Channel Myanmar

Drama

The Smile Has Left Your Eyes (2018) [Complete] 7.738
The Smile Has Left Your Eyes (2018) [Complete] The Smile Has Left Your Eyes (2018) [Complete]အပိုင်းသစ် - ၁ မှ ၁၆ (ဇာတ်သိမ်းပိုင်း)ဒီတစ်ခါတော့ " ကောင်းကင်ပေါ်က ကြွေဆင်းလာတဲ့ ကြယ်စင်ပေါင်းသန်းတစ်ရာ" ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ "The Smile Has Left Your Eyes" ဆိုတဲ့ Mystery Thriller အမျိုးအစားဇာတ်လမ်းလေး ဖြစ်ပါတယ်။Bad Boy ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသား Seok In Guk, အမြဲတမ်း ကြည်လင်ပြီး ချစ်စရာကောင်းတဲ့ မင်းသမီး Jung So Min နဲ့ မင်းသားကြီး Park Sung Woong တို ပါဝင်ရိုက်ကူးထားပါတယ်။စုံထောက်တစ်ယောက်ဖြစ်တဲ့ ယူဂျင်ဂုဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက် အသတ်ခံရတဲ့ အမှုကို စုံစမ်းရင်းနဲ့ အတိတ်မေ့နေတဲ့ ...
7.738
TMDb: 7.738/10 21 votes
tv

The Smile Has Left Your Eyes (2018) [Complete]

2018
Marvel’s Jessica Jones Season [1+2 +3] (2015)
Marvel’s Jessica Jones Season [1+2 +3] (2015) MCU ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Defenders အဖွဲ့ထဲမှာ Daredevil, Luke Cage, Jessica Jones နဲ့ Iron Fist တို့ ပါဝင်ကြပါတယ်။ အဆိုပါ ၄ ဦးထဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jessica Jones ရဲ့ နောက်ခံဇာတ်လမ်းကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ ဂျက်ဆီကာ ဂျုံးစ်ဟာ မိသားစုလိုက် ကားမတော်တဆဖြစ်မှုကနေ နောက်ဆုံးရှင်ကျန်ခဲ့သူတစ်ဦးဖြစ်ပြီး ထိုမတော်တဆမှုကနေပဲ သဘာဝလွန် ခွန်အားတိုးလာခြင်းနဲ့ ခုန်ပျံနိုင်တဲ့စွမ်းအားတချို့ ရရှိလာခဲ့ပါတယ်။ သူမဟာ ထိုစွမ်းအားတွေကို အသုံးပြုလို့ လူတွေကို ကူညီရတာ သဘောကျခဲ့ပေမဲ့လည်း...တစ်ရက်မှာ ကေးလ်ဂရေ့ဗ်ဆိုတဲ့ စိတ်ထိန်းချုပ်နိုင်တဲ့စွမ်းအားရှိသူတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိပြီး စိတ်ညှို့ခံခဲ့ရပါတယ်။ ကေးလ်ဂရေ့ဗ်ဟာ ဂျက်ဆီကာရဲ့စွမ်းအားတွေကို အသုံးချလို့ မကောင်းတဲ့လုပ်ရပ်တွေ၊ လူတွေကို ထိခိုက်အောင် လုပ်ခဲ့တဲ့အတွက် ဂျက်ဆီကာဟာ အသိစိတ်ဝင်လာချိန်မှာ ကေးလ်ဂရေ့ဗ်ဆီကနေ ထွက်ပြေးလာခဲ့တာ တစ်နှစ်ကြာသွားပြီဖြစ်တဲ့ အချိန်ကာလကနေ ဒီစီးရီးကို ...

Marvel’s Jessica Jones Season [1+2 +3] (2015)

Fantasy Island – Season (01),(02) 6.122
Fantasy Island – Season (01),(02) Fantasy Island - Season (01),(02) ======================= IMDb Rating - 6.2/10အခု Fantasy Island (2021) ဇာတ်လမ်းတွဲဟာ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy Island ဇာတ်လမ်းတွဲရဲ့ တိုက်ရိုက်အဆက်ဖြစ်သလို ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy Island ရုပ်ရှင်ရဲ့ အဆက်လည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဟာဆိုရင် Horror/ Thriller ပုံစံမျိုးသွားခဲ့ပေမယ့် အခု ဇာတ်လမ်းတွဲ ကတော့ Fantasy/Drama အမျိုးအစားမျိုးဖြစ်နေပါတယ်။ စိတ်ကူး ယဉ်ကျွန်းဆိုတဲ့ ကျွန်းကြီးတစ်ကျွန်းပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တစ်ပိုင်းချင်းစီမှာ မတူညီတဲ့ရသ တင်ဆက်ပုံတွေနဲ့ အပိုင်းလိုက် တင်ဆက်ထားပါတယ်။အပိုင်း (၁) မှာတော့ အစားအသောက်ကို စားချင်ပေမယ့် ဝိတ်ချဖို့မစားနိုင်ဘူးဖြစ်နေတဲ့ တင်ဆက်သူ ခရစ္စတင်း ကောလင်းရယ်၊ မဲလ်အကူဒါနဲ့ ရူဘီအကူဒါဆိုတဲ့ အဘိုးကြီး အဘွားကြီးစုံတွဲရယ် စိတ်ကူးယဉ်ကျွန်းပေါ်ကို ရောက်လာခဲ့ ပါတယ်။ ရူဘီဟာဆိုရင် ကင်ဆာရောဂါနဲ့သေခါနီးဖြစ်နေတာမို့ နောက်ဆုံးအနေနဲ့ ‌ပျော်ပါးနိုင်ဖို့ ဒီကျွန်းကိုရောက်လာခဲ့တာပါ။ အကြောင်းကိစ္စအသီးသီးနဲ့ ရောက်လာကြတဲ့ သူတို့ ၃ ယောက်ရဲ့ ဘဝတွေကို ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ကျွန်းကြီးက ...
6.122
TMDb: 6.122/10 41 votes
tv

Fantasy Island – Season (01),(02)

