Channel Myanmar

Drama

Hotel King (2014) 7.944
Hotel King (2014) Hotel King (2014)*****************( စ - ဆုံး )ဒီတစ်ခါမှာတော့ Channel Myanmar ပရိသတ်ကြီးနဲ့မစိမ်းတဲ့မင်းသားချော Lee Ding Wookနဲ့ မင်းသမီးလေးLee Da Haeတို့ရဲ့  Hotel Kingဆိုတဲ့ ဇာတ်လမ်းတွဲကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းကိုတော့ဝမ်းရေးအတွက် သူတောင်းစားလုပ်နေရတဲ့ ဂျေဒန်ဆိုတဲ့ ကောင်လေးနဲ့အစချီထားပါတယ်ဂျေဒန့်ဘဝဟာ ဘယ်လောက်ဆိုးလဲဆိုရင် သူတောင်းစားဂိုဏ်းခေါင်ဆောင်ရဲ့သေမတတ်ရိုက်နှက်ထိုးကြိတ်ခြင်းကိုလည်း အမြဲခံရပါတယ်ဒီလိုဘဝဆိုးကြီးကနေ တစ်နေ့မှာတော့ ဂျေဒန်လွတ်မြောက်သွားပြီး အီဂျွန်းဂူဆိုတဲ့လူကြီးနဲ့ ဆုံခဲ့ပါတယ် အီဂျွန်းဂူက ဂျေဒန်ဒီလိုဒုက္ခခံစားရတာဟာ မွေးကတည်းကစွန့်ပစ်ခဲ့တဲ့ အဖေဖြစ်သူအာဆောင်းဝန်းကြောင့်လို့ ပြောပြခဲ့ပါတယ်အဲဒီနေ့မှာပဲ ဂျေဒန်ဟာ အဖေ့ကိုမုန်းတီးစိတ်နဲ့ “ချာဂျယ်ဝန်”ဆိုတဲ့နာမည်နဲ့ တစ်ဖန်ဘဝသစ်စခဲ့ပါတယ်ချာဂျယ်ဝန် အသက်ကြီးလာတဲ့အခါမှာတော့ အဖေဖြစ်သူ အာဆောင်းဝန်းပိုင်တဲ့ ရှီအဲလ်ဟိုတယ်မှာ အထွေထွေမန်နေဂျာဖြစ်နေပါပြီချာဂျယ်ဝန်တစ်ယောက် ဥက္ကဌအာဆောင်းဝန်းကို အတိတ်အကြောင်းတွေ ပြန်ပြောပြီးသားအရင်းဖြစ်ကြောင်း ကြေညာခိုင်းဖို့ ဒေါသပေါက်ကွဲတဲ့နေ့မှာပဲဥက္ကဌအာဆောင်းဝန်းက ဆန်းကြယ်စွာ သေဆုံးသွားခဲ့ပါတယ်ဥက္ကဌနေရာအမွေဆက်ဆံဖို့အာဆောင်းဝန်းရဲ့ တစ်ဦးတည်းသော သမီး အာမိုနဲက ရှီအဲလ်ဟိုတယ်ကိုရောက်လာတဲ့အခါ…. ချာဂျယ်ဝန်နဲ့ အာမိုနဲတို့ကြားက အခြေအနေတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ဆက်လက်ခံစားကြည့်ရှုပေးကြပါဦး ချာဂျယ်ဝန်အဖြစ် မင်းသားLee Dong Wookက သရုပ်ဆောင်ထားပြီးအာမိုနဲနေရာမှာတော့ မင်းသမီးLee Da ...
7.944
TMDb: 7.944/10 9 votes
tv

Hotel King (2014)

2014
Unique Lady (2019) 7
Unique Lady (2019) အခုတစ်ခေါက် CMကတင်ဆက်ပေးသွားမယ့် ဇာတ်လမ်းလေးကတော့သမားရိုးကျဇာတ်အိမ်တွေနဲ့မတူပဲ တမူထူးခြားတဲ့ဇာတ်အိမ်နဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်ပါအဓိကဇာတ်ကောင်တွေအနေနဲ့ ပါဝင်ထားသူတွေကတော့Zhong Wu Mei အဖြစ်မင်းသားချောလေး Gong Junနဲ့Lin Luo Jingအဖြစ်မင်းသမီးချောလေး Jade Chengတိုကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကြောင်းလေးကတော့...Lin Luoဆိုတဲ့ ကောင်မလေးဟာ စာလေ့လာရင်လေ့လာ မဟုတ်ရင်လည်းဂိမ်းဆော့ပြီးအချိန်ကုန်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ dating lifeကြီးကြောင့်စိတ်ရှုပ်ထွေးနေ‌ချိန်မှာ သူငယ်ချင်းတစ်ယောက်ကdating ဂိမ်းအသစ်တစ်ခုကိုဆော့ကြည့်ဖို အကြံပေးလာခဲ့ပါတယ်။အဲဒီဂိမ်းအသစ်က တခြားဂိမ်းတွေနဲ့မတူပဲ ဂိမ်းစပြီဆိုတာနဲ့ ကစားသမားတွေကိုဂိမ်းထဲကိုပိုလိုက်ပြီး ကိုယ့်အတွက်အချစ်စစ်ကို မတွေ့ရမချင်း ဂိမ်းထဲနေထွက်လိုမရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ဂိမ်းရဲ့ခက်ခဲမှု အဆင့်ရွေးချယ်ချိန်မှာ Lin Luo တစ်ယောက် မတော်တဆအခက်ခဲဆုံးအဆင့်ကိုရွေးချယ်မိလိုက်ပါတယ် ဂိမ်းကိုနိုင်အောင်ဆော့ဖိုကတော့ငါးကြိမ်ကြိုးစားခွင့်ရှိပြီး သူ့ရဲ့ ဂိမ်းဇာတ်ကောင်ကတော့ အမတ်ချုပ်ကြီးရဲ့သမီးဖြစ်ပါတယ်။ဂိမ်းလေးထဲမှာဆိုရင် ဓားနတ်ဘုရား၊တော်ဝင်သက်တော်စောင့်၊ချမ်းသာသ‌လို ရည်းစားလည်းများတဲ့သူ ၊မာနကြီးတဲ့မင်းသားလေးတိုလို ဆွဲဆောင်မှုရှိတဲ့ ယောက်ျား‌ေတွနဲ့ တွေ့ဆုံရမှာပါLuo Jingကတော့ စစချင်းမှာ ဒီဂိမ်းကိုအရမ်းအံ့အားသင့်သ‌ဘောကျသွားကာသူ့နောက်ကွယ်မှာ ကြိုတင်စီစဉ်ထားတဲ့အစီအစဉ်တွေကို ဘာမှမသိ‌လေဘဲကောင်လေးတွေကို ဘယ်လိုဘယ်ပုံစွဲလမ်းသွားမလဲ ဘယ်လိုမျိုးအချစ်စစ်ကိုရှာဖွေမလဲဆိုတာကိုဒီဇာတ်လမ်းလေးမှာ ဟာသလေးနှောပြီးစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်[Reviewed by Cherry Aung]Quality : WEB-DL 720p,1080pTotal Episodes ...
7
TMDb: 7/10 2 votes
tv

