Channel Myanmar

Drama

You Are My Universe (2023) 8.1
You Are My Universe (2023) "အမွေစိန်မလေး ကျွန်တော့်ချစ်သူ" မြန်မာစာတန်းထိုး You are my universe 2023ထီယင်း အဖြစ် August vachiravit ကျော့ အဖြစ် PP punpreedeeကျော့ဆိုတဲ့ မိန်းကလေးက အဘွားနဲ့တူတူ ကြိုးစားပြီး ရုန်းကန်နေတဲ့လူတစ်ယောက်ပါမြေးအဘွား အရင်း မဟုတ်ပါသော်လည်း မြေးအရင်းလို အဘွားက ကျော့ကိုအရမ်းချစ်ပါတယ်ကျော့ရဲ့ အဘွားမှာ စီးပွားရေးသမားတွေ သဘောကျစေတဲ့ သိပ်ကိုလှပတဲ့ ကမ်းခြေက မြေနေရာ ပိုင်ဆိုင်ထားပါတယ်အဲ့အထဲမှာ ထီယင်းဆိုတဲ့ ကောင်လေးတစ်ယောက်လည်း ပါ၀င်ပါတယ်ထီယင်းက မြေကွက်ရဖို့ ကျော့နဲ့ရင်းနှီးအောင်လုပ်ခဲ့ပါတယ်ဆိုတော့ ကျော့ သူ့အဘွားရဲ့မြေကွက်ကို ဘယ်လိုကာကွယ်သွားမှာလဲကျော့နဲ့ထီယင်းရဲ့ ဆက်ဆံရေးကရော ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးသားသူမှာ Tawan ဖြစ်ပါတယ်)Native Title: รักสุดใจยัยตัวแสบ Episodes: 28 Aired: May 25, 2023 - ? Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: Channel 3 Duration: 42 min.Translated ...
8.1
TMDb: 8.1/10 votes
tv

You Are My Universe (2023)

2023
Full House (2004)[Complete] 7.2
Full House (2004)[Complete] Full House (2004)****************** အပိုင်း ( ၁ မှ ၁၆ ) စ/ဆုံးတစ်ခေတ်တစ်ခါတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ ချစ်စံအိမ်ကားလေးကို ပြန်လည်ကြည့်ရှုခံစားကြရအောင်။ချစ်စံအိမ်ဆိုရင် လူတိုင်းသိပြီးသားဇာတ်ကားဖြစ်မှာပါ။Jung Ji Hoon (Rain) နဲ့ Song Hye Kyo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ဟန်ဂျီအွန်းဟာ စာရေးဆရာမဖြစ်ဖို့ကြိုးစားနေတဲ့သူဖြစ်ပြီးသူ့မိဘတွေအမွေချန်ထားပေးခဲ့တဲ့အိမ်ကြီးမှာနေထိုင်ပါတယ်။ဖြစ်ချင်တော့ သူခရီးသွားနေတဲ့အချိန်မှာ သူ့သူငယ်ချင်းနှစ်ယောက်က သူ့အိမ်ကိုအီယောင်ဂျယ်ဆိုတဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသားတစ်ယောက်ကိုရောင်းပစ်လိုက်ပါတယ်။ခရီးကပြန်ရောက်ပြီး ဂျီအွန်းအိမ်ကိုပြန်ရောက်လာတဲ့အခါမှာ ယောင်ဂျယ်နဲ့ထိပ်တိုက်တွေ့ကြပါတော့တယ်။နှစ်ယောက်သားက တစ်စက်မှမတည့်ပေမဲ့ အဲဒီအိမ်မှာပဲ အတူတူနေဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဟန်ဂျီအွန်းက အိမ်မှုကိစ္စတွေအားလုံးလုပ်ပေးရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပါ။အတူတူနေရင်းနဲ့ အကြောင်းတစ်ခုကြောင့် နှစ်ယောက်သားဟန်ဆောင်လက်ထပ်ဖို့ဖြစ်လာကြတဲ့အခါမတည့်အတူနေနှစ်ယောက်ရဲ့ တကျက်ကျက်ရန်ဖြစ်ရင်းနဲ့ သံယောဇဥ်တွယ်လာကြတာကို ကြည့်ရှုရမှာပါ။အညွှန်းကိုတော့ Yee Waiက ရေးသားပေးထားပါတယ်။ Genres : Comedy, Romance, Drama Duration : 1hr 10m Episodes : 16 Original Network: KBS2 File Size: 720p(~ 820MB) , 1080p(~2.13GB) Translated by Hay ...
7.2
TMDb: 7.2/10 42 votes
tv

Full House (2004)[Complete]

2004
Shaitan (2023) 7
Shaitan (2023) Shaitan (2023) IMDb-7.6/10 အမှန်အမှားဆိုတာ ကျပ်ပြားစေ့တစ်ခုရဲ့ ခေါင်းနဲ့ပန်းလို နံရံပါးပါးလေးပဲခြားတာ။"အများညီရင် ဤကို ကျွဲဖတ်"ဆိုတဲ့ စကားအတိုင်းပဲ ခေတ်အဆက်ဆက် အမှန်အမှားဆိုတာလည်း လုပ်ရပ်ပေါ်မကြည့်ဘဲ အများအမြင်မှာပဲလမ်းဆုံးတတ်တာမလား။"အမျိူးသမီးတယောက် သူ့ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်သာဘဲ ယောက်ျားတွေနဲ့ အိပ်ရတဲ့အခါ အဲဒီအမျိုးသမီးကို ပြည့်တန်ဆာလို့သမုတ်ကြပြီး သူနဲ့အတူအိပ်တဲ့ယောက်ျားတွေကိုတော့ ဘာနာမည်မှမတပ်ကြဘူး" ဆိုတဲ့ ဘာလီ၊ မိခင်ရဲ့အလုပ်အပေါ် ရှက်ရွံ့စိတ်နဲ့ ဖအေလုပ်သူစွန့်ပစ်ခဲ့တဲ့ မိသားစုလေးယောက်ကို ပုခုံးထမ်းချင်ပေမယ့် သူ့ကိုဘယ်သူမှ အလုပ်မပေးချင်ကြ။ဒီလိုနဲ့ တရက်မှာ ကံဆိုးမသွားရွာ မိုးလိုက်လို့ရွာဆိုတဲ့အတိုင်း သူတို့မိသားစုထဲကို ကံကြမ္မာဆိုးကြီး၀င်ခဲ့ပြီး လူ့အသိုင်းအဝိုင်းက သူ့ကိုလူသတ်သမားလို့သတ်မှတ်လိုက်ကြတဲ့အခါ။"သစ္စာစောင့်သိမှုနဲ့ ကိုယ်ကျင့်တရားဆိုတာ နိုင်ငံရေးသမားနဲ့ရဲတွေမှာရှိတဲ့အရာမဟုတ်ဘူး"ဆိုတဲ့ ရဲအရာရှိနာဂီရတ်ဒီ၊ အထက်ကပေးအပ်လာတဲ့ တာ၀န်ကို မပျက်ကွက်အောင်ထမ်းဆောင်ပေမယ့် ကိုယ်ကျိုးမတွက်တဲ့ ရဲအရာရှိတစ်ယောက်။အဲဒီလို၂ယောက်တို့ ပေါင်းမိသွားတဲ့အချိန်မှာတော့ အမှန်တရားအတွက်သူတို့တွေ တိုက်ပွဲ၀င်ကြမလား။ ကလဲ့စားတစ်ခုအတွက်နဲ့ပဲ လမ်းဆုံးနေမလားဆိုတာ နိုင်ငံရေးလှည့်ကွက်တွေကို ဇာတ်အိမ်တည်ထားပြီး ကိုးပိုင်းပဲပါ၀င်တဲ့ ဇာတ်လမ်းတွဲလေးကို ကြည့်လိုက်ရအောင်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, Aditi, Moon, BpL, Yunni, Zweတို့ပဲဖြစ်ပါတယ်)File Size – 1.1GB / 500MBQuality – 1080p / ...
7
TMDb: 7/10 1 votes
tv