2021
One Day Off(2023)[Complete]
One Day Off(2023)[Complete] One Day Off(2023)*****************အပိုင်း( ၁ မှ ၈) အထိ စ/ဆုံးဘတ်ဟာဂယောင်းဆိုတဲ့အမျိုးသမီးဟာ အထက်တန်းကျောင်းက ဆရာမတစ်ဦးဖြစ်ပါတယ်..ကျောင်းစာသင်လိုက် စားလိုက်သောက်လိုက်နဲ့ တစ်ကိုယ်တည်း အပျိုကြီးဘဝကိုပိုင်ဆိုင်ထားတဲ့သူအတွက်တော့နေ့တစ်နေ့ဖြတ်သန်းရတာဟာ ပျင်းရိစရာကောင်းပါတယ်..သူကိုယ်တိုင်လည်းအထီးကျန်သလိုခံစားလာရတယ်..ဒါ့အပြင် အပေါင်းအသင်းတွေ ထားပြီး ပျော်တတ်ပါးတတ်တဲ့သူမဟုတ်လေတော့စိတ်အပန်းဖြေဖို့ဆိုပြီး သွားစရာနေရာလည်း များများစားစားမရှိပါဘူး...ဒီလို့နဲ့ တစ်နေ့တော့ ကျောင်းပိတ်ရက်တစ်ရက်မှာ သူ့အတွက်စိတ်ထွက်ပေါက်ဖြစ်လို့ဖြစ်ငြားဆိုပြီး ရွာလေးတစ်ယောက်ကဘုန်းကြီးကျောင်းတစ်ခုကို အလည်ထွက်ခဲ့ပါတယ်..အဲ့ဒီနောက်တော့ သူဟာ အတွေ့အကြုံခပ်ဆန်းဆန်းတွေကိုတွေ့ခဲ့ရပါတယ်..ဘာတွေလဲဆိုတာကိုတော့....Episodes: 8Aired: May 24, 2023Aired On: WednesdayFile Size:800MB, 300MBQuality :Web-DL 1080p,720PGenres:  Food, Life, DramaTranslated by   MiriEncoded by  Phyo Pyae<<<<<<TELE LINK>>>>> Episode 1 720P>>>  UsersDrive  |  Yoteshin  |  MegaUp  |  Mega.NZ |  StreamSB  |  StreamVid 1080P>>  UsersDrive  |  Yoteshin  |  MegaUp  ...

One Day Off(2023)[Complete]

2023
Gap Dong(2014)[Complete] 7.3
Gap Dong(2014)[Complete] Gap Dong(2014)***************အပိုင်း( ၁ မှ  ၂၀ ) အထိ စ/ဆုံးကိုရီးယားနိုင်ငံမှာ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ဟွာဆောင်းကွင်းဆက်လူသတ်မှုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဒီဖြစ်ရပ်မှန်မှာ အဓိက ကျူးလွန်တဲ့ လူရဲ့နာမည်က Lee Chun-jae လို့ခေါ်ပါတယ်..သူဟာအပြင်လောကမှာ မှုခင်းပေါင်း ခန့်မှန်း ၄၅ခုကျူးလွန်ခဲ့တယ်လို့ဆိုတယ်...လူပေါင်း ၁၅ဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး မုဒိမ်းမှုပေါင်း ၃၀ကျော်လည်း ကျူးလွန်ခဲ့တယ်လို့ဆိုတယ်..ဆိုတော့ ဒီလူဟာ ဘယ်လောက်ရက်စက်ပြီး အမှုတွေအများကြီးကျူးလွန်ခဲ့တာတောင်ရဲတွေမဖမ်းနိုင်လောက်အောင် တော်လဲဆိုတာကို ခန့်မှန်းမိကြမယ်ထင်ပါတယ်...ဒါ့ကြောင့်ဒီဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ဒီစီးရီးဟာ ဘယ်လိုမျိုးဇာတ်လမ်းတွဲမျိုးဖြစ်မယ်ဆိုတာတော့ခန့်မှန်းမိလောက်ကြမယ်ထင်ပါတယ်...ဇာတ်လမ်းတွဲရဲ့အစမှတော့ မူယောမ်ဆိုတဲ့လူငယ်လေးရဲ့ အဖေဟာ ဟွာဆောင်းကွင်းဆက်လူသတ်မှုတရားခံအဖြစ်စွပ်စွဲခံရပါတယ်... ဒီလူသတ်မှုရဲ့စွပ်စွဲချက်ကြောင့် သူ့အဖေဟာ လူ့အသိုင်းအဝန်းကဖယ်ကျဉ်ခံရတဲ့ဒဏ်ကိုမခံနိုင်ဖြစ်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပါတယ်..ဒါ့ကြောင့် မူယောမ်ဟာ စုံထောက်တစ်ယောက်ဖြစ်အောင်ကြိုးစားပြီးတကယ်လူသတ်တရားခံအစစ်ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားပါတော့တယ်..အပိုင်း ၂၀ ထိရှိပြီး အပိုင်းတိုင်းဟာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရပြီးဉာဏ်ပြေးလွန်းတဲ့လူသတ်သမားနဲ့ စုံထောက်တွေကြား လိုက်လံတွေးတောရင်းကိုယ်ပါစုံထောက်လိုက်လုပ်ရသလို ဖီလင်မျိုးရတာကြောင့်crime ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း.....Episodes: 2၀File Size:1.5GB, 500MBQuality :Web-DL 1080p,720PGenres: Thriller, Mystery, Drama, CrimeTranslated by Ei ...
7.3
TMDb: 7.3/10 6 votes
tv

Gap Dong(2014)[Complete]

2014
Waco: The Aftermath (2023) 7.2
Waco: The Aftermath (2023) Waco: The Aftermath (2023) ====================== IMDb Rating - 7.2/10ဒီဇာတ်လမ်းက 1993 ခုနှစ် Davidian စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ခြောက်ခြားစရာ အဖြစ်အပျက် နောက်ပိုင်းမှာ စတင်လာတဲ့ ဖြစ်ရပ်မှန် ဘာသာရေး တော်လှန်ရေးပွဲအကြောင်းကို ရိုက် ကူးထားတာပါ။ Waco မှာ လူတွေသေဆုံးခဲ့ပြီး လူတစ်ချို့က FBI နှင့် အစိုးရကို အပြစ်တင်နေချိန် FBI ညှိနှိုင်းရေးသမား Gary Noesner လည်း သူ့ကိုယ်သူ လိပ်ပြာမလုံဖြစ်ပြီး နောင် တရမိသည်။Davidian စခန်းမှာ အသက်ရှင်ကျန်ရစ်ခဲ့သည့် သူများ တရား ရုံးမှာရင်ဆိုင်ရပုံ၊ ​အမေရိကန်အစိုးရနှင့် David Koresh ဦးဆောင် သည့် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတို့ကြား တော်လှန်ရေး ဖြစ်ပွားခဲ့ပုံကို ရိုက်ကူးထားပြီး မင်းသားကြီး Michael Shannon ပါဝင်တဲ့ ရာဇဝတ်၊ တရားရေးရာ စီးရီးကောင်းတစ်ပုဒ် ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File Size.............(300 MB) / (800 MB) Quality...............WEB-DL ...
7.2
TMDb: 7.2/10 1700 votes
tv

