Channel Myanmar

Drama

Midnight Series : Moonlight Chicken (2023)
Midnight Series : Moonlight Chicken (2023) ကျင်မ် အဖြစ် Earth Pirapat Watthanasetsiriဝိန် အဖြစ် Mix Sahaphap Wongratchဇာတ်လမ်းအကျဉ်းကျင်မ်က လမင်းကြက်ဆီထမင်းဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကြက်ဆီထမင်းဆိုင်လေးက ကိုဗစ်၁၉ ဖြစ်ပွားဆဲကာလတွေမှာ စားသုံးသူတွေအတွက်ထည့်တွက်ပေးတာမို့ နာမည်ကြီးနေတဲ့ စားသောက်ဆိုင်တစ်ခုလည်းဖြစ်ပါတယ်လပြည့်ညတစ်ညမှာ ကျင်မ်ဟာ သူ့ဆိုင်ငယ်​လေးမှာ လာမူးနေတဲ့ ဝိန်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ်အရမ်းမူးနေတဲ့ ဝိန်ကို ကျင်မ်တစ်ယောက် အိမ်ခေါ်သွားခဲ့ရာမှ မမျှော်လင့်ဘဲ တစ်ညတာအချစ်တစ်ခုဖြစ်ပွားလာခဲ့ပါတော့တယ်One Night Stand ရှိတာ ပြဿနာမဟုတ်ဘဲ အချင်းချင်း ခံစားချက်တွေဖြစ်ပေါ်လာပြီး တွယ်တာသွားခဲ့တာကမှ ပြဿနာဆိုတဲ့အတိုင်း ကျင်မ်နဲ့ဝိန်တို့ကြား မထားသင့်တဲ့ခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါ...ဝိန့်မှာလည်း ဆိုင်သူရှိနေပြီးသားဖြစ်နေတဲ့အခါ..မရည်ရွယ် မထင်မှတ်ပဲ ဖြစ်ပေါ်လာခဲ့တဲ့အချစ်ဇာတ်လမ်းလေး ဘာတွေဖြစ်လာမလဲဆိုတာ Midnight Series ရဲ့ နောက်ဆုံးအတွဲဖြစ်တဲ့ "Moonlight Chicken" ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်❤( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) Native Title: Midnight Series : Moonlight ...

Midnight Series : Moonlight Chicken (2023)

2023
George & Tammy (2022) Complete 7.9
George & Tammy (2022) Complete George & Tammy (2022) Completed Limited Series ~ IMDb 7.5/10, Rotten Tomatoes - 85% ~ ပထမဆုံး ပြောချင်တာတော့ စီးရီးတစ်ခုလုံးကို ဘာသာပြန်လို့ပြီးတဲ့အချိန် ကျွန်တော့်အတွက်တန်ဖိုးထားစရာ သီချင်းကောင်းတွေနဲ့အတူ မြတ်နိုးချင်စရာ အနုပညာရှင်နှစ်ယောက် တိုးလာတယ်ဆိုတာပါပဲ... ကန်းထရီးဂီတနဲ့ အဆက်ပြတ်နေတာကတစ်ကြောင်း၊ ခေတ်ကွာတာကတစ်ကြောင်းကြောင့် George Jones နဲ့ Tammy Wynette ဆိုတဲ့ ကန်းထရီးစတားတွေကို ဒီကားမရေးရခင်ထိ မသိခဲ့ရိုးအမှန်ပါ... နှစ်ယောက်အတူဆို သိပ်ကိုအင်အားကောင်းတဲ့ လူနှစ်ယောက်ရဲ့အကြောင်းကို သိလိုက်ရတဲ့အတွက်လည်း ဒီစီးရီးက ကျွန်တော့်အတွက် သုတရော ရသပါ ပေးတဲ့ စီးရီးတစ်ခုလို့ ပြောလို့ရခဲ့ပါတယ်... ဒီစီးရီးမှာ ဂျော့ဂျ်နဲ့ တမ်မီတို့ရဲ့အနုပညာခရီး အချစ်ခရီးနှစ်ခုလုံးကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဂျော့ဂျ်နဲ့တမ်မီတို့ရဲ့ သမီးဖြစ်သူ ကိုယ်တိုင်ရေးထားတဲ့... '' The Three of Us: Growing Up with Tammy and ...
7.9
TMDb: 7.9/10 9 votes
tv

George & Tammy (2022) Complete

2022
Someday or One Day (2019) 8.8
Someday or One Day (2019) Someday or One Day (2019)“ရှင် ဘယ်ရောက်နေလဲ? ကျွန်မကိုမေ့သွားပြီလား ? ကျွန်မမွေးနေ့မှာ အမြဲတမ်းရှိနေမယ်ဆို.... ကျွန်မနဲ့ ဘယ်တော့မှမခွဲတော့ဘူးဆို... ပုံပြင်တွေပြောခဲ့တဲ့ ရှင်ရယ်... အခုတော့ ဘယ်ရောက်နေပြီလဲ? ကျွန်မလွမ်းတယ်.. ရှင့်ကို အရမ်းအရမ်းလွမ်းပါတယ်....”ဟွမ်ယွီရွှမ်းဟာ သူအရမ်းချစ်ရတဲ့ချစ်သူ ဝမ်ချွမ်ရှန့်ကို လွန်ခဲ့တဲ့နှစ်နှစ်က ဆုံးရှုံးခဲ့ပြီး စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ တစ်နှစ်ကျော်လောက်ကို ပြိုလဲခဲ့ရပါတယ်။ အခုမှစိတ်သစ်လူသစ်နဲ့ အလုပ်ပြန်လုပ်နိုင်တာပါ။ အများအမြင်မှာ အဆင်ပြေနေပေမယ့် ချစ်သူကိုသတိရစိတ်က အချိန်ပြည့်စိုးမိုးထားတဲ့ အချစ်ကြီးသူတစ်ယောက်ပေါ့။တစ်နေ့မှာ အကြားအမြင်ဆရာမနဲ့ စကားပြောဖြစ်တော့ ဟွမ်ယွီရွှမ်းကို နံပါတ် ၃၂ နဲ့ပတ်သက်ပြီး အာရုံရတယ်လို့ပြောခဲ့ပါတယ်။ သူရှာဖွေနေတဲ့ အရေးကြီးဆုံးအရာကို နံပါတ် ၃၂ နဲ့ဆက်စပ်ပြီး ရှာတွေ့နိုင်ပါတယ်တဲ့။ သိပ်အလေးမထားခဲ့ပေမယ့် သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက နံပါတ် ၃၂ နဲ့တိုက်ဆိုင်နေပါတယ်။အဲ့ဒါအပြင် သူနဲ့တစ်ပုံစံတည်းတူတဲ့ကောင်မလေးက ဝမ်ချွမ်ရှန့်နဲ့တစ်ပုံစံတည်းတူတဲ့ကောင်လေးနဲ့ ၃၂ အခွေဆိုင်ရှေ့မှာ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို အင်တာနက်ပေါ်ကနေ ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီဓါတ်ပုံကနေ စတင်လိုက်တဲ့ လျှို့ဝှက်ချက်တွေ၊ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့အတူ ဟွမ်ယွီရွှမ်းတစ်ယောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့နော်...ဒီကားလေးက Parallel Universe နဲ့ Time ...
8.8
TMDb: 8.8/10 25 votes
tv

