Channel Myanmar

Drama

Twilight ( 2023 ) 10
Twilight ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မင်းသားလေး Allen Ren နဲ့ မင်းသမီးလေး Angelababy တို့ရဲ့ ဇာတ်လမ်းသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-စိတ်ကျန်းမာရေးဆရာဝန်ဖြစ်သူ လျိုရှာဟာ လမ်းမှာ တံတားပေါ်က ခုန်ချချင်တဲ့ အမျိုးသမီးတစ်ယောက်ကို သူ့ရဲ့ပညာနဲ့ကူညီပေးခဲ့ပြီး ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒီ့အဖြစ်အပျက်ကို သူ့ရဲ့ စုံထောက်ဝတ္ထုကို ဇာတ်ညွှန်းအဖြစ် ရေးချင်နေသူ စာရေးဆရာ ချီလျန်ရှန်းက တွေ့သွားပြီး လျိုရှာကို အကြံပေးအဖြစ် လုပ်ပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။လူအများအပြားကို ကူညီပေးချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် လျိုရှာက သူမရဲ့ကိုယ်ပိုင်ရုံးခန်း ဖွင့်ခဲ့ပြီးတော့ လူအများကို စိတ်ကျန်းမာရေးပညာနဲ့ အကူအညီပေးနိုင်ခဲ့ပါတယ်။ ချီလျန်ရှန်းရဲ့ ဝတ္ထုကို ဇာတ်လမ်းအဖြစ် ပြောင်းလဲနေချိန်မှာလည်း လျိုရှာရဲ့ အကူအညီတွေ ရရှိခဲ့ပါတယ်။သူတို့နှစ်ယောက် အဆက်အသွယ်အမြဲရှိနေခဲ့ပြီး ချီလျန်ရှန်းဟာလည်း လျိုရှာအပေါ် တဖြည်းဖြည်း မေတ္တာရှိလာခဲ့တယ်။ အဲ့နောက်မှာ တဖြည်းဖြည်း လျိုရှာရဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပြီးတော့ ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူတွေကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့ပါတယ်သူတို့နှစ်ယောက်လည်း အကြိမ်ကြိမ်ပူးပေါင်းမှုတွေကတစ်ဆင့် တဖြည်းဖြည်းနီးကပ်လာပြီး ဘယ်လိုတွေရှေ့ဆက်လှမ်းကြမလဲ ဘယ်လိုတွေ အခက်အခဲကို ဖြတ်ကျော်ကြမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပါQuality : WEB-DL 1080p ...
10
TMDb: 10/10 1 votes
tv

Twilight ( 2023 )

2023
Rafuchakkar (2023) 7
Rafuchakkar (2023) Rafuchakkar (2023)IMDb-6.8/10အခုနောက်ပိုင်း အိန္ဒိယစီးရီးတွေပိုပိုကောင်းလာတယ်ဆိုတာ ငြင်းမရတဲ့အချက်တစ်ခုပါပဲ ခုတစ်ခါလည်း ဆုရနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Manish Paul ၊ Priya Bapat တို့နဲ့ သရုပ်ဆောင်များစွာပါဝင်ထားတဲ့ crimes ‌and drama စီးရီးလေး တင်ဆက်ပေးလိုက်ပါတယ်မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်ကျင်းပဖို့ရောက်နေတဲ့ ပါဝန်ကူးမားဟာဘုမသိဘမသိအဖမ်းခံပြီးတရားရုံးထိ တန်းရောက်သွားပါတော့တယ် သူ့ရဲ့ရိုးသားမှုအတွက် အမှုရင်ဆိုင်ပေးမဲ့ရှေ့နေကတော့ ငယ်သူငယ်ချင်းဂျယ်ဒေ့ဗ် သူစွပ်စွဲခံထားရတဲ့အမှုတွေက ပါလီမန်အဖွဲ့ဝင်တစ်ဦးနဲ့ သူ့သမီးကိုလိမ်လည်မှု၊ နိုင်ငံတွင်းကနာမည်အကြီးဆုံးဘီစကစ်စက်ရုံကမုန့်ကို အဆီချဘီစကစ်ဆိုပြီး အမျိုးသမီးတွေကိုလိမ်ရောင်းမှု စသဖြင့်နိုင်ငံ့ပြည်သူတွေကိုထိခိုက်စေတဲ့ လိမ်လည်မှုပေါင်းများစွာ။အိန္ဒိယနိုင်ငံ‌တော်အတွက်ဆိုတဲ့ ခံယူချက်နဲ့ သူ့ကိုစွဲချက်တင်မှာကတော့ ရီတူး ၊ သူကလည်း ဒီအမှုတွေကို သိတောင်မသိပါဘူးငြင်း သူငယ်ချင်းဖြစ်သူဂျယ်ဒေ့ဗ်ကလည်းသူအပြစ်ကင်းကြောင်းသက်သေအစုံပြပေး၊ ရီတူးကလည်း သူကျူးလွန်ခဲ့တဲ့အကြောင်းရာအပြည့်စုံကို ဇာတ်လမ်းသဖွယ်စိတ်ဝင်စားနိုင်အောင်တင်ပြနိုင်နေလေတော့ တရားခွင်ဟာ အကြိတ်အနယ်ဖြစ်လာပါတော့တယ် ဒီလိမ်လည်မှုပေါင်းများစွာကျူးလွန်နေတဲ့သူ ကျူးလွန်ရတဲ့အကြောင်းရင်းကို ရီတူးရဲ့ ဖော်ထုတ်ပုံတွေနဲ့အတူရှုစားကြည့်ပါဦး(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~Soe Kalayarတို့ပဲဖြစ်ပါတယ် )File Size – 800MB / 400MBDuration – 40minsTotal Episodes: 9EpsSubtitle – Myanmar HardsubFormat – ...
7
TMDb: 7/10 2 votes
tv

Rafuchakkar (2023)