Shaitan (2023)

2023
Lies Hidden in My Garden (2023)
Lies Hidden in My Garden (2023) Lies Hidden In My Garden (2023) (အညွှန်း) ================================သူ့ခေတ်သူ့အခါနဲ့ ဗီလိန်ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့ပြီး လင်းလက်တောက်ပနေဆဲဖြစ်တဲ့ ကြယ်ပွင့်နှစ်ပွင့်ကို အတူယှဉ်ပြီးမြင်ရမယ့် “Lies Hidden In My Garden” ကို ENAက လာမယ့် အင်္ဂါနေ့မှာထုတ်လွှင့်သသွားမှာပဲ ဖြစ်ပါတယ်။ 2020 ခုနှစ်ရဲ့ “Hi Bye, Mama” အပြီး “Kim Tae Hee” ရဲ့ ၃ နှစ်ကြာ hiatus အပြီး ပြန် comeback တဲ့ စီးရီးလည်းဖြစ်သလို “The Glory” နဲ့အောင်မြင်မှုတွေကို အပိုင်သိမ်းနိုင်ခဲ့တဲ့ “Lim Ji Yeon” ကို နောက်ထပ်ကွဲပြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရဦးမယ့်စီးရီးဆိုလည်း မမှားပါဘူး။မျိုးရိုးအားဖြင့်ချမ်းသာပြီး ခင်ပွန်းသည်က ဆရာဝန်တစ်ယောက်ဖြစ်သလို သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးဘဝကိုပိုင်ဆိုင်ထားတဲ့ “Joo Ran” .. အစစအရာရာပြီးပြည့်စုံပြီး ငြိမ်းချမ်းသာယာနေတဲ့ Joo Ran ရဲ့ဘဝဟာ သူတိုအိမ်ခြံဝန်းအနောက်ဘက်ကနေ ထူးဆန်းတဲ့အနံ့ကြီးကို သတိထားလိုက်မိတဲ့အချိန်ကစပြီး ဂယက်တွေစလာပါတော့တယ်။တစ်ဖက်မှာလည်း Joo ...

Lies Hidden in My Garden (2023)

2023
UP65 (2023)
UP65 (2023) UP 65 (2023) IMDb-8.5/10ဘဝကိုပေါ့ပေါ့ပါးပါးနဲ့ပျော်သလိုနေတတ်တဲ့ ပန်ဒေးနဲ့ ဘဝကို စိန်ခေါ်မှုတွေနဲ့ အလေးနက်တန်ဖိုးထားဖြတ်သန်းတတ်တဲ့ နီရှိန့်တ်တို့ ဆန့်ကျင်ဘက်သူငယ်ချင်းနှစ်ယောက် ...နီရှန့်တ်သဘောကျမိတဲ့ မြို့ပြအင်ဂျင်နီယာမေဂျာကကောင်မလေး ရှုဘရာ အသွင်စုံအရောင်စုံနဲ့ အင်ဂျင်နီယာကျောင်းတော်ကြီးက ကျောင်းသားတစ်ဖွဲ့ရဲ့ ကျောင်းသားဘဝ..."သူငယ်ချင်း...." ခင်ဗျားတို့စိတ်ထဲမှာ အဲဒီလိုလေးတွေးကြည့်လိုက်တာနဲ့ တစ်ကောင်ပြီးတစ်ကောင် အလျှိုလျှိုပေါ်လာခဲ့ရင် ခင်ဗျားဖြတ်သန်းခဲ့ရတဲ့ ငယ်ဘ၀က ဘယ်လောက်ကြည်နူးစရာကောင်းလဲမှန်းကြည့်လို့ရပြီ။ ဘော်ဒါအပေါင်းအသင်းနဲ့ပျော်စရာငယ်ဘ၀ဆိုတာ ကိုယ်ကိုယ်တိုင်ခံစားကြုံတွေ့ဖူးတဲ့သူ၊ မကြုံဖူးပေမဲ့ စာတွေရုပ်ရှင်တွေကနေတစ်ဆင့် ရင်ထဲမှာတစိမ့်စိမ့် ကြည်နူးမိတဲ့သူတွေချည်းပါပဲ။ဆိုတော့ ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ပျော်ရွှင်ခဲ့ရတဲ့အတိတ်တွေကို အောက်မေ့ချင်တဲ့သူ ဆယ်ကျော်သက်ဘဝကိုကျော်လွန်အရွယ်ရောက်လာကြမဲ့ ညီငယ်ညီမငယ်တွေအတွက်လည်း အနာဂတ်ကိုကြိုတွေးပုံဖော်ကြရင်း "လွယ်အိတ်တလုံး ပုခုံးထက်မှာ အပျော်ဆုံးကျောင်းတက်ချိန် ကျောင်းသားဘ၀"ဆိုတဲ့ သီချင်းလေးအတိုင်း တက္ကသိုလ်ကျောင်းတော်ကြီးကဘ၀တွေကို တစိမ့်စိမ့်ပြန်တွေးရင်း ခံစားကြည့်လိုက်ရအောင်။ (ညွှန်းဆိုဘာသာပြန်ကြသူတွေကတော့ V ~ BpL ~ Zwe ~ Aditi ~ThaikSan ~ Cherry ~ Yunniတို့ပါ)File Size – 400MB / 200MBQuality – 1080p WEB DL AAC5.1CH / 720pDuration – 24minsTotal ...

