Channel Myanmar

Drama

From Me to You: Kimi ni Todoke(2023)[Complete]
From Me to You: Kimi ni Todoke(2023)[Complete] From Me to You: Kimi ni Todoke(2023)************************************အပိုင်းသစ် (၁ မှ ၁၂) အထိ စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Kimi ni Todoke Anime Live action လေးလာပါပြီ။ အရမ်းအရှက်အကြောက်ကြီးပြီး ဆံပင်အရှည်ကြီးကိုအမြဲချထားတဲ့ Sawako ဆိုတဲ့ကျောင်းသူလေးတစ်ယောက်။အမြဲကြောက်ဖို့ကောင်းအောင်နေသလိုဖြစ်နေလို့ ကျောင်းကတခြားလူတွေကသူ့နာမည်အရင်းတောင်မခေါ်ဘဲ သရဲကားထဲက သရဲမနာမည်ဖြစ်တဲ့ "Sadako" လို့ပြောင်းခေါ်ကြပါတယ်..တစ်နေ့မှာတော့ ကျောင်းကို Shota ဆိုတဲ့ လူချစ်လူခင်ပေါများတဲ့ ကောင်လေးတစ်ယောက်ရောက်လာတဲ့အခါ...Sawako တစ်ယောက် Shota နဲ့သူငယ်ချင်းဖြစ်သွားတဲ့အခါ..သူတို့နှစ်ယောက် ဘယ်လိုရင်ခုန်စရာလေးတွေဖြစ်လာမလဲ Sawako ဘဝကြီးလည်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကတော့..နင်းကန်ပျော်ရွှင်ကြည်နူးရတဲ့ လူငယ်အချစ်ဇာတ်လမ်းတွဲလေးမို့ရင်ခုန်ကြည်နူး စိတ်ကြည်မြူးချင်တဲ့သူတွေကြည့်သင့်ပါကြောင်း...........Episode: 12Aired: Mar 30, 2023File Size:800MB, 300MBQuality :Web-DL 1080p,720PGenres:Romance, Drama, ComedyTranslated by  Thynn,  Jane &  EricEncoded by  Phyo Pyae<<<<<<TELE LINK>>>>>  Episode 1 720P>>>  ...

From Me to You: Kimi ni Todoke(2023)[Complete]

2023
A Shoulder to Cry On (2023)
A Shoulder to Cry On (2023) A Shoulder to Cry On (2023)အီဒါယောလ်က လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ကျောင်းတွင်း မြှားပစ်ကလပ်မှာ စိတ်အပန်းဖြေဖို့ ရှာဖွေနေတဲ့ မြှားပစ်ကျွမ်းကျင်သူ ဖြစ်ပါတယ် နာမည်ကြီးပြီး ချောမောတဲ့ ကျောင်းသား ဂျိုထယ်ဟျွန်းနဲ့ နားလည်မှုလွဲမှားခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ ပညာသင်ဆုအတွက် အန္တရယ်ကျရောက်လာခဲ့ပါတယ် ဒါယောလ်ဟာ အခွင့်အရေးလိုချင်လို့ ချဉ်းကပ်လာတယ်ဆိုပြီး ထယ်ဟျွန်းကစွပ်စွဲခဲ့ပါတယ် ဒါကြောင့် ထယ်ဟျွန်းဟာ ဒါယောလ် နောက်လိုက်ပြီး နှောင့်ယှက်ခဲ့ပါတယ် ဒါပေမယ့် ထယ်ဟျွန်းအပေါ် ဒါယောလ်က သဘောကျလာနေကြောင်း သိလိုက်ရတဲ့နောက်မှာတော့ ... OMEGA X အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကင်ဂျယ်ဟန်နဲ့ ရှင်းယယ်ချန်းတို့လို မင်းသားချောချောလေးတွေ ပါဝင်ထားကြတဲ့ A Shoulder To Cry On စီးရီးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်အညွှန်းကိုတော့ Myo Myo က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ MyoMyo and Hmwe ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File ...

A Shoulder to Cry On (2023)

2023
Falling for Innocence (2015) [Complete] 7.541
Falling for Innocence (2015) [Complete] Falling for Innocence (2015) (အစ-အဆုံး)အပိုင်းသစ် ( ၁၃ မှ ၁၆ (ဇာတ်သိမ်းပိုင်း) ထိ )ဂန်မင်ဟို(Jung Kyung Ho)ဟာ လူမှုရေးခေါင်းပါးပြီး သွေးအေးရက်စက်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်လိုချင်တာရဖို့ဆို သူများတွေဘဝကို ချနင်းဖို့ ဝန်မလေးတဲ့သူတစ်ယောက်ပါ။ငယ်ငယ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် ဦးလေးဖြစ်သူကို လက်စားချေဖို့ကြံစည်နေပြီး အတွင်းရေးမှူးဖြစ်သူ ဂင်ဆွန်းဂျောင်း(Kim So Yeon) ကိုလည်း အငြိုးတကြီး မုန်းတီးနေသူဖြစ်ပါတယ်။ဒါပေမယ့် အံ့ဩဖွယ်ကောင်းစွာနဲ့ မင်ဟိုဟာ နှလုံးအစားထိုးကုသပြီးနောက်မှာ အကျင့်စရိုက်က လုံးဝပြောင်းလဲသွားပါတော့တယ်။ အရင်ကမုန်းတီးခဲ့တဲ့ ဆွန်းဂျောင်းအပေါ် ခံစားချက်ရှိလာပြီး ကာကွယ်ပေးချင်ပေမယ့် အတိတ်ကလုပ်ရပ်တွေက အရိပ်လိုလိုက်လာတဲ့အခါမှာတော့....ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်လက်ရှုစားပေးကြပါဦးနော်~~(အညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားပါတယ်။)Aired: Apr 3, 2015 - May 23, 2015 Aired On: Friday & Saturday Genres: Business, ...
7.541
TMDb: 7.541/10 133 votes
tv

Falling for Innocence (2015) [Complete]

