Channel Myanmar

Drama

Class of ’09 (2023) 8.2
Class of ’09 (2023) ခုတစ်ခေါက် CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့ "Class of ‘09” ဆိုတဲ့ Drama, Thriller ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ FBI အေးဂျင့်လေးဦးအကြောင်း အဓိကအသားပေးဖော်ပြထားပြီး ၂၀၀၉ တုန်းက အတိတ်မှာဖြစ်ခဲ့တာတွေရယ်ရယ် ပစ္စုပန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ရယ် အနာဂတ်က ၂၀၃၄ ခုနှစ်ရယ်ဆိုပြီး အချိန်အပိုင်းအခြားသုံးခုကို တစ်လှည့်စီ ရိုက်ပြထားပါတယ်။ ၂၀၀၉ ခုနှစ်ဝန်းကျင်မှာ FBI အဖွဲ့အစည်းက အေးဂျင့်အသစ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးလောကက မဟုတ်လည်း တခြားနယ်ပယ်အသီးသီးမှာကျင်လည်လာတဲ့လူတွေကို အေးဂျင့်အဖြစ် စတင်လျှောက်လွှာလက်ခံခဲ့ပါတယ်။၂၀၀၉ ခုနှစ်အပိုင်းမှာတော့ နာ့စ်မလုပ်နေရာကထွက်လာပြီး FBI ကိုလာလျှောက်တဲ့ Poet ရယ် မိဘတွေက FBI လုပ်တာကို သဘောမတူပေမဲ့ ဘဏ်အကောင့်ထဲရှိသမျှပိုက်ဆံနဲ့ လေယာဥ်လက်မှတ်ဝယ်ပြီး အေးဂျင့်လေ့ကျင့်ရေးကျောင်းကို ရောက်လာတဲ့ Hour ရယ် လစာကောင်းတဲ့ အာမခံအေးဂျင့်အလုပ်ကို ထွက်ပြီးလာလျှောက်တဲ့ Tayo နဲ့ မိဘတွေက ...
8.2
TMDb: 8.2/10 17 votes
tv

Class of ’09 (2023)

2023
City on Fire (2023) 7.7
City on Fire (2023) IMDB rating 6.1/10 ရရှိထားတဲ့ အသစ်ထွက် ongoing Crime/Drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၀၃ခုနှစ်ကို အခြေတည် ရိုက်ကူးထားတာဖြစ်ပြီး တစ်ပတ်ကိုတစ်ပိုင်းနှုန်းနဲ့ အပိုင်း ၈ ပိုင်းထွက်ရှိမှာပါ။ မင်းသမီးချောလေး Chase Sui Wonders (Bodies Bodies Bodies/Generation)၊ မင်းသားချောလေး Wyatt Oleff (I Am Not Okay With This/IT-Stanley Urisဇာတ်ကောင်)နဲ့ မင်းသမီးချော Jemima Kirke (Girls/Conversations with Friends)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း ဆမ်က လွတ်လပ်ပြီး ပျော်ပျော်နေတတ်တဲ့၊ ဂီတကိုရူးသွပ်တဲ့ ပေါ့ပေါ့ပါးပါးတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ပါ။ တစ်ရက်မှာ အထက်တန်းကျောင်းတုန်းတူတူတက်ခဲ့တဲ့ ချာလီနဲ့ အမှတ်မထင်တွေ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ရှက်တတ်ပြီး အဖေဆုံးပါးသွားလို့ စိတ်ဒဏ်ရာရနေတဲ့ လူငယ်လေး ချာလီက ဆမ့်ကို တွယ်တာသွားမိတယ်ဆိုပါတော့လေ။ ဆမ်က ချာလီနဲ့မတွေ့ခင်က ...
7.7
TMDb: 7.7/10 10 votes
tv

City on Fire (2023)

2023
[18+] Sex Hub (2023) 6
[18+] Sex Hub (2023) Sex Hub (2023) ကာမင်းဟာ လတ်တလော ချစ်သူနဲ့ချစ်တင်းနှောနေတဲ့ Home Made ဗီဒီယိုတစ်ခုပေါက်ကြားခံထားရပါတယ်။ ပိုဆိုးသွားတဲ့အချက်ကတော့ ဖခင်ဖြစ်သူ တက္ကစီသမားဟာ သူ့ကားပေါ်မှာ ခရီးသည်တစ်ယောက် အဲဒီဗီဒီယိုကိုကြည့်နေတာကို တွေ့မြင်ရာသွားကနေ သူနဲ့ပြဿနာအကြီးအကျယ်တက်ခဲ့တာပါပဲ။ တစ်သက်လုံး သူ့အပေါ်ကောင်းခဲ့တဲ့ ဖခင်ဖြစ်သူကို သနားစိတ်နဲ့ သူ့ချစ်သူကိုဖြတ်ဖို့သွားခဲ့တဲ့ ကာမင်းတစ်ယောက် ဘားမှာ ချစ်သူနဲ့ ကတောက်ကဆဖြစ်ရာကနေ သတိလစ်သွားခဲ့ပါတယ်။ သူပြန်သတိရလာတဲ့အချိန်မှာတော့ ဂိုထောင်ပျက်ကြီးတစ်ခုကိုရောက်ရှိနေခဲ့ပြီး သူ့မျက်စိရှေ့မှာတင် မိန်းမငယ်တစ်ယောက် ပစ်သတ်ခံလိုက်ရပါတယ်။ အဲဒီမှတစ်ခြားအမျိုးသမီးနှစ်ယောက်၊ အမျိုးသားသုံးယောက်ကိုပါတွေ့ရှိခဲ့ပြီ းသူသိလာရတာကတော့... သူတို့ဟာ အသက်မသေချင်ရင် Dark Web ပေါ်မှာ ကင်မရာရှေ့ တိုက်ရိုက်ကြည့်ရှုသူအလိုကျ ဖော်ပြ ချွတ်ပြ လိင်ဆက်ဆံပြရပါတယ်။ ထုတ်လွှင့်မှုတစ်ကြိမ်ပြီးတိုင်း ငွေဝင်အနည်းဆုံးတစ်ယောက်ကို ပစ်သတ်လေ့ရှိတဲ့အတွက် အသက်မသေချင်ရင် သူတို့အလိုကျလိုက်လျောရုံကလွဲလို့မတတ်နိုင်ပါဘူး။ ပျောက်ချင်းမလှပျောက်သွားတဲ့ ကာမင်းကို သူ့ဖခင်နဲ့ချစ်သူတို့ရှာဖွေတွေ့နိုင်ပါ့မလား... ကာမင်းတစ်ယောက်ရော ဒီလိင်ငရဲခန်းကလွတ်မြောက်နိုင်ပါ့မလား... ဆိုတာ အပိုင်းလေးပိုင်းပါဝင်တဲ့ အသစ်ထွက် Mini-Series လေးမှာ ကြည့်ရှုလိုက်ကြပါတော့။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ...
6
TMDb: 6/10 votes
tv

