Channel Myanmar

Drama

Baby Fever (2024) Season2 5.2
Baby Fever (2024) Season2 Baby Fever (aka) Skruk (2022- ) Genre – Comedy, Drama, Romance IMDB – 6.5/10Netflix ကနေ ထွက်ရှိထားတဲ့ ဒိန်းမတ် အချစ်ဟာသဒရမ်မာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။မျိုးဆက်ပွား ကျန်းမာရေးဆေးခန်းက ဆရာဝန်တွေရဲ့ ဘဝလေးကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Nana ဆိုတဲ့ ဆရာဝန်မတစ်ယောက် ဆေးခန်းကနေ မီးဖွားခွင့်ယူရင်း ဆေးခန်းက လူလျှော့နေတာနဲ့ အလုပ်ထုတ်ခံထားရတဲ့သူပါ။၂ လသား သမီးလေးကို ထိန်းကျောင်းနေရင်း စိတ်တွေပင်ပန်း သောကရောက်ပြီး နေနေရတာပေါ့။ ဒီကလေးကို ရထားတာလည်း အဆန်းတော့အဆန်း အဖေဖြစ်တဲ့လူကတောင် ဒီကလေးရှိနေမှန်းမသိရဘူး သူ့ဘာသာသူ သုတ်ပိုးကို ခိုးပြီး သန္ဓေယူထားတာမို့။ဒီလိုနဲ့ ကမ္ဘာပျက်နေတဲ့ Nana တစ်ယောက် အလုပ်ရှင်ကို တောင်းပန်ပြီး အလုပ်ပြန်လုပ်ချင်လို့ပါဆိုတော့ ဟိုက အစမ်းခန့်အနေနဲ့ ခန့်လိုက်ပါတော့တယ်။ အဲဒီမှာ ကလေးတစ်ဖက်နဲ့ Nana တစ်ယောက် ဆေးခန်းမှာ စိန်ခေါ်မှုအသစ်တွေကြား ရင်ဆိုင်ဖို့ ဖြစ်လာပြီး ဘယ်လိုတွေ ကြုံရဆုံရ လွဲချော်ရဦးမလဲဆိုတာကို ပေါ့ပေါ့ပါးပါး တင်ဆက်ထားတာ ...
5.2
TMDb: 5.2/10 18 votes
tv

Baby Fever (2024) Season2

2022
Addicted Heroin (2024)
Addicted Heroin (2024) ယစ်ယစ်မူးမူး အချစ်ဦး (၂၀၂၄)ဒီတစ်ခါမှာတော့ ရင်းနှီးပြီးသား ဇာတ်လမ်းတစ်ခုရဲ့ Thai Adaptation ဖြစ်တဲ့ Addicted Heroin ကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တရုတ်ဗားရှင်းတုန်းက ဝက်ဝက်ကွဲ အောင်မြင်မှု ရရှိခဲ့တဲ့ Addicted ကို ပြန်လည်ရိုက်ကူးထားတာမို့ မျှော်လင့် ကြည့်ရှုမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ဖခင် နောက်အိမ်ထောင်ပြုမှာကို မနှစ်မြို့တဲ့အတွက် အိမ်ကထွက်ပြေးလာတဲ့ အိမ်ပြေး Hero တစ်ယောက် Pop ဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့တာပါပဲ။ Hero တစ်ယောက် Pop နဲ့ ရင်းနှီးဖို့ ဆင်းရဲချင်ယောင်ဆောင်ရင်း ဒီကောင်လေးကိုမှ ချစ်မိသွားခဲ့ပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးဘဲ Pop က သူမနှစ်မြို့တဲ့ မိထွေးရဲ့ သားဖြစ်နေတဲ့အခါ...ဆယ်ကျော်သက်အရွယ် အချစ်ကို ဘယ်လိုကာကွယ်မလဲ နှစ်ဦးသား အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတာ အသည်းတယားယား ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Dao ...

Addicted Heroin (2024)

2024
Brinda (2024) 7
Brinda (2024) Brinda (2024) "လျှို့ဝှက်တတ်သော..." IMDb - 7.3/10SonyLIVကနေ ထုတ်လွှင့်ခဲ့တဲ့ အသစ်စက်စက်တလေဂူးမှုခင်းစီးရီးကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Leo (2023)၊ 96(2018)လို ရုပ်ရှင်ကားကြီးတွေထဲက မင်းသမီးချော ထရီရှာခရစ်ရှ်နန် အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ရွာသူရွာသားတွေ ငတ်ပြတ်ပြီး သေကြေနေကြတာ တောစောင့်နတ်သမီးရဲ့ အမျက်ဒေါသကြောင့်လို့ဆိုပြီး ကလေးမလေးတစ်ယောက်ကို ယဇ်ပူဇော်ဖို့လုပ်ကြတယ်။အမေဖြစ်သူက သမီးလေးကို ယဇ်ပူဇော်တာမလုပ်ဖို့ ဘယ်လောက်တောင်းပန်နေပါစေ မရတဲ့အဆုံး သားနဲ့သမီးကိုခေါ်ပြီး ထွက်ပြေးဖို့ကြိုးစားပါရော။ပြေးရင်းလွှားရင်း ညီမလေးကိုလုပ်ပေးထားတဲ့ အရုပ်ကလေးပြုတ်ကျခဲ့လို့ အစ်ကိုဖြစ်သူကပြေးအကောက်ရွာသားတွေဝိုင်းလိုက်လို့ လူစုကွဲသွားပါတယ်။သားမိနှစ်ယောက် ကားပေါ်အတက် ရွာသားတွေဝိုင်းဆွဲလို့ အမေဖြစ်သူကျန်ခဲ့ပြီး ကလေးမလေးပဲကားပေါ်မှာပါသွားခဲ့တယ်။ဒီလိုကွဲကွာသွားတဲ့ မိသားစုတစ်ခုကနေ စလိုက်တဲ့ဇာတ်လမ်း၊ ထူးခြားဆန်းကျယ်တဲ့ လူသတ်မှုတွေ၊ မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ တစ်ပိုင်းချင်းစီဆွဲခေါ်သွားမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 750MB(Appx;)@EpisodeQuality – 1080p WEB DLDuration –42minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, MysteryTranslator – CM Bollywood TeamEncoder – YK  Episode ...
7
TMDb: 7/10 2 votes
tv