Unique Lady (2019)

2019
Rana Naidu (2023) 8.1
Rana Naidu (2023) Rana Naidu (IMDb 7.4/10) **************************ဘာဟူဘလီရဲ့ ဗီလိန်ကြီးဘလ်လားလ်ဒေ့ဗ် ရာနာဒက်ဂူဗာသီ နဲ့ Drushyam (Telugu Version)မင်းသားကြီး ဒက်ဂူဗာသီ ဝမ်န်ကာတေးရှ် တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Netflix ရဲ့ rating ကောင်းကောင်း cast အလန်းနဲ့ အက်ရှင်ကားကောင်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်....ဇာတ်လမ်း အကျဉ်း ရာနာနိုင်ဒူဆိုတာ ‌ဆယ်လီတွေလောကမှာ ပြသနာမှန်သမျှ ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးပါ အတွင်းရေးတွေလူသိမခံချင်ဘူးလား ရွှေကြာတွေခေါ်ပျော်ပါးတာ လူမိသွားလို့တိုင်ပတ်နေတာလား မယားငယ်ထားပြီးတိုင်ပတ်နေလား ရာနာဆီဖုန်းတစ်ချက်ဆက်လိုက်ရုံပါပဲ.. အချိန်မရွေးပေါ့ ၂၄ နာရီ ဝန်ဆောင်မှုပါ..... သူ့မှာ ညီတစ်ယောက်အကိုတစ်ယောက်ရှိပါသေးတယ် သူတို့ညီအကိုသုံးဖော်ရဲ့အဖေက အခုမှထောင်ကလွတ်လာတာပါ ရာနာကသူ့အဖေဆိုမျက်နှာချင်းတောင်မဆိုင်ချင်လောက်အောင် မုန်းတာပါ အဲဒီတော့ သူ့အဖေထောင်ကထွက်လာတဲ့အခါမှာ ဆရာကောင် ရာနာနဲ့ ဘာပြသနာတွေတက်မလဲ သူ့အဖေကရော ဘာလို့ထောင်ကျသွားတာလဲ အရင်ကရော ဘာတွေဖြစ်ခဲ့လဲ ခုလဲဘာဆက်ဖြစ်မလဲဆိုတာ တစ်ဝကြီးကြည့်ရှုရမဲ့ အဖေနဲ့သားများ ဂန်းစတားအထာဇာတ်လမ်းလေး ဖြစ်ပါတယ်Netflix series ဖြစ်တာနဲ့အညီ ဆက်တင်အလန်း ရိုက်ချက်အလန်း အက်ရှင်ခန်းအလန်းတွေအပြင်အသုံးအနှုန်းတချို့ဇာတ်ကွက်တွေကလဲ ဆယ့်ရှစ်အပေါင်းမက နှစ်ဆယ့်တစ်အပေါင်းနီးပါးမို့မိသားစုနဲ့အတူ မကြည့်ရှုသင့်ကြောင်းတော့ ကြိုတင်သတိပေးလိုက်ပါရစေ။File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 50mTotal Episodes:Subtitle – ...
8.1
TMDb: 8.1/10 8 votes
tv

Rana Naidu (2023)

2023
Shadow and Bone Season (1+2) 8.2
Shadow and Bone Season (1+2) Shadow and Bone (2021)===================IMDb Rating - 8.2/10ဒီနှစ်အတွက် မှော်စီးရီး ကောင်းကောင်းလေး ကြည့်ချင်နေတဲ့သူတွေအတွက် Shadow and Bone က တကယ် ကျေနပ်စေမှာပါ။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်နိုင်ငံနဲ့ တိုင်းပြည်တွေအပေါ် အခြေခံပြီး တည်ဆောက်ထားပါတယ်။ ရက်ဗ်ကာဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးတစ်ခုဟာ နိုင်ငံအလယ်မှာ ဘယ်လိုမှ ဖျက်ဆီးလို့မရတဲ့ အမှောင်တံတိုင်းကြီးနဲ့ ကာဆီးနေပြီး ကွဲပြားနေပါတယ်။ အရှေ့ဘက်နဲ့ အနောက်ဘက်ကို ခရီးသွားဖို့ အမှောင်တံတိုင်းကြီးကိုဖြတ်ဖို့ကလည်း အထဲက သတ္တဝါဆိုးကြီးတွေကြောင့် အန္တရယ်များလွန်းပါတယ်။ တံတိုင်းကြီးကို ဘေးကပတ်သွားတော့လည်း လမ်းတွေက ကြမ်းတမ်းပြီး ရန်သူတွေ ဝိုင်းနေတာပါပဲ။ ဒီတော့ ဒီတံတိုင်းကိုသာ ဘေးကင်းကင်း ဖြတ်ကူးနေနိုင်သူက နိုင်ငံရဲ့ အချမ်းသာဆုံးအဖြစ် လွယ်လွယ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရက်ဗ်ကာနိုင်ငံက လူတွေကလည်း သာမန်တွေမဟုတ်ပါဘူး။ မှော်အစွမ်းကိုယ်စီရှိတယ်သူတွေလည်း ပါပါတယ်။ မီး၊ရေ၊လေ၊အမှောင်ကို ထိန်းနိုင်သူတွေ၊ လူကို ထိန်းချုပ်နိုင်သူတွေ ...
8.2
TMDb: 8.2/10 13535 votes
tv

Shadow and Bone Season (1+2)