[18+] Sex Hub (2023)

2023
The Uncanny Counter(2020)
The Uncanny Counter(2020) The Uncanny Counter(2020) အညွှန်း**********************************အပိုင်းသစ်(၁ မှ ၁၆ ထိ)စ/ဆုံး=Complete Zip=ငယ်ဘ၀တုန်းက ကားအက်စီးဒင့်ကြောင့် ဘယ်ဘက်ခြေထောက် မသန်မစွမ်းဖြစ်ခဲ့ရပြီး ထူးခြားတဲ့ခွန်အားပိုင်ဆိုင်ထားတဲ့ So Moonလွန်ခဲ့တဲ့ ၇ နှစ်က ကားအက်စီးဒင့်ကြောင့် အတိတ်မေ့နေခဲ့သူ ရဲအရာရှိဟောင်း Ga Mon Takအသားချင်းထိလိုက်တာနဲ့ လူတစ်ယောက်ရဲ့ စိတ်ကို ဖတ်နိုင်ပြီး အဝေးကနေလာနေတဲ့ ရန်သူကိုတောင် အာရုံခံနိုင်စွမ်းရှိတဲ့ မိန်းကလေး Do Ha Naစားဖိုမှူး မိန်းကလေး Chu Mae Ok နဲ့ အဖွဲ့ရဲ့ ငွေရေးကြေးရေးကို စီမံခန့်ခွဲတဲ့ Choi Jang Mool တို့ ဖွဲ့စည်းထားတဲ့အဖွဲ့နာမည်ကတော့ "Counter"ဒီလိုအများနဲ့မတူတဲ့ ခေါက်ဆွဲဆိုင်လေးမှာ သူမတူတဲ့စွမ်းအားပိုင်ဆိုင်တဲ့ အလုပ်သမားငါးယောက်စုဝေးနေကြတယ်။ဒီလိုစွမ်းအားတွေကို အသုံးချပြီး မကောင်းမှုပြုလုပ်တဲ့ လူဆိုးတွေကို လိုက်ဖမ်းကြမှာဖြစ်ပါတယ်။သူတို့ရဲ့ စွမ်းအားတွေကိုဘယ်လိုအသုံးချပြီး လူဆိုးတွေကိုဖမ်းကြမလဲ သူတို့ရဲ့ ကံကြမ္မာကရော ဘယ်လိုဖြစ်မလဲဆိုတာကို Channel Myanmar ကနေ အပါတ်စဉ် စနေ တနင်္ဂနွေညတိုင်းမှာ ...

The Uncanny Counter(2020)

2020
Spy/Master (2023) 8.0
Spy/Master (2023) Spy/Master (2023) ============== IMDb Rating - 8.0/10Victor Godeanu က ရိုမေးနီးယား အာဏာရှင် Nicolae Ceausescu ရဲ့ ညာလက်ရုံး အရင်းနှီးဆုံး အကြံပေးပါ။ တစ်နေ့ Ceausescu က သူ့အတွင်းလူတွေထဲ သစ္စာဖောက်သူလျှို ရှိနေ တယ်ဆိုပြီး Godeanu ကို စုံစမ်းခိုင်းခဲ့တယ်။ဒါပေမဲ့ တကယ်တော့ Ceausescu ရဲ့ အကြံပေး Godeanu ကိုယ် တိုင်က အဲဒီသူလျှိုဖြစ်နေတာပါ။ Godeanuက KGB အတွက် လျှို့ဝှက်အေးဂျင့် ဖြစ်နေပြီး သူ့ရဲ့သရုပ်မှန်ကို Ceausescu မသိခင် ရိုမေးနီးယားကနေ ထွက်သွားဖို့ ဘယ်လိုတွေ ကြိုးစားမလဲ၊ ဘယ် သူ့အကူအညီတွေ ယူပြီး ​လှုပ်ရှားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် စီးရီးတစ်ခု ဖြစ်ပါတယ်။(၁)ပတ်တစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ် စဥ်တင်ဆက်ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File Size.............(400 MB) / (800 MB) Quality...............WEB-DL 720p / 1080p Duration............50Min(@Episode) Subtitle..............Myanmar ...
8.0
TMDb: 8.0/10 1200 votes
tv

Spy/Master (2023)

2023
BITCH X RICH (2023)
BITCH X RICH (2023) BITCH X RICH (2023)*********************အပိုင်း( ၁ မှ ၁၀) အထိ စ/ဆုံးဒီဇာတ်လမ်းတွဲကတော့ ကိုရီးယားရဲ့  မရိုးနိုင်သောကျောင်းတွင်းအကြမ်းဖက်မှုတွေကိုအခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်..အပိုင်း (၁၀ ) ပါရှိပြီးချမ်းသာတဲ့မိသားစုကကောင်မလေးနဲ့ အခြေခံလူတန်းစားကောင်မလေးတို့ကြားတိုက်ပွဲကို ကြည့်ရမှာဖြစ်ပါတယ်...ကျောင်းတွင်းအကြမ်းဖက်မှုတွေကြားမှာ မတော်တဆလူသတ်မှုတစ်ခုဖြစ်ခဲ့ပြီးဒီအမှုရဲ့မျက်မြင်သက်သေကတော့ နောက်ခံအင်အားမရှိ ..နာမည်မရှိ..ငွေကြေးအင်အားမရှိတဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေတယ်..စကားတစ်ချက်မှားလိုက်တာနဲ့ ကြွေပန်းကန်တစ်ချပ်လိုအလွယ်တစ်ကူကွဲကြေနိုင်တဲ့အနေအထားမှာဒီကောင်မလေး ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့....Aired:  May 29, 2023 - Jul 18, 2023 Aired On: Monday, Tuesday Genres: Thriller, Mystery, Youth, Drama Duration: 40 mins Episodes: 10 Original Network: TVN File Size: 720p(~250MB) , 1080p(550MB) Translated by Tiff , Shoon & Thinn Thinzar Encoded by Phyo Pyae «««   Telegram Channel  »»» Episode 01 [720p]     »»»   UsersDrive  ...