2015
All the Liquors (2023) 2
All the Liquors (2023) All the Liquors (2023)ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ အသစ်ထွက်ရှိတဲ့ "All the Liquors" လို့ခေါ်တဲ့ Korea BL ကားလေးပဲဖြစ်ပါတယ်ဟန်ဂျီယူဆိုတဲ့ကောင်လေးကတော့ အရက်ကုမ္ပဏီတစ်ခုရဲ့ မားကတ်တင်းအဖွဲ့က ဝန်ထမ်းကောင်လေး တစ်ယောက်ပါ ဘတ်ဂီဟွန်းဆိုတဲ့ ဆွဲဆောင်မှုရှိပြီး လက်ရာကောင်းတဲ့စားဖိုမှူးချောလေးကတော့ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ထားတဲ့ဆိုင်ရှင်ပါ မှတ်ချက်အနေနဲ့ "ဆိုင်မှာ အရက်မသောက်ရ" ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ထားပြီး အရက်တောင်းတတ်တဲ့ ယူလာတတ်တဲ့ ဧည့်သည်တွေနဲ့ အမြဲစကားများနေတတ်သူပေါ့တစ်နေ့မှာတော့ မားကတ်တင်းအဖွဲ့က ဂျီယူတစ်ယောက် ကုမ္ပဏီက အသစ်ထုတ်လုပ်မယ့် အရက် Brand တစ်ခုအတွက် စားဖိုမှူးတစ်ယောက်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ တာဝန်ကျလာတဲ့အခါ .. အဲဒီလိုနဲ့ အရက်ဆို ခါးခါးသီးဖြစ်နေတဲ့ စားဖိုမှူး ဘတ်ဂီဟွန်းနဲ့ အလုပ်တွဲလုပ်ဖို့ဖြစ်လာတဲ့အခါ ခေါင်းမာတဲ့ အရက်ဂျိုးလေး ဂျီယူ နဲ့ အကဲဆတ်တဲ့စားဖိုမှူးလေးတို့ ကြားမှာ ဘယ်လိုဇာတ်လမ်းလေးဖြစ်လာမလဲဆိုတာ အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်ကြည့်လို့ရပါပြီ စုစုပေါင်း ၈ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin နဲ့ Cali ပဲ ...
2
TMDb: 2/10 1 votes
tv

All the Liquors (2023)

2023
Because of Love (2023) 8.0
Because of Love (2023) "အချစ်ကြောင့်ဆိုသည်မှာ" မြန်မာစာတန်းထိုး Because of Love 2023စင် အဖြစ် James ma ရင် အဖြစ် Pie Rinradaဇာတ်လမ်းအကျဉ်းရှေ့ရေးကြိုမြင်ရတဲ့ရင်ဆိုတဲ့ကောင်မလေးက သခင်လေးစင်ကို အန္တရာယ်ကြားက ကာကွယ်ဖို့မွေးစားခံထားရတာပါသူတို့နှစ်ဦးလက်ထပ်ပြီး နှစ်အတော်ကြာဝေးကွာခဲ့တဲ့ချိန်စင်ဟာ ရန်သူများစွာရှိလာခဲ့တာကြောင့်ရင်ပြန်လာပြီး သခင်လေးစင်ကို ကာကွယ်ပေးဖို့ဖြစ်လာပါတော့တယ်ဒီအန္တရာယ်တွေကြားထဲမှာ အချစ်ကြောင့်ပဲ သူတို့နှစ်ဦး ဘယ်အရာတွေရင်ဆိုင်လာရမလဲဘယ်အရာတွေက သူတို့နှစ်ဦးအတွက် သံဃောဇဥ်တွေဖြစ်တည်လာစေမလဲဘယ်လိုရန်တွေကို စင်နဲ့ရင်ကျော်လွှားရဖို့ရှိလဲဆိုတာဒီဇာတ်ကားထဲမှာ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတNative Title: เพราะรัก Episodes: 10 Aired: Jan 25, 2023 - ? Aired On: Wednesday, Thursday Original Network: Channel 3 Duration: 1 hr. 30 min. Translated by Kyi Nue Zin , Nang Mwe Kham , Lei Wutyi Tun Encoded by Naing Aung Latt Episode ...
8.0
TMDb: 8.0/10 votes
tv

Because of Love (2023)

Rocket Boys (2022) Season 2 7
Rocket Boys (2022) Season 2 1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့ သမိုင်း၀င် သိပ္ပံပညာရှင်ကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ နျူးကလီးယားနဲ့ အာကာသ သမိုင်းသစ်ရေးထိုးပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်ဒီ season 2 မှာကတော့ အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဗစ်ခရမ်နဲ့ ဟိုမီတို့ ဖော်ဆောင်ခဲ့ကြပြီးနောက် ကြုံတွေ့လာကြရမယ့်အခက်အခဲတွေ သမိုင်းမှတ်ကျောက်တွေကိုအသေးစိတ်ရိုက်ကူးတင်ဆက်ထားပါတယ်။နျူလက်နက်စီမံကိန်းအတွက်လိုအပ်တာ ဘာမှထုတ်မနိုင်သေးတဲ့ အိန္ဒိယရဲ့ထုတ်ကုန်ပြသာနာတွေ စစ်အေး စစ်ပွဲကြီးဖြစ်နေချိန်မှာ အိန္ဒိယရဲ့ နျူ လက်နက်နဲ့အတူနိုင်ငံရေးနေရာတခုရလာမှာကို မလိုလားတဲ့ အမေရိကန်ရဲ့ကွယ်ရာက ဆေးပေးမီးယူ အဖျက်အနှောင့်တွေ ပါကစ္စတန်နဲ့ကက်ရှ်မီးယားဒေသ စစ်ပွဲတွေကြောင့် သံတမန်ရေးစစ်ရေး အရှုပ်တော်ပုံတွေ အိန္ဒိယရဲ့ ရှေးရိုးစွဲနဲ့ သိပ္ပံပညာတို့ရဲ့ အကြားလွန်ဆွဲမှုတွေ ဒီလိုအခြေအနေတွေကြားမှာမှ Homiနဲ့ Vikramတို့ သူတို့ရဲ့တဖြည်းဖြည်းမတူလာတော့တဲ့ပန်းတိုင်တွေကို ဘယ်လိုအကောင်အထည်ဖော်သွားပြီး သမိုင်းသစ်ရေးထိုးသွားကြမလဲဆိုတာကို အသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။အပိုင်း ၈ ပိုင်းရိုက်ကူးထားပြီး တစ်ပိုင်းပြီး တစ်ပိုင်း ဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင်အိန္ဒိယနိုင်ငံရေးတွေ ပညာရှင်တွေရဲ့ personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လို့ စိတ်ဝင်စားဖွယ် ...
7
TMDb: 7/10 4 votes
tv