Brinda (2024)

2024
Interview with the Vampire (2022 – 2024)
Interview with the Vampire (2022 – 2024)  နာမည်ကြီးရုပ်ရှင်တစ်ခုကိုပဲ စီးရီးအဖြစ် ပြန်တင်ဆက်ထားတာပါ။ဒီတစ်ခါတော့ ရုပ်ရှင်ကိုတကယ်ခံစားပြီးကြည့်ရှုတဲ့သူတွေအတွက် တကယ့်ကိုကောင်းတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ရှေးခေတ်က စကားအသုံးအနှုန်းတွေပါတဲ့ အတွက် အတတ်နိုင်ဆုံး အဆင်ပြေအောင် ပြန်ထားပေးတာကြောင့် အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ ကြိုပြောထားပါရစေ ဇာတ်လမ်းအကျဉ်း မက်လွိုင်းဆိုတဲ့ သတင်းထောက်ကြီးက အိမ်မှာနေ နေရင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူလုပ်ခဲ့ပြီးတော့ မေ့ထားလိုက်ချင်တဲ့ အင်တာဗြူးလေးတစ်ခုကို  ပြန်လုပ်ဖို့အတွက် ဖိတ်ခေါ်စာလေးတစ်စောင်နဲ့ အင်တာဗြူးလုပ်ထားတဲ့ တိပ်ခွေပါဆယ်ထုပ်ကြီးရောက်လာပါတော့တယ် အဲဒီအင်တာဗြူးကတော့ သွေးစုပ်ဖုတ်ကောင်တစ်ယောက်နဲ့ လုပ်ထားတဲ့ အင်တာဗြူးလေးပါပဲ အဲဒီမှာပဲ သူတို့ရဲ့ မပြီးပြတ်သေးတဲ့ အင်တာဗြူးလေးကို အစကနေပြန်လုပ်ကြပါလေရော အင်တာဗြူးဖြေပေးတဲ့သူကတော့ သွေးစုပ်ဖုတ်ကောင်ကြီး လူဝီဖြစ်ပါတယ် မေးခွန်းလေးက အစကတော့ "မင်း ဘယ်အချိန်တုန်းကသေခဲ့တာလဲ မစ္စတာ ဒူးလက်ခ်"ဆိုတဲ့မေးခွန်းလေးပါပဲ အဲဒီကနေပြီးတော့ ၁၉၁၀ခုနှစ်ကနေစပြီး သူ့ရဲ့ ဘဝဖြစ်စဉ်လေးကို ပြောပြမဲ့ကားကောင်းလေးတစ်ကားမို့လို့ ရုပ်ရှင်ကိုခံစားပြီးကြည့်မဲ့သူတွေရော ဇာတ်အိမ်ခိုင်ခိုင်ကြည့်ချင်တဲ့သူတွေရော သွေးစုပ်ဖုတ်ကောင်ကားကို အမြင်ဆန်းဆန်းနဲ့ကြည့်ချင်တဲ့သူတွေအတွက်ပါ လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားပါပဲခင်ဗျာFile size… 900 Mb /400 Mb  Quality…. ...

Interview with the Vampire (2022 – 2024)

Totally Completely Fine (2023) Season 1 7.2
Totally Completely Fine (2023) Season 1  Totally Completely Fine ဆိုတဲ့ Australian စီးရီလေးမှာတော့ Vivian တစ်ယောက် အဖိုးသေဆုံးပြီးနောက် Vivian တို့မောင်နှမသုံးယောက် အညီအမျှ အမွေခွဲတဲ့အခါ ချောက်ကမ်းပါးက အိမ်ကြီးကို Vivian အမွေဆက်ခံလိုက်ရတယ်။ အဲဒီအိမ်မှာ ထူးခြားချက်တစ်ခုရှိနေပြီး ထူးခြားချက်ကတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တဲ့လူတွေဟာ Vivian အဖိုးရဲ့ အိမ်နောက်က ချောက်ကမ်းပါးကိုလာပြီး ခုန်ချလေ့ရှိတယ်။အမွေရပြီးမှ Vivian ဟာ သူမရဲ့အဖိုးက သေကြောင်းကြံဖို့လာတဲ့လူတွေရဲ့အသက်ကို ကယ်တင်ပေးနေတာကို သိလိုက်ရတယ်။ Vivian အိမ်ပြောင်းလာတဲ့ ပထမနေ့မှာတင်ပဲ မင်္ဂလာပွဲကနေထွက်ပြေးပြီး သေကြောင်းကြံဖို့ရောက်လာတဲ့ သတို့သမီးလေး Amy ကို Vivian ကယ်တင်လိုက်နိုင်တယ်။Vivian တစ်ယောက် သေကြောင်းကြံဖို့လာတဲ့လူတွေကို ကူညီရင်း သူမရဲ့အိမ်အသစ်က ဘဝသစ်ကို ဘယ်လိုအဆင်ပြေအောင် အခြေချဖို့ကြိုးစားမလဲဆိုတာကိုတော့ အခုစီးရီးလေးကို ကြည့်ရှူအားပေးကြပါဦး File size…(1 GB)/(450 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:49:00 Genre... ...
7.2
TMDb: 7.2/10 12 votes
tv