UP65 (2023)

2023
Ted Lasso (2021) Season 02 Complete 8.3
Ted Lasso (2021) Season 02 Complete Ted Lasso (2021) Season 02 ~ IMDb - 8.3/10, Rotten Tomatoes - 89% ~ တက်ဒ်လာဆို Season 2 ဟာ မဖြတ်သန်းချင်တဲ့ ဘူတာတစ်ခုကို ဖြတ်ကျော်ပြီး မြို့ကလေးဆီပြန်လာရတဲ့ခရီးနဲ့တူတယ်။ ကိုယ်မြင်ချင်ကြားချင်တာတွေအပြင် မြင်ဖို့လိုကြားဖို့လိုတာတွေကိုလည်း မလွှဲရှောင်သာ မြင်ကြကြားကြရတဲ့ အခိုက်အတန့်တွေပေါ့။ ဒီအတွဲမှာ ကျွန်တော်တို့ တက်ဒ်လာဆိုရဲ့ ကောင်းခြင်းတွေချည်း မြင်ရမှာတော့မဟုတ်ဘူး။ သူ့ကောင်းကွက်လို့ပြောလို့ရတဲ့ အကောင်းမြင်စိတ်နဲ့ အရာရာကိုပေါ့ပေါ့ပါးပါးပဲထားတတ်တဲ့ စိတ်ကနေ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း မြင်ရလိမ့်မယ်။ သူ့ရဲ့ မနာလိုမှုတွေ ဥပေက္ခာတွေကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း ကမ္ဘာမှာအပျော်ဆုံးသတ္တဝါဟာ ဆယ်စက္ကန့်စာမှတ်ဉာဏ်ပဲရှိတဲ့ ရွှေငါးပဲလို့ သူပြောခဲ့သလို တက်ဒ်ဟာ ဒါတွေအားလုံးကို ကျော်လွှားနိုင်ခဲ့တာကိုလည်း မြင်ရလိမ့်မယ်။ တက်ဒ်ချည်းမဟုတ်ပါဘူး။ ရွိုင်းကန့်တို့ နေသန်တို့ ရေဘက်ကာတို့ ကီလီတို့ ဂျေမီတာ့ထ်တို့ နည်းပြမုတ်ဆိတ်တို့ရဲ့ ကျွန်တော်တို့မသိတဲ့ ဘက်ခြမ်းတွေကိုလည်း မြင်ရလိမ့်မယ်။ ...
8.3
TMDb: 8.3/10 1114 votes
tv

Ted Lasso (2021) Season 02 Complete

2020
Nobody Knows (2020) [Complete] 8
Nobody Knows (2020) [Complete] Nobody Knows (2020) [အစ-အဆုံး]အပိုင်း ၁၄ မှ ၁၆ (ဇတ်သိမ်းပိုင်း) ထိဒီတစ်ခေါက် CM ပရိတ်သတ်ကြီးတွေအတွက် အရမ်းမိုက်တဲ့ ကွင်းဆက်လူသတ်မှုကား‌ဟောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အမှုကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးတို့သိကြတဲ့အတိုင်း ကွင်းဆက်လူသတ်မှုတွေမှာ ထူးခြားတဲ့အချက်ကိုလိုက်ပြီး အမှုအမည်တပ်လေ့ရှိပါတယ်။ ဒီကားမှာတော့ ကွင်းဆက်လူသတ်သမားဟာ ခရစ်ယာန်ဘာသာမှာ "ဒဏ်ချက်တော်" လို့ခေါ်ဝေါ်တဲ့ အမှတ်အသားတစ်ခု "Stigmata" ကို နစ်နာသူရဲ့ ခန္ဓာကိုယ်‌ပေါ်ချန်ထားခဲ့တတ်ပါတယ်။ဒီ Stigmata လူသတ်သမားရဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ သူငယ်ချင်းအတွက် လက်စားချေဖို့ရာ ချာယောင်းဂျင်းတစ်ယောက် စုံထောက်ဖြစ်လာခဲ့ပြီး ၁၉ နှစ်ကြာအောင် ဒီအမှုနောက်ကိုပဲလိုက်ရင်း ဘဝကိုဖြတ်သန်းလာသူပါ။နှစ်များစွာကြာလာတာနဲ့အမျှ "Stigmata ကွင်းဆက်လူသတ်မှု" ကြီး အေးစက်လာတဲ့အချိန်မှာ ချာယောင်းဂျင်းရဲ့သူငယ်ချင်း အထက်တန်းကျောင်းသား ဂိုအွန်းဟိုဟာ ဟိုတယ်အဆောက်အဦးတစ်ခုပေါ်က ခုန်ချပြီး ကိုမာဖြစ်သွားခဲ့ပါတယ်။ဆက်စပ်မှုမရှိတဲ့ "Stigmata" နဲ့ "ဂိုအွန်းဟို" အမှုနှစ်ခုဟာ "ဘဝသစ်ခရစ်ယာန်ဘုရားကျောင်း" နဲ့ ဆက်နွယ်မှုတွေရှိနေရင်းက သံသယဝင်စရာတွေဖြစ်လာပါတော့တယ်။"Stigmata ကွင်းဆက်လူသတ်မှု" ရဲ့ သံသယရှိသူ ဆောဆန်းဝန်းဟာ ...
8
TMDb: 8/10 12 votes
tv

Nobody Knows (2020) [Complete]

2020
Tree with Deep Roots (2011) [Complete] 9.2
Tree with Deep Roots (2011) [Complete] Tree with Deep Roots (2011) [အစ-အဆုံး]အပိုင်း ၁၈  မှ ၂၄ (ဇာတ်သိမ်းပိုင်း) ထိဂျိုဆွန်းမင်းဆက်ရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တဲ့ Yi Do က အမည်ခံဘုရင်သာ ဖြစ်ပြီး တကယ်တမ်းမှာတော့ သူ့ခမည်းတော် ထယ်ဂျုံးဘုရင်ကသာ အာဏာတွေကို ချုပ်ကိုင်ထားတာပါ။ထယ်ဂျုံးမင်းကြီးက သူအာဏာတည်တံ့ဖို့အတွက် မှူးမတ်စစ်သည် မိသားစုဝင်တွေပါမကျန် အကုန်ရှင်းပစ်တာမို့ သူ့သားတော် Yi Do ကလည်း ဘုရင်ဖြစ်နေပေမဲ့ သူ့ကို မလွန်ဆန်‌ရဲပါဘူး။တစ်နေ့မှာ ထယ်ဂျုံးမင်းကြီးက Yi Do ရဲ့ ယောက္ခထီးတော် ဖြစ်တဲ့ အတွင်းဝန်အမတ်ကြီး ရှင်းအွန်ကို ရှင်းပစ်ဖို့အတွက် နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွပ်စွဲခဲ့ပြီးတော့ အမတ်ကြီး မင်နိုင်ငံမှ ပြန်ရောက်တာနဲ့ ချက်ချင်း ဖမ်းဆီးခဲ့ဖို့ အမိန့်ချခဲ့တယ်။အဲဒီအချိန်မှာ Yi Do က သူ့ယောက္ခထီးကို ကယ်တင်ဖို့အတွက် မင်နိုင်ငံမှာပဲ ရှောင်နေဖို့ လျှို့ဝှက်စာ တစ်စောင်ကို ...
9.2
TMDb: 9.2/10 10 votes
tv