Rocket Boys (2022) Season 2

2022
Swarm (2023) 7.9
Swarm (2023) Swarm (2023)Swarm (ပျားအုံ) က fandom တစ်ခုရဲ့နာမည်လို့ပြောရင် ဘယ် fandom ဆိုတာရည်ညွှန်းတယ်ဆိုတာ ခန့်မှန်းမိကြလား??? Beyonce fandom Beyhive ပါပဲ။ဒီဇာတ်လမ်းရဲ့အစမှာ "ဤဇာတ်လမ်းသည် စိတ်ကူးယဥ်ဇာတ်လမ်းမဟုတ်ပါ။ ပြင်ပကလူ ပြင်ပကဖြစ်ရပ်များနှင့် တိုက်ဆိုင်မှုရှိရင် တမင်ရည်ရွယ်ခြင်းသာဖြစ်သည်" လို့ခပ်လှောင်လှောင်ပဲရေးထားပါတယ်။ အမှန်ပါပဲ။ ဒီဇာတ်လမ်းက Beyonce fandom နဲ့တခြား မှုခင်းဖြစ်ရပ်မှန်များပေါ်အခြေခံတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဘီယွန်ဆေးကတော့ နိုင်ဂျာပါ။ နိုင်ဂျာ့ fandomက Swarm ပါပဲ။ နိုင်ဂျာ့ဖန်ထဲကတစ်ယောက်ဖြစ်တဲ့ ဒရေးကတော့ ဆယ်ကျော်သက်အရွယ်ကနေ သတ်လတ်ပိုင်းထိ နိုင်ဂျာ့ကိုအရူးအမူးကိုးကွယ်ခဲ့သူပါ။ ဒရေးက ခပ်အေးအေးနေတတ်တယ် ရှက်တတ်တယ် အသောက်အစားကင်းတယ် ရည်းစားဆိုတာလဲထားဖို့လုံးဝစိတ်မဝင်စား။ အဲ့ဒါကကောင်းတာပေါ့ဆိုရင်လဲ မဟုတ်ပြန်ပါဘူး။ ဒရေးကအလုပ်လဲစိတ်မဝင်စားသလို ဘာကိုမှလဲသိပ်လေးနက်ပူပန်မှုမရှိပြန်ပါဘူး။ တစ်နေ့တစ်နေ့ အိုင်ဒေါအကြောင်းပဲတွေးရင်းငေးရင်း ပီတိတွေဖြစ်နေသူဆိုပါတော့။ ဒရေးရဲ့သူ့အိုင်ဒေါအပေါ်ချစ်ခင်မှုလွန်ကဲတာက သူ့ကိုတစ်လောကလုံးနဲ့အဆက်အသွယ်ပြတ်စေပါတယ်။ သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်က သူ့အစ်မပါ။ တစ်နေ့မှာသူ့အစ်မဆုံးသွားတော့ ဒရေးတစ်ယောက် အားကိုးရာမဲ့သွားတဲ့နောက်မှာ သူ့အိုင်ဒေါအပေါ်ပိုအရူးအမူးဖြစ်လာပြီး ဘယ်လိုအခြေအနေတွေဆက်ဖြစ်ကြမယ်ဆိုတာ ကြည့်ရမှာပါ။ဒီဇာတ်လမ်းကိုကြည့်ရင် ဘီယွန်ဆေးဖန်တွေအတွက် ဘီယွန်ဆေးရဲ့ဘဝအကြောင်းအရာတွေ ပိုစတာတွေ အယ်လ်ဘမ်တွေနဲ့ပတ်သက်ပြီး Easter Eggs တွေများစွာပါဝင်တာမို့ စိတ်ဝင်စားစရာပါပဲ။ ဘီယွန်းဆေးဖန်မဟုတ်သူတွေအတွက်လဲ ဇာတ်လမ်းသွားကသီးသန့်ဖြစ်တာကြောင့်အားလုံးကိုနားလည်နိုင်မှာပါ။ ဒါတွေအပြင် ဘောနပ်စ်အနေနဲ့ အပိုင်းတစ်ပိုင်းမှာ Billie ...
7.9
TMDb: 7.9/10 14 votes
tv

Swarm (2023)