Totally Completely Fine (2023) Season 1

2023
Lady in the Lake (2024) 6.5
Lady in the Lake (2024)  ၁၉၆၆ ခုနှစ် အမေရိကန်နိုင်ငံ ဘယ်လ်တီမိုးမြို့ရဲ့ကျေးဇူးတော်နေ့မှာကလေးငယ်တစ်ယောက်ပျောက်ဆုံးရာကနေစတင်ပြီးအမျိုးသမီးနှစ်ဦးရဲ့ဘဝတွေ ပတ်သက်ဆက်နွယ်မိကြပုံကိုရိုက်ကူးပြသထားပါတယ်။မင်းသမီး Natalie Portman သရုပ်ဆောင်ပေးထားတဲ့မတ်ဒီဆိုတဲ့အမျိုးသမီးဇာတ်ကောင်ဟာ အတိတ်ကလျှို့ဝှက်ချက်တစ်ခုကိုကြိုးစားဖုံးကွယ်နေတဲ့ ဂျူးအိမ်ထောင်ရှင်မတစ်ဦးဖြစ်သလို စုံစမ်းစစ်ဆေးရေးသတင်းသမားတစ်ဦးဖြစ်ချင်တဲ့အိပ်မက်ရှိသူပါ။တစ်ချိန်တည်းမှာပဲ ကလီယိုဆိုတဲ့လူမည်းအမျိုးသမီးကတော့လူမည်းအခွင့်အရေးအတွက်နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်ရင်းမိသားစုစားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရသူဖြစ်ပါတယ်။အစပိုင်းမှာ သူတို့နှစ်ဦးရဲ့ဘဝတွေက သီးခြားစီလို့ထင်ရပေမယ့်ကလီယိုရဲ့ထူးဆန်းစွာသေဆုံးမှုကို မတ်ဒီတစ်ယောက်အစွဲအလမ်းကြီးလာတဲ့အခါမှာတော့ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးကိုအန္တရာယ်ဖြစ်စေနိုင်တဲ့စိတ်ဝမ်းကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတော့တယ်။Lady In The Lake ဟာ မှုခင်း Thriller ဇာတ်လမ်းကောင်းတစ်ခုတင်မကဘဲ အိပ်မက်တွေအတွက် အမျိုးသမီးတွေမထင်မှတ်ဘဲပေးဆပ်လိုက်ရတဲ့တန်ဖိုးတွေအကြောင်းကိုပါရိုက်ကူးပြသထားတာဖြစ်ပါတယ်။  File Size – 802 MB / 377 MBQuality –WEB-DL 1080p 5.1CH , 720pEpisodes -  7 EpsDuration -  55 minSubtitle – Myanmar HardsubFormat – Mp4Genre : Crime , Drama , MysteryTranslator –JULYEncoder – Min Wai  ( Season ...
6.5
TMDb: 6.5/10 18 votes
tv

Lady in the Lake (2024)

2024
6th Sense Agency (2024)
6th Sense Agency (2024) သရဲဖမ်း အေဂျင်စီ (၂၀၂၄)မြင်နေကျနဲ့မတူတဲ့ ဇာတ်အိမ်ဆန်းဆန်းတွေ ရိုက်ပြချင်တဲ့ Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲအသစ် ရောက်လို့လာပြန်ပါပြီ။ သရဲခြောက်တဲ့အိမ်တွေကို သရဲနှင်ပြီး ရောင်းပေးမယ့်ဇာတ်လမ်းမို့ သရဲတွေ နေရာတကာ ဖောဖောသီသီ မြင်ရမှာပဲ ဖြစ်ပါတယ်။ သရဲကားကြိုက်သူများ ကြည့်ပါ၊ ကြောက်ဖို့တော့ တာဝန်မယူပါ။ :3ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် အွန်ဟာ ဘာလုပ်လုပ် ဘာမှမဖြစ်မြောက်တဲ့ ငနဲတစ်ကောင်ပါပဲ။ စီးပွားတွေ သောက်သောက်လဲ ရှာတတ်လွန်းလို့ ကုန်လိုက်တဲ့ ငွေဟာလဲ သောက်သောက်လဲ ဖြစ်ပါတယ်။ နောက်ဆုံး သူ့အဖေပေးခဲ့တဲ့ တိုက်ကိုတောင် အကြွေးနဲ့ အသိမ်းခံလိုက်ရပါတော့တယ်။အဖေ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့၊ တိုက်ကို ပြန်ဝယ်နိုင်ဖို့ ငွေများများရမယ့် ဂွင်ကောင်းကောင်း ရှာရာမှာ သရဲခြောက်တဲ့အိမ်ကို အကျိုးဆောင်ရောင်းပေးဖို့ ဖြစ်လာခဲ့ပါတယ်။ လူလိမ်နတ်ဆရာအဖွဲ့ဆီမှာပါ ညှပ်ချခံရအပြီး၊ အိမ်ကိုလည်း ဘယ်လိုမှရောင်းမရတဲအဆုံး လက်လျော့မယ့်ဆဲဆဲမှာ သရဲတွေကို မြင်နိုင်၊ သရဲတွေနဲ့ စကားပြောနိုင်စွမ်းရှိတဲ့ ထစ်ဆိုတဲ့ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ဒီလိုနဲ့ ငွေရှာချင်တဲ့ ခပ်တုံးတုံးငနဲတစ်ကောင်၊ မှတ်ဉာဏ်ပြန်ရှာမယ့် သရဲမြင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ လူလိမ် ၂ ယောက်တို့ ပူးပေါင်းပြီး ...

6th Sense Agency (2024)