BITCH X RICH (2023)

2023
Love Tractor (2023)
Love Tractor (2023) Love Tractor (2023)မြို့သား နဲ့ တောသူ တော့ မဟုတ်တဲ့ မြို့သား နဲ့ တောသားရဲ့ အချစ်ဇာတ်ကားလေး လာပါပြီ။မြို့ကြီးသားလေး Hyeon Yul က စာတော်တဲ့ ဥပဒေကျောင်းသား တစ်ယောက်ဖြစ်ပြီးတော့ မြို့ပြမှာ မပျော်ပိုက်ဘဲ လမ်းတွေ ပျောက်နေခဲ့ရတဲ့ မြို့ကြီးသားလေး တစ်ယောက် ဖြစ်ပါတယ်။တစ်နေ့မှာတော့ သူ့အိမ်ကနေ ဘယ်သူမှ မသိအောင် ထွက်လာခဲ့ပြီးတော့ အဘိုးဖြစ်သူရဲ့ ရွာမှာ ခေတ္တ နေထိုင်နေရင်း တောသားလေး Ye Chen နဲ့ စတင်တွေ့ပြီးတော့ အချစ်ထွန်စက်ကြီးကို ဘယ်လို ခုတ်မောင်းကြမယ် ဆိုတာကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ပေးကြပါဦး။တောနယ်က ရိုးသားဖြူစင်မှုတွေနဲ့ တောတောင်အလှအပတွေကိုလည်း တစ်ဝကြီး ခံစားကြရဦးမှာပါ။တစ်ပတ်ကို ၂ ပိုင်းနှုန်းနဲ့ ၈ ပိုင်းတိတိ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 400MB | ...

Love Tractor (2023)

2023
Taj: Divided by Blood (2023) S2 Complete 7
Taj: Divided by Blood (2023) S2 Complete Taj: Divided By Blood Season (2) Ep 1 to 8 (Complete)ဒီတစ်ခေါက်မှာကတော့ S(1)တုန်းက ၁၆ရာစုအတွင်း အိန္ဒိယနိုင်ငံမှာ ဩဇာအရှိန်အဝါကြီးမားခဲ့တဲ့ မဂိုအင်ပါယာ ဧကရာဇ်မင်းကြီး အက်ကဘရ်နဲ့ သားတော်၃ပါးဖြစ်တဲ့ ဆလင်းမ် မူရားဒ်နဲ့ ဒါနီယားလ်တို့ရဲ့စီးခဲ့တဲ့ သွေးကြွေးကိုပြန်ဆပ်မယ့် မဂိုအင်ပါယာကြီးရဲ့အရှုပ်တော်ပုံ S(2)ကိုတင်ဆက်မှာဖြစ်ပါတယ် S (1)မှာတော့ မဂိုအင်ပါယာထဲက အလှတရားနဲ့ ရက်စက်ကြမ်းကြုတ်မှုအပါအဝင် နန်းတွင်းအရှုပ်တော်ပုံတွေကို ဦးစားပေးဖော်ပြခဲ့တာဖြစ်ပါတယ်ဒါ့အပြင်အန္တရာယ်များတဲ့နိုင်ငံရေးလောကအကြောင်း..ကဗျာဆန်တဲ့အလှတရားတွေ.. ရမ္မက်ပြင်းထန်တဲ့ချစ်ကြည်နူးမှုတွေ..သွေးအေးအေးနဲ့သစ္စာဖောက်မှုတွေကိုဖော်ပြထားပြီး မဂိုအင်ပါယာကြီးရဲ့ လူတစ်ယောက်ချင်းစီတိုင်းအရှုပ်တော်ပုံတွေကို ဖော်ပြထားတာဖြစ်ပါတယ်S(2)မှာတော့သေဆုံးသွားတဲ့ ချစ်ရသူအနာရ်ကာလီအတွက် လက်စားချေဖို့ဆာလောင်နေပြီး ပုန်ကန်နေတဲ့ဆလင်းမ်ကို မလွဲသာမရှောင်သာအခြေအနေကြောင့် နန်းတော်ကိုပြန်လာဖို့ခေါ်ရာမှ ထပ်မံပေါ်ပေါက်လာတဲ့ သွေးကြောင်းစီးအေးစက်မှုတွေ နန်းတွင်းထဲကလူယုံတော်တွေရဲ့ ပူးပေါင်းကြံစည်မှု နောက်ကျောဓါးနဲ့ထိုးတဲ့ အရှူပ်ထုတ်တွေနဲ့ ပြည်ပကဝင်လာတဲ့ရန်သူတွေရဲ့ တ်ုက်ပွဲကိုရင်ခုန်စွာကြည့်ရှူ့ရမှာဖြစ်ပါတယ်Quality : 1GB  / 500MBTotal Episodes : 8EpsFormat : mp4Genres : Drama , HistoryDuration : 45minsSubtitle : Myanmar Subtitle ( Hardsub ...
7
TMDb: 7/10 2 votes
tv