2023
Welcome to Chippendales (2022) Complete 8
Welcome to Chippendales (2022) Complete ဆိုမန်စတိဗ်ဘန်းနာဂျီ ဟာ အိန္ဒိယကနေ အမေရိကန်ကို ရွှေ့ပြောင်းလာရောက်နေထိုင်သူဖြစ်ပြီး ဇွဲနပဲရှိရှိ ခြစ်ကုတ်စုဆောင်းနိုင်မှုကြောင့် ခုနစ်နှစ်ကြာပြီးနောက်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်သွားတယ်။အစဦးမှာ ရေလိုက်ငါးလိုက်လွဲခဲ့ပေမဲ့ သူဟာ ၁၉၈၀ ခုနှစ်များမှာ အမျိုးသမီးတွေအတွက် အမျိုးသားအဖော်အချွတ်ကလပ် "ချစ်ပန်ဒေးလ်စ်" ကို အောင်မြင်တဲ့လုပ်ငန်းအဖြစ် ဦးဆောင်နိုင်ခဲ့တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူတည်ထောင်ခဲ့တဲ့ ချစ်ပန်ဒေးလ်စ်ဟာ အခုခေတ်ကာလအထိ နာမည်တစ်ခုရှိနေပေမဲ့ သူ့ရဲ့ဇာတ်ကြောင်းကတော့ သာမန် စီးပွားရေးစွမ်းဆောင်ရှင်တွေလောက် မရိုးရှင်းခဲ့။သူ့ရဲ့ကလပ် အောင်မြင်ရေး၊ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် လိုက်ခဲ့မိတဲ့ လမ်းမှားတွေနဲ့ နောက်ဆုံးမှာ ခေတ်တစ်ခေတ်ရဲ့ အဆန်းကြယ်ဆုံး မှုခင်းဖြစ်ရပ်မှန်တစ်ခုအဖြစ် ယနေ့ထိတိုင် ပြောမဆုံး ဖြစ်နေကြသေးတဲ့ အမေရိကန်အိပ်မက် လမ်းကြောင်းလွဲသွားခဲ့ပုံကို ကြည့်ရှုရမှာပါ။Quality :1080p DSNP WEB DL /720pTotal Episodes : 778MB / 362MBFormat : mp4Genres :Drama, Crime, ComedyDuration :45minsSubtitle : Myanmar Subtitle ( Hardsub )Translated by Nana Yuni & Min Khant Kyi WinEncoded ...
8
TMDb: 8/10 4 votes
tv

Welcome to Chippendales (2022) Complete

2022
The Love in Your Eyes (2022)[Complete]
The Love in Your Eyes (2022)[Complete] The Love in Your Eyes(2022)အပိုင်း(၁ မှ ၁၂၃ ) ထိ စ/ဆုံးYoung Ih ဆိုတဲ့ကောင်မလေးဟာ ငယ်ရွယ်စဉ်မှာ အိမ်ထောင်ကျခဲ့ပြီး ချစ်စရာသမီးလေးထွန်းကားခဲ့တယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ခင်ပွန်းသည်ကတော့ ဆုံးပါးသွားခဲ့ရှာတယ်။အဲ့ဒီနောက် သမီးလေးအနာဂတ်လှပရေး အလုပ်မျိုးစုံလုပ်ပြီး ရုန်းကန်ရှာတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမရဲ့ခင်ပွန်းမျက်ကြည်လွှာကို ယူပြီး ကုသပေးခဲ့တဲ့ ယောက်ျားလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ ...ဘာတွေဆက်ဖြစ်မလဲ?Family , Drama လေးဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတွဲရှည်လေးဖြစ်ပါကြောင်း။ Episodes: 123Aired:  Sep 5, 2022 - Oct 25, 2022Aired On: Monday, Tuesday, Wednesday, Thursday, FridayFile Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Family ,Drama, RomanceTranslated by  Hay Thar Oo  ...

The Love in Your Eyes (2022)[Complete]

2022
Kokdu: Season of Deity (2023)
Kokdu: Season of Deity (2023) Kokdu : Season of Deity (2023)Fantasy Drama တွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက် “သေမင်းနဲ့ ဆရာဝန်မလေးတို့ရဲ့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်” ဖြစ်တဲ့ Kokdu: Season of Deity ကို တင်ဆက်ပေးလိုက်ပါပြီ။ဘုရားသခင်ရဲ့ အမျက်တော်ရှခြင်းကို ခံလိုက်ရတဲ့ Kok-Du (Kim Jung-Hyun) ဟာ သူ့လုပ်ရပ်အတွက် အပြစ်ဒဏ်အနေနဲ့ သေမင်းတစ်ပါးအဖြစ်ကို ပြောင်းလဲခံလိုက်ရပါတယ်။ဒီလိုနဲ့ ကမ္ဘာကြီးပေါ်က သေဆုံးပြီးသားသူတွေကို လမ်းပြပေးရင်း သွေးအေးရက်စက်တဲ့ သေမင်းအဖြစ် ၉၉ နှစ်ကြာပြီးတဲ့နောက်မှာတော့ Kok-Du ဟာ လူ့ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်လိုက်ရပြီး ကမ္ဘာမြေပေါ်ကို ရောက်ရှိလာရပါတော့တယ်။တစ်ဖက်မှာတော့ Han Gye-Jeol (Lim Soo-Hyang) ဟာ အဆင့်အနိမ့်ဆုံးဆေးတက္ကသိုလ်ကနေဘွဲ့ရထားတဲ့ ဆရာဝန်မလေးတစ်ဦးပါ။ ဘယ်သူမှဂရုစိုက်မယ့်သူမရှိတဲ့ အနှိမ်ခံမိဘမဲ့ဘဝနဲ့ နေထိုင်လာခဲ့ရင်း သေမင်း Kok-Du နဲ့‌ အမှတ်မထင်တွေ့ဆုံလိုက်ရတဲ့အခါမှာတော့…။ပြစ်ဒဏ်သင့်နေတဲ့ သေမင်းတစ်ပါးနဲ့ အထီးကျန်နေတဲ့ဆရာဝန်မလေးတို့ရဲ့ ဘဝဟာ ဘယ်လိုမျိုးတစ်မျိုးတစ်ဖုံပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။မင်းသား Kin Jung-Hyun ရဲ့ Comeback Drama ဖြစ်သလို Lim Soo-Hyang နဲ့ ...