2024
Chutney Sambar (2024)
Chutney Sambar (2024) Chutney Sambar (2024) IMDb - 8.1/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ တမီးလ်ဟာသဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ တမီးလ်ဟာသမင်းသားကြီး ယိုဂီဘာဘူပဲဖြစ်ပါတယ်။ တမီးလ်ရုပ်ရှင်အများစုမှာတွေ့ရတတ်ပြီး ခပ်ပေါပေါဇာတ်ကောင်နဲ့ ယိုဂီဘာဘူကြီးကို ဒီဇာတ်လမ်းတွဲထဲမှာတော့ ပြောင်မြောက်တဲ့ဟာသတွေနဲ့ ရယ်မောပျော်ရွှင်ဖွယ်ရာ မြင်တွေ့ကြရမှာပါ။"အာမူဒါစားသောက်ဆိုင်"ဆိုတာ အိုတီမြို့မှာတော့ အောင်မြင်ကျော်ကြားတဲ့ဆိုင်တစ်ဆိုင်ပေါ့။ ဆိုင်ရှင်ဦးလေးကြီးတို့မိသားစုတစ်ခုလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ဆိုင်လေးကို ကြိုးစားလုပ်ကိုင်ကြပါတယ်။ ဆိုင်က စားပွဲအားမရှိတဲ့ထိ လက်မလည်အောင်ရောင်းကောင်းတာကြောင့် ငွေကြေးဥစ္စာပြည့်စုံပြီး မိသားစုစုံလင်ပေမဲ့ ဆိုင်ရှင်ဦးလေးကြီးက ပန်ကရိယကင်ဆာနောက်ဆုံးအဆင့်ကိုခံစားနေရတယ်။ မိသားစုဆရာဝန်က လက်လျှော့လိုက်ဖို့ပြောပြီး အေးအေးချမ်းချမ်းနဲ့ နောက်ဆုံးခရီးကိုစောင့်မျှော်ဖို့ပဲ အကြံပြုပါတယ်။သေအံ့နီးဆဲဆဲတစ်ညမှာတော့ သားဖြစ်သူကာသီကိုခေါ်ပြီး သူ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့တောင်းဆိုပါတယ်။ဘာလဲဆိုတော့ သူ့အရင်အတိတ်က လက်မထပ်ဘဲအတူနေခဲ့တဲ့အမျိုးသမီးနဲ့ ရခဲ့တဲ့သားတစ်ယောက်ရှိတာကို မကြာခင်ကမှ သိခဲ့ရပြီး သူ့နောက်ဆုံးအချိန်မှာ အဲဒီသားဖြစ်သူကိုတွေ့ဖို့ ဒီမိသားစုနဲ့တစ်သိုက်တစ်ဝန်းထဲရှိကျန်ခဲ့ဖို့ပါပဲ။ ကာသီတစ်ယောက် အစ်ကိုကြီးကိုရှာဖို့ ချန်နိုင်းတစ်ခွင်လိုက်ရှာခဲ့ပြီးအဲဒီမှာပဲ သူ့ဆိုင်နဲ့သူအောင်မြင်နေတဲ့ အဖေတူအမေကွဲအစ်ကိုကြီးဖြစ်သူ ဆရာကြီးဘာဘူကို တွေ့လိုက်ရပါတော့တယ်။ အဲဒီကနေစလို့ လုံး၀မလိုက်ဘူးငြင်းဆန်တဲ့ ဘာဘူကို ဖခင်ဆီပေးထားတဲ့ကတိအတိုင်း အိုတီကိုလိုက်ခဲ့ဖို့အရေး မရမကကြိုးစားရင်း အလွဲတွေကြုံကြတာကို ခံစားကြည့်ရှုရယ်မောပြုံးရွှင်ကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 1GB (Appx;)@EpisodeQuality – 1080p WEB DLDuration ...

Chutney Sambar (2024)

2024
Kleo (2024) Season 2 6.973
Kleo (2024) Season 2  Kleo TV စီရီးက သမိုင်းနောက်ခံ စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်ပါတယ်။ နောက်ခံကားကတော့ အမေရိကန်နှင့် ဆိုဗိယက်ရုရှားတို့ရဲ့စစ်အေးတိုက်ပွဲကြီးရဲ့အဆုံးသတ်ကာလို့ပြောရမယ့် ကာလမှာ ဘာလင်တံတိုင်းကြီးပြိုကျသွားတယ်၊ ဂျာမနီအရှေ့နှင့်အနောက်ပြန်လည်ပေါင်းစည်းရေးတွေ၊ ခွဲရေးတွေ နဲ့ရှုပ်နေတဲ့ကာလပါ။ပြီးတော့ အမေရိကန်ဘက်ကလည်း ဂျာမနီကို သူနဲ့ဓနသဟာယပူးပေါင်ဖို့လုပ်နေတဲ့ကာလဖြစ်ပြီး တစ်ဖက်က ရုရှားကလည်း ဂျာမနီကိုဆိုဗီယက်အင်ပါယာထဲပါလာအောင် ထောက်လှမ်းရေး KGB သုံးပြီး​တော့ စစ်ဆင်ရေးတွေလုပ်နေတာလည်းဖြစ်ပါတယ်။အဆုံးသတ်မှာတော့ ဂျာမနီပြန်လည်ပေါင်းစည်းသွားတယ်၊ ဘာလင်တံတိုင်းကြီးပြိုကျသွားတယ်၊ ဆိုဗီယက်ရုရှားလည်း အတွင်းပိုင်အာဏာပြိုကျမှုနဲ့ကြုံရတယ်။ဒီလိုရှုပ်ထွေးနေတဲ့နောက်ခံကားချပ်အပေါ်မှာ စိတ်ကူးယဥ်ပြီးဖန်တီးထားတာကြောင့် စိတ်ဝင်စားစရာကောင်းပါတယ်။ IMDb rating 7.5 ရရှိထားပြီးတော့ Winner ဆု ၈ ခု ၊ တင်သွင်းခံရတဲ့အဆင့်အနေနဲ့က ၁၁ ခုတောင်ရရှိထားပါတယ်။ ဒိဇာတ်လမ်းနဲ့ပဲ သူရုပ်​ဆောင်တွေ အများအပြားနာမည်ရကြပါတယ်။ဒါရိုက်တာ Viviane Andereggen နှင့် Jano Ben Chaabane တို့က စီစဥ်ရိုက်ကူးထားပါတယ်။ Thriller ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ ...
6.973
TMDb: 6.973/10 128 votes
tv