2023
Ted Lasso (2023) Season 03 8.2
Ted Lasso (2023) Season 03 Ted Lasso (2023) Season 03 ~ IMDb - 8.2/10, Rotten Tomatoes - 89% ~ Ted Lasso တတိယတွဲကတော့ ဒီကားကို ရိုက်ကူးတဲ့လူတွေရဲ့ စေတနာပါပုံကို မြင်ရမယ်လို့ ပြောရမလားပဲ။ ရှေ့မှာပြောခဲ့တဲ့ စကားတွေကို အလကားမဟုတ်တာ ပြန်ပြန်ပြသွားတဲ့ အခန်းတွေမနည်းဘူး။ ရှေ့အခန်းတွေကို သေချာကြည့်ခဲ့ရင် နောက်မှာ သတိထားမိမယ့်ဟာတွေများတယ်။ ဒီအတွဲက ပရီးမီးယားလိဂ်မှာ ပြန်စကန်မယ့်ပွဲဆိုတော့ အပြိုင်အဆိုင်တွေလည်းများသလို အပြောင်းအလဲတွေလည်းများတယ်။ စစချင်း ရစ်ချ်မွန်းအသင်းကို အားကစားသုံးသပ်သူတွေအားလုံးက ဘိတ်ချီးအဆင့်နဲ့ ရာသီသိမ်းလိမ့်မယ် တန်းပြန်ဆင်းရမယ်ချည်း ဝိုင်းခန့်မှန်းထားကြသလို ရူးပတ်ရဲ့ ဝက်စ်ဟမ်းကိုတော့ ထိပ်ဆုံးလေးသင်းထဲ ဝင်လိမ့်မယ်ဆိုပြီး မှန်းထားကြလို့ ရေဘက်ကာအတွက်လည်း နိုင်မှဖြစ်တော့မယ့် အခြေအနေဆိုက်နေတယ်။ သူတို့နည်းပြအုပ်ထဲ တကယ်ဗျူဟာထုတ်နိုင်တဲ့ တစ်ဦးတည်းသောနည်းပြ နိတ်ကလည်း ရူးပတ်အသင်းဆီ ကူးသွားပြီဆိုတော့ အကုန်လုံး ကမောက်ကမဖြစ်နေတဲ့ကာလပါပဲ။ ဒါပေမဲ့လည်း ကမောက်ကမတွေကြားမှာပဲ ဂန္ထဝင်ဘောလုံးသမားတစ်ယောက်ကို သူတို့ရလာတယ်။ ဘုရားပဲ ...
8.2
TMDb: 8.2/10 1147 votes
tv

Ted Lasso (2023) Season 03

2020
An Ancient Love Song ( 2023 ) 8.571
An Ancient Love Song ( 2023 ) ပဲခြမ်း (Douban)မှာ အဖွင့် Rating 8.4ရထားတဲ့ Weibo မှာလဲ Review တွေအရမ်းကောင်းတဲ့ Web Dramaလေးကိုတင်ပေးပါဦးဆိုလို့ CMကနေပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ရှေးခေတ်မိဖုရားတစ်ပါးနဲ့ ခေတ်သစ်စာရေးဆရာတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ...…"ကျွန်တော်အရမ်းထူးဆန်းတဲ့အိပ်မက်တစ်ခုမက်ခဲ့တယ် အိပ်မက်ထဲကအမျိုးသမီးကို ဘယ်သူမှန်းမသိပေမယ့် သူကတော့ကျွန်တော့်ကို ဖောက်ထွင်းမတတ်စူးစူးစိုက်စိုက်ကြည့်နေခဲ့တယ်"ရှန်ပုယန်ရှန်ပုယန်ဟာ (နန်ရှန့်ဒဏ္ဍာရီ)ဆိုတဲ့ မကျင့်ပျက် မိစ္ဆာမိဖုရားကြီးအကြောင်း ဝတ္ထုစာအုပ်ကို ထုတ်ဝေခဲ့ပြီးအောင်မြင်နေပါတယ်။ ဒါပေမယ့် အယ်ဒီတာချုပ်ကဒုတိယပိုင်းကို ဆက်ရေးဖို့တောင်းဆိုလာတော့ အရမ်းရှေးကျလွန်းတဲ့အတွက် သမိုင်းအချက်အလက်အရမ်းနည်းတာကြောင့် ဘယ်လိုဆက်ရေးရမှန်းမသိဖြစ်နေပါတယ်။အဲဒီအချိန်မှာပဲ သူဟာမထင်မှတ်ပဲ တာ့ရှန့်ခေတ်ကိုရောက်သွားပြီး သူ့ဝတ္ထုထဲကဇာတ်ရုပ်ဖြစ်တဲ့ မိဖုရားဆိုးလုယွမ်းနဲ့ တွေ့ဆုံခဲ့ရတယ်။ ရှန်ပုယန်က လုယွမ်းကိုမသိပေမယ့် လုယွမ်းကတော့ ရှန်ပုယန်ကိုရင်းနီးနေသလိုပဲ..... အပြင်မှာဆုံတွေ့ရတော့ လုယွမ်းက သူထင်သလိုမိဖုရားဆိုးမဟုတ်သလိုပါလား.....ဒီလိုနဲ့ရှန်ပုယန် တစ်ယောက်ဟာ မေးခွန်းပေါင်းများစွာနဲ့ အကြိမ်ကြိမ်အချိန်ခရီးသွားပြီး တာ့ရှန့်တိုင်းပြည်မှာတဝဲလည်လည်ဖြစ်ရင်း မိဖုရားဆိုးလုယွမ်းနဲ့ ဘယ်လိုသံယောဇဉ်တွေငြိတွယ်ပြီး ဘယ်လိုကံကြမ္မာတွေနဲ့ကြုံတွေ့ရမလဲဆိုတာ ဆက်အားပေးလိုက်ပါဦးနော်။Quality : WEB-DL 1080p , 720p Total Episodes :14 Format : mp4 Genres : Drama Runtime : 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK  Episode 1 - ...
8.571
TMDb: 8.571/10 7 votes
tv

An Ancient Love Song ( 2023 )