2021
Sex/Life – Season (01),(02) 6.5
Sex/Life – Season (01),(02) Sex/Life - Season (01),(02) ==================== IMDb Rating - 6.5/10 Comedy, Drama, Romanceဇာတ်ကားနာမည် မြင်တာနဲ့ ပြေးဒေါင်းတော့မယ်ဆိုတာ သိပေမယ့် အညွှန်းလေးတော့ ဖတ်သွားဦးဗျ :3၊ ပထမဆုံး မှာချင်တာက ဒီကားဟာ မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ကားဖြစ်သလို တစ်ယောက်တည်းကြည့်ရင်လည်း နားကြပ်နဲ့ ကြည့်ပါ။ B.B.Easton ရဲ့ 44 Chapters about Men ကို အခြေခံရိုက်ကူးထားတဲ့ Sex/Life ဟာတော့ စားစော်ကြီး တစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ဘီလီ ကော်နယ်လီဆိုတဲ့ မိန်းမဟာ တော်တော့ကို ထန်တဲ့သူပါ။ ဘယ်လောက်ထန်သလဲဆို ကလေးနို့တိုက်ရင်းတောင် စိတ်က ကယောင်ချောက်ချားတွေ မှန်းဖီးလ်ပါတယ်။ ဟုတ်ပါတယ် သူက လင်ရှိအမျိုးသမီး ကလေးနှစ်ယောက် အမေပါ။ လင်ရှိရဲ့သားနဲ့ ဘာလို့ ဒီလောက်ဖြစ်နေလဲမေးရင်တော့ သူ့လင် ကူပါက ကလေး (၂)ယောက်မွေးပြီး သူ့တာ၀န်ကျေပြီ ထင်နေတဲ့ကောင်စားလို့ ပြော ရမှာပေါ့။ ဒီတော့ ဘီလီတစ်ယောက် သူ့ရဲ့ အတိတ်တုန်းက သူဌေး၊ ငမွဲမချန် ရှိသမျှကောင်းဆိုးလေးတွေနဲ့ ကျုံးခဲ့တာတွေကို သူ ပြန် တမ်းတပြီး သူကိုယ်တိုင် ...
6.5
TMDb: 6.5/10 200 votes
tv

Sex/Life – Season (01),(02)

2021
Return Man (2023) 8
Return Man (2023) Return Man / ဥစ္စာရင်းစစ်စစ် ကိုယ်တို့အချစ် (၂၀၂၃)ချစ်သူသက်တမ်း ၇ နှစ်ကြာမှ ကိုယ်နဲ့ရင်ဘောင်မတန်းနိုင်ဘူးဆိုပြီး ချစ်ရသူ "ချင်း" ရဲ့ သစ်စိမ်းချိုးချိုး စွန့်ပစ်ခံလိုက်ရတဲ့ "ပရစ်ပရောင်" ဘဲပစ်ရုံတင်မက သားသမီးလိုမွေးမြူထားတဲ့ကြောင်လေးကို ရည်းစားဟောင်းကယူသွားလို့ တစ်ပူပေါ်နှစ်ပူဆင့်ဘဝ‌ ရောက်သွားတဲ့ ပရစ် တစ်‌ယောက် မင်္ဂလာပွဲတစ်ခုမှာ အမှတ်မထင်ဆုံခဲ့ပြီး ကိုးရိုးကားရားဖြစ်ခဲ့တဲ့ ယော့ယုသ်ကို သတိရလိုက်မိတဲ့အခါကိုယ့်ပစ္စည်းသာမှန်ရင် ပိုင်ရှင်ဆီပြန်ရောက်စေရမယ်ဆိုတဲ့ဆောင်ပုဒ်နဲ့ Return Man ဆိုတဲ့ကုမ္ပဏီက ယော့ယုသ်နဲ့ မြောင်မာမီ ပရစ်ပရောင်တို့ရဲ့ ကြောင်ရှာပုံတော်ကို အရင်းတည်ရာက အလုပ်အပ်သူကနေ အလုပ်ရှင်နဲ့ဝန်ထမ်းဘဝ ရောက်သွားတဲ့အခါ သူတို့ဘာတွေဆက်ဖြစ်ကြမလဲ။ လွဲစိန်လေးဖြစ်တဲ့ပရစ်နောက်ကနေ ယော့ယုသ်တစ်ယောက် ဘယ်လိုလိုက်ထိန်းမလဲ။ အလုပ်အပ်တဲ့လူတွေရဲ့ ပစ္စည်းတွေကို လိုက်ရှာပေးရင်းနဲ့ သူတို့ရဲ့အချစ်ကိုရော ရှာတွေ့သွားမှာလားဆိုတာကို ကြည့်ရှုရင်း ရယ်မောခြင်းဖြင့် ဘဝအမောတွေ ဖြေဖျောက်လိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ, Lai Laii, Thada, Summer တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p ...
8
TMDb: 8/10 14 votes
tv

Return Man (2023)

2023
You – Season (04) 7.7
You – Season (04) You - Season (04) =============== IMDb Rating - 7.7/10ကဲ.. စာတွေအရမ်းဖတ် စာတွေအရမ်းတတ်ပြီး အရာရာမှာ ပိရိလွန်းတဲ့ ကိုကို ဂျိုးပြန်လာပါပြီ။ ရှေ့က ပြီးခဲ့တဲ့ စီစန်တွေမှာ ကိုကိုဂျိုးတစ်ယောက် သူကပြုသလို၊ သူ့ကို ပြုတဲ့သူတွေနဲ့ လည်း ကြုံတွေ့ခဲ့ရပြီးပါပြီ။ဒီစီစန်မှာတော့ ကိုကိုဂျိုးတစ်ယောက် ပဲရစ်ဆိုတဲ့ အရပ်ဒေသ မှာ လူသစ် စိတ်သစ်နဲ့ အခြေချနေထိုင်လို့နေပါတယ်။ သူ့စကား အရဆိုရင်တော့ "ဥရောပ အားလပ်ရက်ခရီး" ပေါ့။ သို့ပေမယ့် မပြောင်းလဲသေးတာက သူ့ရဲ့ စိတ်ပါပဲ။သူကိုယ်တိုင် ပြောင်းလဲတော့မယ်၊ မချစ်ဘူး လူတွေနဲ့ မပတ်သတ် ဘူး၊ စာအုပ်တွေပဲ ဖတ်မယ်လို့ ကြွေးကြော်နေပါသော်ငြား ကိုယ်တိုင် မသိလိုက်ခင်မှာပဲ သူဟာ မထင်မှတ်ထားချင်ယောင်ဆောင်ထားတဲ့ ကိစ္စအရပ်ရပ်ကို လုပ်ပြီးနေပါပြီ။ ဒီ‌တော့ ဒီတစ်ခေါက်မှာရော ဇာတ် မြှုပ်နေတဲ့ ဂျိူးတစ်ယောက် ဘယ်လိုပြဿနာတွေ ဖန်တီးပြီး လွတ် မြောက်သွားဦးမှာလဲဆိုတာ ဆက်လက်ကြည့်လိုက်ရအောင်ပါ။(ဒီစီးရီးရဲ့ အညွှန်းကို Act Molemy မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(350 ...
7.7
TMDb: 7.7/10 251000 votes
tv

You – Season (04)