Kleo (2024) Season 2

2022
[18+] Those About to Die (2024) 7.7
[18+] Those About to Die (2024) Those About to Die (2024) Season 01 Complete ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ တန်းနက်စ်လို့ ခေါ်တဲ့ ရောမခေတ်က လောင်းကစားဒိုင်လေးတစ်ယောက်အကြောင်းပါပဲ။ ခေတ်ကတော့ ကောင်လေးတစ်ယောက်ကို ဟိုဟာဖြတ်ပြီး ယူထားတဲ့၊ ရောမမြို့ကြီးမီးလောင်နေချိန်မှာ စောင်းတီးနေလို့ နာမည်ကြီးတဲ့ ဘုရင်နီရိုး နတ်ရွာစံပြီးတဲ့နောက်မှာ ရောမအင်ပါယာကြီးကို သူတစ်လူငါတစ်မင်း အုပ်ချုပ်ကြတဲ့ ဧကရာဇ်လေးပါးခေတ်ရဲ့အလွန် ရောမကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ ဗက်စပါးရှန်းရဲ့နေဝင်ချိန်ကနေ စပါတယ်။ ဗက်စပါးရှန်းက မျိုးရိုးမြင့်ကနေ ဆင်းသက်လာတာမဟုတ်ဘဲ သာမန် မြင်းထိန်းမိသားစုက ပေါက်ဖွားလာတာဆိုတော့ ရောမမြို့ရဲ့ အထက်တန်းစားအလွှာကလည်း သိပ်မကြည်ကြဘူးပေါ့။ ဗက်စပါးရှန်းမှာ စစ်သား တိုက်တပ်နဲ့ နိုင်ငံရေးသမား ဒိုမေရှန် ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ (တကယ့်သမိုင်းမှာကတော့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မပါပါဘူး) ဗက်စပါးရှန်းဧကရာဇ်ကြီး နတ်ရွာစံတော့ စစ်သားဖြစ်တဲ့ တိုက်တပ်ကို ထီးနန်းပေးခဲ့တယ်။ သူတို့ရဲ့ပုလ္လင်ပေါ်ကကစားပွဲလေးက လောင်းကစားဒိုင် တန်းနက်စ်အတွက် လှေကားထစ်တွေ ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။ လောင်းကစားဒိုင် ...
7.7
TMDb: 7.7/10 126 votes
tv

[18+] Those About to Die (2024)

2024
The Boyfriend (2024) Season 1 9
The Boyfriend (2024) Season 1 The Boyfriend ( 2024)ဂျပန် Reality Showတွေက တော်တော်ကောင်းတယ်လို့ ပြောကြတာတော့ မြင်ခဲ့ဖူးပေမဲ့ တစ်ခါမှတော့ မကြည့်ကြည့်ဖူးဘူးပေါ့။ ဒီရှိုးကြည့်ကြည့်တော့ ဟုတ်တော့လည်း ဟုတ်မှာပဲလို့တော့ တွေးတော့တွေးမိပါတယ်။ ဒီလိုရှိုးတွေ သိပ်အများကြီးတော့ မကြည့်ဖူးလို့ မပြောတတ်ပေမဲ့ ဒီလိုရှိုးကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ ကောင်းမယ်လို့ ထင်ရတာပါပဲ။ ဒီရှိုးကတော့ ဂေးတွေကို အိမ်တစ်အိမ်ထဲ အတူတူထား, အလုပ်အတူတူလုပ်ခိုင်း။ သူတို့ကြားထဲ ဆက်ဆံရေးတစ်ခုတည်ဆောက်ပေးပြီး ဘယ်သူက ဘယ်သူ့ကိုချစ်မိသွားမလဲ စောင့်ကြည့်တဲ့ ရှိုးပါပဲ။ သူတို့ကို အကဲဖြတ်နေတဲ့လူတွေရဲ့ စကားတွေကလည်း မိုက်နေတော့ ဒီလိုင်းတွေစိတ်မဝင်စားရင်တောင် ကြည့်ရတာတော့ ပမာဏတစ်ခုအထိတော့ အရသာရှိနေပါတယ်။ နောက် သူတို့ကတော့ ဂေးတွေရဲ့ ဆက်ဆံရေးကိုပဲပြနေပေမဲ့ လူဟာလူပဲမို့ သူတို့ဆက်ဆံရေးကို ကျွန်တော်တို့ဆက်ဆံရေးတွေနဲ့ ယှဉ်တွဲမြင်ကြည့်လို့ရအောင်လည်းပြထားတော့ အချိန်ပေးရကျိုးတော့ ပမာဏတစ်ခုအထိတော့ နပ်မယ့်ရှိုးပါပဲQuality_Blu-Ray 1080p Format_mp4 Aired: 2024 Original Network: Netflix Duration_00:55:00 Genre_TV Show, Comedy, Drama Subtitle_Myanmar Subtitle ...
9
TMDb: 9/10 5 votes
tv

The Boyfriend (2024) Season 1

2024
This Love Doesn’t Have Long Beans (2024) 9
This Love Doesn’t Have Long Beans (2024) ဖက်ကဖောင်ဖူးစာ (၂၀၂၄)ပင်စိမ်းမွှေကြော်ဆိုင်ပေမဲ့ ဘယ်သူနဲ့မှမတူတဲ့ ဘယ်ဆိုင်မှာမှမရတဲ့ ထူးခြားတဲ့ပဲ‌ တောင့်ရှည်မပါတဲ့ ပင်စိမ်းမွှေကြော်စားသောက်ဆိုင်ပိုင်ရှင် Chef အုပ်အလုပ်ကို တိကျတာ သဘောကျသူပီပီ အရမ်းစည်းကမ်းကြီးပြီး Hellfire ဆိုတဲ့နာမည်ပြောင်ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပလာဝမ်ကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရသူပေါ့။ သူကတော့ ပင်စိမ်းမွှေကြော်ဆိုင်တိုင်းမှာ လိုက်စားရင်းနဲ့ ပင်စိမ်းမွှေကြော်မှာ နံပါတ်တစ် စားဖိုမှူးအုပ်ရဲ့ဆိုင်ကိုရောက်လာတဲ့အခါ....Vdရိုက်ပြီး ဆိုင်စည်းကမ်းချိုးဖောက်တာကြောင့် ငရဲမီးစားဖိုမှူးအုပ်နဲ့တွေ့သွားတဲ့ပလာဝမ်တစ်ယောက် တိုက်ဆိုင်စွာနဲ့ပဲ စားဖိုမှူးအုပ်ရဲ့ စားသောက်ဆိုင်ဆက်ခံသူရွေးဖို့ ဟင်းချက်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ဖြစ်လာချိန်မှာတော့.... ဘုနဲ့ဘောက်စားဖိုမှူးဆရာနဲ့တပည့်လေး ပလာဝမ်တို့နှစ်ယောက် ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ မတတ်တခေါက်ပဲ ဟင်းချက်တတ်တဲ့ ပလာဝမ်ကရော ပြိုင်ပွဲမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Su Myat, Dao, Noe တို့ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 800MB | 300MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle ...
9
TMDb: 9/10 1 votes
tv