2023
Black Mirror (2011) 8.313
Black Mirror (2011)  "နည်းပညာ" ဆိုတာ အသွားနှစ်ဖက် ပါတဲ့ ဓားလိုပါပဲ။ ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲ ပါနေတဲ့ အရာတစ်ခုပါ။ Netflix က ထွက်တဲ့ လူကြိုက်အများဆုံး စီးရီးထဲက တစ်ခုဖြစ်ပြီး rating လဲ မခေလှတဲ့ ဒီ Black Mirror စီးရီးမှာဆိုရင် နည်းပညာရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြသွားပါတယ်။ စီစန်တစ်ခုကို ၃ ပိုင်းနဲ့ ၆ ပိုင်းကြားပဲပါပြီး တစ်ပိုင်းချင်းကို စပယ်ရှယ်ပြင်ဆင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အခန်းတွေ ပါတာတော့ သတိပြုပေးပါ။ တစ်ပိုင်းချင်းစီက ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး တစ်ပိုင်းကြည့်ပြီးတိုင်း မတူညီတဲ့ ရသနဲ့ message တွေကို ပေးနေမှာပါ။ ကြည့်ပြီးရင်လည်း လခွမ်းတို့ ဘာလဲဟတို့ဆိုပြီး တသသ ဖြစ်နေမဲ့ ဇာတ်လမ်းမျိုးတွေချည်းပဲမို့ အချိန်မဆွဲဘဲ အခုပဲ ကြည့်လိုက်ကြရအောင်။File size…(950 MB)/(400 ...
8.313
TMDb: 8.313/10 4117 votes
tv

Black Mirror (2011)

2011
Exclusive Fairytale ( 2023 ) 7
Exclusive Fairytale ( 2023 ) တစ်ခါတစ်လေကျတော့ ဖူးစာဖက်ဆိုတာမွေးကတည်းက ကံကြမ္မာကနေသတ်မှတ်ထားပြီးသားဆိုတဲ့အတိုင်း ဒီဇာတ်လမ်းလေးထဲမှာ လင်ချောင်နဲ့ရှောင်ထူတို့က ငယ်သူငယ်ချင်းတွေပေါ့။သူငယ်ချင်းတွေမက နှစ်ဖက်မိဘတွေကအစ ရင်းနှီးကြပြီးမူကြိုကနေ အထက်တန်းအထိသူငယ်ချင်းတွေပေါ့။တစ်ခါတော့လင်ချောင်ကသူ့ကိုယ်သူရှောင်ထူကို ချစ်မိသွားတာကို သတိထားမိပြီးရှောင်ဖယ်ဖို့ကြိုးစားခဲ့တယ်။ဒ ါပေမဲ့ သူ မသိသေးတာကတော့ ရှောင်ထူနှလုံးသားတစ်ခုလုံးက လင်ချောင်အပိုင်ဖြစ်နေတယ်ဆိုတာပဲ။ တစ်နေ့မှာ ရှောင်ထူနှလုံးသားရဲ့ပိုင်ရှင်ကို ပိုင်ဆိုင်ရသူကိုယ်တိုင် သိလာရတဲ့အချိန်မှာတော့ ဘယ်လိုအချိုလေးတွေကျွေးကြမလဲ။ ဘယ်လိုကျောင်းသားဘဝအချစ်ဇာတ်လမ်းလေးတွေ ဖန်တီးကြမလဲ စတဲ့ပေါ့ပေါ့ပါးပါးလူငယ်ကျောင်းသား အချစ်ဇာတ်လမ်းလေးကို CM ကနေတရုတ်ဇာတ်လမ်းတွဲ ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးသွားမှာဆိုတော့ စောင့်မျှော်ကြည့်ရူလိုက်ရအောင်။ဇာတ်လမ်းလေးထဲမှာတော့ Seventeen Kpop group ထဲက တရုတ်ကောင်လေး Jun (Wen Jun Hui) ကလင်ချောင်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Thriller , Drama Runtime : 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK Episode 1 - MegaUp ...
7
TMDb: 7/10 1 votes
tv

Exclusive Fairytale ( 2023 )

2023
Cruel Summer (2021) Season 01 Complete 7.6
Cruel Summer (2021) Season 01 Complete Cruel Summer (2021) Season 01 Complete ~ IMDb - 7.4/10, Rotten Tomatoes - 82% ~ ဒီ Teen, Drama, Thriller, Mystery Series လေးက 13 Reasons Why ဇာတ်လမ်းကို ကြိုက်သူတွေ မကြည့်မဖြစ်ကြည့်သင့်တဲ့ Series လေးပါပဲ။ ပုံမှန် ဆယ်ကျော်သက် ပြဿနာတွေထက်ပိုကြီးတဲ့ ပြဿနာတွေကို ကြုံတွေ့ရတဲ့ ဆယ်ကျော်သက်လေးတစ်စုအကြောင်းပါ။ စလာကတည်းက စိတ်ဝင်စားစရာကောင်းပြီး နောက်ဘာဖြစ်မယ်ဆိုတာ အပိုင်းတိုင်းမှာ ရင်ခုန်နေရအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ဇာတ်လမ်းကို ခုနှစ်သုံးခုရဲ့ နွေရာသီတွေမှာ ဖြစ်ခဲ့တဲ့ အကြောင်းကို အပြိုင်ပြထားတဲ့အတွက် နည်းနည်းတော့ ရောချင်စရာကောင်းပါတယ်။ အချိန်ကရှေ့နောက်ကူးနေပေမဲ့ ဇာတ်လမ်းသွားကတော့ Mystery အမျိုးအစားပီပီသသ ရှေ့မှာ ဘာဖြစ်မလဲဆိုတာ မှန်းမရအောင် ပြထားနိုင်တာကတော့ အရမ်းကိုလှတယ်လို့ပြောချင်ပါတယ်။ ဇာတ်လမ်းထဲကအကြောင်းအရာကိုပဲ အဓိကပြောထားပြီး လူ့အဖွဲ့အစည်းက ဘာဖြစ်တယ်၊ ...
7.6
TMDb: 7.6/10 274 votes
tv