Someday or One Day (2019)

2019
The Chestnut Man (2021) Season 01 7.7
The Chestnut Man (2021) Season 01 The Chestnut Man (2021) S01 ~ IMDb - 7.7/10, Rotten Tomatoes - 100% ~ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့စီးရီးကတော့ ပရိသတ်နဲ့သိပ်ရင်းနှီးမှာမဟုတ်တဲ့ ဒိန်းမတ် စီးရီးလေးတစ်ခုပါပဲ။ ဒီစီးရီးကို Netflix ကတင်ဆက်ထားတာဖြစ်ပြီး Season 1 မှာတော့ အပိုင်းခြောက်ပိုင်းပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်... ဒိန်းမတ်နိုင်ငံအနှံ့အပြားမှာ အသက်လတ်ပိုင်းအမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက်သတ်ခံရတဲ့ ကွင်းဆက်လူသတ်မှုတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းဖို့ သူလင်မ်ဆိုတဲ့စုံထောက်အမျိုးသမီးနဲ့ ဟက်စ်ဆိုတဲ့နယ်ပြောင်းစုံထောက်အမျိုးသားတစ်ဦးက ဘယ်လိုလိုက်ဖြေရှင်းကြမလဲဆိုတာရှုစားရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ထဲက Chestnut Man ဆိုတာကတော့ အဲဒီလူသတ်မှုတွေအားလုံးနဲ့ဆက်စပ်နေတဲ့တစ်ခုထဲသောသဲလွန်စက တရားခံဟာ သစ်အယ်သီးကိုတုတ်လေးတွေထိုးပြီးလုပ်ထားတဲ့ အရုပ်လေးတွေကို အခင်းဖြစ်ပွားရာတိုင်းမှာ ချန်ခဲ့တတ်လို့ပါပဲ။ ဒီသဲလွန်စတစ်ခုကိုခြေရာကောက်ပြီး သစ်အယ်သီးလူသားလို့အမည်တပ်ထားတဲ့ ကွင်းဆက်လူသတ်တရားခံကို သူလင်မ်နဲ့ဟက်စ်တို့ ဘယ်လိုရှာဖွေဖော်ထုတ်ကြမှာလဲ... ဘာကြောင့်ဒီအရွယ်အမျိုးသမီးတွေကိုမှ လူသတ်သမားကပစ်မှတ်ထားတာလဲ... ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်ကွက်နဲ့  Plot Twist တွေကလည်း ဟာကနဲ၊ ဟင်ကနဲ ဖြစ်ရလောက်အောင် ကောင်းမွန်ပြီး အဆင့်သတ်မှတ်ချက်ကောင်းတွေလည်းရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ လျှို့ဝှက်သည်းဖို၊ ...
7.7
TMDb: 7.7/10 404 votes
tv

The Chestnut Man (2021) Season 01

2021
Tomorrow with You(2017) 6.7
Tomorrow with You(2017) Tomorrow with You(2017)*************************အပိုင်း ( ၁ မှ ၁၆ ) အထိ စ/ဆုံးဒီတစ်ခါမှာတော့ အစ်မကြီးအင်ရဲ့အချောဆုံးကောင်လေး၀မ်တောင်းကျီရဲ့ Time Travel စီးရီးဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်.... မင်းသားချော Lee Je-Hoon နဲ့ အတူ ပါးချိုင့်လှလှလေးနဲ့မင်းသမီးချောလေး Shin Min-A လည်း ပါ၀င်သရုပ်ဆောင်ထားတာမို့တခြားပြောစရာလိုတော့မယ်မထင်ပါဘူး နှစ်ယောက်ရဲ့ visual ကိုငေးရရုံနဲ့တင် ကြည့်ရတာတန်နေပြီဖြစ်တဲ့ ဇာတ်ကားလေးလို့ပဲ ဆိုချင်ပါတယ်....ဇာတ်လမ်းအကျဉ်း....ယူဆိုးဂျွန် (Lee Je-Hoon) ဟာ အနာဂတ်ကို အချိန်ခရီးသွားနိုင်သူဖြစ်ပါတယ်...တစ်နေ့ ဆိုးဂျွန်တစ်ယောက် အချိန်ခရီးသွားရင်း သူသေဆုံးမဲ့နေ့ရက်ဆီကို ရောက်သွားပြီးတော့မတော်တဆမှုဖြစ်ပြီး သေဆုံးသွားတဲ့ 'အနာဂတ်ရဲ့ဆိုးဂျွန်'ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပါတော့တယ်....တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုးဂျွန်နဲ့ အတူတူ မတော်တဆမှုဖြစ်ပြီး တစ်ချိန်တည်းမှာသေဆုံးသွားတဲ့ ဆုန်းမာရင်းဆိုတဲ့မိန်းကလေး (Shin Min-A) လည်း ရှိနေခဲ့ပါတယ်...ဆိုးဂျွန်နဲ့ မာရင်းက ဘာကြောင့် တစ်ရက်တည်း တစ်ချိန်တည်းမှာ အတူတူသေဖို့ ‌ဖြစ်လာရတာလဲသူတို့နှစ်ယောက်ရဲ့ သေခြင်းတရားကိုရော ဆိုးဂျွန်တစ်ယောက် ...
6.7
TMDb: 6.7/10 23 votes
tv

Tomorrow with You(2017)