This Love Doesn’t Have Long Beans (2024)

2024
My Love Mix-Up! (2024)
My Love Mix-Up! (2024) ခဲဖျက်ပေါ်က အချစ် (၂၀၂၄)Mangaမှာရော japan bl adaptation မှာပါ အတော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးကို thai versionနဲ့တစ်ဖန်ပြန်မြင်ရမယ့် Gemini-Fourthရဲ့ My Love Mix up2022 My School president အပြီးမှာ ပြန်လည်comebackလာတဲ့ ဒီCPအတွဲလေးကရော ခုဇာတ်လမ်းလေးထဲ ဘယ်လိုတွေဓာတုဗေဒမိနေဦးမလဲ ရှုစားကြပါဦးစို့။ကျွန်တော်တို့အားလုံးရဲ့ ဆယ်ကျော်သက်ကျောင်းသားဘဝမှာ မေ့မရတဲ့ရင်ထဲကကြိတ်ချစ်ရသူကိုယ်စီ ရှိခဲ့ကြတာပါပဲ။ ဒီလိုပါပဲ အတုမ်ဆိုတဲ့ကောင်လေးကလည်း သူ့ဘေးမှာထိုင်တဲ့ မဒ်မီးဆိုတဲ့ကောင်မလေးကို ကြိတ်ချစ်နေခဲ့တာပါ။ အဲဒီအချိန်က ခဲဖျက်မှာ ခရက်ရှ်နာမည်ကိုရေးတာ ခေတ်ထနေချိန်ဖြစ်ပြီး မဒ်မီးရဲ့ခဲဖျက်မှာရှိနေတဲ့နာမည်က ကွန်ထပ်ဆိုတဲ့ကောင်လေးဖြစ်နေတဲ့ပါသတဲ့။ဖြစ်ချင်တော့ ဒီနာမည်ပါတဲ့ခဲဖျက်က အတုမ်ဆီကနေ လွတ်ကျပြီး ကွန်ထပ်ကမြင်သွားချိန်မှာတော့ အတုမ်က သူ့ကိုခရက်ရှ်နေတယ်လို့ ထင်သွားတဲ့အခါ...ခရက်ရှ်ပါမသွားရေး တို့အရေးအတွက် အတုမ်တစ်ယောက် ချော်လဲရောထိုင်လုပ်ရင်း သူတို့သုံးယောက်ကြား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အပတ်စဉ်သောကြာနေ့တိုင်းမှာ ရှုစားကြပါစို့လား။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Kim တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

My Love Mix-Up! (2024)

2024
The Frog (2024) [Complete]
The Frog (2024) [Complete] The Frog (2024)**********************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး ဒီနေ့ထွက်ရှိတဲ့ အမိုက်စားကားလေးမှာတော့ မင်းသားကြီး Kim Yoon Seok,Yoon Kye Sang, မင်းသမီးကြီး Lee Jung Eun နဲ့အတူ ကိုယ်တွေရဲ့ မချောGo Min Si အပြင် တခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရံများစွားလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့တောအုပ်လေးထဲမှာ အေးအေးချမ်းချမ်းနဲ့ ဂျွန်ယောင်းဟာဖွင့်ထားတဲ့အပန်းဖြေစခန်းလေးဆီကို တစ်နေ့မှာတော့ ပဟေဠိဆန်တဲ့ ယူဆောင်းအာဆိုတဲ့ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ဒါပေမဲ့ အဲဒီပဟေဠိဆန်တဲ့ ကောင်မလေး ရောက်လာပြီးနောက်မှာပဲသူရဲ့ ငြိမ်သက်နေတဲ့ဘဝဟာ ချောက်ခြားဖွယ်ဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း ဂူဆောင်းဂျွန်ဟာ မိုတယ်တစ်ခုကို လက်လွှဲယူပြီးမိသားစုဝင်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနေတဲ့သူပါ။ဒါပေမဲ့ သူရဲ့ ဟိုတယ်မှာလည်း မတော်တဆမှုတစ်ခုဖြစ်ပွားပြီးနောက်ပိုင်းအေးချမ်းနေတဲ့ သူ့မိသားစုဘဝလေးလည်း ကမောက်ကမတွေအတိနဲ့ပေါ့။တိုက်တိုက်ဆိုင်ဆိုင် ယွန်းဘိုမင်းဆိုတဲ့ ရဲဟာ အဲဒီအပန်းဖြေစခန်းနားမှာရှိတဲ့ရဲစခန်းကို စခန်းမှူးအဖြစ် တာဝန်ကျပြောင်းရွှေ့လာပြီး ရုတ်ချည်းဖြစ်သွားတဲ့အမှုတွေကို စုံစမ်းဖို့ဖြစ်လာတဲ့အခါမှာတော့...ယူဆောင်းအာနဲ့ ဂျွန်ယောင်းဟာနဲက ဘယ်လိုပတ်သက်နေတာလဲ။အပန်းဖြေစခန်းက အမှုတွေကရော ဆောင်းအာနဲ့ ဘယ်လိုပတ်သက်နေတာလဲ။စခန်းမှူးဘိုမင်းကရော ဘာတွေသိထားပြီး ...