Taj: Divided by Blood (2023) S2 Complete

2023
Delete (2023) 1
Delete (2023) Delete (2023)“ဒီလူ့ကိုတော့ ငါမသိခဲ့ရင်ကောင်းမှာပဲ သူ့ကို ငါ့ဘဝထဲကနေ ထုတ်ပစ်ချင်လိုက်တာ ဖျက်ပစ်ချင်လိုက်တာ” ဆိုပြီး စိတ်ကူးမိတဲ့ လူတစ်ယောက်တော့ ရှိကြတယ် .. ဟုတ်? ဒီနေ့မှထွက်ရှိလာတဲ့ ထိုင်း netflix စီးရီး “ DELETE” မှာတော့ ကိုယ်အလိုမရှိတဲ့သူကို ဒီလိုမျိုးဖျောက်ပစ်နိုင်မှာပဲဖြစ်ပါတယ်။စိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင် Too ရဲ့ဇနီးသည်လည်းဖြစ်သလို ကိုယ်တိုင်က အနုပညာပြခန်းတစ်ခုကိုဦးစီးနေတဲ့ Lilly က အများအမြင်မှာတော့ အိမ်ထောင်ရေး၊ စီးပွါးရေး အဖက်အဖက်ကပြည့်စုံကံကောင်းတဲ့အမျိုးသမီးကောင်းလေးပေါ့။ ဒါပေမယ့် Lilly က အများထင်သလိုမဟုတ်ဘဲ နာမည်ကျော်စာရေးဆရာ Aim နဲ့ဖောက်ပြန်နေတဲ့ အိမ်ထောင်ရေးဖောက်ပြန်နေသူတစ်ဦးပါ။ တစ်ဖက်မှာလည်း Aim က လူလွတ်တစ်ယောက်မဟုတ်ဘဲ ရည်းစားဖြစ်သူ Orn နဲ့ အတူနေဆက်ဆံရေးရှိနေသူပါ။ဒီလိုနဲ့တစ်နေ့ကျ Aim နဲ့ Lilly တို့ဖောက်ပြန်နေတဲ့အကြောင်းကို Orn သိသွားရာကနေ ကတောက်ကဆအခြေအနေတွေစတင်လာပါတော့တယ်။ ဒီလိုနဲ့ အခက်တွေ့နေတဲ့ Aim နဲ့ Lilly ဆီကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုရောက်လာပါတော့တယ်။ အဲဒီပစ္စည်းရဲ့ထူးခြားချက်က လူတစ်ယောက်ကိုဓာတ်ပုံရိုက်လိုက်တာနဲ့ အဲဒီလူက ...
1
TMDb: 1/10 1 votes
tv

Delete (2023)

2023
The Villain of Romance (2023)
The Villain of Romance (2023) The Villain of Romance (2023)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ တက္ကသိုလ်အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်အချစ်ဇာတ်လမ်းတွေကို ဆွေးနွေးပေးတဲ့ ရေဒီယိုအစီအစဉ်တစ်ခုဆီကို ဂန်ဟီဂျယ် ဆိုတဲ့ ကောင်လေးက သူ့ရဲ့အချစ်ဇာတ်လမ်းလေးကိုပေးပို့ခဲ့ပါတယ်အကြောင်းအရာကတော့ သူ့ထက် ၂ နှစ်ကြီးတဲ့ မမကိုမှ သွားချစ်မိတဲ့ ဂန်ဟီဂျယ်ဟာ သူ့မမနဲ့ သူ့မမရဲ့ ယောက်ျားလေးသူငယ်ချင်းတို့ နှစ်ယောက်ကို စိတ်မချနေတဲ့အဖြစ်ပါယောက်ျားလေးနဲ့ မိန်းလေးကြားက ဆက်ဆံရေးကို စိတ်ချလက်ချ မယုံကြည်နိုင် ဖြစ်နေရှာတဲ့ ဂန်ဟီဂျယ်ဟာ အသက်ငယ်တဲ့ မောင်လေးတွေရဲ့ ထုံးစံအတိုင်း ခပ်မိုက်မိုက် ဖြစ်ချင်သလို ဟန်ဆောင်ပေမဲ့ စိတ်ထဲမှာတော့ ခပ်မိုက်မိုက်လေး မဖြစ်နိုင်လို့ ပြဿနာတက်ပြီး တစ်ကိုယ်တော် အပူမီးပွားရတဲ့ဇာတ်လမ်းလေးပါပဲ။ မ နဲ့ မောင်လေး ရဲ့ အချစ်ဇာတ်လမ်းမှာ ဘယ်လိုဗီလိန်တွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာ ရှုစားကြပါဦး။လူငယ်တွေရဲ့ အချစ်ရေးကို တကယ့်လက်တွေ့ဆန်ဆန် ပုံဖော်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Hmwe, Blue, Kaung, Hsu တို့ပဲ ဖြစ်ကြပါတယ်။Genre..... Romance, Drama Quality…. ...

The Villain of Romance (2023)

2023
Scoop (2023) Complete 6
Scoop (2023) Complete Scoop 2023IMDb-7.7/10Mid day ရဲ့သတင်းထောက် Jyotirmoy Dey 2011 မှာ အမှုစွပ်စွဲခံရရာကနေ Behind Bars in Byculla:My days in Prison ဆိုတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုအခြေခံထားတဲ့ ဖြစ်ရပ်မှန်စီးရီးကို Netflix ကနေထုတ်လွှင့်လိုက်တာပဲဖြစ်ပါတယ်Scoop ဆိုတာ informal အဓိပ္ပာယ်အရဆိုရင် အပြိုင်သတင်းပေါ့ သတင်းစာတိုက်တွေကြား ကိုယ်ကသတင်းထူးသတင်းဦးကို လုပြီး ပုံနှိပ်ဖော်ပြရတာမျိုးပါအဓိကမင်းသမီး ဂျက်ရူတီက East Asia ဂျာနယ်ရဲ့ အဓိကမှုခင်းသတင်းထောက်တစ်ယောက်ပါ မှုခင်းသတင်းထောက်ဆိုတော့ ရဲတွေရော လမ်းဘေးကကောင်တွေရော ဂိုဏ်းစတားတွေအားလုံးနဲ့ အဆက်အသွယ်ရှိပါတယ် သူ့အတွက်က သတင်းရဖို့အတွက်ဆိုရင် မိသားစုကိုပါဘေးချိတ်ပြီး သတင်းရမဲ့နေရာကိုပြေးတဲ့ သတင်းထောက်တစ်ယောက်ပါအဲဒီအချိန်မှာပဲ သူ့ရဲ့ပြိုင်ဘက်သတင်းထောက်တစ်ယောက်က အသတ်ခံလိုက်ရတဲ့အခါမှာ လူတိုင်းက ဂျက်ရူတီတစ်ယောက် သူ့ရဲ့မြေအောက်လောကအဆက်အသွယ်တွေကိုသုံးပြီး သူ့ပြိုင်ဘက်ကို လုပ်ကြံလိုက်တာလို့ပဲ ယူဆကြပါတော့တယ်ဂျက်ရူတီတစ်ယောက် အပြစ်ကင်းမကင်း သူ့ရဲ့အပြစ်ကင်းမှုကို မှုခင်းသတင်းထောက်ပီပီ ကိုယ်တိုင် ဘယ်လိုသက်သေပြဖို့ကြိုးစားမလဲဆိုတာ လက်တွေ့ဆန်ဆန်သိမြင်ခံစားရမှာမို့ CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Saii~ Thaik San ~ BpL ~ YH ~ Yunni တို့ပဲ ...
6
TMDb: 6/10 9 votes
tv

