်ရှိန်အမြင့်ဆုံးအထိဆွဲခေါ်သွားမယ့် ကြည့်ရှုသင့်တဲ့စီးရီးဖြစ်ပါတယ် Quality : 1080p WEB DL / 720p Total Episodes : 8Eps Format : mp4 Genres :Drama, Crime Duration : 57mins Subtitle : Myanmar Subtitle ...
7.286
TMDb:
7.286/10
7 votes
tv
Farzi (2023)
2023
A League of Nobleman (2023)
ဒီတစ်ခေါက်မှာတော့ မှုခင်းစုံထောက်ကားကိုမှ historical typeနဲ့ကြည့်ချင်တဲ့CM fanလေးတွေအတွက် အားလုံးသိပြီးသားဖြစ်မဲ့ Jing Bo Ranနဲ့Song Wei Longတိုမှ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။လမ်းဘေးမှာ ခေါက်ဆွဲလုပ်ရောင်းရင်း ဘဝကိုရုန်းကန်အသက်မွေးမှုပြုနေရတဲ့ -ကျန်းဖျင်လူတွေဟာ မမှီတဲ့အသီးကိုမှဆွတ်ချင်ကြတယ်ဆိုသလို ကျန်းဖျင်ဟာကိစ္စတစ်ခုကို အခြေခံသဘောတရားကနေ အမှုတစ်ခုလုံး လုံးလုံးလျားလျားပေါ်အောင်ဖော်ထုတ်နိုင်စွမ်းရှိသည့်အလျောက် ရုံးတော်ရဲ့အရေးအခင်းတွေကိုလည်း စိတ်ဝင်စားနေပြန်ပါတယ်။နန်းတွင်းဌာနမှ ရုပ်ရည်ချောမောမှုနဲ့ ဂုဏ်သတင်းပြန့်ပြီး အများမသိအောင်ဇာတ်ကြောင်းတစ်ခုကို ဖုံးကွယ်ထားတဲ့ ဒုအမတ်မင်းအပြင်ကျန်းဖျင်ရဲ့သွေးသောက်ညီနောင်အသွင်ဝန်းရံမဲ့" လန်ကျွယ်"-နန်းတွင်းမှုခင်းတွေကို စူးစမ်းလိုတဲ့ကျန်းဖျင်နဲ့ အမတ်လန်ကျွယ်တိုနှစ်ဦးပူးပေါင်းလိုက်တဲ့အခါ အမှန်တရားနဲ့တရားမျှတမှုက....တစ်လှေတည်းစီးသမားတွေအဖြစ် ဆက်ထိန်းထားနိုင်မလားလန်ကျွယ်ဖုံးကွယ်ထားတဲ့ ဇာတ်ကြောင်းကိုလည်းကျန်းဖျင်တစ်ယောက် သိရှိသွားလေမလား။နန်းတွင်းမှာရော မည်သည့်လျှိဝှက်ချက်တွေရှိနေဦးမလဲအဆုံးသတ်ကရော.....ဒီလိုရင်ခုန်လှုပ်ရှားစရာတွေနဲ့အဆုံးသတ်ကို ခန့်မှန်းလိုမရလေအောင်ပရိတ်သတ်တိုကို သိချင်စိတ်တဖွားဖွားဖြစ်အောင်ချပြပေးမဲ့အမိုက်စားဇာတ်လမ်းလေးတစ်ပုဒ်ကိုကြည့်စေလိုရန် CMမှာ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းရေးသားထားသူကတော့ Anle ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 29Format : mp4Genres : Thriller, Mystery, Wuxia, DramaDuration : 45 min per EpisodeSubtitle ...
A League of Nobleman (2023)
2023
First
52
53
54
55
56
Last
Previous
Next