The Frog (2024) [Complete]

2024
Uppu Puli Kaaram (2024)
Uppu Puli Kaaram (2024) Uppu Puli Kaaram (2024) ချဉ်ငန်စပ် အသိုက်အမြုံလေး Genre – Comedy၅၂၈ မေတ္တာတွေ ၁၅၀၀ ချစ်ခြင်းတွေနဲ့ အမောအပန်းပြေ ရယ်မောစရာလေးတွေနဲ့ ပုံဖော်ထားတဲ့ မိသားစုဟာသ စီးရီးလေး ဖြစ်ပါတယ်။ချန်နိုင်းမြို့မှာ ရိုးရိုးသားသား အေးချမ်းစွာနဲ့ စားသောက်ဆိုင်လေး ဖွင့်ထားတဲ့ မိသားစုလေး ရှိပါတယ်။ ဖခင်ဖြစ်သူက စကားတစ်ခုခုပြောတိုင်း စားစရာသောက်စရာများနဲ့ ဥပမာပေး ခိုင်းနှိုင်းတတ်သူ ဖြစ်ပြီး အကောင်းမြင်စိတ်လေးနဲ့ ရှင်သန်နေသူတစ်ဦး။ မိခင်ဖြစ်သူကတော့ မိသားစုတွေမှာ ထုံးစံအတိုင်း ဖြစ်နေကြ တစ်ခုခုဆို ဆူပူကြိမ်းမောင်းပြောဆိုနေလို့ တစ်မိသားစုက ချစ်ကြောက်ရိုသေ ဖြစ်နေရသူပေါ့။သမီးကြီး ဖြစ်သူကတော့ မိဘတွေ ယောက်ျားအတင်းပေးစားနေပေမဲ့ ခေတ်ဟောင်းအယူကို မုန်းတီးပြီး အမျိုးသမီးထုတွေအတွက် တိုက်ပွဲဝင်နေတဲ့ ရှေ့နေမလေးတစ်ယောက်။ သားဖြစ်သူကတော့ စိတ်သိပ်မပါပေမဲ့လည်း ဖအေဖြစ်သူရဲ့ ဆန္ဒကြောင့် IAS အရာရှိဖြစ်ဖို့ ကြိုးပမ်းနေရသူ။သမီးလတ်ကတော့ Gym မှာ အလုပ်လုပ်တဲ့လူ ဖြစ်ပြီး ရသမျှလခကို မိခင်က ဓားပြတိုက် အပိုင်သိမ်းနေလို့ စိတ်ပျက်လက်ပျက်နဲ့ ထွက်ပေါက် ရှာနေသူတစ်ဦး။ အငယ်ဆုံးမလေးကတော့ ...

Uppu Puli Kaaram (2024)

2024
Pachinko (2022) Complete
Pachinko (2022) Complete Pachinko (2022) ============================= ၁၉၁၀ ခုနှစ်မှာ ဂျပန်နိုင်ငံဟာ ကိုရီးယားနိုင်ငံအား ၎င်းတို့၏ အင်ပါယာအသွင်း သွတ်သွင်းကာကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်ခဲ့ပါတယ်။ ဂျပန်တို့၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့်ကိုရီးယားပြည်သူအများအပြား အသက်အိုးအိမ်ဆုံးရှုံးကာ ပြည်ပနိုင်ငံများသို့ စွန့်ခွာပြေးခဲ့ရပါတယ်။ဒီကားလေးကတော့ ထိုမိသားစုတွေထဲက မိသားစုတစ်စုရဲ့ အဖြစ်အပျက်ကိုဇာတ်အိမ်တည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ကိုရီးယားလူမျိုး လေးဆက်မြောက် ပြောင်းရွေ့နေထိုင်သူ မိသားစုရဲ့ မျှော်လင့်ချက်အိပ်မက်များနှင့်တကွ တားမြစ်ပိတ်ပင်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လေးပေါက်ဖွားလာခဲ့ရာက Pachinko ဆိုတဲ့ ဇာတ်လမ်းလေး ဖြစ်တည်လာပါတယ်။Cast တွေကတော့ Lee Min Ho, မင်းသမီကြီး Youn Yuh Jung, Jung Eun Chae နှင့် Jin Ha တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ (ဘာသာပြန်များကတော့ Thet Hnin Hsu, Shwe Pyae, Shwe Pwint, Myo Myo Htet တို့ပဲ ဖြစ်ပါတယ်) File Size – 367MB @Episode / 734 ...

Pachinko (2022) Complete

2022
The Best Hit (2017) 7.483
The Best Hit (2017) The Best Hit (2017) ******************* အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်​ခေါက် CM က​နေ တင်ဆက်​ပေးသွားမဲ့ ဇာတ်ကား​လေးက​တော့သူ့​ခေတ် သူ့အခါမှာ အရမ်းကို ​အောင်မြင်ခဲ့တဲ့ အချိန်ခရီးသွား Rom-com ဇာတ်ကား​လေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင် အဓိက ဇာတ်လိုက်အ​နေနဲ့ Yoon Shi Yoon ၊ Lee Se Young ၊ Kim Min Jae ၊ Cha Tae Hyun တို့ပါဝင်ထားပြီးCha Eunwoo နဲ့ Bona စတဲ့ နာမည်​​ကျော် သရုပ်​ဆောင်များစွာလည်း ပါဝင်ထားတဲ့ ဇာတ်ကား​လေးပဲ ဖြစ်ပါတယ်။ဇာတ်ကား​​အကျဥ်းလေးက​တော့ - 2017 ခုနှစ်မှာ အိပ်မက်​တွေကို အ​ကောင်အထည်​ဖော်ဖို့ ကြိုးစား​နေကြတဲ့အီဂျီဟွန်း၊ ချွဲဝူဆွန်း၊ MC ဒ​ရေးဆိုတဲ့ သူငယ်ချင်း သုံး​ယောက်ရှိပါတယ်။တစ်​နေ့မှာ အဲဒီသူငယ်ချင်း ၃​ယောက်က .. 1993 ခုနှစ်က​နေ ...
7.483
TMDb: 7.483/10 29 votes
tv

The Best Hit (2017)