2023
The Last of Us(2023) 9.2
The Last of Us(2023) The Last of Us(2023)================= ဂိမ်းလောကထဲမှာ နာမည်အကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီးဆုပေါင်းများစွာ ရရှိထားတဲ့ The Last of Us action ဂိမ်းကိုစီးရီးအနေနဲ့ တင်ဆက်လာပါပြီ။တစ်ပတ်တစ်ပိုင်းနဲ့ ၉ ပိုင်း အပတ်စဉ် ထွက်ပါလိမ့်မယ်။ ပထမဆုံးအပိုင်းကတော့ Imdb 9.8 နဲ့ တာထွက်ကောင်းနေပါပြီ။ မင်သားကလည်းGame of Thrones, Mandalorian, Kingsmen ကားတွေထဲကPedro Pascal ပါပဲ။ မင်းသမီးကလည်း Game of Thrones ထဲမှာအားလုံးချစ်ကြတဲ့ လေဒီ လာယာနာမော်မွန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့Bella Ramsey ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာအခြေပြုထားပါတယ်။ နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့ကစစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။ဇုံတွေထဲက ခိုးထွက်ရင် ခိုးဝင်ရင်ကို ကြိုးပေးသတ်ပါတယ်။သူတို့တွေကို ပိုးစုန်းကြူးတွေဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်းတိုက်ခိုက်နေပါတယ်။ ဂျိုအယ်ကတော့ ...
9.2
TMDb: 9.2/10 30 votes
tv

The Last of Us(2023)

2023
Little Fires Everywhere (2020) 8
Little Fires Everywhere (2020) Little Fires Everywhere (2020) ======================= IMDb Rating - 7.7/10"မစ္စစ်ရစ်ချက်ဒ်ဆန် တစ်ယောက်ယောက်က ခင်ဗျားအိမ်ထဲမှာ ရှိနေတုန်း တမင်တကာ အိမ်ကိုမီးရှို့သွားတာ" ရစ်ချက်ဒ်ဆန် မိသားစုရဲ့အိမ် မီးလောင်ရာကနေ ဇာတ်လမ်းစပါတယ်။ဘယ်သူရှို့မှန်းမသိရာကနေ မီးလောင်မှုမဖြစ်ခင် လွန်ခဲ့တဲ့(၄)လ ကို နောက်ကြောင်းပြန်ရင်း ဇာတ်လမ်းဖြစ်လာပါတော့တယ်။ အပြင်ပန်းကကြည့်လိုက်ရင် ငွေကြေး၊ လူမှုရေးအသိုင်းအဝိုင်း အကုန်ပြည့်စုံနေတဲ့ ရစ်ချက်ဒ်ဆန်မိသားစု။ ခမ်းနားတဲ့အိမ်ကြီး ရယ်၊ ငွေရှာကောင်းတဲ့အဖေနဲ့အမေရယ်၊ ဆယ်ကျော်သက် မောင်နှမ၄ယောက်ရယ်နဲ့ အဆင်ပြေပြေသိုက်သိုက်ဝန်းဝန်းရှိ လှတဲ့ မိသားစုပေါ့။ သူတို့နဲ့ဖီလာဆန့်ကျင်စွာပဲ မီယာနဲ့ပရဲလ်တို့ ကတော့အမေတစ်ခုသမီးတစ်ခု၊ အိမ်ပိုင်ယာပိုင်မရှိတဲ့အပြင် အမေဖြစ်သူရဲ့အလုပ်ကြောင့် ခဏခဏရွှေ့ရပြောင်းရတတ် ပါတယ်။တစ်နေ့ကျ ရစ်ချက်ဒ်ဆန်တို့ရဲ့အိမ်ငယ်တစ်လုံးကိုမီယာတို့ သားအမိ ငှားလိုက်တဲ့အချိန်ကစလို့ဆန့်ကျင်ဘက်မိသားစုနှစ်စု တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ မတူညီတဲ့ လူနေမှု စနစ်က မိသားစုနှစ်ခု၊ ရိုးရှင်းတယ်ထင်ရပေမဲ့ မိသားစုအရေး မီးပွားသေးသေးလေးတွေကနေ အိမ်ကြီးတစ်ခုလုံး မီးလောင် ပြာကျရလောက်တဲ့ အခြေအနေထိဆိုက်သွားပါတယ်။ဒီ Series ဟာ Celeste Ng ရဲ့2017တုန်းက အရောင်းရဆုံးစာအုပ် စာရင်းဝင်ခဲ့တဲ့ "Little Fires Everywhere"စာအုပ်ကို ပြန်လည် အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး IMDb rating 7.7ထိ ရရှိ ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin ...
8
TMDb: 8/10 240 votes
tv

Little Fires Everywhere (2020)

2020
Never Give Up (2023)
Never Give Up (2023) ကောင်းဖာ အီလက်ထရောနစ် ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးဌာန (၃) ဟာ ကုမ္ပဏီအတွင်းအရမ်းကိုမှ ထူးခြားဆန်းကြယ်တဲ့ ဌာနတစ်ခုအဖြစ်တည်ရှိခဲ့ပါတယ် ။ကောင်းမွန်လှတဲ့ စီမံခန့်ခွဲမှုတွေကြောင့် နယ်ပယ်တစ်ခုလုံးရဲ့ ထိပ်ပိုင်းမှာ၁၀ နှစ်တိတိဦးဆောင်ရပ်တည်ခဲ့ပါတယ် ။ ဒါပေမဲ့ အခုလက်ရှိ ၃ နှစ်အတွင်းမှာအားကိုးလိုမရနိုင်တဲ့ စီမံခန့်ခွဲမှုတွေ ထပ်ခါတလဲလဲ လုပ်ဆောင်မှုကြောင့်ဌာနရဲ့ ရာထူးအဆင့်အတန်းတွေကလဲ ကျဆင်းလိုသွားခဲ့ပါတော့တယ် ။ရာထူး အဆင့်အတန်း ဂုဏ်တွေကျဆင်းသွားခဲ့တဲ့စီမံခန့်ခွဲရေးဌာန (၃) အတွင်းမှာအရည်အချင်းရှိတဲ့ အလုပ်သမားတွေကလဲ ရှိလိုနေခဲ့ပါတယ် ။❏ စီမံခန့်ခွဲရေးဌာန အဖွဲ (၃) ဟာ ၎င်းကျဆုံးသွားတဲ့ ဂုဏ်ကျက်သရေနဲ့ အဆင့်အတန်းတွေကိုပြန်လည်အရယူနိုင်မယ်လို အခိုင်အမာယုံကြည်ထားတဲ့ - လီထျန်းရန် (ကျန့်ခိုင်)❏ အတွင်းစိတ် အေးအေးချမ်းချမ်း နဲ့ သူများနဲ့မတူ တမူထူးကာနေတတ်ပြီးဘယ်အရာမဆို လျစ်ရှုနေတတ်တဲ့ အကျင့်ကို ပိုင်ဆိုင်ထားတဲ့ - ဖန့်စီးစီး (ချန်ယွိချီ)❏ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာခဲ့ပြီးသူဌေးသားလုပ်နေမဲ့အစားကြိူးစားရုံးကန်ရတဲ့ ဘဝကိုပဲ ရွေးမယ်ဟု ကြုံးဝါးထားသူ ...