Kokdu: Season of Deity (2023)

2023
Sky High: The Series 7.75
Sky High: The Series Sky High (2023)Spain ဓားပြကားလေးတွေမှ ကြိုက်နှစ်သက်သူတို့အတွက် နောက်ထပ်ရွေးစရာတစ်ခုဖြစ်လာတဲ့ Sky Highဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Actionလေးလည်းပါ Family Drama လေးလည်း ပါလို့ ရသအစုံခံစားနိုင်မဲ့ crime thriller စီးရီးလေးဆိုလည်း မမှားပါဘူး။မှောင်ခိုလုပ်ငန်းတွေကြီးစိုးနေတဲ့ မြို့ရဲ့အဓိကမှောင်ခိုဈေးကွက်ကို ရိုဂယ်လီယိုနဲ့ သူ့သားမက်ဖြစ်သူအန်ဂယ်တို့က ထိန်းချုပ်ထားပါတယ်။ အန်ဂယ်ကတော့ ဖောက်ထွင်းလုယက်ဖို့ကို တာဝန်ယူထားပြီးတော့ ခိုးရာပါပစ္စည်းတွေကိုတော့ ရိုဂယ်လီယိုက ဝယ်မဲ့လူတွေနဲ့ချိတ်ဆက်ပေးပါတယ်။ ရဲဘက်ကလည်း ရိုဂယ်လီယိုကို မှောင်ခိုလောကရဲ့လက်မည်းကြီးမှန်းသိနေပေမဲ့ အကွက်စေ့ထောင့်စေ့လွန်းတဲ့ ရိုဂယ်လီယိုကိုဖမ်းဖို့ လက်ဆုပ်လက်ကိုင်သက်သေ ရှာမရပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ အန်ဂယ်တစ်ယောက် ရုတ်တရက်ဆုံးသွားတဲ့အခါ...- အန်ဂယ်သေဆုံးမှုနဲ့အတူ သမီးဖြစ်သူဆို‌လေကိုချုပ်ကိုင်ဖို့ကြိုးစားလာတဲ့ရိုဂယ်လီယို၊ - ကိုယ်ပိုင်ဖြစ်တည်မှုတစ်ခု ပျောက်ဆုံးနေတဲ့ဘဝကနေရုန်းထွက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ခင်ပွန်းဟောင်းအန်ဂယ်ရဲ့အဖွဲ့နဲ့ပူးပေါင်းမဲ့ single mother ဆိုလေ၊ - ရိုဂယ်လီယိုကို အသေရရအရှင်ရရဖမ်းချင်နေတဲ့စုံထောက်ဒူကဲ၊ - အန်ဂယ်တို့အဖွဲ့ထဲကို ဝင်လာတဲ့ လျှို့ဝှက်ချက်တွေနဲ့လူသစ်လေး ဖာနန် ဒီဒီ ဇာတ်ဆောင် ၄ ယောက် ရဲ့ ဉာဏ်ကစားပွဲနဲ့အတူ ရန်သူ၊ မိတ်ဆွေ ...
7.75
TMDb: 7.75/10 8 votes
tv

Sky High: The Series

2023
The Heavenly Idol (2023)
The Heavenly Idol (2023) The Heavenly Idol (2023)အားလုံးစောင့်မျှော်နေကြတဲ့ အချစ်တော်ဂင်မင်ဂယူရဲ့ဇာတ်ကားသစ်လေး Heavenly Idol ဟာဆိုရင် Idol တစ်ဦးရဲ့ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတဲ့ နတ်ဘုရားတစ်ပါးအကြောင်းကို ရိုက်ကူးပုံဖော်ထားဖြစ်ပါတယ်။Debut ပြီး ၅ နှစ်ကြာတဲ့အထိ အောင်မြင်မှုရယ်လို့ မည်မည်ရရ မရှိသေးတဲ့ Idol Group အဖွဲ့ဝင် Woo Yeon-Woo ရဲ့ ခန္ဓာကိုယ်ထဲကို Pontifex Lembrary လို့ခေါ်တဲ့ နတ်ဘုရားတစ်ပါး ဝင်ရောက်လာပြီးတဲ့နောက်မှာတော့ အခြေအနေတွေဟာ သူမတူအောင် ပြောင်းလဲသွားပါတော့တယ်။အင်အားအကြီးမားဆုံးသော နတ်ဘုရားစွမ်းအင်ကို ရရှိထားပေမဲ့ မကောင်းဆိုးဝါးနဲ့တိုက်ခိုက်ရင်း Idol တစ်ဦးရဲ့ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့ နတ်ဘုရားဟာ ကမောက်ကမတွေဖြစ်ခဲ့ရပေမဲ့လို့ စန်းကျပြီး အဖွဲ့ဖျက်သိမ်းရတော့မလိုဖြစ်နေတဲ့ Woo Yeon-Woo တို့ Idol အဖွဲ့ကို ဘယ်လိုအပြောင်းအလဲတွေ ယူဆောင်လာပေးမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Rom-Com Fantasy ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လို့ လက်မလွှတ်တမ်း စောင့်ကြည့်လိုက်ကြပါဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe Thet Winn, ...

The Heavenly Idol (2023)

2023
The Interns (2023) 8.2
The Interns (2023) "The interns 2023" မြန်မာစာတန်းထိုးလင် အဖြစ် Proy manasaporn ပဝင်း အဖြစ် kimmon waradom အမ်မ် အဖြစ် Preaw Narupornkamol ဘေ့စ် အဖြစ် Pond Ponlawit ketprapakorn ကိတ် အဖြစ် Yoshi Rinrada Thurapanဘွဲ့ရခါစ လူငယ်တစ်စု မဟာရတ်ဂ်ဆေးရုံမှာ internship ဆင်းကြပါတယ် . သူတို့အဖွဲ့ထဲမှာ လင်က အကျော်ကြားဆုံး ဦးနှောက်ခွဲစိတ်ဆရာဝန် ထိဒါကို သဘောကျနေပါတယ်ပဝင်းက သူ့မိသားစုရဲ့ ထောက်တိုင်ပါ သူ့အိမ်က ငွေးကြေးပြဿနာနဲ့ရင်ဆိုင်နေရတာပါ သူ့လူနာအားလုံးကိုလည်း အထူးဂရုစိုက်ပေးပါတယ်အမ်မိ က ဆေးရုံပစ္စည်းတွေ တင်သွင်းတဲ့လုပ်ငန်းပိုင်ရှင်ရဲ့ အမွေဆက်ခံသူပါ ဆေးနယ်ပယ်မှာ သူ့စီးပွားရေး အကျိုးအမြတ်ရဖို့ အဆက်အသွယ်တွေရှာပါတယ်ကိတ် ကတော့ လူနာတိုင်းကို တန်းတူ ကုသပေးမယ့် ဆရာဝန်ဖြစ်ဖို့အိပ်မက်ရှိပါတယ် လူနာတိုင်းကို သူ့ညီမလေးလို မျှော်လင့်ချက်မဲ့ပြီး မသေသွားစေချင်လို့ပါပဲဆိုတော့ ခံယူချက် မတူညီတဲ့ တက်သစ်စဆရာဝန်လေးတွေရဲ့ အားပြိုင်မှုတွေကို ဘယ်လိုတွေ့ရမလဲဆိုတာ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးသားသူကတော့ Tawan ဖြစ်ပါတယ်)Native Title: หมอ ...
8.2
TMDb: 8.2/10 votes
tv