Waco: The Aftermath (2023)

2023
IRL: In Real Love (2023) Ep 1 to 10 Complete 5.6
IRL: In Real Love (2023) Ep 1 to 10 Complete IRL (In Real Love)Dating Reality Show ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ အမေရိကန်ရဲ့ Too hot too handle အောင်မြင်သွားပြီးနောက်ပိုင်း ဆက်ထွက်လာတဲ့ Love Island(Australia,Brazil) အိုပါးတွေ အိုင်ဒေါတွေ‌လို လှပချောမောတဲ့ ကိုရီးယားသား/သူလေးတွေကို ကြည့်ခဲ့ရတဲ့ Single inferno အပြီးမှာ ‌အိန္ဒိယပရိသတ်ကြီးအတွက် ညိုချောလေး ဖြူနုလေးတွေကို netflix ကနေစီစဉ်တင်ဆက်ထားပေးတဲ့ Show အသစ်လေးလာပါပြီဖောက်ပြန်တာတွေခေတ်စားနေတဲ့ လောကကြီးမှာ ခံစားချက်တွေမလွန်ကျူးကြခင် ကိုယ်ခန္ဓာရင်းနှီးမှုတွေမပါဘဲ ပေါ်တင်ပဲတည့်တွဲကြရင်ရော...ခေါင်းစဉ်လေးအတိုင်းပါပဲ အချစ်စစ်မှာတဲ့အချစ်စစ်မှာဘာတွေလိုအပ်လဲ ကိုယ့်စံချိန်တွေကဘာတွေလဲ ဒါတွေဂာတစ်ခါတလေမှာ ရင်းနှီးသွားမှ ကြုံဖူးသွားကြမှသိကြတာတွေရှိပါတယ်နာမည်ကြီးမင်းသားမင်းသမီးတွေမဟုတ်ဘဲ သက်ဆိုင်ရာနယ်ပယ်တွေမှာအောင်မြင်ထင်ရှားသူတွေပါဝင်ထားတဲ့ အချစ်စစ်ကိုရှာကြသူများ ဟာသပေါ့ပါး Reality ရှိုးလေးတင်ဆက်ပေးလိုက်ပါတယ်သတ်မှတ်ထားတဲ့ အဆောက်အဦးတွေမှာခွဲနေကြတဲ့ ယောက်ျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့ အစမှာတည်းက အားလုံးကရွေးချယ်ထားတဲ့လက်‌တွဲဖော်လုပ်ထားတဲ့ အတွဲကိုယ်စီရှိပါတယ် ဒါပေမဲ့ တခြားသူတွေနဲ့ဆိုရင်ရောဘယ်လိုနေမလဲဆိုပြီး အွန်လိုင်းကနေစတီတာကြပလီကြပေါ့ ဒီလိုနဲ့ Meet Cute ဆိုတဲ့ App လေးကအောင်သွယ်ပေးပြီး ဒီလူတွေအချင်းချင်းပဲ ကော်ဖီဒိတ်လိုက် ပန်းခြံဒိတ်လိုက် ကမ်းခြေဒိတ်လိုက် ပြန်လာရင် တီတူးခဲ့တာလေးတွေပြောလိုက်နဲ့ပေါ့ ...
5.6
TMDb: 5.6/10 5 votes
tv

IRL: In Real Love (2023) Ep 1 to 10 Complete

2023
Garmi (2023) Complete 7
Garmi (2023) Complete Garmi (TV Series 2023) IMDb 7.5/10ရှာရွတ်ရဲ့ Dil Se... အီဖာရဲ့ Haasil တို့လို ဇာတ်လမ်းကောင်းတွေကို ဇာတ်ညွှန်းဖန်တီးရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Tigmanshu Dhulia ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ စီးရီးလေးပါ။ Tigmanshu Dhulia က နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေမှာ တင်ဆက်မှုအားကောင်းတာနဲ့ နာမည်ရှိပြီးသားသူတယောက်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... နယ်မြို့လေးက လူငယ်လေးတစ်ယောက် အစိုးရ၀န်ထမ်းဖြစ်ဖို့ရာ ကိုယ့်ဆီမှာကို နေပြီး ကျောင်းတက်ချင်ပေမဲ့ အပြိုင်အဆိုင်များတဲ့ မြို့ကြီးက တက္ကသိုလ်တစ်ခုကို သွားတက်ဖို့ အဖေဖြစ်သူရဲ့ တွန်းအားပေးမှုနဲ့ သွားခဲ့ရတယ်။ အဲဒီမြို့ အဲဒီတက္ကသိုလ်မှာပဲ စီးပွားရေး နိုင်ငံရေး အားပြိုင်နေတဲ့ လူနှစ်ယောက်က ရှိပြန်ရော။ အစိုးရဖြစ်ဖို့အရေး အစရိုးချင်ယောင်ဆောင်ကြတဲ့ အဲဒီလူ၂ယောက်ရယ်ကျောင်းသားသစ်လေး မောင်အာဗင်တယောက် အစိုးရ၀န်ထမ်းပဲ ဖြစ်ဖို့ကြိုးစားနိုင်မလား တစ်ခြားနယ်ပယ်တခုခုကိုပဲ ရောက်သွားမလား ကြည့်ရမဲ့ နိုင်ငံရေးနဲ့ ကျောင်းသားအရေး ရောသမမွှေထားတဲ့ စိတ်ဝင်စားဖွယ် အိန္ဒိယ၀က်ဘ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ထားသူတွေကတော့ chiclon3~YH~Bpl~Yunni~Nyein တို့ပဲဖြစ်ပါတယ်)File Size – 900MB / 400MBQuality – 1080p / 720pDuration – ...
7
TMDb: 7/10 2 votes
tv