2017
Eva Lasting (2023) Season 1 8.364
Eva Lasting (2023) Season 1  IMDb - 7.8/10ကျား/မ တန်းတူညီမျှရေးဆိုတာ ဒီခေတ်မှာ ကျယ်ကျယ်လောင်လောင်ကြားရတဲ့ စကားမျိုးပါပဲ.....အခုလို ကိစ္စတိုင်းနီးပါး တန်းတူညီမျှထားပါတယ်လို့ ဆိုနေကြတဲ့အချိန်မှာတောင် တချို့ အရပ်ဒေသတွေမှာ အမျိုးသမီးတွေကို တဆင်နိမ့်ဆက်ဆံတဲ့နေရာတွေရှိနေတော့ အရင်ခေတ်ကလို ကျား/မ ခွဲခြားဆက်ဆံတဲ့ခေတ်ဆို တွေးသာကြည့်ပေတော့ပဲ.....အဲဒီလို ကျား/မ ခွဲခြားဆက်ဆံတဲ့အထဲမှာ ဥရောပနိုင်ငံတွေက အင်မတန်ဆိုးရွားလှပါတယ်......အဲဒီထဲမှာ စပိန်လည်းအပါအဝင်ပေါ့ သူတို့ရဲ့ ကျား/မ တန်းတူအခွင့်အရေးရဖို့ မဲပေးခွင့်ရဖို့တွေအတွက် တိုက်ခိုက်တွန်းလှန်ခဲ့တဲ့ ရုပ်ရှင်ပေါင်း မှတ်တမ်းပေါင်းများစွာလည်းရှိကြပါတယ်.....သူတို့ရဲ့ တွန်းလှန်မှုတွေဟာ အခြေအနေတခုထိအောင်မြင်ခဲ့တာလည်း အခုမျက်မြင်ကိုယ်တွေ့ပါပဲ.....အခုဇာတ်လမ်းတွဲလေးကတော့ ၁၉၇၀ပြည့်နှစ်တွေတုန်းက စပိန်နိုင်ငံရဲ့ အငွေ့အသက်တွေရယ် အဲဒီခေတ်တုန်းက ကျား/မ ဘယ်လိုခွဲခြားဆက်ဆံကြတယ်ဆိုတာရယ် အထက်တန်းကျောင်းသူလေးတစ်ယောက်အနေနဲ့ အမျိုးသမီးဝါဒီကို ဘယ်လိုဆွဲကိုင် တွန်းလှန်မယ်ဆိုတာရယ်ကို ကြည့်ရှုရမှာပါ.....ကျောင်းသားဘဝကနေ စပြီးရိုက်ပြထားတာမို့ ကျောင်းသားအငွေ့အသက်လေးတွေကိုလည်း ခံစားရမယ် ဆယ်ကျော်သက်တွေရဲ့ စူးစမ်းလေ့လာချင်စိတ် လေတိုက်တိုင်းစိတ်ကစားတတ်တဲ့စိတ် ကလေးဘဝရဲ့ပျော်ရွှင်မှု အစရှိတာတွေကိုပါ ခံစားရမှာမို့ ကြည်နူးစေမဲ့ကားလေးတစ်ကားလို့ပဲ မိတ်ဆက်ပေးပါရစေ......မင်းသမီးလေးက Francisca Estevez ဆိုတော့ ဆွဲဆောင်မှုလည်းရှိ ချစ်ဖို့ပါကောင်းနေတော့ ...
8.364
TMDb: 8.364/10 92 votes
tv

Eva Lasting (2023) Season 1

2023
The Brave Man (2024)
The Brave Man (2024) စိန်ခေါ်ဝံ့သူ (၂၀၂၄)ရဲအုပ် မာဝင်း အဖြစ် Hone Thanakorn ဒုရဲအုပ် ရမ်ချနာ အဖြစ် PP Phatchaya ဒုတပ်ကြပ် ထုန်ဒီဘွန်နမ် အဖြစ် Euro Yotsawat ဖလွိုင် အဖြစ် Jenny Chaiyissaraဇာတ်လမ်းအကျဉ်းထုန်ဒီဘွန်နမ်က အမြဲတက်ကြွပြီး တာဝန်ကို ကျေပွန်အောင် လုပ်တတ်တဲ့ အမှန်တရားဘက်တော်သား ဒုတပ်ကြပ်တစ်ယောက်ဖြစ်ပါတယ်တစ်ရက် နယ်မြေစခန်းသစ်တစ်ခုကို ပြောင်းလာရပြီး ရဲအုပ်မာဝင်း၊ ဒုရဲအုပ် ရမ်ချနာတို့နဲ့ ကားမှောင်ခိုစျေးကွက်ကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးမှာ အတူတူ ပါဝင်ဖို့ ဖြစ်လာခဲ့တယ် ဖလွိုင်ကတော့ အကြောင်းအရင်းတစ်ခုကြောင့် ရဲတွေကို မယုံမကြည် မုန်းတီးနေသူတစ်ယောက်ဖြစ်ပါတယ် ကားမှောင်ခိုစစ်ဆင်ရေးတစ်ခုကို လှုပ်ရှားရင်း ထုန်ဒီတစ်ယောက် ဖလွိုင့်ကိုမှ လူဆိုးနဲ့ မှားဖမ်းမိချိန်မှာတော့ နှစ်ယောက်ကြားအဖုအထစ်ဖြစ်လာရတော့တယ် အထိနာနေခဲ့တဲ့ မှောင်ခိုအဖွဲ့အစည်းကလည်း ရဲအုပ်မာဝင်းနဲ့ ထုန်ဒီ့ကို ထောင်ချောက်ဆင်ခဲ့ရာက မာဝင်းထောင်ကျပြီး ထုန်ဒီလည်း နယ်မြေပြောင်းရွှေ့ခံလိုက်ရပါတယ် ပြောင်းရွှေ့ခံရတဲ့ နယ်မြေသစ်မှာ ထုန်ဒီနဲ့ ဖလွိုင်တို့ ပြန်တွေ့လာတဲ့အခါ… မဟုတ်မခံ ဖလွိုင်တစ်ယောက် သူ့မိသားစုက မှောင်ခိုဂိုဏ်းနဲ့ ပတ်သက်နေတာ သိသွားတဲ့အခါ… အခက်အခဲတွေကြားကနေ အမှန်တရားဘက်တော်သားသူတို့ တရားမျှတမှုကို ဘယ်လိုရှာဖွေကြမလဲဆိုတာ “စိန်ခေါ်ဝံ့သူ” ဇာတ်လမ်းမှာ ...

The Brave Man (2024)

2024