Cruel Summer (2021) Season 01 Complete

2021
The Witcher (2019-2021) Season 1+ 2+3 9.3
The Witcher (2019-2021) Season 1+ 2+3 စူပါမန်းမင်းသား ဟင်နရီကဗေး ပါဝင်ထားတဲ့ နက်ဖလစ်ရဲ့ ဝစ်ချာ စီးရီးလာပါပြီနာမည်ကျော်စာအုပ်နဲ့ ဂိမ်းတွေကို အခြေခံထားတာမို့ အတော်ကောင်းမှာပါတိုက်ခိုက်ခန်းတွေက game of thrones ထက် ကြမ်းတမ်းတာကိုတော့ သတိပြုပါဝစ်ချာဆိုတာ မှော်ပညာနဲ့ ပြောင်းလဲခံထားရတဲ့လူသားတွေပါတိုက်ရည်ခိုက်ရည်ကောင်းပြီး အေးစက်စက် လူသားတွေပါပဲမှော်ပညာ အသေးစားနဲ့ဆေးရည်တွေကိုလည်း အသုံးချနိုင်ပါတယ်အောက်လမ်းနည်းနည်းဆန်လို့ လူတွေမုန်းတီးခံရပါတယ်သူတို့က သူရဲကောင်းမဟုတ် လူဆိုးမဟုတ်တွေပါပဲမိစ္ဆာကောင်တွေကို ကြေးစားလိုက်သတ်ပြိး အသက်မွေးပါတယ်ဒီစိးရီးမှာတော့ မိစ္ဆာတွေ စုန်းတွေ နတ်ဘုရားတွေ တိုင်းပြည်ကိစ္စတွေနဲ့ ဇာတ်လမ်းဖွဲ့ထားပဲ ဖြစ်ပါတယ်စုစုပေါင်း ၈ပိုင်းရှိပြီး ဆက်တိုက် တင်ပေးသွားပါ့မယ်(ဘာသာပြန်တင်ဆက်ထားသူတွေတော့ CM Team ပဲ ဖြစ်ပါတယ်)Quality – 720p / 1080 NF WEB-DLDuration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Action, Adventure, DramaTranslator – CM TeamEncoder ...
9.3
TMDb: 9.3/10 7 votes
tv

The Witcher (2019-2021) Season 1+ 2+3

2019
49 Days (2011)[Complete] 8.213
49 Days (2011)[Complete]   ရှင်းဂျီဟွန်း(Nam Gyuri)ဟာ ချမ်းသာတဲ့ မိဘ၊ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ခပ်မိုက်မိုက် သတို့သားလောင်းပါ ပိုင်ဆိုင်ထားပြီး ပြည့်စုံတဲ့ဘ၀မှာ နေနေတဲ့ကောင်မလေးတစ်ယောက်ပါ. တစ်နေ့တော့ သူမဟာ အမှတ်မထင် ကားမတော်တဆမှုတစ်ခုကြောင့်ကိုမာ၀င်သွားပြီး ဝိဉာဉ်ဘ၀ရောက်သွားတဲ့အခါ သေသူလည်းမဟုတ်လူလည်းမဟုတ်တဲ့ အခြေအနေမှာ အသက်ပြန်ရှင်ဖို့နည်းလမ်းတစ်ခုကို သိခဲ့ရပါတယ်အဲ့နည်းလမ်းကတော့ 49 အတွင်း သူ့ကို တကယ်ချစ်ခင်နှစ်သက်ပြီး စိတ်ရင်းနဲ့ငိုပေးတဲ့သူ သုံးယောက်ရဲ့ မျက်ရည်သုံးစက်ကို စုရမှာပဲဖြစ်ပါတယ်။ဘ၀ကို အရှုံးပေးထားပြီး အသက်ဆက်မရှင်တော့တဲ့ ဆုန်းအီဂယောင်း(Lee Yo Won)နဲ့ ဆုံတဲ့အခါ သူ့ရဲ့ ခန္ဓာကိုယ်ကို ငှားပြီး မျက်ရည်စုဖို့ ဖြစ်လာပါတယ်။သူမျက်ရည်သုံးစက် ပြည့်နိုင်မလား တကယ် စိတ်ရင်းနဲ့ ငိုပေးတဲ့သူတွေကရောဘယ်သူတွေဖြစ်မလဲဆိုတာကို စိတ်၀င်တစားနဲ့ ကြည့်ရမဲ့ Fantasy DramaလေးပါNam Gyuri, Lee Yo Won, Jo Hyun Jae, Seo Ji Hye, Jung Ii Woo, Bae Soo ...
8.213
TMDb: 8.213/10 68 votes
tv

49 Days (2011)[Complete]

2011
The Family-Wongsakanayat(2023)
The Family-Wongsakanayat(2023) The Family-Wongsakanayat(2023)********************************အပိုင်း ( ၁ မှ  ၂၄  ) ထိ စ / ဆုံးပါနာပဒီမိသားစုကြီးဟာဆိုရင် မူကြိုကနေစပြီး တက္ကသိုလ်အထိကျောင်းပေါင်းများစွာ ဖွင့်လှစ်ထားပါတယ်...ပရင်မ်ဆိုတဲ့ ကောင်မလေး ထိုမိသားစုရဲ့ဒုတိယသားဖြစ်သူက မွေးထားတဲ့သမီးလေးဖြစ်ပြီးအဘိုးဖြစ်သူရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့သူပေါ့.. မဟုတ်မခံစိတ်ရှိတဲ့အပြင် တစ်ဦးတည်း နိုင်ငံခြားမှာနေနေတဲ့ပန်းချီဆရာမလေးပါ တစ်နေ့ သူ့အဘိုးဖြစ်သူဆုံးပါးသွားတာကြောင့် ထိုင်းနိုင်ငံကိုပြန်လာခဲ့ချိန်.....မိသားစု အမွေလုတိုက်ပွဲတွေကြားထဲကနေ အိမ်ထောင်ချပေးခံရမလိုဖြစ်လာခဲ့ပါတယ်အဘွားဖြစ်သူရဲ့ ​အမြင်မကြည်ချင်းကိုခံထားရတဲ့သူမ ဘယ်လိုတွေရင်ဆိုင်ရဦးမလဲ ...မိသားစုတွေကြား အမွေလုတိုက်ပွဲတွေနဲ့အတူ မြေးမနဲ့အဘွားကြား အိမ်တွင်းရေးတိုက်ပွဲတွေကိုလည်းမြင်တွေ့ရဦးမှာပါ... Aired:Apr May 6, 2023 - Jul 29, 2023 Aired On: Saturday, Sunday Genres: Romance, Drama Duration: 60mins Episodes: 24 Original Network: TVING, tvN File Size: 1080p(~850MB) , 720p(~300MB) Translated by Eric,Shoon,  Hay Thar Oo  & Thynn Encoded by Phyo Pyae   ««« ...