Garmi (2023) Complete

2023
The Diplomat (2023) Complete 8
The Diplomat (2023) Complete The Diplomat (2023) A Netflix Series ~ IMDb - 8.1/10, Rotten Tomatoes - 88% ~ သံတမန်လုပ်ရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။ ကြိုးတန်းလျှောက်တဲ့သူလို ဘယ်ဖက်ကိုမှ မယိမ်းအောင် သတိကြီးကြီးထားပြီး လုပ်ရတဲ့အလုပ်မျိုးပေါ့။ ဒါပေမဲ့ ကြိုးတန်းလျှောက်သမားက ဟန်ချက်ပျက်ပြီး လဲရင်တောင် သူတစ်ယောက်တည်း လဲတာပါ။ သံအမတ်ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုနေတဲ့မျက်နှာဖြစ်တဲ့အတွက် ဟန်ချက်တစ်ချက် ပျက်ရင် စကားတစ်ခွန်းမှားရင် တစ်နိုင်ငံလုံး ဒါမှမဟုတ် နှစ်နိုင်ငံလုံး မျက်နှာပျက်စရာတွေ ဒုက္ခအကြီးအကျယ်ရောက်စရာတွေ ဖြစ်သွားနိုင်ပါတယ်။ အပြောအဆိုအနေအထိုင် ပါးနပ်ရတယ်။ နိုး လို့ပြောရင် သံအမတ်မဟုတ်ဘူးဆိုတဲ့ ဟာသလိုပဲ စကားပရိယာယ်ကြွယ်ရတယ်။ ပါးနပ်ဆို တခြားနိုင်ငံမှာ သွားနေရတာကိုး အိမ်ရှင်မျက်နှာလည်း ကြည့်ရသေးတယ်လေ။ ကိုယ်ဖြစ်ချင်တာကို တစ်ဖက်လူ လက်ခံနိုင်အောင် ပြောရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။ ကိုယ်သိမ်းသွင်းနေတဲ့သူက နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေဆိုရင် ပိုခေါင်းကိုက်ရတာပေါ့။ နိုင်ငံခေါင်းဆောင်တွေ ...
8
TMDb: 8/10 82 votes
tv

The Diplomat (2023) Complete

2023
In the Name of God: A Holy Betrayal (2023) 7.929
In the Name of God: A Holy Betrayal (2023) In the Name of God: A Holy Betrayal ( 2023 ) ======================================= . . IMDb 7.1/10, Rotten tomatoes 67% ၂၀၀၈ ခုနှစ်တုန်းက ကိုရီးယားမှာ ဂျောင်မြောင်ဆော့ဆိုတဲ့ ဒိတ်ဒိတ်ကြဲဘာသာရေးခေါင်းဆောင်တစ်ယောက် သူ့ရဲ့ ဖော်လိုဝါမိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အမှုနဲ့ ထောင် ၁၀ နှစ်ကျသွားခဲ့တယ်။ အဲဒီလူဟာ သူ့ကိုယ်သူ ယေရှုဝင်စားတဲ့သူ၊ ဘုရားသခင်ရဲ့တမန်တော်ပါလို့ ကြေညာခဲ့ပြီး ယုံကြည်ကိုးကွယ်သူပေါင်းလည်း ထောင်သောင်းကျော်တဲ့အထိ များပြားခဲ့တာပါ။လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကြောင့် ထောင် ၁၀ နှစ်ကျသွားခဲ့ပေမဲ့ ၂၀၁၈ ထောင်ကထွက်လာခဲ့ပြီး လျှပ်စစ်ခြေပတ် ပတ်ထားရတဲ့အချိန်မှာတောင် သူဟာ ဆိုးရွားတဲ့ လိင်ပြစ်မှုတွေကိုဆက်လက်ကျူးလွန်နေဆဲပါပဲ။ အဲဒီ လိင်ပြစ်မှုတွေရဲ့ နစ်နာသူ မိန်းကလေးတွေ speak up လုပ်ကြရာကနေ ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲ ဖြစ်မြောက်လာခဲ့ပါတယ်။ ဒီ မှတ်တမ်းရုပ်သံမှာဆိုရင် ဂျောင်မြောင်ဆော့အပါအဝင် ဘတ်ဆွန်းဂျာ၊ ဂင်ဂီဆွန်း၊ အီဂျယ်ရော့ဆိုတဲ့ မတူညီတဲ့အရေခြုံဘာသာရေးဂိုဏ်းခေါင်းဆောင်လေးယောက်ရဲ့ အမှောင်ဘက်ခြမ်းနဲ့ ဆိုးယုတ်တဲ့ပြစ်မှုတွေ၊ ဘာသာရေးခုတုံးလုပ်မှုတွေ၊ မျက်စိမှိတ်ယုံကြည်ကိုးကွယ်မှုရဲ့ ဆိုးကျိုးတွေကို သေချာဖော်ပြထားပါတဲ့အတွက် ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ကြိုက်တတ်သူတွေ စိတ်ဝင်စားကြမယ့်ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲမှာဆိုရင် ကြမ်းတမ်းတဲ့ ...
7.929
TMDb: 7.929/10 14 votes
tv

In the Name of God: A Holy Betrayal (2023)