Never Give Up (2023)

Bride of the Typhoon (2022)
Bride of the Typhoon (2022) Bride of the Typhoon 2022လက်တုံ့ပြန် ကလဲ့စား အမုန်းတရားတွေကြား တမြိုက်မြိုက်လောင်တာကိုမှ ကြိုက်တဲ့အမျိုးတို့အတွက် ဇာတ်လမ်းနာမည်နဲ့တင် လောင်နေရပြီးသား ဒရမ်မာရှည်လာပါပြီဇာတ်လမ်းအကျဥ်းလေးကို ပြောရရင်တော့မိဘနှစ်ပါးရဲ့ချစ်ခြင်းကိုခံရသလို ဘဝဟာပြီးပြည့်စုံသာယာနေပြီး တက်​ကြွဖျက်လတ် ဆက်ဆံပေါင်းသင်းရေးကောင်းတဲ့ ကောင်မလေး ဆောယောင်း...တစ်နေ့ ဆောယောင်းတို့မိသားစုထဲ ဝင်လာပြီး သူမမိဘ​တွေကို ဆိုးရွားတဲ့ဖြစ်ရပ်တွေ့ကြုံခံစားစေခဲ့တဲ့ လူတစ်ယောက် ဂန်ဘဲ့ဆန်း...ဆောယောင်းတစ်ယောက် မိသားစုအသိုက်အမြုံပျက် တစ်ယောက်တည်း ရှင်သန်ခဲ့ရပြီး တစ်နေ့ ဂန်ဘဲ့ဆန်းက အလှကုန်ပစ္စည်းကုမ္ပဏီကြီးနဲ့ ကြီးပွားနေကြောင်း သိရပြီးနောက်...ဂန်ဘဲ့ဆန်းရဲ့သားဖြစ်သူ ဂန်ထယ်ပွန်းကို လက်ထပ်ယူပြီး ကလဲ့စားချေဖို့ ကြိုးစားတဲ့အခါ...ရန်သူ့သားကို လက်ထပ်ပြီး ရန်သူကိုယောက္ခမတော် တိုင်ဖွန်းမုန်တိုင်းလို လက်တုံ့ပြန် မွှေနှောက်တိုက်ခတ်ပစ်မယ့် သတို့သမီးလေး ဆောယောင်းရဲ့ကလဲ့စားချေမစ်ရှင်ကြီး အောင်မြင်ပါ့မလားဆိုတာအပတ်စဥ် တနင်္လါနေ့ကနေ သောကြာနေ့ထိ ၅ပိုင်းနှုန်းနဲ့ တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်ဆက် စောင့်ကြည့်ကြရအောင်ပါ( အညွှန်းရေးသားထားသူကတော့ Hay Mann ပါ )Native Title: 태풍의 신부 Episodes: 100 Aired: Oct ...

Bride of the Typhoon (2022)

2022
The Glory  (2022)[Complete]
The Glory (2022)[Complete] The Glory (2022)*****************အပိုင်း (၁ မှ ၁၆ ) ထိ စ/ဆုံး တို့မမ ဆုန်းဟယ်ဂို ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ မထွက်ခင်ကတည်းကအားလုံးသိထားတဲ့အတိုင်း လက်စားချေတဲ့ ဇာတ်မျိုးဖြစ်လို့ လောင်လို့ ကောင်းကြဦးမှာ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်း ...ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ တစ်ပုံကြီးနဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် ... ကံဆိုးစွာနဲ့ပဲ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခုမှာ နစ်နာသူဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျောင်းနားရမဲ့အထဲ သူလည်း ပါဝင်ခဲ့ရတယ်။နှစ်တွေ ကြာလာတဲ့အခါမှာတော့ တစ်ချိန်က ကျောင်းတွင်းအကြမ်းဖက်မှုမှာအမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူဟာ အိမ်ထောင်ရပ်သားကျပြီး သားသမီးတွေပါထွန်းကားခဲ့ပါပြီ။ ဒီလိုနဲ့ သူရဲ့ သားသမီးတွေ ကျောင်းနေရမဲ့ အရွယ်ရောက်လာပါတော့တယ်။ကံကြမ္မာအလှည့်အပြောင်းအနေနဲ့ ကလေးတွေရဲ့ အတန်းပိုင် ဆရာမကတစ်ချိန်က သူ အနိုင်ကျင့်ခဲ့တဲ့သူဖြစ်နေတဲ့အခါ ...ဘာတွေဆက်ဖြစ်မလဲ? မိဘနဲ့ ရန်ငြိုးရှိခဲ့တာကြောင့် ကလေးတွေအပေါ် မညှာမတာလုပ်ရပ်တွေနဲ့ လက်စားချေသွားမလား? ဆရာ ဆိုတဲ့ ဂုဏ်အတိုင်း ကလေးတွေကို ငဲ့ညာမလား?ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။Aired: Dec 30, 2022 Aired ...

The Glory (2022)[Complete]

2022
W: Two Worlds Apart (2016) 8.499
W: Two Worlds Apart (2016) W: Two Worlds Apart (2016)***************************(စ-ဆုံး)ဒီတစ်ခေါက်မှာတော့ Channel Myanmarပရိသတ်ကြီးအတွက် 2016တုန်းကဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ W Two Worlds ဇာတ်လမ်းတွဲကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအညွှန်းကတော့…နှလုံးခွဲစိတ်ဆရာဝန်မလေး အိုယွန်းဂျူဟာဖခင်ဖြစ်သူ အိုဆောင်းမူဖန်တီးတဲ့ Wဆိုတဲ့ဝဘ်တွန်းကို အသည်းစွဲကြိုက်သူပါ'W'ဝဘ်တွန်းထဲမှာ သူမ အကြိုက်ဆုံးဇာတ်ကောင်ကတော့ ဇာတ်လိုက်ကျော် ဂန်ချောကိုပေါ့ တစ်နေ့မှာတော့ အိုယွန်းဂျူတစ်ယောက် ဖခင်နေအိမ်ကိုသွားရင်းအမှတ်မထင် အခြားကမ္ဘာတစ်ခုထဲ အဆွဲသွင်းခံလိုက်ရပြီးသွေးအိုင်ထဲမှာ လဲနေတဲ့ လူတစ်ယောက်ကယ်ဖို့ အကြောင်းဖန်လာပါတော့တယ် အဲဒီလူက သူ့အဖေဖန်တီးထားတဲ့ 'W'ဝဘ်တွန်းထဲကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဇာတ်လိုက်ကျော် ဂန်ချောမှန်းအိုယွန်းဂျူသိသွားတဲ့အချိန်မှာတော့… ထွေထူးပြီး ညွှန်းစရာမလိုတဲ့ ကမ္ဘာနှစ်ဖက်က အချစ်ဇာတ်လမ်းကောင်းလေးဖြစ်လို့ဆက်လက်ခံစားကြည့်ရှုကြပါဦး......( အညွှန်းကို Khine Khine Wai မှ ရေးသားထားပါသည်) Episodes: 16File Size:1.2GB, 502MBQuality :Web-DL 1080p,720PGenres: Drama, Sci-Fi & Fantasy, Comedy,RomanceTranslated by  Khine Khine Wai, Hnin Wut Yi,Hnin Wai Oo  & WinEncoded ...
8.499
TMDb: 8.499/10 763 votes
tv