Tree with Deep Roots (2011) [Complete]

2011
I’m a Virgo (2023) 7
I’m a Virgo (2023) I'm a Virgo (2023) ============== IMDb Rating - 6.9/10ကျွန်တော်တို့ ငယ်ငယ်က ငလက်မလေးပုံပြင်ဆိုတဲ့ အိပ်ရာဝင် ပုံပြင်လေးတစ်ပုဒ်နဲ့ ရင်းနှီးခဲ့ကြတယ် ဟုတ်။ သာမန်လူတွေကြား မှာ လူပိစိလေး ရောက်သွားတဲ့အခါ ကြုံတွေ့ရတဲ့ကိစ္စတွေအကြောင်း ပြောပြထားတဲ့ ပုံပြင်လေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။အခုညွှန်းသွားပေးမဲ့ စီးရီးကတော့ ငလက်မပုံပြင်နဲ့ ဆန့်ကျင်ဘက် လူထွားကြီးဇာတ်လမ်းပါ တဲ့။ Virgo ရာသီခွင်ထဲမှာ မွေးဖွားလာတဲ့ ကူတီဆိုတဲ့ ကောင်လေးတစ်ယောက်က မွေးကတည်းက သာမန်လူ တွေနဲ့ မတူဘဲ ခန္ဓာကိုယ် အဆမတန် ကြီးထွားနေခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ အရပ်ကြီးက ၁၃ ပေထိ ရှည်လာပြီး ဆိုဒ် ကြီးကလည်း ကျွန်တော်တို့ဆီမှာ အလှူခံလှည့်တဲ့ထဲက ဒုံးရုပ်ကြီး တွေရဲ့ လေးဆလောက်ကို ရှိလာခဲ့တာပါ။ ဒီလိုသာမန်မဟုတ်တဲ့ ဖြစ် ရပ်ကြောင့် ကူတီရဲ့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မိဘတွေက သူ့ကို လူမြင်ကွင်းဆီ မထွက်ခိုင်းဘဲ အိမ်တွင်းအောင်းပြီးသာ နေခိုင်းခဲ့ပါ တယ်။ဒီလိုနဲ့နေလာရင်း တစ်နေ့မှာတော့ ကူတီနဲ့ရွယ်တူ ဆယ်ကျော် သက်လေးတစ်သိုက်နဲ့ အမှတ်မထင် တွေ့ဆုံသွားကြပြီး ကူတီတစ် ယောက် ပြင်ပကမ္ဘာကြီးကို ...
7
TMDb: 7/10 13 votes
tv

I’m a Virgo (2023)

2023
The Clearing (2023) 6.1
The Clearing (2023) The Clearing (2023) =============== IMDb Rating - 6.1/10ဝင်္ကပါတစ်ခုထဲကို ဝင်မိသွားပြီဆိုတာနဲ့ ထွက်ပေါက်ကို လိုက်ရှာဖို့ပဲ ရှိပါတော့တယ်တဲ့။ ဝင်ပေါက်ဆီကို ပြန်သွားဖို့လည်း မလွယ်တော့ သလို ရှိတာသေချာနေတဲ့ ထွက်ပေါက်ဆီကိုပါ မမှန်းဆနိုင်တဲ့ အချိန် မျိုးမှာဆိုရင်ရော ရှေ့ပဲတိုးကြမလား နောက်ပဲပြန်ဆုတ်ကြမလား။ ဒီအခြေအနေကိုတော့ ကြည့်ရှု့တဲ့သူတွေကိုယ်တိုင်ကပဲ ဆုံးဖြတ် ရပါလိမ့်မယ်။ဒီဇာတ်လမ်းကို ဝင်္ကပါစံအိမ်တစ်ခုနဲ့ပဲ တင်စားပါရစေ။ အင်္ဂလိပ်အက္ခရာ "A" နဲ့ပဲ အစပြုပြီး မှည့်ခေါ်ထားတဲ့ နာမည်တွေနဲ့ ကလေးတွေ၊ ဆံပင်အမည်းရောင်ကို အရောင်ချွတ်ထားခံရတဲ့ ကလေး တွေ၊ အသက်ကြီးကြီးမိန်းမကြီးတစ်ယောက်ကို မာမီလို့ခေါ်ပြီး တစ် သွေးတစ်သံတစ်မိန့် နေနေရတဲ့ကလေးတွေ၊ အဲဒီကလေးတွေက စံအိမ်ကြီးထဲကို ဘယ်ကနေ ရောက်လာခဲ့ကြတာလဲ။ သူတို့ကို ကြီး ကြပ်ရတဲ့သူတွေပြောတာကတော့ ပြင်ပကမ္ဘာကြီးက သိပ်ကြင်နာ တတ်သလို တစ်ချိန်တည်းမှာပဲ သိပ်ကိုရက်စက်တတ်ပါတယ် တဲ့။ ဆာရာ ဆိုတဲ့ ရှစ်နှစ်အရွယ်ကလေးမလေး ပျောက်ဆုံးမှုက မီဒီယာ တွေပေါ်မှာ ဟိုးလေးတကြော်ကြော်ဖြစ်ပြီးတဲ့နောက် သားလေး ပျောက်ဆုံးသွားမှာကို စိတ်ပူနေရှာတဲ့ မိခင်တစ်ဦးရယ်၊ ဆာရာကနေ အာရှာလို့ ပြောင်းသွားရတဲ့ ကလေးမလေးရဲ့အဖြစ်ရယ်၊ စံအိမ်ထဲ က ကလေးတွေရဲ့ ပဟေဠိတွေရယ် ဒါတွေအားလုံးရဲ့အဖြေကတော့ ဒီစီးရီးရဲ့ တစ်နေရာမှာ ...
6.1
TMDb: 6.1/10 1726 votes
tv

The Clearing (2023)