2023
Chai Paetsaya (2023) 8.8
Chai Paetsaya (2023) Conniving Bedfellows"ရမ္မက်ပြင်းသောယောကျာ်း" မြန်မာစာတန်းထိုးChai paersaya 2023ဖလွိုင် အဖြစ် Preem Ranida techasit နဖုန် အဖြစ် Ice Panuwat ထတ်ချာ အဖြစ် Masu Junyangdikulအွမ်ယာနီ ဆိုသူက ငယ်ငယ်လေးနဲ့ တက္ကသိုလ်က ထွက်ပြီး ကွန်ဒုံးကုမ္ပဏီပိုင်ရှင်နဲ့ လက်ထပ်ခဲ့တဲ့သူပါသူလက်ထပ်ပြီးနောက် ဖိတ်ရွိုင်းနဲ့ဖလွိုင်ရွန်းလို့ခေါ်တဲ့ သမီးလေး နှစ်ယောက် မွေးဖွားခဲ့ပါတယ်သူလက်ထက်ပြီးနောက် သမီးတွေနဲ့ခင်ပွန်းဖြစ်သူကိုပဲ စောင့်ရှာက်ခဲ့ရတော့တစ်ခြားဘာအလုပ်မှမလုပ်တတ်ခဲ့ပါဘူးဖိတ်ရွိုင်းက သူ့အမေလို သိမ်မွေ့တဲ့ မိန်းကလေးပါဖလွိုင်ကတော့ ခက်ထန်ပြီး လုပ်ရဲကိုင်ရဲရှိတဲ့ မိန်းကလေးပါတစ်နေ့ အွမ်နီယာရဲ့ခင်ပွန်းဆုံး HIV နဲ့ဆုံးသွားတော့ လူတိုင်း သူ့ကို လျစ်လျူရှု့လာကြပါတယ်အဲ့ဒီအထဲမှာ အမွေဆတ်ခံမယ့် သူ့သမီး အပါအဝင်ပဲဖြစ်ပါတယ်ဝင်မ်က အွမ်ယာနီရဲ့ခင်ပွန်းရဲ့ ညီပါ အစ်ကိုဖြစ်သူဆုံးသွားပြီးနောက်မိသားစုကို သူ့အစ်ကိုအစားစောင့်ရှောက်ပေးပါတယ်ဝင်မ်နဲ့အားကိုးဖော်လိုနေတဲ့ အွမ်ယာနီတို့အချင်းချင်း သံယောဇဉ်တွေဖြစ်ခဲ့ပါတယ်ဖလွိုင်က ပြည့်တန်ဆာလို ဗွေရှုပ်တတ်တဲ့ယောက်ျားမျိုးကို အသေမုန်းတဲ့ သူပါတစ်နည်းပြောရရင် ယောက်ျားတွေကို သိပ်ပြီး အယုံအကြည်မရှိပါဘူးဆိုတော့ သူ့ဦးလေးနဲ့သူ့အမေရဲ့ ဖြစ်တည်မှုကို သူလက်ခံနိုင်မှာလားဝင်မ်နဲ့အွမ်ယာနီကရော သူတို့ရဲ့ ခံစားချက်ကို ...
8.8
TMDb: 8.8/10 votes
tv

Chai Paetsaya (2023)

Tam Ya Bok (2023) 7.9
Tam Ya Bok (2023) မနောင်ဝ် အဖြစ် Rakwanee Khamsing ကွမ် အဖြစ် Tiewhui နမ့်တန် အဖြစ် Noolek Thithinam အဒေါ်ဒွမ် အဖြစ် Duangdao Jarujinda အဒေါ်မွိုင်း အဖြစ် Aew Amphaဇာတ်လမ်းအကျဉ်းမနောင်ဝ်က အဖွားဒွမ်တစ်ယောက် ငယ်ကတည်းက ကောက်ရထားပြီး မွေးစားထားတဲ့ မြေးမလေးဖြစ်ပြီး အဖွားနဲ့ သင်္ဘောသီးထောင်းဆိုင်တူတူဖွင့်ထားသူ ဖြစ်ပါတယ်အဖွားဒွမ်ရဲ့ဆိုင်က အဒေါ်မွိုင်းနဲ့ သင်္ဘောသီးထောင်ပြိုင်ပွဲတိုင်းမှာ ပြိုင်ဘက်ဖြစ်ပြီး အမြဲနံပတ်၁ နေရာရနေသူမို့ အဒေါ်မွိုင်းနဲ့ တူမဖြစ်သူ နမ့်တန်တို့ရဲ့ မျက်မုန်းကျိုးမှုကို ခံနေရခဲ့တယ်တစ်ရက်အဖွားဒွမ်ရဲ့ မြေးအရင်းဖြစ်သူ ကွမ် တစ်ယောက် ဆိုင်ကို ပြန်ရောက်လာခဲ့ချိန်မှာပဲ အဖွားဒွမ်တစ်ယောက် ဆုံးပါးသွားခဲ့တယ်ဆိုင်ကို အစွဲကြီးသူ အဖွားဒွမ်တစ်ယောက် ထောင်းနည်းကို မသင်ပေးခဲ့ရလို့ မကျွတ်ခဲ့ရာမှ မပြီးပြတ်သေးတဲ့အလုပ်တွေလုပ်ဖို့ အချိန် ၄၉ရက် ရခဲ့ပါတော့တယ်ဒီအချိန်၄၉ ရက်အတွင်းမှာ အဖွားဒွမ်ရဲ့ဆန္ဒတွေ ပြည့်လာနိုင်မလားဆိုင်ကိုဖျက်ဆီးချင်နေတဲ့ အဒေါ်မွိုင်းနဲ့နမ့်တန်လက်က ရှောင်ထွက်နိုင်ပါ့မလားအမြဲမတည့်အတူနေဖြစ်နေတဲ့ ကွမ်နဲ့ မနောင်ဝ်ကရော သင်္ဘောသီးထောင်းဆိုင်ကို ထိန်းသိမ်းသွားနိုင်ပ့ါမလားဆိုတာ ကြည့်ရှုကြရအောင် ။Native ...
7.9
TMDb: 7.9/10 votes
tv

Tam Ya Bok (2023)

Mrs. Davis (2023) 7.333
Mrs. Davis (2023) ဒီဇာတ်ကားကတော့ မရိုးနိုင်တဲ့ quest တစ်ခုဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့ သောက်တော်ရေခွက် ဟိုလီဂရေးကို လိုက်ရှာရတဲ့ ပုံစံမျိုးကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက သူက Sci-fi ဆိုလည်း ဟုတ်နေပြန်တယ်။ အနာဂတ်မှာ လူတွေက ဖေ့စ်ဘုတ်တွေ၊ အင်စတာဂရမ်တွေ မသုံးတော့ဘဲ မစ္စစ်ဒေးဗစ်လို့ခေါ်တဲ့ အဲလ်ဂိုရစ်သမ်ကြီးတစ်ခုကို တစ်ကမ္ဘာလုံးက အသုံးပြုကြတယ်။ဒီအဲလ်ဂိုရစ်သမ်ကြီးက ပြောရရင် ဘုရားလိုပဲ ဘာမှ မသိတာမရှိဘူး၊ လူတွေကို ပျော်အောင်ထားသလိုလိုနဲ့ ထိန်းချုပ်ထားတယ်ပေါ့။ သူ့မှာ တခြားဆိုရှယ်မီဒီယာတွေမှာ Blue mark ရသလိုမျိုး Wings ဆိုတာကို ရအောင်လုပ်ကြတဲ့ လူတွေ ရှိတယ်။ သူကလည်း သူခိုင်းချင်တယ်ဆိုရင် Wings နဲ့ ဆွဲဆောင်တာပေါ့။ လစ်ဇီက ဒီအဲလ်ဂိုရစ်သမ်ကြောင့် သူ့အဖေသေခဲ့ရတာဖြစ်တဲ့အတွက် ဒီဟာကြီး မကောင်းကြောင်းကို သိထားတဲ့သူ။အဲဒါကြောင့် အဲလ်ဂိုရစ်သမ်ကို မသုံးဘဲ နေနေတဲ့ လူနည်းစုထဲမှာ ပါပြီး ဒီဟာကြီးကို ...
7.333
TMDb: 7.333/10 18 votes
tv