The Family-Wongsakanayat(2023)

2023
Fireworks of My Heart ( 2023 ) 8.3
Fireworks of My Heart ( 2023 ) CM ကနေတရုတ်ဇာတ်ကားလေးတွေကို တင်ဆက်ပေးလာရင်းနဲ့ ဒီတစ်ခါမှာလည်း CM ပရိသတ်တွေအတွက် Fireworks of My Heart ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။Love O2O ဇာတ်ကားနဲ့လူကြိုက်များလာတဲ့ Yang Yang ကတော့မတူညီတဲ့ ဇာတ်ကောင်တွေမှာ သရုပ်ဆောင်ပြီး ပရိသတ်ကိုဖမ်းစားရင်းနဲ့ ဒီတစ်ခါမှာတော့ မီးသတ်သမားလေးအဖြစ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မီးသတ်အဖွဲ့ခေါင်းဆောင် စုန့်ယန့် (Yang Yang) နှင့်ဆေးရုံးအရေးပေါ်ဌာနရဲ့ ဒေါက်တာမလေး ရွှီချင့် (Wang CHu Ran)တို့က ကျောင်းသားငယ်ဘဝမှာ ခင်မင်ရင်းနှီးကြတဲ့အိမ်နီးနားချင်းမိတ်ဆွေတွေပေါ့။ဒီလိုနဲ့သူငယ်ချင်းကနေချစ်သူတွေဖြစ်ကြတဲ့အချိန် နှစ်ဖက်မိဘရဲ့ နှစ်ဦးကြားမှာ ကန့်ကွက်ပိတ်ပင်မှုတွေကြောင့် နှစ်ယောက်သားဝေးကွာခဲ့ရပြီး ရွှီချင့်ကတော့နိုင်ငံခြားကိုထွက်သွားခဲ့တယ်။နှစ်ယောက်သားနှစ်ပေါင်းများစွာဝေးကွာပြီး ရွှီချင့်တစ်ယောက်ပြန်လာခဲ့တဲ့အချိန် တစ်နေ့တော့ သူတို့ဌာနကို စုန့်ယန့်တို့မီးသတ်အဖွဲ့ဆေးရုံလာပြသရာ နှစ်ဦးသားပြန်လည်တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့တယ်။ဒီလိုနဲ့ နှစ်ဦးသားအေးစက်တဲ့ ဆက်ဆံရေးကိုတဖန် ပြန်နွေးထွေးသွားအောင်လုပ်ပေးနိင်မလား။ နှစ်ဦးကြား နားလည်မှုလွဲပြီးလွဲမှားခဲ့တာကို ဘယ်လိုပြန်အဆင်ပြေအောင်ညှိယူကြမလဲ။ နှစ်ဖက်မိဘသဘောမတူတဲ့ နှစ်ယောက်ကကော ဘယ်လိုတွေလက်ခံလာအောင် ကြိုးစားယူကြမလဲ။ အစရှိတာတွေကိုတော့ ဒီဇာတ်လမ်းလေးကိုကြည့်ရူရင်းနဲ့ CM တရုတ်အဖွဲ့သားတွေနှင့်အတူတူအဖြေရှာကြရအောင် ~ ============================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Action , Adventure , Drama Runtime : 45 min Subtitle : Myanmar Subtitle ( ...
8.3
TMDb: 8.3/10 3 votes
tv

Fireworks of My Heart ( 2023 )

2023
Numbers (2023)
Numbers (2023) Numbers (2023)အညွှန်းKdram‌a fan တွေရဲ့ အချစ်တော် "Angel's Last Mission: Love" ထဲက နတ်သားလေး Kim Myung-Soo (L) ရဲ့ Comeback လေးလာပါပြီရှင် သူ စစ်မှုထမ်းအပြီး ပထမဆုံးပြန်စရိုက်တဲ့ကားလေးဖြစ်ပါတယ်။ ဒ့ါအပြင် ဇွန်ဘီးစုံထောက် မင်းသားကြီး Choi Jin-Hyuk နဲ့အတူ တွဲဖက်ရိုက်ကူးထားပြီး တခြားမင်းသားမင်းသမီးကြီးတွေပါဝင် ထားတာဖြစ်လို့ ဒီကားကတော့ ကြည့်ကိုကြည့်သင့်နေပါပြီနော်ဇာတ်လမ်းအကျဉ်းလေးကတော့ Jang Ho-Woo (Kim Myung-Soo) ဟာ ထက်မြက်ပြီး စူးစမ်းလေ့လာနိုင်တဲ့အပြင် ကိန်းဂဏန်းတွေကိုလည်း မှတ်သားနိုင်စွမ်းရှိတာကြောင့် အထက်တန်းအောင်လက်မှတ်တစ်ခုတည်းနဲ့ ထယ်အီလ်စာရင်းကိုင်ကုမ္ပဏီကို ဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့တဲ့ ပထမဆုံး စာရင်းကိုင်ဝန်ထမ်းပဲဖြစ်ပါတယ်။ ထယ်အီလ်စာရင်းကိုင်ကုမ္ပဏီဟာ တောင်ကိုရီးယားနိုင်ငံမှာ အကြီးကျယ်ဆုံး စာရင်းကိုင် ကုမ္ပဏီ လေးခုထဲက တစ်ခုဖြစ်ပြီး ဒုဥက္ကဌရဲ့သားဖြစ်သူ Han Seung-Jo (Choi Jin-Hyuk)ကလည်း နောက်ခံကောင်းကောင်းနဲ့ ဒီကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။အလုပ်လုပ်ရင်း စေ့စပ်တဲ့ Ho woo တစ်ယောက် ကုမ္ပဏီရဲ့ အကျင့်ပျက်ချစားမှုတွေ မတရားမှုတွေကို မြင်တွေ့လာရတဲ့အခါ လက်ပိုက်ကြည့်မနေနိုင်တာကြောင့် သေချာစုံစမ်းဖော်ထုတ်ဖို့ကြိုးစားလာပါတော့တယ်။ အရာရာကွဲပြားတဲ့ ...