2023
Hidden Love ( 2023 )
Hidden Love ( 2023 ) ကျွန်မမှာ အိမ်မက်တစ်ခုရှိတယ် သိပ်ဝန်မခံချင်ပေမဲ့...... သူ့နာမည်က * သွမ်..ကျား..ရွှီ * အခုကစပြီး ကျွန်မအိမ်မက်နဲ့နီးစပ်ဖို့ကြိုးစားတော့မယ် " -စန်းကျီ----- "သူများမှာရှိတဲ့အရာမှန်သမျှ ကိုယ့်ရဲ့ကျီကျီမှာ ရှိစေရမယ် ၊ ကိုကိုက မင်းကိုတစ်သက်လုံး နစ်နေအောင်ချစ်မှာ" - သွမ်ကျားရွှီ --------- ဇာတ်လမ်းအညွှန်းဆယ်ကျော်သက်အရွယ်ဟာ နှလုံးသားကနေ ဖြူစင်တဲ့ စည်းချက်မြည်တီးနေတဲ့ ရင်ခုန်စရာနေ့ရက်တွေဖြစ်ပါသတဲ့ -ဒီလိုပဲ အသက်၇နှစ်ကွာတဲ့ သွမ်ကျားရွှီဟာ ၁၃နှစ်အရွယ်စန်းကျီ‌ရဲ့ အချစ်ဦးပါတဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ မောင်နှမနှစ်‌ယောက်-စန်းရန်နဲ့စန်းကျီစန်းကျီရဲ့အစ်ကိုဖြစ်သူ စန်းရန်ဟာ သွမ်ကျားရွှီနဲ့ငယ်ပေါင်း သူငယ်ချင်းရင်းတွေဖြစ်ပါတယ်၊ဒီလိုနဲ့ စန်းရန်အပြင်လစ်ပြီး ဂိမ်းဆော့တဲ့အချိန် ကျောင်းသူလေးစန်းကျီကိုထိန်းကျောင်းဖို့ဟာ ကိုကိုသွမ်ကျားရွှီတာဝန်ဖြစ်လာပါတော့တယ်၊ ထိန်းကျောင်းဖို့ဆိုတာထက် စန်းကျီနဲ့အတူ ‌ ပေါက်တက်ကရလိုက်မွှေပေးဖို့ဆို ပိုမှန်ပါလိမ့်မယ်ဒါပေမဲ့ အချစ်ဦးဇာတ်လမ်းတွေမှာ ဖြောင့်ဖြူးခြင်းဆိုတာ မရှိစမြဲပါပဲ၊သို့သော် နိဂုံးတော့မဟုတ်ခဲ့ပါဘူး... အခြေအနေအမျိုးမျိုးကြောင့်အချိန်အကြာဝေးကွာပြီးတဲ့မှ သူတို့နှစ်ယောက်ပြန်ဆုံတွေ့တဲ့ခါ... အထက်တန်းပြီးလို့ တက္ကသိုလ်ကျောင်းသူလေးဖြစ်နေတဲ့ စန်းကျီတစ်ယောက် ကိုကိုသွမ်ကျားရွှီမျက်လုံးထဲမှာ ကလေးလေးအဖြစ်ပဲဆက်ရှိနေဦးမလား...သွမ်ကျားရွှီရဲ့အလိုလိုက်နွေးထွေးမှုတွေက သကြားခဲလေးကို သကာရည်ပြောင်းလဲစေမလားဆိုတာ... Quality : WEB-DL 720p,1080p Total Episodes : 25 Format : mp4 Genres : Drama , Romance Duration : 45 min per Episode Subtitle : Myanmar Subtitle ( Hardsub ) Translated by ...

Hidden Love ( 2023 )

2023
Mae Pu Priao (2023) 8.0
Mae Pu Priao (2023) "ကိုယ့်နှလုံးသားခြွေယူမယ့် စွာတေးလန်မလေး မြန်မာစာတန်းထိုး Mae Pu Priao 2023နွန် အဖြစ် Hone Thanakorn sribanjong ပူ အဖြစ် Smile Sasina Phanomthornnitkulနွန်ကတော့ သူဌေးကျီယူရဲ့ယုတ်မှာမှုတွေကိုစုံစမ်းဖို့ ပတ်အောင်နန်ရွာကို ရုပ်ဖျက်လာတဲ့သတင်းထောက်တစ်ယောက်ပါပူကတော့ homestay ပိုင်ရှင်ရဲ့သမီးဖြစ်ပြီး ငယ်ငယ်ကတည်းက ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကျားကျားယားယားလိုနေဖို့ ဆုံးမသွန်သင်ခံရတဲ့စွာတေးလန်မလေးပေါ့တစ်နေ့မှာ နွန်ဟာ လောင်းကစားရုံမှာအချက်အလက်တွေစုဆောင်းဖို့သွားစုံစမ်းရင်း ရိပ်မိခံရတော့ လူဆိုးတွေ လိုက်ဖမ်းတာခံရပါတော့တယ်ဒီလိုနဲ့ထွက်ပြေးလာရင်း ပူနဲ့တွေ့ပြီး နှစ်ယောက်သားမတည့်ကြပါဘူး လူဆိုးကိုထွက်ပြေးရင်းနဲ့ ကျွန်းတစ်ကျွန်းကိုရောက်သွားကြပါတယ်ပူနဲ့နွန်ရဲ့ဆက်ဆံရေးက အဲ့ကျွန်းမှာပဲပြီးသွားမလား ဘယ်လိုတွေဖြစ်လာမလဲ ချစ်သွားကြမလား နွန်ရော အချက်အလက်တွေစုံစမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲကြည့်လိုက်ရအောင်နော်(အညွှန်းရေးသားသူကတော့ Nang Mwe Kham ဖြစ်ပါတယ်)Native Title: แม่ปูเปรี้ยว Episodes: 15 Aired: May 15, 2023 - ? Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: Channel 7Translated by  Nang Mwe Kham & ...
8.0
TMDb: 8.0/10 votes
tv

Mae Pu Priao (2023)