Mrs. Davis (2023)

2023
Fireflies: Parth aur Jugnu (2023) 7
Fireflies: Parth aur Jugnu (2023) ဟိုးရှေးပဝေသဏီတည်းက ဟိမဝန္တာရဲ့အောက်ခြေတောင်ပူစာမှာ ဘီးမ်မူကေ့ရှ်ရွှာဆိုတဲ့မြို့လေးတစ်မြို့ဖြစ်တည်ခဲ့တယ် အဲဒီမြို့လေးမှာ လျှိုဝှက်ချက်ပေါင်းစုံနဲ့ နတ်ဆိုးတွေပါရှိတယ်လို့ ဆိုစမှတ်ပြုကြတာပေါ့ဒဏ္ဍာရီအရဆိုရင် ရှရီးရမ်နဲ့ ရာဗန်တို့ကြားတိုက်ပွဲဖြစ်တုန်းက ဟာနုမန်က ‌ ဆန်ဂျီဗနီတောင်တစ်တောင်လုံးကို မ,ရွှေ့ပြီး နေရာပြောင်းတော့ ဆန်ဂျီဗနီစေ့လေးတစ်စေ့က အဲဒီမြို့နားက တောအုပ်ထဲ ‌ပြုတ်ကျကျန်ခဲ့တယ်တဲ့ အဲဒီအစေ့ကနေ ဘယ်လောက်စွမ်းလဲဆိုရင် သာမန်လူတစ်ယောက်ကို မသေမျိုးဖြစ်အောင် လုပ်ပေးနိုင်စွမ်းအထိရှိတာပေါ့ ဒါကို လူယုတ်တွေလက်ထဲကကာကွယ်ဖို့ မျိုးနွယ်စုတွေက သူတို့မင်းသားတွေကို ကာကွယ်သူတွေအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြတယ်နှစ်၅၀ပြည့်တိုင်း အမ်မရစ်ပူနီမာညတိုင်းမှာ တောအုပ်ထဲက ဆန်ဂျီဗနီက ပန်းပွင့်လန်းလာတယ် သူနဲ့အတူ ကာကွယ်သူတောအုပ်နတ်ဆိုးရောပါပေါ့ ဒီလိုဒဏ္ဍာရီတွေကြောင့် နှစ်၅၀ပြည့်တိုင်း လကွယ်ညတွေဆို တောအုပ်ထဲကို ဘယ်သူမှမသွားကြဘူးတဲ့ တစ်နေ့တော့ ဒီလကွယ်ညမှာမှ ပါ့သ်ဆိုတဲ့ကောင်လေးတစ်ယောက်က စာမေးပွဲကျလို့ အဲဒီတောအုပ်ထဲ စိတ်ပြေလက်ပျောက်သွားထိုင်နေမိတယ် သူသွားထိုင်တဲ့အချိန်က ဆန်ဂျီဗနီပန်းပွင့်လာချိန်တဲ့ သွားတိုက်ဆိုင်နေတော့ ဒီပန်းရဲ့ကာကွယ်သူ နတ်ဆိုးနဲ့ ပါ့သ်တို့ ဘယ်လိုဇာတ်လမ်းတွေဖြစ်လာမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်Quality :720p WEB RIP Total Episodes : 600MBFormat : mp4Genres :Sci-Fi & Fantasy, Drama, MysteryDuration : 45minsSubtitle : Myanmar Subtitle ( Hardsub )Translated ...
7
TMDb: 7/10 1 votes
tv

Fireflies: Parth aur Jugnu (2023)

2023
FBI: International (2021)
FBI: International (2021) FBI: International (2021)==================IMDb Rating - 6.3/10Series တွဲရဲ့နာမည်ကိုမြင်လိုက်တာနဲ့ ဘယ်လိုဇာတ်လမ်းတွဲမှန်းရိပ်မိလောက်ကြမယ်လို့ထင်ပါတယ်။ FBI:international ဆိုတဲ့အတိုင်း FBI ရဲ့ နိုင်ငံဖြတ်ကျော်အမှုလိုက်တဲ့အကြောင်းတွေကို ရိုက်ပြထားတဲ့ ကားပါပဲ။ ဒီကားထဲမှာ FBIကဖွဲ့ထားတဲ့ Fly Team လို့ခေါ်တဲ့အထူးစူံစမ်းရေးအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုအဓိက ထားထားတာပါ။ Fly Team ဆိုတာက အမေရိကန်နိုင်ငံကိုအန္တရာယ်ပြုနိုင်တယ်ဆိုရင် အချိန်မရွေးနေရာမရွေး စုံစမ်းဖမ်းဆီးတုန့်ပြန်နိုင်အောင် အထူးလေ့ကျင့်ထားတဲ့အဖွဲ့ပါ။ အမှုတစ်ခုကိုလိုက်ရင် တရားခံမိဖို့အဓိကမထားပဲ တရားခံနဲ့ဆက်စပ်ပြီးနောက်ဆက်တွဲပြဿနာတွေမရှိအောင်တစ်ခါတည်းရှင်းတတ်တဲ့ စကော့ဖောရက်စတာ... FBI အေးဂျင့်လုပ်သက်တစ်လျှောက် မကောင်းတဲ့မှတ်ချက်တွေပေးခြင်းခံရပေမယ့် ထူးချွန်တဲ့သူ့ရဲ့ဦးဆောင်မှု အောက်မှာ FBI ရဲ့ Fly team က အမှုတွေကိုဖြေရှင်းပုံတွေ တရားခံလိုက်ဖမ်းပုံတွေက Crime,dramaပီပီ စိတ် ဝင်စားဖို့ကောင်းလှပါတယ်။အပိုင်း(၁၁)ပိုင်းပါဝင်ပြီးတော့ လတ်တလော(၁၀)ပိုင်းထိထွက်ထားတဲ့ ဒီစီရီးက CBSကထွက်ထားတဲ့ FBI စီးရီးတွေနဲ့လည်းပတ်သက်မှုရှိတယ်ဆိုတော့ကား...crime/dramaချစ်သူတွေအနေနဲ့တစ်ဝကြီးကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ပဲဖြစ်ပါတယ်။)File Size - (350 MB) Quality – WEBDL 720p Duration -  43 mins ...