2017
You Touched My Heart (2023) 9.0
You Touched My Heart (2023) ကီ့ခွန် အဖြစ် Push Puttichai အန်ယာမနီ(အန်) အဖြစ် Patricia ဖင်မ် အဖြစ် Pear Pitchapa ချနွတ် အဖြစ် Ball Kummunဇာတ်လမ်းအကျဉ်း“အန်ယာမနီ” က ယောက်ျားလေးတွေကသာ မိန်းကလေးတွေသာ သာလွန်တယ်လို့ မှတ်ယူထားတဲ့ မိသားစုက မြေးမလေးတစ်ယောက်ဖြစ်ပါတယ်သမီးမိန်းကလေးဖြစ်တာကြောင့် သူမရဲ့မိခင်က အဖိုးဖြစ်သူထံမှာ မျက်နှာမရခဲ့သလို အန့်ကိုလည်း အစ်ကိုဖြစ်သူနဲ့ယှဉ်နှိမ်ခံရတာမို့ အန်တစ်ယောက် နိုင်ငံခြားကို ပညာတော်သင်ထွက်လာခဲ့တယ်တစ်ချိန်တည်းမှာပဲ ချစ်သူနှစ်ဦးဖြစ်တဲ့ “ကီ့ခွန်”နဲ့ “ဖင်မ်”ဆိုဟာ ဖင်မ့်ဆန္ဒအရ လမ်းခွဲခဲ့ကြပြီး ဖင်မ်ဟာ အန့်အစ်ကို ချနွတ်နဲ့ လက်ထပ်သွားခဲ့တယ်၈ နှစ်ကြာပြီးနောက် ကီ့နဲ့ ချနွတ်တို့က စီးပွါးရေးပြိုင်ဖက်တွေအနေနဲ့ တွေ့ဆုံလာတဲ့အပြင် အန်ကပါ အစ်ကိုနဲ့ အဖိုးကို ပြန်လက်စားချေဖို့ ကီ့ ကုမ္ပဏီရဲ့ စီးပွါးရေးအကြံပေးအဖြစ် နိုင်ငံခြားက ပြန်လာခဲ့ချိန်မှာတော့ကီ့နဲ့ အန်တို့ ကြား ဘာတွေဆက်ဖြစ်လာမလဲကီ့ကရော ဖင်မ့်အပေါ်ခံစားချက်တွေကျန်နေသေးတာလားချနွတ်၊ဖင်မ်၊ကီ့၊အန်တို့လေးယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ “နှလုံးသားတစ်ခုလုံးနဲ့ ချစ်ရသူ” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရအောင် ...
9.0
TMDb: 9.0/10 votes
tv

You Touched My Heart (2023)

2023
Something in the Rain (2018) 7.75
Something in the Rain (2018) Something in the Rain (2018)****************************(စ-ဆုံး)K-Drama လောကကို မောင်လေးရောဂါထစေခဲ့တဲ့ 2018 ခုနှစ်က JTBC ရဲ့Something In The Rain ကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းလေးကတော့ အသက် 30ကျော်လာပြီဆိုပေမယ့် အချစ်စစ်ရယ်လို့မရရှိခဲ့ဖူးတဲ့နွေးထွေးကြင်နာတဲ့နှလုံးသားပိုင်ရှင်ယွန်းဂျင်အာ ~အရာရာပြီးပြည့်စုံပြီး ပျော်ရွှင်နေတယ်လို့ထင်ရပေမယ့် အထီးကျန်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့သူ့ဘဝထဲကို ဂျွန်ဟီးဆိုတဲ့ ကောင်ကလေးရောက်ရှိလာတဲ့အခါ ... မြင်သူငေး ရွှေရင်အေးလေးလို့ ပြောရမယ့် ဂျွန်ဟီးကတော့အပြုံးချိုချိုနဲ့ နိုင်ငံခြားပြန် ဂိမ်းဒီဇိုင်းနာအဖြစ်လုပ်ကိုင်နေတဲ့ကောင်လေးဖြစ်ပါတယ် ။အစ်မဖြစ်သူရဲ့ သူငယ်ချင်းဖြစ်တဲ့ ယွန်းဂျင်အာအတွက် မောင်လေးတစ်ယောက်လိုဖြစ်နေတဲ့ ဂျွန်ဟီး~ရင်းနှီးမှုသံယောဇဉ်တွေ အရောင်ပြောင်းလဲသွားရာကနေလှပတဲ့အချစ်သံစဉ်တေးသွားလေးတစ်ပုဒ်ဖြစ်လာမယ့် Something In The Rain.. Episodes: 16File Size:905M B, 364MBQuality :Web-DL  1080p,720PGenres: Drama, RomanceTranslated by  YeeWai,A Htet,Thynn,Tiff,Khine Khine Wai & MiriEncoded by  HYAN >>>>TELE LINK ><>>>> Episode 01  [720p]     »»»  ...
7.75
TMDb: 7.75/10 70 votes
tv

Something in the Rain (2018)

2018
Between the World and Us (2022) 5
Between the World and Us (2022) Between the World and Us (2022) (စ-ဆုံး)********************************ကမ္ဘာကျော် Erkenci Kuş (Early Bird) ဆိုတဲ့ တူရကီ ဇာတ်လမ်းတွဲလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။လှလွန်းလို့ မိန်းကလေးတွေတောင် ကြိုက်ရတဲ့ ဇာတ်ဆောင်မင်းသမီး Demet Ozdemir ရဲ့၂၀၂၂ မှာ ထွက်ခဲ့တဲ့ အပိုင်း ၈ ပိုင်းပါဝင်တဲ့ ရိုမန့်စ် ဇာတ်လမ်းလေး ဖြစ်တဲ့ "Between the World and Us"ဇာတ်လမ်းအကျဉ်းလေးကတော့နာမည်ကြီး မဂ္ဂဇင်းတိုက်တစ်ခုမှာ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်နေပြီး ယုံကြည်မှုသတ္တိနဲ့ အရာရာ ပြည့်စုံနေတဲ့ အမျိုးသမီးလေး "အီကင်"ဇာတ်လမ်းတွဲတစ်ခုတည်းနဲ့ အရမ်းနာမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသား "တိုဂါ"သူတို့ ၂ ဦး အမှတ်မထင် ချစ်ကြိုက်မိပြီး ကာလ ရှည်ကြာလာတဲ့ relationship တစ်ခု ဖြစ်လာတဲ့အချိန်မှာတစ်ဖက်မှာလည်း အရမ်းထက်မြက်တဲ့ အမျိုးသမီးတစ်ဦး တစ်ဖက်မှာလည်း မင်းသားက ဇာတ်လမ်းတွဲတစ်ခုတည်းရိုက်နေလို့သရုပ်ဆောင် အရည်အချင်းကို ...
5
TMDb: 5/10 7 votes
tv