Turn of the Tide (2023) 7.2
Turn of the Tide (2023) Turn of the Tide (2023)================= Thriller ,Drama IMDb 7.6/10 Rotten Toamtoes 91%Rating တွေ အရမ်းကောင်းနေတဲ့ Netflix ဇာတ်လမ်းတွဲလေး တစ်ခုဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံရဲ့ တစ်နေရာ အဇိုရီဆိုတဲ့မြို့ငယ် လေးက လူအိမ်ခြေအရမ်းနည်းပြီး တစ်မြို့လုံး ငါးဖမ်းတံငါအလုပ် နဲ့အသက်မွေးကြတာပါ။ အဲ့ဒီမှာ နေတဲ့ အက်ကွာဒေါ၊ ဆေးဗား၊ ကာလင်ဟို နဲ့ ရာဖယ်တို့ သူငယ်ချင်း ၄ ယောက်က ဒီနေရာကြီး ကနေ ထွက်သွားကာ အမေရိကန်ကိုသွားပြီး အမေရိကန်အိမ်မက် မက်နေတဲ့ လူငယ်လေး ၄ ယောက်ပေါ့။ ဒါပေမဲ့ လူတွေပြောနေကြ စကားလိုပဲ အဇိုရီမှာကောင်းတာဘာမှ ဖြစ်မလာဘူးဆိုသလိုပဲ။သူတို့မြို့လေးကိုတော့ ကံကြမ္မာက ဘာတိုးတက်ရာတိုးတက်ကြောင်း မှ မျက်နှာသာမပေးခဲ့ပါဘူး။ တစ်နေ့တော့ အလှည့်ပြောင်းဖြစ်လာ စေမယ့် အကြောင်းဖန်လာပါတယ်။ အီတလီကနေ အမေရိကန်ကို တင်ပို့မယ့် ကိုကိန်းတွေအပြည့်တင်ထားတဲ့ မာဖီးယားဂိုဏ်းသား နှစ်ယောက်ဟာ ပင်လယ်မုန်တိုင်းမိပြီး အက်ကွာဒေါတို့ရဲ့ အဇိုရီမြို့ လေးမှာ သောင်လာတင်ပါတယ်။ ကိုကိန်းတန်နဲ့ချီပါလာတဲ့ သင်္ဘော ပျက်တာဆိုတော့ ကိုကိန်းထုတ်တွေဆိုတာ လမ်းဘေးကကျောက်ခဲ တွေလို နေရာတကာမှာ ကောက်လို့ရပါတယ်။ဒီအခွင့်အရေးကို အက်ကွာဒေါတို့တစ်အုပ်ကမြင်ပြီး ...
7.2
TMDb: 7.2/10 16 votes
tv

Turn of the Tide (2023)

2023
THE DAYS (2023) 7.8
THE DAYS (2023) ပရိသတ်ကြီးအတွက် ဂျပန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်အကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ ဖြစ်ရပ်မှန်ဖြစ်တဲ့အတွက် တကယ်လည်းကြည့်ကောင်းတဲ့ ကားကောင်းလေးပါပဲ ၂၀၁၁ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ ၉.၁ ရစ်ချ်တာစကေးရှိတဲ့ ဂျပန်နိုင်ငံရဲ့ သမိုင်းတလျောက် အပြင်းထန်ဆုံး နဲ့ ကမ္ဘာ့ စတုတ္ထမြောက်အပြင်းထန်ဆုံး တိုဟူကူ ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ် အဲဒီလို ပြင်ထန်းလှတဲ့ ငလျင်ကြီးက သမုဒ္ဒရာကြမ်းပြင်ကို ဗဟိုပြုတိုက်ခိုက်ခဲ့တာကြောင့် ၁၃-၁၄ မီတာလောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေနဲ့ ဆူနာမီကပါ နောက်ဆက်တွဲ တိုက်ခတ်ပါလေရော ဂျပန်နိုင်ငံမှာကလည်း လျှပ်စစ်ဓာတ်အားပေးတာက ရေအားလျှပ်စစ်အပြင် နူကလီယားဓာတ်ပေါင်းဖိုတွေနဲ့ပါ ပေးနေတော့ ဖူကူရှီးမားဒိုင်နီစက်ရုံကြီးထိ ရေတွေကတက်ခဲ့တာပါ သဘာဝနိယာမအရ အဆိုးနဲ့အကောင်းဒွန်တွဲနေတယ်ဆိုသလိုပဲ ဓာတ်ပေါင်းဖိုကရတဲ့ လျှပ်စစ်ဓာတ်အားနဲ့ လိုသလိုအသုံးချလို့ရခဲ့ပေမဲ့ အဲဒီ ဓာတ်ပေါင်းဖိုကြီးကို ထိန်းသိမ်းရတာကလည်း အရမ်းခက်ခဲသလို အရမ်းလည်း အန္တရာယ်များတာပါ ငလျင်လှုပ် ရေတွေကြီးတော့ ဓာတ်ပေါင်းဖိုကြီးမှာ လျှပ်စစ်ဓာတ်အားက ပြတ်တောက်သွားပါလေရော အဲဒါနဲ့ အရန်မီးစက်နှိုးတော့လည်း ပင်လယ်ရေတွေကြောင့် ထပ်ပျက်စီးတော့ လုံးဝကို အမှောင်ကျသွားတာပါ ...
7.8
TMDb: 7.8/10 50 votes
tv

THE DAYS (2023)

2023
The Night Manager (2023)
The Night Manager (2023) The Night Manager (2023) Crime IMDb 8.1/10ပထမဆုံး p1အနေနဲ့ လေးပိုင်းထွက်ရှိထားတဲ့ ဒီစီးရီးဟာဆိုရင်တော့ ဘောလိဝုဒ်ပရိတ်သတ်တွေရဲ့ အားပေးမှုကို အတော်ရရှိခဲ့ပြီး ခုချိန်မှာ p2အနေနဲ့ လေးပိုင်းဆက်လက်ထွက်ရှိလာပါတယ်ဒီစီးရီးလေးမှာ ပျိုမေတို့အသည်းစွဲ မင်းသားချောလေး အာဒစ်သယားရွိုင်းကပူး..မအိုဆေးသောက်ထားတယ်လို့ ပြောစမှတ်တွင်လောက်အောင် နုပျိုနေတဲ့ မင်းသားကြီး အနီလ်ကပူး.. မင်းသမီးချောလေး ဆိုဘီသားဒူလီပါလားတို့က အဓိကနေရာကနေ သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းကတော့စိတ်ဝင်စားစရာပါ။မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်က လူမျိုးရေး ပဋိပက္ခနဲ့ လက်နက်မှောင်ခို လောဘသားတို့ရဲ့ဆက်နွယ်မှုတွေအကြောင်းပါ။ လူမျိုးရေးပဋိပက္ခကြောင့်ရှုပ်ထွေးနေချိန် ကြားထဲကနေ အမြတ်ထုတ်ချင်တဲ့ ဝိသမလောဘသားတစုဟာ လက်နက်မှောင်ခိုလုပ်ဖို့ကြံလာပါတယ်... အဲ့ဒီ လောဘသားတစုရဲ့လုပ်ရပ်ကြောင့်ပဲ အကျိုးဆက်ဆိုးကျိုးတွေဖြစ်လာပုံကို အသည်းတလှပ်လှပ်နဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုသွားရမယ့် ဘောလိဝုဒ်ဇာတ်လမ်းတွဲကောင်းတခုပဲဖြစ်ပါတယ်File Size –  1GB / 500MBQuality – 1080p WEB DL / 720pDuration – 47minsTotal Episodes:Subtitle – Myanmar HardsubFormat – Mp4Genre : Crime, DramaTranslator –BpL~ Taylor~Yunni~Khin KhinEncoder – YK  720p Episode 1 - Yoteshin / Userdrive / Megaup ...