FBI: International (2021)

2021
9-1-1: Lone Star (2020) 8.4
9-1-1: Lone Star (2020) 9-1-1 Lone Star (2020) 9-1-1 Lone Star ကတော့ 9-1-1 ရဲ့ Spin off ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ တက္ကဆပ်ပြည်နယ်ကို ယခင်က Lone Star လို့ ခေါ်ခဲ့တာပါ။ဒီဇာတ်လမ်းကတော့ တက္ကဆပ်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဘေးအန္တရာယ်တွေကို အမှတ် ၁၂၆ မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန၊ ရဲဌာန တို့ရဲ့ကြိုးပမ်းမှုတွေကို ဇာတ်လမ်းအချိတ်အဆက်မိမိ ဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မီးသတ်ဌာနမှူး ကပ္ပတိန် အိုဝင် စထရန်းဟာ တက္တဆပ်ပြည်နယ်၊ အော်စတင်မြို့လေးဆီကို ပြောင်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူနဲ့အတူ သူ့ရဲ့သား တီကေ စထရန်းလည်း ပါလာခဲ့ပါတယ်။အော်စတင်မြို့ရဲ့ အမှတ် ၁၂၆ မီးသတ်ဌာနမှူး ဂျဒ်ဟာလည်း တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူအနေနဲ့ စိတ်ဒဏ်ရာ ရနေခဲ့ပါတယ်။ ခေါင်းဆောင်အဟောင်း နဲ့ အသစ်တို့ကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာ ဖြစ်သလို ရယ်မောစရာ ဟာသခန်းတွေကိုလည်း သဘာဝကျကျ မြင်ရမှာ ...
8.4
TMDb: 8.4/10 92 votes
tv

9-1-1: Lone Star (2020)

2020
Citadel (2023) 9.5
Citadel (2023) Citadel Season 1 (2023)ဒီစီးရီးကတော့ Mission Impossibleလိုလို Kingsman လိုလို စတိုင်ပါပဲ။ မင်းသားကတော့ Game of Thrones ထဲက ရော့ဘ်စတာ့ခ်နေရာမှာ သရုပ်ဆောင်ဖူးတဲ့ Richard Madden ပါ။ မင်းသမီးကတော့ ပရီရန်ကာ ချော်ပရာပါပဲ။ဇာတ်လမ်းအကျဉ်း ကမ္ဘာပေါ်မှာ စပိုင်အဖွဲ့တွေစရှိလာကတည်းက စပိုင်အချင်းချင်း နိုင်ငံအချင်းချင်း စစ်ပွဲတွေဖြစ်နေခဲ့ကြတာပါ။ ဒါပေမဲ့ စပိုင်တိုင်းဟာ ကိုယ့်နိုင်ငံအတွက် အခြားနိုင်ငံကိုဘာပဲဒုက္ခပေးရပေးရ လုပ်တဲ့သူတွေချည်းပါပဲ။ အဲဒီမှာပဲ စပိုင်တစ်စုဟာ စစ်တဒယ်ဆိုတဲ့ ဘယ်နိုင်ငံလက်အောက်ခံမှမဟုတ်တဲ့ လွတ်လပ်တဲ့ စပိုင်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ သူတို့အဖွဲ့ဟာ နှစ် ၁၀၀ လောက်ကြာအောင် သမိုင်းတလျှောက် ပြဿနာကြီးတွေကို နောက်ကွယ်ကနေ လျို့ဝှက်ဖြေရှင်းပေးနေခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက်မှာတော့ သူတို့အဖွဲ့ရဲ့ လျို့ဝှက်ချက်တွေအကုန်ပေါက်ကြားပြီး အဖွဲ့ဝင်အားလုံးလုပ်ကြံခံလိုက်ရပါတယ်။ မသေဘဲလွတ်လာတဲ့ အေးဂျင်မေဆန်ကတော့ အတိတ်မေ့ပြီး ၈ နှစ်လုံးလုံး သာမန်လူဘဝနဲ့နေနေခဲ့ပါတယ်။ သူတို့တွေကို အဓိက တိုက်ခိုက်ခဲ့တာကတော့ "မန်တီကိုး" ဆိုတဲ့ အဖွဲ့ပါပဲ။ အဲဒီအဖွဲ့ကိုတော့ ကမ္ဘာပေါ်က အချမ်းသာဆုံး ...
9.5
TMDb: 9.5/10 8 votes
tv

Citadel (2023)

2023
Past-Senger (2023)
Past-Senger (2023) Past-Senger (2023)BL ပရိသတ်တွေအတွက် ကြည့်စရာဇာတ်လမ်းတွဲအသစ်လေးကို CM ကတင်ဆက်ပေးပါဦးမယ်နော်ကီရို့ဆိုတဲ့ကောင်လေးက သူငယ်ချင်းတစ်သိုက်နဲ့ အမြဲပျော်နေတတ်ပြီး ဗိသုကာပညာကိုသင်ယူဖို့တက္ကသိုလ်တက်တော့မယ့်အချိန်မှာ ကချော်ကချွတ်နဲ့ နောက်ပြောင်ရင်း နောက် ၂၅ နှစ်ကိုရောက်သွားပါလေရော...ဘီးလ်ဆိုတဲ့ကောင်လေးကတော့ ၂၀၂၂ ခုနှစ်မှာ ဗိသုကာမေဂျာတက်နေတဲ့ ရိုးသားကြိုးစားဖိုးသခွားလေးပေါ့နော်အဲအချိန်မှာ သူတို့နှစ်ယောက်ဆုံပြီးတော့ ဘာတွေဆက်ဖြစ်ကြမလဲ ၂၅ နှစ်ဆိုတဲ့ ကွာဟနေတဲ့အချိန်ကာလကိုရော ဘယ်လိုရင်ဆိုင်ကြမလဲ... BL ထဲမှာပါ အချိန်ခရီးသွားပုံစံလေးနဲ့ဆိုတော့ တစ်မျိုးတစ်မည်ဖြစ်နေလို့ အထူးညွှန်းစရာမလိုတော့လို့ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Blue, MyoMyo, ThantSin တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 1GB | 500MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz, Blue, MyoMyo, ThantSin Encoder ..... Aaron720pEpisode 01 - Userdrive | ...