Between the World and Us (2022)

2022
Engga Hostel (2023) 2
Engga Hostel (2023) Engga Hostel (2023)IMDb-6.4/10အဆောင်တစ်ခုမှာ လူတိုင်းကိုအနိုင်ကျင့်တတ်တဲ့ bully တစ်ကောင် အူကြောင်ကြားနဲ့ဂေါက်နေတဲ့တစ်ကောင် နေရာတကာဆရာလိုက်လုပ်တတ်တဲ့ စဆရက တစ်ကောင် စသည်စသည်ဖြင့် မတူညီတဲ့ ဆဌဂံ ဗဟုဂံထောင့်တွေလို မတစ်ထောင်တစ်ကောင်ဘွား ကျောင်းသားတွေရှိကြမှာပါယခုဇာတ်ကားလေးထဲမှာလည်းအဆောင်နေအင်ဂျင်နီယာကျောင်းသားတွေရဲ့ လူငယ်ဘဝ အချစ် ပညာရေး ‌လိင်မှုရေးရာ အရာအားလုံးကို စူးစမ်းသိချင်နေတဲ့ကျောင်းသားလေးတွေအကြောင်းပါ သူတို့ရဲ့ စူးစမ်းမှုတွေနဲ့ မတူညီတဲ့လူပေါင်းများစွာစုပေါင်းထားတဲ့ ပတ်ဝန်းကျင်အသစ်ရဲ့ရိုက်ခတ်မှုတွေကို တင်ဆက်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်American pie အိန္ဒိယဗားရှင်းဆန်ဆန်မို့ ဟာသလေးတွေက ရိုင်းသလိုဖြစ်နေပေမယ့် သဘာဝကျကျနဲ့ ရယ်နေရမှာပါ ကျောင်းသားဘဝသရုပ်‌ဖော်စီးရီးဇာတ်ကားလေးကို ပရိသတ်ကြီးတို့ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်( လိင်မှုရေးရာစကားလုံးများပါ၀င်တာကြောင့် မိသားစုနှင့်အတူ ကြည့်ရှူရန်မသင့်ပါ)Quality : 1080p / 720pTotal Episodes : 5EpsFormat : mp4Genres :Comedy , DramaDuration : 34minSubtitle : Myanmar Subtitle ( Hardsub )Translated by CM Bollywood TeamEncoded by YK 720p Episode 1 - Yoteshin / Userdrive ...
2
TMDb: 2/10 1 votes
tv

Engga Hostel (2023)

2023
The Law According to Lidia Poët (2023) 7.5
The Law According to Lidia Poët (2023) The Law According to Lidia Poët (2023) ============================ IMDb Rating 7.5/10 Rotten Tomatoes 86%သွယ်ဝိုက်နာမည်တပ်ရမယ်ဆိုရင် "ရှေ့နေမလေးလေဒီယာနှင့် သူ၏အမှုတွဲများ"ပေါ့။ဒီဇာတ်လမ်းတွဲဟာ နာမည်လေးဖတ်ကြည့်ပြီး အရမ်းရိုးရှင်းမယ်၊ ပေါ့ပေါ့ပါးပါးလေးပါလို့ ထင်ရသလောက်ကို မရိုးရှင်းတဲ့၊ မပေါ့ပါး လှတဲ့ စီးရီးတစ်ခုပါ။ အီတလီတင်မက ကမ္ဘာနဲ့ချီပြီး ဒီစီးရီး ရေပန်း စားနေရတဲ့ အဓိကအကြောင်းအရင်း‌တွေထဲက တစ်ခုကတော့ တ ကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာကြောင့်ပဲ ဖြစ်လိမ့်မယ်ထင် ပါတယ်။ဤလောကမြေကမ္ဘာမှာ ကြီးမားလှတဲ့ ပြောင်းလဲမှုပေါင်းများစွာ ရှိခဲ့ပါတယ်။ ယခုနှစ်ဆိုရင်လည်း AI တွေ ထွန်းကားတော့မယ့် နှစ်ပဲ ဆိုပါတော့ဗျာ။ ဒီလိုပြောင်းလဲမှုပေါင်းများစွာထဲမှာ အသိမ်မွေ့ဆုံးနဲ့ အလှပဆုံးပြောင်းလဲမှုကို ပြောပါဆိုရင် ဖိုဝါဒီကို တိုက်ထုတ်ဖို့ကြိုး စားခဲ့ကြတဲ့ အမျိုးသမီးထုကြီးတွေရဲ့ကြိုးပမ်းမှုတွေ ဖြစ်လိမ့်မယ်။ ဒီအမျိုးသမီးတွေဟာ သဘာဝတရားကြီးကြောင့် အားနည်းတဲ့ပုံပေါ် နေကြသော်ငြား၊ အမှန်တကယ်အားနည်းကြသော်ငြား မာကြောဖို့ လိုလာပြီဆိုရင်လည်း သူမတူအောင်မာကျောနိုင်စွမ်းရှိကြတယ်ဆို တာကို နိုင်ငံအနှံ့အပြားက အမျိုးသမီးတွေရဲ့ကြံ့ကြံ့ခံတွန်းလှန်ခဲ့မှု တွေက သက်သေပြခဲ့ကြပြီးပြီလည်းဖြစ်ပါတယ်။ဒါဆို ဒီစီးရီးကရော ဘယ်ရပ်ဘယ်ဝန်းကျင်မှာ အမျိုးသမီးတွေဘယ်လို ရုန်းကန်ရတာလဲဆိုတာကို ခန့်မှန်းမိကြလိမ့်မယ်ထင်ပါတယ်။ လေဒီ ယာဟာ ဥပဒေအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့သမီးဖြစ်တာနဲ့ အညီ ရှေ့နေတစ်ယောက်ဖြစ်ရဖို့ကို ငယ်ငယ်တည်းက စိတ်ကူးယဉ် အိပ်မက်ခဲ့ရသူပါ။ သို့ပေမဲ့လို့ ...
7.5
TMDb: 7.5/10 2800 votes
tv