W: Two Worlds Apart (2016)

2016
Island(2022)
Island(2022) Island(2022)****************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံးဒီစီးရီးက မထွက်ခင်ကတည်းက တော်တော်ဟိုက်နေတဲ့အထဲပါတယ်...နတ်ဆိုးတွေ စူပါပါဝါတွေအပြင် ခပ်ဆန်းဆန်း ဇာတ်အိမ်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေကြောင့်ဆိုလည်းမမှားပါဘူး...ဇာတ်လမ်းတွဲက ခေါင်းစဉ်အတိုင်း ကျွန်းတစ်ကျွန်းကိုအခြေခံထားပါတယ်..ဒီကျွန်းမှာ အံဖွယ်ဖြစ်ရပ်များစွာရှိပြီး သာမန်လူတွေယုံဖို့ခက်ခဲတဲ့ဖြစ်ရပ်ဆန်းတွေရှိတယ်...အားလုံးတိမ်ကောနေပြီလို့ထင်ထားတဲ့ နတ်ဆိုးတွေကိုလူတစ်စုဟာ မတော်တဆ သွားနှိုးလိုက်သလိုဖြစ်သွားပြီးတဲ့နောက်မှာတော့..နတ်ဆိုးတွေပြန်လည်ရှင်သန်နိုးထလာခဲ့တယ်..အဲ့ဒီနောက်မှာတော့ လူသားတွေကို သိမ်းပိုက်ဖို့နဲ့နတ်ဆိုးတွေလောကကြီးကိုအုပ်စိုးဖို့ ဘာမဆိုလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့...စွမ်းအားရှင်တွေ ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုတော့... Episodes: 12File Size:1.1GB, 500MBQuality :Web-DL AMZN 1080p,720PGenres: Sci-Fi & Fantasy, Action & Adventure, DramaTranslated by  Estel, Thynn ,Hae Areum  & MiriEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB   •   Mega.NZ     •  StreamVID[1080p]  ...

Island(2022)

2022
The Catch (2023) 5.7
The Catch (2023) The Catch (2023) =============“ချိတ်”ချိတ်ဆိုတဲ့အရာဟာ ချိတ်တတ်တဲ့ သဘောရှိတယ်။ ကြည့်ပါဦး ဒီတူညီတဲ့စာလုံးကိုပဲ ကျွန်တော်တို့တွေ အသံထွက်မတူအောင် ထွက်လိုက်ရပြီ။ “ချိတ်မိသည်” ဆိုလည်း ဒီစာလုံး “ချိတ်” ဆိုလည်း ဒီစာလုံးပါပဲ။ ဒီတော့ ချိတ်ဆိုတာ ဘယ်အချိန်မှာ ချိတ်မိတတ်လဲ။ နောက်ချိတ်တစ်ခုနဲ့ တွေ့တဲ့အခါ ချိတ်မိတတ်တာပေါ့။ဘယ်ချိတ်နဲ့မှ မတွေ့ဘဲ ဘာကိုချိတ်မိနေမှန်းမသိတဲ့ ချိတ်တစ်ခု အကြောင်း သိချင်ရင်တော့ ဒီစီးရီးလေးကို ကြည့်သင့်တယ်ထင် ပါတယ်။ ယူကေကနေ ယခုနှစ်ပိုင်းမှာမှ ထွက်ရှိလာတဲ့ စီးရီးကောင်း လေးတစ်ခုဖြစ်ပြီး လူကြိုက်များရေပန်းစားနေတဲ့စီးရီးကောင်းလေး လည်းဖြစ်ပါတယ်။အပိုင်းအနေနဲ့ကတော့ စုစုပေါင်း လေးပိုင်းသာပါဝင်မယ့် စီးရီးအသေး စားလေးဖြစ်ပြီး ကျွန်တော့်အတွက်တော့ ဇာတ်အိမ်ခန့်မှန်းရအခက်ဆုံး စီးရီးတွေထဲက တစ်ခုပါပဲ။ ပဟေဠိပေါင်းများစွာ၊ ရှပ်ထွေးမှုပေါင်းများစွာ၊ နားမလည်နိုင်ချင်းပေါင်းများစွာထဲမှာ နစ်မြောသွားချင်တယ်ဆိုရင်တော့ ဒီစီးရီးလေးကို ရှုစားပေးဖို့လိုပါလိမ့်မယ်။နယ်မြေလေးတစ်ခုက မိသားစုလေးတစ်ခုအကြောင်းနဲ့ စတင်ဇာတ်အိမ် တည်ထားတဲ့ The Catch ဆိုတဲ့ ဒီစီးရီးလေးဟာ ကောင်းလွန်းလှတာမို့ စီးရီးနှစ်ခြိုက်သူပရိသတ်အပေါင်း ရှုစားပေးလှည့်ကြပါဦးခင်ဗျာ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ San Thu Aung ဖြစ်ပါတယ်။)File Size.............(600 MB) / (300 MB) Quality...............WEB-DL 1080p / ...
5.7
TMDb: 5.7/10 1447 votes
tv

The Catch (2023)