The Interns (2023)

Devil In Law (2023) 8.5
Devil In Law (2023) "ယောက္ခမနဲ့ချွေးမစစ်ပွဲ" မြန်မာစာတန်းထိုးနွတ်ဖနိုင် အဖြစ် Pon Nawasch ဖာဝနီ အဖြစ် Nychaa Nuttanicha နိတ်ဒေါင်ဝ် အဖြစ် Pear Pitchaya နွန်စမွမ် အဖြစ် Noi Butsakorn လလိတာ အဖြစ် Lorena Schuett ဆီကန်ဒါ အဖြစ် Ice Athichananဇာတ်လမ်းအကျဉ်းဆီကန်ဒါက သာမန်လူတန်းစားမိသားစုက လာတာဖြစ်ပြီး မိဘတွေ သဘောမတူတဲ့ကြားက နာမည်ကြီး အထက်တန်းစားမိသားစုရဲ့ သားဖြစ်သူ နွတ်ဖနိုင်နဲ့ လက်ထပ်ကာ သားလေးတစ်ယောက်မွေးဖွားထားသူ ဖြစ်ပါတယ်မောက်မာလွန်းတဲ့ ယောက္ခမဖြစ်သူ နှိပ်စက်သမျှကို ခံရပေမဲ့ ခင်ပွန်းဖြစ်သူ စိတ်ပင်ပန်းရမစိုးလို့ မျိုသိပ်နေခဲ့သူ ဆီကန်ဒါတစ်ယောက် ယောက္ခမရဲ့ နှိပ်စက်မှုအောက်မှာ မတော်တဆဖြစ်ကာ ဆုံးပါးခဲ့ရတယ်မဆုံးခင် ညီမဖြစ်သူ ဖာဝနီလက်ထဲကို သားဖြစ်သူကို အပ်ခဲ့ရာမှ ဖာဝနီဟာ အစ်မဖြစ်သူအတွက် လက်စားချေဖို့ အကြံနဲ့ တူလေးကို စိတ်မချဘူးလို့ ဆင်ခြေပေးရင်း ခဲအိုဟောင်းဖြစ်သူ နွတ်ဖနိုင်ကို ဟန်ဆောင်လက်ထပ်ကာ အိမ်ကြီးထဲကို ဝင်ရောက်လာပါတော့တယ်အစ်မဖြစ်သူအတွက် လက်စားချေရင်း ယောက္ခမဖြစ်သူ ...
8.5
TMDb: 8.5/10 votes
tv

Devil In Law (2023)

2023
El Cid (2020) Season 01 7.269
El Cid (2020) Season 01 El Cid (2020) Season 01 Complete ~ IMDb - 6.7/10, Rotten Tomatoes - 75% ~ El Cid စီးရီးကို တော်တော်များများကတော့ ကာရိုက်တာတွေတော်တော်ကြမ်းပြီး တိုက်ပွဲခန်းတွေ တော်တော်လန်းတဲ့ဇာတ်လမ်းတွဲလို့ မှတ်ချက်ပေးထားကြတယ်။ ကြည့်သင့်တဲ့စီးရီးတစ်ခု အဖြစ်လည်း တော်တော်များများက ညွှန်းဆိုထားကြတယ်။ ဒီဇာတ်လမ်းတွဲက Rodrigo Díaz de Vivar လို့ခေါ်တဲ့ အလယ်ခေတ်စပိန်က သူရဲကောင်းတစ်ယောက်အကြောင်းကို အကျယ်တဝင့်ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲ။ သူ့အဖေက ဘုရင်စေလွှတ်တဲ့ နယ်စပ်ကလေးမှာ စောင့်ကြပ်ရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်။ သူ့အဖေဟာ နိုင်ငံအတွက် အသက်ပေးတိုက်ခိုက်ရင်း သေဆုံးခဲ့ပေမဲ့ တိုင်းပြည်ကရော သူတို့အရှင်တွေကရော သူ့အဖေကို ရှိတယ်လို့တောင်မထင်ခဲ့ကြဘူး။ ဘာလို့ဆို သူ့အဖေက စစ်ရှုံးပြီး ကျရှုံးသွားတာကိုး။ ဒီတော့ သူက တိုက်ပွဲတိုင်းအောင်တဲ့ သူရဲကောင်းဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူရဲကောင်းတွေရဲ့ မြင်းတွေကို အစာကျွေး ...
7.269
TMDb: 7.269/10 180 votes
tv