Scoop (2023) Complete

2023
Let’s Get Divorced(2023)[Complete] 8.7
Let’s Get Divorced(2023)[Complete] Let's Get Divorced(2023)***********************အပိုင်း ( ၁ မှ ၉) အထိ စ/ဆုံး ဒီစီးရီးလေးကတော့ အိမ်ထောင်သက်တမ်းကြာလာတာနဲ့ အချစ်တွေမရှိတော့ဘဲ ကွာရှင်းဖို့သာအားပြုနေကြတဲ့လင်မယားစုံတွဲလေးအကြောင်းကို ရိုက်ကူးထားတဲ့ Comedy Drama Seriesလေးပါ။ ခင်ပွန်းဖြစ်သူ တအိရှိဟာ နိုင်ငံရေးမိသားစုအသိုင်းအဝိုင်းက ကြီးပြင်းလာသူ၊ လက်ရှိမှာလည်း ရွေးကောက်ခံဥပဒေပြုအဖွဲ့ဝင်တစ်ယောက်ပေါ့။ သူ ရွေးကောက်ခံနိုင်ငံရေးသမားဖြစ်လာပုံကအဆန်းဗျ။ ဇနီးဖြစ်သူဟာ နာမည်ကျော်မင်းသမီးဖြစ်နေလေတော့မင်းသမီးယောကျာ်းဆိုပြီးမဲပေးရင်း၊ မဲဆွယ်ရင်းက ရွေးကောက်ပွဲနိုင်ထားတာပါ။ ဇနီးဖြစ်သူ ယူအီဟာလည်း ရုပ်ရှင်ရိုက်ကွင်းတွေ မအားတဲ့ကြားက ယောကျာ်းရဲ့ မဲဆွယ်ပွဲတိုင်းလိုလိုပါဝင်အားဖြည့်ပေးနေကျ ပါရမီဖြည့်ဖက်လေးပါ။ ဒီလိုဇနီးလေးရထားတာကိုမှ တအိရှိဟာတီဗီအစီအစဥ်ကြေငြာသူတစ်ယောက်နဲ့လမ်းဘေးမှာနမ်းရင်း ဖောက်ပြန်မိသွားပါတယ်။ တအိရှိတစ်ယောက် ဖောက်ပြန်မိတဲ့အတွက် ဇနီးဖြစ်သူကို သုံးနှစ်လုံးလုံး တောင်းပန်ရိုကျိုးခဲ့ပေမယ့်အခုကျထပ်ပြီးသတင်းထွက်လာတော့ သူလည်းမအောင့်နိုင်တော့ဘဲ ကွာရှင်းဖို့ကြံပါလေရော။ တစ်ဖက်မှာလည်း ယူအီကိုယ်တိုင်က ခင်ပွန်းဖြစ်သူကို လက်လွှတ်ရမလား၊ ထပ်ခွင့်လွှတ်ပြီး ရှေ့ဆက်ရမလား ဝေခွဲမရဖြစ်နေရှာပါတယ်။ သို့ပေမဲ့လည်း အိမ်ထောင်ကိစ္စ၊ ကွာရှင်းကိစ္စဆိုတာ သူတို့အတွက်ကျတော့ လွယ်ကူမနေပြန်ဘူး။ အချစ်တွေမေတ္တာတွေက အနေနီးလို့မမြင်ရပေမယ့် သံယောဇဥ်ကရှိနေဆဲပဲလေ။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဇာတ်လမ်းလေးတွေရှိဦးမလဲ၊ ဘယ်သူတွေက စနှိုက်ကြမှာလား၊ခြံခုန်ကြမှာလားဆိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုဖို့တင်ဆက်ပေးလိုက်ပါတယ်။Episodes: 9File Size:800MB, 300MBQuality :Web-DL ...
8.7
TMDb: 8.7/10 3 votes
tv

Let’s Get Divorced(2023)[Complete]

2023
Kafas (2023) Complete 8.5
Kafas (2023) Complete Kafas (2023) IMDb-7.7/10 ဒီဇာတ်လမ်းတွဲလေးကိုတော့ Sony LIVရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး အပိုင်း ၆ပိုင်းပါဝင်တဲ့ Hindစကားပြော Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်လမ်းတွဲပါ။ 3Idiots ဇာတ်ကားကြီးနဲ့ ကျွန်တော်တို့ရင်ထဲကို ရောက်ရှိခဲ့တဲ့ သူငယ်ချင်းသုံးယောက်ထဲက ရာဂျူးရဲ့ ဇာတ်လမ်းတွဲအသစ်လေးပါ။ဒီထဲမှာ သားဇောကပ်နေတဲ့ စီးပွားရေးမပြေလည်တဲ့ ဖခင်တစ်ယောက်နေရာကနေ ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ရုပ်ရှင်လောကက လူတချို့ရဲ့ လိင်စိတ်လွန်ကဲမှုနဲ့ လူတွေရဲ့လောဘအတ္တတွေကို အပြည့်အ၀ပုံဖော်ထားပါတယ်။မင်းသမီးကြီးကလည်း 3idiotsထဲမှာပဲ မင်းသမီးရဲ့အမနေရာက သရုပ်ဆောင်ထားတဲ့ မိုနာဆင်းဂ်ပါ။သူကလည်း မိခင်နေရာကနေ ဇာတ်ရုပ်ပီပြင်စွာပါဝင်ထားပါတယ်။သာမာန်လူလတ်တန်းစားမိသားစုလေးတစ်ခုက မိခင်ဖြစ်သူဟာ သူမဖြစ်ခဲ့ရတဲ့အိပ်မက်တွေ သူ့သားဖြစ်သူ ဆန်နီတစ်ယောက် ဖြစ်ခွင့်ရလို့ဝမ်းသာနေပါတယ်။အဖွားဖြစ်သူအစောင့်အရှောက်နဲ့ ဘောလိ၀ုဒ်ရုပ်ရှင်ကား သွားရိုက်ပြီး ပြန်လာတဲ့ အထက်တန်းကျောင်းသား မင်းသားပေါက်စလေးဆန်နီတစ်ယောက် သူ့ကိုကြိုဆိုဖို့ စပရိုက်ပါတီလုပ်ပေးထားပေမယ့်လည်း မပျော်နိုင်ခဲ့ပါဘူး။အကြောင်းကတော့ သူအတူတွဲသရုပ်ဆောင်ခဲ့ရတဲ့ နာမည်ကြီးသရုပ်ဆောင် ဗစ်ကရန်ရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းကို ခံခဲ့ရလို့ပါ။ဒီအကြောင်းတွေကို မိဘတွေသိတဲ့အချိန်မှာတော့ ရင်တွေကွဲကြေပြီး ရှေ့ဆက်ဘာလုပ်ရမလဲ အကျပ်တွေ့ခဲ့ရပါတယ်။ သူတို့လို ဘာမှမရှိတဲ့အခြေအနေရယ် တဖက်လူရဲ့ ကျော်ကြားမှု စည်းစိမ် ပါဝါတွေရယ်က ယှဉ်နိုင်ဖို့လည်း ခဲယဉ်းနေတယ်။ဒါပေမယ့် ရှိတဲ့အင်အားနဲ့ အဲဒီမတရားမှုကို အရေးယူနိုင်ဖို့ကြိုးစားကြမလား။ ချမ်းသာကြွယ်၀မှုဆိုတာကို သူတို့တွေတွန်းလှန်နိုင်ပါ့မလား။မိသားစုတွေ အဆင်ပြေပြေဆက်နေနိုင်မှာလားဆိုတာ………………..။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi~Cherry~Voldemort~Moon~BpL~ThaikSanတို့ပဲဖြစ်ပါတယ်)Quality : 1080p / 720pTotal Episodes : ...
8.5
TMDb: 8.5/10 2 votes
tv