2023
In Love All Over Again (2023) Season 01 Complete 6.3
In Love All Over Again (2023) Season 01 Complete In Love All Over Again (2023) Season 01 Complete ~ IMDb - 6.3/10, Rotten Tomatoes - 80% ~ မက်ဒရစ်က ရထားကြီးတစ်စီးမှာ အကြိမ်ကြိမ်အခါခါ လွဲခဲ့ကြတဲ့ စုံတွဲလေးတစ်တွဲရှိတယ်။ ထင်သလိုအလျဉ်းမဖြစ်တဲ့ ကံကြမ္မာအောက် မြင်မြင်ချင်းအချစ်နဲ့ ချစ်မိကြပေမဲ့ သူတို့အချစ်တွေ အခါခါလွဲခဲ့ကြဖူးတယ်။ ကောင်မလေးက ဒါရိုက်တာဖြစ်ချင်တယ်။ မက်ဒရစ်က အနုပညာကျောင်းမှာတက်ပြီး ရုပ်ရှင်ဇာတ်လမ်းတိုလေး တစ်ကားရိုက်ဖို့ကြိုးစားနေတဲ့ ဒါရိုက်တာပေါက်စမလေးပေါ့။ ကောင်မလေးကိုမတွေ့ခင်က ကောင်လေးရဲ့ ဘဝမှာ ဘာရည်ရွယ်ချက်မှ မရှိခဲ့ဘူး။ ဇာတ်ဆောင်မရှိတဲ့ ကောင်မလေးရဲ့ ရုပ်ရှင်မှာ ဇာတ်ဆောင်ဖြစ်ပေးဖို့ ကြိုးစားရင်း သရုပ်ဆောင်ဖြစ်ဖို့ ဝါသနာ ပါမှန်းမသိပါလာခဲ့တယ်။ စပိန်က နာမည်ကျော် ဒါရိုက်တာကြီးကလည်း သူ့ကို သဘောကျပြီး ခေါ်သုံးချင်ခဲ့တယ်။ ဒီလိုနဲ့ အိမ်အပြန်ရထားကြီးတစ်စီးမှာ ပေါက်တဲ့ဗုံးဟာ သူတို့၂ယောက်ကို ရှင်ကွဲခွဲသွားတယ်။ နှစ်ပေါင်းဘယ်လောက်ကြာလဲတော့ မသိဘူး။ ဒါပေမဲ့ ...
6.3
TMDb: 6.3/10 19 votes
tv

In Love All Over Again (2023) Season 01 Complete

2023
Luna Nera – Season (01) 6.0
Luna Nera – Season (01) Luna Nera - Season (01) ================= IMDb Rating - 6.0/10နာတာလီဟာ လက်သည်အဘွားကြီးတစ်ယောက်ဖြစ်ပြီး မွေးလူနာ တစ်ယောက်အခက်အခဲတွေ့နေတဲ့အချိန်မှာသူ့မြေးမငယ် အာဒီနဲ့ အတူ ကူညီမွေးဖွားပေးနေခဲ့ပါတယ်။ မွေးကင်းစကလေးဟာကံ မကောင်းအကြောင်းမလှစွာသေဆုံးလုဆဲဆဲအချိန်မှာ မွေးလူနာက အာဒီကိုစုန်းမဆိုပြီး ထိတ်လန့်မောင်းထုတ်ခဲ့သလို အဲ့ဒီကလေးငယ် လည်း သေဆုံးသွားခဲ့ရပါတယ်။အခြေအနေတွေကိုကြိုမြင်တဲ့ နာတာလီဟာ တကယ်လို့ သူ့ကိုစုန်း လိုက်မုဆိုးတွေလာခေါ်သွားပြီး ပြန်မလာနိုင်ခဲ့ရင်ဆိုတဲ့အကြောင်း ပြချက်နဲ့ ဆန်းကြယ်တဲ့ရှေးဟောင်းစာအုပ်တစ်အုပ်၊ ပြီးတော့ ပျောက် ဆုံးနေတဲ့မြို့တော်များလို့ခေါ်တဲ့နေရာတစ်ခုကိုရှာတွေ့နိုင်ဖို့ လိုအပ် တာတွေကို အာဒီထံသင်ကြားပြသပေးပြီး မောင်ဖြစ်သူ ဗလန်တေး ကိုလည်း စောင့်ရှောက်ဖို့မှာထားခဲ့ပါတယ်။ပီထရိုဆိုတဲ့ကောင်လေးကတော့ ရောမမှာခေတ်ပေါ်ဆေးပညာကိုသင် ကြားနေသူဖြစ်ပြီးတော့ သူတို့ကိုသူ့ဆရာကနေ ဒီခေတ်မှာစုန်းတွေ မှော်အတတ်တွေဟာတကယ်မရှိတော့ဘဲ ဆေးသိပ္ပံနည်းကသာအရာရာ ကို ဖြေရှင်းနိုင်ကြောင်းလက်တွေ့ပြသလေ့ရှိပါတယ်။ သူ့အမေနေမ ကောင်းဘူး ဆိုတဲ့သတင်းစကားကြောင့်နေရပ်ကိုပြန်လာချိန်မှာတော့ သူ့ဖခင်ဟာစုန်းလိုက်မုဆိုးအဖွဲ့ခေါင်းဆောင်ဖြစ်နေပြီး သူ့အမေမကျန်း မာဖြစ်ရတာရယ်၊မွေးကင်းစကလေးသေဆုံးမှုရယ်ဟာ နာတာလီဆိုတဲ့ စုန်းမကြီးလက်ချက်လို့တစ်ထစ်ချယုံကြည်ပြီးစုန်းတွေကို အမြစ်ဖြတ် ချေမှုန်းတော့မယ့်အချိန်ပါပဲ။ဆန့်ကျင်ဘက်နောက်ခံနှစ်ခုဆီက အာဒီနဲ့ ပီထရို၊ ရှေးဟောင်းအယူသီး မှုတွေနဲ့ခေတ်ပညာတတ်လူငယ်တွေကြားက လွန်ဆွဲအားပြိုင်မှုတွေ၊ ရှေးခေတ်သဘာဝလွန်ပညာတွေရဲ့နက်နဲမှုနဲ့ လျှို့ဝှက်ချက်တွေကိုရပ် သပ်ရှုမောတွေ့မြင်ရပါလိမ့်မယ်။ ရာဇဝတ်နောက်ခံ ဇာတ်လမ်းသဘော ကျနှစ်သက်သူတွေ၊ စုန်းကဝေမှော်ကားကြိုက်ပရိသတ်တွေ အကြိုက် တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်။အဲတော့ နာတာလီတစ်ယောက် စုန်းလိုက်မုဆိုးတွေလက်က ပြန်လာနိုင် ပါ့မလား၊ သူ့မြေးမငယ်အာဒီကရော တကယ်ပဲစုန်းတစ်ကောင်လား၊ သူ ရှာဖွေတွေ့ရှိစေချင်ခဲ့တဲ့ ရှေးဟောင်းစာအုပ်နဲ့လျှို့ဝှက်မြို့တော်မှာဘာတွေ ရှိနေမလဲ အစရှိတာတွေကို ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားစေချင်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Alias မှရေးသားပေးပြီး၊ ...
6.0
TMDb: 6.0/10 3200 votes
tv

Luna Nera – Season (01)