The Law According to Lidia Poët (2023)

2023
Brain Works (2023)
Brain Works (2023) Brain Works(2023) *****************************************အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံး ရှင်းဟာရူ (ဂျောင်ယုံးဟွာ)က ဦးနှောက်နဲ့အာရုံကြောဆိုင်ရာသိပ္ပံပညာရှင်တစ်ဦးပါ။ဆရာဝန်မျိုးဆက် ၃ဆက်ရှိတဲ့မိသားစုကနေလာပြီးတော့ ဆက်ခံရရှိထားတဲ့အမွေတွေကြောင့်ကြွယ်ဝချမ်းသာသူပဲဖြစ်ပါတယ်။ ရှင်းဟာရူဟာ ကိုယ်ပိုင်ခံယူချက်အတိုင်း ပြောဆိုပြုမူတတ်တဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိတဲ့သူတစ်ဦးဖြစ်ပေမဲ့ ပေါ့ပေါ့နေပေါ့ပေါ့စားလုပ်တတ်တဲ့သူတွေကိုတော့သနားကရုဏာမထားတတ်ပါဘူး။ဂွမ်မြောင်ဆယ် (ချာထယ်ဟျွန်း)က စုံထောက်တစ်ဦးပါ။ လူတွေကိုရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံတတ်ပြီးတော့သူနဲ့မရင်းနှီးတဲ့သူတွေကဆို သူ့ကို လာဘ်စားတဲ့ရဲလို့မြင်ကြပါတယ်။အမှန်တော့ ဂွမ်မြောင်ဆယ်က ကြင်နာတတ်ပြီးတော့ အမှန်တရားကိုမြတ်နိုးတဲ့ စုံထောက်တစ်ယောက်ပါ။သူက ဂင်မိုရန် (ရဲဂျီဝန်)နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။ ဂင်မိုရန်ကတော့ ကာမစိတ်အလွန်ပြင်းပြတဲ့သူဖြစ်ပါတယ်။ရှင်းဟာရူနဲ့ ဂွမ်မြောင်ဆယ်တို့က စိတ်ပညာရှင် ဆောလ်ဆိုဂျောင် (ဂွက်ဆွန်းယောင်း)ရဲ့ အကူအညီနဲ့ရာဇဝတ်မှုတွေကို အတူတူဖြေရှင်းကြမှာပဲဖြစ်ပါတယ်။mystery, comedy အမျိုးအစားဖြစ်ပြီးတော့ အပတ်စဉ် တနင်္လာနဲ့အင်္ဂါနေ့တိုင်း KBS2ကနေထုတ်လွှင့်ပြသမှာပဲဖြစ်ပါတယ်။ အပိုင်းအနေနဲ့ ၁၆ပိုင်း ပါဝင်ပါမယ်။Episodes: 16File Size:1.1GB, 500MBQuality :HDTV 1080p,720PGenres:Drama, ComedyTranslated by  Khine Khine Wai, Eiphyu Khin, Chothet_mlmt & WindiEncoded by  Phyo Pyae  >>>>TELE LINK ...

Brain Works (2023)

2023
The Warp Effect (2022)
The Warp Effect (2022) The Warp Effectt (2022) လူပျိုစစ်စစ် ဖြစ်ချင်တယ်အသက်၁၇နှစ်အရွယ် အဲလက်စ်ဆိုတဲ့ကောင်လေးဟာ ဖြူစင်ရိုးသားပြီး သူ့ကိုယ်သူယုံကြည်ချက်တွေပျောက်ဆုံးနေသူပါ သူ့ဝါသနာဆိုလို့ ဓာတ်ပုံရိုက်တာလေးတစ်ခုပဲရှိပါတယ်သူ့အိမ်တစ်အိမ်လုံးဟာ ယောကျာ်းလေးတွေပဲ ပြည့်နေပြီး မိန်းကလေးလုံးဝမရှိပါဘူး သူ့အမေကတော့ မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားခဲ့ရတာပါသူ့အမေ မဆုံးပါးခင် မှာခဲ့တဲ့ တစ်ခုတည်းသောစကားက အရွယ်မတိုင်ခင် လူပျိုရည်မပျက်ဖို့ပါ အဲ့ဒါက နည်းနည်းတော့ သည်းမခံနိုင်စရာပါပဲသူ့သူငယ်ချင်းဆီအျူနဲ့နင်မ်က လူပျိုဘဝကိုဆုံးရှုံးပြီးနေပြီး သူတစ်ယောက်ထဲ ရိုးသားတဲ့ယုန်သူငယ်လေးဖြစ်နေရှာတာပါ တစ်နေ့တော့ ဂျာဒီရဲ့ပါတီမှာ အဲလက်စ်ထိန်းသိမ်းထားတဲ့ လူပျိုဘဝလေးပျက်စီးမလိုဖြစ်ခဲ့ရရှာပါတော့တယ်။ဒါပေမဲ့ ပြသနာတွေအပြီး သူပြန်နိုးလာတော့ သူက အသက်၂၇နှစ်အရွယ် မီးယပ်အထူးကုပါရဂူကြီးဖြစ်နေပြီး Sex ကိစ္စ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လို့နေပါတော့တယ် အဲဒီညက ထူးဆန်းတဲ့ကိစ္စတွေကို ပြန်ရှာဖွေဖို့ သူ့ကင်မရာလေးကိုလိုက်ရှာရင်း......ကဲ ... ယုန်သူငယ် မောင်အဲလက်စ်တစ်ယောက် သူ့ရဲ့အသက်၁၇နှစ်အရွယ်ကိုပဲ ပြန်ရောက်အောင်လုပ်နိုင်မလား? ဘာအလွဲတွေများဖြစ်ဦးမလဲ? သူ ဘယ်လိုတွေဆက်လုပ်မလဲဆိုတာ ကြည့်လိုက်ရအောာင်နော်အညွှန်းကိုတော့ Kong Hou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Thada, Summer, Kong Hou တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size…1GB | 350MB Format… ...