El Cid (2020) Season 01

2020
Big Bet(2022) SE1 +SE2 [Complete] 10
Big Bet(2022) SE1 +SE2 [Complete] Big Bet(2022)*****************စ/ဆုံး Cha Moo Sik ဆိုတဲ့ ဘိုးတော်ကြီးကို နာမည်နဲ့လူနဲ့သာ တွဲမသိကြပေမဲ့ရုပ်ရှင်ချစ်ပရိတ်သတ်တွေဟာ  I Saw the devil နဲ့ Old Boy ကိုရီးယားရုပ်ရှင်မှာ ပွဲကြမ်းခဲ့တဲ့ ဘဲကြီးဆိုရင်တော့ သိကြမယ်ထင်တယ်..ဒီစီးရီးမှာ သူအဓိကပါဝင်ထားသလို  The Roundup (2022) မှာဗီလိန်အဖြစ်ပါဝင်ထားတဲ့Gang Hae Sang လည်း Main Role အနေနဲ့ ပါဝင်ထားပါတယ်...ကိုရီးယားမှာ စီးပွားပျက်ကပ်ဆိုက်ကြတော့ ငတ်တောင်သေကုန်တဲ့ပြည်သူတွေရှိခဲ့ကြတယ်...ဒီလိုအငတ်ဘေးဆိုက်ကြတော့ လူတွေလည်းအစားတစ်လုပ်အတွက်လုပ်မိလုပ်ရာလုပ်ကြတယ်..အဲ့ဒီအထဲမှာငွေရအလွယ်ဆုံးက လောင်းကစားပဲ...ချာမူရှစ် လည်း ဒီလိုကပ်ဆိုးမှာ မွေးတဲ့ကလေးတစ်ယောက်ပဲ..ငယ်ဘဝမှာ ခါးသီးလွန်းတဲ့အနေအထားကြောင့်သူဟာ လောင်းကစားမှာဆရာတစ်ဆူဖြစ်အောင်လုပ်ပြီးဘုရင်တစ်ပါးဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့... Episodes: 16File Size:1.1GB, 500MBQuality :Web-DL DNSP 1080p,720PGenres: Action, Crime, DramaTranslated by  Hein That Naing, Hay Thar Oo    & MiriEncoded by  Phyo Pyae   >>>>TELE ...
10
TMDb: 10/10 1 votes
tv

Big Bet(2022) SE1 +SE2 [Complete]

2022
Casting a Spell to You(2021) 2
Casting a Spell to You(2021) Casting a Spell to You(2021)**************************အပိုင်း( ၁ မှ ၁၆) အထိ စ/ဆုံးဒီတစ်ခေါက်မှာတော့ ဗီလိန်နှစ်လိန်ဖြစ်တဲ့ The Gloryထဲက ဗီလိန်မင်းသမီးIm Ji Yeonနဲ့ Islandထဲက ဗီလိန်မင်းသား Sung Joon တို့ရဲ့Casting A Spell to Youဆိုတဲ့ ကားလေးပါ။ဇာတ်လမ်းကိုတော့ ဂျလေဘီလို ထင်ရာစိုင်းနေတဲ့ ဂျီအူဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးနဲ့ အစချီထားပါတယ်။စီးပွါးရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ဂျီအူ့အဘိုးဟာ သေသွားပြီး ဂျီအူ့ကိုအမွေပေးခဲ့ပါတယ်..အမွေကြီးကြီးမားမားရမယ်ထင်ပြီး ကိုရီးယားကိုပြန်လာတဲ့ ဂျီအူတစ်ယောက် မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ပါဘူး...သူရတဲ့အမွေက စာအုပ်တွေနဲ့ပြည့်နေတဲ့ အဆောက်အဦးဟောင်းတစ်ခုဖြစ်နေလို့ပါပဲ...အဲဒီအဆောက်အဦးကို ဂျီအူက Barအဖြစ်ပြောင်းလဲပြီး စားဖိုမှူးအနေနဲ့ ဂျွန်ဟီးဆိုတဲ့ ကောင်မလေးကို ခန့်ခဲ့ပါတယ်...ဂျွန်ဟီးကတော့ ပြင်သစ်မှာ အချက်အပြုတ်ဆိုင်ရာ ကျောင်းတက်ဖို့ ပိုက်ဆံစုပြီး အားခဲနေသူလေးပေါ့...ကျောင်းစရိတ်တွေကို လိမ်ခံလိုက်ရတဲ့ ဂျွန်ဟီးကလည်း ပိုက်ဆံပြန်စုဖို့ ဂျီအူ့ရဲ့ဘားမှာ အလုပ်ဝင်လုပ်ခဲ့တာပါ...သူတို့ရဲ့Barဟာ အများနဲ့မတူဘဲ “Siesta”ဆိုတဲ့အမည်နဲ့ ထူးထူးခြားခြားနေ့ခင်းမှာပဲဖွင့်တဲ့Barလေးပါ...အဲဒီBarကိုအောင်မြင်အောင် သူတို့ဘယ်လိုကြိုးစားကြမလဲ..သူတို့အချစ်ရေးကရော ...
2
TMDb: 2/10 1 votes
tv

Casting a Spell to You(2021)

2021
Home Before Dark – Season (01),(02) 7.5
Home Before Dark – Season (01),(02) Home Before Dark - Season (01),(02) ========================== IMDb Rating - 7.5/10ခင်ဗျားတို့ အသက် ၉ နှစ်အရွယ်မှာ ဘာလုပ်နေကြပြီလဲ၊ သံပြိုင်ကဗျာတွေ သီဆိုရင်း ဆော့ကစားလို့ ကောင်းတုန်း၊ ညောင်ပင်တစ္ဆေဝေလေလေ လုပ်လို့ကောင်းတုန်းပဲလား၊ ဒီထဲက ဟေလ်ဒီဆိုတဲ့ ၉ နှစ်အရွယ် ကလေးမကတော့ သတင်းစာတွေထုတ်ဝေပြီး အမှုတွေတောင် လိုက်ဖြေရှင်း ပေးနေပြီဗျ။အဖြစ်ကတော့ ဒီလိုဗျာ . ဟေလ်ဒီရဲ့ အဖေက မှုခင်းသတင်း တွေကိုလိုက်တဲ့ သတင်းထောက်တစ်ယောက်။တစ်နေ့ သူတို့ မိသားစုက သူ့အဖေရဲ့ မြို့လေးကို ပြောင်းရွှေ့ခဲ့ရပြီး အဲဒီမှာပဲ အခြေချဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီမြို့ လေးမှာ သူ့အဖေက အရင်က မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုရဲ့ ပါဝင်ပတ်သက်သူအဖြစ် နာမည်ကြီးနေတာကို သူတို့က မသိကြဘူး။မြို့ကိုရောက်ရောက်ချင်းမှာပဲ ကလေးမရဲ့ ပထမဆုံးမိတ်ဆွေ တစ်ယောက် အသတ်ခံရလိုက်ရပြီး ထူးဆန်းမှုတွေ ဆက်တိုက်ပဲ ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီထူးဆန်းမှုတွေ၊ လူသတ်မှုတွေ၊ သူ့အဖေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အဖြေရှာမရတဲ့အမှုတွေ ဒါတွေ အားလုံးက ဟေလ်ဒီ့အတွက် လက်မလွှတ်နိုင်စရာ အနံ့တွေဖြစ် လာခဲ့ပြီး ပဟေဠိတွေ အဖြေညှိဖို့ ကြိုးစားတော့တာပါပဲ။ဒီဇာတ်လမ်းက ...
7.5
TMDb: 7.5/10 11000 votes
tv