Numbers (2023)

2023
Good Omens Season 2 8
Good Omens Season 2 Good Omens (2019-2023) Genre – Comedy, Fantasy IMDB – 8.0/10၂၀၁၉ ခုနှစ်တုန်း Season 1 ထွက်ရှိထားပြီး Supernatural လိုမျိုး ခရစ်ယာန်အယူဝါဒတွေကောင်းဘင်ဘုံတို့ ငရဲပြည်တို့ နတ်ဆိုးတွေ တမန်တော်တွေ စသဖြင့် ပါဝင်ပြီးရယ်မောစရာလေးတွေနဲ့ လူကြိုက်များ ဟာသဒရမ်မာစီးရီးလေး ပြန်လာတာ ဖြစ်ပါတယ်။သူက ကောင်းဆို Stardust ရုပ်ရှင်တို့ Netflix ပေါက်စီးရီး Sandman တို့အရင်တုန်းက American Gods စီးရီးတို့လို Fantansy စိတ်ကူးယဉ်စာအုပ်တွေရေးသားခဲ့တဲ့ စာရေးဆရာကြီး Neil Gaiman ရဲ့ Good Omen ကိုပဲပြန်လည် Adaptation လုပ်ထားတာ ဖြစ်လို့ပါ။အဓိကဇာတ်လိုက်ကျော် ၂ ယောက်ကတော့ စိတ်ထားစေတနာအလွန်ကောင်းပြီးအကောင်းမြင်တတ်တဲ့ တမန်တော်ဟောင်း အဲဇာရက်ဖဲလ်ရယ်သူနဲ့ အရာရာနီးပါး ဆန့်ကျင်ဖက်ဖြစ်ပြီး စေတန်ရဲ့လက်ပါးစေတစ်ယောက် ခရိုလီတို့ ဖြစ်ကြပါတယ်။Season 1 မှာတုန်းကတော့ နှစ်ယောက်သား ဘုနဲ့ဘောက် ...
8
TMDb: 8/10 1525 votes
tv

Good Omens Season 2

2023
D.P. Season 2 (2023)[Complete] 8.086
D.P. Season 2 (2023)[Complete] D.P. Season 2 (2023)******************* အပိုင်း ( ၁ မှ ၆) ထိ စ/ဆုံးဇာတ်လမ်းရဲ့အကျဉ်းချုံးကို Season 1 ကြည့်ပြီးသူတွေက သိကြပြီးသားဖြစ်မှာဆိုပေမဲ့အခုမှစကြည့်မယ့်သူတွေအတွက်တော့ S1 ကိုပါ အရင်ပြေးကြည့်ဖြစ်စေဖို့ အကျဉ်းချုံးလေး ပြန်ပြောပြပါမယ်နော်ဇာတ်လမ်းအကျဉ်းက မိသားစုအတွင်းရေးပြဿနာရှိလို့ တစ်ယောက်တည်းပေပေတေတေနေတဲ့အန်ဂျွန်ဟိုဆိုတဲ့ကောင်လေးက စစ်မှုထမ်းရမယ့်အချိန်ရောက်လာလို့ လိုက်ပို့မယ့် မိဘတွေမိသားစုဝင်တွေမပါဘဲ တပ်ထဲကို မထုံတက်သေးအမူအရာနဲ့ တစ်‌ယောက်တည်း ဝင်လာပါတယ်။ ပညာရေးအဆင့်က မမြင့်မားပေမဲ့ အမှန်တရားကို လက်ကိုင်ထားပြီး ‌ဖြတ်ထိုးဉာဏ်ကောင်းတဲ့ဂျွန်ဟိုတစ်ယောက် ကံစွပ်ပြီး တပ်ပြေးတွေကို လိုက်ဖမ်းရတဲ့အဖွဲ့ D.P. ထဲကို ရောက်သွားပါတယ်။အဲအဖွဲ့က တပ်က‌ထွက်ပြေးတဲ့သူတွေကို လိုက်ထမ်းရတာဖြစ်လို့ လိုက်ဖမ်းတဲ့သူတွေအနေနဲ့ဆံပင်ရှည်လည်းထားခွင့်ရှိသလို အပြင်ထွက်ခွင့်ကလည်း မကြာခဏရရှိတာကြောင့်တပ်သားတိုင်းရောက်ချင်တဲ့အဖွဲ့လို့ပြောရင် မမှားဘူးပေါ့။ အပြင်ရောက်ရင် သာမန်အရပ်သားလိုပဲ ပြုမူနေထိုင်ရတာကိုး။တစ်ခုရှိတာက ဂျွန်ဟိုကိုယ်တိုင် D.P အဖွဲ့ကိုရောက်လာပြီး တပ်ကြပ် ဟန်ဟိုယောနဲ့ အတွဲညီညီမလှုပ်ရှားရသေးခင် တပ်တွင်းအကြမ်းဖက်မှုတွေကို ခံစားခဲ့ရသလို ကြီးနိုင်ငယ်ညှဉ်းလုပ်ရပ်တွေကထိပ်ဆုံးရာထူးကအစ အောက်ခြေတပ်သားထိအဆုံး တပ်ထဲမှာ လှိုက်စားနေတယ်ဆိုတာပါပဲ။ ဂျွန်ဟိုတို့လိုက်ဖမ်းရတဲ့တပ်ပြေး‌တွေကလည်း အကြောင်းမျိုးစုံကြောင့် ပြေးကြတာဖြစ်ပေမဲ့အများစုက ...
8.086
TMDb: 8.086/10 145 votes
tv