The Warp Effect (2022)

2022
Agency (2023) 10
Agency (2023) Agency (2023)အပိုင်း(၁ မှ ၁၆ ) ထိ စ/ဆုံးအလုပ်ခွင်မှာ အောက်ခြေဘဝကနေ အမြင့်ဆုံးအဆင့်ထိရောက်အောင် ကြိုးစားလျှောက်လှမ်းခဲ့တဲ့ Go A-In ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...Go A-In က ဆင်းရဲတဲ့မိသားစုကနေလာပြီး အဆင့်မြင့်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့သူမဟုတ်ပေမယ့် အောင်မြင်ဖို့ဆန္ဒပြင်းပြသူတစ်ယောက်ပါ။ ကြော်ငြာအေဂျင်စီမှာ အလုပ်လုပ်နေပြီး အောင်မြင်မှုနဲ့ပိုက်ဆံကလွဲပြီးမသိတဲ့သူအဖြစ် နာမည်ကြီးပါတယ်။သူ့လို ဘာကျောထောက်နောက်ခံမှမရှိတဲ့အမျိုးသမီးတစ်ယောက်က ကြိုးစားမှုနဲ့အောင်မြင်ချင်စိတ်တွေနဲ့ပဲ အမြင့်ဆုံးရာထူးအထိရောက်အောင် ဘယ်လိုတက်လှမ်းသွားမလဲဆိုတာ အတုယူကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ရှုကြဖို့ ညွှန်းဆိုလိုက်ရပါတယ်။(အညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားပါတယ်။) Aired: Jan 7, 2022 -- Aired On: Saturday & Sunday Genres: Drama, Business, Life Duration: 1hr 20mins Episodes: 16 Original Network: JTBC File Size: 1080p(~1GB) , 720p(~450MB) Translated by Hay Thar ...
10
TMDb: 10/10 1 votes
tv

Agency (2023)

2023
Sons of Anarchy (2008) 8.446
Sons of Anarchy (2008) (function(f,b,n,j,x,e){})(); CM fan တွေ တောင်းဆိုမှု အများဆုံး rating အမြင့်ဆုံးတွေ legendary တွေထဲက စီးရီးတစ်ခု ထပ်တင်ပေးထားလိုက်ပါပြီ။တချိန်က FX ရဲ့ ကြည့်ရှုသူ အမြင့်ဆုံး ဖြစ်ခဲ့ဖူးတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ Sons of Anarchy ဆိုတာ Charming မြို့မှာ ရှိတဲ့ မော်တော်ဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းပါ။ အပေါ်ယံမှာတော့ ဒီလိုဆိုပေမဲ့ ဒီဂိုဏ်းဟာ သေနတ်တွေ မှောင်ခိုရောင်းပါတယ်။ လိုအပ်ရင် လူသတ်ရတဲ့ အပြစ်သားတွေပါပဲ။ဒါပေမဲ့ လူမိုက်ဂိုဏ်းကြီး ဖြစ်နေလို့ ငြိမ်းချမ်းမနေပါဘူး။ အဘက်ဘက်က ရန်သူတွေက သူတို့ကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်ချင်ကြတယ်။ SOA ဂိုဏ်းက လက်ဝါးကြီးအုပ်ထားတဲ့ လုပ်ငန်းတွေကို အပိုင်စီးပြီး Charming ကို အုပ်စိုးချင်ကြတော့ SOA မှာလည်း တစ်နေ့တစ်မျိုး မရိုးရတဲ့ ပြဿနာတွေ ကြုံရပါတယ်။ဒီကြားထဲ ဂိုဏ်းအရေး မိသားစုအရေး လူမှုရေးတွေကပါ ရောယှက်လာတဲ့အခါ ပြဿနာတွေက ...
8.446
TMDb: 8.446/10 2637 votes
tv

Sons of Anarchy (2008)

2008
October Faction (2020) 6.789
October Faction (2020) October Faction (2020)**********************(စ-ဆုံး)IMdb မှာ 6.2 ရထားတဲ့အပြင်Drama/thriller ကား fan တွေအတွက် comic book ကို အခြေခံထားတဲ့supernatural ဇာတ်လမ်းတွဲလေးပါ Fred နဲ့ Deloris တို့စုံတွဲကGoeffနဲ့ Viv ဆိုတဲ့ အမွှာသားနဲ့ သမီးနဲ့ ပျော်ရွှင်တဲ့မိသားစုလေး ရှိပါတယ် ဒါပေမဲ့ ကလေး၂ယောက်မသိတာက Fred နဲ့ Deloris က monster hunter တွေဆိုတာပါပဲFred တို့စုံတွဲက ငယ်ငယ်က ကျောင်းပြီးတည်းက Presidio ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ဝင်ပြီး monster မျိုးစုံဖမ်းပြီး သတ်ဖြတ်နှိမ်နင်းရေးအလုပ်ကို လုပ်နေတာပါvampireတွေ werewolf တွေနဲ့ supernatural သတ္တဝါမျိုးစုံကို အမဲလိုက်ကြပါတယ် သူတို့ကလေး၂ယောက်ကိုတော့ ဘာမှမပြောပြဘဲသာမန်ဘဝလိုနေထိုင်နေကြတယ်ဒါပေမဲ့ Goeff နဲ့ Viv က ခု ဆယ်ကျော်သက် 17 နှစ်ရွယ်ရောက်နေပြီဆိုတော့ဖုံးကွယ်ရတာခက်လာရင်း အန္တရာယ်တွေလည်း ကြုံလာရတော့ ဘယ်လိုဆက်ဖြစ်ကြမလဲ.... Episodes: 10File Size:815MB, ...
6.789
TMDb: 6.789/10 230 votes
tv

October Faction (2020)