Kafas (2023) Complete

2023
Suspicious Partner (2017) 7.71
Suspicious Partner (2017) Suspicious Partner (2017)***************************အပိုင်း (၁ မှ ၂၀) အထိ (စ/ဆုံး) ဆွဲဆောင်မှုအားကောင်းပြီး အလုပ်မှာလည်း ထက်ထက်မြက်မြက်နဲ့ အဖေ့ခြေရာကိုတစ်ထေရာတည်းနင်းနိုင်တဲ့ အမှုစစ်နိုဂျီအု....ငယ်စဥ်အခါက တိုက်ကွမ်ဒိုခါးပတ်နက်ရခဲ့ပေမယ့် အဖေ့လို မတရားခံရတဲ့လူတွေကိုကူညီပေးချင်တဲ့စိတ်နဲ့ ရှေ့နေဖြစ်လာခဲ့တဲ့ အွန်ဘုံဟီး...တစ်ရက်မှာတော့ လူသတ်သမားက အွန်ဘုံဟီးကိုသတ်ဖို့လာခဲ့ရာကနေ လူမှားပြီးအွန်ဘုံဟီးရဲ့ချစ်သူကို သတ်မိသွားပါတယ်။အပြင်ကပြန်လာတဲ့ ဘုံဟီးတစ်ယောက် သူကိုယ်တိုင်တောင် မသိလိုက်တဲ့အချိန်မှာပဲသူ့ချစ်သူဟောင်းကိုသတ်တဲ့ တရားခံအဖြစ်စွဲချက်တင်ခံလိုက်ရပါတော့တယ်။အမှုစစ်နိုဂျီအုတစ်ယောက် ဘုံဟီးအတွက်နဲ့ ဝတ်ရုံချွတ်လိုက်ရပြီးရှေ့နေဖြစ်သွားတဲ့နောက် ကွင်းဆက်လူသတ်မှုကြီးက တစ်ကျော့ပြန်လာတဲ့အခါမှာတော့ဘုံဟီးနဲ့ဂျီအုတို့ တရားခံအစစ်ကိုဘယ်လိုရှာကြမလဲ....သူတို့ကြားထဲကအချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသောဟာသအလွဲလေးတွေကိုပါ ကြည့်ရှုရဦးမှာပါ။  Aired: May 10, 2017 - Jul 13, 2017 Aired On: Wednesday, Thursday Genres: Romance, Comedy, Law, Thriller Duration: 60 mins Episodes: 16 Original Network: TVN File Size: 720p(~500MB) , 1080p(1.4GB) Translated by Thinn Thinzar, Shoon, Win, Hnin ...
7.71
TMDb: 7.71/10 81 votes
tv

Suspicious Partner (2017)

2017
The Flash ( Season 8+9 ) 7.8
The Flash ( Season 8+9 ) Season 7 ပီးဆုံးတဲ့အနောက် အဆက်ဖြစ်တဲ့ Flash Season 8 လာပါပြီSeason 7 နောက်ဆုံးမှ Flash ဟာ God Speed ကို Reverse-Flash နဲ့အတူပူးပေါင်းပြီးအနိုင်ယူခဲ့ပါတယ် ပြီးတော့ Reverse-Flash ထက်လည်းပိုပြီး OverPower ဖြစ်သွားတဲ့Flash ကို မြင်ရမှာပါ ...ဒီ Season ၈ အစပိုင်းမှာလည်း Flash ရဲ့ အမြန်နှုန်းဟာအတော်ကြီးကိုတိုးတက်လာပြီး ဗီလိန်တွေကို အလွယ်တကူ နဲ့ OverPower လုပ်နိုင်တာကိုတွေ့ရပါလိမ့်မယ် ဒါဟာ ကျွန်တော်တို့ အမြဲ မြင်ချင်နေတဲ့ Flash ပါပဲဒါပေမယ့် Flash တစ်ယောက် Level Up သွားတဲ့နောက်ပိုင်း ဘာတွေကြုံရမလဲဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Season 8 မှာ ဆက်လက်စောင့်ကြည့်ခံစားရမှာပဲဖြစ်ပါတယ် File size…472MB / 673MB Quality….Webrip 720 Format…mp4 Duration….50 Min Genre...Action / Adventure / ...
7.8
TMDb: 7.8/10 8742 votes
tv

The Flash ( Season 8+9 )