D.P. Season 2 (2023)[Complete]

2021
My Girlfriend Is a Gumiho (2010) [Complete] 6.99
My Girlfriend Is a Gumiho (2010) [Complete] My Girlfriend Is a Gumiho (2010)******************************** အပိုင်း ( ၁ မှ ၁၆ ) စ / ဆုံး ဒီတစ်ခါ တင်ဆက်​ပေးမယ့်ကား​လေးက​တော့တစ်​ခေတ်တစ်ခါက အရမ်းနာမည်ကြီး လူကြိုက်များခဲ့တဲ့သဘာဝလွန်အချစ်ဇာတ်လမ်း​လေးဖြစ်ပြီး  အဓိကသရုပ်ဆောင်တွေကလည်းနာမည်ကြီး Lee Seung-Gi၊ Shin Min-Ahနဲ့  No Min-Wooတို့ပဲ ဖြစ်ကြပါတယ်။ဇာတ်လမ်း အကျဥ်းချုံးလေးကတော့...သာမန်​ကောလိပ်​ကျောင်းသား​လေးဖြစ်တဲ့ Cha Dae-woongရဲ့ အိပ်မက်ကအက်ရှင်မင်းသားတစ်ယောက်ဖြစ်ဖို့ပေမဲ့ အဖိုးဖြစ်သူက သဘောမတူလို့အဖိုးဆီကနေ ထွက်​ပြေးလာရင်း အမြီးကိုး​ချောင်း​နဲ့ ​မြေ​ခွေးမ​လေးဖြစ်တဲ့ Gumihoကိုပိတ်​လှောင်ထားတဲ့ ပန်းချီကားရှိရာ ဘုရား​ကျောင်းကို ​ရောက်သွားပါတယ်။အဲဒီမှာပဲ သူဟာ Gumihoရဲ့ လှည့်စားခိုင်းစေမှုကြောင့် မြေခွေးမ‌လေးကိုလွှတ်​ပေးမိမှန်းမသိ လွှတ်​ပေးမိသွားပါတော့တယ်။Gumihoကို လွှတ်ပေးလိုက်မိတဲ့ Cha Dae-woongတစ်ယောက်မြေခွေးမလေးနဲ့ နှစ်ယောက်တူတူနေလာဖို့ ဖြစ်လာတဲ့ အခါမှာတော့....။လူသားဖြစ်ချင်တဲ့ မြေခွေးမလေးကရော လူသားဖြစ်ခွင့်ရသွားမလား...။လူသားနဲ့ မြေခွေး အသွင်မတူတဲ့ အရာနှစ်ခုကရော ပေါင်းစည်းလို့ရနိုင်မှာလား...။ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ပြန်လည်ကြည့်ရှုခံစားလိုက်ရအောင်‌နော်။ (အညွှန်းကိုတော့ Htoo Htoo Aungက ...
6.99
TMDb: 6.99/10 48 votes
tv

My Girlfriend Is a Gumiho (2010) [Complete]

2010
Secret Invasion (2023) 8.6
Secret Invasion (2023) Secret Invasion (2023) Completed Mini Series ~ IMDb - 6.7/10, Rotten Tomatoes - 66% ~ ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲ ဖြစ်ပါတယ်။ She-Hulk အပြီး ကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoT ရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲ ဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ၊ အေးဂျင့်ဟေးလ်တို့က စခရော ...
8.6
TMDb: 8.6/10 votes
tv

Secret Invasion (2023)

2023
Your Honor Season 1 (2020) 8.172
Your Honor Season 1 (2020) ဒီလောကကြီးမှာ တရားမျှတမှုဆိုတဲ့ စကားလုံးနဲ့ လူတိုင်း မစိမ်းကြပါဘူး တရားမျှတမှု ဆိုတာနဲ့အတူ မတရားမှုဆိုတာလည်း ဒွန်တွဲရှိနေပါသေးတယ်ဒီလိုနဲ့ တရားမျှတမှုဘက်တော်သားတွေနဲ့ မတရားသူတွေဆိုတာလည်း အလိုလို ပေါ်လာတယ် ဒါပေမဲ့ တရားမျှတမှုဘက်တော်သားတိုင်း တကယ်တရားမျှတမှုရှိကြရဲ့လား .. လောကီရေးရာတွေ သံယောဇဉ်ဆိုတာတွေ ပါလာတဲ့အခါ တရားမျှတမှုတစ်ခု ဖန်တီးပေးလိုက်ရင် ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် ထိခိုက်ရမယ်ဆိုရင် တရားမျှတမှုကို လိုချင်ပါဦးမလား ...မိုက်ကယ်ဒက်စီယာတိုဆိုတာ တရားသူကြီးတစ်ဦးပါ .. သူဟာ လူတိုင်းကို စာနာတတ်သူဖြစ်လို့ တရားခံအများစုကို အတတ်နိုင်ဆုံးအပြစ်လွတ်အောင် စီရင်ချက် ချတတ်ပါတယ် .. ဒီလိုလုပ်တတ်တဲ့ သူ့အကျင့်ကို ဥပဒေလောကသားတွေကတော့ သိပ်တော့ သဘောမတွေ့လှပါဘူး သူတို့ဖြစ်စေချင်တာက အပြစ်ရှိရင် အပြစ်ပေးရမယ် ညှာတာနေဖို့ မလိုဘူးပေါ့ .. ဒါပေမဲ့ အထက်မှာပြောခဲ့သလို မိုက်ကယ်ကား မေတ္တာရှင်ကြီး ...ဒီလိုနဲ့ တစ်နေ့မှာ မိုက်ကယ့်ရဲ့သားဖြစ်သူ အဒမ်ဟာ ... လမ်းပေါ်မှာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီး ထွက်ပြေးလာခဲ့ပါတယ် ..အစပိုင်းမှာတော့ မိုက်ကယ်ဟာ ဒီကိစ္စကို တရားဥပဒေအရ အတတ်နိုင်ဆုံး ဖြေရှင်းဖို့ ...
8.172
TMDb: 8.172/10 1311 votes
tv