2020
La Révolution (2020) 6.6
La Révolution (2020) La Révolution (2020) ================ IMDb Rating - 6.6/101787 ခုနှစ်မှာ ပြင်သစ်ပြည်ကြီးဟာ ဝါးအစည်းပြေသလို ဖရိုဖရဲနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေပါတယ်။ အောက်ခြေ လူတန်း စားတွေက ငတ်မွတ်ခေါင်းပါးပြီး ဆင်းရဲမွဲတေနေသလောက် အာဏာပိုင်တွေကတော့ အဓိပ္ပာယ်မရှိတဲ့ အခွန်အတုတ်တွေ ကောက်ပြီး ပျော်ပါးနေကြတဲ့ ကာလပါ။အဲဒီလို အချိန်ကာလမှာ မွန်တာဇင်းနယ်မြေမှာ ရေဗက္ကာဆိုတဲ့ ဆင်းရဲသားမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အာဏာပိုင်တွေကတော့ တိုင်းတစ်ပါးသား ကလေကချေ အိုးမဲ့ အိမ်မဲ့ တစ်ယောက်က သတ်သွားတာလို့ ဝါဒဖြန့်ပြီး အိုကာဆိုတဲ့ အိမ်ခြေရာမဲ့ကို ကြိုးပေးဖို့ ပြင်ပါတော့တယ်။ ဒါပေမဲ့ အိုကာရဲ့ အကျဉ်းထောင် တာဝန်ခံဆရာဝန် ဂျိုးဆက်က အိုကာ့မှာ အပြစ် မရှိဘူးလို့ ယုံကြည်ပြီး လူသတ်သမား အစစ်ကို ရှာဖွေဖို့ ကြိုးစား ရင်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ပိုး တစ်ခုကို တွေ့ရှိသွားတဲ့နောက်မှာတော့…၁၈ ရာစု ပြင်သစ်တော်လှန်ရေးကြီး မဖြစ်ခင်ကာလကို သဘာ ဝလွန် အဖြစ်အပျက်တွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထား တာပါ။ ဖြစ်ရပ်မှန်နဲ့ fantasy ကို ရောသမမွှေလိုက်ရင် ...
6.6
TMDb: 6.6/10 5900 votes
tv

La Révolution (2020)

2020
Black Snow(2023) 6.706
Black Snow(2023)     1994 ခုနှစ်က အက်ရှ်ဖို့ဒ့်မြို့မှာအထက်တန်းကျောင်းသူတစ်ယောက်အသတ်ခံရတဲ့အမှုဟာ တစ်မြို့လုံးကိုထိတ်လန့်စေခဲ့ပါတယ်။သက်‌သေမလုံလောက်မှုကြောင့် အမှုကိုမဖြေရှင်းနိုင်ပဲရှိနေရာမှ တစ်နေ့မှာ အက်ရှ်ဖို့အထက်တန်းကျောင်းနှစ်100 ပြည့်အထိမ်းအမှတ်အနေနဲ့ အချိန်စုဘူးကိုဖွင့်လိုက်သောအခါ သဲလွန်စထွက်လာကာ အမှုကိုပြန်လည်စုံစမ်းဖို့ဖြစ်လာပါတော့တယ်။စုံထောက် ဂျိမ်းစ်က အမှုကို သာမန်ထက်ပိုစိတ်ဝင်စားကာ အမှုလိုက်ဖို့ကြိုးစားပါတော့တယ်။အမှုတရားခံက ဘယ်သူလဲစုံထောက် ဂျိမ်းစ်ကရော အမှုကိုဘာလို့စိတ်ဝင်စားတာလဲ စသဖြင့်‌မေးခွန်းပေါင်းများစွာနဲ့စီးမြောခံစားရမယ့် မှုခင်းဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ် File size…(917 MB)/(471 Mb) Quality…. 1080p / 720p Format…mp4 Duration….52 m Genre...Crime , Drama , Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice  Download Link  Episode 1 720p  -  Yoteshin / Megaup / Meganz / Streamsb / Usersdrive / Streamvid Episode 1 1080p  -  Yoteshin / Megaup / Meganz / ...
6.706
TMDb: 6.706/10 17 votes
tv

Black Snow(2023)

2023
Crash Course In Romance(2023)
Crash Course In Romance(2023) Crash Course In Romance(2023)*****************************အပိုင်း( ၁ မှ ၁၆ ထိ ) စ/ဆုံးဒီဇာတ်ကားလေးကတော့ တစ်နှစ်ကို စာသင်ကြားရင်း ၁ထရီလီယံ ရှာနိုင်လို့ "၁ ထရီလီယံတန် အမျိုးသား"လို့‌တောင်တင်စားကြပြီးတော့ ပုဂ္ဂလိကပညာရေးလောကရဲ့ BTSလို့တောင် ဆိုနိုင်တဲ့ အရမ်းကို တော်ပြီးနာမည်‌ကျော်ကြားတဲ့ ဆရာတစ်ယောက်နဲ့ ယခင်က နိုင်ငံ့လက်ရွေးစင် လက်ပစ်ဘော ကစားသမားဖြစ်ခဲ့ပြီးတော့ လက်ရှိမှာတော့ "နိုင်ငံ့လက်ရွေးစင် အရံဟင်း"ဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်‌နေတဲ့အမျိုးသမီးတစ်ဦးအကြား ကြည်နူးဖွယ် ဝမ်းနည်းဖွယ်တွေ ရောနှောနေကြတဲ့အချစ်ဇာတ်လမ်းလေးကို နောက်ခံထားပြီး ဖန်တီးထားပါတယ်..ပုဂ္ဂလိကပညာရေးနယ်ပယ်မှာ BTS‌ လောက်နီးနီး ရေပန်းစားတဲ့ Choi Chi Yeolက အလုပ်လည်းအလွန်ကြိုးစားပြီးတော့ စာသင်ကြားရာမှာလည်း ကျောင်းသားတွေရဲ့ အာရုံကို ဆွဲဆောင်ပြီး သင်ကြားတတ်တဲ့ ဆရာ‌တစ်ယောက်ဖြစ်တယ်...လူအများကြားမှာ ‌နာမည်ကျော်ကြား ရေပန်းစားတဲ့ ဆရာတစ်ယောက်အဖြစ် ကြွယ်ဝချမ်းသာမှုတွေ ကျော်ကြားမှုတွေ တိုးလာ‌သလောက် လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့သူတွေလို ခပ်တန်းတန်းပဲ ဆက်ဆံတတ်လာတယ်ဒီလို နာမည်ကျော်ဆရာတစ်ယောက်နဲ့ စိတ်လှုပ်ရှားလွယ်တဲ့ စားသောက်ဆိုင် ပိုင်ရှင်အမျိုးသမီးတို့ဆုံတွေ့ကြတဲ့အခါမှာ ဘယ်လို ခါးသက်သက် ဇာတ်လမ်းလေးတွေ ...

Crash Course In Romance(2023)

2023