Home Before Dark – Season (01),(02)

2020
Three Siblings Bravely (2022)
Three Siblings Bravely (2022) Three Siblings Bravely (2022)အပိုင်း( ၁ မှ ၅၁ ) အထိ စ/ဆုံး ဂင်ထယ်ဂျူ၊ ဂင်ဆိုရင်း၊ ဂင်ဂွန်းအူတို ၃ယောက်က ဂင်မိသားစုမျိုးဆက် မောင်နှမ ၃ ယောက်ဖြစ်ပါတယ်။ သူတို့ထဲမှာ အကြီးဆုံးကတော့ ဂင်ထယ်ဂျူပေါ့။ ဂင်ထယ်ဂျူက ကြင်နာတတ်ပြီး သည်းခံတတ်ပေမယ့် ဒေါသကြီးတဲ့သူတစ်ယောက်ပါ။ သူမ မကြိုက်တဲ့လူတွေနဲ့ဆိုရင်တော့ ဆက်ဆံရေးကို ရေရှည်မထိန်းထားဘဲ ဖြတ်ပစ်တတ်ပါတယ်။ တစ်နေ့မှာ တော့ ဂင်ထယ်ဂျူတစ်ယောက် နှစ်ပေါင်းများစွာဝေးကွာပြီးမှ သူမနဲ့ မူလတန်းကျောင်း အတူတူတက်ခဲ့တဲ့ အီဆန်းဂျွန်းနဲ့ ပြန်တွေ့ခဲ့ပါတယ်။အီဆန်းဂျွန်းက နာမည်ကြီး သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူက စိတ်ဆတ်လွယ်ပြီး စိတ်ကူးယဉ်ဆန်သလို ဉာဏ်လည်းအရမ်းကောင်းပါတယ်။ အီဆန်းဂျွန်းကလည်း သူ့မိသားစုမှာ အကြီးဆုံးသားတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက မိသားစုရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကို ခံခဲ့ရပါတယ်။ အောင်မြင်လာတဲ့ မင်းသားတစ်ယောက်ဖြစ်လာတော့လည်း မိသားစုရဲ့ အကြွေးတွေကို ဆပ်ပေးခဲ့တယ်။တစ်ရက်မှာတော့ ရိုက်ကွင်းမှာ ဒဏ်ရာရလို ဆေးရုံတက်ခဲ့ရတယ်။ အဲဒီဆေးရုံမှာပဲ ...

Three Siblings Bravely (2022)

2022
La Brea (2022) Season 2 7.387
La Brea (2022) Season 2 NBC ရဲ့ အချိန်ခရီးသွား၊ မိသားစုဒရာမာ၊ အက်ရှင်၊ စွန့်စားခန်း၊ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲ La brea ရဲ့ အတွဲ ၂ ပြန်လာပါပြီဗျ။ ပြီးခဲ့တဲ့ season 1 မှာတော့ ဂျော့ရှ်နဲ့ ရိုင်လီဟာ အိုင်းဆက်ယတို့နဲ့အတူ ၁၉၈၈ ကိုပါသွားခဲ့ပြီး ဂေဗင်တို့သုံးယောက်ကတော့ ဘီစီ ၁၀၀၀၀ ကို ရောက်လာခဲ့ကြပါတယ်။စကော့နဲ့ အဲဒရစ်ဟာလည်း ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ မိုးမျှော်တိုက်ကြီးကို ရှာလို့တွေ့သွားကြပါတယ်။ season 2 ရောက်တဲ့အခါမှာတော့ ဘီစီ ၁၀၀၀၀ မှာ အနာဂတ်ကလာတဲ့သူတွေနဲ့ တွန်ဗာမျိုးနွယ်စုတွေအပြင် အိတ်ဇိုင်းစ်လို့ခေါ်တဲ့ ဝတ်စုံအနက်တွေဝတ်၊ မြင်းတွေစီးပြီး သံနဲ့လုပ်ထားတဲ့လက်နက်တွေကိုင်ဆောင်ကြတဲ့ လက်ရဲဇက်ရဲ အဖွဲ့တစ်ဖွဲ့ပါ ထပ်ပြီး ပါလာခဲ့ပါပြီ။ဒီ season မှာရော အတိတ်နဲ့ အနာဂတ်ရဲ့ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ဦးမလဲ၊ ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ ခေတ်လွန် အဆောက်အအုံကြီးကရော ဘာကြီးလဲ၊ ဘယ်သူတွေက ဘာကိစ္စတွေကို ဖုံးကွယ်ထားသေးလဲ၊ season 1 ရဲ့ အရှိန်ကိုရော ထိန်းထားနိုင်မလားဆိုတာကို အားလုံး မြင်တွေ့ကြရမှာဖြစ်ပါတယ်။ La Brea season 2 ...
7.387
TMDb: 7.387/10 936 votes
tv

La Brea (2022) Season 2

2021