2014
A+(2023) 9.6
A+(2023) A+ (2023) IMDb 8.2ငယ်စဉ်ကစ ကျောင်းမှာ စာနဲ့ပဲနပန်းလုံးခဲ့ကြရပြီး အလယ်တန်းအထက်တန်းအထိ အဆင့်ကောင်းအောင် တက္ကသိုလ်ကောင်းကောင်းရောက်အောင် ကြိုးစားနေကြရတဲ့ ကျောင်းသား/သူတွေမှာ ဖိအားတွေက သူမသာ ကိုယ်မသာရှိကြစမြဲပါပဲ .. ပန်းတိုင်ရောက်သွားတဲ့လူတွေရှိသလို လမ်းတစ်ဝက်မှာတင် လက်လျှော့လိုက်ရတဲ့ လူတွေကိုလည်းမမေ့ကြဖို့ ဒီစီးရီးလေးကို ရိုက်ကူးခဲ့တာပါဘင်နာအင်ဒိုနီးရှားကျောင်းက စာမေးပွဲတိုင်း ပထမအဆင့်ချည်းရလို့ တီဗီထဲတောင် အမြဲလိုလိုပါနေတဲ့ကျောင်းတစ်ကျောင်း..‌ဒီကျောင်းရဲ့ထူးခြားချက်က 1 to 3ကျောင်းသားတွေဆို ကျူရှင်ခမပေးရဘူး အလကားပေါ့ ဒါပေမဲ့ အဆင့်များရင် များသလောက် သိန်းကို ရာနဲ့ချီပြီးတိုးတိုးသွားတာပါ ဒီတော့ မိဘကိုသနားတဲ့လူတွေက 1 to 3ဝင်ဖို့ အသေအလဲ ကြိုးစားကြ နေရာလုကြနဲ့ပေါ့ ဒီကျောင်းကိုမှ ကာလီဆိုဒီရ်ဂန်တာရီတဲ့ ကျောင်းသူလေးတစ်ယောက် ပြောင်းလာခဲ့တယ် ပြောင်းလာလာချင်း စာမေးပွဲနဲ့တိုးပေမဲ့ အဆင့်တစ်ရသွားခဲ့တော့ မနာလိုသူတွေ အမုန်းထားသူတွေများလာခဲ့ပါတယ် သူမရောက်ခင်က F4 လိုမျိုး Big Four ဆိုတဲ့လူလေးယောက်ရှိပါသတဲ့ ကျောင်းရဲ့မသိသူမရှိ ဒီဒိတ်ဒိတ်ကြဲတွေနဲ့ ရှေ့လျှောက် သူဘယ်လိုစခန်းသွားမလဲ ဒီလိုဖိအားတွေကြားထဲက ရိုမန့်လေးတွေကိုလည်း ကြည့်ရှုခံစားပေးကြပါဦးရှင်( အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်သူတွေကတော့ Yunni,BpL,Aditi,Cherry,YH & Moon ပဲဖြစ်ပါတယ် ...
9.6
TMDb: 9.6/10 8 votes
tv

A+(2023)

2023
Crackdown (2023) Season2 Complete 10
Crackdown (2023) Season2 Complete Crackdown Season02 (2023) IMDb-8.2/10 မကြာခင်ကမှ တင်ဆက်ပေးထားတဲ့ Crackdown စီးရီးလေးရဲ့အဆက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။Season01မှာ အကြမ်းဖက်ဂိုဏ်းထဲကို လူအစားထိုးပြီး စစ်ဆင်ရေးလုပ်ခဲ့ကြတာ မှတ်မိသေးတယ်မလား။ အခုSeason02မှာတော့ ဒေလီကနေ တူရကီကိုသွားတဲ့ လေယာဉ်ပျံပေးဆွဲခံရတာပါ။ အိန္ဒိယပြည်သူရှစ်ဆယ်ပါတဲ့ ဒီလေယာဉ်ပျံပေးဆွဲတာကို ဘယ်သူတွေလက်ချက်မှန်းလည်း မသိပါဘူး။ဒီလိုနဲ့ ထုံးစံအတိုင်း RAWကနေဖွဲ့စည်းထားတဲ့ DO အဖွဲ့ဆီကိုပဲ ဒီပြဿနာကိုဖြေရှင်းဖို့ ရောက်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Saii,Thaik San,Zwe, BpL,Nyein,Aditi,Yunni တို့ပဲဖြစ်ပါတယ်)Quality : 1080p JLO WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres : Action & Adventure, Crime, DramaDuration : 28minsSubtitle : Myanmar Subtitle ( Hardsub )Translated by chiclon3~ Saii~ Thaik San~ Zwe~  BpL~ Nyein~ Aditi~ YunniEncoded by YK 720p Episode 1 - ...
10
TMDb: 10/10 1 votes
tv

Crackdown (2023) Season2 Complete

2020
Crackdown (2020) Season1 Complete 10
Crackdown (2020) Season1 Complete Crackdown (TV Series 2020) IMDb-8.2/10ပထန်တွေ တိုက်ဂါးတွေနေဦး မင်းတို့ရဲ့ဘိုးအေ အာပီလာပြီ RAW ဆိုတာနဲ့ ကျွန်တော်တို့ Bollywood ပရိတ်သတ်ကြီးရဲ့အဖြေက...။ ဟုတ်ပါတယ် RAW ဆိုတာက ကျွန်တော်တို့ ဘောလီး၀ုဒ်ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။မသိသေးတဲ့သူတွေကို ပြောရမယ်ဆို MI ကားတွေထဲက တွမ်ခရုစ်လို 007 ဂျိန်းစဘွန်းလို စပိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲကလည်း RAW အဖွဲ့ကြီးကနေ ခွဲထွက်ထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ မစ်ရှင်တွေ ဆောင်ရွက်ကြပုံပါ။ ဇာတ်လမ်းလေးရဲ့အစမှာတော့ ကျွန်တော်တို့ မင်းသားကြီးဟာ ကောင်မလေးတစ်ယောက်နဲ့ ဖုန်းပြောနေပါတယ်။သူတို့ပြောနေတာက...။Facebook က recap တွေကြည့်တာများပြီး အကျင့်ပါသွားလို့ပါ။အဆုံးထိတော့ ဆက်မပြောတော့ပါဘူး ကိုယ့်ကိုယ်ကြည့်မှ ပိုအရသာရှိမှာပါ စပိုင်ကား အက်ရှင်ကား ကြိုက်သူတွေအတွက် စွန်းအကြိုက်တွေ့စေမယ့်ဇာတ်လမ်းတွဲ။ တစ်ပိုင်းလောက်ကြည့်ရုံနဲ့ ဆက်ဆက်ပြီး ကြည့်ချင်လာမယ့်ဇာတ်လမ်းတွဲ။ဒီလိုဇာတ်လမ်းတွဲမျိုးကို ကျွန်တော်တို့ ချန်နယ်လ်မြန်မာရဲ့ ဘောလီး၀ုဒ်ပရိတ်သတ်ကြီးဆီကို ကျွန်တော်တို့ CM Bollywood Team မှ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Saii,Thaik San,Zwe, BpL,Nyein,Aditi,Yunni တို့ပဲဖြစ်ပါတယ်)File Size – 800MB /400MBQuality – ...
10
TMDb: 10/10 1 votes
tv