The Night Manager (2023)

2023
Deadwood Season 1+2 +3(2004)
Deadwood Season 1+2 +3(2004)    HBO ရဲ့နာမည်ကြီး western drama series တစ်ခုလာပါပြီ။ လူကြိုက်များပြီး ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဂျွန်ဝှစ်ခ်ရုပ်ရှင်မှာ ကွန်တီနင်တယ်ဟိုတယ်ကိုဦးစီးနေတဲ့ အဘိုးကြီး ဝင်စတန်နေရာမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့မင်းသားကြီး အိုင်ရန်မက်ခ်ရှိန်းနဲ့ Hitman ( 2007) ဇာတ်ကားနဲ့နာမည်ကြီးတဲ့ မင်းသား တင်မိုသီအိုလီဖန်းတို့က leading role မှာ ပါဝင်သရုပ်ဆောင်ထားပြီး ၁၈၇၆ ခုနှစ် အမေရိကန်ပြည်ထောင်စုတပ်တွေနဲ့ ဆောဇ်လူမျိုးတွေဦးဆောင်တဲ့အင်ဒီးယန်းလူရိုင်းတွေဖြစ်ခဲ့တဲ့ လစ်တဲလ်ဘစ်ဟွန်းတိုက်ပွဲအပြီး ကာလလောက်ကိုအခြေခံထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ်က ဒတ်ဝုဒ်ဆိုတဲ့ ရွှေသမားတွေစုဝေးရာမြို့ကလေးမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဥပဒေအရာရှိဟောင်း ဆက်သ်ဘူးလော့ခ်နဲ့ တည်းခိုခန်းပိုင်ရှင် အယ်လ်ဆွာရန်ဂျန်တို့ဟာ အမှန်တကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီး ဇာတ်လမ်းထဲမှ တချို့အကြောင်းအရာတွေဟာလည်း အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေပါပါတယ်။ သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဘေလ်ဟစ်ကော့ခ်၊ အီးဘီဖာနန်၊ ဆောလ်စတားဆိုသူတွေကိုလည်း ဇာတ်လမ်းထဲမှာ ခေါင်းဆောင်ပိုင်းနေရာမှာ တွေ့ကြရမှာဖြစ်ပါတယ်။ ဒတ်ဝုဒ်ဟာ ကျေးလက်မြို့ကလေးတစ်မြို့ဖြစ်ပြီး ရွှေထွက်တယ်လို့စနာမည်ကြီးခဲ့တဲ့ ၁၈၇၆ လောက်မှာ မြို့ဟာရွှေသမားတွေ၊ ...

Deadwood Season 1+2 +3(2004)

Malpractice (2023) 7.7
Malpractice (2023) ဆရာဝန်အလုပ်ဆိုတာ ဆေးထိုးအပ်ကိုင်တတ်ရုံနဲ့ မပြီးသေးပါဘူး။ အရေးကြီးတဲ့ အခြေအနေမှာ ဆုံးဖြတ်ချက်တစ်ခု လွဲမှားသွားတာနဲ့ အမှားတွေ တန်းစီသွားနိုင်ပါတယ်။ ဒီအကြောင်းကို Malpractice ဆိုတဲ့ ဇာတ်ကားမှာ သေသေချာချာရိုက်ပြတယ်။ ဒေါက်တာလူစင်ဒါက A&E အရေးပေါ်ဌာနက ဆရာဝန်ပါ။ တစ်ရက်မှာ ဆေးလွန်တဲ့လူနာကို ကုနေတုန်း သေနတ်သမားတစ်ယောက် ရောက်လာပြီး သေနတ်နဲ့ချိန်ကာ သူ့လူ့နာကို အရင်ကုခိုင်းပါတယ်။ တစ်ဖက်ကလည်း အရေးပေါ်လူနာ၊ တစ်ဖက်ကလည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး ကုခိုင်းနေတဲ့အခါ ဆုံးဖြတ်ချက်တစ်ခုကို မဖြစ်မနေ ချရပါတော့တယ်။ ဒီမှာပဲ အလွဲတွေ စဖြစ်လာပြီး တရားခွင်တက်ရတဲ့အထိပါ ဖြစ်လာတဲ့အခါ ဒေါက်တာတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရှူရမှာ ဖြစ်ပါတယ်။File size…(870 MB)/(380 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by EI Moh Episode 1 720p  ...
7.7
TMDb: 7.7/10 3 votes
tv

Malpractice (2023)

2023
The Luminous Solution (2023)
The Luminous Solution (2023) The Luminous Solution / ကော်ဖီတစ်ခွက်ရဲ့ ဆန္ဒ (2023)ထနာက သာမန်ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး မကြာသေးခင်ကမှ အလုပ်ထုတ်ခြင်းခံထားရပါတယ် ဒါတင်မကပဲ ၁၀ နှစ်ကြာတွဲလာတဲ့ သူ့ရဲ့ချစ်သူ ပါထစ် နဲ့ ဆက်ဆံရေးကလည်း ပြဿနာများစွာရှိလာပြန်ပါတယ် တစ်နေ့မှာ ထနာဟာ အမှတ်မထင်ပဲ ကော်ဖီဆိုင်တစ်ဆိုင်ကို ရောက်သွားပါတော့တယ် အဲဒီကော်ဖီဆိုင်က သာမန်ကော်ဖီဆိုင်မဟုတ်ဘဲ လိုအပ်နေတဲ့အချိန်မှပေါ်လာတတ်ပြီး လူတွေရဲ့ကံကြမ္မာကိုပါ ပြောင်းလဲပေးနိုင်တဲ့ ဆုတောင်းတွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်ပေးတဲ့ကော်ဖီဆိုင်ပဲဖြစ်ပါတယ် ထနာဟာ သူ့မှာဖြစ်နေတဲ့ပြဿနာတွေ အဆင်ပြေချင်တဲ့အတွက် ဆုတောင်းဖို့လုပ်ပါတော့တယ် ဒါပေမယ့် ဆုတောင်းတစ်ခုတောင်းတိုင်း ပေးဆပ်ရမယ့်ပေးဆပ်မှုတွေလည်း တွဲပါလာတတ်ပါကြောင်း ကော်ဖီဆိုင်ပိုင်ရှင်က သတိပေးပါတယ် အဲဒါကို ဂရုမစိုက်တဲ့ ထနာဟာ သူ့ရဲ့ဆုတောင်းကို တောင်းလိုက်တဲ့အခါ ဘယ်လိုပေးဆပ်မှုတွေကို ပြန်ပေးဆပ်ရမလဲဆိုတာကို အပတ်စဥ်တင်ဆက်ပေးမှာမို့ CMကနေစောင့်မျှော်ကြည့်ရှုနိုင်ပါပြီအညွှန်းကိုတော့ Myo Myo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Myo, Mary တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 1GB | 450MB Format… ...