2020
Red Balloon (2022)
Red Balloon (2022) Red Balloon (2022)စိတ်ဆန္ဒကိုယ်စီရှိကြပြီး မတူညီတဲ့အခြေအနေတစ်ခုစီက လူ ၄ ယောက်ရဲ့ ဘဝဇာတ်လမ်းဖြစ်ချင်တာတွေ မဖြစ်ခဲ့ရပေမဲ့ အခုချိန်မှာတော့ အေးဆေးတည်ငြိမ်နေတဲ့ ဂျိုအွန်းဂန်ဟာ သူလိုချင်တာကိုရဖို့အတွက်ဆို ဘာမဆိုလုပ်မယ့်သူမျိုးပါငယ်စဉ်က ကျောင်းအတူတူတက်ခဲ့ကြပြီး ဘဝအခြေအနေကွာခြားလွန်းတဲ့ ဟန်ဘာဒါနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီးတဲ့နောက်မှာတော့ ဂျိုအွန်းဂန်ရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ပါတယ်ဂျိုအွန်းဂန်နဲ့မတူဘဲ စီးပွားရေးကံကောင်းလှတဲ့ ဟန်ဘာဒါဟာ အိမ်ထောင်ရေးမှာလည်း ဂျိုအွန်းဂန်ထက် တစ်ပန်းသာသွားတဲ့အခါ…အပြင်ပန်းမှာ တည်ငြိမ်ပေမဲ့ ရင်ထဲမှာတော့ အပူမီးတေက်နေတဲ့ ဂျိုအွန်းဂန်တစ်ယောက် ဘာတွေလုပ်လာမလဲ၊ ဟန်ဘာဒါနဲ့သူ့ရဲ့ သူငယ်ချင်းဆက်ဆံရေးကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာအပြင် အိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ ဘဝအကြောင်း မိသားစုအကြောင်းတွေကိုပါ အလောင်တစ်လိုင်းခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်လို့ အခုပဲ ကြည့်ရှုရင်း လောင်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Laii, Milkeux, Thantsin တို့ပဲ ဖြစ်ကြပါတယ်။စုစုပေါင်း အပိုင်း ၂၀ ရှိမှာ ဖြစ်ပြီးတော့ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးသွားမှာ ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size…1.2GB ...

Red Balloon (2022)

2022
Anne Rice’s Mayfair Witches (2022) 6.375
Anne Rice’s Mayfair Witches (2022) Anne Rice's Mayfair Witches (2022)ပုရိသတိုင်းရဲ့အသည်းစွဲ ညို့မင်းသမီး Alexandra Daddarioရဲ့ Mystery Drama seriesဖြစ်တဲ့ Mayfair Witches season 1 ထွက်ရှိလာပါပြီ။ ဒီseriesဟာ စာ​ရေးသူ Anne Riceရဲ့Mayfire trilogyထဲက ပထမစာအုပ်ကို အသက်သွင်း ရိုက်ကူးထားတာပါ။ အပတ်စဉ် တနင်္ဂ​နွေ​နေ့တိုင်း ထွက်ရှိမှာဖြစ်ပြီး လက်ရှိ IMDbက 8.0ရရှိထားပါတယ်။Daddarioဟာ ဒီဇာတ်လမ်းထဲမှာ အာရုံ​ကြောခွဲစိတ်ဆရာဝန် ရိုဝင် ​ဖီးဒင်းအဖြစ် ပါဝင်ထားပါတယ်။ ရိုဝင်မှာ ပြဿနာတစ်ခုရှိ​နေခဲ့ပြီး အဲဒါက​တော့ ဒေါသထွက်လာချိန်တိုင်း သူ့ရဲ့စိတ်နဲ့ တစ်ဖက်လူကို သတ်မိ​နေတဲ့ ကိစ္စပါ။ ရိုဝင်ကိုယ်တိုင်ကလည်း မ​ကောင်းတဲ့အစွမ်း ပိုင်ရှင် မ​ကောင်းဆိုးဝါးတစ်ဦးအဖြစ် စတင်​တွေးမိလာပါတယ်။တစ်ချိန်တည်းမှာပဲ ​ရိုဝင်ဟာသူ့ကိုယ်သူ မွေးစားသမီးမှန်းသိ​နေလို့ ဒီအစွမ်းဟာ သူ့မိဘအရင်း​တွေဆီက ဆက်ခံခဲ့တာလား၊ သူ့ရဲ့မိဘ အရင်းအချာ​တွေက ဘယ်သူ​တွေဖြစ်မလဲဆိုတာကို သိချင်လာပြီး အပူတပြင်းရှာ​ဖွေရင်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ကျိန်စာတစ်ခုနဲ့ အလွန်နီးစပ်တဲ့ အ​ခြေအ​နေတစ်ခုကို ​ရောက်ရှိသွား ပါ​တော့တယ်။ရိုဝင်ရဲ့မ​ကောင်းတဲ့စိတ်စွမ်းအင်က ဘယ်လို​ကြောင့်ဖြစ်လာတာလဲ၊ သူ့မိဘအရင်း​တွေက ဘယ်သူ​တွေဖြစ်မလဲ၊ ဘာကိစ္စ​ကြောင့် သူ့ကို စွန့်ပစ်ခဲ့တာလဲ၊ သူတို့ကြုံခဲ့ရတဲ့ကျိန်စာက ဘယ်​လောက်ဆိုးရွားလဲ ထိုကျိန်စာဆိုးကို ရိုဝင်တစ်​ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ အပတ်စဉ် ​​စောင့်​မျှော်ကြည့်ရှုသွားရမှာပါ။အညွှန်း ...
6.375
TMDb: 6.375/10 8 votes
tv

Anne Rice’s Mayfair Witches (2022)

2023
Jeet Ki Zid (2021)Complete 6.5
Jeet Ki Zid (2021)Complete Jeet Ki Zid (2021) Action, Drama IMDb 8.3/10 (2.5K)ဒီဇာတ်လမ်းတွဲလေးကတော့ အိန္ဒိယနိုင်ငံတော်စစ်တပ်ရဲ့အထူးတပ်ဖွဲ့စစ်သားတစ်ယောက်ဖြစ်တဲ့ ဒီပ်ဆင်းဆန်ဂရ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးတင်ဆင်ထားတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ဒီပ်ဟာ ငယ်စဉ်ကတည်းက အားနည်းတယ်။ ဒါပေမဲ့ ခေါင်းမာတယ်။ သူဖြစ်ချင်တာကို ရအောင်လုပ်တတ်တယ် မှန်တယ်ထင်ရင် စွန့်စားတယ်။ငယ်ငယ်က အစ်ကိုဖြစ်သူကို ကက်ရှမီးဒေသက အကြမ်းဖက်သမားတွေ ဖမ်းသွားလို့ လက်စားချေဖို့ တပ်ထဲဝင်လာတယ်။တပ်ထဲဝင်လာတော့လည်း လူအများမလုပ်နိုင်တဲ့ စံချိန်တွေ ချိုးတယ်။ စစ်မြေပြင်အတွင်းမှာဆိုရင်လည်း အထက်အမိန့်မကြည့်ဘဲ အခြေအနေအချိန်အခါကို တွက်ဆပြီး အကြမ်းဖက်သမားတွေကို နှိမ်နင်းတယ်။ဒီလိုစစ်သားတစ်ယောက်ရဲ့စစ်မြေပြင်မြင်ကွင်းတွေအပြင် ဘဝရဲ့အနိမ့်အကျအလှည့်အပြောင်းတွေမှာလည်း သူ ဘယ်လိုရုန်းကန်နေထိုင်သွားမလဲဆိုတာကို ဒီဇာတ်လမ်းတွဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။File Size – 700MB / 400MBQuality – 1080p Zee5 WEB DL / 720pDuration – 40minsTotal Episodes: 7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & ...
6.5
TMDb: 6.5/10 2 votes
tv