Your Honor Season 1 (2020)

2020
Jurnal Risa (2023)
Jurnal Risa (2023) Jurnal Risa (TV Series)(2023) ------------------------------------- IMDb-7.8/10Jurnal Risa- ရီဆာရဲ့ဂျာနယ်ပေါ့။ရီဆာဆိုတာ ဒီဇာတ်လမ်းရဲ့စာရေးဆရာမနာမည်။ Danur 1,2,3ဆိုပြီး trilogyအနေနဲ့အောင်မြင်ခဲ့တဲ့ Horrorကားတွေကို ရေးခဲ့တဲ့ စာရေးဆရာမ။ဒါက အင်ဒိုနီးရှားစီးရီး။အင်ဒိုသရဲကားတွေ ကြောက်စရာကောင်းရင် ဘယ်သရဲကားနဲ့မှမတူအောင်ကိုခြောက်တာ။ မြင်ဖူးကြမှာပါ ဒီကားကတော့ jump scareဘာညာတွေမဟုတ်ပဲ တစိမ့်စိမ့်ကြောက်အောင်ခြောက်တာ ဘာညာ။ ဒီကားကကျမဟုတ်ဘူး နည်းမျိုးစုံနဲ့အသားကုန်ခြောက်တာ။ဝင်ပူးလားပူးရဲ့ အကောင်အထည်ဖော်ခြောက်လား ခြောက်ရဲ့။ အသံနဲ့ခြောက်လား ခြောက်ရဲ့။အဓိကဇာတ်ဆောင်က ကလေးတွေ။ကျောင်းပိတ်တဲ့အားလပ်ရက်ရှည်မှာ အဖိုးဖြစ်သူဆီမှာ ဝမ်းကွဲအကိုတွေမောင်တွေနဲ့ အတူနေခဲ့တဲ့ ရီဆာ။သက်ရှိတွေရဲ့တစ်ဖက်ခြမ်းက သရဲတစ္ဆေတွေကိုမြင်နိုင်တယ်ဆိုတဲ့ ရီဆာ။မောင်တစ်ယောက်က အိမ်ပျက်ကြီးကနေ သူတို့အခေါ် ကူဂျန်ဆိုတဲ့ ဓားမြှောင်လေးယူလာခဲ့မိရော။သူတို့ ညီမလေးဖျားတာ အဲဒီဓားမြှောင်ကြောင့်ဆိုတာသိတော့ သူ့နေရာသူ ပြန်ထားပေမယ့် ဖျားတဲ့ကလေးမက နေပြန်ကောင်းမလာ။အဲဒီဓားမြှောင်ကိုဖျက်ဆီးပစ်မယ်ဆိုပြန်တော့ ဘယ်လိုနည်းနဲ့မှဖျက်ဆီးလို့မရတဲ့အပြင် သူ့ရဲ့မူလဇစ်မြစ်နေရာထားရမယ်ဆိုတာသိရတော့ မောင်နှမလေးယောက် အယူဓလေ့တွေအများကြီးနဲ့တောထဲကို ဝင်သွားမိရာကစ၊ ဘယ်လိုအမှောင့်ပယောဂတွေ ကပ်တွယ်လာမလဲ၊ အဲဒီကပ်တွယ်လာတဲ့ အမှောင့်ပယောဂတွေကိုရော ရင်ဆိုင်နိုင်ကြမှာလားဆိုတာ...။(***တစ်စီးရီးလုံးနီးပါး ခြောက်လှန့်နေတာမို့ အသည်းငယ်တတ်သူတွေ မကြည့်သင့်ပါ***) (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherry~Yunni~BpL~Zweတို့ပဲဖြစ်ပါတယ်)File Size –1GB /  500MBQuality – 1080p HS WEB DL / 720pDuration – ...

Jurnal Risa (2023)

2023
See You in My 19th Life (2023)
See You in My 19th Life (2023) See you in my 19th Life (2023)"ဇာတိဿရဉာဏ်" ဆိုတာ အရင်ဘဝအဆက်ဆက်ကို မှတ်မိနေတဲ့ အထုံဉာဏ်ကို ခေါ်တာပါ။ဒီလို ဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ ဘန်ဂျီအင်မ် နှစ်ပေါင်းထောင်ချီပြီး ဘဝပေါင်းများစွာ ဝင်စားခဲ့တဲ့ ကောင်မလေးပါ။ နောက်ဆုံး ၁၈ ဘဝမြောက်မှာ မတော်တဆမှုနဲ့ သေဆုံးခဲ့ရတဲ့ ဘန်ဂျီအင်မ် ဟာ အရင်ဘဝက အဆက်အစပ်ရှိခဲ့ဖူးတဲ့လူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်း အရင်ဘဝက ဆောဟာ ဆိုတဲ့ ကောင်လေးနဲ့ပါ တွေ့ဖို့ ကြိုးစားပါတော့တယ်။သူ့ရဲ့အရင်ဘဝက မှတ်ဉာဏ်တွေက လက်ရှိ ၁၉ ဘဝမြောက်က အချစ်ရေးမှာ အနှောက်အယှက်ပေးမှာလား? ဒါမှမဟုတ် အချစ်က ဘဝပေါင်းများစွာ ကျော်ဖြတ်ပြီး ကြံ့ကြံ့ခံပြီး ရင်ဆိုင်သွားနိုင်မှာလား ဆိုတာကတော့ ....စုစုပေါင်း ၁၂ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦးGenre..... Comedy, Drama, Romance Quality…. 1080p | ...

See You in My 19th Life (2023)

2023