The Luminous Solution (2023)

2023
Celebrity(2023)[Complete]
Celebrity(2023)[Complete] Celebrity(2023)**************.အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံးယနေ့မျက်မှောက်ခေတ်မှာ အတော်များများ ဈေးကွက်ကိုထိုးဖောက်ဖို့ဆိုရင် ဆယ်လီတွေရဲ့ အားကိုယူရတယ်...ယုတ်စွ အဆုံးသွားကြားထိုးတံက အစ ဆယ်လီတွေနဲ့ကြော်ငြာရတဲ့ခေတ်ကိုရောက်နေတယ်...ခရစ်စတီယာနိုရော်နယ်ဒိုဟာ သတင်းစာရှင်းလင်းပွဲမှာ ကိုကာကိုလာမသောက်ကြနဲ့ရေပဲသောက်ကြလို့ပြောလို့ ကိုလာကုမ္ပဏီစတော့ဈေးကွက်ဟာသိသိသာ ထိုးဆင်းသွားတယ်လို့ ကြားသိလိုက်ရပါတယ်..ဆိုတော့လူမှုကွန်ယက်မှာ လွှမ်းမိုးမှုရှိတဲ့ ဆယ်လီတွေရဲ့ စွမ်းအားဟာ ဘယ်လောက်ကြီးမားသလဲဆိုတာဒါကသက်သေပါပဲ...ဒီစီးရီးထဲမှာလည်း ကိုရီးယားက ဆယ်လီတွေရဲ့  နေမှုထိုင်မှုတွေနဲ့ဒီဘဝရောက်အောင်ကြိုးစားခဲ့ပုံတွေ...ဒါ့အပြင် ဒီလိုနေထိုင်ရတဲ့ ကာလမှာဘယ်လိုတလွဲတွေကြုံခဲ့ရလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားတယ်..နာမည်ကျော် သရုပ်ဆောင်များစွာပါဝင်ထားသလို လူသတ်မှုတွေ...ကုမ္ပဏီတွေရဲ့ စီးပွားရေးလှုပ်ရှားမှုတွေ....လူထုရဲ့တုန့်ပြန်ပုံတွေကိုလည်းစိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုရမှာဖြစ်ပါတယ်.....Aired: June 30, 2023 Aired On: Wednesday, Thursday Genres:   Drama Duration: 60 mins Episodes: 12 Original Network: Netflix File Size: 720p(~350MB) , 1080p(880MB) Translated by Tiff, Yee Wai & Thinn Thinzar Encoded by Phyo Pyae «««   Telegram Channel ...

Celebrity(2023)[Complete]

2023
Silo (2023) 8.9
Silo (2023) Silo (2023)Sci-fi seriesတွေထဲမှာ ပရိသတ်အားပေးမှုတော်တော်လေးရရှိထားတဲ့ The last of us , The Walking dead နဲ့ The sweet toothတို့လို Post apocalyptic seriesတစ်ခုဖြစ်တဲ့ Siloကို တင်ဆက်ပေးလိုက်ပါပြီ။ဒီကားလေးကရော ရှေ့ကနာမည်ကြီးစီးရီးတွေလိုပဲ ပရိသတ်ရဲ့နှလုံးသားကိုဖမ်းစားနိုင်မလားဆိုတာကတော့ ရဗျူးကောင်းတွေလည်းရရှိထားတာဆိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရင်း အကဲဖြတ်လိုက်ကြပါဦး။Siloဆိုတာကတော့ ၁၄၄ ထပ်ရှိတဲ့ မြေအောက်မျှော်စင်မြို့တော်ကြီးတစ်ခု၊ အထဲမှာ မြို့တစ်မြို့နဲ့ညီမျှတဲ့အင်္ဂါရပ်တွေ အကုန်အစုံရှိပြီးတော့ ပဋိညာဉ်တစ်ခုကို နေထိုင်သူအားလုံး လိုက်နာရတဲ့နေရာတစ်ခုပေါ့။ ပြင်ပကမ္ဘာကြီးကတော့ ကပ်ဆိုက်ပျက်စီးပြီးတော့ အဆိပ်သင့်နယ်မြေလို့ ယူဆကြပြီးတော့ ဒီSiloထဲက လူတစ်စုကတော့ Siloရဲ့ပြင်ပကိုထွက်ချင်ပါတယ်လို့ လုံးဝမပြောပါဘူးဆိုတဲ့ အဓိကဥပ‌ဒေတစ်ခုအပါအဝင် တခြားမြောက်များစွာသောစည်းကမ်းတွေကို မဖြစ်မနေလိုက်နာရပါတယ်။ဒီမှာမေးစရာရှိလာတာက စည်းကမ်းမလိုက်နာရင် Siloရင်ပြင်ပကိုထွက်ချင်ပါတယ်လို့ ပြောလာတဲ့လူအတွက် ဘာပြစ်ဒဏ်ရှိလဲ။ ဒီလို အပြင်ထွက်ချင်တယ်လို့ ပြောလာသူတိုင်းကို အပြင်ထွက်ခွင့်ပေးပါတယ်။ အလဲအလှယ်အနေနဲ့ Siloရဲ့အပြင်ဘက်မှာတပ်ဆင်ထားတဲ့ ပြင်ပအာရုံခံစက်တွေကို သန့်ရှင်းရေးလုပ်ရပါတယ်။ ဒါပေမဲ့ထူးခြားတာကတော့ အပြင်ကိုထွက်ချင်တယ်ပြောမိသူတိုင်း မဖြစ်မနေ သန့်ရှင်းရေးလုပ်စရာမလိုပေမဲ့ သန့်ရှင်းရေးလုပ်ပြီးသူတိုင်းတော့ မိနစ်ပိုင်းအတွင်း သေဆုံးကုန်ကြပါတယ်။ရှေ့ကလူတွေရဲ့ သေဆုံးခြင်းကိုပဲ မျက်ဝါးထင်ထင်မြင်နေရချိန်မှာတော့ Siloမြို့ကပြည်သူတွေအနေနဲ့ ...
8.9
TMDb: 8.9/10 35 votes
tv

Silo (2023)

2023