Jeet Ki Zid (2021)Complete

2021
[18+] Erotica Manila (2023) 8.8
[18+] Erotica Manila (2023) Erotica Manila (2023) Completed Mini-Series ~ IMDb rating - 8.8/10 ~ အပတ်စဉ်တင်ဆက်နေကျ Vivamax ဇာတ်လမ်းတွဲလေးတွေရဲ့နေရာကို နောက်ဆုံးဝင်ရောက်လာတဲ့အသစ်စက်စက် Mini-Series လေးဖြစ်ပါတယ်။ မနီလာမြို့တော်တစ်ဝန်းမှာ တွေ့ကြုံခံစားရနိုင်မယ့် အချစ်၊ ဘဝနဲ့ လိင်မှုကိစ္စအဖြာဖြာကို သီးခြားဇာတ်လမ်းတို လေးခုနဲ့ ပုံဖော်ပြသသွားမယ့် Anthology ပုံစံနဲ့ကြည့်ရှုခံစားရမှာပါ။ " Episode 1 - Cinema Parausan "ပထမဆုံးအပိုင်းဖြစ်တဲ့ Cinema Parausan ကတော့ ရုပ်ရှင်ဝေဖန်ရေးသမား၊ ဝါသနာအိုးတစ်ယောက် ရုပ်ရှင်ရုံဟောင်းကြီးတစ်ခုမှာ ဂန္ထဝင်ညစ်ညမ်းရုပ်ရှင်တစ်ကားကို သွားကြည့်ခဲ့တဲ့အတွေ့အကြုံအကြောင်းဖြစ်ပါတယ်။ ရန်ကုန်ရဲ့ရုပ်ရှင်ရုံတွေအဆင့်မမြှင့်ရသေးခင် ကာလတစ်ခုကို အမှတ်ရစရာဖြစ်မှာပါ။ ဇာတ်ကားတွေဟာ ပိတ်ကားပေါ်မှာတင်မကပဲ ရုပ်ရှင်ရုံရဲ့ အမှောင်ထောင့်ချိုးတွေမှာ၊ အိမ်သာထဲမှာ၊ ခုံတန်းတွေပေါ်မှာတင် တိုက်ရိုက်ပြသနေတဲ့အပြင်၊ သူ့အနားကိုလိင်ကိစ္စဆွယ်ဖို့ချဉ်းကပ်လာတဲ့ မိန်းမရွှင်လေးတစ်ယောက်နဲ့ စကားလက်ဆုံကျမိ၊ ရုပ်ရှင်တွေအပေါ်အမြင်တွေ ဖလှယ်မိကြတဲ့အကြောင်း၊ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်နဲ့ ရုပ်ရှင် Taste မြင့်တဲ့ မိန်းမရွှင်လေးတစ်ယောက်အကြောင်းပါပဲ။ Pamasahe ...
8.8
TMDb: 8.8/10 votes
tv

[18+] Erotica Manila (2023)

2023
The Gold(2023) 6.5
The Gold(2023)  အပိုင်း ၆ ပိုင်းပါဝင်သော အဆိုပါ ဗြိတိန်စီးရီးဟာ ၁၉၈၃ ခုနှစ်၊ လန်ဒန်မြို့ ဟိသရိုးလေဆိပ်အနီး၊ ဘရင့်စ်မတ်ကုန်လှောင်ရုံတွင်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန် ဓားပြတိုက်မှုအကြောင်းကိုအခြေခံကာရိုက်ကူးထားတာဖြစ်ပါတယ်။ ၎င်းဓားပြတိုက်မှုဟာ ထိုခေတ်အခါ၌ သမိုင်းတွင်အကြီးကျယ်ဆုံးသောဓားပြတိုက်မှုတစ်ခုဟု ပြောစမတ်ရှိခဲ့ကြပြီး စတာလင်ပေါင် ၂၆သန်းတန်ကြေးရှိတဲ့ ရွှေချောင်းများလုယက်ခံခဲ့ရတယ်။ အဆိုပါရွှေချောင်းများကိုဖျောကာ ဝေစားမျှစား လုပ်ကြဖို့အတွက်လန်ဒန်မြို့မှ လူတန်းစာအလွှာအသီးသီးမှဒုစရိုက်သမားများစုပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ အကြောင်းဆိုလည်းမမှားပါဘူး။ကြီးမြတ်လှသောဗြိတိန်မြေ၌ ခေတ်အဆက်ဆက်ကပျိုးထောင်လာခဲ့သောစနစ်တွေရှိကြပါတယ်။ အဆိုပါစနစ်များကြောင့်အကျိုးစီးပွားဖြစ်ထွန်းနေသူများဟာစနစ်ကိုတုံးတိုက်တိုက် ကျားကိုက်ကိုက်ကာကွယ်ဖို့အသင့်ပါပဲ။ ဗင်ကားလေးတစ်စီးပေါ်က လူခြောက်ယောက်နဲ့အစပြုခဲ့တဲ့ အဆိုပါအမှုဟာ မီးခိုးကြွက်လျှောက်ပဲ အမည်မဖော်လိုသူများအထိပါဝင်ပတ်သက်ခဲ့ပြီး ဒုစရိုက်သမားများကတစ်ဖက်၊ အာဏာရှိသူများကတစ်ဖက်၊ စကော့တလန်ရဲဌာနာချုမှတစ်ဖက် အားပြိုင်ကြတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ် File Size –  846 MB  /   391 MB  @EpisodeQuality – 720p / 1080pDuration –  58 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
6.5
TMDb: 6.5/10 4 votes
tv

The Gold(2023)

2023