Past-Senger (2023)

2023
The Promise (2023) 8.1
The Promise (2023) The Promise (2023) (အညွှန်း) =====================ဒီတစ်ခေါက်အလှည့်ကျတဲ့ BL series ချိုချိုလေးကတော့ “သူငယ်ချင်းလေးပါပဲ ..” ကနေ အဆင့်တွေတက်ကုန်ကြမယ့် “The Promise” ပဲဖြစ်ပါတယ်xPPhupha နဲ့ Nanfah တို့က ငယ်ငယ်လေးတည်းက အမြဲတတွဲတွဲရှိခဲ့ကြတဲ့ ကစားဖော်ကစားဖက် အိမ်နီးချင်းသူငယ်ချင်းတွေပါ။ အိမ်ချင်းနီးချက်ကတော့ နှစ်အိမ်က မျက်နှာချင်းဆိုင်ပါပဲ။ လမ်းရဲ့ဒီဘက်မှာ Phupha အဖေက အိမ်ဆိုင်ကော်ဖီဆိုင်လေးဖွင့်ထားတယ်။ လမ်းရဲ့ဟိုဘက်မှာ Nanfah အဖေက အိမ်ဆိုင်ဆေးဆိုင်လေးဖွင့်ထားတယ်။ ဆိုတော့ နှစ်ယောက်ကအမြဲတတွဲတွဲနဲ့ ကောလိပ်ပြီးတဲ့အထိ အချင်းချင်းရဲ့ အကောင်းဆုံး အဆိုးဆုံးအချိန်တွေမှာပါ အတူတူရှိခဲ့ကြသူတွေပေါ့။ ဒီလိုနဲ့ကောလိပ်မှာဘွဲ့ယူတဲ့ ရီဟာဇယ်နေ့မှာ Nanfah ရဲ့ကမ္ဘာထဲကနေ Phupha တစ်ယောက် ရုတ်တရက်ကြီး ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။၁၀ စုနှစ်တစ်ခုစာကြာတဲ့အထိ Phupha ကိုသတိရတဲ့စိတ်နဲ့ ဘဝကိုအထီးကျန်ကျန်ဖြတ်သန်းနေခဲ့ရတဲ့ Nanfah တစ်ယောက် move on ပြီး ဘဝသစ်တစ်ခုကိုစနိုင်သွားမှာလား .. ဒါမှမဟုတ် Phupha နဲ့ပြန်တွေ့နိုင်ဦးမှာလား .. Phupha ကရော ဘာကြောင့်ထွက်သွားခဲ့ရတာလဲ ..စတာတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုနိုင်ကြောင်းပါနော်။အညွှန်းကို Lai Laii က ...
8.1
TMDb: 8.1/10 1 votes
tv

The Promise (2023)

2022
Tu Zakhm Hai (2022) Season1+Season2 7
Tu Zakhm Hai (2022) Season1+Season2 Tu Zakhm Hai 2022ယခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးများ တစ်ဝကြီးကြည့်ရှုနိုင်ဖို့ အပိုင်း 24 ပိုင်း season နှစ်ခုပါတဲ့ Web series လေးပဲဖြစ်ပါတယ် မင်းသမီးချောလေး Donal Bisht နဲ့ Gashmeer Mahajani တို့ရဲ့အတွဲညီညီသရုပ်ဆောင်မှုတွေကိုစောင်ကိုက်ကြည့်ရှုရမဲ့အပြင် အကလည်းမပါဝင်ဘဲ Rating ကလည်း 7.2 ထိရထားတာဆိုတော့ရှယ်မိုက်တဲ့စီးရီးတစ်ခုပါပဲဗီရာ့ဂ်ျတရီဟန်ဆိုတာ ငွေမည်းခဝါချတဲ့နေရာမှာ ဆရာတစ်ပါးပါ ဘယ်လောက်တောင်ဆရာကျသလဲဆိုရင် ငွေမည်းလောကရဲ့ဘုရင်လို့ကို ညွှန်းဆိုရတဲ့အထိပါပဲ ဗီရာ့ဂ်ျက ရက်စက်တယ် နှလုံးသားမရှိဘူး ဆုံးဖြတ်ချက်ပြတ်သားတယ် အလုပ်လုပ်ရင်ဟာကွက်မရှိဘူး အပြစ်လုပ်ထားတဲ့ဘယ်သူ့ကိုမှလည်း မညှာတာဘူး ယူမဲ့မိန်းမကိုတောင် ဈေးတွက်လိုက်တွက်နေတဲ့ လူစားမျိုးပေါ့တစ်ဖက်မှာတော့ ကာဗရာဆိုတဲ့ ချစ်စရာ သွက်သွက်လက်လက် စိတ်ကုထုံးဆရာဝန်မလေးဟာ ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ဦးတည်းသောအဖေနဲ့အတူ ချစ်ရတဲ့သတို့သားလောင်းလေးနဲ့ လန်ဒန်မှာအခြေချမဲ့ကောင်မလေးပေါ့ဇာတ်ကောင်တွေက လွန်းထားထားဆန်ပေမဲ့ ဇာတ်လမ်းကတော့ အိန္ဒိယကားဆန်ပါတယ် ကာဗရာရဲ့အဖေက ဗီရာ့ဂ်ျမိသားစုထံအလုပ်လုပ်နေပြီး သူတို့မိသားစုရဲ့ အသက်သွေးကြော ငွေမည်းခဝါချစာရင်းစာအုပ်ကို ခိုးယူလိုက်တာက စပါတယ်အဲ့လိုခိုးယူပြီး တလွဲတွေဖြစ် ...
7
TMDb: 7/10 1 votes
tv

Tu Zakhm Hai (2022) Season1+Season2

2022