Crackdown (2020) Season1 Complete

2020
Investigation of Love (2023) 8.2
Investigation of Love (2023) "အချစ်သုတေသန" မြန်မာစာတန်းထိုး Investigation of Love 2023ဖက် အဖြစ် Linn Mashannoad Suvanamas ဝစူ အဖြစ် Top Jaron Soratဇာတ်လမ်းအကျဉ်းရှေ့နေမလေးဖက်ဟာ သူမရဲ့ပထမဆုံးအမှုဖြစ်တဲ့ ဝစူရဲ့ဖခင်ပျောက်ဆုံးမှုအတွက် တာဝန်ယူရပါတယ်ဝစူဖခင်ကိုလုပ်ကြံတဲ့ လူဆိုးတွေကလည်း နိုင်ငံရေးသမားတွေဖြစ်သည့်အလျောက် အပြစ်ဒဏ်မခံရဘဲ ဖြစ်နေတယ်ဒါကြောင့် ဖခင်အတွက် တရားမျှတမှုရယူလိုတဲ့ လွှတ်တော်အမတ်ဝစူတစ်ယောက်ရှေ့နေမလေးဖက်နဲ့ပေါင်းပြီး ဘယ်လိုသက်သေရှာမလဲအမှုမှာ ဘယ်လိုဆက်ဖြစ်သွားမလဲသူတို့နှစ်ဦးရဲ့ အချိတ်အဆက်တစ်ခုကရော ဘာလဲဆိုတာကိုတော့“အချစ်သုတေသန”ဇာတ်ကားထဲမှာကြည့်ရှုကြရအောင်ပါ(အညွှန်းရေးသူကတော့ Lei Wutyi Tun ဖြစ်ပါတယ် )Native Title: สืบสวนสำนวนรัก Episodes: 12 Aired: May 21, 2023 - Jun 17, 2023 Aired On: Friday, Saturday, SundayTranslated by  Nang Mwe Kham & Lei Wutyi TunEncoded by Naing Aung Latt Episode (1) [680MB] Yoteshin ...
8.2
TMDb: 8.2/10 votes
tv

Investigation of Love (2023)

Modern Love Chennai (2023) 6.2
Modern Love Chennai (2023) Modern Love ChennaiIMDb-7.4/10National Film award ဆုရဒါရိုက်တာကြီးတွေအပါအဝင် ဒါရိုက်တာကြီး ၈ ယောက် စုပေါင်းလက်စွမ်းပြ ရိုက်ကူးထားတဲ့ anthology စီးရီးလေးဖြစ်ပါတယ် ဇာတ်လမ်းမတူ cast တွေမတူပဲ တစ်ပိုင်းကို ရသတစ်မျိုးစီခံစားရင်း သံစဉ်ချိုချိုတေးသွားလေးတွေပါ ခံစားနိုင်မှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံက ချန်နိုင်းမြို့ကြီးမှာလူစုံဓာတ်စုံသလို အချစ်ဇာတ်လမ်းတွေကလည်း အစုံပါပဲအချစ်ကရိုးရှင်းတယ် ဒါပေမဲ့ဆန်းကြယ်တယ် လောကီလူသားတွေအတွက် အကြီးဆုံးစိတ်စွမ်းအားကိုပြောပါဆိုရင် အချစ်ပဲဖြစ်မယ်ထင်ပါတယ် အချစ်နဲ့သာဆိုရင် အပူနဲ့အအေးလို ဆန့်ကျင်ဘက်အရာတွေကိုတောင် ပြောင်းလဲနိုင်ပြီး အချစ်ကြောင့် ဘဝကြီးပါပြောင်းလဲသွားတတ်တယ် အချစ်ကို အခြေခံပြီး နေ့စဉ်ဘဝတွေ လူတွေရဲ့အကြောင်းတွေ လောကဓံအကြောင်းတွေကို အောက်က ခေါင်းစဉ်လေးခြောက်ခုမှာ ကြည့်ရှုခံစားနိုင်မှာပါ..... အချစ်ရဲ့တစ်စိတ်တစ်ပိုင်း မှန်ကူကွက်လေးတွေပေါ့၁ လားလ်ဂွန်ဒါရဲ့မိန်းမပျိုများ ၂ မျက်ဝန်းလေးတွေ ၃ ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းတစ်စုံ ၄ ဒီဇင်ဘာ ၅ ငှက်သိုက်ထဲက ဆိတ်သမင်လေး ၆ မှတ်ဉာဏ်ဆိုတာ ငှက်တစ်ကောင်လို့ ဆိုတဲ့ အပိုင်း ၆ ပိုင်းနဲ့ အချစ်အတွက်ပြောင်းလဲကြသူတွေ အချစ်နဲ့ပြောင်းလဲကြသူတွေအကြောင်း ရှုစားကြရမှာဖြစ်ပါတယ်အချစ်ကြောင့် ကြေကွဲနေတဲ့သူတွေ ပျော်ရွှင်ကြည်နူးနေတဲ့သူတွေ အချစ်ကိုကိုးကွယ်တဲ့သူတွေ အချစ်ကို မျက်နှာလွှဲသူတွေ ဘယ်သူတွေပဲဖြစ်ဖြစ် အချစ်နဲ့မကင်းနိုင်တဲ့ပရိသတ်ကြီးတို့ ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Saii ~ Moon ...
6.2
TMDb: 6.2/10 4 votes
tv

Modern Love Chennai (2023)

2023